• Today is: Tuesday, January 26, 2021

လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီမ်ား ညြန္႔ေပါင္းအစိုးရ ဖန္တီးႏိုင္မလား လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား

Federal Journal
March13/ 2020

Zawgyi

အေနာက္ႏိုင္ငံမ်ားကဲ့သို႔ ေရြးေကာက္ပြဲႏိုင္ငံေရးကို ျမန္မာျပည္တြင္ ယဥ္ေက်းမႈတစ္ခုအျဖစ္ မထြန္းကား ေသးေသာ္လည္း ပါတီႏိုင္ငံေရးကို အထုိက္အေလ်ာက္ ေလ့က်င့္လာသည့္ အာရွႏိုင္ငံ တစ္ခု ျဖစ္လာပါၿပီဟုဆိုရမည္။ အထူးသျဖင့္ ေျမျပန္႔သားမ်ားျဖစ္ၾကေသာ ဗမာ၊ ရခိုင္၊ ကရင္ႏွင့္ မြန္တို႔သည္ ၿဗိတိသွ်လက္ထက္ကတည္းက ေရြးေကာက္ပြဲကို (၆)ႀကိမ္ ေလ့က်င့္ခြင့္ရသည့္ အတြက္ အျခားတိုင္းရင္းသားမ်ားထက္စာလွ်င္ ေရြးေကာက္ပြဲစနစ္ႏွင့္ ပိုမိုရင္းႏွီးမႈရိွသည္ဟု ဆိုရမည္(၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ ႏွင့္ ၁၉၄၇ခုႏွစ္)။
လြတ္လပ္ေရးေနာက္ပိုင္းတြင္ ပါတီစံုအေထြေထြ ေရြးေကာက္ပြဲကို (၆)ႀကိမ္ထပ္မံ က်င္းပျပဳ လုပ္ႏိုင္ခဲ့ၿပီးျဖစ္ရာ တျဖည္းျဖည္းျမင့္တက္လာေသာ ႏိုင္ငံေရးေရခ်ိန္ႏွင့္အတူ ပါလီမန္စနစ္ႏွင့္ သမၼတစနစ္ကို ေရာေထြးက်င့္သံုးေသာ လက္ရိွဖြဲ႔စည္းပံု ေျခခံဥပေဒေဘာင္အတြင္း ျမန္မာ့သမိုင္း တြင္ တစ္ခါမွမႀကံဳခဲ့ဖူးသည့္ညြန္႔ေပါင္းအစိုးရ အခင္းအက်င္းကို ၂၀၂၀လြန္တြင္ ျမင္ေတြ႔ႏိုင္ဖြယ္ရိွ မရိွ ေလ့လာသံုးသပ္ၾကည့္ရေအာင္။

ေပးထားခ်က္ (၂၀၀၈အေျခခံဥပေဒ)

လက္ရိွ ေျခဥပုဒ္မ(၆၀-င)အရ ျပည္ေထာင္စုအစိုးရဖြဲ႔စည္းမည့္ ႏိုင္ငံေတာ္သမၼတကို အမတ္ေနရာ (၆၆၄)ဦးပါ၀င္ေသာ ျပည္ေထာင္စုလႊတ္ေတာ္ ထဲမွတဆင့္ ဒု-သမၼတေလာင္း(၃)ဦး ထဲက တစ္ဦးဦးကို အမ်ားဆံုးမဲဆႏၵျဖင့္ ေရြးခ်ယ္ရသည္။ ယင္းေပးထားခ်က္အရဆိုလွ်င္ အမတ္ဦးေရ ၃၃၃+ သည္ အစုိးရဖြဲ႔စည္းေရးအတြက္ ခိုင္လံု/အာမခံမဲဟုဆိုရမည္။ လက္ေတြ႔တြင္ မၿငိမ္းခ်မ္းသည့္ တိုင္းရင္းသားေဒသမ်ားအတြင္ ေရြးေကာက္ပြဲက်င္းပႏိုင္ျခင္းမရိွေသာေနရာ ခပ္မ်ားမ်ားရိွေလရာ ၃၃၃ မဲေတာင္ လိုအပ္ခ်င္မွလိုအပ္မည္။
တပ္မေတာ္ခြဲတမ္း (၁၆၆-ေနရာ-၂၅%)၊ တိုင္းရင္းသား ျပည္နယ္ေဒသတြင္း ခြဲတမ္း (၂၀၇-ေနရာ-၃၁%၊ အမ်ိဳးသားလႊတ္ေတာ္(၈၄)ေနရာႏွင့္ ျပည္သူ႔လႊတ္ေတာ္(၁၂၃)ေနရာ) ဗမာျပည္မလို႔အလြယ္အားျဖင့္ေခၚသည့္ တိုင္းေဒသႀကီးမ်ား ခြဲတမ္း (၂၉၁-ေနရာ-၄၁%)႕႕စသည္ျဖင့္ အသီးသီးရိွၾကပါသည္။

လက္ရိွအစိုးရအခင္းအက်င္း (၂၀၁၅ ေရြးေကာက္ပြဲရလဒ္)

၂၀၁၅-ခုႏွစ္ ေရြးေကာက္ပြဲတြင္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ NLDပါတီက အမတ္ေနရာ (၃၈၀)ခန္႔ (၅၈-ရာခိုင္နႈန္းခန္႔) အႏိုင္ရခဲ့သည္။ သမၼတေရြးခ်ယ္ရန္အမ်ားဆံုးလိုအပ္သည့္ (၃၃၃) ေနရာထက္ အပို(၄၀)ေက်ာ္ရရိွသည့္အတြက္ လြတ္လြတ္ကၽြတ္ကၽြတ္ အစိုးရဖြဲ႔ႏိုင္ခဲ့ျခင္းျဖစ္သည္။ တစ္နည္းအားျဖင့္ တိုင္းရင္းသားပါတီမ်ားက ေနရာ (၅၆)ေနရာခန္႔သာ အႏိုင္ရျခင္းႏွင့္ NLD က ျပည္နယ္မ်ား၏ မဲအမ်ားစုကို သိမ္းက်ံဳးႏိုင္ခဲ့ျခင္းေၾကာင့္ျဖစ္သည္။ တစ္ဖက္မွၾကည့္လွ်င္ NLDအေနျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အမတ္ေနရာ(၃၀၀)ေအာက္အႏိုင္ရခဲ့လွ်င္ သူ႔ပါတီတစ္ခုတည္းျဖင့္ အစိုးရ(သမၼတ) ဖြဲ႔စည္းႏိုင္မည္မဟုတ္ဘဲ အျခားအမတ္၊ ပါတီမ်ား၏ ကူညီမႈ လုိအပ္မွာျဖစ္ၿပီးညြန္းေပါင္းအစိုးရဖြဲ႔စည္းရမည္ျဖစ္သည္။

၂၀၂၀ ေရြးေကာက္ပြဲရလဒ္ ခန္႔မွန္းခ်က္

ေယဘုယ်အားျဖင့္ NLD ရည္ပန္းစားမႈေလွ်ာ့က်လာသည့္ႏွင့္အညီ ၂၀၂၀-ေရြးေကာက္ပြဲတြင္ အမတ္ေနရာရရိွမႈ အနည္းႏွင့္အမ်ား က်ဆင္းလာမည္ဟု သံုးသပ္ရပါသည္(အထူးသျဖင့္ တိုင္းရင္းသား ေဒသမ်ား)။ ယင္းသည္လည္း ၂၀၁၆-ခုႏွစ္ႏွင့္ ၂၀၁၈-ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲရလဒ္မ်ားက နိမိတ္ျပခဲ့ပါၿပီ။ ထို႔ျပင္ ျပည္နယ္အေျချပဳပါတီမ်ားျဖစ္ၾကေသာ ကခ်င္၊ ခ်င္း၊ ကယား၊ ကရင္ႏွင့္ မြန္ပါတီမ်ားလည္း မၾကာေသးခင္မွာ မိမိလူမ်ိဳးအလိုက္ တစ္ပါတီအျဖစ္ အသီးသီးေပါင္းစည္းၾကၿပီျဖစ္သ ည့္အတြက္ ျပည္သူမ်ားကပူပူေႏြးေႏြးခ်ီက်ဴးၾသဘာေပးျခင္းခံရခ်ိန္ျဖစ္သည္။ ထို႔ေၾကာင့္ တိုင္းရင္းသားပါတီမ်ား က ၂၀၁၅ေရြးေကာက္ပြဲတြင္ အမတ္ေနရာ (၅၀)ခန္႔သာ အႏိုင္ရရိွရာခဲ့မွ လာမည့္၂၀၂-၀ေရြးေကာက္ပြဲတြင္ သံုးဆေလာက္ အမတ္ေနရာရရိွမႈျမင့္တက္လာႏိုင္ၿပီး (၁၅၀)ခန္႔ (သို႔မဟုတ္) အနည္းဆံုး (၁၀၀) ေက်ာ္ရရိွႏိုင္သည္။

အက်ိဳးဆက္အားျဖင့္ NLD သည္ တိိုင္းရင္းသားေဒသအျပင္ ျပည္မတြင္လည္း ႀကံ့ခိုင္ေရးပါတီ၊ သူရဦးေရႊမန္းပါတီႏွင့္ ကိုကိုႀကီးပါတီတို႔က (တစ္ေနရာ၊ႏွစ္ေနရာ)နည္းနည္းစီ ဖဲ့ထုတ္သြားႏိုင္သည္ျဖစ္၍ လက္ရိွအမတ္ (၃၈၀)ခန္႔ရရိွရာမွအမ်ားဆံုး (၃၀၀)မွအနည္းဆံုး (၂၅၀) ၾကားေလာက္အထိ ေလ်ာ့က်ႏို င္ေျခရိွသည္။ တစ္နည္းအားျဖင့္ ေဒၚစု၏ ေလွာင္အိမ္ထဲက ေဒါင္းအေကာင္ေရ(၁၀၀)ေလာက္ ေလ်ာ့က် သြားႏိုင္ေျခရိွသည္။

ထိုအေျခအေနသို႔ေရာက္ရိွသြားလွ်င္ ပါတီတစ္ပါတီတည္းျဖင့္ အစိုးရဖြဲ႔စည္းႏိုင္မွာမဟုတ္ဘဲ အျခားပါတီမ်ားႏွင့္ မျဖစ္မေန ညြန္႔ေပါင္းအစိုးရဖြဲ႔ရန္ လိုအပ္လာပါေတာ့မည္။ မည္သည့္ပါတီမ်ားက မည္ကဲ့သို႔ဖြဲ႔မည္နည္း ဆိုသည္မွာ ထပ္ဆင့္ေမးခြန္းျဖစ္လာပါသည္။

၂၀၂၀အလြန္ ျဖစ္ႏိုင္ေျခ မဟာမိတ္/ညြန္႔ေပါင္းအစိုးရအခင္းအက်င္း

အထက္ပါတိုင္း ေရြးေကာက္ပြဲရလဒ္ထြက္ေပၚလာပါက ၂၀၂၀-အလြန္အစိုးရဖြဲ႔ရန္ နည္းလမ္းမ်ိဳးစံု ျဖစ္လာႏို္င္ပါသည္။ တစ္နည္းအားျဖင့္ ေရြးေကာက္ပြဲရလဒ္ေၾကညာၿပီးၿပီးခ်င္း မည္သည့္ပါတီက မည္ကဲ့သို႔အစိုးရဖြဲ႔မည္ဆိုသည္ကို ခ်က္ခ်င္းအေျဖေပးရန္မလြယ္ကူဘဲ ညြန္႔ေပါင္းအစိုးရအတြက္ ညိွနိႈင္းမႈမွာ လနဲ႔ခ်ီၾကာႏိုင္သည္။ ပိုဆိုးသည္မွာ ပါလီမန္စနစ္အသာေပးသည့္ ၂၀၀၈-အေျခခံဥပေဒေအာက္တြင္ ပါတီငယ္မ်ားျဖင့္ ညြန္႔ေပါင္းအစိုးရ (minority government) ဖြဲ႔ခြင့္ကို လြတ္လြတ္ကၽြတ္ကၽြတ္ လမ္းဖြင့္ထားျခင္းျဖစ္သည္။ ျဖစ္ႏိုင္ေျခ ညြန္႔ေပါင္းအစိုးရအခင္းအက်င္း (၃)မ်ိဳးကို ေဖာ္ျပလိုပါသည္။

ျဖစ္ႏိုင္ေျခ(၁) NLD + တိုင္းရင္းသားပါတီမ်ား ညြန္႔ေပါင္းအစိုးရ။

ယင္းသည္ အလားလာအမ်ားဆံုး ဟုဆိုရမည္။ သို႔ေသာ္ ဤေနရာတြင္လည္း UNA အဖြဲ႔ႏွင့္ ညြန္႔ေပါင္းဖြဲ႔မည္ေလာ၊ NBF ႏွင့္ဖြဲ႔မည္ေလာ သို႔မဟုတ္ တိုင္းရင္းသားပါတီမ်ားစုဖြဲ႔မႈ(မဟာမိတ္)မဟုတ္ဘဲ တစ္ပါတီခ်င္း သို႔မဟုတ္ လႊတ္ေတာ္အမတ္တစ္ဦးခ်င္းျဖင့္ ညိွႏိႈင္းမည္ေလာ႕႕ဆိုသည့္ အျခားနည္ းလမ္းအမ်ိဳမ်ိဳးရိွေသးသည္။ ထို႔ျပင္ NLDက တိုင္းရင္းသားပါတီႀကီးႀကီးမ်ားကိုသာ ခ်ဥ္းကပ္မည္လား သို႔မဟုတ္ ပါတီငယ္မ်ားကို သိမ္းက်ံဳးမည္လား ခန္႔မွန္းရခက္သည္။ NLD အေနျဖင့္ မည္သည့္ပါတီႏွင့္မွ မဟာမိတ္မဖြဲ႔ဟု အတိအလင္းေၾကညာထားၿပီးျဖစ္သည့္အတြက္ သူ႔အေနျဖင့္ သမၼတရရိွႏိုင္ေရးလိုအပ္သည့္ အမတ္ဦးေရ အနည္းအမ်ားအေပၚမူတည္ၿပီး ပါတီခ်င္းအလိုက္ခ်ဥ္းကပ္ႏိုင္ေျခလည္းရိွသည္။ ဒါတင္မက ရာထူးႀကီးႀကီးႏွင့္ ေတာင္းဆိုခ်က္ခပ္မ်ားမ်ား လိုက္ေလ်ာေပးစရာမလိုေသာ ပါတီငယ္ခပ္မ်ားမ်ားကို ခ်ဥ္းကပ္သည့္ နည္းလမ္းကိုလည္း အသံုးျပဳႏိုင္ေသးသည္။

ျဖစ္ႏိုင္ေျခ(၂)—တပ္မေတာ္ + တိုင္းရင္းသားပါတီမ်ား + ဗမာပါတီမ်ား ညြန္႔ေပါင္းအစိုးရ ။

တစ္နည္းအားျဖင့္ လူနည္းစုအစိုးရ(minority government) မ်ိဳးလည္း မျဖစ္ႏိုင္ဟုမဆိုႏိုင္ေခ်။ အထူးသျဖင့္ လႊတ္ေတာ္တြင္ မဲအမ်ားစုအႏိုင္ရမည့္ NLDက တိုင္းရင္းသားပါတီမ်ားကို ေျပေျပလည္လည္မဆက္ဆံဘဲ အထက္က ျဖစ္ႏိုင္ေျခ(၁)အသြင္ျဖင့္ ညိွႏိႈင္းမႈမေအာင္ျမင္ပါက တိုင္းရင္းသားပါတီမ်ားက ကိုယ့္အမ်ိဳးသားေရး အတြက္ ေစ်းႀကီးႀကီးပိုေပးႏိုင္သည့္ မည္သည့္အဖြဲ႔တြင္မဆို ရပ္တည္ဖို႔ရန္၀န္ေလးၾကလိမ့္မည္မဟုတ္ေခ်။ ၂၀၁၆ခုႏွစ္တုန္းက NLDက ရွမ္းပါတီကို အစိုးရတြင္ပါ၀င္ေရး ကမ္းလွမ္းခဲ့ေသာ္လည္း ေစ်းေပါေပါ သာေပးသည္ဟုဆိုကာ SNLDက ျငင္းပယ္ခဲ့သကဲ့သို႔ အမတ္ေနရာအမ်ားဆံုးရမည့္ NLD အေနျဖင့္ ၂၀၂၀-အလြန္တြင္လည္း အတတ္ႏိုင္ဆံုး ေစ်းႏိွမ္ၿပီး ကမ္းလွမ္းမႈမ်ိဳး ျပန္ႀကံဳလာႏိုင္သည္။ ထိုအခ်ိန္တြင္ တပ္မေတာ္+ႀကံ့ဖြံ႕အုပ္စုႏွင့္ အျခားဗမာပါတီမ်ားက တိုင္းရင္းသားပါတီမ်ားကို အဆေပါင္းမ်ားစြာ ေစ်းပိုေပးၿပီး ကမ္လွမ္းလာႏိုင္သည္။

ျဖစ္ႏိုင္ေျခ–(၃) —NLD + ဗမာပါတီမ်ား ညြန္႔ေပါင္းအစိုးရဖြဲ႔ျခင္းမ်ိဳး။

၂၁ရာစုပင္လံု ၿငိမ္းခ်မ္းေရး စားပြဲ၀ိုင္းမ်ားမွာ တိုင္းရင္းသားအေရးႏွင့္ ဖက္ဒရယ္အေၾကာင္းအရာမ်ား ေဆြးေႏြးသည့္အခါတိုင္း NLD၊ တပ္မေတာ္ႏွင့္ အျခားဗမာႏိုင္ငံေရးေခါင္းေဆာင္မ်ားသည္ ဆုံမွတ္တစ္ခုတည္းတြင္ အလိုအေလ်ာက္စုစည္းရပ္တည္ေနၾကသည္ကို မ်က္ျမင္ကိုယ္ေတြ႔ျဖစ္ပါသည္။ ထို႔ေၾကာင့္ ေနာက္ဆံုးတြင္ ဖက္ဒရယ္အေရးမွာ သေဘာထားပိုမိုနီးစပ္သည့္ ဗမာပါတီအခ်င္းခ်င္းသာ ညြန္ေပါင္းအစိုးရဖြဲ႔ၿပီး အက်ိဳးတူကိစၥအတြက္ အတူတကြရပ္တည္ႏိုင္ေျခလည္းရိွပါသည္။ လက္ေတြ႔လည္းၾက ပါမည္။

တိုင္းရင္းသားပါတီမ်ားစဥ္းစားသင့္သည့္အခ်က္မ်ား

လက္ရိွတြင္ တိုင္းရင္းသားပါတီ (၅၀)ေက်ာ္ရိွသည့္အနက္ (၁၀)ပါတီကသာ ျပည္ေထာင္စုလႊတ္ေတာ္ တြင္ အမတ္ေနရာရရိွၿပီး စုစုေပါင္းအမတ္(၅၆)ေနရာခန္႔ရိွပါသည္။ လာမည့္၂၀၂၀-ေရြးေကာက္ပြဲတြင္ အမတ္ေနရာ (၁၀၀)မွ(၁၅၀)ေလာက္အထိရေအာင္ အမွန္တကယ္ စြမ္းေဆာင္ႏိုင္မွာလား။ လြယ္လွသည္ ေတာ့မဟုတ္ေျခ။ ထို႔ေၾကာင့္ တိုင္းရင္းသားပါတီျဖစ္ရံုသက္သက္၊ NLD ပါတီအားနည္းခ်က္ကို ေထာက္ျပရံုသက္သက္ျဖင့္မၿပီးဘဲ တိုင္းရင္းသားပါတီမ်ားအေနျဖင့္ ဗ်ဴဟာက်က်ျပင္ဆင္ရန္ လိုအပ္ပါသည္။

ဒုတိယခ်က္အေနျဖင့္ တိုင္းရင္းသားပါတီမ်ား မဟာမိတ္ကိစၥျဖစ္ပါသည္။ UNA တို႔ NBF တို႔ စုဖြဲ႔မႈသည္ လက္ရိွအခ်ိန္အထိတြင္ ညိွႏိႈင္းေဆာင္ရြက္သည့္စုဖြဲ႔မႈ (coordination body) အဆင့္သာရိွၿပီး ေရြးေကာက္ပြဲမဟာမိတ္(electoral alliance) အဆင့္ထိ မေရာက္ေသးေပ။ ထို႔ေၾကာင့္ UNA ႏွင့္ NBF မေပါင္းစည္းႏိုင္ေသးသည့္တိုင္ ၂၀၂၀-ေရြးေကာက္ပြဲႏွင့္ ေရြးေကာက္ပြဲအလြန္တြင္ “တစ္ဖြဲ႔ခ်င္းမဟုတ္ဘဲ အဖြဲ႔လိုက္/မဟာမိတ္ျဖင့္သာ ညိွႏိႈင္းေဆြးေႏြးမည္”ဆိုသည့္ စုေပါင္းသေဘာထားရပ္တည္ခ်က္မ်ိဳး အခ်ိန္မီတည္ေဆာက္သင့္ပါသည္။

ထိုျပင္ ျပည္မပါတီႀကီးမ်ားႏွင့္ ညြန္႔ေပါင္းအစိုးရဖြဲ႔စည္းေရးအတြက္ ညိွႏိႈင္းသည့္အခါတြင္လည္း ႏိုင္ငံေရးရာထူးတာ၀န္သက္သက္အတြက္ ညိွႏိႈင္းျခင္းမျပဳဘဲ တိုင္းရင္းသားအခြင့္အေရးႏွင့္ မူ၀ါဒကို အေျခခံညိွႏိႈင္းမည္ဆိုသည့္မူႏွင့္ရပ္တည္ခ်က္မ်ိဳးကိုလည္း သက္ဆိုင္ရာမဲဆႏၵရွင္မ်ားကို ႀကိဳတင္သတင္ းစကားပါးသင့္ပါသည္။ အနည္းဆံုးအားျဖင့္ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားပါတီအခ်င္းခ်င္း မဲဆႏၵနယ္ ‘ထပ္’မသြားေရး တတ္ႏိုင္သေရြ႕ ႀကိဳးပမ္းရမည္ျဖစ္ပါေၾကာင္း။

ဆလိုင္းက်ဲအိုဘိခ္ေထာင္း

Unicode

အနောက်နိုင်ငံများကဲ့သို့ ရွေးကောက်ပွဲနိုင်ငံရေးကို မြန်မာပြည်တွင် ယဉ်ကျေးမှုတစ်ခုအဖြစ် မထွန်းကား သေးသော်လည်း ပါတီနိုင်ငံရေးကို အထိုက်အလျောက် လေ့ကျင့်လာသည့် အာရှနိုင်ငံ တစ်ခု ဖြစ်လာပါပြီဟုဆိုရမည်။ အထူးသဖြင့် မြေပြန့်သားများဖြစ်ကြသော ဗမာ၊ ရခိုင်၊ ကရင်နှင့် မွန်တို့သည် ဗြိတိသျှလက်ထက်ကတည်းက ရွေးကောက်ပွဲကို (၆)ကြိမ် လေ့ကျင့်ခွင့်ရသည့် အတွက် အခြားတိုင်းရင်းသားများထက်စာလျှင် ရွေးကောက်ပွဲစနစ်နှင့် ပိုမိုရင်းနှီးမှုရှိသည်ဟု ဆိုရမည်(၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ နှင့် ၁၉၄၇ခုနှစ်)။

လွတ်လပ်ရေးနောက်ပိုင်းတွင် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို (၆)ကြိမ်ထပ်မံ ကျင်းပပြု လုပ်နိုင်ခဲ့ပြီးဖြစ်ရာ တဖြည်းဖြည်းမြင့်တက်လာသော နိုင်ငံရေးရေချိန်နှင့်အတူ ပါလီမန်စနစ်နှင့် သမ္မတစနစ်ကို ရောထွေးကျင့်သုံးသော လက်ရှိဖွဲ့စည်းပုံ ခြေခံဥပဒေဘောင်အတွင်း မြန်မာ့သမိုင်း တွင် တစ်ခါမှမကြုံခဲ့ဖူးသည့်ညွန့်ပေါင်းအစိုးရ အခင်းအကျင်းကို ၂၀၂၀လွန်တွင် မြင်တွေ့နိုင်ဖွယ်ရှိ မရှိ လေ့လာသုံးသပ်ကြည့်ရအောင်။

ပေးထားချက် (၂၀၀၈အခြေခံဥပဒေ)

လက်ရှိ ခြေဥပုဒ်မ(၆၀-င)အရ ပြည်ထောင်စုအစိုးရဖွဲ့စည်းမည့် နိုင်ငံတော်သမ္မတကို အမတ်နေရာ (၆၆၄)ဦးပါဝင်သော ပြည်ထောင်စုလွှတ်တော် ထဲမှတဆင့် ဒု-သမ္မတလောင်း(၃)ဦး ထဲက တစ်ဦးဦးကို အများဆုံးမဲဆန္ဒဖြင့် ရွေးချယ်ရသည်။ ယင်းပေးထားချက်အရဆိုလျှင် အမတ်ဦးရေ ၃၃၃+ သည် အစိုးရဖွဲ့စည်းရေးအတွက် ခိုင်လုံ/အာမခံမဲဟုဆိုရမည်။ လက်တွေ့တွင် မငြိမ်းချမ်းသည့် တိုင်းရင်းသားဒေသများအတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသောနေရာ ခပ်များများရှိလေရာ ၃၃၃ မဲတောင် လိုအပ်ချင်မှလိုအပ်မည်။

တပ်မတော်ခွဲတမ်း (၁၆၆-နေရာ-၂၅%)၊ တိုင်းရင်းသား ပြည်နယ်ဒေသတွင်း ခွဲတမ်း (၂၀၇-နေရာ-၃၁%၊ အမျိုးသားလွှတ်တော်(၈၄)နေရာနှင့် ပြည်သူ့လွှတ်တော်(၁၂၃)နေရာ) ဗမာပြည်မလို့အလွယ်အားဖြင့်ခေါ်သည့် တိုင်းဒေသကြီးများ ခွဲတမ်း (၂၉၁-နေရာ-၄၁%)့စသည်ဖြင့် အသီးသီးရှိကြပါသည်။

လက်ရှိအစိုးရအခင်းအကျင်း (၂၀၁၅ ရွေးကောက်ပွဲရလဒ်)

၂၀၁၅-ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်တွင် NLDပါတီက အမတ်နေရာ (၃၈၀)ခန့် (၅၈-ရာခိုင်နှုန်းခန့်) အနိုင်ရခဲ့သည်။ သမ္မတရွေးချယ်ရန်အများဆုံးလိုအပ်သည့် (၃၃၃) နေရာထက် အပို(၄၀)ကျော်ရရှိသည့်အတွက် လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းရင်းသားပါတီများက နေရာ (၅၆)နေရာခန့်သာ အနိုင်ရခြင်းနှင့် NLD က ပြည်နယ်များ၏ မဲအများစုကို သိမ်းကျုံးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ တစ်ဖက်မှကြည့်လျှင် NLDအနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ(၃၀၀)အောက်အနိုင်ရခဲ့လျှင် သူ့ပါတီတစ်ခုတည်းဖြင့် အစိုးရ(သမ္မတ) ဖွဲ့စည်းနိုင်မည်မဟုတ်ဘဲ အခြားအမတ်၊ ပါတီများ၏ ကူညီမှု လိုအပ်မှာဖြစ်ပြီးညွန်းပေါင်းအစိုးရဖွဲ့စည်းရမည်ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲရလဒ် ခန့်မှန်းချက်

ယေဘုယျအားဖြင့် NLD ရည်ပန်းစားမှုလျှော့ကျလာသည့်နှင့်အညီ ၂၀၂၀-ရွေးကောက်ပွဲတွင် အမတ်နေရာရရှိမှု အနည်းနှင့်အများ ကျဆင်းလာမည်ဟု သုံးသပ်ရပါသည်(အထူးသဖြင့် တိုင်းရင်းသား ဒေသများ)။ ယင်းသည်လည်း ၂၀၁၆-ခုနှစ်နှင့် ၂၀၁၈-ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲရလဒ်များက နိမိတ်ပြခဲ့ပါပြီ။ ထို့ပြင် ပြည်နယ်အခြေပြုပါတီများဖြစ်ကြသော ကချင်၊ ချင်း၊ ကယား၊ ကရင်နှင့် မွန်ပါတီများလည်း မကြာသေးခင်မှာ မိမိလူမျိုးအလိုက် တစ်ပါတီအဖြစ် အသီးသီးပေါင်းစည်းကြပြီဖြစ်သ ည့်အတွက် ပြည်သူများကပူပူနွေးနွေးချီကျူးသြဘာပေးခြင်းခံရချိန်ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ က ၂၀၁၅ရွေးကောက်ပွဲတွင် အမတ်နေရာ (၅၀)ခန့်သာ အနိုင်ရရှိရာခဲ့မှ လာမည့်၂၀၂-ဝရွေးကောက်ပွဲတွင် သုံးဆလောက် အမတ်နေရာရရှိမှုမြင့်တက်လာနိုင်ပြီး (၁၅၀)ခန့် (သို့မဟုတ်) အနည်းဆုံး (၁၀၀) ကျော်ရရှိနိုင်သည်။

အကျိုးဆက်အားဖြင့် NLD သည် တိုင်းရင်းသားဒေသအပြင် ပြည်မတွင်လည်း ကြံ့ခိုင်ရေးပါတီ၊ သူရဦးရွှေမန်းပါတီနှင့် ကိုကိုကြီးပါတီတို့က (တစ်နေရာ၊နှစ်နေရာ)နည်းနည်းစီ ဖဲ့ထုတ်သွားနိုင်သည်ဖြစ်၍ လက်ရှိအမတ် (၃၈၀)ခန့်ရရှိရာမှအများဆုံး (၃၀၀)မှအနည်းဆုံး (၂၅၀) ကြားလောက်အထိ လျော့ကျနို င်ခြေရှိသည်။ တစ်နည်းအားဖြင့် ဒေါ်စု၏ လှောင်အိမ်ထဲက ဒေါင်းအကောင်ရေ(၁၀၀)လောက် လျော့ကျ သွားနိုင်ခြေရှိသည်။

ထိုအခြေအနေသို့ရောက်ရှိသွားလျှင် ပါတီတစ်ပါတီတည်းဖြင့် အစိုးရဖွဲ့စည်းနိုင်မှာမဟုတ်ဘဲ အခြားပါတီများနှင့် မဖြစ်မနေ ညွန့်ပေါင်းအစိုးရဖွဲ့ရန် လိုအပ်လာပါတော့မည်။ မည်သည့်ပါတီများက မည်ကဲ့သို့ဖွဲ့မည်နည်း ဆိုသည်မှာ ထပ်ဆင့်မေးခွန်းဖြစ်လာပါသည်။

၂၀၂၀အလွန် ဖြစ်နိုင်ခြေ မဟာမိတ်/ညွန့်ပေါင်းအစိုးရအခင်းအကျင်း

အထက်ပါတိုင်း ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပါက ၂၀၂၀-အလွန်အစိုးရဖွဲ့ရန် နည်းလမ်းမျိုးစုံ ဖြစ်လာနိုင်ပါသည်။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲရလဒ်ကြေညာပြီးပြီးချင်း မည်သည့်ပါတီက မည်ကဲ့သို့အစိုးရဖွဲ့မည်ဆိုသည်ကို ချက်ချင်းအဖြေပေးရန်မလွယ်ကူဘဲ ညွန့်ပေါင်းအစိုးရအတွက် ညှိနှိုင်းမှုမှာ လနဲ့ချီကြာနိုင်သည်။ ပိုဆိုးသည်မှာ ပါလီမန်စနစ်အသာပေးသည့် ၂၀၀၈-အခြေခံဥပဒေအောက်တွင် ပါတီငယ်များဖြင့် ညွန့်ပေါင်းအစိုးရ (minority government) ဖွဲ့ခွင့်ကို လွတ်လွတ်ကျွတ်ကျွတ် လမ်းဖွင့်ထားခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေ ညွန့်ပေါင်းအစိုးရအခင်းအကျင်း (၃)မျိုးကို ဖော်ပြလိုပါသည်။

ဖြစ်နိုင်ခြေ(၁) NLD + တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ။

ယင်းသည် အလားလာအများဆုံး ဟုဆိုရမည်။ သို့သော် ဤနေရာတွင်လည်း UNA အဖွဲ့နှင့် ညွန့်ပေါင်းဖွဲ့မည်လော၊ NBF နှင့်ဖွဲ့မည်လော သို့မဟုတ် တိုင်းရင်းသားပါတီများစုဖွဲ့မှု(မဟာမိတ်)မဟုတ်ဘဲ တစ်ပါတီချင်း သို့မဟုတ် လွှတ်တော်အမတ်တစ်ဦးချင်းဖြင့် ညှိနှိုင်းမည်လော့ဆိုသည့် အခြားနည် းလမ်းအမျိုမျိုးရှိသေးသည်။ ထို့ပြင် NLDက တိုင်းရင်းသားပါတီကြီးကြီးများကိုသာ ချဉ်းကပ်မည်လား သို့မဟုတ် ပါတီငယ်များကို သိမ်းကျုံးမည်လား ခန့်မှန်းရခက်သည်။ NLD အနေဖြင့် မည်သည့်ပါတီနှင့်မှ မဟာမိတ်မဖွဲ့ဟု အတိအလင်းကြေညာထားပြီးဖြစ်သည့်အတွက် သူ့အနေဖြင့် သမ္မတရရှိနိုင်ရေးလိုအပ်သည့် အမတ်ဦးရေ အနည်းအများအပေါ်မူတည်ပြီး ပါတီချင်းအလိုက်ချဉ်းကပ်နိုင်ခြေလည်းရှိသည်။ ဒါတင်မက ရာထူးကြီးကြီးနှင့် တောင်းဆိုချက်ခပ်များများ လိုက်လျောပေးစရာမလိုသော ပါတီငယ်ခပ်များများကို ချဉ်းကပ်သည့် နည်းလမ်းကိုလည်း အသုံးပြုနိုင်သေးသည်။

ဖြစ်နိုင်ခြေ(၂)—တပ်မတော် + တိုင်းရင်းသားပါတီများ + ဗမာပါတီများ ညွန့်ပေါင်းအစိုးရ ။

တစ်နည်းအားဖြင့် လူနည်းစုအစိုးရ(minority government) မျိုးလည်း မဖြစ်နိုင်ဟုမဆိုနိုင်ချေ။ အထူးသဖြင့် လွှတ်တော်တွင် မဲအများစုအနိုင်ရမည့် NLDက တိုင်းရင်းသားပါတီများကို ပြေပြေလည်လည်မဆက်ဆံဘဲ အထက်က ဖြစ်နိုင်ခြေ(၁)အသွင်ဖြင့် ညှိနှိုင်းမှုမအောင်မြင်ပါက တိုင်းရင်းသားပါတီများက ကိုယ့်အမျိုးသားရေး အတွက် ဈေးကြီးကြီးပိုပေးနိုင်သည့် မည်သည့်အဖွဲ့တွင်မဆို ရပ်တည်ဖို့ရန်ဝန်လေးကြလိမ့်မည်မဟုတ်ချေ။ ၂၀၁၆ခုနှစ်တုန်းက NLDက ရှမ်းပါတီကို အစိုးရတွင်ပါဝင်ရေး ကမ်းလှမ်းခဲ့သော်လည်း ဈေးပေါပေါ သာပေးသည်ဟုဆိုကာ SNLDက ငြင်းပယ်ခဲ့သကဲ့သို့ အမတ်နေရာအများဆုံးရမည့် NLD အနေဖြင့် ၂၀၂၀-အလွန်တွင်လည်း အတတ်နိုင်ဆုံး ဈေးနှိမ်ပြီး ကမ်းလှမ်းမှုမျိုး ပြန်ကြုံလာနိုင်သည်။ ထိုအချိန်တွင် တပ်မတော်+ကြံ့ဖွံ့အုပ်စုနှင့် အခြားဗမာပါတီများက တိုင်းရင်းသားပါတီများကို အဆပေါင်းများစွာ ဈေးပိုပေးပြီး ကမ်လှမ်းလာနိုင်သည်။

ဖြစ်နိုင်ခြေ–(၃) —NLD + ဗမာပါတီများ ညွန့်ပေါင်းအစိုးရဖွဲ့ခြင်းမျိုး။

၂၁ရာစုပင်လုံ ငြိမ်းချမ်းရေး စားပွဲဝိုင်းများမှာ တိုင်းရင်းသားအရေးနှင့် ဖက်ဒရယ်အကြောင်းအရာများ ဆွေးနွေးသည့်အခါတိုင်း NLD၊ တပ်မတော်နှင့် အခြားဗမာနိုင်ငံရေးခေါင်းဆောင်များသည် ဆုံမှတ်တစ်ခုတည်းတွင် အလိုအလျောက်စုစည်းရပ်တည်နေကြသည်ကို မျက်မြင်ကိုယ်တွေ့ဖြစ်ပါသည်။ ထို့ကြောင့် နောက်ဆုံးတွင် ဖက်ဒရယ်အရေးမှာ သဘောထားပိုမိုနီးစပ်သည့် ဗမာပါတီအချင်းချင်းသာ ညွန်ပေါင်းအစိုးရဖွဲ့ပြီး အကျိုးတူကိစ္စအတွက် အတူတကွရပ်တည်နိုင်ခြေလည်းရှိပါသည်။ လက်တွေ့လည်းကြ ပါမည်။

တိုင်းရင်းသားပါတီများစဉ်းစားသင့်သည့်အချက်များ

လက်ရှိတွင် တိုင်းရင်းသားပါတီ (၅၀)ကျော်ရှိသည့်အနက် (၁၀)ပါတီကသာ ပြည်ထောင်စုလွှတ်တော် တွင် အမတ်နေရာရရှိပြီး စုစုပေါင်းအမတ်(၅၆)နေရာခန့်ရှိပါသည်။ လာမည့်၂၀၂၀-ရွေးကောက်ပွဲတွင် အမတ်နေရာ (၁၀၀)မှ(၁၅၀)လောက်အထိရအောင် အမှန်တကယ် စွမ်းဆောင်နိုင်မှာလား။ လွယ်လှသည် တော့မဟုတ်ခြေ။ ထို့ကြောင့် တိုင်းရင်းသားပါတီဖြစ်ရုံသက်သက်၊ NLD ပါတီအားနည်းချက်ကို ထောက်ပြရုံသက်သက်ဖြင့်မပြီးဘဲ တိုင်းရင်းသားပါတီများအနေဖြင့် ဗျူဟာကျကျပြင်ဆင်ရန် လိုအပ်ပါသည်။
ဒုတိယချက်အနေဖြင့် တိုင်းရင်းသားပါတီများ မဟာမိတ်ကိစ္စဖြစ်ပါသည်။ UNA တို့ NBF တို့ စုဖွဲ့မှုသည် လက်ရှိအချိန်အထိတွင် ညှိနှိုင်းဆောင်ရွက်သည့်စုဖွဲ့မှု (coordination body) အဆင့်သာရှိပြီး ရွေးကောက်ပွဲမဟာမိတ်(electoral alliance) အဆင့်ထိ မရောက်သေးပေ။ ထို့ကြောင့် UNA နှင့် NBF မပေါင်းစည်းနိုင်သေးသည့်တိုင် ၂၀၂၀-ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်တွင် “တစ်ဖွဲ့ချင်းမဟုတ်ဘဲ အဖွဲ့လိုက်/မဟာမိတ်ဖြင့်သာ ညှိနှိုင်းဆွေးနွေးမည်”ဆိုသည့် စုပေါင်းသဘောထားရပ်တည်ချက်မျိုး အချိန်မီတည်ဆောက်သင့်ပါသည်။

ထိုပြင် ပြည်မပါတီကြီးများနှင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးအတွက် ညှိနှိုင်းသည့်အခါတွင်လည်း နိုင်ငံရေးရာထူးတာဝန်သက်သက်အတွက် ညှိနှိုင်းခြင်းမပြုဘဲ တိုင်းရင်းသားအခွင့်အရေးနှင့် မူဝါဒကို အခြေခံညှိနှိုင်းမည်ဆိုသည့်မူနှင့်ရပ်တည်ချက်မျိုးကိုလည်း သက်ဆိုင်ရာမဲဆန္ဒရှင်များကို ကြိုတင်သတင် းစကားပါးသင့်ပါသည်။ အနည်းဆုံးအားဖြင့် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီအချင်းချင်း မဲဆန္ဒနယ် ‘ထပ်’မသွားရေး တတ်နိုင်သရွေ့ ကြိုးပမ်းရမည်ဖြစ်ပါကြောင်း။

ဆလိုင်းကျဲအိုဘိခ်ထောင်း