• Today is: Friday, April 23, 2021

လုံခြုံရေးကဏ္ဍအစ၊ အရကောက်၊ အနှစ်သာရနှင့် ပေါင်းစည်းရေးအမြင်တချို့

Federal Journal
November11/ 2020

လုံခြုံရေးကဏ္ဍအစ၊ အရကောက်၊ အနှစ်သာရနှင့် ပေါင်းစည်းရေးအမြင်တချို့

 

(၁)       ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဩဂုတ် ၁၉ မှ ၂၁ အထိ ကျင်းပသွားခဲ့သော ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ (၂၁ ရာစု ပင်လုံ) စတုတ္ထအကြိမ်တွင် လုံခြုံရေးကဏ္ဍအတွက် ဆက်ဆွေး နွေးကြရန် လမ်းကြောင်းကတော့ စတင်လာခဲ့ကြပြီဖြစ်သည်။ ဤအကြိမ်၌ရရှိလိုက်သော အဓိကçက ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၃) ဖြစ်သည်။ “ပြီးခဲ့သည့် ပင်လုံသုံးကြိမ်တွင် သဘော တူညီချက် ၅၁ ချက်ရရှိခဲ့ပြီးဖြစ်သည်။” နောက်ပိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ၂ နှစ် ခန့် တန့်လိုက်၊ အနည်းငယ်သွားလိုက် ဖြစ်လာနေခဲ့ပြီး စတုတ္ထအကြိမ်အတွက် ကာလအတိအကျ သတ်မှတ်ချိန်မှစ၍ UPDJC အပါအဝင် Stake Holders အားလုံး အကြိတ်အနယ် ကြိုးစားခဲ့ကြရာ မှ ထွက်ပေါ်လာသောရလဒ်က ယခင်ရရှိချုပ်ဆို လွှတ်တော်မှ ထပ်ဆင့်လက်ခံပေးထားခဲ့ပြီး ဖြစ်သော ၅၁ ချက်ပါ ပြည်ထောင်စုသဘောတူစာချုပ် အစိတ် အပိုင်း (၁) နှင့် (၂)တို့၏ အဆက် လည်းဖြစ်ပါသည်။ ယခုအချက် ၂၀ ထပ်မံရရှိသည့်အပြင် ၂၀၂၀ အလွန်အတွက် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများကိုလည်း ရရှိခဲ့ကြပြီး အနီးဆုံး ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း အတည်ပြုခဲ့ပါသည်။

ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃) ကို အနည်းငယ်ခြုံ၍ ထုတ်နှုတ်ပါမည်။

(က)     အပိုင်း(၁)၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခတ်မှု  ရပ်စဲရေးသဘောတူ စာချုပ် (NCA) ဆိုင်ရာ မူဘောင် သဘောတူညီ ချက် (၁၅)ချက် (နောက်ဆက် တွဲ-က)

(ခ)       အပိုင်း(၂)၊ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့်    အဆင့်လိုက် အကောင်အထည်ဖော်မှုများ (ဇယား-၁) (နောက်ဆက်တွဲ-ခ)

(ဂ)       အပိုင်း(၃)၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန် အခြေခံမူ သဘောတူညီချက် (၅)ချက် (နောက်ဆက်တွဲ-ဂ)

ဤနေရာတွင် စာရှည်လေးဖင့်မည့်အတွက် အစိတ်အပိုင်း(၃)ကို အကုန်အစင်အတိအကျ မဖော်ပြ တော့ပါ။ အသေးစိတ်လေ့လာလိုသူများအနေဖြင့် သွားရောက်ကြည့်ရှုနိုင်သော Website နှင့် အခြား Link များကို ဤဆောင်းပါးအဆုံးတွင် ဖော်ပြ ထားပါ၏။

ဤနေရာတွင်ပဲ နောက်ထပ် အနည်းငယ် ပြန်နွှေးဖို့လိုလာသော အချက်တချို့ရှိလာပါသည်။ ယခုဆောင်းပါးနှင့် တိုက်ရိုက်ဆက်စပ်ဆက်ဆံနေ သောကြောင့်ပင်။

 

(၂)    ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က တည်းက တရားဝင်ဖြစ်တည်ပြီးသော နိုင်ငံရေးဆွေး နွေးမှုဆိုင်ရာမူဘောင် (The Framework for Political Dialogue) အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများတွင် ခေါင်းစဉ်ခွဲ ခြောက်ရပ်ပါရှိသည်။ (က) နိုင်ငံရေး၊ (ခ) လူမှုရေး၊ (ဂ) စီးပွားရေး၊ (ဃ) လုံခြုံရေး၊ (င) မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ၊ (စ) အထွေထွေတို့ဖြစ်ကြသည်။ ဤခေါင်းစဉ်ခွဲ ၆ ရပ် သည်ပင် ဖက်ဒရယ်အတွက် ကဏ္ဍခြောက်ရပ်ဟု ဆိုနိုင် ပါ၏။ ကဏ္ဍတစ်ရပ်ချင်းစီမှာလည်း လိုအပ်သလို ခေါင်းစဉ်ခွဲအသီးသီး ပါဝင်ပါရှိပါသည်။ ကျန်ကဏ္ဍ ၅ ရပ်ကိုတော့ ယခုဆောင်းပါးအကြောင်းအရာအရ အသေးစိတ်ထည့်မရေးမဖော်ပြတော့ပါ။

လုံခြုံရေးကဏ္ဍအောက်တွင် ခေါင်းစဉ်ခွဲ ၂ ခု ပါဝင်ပါသည်။ (၁) နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ (၂) လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး ကိစ္စရပ်များဟူ၍ ဖြစ်သည်။

ဒါကိုပြန်နွှေးလိုက်ရခြင်းက ယခုနောက်ဆုံး ရရှိ ထားသော ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း(၃) ၏ နောက်ဆက်တွဲ(က) အပိုင်း(၁)၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဆိုင်ရာ မူဘောင်သဘောတူညီချက် (၁၅)ချက်ပါ အချက်နံပါတ် (၁၅) ကြောင့် ဖြစ်ပါသည်။ ၂၀၂၀အလွန် လာမည့်ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် (The Framework for Political Dialogue) ကို (UPDJC – Union Peace Dialouge Joint Committee ပြည်ထောင်စု ငြိမ်းချမ်း ရေးဆွေးနွေးမှု ပူးတွဲကော်မတီ) က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အဆင့်တွင် လိုအပ်သလို ညှိနှိုင်း ပြင်ဆင်ရန် သဘောတူညီလိုက်ခဲ့ကြခြင်းကြောင့် ဖြစ် သည်။

 

(၃)    ဟုတ်ပြီ။ သို့ဆိုလျှင် နိုင်ငံရေးဆွေးနွေးမှုမူဘောင် FPD ပါ အချက်များ ပြောင်းသွားမည်လား ဟူသော အမေးအတော်ထွက်ပါသည်။ အနှစ်အသား (Essence) မပြောင်းပါ။ အရကောက်နှင့် ဝေါဟာရတချို့ ပြောင်း နိုင်ပြီး လုပ်ထုံးလုပ်နည်း အသေးစိတ်အဆင့်လေးတွေ ပြောင်းပါလိမ့်မည်။ တရားနည်းလမ်းကျကျ ဆွေးနွေး ကြရင်း တိုးတက်ဖြစ်ထွန်းမှုတို့တွင် တချို့သော ဝေါဟာရပိုင်းအရ၊ စာပိုဒ်၊ စာပုဒ်၊ ဝါကျ စသဖြင့် တွေ ခွဲ/တွဲ ဖော်ပြမှုတွေမှာ နားလည်မှု၊ အယူအဆပိုင်း ဆိုင်ရာနှင့် သဘောတူညီချက်တို့ကို လက်မှတ်ရေး ထိုးအဆင့်မရောက်ခင် ဖတ်လိုက်သည်နှင့် တန်းခနဲ သဘောပေါက်နားလည်ရေး စသောစသော အသေး အလွန်စိတ်ရသည့် အကြောင်းအရာပိုင်းဆိုင်ရာတို့ ကြောင့် FPD ကို လိုအပ်သလို(လိုအပ်သလို) ညှိနှိုင်း (ညှိနှိုင်း) ပြင်ဆင်ကြရေးသာဖြစ်ပါသည်။ ရှေ့ဆက် အလုပ်လုပ်ရလွယ်ကူရေးတွင် ထိုထိုအသေးစိတ် လေးတွေက အစ အင်မတန်အရေးကြီးပါ၏။ နိုင်ငံ၏အနာဂတ်ကို အားလုံးပါဝင် ပုံဖော်အုတ်မြစ်ချနေခြင်း ဖြစ်သောကြောင့်ပင်။

နောက်ထပ်ဆက်နွယ်ချက်ကလည်း အတော် အရေးကြီးလှသည်။ (ခ) အပိုင်း(၂)၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင် အထည်ဖော်မှုများ (ဇယား-၁) (နောက်ဆက်တွဲ-ခ) အရ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်  (The Framework for Political Dialogue) သည် ပိုမို ကျယ်ပြန့်လာခြင်း…။ ၂၀၁၅ မှစ၍ ယခုထိရှိလာသော ခေါင်းစဉ်ခွဲ ၆ ခုနေရာတွင် အနည်းဆုံး ၈ရပ် ၈ခု ရှိလာပေမည်။ “(ဇယား-၁) (နောက်ဆက်တွဲ-ခ) ကော်လံ ၂၊ ဒုတိယကော်လံ “ဒီမိုကရေစီနှင့် ဖက်ဒရယ် ဆိုင်ရာများ” ကို ကြည့်ပါ။” ထိုအထဲမှ နံပါတ် ၈ သည် ယခုစတုတ္ထအကြိမ်ပင်လုံ၏ ဝန်းကျင်ကာလများမှာမှ၊ အခက်အခဲနှင့် အကျပ်တွေများစွာသော ကာလမှာမှ ရရှိလာခဲ့သော အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအတွက် အရေးကြီးလမ်းသွယ် တစ်ရပ် (တစ်နည်း) မလုပ်မဖြစ် မလျှောက်မဖြစ် လမ်းတစ် သွယ်၊ ညှိနှိုင်း ဆွေးနွေးအဖြေရှာ ချမှတ်ဖော်ဆောင် ရမည့် စိန်ခေါ်ချက်ကြီးလည်း ဖြစ်ပါသည်။ ယခုရရှိ လိုက်သော သဘောတူညီချက်အရ ယခင် လုံခြုံရေး ဆိုင်ရာ ခေါင်းစဉ်ခွဲ ၂ ခုကိုတစ်ခုတည်းအဖြစ် “၈။ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး (NCA အပိုဒ် ၃၀ နှင့်အညီ)” အဖြစ် ဖော်ပြသတ်မှတ်လိုက် သည်။ မှန်ပါသည်။ နားရည်ဝ၊ နှုတ်ကျိုးနေကြသော အသုံးအနှုန်းအရကောက်အဖြစ်ကတော့ DDR/SSR ပဲ ဖြစ်ပါသည်။

 

(၄)       လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး…။

တကယ်တန်း တပ်မတော်၏အခန်းကဏ္ဍဟူ သည် မည်သည့် ဒီမိုကရေစီအခြေပြု မည်သည့် ဖက်ဒရယ်နိုင်ငံမျိုးမဆိုတွင် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို အရပ်ဖက်အစိုးရ တစ်ရပ်၏ မူဝါဒနှင့် လမ်းညွှန်ထိန်းသိမ်းမှုအောက်မှ အစွမ်းကုန်တာဝန်ယူဆောင်ရွက်ခြင်း ပင်ဖြစ်ပါသည်။ ထို နှုန်းစံပကတိ နိယာမကို ပြန်ရောက်လျှင် မြန်မာ သည်လည်း “သားရွှေအိုးထမ်းတာ မြင်ရ ရရ” အခြေမှန် သို့ ရောက်ပေမည်။ ဤအကြောင်းခြင်းရာဆီသို့ ပန်းတိုင်ကျ ယတိပြတ်သွားကြမည်ဆိုပါက တပ်မတော် အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ လက်နက်ကိုင်အဖွဲ့ အစည်း အားလုံး(အားလုံး) Professional အဖြစ် ပြန်လည်ပေါင်းစည်းကြရပေမည်။ ယနေ့ကမ္ဘာ့အနေ အထားများအရ နိုင်ငံတော်လုံခြုံရေးကိုလည်း မဟာ ဗျူဟာကျကျ ထည့်သွင်းဆွေးနွေးကြရပေမည်။ ထိုနှစ် ပိုင်းသော သိမ်မွေ့လှသည့် ကိစ္စကြီးအတွက် စာရေးသူ ၏ တင်ကူးမှတ်စုများကို အခြေတည်ပြီး အကျဉ်းတချို့ အဖြစ် လောလောဆယ် တင်ပြလိုက်ပါ၏။ အကျယ် များကိုမူ အလျဉ်းသင့်သလို ဆက်လက်ဆွေးနွေးသွား မည်ဖြစ်သည်။

(၁) လက်ရှိ မြန်မာနိုင်ငံအတွင်း တည်ရှိကြသော မည်သည့် အစုအဖွဲ့ကိုမဆို မည်သူသာစေ၊ မည်သူ နာစေ မရည်စူးဘဲ မထိခိုက်စေ သော (Do No Harm) စဉ်းစား နည်းမျိုး  ပေးအပ်နိုင်သည့် လုံခြုံရေးကဏ္ဍအထူးပြု ပညာ ရှင်များနှင့် အထွေထွေ ဆောင် ရွက်ရေး အားသန်ငြိမ်းချမ်း ရေး၊ စစ်မက်ရေးရာ လေ့လာ သုံးသပ်သူများတို့ပါဝင်သော Think Tank ။ လက်ရှိ ငြိမ်း ချမ်းရေးဆွေးနွေးသူ များ၊ အစု အဖွဲ့များအပြင် လုံခြုံရေး ကဏ္ဍ အထူးပိုပြုနိုင်သူများ ပါဝင်ရန် လိုအပ်မည်။

(၂) မူများအတွက် တင်ကူး အကြံပြုချက်တချို့။

(က) လက်ရှိ မြန်မာ့ဖွဲ့စည်း ပုံ   အခြေခံ  ဥပဒေ ၂၀ဝ၈ အရ ပြဋ္ဌာန်း ထားသော တပ်မတော်ဆိုင်ရာအချက် များအား ရီဗျူးပြန်လုပ်ခြင်း။ (မြန်မာ ၁၉၄၇၊ ၁၉၇၄ အပြင် တခြားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံများမှ တပ်မတော်ဆိုင်ရာ အချက်များကို ထည့် သွင်း နှိုင်းယှဉ်စဉ်းစားခြင်း။)

(ခ)       သေနာပတိချုပ်ဆိုင်ရာ။

(ဂ)       ကာကွယ်ရေးဆိုင်ရာ မူဝါဒ(များ) ချမှတ် ရာတွင် အရပ်ဘက်-စစ်ဘက် ဆက်ဆံမှု ရေရှည်အားကောင်းစေရေး ထောက် မျှော်စေခြင်း။ ကာကွယ်ရေးဆိုင်ရာ ရီဗျူးများ။

(ဃ)     ရဲ၊ အကောက်ခွန် စသော အရပ် ဘက် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာများ။

(င)       နယ်ခြားစောင့်တပ်ဖွဲ့များနှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများ ဆိုင်ရာများ။

(စ)       နိုင်ငံတော်လုံခြုံရေးဆိုင်ရာရီဗျူးများ။

ဤ ၆ ရပ်ကို တင်ကူးအဖြစ် စတင်ဖော်ပြလိုပါ သည်။

 

(၅)       ပြီးခဲ့သော ဖက်ဒရယ်ဂျာနယ် အမှတ် ၂၉ တွင် “ယတိပြတ်မှ ငြိမ်းချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ် လုံခြုံရေးကဏ္ဍအဖွင့်”ဟု စာတစ်ပုဒ်ကို ဤဖက်ဒရယ် ဂျာနယ်အတွက် စာရေးသူ၏ပထမဆုံးသော “စာ” အဖြစ် စတင်ရေးသားခဲ့စဉ်ကတည်းက စတုတ္ထပင်လုံ အမီ လုံခြုံရေးကဏ္ဍ စတင်လမ်း “ပွင့်သင့်”ပြီဟု ယူဆ သလို တစ်နိုင်ငံလုံး မျှော်လင့်ခဲ့ကြသည့်အတိုင်း ပင်လုံ နီးကပ်ရက်များ၌ Stake Holders အားလုံး၏ စိတ်ဆန္ဒ ပြင်းပျမှု၊ ခဲခဲကပ်ကပ်ဆွေးနွေးရယူနိုင်ရမှု၊ ငြိမ်းချမ်း ရေးယတိပြတ်သဘောထား ကြိုးစားအားထုတ်မှု များ ကြောင့် ထွန်းပေါ်လာခဲ့ပြီဖြစ်သည်။ တကယ်ကတော့ အကြောင်းပေါင်းများစွာ နက်ရှိုင်းယှက်နွယ်နေသော မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သည် အတွင်းကျကျ တူးဆွ လေလေ နက်နဲလေလေလည်း ဖြစ်သည်။ နက်နဲနေ၍ ဖြစ်စေ၊ လတ်တလောမြေပြင်နှင့် အခြား ဘယ် အကြောင်းတရားများကြောင့်ပဲဖြစ်စေ၊ ဒီမိုကရေစီ နှင့် စစ်မှန်ကိုက်ညီဖက်ဒရယ်ပြည်ထောင်စုကို ရည်မှန်း ချက်ချ ကြိုးကို ကြိုးပမ်းမည်ဟု ယတိပြတ်ကြပါလျှင် ရောက်ကိုရောက်၊ ရကိုရကြရပါလိမ့်မည်။ ဤလမ်း ရှည်ကြီးတွင် လုံခြုံရေးကဏ္ဍ၊ တစ်နည်း လုံခြုံရေး ဆိုင်ရာ ပြန်လည်ပေါင်းစည်းမှုဖြစ်စဉ်ကို ဆွေးနွေး မှုများမှပဲသွားနိုင်ကြပါမှ ကောင်းစွာရောက်နိုင်မည် လည်းဖြစ်ပါသည်။ တိုက်ပွဲများဖြင့်တော့ နှစ် ၇၀ လည်း မရ၊ မရောက်ခဲ့ကြပါ။

လုံခြုံရေးကဏ္ဍဟုဆိုလိုက်လျှင် မြန်မာ့ငြိမ်းချမ်း ရေးဖြစ်စဉ် ပြန်လည်စတင်သော ၂၀၁၃ မှစ၍ ၂၀၁၅ NCA ကာလအလယ်၊ ယခု ၂၀၂၀ စတုတ္ထပင်လုံအထိ တပ်မတော်ဘက်ကပဲ ကြီးစိုးလာခဲ့ရာမှ၊ တစ်နည်း၊ တပ်မတော်က အသံပဲ များခဲ့ရာမှ တိုင်းရင်းသား EAOs များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် ကိုယ်စား လှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ စသော Stake Holders  တို့၏အသံကို ရေရေရာရာ သေသေချာချာ ကြားရတော့မည့် Security Sector Reform ဖြစ်စဉ် လည်း ပူးတွဲယှဉ်တွဲ ဖြစ်တည်လာပေတော့မည်။ ကျကျနန ဆွေးနွေးနိုင်ကြခြင်းဖြင့် အနာဂတ်နိုင်ငံ တော်ကို တည်ဆောက်ကြစေချင်ပါကြောင်း….။

မင်းတင်

ကိုးကားရည်ညွှန်း –

(၁) Strategies of Peace ( Oxford University Press, 2010)

(၂) Research Papers of MIPS – Myanmar Institute for Peace and Security (2019 and 2020)

(၃) ကိုယ်ပိုင်မှတ်စုများ။

(၄) http://www.nrpc.gov.mm/content/692/pnnytheaangcungimkhmrennyiiiaakhn-21raacupnglun-cttutthacnnyawe

(၅) hhttps://www.facebook.com/nrpc.myanmar , Dated; 21 August 2020

မင်းတင်

လံုျခံဳေရးက႑အစ၊ အရေကာက္၊ အႏွစ္သာရႏွင့္ ေပါင္းစည္းေရးအျမင္တခ်ိဳ႕

 

(၁) ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ဩဂုတ္ ၁၉ မွ ၂၁ အထိ က်င္းပသြားခဲ့ေသာ ျပည္ေထာင္စု ၿငိမ္းခ်မ္း ေရးညီလာခံ (၂၁ ရာစု ပင္လံု) စတုတၳအႀကိမ္တြင္ လံုျခံဳေရးက႑အတြက္ ဆက္ေဆြး ေႏြးၾကရန္ လမ္းေၾကာင္းကေတာ့ စတင္လာခဲ့ၾကၿပီျဖစ္သည္။ ဤအႀကိမ္၌ရရွိလိုက္ေသာ အဓိကçက ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း (၃) ျဖစ္သည္။ “ၿပီးခဲ့သည့္ ပင္လံုသံုးႀကိမ္တြင္ သေဘာ တူညီခ်က္ ၅၁ ခ်က္ရရွိခဲ့ၿပီးျဖစ္သည္။” ေနာက္ပိုင္း ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ၂ ႏွစ္ ခန္႔ တန္႔လိုက္၊ အနည္းငယ္သြားလိုက္ ျဖစ္လာေနခဲ့ၿပီး စတုတၳအႀကိမ္အတြက္ ကာလအတိအက် သတ္မွတ္ခ်ိန္မွစ၍ UPDJC အပါအဝင္ Stake Holders အားလံုး အႀကိတ္အနယ္ ႀကိဳးစားခဲ့ၾကရာ မွ ထြက္ေပၚလာေသာရလဒ္က ယခင္ရရွိခ်ဳပ္ဆို လႊတ္ေတာ္မွ ထပ္ဆင့္လက္ခံေပးထားခဲ့ၿပီး ျဖစ္ေသာ ၅၁ ခ်က္ပါ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္ အပိုင္း (၁) ႏွင့္ (၂)တို႔၏ အဆက္ လည္းျဖစ္ပါသည္။ ယခုအခ်က္ ၂၀ ထပ္မံရရွိသည့္အျပင္ ၂၀၂၀ အလြန္အတြက္ အဆင့္လိုက္ လုပ္ငန္းစဥ္မ်ားႏွင့္ အဆင့္လိုက္အေကာင္အထည္ေဖာ္မႈမ်ားကိုလည္း ရရွိခဲ့ၾကျပီး အနီးဆံုး က်င္းပေသာ ျပည္ေထာင္စု လႊတ္ေတာ္သို႔ တင္သြင္း အတည္ျပဳခဲ့ပါသည္။

ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း(၃) ကို အနည္းငယ္ျခံဳ၍ ထုတ္ႏႈတ္ပါမည္။

(က)    အပိုင္း(၁)၊ တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ ခတ္မႈ  ရပ္စဲေရးသေဘာတူ စာခ်ဳပ္ (NCA) ဆိုင္ရာ မူေဘာင္ သေဘာတူညီ ခ်က္ (၁၅)ခ်က္ (ေနာက္ဆက္ တြဲ-က)

(ခ)     အပိုင္း(၂)၊ ၂၀၂၀ အလြန္ အဆင့္လိုက္ လုပ္ငန္းစဥ္မ်ားႏွင့္    အဆင့္လိုက္ အေကာင္အထည္ေဖာ္မႈမ်ား (ဇယား-၁) (ေနာက္ဆက္တြဲ-ခ)

(ဂ)     အပိုင္း(၃)၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ စနစ္တို႔ကို အေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္ေရးဆိုင္ရာ လမ္းညႊန္ အေျခခံမူ သေဘာတူညီခ်က္ (၅)ခ်က္ (ေနာက္ဆက္တြဲ-ဂ)

ဤေနရာတြင္ စာရွည္ေလးဖင့္မည့္အတြက္ အစိတ္အပိုင္း(၃)ကို အကုန္အစင္အတိအက် မေဖာ္ျပ ေတာ့ပါ။ အေသးစိတ္ေလ့လာလိုသူမ်ားအေနျဖင့္ သြားေရာက္ၾကည့္႐ႈႏိုင္ေသာ Website ႏွင့္ အျခား Link မ်ားကို ဤေဆာင္းပါးအဆံုးတြင္ ေဖာ္ျပ ထားပါ၏။

ဤေနရာတြင္ပဲ ေနာက္ထပ္ အနည္းငယ္ ျပန္ေႏႊးဖို႔လိုလာေသာ အခ်က္တခ်ိဳ႕ရွိလာပါသည္။ ယခုေဆာင္းပါးႏွင့္ တိုက္႐ိုက္ဆက္စပ္ဆက္ဆံေန ေသာေၾကာင့္ပင္။

 

(၂) ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္ေန႔က တည္းက တရားဝင္ျဖစ္တည္ျပီးေသာ ႏိုင္ငံေရးေဆြး ေႏြးမႈဆိုင္ရာမူေဘာင္ (The Framework for Political Dialogue) အခန္း(၅) ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားတြင္ ေဆြးေႏြးမည့္ အေၾကာင္းအရာမ်ားတြင္ ေခါင္းစဥ္ခြဲ ေျခာက္ရပ္ပါရွိသည္။ (က) ႏိုင္ငံေရး၊ (ခ) လူမႈေရး၊ (ဂ) စီးပြားေရး၊ (ဃ) လံုျခံဳေရး၊ (င) ေျမယာႏွင့္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ မူဝါဒကိစၥရပ္မ်ား၊ (စ) အေထြေထြတို႔ျဖစ္ႀကသည္။ ဤေခါင္းစဥ္ခြဲ ၆ ရပ္ သည္ပင္ ဖက္ဒရယ္အတြက္ က႑ေျခာက္ရပ္ဟု ဆိုႏိုင္ ပါ၏။ က႑တစ္ရပ္ခ်င္းစီမွာလည္း လိုအပ္သလို ေခါင္းစဥ္ခြဲအသီးသီး ပါဝင္ပါရွိပါသည္။ က်န္က႑ ၅ ရပ္ကိုေတာ့ ယခုေဆာင္းပါးအေၾကာင္းအရာအရ အေသးစိတ္ထည့္မေရးမေဖာ္ျပေတာ့ပါ။

လံုျခံဳေရးက႑ေအာက္တြင္ ေခါင္းစဥ္ခြဲ ၂ ခု ပါဝင္ပါသည္။ (၁) ႏိုင္ငံေတာ္ကာကြယ္ေရးဆိုင္ရာ ကိစၥရပ္မ်ား၊ (၂) လံုျခံဳေရးဆိုင္ရာ ေပါင္းစည္းေရး ကိစၥရပ္မ်ားဟူ၍ ျဖစ္သည္။

ဒါကိုျပန္ေႏႊးလိုက္ရျခင္းက ယခုေနာက္ဆံုး ရရွိ ထားေသာ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း(၃) ၏ ေနာက္ဆက္တြဲ(က) အပိုင္း(၁)၊ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခတ္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ဆိုင္ရာ မူေဘာင္သေဘာတူညီခ်က္ (၁၅)ခ်က္ပါ အခ်က္နံပါတ္ (၁၅) ေၾကာင့္ ျဖစ္ပါသည္။ ၂၀၂၀အလြန္ လာမည့္ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားတြင္ ႏိုင္ငံေရး ေဆြးေႏြးမႈဆိုင္ရာ မူေဘာင္ (The Framework for Political Dialogue) ကို (UPDJC – Union Peace Dialouge Joint Committee ျပည္ေထာင္စု ၿငိမ္းခ်မ္း ေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ) က ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ အဆင့္တြင္ လိုအပ္သလို ညႇိႏိႈင္း ျပင္ဆင္ရန္ သေဘာတူညီလိုက္ခဲ့ၾကျခင္းေၾကာင့္ ျဖစ္ သည္။

 

(၃) ဟုတ္ၿပီ။ သို႔ဆိုလွ်င္ ႏိုင္ငံေရးေဆြးေႏြးမႈမူေဘာင္ FPD ပါ အခ်က္မ်ား ေျပာင္းသြားမည္လား ဟူေသာ အေမးအေတာ္ထြက္ပါသည္။ အႏွစ္အသား (Essence) မေျပာင္းပါ။ အရေကာက္ႏွင့္ ေဝါဟာရတခ်ိဳ႕ ေျပာင္း ႏိုင္ျပီး လုပ္ထံုးလုပ္နည္း အေသးစိတ္အဆင့္ေလးေတြ ေျပာင္းပါလိမ့္မည္။ တရားနည္းလမ္းက်က် ေဆြးေႏြး ၾကရင္း တိုးတက္ျဖစ္ထြန္းမႈတို႔တြင္ တခ်ိဳ႕ေသာ ေဝါဟာရပိုင္းအရ၊ စာပိုဒ္၊ စာပုဒ္၊ ဝါက် စသျဖင့္ ေတြ ခြဲ/တြဲ ေဖာ္ျပမႈေတြမွာ နားလည္မႈ၊ အယူအဆပိုင္း ဆိုင္ရာႏွင့္ သေဘာတူညီခ်က္တို႔ကို လက္မွတ္ေရး ထိုးအဆင့္မေရာက္ခင္ ဖတ္လိုက္သည္ႏွင့္ တန္းခနဲ သေဘာေပါက္နားလည္ေရး စေသာစေသာ အေသး အလြန္စိတ္ရသည့္ အေၾကာင္းအရာပိုင္းဆိုင္ရာတို႔ ေၾကာင့္ FPD ကို လိုအပ္သလို(လိုအပ္သလို) ညွိႏိႈင္း (ညႇိႏိႈင္း) ျပင္ဆင္ၾကေရးသာျဖစ္ပါသည္။ ေရွ႕ဆက္ အလုပ္လုပ္ရလြယ္ကူေရးတြင္ ထိုထိုအေသးစိတ္ ေလးေတြက အစ အင္မတန္အေရးႀကီးပါ၏။ ႏိုင္ငံ၏အနာဂတ္ကို အားလံုးပါဝင္ ပံုေဖာ္အုတ္ျမစ္ခ်ေနျခင္း ျဖစ္ေသာေၾကာင့္ပင္။

ေနာက္ထပ္ဆက္ႏြယ္ခ်က္ကလည္း အေတာ္ အေရးႀကီးလွသည္။ (ခ) အပိုင္း(၂)၊ ၂၀၂၀ အလြန္ အဆင့္လိုက္လုပ္ငန္းစဥ္မ်ားႏွင့္ အဆင့္လိုက္ အေကာင္ အထည္ေဖာ္မႈမ်ား (ဇယား-၁) (ေနာက္ဆက္တြဲ-ခ) အရ ႏိုင္ငံေရးေဆြးေႏြးမႈဆိုင္ရာ မူေဘာင္  (The Framework for Political Dialogue) သည္ ပိုမို က်ယ္ျပန္႔လာျခင္း…။ ၂၀၁၅ မွစ၍ ယခုထိရွိလာေသာ ေခါင္းစဥ္ခြဲ ၆ ခုေနရာတြင္ အနည္းဆံုး ၈ရပ္ ၈ခု ရွိလာေပမည္။ “(ဇယား-၁) (ေနာက္ဆက္တြဲ-ခ) ေကာ္လံ ၂၊ ဒုတိယေကာ္လံ “ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ ဆိုင္ရာမ်ား” ကို ၾကည့္ပါ။” ထိုအထဲမွ နံပါတ္ ၈ သည္ ယခုစတုတၳအႀကိမ္ပင္လံု၏ ဝန္းက်င္ကာလမ်ားမွာမွ၊ အခက္အခဲႏွင့္ အက်ပ္ေတြမ်ားစြာေသာ ကာလမွာမွ ရရွိလာခဲ့ေသာ အနာဂတ္ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုအတြက္ အေရးႀကီးလမ္းသြယ္ တစ္ရပ္ (တစ္နည္း) မလုပ္မျဖစ္ မေလွ်ာက္မျဖစ္ လမ္းတစ္ သြယ္၊ ညႇိႏိႈင္း ေဆြးေႏြးအေျဖရွာ ခ်မွတ္ေဖာ္ေဆာင္ ရမည့္ စိန္ေခၚခ်က္ႀကီးလည္း ျဖစ္ပါသည္။ ယခုရရွိ လိုက္ေသာ သေဘာတူညီခ်က္အရ ယခင္ လံုျခံဳေရး ဆိုင္ရာ ေခါင္းစဥ္ခြဲ ၂ ခုကိုတစ္ခုတည္းအျဖစ္ “၈။ လံုျခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရး (NCA အပိုဒ္ ၃၀ ႏွင့္အညီ)” အျဖစ္ ေဖာ္ျပသတ္မွတ္လိုက္ သည္။ မွန္ပါသည္။ နားရည္ဝ၊ ႏႈတ္က်ိဳးေနၾကေသာ အသံုးအႏႈန္းအရေကာက္အျဖစ္ကေတာ့ DDR/SSR ပဲ ျဖစ္ပါသည္။

 

(၄) လံုျခံဳေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရး…။

တကယ္တန္း တပ္မေတာ္၏အခန္းက႑ဟူ သည္ မည္သည့္ ဒီမိုကေရစီအေျချပဳ မည္သည့္ ဖက္ဒရယ္ႏိုင္ငံမ်ိဳးမဆိုတြင္ ႏိုင္ငံေတာ္လံုၿခံဳေရး၊ ကာကြယ္ေရးဆိုင္ရာ ကိစၥရပ္မ်ားကို အရပ္ဖက္အစိုးရ တစ္ရပ္၏ မူဝါဒႏွင့္ လမ္းညႊန္ထိန္းသိမ္းမႈေအာက္မွ အစြမ္းကုန္တာဝန္ယူေဆာင္ရြက္ျခင္း ပင္ျဖစ္ပါသည္။ ထို ႏႈန္းစံပကတိ နိယာမကို ျပန္ေရာက္လွ်င္ ျမန္မာ သည္လည္း “သားေရႊအိုးထမ္းတာ ျမင္ရ ရရ” အေျခမွန္ သို႔ ေရာက္ေပမည္။ ဤအေၾကာင္းျခင္းရာဆီသို႔ ပန္းတိုင္က် ယတိျပတ္သြားၾကမည္ဆိုပါက တပ္မေတာ္ အပါအဝင္ ျမန္မာတစ္ႏိုင္ငံလံုးရွိ လက္နက္ကိုင္အဖြဲ႕ အစည္း အားလံုး(အားလံုး) Professional အျဖစ္ ျပန္လည္ေပါင္းစည္းၾကရေပမည္။ ယေန႔ကမၻာ့အေန အထားမ်ားအရ ႏိုင္ငံေတာ္လံုျခံဳေရးကိုလည္း မဟာ ဗ်ဴဟာက်က် ထည့္သြင္းေဆြးေႏြးၾကရေပမည္။ ထိုႏွစ္ ပိုင္းေသာ သိမ္ေမြ႕လွသည့္ ကိစၥႀကီးအတြက္ စာေရးသူ ၏ တင္ကူးမွတ္စုမ်ားကို အေျခတည္ၿပီး အက်ဥ္းတခ်ိဳ႕ အျဖစ္ ေလာေလာဆယ္ တင္ျပလိုက္ပါ၏။ အက်ယ္ မ်ားကိုမူ အလ်ဥ္းသင့္သလို ဆက္လက္ေဆြးေႏြးသြား မည္ျဖစ္သည္။

(၁) လက္ရွိ ျမန္မာႏိုင္ငံအတြင္း တည္ရွိၾကေသာ မည္သည့္ အစုအဖြဲ႕ကိုမဆို မည္သူသာေစ၊ မည္သူ နာေစ မရည္စူးဘဲ မထိခိုက္ေစ ေသာ (Do No Harm) စဥ္းစား နည္းမ်ိဳး  ေပးအပ္ႏိုင္သည့္ လံုၿခံဳေရးက႑အထူးျပဳ ပညာ ရွင္မ်ားႏွင့္ အေထြေထြ ေဆာင္ ရြက္ေရး အားသန္ၿငိမ္းခ်မ္း ေရး၊ စစ္မက္ေရးရာ ေလ့လာ သံုးသပ္သူမ်ားတို႔ပါဝင္ေသာ Think Tank ။ လက္ရွိ ၿငိမ္း ခ်မ္းေရးေဆြးေႏြးသူ မ်ား၊ အစု အဖြဲ႕မ်ားအျပင္ လံုၿခံဳေရး က႑ အထူးပိုျပဳႏိုင္သူမ်ား ပါဝင္ရန္ လိုအပ္မည္။

(၂) မူမ်ားအတြက္ တင္ကူး အႀကံျပဳခ်က္တခ်ိဳ႕။

(က) လက္ရွိ ျမန္မာ့ဖြဲ႕စည္း ပံု   အေျခခံ  ဥပေဒ ၂၀ဝ၈ အရ ျပ႒ာန္း ထားေသာ တပ္မေတာ္ဆိုင္ရာအခ်က္ မ်ားအား ရီဗ်ဴးျပန္လုပ္ျခင္း။ (ျမန္မာ ၁၉၄၇၊ ၁၉၇၄ အျပင္ တျခားေသာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ႏိုင္ငံမ်ားမွ တပ္မေတာ္ဆိုင္ရာ အခ်က္မ်ားကို ထည့္ သြင္း ႏိႈင္းယွဥ္စဥ္းစားျခင္း။)

(ခ)     ေသနာပတိခ်ဳပ္ဆိုင္ရာ။

(ဂ)     ကာကြယ္ေရးဆိုင္ရာ မူဝါဒ(မ်ား) ခ်မွတ္ ရာတြင္ အရပ္ဘက္-စစ္ဘက္ ဆက္ဆံမႈ ေရရွည္အားေကာင္းေစေရး ေထာက္ ေမွ်ာ္ေစျခင္း။ ကာကြယ္ေရးဆိုင္ရာ ရီဗ်ဴးမ်ား။

(ဃ)    ရဲ၊ အေကာက္ခြန္ စေသာ အရပ္ ဘက္ လက္နက္ကိုင္တပ္ဖြဲ႕မ်ား ဆိုင္ရာမ်ား။

(င)     နယ္ျခားေစာင့္တပ္ဖြဲ႕မ်ားႏွင့္ တိုင္းရင္း သား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ား ဆိုင္ရာမ်ား။

(စ)     ႏိုင္ငံေတာ္လံုျခံဳေရးဆိုင္ရာရီဗ်ဴးမ်ား။

ဤ ၆ ရပ္ကို တင္ကူးအျဖစ္ စတင္ေဖာ္ျပလိုပါ သည္။

(၅) ၿပီးခဲ့ေသာ ဖက္ဒရယ္ဂ်ာနယ္ အမွတ္ ၂၉ တြင္ “ယတိျပတ္မွ ၿငိမ္းခ်မ္းေရးႏွင့္ တိုက္႐ိုက္ဆက္စပ္ လံုျခံဳေရးက႑အဖြင့္”ဟု စာတစ္ပုဒ္ကို ဤဖက္ဒရယ္ ဂ်ာနယ္အတြက္ စာေရးသူ၏ပထမဆံုးေသာ “စာ” အျဖစ္ စတင္ေရးသားခဲ့စဥ္ကတည္းက စတုတၳပင္လံု အမီ လံုျခံဳေရးက႑ စတင္လမ္း “ပြင့္သင့္”ၿပီဟု ယူဆ သလို တစ္ႏိုင္ငံလံုး ေမွ်ာ္လင့္ခဲ့ၾကသည့္အတိုင္း ပင္လံု နီးကပ္ရက္မ်ား၌ Stake Holders အားလံုး၏ စိတ္ဆႏၵ ျပင္းပ်မႈ၊ ခဲခဲကပ္ကပ္ေဆြးေႏြးရယူႏိုင္ရမႈ၊ ၿငိမ္းခ်မ္း ေရးယတိျပတ္သေဘာထား ႀကိဳးစားအားထုတ္မႈ မ်ား ေၾကာင့္ ထြန္းေပၚလာခဲ့ၿပီျဖစ္သည္။ တကယ္ကေတာ့ အေၾကာင္းေပါင္းမ်ားစြာ နက္႐ိႈင္းယွက္ႏြယ္ေနေသာ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္သည္ အတြင္းက်က် တူးဆြ ေလေလ နက္နဲေလေလလည္း ျဖစ္သည္။ နက္နဲေန၍ ျဖစ္ေစ၊ လတ္တေလာေျမျပင္ႏွင့္ အျခား ဘယ္ အေႀကာင္းတရားမ်ားေႀကာင့္ပဲျဖစ္ေစ၊ ဒီမိုကေရစီ ႏွင့္ စစ္မွန္ကိုက္ညီဖက္ဒရယ္ျပည္ေထာင္စုကို ရည္မွန္း ခ်က္ခ် ႀကိဳးကို ႀကိဳးပမ္းမည္ဟု ယတိျပတ္ႀကပါလွ်င္ ေရာက္ကိုေရာက္၊ ရကိုရႀကရပါလိမ့္မည္။ ဤလမ္း ရွည္ႀကီးတြင္ လံုၿခံဳေရးက႑၊ တစ္နည္း လံုၿခံဳေရး ဆိုင္ရာ ျပန္လည္ေပါင္းစည္းမႈျဖစ္စဥ္ကို ေဆြးေႏြး မႈမ်ားမွပဲသြားႏိုင္ၾကပါမွ ေကာင္းစြာေရာက္ႏိုင္မည္ လည္းျဖစ္ပါသည္။ တိုက္ပြဲမ်ားျဖင့္ေတာ့ ႏွစ္ ၇၀ လည္း မရ၊ မေရာက္ခဲ့ၾကပါ။

လံုၿခံဳေရးက႑ဟုဆိုလိုက္လွ်င္ ျမန္မာ့ၿငိမ္းခ်မ္း ေရးျဖစ္စဥ္ ျပန္လည္စတင္ေသာ ၂၀၁၃ မွစ၍ ၂၀၁၅ NCA ကာလအလယ္၊ ယခု ၂၀၂၀ စတုတၳပင္လံုအထိ တပ္မေတာ္ဘက္ကပဲ ႀကီးစိုးလာခဲ့ရာမွ၊ တစ္နည္း၊ တပ္မေတာ္က အသံပဲ မ်ားခဲ့ရာမွ တိုင္းရင္းသား EAOs မ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ အရပ္ဘက္ ကိုယ္စား လွယ္မ်ား၊ ပါဝင္သင့္ပါဝင္ထိုက္သူမ်ား စေသာ Stake Holders  တို႔၏အသံကို ေရေရရာရာ ေသေသခ်ာခ်ာ ၾကားရေတာ့မည့္ Security Sector Reform ျဖစ္စဥ္ လည္း ပူးတြဲယွဥ္တြဲ ျဖစ္တည္လာေပေတာ့မည္။ က်က်နန ေဆြးေႏြးႏိုင္ၾကျခင္းျဖင့္ အနာဂတ္ႏိုင္ငံ ေတာ္ကို တည္ေဆာက္ၾကေစခ်င္ပါေၾကာင္း….။

မင္းတင္

ကိုးကားရည္ညႊန္း –

(၁) Strategies of Peace ( Oxford University Press, 2010)

(၂) Research Papers of MIPS – Myanmar Institute for Peace and Security (2019 and 2020)

(၃) ကိုယ္ပိုင္မွတ္စုမ်ား။

(၄) http://www.nrpc.gov.mm/content/692/pnnytheaangcungimkhmrennyiiiaakhn-21raacupnglun-cttutthacnnyawe

(၅) hhttps://www.facebook.com/nrpc.myanmar , Dated; 21 August 2020

မင္းတင္