• Today is: Thursday, August 5, 2021

လျပ်စစ်ထုက်ယူရေး စီမံကိန်းများ နှင့် ဒေသအကျိုး

Federal Journal
July25/ 2019

ဆလိုင်းထွန်းထွန်း

“အစိုးရတာဝန်ယူတဲ့အချိန်ကစပြီးတော့ နိုင်ငံတိုးတက်ရေးအတွက်၊ ဖွံ့ဖြိုးရေး အတွက် အဓိကကျတဲ့ကိစ္စနှစ်ခုဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားရရှိရေးပဲ ဖြစ်တယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ခဲ့ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဘဲလင်း ရှိ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံဖွင့်ပွဲတွင် ပြောကြားခဲ့သော စကားလုံးဖြစ်သည်။
လျှပ်စစ်ဆိုသည်မှာ တိုင်းပြည်ဖွံဖြိုးမူအတွက် မရှိမဖြစ် လိုအပ်နေသည်မှာ ငြင်းစရာ မရှိသော ကိစ္စဖြစ်သည်။ ဖွံဖြိုးပြီး နိုင်ငံများ အားလုံး၏ ယေဘုယျ ဦးစားပေးဆောင်ရွှက်နေသော ကိစ္စရပ်မှာ လျှပ်စစ်ဓါတ်အား စဉ်ဆက်မပြတ် ရရှိရေးအတွက်ပင်။ ပိုလျံသည့် အထိ ရနိင်သည့် နေရာများမှ ထုတ်ယူသုံးစွဲနေကြပြီး လျပ်စစ်လိုအပ်သော်လည်း ထုတ်ယူနိုင်ရန် နေရာမရှိပဲ သဘာဝကပေးသော အရင်းအမြစ်များကို အသုံးမပြုနိင်သည့် နိုင်ငံများကိုပါ ရောင်းချနေကြသည်။
မြန်မာနိုင်ငံဆိုသည်မှာ သဘာဝအရင်းအမြစ် ပေါကြွယ်ဝနေသော အရပ်ဒေသ တစ်ခု ဖြစ်သော်လည်း လျပ်စစ် လုံလုံလောက် မရရှိသေးသည့် နိုင်ငံတခု ဖြစ်နေသည်။ မြန်မာနိုင်ငံတွင် လျပ်စစ်ထုတ်ယူရန် မြစ်ချောင်းပေါကြွယ်ဝသလို Gas ၊ ကျောက်မီးသွေးတို့ဖြင့် ဆောင်ရွှက်ရန်လည်း သဘာဝအရင်းအမြစ်ပေါကြွယ်ဝလှသည့် အရပ်ဖြစ်သော်လည်း အမှန်တကယ် ထုတ်ယူသုံးစွဲနိုင်မူမှာ နည်းပါးလှသည့် အခြေအနေတွင် တည်ရှိသည်။

မြန်မာနိုင်ငံ နှင့် လျပ်စစ်ထုက်ယူသုံးစွဲနေမူ

မြန်မာနိုင်ငံ လျပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ် မေလအထိ နိုင်ငံတဝှမ်း လျပ်စစ်ဖြန့်ဖြုးပေးနိုင်မူမှာ (၄၅)ရာခိုင်နူန်းသာ ရှိသေးပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း ရောက်လျှင် (၅၀)ရာခိုင်နူန်းအထိ ပြည့်မှီစေရန် ဆောင်ရွှက်မည် ဟု ဆိုခဲ့သည်။ ထိုကြောင့် နိုင်ငံ လူဦးရေ (၅၄)သန်းကျော်အနတ် ထက်ဝတ်ခန့်သာ လျပ်စစ်မီး ရရှိနိုင်အုန်းမည် အခြေအနေတွင် ရှိနေသည်။
၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံ၏ လျပ်စစ် သုံးစွဲနိုင်မှု နှုန်းမှာ (၃၅)ရာခိုင်နူန်းအထိ သာ ရှိခဲ့သည့်အတွက် (၃)နှစ်တာ ကာလအတွင်း လျှပ်စစ်သုံးစွဲနိုင်မူ အခြေအနေမှာ (၁၅)ရာခိုင်နူန်းအထိ တိုးတက်လာမည် အခြေအနေတွင် ရှိသည်။ ထိုအတူ အစီုးရ၏ ဦးစားပေးကိစ္စရပ်မှာ ရန်ကုန်၊နေပြည်တော် နှင့် မန္တလေးကဲ့သို့ ဖွံဖြိုးပြီးဒေသများတွင် ပို၍ လျပ်စစ် တိုးမြင့်သုံးစွဲနိုင်ရန် စီစဉ်နေသည်။
မြန်မာနိုင်ငံ အစီုးရ၏ ရည်မှန်းချက်မှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် တနိုင်ငံလုံးရှိ လျပ်စစ်မီးသုံးစွဲသူ (၅၀)ရာခိုင်နူန်းကို ရောက်ရှိရမည် ဖြစ်ကာ ၂၀၂၁ခုနှစ် တွင် (၅၅)ရာခိုင်နှုန်းထိလည်းကောင်း၊၂၀၂၅-၂၆ ခုနှစ်တွင် (၇၅)ရာခိုင်နှုန်း နှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် တနိုင်ငံလုံး လျပ်စစ်မီး ရရှိရန်ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ဆည်ရေ နည်းပါးခြင်း၊ ရေအားလျပ်စစ်ထုတ်ယူသည့် နေရာများမှ လျပ်စစ်ထုတ်ယူမူ အားလျော့ခြင်းကြောင့် လျပ်စစ်မီး မကြာခဏ ပြတ်တောက်လာသည့်အတွက် ရန်ကုန်တိုင်းနေ လူအများ၏ ပြောဆိုဝေဖန်မူကို ခံနေရသည်။ မီး မကြာခဏ ပြတ်တောက်မူကြောင့် လူအများ အာရုံစိုက်မူကို ခံလာရသည့်အခြေအနေတွင် အစီုးရ အနေနှင့်လည်း ဂရုတစိုက် ဆောင်ရွှက်ပေးနေရသည့် အခြေအနေသို့ ရောက်လာသည်။ လျပ်စစ်မှာ နိုင်ငံရေးအတွက် အရေးပါသည့် ကိစ္စရပ်တခု ဖြစ်လာသည် ဟုပင် ဆိုရတော့မည့် အခြေအနေဖြစ်လာပြီ ဖြစ်သည်။လျပ်စစ်မီး ရရှိရန်အတွက် အစီုးရ အစဉ်အဆက် ကြိုးစားလာခဲ့သည် ချည်းသာ ဖြစ်သည်။ လျပ်စစ်ဖြည့်ဆည်းပေးနိုင်ပါက ဖွံဖြိုးရေးအတွက် လွယ်ကူသော လမ်းကြောင်းပေါ် ရောက်ရှိသွားနိုင်မည် ဖြစ်သည့်အတွက် ပုံစံမျိုးစုံဖြင့် ရရှိနိုင်ရန် စဉ်းစားကြခဲ့သည်။ထုတ်လုပ်ရန်အတွက် ရေအား၊လေအား၊ ဓါတ်ငွေ့ ၊နယူးကလီယား နှင့် ကျောက်မီးသွေး စသည့်ဖြင့် မျိုးစုံရှိသော်လည်း ဈေးသက်သက်သာသာ နှင့် ရရှိနိုင်သည်မှာ ရေအားဖြင့် ထုတ်ယူရေးသည် အကောင်းဆုံး ဖြစ်သည်။
မြန်မာနိုင်ငံသည် မြစ်ချောင်း ရေတံခွန် ပေါကြွယ်ဝသည့် အတွက် လျပ်စစ်ထုတ်ယူနိုင်သည့် နေရာမြောက်များစွာ တည်ရှိသည်။ နေရာအများစုမှာ ကုန်းတွင်းပိုင်းကျသည့် ဒေသများတွင် တည်ရှိနေသည်။အထူးသဖြင့် ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ် နှင့် ရှမ်းပြည်နယ် စသည့် တိုင်းရင်းသားဒေသနယ်မြေများပေါ်တွင် ရေအားလျပ်စစ် စီမံကိန်း အမြောက်အများကို ဆောင်ရွှက်လျှက် ရှိနေသည်။ကမ္ဘာဘဏ် ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် ရေအားလျပ်စစ်ထုတ်ယူနိင်ရန် အလားအလာ ရှိသည့် နေရာပေါင်း(၃၀၂)ခု ရှိကာ ထုတ်ယူနိုင်သည့် လျပ်စစ် မဂ္ဂဝပ်ပေါင်း(၄၆၃၃၀.၅၅) အထိ ရှိသည်ဟု ဆိုသည်။ မဂ္ဂဝပ် (၅၀) နှင့် အထက် ထုက်ယူနိင်သောနေရာပေါင်း(၆၀)ခန့် ရှိကာ (၅၀)မဂ္ဂဝပ်အောက် ရရှိနိင်သော နေရာပေါင်း(၃၂)ခု နှင့် (၁၀)မဂ္ဂဝပ်အောက် ရရှိနိင်သော နေရာပေါင်း(၂၁၀)ခု ခန့် ရှိသည် ဟု ဖော်ပြထားသည်။

ပြည်မသို့သာ စီးဝင်မူ များသည့် လျပ်စစ်ထုက်ယူရေး စီမံကိန်းများ

မြန်မာနိုင်ငံ၏ လျပ်စစ်ရရှိမှု၏ (၈၀)ရာခိုင်နှုန်းမှာ ရေအားလျပ်စစ်မှ ရရှိခြင်း ဖြစ်ကာ အများစုကို ရန်ကုန်၊မန္တလေး၊ နေပြည်တော် တို့မှ ထုက်ယူသုံးစွဲနေကြသည်။တိုင်းရင်းသားဒေသအများစုမှာ ရေအားလျပ်စစ် စီမံကိန်းဆောင်ရွှက်နေ ဆောင်ရွှက်ဆဲ ဖြစ်သော်လည်း အဆိုပါနေရာအများစုမှာ လျပ်စစ်မီး မရရှိနိုင်သေးသည့် ဒေသများဖြစ်ကြောင်းကို တွေ့ရသည်။ လျပ်စစ်အများဆုံး ရယူ သုံးစွဲသည့် တိုင်းနှင့် ပြည်နယ် (၅)ခုမှာ ရန်ကုန်တိုင်းဒေသကြီး (၁၉၅၅)မဂ္ဂဝပ်၊ မန္တလေးတိုင်း(၅၂၆.၅)မဂ္ဂဝပ်၊စစ်ကိုင်းတိုင်း (၂၀၈.၈) မဂ္ဂဝပ်၊နေပြည်တော် (၁၆၆)မဂ္ဂဝပ်နှင့် ပဲခူးတိုင်း (၁၄၀.၄၅)မဂ္ဂဝပ် တို့ ဖြစ်ရာ နိုင်ငံ လျပ်စစ် သုံးစွဲမူ၏ (၈၀)ရာခိုင်နှုန်း နီးပါးကို ရယူထားကြကာ ထိုဒေသများမှာ စက်မှုလက်မှုထွန်းကားပြီး ဖွံးဖြိုးပြီးဒေသနယ်ပယ်အများစု ဖြစ်နေသည် ကိုတွေ့ရှိရသည်။ လျပ်စစ်ရရှိမှု အနည်းဆုံး တိုင်းနှင့် ပြည်နယ်များ(၅)ခု မှာ ချင်းပြည်နယ်(၇.၉၁) မဂ္ဂဝပ်၊ကယားပြည်နယ်(၂၀.၃၅)မဂ္ဂဝပ် ၊တနင်္သာရီတိုင်း(၂၇.၂၅) မဂ္ဂဝပ်၊ ရှမ်းပြည်နယ်(အရှေ့) (၂၉) မဂ္ဂဝပ် နှင့် ကချင်ပြည်နယ်(၄၈) မဂ္ဂဝပ် တို့ ဖြစ်ကြသည်ကို တွေ့ရှိရသည်။
ရေအားလျပ်စစ် စီမံကိန်းများတည်ရှိနေသော ရှမ်းပြည်နယ်တွင် လျပ်စစ်မီး ရယူသုံးစွဲမှုမှာ ရှမ်း(အရှေ့) (၂၉)မဂ္ဂဝပ်၊ရှမ်းပြည်နယ်တောင်ပိုင်း(၁၃၄.၈၇) မဂ္ဂဝပ် နှင့် ရှမ်း(မြောက်) (၈၂.၇၄) မဂ္ဂဝပ် ရရှိနေကြသည်။လက်ရှိ လည်ပတ်နေသည့် လျပ်စစ်ဓါတ်အားပေးရုံ (၆) ခုရှိနေပြီး ရရှိနိင်သည့် လျပ်စစ်ပမာဏမှာ မဂ္ဂဝပ်(၈၃၄) ဖြစ်သလို မဂ္ဂဝပ်(၁၂၂၈၉.၃) ထုတ်ယူနိုင်သည့် စီမံကိန်း (၁၇) ကို ပိုင်ဆိုင်ထားသည်။ကချင်ပြည်နယ်သည် ၎င်းသုံးစွဲမှုမှာ (၄၈)မဂ္ဂဝပ်သာ ဖြစ်သော်လည်း (၃၃၉)မဂ္ဂဝပ် ရရှိနေသည့် လျပ်စစ်စီမံကိန်း(၂)ခု ရှိသကဲ့သို့ မဂ္ဂဝပ်(၁၈၇၄၄.၅) ထုတ်ယူနိင်မည့် စီမံကိန်း(၁၉)ခုကို ပိုင်ဆိုင်ထားသည်။ ကယားပြည်နယ်၏ လျပ်စစ်ရရှိမှုမှာ (၂၀.၃၅)မဂ္ဂဝပ်သာ ရှိသော်လည်း လက်ရှိ လည်ပတ်နေသည့် စီမံကိန်း(၃)ခုမှ မဂ္ဂဝပ်(၁၆၄)ကို ရရှိနေသလို မဂ္ဂဝပ်(၉၅၄) ထုတ်နိင်သည့် စီမံကိန်း(၅)ခု ရှိနေသည်။ရန်ကုန်တိုင်းတွင် လျပ်စစ်သုံးစွဲမှုမှာ (၁၅၉၉)မဂ္ဂဝပ်ထိ ရှိကာ လျပ်စစ်ထုတ်လုပ်မှု လုပ်ငန်း(၉)ခုမှ ထုတ်လုပ်မူ မဂ္ဂဝပ်(၇၆၀.၃) ကို ရရှိနေကာ ကျန်လျပ်စစ်လိုအပ်ချက်ကို အခြားလျပ်စစ်ထုတ်သည့် နေရာများမှ ရယူသုံးစွဲနေခြင်း ဖြစ်သည်။ ပဲခူးတိုင်းတွင် လျပ်စစ်ထုတ်အားပမာဏ (၄၂၅.၃၅)မဂ္ဂဝပ် ရှိသည့် စက်ရုံ (၈)ခု တည်ရှိပြီး နေပြည်တော်တွင် လျပ်စစ်ထုတ်လုပ်သည့်နေရာ(၃)ခု ရှိကာ ပမာဏ(၄၆၀)မဂ္ဂဝပ်ကို ရရှိနေသလို မန္တလေးတိုင်းတွင် (၉၈၆)မဂ္ဂဝပ် ရှိသည့် လျပ်စစ်ထုတ်လုပ်ငန်း(၅) ခု တည်ရှိနေသည်။

တစ်နှစ်ထက် တစ်နှစ် တိုးလာသည့် သုံးစွဲမူ နှင့် အရူံးခံနေသည့် ကုန်ကျစရိက်

နိုင်ငံတဝှမ်းမှ ထုတ်ယူရရှိနိုင်သည့် လျပ်စစ်ပမာဏမှာ (၄၅၀၀)မဂ္ဂဝပ် နီးပါး ရှိနေသော်လည်း နွေရာသီတွင် အပြည့်အဝထုတ်ယူနိုင်ခြင်း မရှိသည့်အတွက် လျပ်စစ် လိုအပ်ချက် ကြီးမားသည့် စိန်ခေါ်မူကို ကြုံတွေ့နေရခြင်း ဖြစ်သည်။သုံးစွဲမှုပိုမိုများပြားလာသည့်အတွက် ၂၀၁၉ ခုနှစ် ဧပြီလအထိ တစ်နိုင်ငံလုံးတွင် ထပ်မံဓာတ်အား လိုအပ်ချက်မှာ (၄၀၀) မဂ္ဂါဝပ်ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ခန့်မှန်းတွက်ချက်မှု များအရ (၆၈၈) မဂ္ဂါဝပ်တိုးတက်သုံးစွဲလာမည့်အပြင် ယခုနှစ်သုံးစွဲမှုကဲ့သို့ တိုးတက်လာပါက ပြည်သူလူထုသုံးစွဲ နိုင်ရန် အရန်ဓာတ်အားပမာဏ (၅၀၀) မဂ္ဂါဝပ် ထားရှိရမည်ဖြစ်သည့်အတွက် ၂၀၂၀ ခုနှစ်တွင် စုစုပေါင်းဓာတ်အားလိုအပ်ချက်မှာ (၁၅၈၈) မဂ္ဂါဝပ်ခန့် လိုအပ်လာမည်ဖြစ်ကြောင်း လျပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုထားရာ တစ်နှစ်ထက် တစ်နှစ်တိုး၍ လျပ်စစ် လိုအပ်ချက် မြင့်မားလာမည် ဖြစ်သည်။
ထိုကြောင့် အစီုးရအနေနှင့် လျပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လာအို နိုင်ငံ နှင့် တရုတ်နိုင်ငံတို့ထံမှ လျပ်စစ်မီးကို ဝယ်ယူသုံးစွဲရန် စီစဉ်နေသည်။များပြားလှသော စွမ်းအင်အရင်းအမြစ်များ ရှိသော်လည်း အသုံးမချနိင်သည့် အတွက် ပြည်ပနိုင်ငံများထံမှ လျပ်စစ်ကို ဝယ်ယူသုံးစွဲနေရသည့် အခြေအနေကို ရောက်ရှိလာနေပြီ ဖြစ်သည်။
ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် နိုင်ငံတွင်း စီမံကိန်းများ ဆောင်ရွှက်နေသော်လည်း အတားအဆီး အဟန့်အတားများ ရှိနေသည်။ နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့် လျပ်စစ်ဓါတ်အား ရရှိရေး ကိစ္စရပ်ဖြစ်သော်လည်း အစီုးရ ဆောင်ရွှက်နေသည့် လျပ်စစ်ထုတ်ယူရရှိရေးအတွက် ဆောင်ရွှက်နေသည့် ဒေသ ဖွံဖြိုးရေးအတွက် ဆောင်ရွှက်နေမူ အခြေအနေမှာ နည်းပါးလှသည်။ အထူးသဖြင့် သံလွင်မြစ်ဝှမ်းတလျောက်၊ ဧရာဝတီမြစ် အထက်ပိုင်း၊ နမ္မတူမြစ်၊မြစ်ငယ်မြစ်တို့ အနီးရှိ ဒေသဖွံဖြိုးရေးအတွက် ဆောင်ရွှက်နေမူအခြေအနေမှာ ဖွံဖြိုးပြီး ပြည်မဒေသများနှင့် နှိုင်းယဉ်လျှင် အဆမတန် နှီမ့်ကျနေဆဲ အခြေအနေတွင် တည်ရှိနေသည်။
အရေးပါသည့် ကိစ္စရပ်တခုမှာ နီုင်ငံတော်မှ နှစ်စဉ် လျပ်စစ်မီး ရရှိသုံးစွဲနေသူများအတွက် ကျပ်(၅၀၀)ဘီလီယံခန့် စိုက်ထုက်ပေးနေမူပင် ဖြစ်သည်။ လျပ်စစ်မီး ရရှိမူကြောင့် ဖွံဖြိုးမူအားကောင်းနေသည့် အပြင် ထပ်မံ၍ အစီုးရက ၎င်းတို့ လျပ်စစ်သုံးစွဲနေမူအပေါ် ထပ်မံစိုက်ထုတ်ပေးနေမူမှာ လျပ်စစ်ထုတ်ယူပြီး ဖွံဖြိုးမူကောင်းစွာ မရှိသေးသည့် ဒေသများမှ ပြည်သူများအပေါ် လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသည်။ ရေအားလျပ်စစ်ကဲ့သို့ ဈေးသက်သာသော လျပ်စစ်ထုက်ယူလျှင် တစ်ယူနစ်လျှင် ကျပ်(၁၁၀)မှ ကျပ်(၁၅၀)အထိ ကုန်ကျနေသော်လည်း လျပ်စစ် သုံးစွဲမူအတွက် တစ်ယူနစ်လျှင် (၃၅)ကျပ် ဝန်းကျင်သာ ကျသင့်နေပြီး အစီုးရမှ ကျပ်(၇၀)မှ ကျပ်(၁၀၀)အထိ စိုက်ထုက်ပေးနေမှုမှာ ဖွံဖြိုးမူ နှိမ့်ကျသော ဒေသများကို မျက်နှာလွဲ လုပ်နေခြင်း ဟုပင် ယူဆရမည်သာ။
ဒီအပြင် အစီုးရ အနေနှင့် လျပ်စစ်မီး ရရှိရန် စီမံကိန်းများကို ရေအား၊လေအား နှင့် သဘာဝဓါတ်ငွေ့သုံးသည့် နည်းများအသုံးပြုကာ ပြည်တွင်းလုပ်ငန်းရှင်များမှ B.O.Tစနစ်နှင့် (၁၅) ခု လုပ်ဆောင်ရန် ပြင်ဆင်နေကာ မဂ္ဂဝပ်(၄၅၆၇.၄) ကို ရရှိနိင်မည် ဖြစ်ပြီး နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမူဖြင့် လုပ်ငန်း(၆၀)ခန့်ကို ဆောင်ရွှက်ရန် ပြင်ဆင်နေကာ မဂ္ဂဝပ်(၅၈၀၃၆) အထိ ရရှိနိင်မည်ဟု ဆိုသည်။ အဆိုပါ စီမံကိန်းများမှ လျှပ်စစ်မီးကို ရယူသုံးစွဲပါက အစီုးရ အနေနှင့် ယခင်ထက် ပိုမိုစိုက်ထုက် အရူံးခံပေးရမည့် အခြေအနေတွင် တည်ရှိနေသည်မှာ သတိပြုဖွယ်ရာ ဖြစ်သည်။ ပုဂ္ဂလိက လုပ်ငန်းများအနေနှင့် တစ်ယူနစ်လျှင် အနှိမ့်ဆုံး ကျပ်(၁၁၀) မရလျှင် လုပ်ငန်းလည်ပတ်ကြမည် မဟုက်ပဲ ဈေးကွက်ထဲသို့သာ ရောင်းချကြမည့် အခြေအနေဖြစ်သည်။

ပိုင်ဆိုင်သူ နှင့် သုံးစွဲသူကြား မျတရန် လို

လျပ်စစ်မီး ရယူသုံးစွဲနေသည့် နေရာအများစုမှာ ရန်ကုန်၊မန္တလေးတို့ကဲ့သို့ ဖွံဖြိုးပြီးသော ပြည်မ ဒေသများသာ ဖြစ်သည်။လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း ပေါများသည့် နေရာ ဖြစ်ကာ ဝင်ငွေ ရရှိမူအပိုင်းတွင် နိုင်ငံအတွင်း အမြင့်ဆုံး ဖြစ်နေသော်လည်း အခွန်ကောက်ခံရရှိမှုမှာ ပြောပလောက်သည့် အနေအထားတွင် မရှိချေ။ အဆိုပါ နိုင်ငံတော်မှ အရူံးခံ စိုက်ထုတ်ပေးနေသည့် ကျပ်ဘီလီယံ(၅၀၀)ကို လျပ်စစ်စွမ်းအင်ထုတ်ယူနေသည့် ဒေသဖွံဖြိုးရေး၊လမ်းပန်းဆက်သွယ်ရေး၊ပညာရေး နှင့် ကျေးလတ်ဒေသဖွံဖြိုးရေးတို့တွင် အသုံးချပေးပါက အလွန်ကောင်းမွန်သော ကိစ္စရပ် ဖြစ်လာမည်သာ။
နိုင်ငံတော်ငွေသည် တိုင်းပြည်အတွင်းရှိ လူအားလုံးနှင့် သက်ဆိုင်သည့် ငွေသာ ဖြစ်ရာ နှီမ့်ကျလှသော ဒေသများမှ သဘာဝအရင်းအမြစ်များကို ရယူသုံးစွဲရုံသာမက ရရှိလာသည့် လျပ်စစ်ကိုပင် ပေးရမည့်နှုန်းထားကို မပေးဆောင်သည့်အပြင် နိုင်ငံတော် ဘဏ္ဍာငွေကိုပါ နှစ်စဉ် ဖြုန်းတီးပေးနေသည့် အချက်မှာအင့်အားသင့်ဖွယ်ရာပင် ဖြစ်သည်။
တိုင်းရင်းသား ဒေသအများစုမှာ သဘာဝအရင်းအမြစ်ပေါကြွယ်ဝလှသလို စွမ်းအင်အတွက် အသုံးချနိုင်သည့် နေရာများပြားစွာ တည်ရှိနေသော်လည်း အဆိုပါ ဒေသများမှ စွမ်းအင် နှင့် အရင်းအမြစ်များစွာကို ပြည်မသို့သာ စီးဆင်းနေပြီး ဒေသအတွက် ဖွံဖြိုးရေး ဆောင်ရွှက်မှုမှာ နည်းပါးလှသည်။ ရေအားကို အသုံးပြုသည့် စီမံကိန်းအများစုမှာ ကချင်ပြည်နယ်၊ကယားပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တည်ရှိနေရာ စီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ် နှင့် အရင်းအမြစ်ကို ဒေသခံများအတွက် အသုံးပြုပေးရန် လိုအပ်သည်။
အထူးသဖြင့် ဖွံဖြိုးရေးအတွက် အရေးပါသော လျပ်စစ်မီးကို ဒေသအတွက် ထိုက်သင့်သော အချိုးတစ်ခု ဝေမျပေးရန် လိုအပ်သည် ဟု ယူဆသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီး လျပ်စစ်လိုအပ်ချက် ပြည့်မှီပါက ဒေသတွင်း ဆင်းရဲမွေတေမူနှုန်းထားကို လျော့ချနိင်ရုံသာမက ပညာရေး နှီမ့်ကျမူ၊အလုပ်အကိုင် ရှားပါးမူ နှင့် ဖွံဖြိုးမူ နည်းပါးမူကိုပါ ဖြေလျော့ပေးလာနိင်မည် ဖြစ်သည်။

ဒေသခံတို့၏ အကျိုးစီးပွားတွက်လည်း အသုံးချပေးပါ

ပင်မရင်းမြစ်ဖြစ်သော ဒေသအကျိုးစီးပွားကို မထည့်တွက်ပဲ ဖွံဖြိုးပြီးနေရာများသို့သာ လျပ်စစ်မီး လုံလုံလောက်လောက် ရရှိစေရန် ကြိုးပမ်းနေမှုမှာ ဒေသခံတို့အပေါ် စိက်ပျက်စေသည့် အကြောင်းတစ်ချက်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေအားလျပ်စစ်စီမံကိန်းများတည်ဆောက်နေခြင်းကို ကန့်ကွက်ခံရမှု အများအပြား ဖြစ်ပေါ်နေပြီး ဒေသခံများကို အထောက်အပံ မဖြစ်ခြင်းမှာ အဓီက အချက်တွင် ပါဝင်နေသည်။ သမိုင်းတလျောက် စီမံကိန်းများကြောင့် အဆိုပါဒေသများ အကျိုးစီးပွား ဖြစ်ထွန်းစေသည့် သာဓက မရှိပဲ သဘာဝပါတ်ဝန်းကျင် ထိခိုက်ပျက်ဆီးခြင်း နှင့် ဒေသခံလူအများစု ပြောင်းရွှေ့နေထိုင်ရခြင်း၊ သဘာဝအရင်းအမြစ်ကို အသုံးချခွင့် ဆုံးရူံးရမူတို့သာ တည်ရှိနေသည်။
ထိုကြောင့် သံယာဇာတ အရင်းအမြစ်ကို အသုံးချလျှင် ဖွံဖြိုးပြီးဒေသများ ပိုမိုတိုးတက်လာရေးကိုသာ အာရုံပြုနေခြင်းထက် ဒေသခံများ အပေါ် အကျိုးရှိစေနိင်ပြီး လျပ်စစ်မီးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိင်ဖို့ လိုသည်။ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ဆောင်ရွှက်ချက် ဖြစ်ပေါ်မှသာ ဒေသရင်းမြစ်များကို အသုံးချမူအပေါ်ကောင်းစွာ ထိန်းကျောင်းလာနိင်မည် ဟု ယူဆမိပါသည်။