• Today is: Wednesday, July 15, 2020

သတိျပဳရမည့္ အေျခအေနမ်ားႏွင့္ က်ဳပ္တို႔လုပ္ႏိုင္တာေတြ သတိပြုရမည့် အခြေအနေများနှင့် ကျုပ်တို့လုပ်နိုင်တာတွေ သတိပြုရမည့် အခြေအနေများနှင့် ကျုပ်တို့လုပ်နိုင်တာတွေ သတိပြုရမည့် အခြေအနေများနှင့် ကျုပ်တို့လုပ်နိုင်တာတွေ

Federal Journal
April18/ 2020

zawgyi

သတိျပဳရမည့္ အေျခအေနမ်ားႏွင့္ က်ဳပ္တို႔လုပ္နိုင္တာေတြ

သတိျပဳရမည့္အေျခအေနမ်ား

ေအာက္ပါအေျခအေနတို႔တြင္ သမိုင္းျဖစ္ရပ္ဆိုးမ်ား ေပၚေပါက္ႏိုင္သည့္ ေဘးအႏၲရယ္ ႐ွိသည္။

(၁)     စစ္/ျပည္တြင္းစစ္ျဖစ္ပြားေနျခင္း

(၂)     အၾကမ္းဖက္ၿဖိဳခြင္းမႈသမိုင္း႐ွိျခင္း

(၃)     တရားလက္လြတ္ျပမူသူတို႔ လြတ္ၿငိမ္းခြင့္ရေနျခင္း

(၄)     အစြန္းေရာက္အယူဝါဒမ်ား

(၅)     အာဏာႏွင့္စနစ္ႀကီးစိုးျခင္း

(၆)     ခြဲျခားဆက္ဆံသည့္မူဝါဒမ်ားက်င့္သုံးျခင္း

(၇)     စီးပြားေရးႏွင့္ဆက္စပ္ျပႆနာမ်ား

(၈)     တစ္ဖက္စြန္းဆီတြင္ ရပ္တည္လာၾကျခင္းမ်ား

၁။       စစ္/ျပည္တြင္းစစ္ ျဖစ္ပြားေနျခင္း

အာေမနီးယား ဂ်ီႏိုဆိုက္သည္ ပထမကမ႓ာစစ္ေနာက္ခံတြင္ ျဖစ္ပြားခဲ့ၿပီး၊ နာဇီတို႔၏ မီးေလာင္တိုက္သြင္းမႈသည္ ဒုတိယကမ႓ာစစ္ေနာက္ခံတြင္ ျဖစ္ပြားခဲ့သည္။ ထို႔ေနာက္ပိုင္းတြင္မူ ဂ်ီႏိုဆိုက္မ်ား၊ ႀကီးမားေသာ သုတ္သင္ေခ်မႈန္းမႈမ်ားသည္ ျပည္တြင္းစစ္ေနာက္ခံတြင္ အျဖစ္မ်ားလာသည္။ ေဘာ့စနီးယား၊ ရဝမ္းဒါ၊ ဒါဖာ၊ သီရိလကၤာ၊ လစ္ဗ်ား၊ ဆီးရီးယားတို႔သည္ နမူနာမ်ားျဖစ္ၾကသည္။

“ပထမကမ႓ာစစ္ျဖစ္ေနတဲ့ အေျခအေနက အာေမးနီးယားေတြကို ႐ွင္းပစ္ဖို႔ တူရကီအစိုးရ ေစာင့္ေနတဲ့အြင့္အေရးျဖစ္ေနတယ္” ဟု အာေမးနီးယား ဂ်ီႏိုဆိုက္(၁၉၁၅-၁၆)ကို ျမင္ေတြ႕ မွတ္တမ္းတင္ခဲ့သူ အေမရိကန္သံအမတ္ ‘ေမာ္ဂန္’ဆိုသူက ေရးသားခဲ့သည္။ ‘ၿငိမ္းခ်မ္းတဲ့ ကာလမွာ မရႏိုင္တဲ့ျဖစ္ႏိုင္ေျခေတြ အမ်ားႀကီးကို စစ္အတြင္းမွာရလာေတာ့မယ္’ဟု နာဇီ ေခါင္းေဆာင္ ‘ဂိုးဘဲလ္’က သူ႕ေန႔စဥ္မွတ္တမ္း(၁၉၄၂- မတ္လ)တြင္ ေရးသားခဲ့သည္။          စစ္ပြဲဟူသည္ တရားဝင္လူသတ္ခြင့္ရေသာ အခင္းအက်င္းျဖစ္ေလ့႐ွိသည္။ တိုက္ခိုက္ရန္ ဆင့္ေခၚခံရေသာအခါ ယဥ္ေက်းမႈစည္းေဘာင္အတြင္းမွ ျပဳမူက်င့္ၾကံပုံမ်ား က်ိဳးေပါက္ေလ့ ႐ွိသည္။ က်င့္ဝတ္စံႏႈန္းမ်ား က်ိဳးေပါက္ေပ်ာက္ကြယ္သည္သာမက အၾကမ္းဖက္သတ္ျဖတ္မႈကို လက္ခံခြင့္ျပဳသည့္ အေလ့အထမ်ားပါ အစားထိုးလာေလ့႐ွိသည္။ စစ္ပြဲမ်ားတြင္ ‘ငါတို႔၊ သူတို႔’ သို႔မဟုတ္ ‘မိတ္ေဆြ၊ ရန္သူ’ဟူေသာ အကြဲအၿပဲပိုမိုႀကီးမားလာေလ့႐ွိသည္။ ရန္သူကို လူအျဖစ္မွ ေန၍ အရာဝတၳဳအျဖစ္ ေ႐ြ႕လ်ားေစၿပီး၊ က်င့္ဝတ္စက္ဝိုင္းအတြင္း ထည့္သြင္းစဥ္းစားရန္ မလိုသူမ်ားအျဖစ္ သတ္မွတ္ၾကၿမဲျဖစ္သည္။

စစ္ပြဲကို ဦးေဆာင္သူမ်ား၊ ဝါဒျဖန္႔ခ်ိေရးသမားမ်ားကလည္း အတြင္းရန္သူ၊ အျပင္ရန္သူ ဟူေသာ စကားမ်ားျဖင့္ ခ်ဲ႕ထြင္ေဖာ္ျပေလ့ ႐ွိသည္။ ၿခိမ္းေျခာက္မႈမ်ားကို ခ်ဲ႕ထြင္ေဖာ္ျပရာတြင္ သာမန္ျပည္သူအရပ္သားမ်ားပါ ရန္သူ႕စာရင္းတြင္ ပါဝင္သြားတတ္သည္။

ထိုအေျခအေနသည္ ဂ်ီႏိုဆိုက္သို႔ ကူးေျပာင္းေရာက္႐ွိေစသည့္ အဓိကအေျခအေနမ်ားထဲမွ တစ္ခုျဖစ္သည္။

ဖိႏွိပ္ခံရသည့္ အစုအဖြဲ႕မ်ားအေနႏွင့္ အျခားေ႐ြးခ်ယ္စရာ မ႐ွိေတာ့ေသာအခါ လက္နက္ကိုင္ အင္အားစုမ်ားဆီသို႔ ေ႐ြ႕လ်ားေရာက္႐ွိသြားေတာ့သည္။ ထိုအခါအစိုးရ/စစ္တပ္ စသည္တို႔၏ဖိႏွိပ္မႈ ပိုမိုျပင္းထန္လာကာ အဆိုးေက်ာ့သံသရာအျဖစ္ ႀကီးမားေသာ လူသတ္ပြဲမ်ား၊ ဂ်ီႏိုဆိုက္မ်ားဆီသို႔ ဦးတည္သြားတတ္ၾကသည္။

ဂြာတီမာလာႏိုင္ငံတြင္ စစ္အစိုးရႏွိပ္ကြပ္ျခင္းကို ျပင္းထန္စြာ ခံၾကရသည့္ ေဒသခံ မာယာလူမ်ိဳးတို႔သည္ ေတာ္လွန္သည့္ အဖြဲ႕ မ်ားႏွင့္ ပူးေပါင္းခဲ့ၾကည့္ဥပမာလည္း႐ွိသည္။ ကမ႓ာတစ္ဝွမ္းမွ အျခားနမူနာမ်ားစြာလည္း႐ွိသည္။

ျပည္တြင္းစစ္ပြဲမ်ားတြင္ လက္ယဥ္သူအရပ္သားမ်ား(တစ္နည္းအားျဖင့္) အၾကမ္းဖက္မႈကို စိတ္လိုလက္ရလုပ္မည့္ ျပည္သူ႕စစ္မ်ား၊ လူမိုက္အဖြဲ႕မ်ား ေၾကးစားမ်ားကိုလည္း ေခၚယူသုံးစ ၾကေလ့႐ွိသည္။ ဤသည္မွာလည္း အၾကမ္းဖက္မႈ က်ယ္ျပန္႔နက္႐ိႈင္းရန္ ေထာက္ကူသည့္ လမ္းေၾကာင္းျဖစ္သည္။

စစ္ျဖစ္ေနေသာအခါ ရန္သူ႕နယ္ေျမသူေသာ ရည္ၫႊန္းခ်က္မ်ားေပၚလာသည္။ ထိုနယ္ေျမ တြင္ လက္ဦးရန္၊ အျပတ္႐ွင္းရန္ အား လုံးကို သံသယထားရန္ဟူေသာ အျပဳအမူမ်ားဆီသို႔ ဦးတည္သြားသည္။ ထိုမွေန၍ သိမ္းက်ံဳးတိုက္ခိုက္သတ္ျဖတ္မႈမ်ားဆီသို႔ ကူးေျပာင္းသြား ႏိုင္ျပန္သည္။

စစ္ျဖစ္ေနသည့္အေျခအေနက ေ႐ႊ႕ေျပာင္းေနရာခ်ခြင့္၊ အင္အားျဖည့္တင္းခြင့္ရေစသည္။ အရပ္သားမ်ား၊ ျပည္သူ႕စစ္မ်ားကို လက္ နက္တပ္ဆင္ေပးႏိုင္သည္။ လုံျခဳံေရးအေၾကာင္း ျပခ်က္ျဖင့္ ဥပေဒမ်ား၊ လြတ္လပ္ခြင့္မ်ားကို ဆိုင္းငံ့ရန္ အခြင့္အေရးရသည္။ မီဒီယာကို အေမွာင္ခ်ႏိုင္သည္။ အထက္ပါလုပ္ရပ္မ်ားကို လုံျခဳံေရးအတြက္ ပဲေလဟူ၍ ျပည္သူအမ်ားကပင္ လက္သင့္ခံသည့္ အေျခအေနသို႔ ေရာက္႐ွိႏိုင္သည္။ အရပ္သားအစိုးရမ်ားသည္လည္း စစ္ေခါင္းေဆာင္မ်ားကို ေနရာေပး၍ အရပ္ဖက္မွ စီမံခြင့္ကို ကန္႔သတ္႐ုတ္သိမ္းေပးျခင္းမ်ား ျဖစ္ေလ့႐ွိသည္။

အႏွစ္ခ်ဳပ္မွာ စစ္/ျပည္တြင္းစစ္အေျခအေနသည္ စစ္သားအရပ္သားဟူေသာ မ်ဥ္းေၾကာင္း ကို ေပ်ာက္ကြယ္ေစသျဖင့္ အႏၲရာယ္   ႀကီး လွေသာ အေျခအေနျဖစ္သည္။

၂။       အၾကမ္းဖက္ၿဖိဳခြင္းမႈသမိုင္း႐ွိျခင္း

အတိတ္ကာလတြင္ ပဋိပကၡမ်ား၊ တင္းမာမႈမ်ားအား အင္အားျဖင့္သာ ေျဖ႐ွင္းခဲ့ပါက အနာဂတ္အတြက္ စိတ္ေအးစရာမ႐ွိလွေပ။ အတိတ္တြင္ ႏွိပ္ကြပ္ေျဖ႐ွင္း၍ ေအာင္ျမင္ခဲ့သည္ ဆိုလွ်င္ ပို၍စိတ္ပူစရာျဖစ္သည္။ အျခားနည္းမ်ားျဖင့္ အေျဖ႐ွာမည့္အစား ႏွိပ္ကြပ္သည့္ နည္းလမ္းေဟာင္းကိုပင္ ဆက္သုံးဖြယ္႐ွိသည္။

အမွန္တြင္မူ ႏွိပ္ကြပ္ခံရ၍ ၿငိမ္သက္သြားျခင္းကို ေျပလည္သြားျခင္းဟု ယူဆ၍ ရႏိုင္မည္ မဟုတ္ေပ။ ႏွိပ္ကြပ္ခံရသည့္အဖြဲ႕မ်ားသည္ တုံ႔ျပန္ႏိုင္သည့္အခြင့္အေရးကို ေစာင့္ၾကမည္ပင္ ျဖစ္သည္။ ဤသို႔ျဖင့္ ပိုမိုႀကီးမားက်ယ္ျပန္႔လာေသာ အၾကမ္းဖက္မႈမ်ားဆီသို႔ ေရာက္႐ွိသြားည ႏိုင္သည္။

အၾကမ္းဖက္ေျဖ႐ွင္းမႈမ်ားႏွင့္ အေလ့က်ျခင္းျပႆနာသည္ ေခါင္းေဆာင္ပိုင္းတြင္သာမက ေအာက္ေျခအထိပ်ံ႕ႏွံေလ့႐ွိသည္။ ထို႔ေၾကာင့္ အထက္ၫႊန္ၾကားခ်က္ သိသိသာသာ မ႐ွိေသး ေစကာမူ ေအာက္ေျခတြင္ အၾကမ္းဖက္ရက္စက္မႈတို႔ျဖစ္ေပၚႏိုင္သည္။

ႀကီးမာေသာအၾကမ္းဖက္မႈမ်ား ျဖစ္ပြားၿပီးသည့္ေနာက္တြင္ ထိုျဖစ္ရပ္ႏွင့္ပတ္သက္၍ ျပည္သူအားလုံးတြင္ အမွတ္ရမႈပုံစံအမ်ိဳးမ်ိဳး က်န္႐ွိေနခဲ့တတ္သည္။ ေခါင္းေဆာင္မ်ားက ထိုအေျခအေနကို အသုံးခ်ရန္ ႀကိဳးပမ္းရာမွလည္း အၾကမ္းဖက္မႈမ်ား တစ္ေက်ာ့ျပန္လာ တတ္သည္။

၃။       တရားလက္လြတ္ျပဳမူသူတို႔ လြတ္ၿငိမ္းခြင့္ရေနျခင္း

အၾကမ္းဖက္မႈ၊ သတ္ျဖတ္သုတ္သင္မႈမ်ား ေပၚလာသည့္အခါ အစိုးရက အေရးယူရမည္။ ေခါင္းေဆာင္မ်ားႏွင့္ ျပည္သူလူထုမွ ထိုသို႔ေသာအျပဳအမူမ်ားကို ဆန္႔က်င္ရပ္တည္ေပးၾကရမည္။ ထိုသို႔ေသာအျပဳအမူမ်ားကို ဆန္႔က်င္ရပ္တည္ေပးၾကရမည္။ ထိုသို႔မဟုတ္ဘဲ အစိုးရကလည္း အေရးယူရန္ ပ်က္ကြက္၊ ျပည္သူကလည္း မသိက်ိဳးကြၽံျပဳထားေသာအခါ ျပစ္မႈက်ဴးလြန္သူတို႔မွာ လြတ္ၿငိမ္းခြင့္ရေနသည့္ အေျခအေနမ်ားျဖစ္ထြန္းလာသည္။ “ငါတို႔လည္းလြန္က်ဴးလို႔ရတယ္” ဟူေသာ ယူဆခ်က္မ်ား ေပၚလာႏိုင္သည္။ လြန္က်ဴးခဲ့သူတို႔ကလည္း ေနာက္ထပ္အၾကမ္းဖက္ရန္ ဝန္ေလးလိမ့္မည္မဟုတ္ေတာ့။ ခံခဲ့ရသူတို႔ကလည္း တရားမွ်တမႈမရသည့္အေပၚ ေဒါသႏွင့္ လက္စားေခ်လိုစိတ္ႀကီးစိုးေနလိမ့္မည္။ တရားဥပေဒမစိုးမိုးျခင္းႏွင့္ အျပစ္႐ွိသူတို႔ လြတ္ၿငိမ္းခြင့္ ရေနသည့္ စနစ္၏ရလဒ္သည္ ပိုမိုႀကီးမားေသာ ေပါက္ကြဲမႈမ်ားဆီသို႔ ဦးတည္ေစေတာ့သည္။

မိမိလုပ္ရပ္အတြက္ တာဝန္ခံရန္မလို၊ အေရးယူအျပစ္ေပးခံရမည္ကို စိုးရိမ္းစရာ မလိုသည့္အခါ လက္နက္၊ အာဏာယႏၲယားမွ ပုဂၢိဳလ္မ်ားအေနႏွင့္ အစြန္းေရာက္ရန္ လြယ္ကူ သြားေလ့႐ွိသည္။

၄။       အစြန္းေရာက္ အယူဝါဒမ်ား အားေကာင္းလာျခင္

ကြန္ျမဴနစ္ဝါဒေနာက္ခံတြင္ျဖစ္ခဲ့ေသာ ကေမ႓ာဒီးယားဂ်ီႏိုဆိုက္၊ တူရကီအမ်ိဳးသားေရး ဝါဒေနာက္ခံတြင္ ၾကဳံခဲ့ရၿပီးျဖစ္သည္။

မည္သူတို႔ကို ႏွိမ္ႏွင္းရမည္၊ မည္သူတို႔ကို ကာကြက္ရမည္ဟူေသာ အာဏာပိုင္တို႔၏ တြက္ကိန္းမ်ားသည္ သူတို႔စြဲကိုင္ထားေသာ အယူဝါဒမ်ားမွ လာေလ့႐ွိသည္။

အစြန္းေရာက္အယူဝါဒဆိုရာတြင္ ႏိုင္ငံေရးအယူဝါဒမ်ားသာမက ဘာသာေရး၊ လူမ်ိဳးေရး အယူဝါဒမ်ားလည္းပါဝင္သည္။ ၾကဳံေတြ႕ေနရေသာ ျပႆနာမ်ား၏ လက္သည္တရားခံမွာ မည္သည့္အုပ္စုျဖစ္သည္ဟု တံဆိပ္ကပ္ျပေလ့႐ွိေသာ အယူဝါဒတိုင္းသည္ အၾကမ္းဖက္မႈႀကီးမ်ား ဆီသို႔ ဦးတည္သြားေလ့႐ွိၾကသည္။

အယူဝါဒတို႔တြင္ ေထာက္ခံသူ၊ ကန္႔ကြက္သူတို႔ ႐ွိၿမဲျဖစ္သည္။ မေထာက္ခံဆန္႔က်င္သူမ်ား သို႔မဟုတ္ မိမိတို႔၏ ဦးေဆာင္မႈေနာက္ မလိုက္သူမ်ားကို ရန္သူဟုသတ္မွတ္ရန္လည္း မခဲယဥ္း ေပ။ မိမိတို႔အစုအဖြဲ႕၏ သိမွတ္ပုံ(အမ်ိဳး၊ ဘာသာ၊ အယူဝါဒ)ကို ကာကြယ္ရမည္ဟူ၍ လည္းေကာင္း၊ မိမိအစုအဖြဲ႕မ်ားသာ႐ွိသည့္ သီးသန္႔ကမ႓ာတည္ေဆာက္ရမည္ဟူ၍လည္းေကာင္း အစြန္းေရာက္အယူဝါဒသမားမ်ားက ေႂကြးေၾကာ္လႈပ္႐ွားေလ့႐ွိၾကသည္။

ထို႔ေၾကာင့္ အစြန္းေရာက္အယူဝါဒႏွင့္ ရန္လိုတိုက္ခိုက္မႈတို႔ တြဲစပ္လ်က္႐ွိတတ္သည္။

အယူဝါဒေရးရာ ျပင္းထန္မႈက မည္သည့္အေၾကာင္းကိစၥကိုမဆို တင္းက်ပ္သည္။ နယ္နိမိတ္သတ္မွတ္မႈျပဳသည္။ အေၾကာင္းအရာမ်ားတြင္ အျဖဴအမည္းႏွစ္ခုသာ႐ွိသည္ဟု ယူဆ သည္။ ထို႔ေၾကာင့္ပင္ အမ႓ာတြင္ျဖစ္ခဲ့သမွ် ဂ်ီႏိုဆိုက္မ်ား၌ အယူဝဒါျပင္းထန္မႈ၏ တြန္းအားမ်ား ပါဝင္သည္သာ ျဖစ္သည္။

၅။       အာဏာစနစ္ႏွင့္ အာဏာ႐ွင္စ႐ိုက္ႀကီးစိုးေနျခင္း

အာဏာ႐ွင္အစိုးရႏွင့္ အာဏာ႐ွင္စ႐ိုက္ဖက္သို႔ ယိုင္သည့္အစိုးရမ်ားတြင္ စိတ္လိုလက္ရ အင္အားသုံးႏိုင္ေသာ အခြင့္အေရး႐ွိေနေလ့႐ွိသည္။ အင္အားႏွင့္အာဏာကို အထိန္းအကြပ္ ျပဳႏိုင္သည့္ အေျခအေန မ်ားမ်ားစားစား မ႐ွိေပ။

အာဏာကို ကန္႔သတ္သည့္ အေနအထားမ႐ွိေလ ေခါင္းေဆာင္ႏွင့္အာဏာပိုင္လူတစ္စု ထင္ရာစိုင္းရန္ အခြင့္အေရးရေလျဖစ္သည္။ ထို႔အျပင္ အာဏာ႐ွင္စနစ္တိုင္းသည္ က်ိဳးႏြံနာခံ ေသာ ဗ်ဴ႐ိုကေရစီယႏၲယားကို တည္ေထာင္ေလ့႐ွိသည္။ သက္ဆိုင္ရာ အစိတ္အပိုင္းအလိုက္ ခြဲေဝလုပ္ကိုင္သည္မွာ ဗ်ဴ႐ိုကေရစီသေဘာ သဘာဝျဖစ္သည္။ ႀကီးမားသည့္ ဆုတ္ယုတ္မႈမ်ားကို ပင္ျဖစ္ေစ သက္ဆိုင္ရာက႑ အလိုက္ လုပ္ကိုင္ေစသည့္အခါ ျငင္းဆိုခုခံမႈနည္းသြားသည္။  ဗ်ဴ႐ိုကေရစီသည္ လူတို႔၏ကိုယ္က်င့္သီလကို အိပ္ေဆးေကြၽးရန္ အေထာက္အပံ့ျပဳသည္။ (Bureaucracy Provides the moral sleeping pills) ဟုပင္ ရည္ၫႊန္းၾကသည္။ အာဏာ႐ွင္စနစ္သည္ ဤအေျခအေနကို အသုံးခ်၍ ဆိုးယုတ္မႈမ်ား ဖန္တီးေလ့႐ွိသည္။

ဆက္စပ္ေနေသာ အေျခအေနတစ္ခုမွာ အာဏာ႐ွင္မွ ဒီမိုကေရစီသို႔ အကူးအေျပာင္း တြင္လည္း အႏၲရာယ္မ်ားတတ္ျခင္းျဖစ္သည္။ အာဏာကို ပုံစံအမ်ိဳးမ်ိဳးျဖင့္ ဆက္လက္ခ်ဳပ္ကိုင္ လိုေသာအခါ၊ အက်ိဳးစီးပြားမ်ားကို ကာကြယ္လိုေသာအခါ၊ အထက္စီးရေသာလူတန္းစားသည္ ပုံစံႏွစ္မ်ိဳးျဖင့္ တုံ႔ျပန္ၾကသည္ကိုေတြ႕ရသည္။ တစ္မ်ိဳးမွာ အၾကမ္းဖက္မႈမ်ား ဖန္တီးကာ ႐ႈပ္ေထြးေစသည့္နည္းျဖစ္သည္။ အျခားတစ္မ်ိဳးမွာ လူမ်ိဳးေရး၊ ဘာသာေရးေခါင္းစဥ္ျဖင့္ အင္အားတည္ေထာင္ျခင္းျဖစ္သည္။ ႏွစ္ခုလုံးမွာပမာဏ ႀကီးမားေသာ အၾကမ္းဖက္မႈဆီ တိုးဝင္သြားမည့္အႏၲရာယ္႐ွိသည္။

တစ္ဦးတစ္ေယာက္၏ လက္ထဲတြင္ အာဏာစုျပဳံေနၿပီး ထိုသူက အျခားေသာလူမ်ိဳး၊ အစုအဖြဲ႕တို႔ကို မုန္းတီးသူျဖစ္ေနေသာအခါ သုတ္သင္႐ွင္းလင္းမႈမ်ားျဖစ္လာမည့္ အႏၲရာယ္ႀကီး လာသည္။

၆။       ခြဲျခားဆက္ဆံသည့္ မူဝါဒမ်ားက်င့္သုံးျခင္း

အခ်ိဳ႕ေသာ လူအစုအဖြဲ႕မ်ားကို မိမိတို႔၏ကိုယ္က်င့္ တရားစံႏႈန္းအတြင္း ထည့္သြင္း စဥ္းစားရန္မလို။ တစ္နည္းအားျဖင့္ ထိုသူတို႔၏ျဖစ္တည္မႈကို ထည့္တြက္ရန္မလို။ ဖယ္ထုတ္ ဖယ္႐ွားထားရမည္။ ေနရာေပး၍ မရဟူေသာ ခြဲျခားဆက္ဆံသည့္မူဝါဒမ်ား အ႐ွိန္ျမင့္လာလွ်င္ အၾကမ္းဖက္မႈမ်ား ေပၚေပါက္လာႏိုင္သည္။ အထူးသျဖင့္ လူမ်ားစုက ခြဲျခားဆက္ဆံမႈကို ျဖစ္သင့္သည္ဟု ယုံၾကည္ေနၾကသည့္အခါ ႏိုင္ငံေရးအရ ေထာက္ခံမႈရရန္အတြက္ ေခါင္းေဆာင္ မ်ားသည္ တစ္ဖက္သတ္ဖိႏွိပ္မႈမ်ားကို ျပဳလာႏိုင္သည္။ ခြဲျခားခံရသူဖက္က အၾကမ္းဖက္ တုံ႔ျပန္ေသာအခါတြင္လည္း ထိုတုံ႔ျပန္မႈထက္ အဆမ်ားစြာပိုႀကီးေသာ အင္းအားျဖင့္ တုံ႔ျပန္မႈမ်ား ျဖစ္ပြားႏိုင္သည္။

ခြဲျခားဆက္ဆံသည့္ မူဝါဒမ်ားက်င့္သုံးသည့္အခါ ထိုမူဝါဒမ်ားကို အင္အားျဖင့္ သြတ္သြင္း အေကာင္အထည္ေဖာ္ၾကရသည္။ ခြဲျခားဆက္ဆံမႈမွသည္ အၾကမ္းဖက္မႈသို႔ အလြယ္တကူ ကူးေျပာင္းရန္ မခက္ခဲလွေပ။

ခြဲျခားဆက္ဆံသည့္မူဝါဒမ်ားျဖင့္ လူမ်ားႀကိဳက္ ေထာက္ခံမႈကို ရႏိုင္သည့္အခါ ႏိုင္ငံေရး အင္အားစုမ်ားသည္ တိုက္႐ိုက္ သို႔မဟုတ္ သြယ္ဝိႈက္၍ ထိုမူဝါဒမ်ားကို အားေပးၾကသည္။ ရလဒ္မွာ ခြင့္တူညီမွ်မဟုတ္ေတာ့ဘဲ လူ႕အဖြဲ႕အစည္းတစ္ခုလုံး ပုံပ်က္လာျခင္းျဖစ္သည္။ အစိုးရက ဦးေဆာင္၍ ခြဲျခားဆက္ဆံမႈက်င့္သုံးေသာ ႏိုင္ငံျဖစ္လာသည္။

အေျခခံအားျဖင့္ ခြဲျခားဆက္ဆံမႈသည္ ဖယ္ထုတ္စဥ္းစားသည့္ ပုံစံပင္ျဖစ္သည္ ဖယ္ထုတ္စဥ္းစားမႈမွသည္ ဖယ္ထုတ္႐ွင္းလင္းသုတ္သင္သည့္ အဆင့္သို႔ ေရာက္႐ွိလ်က္႐ွိသည္။

ခြဲျခားဆက္ဆံမႈႀကီးမားေသာ လူ႕အဖြဲ႕အစည္းမ်ားတြင္ မေက်နပ္မႈမ်ား မခံအရပ္ႏိုင္မႈမ်ား က်ယ္ျပန္႔ေနမည္သာျဖစ္သည္။ ဤသို႔ျဖင့္ ျပင္းထန္ဆိုး႐ြားေသာ အၾကမ္းဖက္မႈမ်ား ေပၚေပါက္ႏိုင္သည့္ ေရခံေျမခံျဖစ္ေနလိမ့္မည္။

၇။       စီးပြားေရးႏွင့္ ဆက္စပ္ျပႆနာမ်ား

စီးပြားေရးႏွင့္ ကုန္သြယ္ေရးက်ဆင္းမႈ ဆင္းရဲခ်မ္းသာကြာဟပ္မႈ ႀကီးမားျခင္းတို႔ေၾကာင့္ ျပည္သူလူထုအတြင္း မေက်နပ္ခ်က္မ်ား ေပၚေပါက္လာႏိုင္သည္။ ထိုမွတစ္ဆင့္ ႏိုင္ငံေရးမတည္ၿငိမ္မႈ ျဖစ္လာေသာအခါ အာဏာပိုင္တို႔က မည္သူ႕ေၾကာင့္ အမည္ဝါေၾကာင့္ဟု လက္ညႇိထိုး တရားခံ႐ွာေလ့႐ွိသည္။ အက်ပ္အတည္းတြင္ စီးပြားေရး၊ ႏိုင္ငံေရး၊ ဖြဲ႕စည္းပုံမ်ားကို စဥ္ေခၚသည့္ ေအာက္ေျခလႈပ္႐ွားမႈမ်ား ေပၚေပါက္လာတတ္သည္။ ရံဖန္ရံခါ လူမ်ိဳးေရးႏွင့္ လူတန္းစားအၾကမ္းဖက္မႈသို႔ ေျပာင္းလာတတ္သည္ ႏိုင္ငံေရးသမားမ်ားက ထိုအေျခအေနကို အသုံးခ်ျခင္း၊ လူမ်ိဳးေရး၊ ဘာသာေရး အၾကမ္းဖက္မႈျဖင့္ လမ္းလႊဲျခင္းသည္လည္း ျဖစ္လ်က္႐ွိသည္။

စီးပြားေရးက်ဆင္းမႈသည္ ႏိုင္ငံေရးမတည္ၿငိမ္မႈႏွင့္ဆက္စပ္လ်က္႐ွိသည္။ ႏိုင္ငံေရး မတည္ၿငိမ္မႈမွသည္ အၾကမ္းဖက္အာဏာခ်ဳပ္ကိုင္ရန္ ႀကိဳးပမ္းမႈမ်ားဆီသို႔ ဦးတည္တတ္သည္။

အျခားတစ္ဖက္တြင္းလည္း လူမ်ိဳးစုတို႔၏ စီးပြားေရးႏွင့္ သယံဇာတရပိုင္ခြင့္မ်ားကို ျဖည့္ႏွိပ္ရာမွ ပဋိပကၡမ်ားျဖစ္ေပၚလာႏိုင္သည္။ ျပည္တြင္းစစ္မ်ားတြင္ စီးပြားေရးႏွင့္ဆက္စပ္ ေသာကိစၥမ်ား ပါဝင္ေနတတ္သည္။

၈။       တစ္ဖက္စြန္းဆီတြင္ ရပ္တည္လာၾကျခင္းမ်ား

ပုံမွန္အားျဖင့္ လူ႕အဖြဲ႕အစည္းတို႔တြင္ အစြန္းႏွစ္ဖက္ႏွင့္ လူနည္းစုႏွင့္အလယ္တြင္ လူအမ်ားစု႐ွိေနတတ္သည္။ သို႔မဟုတ္ သေဘာကြဲလြဲမႈမ်ား ႐ွိေသာ္လည္း အေရးႀကီးကိစၥမ်ားတြင္ သေဘာတူၾကသည့္ ေ႐ႊ႕လ်ားေျပာင္းလဲရပ္တည္မႈမ်ား ႐ွိတတ္သည္။ တရားေသဆုပ္ကိုင္မႈ မျပင္းထန္းသည့္ သေဘာကို ျပသည္။

အထက္ေဖာ္ျပပါအေျခအေနမွသည္ လူအမ်ားစုက တစ္ဖက္စြန္းဆီတြင္ ရပ္တည္၍ ဘုံသေဘာတူသည့္ကိစၥမ်ား နည္းပါးလာသည့္အေနအထားကို သတိထားၾကရသည္။

အေၾကာင္းအရာတစ္ခုေပၚလာလွ်င္ ေထာက္ခံသည္ သို႔မဟုတ္ ကန္႔ကြပ္သည္ဟူေသာ အေသဆုပ္ကိုင္ရပ္တည္ခ်က္သာ႐ွိသည္။ တစ္ဖက္ႏွင့္တစ္ဖက္ ရန္သူဟူ၍ သေဘာထားသည္ အဘယ္ေၾကာင့္ ကန္႔ကြက္သင့္ေၾကာင္း၊ အဘယ္ေၾကာင့္ေထာက္ခံသင့္ေၾကာင္း ေဆြးေႏြးမႈမ႐ွိ တစ္ဖက္ႏွင့္တစ္ဖက္ ထိတိုက္တြက္လွ်င္ (ဥပမာ-ေထာက္ခံဆႏၵျပပြဲႏွင့္ ကန္႔ကြက္ဆႏၵျပပြဲ သြားဆုံမည့္ၾကလွ်င္) ကိုယ္ထိလက္ေရာက္ တိုက္ခိုက္ရန္သာ အသင့္ျဖစ္ေနသည္။ အစိုးရမ်ား၊ ႏိုင္ငံေရးအင္အားစုမ်ားကလည္း မိမိတို႔ေနာက္လိုက္မ်ား၏ အႂကြင္းမဲ့နာခံမႈကို ေတာင္းဆို၍ အစြန္းေရာက္မႈဆီ တြန္းပို႔သည္။ ဤသို႔ေသာ တစ္ဖက္စြန္းဆီတြင္ ရပ္တည္လာျခင္း (Polarization) အေျခအေနမ်ားသည္ လူ႕အဖြဲ႕အစည္းကို အၾကမ္းဖက္ေပါက္ကြဲမႈမ်ားဆီ ဆြဲေခၚသြားတတ္သည္။

က်ဳပ္တို႔လုပ္ႏိုင္တာေတြ

၁။       တရားဝင္ျဖစ္ေစျခင္း(Legimization)

ၿပိဳင္ဖက္အုပ္စုမ်ားသည္လည္း မိမိတို႔ကဲ့သို႔ပင္ လူသားမ်ားျဖစ္ၾကသည္။ ထိုသူတို႔၏တရားဝင္ျဖစ္မႈကို အသိအမွတ္ျပဳရမည္ဟူေသာ ခံယူခ်က္သည္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္ လမ္းစျဖစ္သည္။ ဘာသာ၊ လူမ်ိဳး၊ ယဥ္ေက်းမႈကြဲျပားျခင္းမ်ား႐ွိေသာ္လည္း လူသားျဖစ္ျခင္းဟူေသာ တူညီသည့္သေဘာကို လက္ခံၾကရမည္ျဖစ္သည္။ မိမိတို႔ လူ႕အဖြဲ႕အစည္းအတြင္း တစ္ဖက္ႏွင့္တစ္ဖက္ တရားမဝင္ျဖစ္ေအာင္ ေျပာဆိုျခင္းမ်ား၊ လူအျဖစ္အျမင္ႏိုင္ေအာင္ ေျပာဆိုျခင္းမ်ားကို ၿငိမ္းခ်မ္းေရးလႈပ္႐ွားသူမ်ားအေနႏွင့္ ေစာင့္ၾကည့္သတိေပးေနရမည္ျဖစ္သည္။

၂။       ညီတူမွ်တူျဖစ္ေစျခင္း(Equalization)

ၿငိမ္းခ်မ္းေရးတည္ေဆာက္ရာတြင္ အုပ္စုတစ္ခုႏွင့္ တစ္ခုအၾကား တန္းတူညီမွ် အခြင့္အေရးရၾကေစရန္ ေဆာင္႐ြက္ၾကရသည္။ အညီအမွ်ျပဳမူ ဆက္ဆံခံရသည္ဟု ခံစားႏိုင္ၾကရန္ဟူသည္ အုပ္စုတစ္ခုကေန အေပၚစီးကေန၍ ျပဳမူဆက္ဆံေနမွ် ေခ်ာေမြ႕ေသာ ဆက္ဆံေရးျဖစ္ရန္ မလြယ္ကူေပ။

၃။       ခြဲျခား႐ႈျမင္ျခင္း(Differentiation)

အျခားတစ္ဖက္မွ အုပ္စုသည္ မိမိတို႔အုပ္စုကဲ့သို႔ပင္ အမ်ိဳးမ်ိဳးအစားစားေသာ လူမ်ားျဖင့္ ဖြဲ႕စည္းထားသည္။ သေဘာထားေပ်ာ့ေျပာင္းသူမ်ား႐ွိသလို၊ သေဘာထားတင္းမာသူမ်ားလည္း ႐ွိႏိုင္သည္။ အျခားအုပ္စုကို ႐ႈျမင္ေသာအခါ တစ္ေသြးတစ္သံ၊ တစ္ပုံစံတည္းဟု ေကာက္ခ်က္မဆြဲမိရန္ လိုသည္။ အျခားအုပ္စုမွ တစ္စုံတစ္ေယာက္၏ လုပ္ရပ္သည္လည္း အဖြဲ႕အစည္းတစ္ခုလုံးကို ကိုယ္စားျပဳျခင္း ႐ွိမ႐ွိ ေဝဖန္ေထာက္႐ႈရန္လိုသည္။ မည္သို႔ေသာ အေျခအေနတြင္ပင္ျဖစ္ေစ အျခားအုပ္စုတြင္ မိမိတို႔ကဲ့သို႔ပင္ ၿငိမ္းခ်မ္းေရးေဖြ႐ွာလိုသူမ်ား႐ွိမည္ကို ေတြးဆေဆာ္ဩရန္လိုသည္။

၄။       လူအျဖစ္႐ႈျမင္ျခင္း(Personalization)

အျခားတစ္ဖက္မွအုပ္စုသည္ လူမဟုတ္သူမ်ား၊ လူအျဖစ္အသိအမွတ္မျပဳထိုက္သူမ်ားျဖင့္ ဖြဲ႕စည္းထားေသာ လူသားအစုအဖြဲ႕ဟု ေျပာင္းလဲ႐ႈျမင္ႏိုင္ရမည္။ အျခားအုပ္စုသည္ မိမိတို႔ကဲ့သိုပင္ မိခင္မ်ား၊ သားသမီးမ်ား စသည့္ လူသားဆန္မႈ အစုအေဝးႀကီးျဖစ္သည္။ မိမိတို႔အုပ္စုကဲ့သို႔ပင္ ဆိုးမိုက္သူႁခြင္းခ်က္မ်ားလည္း ႐ွိလိမ့္မည္။ ပဠိပကၡျပင္းထန္ေသာ ကာလအတြင္း ျပင္ပအုပ္စုမ်ားကို တရားမဝင္ျဖစ္ေစျခင္း၊ လူအျဖစ္မွေလ်ာက်ေစျခင္း၊ တစ္ပုံစံတည္း တစ္စုတစ္ဖြဲ႕တည္းဟု ျမင္ျခင္း၏အက်ိဳးဆက္မွာ တစ္ဖက္အုပ္စု၏ လူသားဆန္ေသာ ျဖစ္တည္းမႈမ်ားကို ေမ့ေလ်ာ့ကာ ေခ်မႈန္းရမည့္ရန္သူဟူေသာ အျမင္ခိုင္မာလာတတ္ျခင္းျဖစ္သည္။ ထိုအျမင္မ်ားကို တစ္ဆင့္ခ်င္းေျပာင္းလဲျပဳျပင္၍ လူသားဂုဏ္ရည္ျပန္လည္မွ်ေဝရန္ လိုအပ္သည္။

၅။       ယုံၾကည္မႈတည္ေဆာက္ျခင္း (Trust)

ယုံၾကည္မႈတည္ေဆာက္ရာတြင္ အဓိကအခက္အခဲမွာ မိမိယုံၾကည္မႈကို အလြဲသုံးစားျပဳ၍ အျမတ္ထုတ္ခံရမည့္ အႏၲရာယ္ျဖစ္သည္။ သို႔ရာတြင္ အဖက္ဖက္မွ ယုံၾကည္မႈျဖင့္ လက္ကမ္းမႈ မျပဳမခ်င္း ၿငိမ္းခ်မ္းေရးအေျဖ႐ွာရန္ မလြယ္ကူႏိုင္ေပ။ အေတာ္အတန္အႏၲရာယ္႐ွိေသာ္လည္း ႀကီးႀကီးမားမားထိခိုက္ႏိုင္ေျခမ႐ွိလွ်င္ မိမိဖက္မွစတင္၍ ယုံၾကည္မႈ ကမ္းလွမ္းတည္ေဆာက္ရန္ အၾကံျပဳေလ့႐ွိၾကသည္။ တစ္ဆင့္ခ်င္း တစ္ဆင့္ခ်င္း ထိေတြ႕ ဆက္ဆံမႈမွေန၍ က်ယ္ျပန္႔ေသာယုံၾကည္မႈ တည္ေဆာက္သည့္ အဆင့္သို႔ ေရာက္႐ွိႏိုင္သည္။

ယုံၾကည္မႈဟူသည္မွာ တစ္ဖက္ႏွင့္တစ္ဖက္ ေကာင္းမြန္စြာ ျပဳမူဆက္ဆံလိမ့္မည္ဟူေသာ ေမွ်ာ္လင့္ခ်က္ျဖစ္သည္။ လုံးလုံးလ်ားလ်ား ယုံၾကည္မႈဟူသည္မွာ ျပင္ပအုပ္စုအေနႏွင့္ အနာဂတ္တြင္လည္း မိမိတို႔ကို ေကာင္းမြန္စြာ ျပဳမူဆက္ဆံလိမ့္မည္ဟု ယုံၾကည္ႏိုင္ေသာအခါတြင္ ျဖစ္တည္ႏိုင္သည္။ အျပန္အလွန္အားျဖင့္လည္း ျပင္ပအုပ္စုက မိမိတို႔အေပၚ အ႐ွည္သျဖင့္ ေကာင္းမြန္စြာ ျပဳမူဆက္ဆံလိမ့္မည္ဟု မေမွ်ာ္လင့္ႏိုင္သည့္အခါတြင္ ေရ႐ွည္တည္ေသာ ယုံၾကည္မႈကို မရႏိုင္ပါ။

(Positive Expectation and Lack of Negative Expectations about Future; behaviors of the rival)

၆။       ေမွ်ာ္လင့္ခ်က္တည္ေဆာက္ျခင္း(Hope)

ပိုေကာင္းသည့္အနာဂတ္ ျဖစ္တည္ႏိုင္သည္ဟူေသာ ေမွ်ာ္လင့္ခ်က္႐ွိမွသာ ၿငိမ္းခ်မ္းေရးအတြက္ ညႇိႏိႈင္းႏိုင္ၾကမည္ျဖစ္သည္။ ေမွ်ာ္လင့္ႏိုင္ေျခ႐ွိမွမွသာ တီထြင္ဖန္တီးမႈ၊ စိတ္ပိုင္းဆိုင္ရာအရ ေျပေလ်ာ့မႈ အေျခအေနသစ္မ်ားဆီသို႔ စမ္းသပ္ေလွ်ာက္လွမ္းလိုမႈ စသည့္အေျခအေနမ်ား ေပၚထြက္လာႏိုင္မည္။

ေမွ်ာ္လင့္ခ်က္ျဖစ္တည္ေသာအခါ ပစၥဳပၸန္တြင္ ပါ႐ွိခဲ့သည့္ အေျခအေနတို႔ႏွင့္ပါ ကြဲျပားသည့္ ေတြးက်န္ေဆာင္႐ြက္ႏိုင္စြမ္းကို ႐ွိေစသည္။ Hope enbles people to imagine a future that is differend from the past and presend.

လက္႐ွိအေျခအေနတို႔သည္ မည္သို႔မွ်ေျပာင္းလဲႏိုင္စရာ မ႐ွိဟူေသာ ေမွ်ာက္လင့္ခ်က္မဲ့သည့္စိတ္ဝင္ေရာက္သြားေသာအခါ အမ်ားျပည္သူတို႔သည္ တစ္စုံတစ္ရာတြန္းတိုက္ လႈပ္႐ွားမႈျပဳရန္ စိတ္မထက္သန္ေတာ့ေခ်။ ထိုအေျခအေနမ်ိဳးတြင္ ျဖစ္ႏိုင္ေျခ႐ွိသည့္ အနာဂတ္ေမွ်ာ္လင့္ခ်က္ျဖင့္ ႏိုးထလႈပ္႐ွားလာေအာင္ ေဆာ္ဩၾကရသည္။

၇။       ဘုံျမင္ကြင္းအနာဂတ္သစ္ကိုတည္ေဆာက္ျခင္း(Creating New Common Vision)

ဖက္ၿပိဳင္ေနၾကေသာ အုပ္စုအားလုံးက မျဖစ္မအေန ၿငိမ္းခ်မ္းေရးရမည္ဟူေသာ ဘုံျမင္ကြင္းကို တည္ေဆာက္ႏိုင္ၾကရန္လိုသည္။ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ျခင္းျဖင့္ ႏွစ္ဦးႏွစ္ဖက္အတြက္ ေရရည္အက်ိဳးစီးပြား႐ွိမည္ကို ယုံၾကည္လာေအာင္အားထုတ္ၾကရသည္။

၈။       တရားမွ်တမူျဖစ္တည္ေအာင္ဆြဲေဆာင္စည္း႐ုံးယူျခင္း(Persusasion)

အုပ္ခ်ဳပ္သူလူတန္းစားေၾကာင့္ျဖစ္ေစ၊ ႏိုင္ငံေရး၊ စီးပြားေရးစနစ္မ်ားေၾကာင့္ျဖစ္ေစ မွ်တမႈကင္းမဲ့ေနလွ်င္ ၿငိမ္းခ်မ္းေရးျဖစ္တည္ရန္ မလြယ္ကူေပ။ ထိုသို႔ေသာ အေျခအေနမ်ားတြင္ ဖြဲ႕စည္းပုံဆိုင္ရာ၊ ယဥ္ေက်းမႈဆိုင္ရာ အၾကမ္းဖက္မႈမ်ားကို ရပ္တန္႔ေျပာင္းလဲႏိုင္ရန္ ႀကိဳးစားရေလ့႐ွိသည္။ ဆြဲေဆာင္စည္း႐ုံးျခင္း (Persusasion) ႏွင့္ အၾကမ္းမဖက္ ဆန္႔က်င္ေရးစြမ္းအားကို အသုံးျပဳျခင္း (Non-Violent Power) နည္းစနစ္ႏွစ္ခုကို အမ်ားဆုံး အသုံးျပဳလာၾကသည္။

ေအာက္ပါအေျခအေနသုံးခုအေပၚ အေျခခံ၍ ဆြဲေဆာင္စည္း႐ုံးေရး လႈပ္႐ွားမႈမ်ား ျပဳႏိုင္သည္။

–         သီလတရားတန္ဖိုးမ်ားျဖင့္ ဆြဲေဆာင္ျခင္း

–         ေကာင္းက်ိဳးစီးပြားျဖစ္ႏိုင္ပုံကို ေျပာဆိုစည္း႐ုံးျခင္း

–         ေကာင္းသတင္း သိကၡာျဖစ္ႏိုင္ပုံကို ေျပာဆိုစည္း႐ုံးျခင္း

၉။       သီလတရားတန္ဖိုးမ်ားျဖင့္  ဆြဲေဆာင္ျခင္း (Moral Values)

တိုက္ခိုက္အၾကမ္းဖက္မႈသာမက ဖြဲ႕စည္းပုံအားျဖင့္ အၾကမ္းဖက္မႈ၊ ယဥ္ေက်းမႈအားျဖင့္ အၾကမ္းဖက္မႈမ်ားသည္ မည္သည့္ပုံစံမဆို ကိုယ္က်င့္သီလတန္ဖိုးမ်ားႏွင့္ ဆန္႔က်င့္ၿမဲျဖစ္သည္။ ဤသို႔ေသာ အၾကမ္းဖက္မႈတို႔သည္ ကိုယ္က်င့္သီလေဖာက္ဖ်က္က်ဴးလြန္ရာေရာက္သည္ဟု ေျပာဆိုကာ သတိေပးဆြဲေဆာင္ႏိုင္သည္။ မိမိတစ္သက္တာအတြက္သာမက ေနာင္မ်ိဳးဆက္ အတြက္ပါ ထည့္သြင္းစဥ္းစားေပးမွ သီလ႐ွိရာေရာက္မည္ဟု သတိေပးဆြဲေဆာင္ျခင္းမ်ိဳးလည္း ျပဳလုပ္ႏိုင္သည္။ တာဝန္႐ွိသူတို႔၏အေျပာႏွင့္ အလုပ္ ကြာဟေနျခင္းမ်ိဳးကိုလည္း သီလအျမင္ ႐ႈေထာင့္မွ သိေစအပ္သည္။

၁၀။     ေကာင္းက်ိဳးစီးပြားျဖစ္ႏိုင္ပုံကို ေျပာဆိုစည္း႐ုံးျခင္း (Self-Interests)

အခ်ိဳ႕အခ်ိဳ႕ေသာကိစၥမ်ားတြင္ စြန္႔လႊတ္လက္ေလွ်ာ့မႈအားျဖင့္သာ ေကာင္းက်ိဳးစီးပြားဆီသို႔ ေရာက္ႏိုင္သည္ဟူေသာ သေဘာကို အုပ္ခ်ဳပ္သူ၊ တာဝန္႐ွိသူမ်ားျမင္သာလာေစရန္ ေျပာဆိုရသည္။ အေျခအေနတစ္ခုႏွင့္တစ္ခု ဆက္ႏြယ္ပတ္သက္ေနမႈကို ေထာက္ျပရသည္။ အက်င့္ပ်က္လာဘ္စားမႈျဖင့္ လက္႐ွိတြင္ ကိုယ္က်ိဳးစီးပြားျဖစ္ႏိုင္ေသာ္လည္း ပ်က္ယြင္းေနေသာ ႏိုင္ငံတစ္ခုကို ဆက္ခံရမည့္သူ မ်ားထဲတြင္ မိမိတို႔သားသမီးမ်ားလည္းပါဝင္လိမ့္မည္။ ထို႔အတြက္ေၾကာင့္ ကိုယ္က်ိဳးမၾကည့္ဘဲ ႏိုင္ငံေကာင္းေအာင္ တည္ေဆာက္ျခင္းအားျဖင့္ မိသားစုအက်ိဳးစီးပြားျဖည့္ ဆည္းေပးၿပီးသားျဖစ္သည္ဟု ေတြးေတာခံယူလာေအာင္ ဆြဲေဆာင္ၾကရသည္။

၁၁။     ေကာင္းသတင္းသိကၡာျဖစ္ႏိုင္ပုံကို ေျပာဆိုစည္း႐ုံးျခင္း (Self-actualization)

ေကာင္းရာေကာင္းက်ိဳးျပဳျခင္းျဖင့္ ေကာင္းသတင္း ေက်ာ္ေစာမႈသည္ ကိုယ္က်ိဳးစီးပြား ထက္ မ်ားစြာလာလြန္ခိုင္မာသည္ကို သိ႐ွိလာေအာင္ ေျပာဆိုစည္း႐ုံးၾကရသည္။ ဘဝ အဓိပၸာယ္ ႐ွိလိုေသာ္ လူ႕သဘာဝ၊ အသိအမွတ္ျပဳခံရျခင္းျဖင့္ ျပည့္ဝေအာင္ျမင္သည္ဟူေသာ ခံစားခ်က္ ရ႐ွိႏိုင္ေျခတို႔ကို ေျပာဆိုစည္း႐ုံးၾကရသည္။ ေလ့လာခ်က္တစ္ခုတြင္ အေပၚစီးအာဏာ (Power over) ျဖင့္ လုပ္ကိုင္လႈပ္႐ွားၾကသူတို႔သည္ ျပည္သူႏွင့္လႈပ္႐ွားေဆာင္႐ြက္ရာမွ ေပၚထြက္ေသာ ဩဇာ (Power with) ကို ဖန္တီးရယူသူတို႔ထက္ စိတ္ပိုင္းဆိုင္ရာ အားနည္းသည္ကို ေတြ႕ရသည္။ အာဏာကို ခ်ဳပ္ကိုင္ထားၿပီး လက္မလႊတ္ရေအာင္ ႀကိဳးပမ္းျခင္းထက္ အာဏာကို ခြဲေဝလက္ဆင့္ကမ္းျခင္းက ပို၍လုံျခံႂကြယ္ဝေစႏိုင္စြမ္း႐ွိသည္။ ဤအေျခအေနတို႔ကို ေထာက္ျပ ေျပာဆိုစည္း႐ုံးၾကရသည္။

ဆြဲေဆာင္စည္း႐ုံးမႈနည္းစနစ္ က်င့္သုံးေရးသည္ အုပ္ခ်ဳပ္ေရးတြင္ ကိုယ္က်ိဳးစီးပြား ႀကီးမားစြာ ပါဝင္ေနၿပီး အာဏာကိုလည္း ႏိုင္ထက္စီးနင္း ခ်ဳပ္ကိုင္ထားေသာ အေျခအေနတြင္ မလြယ္ကူတတ္ေပ။ အာဏာျဖင့္ ေၾကာက္စိတ္ (fear) သြတ္သြင္းထားေသာေၾကာင့္ က်ယ္က်ယ္ျပန္႔ျပန္႔ ေျပာဆိုရန္ ခက္ခဲေနျခင္း (သို႔မဟုတ္) က်ယ္ျပန္႔ေသာမတရားမႈတို႔ေၾကာင့္ ျပည္သူမ်ားအတြင္း (အနည္းဆုံးစိတ္အတြင္းကျဖစ္ေစ) အမ်က္ေဒါသ(Rage) ႀကီးမားေနေသာ အေျခအေနမ်ိဳးတြင္ ဆြဲေဆာင္စည္း႐ုံးမႈအတြက္ လမ္းစရာရန္ခက္ခဲႏိုင္သည္။

၁၂။     မၿငိမ္းခ်မ္းမႈေၾကာင့္ ေပးဆပ္ရသည့္တန္ဖိုးမ်ား အေၾကာင္းေျပာဆိုျခင္း(Talking about Cost to Society)

မၿငိမ္းခ်မ္းသည့္အခါ လူ႕အဖြဲ႕အစည္းတစ္လုံးက ေပးဆပ္ထမ္းပိုးထားရသည့္ ကုန္က်စရိတ္မွာ ႀကီးမားလွသည္။ ထိုစရိတ္ထဲတြင္ ျပည္သူတို႔၏ အသက္ဇီဝမ်ား၊ ကေလးသူငယ္တို႔၏ ဘဝႏွင့္အနာဂတ္မ်ားပါဝင္သည္။ ရံဖန္ရံခါတြင္ အတၱမ်ား မာနမ်ား၊ မုန္းတီးမႈမ်ား၊ မိုက္မဲမႈမ်ား၊ ပညာမဲ့ မႈမ်ားေၾကာင့္ ထိုစရိတ္စကတို႔ကို ဂ႐ုမျပဳတတ္ၾကေခ်။ ၿငိမ္းခ်မ္းေရးလႈပ္႐ွားသူမ်ားသည္ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ အဆိုပါ စရိတ္စကမ်ားကို ျပည္သူႏွင့္ေခါင္းေဆာင္တို႔သိေအာင္ အားထုတ္ၾကရသည္။

၁၃။     အားလုံးႏွင့္သက္ဆိုင္ေသာ တန္ဖိုးမ်ားေဖာ္ထုတ္ျခင္း(Universal Values)

လူမ်ိဳး၊ ဘာသာ၊ က်ားမ မည္သို႔ပင္ကြဲျပားျခားနားေစကာမူ ေအာက္ပါစံတန္ဖိုးမ်ားသည္ လူ႕အသိုက္အျမဳံအတြင္း႐ွိ လူအားလုံးႏွင့္ အက်ံဳးဝင္ေစရမည္။ သို႔မွသာ ၿငိမ္းခ်မ္းသည့္ လူ႕အသိုက္အျမဳံတည္ေတာက္ရန္ ျဖစ္ႏိုင္ေျခ႐ွိသည္။

–         လူသားအားလုံးသည္ အသက္႐ွင္ရပ္တည္ပိုင္ခြင့္႐ွိသည္။ (Survival)

–         အသက္႐ွင္ေနထိုင္ရန္ ေရေျမေတာေတာင္ သဘာဝ အေျခအေနကို ဝိုင္းဝန္းထိန္းသိမ္း ေစာင့္ေ႐ွာက္ႏိုင္ရမည္။ (Sustaining the Habitat)

–         စိုး႐ြံ႕ထိတ္လန္႔ရျခင္းမွ ကင္းလြတ္ခြင့္႐ွိရမည္။ (Freedom from fear)

–         သတင္းအခ်က္အလက္ရပိုင္ခြင့္ႏွင့္ လြတ္လပ္စြာေျပာဆိုစု႐ုံးပိုင္ခြင့္တို႔႐ွိရမည္။ (Freedom of Information)

–         ခ်ိဳ႕တဲ့ဆင္းရဲျခင္းမွ လြတ္ကင္း၍ ပညာေရး၊ က်န္းမာေရး၊ အမိုးအကာ၊ စားနပ္ရိကၡာ စသည့္ စိတ္ပိုင္းႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ ျပည့္စုံေစမမႈတို႔႐ွိရမည္။ (Freedom from want)

–         လူသားတိုင္း မိမိတို႔၏ လြတ္လပ္ခြင့္မ်ား မဆုံး႐ႈံးေစရေအာင္ ကာကြယ္ေစာင့္ေ႐ွာက္ေပးသည့္ အေျခအေနမ်ား႐ွိရမည္။ ခ်ိဳးေဖာက္သူမ်ားကို တုံ႔ျပန္အေရးယူသည့္စနစ္႐ွိရမည္။ (Right to be protected)

၁၄။     ယဥ္ေက်းမႈထုတ္ကုန္မ်ားတြင္ ၿငိမ္းခ်မ္းေရး သတင္းစကားမ်ား ေဖာ္ျပျခင္း (Expression in Cultural Products)

လူအမ်ားထံသို႔ ေန႔စဥ္ေရာက္႐ွိေနေသာ  ယဥ္ေက်းမႈ ထုတ္ကုန္မ်ားတြင္ ၿငိမ္းခ်မ္းေရးသတင္းစကားမ်ား၊ ၿငိမ္းခ်မ္းေရးစိတ္အေတြးမ်ား ပါ႐ွိေနရန္လိုအပ္သည္။ အမုန္းစကားမ်ားကို မက်ယ္ျပန္႔ေစဘဲ ေမတၱာစကားမ်ား ျပန္႔ပြားေအာင္ ယဥ္ေက်းမႈႏွင့္ အႏုပညာထြက္ကုန္မ်ားက ေဆာင္႐ြက္ေပးႏိုင္သည္။

ၿငိမ္းခ်မ္းေရးသတင္းစကားမ်ားကို က်ယ္ျပန္႔စြာျဖန္႔ေဝျခင္း Extensive Sharing  ႏွင့္ တြင္တြင္က်ယ္က်ယ္ အသုံးျပဳျခင္း Wide application တို႔ျဖစ္ေပၚေနေအာင္ အားထုတ္ၾကရသည္။

၁၅။     ၿငိမ္းခ်မ္းေရးကို အားေပးေသာ ပညာေရးတည္ေဆာက္ျခင္း (Education for Peace)

ထင္ဟပ္သုံးသပ္စဥ္းစားျခင္းစြမ္းရည္ (Reflective Thinking) သည္ ၿငိမ္းခ်မ္းေရးကို အားေပးေသာ ပညာေရးစနစ္တြင္ အဓိကက်ေသာ အစိတ္အပိုင္းျဖစ္သည္။ အစိတ္ပြင့္လင္းမႈ႐ွိေစ၍ အယူအစြဲမ်ား တစ္ဖက္သတ္အျမင္မ်ားကို ျငင္းပယ္ႏိုင္ရန္ စဥ္စားေတြးေတာ သုံးသပ္ႏိုင္သည့္ စြမ္းရည္လိုအပ္သည္။ စဥ္းစားဆင္ျခင္သည့္ စြမ္းရည္ျမင့္မားသည့္ စြမ္းရည္လိုအပ္သည္။ စဥ္းစားဆင္ျခင္သည့္ စြမ္းရည္ျမင့္မားသည့္ လူ႕အဖြဲ႕အစည္းတြင္ ေခါင္းေဆာင္တို႔၏အဆုံးအျဖတ္ႏွင့္ ေဟာေျပာခ်က္မ်ားေနာ္သို႔ အေတြးမဲ့လိုက္ပါသြားျခင္းမ်ား၊ အဆင္ျခင္မဲ့ အမိန္႔နာခံျခင္းမ်ား နည္းပါးေလ့႐ွိသည္။ ပိတ္ဆို႔မထားၾဘ အေျခအေန၊ အေၾကာင္းအရာအားလုံးကို လက္ခံစဥ္းစားျခင္းအားျဖင့္ က်ယ္ျပန္႔သည့္ စိတ္သေဘာထားရ႐ွိကာ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈကို အေထာက္အကူျပဳႏိုင္သည္။ စိတ္႐ွည္သည္းခံမႈ (Tolerance) ဟူသည္ အျခားသူမ်ား၏ အခြင့္အေရးႏွင့္ အေတြးအျမင္၊ သေဘာထား၊ အျပဳအမူမ်ားကို လက္ခံအသိအမွတ္ျပဳေပးျခင္း သေဘာျဖစ္သည္။ Tolerance refers to the recognition and acceptance of the right of all individuals as well as group to have their own thoughts, opinions, attitudes, will and behavior. ဤစြမ္းရည္ကိုတည္ေဆာက္ေပးရန္ ပညာေရးစနစ္က အဓိကက်လွသည္။

၁၆။     ဖြင့္ထားေသာ စိတ္ႏွင့္ ေဝဖန္ပိုင္းျခားႏိုင္မႈျမင့္မားေစျခင္း (Open Mind)

မိမိယုံၾကည္ခ်က္၊ ရပ္တည္ခ်က္ႏွင့္ ဆန္႔က်င္ေနေသာ သတင္းအခ်က္အလက္မ်ားကို လက္ခံရန္ ဝန္ေလးျခင္း၊ အေထာက္အထားမ်ား႐ွိသည့္တိုင္ မိမိယုံၾကည္ခ်က္ႏွင့္ ဆန္႔က်င့္ေနလွ်င္ လက္ခံရန္ျငင္းပယ္ျခင္းတို႔သည္ ပိတ္ဆို႔ရပ္တန္႔ေနေသာ စိတ္၏ လကၡဏာမ်ားဟု ဆိုသည္။ (Closed Mandedness)

ဖြင့္ထားေသာစိတ္၊ လင္းပြင့္ေသာစိတ္ျဖစ္ရန္အတြက္ ေအာက္ပါအေျခအေန (၄)ခု လိုအပ္သည္။

–         မိမိအယူအဆကိုေဖာ္ျပႏိုင္ျခင္း- တစ္နည္းအားျဖင့္ ႐ႈေထာင့္အျမင္ေဖာ္ထုတ္ျခင္း (Perspective giving)

–         အျခားသူမ်ား၏ အျမင္ကို နားေထာင္လက္ခံစဥ္းစားျခင္း (Perspective taking) အျခားတစ္ဖက္မွ အျမင္ကို အသိအမွတ္ျပဳျခင္းဟူေသာ အဓိပၸာယ္လည္း ပါဝင္သည္။

–         ေပါင္းစပ္စုစည္း၍ အျမင္သစ္ေဖာ္ထုတ္ျခင္း (Generating Perspectives)

–         အျမင္သစ္၊ အေျဖသစ္မ်ားကို လက္ခံအသုံးျပဳျခင္း (Implementing)

၁၇။     အျခားတစ္ဖက္မွ ၾကည့္ျခင္းႏွင့္စာနာနားလည္ေပးျခင္း (Perspective Taking and Empathy)

အျခားတစ္ဖက္မွ လူပုဂၢိဳလ္မ်ား၊ အစုအဖြဲ႕မ်ား၏ စိတ္ခံစားမႈ ေနရာမွေန၍ ဝင္ေရာက္ၾကည့္႐ႈနားလည္ေပးႏိုင္စြမ္း Perspective taking သည္ ၿငိမ္းခ်မ္းေရးအတြက္ အေရးပါလွသည္။ ထိုသို႔ ဝင္ေရာက္ၾကည့္႐ႈေပးႏိုင္မွသာ အျခားတစ္ဖက္၏ စိတ္ကူးခံစားမႈ၊ ေစ့ေဆာ္မႈ၊ အေတြ႕အၾကဳံ စသည့္အေျခခံ အေၾကာင္းတရားမ်ားကို နားလည္ႏိုင္သည္။ အျခားတစ္ဖက္မွ ဝင္ေရာက္ၾကည့္႐ႈေပးျခင္းႏွင့္ စာနာနားလည္ေပးမႈအားျဖင့္ အားလုံးတြင္ ဘုံတူညီေသာ လူသားျဖစ္မႈ တန္ဖိုးမ်ား၊ စိုးရိမ္ေၾကာင့္ကမႈမ်ား၊ လိုအပ္ခ်က္မ်ား႐ွိသည္ကို သိ႐ွိလာႏိုင္သည္။ Perspective taking and empathy may also lead both to oerceive that they share a common humanity, as well as comm. Values, concerns and needs.

စာနာနားလည္မႈမွေန၍ လက္ေတြ႕ကူးလူးဆက္ဆံမႈဆီသို႔ ေျပာင္းလဲသြားေသာအခါ အုပ္စုမ်ားအတြင္း ပဠိပကၡေျပၿငိမ္းရန္ လမ္းပြင့္သြားသည္။

၁၈။     တစ္ဦးႏွင့္တစ္ဦး လက္ခံျခင္း (Mutual Acceptance)

တစ္ဦးႏွင့္တစ္ဦး အသိအမွတ္ျပဳျခင္း၊ တရားဝင္ျဖစ္ေစျခင္း၊ ထည့္သြင္းစဥ္းစားျခင္း တို႔မွေန၍ အျပန္အလွန္ လက္ခံမႈကို ရ႐ွိေစႏိုင္သည္။ အျပန္အလွန္လက္ခံမႈသည္ အေရးႀကီးေသာအဆင့္၊ အေရးႀကီးေသာ ေျခလွမ္းျဖစ္သည္။ ႏွစ္ေပါင္းမ်ားစြာ တစ္ဦးႏွင့္တစ္ဦး တရားမဝင္ျဖစ္ေအာင္ ေျပာဆိုျခင္းမ်ားႏွင့္ လူအျဖစ္မွ ေလွ်ာ့ခ်ဆက္ဆံျခင္းမ်ားကို ရပ္တန္႔ဖယ္ခြာလိုက္သည္ဟူေသာ သေဘာျဖစ္သည္။ အျပဳသေဘာဆန္ေသာ သေဘာထားမ်ား စတင္ျဖစ္တည္ေနၿပီဟူေသာ သေကၤတလည္းျဖစ္သည္။

တစ္ဦးႏွင့္တစ္ဦး သိျမင္လက္ခံေပးၿပီးသည့္ေနာက္ တစ္ဦးအေျခအေနကို တစ္ဦးနားလည္ကာ အျခားတစ္ဖက္၏ ရည္႐ြယ္ခ်က္မ်ား၊ လိုအပ္ခ်က္မ်ား၊ တန္ဖိုးမ်ား၊ အစဥ္အလာမ်ား၊ အေတြ႕အၾကဳံမ်ားကို နားလည္သေဘာေပါက္ေပးသည့္အဆင့္သို႔ ေရာက္႐ွိသည္။ အေပၚယံ လက္ခံမႈကို ေက်ာ္လြန္၍ နားလည္မႈျဖင့္ ဖြဲ႕စည္းေသာ ဆက္ဆံေရးသို႔ ေရာက္႐ွိေအာင္ ႀကိဳးစားရေလ့႐ွိသည္။

၁၉။     ကြဲျပားမႈကို ေလးစား၍ တူညီမႈမ်ားကို အေျချပဳျခင္း (Respect for differences and focus on commonalities)

ၿငိမ္းခ်မ္းေရးယဥ္ေက်းမႈတြင္ တစ္ဦးႏွင့္တစ္ဦး၊ တစ္ဖြဲ႕ႏွင့္တစ္ဖြဲ႕ ကြဲျပားမႈမ်ား႐ွိသည္ကို လက္ခံ၍ ေလးစားမႈကို ျပသသည္။ ကြဲျပားမႈမ်ားကို အာ႐ုံစိုက္မေနဘဲ ဘုံတူညီမႈမ်ားအေပၚတြင္ အေျချပဳ၍ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ ႀကိဳးပမ္းသည္။

 

ေဒါက္တာျမင့္ေဇာ္

 

unicode

သတိပြုရမည့် အခြေအနေများနှင့် ကျုပ်တို့လုပ်နိုင်တာတွေ

သတိပြုရမည့်အခြေအနေများ

အောက်ပါအခြေအနေတို့တွင် သမိုင်းဖြစ်ရပ်ဆိုးများ ပေါ်ပေါက်နိုင်သည့် ဘေးအန္တရယ် ရှိသည်။

(၁)       စစ်/ပြည်တွင်းစစ်ဖြစ်ပွားနေခြင်း

(၂)       အကြမ်းဖက်ဖြိုခွင်းမှုသမိုင်းရှိခြင်း

(၃)       တရားလက်လွတ်ပြမူသူတို့ လွတ်ငြိမ်းခွင့်ရနေခြင်း

(၄)       အစွန်းရောက်အယူဝါဒများ

(၅)       အာဏာနှင့်စနစ်ကြီးစိုးခြင်း

(၆)       ခွဲခြားဆက်ဆံသည့်မူဝါဒများကျင့်သုံးခြင်း

(၇)       စီးပွားရေးနှင့်ဆက်စပ်ပြဿနာများ

(၈)       တစ်ဖက်စွန်းဆီတွင် ရပ်တည်လာကြခြင်းများ

၁။        စစ်/ပြည်တွင်းစစ် ဖြစ်ပွားနေခြင်း

အာမေနီးယား ဂျီနိုဆိုက်သည် ပထမကမ္ဘာစစ်နောက်ခံတွင် ဖြစ်ပွားခဲ့ပြီး၊ နာဇီတို့၏ မီးလောင်တိုက်သွင်းမှုသည် ဒုတိယကမ္ဘာစစ်နောက်ခံတွင် ဖြစ်ပွားခဲ့သည်။ ထို့နောက်ပိုင်းတွင်မူ ဂျီနိုဆိုက်များ၊ ကြီးမားသော သုတ်သင်ချေမှုန်းမှုများသည် ပြည်တွင်းစစ်နောက်ခံတွင် အဖြစ်များလာသည်။ ဘော့စနီးယား၊ ရဝမ်းဒါ၊ ဒါဖာ၊ သီရိလင်္ကာ၊ လစ်ဗျား၊ ဆီးရီးယားတို့သည် နမူနာများဖြစ်ကြသည်။

“ပထမကမ္ဘာစစ်ဖြစ်နေတဲ့ အခြေအနေက အာမေးနီးယားတွေကို ရှင်းပစ်ဖို့ တူရကီအစိုးရ စောင့်နေတဲ့အွင့်အရေးဖြစ်နေတယ်” ဟု အာမေးနီးယား ဂျီနိုဆိုက်(၁၉၁၅-၁၆)ကို မြင်တွေ့ မှတ်တမ်းတင်ခဲ့သူ အမေရိကန်သံအမတ် ‘မော်ဂန်’ဆိုသူက ရေးသားခဲ့သည်။ ‘ငြိမ်းချမ်းတဲ့ ကာလမှာ မရနိုင်တဲ့ဖြစ်နိုင်ခြေတွေ အများကြီးကို စစ်အတွင်းမှာရလာတော့မယ်’ဟု နာဇီ ခေါင်းဆောင် ‘ဂိုးဘဲလ်’က သူ့နေ့စဉ်မှတ်တမ်း(၁၉၄၂- မတ်လ)တွင် ရေးသားခဲ့သည်။   စစ်ပွဲဟူသည် တရားဝင်လူသတ်ခွင့်ရသော အခင်းအကျင်းဖြစ်လေ့ရှိသည်။ တိုက်ခိုက်ရန် ဆင့်ခေါ်ခံရသောအခါ ယဉ်ကျေးမှုစည်းဘောင်အတွင်းမှ ပြုမူကျင့်ကြံပုံများ ကျိုးပေါက်လေ့ ရှိသည်။ ကျင့်ဝတ်စံနှုန်းများ ကျိုးပေါက်ပျောက်ကွယ်သည်သာမက အကြမ်းဖက်သတ်ဖြတ်မှုကို လက်ခံခွင့်ပြုသည့် အလေ့အထများပါ အစားထိုးလာလေ့ရှိသည်။ စစ်ပွဲများတွင် ‘ငါတို့၊ သူတို့’ သို့မဟုတ် ‘မိတ်ဆွေ၊ ရန်သူ’ဟူသော အကွဲအပြဲပိုမိုကြီးမားလာလေ့ရှိသည်။ ရန်သူကို လူအဖြစ်မှ နေ၍ အရာဝတ္ထုအဖြစ် ရွေ့လျားစေပြီး၊ ကျင့်ဝတ်စက်ဝိုင်းအတွင်း ထည့်သွင်းစဉ်းစားရန် မလိုသူများအဖြစ် သတ်မှတ်ကြမြဲဖြစ်သည်။

စစ်ပွဲကို ဦးဆောင်သူများ၊ ဝါဒဖြန့်ချိရေးသမားများကလည်း အတွင်းရန်သူ၊ အပြင်ရန်သူ ဟူသော စကားများဖြင့် ချဲ့ထွင်ဖော်ပြလေ့ရှိသည်။ ခြိမ်းခြောက်မှုများကို ချဲ့ထွင်ဖော်ပြရာတွင် သာမန်ပြည်သူအရပ်သားများပါ ရန်သူ့စာရင်းတွင် ပါဝင်သွားတတ်သည်။

ထိုအခြေအနေသည် ဂျီနိုဆိုက်သို့ ကူးပြောင်းရောက်ရှိစေသည့် အဓိကအခြေအနေများထဲမှ တစ်ခုဖြစ်သည်။

ဖိနှိပ်ခံရသည့် အစုအဖွဲ့များအနေနှင့် အခြားရွေးချယ်စရာ မရှိတော့သောအခါ လက်နက်ကိုင် အင်အားစုများဆီသို့ ရွေ့လျားရောက်ရှိသွားတော့သည်။ ထိုအခါအစိုးရ/စစ်တပ် စသည်တို့၏ဖိနှိပ်မှု ပိုမိုပြင်းထန်လာကာ အဆိုးကျော့သံသရာအဖြစ် ကြီးမားသော လူသတ်ပွဲများ၊ ဂျီနိုဆိုက်များဆီသို့ ဦးတည်သွားတတ်ကြသည်။

ဂွာတီမာလာနိုင်ငံတွင် စစ်အစိုးရနှိပ်ကွပ်ခြင်းကို ပြင်းထန်စွာ ခံကြရသည့် ဒေသခံ မာယာလူမျိုးတို့သည် တော်လှန်သည့် အဖွဲ့များနှင့် ပူးပေါင်းခဲ့ကြည့်ဥပမာလည်းရှိသည်။ ကမ္ဘာတစ်ဝှမ်းမှ အခြားနမူနာများစွာလည်းရှိသည်။

ပြည်တွင်းစစ်ပွဲများတွင် လက်ယဉ်သူအရပ်သားများ(တစ်နည်းအားဖြင့်) အကြမ်းဖက်မှုကို စိတ်လိုလက်ရလုပ်မည့် ပြည်သူ့စစ်များ၊ လူမိုက်အဖွဲ့များ ကြေးစားများကိုလည်း ခေါ်ယူသုံးစ ကြလေ့ရှိသည်။ ဤသည်မှာလည်း အကြမ်းဖက်မှု ကျယ်ပြန့်နက်ရှိုင်းရန် ထောက်ကူသည့် လမ်းကြောင်းဖြစ်သည်။

စစ်ဖြစ်နေသောအခါ ရန်သူ့နယ်မြေသူသော ရည်ညွှန်းချက်များပေါ်လာသည်။ ထိုနယ်မြေ တွင် လက်ဦးရန်၊ အပြတ်ရှင်းရန် အားလုံးကို သံသယထားရန်ဟူသော အပြုအမူများဆီသို့ ဦးတည်သွားသည်။ ထိုမှနေ၍ သိမ်းကျုံးတိုက်ခိုက်သတ်ဖြတ်မှုများဆီသို့ ကူးပြောင်းသွား နိုင်ပြန်သည်။

စစ်ဖြစ်နေသည့်အခြေအနေက ရွှေ့ပြောင်းနေရာချခွင့်၊ အင်အားဖြည့်တင်းခွင့်ရစေသည်။ အရပ်သားများ၊ ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးနိုင်သည်။ လုံခြုံရေးအကြောင်း ပြချက်ဖြင့် ဥပဒေများ၊ လွတ်လပ်ခွင့်များကို ဆိုင်းငံ့ရန် အခွင့်အရေးရသည်။ မီဒီယာကို အမှောင်ချနိုင်သည်။ အထက်ပါလုပ်ရပ်များကို လုံခြုံရေးအတွက် ပဲလေဟူ၍ ပြည်သူအများကပင် လက်သင့်ခံသည့် အခြေအနေသို့ ရောက်ရှိနိုင်သည်။ အရပ်သားအစိုးရများသည်လည်း စစ်ခေါင်းဆောင်များကို နေရာပေး၍ အရပ်ဖက်မှ စီမံခွင့်ကို ကန့်သတ်ရုတ်သိမ်းပေးခြင်းများ ဖြစ်လေ့ရှိသည်။

အနှစ်ချုပ်မှာ စစ်/ပြည်တွင်းစစ်အခြေအနေသည် စစ်သားအရပ်သားဟူသော မျဉ်းကြောင်း ကို ပျောက်ကွယ်စေသဖြင့် အန္တရာယ်ကြီးလှသော အခြေအနေဖြစ်သည်။

၂။         အကြမ်းဖက်ဖြိုခွင်းမှုသမိုင်းရှိခြင်း

အတိတ်ကာလတွင် ပဋိပက္ခများ၊ တင်းမာမှုများအား အင်အားဖြင့်သာ ဖြေရှင်းခဲ့ပါက အနာဂတ်အတွက် စိတ်အေးစရာမရှိလှပေ။ အတိတ်တွင် နှိပ်ကွပ်ဖြေရှင်း၍ အောင်မြင်ခဲ့သည် ဆိုလျှင် ပို၍စိတ်ပူစရာဖြစ်သည်။ အခြားနည်းများဖြင့် အဖြေရှာမည့်အစား နှိပ်ကွပ်သည့် နည်းလမ်းဟောင်းကိုပင် ဆက်သုံးဖွယ်ရှိသည်။

အမှန်တွင်မူ နှိပ်ကွပ်ခံရ၍ ငြိမ်သက်သွားခြင်းကို ပြေလည်သွားခြင်းဟု ယူဆ၍ ရနိုင်မည် မဟုတ်ပေ။ နှိပ်ကွပ်ခံရသည့်အဖွဲ့များသည် တုံ့ပြန်နိုင်သည့်အခွင့်အရေးကို စောင့်ကြမည်ပင် ဖြစ်သည်။ ဤသို့ဖြင့် ပိုမိုကြီးမားကျယ်ပြန့်လာသော အကြမ်းဖက်မှုများဆီသို့ ရောက်ရှိသွားည နိုင်သည်။

အကြမ်းဖက်ဖြေရှင်းမှုများနှင့် အလေ့ကျခြင်းပြဿနာသည် ခေါင်းဆောင်ပိုင်းတွင်သာမက အောက်ခြေအထိပျံ့နှံလေ့ရှိသည်။ ထို့ကြောင့် အထက်ညွှန်ကြားချက် သိသိသာသာ မရှိသေး စေကာမူ အောက်ခြေတွင် အကြမ်းဖက်ရက်စက်မှုတို့ဖြစ်ပေါ်နိုင်သည်။

ကြီးမာသောအကြမ်းဖက်မှုများ ဖြစ်ပွားပြီးသည့်နောက်တွင် ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ပြည်သူအားလုံးတွင် အမှတ်ရမှုပုံစံအမျိုးမျိုး ကျန်ရှိနေခဲ့တတ်သည်။ ခေါင်းဆောင်များက ထိုအခြေအနေကို အသုံးချရန် ကြိုးပမ်းရာမှလည်း အကြမ်းဖက်မှုများ တစ်ကျော့ပြန်လာ တတ်သည်။

၃။        တရားလက်လွတ်ပြုမူသူတို့ လွတ်ငြိမ်းခွင့်ရနေခြင်း

အကြမ်းဖက်မှု၊ သတ်ဖြတ်သုတ်သင်မှုများ ပေါ်လာသည့်အခါ အစိုးရက အရေးယူရမည်။ ခေါင်းဆောင်များနှင့် ပြည်သူလူထုမှ ထိုသို့သောအပြုအမူများကို ဆန့်ကျင်ရပ်တည်ပေးကြရမည်။ ထိုသို့သောအပြုအမူများကို ဆန့်ကျင်ရပ်တည်ပေးကြရမည်။ ထိုသို့မဟုတ်ဘဲ အစိုးရကလည်း အရေးယူရန် ပျက်ကွက်၊ ပြည်သူကလည်း မသိကျိုးကျွံပြုထားသောအခါ ပြစ်မှုကျူးလွန်သူတို့မှာ လွတ်ငြိမ်းခွင့်ရနေသည့် အခြေအနေများဖြစ်ထွန်းလာသည်။ “ငါတို့လည်းလွန်ကျူးလို့ရတယ်” ဟူသော ယူဆချက်များ ပေါ်လာနိုင်သည်။ လွန်ကျူးခဲ့သူတို့ကလည်း နောက်ထပ်အကြမ်းဖက်ရန် ဝန်လေးလိမ့်မည်မဟုတ်တော့။ ခံခဲ့ရသူတို့ကလည်း တရားမျှတမှုမရသည့်အပေါ် ဒေါသနှင့် လက်စားချေလိုစိတ်ကြီးစိုးနေလိမ့်မည်။ တရားဥပဒေမစိုးမိုးခြင်းနှင့် အပြစ်ရှိသူတို့ လွတ်ငြိမ်းခွင့် ရနေသည့် စနစ်၏ရလဒ်သည် ပိုမိုကြီးမားသော ပေါက်ကွဲမှုများဆီသို့ ဦးတည်စေတော့သည်။

မိမိလုပ်ရပ်အတွက် တာဝန်ခံရန်မလို၊ အရေးယူအပြစ်ပေးခံရမည်ကို စိုးရိမ်းစရာ မလိုသည့်အခါ လက်နက်၊ အာဏာယန္တယားမှ ပုဂ္ဂိုလ်များအနေနှင့် အစွန်းရောက်ရန် လွယ်ကူ သွားလေ့ရှိသည်။

၄။        အစွန်းရောက် အယူဝါဒများ အားကောင်းလာခြင်း

ကွန်မြူနစ်ဝါဒနောက်ခံတွင်ဖြစ်ခဲ့သော ကမ္ဘောဒီးယားဂျီနိုဆိုက်၊ တူရကီအမျိုးသားရေး ဝါဒနောက်ခံတွင် ကြုံခဲ့ရပြီးဖြစ်သည်။

မည်သူတို့ကို နှိမ်နှင်းရမည်၊ မည်သူတို့ကို ကာကွက်ရမည်ဟူသော အာဏာပိုင်တို့၏ တွက်ကိန်းများသည် သူတို့စွဲကိုင်ထားသော အယူဝါဒများမှ လာလေ့ရှိသည်။

အစွန်းရောက်အယူဝါဒဆိုရာတွင် နိုင်ငံရေးအယူဝါဒများသာမက ဘာသာရေး၊ လူမျိုးရေး အယူဝါဒများလည်းပါဝင်သည်။ ကြုံတွေ့နေရသော ပြဿနာများ၏ လက်သည်တရားခံမှာ မည်သည့်အုပ်စုဖြစ်သည်ဟု တံဆိပ်ကပ်ပြလေ့ရှိသော အယူဝါဒတိုင်းသည် အကြမ်းဖက်မှုကြီးများ ဆီသို့ ဦးတည်သွားလေ့ရှိကြသည်။

အယူဝါဒတို့တွင် ထောက်ခံသူ၊ ကန့်ကွက်သူတို့ ရှိမြဲဖြစ်သည်။ မထောက်ခံဆန့်ကျင်သူများ သို့မဟုတ် မိမိတို့၏ ဦးဆောင်မှုနောက် မလိုက်သူများကို ရန်သူဟုသတ်မှတ်ရန်လည်း မခဲယဉ်း ပေ။ မိမိတို့အစုအဖွဲ့၏ သိမှတ်ပုံ(အမျိုး၊ ဘာသာ၊ အယူဝါဒ)ကို ကာကွယ်ရမည်ဟူ၍ လည်းကောင်း၊ မိမိအစုအဖွဲ့များသာရှိသည့် သီးသန့်ကမ္ဘာတည်ဆောက်ရမည်ဟူ၍လည်းကောင်း အစွန်းရောက်အယူဝါဒသမားများက ကြွေးကြော်လှုပ်ရှားလေ့ရှိကြသည်။

ထို့ကြောင့် အစွန်းရောက်အယူဝါဒနှင့် ရန်လိုတိုက်ခိုက်မှုတို့ တွဲစပ်လျက်ရှိတတ်သည်။

အယူဝါဒရေးရာ ပြင်းထန်မှုက မည်သည့်အကြောင်းကိစ္စကိုမဆို တင်းကျပ်သည်။ နယ်နိမိတ်သတ်မှတ်မှုပြုသည်။ အကြောင်းအရာများတွင် အဖြူအမည်းနှစ်ခုသာရှိသည်ဟု ယူဆ သည်။ ထို့ကြောင့်ပင် အမ္ဘာတွင်ဖြစ်ခဲ့သမျှ ဂျီနိုဆိုက်များ၌ အယူဝဒါပြင်းထန်မှု၏ တွန်းအားများ ပါဝင်သည်သာ ဖြစ်သည်။

၅။        အာဏာစနစ်နှင့် အာဏာရှင်စရိုက်ကြီးစိုးနေခြင်း

အာဏာရှင်အစိုးရနှင့် အာဏာရှင်စရိုက်ဖက်သို့ ယိုင်သည့်အစိုးရများတွင် စိတ်လိုလက်ရ အင်အားသုံးနိုင်သော အခွင့်အရေးရှိနေလေ့ရှိသည်။ အင်အားနှင့်အာဏာကို အထိန်းအကွပ် ပြုနိုင်သည့် အခြေအနေ များများစားစား မရှိပေ။

အာဏာကို ကန့်သတ်သည့် အနေအထားမရှိလေ ခေါင်းဆောင်နှင့်အာဏာပိုင်လူတစ်စု ထင်ရာစိုင်းရန် အခွင့်အရေးရလေဖြစ်သည်။ ထို့အပြင် အာဏာရှင်စနစ်တိုင်းသည် ကျိုးနွံနာခံ သော ဗျူရိုကရေစီယန္တယားကို တည်ထောင်လေ့ရှိသည်။ သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက် ခွဲဝေလုပ်ကိုင်သည်မှာ ဗျူရိုကရေစီသဘော သဘာဝဖြစ်သည်။ ကြီးမားသည့် ဆုတ်ယုတ်မှုများကို ပင်ဖြစ်စေ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ကိုင်စေသည့်အခါ ငြင်းဆိုခုခံမှုနည်းသွားသည်။  ဗျူရိုကရေစီသည် လူတို့၏ကိုယ်ကျင့်သီလကို အိပ်ဆေးကျွေးရန် အထောက်အပံ့ပြုသည်။ (Bureaucracy Provides the moral sleeping pills) ဟုပင် ရည်ညွှန်းကြသည်။ အာဏာရှင်စနစ်သည် ဤအခြေအနေကို အသုံးချ၍ ဆိုးယုတ်မှုများ ဖန်တီးလေ့ရှိသည်။

ဆက်စပ်နေသော အခြေအနေတစ်ခုမှာ အာဏာရှင်မှ ဒီမိုကရေစီသို့ အကူးအပြောင်း တွင်လည်း အန္တရာယ်များတတ်ခြင်းဖြစ်သည်။ အာဏာကို ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ချုပ်ကိုင် လိုသောအခါ၊ အကျိုးစီးပွားများကို ကာကွယ်လိုသောအခါ၊ အထက်စီးရသောလူတန်းစားသည် ပုံစံနှစ်မျိုးဖြင့် တုံ့ပြန်ကြသည်ကိုတွေ့ရသည်။ တစ်မျိုးမှာ အကြမ်းဖက်မှုများ ဖန်တီးကာ ရှုပ်ထွေးစေသည့်နည်းဖြစ်သည်။ အခြားတစ်မျိုးမှာ လူမျိုးရေး၊ ဘာသာရေးခေါင်းစဉ်ဖြင့် အင်အားတည်ထောင်ခြင်းဖြစ်သည်။ နှစ်ခုလုံးမှာပမာဏ ကြီးမားသော အကြမ်းဖက်မှုဆီ တိုးဝင်သွားမည့်အန္တရာယ်ရှိသည်။

တစ်ဦးတစ်ယောက်၏ လက်ထဲတွင် အာဏာစုပြုံနေပြီး ထိုသူက အခြားသောလူမျိုး၊ အစုအဖွဲ့တို့ကို မုန်းတီးသူဖြစ်နေသောအခါ သုတ်သင်ရှင်းလင်းမှုများဖြစ်လာမည့် အန္တရာယ်ကြီး လာသည်။

၆။        ခွဲခြားဆက်ဆံသည့် မူဝါဒများကျင့်သုံးခြင်း

အချို့သော လူအစုအဖွဲ့များကို မိမိတို့၏ကိုယ်ကျင့် တရားစံနှုန်းအတွင်း ထည့်သွင်း စဉ်းစားရန်မလို။ တစ်နည်းအားဖြင့် ထိုသူတို့၏ဖြစ်တည်မှုကို ထည့်တွက်ရန်မလို။ ဖယ်ထုတ် ဖယ်ရှားထားရမည်။ နေရာပေး၍ မရဟူသော ခွဲခြားဆက်ဆံသည့်မူဝါဒများ အရှိန်မြင့်လာလျှင် အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်သည်။ အထူးသဖြင့် လူများစုက ခွဲခြားဆက်ဆံမှုကို ဖြစ်သင့်သည်ဟု ယုံကြည်နေကြသည့်အခါ နိုင်ငံရေးအရ ထောက်ခံမှုရရန်အတွက် ခေါင်းဆောင် များသည် တစ်ဖက်သတ်ဖိနှိပ်မှုများကို ပြုလာနိုင်သည်။ ခွဲခြားခံရသူဖက်က အကြမ်းဖက် တုံ့ပြန်သောအခါတွင်လည်း ထိုတုံ့ပြန်မှုထက် အဆများစွာပိုကြီးသော အင်းအားဖြင့် တုံ့ပြန်မှုများ ဖြစ်ပွားနိုင်သည်။

ခွဲခြားဆက်ဆံသည့် မူဝါဒများကျင့်သုံးသည့်အခါ ထိုမူဝါဒများကို အင်အားဖြင့် သွတ်သွင်း အကောင်အထည်ဖော်ကြရသည်။ ခွဲခြားဆက်ဆံမှုမှသည် အကြမ်းဖက်မှုသို့ အလွယ်တကူ ကူးပြောင်းရန် မခက်ခဲလှပေ။

ခွဲခြားဆက်ဆံသည့်မူဝါဒများဖြင့် လူများကြိုက် ထောက်ခံမှုကို ရနိုင်သည့်အခါ နိုင်ငံရေး အင်အားစုများသည် တိုက်ရိုက် သို့မဟုတ် သွယ်ဝှိုက်၍ ထိုမူဝါဒများကို အားပေးကြသည်။ ရလဒ်မှာ ခွင့်တူညီမျှမဟုတ်တော့ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံး ပုံပျက်လာခြင်းဖြစ်သည်။ အစိုးရက ဦးဆောင်၍ ခွဲခြားဆက်ဆံမှုကျင့်သုံးသော နိုင်ငံဖြစ်လာသည်။

အခြေခံအားဖြင့် ခွဲခြားဆက်ဆံမှုသည် ဖယ်ထုတ်စဉ်းစားသည့် ပုံစံပင်ဖြစ်သည် ဖယ်ထုတ်စဉ်းစားမှုမှသည် ဖယ်ထုတ်ရှင်းလင်းသုတ်သင်သည့် အဆင့်သို့ ရောက်ရှိလျက်ရှိသည်။

ခွဲခြားဆက်ဆံမှုကြီးမားသော လူ့အဖွဲ့အစည်းများတွင် မကျေနပ်မှုများ မခံအရပ်နိုင်မှုများ ကျယ်ပြန့်နေမည်သာဖြစ်သည်။ ဤသို့ဖြင့် ပြင်းထန်ဆိုးရွားသော အကြမ်းဖက်မှုများ ပေါ်ပေါက်နိုင်သည့် ရေခံမြေခံဖြစ်နေလိမ့်မည်။

၇။        စီးပွားရေးနှင့် ဆက်စပ်ပြဿနာများ

စီးပွားရေးနှင့် ကုန်သွယ်ရေးကျဆင်းမှု ဆင်းရဲချမ်းသာကွာဟပ်မှု ကြီးမားခြင်းတို့ကြောင့် ပြည်သူလူထုအတွင်း မကျေနပ်ချက်များ ပေါ်ပေါက်လာနိုင်သည်။ ထိုမှတစ်ဆင့် နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်လာသောအခါ အာဏာပိုင်တို့က မည်သူ့ကြောင့် အမည်ဝါကြောင့်ဟု လက်ညှိထိုး တရားခံရှာလေ့ရှိသည်။ အကျပ်အတည်းတွင် စီးပွားရေး၊ နိုင်ငံရေး၊ ဖွဲ့စည်းပုံများကို စဉ်ခေါ်သည့် အောက်ခြေလှုပ်ရှားမှုများ ပေါ်ပေါက်လာတတ်သည်။ ရံဖန်ရံခါ လူမျိုးရေးနှင့် လူတန်းစားအကြမ်းဖက်မှုသို့ ပြောင်းလာတတ်သည် နိုင်ငံရေးသမားများက ထိုအခြေအနေကို အသုံးချခြင်း၊ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုဖြင့် လမ်းလွှဲခြင်းသည်လည်း ဖြစ်လျက်ရှိသည်။

စီးပွားရေးကျဆင်းမှုသည် နိုင်ငံရေးမတည်ငြိမ်မှုနှင့်ဆက်စပ်လျက်ရှိသည်။ နိုင်ငံရေး မတည်ငြိမ်မှုမှသည် အကြမ်းဖက်အာဏာချုပ်ကိုင်ရန် ကြိုးပမ်းမှုများဆီသို့ ဦးတည်တတ်သည်။

အခြားတစ်ဖက်တွင်းလည်း လူမျိုးစုတို့၏ စီးပွားရေးနှင့် သယံဇာတရပိုင်ခွင့်များကို ဖြည့်နှိပ်ရာမှ ပဋိပက္ခများဖြစ်ပေါ်လာနိုင်သည်။ ပြည်တွင်းစစ်များတွင် စီးပွားရေးနှင့်ဆက်စပ် သောကိစ္စများ ပါဝင်နေတတ်သည်။

၈။        တစ်ဖက်စွန်းဆီတွင် ရပ်တည်လာကြခြင်းများ

ပုံမှန်အားဖြင့် လူ့အဖွဲ့အစည်းတို့တွင် အစွန်းနှစ်ဖက်နှင့် လူနည်းစုနှင့်အလယ်တွင် လူအများစုရှိနေတတ်သည်။ သို့မဟုတ် သဘောကွဲလွဲမှုများ ရှိသော်လည်း အရေးကြီးကိစ္စများတွင် သဘောတူကြသည့် ရွှေ့လျားပြောင်းလဲရပ်တည်မှုများ ရှိတတ်သည်။ တရားသေဆုပ်ကိုင်မှု မပြင်းထန်းသည့် သဘောကို ပြသည်။

အထက်ဖော်ပြပါအခြေအနေမှသည် လူအများစုက တစ်ဖက်စွန်းဆီတွင် ရပ်တည်၍ ဘုံသဘောတူသည့်ကိစ္စများ နည်းပါးလာသည့်အနေအထားကို သတိထားကြရသည်။

အကြောင်းအရာတစ်ခုပေါ်လာလျှင် ထောက်ခံသည် သို့မဟုတ် ကန့်ကွပ်သည်ဟူသော အသေဆုပ်ကိုင်ရပ်တည်ချက်သာရှိသည်။ တစ်ဖက်နှင့်တစ်ဖက် ရန်သူဟူ၍ သဘောထားသည် အဘယ်ကြောင့် ကန့်ကွက်သင့်ကြောင်း၊ အဘယ်ကြောင့်ထောက်ခံသင့်ကြောင်း ဆွေးနွေးမှုမရှိ တစ်ဖက်နှင့်တစ်ဖက် ထိတိုက်တွက်လျှင် (ဥပမာ-ထောက်ခံဆန္ဒပြပွဲနှင့် ကန့်ကွက်ဆန္ဒပြပွဲ သွားဆုံမည့်ကြလျှင်) ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန်သာ အသင့်ဖြစ်နေသည်။ အစိုးရများ၊ နိုင်ငံရေးအင်အားစုများကလည်း မိမိတို့နောက်လိုက်များ၏ အကြွင်းမဲ့နာခံမှုကို တောင်းဆို၍ အစွန်းရောက်မှုဆီ တွန်းပို့သည်။ ဤသို့သော တစ်ဖက်စွန်းဆီတွင် ရပ်တည်လာခြင်း (Polarization) အခြေအနေများသည် လူ့အဖွဲ့အစည်းကို အကြမ်းဖက်ပေါက်ကွဲမှုများဆီ ဆွဲခေါ်သွားတတ်သည်။

ကျုပ်တို့လုပ်နိုင်တာတွေ

၁။        တရားဝင်ဖြစ်စေခြင်း(Legimization)

ပြိုင်ဖက်အုပ်စုများသည်လည်း မိမိတို့ကဲ့သို့ပင် လူသားများဖြစ်ကြသည်။ ထိုသူတို့၏တရားဝင်ဖြစ်မှုကို အသိအမှတ်ပြုရမည်ဟူသော ခံယူချက်သည် ငြိမ်းချမ်းရေးတည်ဆောက်ရန် လမ်းစဖြစ်သည်။ ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှုကွဲပြားခြင်းများရှိသော်လည်း လူသားဖြစ်ခြင်းဟူသော တူညီသည့်သဘောကို လက်ခံကြရမည်ဖြစ်သည်။ မိမိတို့ လူ့အဖွဲ့အစည်းအတွင်း တစ်ဖက်နှင့်တစ်ဖက် တရားမဝင်ဖြစ်အောင် ပြောဆိုခြင်းများ၊ လူအဖြစ်အမြင်နိုင်အောင် ပြောဆိုခြင်းများကို ငြိမ်းချမ်းရေးလှုပ်ရှားသူများအနေနှင့် စောင့်ကြည့်သတိပေးနေရမည်ဖြစ်သည်။

၂။         ညီတူမျှတူဖြစ်စေခြင်း(Equalization)

ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် အုပ်စုတစ်ခုနှင့် တစ်ခုအကြား တန်းတူညီမျှ အခွင့်အရေးရကြစေရန် ဆောင်ရွက်ကြရသည်။ အညီအမျှပြုမူ ဆက်ဆံခံရသည်ဟု ခံစားနိုင်ကြရန်ဟူသည် အုပ်စုတစ်ခုကနေ အပေါ်စီးကနေ၍ ပြုမူဆက်ဆံနေမျှ ချောမွေ့သော ဆက်ဆံရေးဖြစ်ရန် မလွယ်ကူပေ။

၃။        ခွဲခြားရှုမြင်ခြင်း(Differentiation)

အခြားတစ်ဖက်မှ အုပ်စုသည် မိမိတို့အုပ်စုကဲ့သို့ပင် အမျိုးမျိုးအစားစားသော လူများဖြင့် ဖွဲ့စည်းထားသည်။ သဘောထားပျော့ပြောင်းသူများရှိသလို၊ သဘောထားတင်းမာသူများလည်း ရှိနိုင်သည်။ အခြားအုပ်စုကို ရှုမြင်သောအခါ တစ်သွေးတစ်သံ၊ တစ်ပုံစံတည်းဟု ကောက်ချက်မဆွဲမိရန် လိုသည်။ အခြားအုပ်စုမှ တစ်စုံတစ်ယောက်၏ လုပ်ရပ်သည်လည်း အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုခြင်း ရှိမရှိ ဝေဖန်ထောက်ရှုရန်လိုသည်။ မည်သို့သော အခြေအနေတွင်ပင်ဖြစ်စေ အခြားအုပ်စုတွင် မိမိတို့ကဲ့သို့ပင် ငြိမ်းချမ်းရေးဖွေရှာလိုသူများရှိမည်ကို တွေးဆဆော်ဩရန်လိုသည်။

၄။        လူအဖြစ်ရှုမြင်ခြင်း(Personalization)

အခြားတစ်ဖက်မှအုပ်စုသည် လူမဟုတ်သူများ၊ လူအဖြစ်အသိအမှတ်မပြုထိုက်သူများဖြင့် ဖွဲ့စည်းထားသော လူသားအစုအဖွဲ့ဟု ပြောင်းလဲရှုမြင်နိုင်ရမည်။ အခြားအုပ်စုသည် မိမိတို့ကဲ့သိုပင် မိခင်များ၊ သားသမီးများ စသည့် လူသားဆန်မှု အစုအဝေးကြီးဖြစ်သည်။ မိမိတို့အုပ်စုကဲ့သို့ပင် ဆိုးမိုက်သူခြွင်းချက်များလည်း ရှိလိမ့်မည်။ ပဠိပက္ခပြင်းထန်သော ကာလအတွင်း ပြင်ပအုပ်စုများကို တရားမဝင်ဖြစ်စေခြင်း၊ လူအဖြစ်မှလျောကျစေခြင်း၊ တစ်ပုံစံတည်း တစ်စုတစ်ဖွဲ့တည်းဟု မြင်ခြင်း၏အကျိုးဆက်မှာ တစ်ဖက်အုပ်စု၏ လူသားဆန်သော ဖြစ်တည်းမှုများကို မေ့လျော့ကာ ချေမှုန်းရမည့်ရန်သူဟူသော အမြင်ခိုင်မာလာတတ်ခြင်းဖြစ်သည်။ ထိုအမြင်များကို တစ်ဆင့်ချင်းပြောင်းလဲပြုပြင်၍ လူသားဂုဏ်ရည်ပြန်လည်မျှဝေရန် လိုအပ်သည်။

၅။        ယုံကြည်မှုတည်ဆောက်ခြင်း (Trust)

ယုံကြည်မှုတည်ဆောက်ရာတွင် အဓိကအခက်အခဲမှာ မိမိယုံကြည်မှုကို အလွဲသုံးစားပြု၍ အမြတ်ထုတ်ခံရမည့် အန္တရာယ်ဖြစ်သည်။ သို့ရာတွင် အဖက်ဖက်မှ ယုံကြည်မှုဖြင့် လက်ကမ်းမှု မပြုမချင်း ငြိမ်းချမ်းရေးအဖြေရှာရန် မလွယ်ကူနိုင်ပေ။ အတော်အတန်အန္တရာယ်ရှိသော်လည်း ကြီးကြီးမားမားထိခိုက်နိုင်ခြေမရှိလျှင် မိမိဖက်မှစတင်၍ ယုံကြည်မှု ကမ်းလှမ်းတည်ဆောက်ရန် အကြံပြုလေ့ရှိကြသည်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ထိတွေ့ ဆက်ဆံမှုမှနေ၍ ကျယ်ပြန့်သောယုံကြည်မှု တည်ဆောက်သည့် အဆင့်သို့ ရောက်ရှိနိုင်သည်။

ယုံကြည်မှုဟူသည်မှာ တစ်ဖက်နှင့်တစ်ဖက် ကောင်းမွန်စွာ ပြုမူဆက်ဆံလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြစ်သည်။ လုံးလုံးလျားလျား ယုံကြည်မှုဟူသည်မှာ ပြင်ပအုပ်စုအနေနှင့် အနာဂတ်တွင်လည်း မိမိတို့ကို ကောင်းမွန်စွာ ပြုမူဆက်ဆံလိမ့်မည်ဟု ယုံကြည်နိုင်သောအခါတွင် ဖြစ်တည်နိုင်သည်။ အပြန်အလှန်အားဖြင့်လည်း ပြင်ပအုပ်စုက မိမိတို့အပေါ် အရှည်သဖြင့် ကောင်းမွန်စွာ ပြုမူဆက်ဆံလိမ့်မည်ဟု မမျှော်လင့်နိုင်သည့်အခါတွင် ရေရှည်တည်သော ယုံကြည်မှုကို မရနိုင်ပါ။

(Positive Expectation and Lack of Negative Expectations about Future; behaviors of the rival)

၆။        မျှော်လင့်ချက်တည်ဆောက်ခြင်း(Hope)

ပိုကောင်းသည့်အနာဂတ် ဖြစ်တည်နိုင်သည်ဟူသော မျှော်လင့်ချက်ရှိမှသာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းနိုင်ကြမည်ဖြစ်သည်။ မျှော်လင့်နိုင်ခြေရှိမှမှသာ တီထွင်ဖန်တီးမှု၊ စိတ်ပိုင်းဆိုင်ရာအရ ပြေလျော့မှု အခြေအနေသစ်များဆီသို့ စမ်းသပ်လျှောက်လှမ်းလိုမှု စသည့်အခြေအနေများ ပေါ်ထွက်လာနိုင်မည်။

မျှော်လင့်ချက်ဖြစ်တည်သောအခါ ပစ္စုပ္ပန်တွင် ပါရှိခဲ့သည့် အခြေအနေတို့နှင့်ပါ ကွဲပြားသည့် တွေးကျန်ဆောင်ရွက်နိုင်စွမ်းကို ရှိစေသည်။ Hope enbles people to imagine a future that is differend from the past and presend.

လက်ရှိအခြေအနေတို့သည် မည်သို့မျှပြောင်းလဲနိုင်စရာ မရှိဟူသော မျှောက်လင့်ချက်မဲ့သည့်စိတ်ဝင်ရောက်သွားသောအခါ အများပြည်သူတို့သည် တစ်စုံတစ်ရာတွန်းတိုက် လှုပ်ရှားမှုပြုရန် စိတ်မထက်သန်တော့ချေ။ ထိုအခြေအနေမျိုးတွင် ဖြစ်နိုင်ခြေရှိသည့် အနာဂတ်မျှော်လင့်ချက်ဖြင့် နိုးထလှုပ်ရှားလာအောင် ဆော်ဩကြရသည်။

၇။        ဘုံမြင်ကွင်းအနာဂတ်သစ်ကိုတည်ဆောက်ခြင်း(Creating New Common Vision)

ဖက်ပြိုင်နေကြသော အုပ်စုအားလုံးက မဖြစ်မအနေ ငြိမ်းချမ်းရေးရမည်ဟူသော ဘုံမြင်ကွင်းကို တည်ဆောက်နိုင်ကြရန်လိုသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်အတွက် ရေရည်အကျိုးစီးပွားရှိမည်ကို ယုံကြည်လာအောင်အားထုတ်ကြရသည်။၈။          တရားမျှတမူဖြစ်တည်အောင်ဆွဲဆောင်စည်းရုံးယူခြင်း(Persusasion)

အုပ်ချုပ်သူလူတန်းစားကြောင့်ဖြစ်စေ၊ နိုင်ငံရေး၊ စီးပွားရေးစနစ်များကြောင့်ဖြစ်စေ မျှတမှုကင်းမဲ့နေလျှင် ငြိမ်းချမ်းရေးဖြစ်တည်ရန် မလွယ်ကူပေ။ ထိုသို့သော အခြေအနေများတွင် ဖွဲ့စည်းပုံဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ အကြမ်းဖက်မှုများကို ရပ်တန့်ပြောင်းလဲနိုင်ရန် ကြိုးစားရလေ့ရှိသည်။ ဆွဲဆောင်စည်းရုံးခြင်း (Persusasion) နှင့် အကြမ်းမဖက် ဆန့်ကျင်ရေးစွမ်းအားကို အသုံးပြုခြင်း (Non-Violent Power) နည်းစနစ်နှစ်ခုကို အများဆုံး အသုံးပြုလာကြသည်။

အောက်ပါအခြေအနေသုံးခုအပေါ် အခြေခံ၍ ဆွဲဆောင်စည်းရုံးရေး လှုပ်ရှားမှုများ ပြုနိုင်သည်။

–           သီလတရားတန်ဖိုးများဖြင့် ဆွဲဆောင်ခြင်း

–           ကောင်းကျိုးစီးပွားဖြစ်နိုင်ပုံကို ပြောဆိုစည်းရုံးခြင်း

–           ကောင်းသတင်း သိက္ခာဖြစ်နိုင်ပုံကို ပြောဆိုစည်းရုံးခြင်း

၉။        သီလတရားတန်ဖိုးများဖြင့်  ဆွဲဆောင်ခြင်း (Moral Values)

တိုက်ခိုက်အကြမ်းဖက်မှုသာမက ဖွဲ့စည်းပုံအားဖြင့် အကြမ်းဖက်မှု၊ ယဉ်ကျေးမှုအားဖြင့် အကြမ်းဖက်မှုများသည် မည်သည့်ပုံစံမဆို ကိုယ်ကျင့်သီလတန်ဖိုးများနှင့် ဆန့်ကျင့်မြဲဖြစ်သည်။ ဤသို့သော အကြမ်းဖက်မှုတို့သည် ကိုယ်ကျင့်သီလဖောက်ဖျက်ကျူးလွန်ရာရောက်သည်ဟု ပြောဆိုကာ သတိပေးဆွဲဆောင်နိုင်သည်။ မိမိတစ်သက်တာအတွက်သာမက နောင်မျိုးဆက် အတွက်ပါ ထည့်သွင်းစဉ်းစားပေးမှ သီလရှိရာရောက်မည်ဟု သတိပေးဆွဲဆောင်ခြင်းမျိုးလည်း ပြုလုပ်နိုင်သည်။ တာဝန်ရှိသူတို့၏အပြောနှင့် အလုပ် ကွာဟနေခြင်းမျိုးကိုလည်း သီလအမြင် ရှုထောင့်မှ သိစေအပ်သည်။

၁၀။      ကောင်းကျိုးစီးပွားဖြစ်နိုင်ပုံကို ပြောဆိုစည်းရုံးခြင်း (Self-Interests)

အချို့အချို့သောကိစ္စများတွင် စွန့်လွှတ်လက်လျှော့မှုအားဖြင့်သာ ကောင်းကျိုးစီးပွားဆီသို့ ရောက်နိုင်သည်ဟူသော သဘောကို အုပ်ချုပ်သူ၊ တာဝန်ရှိသူများမြင်သာလာစေရန် ပြောဆိုရသည်။ အခြေအနေတစ်ခုနှင့်တစ်ခု ဆက်နွယ်ပတ်သက်နေမှုကို ထောက်ပြရသည်။ အကျင့်ပျက်လာဘ်စားမှုဖြင့် လက်ရှိတွင် ကိုယ်ကျိုးစီးပွားဖြစ်နိုင်သော်လည်း ပျက်ယွင်းနေသော နိုင်ငံတစ်ခုကို ဆက်ခံရမည့်သူ များထဲတွင် မိမိတို့သားသမီးများလည်းပါဝင်လိမ့်မည်။ ထို့အတွက်ကြောင့် ကိုယ်ကျိုးမကြည့်ဘဲ နိုင်ငံကောင်းအောင် တည်ဆောက်ခြင်းအားဖြင့် မိသားစုအကျိုးစီးပွားဖြည့် ဆည်းပေးပြီးသားဖြစ်သည်ဟု တွေးတောခံယူလာအောင် ဆွဲဆောင်ကြရသည်။

၁၁။      ကောင်းသတင်းသိက္ခာဖြစ်နိုင်ပုံကို ပြောဆိုစည်းရုံးခြင်း (Self-actualization)

ကောင်းရာကောင်းကျိုးပြုခြင်းဖြင့် ကောင်းသတင်း ကျော်စောမှုသည် ကိုယ်ကျိုးစီးပွား ထက် များစွာလာလွန်ခိုင်မာသည်ကို သိရှိလာအောင် ပြောဆိုစည်းရုံးကြရသည်။ ဘဝ အဓိပ္ပာယ် ရှိလိုသော် လူ့သဘာဝ၊ အသိအမှတ်ပြုခံရခြင်းဖြင့် ပြည့်ဝအောင်မြင်သည်ဟူသော ခံစားချက် ရရှိနိုင်ခြေတို့ကို ပြောဆိုစည်းရုံးကြရသည်။ လေ့လာချက်တစ်ခုတွင် အပေါ်စီးအာဏာ (Power over) ဖြင့် လုပ်ကိုင်လှုပ်ရှားကြသူတို့သည် ပြည်သူနှင့်လှုပ်ရှားဆောင်ရွက်ရာမှ ပေါ်ထွက်သော ဩဇာ (Power with) ကို ဖန်တီးရယူသူတို့ထက် စိတ်ပိုင်းဆိုင်ရာ အားနည်းသည်ကို တွေ့ရသည်။ အာဏာကို ချုပ်ကိုင်ထားပြီး လက်မလွှတ်ရအောင် ကြိုးပမ်းခြင်းထက် အာဏာကို ခွဲဝေလက်ဆင့်ကမ်းခြင်းက ပို၍လုံခြံကြွယ်ဝစေနိုင်စွမ်းရှိသည်။ ဤအခြေအနေတို့ကို ထောက်ပြ ပြောဆိုစည်းရုံးကြရသည်။

ဆွဲဆောင်စည်းရုံးမှုနည်းစနစ် ကျင့်သုံးရေးသည် အုပ်ချုပ်ရေးတွင် ကိုယ်ကျိုးစီးပွား ကြီးမားစွာ ပါဝင်နေပြီး အာဏာကိုလည်း နိုင်ထက်စီးနင်း ချုပ်ကိုင်ထားသော အခြေအနေတွင် မလွယ်ကူတတ်ပေ။ အာဏာဖြင့် ကြောက်စိတ် (fear) သွတ်သွင်းထားသောကြောင့် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုရန် ခက်ခဲနေခြင်း (သို့မဟုတ်) ကျယ်ပြန့်သောမတရားမှုတို့ကြောင့် ပြည်သူများအတွင်း (အနည်းဆုံးစိတ်အတွင်းကဖြစ်စေ) အမျက်ဒေါသ(Rage) ကြီးမားနေသော အခြေအနေမျိုးတွင် ဆွဲဆောင်စည်းရုံးမှုအတွက် လမ်းစရာရန်ခက်ခဲနိုင်သည်။

၁၂။      မငြိမ်းချမ်းမှုကြောင့် ပေးဆပ်ရသည့်တန်ဖိုးများ အကြောင်းပြောဆိုခြင်း(Talking about Cost to Society)

မငြိမ်းချမ်းသည့်အခါ လူ့အဖွဲ့အစည်းတစ်လုံးက ပေးဆပ်ထမ်းပိုးထားရသည့် ကုန်ကျစရိတ်မှာ ကြီးမားလှသည်။ ထိုစရိတ်ထဲတွင် ပြည်သူတို့၏ အသက်ဇီဝများ၊ ကလေးသူငယ်တို့၏ ဘဝနှင့်အနာဂတ်များပါဝင်သည်။ ရံဖန်ရံခါတွင် အတ္တများ မာနများ၊ မုန်းတီးမှုများ၊ မိုက်မဲမှုများ၊ ပညာမဲ့ မှုများကြောင့် ထိုစရိတ်စကတို့ကို ဂရုမပြုတတ်ကြချေ။ ငြိမ်းချမ်းရေးလှုပ်ရှားသူများသည် နည်းလမ်းအမျိုးမျိုးဖြင့် အဆိုပါ စရိတ်စကများကို ပြည်သူနှင့်ခေါင်းဆောင်တို့သိအောင် အားထုတ်ကြရသည်။

၁၃။      အားလုံးနှင့်သက်ဆိုင်သော တန်ဖိုးများဖော်ထုတ်ခြင်း(Universal Values)

လူမျိုး၊ ဘာသာ၊ ကျားမ မည်သို့ပင်ကွဲပြားခြားနားစေကာမူ အောက်ပါစံတန်ဖိုးများသည် လူ့အသိုက်အမြုံအတွင်းရှိ လူအားလုံးနှင့် အကျုံးဝင်စေရမည်။ သို့မှသာ ငြိမ်းချမ်းသည့် လူ့အသိုက်အမြုံတည်တောက်ရန် ဖြစ်နိုင်ခြေရှိသည်။

–           လူသားအားလုံးသည် အသက်ရှင်ရပ်တည်ပိုင်ခွင့်ရှိသည်။ (Survival)

–           အသက်ရှင်နေထိုင်ရန် ရေမြေတောတောင် သဘာဝ အခြေအနေကို ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်နိုင်ရမည်။ (Sustaining the Habitat)

–           စိုးရွံ့ထိတ်လန့်ရခြင်းမှ ကင်းလွတ်ခွင့်ရှိရမည်။ (Freedom from fear)

–           သတင်းအချက်အလက်ရပိုင်ခွင့်နှင့် လွတ်လပ်စွာပြောဆိုစုရုံးပိုင်ခွင့်တို့ရှိရမည်။ (Freedom of Information)

–           ချို့တဲ့ဆင်းရဲခြင်းမှ လွတ်ကင်း၍ ပညာရေး၊ ကျန်းမာရေး၊ အမိုးအကာ၊ စားနပ်ရိက္ခာ စသည့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံစေမမှုတို့ရှိရမည်။ (Freedom from want)

–           လူသားတိုင်း မိမိတို့၏ လွတ်လပ်ခွင့်များ မဆုံးရှုံးစေရအောင် ကာကွယ်စောင့်ရှောက်ပေးသည့် အခြေအနေများရှိရမည်။ ချိုးဖောက်သူများကို တုံ့ပြန်အရေးယူသည့်စနစ်ရှိရမည်။ (Right to be protected)

၁၄။      ယဉ်ကျေးမှုထုတ်ကုန်များတွင် ငြိမ်းချမ်းရေး သတင်းစကားများ ဖော်ပြခြင်း (Expression in Cultural Products)

လူအများထံသို့ နေ့စဉ်ရောက်ရှိနေသော  ယဉ်ကျေးမှု ထုတ်ကုန်များတွင် ငြိမ်းချမ်းရေးသတင်းစကားများ၊ ငြိမ်းချမ်းရေးစိတ်အတွေးများ ပါရှိနေရန်လိုအပ်သည်။ အမုန်းစကားများကို မကျယ်ပြန့်စေဘဲ မေတ္တာစကားများ ပြန့်ပွားအောင် ယဉ်ကျေးမှုနှင့် အနုပညာထွက်ကုန်များက ဆောင်ရွက်ပေးနိုင်သည်။

ငြိမ်းချမ်းရေးသတင်းစကားများကို ကျယ်ပြန့်စွာဖြန့်ဝေခြင်း Extensive Sharing  နှင့် တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်း Wide application တို့ဖြစ်ပေါ်နေအောင် အားထုတ်ကြရသည်။

၁၅။      ငြိမ်းချမ်းရေးကို အားပေးသော ပညာရေးတည်ဆောက်ခြင်း (Education for Peace)

ထင်ဟပ်သုံးသပ်စဉ်းစားခြင်းစွမ်းရည် (Reflective Thinking) သည် ငြိမ်းချမ်းရေးကို အားပေးသော ပညာရေးစနစ်တွင် အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။ အစိတ်ပွင့်လင်းမှုရှိစေ၍ အယူအစွဲများ တစ်ဖက်သတ်အမြင်များကို ငြင်းပယ်နိုင်ရန် စဉ်စားတွေးတော သုံးသပ်နိုင်သည့် စွမ်းရည်လိုအပ်သည်။ စဉ်းစားဆင်ခြင်သည့် စွမ်းရည်မြင့်မားသည့် စွမ်းရည်လိုအပ်သည်။ စဉ်းစားဆင်ခြင်သည့် စွမ်းရည်မြင့်မားသည့် လူ့အဖွဲ့အစည်းတွင် ခေါင်းဆောင်တို့၏အဆုံးအဖြတ်နှင့် ဟောပြောချက်များနော်သို့ အတွေးမဲ့လိုက်ပါသွားခြင်းများ၊ အဆင်ခြင်မဲ့ အမိန့်နာခံခြင်းများ နည်းပါးလေ့ရှိသည်။ ပိတ်ဆို့မထားဘြ အခြေအနေ၊ အကြောင်းအရာအားလုံးကို လက်ခံစဉ်းစားခြင်းအားဖြင့် ကျယ်ပြန့်သည့် စိတ်သဘောထားရရှိကာ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အထောက်အကူပြုနိုင်သည်။ စိတ်ရှည်သည်းခံမှု (Tolerance) ဟူသည် အခြားသူများ၏ အခွင့်အရေးနှင့် အတွေးအမြင်၊ သဘောထား၊ အပြုအမူများကို လက်ခံအသိအမှတ်ပြုပေးခြင်း သဘောဖြစ်သည်။ Tolerance refers to the recognition and acceptance of the right of all individuals as well as group to have their own thoughts, opinions, attitudes, will and behavior. ဤစွမ်းရည်ကိုတည်ဆောက်ပေးရန် ပညာရေးစနစ်က အဓိကကျလှသည်။

၁၆။      ဖွင့်ထားသော စိတ်နှင့် ဝေဖန်ပိုင်းခြားနိုင်မှုမြင့်မားစေခြင်း (Open Mind)

မိမိယုံကြည်ချက်၊ ရပ်တည်ချက်နှင့် ဆန့်ကျင်နေသော သတင်းအချက်အလက်များကို လက်ခံရန် ဝန်လေးခြင်း၊ အထောက်အထားများရှိသည့်တိုင် မိမိယုံကြည်ချက်နှင့် ဆန့်ကျင့်နေလျှင် လက်ခံရန်ငြင်းပယ်ခြင်းတို့သည် ပိတ်ဆို့ရပ်တန့်နေသော စိတ်၏ လက္ခဏာများဟု ဆိုသည်။ (Closed Mandedness)

ဖွင့်ထားသောစိတ်၊ လင်းပွင့်သောစိတ်ဖြစ်ရန်အတွက် အောက်ပါအခြေအနေ (၄)ခု လိုအပ်သည်။

–           မိမိအယူအဆကိုဖော်ပြနိုင်ခြင်း- တစ်နည်းအားဖြင့် ရှုထောင့်အမြင်ဖော်ထုတ်ခြင်း (Perspective giving)

–           အခြားသူများ၏ အမြင်ကို နားထောင်လက်ခံစဉ်းစားခြင်း (Perspective taking) အခြားတစ်ဖက်မှ အမြင်ကို အသိအမှတ်ပြုခြင်းဟူသော အဓိပ္ပာယ်လည်း ပါဝင်သည်။

–           ပေါင်းစပ်စုစည်း၍ အမြင်သစ်ဖော်ထုတ်ခြင်း (Generating Perspectives)

–           အမြင်သစ်၊ အဖြေသစ်များကို လက်ခံအသုံးပြုခြင်း (Implementing)

၁၇။      အခြားတစ်ဖက်မှ ကြည့်ခြင်းနှင့်စာနာနားလည်ပေးခြင်း (Perspective Taking and Empathy)

အခြားတစ်ဖက်မှ လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့များ၏ စိတ်ခံစားမှု နေရာမှနေ၍ ဝင်ရောက်ကြည့်ရှုနားလည်ပေးနိုင်စွမ်း Perspective taking သည် ငြိမ်းချမ်းရေးအတွက် အရေးပါလှသည်။ ထိုသို့ ဝင်ရောက်ကြည့်ရှုပေးနိုင်မှသာ အခြားတစ်ဖက်၏ စိတ်ကူးခံစားမှု၊ စေ့ဆော်မှု၊ အတွေ့အကြုံ စသည့်အခြေခံ အကြောင်းတရားများကို နားလည်နိုင်သည်။ အခြားတစ်ဖက်မှ ဝင်ရောက်ကြည့်ရှုပေးခြင်းနှင့် စာနာနားလည်ပေးမှုအားဖြင့် အားလုံးတွင် ဘုံတူညီသော လူသားဖြစ်မှု တန်ဖိုးများ၊ စိုးရိမ်ကြောင့်ကမှုများ၊ လိုအပ်ချက်များရှိသည်ကို သိရှိလာနိုင်သည်။ Perspective taking and empathy may also lead both to oerceive that they share a common humanity, as well as comm. Values, concerns and needs.

စာနာနားလည်မှုမှနေ၍ လက်တွေ့ကူးလူးဆက်ဆံမှုဆီသို့ ပြောင်းလဲသွားသောအခါ အုပ်စုများအတွင်း ပဠိပက္ခပြေငြိမ်းရန် လမ်းပွင့်သွားသည်။

၁၈။      တစ်ဦးနှင့်တစ်ဦး လက်ခံခြင်း (Mutual Acceptance)

တစ်ဦးနှင့်တစ်ဦး အသိအမှတ်ပြုခြင်း၊ တရားဝင်ဖြစ်စေခြင်း၊ ထည့်သွင်းစဉ်းစားခြင်း တို့မှနေ၍ အပြန်အလှန် လက်ခံမှုကို ရရှိစေနိုင်သည်။ အပြန်အလှန်လက်ခံမှုသည် အရေးကြီးသောအဆင့်၊ အရေးကြီးသော ခြေလှမ်းဖြစ်သည်။ နှစ်ပေါင်းများစွာ တစ်ဦးနှင့်တစ်ဦး တရားမဝင်ဖြစ်အောင် ပြောဆိုခြင်းများနှင့် လူအဖြစ်မှ လျှော့ချဆက်ဆံခြင်းများကို ရပ်တန့်ဖယ်ခွာလိုက်သည်ဟူသော သဘောဖြစ်သည်။ အပြုသဘောဆန်သော သဘောထားများ စတင်ဖြစ်တည်နေပြီဟူသော သင်္ကေတလည်းဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး သိမြင်လက်ခံပေးပြီးသည့်နောက် တစ်ဦးအခြေအနေကို တစ်ဦးနားလည်ကာ အခြားတစ်ဖက်၏ ရည်ရွယ်ချက်များ၊ လိုအပ်ချက်များ၊ တန်ဖိုးများ၊ အစဉ်အလာများ၊ အတွေ့အကြုံများကို နားလည်သဘောပေါက်ပေးသည့်အဆင့်သို့ ရောက်ရှိသည်။ အပေါ်ယံ လက်ခံမှုကို ကျော်လွန်၍ နားလည်မှုဖြင့် ဖွဲ့စည်းသော ဆက်ဆံရေးသို့ ရောက်ရှိအောင် ကြိုးစားရလေ့ရှိသည်။

၁၉။      ကွဲပြားမှုကို လေးစား၍ တူညီမှုများကို အခြေပြုခြင်း (Respect for differences and focus on commonalities)

ငြိမ်းချမ်းရေးယဉ်ကျေးမှုတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကွဲပြားမှုများရှိသည်ကို လက်ခံ၍ လေးစားမှုကို ပြသသည်။ ကွဲပြားမှုများကို အာရုံစိုက်မနေဘဲ ဘုံတူညီမှုများအပေါ်တွင် အခြေပြု၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းသည်။

 

ဒေါက်တာမြင့်ဇော်