• Today is: Saturday, October 31, 2020
Federal Journal
April21/ 2020
zawgyi
မေး။   ။ ဆရာရဲ့အမည်နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ရာထူးနဲ့အဖွဲ့အစည်းကို ပြောပြပေးပါ။
မေး။   ။ အခုချိန်ထိ သဃံဇာတခွဲဝေမှုကိစ္စပြောကြတဲ့အခါမှာ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဗမာပြည်မက အဖွဲ့အစည်းများ၊ လက်ရှိအာဏာရပါတီနဲ့ တပ်မတော်ကြားမှာ ရပ်တည်ချက်တွေက ဘယ်လောက်ထိနီးစပ်လာမလဲ၊ ပိုပြီးတော့ကွာဟ သွားမလား။
မေး။   ။ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ၊  နမူနာယူတာမျိုး၊ လေ့လာတာမျိုးက မြန်မာပြည်မှာ ဘယ်လောက်အကျိုးရှိမလဲ၊ သဃံ ဇာတခွဲဝေခြင်း အကျိုးရလာဒ်က မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင် မလဲ။
ဒေါက်တာ ရွှေခါးရ်
unicode
                                               သဘာဝသဃံဇာတခွဲဝေရေးနင့်တိုင်းရင်းသားအခွင့်အရေး
ဒေါက်တာရွှေခါးနနှင့်အင်တာဗျူး (အယ်ဒီတာအဖွဲ့တွေ့ဆုံမေးမြန်းသည်)
မေး။  ။ ဆရာရဲ့အမည်နဲ့ လက်ရိတာဝန်ထမ်းဆောင်နေတဲ့ ရာထူးနဲ့အဖွဲ့အစည်းကို ပြောပြပေးပါ။
ဖြေ။    ။ ဒေါက်တော၇ွှခါးရ်ပါ။ ချင်းအမျိုးသားတပ်ဦးရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး (၁)ပါ။ လောလော ဆယ်မှာ လည်း အတွင်းရေးမှူး (၁)အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။
မေး။  ။ ပြီးခဲ့တဲ့လေးနစ်ပြည့်မိန့်ခွန်းမာ ဒေါ်အောင်ဆန်းစုကြည်က မျတသောသဃံဇာတခွဲဝေမုစနစ် မြန်မာပြည်မာ ထားရိရန် လိုအပ်ကြောင်း ပြောခဲ့ပါတယ်။ ဒီကိစ္စကိုတိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကလည်း လိုလားကြောင်းသိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမာ တိတိကျကျပြဋ္ာန်းထား တာလည်း မတွေ့ရပါဘူး။  ဘယ်လိုစိန်ခေါ်မုတွေရိနေလို့ပါလဲ။
ဖြေ။    ။ ပထမဆုံးပြောချင်တာက ၂၀ဝ၈ ဖွဲ့စည်းပုံကိုက အခြေခံမူထဲမှာထည့်ထားတဲ့ဟာကိုက မြေပေါ်မြေအောက် ရေပေါ်ရေ  အောက် လေထုစသဖြင့် အကုန်လုံးဟာနိုင်ငံတော်ကပိုင်တယ်။ ပြီးတော့ ဒီဟာကို စီမံခန့်ခွဲဖို့အတွက် နိုင်ငံတော်ကပဲ ဦးဆောင်ပြု လုပ်မယ်ဆိုတဲ့ဟာ ပါလာတယ်။ အားလုံးသိတဲ့အတိုင်းပဲ ဖွဲ့စည်းပုံတစ်ခုကို ကြည့်မယ်ဆိုရင် အခြေခံမူ ဆိုတာရှိတယ်။ အဲ့ဒီအခြေ ခံမူကို ထပ်ဆင့်ပြီးတော့ သေချာသွားအောင်ဆိုပြီးတွေ ထပ်လုပ်ကြတယ်။ ဒါတွေကို နိုင်ငံခေါင်းဆောင်တွေကလုပ်တာ။ ပြီးတော့ မှ အဲ့ဒီအခြေခံမူတွေကို အကောင်အထည်ဖော်နိုင်မယ့် အခြားသော ပုဒ်မတွေကို ရေးရတယ်။ ဒီကိစ္စကို ပြည်ထောင်စုကပဲ စီမံခန့်ခွဲမှု ဖော်ထုတ်မှု အကုန်လုံးကို ယူရတာဖြစ် တယ်။ အဲဒါကြောင့် ဇယား (၁)မှာပဲ အကုန်လုံးထည့်ပြီးတော့ ဇယား (၂) မှာ ဒီကိစ္စ မပါတာဖြစ်တယ်။ အဲဒီတော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေက ဒီသဃံဇာတခွဲဝေမှုကိစ္စ ထည့်ထားတာမတွေ့ဘူး။  ပြည်ထောင်စုကပဲ လုပ်မယ်ဆိုတာဖြစ် နေတယ်။
မေး။  ။ မြန်မာပြည်မာတိုင်းရင်းသားများလိုလားသော သဃံဇာတခွဲဝေမုအချိုးကိစ္စပေါ့။ အများအားဖြင့် ပြောနေကြတာ ကတော့  ပြည်နယ် ၇၀၊ ဗဟို ၃၀ စသည်ဖြင့် ပြောနေကြတယ်။ ဒီအပေါ်မာ ဆရာ့အနေနဲ့ဘယ်လိုမြင်ပါသလဲ။ တိုင်းရင်းသားအဖွဲ့အစည်း များကြားမာရော အမြင်ချင်း တူညီနိုင်ပါ့မလား။
ဖြေ။    ။ ဒီကိစ္စနဲ့ပတ်သက်ပြီးအခြားနိုင်ငံတွေမှာ ဘယ်လိုလုပ်ကြသလဲ သေချာလေ့လာဖို့လိုပါတယ်။ ကျွန်တော်တို့ တော်တော်  များများလေ့လာကြည့်တော့ မဟာဗျူဟာကျတဲ့ သဘာဝအရင်းအမြစ်ဆိုတာရှိတယ်။ အဲဒါကိုတော့ အကြောင်းအမျိုးမျိူး ကြောင့်  ပြည်ထောင်စုကပဲစီမံတယ်။ ပြည်နယ်တွေကို မပေးဘူး။ အဓိကကတော့ စီးပွားရေးအရ၊ လုံခြုံရေးအရလည်း ဖြစ်နိုင်တယ်။ လုံခြုံရေးလို့ပြောရင် ဥပမာ ယူရေနီယံဆိုပါဆို့။ ယူရေနီယံဆိုတာအရ၊ နည်းဗျူဟာအရ တကယ့် နိုင်ငံတော်ကစီမံရမယ့် အရင်းအမြစ်ဖြစ်နေတယ်။ အဲဒါမျိုးကနေစပြီး စဉ်းစားသင့်တယ်။ ထုတ်ယူခွင့်ရှိတာနဲ့ အပိုင်း (၂) ပိုင်းခွဲပြီး စဉ်းစားသင့်ပါတယ်။ ပိုင်ဆိုင်ခွင့်ဘယ်သူကရှိမှာလည်း၊ ထုတ်ယူခွင့်ဘယ်သူကရှိမှာလည်း ပထမဆုံး စဉ်းစားရမယ်။ တကယ့်လုံခြုံရေးအရ နည်းဗျူဟာ ကျတဲ့ သဘာဝအရင်းအမြစ်တွေကျတော့ ပြည်နယ်မှာလည်း ရှိနိုင်တယ်။ ဒါပေမယ့် ထုတ်ယူခွင့်ကျတော့ ပြည်နယ်မှာ မရှိဘူး။ ပြည်ထောင်စုကပဲ စီမံတာတွေ့ရတယ်။ ဒီလိုလုပ်ရ တာကလည်း အကြောင်းအမျိုးမျိုးရှိနိုင်တယ်။ လိုအပ်တဲ့နည်းပညာအရရော၊  ဖြစ်နေတာအရရောပေါ့။ အဲဒီကိစ္စမျိုးကို ပုံစံတစ်မျိုးနဲ့သွားရမယ်။ နောက်ပြီး  မဟုတ်တဲ့ဟာကြတော့ ဘယ်လိုပုံစံနဲ့ လုပ်ကြမလဲ  ပေါ့။ ဒါတွေကို စဉ်းစားသင့် တယ်။ အဲဒီတော့ ဘယ်ဟာကဖြစ်တယ်။ ဘယ်ဟာကတော့ သာမန်အရင်းအမြစ်ဖြစ်တယ်ဆိုတာ ပထမဆုံးခွဲခြားစဉ်း စားရမယ်။ ဒုတိယကတော့ ထုတ်ယူခွင့်ကိစ္စကို စဉ်းစားရမယ်။ အဲဒီဟာတွေပေါ်မှာ အခြေခံပြီးတော့မှ ခွဲဝေမှု ပုံစံစနစ်တစ်ခုကို ထုတ်သင့်တယ်။ လှေနံဓားထစ် အချိုးချပြီးတော့ မလုပ်သင့်ဘူးလို့ မြင်တယ်။
မေး။  ။ အခုချိန်ထိ သဃံဇာတခွဲဝေမုကိစ္စပြောကြတဲ့အခါမာ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဗမာပြည်မက အဖွဲ့အစည်းများ၊ လက်ရိအာဏာရပါတီနဲ့ တပ်မတော်ကြားမာ ရပ်တည်ချက်တွေက ဘယ်လောက်ထိနီးစပ်လာမလဲ၊ ပိုပြီးတော့ကွာဟ သွားမလား။
ဖြေ။    ။ အခုအချိန်ထိ ဆွေးနွေးပွဲတွေကို နားထောင်ကြည့်တာတော့ အစိုးရဘက်က မေးခွန်းထုတ်တာတွေက သဘာဝအရင်း အမြစ်ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်တွေ၊ တိုင်းတွေမှာ လိုအပ်တဲ့နည်းပညာ သတင်း အချက်အလက်နဲ့  စီမံခန့်ခွဲမှုတွေ ရှိနိုင်မလား  မေးခွန်းထုတ်ပြောကြတာတွေ့ရတယ်။ ကျွန်တော့်အမြင် ကတော့ အဲဒီနည်းပညာ၊ စီမံခန့်ခွဲမှုတွေဟာ ဘယ်သူမှ အလွယ်တကူ ချက်ခြင်းရသွားတာမဟုတ်ဘူး။ လေ့လာရင်အကုန်လုပ်လို့ရတယ်လို့မြင်တယ်။ နောက်တစ် ချက်ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ကိုယ်တိုင်က သဃံဇာတခွဲဝေမှုစနစ်ရှိသင့်တယ်ပြောလာတာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်။ ပြည်နယ် ၇၀၊ ဗဟို ၃၀ အဲ့ဒီလို ယေဘုယျ မပြောဘဲ ကျွန်တော်ရှေ့မှာပြောခဲ့သလို အခြေခံအချက်တွေကို စဉ်းစားပြီး မျှတတဲ့ခွဲဝေမှုပုံစံအသစ်၊ ချဉ်းကပ်မှုအသစ် နဲ့ ညှိနှိုင်းအဖြေရှာသွားရင် ရနိုင်မယ်လို့ ကျွန်တော်မြင်တယ်။
မေး။  ။ နိုင်ငံတကာမာကျင့်သုံးနေတဲ့ ၊  နမူနာယူတာမျိုး၊ လေ့လာတာမျိုးက မြန်မာပြည်မာ ဘယ်လောက်အကျိုးရိမလဲ၊ သဃံ ဇာတခွဲဝေခြင်း အကျိုးရလာဒ်က မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မုတွေ ရိလာနိုင် မလဲ။
ဖြေ။    ။ မြန်မာပြည်မှာ သဘာဝအရင်းအမြစ်ပေါကြွယ်ဝတာက ဘယ်လိုဖြစ်နေလဲဆိုတော့ ကျိန်စာလို့ ပြောရမလားပေါ့။ ဒီတော့ ဒီကိစ္စကို တကယ်ပဲ ကိုင်တွယ်နိုင်တယ်။ အားလုံးနားလည်ပြီး သဘောတူတဲ့ ခွဲဝေမှုစနစ် ဖန်တီးနိုင်ရင်တော့ ငြိမ်းချမ်းတဲ့ သဟဇာတဖြစ်တဲ့ဘက်ကို ဦးတည်သွားမှာ ဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ အငြင်းပွားနေဆဲဆိုရင်တော့ လက်နက်ကိုင်ပဋိပက္ခ ပိုဖြစ်လာနိုင်မယ်။ ဒီသဘာဝသဃံဇာတကိစ္စဟာ အရေးကြီးတဲ့ကိစ္စပါ။ လက်နက်ကိုင်ပဋိပက္ခဖြစ် ရတဲ့ အကြောင်းအရင်းတွေကို  သေချာလေ့လာကြည့်ရင် ဒီသဘာဝသဃံဇာတခွဲဝေမှုဟာလည်း အကြောင်းရင်းတစ် ရပ်ပါပဲ။ ဒီတော့အများက လက်ခံနိုင်တဲ့ ခွဲဝေမှုစနစ်၊ အများကသဘောတူတဲ့ပုံစံတစ်ရပ်ကို မစဉ်းစားနိုင်ရင်တော့ ဒီပြဿနာငြိမ်းမှာ မဟုတ်ဘူး။ အများကလက်ခံတဲ့၊  ကျေနပ်တဲ့သဘောတူညီမှုပုံစံ အဖြေတစ်ခုရရင်တော့ ဒီနိုင်ငံ အတွင်းမှာ စည်းလုံးညီညွတ်မှုကောင်းလာမယ်။ သဟဇာတဖြစ်မှု  ကောင်းလာမယ်။ အတူလက်တွဲငြိမ်းချမ်းစွာ သွားမယ်ဆိုတဲ့ဟာလည်း ဖြောင့်ဖြောင့်နဲ့သွားလာနိုင် မယ်။
ဒေါက်တာ ရွှေခါးရ်
ချင်းအမျိုးသားတပ်ဦး လက်ထောက်အထွေထွေအတွင်းရေးမှူး (၁)