• Today is: Monday, January 25, 2021

သဘာဝသယံဇာတအက်ိဳးအျမတ္ခြဲေ၀ေရး NLD အစိုးရက အေျပာမဟုတ္၊ လက္ေတြ႔လုပ္ေဆာင္ေစလို သဘာဝသယံဇာတအကျိုးအမြတ်ခွဲဝေရေး NLD အစိုးရက အပြောမဟုတ်၊ လက်တွေ့လုပ်ဆောင်စေလို

Federal Journal
February25/ 2020

Zawgyi

ဆလိုင္းက်ဲဘိုဘိခ္ေထာင္

NLD ပါတီ၏ ၂၀၁၅ခုႏွစ္ ေရြးေကာက္ပြဲေၾကညာစာတမ္းတြင္ သဘာ၀သယံဇာတအက်ိဳးအျမတ္ကို “မွ်တစြာခြဲေ၀မႈရိွေစရမည္”ဟု ထည့္သြင္းေဖာ္ျပခဲ့ပါသည္။ ထို႔ျပင္ ၂၀၁၉ခုႏွစ္၊ NCA (၄)ႏွစ္ျပည့္အခန္းအနားမွာ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္က သူ႔မိန္႔ခြန္းမွာ ဖက္ဒရယ္စနစ္ႏွင့္အညီ သယံဇာတခြဲေသမႈ လိုအပ္ေၾကာင္း ထပ္မံထည့္သြင္း ေျပာၾကားသြားခဲ့သည္။ အင္မတန္ေကာင္းမြန္ပါသည္။

သို႔ေသာ္ ေမးခြန္းတစ္ခုရိွပါသည္။ ယေန႔ခ်ိန္အထိဘာေၾကာင့္ အေကာင္အထည္မေဖာ္ေသးသနည္း။ အေျခခံဥပေဒပုဒ္မ(၃၇)(က)မွာ “သယံဇာတအားလံုး ႏိုင္ငံေတာ္ပိုင္သည္” ဟုသာျပ႒ာန္းထားၿပီး၊ အက်ိဳးအျမတ္(အခြန္) ခြဲေ၀ေရးဆိုင္ရာ ျပဌာန္းခ်က္ႏွင့္ ကန္႔သတ္ပိတ္ျပင္သည့္ ပုဒ္မတစ္ခုမွမရိွေပ။ ေျခ-ဥ ဥပေဒျပဳဇယား(၁)မွာ သဘာ၀သယံဇာတမ်ားအမ်ိဳးအစားမ်ားျဖစ္ေသာ ေက်ာက္ျမတ္ရတနာမ်ား၊ ေရနံ၊   ေက်ာက္မီးေသြး၊ သဘာ၀ဓတ္ေငြ႔ႏွင့္ သတၱဳတြင္းထြက္အမ်ိဳးမ်ိဳး၊ ေရအားလွ်ပ္စစ္၊ ကၽြန္းႏွင့္သစ္မာမ်ား   စသည့္တို႔ကို ျပည္ေထာင္စု(ဗဟို)ဥပေဒျပဳစာရင္းထဲတြင္ထည့္သြင္းထားသည္ဆိုေသာ္လည္း ယင္းသည္ ခြဲေ၀မႈကို ကန္႔သတ္သတ္ထားျခင္းမဟုတ္ပါ။ ဥပေဒျပဳခြင့္(အခြန္ေကာက္ခံပိုင္ခြင့္)ႏွင့္ အက်ိဳးအျမတ္ခြဲေ၀မႈ သည္ သီးျခားစီျဖစ္ပါသည္ (ေအာက္မွာ ျပန္ရွင္းျပပါမည္)။

တစ္နည္းအားျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္မွာ အျပတ္အသတ္အႏိုင္ရေသာ NLD အစိုးရအေနျဖင့္ သယံဇာတအက်ိဳးအျမတ္ ခြဲေ၀ေရးစနစ္ (Natural Resources Revenue Sharing)ကို စိတ္ႀကိဳက္ formula ေရးဆြဲၿပီး ျပ႒ာန္းဥပေဒျဖင့္  လြတ္လြတ္ကၽြတ္ကၽြတ္ ေဆာင္ရြက္ႏိုင္ပါသည္။ သို႔ဆိုလွ်င္ အဘယ္ေၾကာင့္ ယခုအထိ လက္ပိတ္ေနရသနည္း။ အေၾကာင္းအရင္း သံုးခုရိွႏိုင္သည္— ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႏွင့္ တိုင္းရင္းသားေခါင္းေဆာင္မ်ား၏ သေဘာထားကို ေစာင့္ဆိုင္းေနသေလာ၊ အေျခခံဥပေဒျပင္ဆင္စရာမလိုဘဲ  ယခုလို ေဆာင္ရြက္ခြင့္ရိွသည္ကို ရိုးရိုးသားသား သတိမထားမိေလသေလာ၊ သို႔မဟုတ္ ထိုသို႔ ျပည္နယ္မ်ားထံ သယံဇာတအက်ိဳးအျမတ္ခြဲေ၀ေပးမွာကို တကယ့္တကယ္မွာ လိုလားမႈမရိွျခင္းေလာ…။

ျမန္မွာႏိုင္ငံရိွ သေဘာ၀သယံဇာတ ၾကြယ္၀မႈ

ျမန္မာႏိုင္ငံ ႏိုင္ငံျခားရင္းႏွီးေျမွာက္ႏွံမႈ(FDI) စုစုေပါင္း၏ ၈၅ ရာခိုင္ႏႈန္းသည္ သဘာ၀သယံဇာတ စက္မႈလုပ္ငန္းမ်ားျဖစ္ၾကေသာ စြမ္းအင္၊ ေရနံႏွင့္သဘာ၀ ဓတ္ေငြ႔၊ သတၱဳတြင္းႏွင့္ ခရီးသြားလုပ္ငန္း စသည့္က႑မ်ားမွ လာေရာက္ျခင္းျဖစ္သည္ (Oxford Business Group, 2016)။ အဖိုးတန္သယံဇာတမ်ားျဖစ္ေသာ ေရနံ၊ သဘာ၀ဓတ္ေငြ႔၊ ေက်ာက္မ်က္ရတနာ၊ သတၱဳႏွင့္ သစ္… စသည္တို႔ ေရာင္းခ်မႈမွ ရရိွေသာ ေငြေၾကးပမာဏသည္ ၂၀၁၂ခုႏွစ္ တိုင္းျပည္ စုစုေပါင္း ႏိုင္ငံျခားပို႔ကုန္၏ ၇၀ ရာခိုင္ႏႈန္း ခန္႔ရိွပါသည္  (Thet Aung Lyinn et al., 2014) ။ သယံဇာတ ထုတ္လုပ္မႈပမာဏကို က႑တစ္ခုခ်င္းအလိုက္  ေလ့လာၾကည့္ရာတြင္ ေရနံႏွင့္သဘာ၀ဓတ္ေငြ႔မွ ရရိွေသာ အက်ိဳးအျမတ္သည္ အစိုးရ၏ အခြန္ဘ႑ာထဲတြင္ ပမာဏအမ်ားဆံုး၀င္ေငြအျဖစ္(Bauer et. al, 2016) ေတြ႔ရေသာ္လည္း အမွန္တကယ္ လက္ေတြ႔မွာ တရားမ၀င္နည္းလမ္းျဖင့္ အမ်ားစု ထုတ္လုပ္ေရာင္းခ်ေနရသာ  ေက်ာက္ျမတ္ရတနာ (ေက်ာက္စိမ္း၊ ေရႊ) ထုတ္လုပ္မႈသည္သာ နံပါတ္တစ္ ျဖစ္ပါလိမ့္မည္။ Global Witness ၏ အစီရင္ခံစာအရ ၂၀၁၄ခုႏွစ္ တစ္ႏွစ္တည္းမွာတင္ ကခ်င္ျပည္နယ္ ေက်ာက္စိမ္းကုန္သြယ္မႈပမာဏ (အမ်ားစုက တရားမ၀င္) သည္ အေမရီကန္ေဒၚလာ (၃၁)ဘီလ်ံခန္႔ရိွၿပီး တိုင္းျပည္ GDP စုစုေပါင္း၏ ထက္၀က္ခန္႔ရိွသည္ဟု ေဖာ္ျပခဲ့သည္  (Witness, 2015)။ ျခံဳငံုၾကည့္လွ်င္ ျမန္မာႏိုင္ငံ မွာရိွေသာ ေျမေပၚေျမေအာက္ အဖိုးတန္သယံဇာတ အမ်ားစု သည္ တိုင္းရင္းသားျပည္နယ္ေဒသမ်ားတြင္ တည္ရိွ၊ ထြက္ရိွျခင္းပါသည္။

ႏိုင္ငံတကာတြင္က်င့္သံုးေသာ သယံဇာတခြဲေ၀မႈစနစ္မ်ား

ကမာၻေပၚမွာ ႏိုင္ငံေပါင္း (၃၀) ခန္႔က သဘာ၀သယံဇာတမွ ရရိွေသာအခြန္ဘ႑ာကို အျခားအခြန္ဘ ႑ာႏွင့္ ေရာစပ္ျခင္းမျပဳဘဲ သီးျခားမူ၀ါဒျဖင့္ စီမံခန္႔ခြဲ သံုးစြဲသည္ဟု UNDPႏွင့္ NRGI ပူးတြဲထုတ္ျပန္ထားသည့္ စစ္တမ္းအရသိရိွရသည္။ အဆိုပါ ႏိုင္ငံအမ်ားစုမွာလည္း သယံဇာတေပါၾကြယ္ၿပီး ဖက္ဒရယ္စနစ္တစ္စံုတရာ က်င့္သံုးေသာ ႏိုင္ငံမ်ားျဖစ္ၾကေၾကာင္း ေတြ႔ရိွရပါသည္။ တစ္နည္းအားျဖင့္ ဖက္ဒရယ္ႏိုင္ငံအမ်ားစုတြင္ သယံဇာတ အက်ိဳးအျမတ္မ်ားကို ဗဟို၊ ျပည္နယ္ (ႏွင့္ တစ္ခ်ိဳ႕ ေဒသႏၱရ) အစိုိးရမ်ားၾကားမွာ အသီးသီး ခြဲေ၀မႈျပဳလုပ္ ၾကပါသည္(Bauer, et el., 2016)။

ဇယား(၁) ဖက္ဒရယ္ႏိုင္ငံအလိုက္ သယံဇာတအခြန္အခ ေကာက္ခံမႈႏွင့္ သံုးစြဲမႈမ်ား

ဖက္ဒရယ္စနစ္က်င့္သံုးေသာ ႏိုင္ငံအမ်ားစုတြင္ ေဇဘုယ်အားျဖင့္ ဗဟိုႏွင့္ျပည္နယ္(ေဒသႏၱရ)အစိုးရၾကား သယံဇာတ အခြန္ေကာက္ပိုင္ခြင့္မွာ— ဗဟိုအစိုးရ၏ ေကာက္ခံမႈက ပမာဏက ပိုမ်ားေလ့ရိွသည္ဆိုေသာ္လည္း ဗဟိုက ျပည္နယ္/ေဒသႏၱရအစိုးရထံသို႔ ျပန္လႊဲေျပာင္း(Handover, or Transfer)သည့္ ပမာဏမ်ားလည္း အတန္အသင့္ရိွျပန္သည္။ ထို႔ေၾကာင့္ ျခံဳငံုၾကည့္လွ်င္  သယံဇာတမွ ထြက္ရိွေသာအက်ိဳးအျမတ္အမ်ားစုသည္ သက္ဆိုင္ရာျပည္နယ္/ေဒသႏၱရအစိုးရမ်ားက ကိုင္တြယ္သံုးစြဲသည္္ ကို  ေတြ႔ရပါသည္။

အေျခခံအားျဖင့္ သယံဇာတခြဲေ၀မႈစနစ္ဟုဆိုရာတြင္ ေဒါင္လိုက္ခြဲေ၀မႈစနစ္ (Vertical Type of Sharing)ႏွင့္ အလ်ားလိုက္ခြဲေ၀သည့္စနစ္ (Horizontal Sharing)ကိုဟူ၍ ရိွပါသည္။ ေဒါင္လိုက္ခြဲေ၀မႈ ရိွသည္မွာ ဗဟုိအစိုးရႏွင့္ သယံဇာတထြက္ရိွရာ ျပည္နယ္(producting state)၊ ေဒသႏၱရ အစိုးရအၾကား အလႊာ(၂)ခု သို႔မဟုတ္(၃)ခုၾကား ခြဲေ၀မႈကို ဆိုလိုၿပီး အလ်ားလိုက္ခြဲေ၀မႈဆိုသည္မွာ သယံဇာတ ထြက္ရိွရာ ျပည္နယ္ႏွင့္ အျခား(မထြက္ရိွရာ) ျပည္နယ္မ်ားအၾကား  မွ်ေ၀ျခင္းကိုဆိုလိုသည္။

၎ႏွင့္အလားသ႑န္စြာ Derivation-based ႏွင့္ Indicator-based အေျခခံ သယံဇာတခြဲေ၀မႈ ဆိုသည့္ အမ်ိဳးအစားလည္းရိွသည္။ Derivation-based NR Sharing System သည္ သယံဇာတထြက္ရိွရာ ျပည္နယ္ကို အက်ိဳးအျမတ္ပိုေပးသည့္ (အေလးေပးသည့္) စနစ္ျဖစ္ရာ Indicator-based system သည္ လူဦးေရး၊ ဆင္းရဲႏြမ္းပါးမႈ စသည့္ အညြန္းကိန္းမ်ားကိုအေျခခံ၍ ခြဲေ၀မႈစနစ္ျဖစ္သည္။ သို႔ေသာ္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားသည္ မိမိျပည္တြင္း ေရခံေျမခံ အေျခအေနအရ ကိုယ့္နည္းကိုယ့္ဟန္၊ တစ္နည္းအားျဖင့္ အထက္ပါ နည္းလမ္းႏွစ္မ်ိဳးကို ေရာစပ္(Mixed System) က်င့္သံုးၾကသည္။ ျပည္နယ္ႏွင့္  တတိယအလႊာျဖစ္သည့္ ေဒသႏၱရ (local)အစိုးရအၾကား သယံဇာတခြဲေ၀သည့္စနစ္ ေနာက္တစ္ဆင့္ျဖင့္ ထားရိွသင့္မသင့္ကိုမူ သက္ဆိုင္ရာျပည္နယ္၏ လုပ္ပိုင္ခြင့္အျဖစ္ထားရိွရသည္။

အိမ္နီးခ်င္း အင္ဒိုနီးရွားႏိုင္ငံကို အနီးစပ္ဆံုးႏွင့္ အသင့္ေတာ္ဆံုး စံနမူနာအျဖစ္ ေလ့လာႏိုင္ပါသည္။ အာေခ်း(Aceh)ျပည္နယ္အတြင္း ႏွစ္ေပါင္းမ်ားစြာ တိုင္းရင္းသားလက္နက္ကိုင္ ပဋိပကၡျဖစ္ပြားမႈကို  အဆံုးသပ္ေစႏိုင္ေရး ရည္ရြယ္၍ ၎ျပည္နယ္မွထြက္ရိွေသာ ေရနံႏွင့္သဘာ၀ဓတ္ေငြ႔အခြန္ထဲက (၇၀)ရာခိုင္ႏႈန္းႏွင့္ အျခား သယံဇာတအမ်ိဳးသားအားလံုးမွ (၈၀)ရာခိုင္ႏႈန္းတုိ႔ကို ျပည္နယ္အစိုးရထံ ခြဲေ၀အပ္ႏွင္းထားသည္။

လက္ရိွျမန္မာႏိုင္ငံအစိုးရက်င့္သံုးေသာ သယံဇာတခြဲေ၀မႈစနစ္

ျပည္တြင္းၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈႏွင့္ ဖက္ဒရယ္စနစ္ေဖာ္ေဆာင္ေရး ႏွစ္(၇၀)ေက်ာ္ ခရီးႏွင္ခဲ့ၿပီ  ျဖစ္ေသာ္လည္း ယေန႔အထိ ဗဟိုႏွင့္ျပည္နယ္မ်ားအၾကား သယံဇာတအက်ိဳးအျမတ္ခြဲေ၀မႈစနစ္ကို တစ္ႀကိမ္တစ္ခါမွ က်င့္သံုးခဲ့ဖူးျခင္း မရိွေသးေပ။ တစ္နည္းအားျဖင့္ လက္ရိွအခ်ိန္အထိ သုညရာခိုင္ႏႈန္း ခြဲေ၀မႈစနစ္ကုိ က်င့္သံုးလ်က္ရိွၿပီး ဗဟိုအစိုးရက တစ္ျပည္ေထာင္စနစ္ (Unitary System) ဆိုသည့္အတိုင္း ၁၀၀ရာခိုင္ႏႈန္း ယူထားပါသည္။

၂၀၀၈ အေျခခံဥပေဒႏွင့္အညီ တက္လာသည့္ အရပ္သားအစိုးရလက္ထက္တြင္  ျပည္နယ္ႏွင့္တိုင္း ေဒသႀကီးအစိုးရမ်ား၏ ျပည္သူ႔၀န္ေဆာင္မႈႏွင့္ ေဒသဖြံ႔ၿဖိဳးေရးအတြက္ ဗဟိုအစိုးရမွ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးအစိုးရမ်ားကို ၂၀၁၃/၁၄ဘ႑ာေရးႏွစ္တြင္ (၃.၄)ရာခိုင္ႏႈန္း ခြဲေ၀ေပးခဲ့ၿပီး ႏွစ္တိုင္း နည္းနည္းစီ တိုးျမွင့္ေပးရာ ၂၀၁၆/၁၇ဘ႑ာေရးႏွစ္တြင္ (၈.၂) ရာခိုင္ႏႈန္းအထိ ဘ႑ာေငြခြဲေ၀ေပးပါသည္  (ေအာက္မွာ ဇယားျဖင့္ေဖာ္ျပထားပါသည္)။ အပစ္ရပ္ဆဲထားသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းတစ္ခ်ိဳ႕ အပါအ၀င္ ျပည္သူ႔စစ္(BGF)တပ္ဖြဲ႔မ်ားႏွင့္ အစိုးရ(တပ္မေတာ္)ၾကား အေပးအယူ နည္းလမ္းျဖင့္ သယံဇာတတူးေဖာ္အမႈခြဲျခင္းႏွင့္ အျခားတရားမ၀င္ ခြဲေ၀မႈတစ္ခ်ိဳ႕ေတာ့ရိွပါသည္။ သို႔ေသာ္ ဤသည္ထို႔မွာ တိုင္းရင္းသားမ်ားလိုလားေသာ သယံဇာတခြဲေ၀မႈစနစ္ မဟုတ္ေခ်။

တိုင္းရင္းသားမ်ားလိုလားသည့္ သယံဇာတခြဲေ၀မႈအခ်ိဳးအစား

မိတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္း၊ တိုင္းရင္းသားပါတီေခါင္းေဆာင္ အမ်ားစုႏွင့္ တိုင္းရင္းသား တတ္သိပညာရွင္တစ္ခ်ိဳ႕အေနျဖင့္ သဘာ၀သယံဇာတႏွင့္ပါတ္သက္၍ ျပည္နယ္မ်ားက ဗဟိုထက္ စီမံခန္႔ခြဲခြင့္ အက်ိဳးအျမတ္ကို အမ်ားစု ခြဲေ၀ရရိွသင့္ေၾကာင္း သေဘာထားရိွၾကသည္ကို Ethnic Nationalities Affairs Center (ENAC)၏ သုေတသနစာတမ္းရေသာ္လည္းေကာင္း၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံမ်ားမွာ တိုင္းရင္းသားေခါင္းေဆာင္မ်ား တင္ျပသည့္ မိန္႔ခြန္းႏွင့္ စာတမ္းမ်ားအရေသာ္လည္းေကာင္း၊ စာေရးသူ၏ Master Degree Thesis ေတြ႔ရိွခ်က္အရေသာ္လည္းေကာင္း သိရိွရပါသည္။ ယင္းသည္  ေယဘုယအားျဖင့္ အလြန္အကၽြံေတာင္းဆိုျခင္းမဟုတ္ဘဲ အထက္တြင္ ေဖာ္ျပထားသည့္အတိုင္း ဖက္ဒရယ္စနစ္အေျခခံေသာ ႏိုင္ငံအမ်ားစု၏ က်င့္သံုးမႈပံုစံႏွင့္ အံ၀င္ခြန္က်ျဖစ္သည္ဟု ဆိုႏိုင္ပါသည္။ တိုင္းရင္းသား ႏိုင္ငံေရးအဖြဲ႔အစည္း ခပ္မ်ားမ်ား (အထူးသျဖင့္ UNFC မဟာမိတ္အဖြဲ႔၀င္ျဖစ္ခဲ့ဖူးေသာ လက္နက္ကိုင္ဖြဲ႔အစည္းမ်ား)က ျပည္နယ္ (၇၀)ရာခိုင္ႏႈန္း၊ ဗဟို (၃၀)ရာခိုင္ႏႈန္းအခ်ိဳးက်ခြဲေ၀မႈကို မူအားျဖင့္ လိုလားၾကသည္ကိုလည္း  ေလ့လာေတြ႔ရိွရပါသည္။ ယင္းသည္ျပင္ အိမ္နီးခ်င္း အင္ဒိုနီးရွား (အာေခ်းျပည္နယ္)၏ စံနမူနာကို သေဘာက်ေသာေၾကာင့္ ျဖစ္ႏိုင္သည္။

လက္ရိွ NLD အစိုးရထံ အၾကံျပဳခ်က္

လပိုင္းခန္႔သာ က်န္ရိွေတာ့ေသာသက္တမ္းအတြင္း အစိုးရအေနျဖင့္ တိုင္းရင္းသားမ်ားလိုလားေသာ သယံဇာတခြဲေ၀မႈ အျပည့္အ၀ ေဆာင္ရြက္ေပးဖို႔ဆိုသည္မွာ အလြန္အကၽြံ ေမွ်ာ္လင့္ရာေရာက္ပါလိမ့္မည္။ သို႔ေသာ္ NLD အစိုးရအေနျဖင့္ သူ၏ ေရြးေကာက္ပြဲကတိက၀တ္ႏွင့္အညီ သယံဇာတအက်ိဳးအျမတ္ခြဲေ၀မႈကို  ဗဟိုခ်ဳပ္ကိုင္မႈေလ်ာ့ခ်သည့္ ပဏမေျခလွမ္းအျဖစ္ အတိုင္းအတာတစ္ခုအထိ ျပဳလုပ္ႏိုင္ပါသည္။ ဥပမာအားျဖင့္ ေအာက္ပါ ဇယားအတိုင္း ဗဟို (၆၀)(၅၀)(၄၀)၊ ျပည္နယ္မ်ား (၄၀)(၅၀)(၆) စသည့္ အခ်ိဳးႏႈန္းျဖင့္ သယံဇာတအမ်ိဳးအစားအေပၚမူတည္၍ ေဖာ္ျမဴလာေရးဆြဲ ျပ႒ာန္းလ်က္ ခြဲေ၀က်င့္သံုးႏိုင္ပါသည္။

သယံဇာတအမ်ိဳးအစားဗဟိုအစိုးရထုတ္ယူသည့္ျပည္နယ္*အျခားျပည္နယ္*အားလံုး
ေရနံႏွင့္သဘာ၀ဓတ္ေငြ႕(ကုန္းတြင္း)၆၀၂၀၂၀
သတၱဳတြင္းထြက္ရတနာမ်ား၅၀၃၀၂၀
ကၽြန္းႏွင့္ ေရအားလွ်ပ္စစ္၄၀၄၀၂၀

(*ျပည္နယ္ဟုဆိုရာတြင္ လက္ရိွ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး ၁၄ခုကိုဆိုလိုသည္)

ျမန္မာႏိုင္ငံအတြင္း လက္နက္ကိုင္ပဋိပကၡအထိျဖစ္သြားရသည့္အေၾကာင္းအရင္းမ်ားကို အလြယ္အား ျဖင့္ ႏိုင္ငံေရးျပသနာဟုဆိုၾကၿပီး မည္သည့္ႏိုင္ငံေရးျပသနာလဲဟု စာရင္းျပဳစုၾကည့္လွ်င္ သဘာ၀အရင္းအျမစ္ စီမံခန္႔ခြဲမႈ(ခြဲေ၀မႈ)သည္ ပထမျဖစ္သည္ဟု ခ်င္းအမ်ိဳးသားတပ္ဦး(CNF) အတြင္းေရးမွဴးလည္းျဖစ္၊ JMC-U အတြင္းေရးမွဴးလည္းျဖစ္သည့္ ေဒါက္တာေရႊခါရ္က မွတ္ခ်က္ျပဳထားပါသည္။ ႏႈတ္ခ်ိဳခ်ိဳေလးျဖင့္ တိုင္းရင္းသား မ်ားကို ခ်စ္ခင္ေၾကာင္း ေျပာဆိုမည့္အစား၊ အေၾကာင္းအမ်ိဳးမ်ိဳးျပမည့္အစား၊ လုပ္ပိုင္ခြင့္လက္ေ၀ ပိုင္ဆိုင္ထားေသာ အစိုးရအေနျဖင့္ အထက္ပါအတိုင္း ခ်င္းခ်င္း ေဆာင္ရြက္ေပးျခင္းသည္ မ်ားစြာ လက္ေတြ႔က်ပါမည္။ သို႔မွသာ ေနျပည္ေတာ္ႏွင့္အနီးတ၀ိုက္ မိုးရြာသြင္းမႈကို ရပ္တန္႔ေစမွာျဖစ္ၿပီး နယ္စပ္ေဒ သတိုင္းရင္းသားျပည္သူမ်ား သာဓုသံုးႀကိမ္ေခၚၾကမွာ ဧကန္မလြဲျဖစ္ပါသည္။

Bibliography

Andrew Bauer, et el.,. (2016). Natural Resource Revenue Sharing. UNDP and NRGI . UNDP and NRGI.

ENAC. (2017). Natural Resources of MYANMAR (Burma) of MYANMAR (Burma). Chiang Mai: Ethnic Nationalities Aff airs Centre (Union of Burma).

Oxford Business Broup. (2016). The Report: Myanmar 2016. Oxford Business Group. Retrieved from https://www.oxfordbusinessgroup.com/overview/closing-gap-industrial-activities-are-key-growing-gdp-and-rising-incomes

Shrestha, B. H. (2010). “Natural Resources and Revenue Sharing in the New Federal System of Nepal. ResearchGate. Retrieved from file:///C:/Users/Dell/Desktop/Thesis%20Fact%20Collection/International%20cases/Natural%20Resource%20sharing%20(Napel%20model).pdf

Thet Aung Lynn et al. (2014). Natural Resources and Subnational Governments in Myanmar. MDRI, IGC and The Asia Foundation. Retrieved from file:///C:/Users/Dell/Desktop/Thesis%20Fact%20Collection/Myanar%20Theory/Natural%20Resourse%20and%20Subnational.PDF

Witness, G. (2017, May 17). Myanmar’s multi-billion dollar jade trade contributing to ethnic armed conflict. Retrieved from Global Witness: https://www.globalwitness.org/en/press-releases/myanmars-multi-billion-dollar-jade-trade-contributing-ethnic-armed-conflict-new-film-shows-ahead-landmark-peace-talks/

 

Unicode

ဆလိုင်းကျဲဘိုဘိခ်ထောင်
NLD ပါတီ၏ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲကြေညာစာတမ်းတွင် သဘာဝသယံဇာတအကျိုးအမြတ်ကို “မျှတစွာခွဲဝေမှုရှိစေရမည်”ဟု ထည့်သွင်းဖော်ပြခဲ့ပါသည်။ ထို့ပြင် ၂၀၁၉ခုနှစ်၊ NCA (၄)နှစ်ပြည့်အခန်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူ့မိန့်ခွန်းမှာ ဖက်ဒရယ်စနစ်နှင့်အညီ သယံဇာတခွဲသေမှု လိုအပ်ကြောင်း ထပ်မံထည့်သွင်း ပြောကြားသွားခဲ့သည်။ အင်မတန်ကောင်းမွန်ပါသည်။
သို့သော် မေးခွန်းတစ်ခုရှိပါသည်။ ယနေ့ချိန်အထိဘာကြောင့် အကောင်အထည်မဖော်သေးသနည်း။ အခြေခံဥပဒေပုဒ်မ(၃၇)(က)မှာ “သယံဇာတအားလုံး နိုင်ငံတော်ပိုင်သည်” ဟုသာပြဋ္ဌာန်းထားပြီး၊ အကျိုးအမြတ်(အခွန်) ခွဲဝေရေးဆိုင်ရာ ပြဌာန်းချက်နှင့် ကန့်သတ်ပိတ်ပြင်သည့် ပုဒ်မတစ်ခုမှမရှိပေ။ ခြေ-ဥ ဥပဒေပြုဇယား(၁)မှာ သဘာဝသယံဇာတများအမျိုးအစားများဖြစ်သော ကျောက်မြတ်ရတနာများ၊ ရေနံ၊ ကျောက်မီးသွေး၊ သဘာဝဓတ်ငွေ့နှင့် သတ္တုတွင်းထွက်အမျိုးမျိုး၊ ရေအားလျှပ်စစ်၊ ကျွန်းနှင့်သစ်မာများ စသည့်တို့ကို ပြည်ထောင်စု(ဗဟို)ဥပဒေပြုစာရင်းထဲတွင်ထည့်သွင်းထားသည်ဆိုသော်လည်း ယင်းသည် ခွဲဝေမှုကို ကန့်သတ်သတ်ထားခြင်းမဟုတ်ပါ။ ဥပဒေပြုခွင့်(အခွန်ကောက်ခံပိုင်ခွင့်)နှင့် အကျိုးအမြတ်ခွဲဝေမှု သည် သီးခြားစီဖြစ်ပါသည် (အောက်မှာ ပြန်ရှင်းပြပါမည်)။
တစ်နည်းအားဖြင့် ပြည်ထောင်စုလွှတ်တော်မှာ အပြတ်အသတ်အနိုင်ရသော NLD အစိုးရအနေဖြင့် သယံဇာတအကျိုးအမြတ် ခွဲဝေရေးစနစ် (Natural Resources Revenue Sharing)ကို စိတ်ကြိုက် formula ရေးဆွဲပြီး ပြဋ္ဌာန်းဥပဒေဖြင့် လွတ်လွတ်ကျွတ်ကျွတ် ဆောင်ရွက်နိုင်ပါသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ယခုအထိ လက်ပိတ်နေရသနည်း။ အကြောင်းအရင်း သုံးခုရှိနိုင်သည်— ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တိုင်းရင်းသားခေါင်းဆောင်များ၏ သဘောထားကို စောင့်ဆိုင်းနေသလော၊ အခြေခံဥပဒေပြင်ဆင်စရာမလိုဘဲ ယခုလို ဆောင်ရွက်ခွင့်ရှိသည်ကို ရိုးရိုးသားသား သတိမထားမိလေသလော၊ သို့မဟုတ် ထိုသို့ ပြည်နယ်များထံ သယံဇာတအကျိုးအမြတ်ခွဲဝေပေးမှာကို တကယ့်တကယ်မှာ လိုလားမှုမရှိခြင်းလော…။
မြန်မှာနိုင်ငံရှိ သဘောဝသယံဇာတ ကြွယ်ဝမှု
မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှောက်နှံမှု(FDI) စုစုပေါင်း၏ ၈၅ ရာခိုင်နှုန်းသည် သဘာဝသယံဇာတ စက်မှုလုပ်ငန်းများဖြစ်ကြသော စွမ်းအင်၊ ရေနံနှင့်သဘာ၀ ဓတ်ငွေ့၊ သတ္တုတွင်းနှင့် ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍများမှ လာရောက်ခြင်းဖြစ်သည် (Oxford Business Group, 2016)။ အဖိုးတန်သယံဇာတများဖြစ်သော ရေနံ၊ သဘာဝဓတ်ငွေ့၊ ကျောက်မျက်ရတနာ၊ သတ္တုနှင့် သစ်… စသည်တို့ ရောင်းချမှုမှ ရရှိသော ငွေကြေးပမာဏသည် ၂၀၁၂ခုနှစ် တိုင်းပြည် စုစုပေါင်း နိုင်ငံခြားပို့ကုန်၏ ၇၀ ရာခိုင်နှုန်း ခန့်ရှိပါသည် (Thet Aung Lyinn et al., 2014) ။ သယံဇာတ ထုတ်လုပ်မှုပမာဏကို ကဏ္ဍတစ်ခုချင်းအလိုက် လေ့လာကြည့်ရာတွင် ရေနံနှင့်သဘာဝဓတ်ငွေ့မှ ရရှိသော အကျိုးအမြတ်သည် အစိုးရ၏ အခွန်ဘဏ္ဍာထဲတွင် ပမာဏအများဆုံးဝင်ငွေအဖြစ်(Bauer et. al, 2016) တွေ့ရသော်လည်း အမှန်တကယ် လက်တွေ့မှာ တရားမဝင်နည်းလမ်းဖြင့် အများစု ထုတ်လုပ်ရောင်းချနေရသာ ကျောက်မြတ်ရတနာ (ကျောက်စိမ်း၊ ရွှေ) ထုတ်လုပ်မှုသည်သာ နံပါတ်တစ် ဖြစ်ပါလိမ့်မည်။ Global Witness ၏ အစီရင်ခံစာအရ ၂၀၁၄ခုနှစ် တစ်နှစ်တည်းမှာတင် ကချင်ပြည်နယ် ကျောက်စိမ်းကုန်သွယ်မှုပမာဏ (အများစုက တရားမဝင်) သည် အမေရီကန်ဒေါ်လာ (၃၁)ဘီလျံခန့်ရှိပြီး တိုင်းပြည် GDP စုစုပေါင်း၏ ထက်ဝက်ခန့်ရှိသည်ဟု ဖော်ပြခဲ့သည် (Witness, 2015)။ ခြုံငုံကြည့်လျှင် မြန်မာနိုင်ငံ မှာရှိသော မြေပေါ်မြေအောက် အဖိုးတန်သယံဇာတ အများစု သည် တိုင်းရင်းသားပြည်နယ်ဒေသများတွင် တည်ရှိ၊ ထွက်ရှိခြင်းပါသည်။
နိုင်ငံတကာတွင်ကျင့်သုံးသော သယံဇာတခွဲဝေမှုစနစ်များ
ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း (၃၀) ခန့်က သဘာဝသယံဇာတမှ ရရှိသောအခွန်ဘဏ္ဍာကို အခြားအခွန်ဘ ဏ္ဍာနှင့် ရောစပ်ခြင်းမပြုဘဲ သီးခြားမူဝါဒဖြင့် စီမံခန့်ခွဲ သုံးစွဲသည်ဟု UNDPနှင့် NRGI ပူးတွဲထုတ်ပြန်ထားသည့် စစ်တမ်းအရသိရှိရသည်။ အဆိုပါ နိုင်ငံအများစုမှာလည်း သယံဇာတပေါကြွယ်ပြီး ဖက်ဒရယ်စနစ်တစ်စုံတရာ ကျင့်သုံးသော နိုင်ငံများဖြစ်ကြကြောင်း တွေ့ရှိရပါသည်။ တစ်နည်းအားဖြင့် ဖက်ဒရယ်နိုင်ငံအများစုတွင် သယံဇာတ အကျိုးအမြတ်များကို ဗဟို၊ ပြည်နယ် (နှင့် တစ်ချို့ ဒေသန္တရ) အစိုးရများကြားမှာ အသီးသီး ခွဲဝေမှုပြုလုပ် ကြပါသည်(Bauer, et el., 2016)။
ဇယား(၁) ဖက်ဒရယ်နိုင်ငံအလိုက် သယံဇာတအခွန်အခ ကောက်ခံမှုနှင့် သုံးစွဲမှုများ

မှတ်ချက်: C = (Central) ဗဟို၊ P = Provincial (ပြည်နယ်)၊ L = Local (ဒေသန္တရ)
(Source: Bishnu H. Pandit and Him L. Shrestha, “Natural Resources and Revenue Sharing in the New Federal System of Nepal: A Proposed Model”. 2010) (Shrestha, 2010, p. 41)
အထက်ပါ ဇယားအရ ဖက်ဒရယ်စနစ်ကျင့်သုံးသော နိုင်ငံအများစုတွင် ဇေဘုယျအားဖြင့် ဗဟိုနှင့်ပြည်နယ်(ဒေသန္တရ)အစိုးရကြား သယံဇာတ အခွန်ကောက်ပိုင်ခွင့်မှာ— ဗဟိုအစိုးရ၏ ကောက်ခံမှုက ပမာဏက ပိုများလေ့ရှိသည်ဆိုသော်လည်း ဗဟိုက ပြည်နယ်/ဒေသန္တရအစိုးရထံသို့ ပြန်လွှဲပြောင်း(Handover, or Transfer)သည့် ပမာဏများလည်း အတန်အသင့်ရှိပြန်သည်။ ထို့ကြောင့် ခြုံငုံကြည့်လျှင် သယံဇာတမှ ထွက်ရှိသောအကျိုးအမြတ်အများစုသည် သက်ဆိုင်ရာပြည်နယ်/ဒေသန္တရအစိုးရများက ကိုင်တွယ်သုံးစွဲသည် ကို တွေ့ရပါသည်။
အခြေခံအားဖြင့် သယံဇာတခွဲဝေမှုစနစ်ဟုဆိုရာတွင် ဒေါင်လိုက်ခွဲဝေမှုစနစ် (Vertical Type of Sharing)နှင့် အလျားလိုက်ခွဲဝေသည့်စနစ် (Horizontal Sharing)ကိုဟူ၍ ရှိပါသည်။ ဒေါင်လိုက်ခွဲဝေမှု ရှိသည်မှာ ဗဟိုအစိုးရနှင့် သယံဇာတထွက်ရှိရာ ပြည်နယ်(producting state)၊ ဒေသန္တရ အစိုးရအကြား အလွှာ(၂)ခု သို့မဟုတ်(၃)ခုကြား ခွဲဝေမှုကို ဆိုလိုပြီး အလျားလိုက်ခွဲဝေမှုဆိုသည်မှာ သယံဇာတ ထွက်ရှိရာ ပြည်နယ်နှင့် အခြား(မထွက်ရှိရာ) ပြည်နယ်များအကြား မျှဝေခြင်းကိုဆိုလိုသည်။
၎င်းနှင့်အလားသဏ္ဍန်စွာ Derivation-based နှင့် Indicator-based အခြေခံ သယံဇာတခွဲဝေမှု ဆိုသည့် အမျိုးအစားလည်းရှိသည်။ Derivation-based NR Sharing System သည် သယံဇာတထွက်ရှိရာ ပြည်နယ်ကို အကျိုးအမြတ်ပိုပေးသည့် (အလေးပေးသည့်) စနစ်ဖြစ်ရာ Indicator-based system သည် လူဦးရေး၊ ဆင်းရဲနွမ်းပါးမှု စသည့် အညွန်းကိန်းများကိုအခြေခံ၍ ခွဲဝေမှုစနစ်ဖြစ်သည်။ သို့သော် နိုင်ငံတော်တော်များများသည် မိမိပြည်တွင်း ရေခံမြေခံ အခြေအနေအရ ကိုယ့်နည်းကိုယ့်ဟန်၊ တစ်နည်းအားဖြင့် အထက်ပါ နည်းလမ်းနှစ်မျိုးကို ရောစပ်(Mixed System) ကျင့်သုံးကြသည်။ ပြည်နယ်နှင့် တတိယအလွှာဖြစ်သည့် ဒေသန္တရ (local)အစိုးရအကြား သယံဇာတခွဲဝေသည့်စနစ် နောက်တစ်ဆင့်ဖြင့် ထားရှိသင့်မသင့်ကိုမူ သက်ဆိုင်ရာပြည်နယ်၏ လုပ်ပိုင်ခွင့်အဖြစ်ထားရှိရသည်။
အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံကို အနီးစပ်ဆုံးနှင့် အသင့်တော်ဆုံး စံနမူနာအဖြစ် လေ့လာနိုင်ပါသည်။ အာချေး(Aceh)ပြည်နယ်အတွင်း နှစ်ပေါင်းများစွာ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုကို အဆုံးသပ်စေနိုင်ရေး ရည်ရွယ်၍ ၎င်းပြည်နယ်မှထွက်ရှိသော ရေနံနှင့်သဘာဝဓတ်ငွေ့အခွန်ထဲက (၇၀)ရာခိုင်နှုန်းနှင့် အခြား သယံဇာတအမျိုးသားအားလုံးမှ (၈၀)ရာခိုင်နှုန်းတို့ကို ပြည်နယ်အစိုးရထံ ခွဲဝေအပ်နှင်းထားသည်။
လက်ရှိမြန်မာနိုင်ငံအစိုးရကျင့်သုံးသော သယံဇာတခွဲဝေမှုစနစ်
ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုနှင့် ဖက်ဒရယ်စနစ်ဖော်ဆောင်ရေး နှစ်(၇၀)ကျော် ခရီးနှင်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့အထိ ဗဟိုနှင့်ပြည်နယ်များအကြား သယံဇာတအကျိုးအမြတ်ခွဲဝေမှုစနစ်ကို တစ်ကြိမ်တစ်ခါမှ ကျင့်သုံးခဲ့ဖူးခြင်း မရှိသေးပေ။ တစ်နည်းအားဖြင့် လက်ရှိအချိန်အထိ သုညရာခိုင်နှုန်း ခွဲဝေမှုစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဗဟိုအစိုးရက တစ်ပြည်ထောင်စနစ် (Unitary System) ဆိုသည့်အတိုင်း ၁၀၀ရာခိုင်နှုန်း ယူထားပါသည်။
၂၀၀၈ အခြေခံဥပဒေနှင့်အညီ တက်လာသည့် အရပ်သားအစိုးရလက်ထက်တွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရများ၏ ပြည်သူ့ဝန်ဆောင်မှုနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဗဟိုအစိုးရမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများကို ၂၀၁၃/၁၄ဘဏ္ဍာရေးနှစ်တွင် (၃.၄)ရာခိုင်နှုန်း ခွဲဝေပေးခဲ့ပြီး နှစ်တိုင်း နည်းနည်းစီ တိုးမြှင့်ပေးရာ ၂၀၁၆/၁၇ဘဏ္ဍာရေးနှစ်တွင် (၈.၂) ရာခိုင်နှုန်းအထိ ဘဏ္ဍာငွေခွဲဝေပေးပါသည် (အောက်မှာ ဇယားဖြင့်ဖော်ပြထားပါသည်)။ အပစ်ရပ်ဆဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ အပါအဝင် ပြည်သူ့စစ်(BGF)တပ်ဖွဲ့များနှင့် အစိုးရ(တပ်မတော်)ကြား အပေးအယူ နည်းလမ်းဖြင့် သယံဇာတတူးဖော်အမှုခွဲခြင်းနှင့် အခြားတရားမဝင် ခွဲဝေမှုတစ်ချို့တော့ရှိပါသည်။ သို့သော် ဤသည်ထို့မှာ တိုင်းရင်းသားများလိုလားသော သယံဇာတခွဲဝေမှုစနစ် မဟုတ်ချေ။

တိုင်းရင်းသားများလိုလားသည့် သယံဇာတခွဲဝေမှုအချိုးအစား
မိတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ တိုင်းရင်းသားပါတီခေါင်းဆောင် အများစုနှင့် တိုင်းရင်းသား တတ်သိပညာရှင်တစ်ချို့အနေဖြင့် သဘာဝသယံဇာတနှင့်ပါတ်သက်၍ ပြည်နယ်များက ဗဟိုထက် စီမံခန့်ခွဲခွင့် အကျိုးအမြတ်ကို အများစု ခွဲဝေရရှိသင့်ကြောင်း သဘောထားရှိကြသည်ကို Ethnic Nationalities Affairs Center (ENAC)၏ သုတေသနစာတမ်းရသော်လည်းကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများမှာ တိုင်းရင်းသားခေါင်းဆောင်များ တင်ပြသည့် မိန့်ခွန်းနှင့် စာတမ်းများအရသော်လည်းကောင်း၊ စာရေးသူ၏ Master Degree Thesis တွေ့ရှိချက်အရသော်လည်းကောင်း သိရှိရပါသည်။ ယင်းသည် ယေဘုယအားဖြင့် အလွန်အကျွံတောင်းဆိုခြင်းမဟုတ်ဘဲ အထက်တွင် ဖော်ပြထားသည့်အတိုင်း ဖက်ဒရယ်စနစ်အခြေခံသော နိုင်ငံအများစု၏ ကျင့်သုံးမှုပုံစံနှင့် အံဝင်ခွန်ကျဖြစ်သည်ဟု ဆိုနိုင်ပါသည်။ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်း ခပ်များများ (အထူးသဖြင့် UNFC မဟာမိတ်အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသော လက်နက်ကိုင်ဖွဲ့အစည်းများ)က ပြည်နယ် (၇၀)ရာခိုင်နှုန်း၊ ဗဟို (၃၀)ရာခိုင်နှုန်းအချိုးကျခွဲဝေမှုကို မူအားဖြင့် လိုလားကြသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ ယင်းသည်ပြင် အိမ်နီးချင်း အင်ဒိုနီးရှား (အာချေးပြည်နယ်)၏ စံနမူနာကို သဘောကျသောကြောင့် ဖြစ်နိုင်သည်။
လက်ရှိ NLD အစိုးရထံ အကြံပြုချက်
လပိုင်းခန့်သာ ကျန်ရှိတော့သောသက်တမ်းအတွင်း အစိုးရအနေဖြင့် တိုင်းရင်းသားများလိုလားသော သယံဇာတခွဲဝေမှု အပြည့်အ၀ ဆောင်ရွက်ပေးဖို့ဆိုသည်မှာ အလွန်အကျွံ မျှော်လင့်ရာရောက်ပါလိမ့်မည်။ သို့သော် NLD အစိုးရအနေဖြင့် သူ၏ ရွေးကောက်ပွဲကတိကဝတ်နှင့်အညီ သယံဇာတအကျိုးအမြတ်ခွဲဝေမှုကို ဗဟိုချုပ်ကိုင်မှုလျော့ချသည့် ပဏမခြေလှမ်းအဖြစ် အတိုင်းအတာတစ်ခုအထိ ပြုလုပ်နိုင်ပါသည်။ ဥပမာအားဖြင့် အောက်ပါ ဇယားအတိုင်း ဗဟို (၆၀)(၅၀)(၄၀)၊ ပြည်နယ်များ (၄၀)(၅၀)(၆) စသည့် အချိုးနှုန်းဖြင့် သယံဇာတအမျိုးအစားအပေါ်မူတည်၍ ဖော်မြူလာရေးဆွဲ ပြဋ္ဌာန်းလျက် ခွဲဝေကျင့်သုံးနိုင်ပါသည်။

သယံဇာတအမျိုးအစား        ဗဟိုအစိုးရ    ထုတ်ယူသည့်ပြည်နယ် * အခြားပြည်နယ်*အားလုံး
ရေနံနှင့်သဘာဝဓတ်ငွေ့(ကုန်းတွင်း)    ၆၀               ၂၀                                            ၂၀
သတ္တုတွင်းထွက်ရတနာများ                ၅၀               ၃၀                                            ၂၀
ကျွန်းနှင့် ရေအားလျှပ်စစ်                   ၄၀               ၄၀                                           ၂၀
(*ပြည်နယ်ဟုဆိုရာတွင် လက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ခုကိုဆိုလိုသည်)
မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခအထိဖြစ်သွားရသည့်အကြောင်းအရင်းများကို အလွယ်အား ဖြင့် နိုင်ငံရေးပြသနာဟုဆိုကြပြီး မည်သည့်နိုင်ငံရေးပြသနာလဲဟု စာရင်းပြုစုကြည့်လျှင် သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှု(ခွဲဝေမှု)သည် ပထမဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး(CNF) အတွင်းရေးမှူးလည်းဖြစ်၊ JMC-U အတွင်းရေးမှူးလည်းဖြစ်သည့် ဒေါက်တာရွှေခါရ်က မှတ်ချက်ပြုထားပါသည်။ နှုတ်ချိုချိုလေးဖြင့် တိုင်းရင်းသား များကို ချစ်ခင်ကြောင်း ပြောဆိုမည့်အစား၊ အကြောင်းအမျိုးမျိုးပြမည့်အစား၊ လုပ်ပိုင်ခွင့်လက်ေ၀ ပိုင်ဆိုင်ထားသော အစိုးရအနေဖြင့် အထက်ပါအတိုင်း ချင်းချင်း ဆောင်ရွက်ပေးခြင်းသည် များစွာ လက်တွေ့ကျပါမည်။ သို့မှသာ နေပြည်တော်နှင့်အနီးတဝိုက် မိုးရွာသွင်းမှုကို ရပ်တန့်စေမှာဖြစ်ပြီး နယ်စပ်ဒေ သတိုင်းရင်းသားပြည်သူများ သာဓုသုံးကြိမ်ခေါ်ကြမှာ ဧကန်မလွဲဖြစ်ပါသည်။
Bibliography
Andrew Bauer, et el.,. (2016). Natural Resource Revenue Sharing. UNDP and NRGI . UNDP and NRGI.
ENAC. (2017). Natural Resources of MYANMAR (Burma) of MYANMAR (Burma). Chiang Mai: Ethnic Nationalities Aff airs Centre (Union of Burma).
Oxford Business Broup. (2016). The Report: Myanmar 2016. Oxford Business Group. Retrieved from https://www.oxfordbusinessgroup.com/overview/closing-gap-industrial-activities-are-key-growing-gdp-and-rising-incomes
Shrestha, B. H. (2010). “Natural Resources and Revenue Sharing in the New Federal System of Nepal. ResearchGate. Retrieved from file:///C:/Users/Dell/Desktop/Thesis%20Fact%20Collection/International%20cases/Natural%20Resource%20sharing%20(Napel%20model).pdf
Thet Aung Lynn et al. (2014). Natural Resources and Subnational Governments in Myanmar. MDRI, IGC and The Asia Foundation. Retrieved from file:///C:/Users/Dell/Desktop/Thesis%20Fact%20Collection/Myanar%20Theory/Natural%20Resourse%20and%20Subnational.PDF
Witness, G. (2017, May 17). Myanmar’s multi-billion dollar jade trade contributing to ethnic armed conflict. Retrieved from Global Witness: https://www.globalwitness.org/en/press-releases/myanmars-multi-billion-dollar-jade-trade-contributing-ethnic-armed-conflict-new-film-shows-ahead-landmark-peace-talks/

—၀၀၀—