• Today is: Monday, August 2, 2021

အက်ပ္အတည္းမ်ားၾကားမွ ရခိုင္ျပည္ေရြးေကာက္ပြဲ

Federal Journal
October28/ 2020

Zawgyi

လာမည့္ ႏိုဝင္ဘာလ (၈)ရက္ေန႔ဆိုလွ်င္ ျမန္မာႏိုင္ငံတြင္ ေရြးေကာက္ပြဲႀကီး က်င္းပေတာ့ မည္ျဖစ္သည္။ ေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ံုးျခင္းမ်ားကိုလည္း ပါတီအသီးသီးက အႀကိတ္အနယ္ျပဳလုပ္ေနၾကသည္ကို ေတြ႕ေနရသည္။ ေရြးေကာက္ပြဲေအာင္ႏိုင္ေရးအတြက္ ေဆာင္ပုဒ္အမ်ိဳးမ်ိဳးေပးကာ မဲဆြယ္ေနၾကသည္ကို အျပင္မွာေရာ၊ အြန္လိုင္းမွာပါ ေတြ႕ေနရသည္။ သို႔ရာတြင္ သည္ျမင္ကြင္းမ်ားကို ျမန္မာႏိုင္ငံ၏ အေနာက္တံခါးေဒသလည္းျဖစ္၊ လက္ရွိ စစ္တလင္းနယ္ေျမလည္းျဖစ္ေနသည့္ ရခိုင္ေဒသတြင္ မ်ားမ်ားစားစား ျမင္ေတြ႕ရျခင္းေတာ့ မရွိေပ။
ရခိုင္ေဒသဟုဆိုလိုက္လွ်င္ လူမ်ိဳးေရး၊ ဘာသာေရး ပဋိပကၡမ်ားျဖစ္ပြား၍ ကမၻာကပင္ ေစာင့္ၾကည့္ခံေနရသည့္ ေဒသ၊ သဘာဝသယံဇာတမ်ား ေပါၾကြယ္ဝေသာ္လည္း ဆင္းရဲမြဲေတေန သည့္ေဒသ၊ စစ္ေရးပဋိပကၡမ်ားျပင္းထန္လ်က္ရွိၿပီး ေန႔စဥ္လိုလို လူေသဆံုး၊ ဒဏ္ရာရမႈမ်ားႏွင့္ စစ္ေဘးေရွာင္မ်ား ထြက္ေျပးေနရသည့္ေဒသ၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံေနရသည့္ေဒသ စသည့္ လူသိမ်ားထင္ရွား၊ ကမၻာေက်ာ္ေသာ ေဒသျဖစ္ေပသည္။ ယင္းကဲ့သို႔ စစ္ေရး၊ ႏိုင္ငံေရး၊ လူမႈေရး ႐ႈပ္ေထြးေပြလီေနသည့္ေဒသတြင္ ေရြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ ျဖစ္ေျမာက္ ႏိုင္မည္လား။ ေရြးေကာက္ပြဲမျဖစ္လွ်င္ ရခိုင္ျပည္အေနအထားက မည္သို႔မည္ပံုျဖစ္လာႏိုင္မလဲ။
ယခုလာမည့္ ၂၀၂၀ အေထြေထြ ေရြးေကာက္ပြဲ တြင္ ရခိုင္မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ ေလာင္း ၃၈၀ ဦးရွိသည္ဟု ျပည္နယ္ေရြးေကာက္ပြဲ ေကာ္မရွင္ အဖြဲ႕ခြဲ႐ံုးမွ သိရသည္။ ပါတီ ၁၈ ပါတီႏွင့္ တစ္သီးပုဂၢလတို႔စုစုေပါင္း ၃၈၆ ဦးစာရင္းေပးေလွ်ာက္ ထားခဲ့ရာ ၆ ဦးပယ္ခ်ခံလိုက္ရသည့္အတြက္ ၃၈၀ ဦး က်န္ရွိခဲ့ျခင္း ျဖစ္သည္။
ရခိုင္မွ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္သူမ်ားတြင္ လူငယ္၊ လူလတ္ပိုင္းႏွင့္ အမ်ိဳးသမီးပါဝင္မႈမွာ ယခင္ ၂၀၁၀ ႏွင့္ ၂၀၁၅ ေရြးေကာက္ပြဲထက္ မ်ားျပားလာ သည္ကို ေတြ႕ရသည္။ ပညာတတ္လူငယ္မ်ားႏွင့္ ရခိုင္ျပည္ပရဟိတေလာကတို႔တြင္ အားႀကိဳးမာန္တက္ ေဆာင္ရြက္ေနသူမ်ားလည္း ပါဝင္သည္ကို ေတြ႕ရ သည္။ တစ္သီးပုဂၢလအေနျဖင့္ ဝင္ၿပိဳင္သူဆိုလွ်င္လည္း ယခင္ေရြးေကာက္ပြဲမ်ားထက္ ယခုေရြးေကာက္ပြဲတြင္ ပိုမ်ားလာေနသည္။ လက္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္ အမ်ားအျပားလည္း ထပ္မံဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ ျဖစ္ရာ ယခုေရြးေကာက္ပြဲသည္ ရခိုင္ျပည္အတြက္ ၿပိဳင္ဆိုင္မႈ ျပင္းထန္မည့္ ေရြးေကာက္ပြဲပင္ျဖစ္သည္။
တစ္ဘက္တြင္လည္း ရခိုင္ေဒသ၏လက္ရွိကာလ သည္ စစ္မီးလွ်ံမ်ား ေလာင္ၿမိဳက္ၿပီး ရခိုင္ျပည္သူမ်ား အတိဒုကၡအမ်ိဳးမ်ိဳးျဖင့္ ရင္ဆိုင္ေနရၾကရသည့္ကာလ ျဖစ္သည္။ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလမွ စတင္ျဖစ္ပြားခဲ့ သည့္ တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA)တို႔၏တိုက္ပြဲမ်ားသည္ ယေန႔အခ်ိန္အထိ ရပ္နားခဲ့ျခင္း မရွိ ေသး။ ေရြးေကာက္ပြဲက်င္းပမည့္ႏိုဝင္ဘာလဆိုလွ်င္ ရခိုင္တြင္ တိုက္ပြဲျဖစ္ေနသည္မွာ (၂)ႏွစ္တင္းတင္း ျပည့္ေျမာက္ေတာ့မည္ျဖစ္သည္။ (၂)ႏွစ္နီးပါး ၾကာျမင့္ လာေနၿပီျဖစ္သည့္ တိုက္ပြဲေၾကာင့္ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနရသည့္ စစ္ေဘးေရွာင္ဦးေရသည္ ႏွစ္သိန္း ေက်ာ္အထိ ျမင့္တက္သြားၿပီျဖစ္သည္။ ကေလးသူငယ္ မ်ားအပါအဝင္ သက္ႀကီးရြယ္အိုမ်ား၊ ကိုယ္ဝန္ေဆာင္ မိခင္မ်ားႏွင့္ အျပစ္မဲ့အရပ္သားမ်ား ေသဆံုး/ဒဏ္ရာ ရခဲ့ၾကမႈသည္လည္း ရာဂဏန္းအထက္တြင္ရွိေနသည္။ သံသယျဖင့္ ဖမ္းဆီးခံေနရသည့္ အရပ္သားမ်ားသည္ လည္း ၅၀ဝ အထက္တြင္ ရွိေနသည္ဟု အရပ္ဘက္ အဖြဲ႕အစည္းမ်ား၏ စစ္တမ္းမ်ားတြင္ ေဖာ္ျပသည္။ လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ သံသယျဖင့္ ဖမ္းဆီး ေခၚေဆာင္ျခင္းခံရၿပီးေနာက္ ေပ်ာက္ဆံုးေနသည့္ ေဒသခံမ်ားလည္း ၅၀ ဝန္းက်င္ခန္႔ရွိေနႏိုင္သည္။ ေနာက္ၿပီး လက္သည္တရားခံမေပၚဘဲ လုပ္ႀကံ သတ္ ျဖတ္ခံေနရသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ အရပ္သားမ်ား လည္း အမ်ားအျပားရွိေနျပန္သည္။
ယခုေနာက္ပိုင္း တိုက္ပြဲျဖစ္လိုက္လွ်င္လည္း ၿမိဳ႕ရြာမ်ားႏွင့္ အလွမ္းေဝးသည့္ေနရာမ်ားတြင္ ျဖစ္ပြား သည္က နည္းလာသည္။ ၿမိဳ႕ရြာမ်ားကို အကာအကြယ္ ယူကာ အခ်င္းခ်င္းပစ္ခတ္တိုက္ခိုက္ၾကသည့္အတြက္ အျပစ္မဲ့ျပည္သူမ်ား ေျမစာပင္ျဖစ္ေနၾကရသည္။ ထို႔ေၾကာင့္ တစ္ေန႔တစ္ေန႔ ဘယ္ၿမိဳ႕၊ ဘယ္ရြာနားမွာ တိုက္ပြဲျဖစ္ေလမလဲ။ ဘယ္ရြာကိုျဖင့္ လက္နက္ႀကီး က်ည္ေတြ က်ေရာက္ေပါက္ကြဲၿပီး လူဘယ္ႏွဦး ေသဆံုးေလမလဲ။ ဘယ္ႏွဦးေကာ ဒဏ္ရာေတြ ရၾက ေလမလဲ။ ဘယ္ႏွဦးေကာ သံသယျဖင့္ ဖမ္းဆီးႏွိပ္စက္ ခံရေလမလဲ စသျဖင့္ ရခိုင္ျပည္သူတို႔ နိစၥဓူဝ စိုးရိမ္ ေၾကာင့္ၾကေနရသည္။ က်ီးလန္႔စာစား ဘဝျဖင့္ စိုးထိတ္ေၾကာက္ရြံ႕ေနၾကရသည္။ ေနာက္ၿပီး ရွိေသး သည္။ ေတာေတာင္မ်ားသို႔ မွ်စ္ရွာ၊ ဟင္းခူးသြားသူေတြ ဘယ္အခ်ိန္ မိုင္းထေပါက္ေလမလဲ။ မိုင္းနင္းမိ၍ ဟိုမွာ ေသၾကၿပီ။ ဒီမွာ ေျခေထာက္ပိုင္းျပတ္သြားၿပီဆိုသည့္ သတင္းမ်ားလည္း ေန႔စဥ္လိုလိုၾကားေနရသည္။ ထိုမိုင္းမ်ားကို မည္သူေထာင္ထားသည္ဟု တိတိက်က် မေျပာႏိုင္ေသာ္လည္း မိုင္းေပါက္ကြဲမႈမ်ားကေတာ့ ရွိေနဆဲပင္ျဖစ္သည္။ သည္လို အေၾကာက္တရားမ်ား ေၾကာင့္ တိုက္ပြဲနယ္ေျမထဲမွ ျပည္သူမ်ားအေနျဖင့္ ေရြးေကာက္ပြဲကို စိတ္ဝင္စားခ်ိန္မရၾက။ ၿမိဳ႕/ရြာမ်ား အနီး ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ဘယ္ေန႔ ေသၾကရမလဲ၊ ဘယ္ေန႔ မိုင္းေပါက္ကြဲလို႔ ေသမလဲ၊ ဘယ္ေန႔ လက္နက္ႀကီး၊ လက္နက္ငယ္ေတြက်လို႔ ေသမလဲ၊ ဘယ္ေန႔ ဖမ္းဆီးႏွိပ္စက္ခံရေလမလဲ၊ မည္သူမည္ဝါမွန္းမသိသူေတြက ဘယ္ေန႔လာသတ္လို႔ ေသမလဲဆိုသည္ကိုသာ စိုးရိမ္ေၾကာက္လန္႔ေနၾက ရသည္။ တရားဥပေဒစိုးမိုးမႈ ပ်က္ျပားေနသည္ဟုပင္ ဆိုရမည္လား မေျပာတတ္။
သည္အေျခအေနမ်ားေၾကာင့္ ထင္သည္။ ရကၡိဳင့္ တပ္ေတာ္(AA)ကလည္း ရခိုင္တြင္ ေရြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ရန္ အစိုးရအေနျဖင့္ AA ႏွင့္ ေဆြးေႏြးညႇိႏိႈင္းရမည္ဟု ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္အတြင္း မီဒီယာမ်ားမွတစ္ဆင့္ ကမ္းလွမ္းခဲ့ဖူး သည္။ အစိုးရဘက္ကေတာ့ AA ႏွင့္ ေဆြးေႏြးစရာ အေၾကာင္းမရွိဟု တံု႔ျပန္ခဲ့ဖူးသည္။ ယင္းသို႔တံု႔ျပန္ၿပီး ေနာက္ပိုင္း AA ကို အစိုးရက အၾကမ္းဖက္အဖြဲ႕အျဖစ္ ေၾကညာလိုက္ျပန္သည္။ ေၾကညာၿပီးေနာက္ပိုင္းလည္း အၾကမ္းဖက္အဖြဲ႕အစည္းမ်ားျဖင့္ ႏိုင္ငံေရး ေတြ႕ဆံု ေဆြးေႏြးေရးမလုပ္ႏိုင္ဟု အစိုးရက ထုတ္ေဖာ္ေျပာ လာသည္။ ဆိုရလွ်င္ ရခိုင္တြင္ ေရြးေကာက္ပြဲ ေအာင္ ေအာင္ျမင္ျမင္ျဖစ္ေျမာက္ေရးေဆြးေႏြးရန္ AA ၏ ကမ္းလွမ္းခ်က္မွာ ေအာ္တိုပ်က္ျပယ္သြားခဲ့ရသည္။
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ကနဦးအစပိုင္းတြင္ ေျပာခဲ့သည္တစ္ခုေတာ့ ရွိခဲ့သည္။ တိုက္ပြဲျဖစ္ေနသည့္ ရခိုင္မွ ၿမိဳ႕နယ္မ်ားတြင္ ေရြး ေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ရန္အတြက္ လံုျခံဳေရးသာ အဓိကျဖစ္ၿပီး ယင္းသို႔ လံုျခံဳေရး ေဆာင္ ရြက္ႏိုင္ရန္ ျပည္ထဲေရးကိုအေၾကာင္းၾကားထားသည္ဟု ေျပာဆိုခဲ့သည္။ ျပည္ထဲေရးကလည္း တာဝန္ယူႏိုင္ မည့္ အေျခအေနမရွိဟန္တူသည္။ ထို႔ေၾကာင့္ ယခု ေနာက္ပိုင္းတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္ မရွင္က ရခိုင္ရွိ ၿမိဳ႕နယ္အားလံုးတြင္ ေရြးေကာက္ပြဲ က်င္းပႏိုင္မည္မဟုတ္ဟု ေျပာဆိုလာသည္။ အထူး သျဖင့္ တိုက္ပြဲမ်ားျပင္းထန္ေနသည့္ၿမိဳ႕နယ္အခ်ိဳ႕တြင္ က်င္းပႏိုင္မည္မဟုတ္ဟုဆိုသည္။ မည္သည့္ၿမိဳ႕နယ္ မ်ားတြင္ က်င္းပႏိုင္မည္မဟုတ္ဆိုသည္ကိုမူ ေအာက္ တိုဘာလအတြင္း ေကာ္မရွင္က ထပ္မံေၾကညာေပး မည္ဟုလည္း ဆိုသည္။
တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ရခိုင္ျပည္ေျမာက္ပိုင္းေဒသရွိ ၿမိဳ႕နယ္အခ်ိဳ႕ႏွင့္ ‘ဝ’ေဒသရွိ ၿမိဳ႕နယ္ႏွစ္ခုကို ေရြး ေကာက္ပြဲျပဳလုပ္ရန္ လံုၿခံဳေရးအဆင္မေျပႏိုင္၍ ျမန္မာ့တပ္မေတာ္က ႏိုင္ငံေတာ္အစိုးရထံ အႀကံျပဳ တင္ျပထားသည္ဟု စက္တင္ဘာလ ၄ ရက္ေန႔က ျပဳလုပ္သည့္ တပ္မေတာ္သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သည္။
အလားတူ ယင္းေန႔ညေနပိုင္းတြင္ သမၼတ႐ံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကလည္း သမၼတအိမ္ ေတာ္တြင္ ျပဳလုပ္ခဲ့သည့္သတင္းစာရွင္းလင္းပြဲတြင္ ရခိုင္ျပည္နယ္၌ ေရြးေကာက္ပြဲျပဳလုပ္ရန္ ယခုအခ်ိန္ အထိ (၅) ၿမိဳ႕နယ္သာ ေသခ်ာေသးသည္ဟု ေျပာဆိုခဲ့ သည္။ က်န္ေနရာမ်ားအတြက္ ေလာေလာဆယ္ မေျပာႏိုင္ေသးဟုလည္း ဆိုသည္။ ဦးေဇာ္ေဌး ေျပာဆို ခဲ့သည့္ ေသခ်ာသည့္ (၅)ၿမိဳ႕နယ္မွာ စစ္ေရးပဋိပကၡႏွင့္ မသက္ဆိုင္သည့္ ဂြၿမိဳ႕နယ္၊ သံတြဲၿမိဳ႕နယ္၊ ေတာင္ကုတ္ ၿမိဳ႕နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္ႏွင့္ မာန္ေအာင္ၿမိဳ႕နယ္တို႔ပင္ ျဖစ္သည္။ ထိုၿမိဳ႕နယ္ (၅)ခုသည္ အစဥ္အလာအားျဖင့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ႀကီးစိုးသည့္ ၿမိဳ႕နယ္မ်ားျဖစ္သည္။ ၿပီးခဲ့သည့္ ၂၀၁၅ ေရြးေကာက္ပြဲ တြင္လည္း NLD က အမ်ားဆံုး အႏိုင္ရရွိခဲ့သည့္ နယ္ေျမမ်ားျဖစ္သည္။ ဦးေဇာ္ေဌး၏အဆိုအရဆိုလွ်င္ ေရြးေကာက္ပြဲက်င္းပႏိုင္ေျခမရွိသည့္ ၿမိဳ႕နယ္မ်ားမွာ ၿမိဳ႕နယ္ (၁၂)ခုရွိၿပီး ယင္းၿမိဳ႕နယ္ (၁၂)ခုစလံုးသည္ တိုက္ပြဲမ်ား အနည္းႏွင့္အမ်ား ျဖစ္ပြားေနသည့္ၿမိဳ႕နယ္ မ်ား ျဖစ္ၾကသည္။ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနသည့္ ၿမိဳ႕နယ္မ်ားလည္းပါဝင္သလို အနည္းငယ္ျဖစ္ပြား ေနသည့္ၿမိဳ႕နယ္မ်ားလည္း ပါဝင္သည္။
သည္ၾကားထဲ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါက တစ္မ်ိဳး။ ရခိုင္တြင္ ဩဂုတ္ ၁၆ ရက္ေန႔မွစတင္ကာ ဗိုင္းရပ္စ္ ပိုးကူးစက္မႈ တစ္ေက်ာ့ျပန္တိုးပြားလာခဲ့သည္။ စစ္ေတြ ရွိ ဘဏ္ဝန္ထမ္းအမ်ိဳးသမီးတစ္ဦးထံမွ ကူးစက္ခဲ့ျခင္း လည္းျဖစ္သည္။ ထိုအမ်ိဳးသမီးထံ မည္သို႔မည္ပံု စတင္ ကူးစက္လာသည္ကို မသိရဘဲ ေဈးမွကူးစက္ခဲ့ျခင္း ျဖစ္သည္ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္က ဩဂုတ္လ ၂၄ ရက္ေန႔တြင္ ေျပာဆိုခဲ့သည္။
တစ္ေက်ာ့ျပန္ ကူးစက္မႈႏႈန္း ျမန္ဆန္ခဲ့သည့္ အတြက္ စက္တင္ဘာလပထမပတ္သို႔အေရာက္တြင္ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ (၁၇)ခုစလံုး၌ ကို႐ိုနာဗိုင္းရပ္စ္ ပိုး ေရာဂါပိုး ကူးစက္ျပန္႔ပြားသြားခဲ့သည္။ ကူးစက္မႈ ႏႈန္းကိုေလွ်ာ့ခ်ရန္ႏွင့္ ေရာဂါကာကြယ္ရန္အတြက္ဟု ဆိုကာ တစ္ျပည္နယ္လံုးကို အိမ္အျပင္မထြက္ရ Stay at Home အမိန္႔ႏွင့္ ည ၉ နာရီမွ နံနက္ ၄ နာရီအတြင္း ညမထြက္ရအမိန္႔တို႔ကိုလည္း ထုတ္ျပန္ထားရသည္။ လူစုလူေဝးလည္း မလုပ္ရသလို အသြားအလာ ကန္႔ သတ္ထားျခင္းခံေနရသည္မ်ားလည္း ရွိေနသည္။ စက္တင္ဘာလ ၁၃ ရက္ေန႔တြင္ဆိုလွ်င္ ကိုဗစ္ေရာဂါ ျဖင့္ စစ္ေတြမွ သက္ႀကီးပိုင္းတစ္ဦး ေသဆံုးသြားၿပီျဖစ္ သည္။
သည္ေရာဂါေၾကာင့္လည္း ကိုယ္စားလွယ္ ေလာင္းမ်ားအေနျဖင့္ မဲဆြယ္စည္း႐ံုးရာတြင္ အခက္ ေတြ႕ေနရသည္။ က်န္းမာေရးဆိုင္ရာ ကန္႔သတ္ခ်က္ မ်ားကလည္း မဲဆြယ္စည္း႐ံုးရာတြင္ အခက္ေတြ႕ေစ သည္။ ကိုဗစ္ေၾကာင့္ မဲဆြယ္စည္း႐ံုးေရး အခက္ေတြ႕ ေနသည္မွာ ရခိုင္တစ္ခုတည္းေတာ့ မဟုတ္။ တစ္ႏိုင္ငံ လံုးျဖစ္ေနျခင္းျဖစ္သည္။ သို႔ရာတြင္ အျခားျပည္နယ္ ႏွင့္ တိုင္းေဒသႀကီးတို႔တြင္မူ အျပင္တြင္ လူစုလူေဝးျဖင့္ မဲဆြယ္စည္း႐ံုးခြင့္မရၾကေသာ္လည္း အြန္လိုင္းစနစ္ျဖင့္ စည္း႐ံုးျခင္းမ်ား ျပဳလုပ္ႏိုင္ၾကသည္။ အင္တာနက္ကို အသံုးခ်၍ ပံုစံမ်ိဳးစံုျဖင့္ မဲဆြယ္စည္း႐ံုးႏိုင္ၾကသည္။ ရခိုင္တြင္ဆိုလွ်င္ တိုက္ပြဲျဖစ္ပြားေနသည့္ ၿမိဳ႕နယ္မ်ား တြင္ အင္တာနက္ကို ျပည့္ျပည့္ဝ၀သံုးစြဲခြင့္မရၾက။
အင္တာနက္ကို စစ္ဘက္ဆိုင္ရာကိစၥရပ္မ်ားတြင္ တလြဲအသံုးခ်သည္ဟုဆိုကာ တိုက္ပြဲျဖစ္ေနသည့္ရခိုင္ မွ ၿမိဳ႕နယ္ ၉ ခုကို ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၁ ရက္မွစတင္ကာ အင္တာနက္သံုးစြဲခြင့္ကို အစိုးရက ပိတ္ပင္ခဲ့သည္။ အင္တာနက္ပိတ္ပင္လိုက္ျခင္းျဖင့္ ရခိုင္ေဒသတြင္ စစ္ေရးတင္းမာမႈမ်ား ေလ်ာ့က်သြား ျခင္း မရွိခဲ့ေပ။ တိုက္ပြဲမ်ားေၾကာင့္ နစ္နာဆံုး႐ံႈးမႈမ်ား တိုးလာေနသလို လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈမ်ား ႏွင့္ သတင္းအေမွာင္ခ်ခံရျခင္းမ်ား တိုးပြားလာသည့္ အတြက္ အင္တာနက္သံုးစြဲခြင့္ျပန္ေပးရန္ ႏိုင္ငံတကာ ႏွင့္ လူမႈအဖြဲ႕အစည္းအသီးသီးက ေတာင္းဆိုခဲ့ၾက သည္။ ယင္းေနာက္ ပိတ္ထားသည့္ အင္တာနက္လိုင္း မ်ားကို ယခုႏွစ္၊ ဩဂုတ္လ ၁ ရက္ေန႔တြင္ အစိုးရက ျပန္ဖြင့္ေပးခဲ့သည္။ သို႔ေသာ္ 2G အဆင့္သာ ဖြင့္ေပး ျခင္း ျဖစ္သည္။ 4G အဆင့္သံုးစြဲ၍ မရၾကေပ။ ဓာတ္ပံု၊ ႐ုပ္သံႏွင့္ Website မ်ားကို ဖြင့္ၾကည့္၍ မရၾက။ အင္တာနက္ဖြင့္မေပးဘဲ ထားသည္ႏွင့္ ထူးမျခားနား။ သည္လိုအေျခအေနေၾကာင့္ ျပည္မရွိကိုယ္စားလွယ္ ေလာင္းမ်ားနည္းတူ ရခိုင္မွ ကိုယ္စားလွယ္ေလာင္းမ်ား အေနျဖင့္ အြန္လိုင္းမွေန၍ မဲဆြယ္စည္း႐ံုးမည္ ဆိုသည္မွာ လံုးဝမျဖစ္ႏိုင္ေပ။ တိုက္ပြဲမျဖစ္သည့္ ဥပမာ စစ္ေတြ၊ ေပါက္ေတာ၊ ဂြၿမိဳ႕နယ္မ်ားတြင္ လိုင္းမွ တစ္ဆင့္ မဲဆြယ္စည္း႐ံုး၍ရသည္ထားဦး။ ေရြးေကာက္ပြဲ ဆိုသည္က တစ္ေနရာ၊ ႏွစ္ေနရာ ကြက္ၿပီး က်င္းပရ၍ ရသည္ကားမဟုတ္။ သို႔ဆိုလွ်င္ ယခုႏွစ္ေရြးေကာက္ပြဲ တြင္ ရခိုင္ရွိ လံုျခံဳေရးစိုးရိမ္ရသည့္ ၿမိဳ႕နယ္မ်ားကို ခ်န္လွပ္ထားခဲ့ၿပီး ၾကားျဖတ္ေရြးေကာက္ပြဲအသြင္ ဆက္လုပ္ႏိုင္မလည္လား။ စဥ္းစားစရာပင္။
ဆိုခဲ့ၿပီးသည့္အတိုင္း ရခိုင္ေဒသသည္ အက်ပ္ အတည္းအမ်ိဳးမ်ိဳးျဖင့္ ရင္ဆိုင္ေနရသည့္ေဒသ ျဖစ္ သည္။ တိုက္ပြဲႏွင့္ ကိုဗစ္တို႔၏ အက်ပ္အတည္းၾကား တြင္ ရခိုင္ျပည္ႀကီး နာလန္မထူႏိုင္ျဖစ္ေနရသည္။ သည္အေျခအေနတြင္ ေရြးေကာက္ပြဲကို ေနရာကြက္ၿပီး လုပ္မည္ဆိုပါကလည္း မည္သည့္နည္းႏွင့္မွ် တရား မွ်တေသာ ေရြးေကာက္ပြဲျဖစ္လာႏိုင္စရာ အေၾကာင္း မရွိေပ။ ယင္းအျပင္ ေရြးေကာက္ပြဲက်င္းပခြင့္မရသည့္ နယ္ေျမမ်ားအတြက္ဆိုလွ်င္လည္း ရခိုင္ျပည္သူတို႔၏အသံကို လႊတ္ေတာ္တြင္းတြင္ ထင္ဟပ္ႏိုင္ေတာ့မည္ မဟုတ္ေပ။
ျခံဳငံုသံုးသပ္ၾကည့္မည္ဆိုပါက ရခိုင္တြင္ တစ္ျပည္လံုးအတိုင္းအတာျဖင့္ ေရြးေကာက္ပြဲ က်င္းပ ႏိုင္မည္မဟုတ္သည္မွာ ေသခ်ာသြားၿပီျဖစ္သည္။ သို႔ဆိုလွ်င္ ရခိုင္တြင္ ႏိုင္ငံေရးေဘာင္ထက္ စစ္ေရး ေဘာင္က ပိုမိုက်ယ္ျပန္႔လာႏိုင္ဖြယ္ရွိေနသည္။ ယင္း သို႔ စစ္ေဘာင္က်ယ္လာပါက ရခိုင္ျပည္ဖြံ႕ၿဖိဳး တိုး တက္ရန္ထက္ ျမန္မာႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ရန္မွာ သာ၍ပင္ ေဝးကြာသြားမည္ျဖစ္သည္။

မာန္ယုေက်ာ္ (ေရႊဝေျမ)

 

Unicode

လာမည့် နိုဝင်ဘာလ (၈)ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကြီး ကျင်းပတော့ မည်ဖြစ်သည်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းများကိုလည်း ပါတီအသီးသီးက အကြိတ်အနယ်ပြုလုပ်နေကြသည်ကို တွေ့နေရသည်။ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဆောင်ပုဒ်အမျိုးမျိုးပေးကာ မဲဆွယ်နေကြသည်ကို အပြင်မှာရော၊ အွန်လိုင်းမှာပါ တွေ့နေရသည်။ သို့ရာတွင် သည်မြင်ကွင်းများကို မြန်မာနိုင်ငံ၏ အနောက်တံခါးဒေသလည်းဖြစ်၊ လက်ရှိ စစ်တလင်းနယ်မြေလည်းဖြစ်နေသည့် ရခိုင်ဒေသတွင် များများစားစား မြင်တွေ့ရခြင်းတော့ မရှိပေ။
ရခိုင်ဒေသဟုဆိုလိုက်လျှင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပွား၍ ကမ္ဘာကပင် စောင့်ကြည့်ခံနေရသည့် ဒေသ၊ သဘာဝသယံဇာတများ ပေါကြွယ်ဝသော်လည်း ဆင်းရဲမွဲတေနေ သည့်ဒေသ၊ စစ်ရေးပဋိပက္ခများပြင်းထန်လျက်ရှိပြီး နေ့စဉ်လိုလို လူသေဆုံး၊ ဒဏ်ရာရမှုများနှင့် စစ်ဘေးရှောင်များ ထွက်ပြေးနေရသည့်ဒေသ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည့်ဒေသ စသည့် လူသိများထင်ရှား၊ ကမ္ဘာကျော်သော ဒေသဖြစ်ပေသည်။ ယင်းကဲ့သို့ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး ရှုပ်ထွေးပွေလီနေသည့်ဒေသတွင် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်မြောက် နိုင်မည်လား။ ရွေးကောက်ပွဲမဖြစ်လျှင် ရခိုင်ပြည်အနေအထားက မည်သို့မည်ပုံဖြစ်လာနိုင်မလဲ။
ယခုလာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ တွင် ရခိုင်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း ၃၈၀ ဦးရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။ ပါတီ ၁၈ ပါတီနှင့် တစ်သီးပုဂ္ဂလတို့စုစုပေါင်း ၃၈၆ ဦးစာရင်းပေးလျှောက် ထားခဲ့ရာ ၆ ဦးပယ်ချခံလိုက်ရသည့်အတွက် ၃၈၀ ဦး ကျန်ရှိခဲ့ခြင်း ဖြစ်သည်။
ရခိုင်မှ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများတွင် လူငယ်၊ လူလတ်ပိုင်းနှင့် အမျိုးသမီးပါဝင်မှုမှာ ယခင် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲထက် များပြားလာ သည်ကို တွေ့ရသည်။ ပညာတတ်လူငယ်များနှင့် ရခိုင်ပြည်ပရဟိတလောကတို့တွင် အားကြိုးမာန်တက် ဆောင်ရွက်နေသူများလည်း ပါဝင်သည်ကို တွေ့ရ သည်။ တစ်သီးပုဂ္ဂလအနေဖြင့် ဝင်ပြိုင်သူဆိုလျှင်လည်း ယခင်ရွေးကောက်ပွဲများထက် ယခုရွေးကောက်ပွဲတွင် ပိုများလာနေသည်။ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် အများအပြားလည်း ထပ်မံဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယခုရွေးကောက်ပွဲသည် ရခိုင်ပြည်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်မည့် ရွေးကောက်ပွဲပင်ဖြစ်သည်။
တစ်ဘက်တွင်လည်း ရခိုင်ဒေသ၏လက်ရှိကာလ သည် စစ်မီးလျှံများ လောင်မြိုက်ပြီး ရခိုင်ပြည်သူများ အတိဒုက္ခအမျိုးမျိုးဖြင့် ရင်ဆိုင်နေရကြရသည့်ကာလ ဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဖြစ်ပွားခဲ့ သည့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့၏တိုက်ပွဲများသည် ယနေ့အချိန်အထိ ရပ်နားခဲ့ခြင်း မရှိ သေး။ ရွေးကောက်ပွဲကျင်းပမည့်နိုဝင်ဘာလဆိုလျှင် ရခိုင်တွင် တိုက်ပွဲဖြစ်နေသည်မှာ (၂)နှစ်တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ (၂)နှစ်နီးပါး ကြာမြင့် လာနေပြီဖြစ်သည့် တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဦးရေသည် နှစ်သိန်း ကျော်အထိ မြင့်တက်သွားပြီဖြစ်သည်။ ကလေးသူငယ် များအပါအဝင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် အပြစ်မဲ့အရပ်သားများ သေဆုံး/ဒဏ်ရာ ရခဲ့ကြမှုသည်လည်း ရာဂဏန်းအထက်တွင်ရှိနေသည်။ သံသယဖြင့် ဖမ်းဆီးခံနေရသည့် အရပ်သားများသည် လည်း ၅၀ဝ အထက်တွင် ရှိနေသည်ဟု အရပ်ဘက် အဖွဲ့အစည်းများ၏ စစ်တမ်းများတွင် ဖော်ပြသည်။ လက်နက်ကိုင်အဖွဲ့အစည်းများ၏ သံသယဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရပြီးနောက် ပျောက်ဆုံးနေသည့် ဒေသခံများလည်း ၅၀ ဝန်းကျင်ခန့်ရှိနေနိုင်သည်။ နောက်ပြီး လက်သည်တရားခံမပေါ်ဘဲ လုပ်ကြံ သတ် ဖြတ်ခံနေရသည့် ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများ လည်း အများအပြားရှိနေပြန်သည်။
ယခုနောက်ပိုင်း တိုက်ပွဲဖြစ်လိုက်လျှင်လည်း မြို့ရွာများနှင့် အလှမ်းဝေးသည့်နေရာများတွင် ဖြစ်ပွား သည်က နည်းလာသည်။ မြို့ရွာများကို အကာအကွယ် ယူကာ အချင်းချင်းပစ်ခတ်တိုက်ခိုက်ကြသည့်အတွက် အပြစ်မဲ့ပြည်သူများ မြေစာပင်ဖြစ်နေကြရသည်။ ထို့ကြောင့် တစ်နေ့တစ်နေ့ ဘယ်မြို့၊ ဘယ်ရွာနားမှာ တိုက်ပွဲဖြစ်လေမလဲ။ ဘယ်ရွာကိုဖြင့် လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲပြီး လူဘယ်နှဦး သေဆုံးလေမလဲ။ ဘယ်နှဦးကော ဒဏ်ရာတွေ ရကြ လေမလဲ။ ဘယ်နှဦးကော သံသယဖြင့် ဖမ်းဆီးနှိပ်စက် ခံရလေမလဲ စသဖြင့် ရခိုင်ပြည်သူတို့ နိစ္စဓူဝ စိုးရိမ် ကြောင့်ကြနေရသည်။ ကျီးလန့်စာစား ဘဝဖြင့် စိုးထိတ်ကြောက်ရွံ့နေကြရသည်။ နောက်ပြီး ရှိသေး သည်။ တောတောင်များသို့ မျှစ်ရှာ၊ ဟင်းခူးသွားသူတွေ ဘယ်အချိန် မိုင်းထပေါက်လေမလဲ။ မိုင်းနင်းမိ၍ ဟိုမှာ သေကြပြီ။ ဒီမှာ ခြေထောက်ပိုင်းပြတ်သွားပြီဆိုသည့် သတင်းများလည်း နေ့စဉ်လိုလိုကြားနေရသည်။ ထိုမိုင်းများကို မည်သူထောင်ထားသည်ဟု တိတိကျကျ မပြောနိုင်သော်လည်း မိုင်းပေါက်ကွဲမှုများကတော့ ရှိနေဆဲပင်ဖြစ်သည်။ သည်လို အကြောက်တရားများ ကြောင့် တိုက်ပွဲနယ်မြေထဲမှ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို စိတ်ဝင်စားချိန်မရကြ။ မြို့/ရွာများ အနီး ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဘယ်နေ့ သေကြရမလဲ၊ ဘယ်နေ့ မိုင်းပေါက်ကွဲလို့ သေမလဲ၊ ဘယ်နေ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကျလို့ သေမလဲ၊ ဘယ်နေ့ ဖမ်းဆီးနှိပ်စက်ခံရလေမလဲ၊ မည်သူမည်ဝါမှန်းမသိသူတွေက ဘယ်နေ့လာသတ်လို့ သေမလဲဆိုသည်ကိုသာ စိုးရိမ်ကြောက်လန့်နေကြ ရသည်။ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေသည်ဟုပင် ဆိုရမည်လား မပြောတတ်။
သည်အခြေအနေများကြောင့် ထင်သည်။ ရက္ခိုင့် တပ်တော်(AA)ကလည်း ရခိုင်တွင် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန် အစိုးရအနေဖြင့် AA နှင့် ဆွေးနွေးညှိနှိုင်းရမည်ဟု ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း မီဒီယာများမှတစ်ဆင့် ကမ်းလှမ်းခဲ့ဖူး သည်။ အစိုးရဘက်ကတော့ AA နှင့် ဆွေးနွေးစရာ အကြောင်းမရှိဟု တုံ့ပြန်ခဲ့ဖူးသည်။ ယင်းသို့တုံ့ပြန်ပြီး နောက်ပိုင်း AA ကို အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်ပြန်သည်။ ကြေညာပြီးနောက်ပိုင်းလည်း အကြမ်းဖက်အဖွဲ့အစည်းများဖြင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေးမလုပ်နိုင်ဟု အစိုးရက ထုတ်ဖော်ပြော လာသည်။ ဆိုရလျှင် ရခိုင်တွင် ရွေးကောက်ပွဲ အောင် အောင်မြင်မြင်ဖြစ်မြောက်ရေးဆွေးနွေးရန် AA ၏ ကမ်းလှမ်းချက်မှာ အော်တိုပျက်ပြယ်သွားခဲ့ရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကနဦးအစပိုင်းတွင် ပြောခဲ့သည်တစ်ခုတော့ ရှိခဲ့သည်။ တိုက်ပွဲဖြစ်နေသည့် ရခိုင်မှ မြို့နယ်များတွင် ရွေး ကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရန်အတွက် လုံခြုံရေးသာ အဓိကဖြစ်ပြီး ယင်းသို့ လုံခြုံရေး ဆောင် ရွက်နိုင်ရန် ပြည်ထဲရေးကိုအကြောင်းကြားထားသည်ဟု ပြောဆိုခဲ့သည်။ ပြည်ထဲရေးကလည်း တာဝန်ယူနိုင် မည့် အခြေအနေမရှိဟန်တူသည်။ ထို့ကြောင့် ယခု နောက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ရခိုင်ရှိ မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ဟု ပြောဆိုလာသည်။ အထူး သဖြင့် တိုက်ပွဲများပြင်းထန်နေသည့်မြို့နယ်အချို့တွင် ကျင်းပနိုင်မည်မဟုတ်ဟုဆိုသည်။ မည်သည့်မြို့နယ် များတွင် ကျင်းပနိုင်မည်မဟုတ်ဆိုသည်ကိုမူ အောက် တိုဘာလအတွင်း ကော်မရှင်က ထပ်မံကြေညာပေး မည်ဟုလည်း ဆိုသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်မြောက်ပိုင်းဒေသရှိ မြို့နယ်အချို့နှင့် ‘ဝ’ဒေသရှိ မြို့နယ်နှစ်ခုကို ရွေး ကောက်ပွဲပြုလုပ်ရန် လုံခြုံရေးအဆင်မပြေနိုင်၍ မြန်မာ့တပ်မတော်က နိုင်ငံတော်အစိုးရထံ အကြံပြု တင်ပြထားသည်ဟု စက်တင်ဘာလ ၄ ရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
အလားတူ ယင်းနေ့ညနေပိုင်းတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း သမ္မတအိမ် တော်တွင် ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်၌ ရွေးကောက်ပွဲပြုလုပ်ရန် ယခုအချိန် အထိ (၅) မြို့နယ်သာ သေချာသေးသည်ဟု ပြောဆိုခဲ့ သည်။ ကျန်နေရာများအတွက် လောလောဆယ် မပြောနိုင်သေးဟုလည်း ဆိုသည်။ ဦးဇော်ဌေး ပြောဆို ခဲ့သည့် သေချာသည့် (၅)မြို့နယ်မှာ စစ်ရေးပဋိပက္ခနှင့် မသက်ဆိုင်သည့် ဂွမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ် မြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ပင် ဖြစ်သည်။ ထိုမြို့နယ် (၅)ခုသည် အစဉ်အလာအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကြီးစိုးသည့် မြို့နယ်များဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ တွင်လည်း NLD က အများဆုံး အနိုင်ရရှိခဲ့သည့် နယ်မြေများဖြစ်သည်။ ဦးဇော်ဌေး၏အဆိုအရဆိုလျှင် ရွေးကောက်ပွဲကျင်းပနိုင်ခြေမရှိသည့် မြို့နယ်များမှာ မြို့နယ် (၁၂)ခုရှိပြီး ယင်းမြို့နယ် (၁၂)ခုစလုံးသည် တိုက်ပွဲများ အနည်းနှင့်အများ ဖြစ်ပွားနေသည့်မြို့နယ် များ ဖြစ်ကြသည်။ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် မြို့နယ်များလည်းပါဝင်သလို အနည်းငယ်ဖြစ်ပွား နေသည့်မြို့နယ်များလည်း ပါဝင်သည်။
သည်ကြားထဲ ကိုရိုနာဗိုင်းရပ်စ်ရောဂါက တစ်မျိုး။ ရခိုင်တွင် ဩဂုတ် ၁၆ ရက်နေ့မှစတင်ကာ ဗိုင်းရပ်စ် ပိုးကူးစက်မှု တစ်ကျော့ပြန်တိုးပွားလာခဲ့သည်။ စစ်တွေ ရှိ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးထံမှ ကူးစက်ခဲ့ခြင်း လည်းဖြစ်သည်။ ထိုအမျိုးသမီးထံ မည်သို့မည်ပုံ စတင် ကူးစက်လာသည်ကို မသိရဘဲ ဈေးမှကူးစက်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဩဂုတ်လ ၂၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။
တစ်ကျော့ပြန် ကူးစက်မှုနှုန်း မြန်ဆန်ခဲ့သည့် အတွက် စက်တင်ဘာလပထမပတ်သို့အရောက်တွင် ရခိုင်ပြည်နယ် မြို့နယ် (၁၇)ခုစလုံး၌ ကိုရိုနာဗိုင်းရပ်စ် ပိုး ရောဂါပိုး ကူးစက်ပြန့်ပွားသွားခဲ့သည်။ ကူးစက်မှု နှုန်းကိုလျှော့ချရန်နှင့် ရောဂါကာကွယ်ရန်အတွက်ဟု ဆိုကာ တစ်ပြည်နယ်လုံးကို အိမ်အပြင်မထွက်ရ Stay at Home အမိန့်နှင့် ည ၉ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်တို့ကိုလည်း ထုတ်ပြန်ထားရသည်။ လူစုလူဝေးလည်း မလုပ်ရသလို အသွားအလာ ကန့် သတ်ထားခြင်းခံနေရသည်များလည်း ရှိနေသည်။ စက်တင်ဘာလ ၁၃ ရက်နေ့တွင်ဆိုလျှင် ကိုဗစ်ရောဂါ ဖြင့် စစ်တွေမှ သက်ကြီးပိုင်းတစ်ဦး သေဆုံးသွားပြီဖြစ် သည်။
သည်ရောဂါကြောင့်လည်း ကိုယ်စားလှယ် လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် အခက် တွေ့နေရသည်။ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက် များကလည်း မဲဆွယ်စည်းရုံးရာတွင် အခက်တွေ့စေ သည်။ ကိုဗစ်ကြောင့် မဲဆွယ်စည်းရုံးရေး အခက်တွေ့ နေသည်မှာ ရခိုင်တစ်ခုတည်းတော့ မဟုတ်။ တစ်နိုင်ငံ လုံးဖြစ်နေခြင်းဖြစ်သည်။ သို့ရာတွင် အခြားပြည်နယ် နှင့် တိုင်းဒေသကြီးတို့တွင်မူ အပြင်တွင် လူစုလူဝေးဖြင့် မဲဆွယ်စည်းရုံးခွင့်မရကြသော်လည်း အွန်လိုင်းစနစ်ဖြင့် စည်းရုံးခြင်းများ ပြုလုပ်နိုင်ကြသည်။ အင်တာနက်ကို အသုံးချ၍ ပုံစံမျိုးစုံဖြင့် မဲဆွယ်စည်းရုံးနိုင်ကြသည်။ ရခိုင်တွင်ဆိုလျှင် တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များ တွင် အင်တာနက်ကို ပြည့်ပြည့်ဝဝသုံးစွဲခွင့်မရကြ။
အင်တာနက်ကို စစ်ဘက်ဆိုင်ရာကိစ္စရပ်များတွင် တလွဲအသုံးချသည်ဟုဆိုကာ တိုက်ပွဲဖြစ်နေသည့်ရခိုင် မှ မြို့နယ် ၉ ခုကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်မှစတင်ကာ အင်တာနက်သုံးစွဲခွင့်ကို အစိုးရက ပိတ်ပင်ခဲ့သည်။ အင်တာနက်ပိတ်ပင်လိုက်ခြင်းဖြင့် ရခိုင်ဒေသတွင် စစ်ရေးတင်းမာမှုများ လျော့ကျသွား ခြင်း မရှိခဲ့ပေ။ တိုက်ပွဲများကြောင့် နစ်နာဆုံးရှုံးမှုများ တိုးလာနေသလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ နှင့် သတင်းအမှောင်ချခံရခြင်းများ တိုးပွားလာသည့် အတွက် အင်တာနက်သုံးစွဲခွင့်ပြန်ပေးရန် နိုင်ငံတကာ နှင့် လူမှုအဖွဲ့အစည်းအသီးသီးက တောင်းဆိုခဲ့ကြ သည်။ ယင်းနောက် ပိတ်ထားသည့် အင်တာနက်လိုင်း များကို ယခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် အစိုးရက ပြန်ဖွင့်ပေးခဲ့သည်။ သို့သော် 2G အဆင့်သာ ဖွင့်ပေး ခြင်း ဖြစ်သည်။ 4G အဆင့်သုံးစွဲ၍ မရကြပေ။ ဓာတ်ပုံ၊ ရုပ်သံနှင့် Website များကို ဖွင့်ကြည့်၍ မရကြ။ အင်တာနက်ဖွင့်မပေးဘဲ ထားသည်နှင့် ထူးမခြားနား။ သည်လိုအခြေအနေကြောင့် ပြည်မရှိကိုယ်စားလှယ် လောင်းများနည်းတူ ရခိုင်မှ ကိုယ်စားလှယ်လောင်းများ အနေဖြင့် အွန်လိုင်းမှနေ၍ မဲဆွယ်စည်းရုံးမည် ဆိုသည်မှာ လုံးဝမဖြစ်နိုင်ပေ။ တိုက်ပွဲမဖြစ်သည့် ဥပမာ စစ်တွေ၊ ပေါက်တော၊ ဂွမြို့နယ်များတွင် လိုင်းမှ တစ်ဆင့် မဲဆွယ်စည်းရုံး၍ရသည်ထားဦး။ ရွေးကောက်ပွဲ ဆိုသည်က တစ်နေရာ၊ နှစ်နေရာ ကွက်ပြီး ကျင်းပရ၍ ရသည်ကားမဟုတ်။ သို့ဆိုလျှင် ယခုနှစ်ရွေးကောက်ပွဲ တွင် ရခိုင်ရှိ လုံခြုံရေးစိုးရိမ်ရသည့် မြို့နယ်များကို ချန်လှပ်ထားခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲအသွင် ဆက်လုပ်နိုင်မလည်လား။ စဉ်းစားစရာပင်။
ဆိုခဲ့ပြီးသည့်အတိုင်း ရခိုင်ဒေသသည် အကျပ် အတည်းအမျိုးမျိုးဖြင့် ရင်ဆိုင်နေရသည့်ဒေသ ဖြစ် သည်။ တိုက်ပွဲနှင့် ကိုဗစ်တို့၏ အကျပ်အတည်းကြား တွင် ရခိုင်ပြည်ကြီး နာလန်မထူနိုင်ဖြစ်နေရသည်။ သည်အခြေအနေတွင် ရွေးကောက်ပွဲကို နေရာကွက်ပြီး လုပ်မည်ဆိုပါကလည်း မည်သည့်နည်းနှင့်မျှ တရား မျှတသော ရွေးကောက်ပွဲဖြစ်လာနိုင်စရာ အကြောင်း မရှိပေ။ ယင်းအပြင် ရွေးကောက်ပွဲကျင်းပခွင့်မရသည့် နယ်မြေများအတွက်ဆိုလျှင်လည်း ရခိုင်ပြည်သူတို့၏အသံကို လွှတ်တော်တွင်းတွင် ထင်ဟပ်နိုင်တော့မည် မဟုတ်ပေ။
ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက ရခိုင်တွင် တစ်ပြည်လုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပ နိုင်မည်မဟုတ်သည်မှာ သေချာသွားပြီဖြစ်သည်။ သို့ဆိုလျှင် ရခိုင်တွင် နိုင်ငံရေးဘောင်ထက် စစ်ရေး ဘောင်က ပိုမိုကျယ်ပြန့်လာနိုင်ဖွယ်ရှိနေသည်။ ယင်း သို့ စစ်ဘောင်ကျယ်လာပါက ရခိုင်ပြည်ဖွံ့ဖြိုး တိုး တက်ရန်ထက် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်မှာ သာ၍ပင် ဝေးကွာသွားမည်ဖြစ်သည်။

မာန်ယုကျော် (ရွှေဝမြေ)