• Today is: Saturday, April 24, 2021

အစိုးရသစ်နဲ့ ဖက်ဒရယ်အခင်းအကျင်း

Federal Journal
February03/ 2021

Unicode

အစိုးရသစ်နဲ့ ဖက်ဒရယ်အခင်းအကျင်း

အရပ်သားအစိုးရက ဦးဆောင်ကျင်းပတဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ် များ ထွက်ပေါ်လာပြီးနောက် မဲဆန္ဒနယ်အများစုမှာ လွှတ်တော်သုံးရပ်အတွက် NLD ပါတီကပဲ အနိုင်ရရှိ ကာ ဦးဆောင် အစိုးရ ဖွဲ့နိုင်မယ့် အခွင့်အရေးရရှိသွား ပြီ ဖြစ်ပါတယ်။
NLD ပါတီဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေး ကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စဉ် ကာလကတည်းက ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ဒီမိုကရေစီ ဖက် ဒရယ်နိုင်ငံတော်သစ် တည်ဆောက်ရေးကို ထည့်သွင်း ရေးဆွဲခဲ့ပါတယ်။ NLD ပါတီ အာဏာရရှိပြီး နောက် ပိုင်းမှာလည်း ပြုပြင်ပြောင်းလဲရေးအတွက် ငြိမ်းချမ်း ရေး အကောင်အထည်ဖော်မှုကို စတင်ခဲ့ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပခဲ့ပြီး အကြိမ်ကြိမ် တွေ့ဆုံမှုမှသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးကို ကြိုးပမ်းခဲ့ကြတာ ဖြစ်ပါတယ်။ အစုအဖွဲ့လိုက် ဆွေးနွေးမှုတွေအရ ရလဒ်ကောင်း တချို့ကိုလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အားလုံးသိတဲ့ အတိုင်း ဒီမိုကရေစီ ရထားကြီးက ဖက်ဒရယ်ဘူတာဆီ မဆိုက်နိုင် ဖြစ်နေရပါတယ်။
ယခုလည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ NLD ကြေညာစာတမ်းမှာ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအကြောင်း ရှေးရှုထားပြန်ပါတယ်။ NLD ပါတီရဲ့ ရွေးကောက်ပွဲ ပြီးလျှင်ပြီးချင်း ထုတ်ပြန်ချက် အရ တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ ကမ်းလှမ်းထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း အတွေ့အကြုံကောင်းရော၊ အတွေ့အကြုံဆိုးတွေပါ ရရှိထားခဲ့တဲ့ ြီူ အနေနဲ့ ယခုရွေးကောက်ပွဲအပြီးမှာ အစိုးရသစ်ကို စိတ်ကြိုက် ဖွဲ့စည်းနိုင်ဖို့ အခွင့်အရေး ရရှိထားပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း အစိုးရအဖွဲ့ ဖွဲ့စဉ်မှာ အတွေ့အကြုံမရှိ သေးတဲ့ ြီူ အပေါ် အယုံအကြည်နည်းသူတွေ ရှိခဲ့ ပေမယ့် ယခုအစိုးရဖွဲ့ချိန်မှာတော့ NLD ကသာခေါ် ရင် ယုံမှတ်လို့ ပုံအပ်မယ့်သူတွေလည်း အများကြီး ရှိလာနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ် အစိုးရအဖွဲ့ ထက် ၂၀၂၁ ခုနှစ် အစိုးရအဖွဲ့ဟာ ပိုမိုတောင့်တင်း လာဖွယ်ရှိပါတယ်။ ဒါ့အပြင် တိုင်းရင်းသား တတ်သိ ပညာရှင်တွေလည်း အစိုးရအဖွဲ့ အသီးသီးမှာပါဝင်လာဖွယ်ရာရှိပါတယ်။
ဒီလိုအခြေအနေတွေအရ NLD ဟာ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ရေးကို ခြေလှမ်းတိုး ဆောင် ရွက်သွားဖွယ်ရှိတယ်လို့ သုံးသပ်နိုင်ပေ မယ့် NLD အနေနဲ့ ဖက်ဒရယ်စနစ် ဆီသွားရာလမ်းက အခြား သော အတားအဆီးတွေ ကျော်လွှားနိုင်စွမ်း ရှိ မရှိကိုလည်း ထည့်တွက်ရမှာ ဖြစ် ပါတယ်။ အဲဒီ အတားအဆီး တွေထဲမှာ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့ ဖက်ဒရယ်စနစ်ဆီသွားရာ အတားအဆီးက အကြီးဆုံး အတား အဆီး ဖြစ်နေပါတယ်။
မြန်မာနိုင်ငံသမိုင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးခု ရှိခဲ့ပါတယ်။ ပထမဆုံး ရေးဆွဲခဲ့တဲ့ အခြေခံ ဥပဒေကို တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ (၉.၆.၁၉၄၇) နေ့ကနေ တတိယအကြိမ် ညီလာခံ (၁၄.၉.၁၉၄၇) နေ့အထိ ရက်ပေါင်း ၁၀၈ ရက်အတွင်း လွတ်လပ်ရေးရလိုဇောနဲ့ အလျင်အမြန် ရေးဆွဲခဲ့ရတဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ဖြစ်ခဲ့ပါတယ်။ ထို့အတွက် အားနည်းချက်တွေ များစွာ ရှိခဲ့ပါတယ်။ ဒုတိယရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကတော့ ဗိုလ်ချုပ် ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ရေးဆွဲခဲ့တဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြစ်ပြီး တစ် ပါတီအာဏာရှင် စနစ် သက်ဆိုးရှည်ဖို့ ရည်ရွယ် ထားတာ ဖြစ်ပါတယ်။ တတိယမြောက် ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ၁၉၉၃ မှာ စတင်ရေးဆွဲခဲ့ပြီး ၂၀ဝ၈ ခုနှစ်မှာ အတည်ပြု ခဲ့တဲ့ တည်ဆဲအခြေခံဥပဒေပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်ဟာ တစ် ဖက်မှာ ကျန်ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပြီး တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး အဓွန့်ရှည်တည်တံ့ဖို့ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရန်လည်း ကြိုးစား နေပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်မှုမှာ အရေး ကြီးအခန်းကဏ္ဍအဖြစ် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့လည်း လိုပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအရ အစိုးရဖွဲ့နိုင်ခဲ့တဲ့ NLD ဟာ ငါးနှစ် တာကာလအတွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သလို လွှတ်တော်တွင်း ကနေ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လည်း ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ နှစ်ခု စလုံးဟာ အောင်မြင်မှုပန်းတိုင်ဆီ မရောက်ရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်အများစုက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် ပိုမိုကာ NLD ကို မဲပေးခဲ့ခြင်းမှာ ဒီတာဝန်တွေကို ဆက်လက်ဆောင် ရွက်ဖို့ တာဝန်ပေးခြင်းဆိုတာလည်း ပါဝင်နေမှာ ဖြစ်ပါ တယ်။
NLD အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည် ဆောက်နိုင်ရန် တိုင်းရင်းသားအားကို မလွဲမသွေရယူ ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအင်အားကို ရမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖက်ဒရယ်စနစ်နဲ့ ကိုက်ညီ အောင် ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသား အင်အားကိုရယူဖို့ NLD အစိုးရအနေနဲ့ ခက်ကောင်း ခက်ပါလိမ့်မယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်ရဲ့ အင်အားကိုရဖို့ NLD အနေနဲ့ လွယ်ကူမှာ မဟုတ်ပါ ဘူး။
မကြာမီက တပ်မတော်နဲ့ ရခိုင့်တပ်မတော် (AA) တို့ ]ဝ}ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမှာ တွေ့ တယ်လို့ သိရပါတယ်။ ထိုတွေ့ဆုံပွဲမတိုင်မီကလည်း ဗွီဒီယိုဖုန်းနဲ့ စကားပြောခဲ့ရတယ် ဆိုပါတယ်။ ယခု စာရေးနေချိန်အထိ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ တပ်မ တော်ဘက်က သတင်းထုတ်ပြန်မှု မရှိသေးပါဘူး။ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင်တွေကတော့ ဒီတွေ့ဆုံမှုကို ကြိုဆိုကြောင်း သဘောထားပေးပါတယ်။ သူတို့အနေနဲ့ ငြိမ်းချမ်းရေး အတွက် NCA လက်မှတ်ထိုးဖို့ကို အစိုးရသစ်နဲ့ ဆောင် ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီလိုအခင်းအကျင်းကောင်းတွေ ရှိနေစဉ်မှာ NLD အနေနဲ့ တိုင်းရင်းသားတွေရဲ့ အားကိုယူကာ ယုံကြည်မှု တည်ဆောက်နိုင်ရန် ကြိုးပမ်းရမှာ ဖြစ်ပါ တယ်။ ၂၀၁၆ ခုနှစ် အစိုးရဖွဲ့ချိန်ကလို တိုင်းရင်းသား တွေကို အစိုးရအဖွဲ့နဲ့ လွှတ်တော်မှာ နေရာပေးရုံ လောက်နဲ့တော့ ယုံကြည်မှု တည်ဆောက်လို့ မရပါဘူး။ ထို့ထက်ပိုတဲ့ ယုံကြည်မှုမျိုး တည်ဆောက်ရမှာဖြစ်ပြီး တိုင်းရင်းသားတွေဘက်ကလည်း ရပိုင်ခွင့်ကို လက်တစ်ဆုံး မနှိုက်စေချင်ပါဘူး။
ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှရေးဆိုတာ အကျိုး စီးပွားကို အခြေခံတာထက် မေတ္တာတရားကို အခြေခံ မှသာ ခိုင်မာမှာ ဖြစ်ပါတယ်။ မေတ္တာတရားကို အခြေခံ မှသာ သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ စာနာတဲ့ စိတ်ကလေးရှိလာမှာ ဖြစ်ပါတယ်။ အစိုးရသစ်လက် ထက်မှာ မေတ္တာတရားနဲ့ ဖက်ဒရယ်အခင်းအကျင်းကို အောင်မြင်စွာ ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြု လိုက်ပါတယ်။

ဗညားလှိုင်ဦး

Zawgyi

အစိုးရသစ္နဲ႔ ဖက္ဒရယ္အခင္းအက်င္း

အရပ္သားအစိုးရက ဦးေဆာင္က်င္းပတဲ့ ၂၀၂၀ ျပည့္ႏွစ္ ပါတီစံုဒီမိုကေရစီ ေရြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔က က်င္းပခဲ့ပါတယ္။ ေရြးေကာက္ပြဲရလဒ္ မ်ား ထြက္ေပၚလာၿပီးေနာက္ မဲဆႏၵနယ္အမ်ားစုမွာ လႊတ္ေတာ္သံုးရပ္အတြက္ NLD ပါတီကပဲ အႏိုင္ရရွိ ကာ ဦးေဆာင္ အစိုးရ ဖြဲ႕ႏိုင္မယ့္ အခြင့္အေရးရရွိသြား ၿပီ ျဖစ္ပါတယ္။

NLD ပါတီဟာ ၂၀၁၅ ခုႏွစ္ အေထြေထြေရြး ေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္စဥ္ ကာလကတည္းက ေရြးေကာက္ပြဲ ေၾကညာစာတမ္းမွာ ဒီမိုကေရစီ ဖက္ ဒရယ္ႏိုင္ငံေတာ္သစ္ တည္ေဆာက္ေရးကို ထည့္သြင္း ေရးဆြဲခဲ့ပါတယ္။ NLD ပါတီ အာဏာရရွိၿပီး ေနာက္ ပိုင္းမွာလည္း ျပဳျပင္ေျပာင္းလဲေရးအတြက္ ၿငိမ္းခ်မ္း ေရး အေကာင္အထည္ေဖာ္မႈကို စတင္ခဲ့ပါတယ္။ ၂၁ ရာစု ပင္လံုညီလာခံကို က်င္းပခဲ့ၿပီး အႀကိမ္ႀကိမ္ ေတြ႕ဆံုမႈမွသည္ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု တည္ေထာင္ေရးကို ႀကိဳးပမ္းခဲ့ၾကတာ ျဖစ္ပါတယ္။ အစုအဖြဲ႕လိုက္ ေဆြးေႏြးမႈေတြအရ ရလဒ္ေကာင္း တခ်ိဳ႕ကိုလည္း ရရွိခဲ့ပါတယ္။ ဒါေပမဲ့ အားလံုးသိတဲ့ အတိုင္း ဒီမိုကေရစီ ရထားႀကီးက ဖက္ဒရယ္ဘူတာဆီ မဆိုက္ႏိုင္ ျဖစ္ေနရပါတယ္။

ယခုလည္း ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲ NLD ေၾကညာစာတမ္းမွာ ဖက္ဒရယ္ျပည္ေထာင္စု တည္ ေဆာက္ေရးအေၾကာင္း ေရွး႐ႈထားျပန္ပါတယ္။ NLD ပါတီရဲ႕ ေရြးေကာက္ပြဲ ၿပီးလွ်င္ၿပီးခ်င္း ထုတ္ျပန္ခ်က္ အရ တိုင္းရင္းသားပါတီေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ သြားဖို႔ ကမ္းလွမ္းထားတာ ေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ ငါးႏွစ္တာကာလအတြင္း အေတြ႕အႀကံဳေကာင္းေရာ၊ အေတြ႕အႀကံဳဆိုးေတြပါ ရရွိထားခဲ့တဲ့ ၿီဴ အေနနဲ႔ ယခုေရြးေကာက္ပြဲအၿပီးမွာ အစိုးရသစ္ကို စိတ္ႀကိဳက္ ဖြဲ႕စည္းႏိုင္ဖို႔ အခြင့္အေရး ရရွိထားပါတယ္။

၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲအၿပီး ၂၀၁၆ ခုႏွစ္ ႏွစ္ဆန္းပိုင္း အစိုးရအဖြဲ႕ ဖြဲ႕စဥ္မွာ အေတြ႕အႀကံဳမရွိ ေသးတဲ့ ၿီဴ အေပၚ အယံုအၾကည္နည္းသူေတြ ရွိခဲ့ ေပမယ့္ ယခုအစိုးရဖြဲ႕ခ်ိန္မွာေတာ့ NLD ကသာေခၚ ရင္ ယံုမွတ္လို႔ ပံုအပ္မယ့္သူေတြလည္း အမ်ားႀကီး ရွိလာႏိုင္ပါတယ္။ ဒါေၾကာင့္ ၂၀၁၆ ခုႏွစ္ အစိုးရအဖြဲ႕ ထက္ ၂၀၂၁ ခုႏွစ္ အစိုးရအဖြဲ႕ဟာ ပိုမိုေတာင့္တင္း လာဖြယ္ရွိပါတယ္။ ဒါ့အျပင္ တိုင္းရင္းသား တတ္သိ ပညာရွင္ေတြလည္း အစိုးရအဖြဲ႕ အသီးသီးမွာပါဝင္လာဖြယ္ရာရွိပါတယ္။

ဒီလိုအေျခအေနေတြအရ NLD ဟာ ဖက္ဒရယ္ ျပည္ေထာင္စု ေဖာ္ေဆာင္ေရးကို ေျခလွမ္းတိုး ေဆာင္ ရြက္သြားဖြယ္ရွိတယ္လို႔ သံုးသပ္ႏိုင္ေပ မယ့္ NLD အေနနဲ႔ ဖက္ဒရယ္စနစ္ ဆီသြားရာလမ္းက အျခား ေသာ အတားအဆီးေတြ ေက်ာ္လႊားႏိုင္စြမ္း ရွိ မရွိကိုလည္း ထည့္တြက္ရမွာ ျဖစ္ ပါတယ္။ အဲဒီ အတားအဆီး ေတြထဲမွာ ၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပံုအေျခခံဥပေဒ ဆိုတဲ့ ဖက္ဒရယ္စနစ္ဆီသြားရာ အတားအဆီးက အႀကီးဆံုး အတား အဆီး ျဖစ္ေနပါတယ္။

ျမန္မာႏိုင္ငံသမိုင္းမွာ ဖြဲ႕စည္းပံု အေျခခံဥပေဒ သံုးခု ရွိခဲ့ပါတယ္။ ပထမဆံုး ေရးဆြဲခဲ့တဲ့ အေျခခံ ဥပေဒကို တိုင္းျပဳျပည္ျပဳလႊတ္ေတာ္ ပထမညီလာခံ (၉.၆.၁၉၄၇) ေန႔ကေန တတိယအႀကိမ္ ညီလာခံ (၁၄.၉.၁၉၄၇) ေန႔အထိ ရက္ေပါင္း ၁၀၈ ရက္အတြင္း လြတ္လပ္ေရးရလိုေဇာနဲ႔ အလ်င္အျမန္ ေရးဆြဲခဲ့ရတဲ့ ၁၉၄၇ ခုႏွစ္ အေျခခံဥပေဒ ျဖစ္ခဲ့ပါတယ္။ ထို႔အတြက္ အားနည္းခ်က္ေတြ မ်ားစြာ ရွိခဲ့ပါတယ္။ ဒုတိယေရးဆြဲခဲ့တဲ့ အေျခခံဥပေဒကေတာ့ ဗိုလ္ခ်ဳပ္ ႀကီးေနဝင္း ဦးေဆာင္တဲ့ ေတာ္လွန္ေရးေကာင္စီက ေရးဆြဲခဲ့တဲ့ ၁၉၇၄ ခုႏွစ္ အေျခခံဥပေဒျဖစ္ၿပီး တစ္ ပါတီအာဏာရွင္ စနစ္ သက္ဆိုးရွည္ဖို႔ ရည္ရြယ္ ထားတာ ျဖစ္ပါတယ္။ တတိယေျမာက္ ဖြဲ႕စည္းပံု အေျခခံဥပေဒကေတာ့ ၁၉၉၃ မွာ စတင္ေရးဆြဲခဲ့ၿပီး ၂၀ဝ၈ ခုႏွစ္မွာ အတည္ျပဳ ခဲ့တဲ့ တည္ဆဲအေျခခံဥပေဒပဲ ျဖစ္ပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေကာ္မရွင္ဟာ တစ္ ဖက္မွာ က်န္ရွိေနတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ မ်ားနဲ႔ အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ေရးထိုးႏိုင္ဖို႔ ႀကိဳးစားေဆာင္ရြက္လ်က္ရွိၿပီး တစ္ဖက္မွာလည္း ၿငိမ္းခ်မ္းေရး အဓြန္႔ရွည္တည္တံ့ဖို႔ ဖက္ဒရယ္ျပည္ေထာင္စု ေဖာ္ေဆာင္ရန္လည္း ႀကိဳးစား ေနပါတယ္။

ဖက္ဒရယ္ျပည္ေထာင္စု ေဖာ္ေဆာင္မႈမွာ အေရး ႀကီးအခန္းက႑အျဖစ္ ၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပံုအေျခခံ ဥပေဒကို ျပင္ဆင္ဖို႔လည္း လိုပါတယ္။ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲအရ အစိုးရဖြဲ႕ႏိုင္ခဲ့တဲ့ NLD ဟာ ငါးႏွစ္ တာကာလအတြင္း ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈအတြက္ တစိုက္မတ္မတ္ ေဆာင္ရြက္ခဲ့သလို လႊတ္ေတာ္တြင္း ကေန ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေရးကို လည္း ေဆာင္ရြက္ခဲ့တာ ေတြ႕ရပါတယ္။ ဒါေပမဲ့ ႏွစ္ခု စလံုးဟာ ေအာင္ျမင္မႈပန္းတိုင္ဆီ မေရာက္ရွိခဲ့ပါဘူး။

ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲမွာ မဲဆႏၵရွင္အမ်ားစုက ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲထက္ ပိုမိုကာ NLD ကို မဲေပးခဲ့ျခင္းမွာ ဒီတာဝန္ေတြကို ဆက္လက္ေဆာင္ ရြက္ဖို႔ တာဝန္ေပးျခင္းဆိုတာလည္း ပါဝင္ေနမွာ ျဖစ္ပါ တယ္။

NLD အေနနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ ေဆာက္ႏိုင္ရန္ တိုင္းရင္းသားအားကို မလြဲမေသြရယူ ရမွာ ျဖစ္ပါတယ္။ တိုင္းရင္းသားအင္အားကို ရမွသာ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ဖက္ဒရယ္စနစ္နဲ႔ ကိုက္ညီ ေအာင္ ျပင္ဆင္ႏိုင္မွာ ျဖစ္ပါတယ္။ တိုင္းရင္းသား အင္အားကိုရယူဖို႔ NLD အစိုးရအေနနဲ႔ ခက္ေကာင္း ခက္ပါလိမ့္မယ္။ ဥပမာအားျဖင့္ ရခိုင္ျပည္နယ္ရဲ႕ အင္အားကိုရဖို႔ NLD အေနနဲ႔ လြယ္ကူမွာ မဟုတ္ပါ ဘူး။

မၾကာမီက တပ္မေတာ္နဲ႔ ရခိုင့္တပ္မေတာ္ (AA) တို႔ ]ဝ}ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ပန္ဆန္းမွာ ေတြ႕ တယ္လို႔ သိရပါတယ္။ ထိုေတြ႕ဆံုပြဲမတိုင္မီကလည္း ဗြီဒီယိုဖုန္းနဲ႔ စကားေျပာခဲ့ရတယ္ ဆိုပါတယ္။ ယခု စာေရးေနခ်ိန္အထိ ေတြ႕ဆံုပြဲနဲ႔ ပတ္သက္လို႔ တပ္မ ေတာ္ဘက္က သတင္းထုတ္ျပန္မႈ မရွိေသးပါဘူး။ ေျမာက္ပိုင္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေခါင္း ေဆာင္ေတြကေတာ့ ဒီေတြ႕ဆံုမႈကို ႀကိဳဆိုေၾကာင္း သေဘာထားေပးပါတယ္။ သူတို႔အေနနဲ႔ ၿငိမ္းခ်မ္းေရး အတြက္ NCA လက္မွတ္ထိုးဖို႔ကို အစိုးရသစ္နဲ႔ ေဆာင္ ရြက္သြားမယ္လို႔လည္း ဆိုပါတယ္။

ဒီလိုအခင္းအက်င္းေကာင္းေတြ ရွိေနစဥ္မွာ NLD အေနနဲ႔ တိုင္းရင္းသားေတြရဲ႕ အားကိုယူကာ ယံုၾကည္မႈ တည္ေဆာက္ႏိုင္ရန္ ႀကိဳးပမ္းရမွာ ျဖစ္ပါ တယ္။ ၂၀၁၆ ခုႏွစ္ အစိုးရဖြဲ႕ခ်ိန္ကလို တိုင္းရင္းသား ေတြကို အစိုးရအဖြဲ႕နဲ႔ လႊတ္ေတာ္မွာ ေနရာေပး႐ံု ေလာက္နဲ႔ေတာ့ ယံုၾကည္မႈ တည္ေဆာက္လို႔ မရပါဘူး။ ထို႔ထက္ပိုတဲ့ ယံုၾကည္မႈမ်ိဳး တည္ေဆာက္ရမွာျဖစ္ၿပီး တိုင္းရင္းသားေတြဘက္ကလည္း      ရပိုင္ခြင့္ကို လက္တစ္ဆံုး မႏိႈက္ေစခ်င္ပါဘူး။

ၿငိမ္းခ်မ္းေရးနဲ႔ တန္းတူညီမွ်ေရးဆိုတာ အက်ိဳး စီးပြားကို အေျခခံတာထက္ ေမတၲာတရားကို အေျခခံ မွသာ ခိုင္မာမွာ ျဖစ္ပါတယ္။ ေမတၲာတရားကို အေျခခံ မွသာ သူ႔ေနရာမွာ ကိုယ္သာဆိုရင္ဆိုတဲ့ စာနာတဲ့ စိတ္ကေလးရွိလာမွာ ျဖစ္ပါတယ္။ အစိုးရသစ္လက္ ထက္မွာ ေမတၲာတရားနဲ႔ ဖက္ဒရယ္အခင္းအက်င္းကို ေအာင္ျမင္စြာ ေဖာ္ေဆာင္ႏိုင္ပါေစေၾကာင္း ဆႏၵျပဳ လိုက္ပါတယ္။

ဗညားလိႈင္ဦး