• Today is: Friday, April 23, 2021

အနာဂတ္ဖက္ဒရယ္ႏွင့္ လူနည္းစု ကတူးတိုင္းရင္းသား

Federal Journal
September09/ 2020

Zawgyi

ကတူးသန္းႏိုင္
ျမန္မာႏိုင္ငံသည္ တိုင္းရင္းသားလူမ်ိဳးေပါင္းစံု ေနထိုင္ေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါသည္။ ထို႔ေၾကာင့္ ႏိုင္ငံေတာ္၏ ပစၥဳပၸန္ အနာဂတ္ကာလတြင္ တိုးတက္ျခင္း ဆုတ္ယုတ္ျခင္းဟူသမွ်မွာလည္း တိုင္းရင္း သားကိစၥမ်ားႏွင့္ တစ္နည္းတစ္ဖံု ဆက္စပ္ေနပါသည္။ တိုင္းရင္းသား လူမ်ိဳးတစ္ခုစီတိုင္းတြင္ တူညီ ေသာ အခြင့္အေရးမ်ား ရရွိသင့္ပါသည္။ ထိုအခြင့္အေရးမ်ား ဆံုး ႐ံႈးခဲ့သည့္အတြက္ တိုင္းရင္း သားလက္နက္ကိုင္ပဋိပကၡမ်ားေပၚေပါက္လာရၿပီး ႏိုင္ငံေတာ္၏ ၿငိမ္းခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရး မွာလည္း မ်ားစြာ ဆုတ္ယုတ္ခဲ့သည္ကို မ်က္ဝါးထင္ ထင္ေတြ႕ျမင္ခဲ့ၾကၿပီး ျဖစ္ပါသည္။ ကြ်ႏု္ပ္တို႔ မ်ိဳးဆက္သစ္မ်ားအေနျဖင့္ အတိတ္ကာလ၏ အမွားအယြင္းမ်ားကို အနာဂတ္ကာလအထိ သယ္ ေဆာင္မသြားေစဘဲ ျပဳျပင္တည့္မတ္ႏိုင္ရန္ ႀကိဳးစားၾကရပါမည္။ ဤႏိုင္ငံတြင္ တိုင္းရင္းသား တစ္ခု တည္း၏ အေရးကိစၥကိုသာ စိတ္ဝင္စားေန၍ မရ။ တစ္ႏြယ္ငယ္တစ္စင္ပါဆိုသကဲ့သို႔ တိုင္းရင္းသား အားလံုးကို ၿခံဳငံုကာ စဥ္းစားရပါမည္။ ယခုအခါ ျမန္မာႏိုင္ငံတြင္ ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို ေဖာ္ ေဆာင္ရန္ ႀကိဳးပမ္းေနဆဲကာလျဖစ္သျဖင့္ ဖက္ဒရယ္ စနစ္အတြက္ ႀကိဳတင္ျပင္ဆင္မႈအမ်ားအျပားလည္း လိုအပ္ေနပါသည္။ လိုအပ္ခ်က္မ်ားစြာထဲမွ တစ္ခုကို ေဖာ္ျပရလွ်င္ ‘လူမ်ိဳးစုစာရင္းမွန္ ရရွိေရး’ ျဖစ္ပါသည္။ ဤႏိုင္ငံကို ဤလူမ်ိဳးမ်ား လြတ္လြတ္လပ္လပ္အုပ္ ခ်ဳပ္ခဲ့သည္မွာ ႏွစ္ေပါင္း ၇၀ ေက်ာ္သည့္တိုင္ ‘လူမ်ိဳး စု စာရင္းအမွန္’ ကိုယေန႔အထိ မေကာက္ယူႏိုင္ေသး ေပ။ ‘တိုင္းရင္းသား ၁၃၅ မ်ိဳး ဟူေသာ စာရင္း အမွား ႀကီးကိုသာ အစဥ္အဆက္ သံုးစြဲေနခဲ့ၾကပါသည္။ ၁၃၅ မ်ိဳးစာရင္းတြင္ လူမ်ိဳးအမည္မ်ား ထပ္ေနျခင္း၊ မွားယြင္းေနျခင္း၊ လိုအပ္ေနျခင္း မ်ားရွိပါသည္။ ဥပမာ ကခ်င္၊ ခ်င္းစသည္တို႔သည္ အစုဝင္အားလံုးကို ေခၚဆို ေသာ ဘံုအမည္မ်ားျဖစ္ေသာ္လည္း ၎တို႔ကို အစုဝင္ မ်ားအျဖစ္ ထပ္မံထည့္သြင္းေရတြက္ထားသည္။ ခမီ (ၿမိဳ) လူမ်ိဳးကိုလည္း ရခိုင္မ်ိဳးႏြယ္စုမ်ားစာရင္းတြင္ ‘ခမီ’ဟုလည္းေကာင္း၊ ခ်င္းမ်ိဳးႏြယ္စုစာရင္းတြင္ ‘ဝါ ကုန္း’ (ပါကင္မ္း)၊ ခမီ၊ အဝခမီ(ေအာင္ခမီ) အမည္ မ်ားျဖင့္လည္းေကာင္း အႀကိမ္ႀကိမ္ထပ္၍ေဖာ္ျပထား ပါသည္။ ထိုသို႔ေသာ အမွားအယြင္းမ်ိဳးကို လူမ်ိဳး ၁၃၅ စာရင္းတြင္ အမ်ားအျပားေတြ႕ရသည္။ ေက်ာင္းသံုး စာအုပ္မ်ားတြင္လည္း တိုင္းရင္းသားအမည္နာမမ်ား ကို မွားမွားယြင္းယြင္းျဖင့္ ေဖာ္ျပမႈမ်ား ရွိေနပါသည္။
၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းကို ေကာက္ယူခဲ့ ၿပီး ျဖစ္ေသာ္လည္း လူမ်ိဳးစုစာရင္းမ်ားကို ယေန႔တိုင္ ထုတ္ျပန္ႏိုင္ျခင္း မရွိေသးေပ။ အဂၤလိပ္တို႔သည္ လြန္ ခဲ့ေသာ ႏွစ္ေပါင္း ၁၀ဝ ခန္႔ကစ၍ သန္းေခါင္စာရင္း မ်ားကို ၁၀ ႏွစ္တစ္ႀကိမ္ ေကာက္ခံခဲ့သည္မွာ ၁၉၃၁ ခုႏွစ္အထိ ျဖစ္ပါသည္။ ယခုကဲ့သို႔ တစ္ႀကိမ္တစ္ခါမွ် ပ်က္ကြက္ဖူးျခင္းမရွိပါ။ အဂၤလိပ္ေခတ္တြင္ ေဒသအုပ္ ခ်ဳပ္ေရးအတြက္ အေထာက္အကူျပဳေစရန္ ထုတ္ေဝ ခဲ့ေသာ ေဂဇက္ဒီယားမ်ားသည္ ယေန႔အခ်ိန္အထိ အကိုးအကားျပဳေနရဆဲ ျဖစ္ေသာ္လည္း ယေန႔ေခတ္ ဌာနတစ္ခုက ေဂဇက္ဒီးယားကဲ့သို႔ ထုတ္ေဝေသာ ေဒသဆိုင္ရာ အခ်က္အလက္မ်ားမွာ အကိုးအကား ျပဳႏိုင္ေလာက္သည္အထိ ခိုင္မာမႈ မရွိသည္ကိုေတြ႕ ရသည္။ ဥပမာ ပင္လည္ဘူးၿမိဳ႕နယ္တြင္ ကတူးလူမ်ိဳး ၂၂ ဦးရွိေၾကာင္းေဖာ္ျပထားသည္မွာ မည္သို႔မွ် မွန္ကန္ မႈ မရွိႏိုင္ေပ။ ၂၂ ေယာက္ဆိုသည္မွာ ရြာတစ္ရြာစာမွ် ပင္ မရွိပါ။ အမွန္အားျဖင့္ ပင္လည္ဘူးၿမိဳ႕နယ္တြင္ ကတူးတိုင္းရင္သားေက်းရြာေပါင္း ၁၄ ရြာ ရွိပါသည္။
အဆိုပါဌာန၏ စာရင္းမ်ားအရ ျမန္မာတစ္ႏိုင္ငံ လံုးတြင္ ကတူးတိုင္းရင္းသားလူဦးေရသည္ ၅၀ဝ၀ဝ မွ်ပင္ မရွိပါ။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀ဝ နီးပါးက အဂၤလိပ္တို႔ ေကာက္ယူခဲ့ေသာ ကတူးလူဦးေရစာရင္း မွာ ၃၅၀ဝ၀ ေက်ာ္ရွိပါသည္။ ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ ကို ျမန္မာလူမ်ိဳးမ်ားအုပ္ခ်ဳပ္ခဲ့ေသာ ႏွစ္ေပါင္း ၇၀ ေက်ာ္အတြင္းတိုင္းရင္းသားတို႔၏ အမည္နာမမ်ားႏွင့္ လူဦးေရစာရင္းကိုပင္ အတိအက် ျပဳစုႏိုင္ျခင္း မရွိ ေသးေၾကာင္း ေတြ႕ရပါသည္။
တိုင္းရင္းသားလူမ်ိဳးေပါင္းစံု ေနထိုင္ေသာ ႏိုင္ငံ တစ္ႏိုင္ငံတြင္ ႏိုင္ငံေတာ္အစိုးရသည္ မိမိႏိုင္ငံ၏ လူမ်ိဳးစုစာရင္းကို အတိအက် မွန္မွန္ကန္ကန္ ျပဳစု ထားသင့္ပါသည္။ လူမ်ိဳးစုအသီးသီး၏ ဘာသာစကား ႏွင့္ စာအေရးအသားမ်ားကို မွတ္တမ္းတင္ထားရပါ မည္။ ဤႏွစ္ခ်က္သည္ အနာဂတ္ဖက္ဒရယ္ျပည္ေထာင္ စု တည္ေဆာက္ေရးအတြက္ အေရးႀကီးေသာ အေျခခံ လိုအပ္ခ်က္မ်ားထဲမွ တစ္ခုအပါအဝင္ျဖစ္ေသာ္လည္း အမ်ားစုမွာ ေမ့ေလ်ာ့ေနၾကသည္။ အဆိုပါ အခ်က္ ႏွစ္ခ်က္သည္ လူမ်ိဳးစုႀကီးမ်ားအတြက္ မ်ားစြာ အေရး မပါသကဲ့သို႔ ယူဆႏိုင္ေသာ္လည္း သက္၊ ကတူး၊ ကနန္း၊ ဒိုင္းနက္၊ ၿမိဳစေသာ လူသိနည္းၿပီး လူဦးေရ နည္းပါးေသာ လူမ်ိဳးစုငယ္မ်ားအတြက္ အလြန္အေရး ႀကီးပါသည္။ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ ရာတြင္ လူနည္းစု တိုင္းရင္းသားငယ္မ်ား၏ အခြင့္ အေရးကိုလည္း တန္းတူရည္တူ အေလးထားဖို႔ လိုအပ္ သည္။ လူမ်ိဳးစုတစ္ခု၏ လူဦးေရသည္ ႏိုင္ငံ့လူဦးေရ ၏ ဝ.၁ ရာခိုင္ႏႈန္းလွ်င္ သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္၏ ဥပေဒျပဳေရးက႑တြင္ ကိုယ္ စားလွယ္တစ္ဦး အလိုအေလ်ာက္ပါဝင္ခြင့္ရွိေၾကာင္း အေျခခံဥပေဒတြင္ အတိအလင္းေဖာ္ျပထားပါသည္။ ဥပမာျမန္မာႏိုင္ငံလူဦးေရ ၅၄ သန္းရွိခ်ိန္တြင္ ကတူး လူဦးေရ ၅၄၀ဝ၀ ရွိပါက ကတူးလူမ်ိဳးစုကိုယ္စားလွယ္ အျဖစ္ တိုင္းေဒသႀကီးအစိုးရတြင္ ကတူးတိုင္းရင္းသား ေရးရာ ဝန္ႀကီးတစ္ဦး ပါဝင္ခြင့္ရရွိမည္ျဖစ္သည္။ အကယ္၍ လူမ်ိဳးစုအမည္ႏွင့္ လူဦးေရစာရင္းမ်ား မွားယြင္းေနပါက အဆိုပါအခြင့္အေရးလည္း ဆံုး႐ံႈး သြားမည္ျဖစ္သည္။ ထို႔ေၾကာင့္ တိက်မွန္ကန္ေသာ လူမ်ိဳးစုအမည္ႏွင့္ လူဦးေရစာရင္းသည္ လူနည္းစု မ်ားအတြက္ အသက္တမွ် အေရးႀကီးလွသည္။ ယခု အခါ ကတူးတိုင္းရင္းသားတို႔သည္ အမ်ိဳးသားမွတ္ပံု တင္ကတ္ျပားတြင္ လူမ်ိဳးအမည္ မွားယြင္းေနျခင္း၊ အစိုးရဌာနဆိုင္ရာ မွတ္တမ္းမ်ားတြင္ စာရင္းမွားယြင္း ေနျခင္းစသည့္တို႔ေၾကာင့္ ၂၀၁၈ ခုႏွစ္အထိ ကတူးလူ ဦးေရမွာ ၄၇၀ဝ၀ ေက်ာ္သာရွိသျဖင့္ ကတူးတိုင္းရင္း သား ေရးရာဝန္ႀကီးရရွိမည့္အခြင့္အေရးလည္း ဆံုး႐ံႈး ရပါသည္။ ျမန္မာႏိုင္ငံတြင္ ကတူးတိုင္းရင္းသားမ်ားကဲ့ သို႔ အဆိုပါအခြင့္အေရးကို ဆံုး႐ံႈးေနေသာ တိုင္းရင္း သားလူနည္းစု ညီအစ္ကိုမ်ား မည္မွ်အထိ ရွိေနဦးမည္ မသိပါ။
ျပည္ေထာင္စုတိုင္းရင္းသားတို႔၏ အခ်င္းအရာ ကိစၥမ်ားသည္ ပင့္ကူအိမ္ကဲ့သို႔ တစ္ခုႏွင့္တစ္ခု ႏွီးႏြယ္ ဆက္စပ္ေနသျဖင့္ ကတူးတိုင္းရင္းသားမ်ားႏွင့္ အျခား ညီအစ္ကိုတိုင္းရင္းသားမ်ား၏ ျဖစ္တည္မႈမွာလည္း အျပန္အလွန္ အေထာက္အပံ့ျပဳေနသည္။ အေရာင္ အေသြးစံုလင္ေသာ လူမ်ိဳးစုအသီးသီး၏ သမိုင္းျဖစ္ ရပ္မ်ားသည္ပင္ ႏိုင္ငံေတာ္၏ သမိုင္းအစစ္အမွန္ ျဖစ္ ပါသည္။
မ်က္ေမွာက္ေခတ္ ျမန္မာႏိုင္ငံတြင္ ကတူးလူမ်ိဳး မ်ားသည္ လူသိနည္းေသာ လူနည္းစုတစ္ခု ျဖစ္ေန ေသာ္လည္း ေရွးပေဝဏသီအခါက ျမန္မာႏိုင္ငံ၏ ေရွးဦးလူမ်ိဳးႀကီးမ်ားျဖစ္ေသာ ပ်ဴ၊ သက္၊ ကမ္းယံ အုပ္စု သံုးခုအနက္မွ သက္အစုဝင္ ျဖစ္ပါသည္။ ျမန္မာ ႏိုင္ငံအတြင္းသို႔ျမန္မာလူမ်ိဳးမ်ား စတင္ဝင္ေရာက္လာ စဥ္အခါက ျမန္မာျပည္ေျမာက္ပိုင္းတြင္ သက္ကတူး မ်ား အုပ္စိုးေနခဲ့ၾကသျဖင့္ ျမန္မာတို႔ သည္ ေျမာက္ပိုင္း ေဒသမွ ဝင္ေရာက္လာႏိုင္ျခင္းမရွိဘဲ အေရွ႕ဘက္မွ တစ္ဆင့္ ေက်ာက္ဆည္လြင္ျပင္သို႔ စတင္ဝင္ေရာက္ခဲ့ ၾကေၾကာင္း ဆရာႀကီး ဂ်ီအိတ္လုပ္စ္ က ဆိုခဲ့ပါသည္။ ဆရာႀကီးလုပ္စ္၏ ‘ျမန္မာအစ ေက်ာက္ဆည္က’သီအိုရီသည္ ျမန္မာ့ပညာေရး ေလာကတြင္ အစားထိုး သီအိုရီအသစ္မရွိေသးသျဖင့္ ယေန႔တိုင္ အသက္ဝင္ ေနဆဲ ျဖစ္ေသာ္လည္း ျမန္မာသမိုင္းဆရာတခ်ိဳ႕က အျပင္းအထန္ ကန္႔ကြက္မႈမ်ား ရွိေနပါသည္။ ကန္႔ ကြက္သူမ်ား၏ အဓိကေခ်ပခ်က္ မွာ ျမန္မာတို႔သည္ ၎တို႔ထက္ အင္အားနည္းပါးၿပီး ယဥ္ေက်းမႈနိမ့္ပါး ေသာေျမာက္ပိုင္းေဒသရွိ ကတူး လူမ်ိဳးမ်ားကို မေက်ာ္ ျဖတ္ႏိုင္ဘဲ အင္အားႀကီးေသာ မြန္လူမ်ိဳးမ်ားကို ခုခံ၍ ေက်ာက္ဆည္တြင္ အေျခခ် ေနထိုင္ခဲ့သည္မွာ မျဖစ္ ႏိုင္ေၾကာင္း ဆိုပါသည္။ ဤေနရာတြင္ သမိုင္းဆိုင္ရာ ျငင္းခံုမႈမ်ားကို ဆက္လက္ေဖာ္ျပလိုျခင္းမရွိပါ။ ေရွးအခါက ကတူးလူမ်ိဳး မ်ားသည္ အင္အားနည္း ပါးေသာ လူ႐ိုင္းေလးမ်ား မဟုတ္ေၾကာင္းကိုသာ အနည္းငယ္ေဖာ္ျပပါမည္။ ဘာသာေဗဒအရ သက္အစု (Sak Group)တြင္ သက္၊ ကတူး၊ ကနန္း၊ ထမန္၊ မလင္၊ အင္ၾကယ္၊ အန္ဒ႐ို၊ ဆင္မိုင္တို႔ပါဝင္သည္။
အဆိုပါလူမ်ိဳးမ်ားမွာ အမည္ကြဲအမ်ိဳးမ်ိဳးျဖင့္ ျမန္မာ၊ ဘဂၤလားေဒ့ရွ္၊ အိႏိၵယႏွင့္ နီေပါႏိုင္ငံတို႔တြင္ ယေန႔တိုင္ ပ်ံ႕ႏွံ႔ေနထိုင္လ်က္ ရွိသည္။ ေနရာေဒသ ကြာေဝးျခင္းတို႔ေၾကာင့္ ယခုအခါ ဘာသာစကား အလွမ္းေဝးမႈ ရွိေနေသာ္လည္း ဆက္ႏြယ္မႈမ်ားကို အခိုင္အမာ ေျခရာခံႏိုင္ပါေသးသည္။ အမည္နာမ အမ်ိဳးမ်ိဳးကြဲျပားေနသည့္အတြက္ သက္ဆိုင္ရာေဒသ တစ္ခုစီတြင္ လူနည္းစုမ်ားအျဖစ္ သတ္မွတ္ခံေနရျခင္း ျဖစ္သည္။ ဥပမာ ရခိုင္ျပည္နယ္ရွိ သက္လူမ်ိဳးႏွင့္ စစ္ကိုင္းတိုင္းရွိ ကတူးလူမ်ိဳးဆိုသည္မွာ ဗမာမ်ားက ေခၚဆိုေသာ အမည္ကြဲသာျဖစ္သည္။ သက္ႏွင့္ကတူး တို႔က မိမိကိုယ္ကိုယ္ အစတ္ (Asak)ဟုသာေခၚဆို ၾကသည္။ ခ်င္းျပည္နယ္တြင္လည္း ခ်င္းအမည္ကြဲမ်ား ျဖင့္ သက္လူမ်ိဳးမ်ား ရွိေနသည္။ ေျမျပန္႔ခ်င္းျဖစ္ေသာ အ႐ိႈခ်င္းတို႔သည္လည္း မိမိကိုယ္ကိုယ္ သက္လူမ်ိဳး မ်ားဟု ခံယူၾကသည္။ ဘဂၤလားေဒ့ရွ္တြင္လည္း Chak အမည္ျဖင့္ တည္ရွိေနသည္။ မဏိပူရတြင္ အန္ဒ႐ို၊ ဆင္မိုင္အမည္ျဖင့္ တည္ရွိေနသည္။ နီေပါႏိုင္ငံတြင္ လည္း ထမန္လူမ်ိဳးမ်ားသည္ လူဦးေရ တစ္သန္းခြဲခန္႔ ရွိေနပါသည္။ သက္ကတူးအစုဝင္ ထမန္မ်ားႏွင့္မည္မွ် အထိ ဆက္စပ္သည္ကို သုေတသနမျပဳရေသးေသာ္ လည္း တိဗက္ တိုဘာမင္ ဘာသာစကားအစုဝင္ဆို သည္မွာ ေသခ်ာေနပါသည္။ ထို႔ေၾကာင့္ လူမ်ိဳးစု တစ္ခု၏ အင္အားကို ယေန႔ေခတ္အေျခအေနတစ္ခု တည္းျဖင့္ ႐ႈျမင္သံုးသပ္၍ မရသည္မွာ ထင္ရွားပါ သည္။
သက္အစုဝင္မ်ားျဖစ္ေသာ သက္ ကတူး ကနန္း လူမ်ိဳးမ်ားသည္ ခရစ္မတိုင္မီႏွင့္ခရစ္ႏွစ္ဦးကာလမ်ား တြင္ ျမန္မာျပည္တြင္းသို႔ အေစာဆံုးဝင္ေရာက္လာၾက ၿပီး တေကာင္းေဒသတြင္ စတင္အေျခခ်ေနထိုင္ခဲ့သူ မ်ားျဖစ္ႏိုင္သည္။ ေခတ္ဦးသမိုင္းမွတ္တမ္းမ်ားတြင္ ေတြ႕ရေသာ ပ်ဴကမ္းယံအုပ္စုႀကီး သံုးခုမွာ တစ္ခု အပါအဝင္ျဖစ္ၿပီး နယ္နိမိတ္အားျဖင့္ ေတာင္ဘက္ တြင္ ပုဂံနယ္စပ္၊ ေျမာက္ဘက္တြင္ ယူနန္ျပည္၊ အေနာက္ဘက္တြင္ မဏိပူရအထိ ပ်ံ႕ႏွံေနထိုင္ခဲ့ၾက သည္။ ထိုမွတစ္ဆင့္ အစုဝင္တခ်ိဳ႕က မဏိပူရကိုျဖတ္ ၍ အေနာက္ေတာင္အရပ္သို႔ ဆက္လက္ထြက္ခြာသြား ရာ မဏိပူရေဒသတြင္ အန္ဒ႐ိုႏွင့္ဆင္မိုင္၊ ရခိုင္ျပည္ နယ္တြင္ ]သက္} လူမ်ိဳး၊ ဘဂၤလားေဒ့ရွ္တြင္ ခ်က္ (Chak)လူမ်ိဳးဟူ၍ အမည္တြင္လ်က္ ရွိသည္။ ျမန္မာ၊ အိႏိၵယႏွင့္ဘဂ္လားေဒ့ရွ္တို႔တြင္ ပ်ံ႕ႏွံ႔ေနထိုင္ၾကေသာ ဒိုင္းနက္ ေခၚ သကၠမ (Chakma)လူမ်ိဳးမ်ားသည္ လည္း ယခင္က သက္ကတူးအႏြယ္မ်ားျဖစ္ၿပီး ေနာက္ ပိုင္းတြင္ အင္ဒို-ဥေရာပဘာသာစကား လႊမ္းမိုးသြား ျခင္းျဖစ္ေၾကာင္း ပညာရွင္တခ်ိဳ႕က ယူဆၾကသည္။ ျမန္မာ့သမိုင္းမွတ္တမ္းမ်ားတြင္မူ ေတာင္ဘက္အစုကို ]သက္}ဟုလည္းေကာင္း၊ ေျမာက္ဘက္အစုကို ေသာ(သဝ္)ကတူး (ကႏၱဴ)ဟုလည္းေကာင္း ေဖာ္ျပ သည္။ ယခုအခါ ကတူးႏွင့္ ကနန္းမွာ ကခ်င္ျပည္နယ္ ႏွင့္ စစ္ကိုင္းတိုင္းေဒသတို႔တြင္ ေနထိုင္ၾကၿပီး၊ သက္ လူမ်ိဳးမ်ားမွာ ရခိုင္ျပည္နယ္အတြင္း ေနထိုင္ၾကသည္။
အဂၤလိပ္ေခတ္တြင္ ၁၈၉၁ ခုႏွစ္မွ ၁၉၃၁ ခုႏွစ္ အထိ ၁၀ ႏွစ္တစ္ႀကိမ္ သန္းေခါင္စာရင္း ေကာက္ယူခဲ့ ရာ ၁၈၉၁၊ ၁၉၀၁၊ ၁၉၁၁ ခုႏွစ္မ်ားတြင္ ‘သက္’ကို ခ်င္းအစုဝင္အျဖစ္လည္းေကာင္း၊ ‘ကတူး’ကို ဗမာအစု ဝင္အျဖစ္လည္းေကာင္း ေဖာ္ျပ၍ ‘ကနန္း’ကိုမူ သီးျခားေဖာ္ျပထားျခင္းမရွိေသးေပ။ ၁၉၂၁ ခုႏွစ္ႏွင့္ ၁၉၄၁ ခုႏွစ္မ်ားမွသာ သက္အုပ္စု (Sak Group)အျဖစ္ သီးျခားသတ္မွတ္၍ သက္ ကတူး ကနန္းကို အုပ္စုတစ္ခုတည္းအျဖစ္ ေဖာ္ျပခဲ့ၾကသည္။ အဂၤလိပ္ ေခတ္ သန္းေခါင္းစာရင္းမ်ားအရ ကသာႏွင့္ ျမစ္ႀကီး နားခ႐ိုင္အတြင္းရွိ သက္အစုဝင္ (သက္၊ ကတူး၊ ကနန္း) လူဦးေရမွာ ၁၉၂၁ ခုႏွစ္တြင္ ၄၂၀၇၂ ဦး၊ ၁၉၃၁ ခုႏွစ္တြင္ ၄၂၄၆၄ ဦးရွိပါသည္။ ရွမ္းျပည္ေျမာက္ ပိုင္း၌ ၁၉၂၁ ခုႏွစ္တြင္ ကတူး ၂၈၄ ဦး၊ ကနန္း ၄၂ ဦးရွိၿပီး၊ ၁၉၃၁ ခုႏွစ္တြင္ ကတူး ၃၃၈ ဦးႏွင့္ ကနန္း ၄၇ ဦးရွိပါသည္။ ယခုအခါ သက္လူဦးေရသည္ ေထာင္ ဂဏန္းမွ်သာ စာရင္းရွိၿပီး ကတူး၊ ကနန္းလူဦးေရမွာ လည္ ငါးေသာင္းမျပည့္ေပ။ အမွန္အားျဖင့္ ႏွစ္ေပါင္း ၁၀ဝ နီးပါးအတြင္း ကတူးလူဦးေရမွာ အဆေပါင္းမ်ား စြာ တိုးလာမည္သာ ျဖစ္သည္။ လူဦးေရစာရင္း တိက် မွန္ကန္မႈမရွိျခင္းမ်ားေၾကာင့္ အေျခခံဥပေဒက ေပး အပ္ထားေသာ အခြင့္အေရးမ်ားပင္ ဆံုး႐ံႈးေနရေပ သည္။ ကတူးလူမ်ိဳးမ်ားကဲ့သို႔ပင္ အခြင့္အေရးဆံုး႐ံႈး ေနေသာ အျခားလူနည္းစုမ်ားလည္း ရွိေနမည္မွာ ေသခ်ာပါ သည္။ ျမန္မာႏိုင္ငံရွိ လူနည္းစုတိုင္းရင္းသား မ်ား သည္ ေခတ္အဆက္ဆက္တြင္ မိမိတို႔၏ သြင္ျပင္ လကၡဏာႏွင့္ ျဖစ္တည္မႈအမွန္ကို အရွိအတိုင္း ေဖာ္ ျပခံခဲ့ရျခင္း မရွိေပ။ လူမ်ိဳးစုတိုင္း၏ သမိုင္းေၾကာင္း ဆိုင္ရာ ျဖစ္တည္မႈမ်ားမွာလည္း အလြန္အေရးႀကီး ပါသည္။
ထို႔ေၾကာင့္ အနာဂတ္ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးတြင္ လူနည္းစုမ်ားအပါအဝင္ တိုင္း ရင္းသားအားလံုး တန္းတူညီမွ် အခြင့္အေရးရရွိေရး အတြက္ လူမ်ိဳးစုအမည္မွန္၊ စာရင္းအမွန္၊ သမိုင္းအမွန္ မ်ား ျပဳစုေရးသည္ အေရးႀကီးေသာ အခ်က္တစ္ခု ျဖစ္ေၾကာင္း ကတူးလူမ်ိဳးစုကို သာဓကျပဳ၍ေဖာ္ျပ လိုက္ရပါသည္။

 

Unicode

ကတူးသန်းနိုင်
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်၏ ပစ္စုပ္ပန် အနာဂတ်ကာလတွင် တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းဟူသမျှမှာလည်း တိုင်းရင်း သားကိစ္စများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေပါသည်။ တိုင်းရင်းသား လူမျိုးတစ်ခုစီတိုင်းတွင် တူညီ သော အခွင့်အရေးများ ရရှိသင့်ပါသည်။ ထိုအခွင့်အရေးများ ဆုံး ရှုံးခဲ့သည့်အတွက် တိုင်းရင်း သားလက်နက်ကိုင်ပဋိပက္ခများပေါ်ပေါက်လာရပြီး နိုင်ငံတော်၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး မှာလည်း များစွာ ဆုတ်ယုတ်ခဲ့သည်ကို မျက်ဝါးထင် ထင်တွေ့မြင်ခဲ့ကြပြီး ဖြစ်ပါသည်။ ကျွနု်ပ်တို့ မျိုးဆက်သစ်များအနေဖြင့် အတိတ်ကာလ၏ အမှားအယွင်းများကို အနာဂတ်ကာလအထိ သယ် ဆောင်မသွားစေဘဲ ပြုပြင်တည့်မတ်နိုင်ရန် ကြိုးစားကြရပါမည်။ ဤနိုင်ငံတွင် တိုင်းရင်းသား တစ်ခု တည်း၏ အရေးကိစ္စကိုသာ စိတ်ဝင်စားနေ၍ မရ။ တစ်နွယ်ငယ်တစ်စင်ပါဆိုသကဲ့သို့ တိုင်းရင်းသား အားလုံးကို ခြုံငုံကာ စဉ်းစားရပါမည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော် ဆောင်ရန် ကြိုးပမ်းနေဆဲကာလဖြစ်သဖြင့် ဖက်ဒရယ် စနစ်အတွက် ကြိုတင်ပြင်ဆင်မှုအများအပြားလည်း လိုအပ်နေပါသည်။ လိုအပ်ချက်များစွာထဲမှ တစ်ခုကို ဖော်ပြရလျှင် ‘လူမျိုးစုစာရင်းမှန် ရရှိရေး’ ဖြစ်ပါသည်။ ဤနိုင်ငံကို ဤလူမျိုးများ လွတ်လွတ်လပ်လပ်အုပ် ချုပ်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်သည့်တိုင် ‘လူမျိုး စု စာရင်းအမှန်’ ကိုယနေ့အထိ မကောက်ယူနိုင်သေး ပေ။ ‘တိုင်းရင်းသား ၁၃၅ မျိုး ဟူသော စာရင်း အမှား ကြီးကိုသာ အစဉ်အဆက် သုံးစွဲနေခဲ့ကြပါသည်။ ၁၃၅ မျိုးစာရင်းတွင် လူမျိုးအမည်များ ထပ်နေခြင်း၊ မှားယွင်းနေခြင်း၊ လိုအပ်နေခြင်း များရှိပါသည်။ ဥပမာ ကချင်၊ ချင်းစသည်တို့သည် အစုဝင်အားလုံးကို ခေါ်ဆို သော ဘုံအမည်များဖြစ်သော်လည်း ၎င်းတို့ကို အစုဝင် များအဖြစ် ထပ်မံထည့်သွင်းရေတွက်ထားသည်။ ခမီ (မြို) လူမျိုးကိုလည်း ရခိုင်မျိုးနွယ်စုများစာရင်းတွင် ‘ခမီ’ဟုလည်းကောင်း၊ ချင်းမျိုးနွယ်စုစာရင်းတွင် ‘ဝါ ကုန်း’ (ပါကင်မ်း)၊ ခမီ၊ အဝခမီ(အောင်ခမီ) အမည် များဖြင့်လည်းကောင်း အကြိမ်ကြိမ်ထပ်၍ဖော်ပြထား ပါသည်။ ထိုသို့သော အမှားအယွင်းမျိုးကို လူမျိုး ၁၃၅ စာရင်းတွင် အများအပြားတွေ့ရသည်။ ကျောင်းသုံး စာအုပ်များတွင်လည်း တိုင်းရင်းသားအမည်နာမများ ကို မှားမှားယွင်းယွင်းဖြင့် ဖော်ပြမှုများ ရှိနေပါသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို ကောက်ယူခဲ့ ပြီး ဖြစ်သော်လည်း လူမျိုးစုစာရင်းများကို ယနေ့တိုင် ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။ အင်္ဂလိပ်တို့သည် လွန် ခဲ့သော နှစ်ပေါင်း ၁၀ဝ ခန့်ကစ၍ သန်းခေါင်စာရင်း များကို ၁၀ နှစ်တစ်ကြိမ် ကောက်ခံခဲ့သည်မှာ ၁၉၃၁ ခုနှစ်အထိ ဖြစ်ပါသည်။ ယခုကဲ့သို့ တစ်ကြိမ်တစ်ခါမျှ ပျက်ကွက်ဖူးခြင်းမရှိပါ။ အင်္ဂလိပ်ခေတ်တွင် ဒေသအုပ် ချုပ်ရေးအတွက် အထောက်အကူပြုစေရန် ထုတ်ဝေ ခဲ့သော ဂေဇက်ဒီယားများသည် ယနေ့အချိန်အထိ အကိုးအကားပြုနေရဆဲ ဖြစ်သော်လည်း ယနေ့ခေတ် ဌာနတစ်ခုက ဂေဇက်ဒီးယားကဲ့သို့ ထုတ်ဝေသော ဒေသဆိုင်ရာ အချက်အလက်များမှာ အကိုးအကား ပြုနိုင်လောက်သည်အထိ ခိုင်မာမှု မရှိသည်ကိုတွေ့ ရသည်။ ဥပမာ ပင်လည်ဘူးမြို့နယ်တွင် ကတူးလူမျိုး ၂၂ ဦးရှိကြောင်းဖော်ပြထားသည်မှာ မည်သို့မျှ မှန်ကန် မှု မရှိနိုင်ပေ။ ၂၂ ယောက်ဆိုသည်မှာ ရွာတစ်ရွာစာမျှ ပင် မရှိပါ။ အမှန်အားဖြင့် ပင်လည်ဘူးမြို့နယ်တွင် ကတူးတိုင်းရင်သားကျေးရွာပေါင်း ၁၄ ရွာ ရှိပါသည်။
အဆိုပါဌာန၏ စာရင်းများအရ မြန်မာတစ်နိုင်ငံ လုံးတွင် ကတူးတိုင်းရင်းသားလူဦးရေသည် ၅၀ဝဝဝ မျှပင် မရှိပါ။ လွန်ခဲ့သော နှစ်ပေါင်း ၁၀ဝ နီးပါးက အင်္ဂလိပ်တို့ ကောက်ယူခဲ့သော ကတူးလူဦးရေစာရင်း မှာ ၃၅၀ဝ၀ ကျော်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ ကို မြန်မာလူမျိုးများအုပ်ချုပ်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်အတွင်းတိုင်းရင်းသားတို့၏ အမည်နာမများနှင့် လူဦးရေစာရင်းကိုပင် အတိအကျ ပြုစုနိုင်ခြင်း မရှိ သေးကြောင်း တွေ့ရပါသည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံတော်အစိုးရသည် မိမိနိုင်ငံ၏ လူမျိုးစုစာရင်းကို အတိအကျ မှန်မှန်ကန်ကန် ပြုစု ထားသင့်ပါသည်။ လူမျိုးစုအသီးသီး၏ ဘာသာစကား နှင့် စာအရေးအသားများကို မှတ်တမ်းတင်ထားရပါ မည်။ ဤနှစ်ချက်သည် အနာဂတ်ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးအတွက် အရေးကြီးသော အခြေခံ လိုအပ်ချက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော်လည်း အများစုမှာ မေ့လျော့နေကြသည်။ အဆိုပါ အချက် နှစ်ချက်သည် လူမျိုးစုကြီးများအတွက် များစွာ အရေး မပါသကဲ့သို့ ယူဆနိုင်သော်လည်း သက်၊ ကတူး၊ ကနန်း၊ ဒိုင်းနက်၊ မြိုစသော လူသိနည်းပြီး လူဦးရေ နည်းပါးသော လူမျိုးစုငယ်များအတွက် အလွန်အရေး ကြီးပါသည်။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် ရာတွင် လူနည်းစု တိုင်းရင်းသားငယ်များ၏ အခွင့် အရေးကိုလည်း တန်းတူရည်တူ အလေးထားဖို့ လိုအပ် သည်။ လူမျိုးစုတစ်ခု၏ လူဦးရေသည် နိုင်ငံ့လူဦးရေ ၏ ဝ.၁ ရာခိုင်နှုန်းလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဥပဒေပြုရေးကဏ္ဍတွင် ကိုယ် စားလှယ်တစ်ဦး အလိုအလျောက်ပါဝင်ခွင့်ရှိကြောင်း အခြေခံဥပဒေတွင် အတိအလင်းဖော်ပြထားပါသည်။ ဥပမာမြန်မာနိုင်ငံလူဦးရေ ၅၄ သန်းရှိချိန်တွင် ကတူး လူဦးရေ ၅၄၀ဝ၀ ရှိပါက ကတူးလူမျိုးစုကိုယ်စားလှယ် အဖြစ် တိုင်းဒေသကြီးအစိုးရတွင် ကတူးတိုင်းရင်းသား ရေးရာ ဝန်ကြီးတစ်ဦး ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ အကယ်၍ လူမျိုးစုအမည်နှင့် လူဦးရေစာရင်းများ မှားယွင်းနေပါက အဆိုပါအခွင့်အရေးလည်း ဆုံးရှုံး သွားမည်ဖြစ်သည်။ ထို့ကြောင့် တိကျမှန်ကန်သော လူမျိုးစုအမည်နှင့် လူဦးရေစာရင်းသည် လူနည်းစု များအတွက် အသက်တမျှ အရေးကြီးလှသည်။ ယခု အခါ ကတူးတိုင်းရင်းသားတို့သည် အမျိုးသားမှတ်ပုံ တင်ကတ်ပြားတွင် လူမျိုးအမည် မှားယွင်းနေခြင်း၊ အစိုးရဌာနဆိုင်ရာ မှတ်တမ်းများတွင် စာရင်းမှားယွင်း နေခြင်းစသည့်တို့ကြောင့် ၂၀၁၈ ခုနှစ်အထိ ကတူးလူ ဦးရေမှာ ၄၇၀ဝ၀ ကျော်သာရှိသဖြင့် ကတူးတိုင်းရင်း သား ရေးရာဝန်ကြီးရရှိမည့်အခွင့်အရေးလည်း ဆုံးရှုံး ရပါသည်။ မြန်မာနိုင်ငံတွင် ကတူးတိုင်းရင်းသားများကဲ့ သို့ အဆိုပါအခွင့်အရေးကို ဆုံးရှုံးနေသော တိုင်းရင်း သားလူနည်းစု ညီအစ်ကိုများ မည်မျှအထိ ရှိနေဦးမည် မသိပါ။
ပြည်ထောင်စုတိုင်းရင်းသားတို့၏ အချင်းအရာ ကိစ္စများသည် ပင့်ကူအိမ်ကဲ့သို့ တစ်ခုနှင့်တစ်ခု နှီးနွယ် ဆက်စပ်နေသဖြင့် ကတူးတိုင်းရင်းသားများနှင့် အခြား ညီအစ်ကိုတိုင်းရင်းသားများ၏ ဖြစ်တည်မှုမှာလည်း အပြန်အလှန် အထောက်အပံ့ပြုနေသည်။ အရောင် အသွေးစုံလင်သော လူမျိုးစုအသီးသီး၏ သမိုင်းဖြစ် ရပ်များသည်ပင် နိုင်ငံတော်၏ သမိုင်းအစစ်အမှန် ဖြစ် ပါသည်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် ကတူးလူမျိုး များသည် လူသိနည်းသော လူနည်းစုတစ်ခု ဖြစ်နေ သော်လည်း ရှေးပဝေဏသီအခါက မြန်မာနိုင်ငံ၏ ရှေးဦးလူမျိုးကြီးများဖြစ်သော ပျူ၊ သက်၊ ကမ်းယံ အုပ်စု သုံးခုအနက်မှ သက်အစုဝင် ဖြစ်ပါသည်။ မြန်မာ နိုင်ငံအတွင်းသို့မြန်မာလူမျိုးများ စတင်ဝင်ရောက်လာ စဉ်အခါက မြန်မာပြည်မြောက်ပိုင်းတွင် သက်ကတူး များ အုပ်စိုးနေခဲ့ကြသဖြင့် မြန်မာတို့ သည် မြောက်ပိုင်း ဒေသမှ ဝင်ရောက်လာနိုင်ခြင်းမရှိဘဲ အရှေ့ဘက်မှ တစ်ဆင့် ကျောက်ဆည်လွင်ပြင်သို့ စတင်ဝင်ရောက်ခဲ့ ကြကြောင်း ဆရာကြီး ဂျီအိတ်လုပ်စ် က ဆိုခဲ့ပါသည်။ ဆရာကြီးလုပ်စ်၏ ‘မြန်မာအစ ကျောက်ဆည်က’သီအိုရီသည် မြန်မာ့ပညာရေး လောကတွင် အစားထိုး သီအိုရီအသစ်မရှိသေးသဖြင့် ယနေ့တိုင် အသက်ဝင် နေဆဲ ဖြစ်သော်လည်း မြန်မာသမိုင်းဆရာတချို့က အပြင်းအထန် ကန့်ကွက်မှုများ ရှိနေပါသည်။ ကန့် ကွက်သူများ၏ အဓိကချေပချက် မှာ မြန်မာတို့သည် ၎င်းတို့ထက် အင်အားနည်းပါးပြီး ယဉ်ကျေးမှုနိမ့်ပါး သောမြောက်ပိုင်းဒေသရှိ ကတူး လူမျိုးများကို မကျော် ဖြတ်နိုင်ဘဲ အင်အားကြီးသော မွန်လူမျိုးများကို ခုခံ၍ ကျောက်ဆည်တွင် အခြေချ နေထိုင်ခဲ့သည်မှာ မဖြစ် နိုင်ကြောင်း ဆိုပါသည်။ ဤနေရာတွင် သမိုင်းဆိုင်ရာ ငြင်းခုံမှုများကို ဆက်လက်ဖော်ပြလိုခြင်းမရှိပါ။ ရှေးအခါက ကတူးလူမျိုး များသည် အင်အားနည်း ပါးသော လူရိုင်းလေးများ မဟုတ်ကြောင်းကိုသာ အနည်းငယ်ဖော်ပြပါမည်။ ဘာသာဗေဒအရ သက်အစု (Sak Group)တွင် သက်၊ ကတူး၊ ကနန်း၊ ထမန်၊ မလင်၊ အင်ကြယ်၊ အန်ဒရို၊ ဆင်မိုင်တို့ပါဝင်သည်။
အဆိုပါလူမျိုးများမှာ အမည်ကွဲအမျိုးမျိုးဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့တွင် ယနေ့တိုင် ပျံ့နှံ့နေထိုင်လျက် ရှိသည်။ နေရာဒေသ ကွာဝေးခြင်းတို့ကြောင့် ယခုအခါ ဘာသာစကား အလှမ်းဝေးမှု ရှိနေသော်လည်း ဆက်နွယ်မှုများကို အခိုင်အမာ ခြေရာခံနိုင်ပါသေးသည်။ အမည်နာမ အမျိုးမျိုးကွဲပြားနေသည့်အတွက် သက်ဆိုင်ရာဒေသ တစ်ခုစီတွင် လူနည်းစုများအဖြစ် သတ်မှတ်ခံနေရခြင်း ဖြစ်သည်။ ဥပမာ ရခိုင်ပြည်နယ်ရှိ သက်လူမျိုးနှင့် စစ်ကိုင်းတိုင်းရှိ ကတူးလူမျိုးဆိုသည်မှာ ဗမာများက ခေါ်ဆိုသော အမည်ကွဲသာဖြစ်သည်။ သက်နှင့်ကတူး တို့က မိမိကိုယ်ကိုယ် အစတ် (Asak)ဟုသာခေါ်ဆို ကြသည်။ ချင်းပြည်နယ်တွင်လည်း ချင်းအမည်ကွဲများ ဖြင့် သက်လူမျိုးများ ရှိနေသည်။ မြေပြန့်ချင်းဖြစ်သော အရှိုချင်းတို့သည်လည်း မိမိကိုယ်ကိုယ် သက်လူမျိုး များဟု ခံယူကြသည်။ ဘင်္ဂလားဒေ့ရှ်တွင်လည်း Chak အမည်ဖြင့် တည်ရှိနေသည်။ မဏိပူရတွင် အန်ဒရို၊ ဆင်မိုင်အမည်ဖြင့် တည်ရှိနေသည်။ နီပေါနိုင်ငံတွင် လည်း ထမန်လူမျိုးများသည် လူဦးရေ တစ်သန်းခွဲခန့် ရှိနေပါသည်။ သက်ကတူးအစုဝင် ထမန်များနှင့်မည်မျှ အထိ ဆက်စပ်သည်ကို သုတေသနမပြုရသေးသော် လည်း တိဗက် တိုဘာမင် ဘာသာစကားအစုဝင်ဆို သည်မှာ သေချာနေပါသည်။ ထို့ကြောင့် လူမျိုးစု တစ်ခု၏ အင်အားကို ယနေ့ခေတ်အခြေအနေတစ်ခု တည်းဖြင့် ရှုမြင်သုံးသပ်၍ မရသည်မှာ ထင်ရှားပါ သည်။
သက်အစုဝင်များဖြစ်သော သက် ကတူး ကနန်း လူမျိုးများသည် ခရစ်မတိုင်မီနှင့်ခရစ်နှစ်ဦးကာလများ တွင် မြန်မာပြည်တွင်းသို့ အစောဆုံးဝင်ရောက်လာကြ ပြီး တကောင်းဒေသတွင် စတင်အခြေချနေထိုင်ခဲ့သူ များဖြစ်နိုင်သည်။ ခေတ်ဦးသမိုင်းမှတ်တမ်းများတွင် တွေ့ရသော ပျူကမ်းယံအုပ်စုကြီး သုံးခုမှာ တစ်ခု အပါအဝင်ဖြစ်ပြီး နယ်နိမိတ်အားဖြင့် တောင်ဘက် တွင် ပုဂံနယ်စပ်၊ မြောက်ဘက်တွင် ယူနန်ပြည်၊ အနောက်ဘက်တွင် မဏိပူရအထိ ပျံ့နှံနေထိုင်ခဲ့ကြ သည်။ ထိုမှတစ်ဆင့် အစုဝင်တချို့က မဏိပူရကိုဖြတ် ၍ အနောက်တောင်အရပ်သို့ ဆက်လက်ထွက်ခွာသွား ရာ မဏိပူရဒေသတွင် အန်ဒရိုနှင့်ဆင်မိုင်၊ ရခိုင်ပြည် နယ်တွင် ]သက်} လူမျိုး၊ ဘင်္ဂလားဒေ့ရှ်တွင် ချက် (Chak)လူမျိုးဟူ၍ အမည်တွင်လျက် ရှိသည်။ မြန်မာ၊ အိန္ဒိယနှင့်ဘဂ်လားဒေ့ရှ်တို့တွင် ပျံ့နှံ့နေထိုင်ကြသော ဒိုင်းနက် ခေါ် သက္ကမ (Chakma)လူမျိုးများသည် လည်း ယခင်က သက်ကတူးအနွယ်များဖြစ်ပြီး နောက် ပိုင်းတွင် အင်ဒို-ဥရောပဘာသာစကား လွှမ်းမိုးသွား ခြင်းဖြစ်ကြောင်း ပညာရှင်တချို့က ယူဆကြသည်။ မြန်မာ့သမိုင်းမှတ်တမ်းများတွင်မူ တောင်ဘက်အစုကို ]သက်}ဟုလည်းကောင်း၊ မြောက်ဘက်အစုကို သော(သဝ်)ကတူး (ကန္တူ)ဟုလည်းကောင်း ဖော်ပြ သည်။ ယခုအခါ ကတူးနှင့် ကနန်းမှာ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသတို့တွင် နေထိုင်ကြပြီး၊ သက် လူမျိုးများမှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည်။
အင်္ဂလိပ်ခေတ်တွင် ၁၈၉၁ ခုနှစ်မှ ၁၉၃၁ ခုနှစ် အထိ ၁၀ နှစ်တစ်ကြိမ် သန်းခေါင်စာရင်း ကောက်ယူခဲ့ ရာ ၁၈၉၁၊ ၁၉၀၁၊ ၁၉၁၁ ခုနှစ်များတွင် ‘သက်’ကို ချင်းအစုဝင်အဖြစ်လည်းကောင်း၊ ‘ကတူး’ကို ဗမာအစု ဝင်အဖြစ်လည်းကောင်း ဖော်ပြ၍ ‘ကနန်း’ကိုမူ သီးခြားဖော်ပြထားခြင်းမရှိသေးပေ။ ၁၉၂၁ ခုနှစ်နှင့် ၁၉၄၁ ခုနှစ်များမှသာ သက်အုပ်စု (Sak Group)အဖြစ် သီးခြားသတ်မှတ်၍ သက် ကတူး ကနန်းကို အုပ်စုတစ်ခုတည်းအဖြစ် ဖော်ပြခဲ့ကြသည်။ အင်္ဂလိပ် ခေတ် သန်းခေါင်းစာရင်းများအရ ကသာနှင့် မြစ်ကြီး နားခရိုင်အတွင်းရှိ သက်အစုဝင် (သက်၊ ကတူး၊ ကနန်း) လူဦးရေမှာ ၁၉၂၁ ခုနှစ်တွင် ၄၂၀၇၂ ဦး၊ ၁၉၃၁ ခုနှစ်တွင် ၄၂၄၆၄ ဦးရှိပါသည်။ ရှမ်းပြည်မြောက် ပိုင်း၌ ၁၉၂၁ ခုနှစ်တွင် ကတူး ၂၈၄ ဦး၊ ကနန်း ၄၂ ဦးရှိပြီး၊ ၁၉၃၁ ခုနှစ်တွင် ကတူး ၃၃၈ ဦးနှင့် ကနန်း ၄၇ ဦးရှိပါသည်။ ယခုအခါ သက်လူဦးရေသည် ထောင် ဂဏန်းမျှသာ စာရင်းရှိပြီး ကတူး၊ ကနန်းလူဦးရေမှာ လည် ငါးသောင်းမပြည့်ပေ။ အမှန်အားဖြင့် နှစ်ပေါင်း ၁၀ဝ နီးပါးအတွင်း ကတူးလူဦးရေမှာ အဆပေါင်းများ စွာ တိုးလာမည်သာ ဖြစ်သည်။ လူဦးရေစာရင်း တိကျ မှန်ကန်မှုမရှိခြင်းများကြောင့် အခြေခံဥပဒေက ပေး အပ်ထားသော အခွင့်အရေးများပင် ဆုံးရှုံးနေရပေ သည်။ ကတူးလူမျိုးများကဲ့သို့ပင် အခွင့်အရေးဆုံးရှုံး နေသော အခြားလူနည်းစုများလည်း ရှိနေမည်မှာ သေချာပါ သည်။ မြန်မာနိုင်ငံရှိ လူနည်းစုတိုင်းရင်းသား များ သည် ခေတ်အဆက်ဆက်တွင် မိမိတို့၏ သွင်ပြင် လက္ခဏာနှင့် ဖြစ်တည်မှုအမှန်ကို အရှိအတိုင်း ဖော် ပြခံခဲ့ရခြင်း မရှိပေ။ လူမျိုးစုတိုင်း၏ သမိုင်းကြောင်း ဆိုင်ရာ ဖြစ်တည်မှုများမှာလည်း အလွန်အရေးကြီး ပါသည်။
ထို့ကြောင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် လူနည်းစုများအပါအဝင် တိုင်း ရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရရှိရေး အတွက် လူမျိုးစုအမည်မှန်၊ စာရင်းအမှန်၊ သမိုင်းအမှန် များ ပြုစုရေးသည် အရေးကြီးသော အချက်တစ်ခု ဖြစ်ကြောင်း ကတူးလူမျိုးစုကို သာဓကပြု၍ဖော်ပြ လိုက်ရပါသည်။