• Today is: Tuesday, January 26, 2021

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမ ႏွင့္ ေတြ႕ဆုံျခင္း

Federal Journal
November04/ 2020

Zawgyi

ရခိုင္ျပည္နယ္အတြင္းက ရခိုင္ပါတီမ်ား၏ အေျခအေနမ်ား ရခိုင္တိုင္းရင္းသားမ်ား၏အခြင့္အေရးႏွင့္ ေ႐ြးေကာက္ပြဲကာလ ရခိုင္ျပည္နယ္မွာ ဘာေတြျဖစ္ေပၚလာႏိုင္မလဲဆိုတာကို ရန္ကုန္တိုင္းမွာ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ ဝင္ေရာက္အေ႐ြးခံမယ့္ ေဒၚထုေမႏွင့္ ေမးျမန္းေဆြးေႏြးခဲ့ပါတယ္။
အရင္ဆုံး မိတ္ဆက္ပါမယ္ ခင္ဗ်ာ။ ကြၽန္ေတာ္က ေတာ့ ဖက္ဒရယ္ဂ်ာနယ္က တာဝန္ခံ အယ္ဒီတာ ေအစိုင္းေကပါ ဆရာမ။ အခု ေ႐ြးေကာက္ပြဲနီးေတာ့ ကြၽန္ေတာ္တို႔ဂ်ာနယ္က တိုင္းရင္းသားကိစၥရပ္ေတြကို ဦးစားေပးေဖာ္ျပေတာ့ တိုင္းရင္းသားပါတီေတြ တိုင္း ရင္းသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို အင္တာဗ်ဴးေတြ လုပ္တာပါခင္ဗ်ာ။ ပထမဆုံးအေနနဲ႔ ဆရာမရဲ႕အမည္ရယ္ လက္ရွိတာဝန္ထမ္းေဆာင္ေန တဲ့ အေၾကာင္းေလး အရင္ေျပာျပေပးပါ ခဗ်ာ။
ေျဖ။ ။ လက္ရွိမွာေတာ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စားလွယ္ျဖစ္ပါတယ္။ ၂၀၁၅ မွာေတာ့ ရခိုင္အမ်ိဳးသား ပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္ အႏိုင္ရရွိခဲ့ပါတယ္။ လက္ရွိမွာေတာ့ ရန္ကုန္တိုင္း ရခိုင္တိုင္းရင္းသား ေရးရာ ဝန္ႀကီးေနရာကို တသီးပုဂၢလအေနနဲ႔ ဝင္ ေရာက္ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ေနပါတယ္။

ေမး။ ။ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းက တိုင္းရင္းသားပါတီေတြ က ရလဒ္မေကာင္းခဲ့တဲ့ အေျခအေနေတြ ေတြ႕ရ တယ္။ အခုလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာေရာ ဒီတိုင္းရင္းသားပါတီေတြရဲ႕ အခန္း က႑က ဘယ္လို ျဖစ္လာႏိုင္မလဲေပါ့။ အားနည္းလာမလား အား ေကာင္းလာမလားဆိုတာကို ဆရာမရဲ႕အျမင္ေလး ေဆြးေႏြးေပးပါခင္ဗ်ာ။
ေျဖ။ ။ ကြၽန္မအျမင္ေျပာရမယ္ဆိုရင္ အထူးသျဖင့္ ရခိုင္ျပည္နယ္မွာ တိုင္းရင္းသားပါတီ အားေကာင္း ခဲ့ပါတယ္။ ကြၽန္မေလ့လာသေလာက္ဆိုရင္ ျမန္မာ ႏိုင္ငံမွာ တိုင္းရင္းသားေဒသခံ ဖြဲ႕စည္းထားတဲ့ တည္ ေထာင္ထားတဲ့ ပါတီေတြမွာဆိုရင္ ကြၽန္မတို႔ ရခိုင္ အေစာဆုံးျဖစ္လိမ့္မယ္လို႔ ထင္ပါတယ္။ တစ္ခုေတာ့ ရွိတယ္ေပါ့ေနာ္၊ ေအာင္ေအာင္ျမင္ျမင္ ေပါင္းစည္းဖို႔ မျဖစ္ႏိုင္ခဲ့ဘူး။ ဒီအင္စတီက်ဴးရွင္းအရေပါ့။ အဲဒါေတြ အားနည္းခ်က္ေၾကာင့္လို႔ပဲ ျမင္ပါတယ္။ ရခိုင္ျပည္နယ္ အတိုင္းအတာအားျဖင့္ တိုင္းရင္းသားပါတီျဖစ္တဲ့ RNDP နဲ႔ ANP ေပါင္းစည္းၿပီးေတာ့ ရခိုင္အမ်ိဳးသား ပါတီျဖစ္လာတယ္။ ေ႐ြးေကာက္ပြဲမွာလည္း ျပည္နယ္ အတိုင္းအတာအားျဖင့္ အႏိုင္ရရွိခဲ့တယ္။ ဒါေပမဲ့ တျခား တိုင္းရင္းသားေဒသေတြမွာဆိုလို႔ရွိရင္ အင္အား အမ်ားႀကီးရွိခဲ့တာ မေတြ႕ရဘူး။ အဲဒါလည္း ဘာေၾကာင့္ လဲဆိုရင္ လက္ရွိ အာဏာရပါတီရဲ႕ စည္း႐ုံးမႈရယ္ အာဏာရပါတီကဆိုရင္ ၿပီးခဲ့တဲ့ ၁၉၉၀ တုန္းကလည္း အႏိုင္ရရွိခဲ့တယ္။ ဒါေပမဲ့ အစိုးရဖြဲ႕ႏိုင္ျခင္း မရွိခဲ့လို႔ အခါၾကေတာ့ ဒီႏိုင္ငံေရး ေရခ်ိန္ေပါ့ေနာ္၊ အဲဒီတုန္းက ျပည္သူေတြက အႏိုင္ေပးထားၾကတဲ့ ပါတီကို ျပဳျပင္ ေျပာင္းလဲဖို႔ တိုင္းရင္းသားေတြကလည္း ယုံၾကည္ၾက တယ္လို႔ ကြၽန္မအေနနဲ႔ ထင္ျမင္ယူဆပါတယ္။ ဒါေၾကာင့္မို႔လို တိုင္းရင္းသားပါတီငယ္ေတြ အႏိုင္ရ လို႔ရွိရင္ ေလာေလာဆယ္ ႏိုင္ငံရဲ႕စနစ္ကို ျပဳျပင္ေျပာင္း လဲဖို႔ရာ အတိုင္းအတာတစ္ခုအထိ ခက္ခဲရွိႏိုင္တယ္လို႔ တိုင္းရင္းသားေဒသက ျပည္သူေတြက ထင္ျမင္တာ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လို ျပည္မပါတီႀကီးျဖစ္တဲ့ အခုလက္ရွိ အႏိုင္ရပါတီ NLD ကို မဲေပးခဲ့ၾကတာလို႔ ကြၽန္မတို႔ ယူဆပါတယ္။ အဲဒီလို အခ်ိန္အခါမ်ိဳးမွာ ဒီတိုင္းရင္းသားပါတီေတြနဲ႔လည္း ဝင္ၿပိဳင္ခဲ့တဲ့ ပါတီ ေတြ ရွိတယ္၊ မဝင္ၿပိဳင္ခဲ့တဲ့ ပါတီေတြရွိတယ္။ ၂၀၁၅ ေရာက္တဲ့အခါမွာေတာ့ အားမရွိခဲ့ဘူးေပါ့။ ေငြေရး ေၾကးေရး လူစြမ္းအား အရင္းျမစ္ရယ္ ဒါေတြမရွိခဲ့ဘူး။ ေနာက္တစ္ခုက ဖြဲ႕စည္းပုံ အေျခအေနေၾကာင့္လည္း အားရွိဖို႔အတြက္ အားယူေနတယ္လို႔ ကြၽန္မထင္ပါ တယ္။

ေမး။ ။ အခုဆိုရင္ တိုင္းရင္းသား ပါတီေတြက မဟာမိတ္ဖြဲ႕ လာတာေတြ ေတြ႕ရတယ္။ တိုင္းရင္းသားပါတီေတြ ေပါင္းစည္းၿပီး ေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရး ေမွ်ာ္မွန္း ခ်က္ထားတာကေတာ့ ေကာင္းတဲ့ လကၡဏာဆိုတာ ကိုလည္း ေတြ႕ရတယ္ေပါ့ အဲဒီ ေပါင္းစည္းလိုက္ျခင္း က ျမန္မာျပည္ရဲ႕ ဖက္ဒရယ္ေဖာ္ေဆာင္မႈအေပၚမွာ ဘယ္လို အက်ိဳးသက္ေရာက္မႈေတြ ရွိလာမလဲေပါ့၊ ေ႐ြးေကာက္ပြဲလမ္းေၾကာင္းကေန တိုင္းရင္းသား အခြင့္အေရးေတြလုပ္ေဆာင္လာႏိုင္မလား၊ ဒါမွ မဟုတ္ ျပည္နယ္လႊတ္ေတာ္ေတြမွာ အက်ိဳးသက္ ေရာက္မႈေတြ ပိုၿပီးမ်ား ျဖစ္ထြန္းလာမလားဆိုတာ အျမင္ေလးေျပာျပေပးပါ။
ေျဖ။ ။ ေပါင္းစည္းေရးလုပ္ၾကတဲ့ ပါတီေတြကေတာ့ ေကာင္းပါတယ္။ ဒါေပမဲ့ အခ်ိဳးညီတဲ့ ေပါင္းစည္းေရး အမွန္တကယ္ အက်ိဳးအျမတ္ကို မလိုလားတဲ့ ေပါင္း စည္းေရးျဖစ္ဖို႔ လိုပါမယ္။ ေနာက္တစ္ခုက ေပါင္းစည္း တဲ့အခါလည္း အေတာ့္ကို စနစ္က်ၿပီးေတာ့ ဒီ အင္စတီ က်ဴးရွင္း ခိုင္မာဖို႔ လိုပါတယ္။ အဲဒီလို မဟုတ္ဘဲနဲ႔ ေ႐ြးေကာက္ပြဲတစ္ခုပဲ အႏိုင္ရဖို႔ ျပည္နယ္ေတြမွာ အစိုးရဖြဲ႕ခြင့္ရဖို႔ဆိုတဲ့ ေမွ်ာ္မွန္းခ်က္နဲ႔ ေပါင္းစည္းၾက တာဆိုရင္ေတာ့ ေရရွည္မေကာင္းပါဘူး။ ဒါေၾကာင့္မို႔လို႔ တကယ္တမ္း ေပါင္းစည္းေရးကေနၿပီးေတာ့ အမွန္ တကယ္ေပါင္းစည္းေရး လိုပါမယ္။ ေ႐ြးေကာက္ပြဲ တစ္ခုေၾကာင့္ ေပါင္းစည္းတာမဟုတ္ဘဲနဲ႔ တကယ္ ကိုယ့္ရဲ႕ ျပည္နယ္ကို ႀကိဳးပမ္းေပါင္းစည္းေရးက ပိုၿပီး အဆင္ေျပပါမယ္။ ျပည္နယ္အေျခခံပါတီေတြက ႏိုင္ၿပီးသြားလို႔ ရွိရင္ ျပည္ေထာင္စုကို တက္လာၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပည္နယ္ေတြမွာ အႏိုင္ရရွိတဲ့အတြက္ေၾကာင့္ ဖြဲ႕စည္းပုံျပင္ဆင္ေရးကို ေဆြးေႏြးတဲ့အခါမွာ ပိုၿပီးအားရွိႏိုင္မွာပါ။ လက္ရွိ ဖြဲ႕စည္းပုံအရ အႏိုင္ရပါတီရဲ႕ သေဘာထားအရဆိုလို႔ ရွိရင္ ၂၆၁ ေတာင္မွ ျပင္ဖို႔ရာခက္ပါတယ္။ ဒါေၾကာင့္ တိုင္းရင္းသားပါတီေတြ ေပါင္းစည္းေရးက ေကာင္းပါ တယ္။ ေ႐ြးေကာက္ပြဲတစ္ခုပဲ ဦးတည္တာက မေကာင္း ပါဘူး၊ ျပည္ေထာင္စုကို သြားဖို႔ ျပည္နယ္ေတြ အားေကာင္းဖို႔ Unit ေတြ အားေကာင္းဖို႔ ေပါင္းစည္း ၾကတာ ေကာင္းပါတယ္။ လက္ရွိအေျခေနမွာ ပါတီ ေတြ ေပါင္းစည္းျခင္းက တကယ္တမ္း ဖက္ဒရယ္သြား ဖို႔ ေျခ/ဥလို႔ ကြၽန္မျမင္ပါတယ္။ တိုင္းရင္းသားပါတီေတြ တိုင္းရင္းသားေဒသမွာ အားေကာင္းမွသာလွ်င္ ဖက္ဒရယ္ကို သြားႏိုင္ပါမယ္။ အဲဒီလိုမဟုတ္ဘူး ဆိုလို႔ရွိရင္ တိုင္းရင္းသားေဒသေတြက ပါတီေတြရဲ႕ မူဝါဒလႊမ္းမိုးမႈပဲ ရွိပါလိမ့္မယ္။ ဖက္ဒရယ္သြားဖို႔ရာမွာ တိုင္းရင္းသားေတြလိုလားတဲ့ ဖက္ဒရယ္မဟုတ္ဘဲနဲ႔ ျပည္မပါတီႀကီးေတြက လိုလားတဲ့ ဖက္ဒရယ္ ပုံစံျဖစ္ ႏိုင္ပါတယ္။

ေမး။ ။ ၂၀၂၀ ေ႐ြးေကာက္ပြဲအလြန္မွာ ၫြန႔္ေပါင္းအစိုးရ ျဖစ္ေပၚလာႏိုင္တယ္ဆိုတဲ့ အေျခအေနေတြကို ၾကား ေနရတယ္ေပါ့ အဲဒီအေပၚမွာလည္း ဆရာမရဲ႕ အျမင္ ေလး ေျပာျပေပးပါ။
ေျဖ။ ။ တစ္ပါတီ အာဏာရွင္စနစ္မွာ ျဖတ္သန္းခဲ့ၾကတဲ့ ႏိုင္ငံသူႏိုင္ငံသားေတြအေနနဲ႔ တစ္ပါတီ အားေကာင္း ျခင္းက ႏိုင္ငံဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲျခင္းမွာ အတိုင္းအတာတစ္ခုအထိ အခက္အခဲႀကဳံတာကို ႏိုင္ငံရဲ႕ သမိုင္းအေျခေနအရ အားလုံးသိၾကတာ ျဖစ္ပါ တယ္။ ၫြန႔္ေပါင္းအစိုးရျဖစ္လာႏိုင္မယ္လို႔ေတာ့ ကြၽန္မေနနဲ႔ မသုံးသပ္ပါဘူး။ ဘာေၾကာင့္လဲဆိုရင္ ျပည္မမွာ မေဂ်ာ္လတီ ရွိတဲ့ ဒါကို အထူး သျဖင့္အေနနဲ႔ ဗမာ လူဦးေရကေနၿပီးေတာ့ ဒီၫြန႔္ေပါင္း အစိုးရကို မဦးတည္ၾကဘူး။ ဒါေၾကာင့္မို႔လို႔ သူတို႔ ပါတီ တစ္ခု တည္းကိုပဲ မဲပုံေအာေပးၾကလိမ့္မယ္လို႔ ကြၽန္မထင္ျမင္ ပါတယ္။ တိုင္းရင္းသားေဒသမွာ တိုင္းရင္းသားပါတီ ေတြ အႏိုင္ရလာၿပီဆိုရင္ေတာ့ ဝန္ႀကီးလိုေနရာမ်ိဳး တိုင္းရင္းသားေရးရာ ဝန္ႀကီးလိုေနရာမ်ိဳး ဒီေနရာ ေတြကို ေပးၿပီးေတာ့ အမ်ိဳးသား ရင္ၾကားေစ့ေရးကို လုပ္ႏိုင္ပါတယ္။ တကယ့္လုံးလုံး ဖက္ဒရယ္ကို သြား မယ့္ အေျခအေနကိုေတာ့ အႏိုင္ရပါတီအေနနဲ႔ ေပးခ်င္ မွေပးမွာပါ။ ကြၽန္မေနနဲ႔ေတာ့ ဒီၫြန႔္ေပါင္း အစိုးရဆိုတဲ့ အေျခအေနကို ျမန္မာႏိုင္ငံမွာ မျမင္ပါဘူး။

ေမး။ ။ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကနဲ႔ အခုလာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္ရဲ႕ ပါတီ ႏိုင္ငံေရး အေျခအေနေတြက ဘယ္လို အေျပာင္းလဲေတြမ်ား ျဖစ္ေပၚလာခဲ့သလဲ ျပည္နယ္အတြက္ ပိုၿပီး တိုးတက္ ေကာင္းမြန္လာခဲ့သလား ဆုတ္ယုတ္မႈေတြ ျဖစ္ေပၚ လာခဲ့သလားဆိုတာကို ေဆြးေႏြးေပးပါခင္ဗ်ာ။
ေျဖ။ ။ ၂၀၁၅ မွာေတာ့ ျပည္သူေတြက တစ္ပါတီပဲ လိုခ်င္တယ္။ ႏိုင္ငံေရးသမားေတြကလည္း မဲရဖို႔လည္း ပါဝင္မယ္။ ျပည္သူေတြရဲ႕ ေဆြးေႏြးခ်က္ေတြအေပၚမွာ ယူဆခ်က္ေပၚမွာလည္း လက္ခံရတာမို႔လို႔ ပါတီေတြ ေပါင္းၿပီးေတာ့မွ ေ႐ြးေကာက္ပြဲ ဝင္ခဲ့ၾကတယ္။ တကယ္ဦးေဆာင္တဲ့ ပုဂၢိဳလ္ေတြ ဆုံးျဖတ္ခ်က္ ခ်ပိုင္ ခြင့္ရွိတဲ့ ပုဂၢိဳလ္ေတြက အႏွစ္သာရရွိရွိ ေပါင္းစည္းခဲ့ တာ မျဖစ္ခဲ့ဘူး။  ေ႐ြးေကာက္ပြဲတစ္ခုအတြက္ ျပည္သူ က ေပါင္းခိုင္းခဲ့လို႔ ေပါင္းလိုက္တဲ့ ပုံစံမ်ိဳးျဖစ္သြားခဲ့တာ ၂၀၁၅ တုန္းကေတာ့ ျပည္သူေတြ အရမ္းအားရတယ္ တစ္ပါတီပဲရွိတယ္။ ျပည္နယ္လႊတ္ေတာ္ကိုေတာ့ ရခိုင္ပါတီက အုပ္စိုးႏိုင္ၿပီ ဒီလိုေျပာၾကတာရွိတယ္။ ဒီမိုကေရစီစစ္စစ္ အရသာမရွိခဲ့ဘူး။ ဒါေၾကာင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲအၿပီး ၂၀၁၆ မွာပဲ ပါတီက ျပန္ၿပီးေတာ့ အက္ကြဲသြားတယ္။ အခုဆိုလို႔ရွိရင္ ျပန္ကြဲသြားတဲ့ အေပၚမွာ ျပည္သူကေတာ့ တစ္ပါတီလိုလားေပမယ့္ ေ႐ြးေကာက္ပြဲလည္း ႏိုင္လည္းႏိုင္ၿပီးေရာ ပါတီေခါင္း ေဆာင္ေတြက ကြဲသြားၾကၿပီး ကိုယ့္အတြက္ အႏိုင္ရရွိ ေရး ႀကိဳးပမ္းၾကတဲ့အခါမွာ ေနာက္ဆုံး ရခိုင္ျပည္နယ္ မွာ အနည္းဆုံး သုံးပါတီျဖစ္သြားတယ္။ တစ္ပါတီ ေပါင္းစည္းေရးက သုံးပါတီျဖစ္သြားတယ္။ ဒါေၾကာင့္ မို႔လို႔ ျပည္သူေတြက ၂၀၁၅ နဲ႔ ၂၀၂၀ ၾကားမွာ ပါတီ ေတြကို စိတ္ပ်က္ေနတယ္။ အဲဒါက အကုန္လုံးကို မဆိုလိုေပမယ့္လည္း ကြၽန္မနဲ႔ ေတြ႕ဖူးတဲ့ ပါတီႏိုင္ငံ ေရးအေၾကာင္းကို ေဆြးေႏြးၾကတဲ့ ပုဂၢိဳလ္ေတြ ပူးေပါင္းခဲ့တဲ့အေပၚမွာ အားရွိၾကၿပီးေတာ့ ျပန္ကြဲသြား တဲ့အေပၚမွာေတာ့ သူတို႔ စိတ္ပ်က္ၾကတယ္။ ရခိုင္ျပည္ နယ္ အေျခေနအရဆိုရင္ ႏိုင္ငံေရးပါတီေတြကို စိတ္ ပ်က္သြားၾကတယ္။ တခ်ိဳ႕ဆိုရင္ လုံးဝ မဲမေပးခ်င္ ေတာ့ဘူး။ တခ်ိဳ႕ဆိုရင္ ပါတီႏိုင္ငံေရးကို လုံးဝ အယုံ အၾကည္ မရွိေတာ့ဘူး။ ႏိုင္ငံေရးသမားကို လုံးဝ အယုံ အၾကည္မရွိေတာ့ဘူး။ ၂၀၂၀ အလြန္မွာေတာ့ ဒီဒဏ္ကို ပါတီ ေပါင္းစည္းေရးမွာ တန္ဖိုးရွိရွိနဲ႔ မေပါင္းစည္းခဲ့တဲ့ အတြက္ ၂၀၂၀ အေက်ာ္မွာ ျပည္သူက ဒဏ္ခတ္လိမ့္ မယ္ထင္တယ္။

ေမး။ ။ လက္ရွိရခိုင္ျပည္နယ္မွာ အင္တာနက္ျဖတ္ေတာက္မႈ ေတြ ေရာ တပ္မေတာ္နဲ႔ AA တို႔ၾကား က အေျခအေန ေတြေရာ ကိုဗစ္၁၉ တစ္ေက်ာ့ျပန္ႀကဳံေတြ႕ေနရတာ ေတြ ဒီအေျခအေနေတြက ၂၀၂၀ ေ႐ြးေကာက္ပြဲ ရခိုင္ ျပည္နယ္မွာ က်င္းပႏိုင္ေရးအတြက္ေရာ ဘယ္လို မ်ိဳး ျဖစ္လာႏိုင္ပါသလဲ။ လြတ္လပ္မွ်တတဲ့ ေ႐ြးေကာက္ပြဲ ေတြ ရခိုင္ျပည္နယ္မွာ ျဖစ္ေရာျဖစ္လာ ႏိုင္မလား ဆိုတာကို အျမင္ေလးေျပာျပေပးပါ။
ေျဖ။ ။ ကြၽန္မအေနနဲ႔က ေျပာရရင္ ၂၀၂၀ က ရခိုင္ျပည္ နယ္အတြက္ ဘယ္လိုမွ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ မျဖစ္ႏိုင္ပါဘူး ထင္ပါတယ္။ ဘာေၾကာင့္ လဲဆိုရင္ ရခိုင္ျပည္နယ္က တစ္ႏွစ္ေက်ာ္ၾကာ အင္တာ နက္ျဖတ္ေတာက္ထားမႈကို ခံထားရပါတယ္။ ကမာၻ႔ ကပ္ေရာဂါႀကီးျဖစ္ေနတဲ့ အေျခအေနမွာေတာင္ အင္တိုက္အားတိုက္နဲ႔ အင္အားေတြအမ်ားႀကီး သုံးၿပီး တိုက္ပြဲေတြ ျပင္းထန္တာေတြ ေတြ႕ရတယ္။ မၾကာ မၾကာ ျပည္သူေတြ ေန႔စဥ္နီးပါး အစုလိုက္ အၿပဳံလိုက္ ေသေနၾကရတာရွိတယ္။ ကိုဗစ္ေၾကာင့္ တစ္ႏိုင္ငံလုံး မွာ ရွစ္ေယာက္ပဲ ဆုံးခဲ့တဲ့ အေျခအေနမွာ ရခိုင္ျပည္ နယ္မွာ တိုက္ပြဲေတြေၾကာင့္ ရာဂဏန္း ထိခိုက္ေနရမႈ ေတြရွိတယ္။ မတရားအသင္းနဲ႔ ဆက္သြယ္လို႔ဆိုၿပီး ဖမ္းဆီးခံရရင္း ေသသြားတာေတြရွိတယ္။ ဒီအေျခ အေနကေန ရခိုင္ျပည္နယ္က ေ႐ြးေကာက္ပြဲကို ျဖတ္ သန္းဖို႔ျဖစ္လာေတာ့ လက္ရွိမွာေတာ့ ရခိုင္ျပည္သူ ေတြက ကပ္ေရာဂါရဲ႕ ဒုကၡကိုလည္း ခံရတယ္။ စစ္ေဘး ရဲ႕ ဒုကၡကိုလည္း ခံရတယ္။ ရခိုင္ျပည္သူအားလုံးကို သံသယ မ်က္လုံးနဲ႔ အုပ္ခ်ဳပ္တဲ့ သူက ၾကည့္တဲ့အခါမွာ အကုန္လုံးကို ပုဒ္မေတြ အမ်ိဳးမ်ိဳး တပ္ၿပီးေတာ့ ၾကည့္တဲ့အခါမွာ စားနပ္ရိကၡာေတြလည္း လုံလုံ ေလာက္ေလာက္ေပးတာေတြ မေတြ႕ရဘူး သတင္း ဌာနေတြလည္း အၿမဲေဖာ္ျပေနတာေတြ ေတြ႕ရတယ္။ ဘယ္ဒုကၡသယ္စခန္းကေတာ့ စားနပ္ရိကၡာေတြ ျပတ္ ေနပါၿပီဆိုတာမ်ိဳး ကြၽန္မရဲ႕ မဲဆႏၵနယ္ျဖစ္တဲ့ အမ္းဆို လို႔ရွိရင္ ႏွစ္ခ်ီရွိေနၿပီ၊ ရိကၡာေတြမသယ္ရဘူး။ တစ္ဖက္ ကေန ဒီအဖြဲ႕အစည္းတစ္ခုကို တိုက္ခ်င္တာနဲ႔ပဲ ျပည္သူ ေတြ အငတ္ခံရေတာ့မလား၊ ျပည္သူေတြကိုေရာ မၾကည့္ၾကေတာ့ဘူးလား။ ဒီလိုမ်ိဳး အေျခအေနေတြ ႀကဳံေနရပါတယ္။ ဒါေၾကာင့္ ဒီလိုအေျခေနရပ္သုံးခုမွာ ၂၀၂၀ ေ႐ြးေကာက္ပြဲက ရခိုင္ျပည္နယ္မွာ ျဖစ္ခဲ့တယ္ ဆိုရင္ေတာင္ ဘယ္လိုမွ တရားမွ်တမႈ မျဖစ္ႏိုင္ပါဘူး။ တရားမွ်စြာ ေ႐ြးေကာက္ပြဲျဖစ္ဖို႔က ေ႐ြးေကာက္ခံ ကိုယ္စာလွယ္ေတြက လြပ္လပ္စြာ ေဟာေျပာစည္း႐ုံး ပိုင္ခြင့္ရွိရမယ္။ ဒါေပမဲ့ ကြၽန္မတို႔ေဒသမွာ လြတ္လြတ္ လပ္လပ္ ေဟာေျပာခြင့္က ဘယ္လိုမွ မျဖစ္ႏိုင္တဲ့ အတြက္ေၾကာင့္ လက္ရွိအခ်ိန္ထဲက စၿပီး တရားမွ်တမႈ မျဖစ္ေတာ့ပါဘူး။

ေမး။ ။ လက္ရွိမွာေပါ့ေနာ္ ရန္ကုန္ကေန ရခိုင္တိုင္းရင္းသား ေရးရာဝန္ႀကီးေနရာအတြက္ ဝင္ေရာက္ယွဥ္ ၿပိဳင္မွာ ဆိုေတာ့ ရန္ကုန္မွာရွိတဲ့ ရခိုင္တိုင္းရင္းသားေတြ အတြက္ ဘယ္လို အစီအစဥ္ေတြ ေဆာင္႐ြက္ဖို႔မ်ား ရွိပါသလဲ။
ေျဖ။ ။ ကြၽန္မအေနနဲ႔ ေ႐ြးေကာက္ပြဲကတိေတြ ျပင္ဆင္ ထားတာရွိပါတယ္။ ရခိုင္ကေန ရန္ကုန္မွာ ေနေနၾကတဲ့ ရခိုင္ေတြ အမ်ားႀကီး ရွိပါတယ္။ ရန္ကုန္ေရာက္ ရခိုင္ တိုင္းရင္းသားေတြရဲ႕ လူမႈစီးပြားဘဝ တိုးတက္ေအာင္ လုပ္ေဆာင္ေပးမယ္။ စက္႐ုံ အလုပ္႐ုံမွာ အလုပ္လုပ္ ေနၾကတဲ့ ရခိုင္က လူငယ္အမ်ိဳးသမီးေတြ အမ်ားႀကီး ရွိတယ္။ သူတို႔ရဲ႕ စီးပြားဘဝ လုံၿခဳံေရးကလည္း အေရး ႀကီးတယ္။ ေနာက္တစ္ခ်က္က လူငယ္မ်ားရဲ႕ အသက္ ေမြးဝမ္းေၾကာင္း ပညာေရးနဲ႔ အဆင့္ျမင့္ပညာေရးကို ရန္ကုန္ကေန လွမ္းမီေရးတို႔ ျဖစ္ပါတယ္။ အဲဒီအခါၾက ရင္ ဖက္ဒရယ္ျပည္နယ္ထူေထာင္မယ့္အခါမွာ အနာဂါတ္ အတြက္ က႑စုံကေနၿပီးေတာ့ ေခါင္းေဆာင္မႈ အခန္း က႑ကေနပါဝင္မယ့္ လူငယ္ေတြကို ျဖစ္ေပၚလာေစဖို႔ ျဖစ္ပါတယ္။ ဒါ့ျပင္ ဒီမွာ အမ်ိဳးသမီးငယ္ေတြ အမ်ား ႀကီး ရွိပါတယ္။ အမ်ိဳးသမီးငယ္ေတြရဲ႕ စြမ္းေဆာင္ရည္ ျမင့္မားေရးကို ရႏိုင္သေလာက္ ႀကိဳးပမ္းေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္။ ေနာက္အခ်က္ေတြကေတာ့ ရခိုင္ စာေပ ယဥ္ေက်းမႈနဲ႔ အႏုပညာ အားကစားတို႔ကို ျမႇင့္ တင္မယ္။ အထူးသျဖင့္ က်ဥ္နဲ႔ပတ္သက္ၿပီး ရခိုင္က်ဥ္ ကေန ထူးျခားတဲ့ အားကစား ျဖစ္တယ္။ ဒါေၾကာင့္မို႔လို႔ ဒါေတြကို ထိန္းသိမ္းမယ္ ျမင့္တင္မယ္ ဒါေတြကေတာ့ ကြၽန္မအေနနဲ႔ တိုင္းရင္းသားေရးရာဝန္ႀကီးျဖစ္လာတဲ့ အခါက်ရင္ ေဆာင္႐ြက္သြားမယ့္ အစီစဥ္ေတြျဖစ္ပါ တယ္။

ေမး။ ။ အခုျပည္နယ္လႊတ္ေတာ္ေတြမွာ တိုင္းရင္းသားပါတီ ေတြ အားေကာင္းၿပီး ေနရာေတာ္ေတာ္မ်ားမ်ားမွာ အႏိုင္ရမယ္ဆိုရင္ တိုင္းရင္းသားေတြလိုလားတဲ့ တန္းတူအခြင့္အေရးေတြ ေတာင္းဆိုလာႏိုင္မယ္၊ အေကာင္အထည္ေတြပိုၿပီး ေဖာ္လာႏိုင္မယ္လို႔ ေျပာ ၾကတာလည္း ရွိတယ္ေပါ့။ ၿပီးေတာ့ တိုင္းေဒသႀကီး လႊတ္ေတာ္ေတြမွာလည္း တိုင္းရင္းသားေရးရာဝန္ႀကီး ေတြ အင္အားေကာင္းလာမယ္ဆိုရင္ တိုင္းရင္းသား အခြင့္အေရးကို ပိုၿပီးေဖာ္ေဆာင္ႏိုင္မယ္လို႔ ယူဆၾက တာေတြလည္း ေတြ႕ရတယ္။ တစ္ဖက္ကလည္း ဒီ ၂၀ဝ၈ ေျခ/ဥ ပုဒ္မ ၂၆၁ အရ ႏိုင္ငံေတာ္သမၼတက ဝန္ႀကီးခ်ဳပ္ေတြကို ခန႔္အပ္ႏိုင္ခြင့္ ရွိေနတာဆိုေတာ့ အဲဒီကြာဟမူ ႏွစ္ခုအေပၚ ဘယ္လိုမ်ား သုံးသပ္မိပါ သလဲ။
ေျဖ။ ။ ကြၽန္မအျမင္ရေတာ့ ဖက္ဒရယ္တည္ေဆာက္ ေရးမွာ ဒီဘက္မွာ တိုင္းရင္းသားဝန္ႀကီးေတြ ထားရွိ တယ္ဆို႐ုံနဲ႔ မလုံေလာက္ပါဘူး။ အမွန္တကယ္ သြား ရမယ့္ စနစ္ကေနၿပီးေတာ့ ဖက္ဒရယ္တည္ေဆာက္ေရး ျဖစ္ပါတယ္။ ရန္ကုန္လိုေနရာမ်ိဳးမွာ တိုင္းရင္းသား ေရးရာ ဝန္ႀကီးတစ္ေယာက္ေလာက္ရွိ႐ုံနဲ႔ တိုင္းရင္း သားေတြရဲ႕ ဖက္ဒရယ္တည္ေဆာက္သြားႏိုင္ၿပီလို႔ ေျပာလို႔ မရပါဘူး။ တိုင္းရင္းသား တစ္ဦးတစ္ေယာက္ သည္ ျမန္မာႏိုင္ငံရဲ႕ ဘယ္ေနရာဘယ္ေဒသမွာပဲ ေနေန သူ႔ရဲ႕ အခြင့္အလမ္းကရွိကိုရွိေနၿပီးသား ျဖစ္ေန ရပါမယ္။ ဒါေၾကာင့္မို႔လို႔ ၂၀ဝ၈ အေျခခံဥပေဒအရ ေပၚေပါက္လာတဲ့ေနရာေတြ ျဖစ္ပါတယ္။ ဒီေပၚမွာသာ အခုအလုပ္လုပ္ေနၾကရတာ ျဖစ္ပါတယ္။ တကယ္ တန္းၾကရင္ ျပည္နယ္မ်ား ဖက္ဒရယ္ကို ေဖာ္ေဆာင္မွ သာလွ်င္ တိုင္းရင္းသားေတြရဲ႕ေဒသေတြမွာ လိုလား ခ်က္ေတြ ျပည့္ဝမွာ ျဖစ္ပါတယ္။ အဲဒီလိုမဟုတ္ဘဲ စနစ္ကို မထူေထာင္ဘဲနဲ႔ ဒီလိုမ်ိဳးသာ ၂၀ဝ၈ နဲ႔ သြားေန မယ္ဆိုလို႔ရွိရင္ ဖက္ဒရယ္ကို မထူေထာင္ဘဲနဲ႔ တိုင္း ရင္းသားေတြရဲ႕ အခြင့္အေရးကို ဘယ္လိုမွ ရရွိမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္မို႔လို႔ ျပည္နယ္ေတြမွာ ကိုယ္ ပိုင္ျပ႒ာန္းပိုင္ခြင့္ရွိတဲ့ တိုင္းရင္းသားေတြကို အေျခခံ ၿပီးမွ သြားတဲ့ ဖက္ဒရယ္ကို သြားကိုသြားရမွာ ျဖစ္ပါ တယ္။ တိုင္းရင္းသားေရးရာဝန္ႀကီးေတြကို ထားတဲ့ ဟာက တကယ့္ ဖက္ဒရယ္ကို သြားတဲ့ဟာမဟုတ္ပါဘူး ၂၀ဝ၈ ဖြဲ႕စည္းပုံအရသာေပၚေပါက္လာတဲ့ အေျခအေန တစ္ရပ္သာပဲျဖစ္တယ္လို႔ ကြၽန္မထင္ျမင္မိပါတယ္။

ေမး။ ။ ေနာက္ဆုံးအေနနဲ႔ေပါ့ အခု၂၀၂၀ ေ႐ြးေကာက္ပြဲနဲ႔ ရခိုင္ျပည္နယ္ရဲ႕ အေျခအေန ရခိုင္တိုင္းရင္းသား ေတြရဲ႕ အခြင့္အေရးနဲ႔ပတ္သက္တာေလးကို အႏွစ္ခ်ဳပ္ ေလးေျပာျပေပးပါ။
ေျဖ။ ။ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသား ေဒသေတြမွာ တိုင္းရင္းသားပါတီေတြ ရရွိအႏိုင္ရႏိုင္ မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ဒါမွသာ ဖက္ဒရယ္အသံ ပိုၿပီးေတာ့ က်ယ္လာမွာ ျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ အေနနဲ႔ကေတာ့ ျမန္မာ့တပ္မေတာ္ရဲ႕ အခန္းက႑ကိုဆိုရင္ ခိုင္မာတဲ့ အင္စတီက်ဴးရွင္းတစ္ခု ေနာက္ တစ္ခုဆိုရင္ Standard ရွိတဲ့ အဖြဲ႕အစည္းတစ္ရပ္ အေနနဲ႔ ကြၽန္မတို႔ ျမင္ခ်င္ပါတယ္။ ႏိုင္ငံမွာလည္း လိုအပ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ လႊတ္ေတာ္ေတြကို တကယ္တန္းက်ရင္ ျပည္သူေတြက ေ႐ြးခ်ယ္ထားတဲ့ ကိုယ္စားလွယ္ေတြနဲ႔ပဲ ဖြဲ႕စည္းရမွာ ျဖစ္ပါတယ္။ ဆိုလိုတာက အစိုးရက အစိုးရအလုပ္လုပ္ၿပီး လႊတ္ ေတာ္က လႊတ္ေတာ္အလုပ္ လုပ္ရမွာေပါ့ ဒီလိုမဟုတ္ ဘဲနဲ႔ ျမန္မာတပ္မေတာ္ဆိုၿပီး ျပည္နယ္ရဲ႕လႊတ္ေတာ္ မွာေရာ ျပည္ေထာင္စုရဲ႕လႊတ္ေတာ္မွာေရာ ဒီလိုမ်ိဳး သာေနရာဝင္ယူေနမယ္ဆိုရင္ ကြၽန္မတို႔ႏိုင္ငံက ဘယ္လိုမွ ဖက္ဒရယ္ကို သြားလို႔မရသလို ဖက္ဒရယ္ အင္စတီက်ဴးရွင္းလည္း ဘယ္လိုမွ ျဖစ္လာမွာ မဟုတ္ ပါဘူး။ ကြၽန္မအျမင္ေတာ့ ၂၀၂၀ အလြန္မွာ တပ္မ ေတာ္အေနနဲ႔ ႏိုင္ငံေရးမွာ ပါဝင္ေနမူကို တကယ့္ ျဖဳတ္ခ်တယ္ဆိုတဲ့အရာက အင္မတန္အဆင္ေျပတဲ့ အရာျဖစ္ပါတယ္။ လႊတ္ေတာ္ထဲကေန ထြက္ခြာဖို႔ လိုပါတယ္။ တကယ့္ Standard ရွိတဲ့ ARMY တစ္ခုကို တည္ေဆာက္မွသာလွ်င္ ကြၽန္မတို႔ႏိုင္ငံက ႏိုင္ငံေရး သမားေတြနဲ႔ ဖက္ဒရယ္ကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါ တယ္။ အာဏနဲ႔ေတာ့ ဖက္ဒရယ္ကို တည္ေဆာက္လို႔ ရမွာ မဟုတ္ပါဘူး။

ဟုတ္ကဲ့ပါ၊ အခုလို အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့ အတြက္ ေက်းဇူးတင္ပါတယ္ ဆရာမ။

 

Unicode

ရခိုင်ပြည်နယ်အတွင်းက ရခိုင်ပါတီများ၏ အခြေအနေများ ရခိုင်တိုင်းရင်းသားများ၏အခွင့်အရေးနှင့် ရွေးကောက်ပွဲကာလ ရခိုင်ပြည်နယ်မှာ ဘာတွေဖြစ်ပေါ်လာနိုင်မလဲဆိုတာကို ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်အရွေးခံမယ့် ဒေါ်ထုမေနှင့် မေးမြန်းဆွေးနွေးခဲ့ပါတယ်။
အရင်ဆုံး မိတ်ဆက်ပါမယ် ခင်ဗျာ။ ကျွန်တော်က တော့ ဖက်ဒရယ်ဂျာနယ်က တာဝန်ခံ အယ်ဒီတာ အေစိုင်းကေပါ ဆရာမ။ အခု ရွေးကောက်ပွဲနီးတော့ ကျွန်တော်တို့ဂျာနယ်က တိုင်းရင်းသားကိစ္စရပ်တွေကို ဦးစားပေးဖော်ပြတော့ တိုင်းရင်းသားပါတီတွေ တိုင်း ရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အင်တာဗျူးတွေ လုပ်တာပါခင်ဗျာ။ ပထမဆုံးအနေနဲ့ ဆရာမရဲ့အမည်ရယ် လက်ရှိတာဝန်ထမ်းဆောင်နေ တဲ့ အကြောင်းလေး အရင်ပြောပြပေးပါ ခဗျာ။
ဖြေ။ ။ လက်ရှိမှာတော့ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဖြစ်ပါတယ်။ ၂၀၁၅ မှာတော့ ရခိုင်အမျိုးသား ပါတီက ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား ရေးရာ ဝန်ကြီးနေရာကို တသီးပုဂ္ဂလအနေနဲ့ ဝင် ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုင်းရင်းသားပါတီတွေ က ရလဒ်မကောင်းခဲ့တဲ့ အခြေအနေတွေ တွေ့ရ တယ်။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာရော ဒီတိုင်းရင်းသားပါတီတွေရဲ့ အခန်း ကဏ္ဍက ဘယ်လို ဖြစ်လာနိုင်မလဲပေါ့။ အားနည်းလာမလား အား ကောင်းလာမလားဆိုတာကို ဆရာမရဲ့အမြင်လေး ဆွေးနွေးပေးပါခင်ဗျာ။
ဖြေ။ ။ ကျွန်မအမြင်ပြောရမယ်ဆိုရင် အထူးသဖြင့် ရခိုင်ပြည်နယ်မှာ တိုင်းရင်းသားပါတီ အားကောင်း ခဲ့ပါတယ်။ ကျွန်မလေ့လာသလောက်ဆိုရင် မြန်မာ နိုင်ငံမှာ တိုင်းရင်းသားဒေသခံ ဖွဲ့စည်းထားတဲ့ တည် ထောင်ထားတဲ့ ပါတီတွေမှာဆိုရင် ကျွန်မတို့ ရခိုင် အစောဆုံးဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ တစ်ခုတော့ ရှိတယ်ပေါ့နော်၊ အောင်အောင်မြင်မြင် ပေါင်းစည်းဖို့ မဖြစ်နိုင်ခဲ့ဘူး။ ဒီအင်စတီကျူးရှင်းအရပေါ့။ အဲဒါတွေ အားနည်းချက်ကြောင့်လို့ပဲ မြင်ပါတယ်။ ရခိုင်ပြည်နယ် အတိုင်းအတာအားဖြင့် တိုင်းရင်းသားပါတီဖြစ်တဲ့ RNDP နဲ့ ANP ပေါင်းစည်းပြီးတော့ ရခိုင်အမျိုးသား ပါတီဖြစ်လာတယ်။ ရွေးကောက်ပွဲမှာလည်း ပြည်နယ် အတိုင်းအတာအားဖြင့် အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့ တခြား တိုင်းရင်းသားဒေသတွေမှာဆိုလို့ရှိရင် အင်အား အများကြီးရှိခဲ့တာ မတွေ့ရဘူး။ အဲဒါလည်း ဘာကြောင့် လဲဆိုရင် လက်ရှိ အာဏာရပါတီရဲ့ စည်းရုံးမှုရယ် အာဏာရပါတီကဆိုရင် ပြီးခဲ့တဲ့ ၁၉၉၀ တုန်းကလည်း အနိုင်ရရှိခဲ့တယ်။ ဒါပေမဲ့ အစိုးရဖွဲ့နိုင်ခြင်း မရှိခဲ့လို့ အခါကြတော့ ဒီနိုင်ငံရေး ရေချိန်ပေါ့နော်၊ အဲဒီတုန်းက ပြည်သူတွေက အနိုင်ပေးထားကြတဲ့ ပါတီကို ပြုပြင် ပြောင်းလဲဖို့ တိုင်းရင်းသားတွေကလည်း ယုံကြည်ကြ တယ်လို့ ကျွန်မအနေနဲ့ ထင်မြင်ယူဆပါတယ်။ ဒါကြောင့်မို့လို တိုင်းရင်းသားပါတီငယ်တွေ အနိုင်ရ လို့ရှိရင် လောလောဆယ် နိုင်ငံရဲ့စနစ်ကို ပြုပြင်ပြောင်း လဲဖို့ရာ အတိုင်းအတာတစ်ခုအထိ ခက်ခဲရှိနိုင်တယ်လို့ တိုင်းရင်းသားဒေသက ပြည်သူတွေက ထင်မြင်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို ပြည်မပါတီကြီးဖြစ်တဲ့ အခုလက်ရှိ အနိုင်ရပါတီ NLD ကို မဲပေးခဲ့ကြတာလို့ ကျွန်မတို့ ယူဆပါတယ်။ အဲဒီလို အချိန်အခါမျိုးမှာ ဒီတိုင်းရင်းသားပါတီတွေနဲ့လည်း ဝင်ပြိုင်ခဲ့တဲ့ ပါတီ တွေ ရှိတယ်၊ မဝင်ပြိုင်ခဲ့တဲ့ ပါတီတွေရှိတယ်။ ၂၀၁၅ ရောက်တဲ့အခါမှာတော့ အားမရှိခဲ့ဘူးပေါ့။ ငွေရေး ကြေးရေး လူစွမ်းအား အရင်းမြစ်ရယ် ဒါတွေမရှိခဲ့ဘူး။ နောက်တစ်ခုက ဖွဲ့စည်းပုံ အခြေအနေကြောင့်လည်း အားရှိဖို့အတွက် အားယူနေတယ်လို့ ကျွန်မထင်ပါ တယ်။

မေး။ ။ အခုဆိုရင် တိုင်းရင်းသား ပါတီတွေက မဟာမိတ်ဖွဲ့ လာတာတွေ တွေ့ရတယ်။ တိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ရွေးကောက်ပွဲအောင်နိုင်ရေး မျှော်မှန်း ချက်ထားတာကတော့ ကောင်းတဲ့ လက္ခဏာဆိုတာ ကိုလည်း တွေ့ရတယ်ပေါ့ အဲဒီ ပေါင်းစည်းလိုက်ခြင်း က မြန်မာပြည်ရဲ့ ဖက်ဒရယ်ဖော်ဆောင်မှုအပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာမလဲပေါ့၊ ရွေးကောက်ပွဲလမ်းကြောင်းကနေ တိုင်းရင်းသား အခွင့်အရေးတွေလုပ်ဆောင်လာနိုင်မလား၊ ဒါမှ မဟုတ် ပြည်နယ်လွှတ်တော်တွေမှာ အကျိုးသက် ရောက်မှုတွေ ပိုပြီးများ ဖြစ်ထွန်းလာမလားဆိုတာ အမြင်လေးပြောပြပေးပါ။
ဖြေ။ ။ ပေါင်းစည်းရေးလုပ်ကြတဲ့ ပါတီတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ အချိုးညီတဲ့ ပေါင်းစည်းရေး အမှန်တကယ် အကျိုးအမြတ်ကို မလိုလားတဲ့ ပေါင်း စည်းရေးဖြစ်ဖို့ လိုပါမယ်။ နောက်တစ်ခုက ပေါင်းစည်း တဲ့အခါလည်း အတော့်ကို စနစ်ကျပြီးတော့ ဒီ အင်စတီ ကျူးရှင်း ခိုင်မာဖို့ လိုပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲတစ်ခုပဲ အနိုင်ရဖို့ ပြည်နယ်တွေမှာ အစိုးရဖွဲ့ခွင့်ရဖို့ဆိုတဲ့ မျှော်မှန်းချက်နဲ့ ပေါင်းစည်းကြ တာဆိုရင်တော့ ရေရှည်မကောင်းပါဘူး။ ဒါကြောင့်မို့လို့ တကယ်တမ်း ပေါင်းစည်းရေးကနေပြီးတော့ အမှန် တကယ်ပေါင်းစည်းရေး လိုပါမယ်။ ရွေးကောက်ပွဲ တစ်ခုကြောင့် ပေါင်းစည်းတာမဟုတ်ဘဲနဲ့ တကယ် ကိုယ့်ရဲ့ ပြည်နယ်ကို ကြိုးပမ်းပေါင်းစည်းရေးက ပိုပြီး အဆင်ပြေပါမယ်။ ပြည်နယ်အခြေခံပါတီတွေက နိုင်ပြီးသွားလို့ ရှိရင် ပြည်ထောင်စုကို တက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်တွေမှာ အနိုင်ရရှိတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆွေးနွေးတဲ့အခါမှာ ပိုပြီးအားရှိနိုင်မှာပါ။ လက်ရှိ ဖွဲ့စည်းပုံအရ အနိုင်ရပါတီရဲ့ သဘောထားအရဆိုလို့ ရှိရင် ၂၆၁ တောင်မှ ပြင်ဖို့ရာခက်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီတွေ ပေါင်းစည်းရေးက ကောင်းပါ တယ်။ ရွေးကောက်ပွဲတစ်ခုပဲ ဦးတည်တာက မကောင်း ပါဘူး၊ ပြည်ထောင်စုကို သွားဖို့ ပြည်နယ်တွေ အားကောင်းဖို့ Unit တွေ အားကောင်းဖို့ ပေါင်းစည်း ကြတာ ကောင်းပါတယ်။ လက်ရှိအခြေနေမှာ ပါတီ တွေ ပေါင်းစည်းခြင်းက တကယ်တမ်း ဖက်ဒရယ်သွား ဖို့ ခြေ/ဥလို့ ကျွန်မမြင်ပါတယ်။ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားဒေသမှာ အားကောင်းမှသာလျှင် ဖက်ဒရယ်ကို သွားနိုင်ပါမယ်။ အဲဒီလိုမဟုတ်ဘူး ဆိုလို့ရှိရင် တိုင်းရင်းသားဒေသတွေက ပါတီတွေရဲ့ မူဝါဒလွှမ်းမိုးမှုပဲ ရှိပါလိမ့်မယ်။ ဖက်ဒရယ်သွားဖို့ရာမှာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်မဟုတ်ဘဲနဲ့ ပြည်မပါတီကြီးတွေက လိုလားတဲ့ ဖက်ဒရယ် ပုံစံဖြစ် နိုင်ပါတယ်။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ညွန့်ပေါင်းအစိုးရ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အခြေအနေတွေကို ကြား နေရတယ်ပေါ့ အဲဒီအပေါ်မှာလည်း ဆရာမရဲ့ အမြင် လေး ပြောပြပေးပါ။
ဖြေ။ ။ တစ်ပါတီ အာဏာရှင်စနစ်မှာ ဖြတ်သန်းခဲ့ကြတဲ့ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ တစ်ပါတီ အားကောင်း ခြင်းက နိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲခြင်းမှာ အတိုင်းအတာတစ်ခုအထိ အခက်အခဲကြုံတာကို နိုင်ငံရဲ့ သမိုင်းအခြေနေအရ အားလုံးသိကြတာ ဖြစ်ပါ တယ်။ ညွန့်ပေါင်းအစိုးရဖြစ်လာနိုင်မယ်လို့တော့ ကျွန်မနေနဲ့ မသုံးသပ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ပြည်မမှာ မဂျော်လတီ ရှိတဲ့ ဒါကို အထူး သဖြင့်အနေနဲ့ ဗမာ လူဦးရေကနေပြီးတော့ ဒီညွန့်ပေါင်း အစိုးရကို မဦးတည်ကြဘူး။ ဒါကြောင့်မို့လို့ သူတို့ ပါတီ တစ်ခု တည်းကိုပဲ မဲပုံအောပေးကြလိမ့်မယ်လို့ ကျွန်မထင်မြင် ပါတယ်။ တိုင်းရင်းသားဒေသမှာ တိုင်းရင်းသားပါတီ တွေ အနိုင်ရလာပြီဆိုရင်တော့ ဝန်ကြီးလိုနေရာမျိုး တိုင်းရင်းသားရေးရာ ဝန်ကြီးလိုနေရာမျိုး ဒီနေရာ တွေကို ပေးပြီးတော့ အမျိုးသား ရင်ကြားစေ့ရေးကို လုပ်နိုင်ပါတယ်။ တကယ့်လုံးလုံး ဖက်ဒရယ်ကို သွား မယ့် အခြေအနေကိုတော့ အနိုင်ရပါတီအနေနဲ့ ပေးချင် မှပေးမှာပါ။ ကျွန်မနေနဲ့တော့ ဒီညွန့်ပေါင်း အစိုးရဆိုတဲ့ အခြေအနေကို မြန်မာနိုင်ငံမှာ မမြင်ပါဘူး။

မေး။ ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကနဲ့ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်ရဲ့ ပါတီ နိုင်ငံရေး အခြေအနေတွေက ဘယ်လို အပြောင်းလဲတွေများ ဖြစ်ပေါ်လာခဲ့သလဲ ပြည်နယ်အတွက် ပိုပြီး တိုးတက် ကောင်းမွန်လာခဲ့သလား ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ် လာခဲ့သလားဆိုတာကို ဆွေးနွေးပေးပါခင်ဗျာ။
ဖြေ။ ။ ၂၀၁၅ မှာတော့ ပြည်သူတွေက တစ်ပါတီပဲ လိုချင်တယ်။ နိုင်ငံရေးသမားတွေကလည်း မဲရဖို့လည်း ပါဝင်မယ်။ ပြည်သူတွေရဲ့ ဆွေးနွေးချက်တွေအပေါ်မှာ ယူဆချက်ပေါ်မှာလည်း လက်ခံရတာမို့လို့ ပါတီတွေ ပေါင်းပြီးတော့မှ ရွေးကောက်ပွဲ ဝင်ခဲ့ကြတယ်။ တကယ်ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေ ဆုံးဖြတ်ချက် ချပိုင် ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တွေက အနှစ်သာရရှိရှိ ပေါင်းစည်းခဲ့ တာ မဖြစ်ခဲ့ဘူး။  ရွေးကောက်ပွဲတစ်ခုအတွက် ပြည်သူ က ပေါင်းခိုင်းခဲ့လို့ ပေါင်းလိုက်တဲ့ ပုံစံမျိုးဖြစ်သွားခဲ့တာ ၂၀၁၅ တုန်းကတော့ ပြည်သူတွေ အရမ်းအားရတယ် တစ်ပါတီပဲရှိတယ်။ ပြည်နယ်လွှတ်တော်ကိုတော့ ရခိုင်ပါတီက အုပ်စိုးနိုင်ပြီ ဒီလိုပြောကြတာရှိတယ်။ ဒီမိုကရေစီစစ်စစ် အရသာမရှိခဲ့ဘူး။ ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ မှာပဲ ပါတီက ပြန်ပြီးတော့ အက်ကွဲသွားတယ်။ အခုဆိုလို့ရှိရင် ပြန်ကွဲသွားတဲ့ အပေါ်မှာ ပြည်သူကတော့ တစ်ပါတီလိုလားပေမယ့် ရွေးကောက်ပွဲလည်း နိုင်လည်းနိုင်ပြီးရော ပါတီခေါင်း ဆောင်တွေက ကွဲသွားကြပြီး ကိုယ့်အတွက် အနိုင်ရရှိ ရေး ကြိုးပမ်းကြတဲ့အခါမှာ နောက်ဆုံး ရခိုင်ပြည်နယ် မှာ အနည်းဆုံး သုံးပါတီဖြစ်သွားတယ်။ တစ်ပါတီ ပေါင်းစည်းရေးက သုံးပါတီဖြစ်သွားတယ်။ ဒါကြောင့် မို့လို့ ပြည်သူတွေက ၂၀၁၅ နဲ့ ၂၀၂၀ ကြားမှာ ပါတီ တွေကို စိတ်ပျက်နေတယ်။ အဲဒါက အကုန်လုံးကို မဆိုလိုပေမယ့်လည်း ကျွန်မနဲ့ တွေ့ဖူးတဲ့ ပါတီနိုင်ငံ ရေးအကြောင်းကို ဆွေးနွေးကြတဲ့ ပုဂ္ဂိုလ်တွေ ပူးပေါင်းခဲ့တဲ့အပေါ်မှာ အားရှိကြပြီးတော့ ပြန်ကွဲသွား တဲ့အပေါ်မှာတော့ သူတို့ စိတ်ပျက်ကြတယ်။ ရခိုင်ပြည် နယ် အခြေနေအရဆိုရင် နိုင်ငံရေးပါတီတွေကို စိတ် ပျက်သွားကြတယ်။ တချို့ဆိုရင် လုံးဝ မဲမပေးချင် တော့ဘူး။ တချို့ဆိုရင် ပါတီနိုင်ငံရေးကို လုံးဝ အယုံ အကြည် မရှိတော့ဘူး။ နိုင်ငံရေးသမားကို လုံးဝ အယုံ အကြည်မရှိတော့ဘူး။ ၂၀၂၀ အလွန်မှာတော့ ဒီဒဏ်ကို ပါတီ ပေါင်းစည်းရေးမှာ တန်ဖိုးရှိရှိနဲ့ မပေါင်းစည်းခဲ့တဲ့ အတွက် ၂၀၂၀ အကျော်မှာ ပြည်သူက ဒဏ်ခတ်လိမ့် မယ်ထင်တယ်။

မေး။ ။ လက်ရှိရခိုင်ပြည်နယ်မှာ အင်တာနက်ဖြတ်တောက်မှု တွေ ရော တပ်မတော်နဲ့ AA တို့ကြား က အခြေအနေ တွေရော ကိုဗစ်၁၉ တစ်ကျော့ပြန်ကြုံတွေ့နေရတာ တွေ ဒီအခြေအနေတွေက ၂၀၂၀ ရွေးကောက်ပွဲ ရခိုင် ပြည်နယ်မှာ ကျင်းပနိုင်ရေးအတွက်ရော ဘယ်လို မျိုး ဖြစ်လာနိုင်ပါသလဲ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ တွေ ရခိုင်ပြည်နယ်မှာ ဖြစ်ရောဖြစ်လာ နိုင်မလား ဆိုတာကို အမြင်လေးပြောပြပေးပါ။
ဖြေ။ ။ ကျွန်မအနေနဲ့က ပြောရရင် ၂၀၂၀ က ရခိုင်ပြည် နယ်အတွက် ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး ထင်ပါတယ်။ ဘာကြောင့် လဲဆိုရင် ရခိုင်ပြည်နယ်က တစ်နှစ်ကျော်ကြာ အင်တာ နက်ဖြတ်တောက်ထားမှုကို ခံထားရပါတယ်။ ကမ္ဘာ့ ကပ်ရောဂါကြီးဖြစ်နေတဲ့ အခြေအနေမှာတောင် အင်တိုက်အားတိုက်နဲ့ အင်အားတွေအများကြီး သုံးပြီး တိုက်ပွဲတွေ ပြင်းထန်တာတွေ တွေ့ရတယ်။ မကြာ မကြာ ပြည်သူတွေ နေ့စဉ်နီးပါး အစုလိုက် အပြုံလိုက် သေနေကြရတာရှိတယ်။ ကိုဗစ်ကြောင့် တစ်နိုင်ငံလုံး မှာ ရှစ်ယောက်ပဲ ဆုံးခဲ့တဲ့ အခြေအနေမှာ ရခိုင်ပြည် နယ်မှာ တိုက်ပွဲတွေကြောင့် ရာဂဏန်း ထိခိုက်နေရမှု တွေရှိတယ်။ မတရားအသင်းနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးခံရရင်း သေသွားတာတွေရှိတယ်။ ဒီအခြေ အနေကနေ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲကို ဖြတ် သန်းဖို့ဖြစ်လာတော့ လက်ရှိမှာတော့ ရခိုင်ပြည်သူ တွေက ကပ်ရောဂါရဲ့ ဒုက္ခကိုလည်း ခံရတယ်။ စစ်ဘေး ရဲ့ ဒုက္ခကိုလည်း ခံရတယ်။ ရခိုင်ပြည်သူအားလုံးကို သံသယ မျက်လုံးနဲ့ အုပ်ချုပ်တဲ့ သူက ကြည့်တဲ့အခါမှာ အကုန်လုံးကို ပုဒ်မတွေ အမျိုးမျိုး တပ်ပြီးတော့ ကြည့်တဲ့အခါမှာ စားနပ်ရိက္ခာတွေလည်း လုံလုံ လောက်လောက်ပေးတာတွေ မတွေ့ရဘူး သတင်း ဌာနတွေလည်း အမြဲဖော်ပြနေတာတွေ တွေ့ရတယ်။ ဘယ်ဒုက္ခသယ်စခန်းကတော့ စားနပ်ရိက္ခာတွေ ပြတ် နေပါပြီဆိုတာမျိုး ကျွန်မရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ အမ်းဆို လို့ရှိရင် နှစ်ချီရှိနေပြီ၊ ရိက္ခာတွေမသယ်ရဘူး။ တစ်ဖက် ကနေ ဒီအဖွဲ့အစည်းတစ်ခုကို တိုက်ချင်တာနဲ့ပဲ ပြည်သူ တွေ အငတ်ခံရတော့မလား၊ ပြည်သူတွေကိုရော မကြည့်ကြတော့ဘူးလား။ ဒီလိုမျိုး အခြေအနေတွေ ကြုံနေရပါတယ်။ ဒါကြောင့် ဒီလိုအခြေနေရပ်သုံးခုမှာ ၂၀၂၀ ရွေးကောက်ပွဲက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တယ် ဆိုရင်တောင် ဘယ်လိုမှ တရားမျှတမှု မဖြစ်နိုင်ပါဘူး။ တရားမျှစွာ ရွေးကောက်ပွဲဖြစ်ဖို့က ရွေးကောက်ခံ ကိုယ်စာလှယ်တွေက လွပ်လပ်စွာ ဟောပြောစည်းရုံး ပိုင်ခွင့်ရှိရမယ်။ ဒါပေမဲ့ ကျွန်မတို့ဒေသမှာ လွတ်လွတ် လပ်လပ် ဟောပြောခွင့်က ဘယ်လိုမှ မဖြစ်နိုင်တဲ့ အတွက်ကြောင့် လက်ရှိအချိန်ထဲက စပြီး တရားမျှတမှု မဖြစ်တော့ပါဘူး။

မေး။ ။ လက်ရှိမှာပေါ့နော် ရန်ကုန်ကနေ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ် ပြိုင်မှာ ဆိုတော့ ရန်ကုန်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေ အတွက် ဘယ်လို အစီအစဉ်တွေ ဆောင်ရွက်ဖို့များ ရှိပါသလဲ။
ဖြေ။ ။ ကျွန်မအနေနဲ့ ရွေးကောက်ပွဲကတိတွေ ပြင်ဆင် ထားတာရှိပါတယ်။ ရခိုင်ကနေ ရန်ကုန်မှာ နေနေကြတဲ့ ရခိုင်တွေ အများကြီး ရှိပါတယ်။ ရန်ကုန်ရောက် ရခိုင် တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝ တိုးတက်အောင် လုပ်ဆောင်ပေးမယ်။ စက်ရုံ အလုပ်ရုံမှာ အလုပ်လုပ် နေကြတဲ့ ရခိုင်က လူငယ်အမျိုးသမီးတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ စီးပွားဘဝ လုံခြုံရေးကလည်း အရေး ကြီးတယ်။ နောက်တစ်ချက်က လူငယ်များရဲ့ အသက် မွေးဝမ်းကြောင်း ပညာရေးနဲ့ အဆင့်မြင့်ပညာရေးကို ရန်ကုန်ကနေ လှမ်းမီရေးတို့ ဖြစ်ပါတယ်။ အဲဒီအခါကြ ရင် ဖက်ဒရယ်ပြည်နယ်ထူထောင်မယ့်အခါမှာ အနာဂါတ် အတွက် ကဏ္ဍစုံကနေပြီးတော့ ခေါင်းဆောင်မှု အခန်း ကဏ္ဍကနေပါဝင်မယ့် လူငယ်တွေကို ဖြစ်ပေါ်လာစေဖို့ ဖြစ်ပါတယ်။ ဒါ့ပြင် ဒီမှာ အမျိုးသမီးငယ်တွေ အများ ကြီး ရှိပါတယ်။ အမျိုးသမီးငယ်တွေရဲ့ စွမ်းဆောင်ရည် မြင့်မားရေးကို ရနိုင်သလောက် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ နောက်အချက်တွေကတော့ ရခိုင် စာပေ ယဉ်ကျေးမှုနဲ့ အနုပညာ အားကစားတို့ကို မြှင့် တင်မယ်။ အထူးသဖြင့် ကျဉ်နဲ့ပတ်သက်ပြီး ရခိုင်ကျဉ် ကနေ ထူးခြားတဲ့ အားကစား ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒါတွေကို ထိန်းသိမ်းမယ် မြင့်တင်မယ် ဒါတွေကတော့ ကျွန်မအနေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာတဲ့ အခါကျရင် ဆောင်ရွက်သွားမယ့် အစီစဉ်တွေဖြစ်ပါ တယ်။

မေး။ ။ အခုပြည်နယ်လွှတ်တော်တွေမှာ တိုင်းရင်းသားပါတီ တွေ အားကောင်းပြီး နေရာတော်တော်များများမှာ အနိုင်ရမယ်ဆိုရင် တိုင်းရင်းသားတွေလိုလားတဲ့ တန်းတူအခွင့်အရေးတွေ တောင်းဆိုလာနိုင်မယ်၊ အကောင်အထည်တွေပိုပြီး ဖော်လာနိုင်မယ်လို့ ပြော ကြတာလည်း ရှိတယ်ပေါ့။ ပြီးတော့ တိုင်းဒေသကြီး လွှတ်တော်တွေမှာလည်း တိုင်းရင်းသားရေးရာဝန်ကြီး တွေ အင်အားကောင်းလာမယ်ဆိုရင် တိုင်းရင်းသား အခွင့်အရေးကို ပိုပြီးဖော်ဆောင်နိုင်မယ်လို့ ယူဆကြ တာတွေလည်း တွေ့ရတယ်။ တစ်ဖက်ကလည်း ဒီ ၂၀ဝ၈ ခြေ/ဥ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတက ဝန်ကြီးချုပ်တွေကို ခန့်အပ်နိုင်ခွင့် ရှိနေတာဆိုတော့ အဲဒီကွာဟမူ နှစ်ခုအပေါ် ဘယ်လိုများ သုံးသပ်မိပါ သလဲ။
ဖြေ။ ။ ကျွန်မအမြင်ရတော့ ဖက်ဒရယ်တည်ဆောက် ရေးမှာ ဒီဘက်မှာ တိုင်းရင်းသားဝန်ကြီးတွေ ထားရှိ တယ်ဆိုရုံနဲ့ မလုံလောက်ပါဘူး။ အမှန်တကယ် သွား ရမယ့် စနစ်ကနေပြီးတော့ ဖက်ဒရယ်တည်ဆောက်ရေး ဖြစ်ပါတယ်။ ရန်ကုန်လိုနေရာမျိုးမှာ တိုင်းရင်းသား ရေးရာ ဝန်ကြီးတစ်ယောက်လောက်ရှိရုံနဲ့ တိုင်းရင်း သားတွေရဲ့ ဖက်ဒရယ်တည်ဆောက်သွားနိုင်ပြီလို့ ပြောလို့ မရပါဘူး။ တိုင်းရင်းသား တစ်ဦးတစ်ယောက် သည် မြန်မာနိုင်ငံရဲ့ ဘယ်နေရာဘယ်ဒေသမှာပဲ နေနေ သူ့ရဲ့ အခွင့်အလမ်းကရှိကိုရှိနေပြီးသား ဖြစ်နေ ရပါမယ်။ ဒါကြောင့်မို့လို့ ၂၀ဝ၈ အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့နေရာတွေ ဖြစ်ပါတယ်။ ဒီပေါ်မှာသာ အခုအလုပ်လုပ်နေကြရတာ ဖြစ်ပါတယ်။ တကယ် တန်းကြရင် ပြည်နယ်များ ဖက်ဒရယ်ကို ဖော်ဆောင်မှ သာလျှင် တိုင်းရင်းသားတွေရဲ့ဒေသတွေမှာ လိုလား ချက်တွေ ပြည့်ဝမှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ စနစ်ကို မထူထောင်ဘဲနဲ့ ဒီလိုမျိုးသာ ၂၀ဝ၈ နဲ့ သွားနေ မယ်ဆိုလို့ရှိရင် ဖက်ဒရယ်ကို မထူထောင်ဘဲနဲ့ တိုင်း ရင်းသားတွေရဲ့ အခွင့်အရေးကို ဘယ်လိုမှ ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ပြည်နယ်တွေမှာ ကိုယ် ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိတဲ့ တိုင်းရင်းသားတွေကို အခြေခံ ပြီးမှ သွားတဲ့ ဖက်ဒရယ်ကို သွားကိုသွားရမှာ ဖြစ်ပါ တယ်။ တိုင်းရင်းသားရေးရာဝန်ကြီးတွေကို ထားတဲ့ ဟာက တကယ့် ဖက်ဒရယ်ကို သွားတဲ့ဟာမဟုတ်ပါဘူး ၂၀ဝ၈ ဖွဲ့စည်းပုံအရသာပေါ်ပေါက်လာတဲ့ အခြေအနေ တစ်ရပ်သာပဲဖြစ်တယ်လို့ ကျွန်မထင်မြင်မိပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ပေါ့ အခု၂၀၂၀ ရွေးကောက်ပွဲနဲ့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေ ရခိုင်တိုင်းရင်းသား တွေရဲ့ အခွင့်အရေးနဲ့ပတ်သက်တာလေးကို အနှစ်ချုပ် လေးပြောပြပေးပါ။
ဖြေ။ ။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေမှာ တိုင်းရင်းသားပါတီတွေ ရရှိအနိုင်ရနိုင် မယ်လို့ မျှော်လင့်ပါတယ်။ ဒါမှသာ ဖက်ဒရယ်အသံ ပိုပြီးတော့ ကျယ်လာမှာ ဖြစ်ပါတယ်။ နောက်တစ်ချက် အနေနဲ့ကတော့ မြန်မာ့တပ်မတော်ရဲ့ အခန်းကဏ္ဍကိုဆိုရင် ခိုင်မာတဲ့ အင်စတီကျူးရှင်းတစ်ခု နောက် တစ်ခုဆိုရင် Standard ရှိတဲ့ အဖွဲ့အစည်းတစ်ရပ် အနေနဲ့ ကျွန်မတို့ မြင်ချင်ပါတယ်။ နိုင်ငံမှာလည်း လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်တွေကို တကယ်တန်းကျရင် ပြည်သူတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ပဲ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက အစိုးရက အစိုးရအလုပ်လုပ်ပြီး လွှတ် တော်က လွှတ်တော်အလုပ် လုပ်ရမှာပေါ့ ဒီလိုမဟုတ် ဘဲနဲ့ မြန်မာတပ်မတော်ဆိုပြီး ပြည်နယ်ရဲ့လွှတ်တော် မှာရော ပြည်ထောင်စုရဲ့လွှတ်တော်မှာရော ဒီလိုမျိုး သာနေရာဝင်ယူနေမယ်ဆိုရင် ကျွန်မတို့နိုင်ငံက ဘယ်လိုမှ ဖက်ဒရယ်ကို သွားလို့မရသလို ဖက်ဒရယ် အင်စတီကျူးရှင်းလည်း ဘယ်လိုမှ ဖြစ်လာမှာ မဟုတ် ပါဘူး။ ကျွန်မအမြင်တော့ ၂၀၂၀ အလွန်မှာ တပ်မ တော်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေမူကို တကယ့် ဖြုတ်ချတယ်ဆိုတဲ့အရာက အင်မတန်အဆင်ပြေတဲ့ အရာဖြစ်ပါတယ်။ လွှတ်တော်ထဲကနေ ထွက်ခွာဖို့ လိုပါတယ်။ တကယ့် Standard ရှိတဲ့ ARMY တစ်ခုကို တည်ဆောက်မှသာလျှင် ကျွန်မတို့နိုင်ငံက နိုင်ငံရေး သမားတွေနဲ့ ဖက်ဒရယ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။ အာဏနဲ့တော့ ဖက်ဒရယ်ကို တည်ဆောက်လို့ ရမှာ မဟုတ်ပါဘူး။

ဟုတ်ကဲ့ပါ၊ အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာမ။