• Today is: Wednesday, July 15, 2020

အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္သတ္မွတ္မႈႏွင့္ ေရြးေကာက္ပြဲစနစ္ ျပန္လည္သံုးသပ္ျခင္း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သတ်မှတ်မှုနှင့် ရွေးကောက်ပွဲစနစ် ပြန်လည်သုံးသပ်ခြင်း

Federal Journal
May19/ 2020

အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္သတ္မွတ္မႈႏွင့္ ေရြးေကာက္ပြဲစနစ္

ျပန္လည္သံုးသပ္ျခင္း

ဆလိုင္းက်ဲအိုဘိခ္ေထာင္

 

လက္ရိွအစိုးရသက္တမ္းအတြင္း၂၀၀၈ အေျခခံဥပေဒျပင္ဆင္ႏိုင္ေရးNLDပါတီ၏ ေရြးေကာက္ပြဲ ကတိက၀တ္သည္ ေရစုန္ေမွ်ာသြားၿပီ။ သို႔ေသာ္အႏိုင္ရပါတီအေနျဖင့္ လႊတ္ေတာ္အတြင္း သာမန္/ျပဌာန္းဥပေဒမ်ားအသစ္ျပ႒ာန္းျခင္း၊ တည္ဆဲဥပေဒမ်ား ျပင္ဆင္ျဖည့္စြက္ျခင္းကို လက္ထဲမွာ အျပည့္အ၀ ဆုတ္ကိုင္ထားဆဲျဖစ္သည့္အတြက္ ေျခစြမ္းေကာင္းေကာင္းျပလို႔ရပါေသးသည္။

၂၅ရာခိုင္ႏႈန္းမ်က္ႏွာေထာက္စရာမလိုေတာ့သည့္အတြက္ေၾကာင့္ျဖစ္သည္။ ထို႔ေၾကာင့္ အစိုးရဦးေဆာင္ ပါတီကလက္က်န္ (၈)လအတြင္းဒီမိုကေရစီ၊ ဖက္ဒရယ္အေရးႏွင့္ တိုင္းရင္းသားအေရးတို႔ကို အမွန္တကယ္ ဦးထိပ္ထားေၾကာင္းျပသသည့္အေနျဖင့္ အမ်ိဳးသားလႊတ္ေတာ္ေရြးခ်ယ္မႈစနစ္အပါ၀အင္ အျခား ဥပေဒျပဳျပင္ေျပာင္းလဲမႈမ်ားကိုဆက္တိုက္ ျပဳလုပ္သင့္ေၾကာင္းေအာက္ပါအတိုင္းေဖာ္ျပလိုပါသည္။

အမ်ိဳးသားလႊတ္ေတာ္၏ ရည္ရြယ္ခ်က္

၂၀၀၈ အေျခခံဥပေဒတြင္ ျပည္နယ္/တိုင္းေဒသႀကီးလႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသား လႊတ္ေတာ္ဟုအိိမ္ေတာ္ႀကီးသံုးရပ္ရိွပါသည္။ ျပည္ေထာင္စုလႊတ္ေတာ္သည္ ျပည္သူ႔ႏွင့္ အမ်ိဳးသား လႊတ္ေတာ္ ပူးေပါင္းအစည္းအေ၀းသာျဖစ္ၿပီး သီးျခားလႊတ္ေတာ္ (ကိုယ္စားလွယ္) လည္းမရိွေသာေၾကာင့္ သီးျခားလႊတ္ေတာ္(House)အျဖစ္ မသတ္မွတ္ေပ။ ဖက္ဒရယ္စနစ္ကို အတုယူထားသည့္ အဆိုပါ လႊတ္ေတာ္မ်ားသည္ သာမန္အားျဖင့္ မတူညီေသာရည္ရြယ္ခ်က္ႏွင့္ သေဘာသဘာ၀ကို အေျခခံထား ပါသည္။ ယင္းကို၂၀၀၈ အေျခခံဥပေဒတြင္ အတိအက် အဓိပၸယ္ဖြင့္ဆိုထားျခင္း မရိွေသာ္လည္း ပုဒ္မတစ္ခုခ်င္းစီတြင္ သံုးႏႈန္းထားသည့္ စကားရပ္မ်ားကအရအတန္အသင့္ နားလည္ႏိုင္ပါသည္။

ျပည္သူ႔လႊတ္ေတာ္သည္ ပုဒ္မ(၁၀၉)(က)အရ ‘ၿမိဳ႕နယ္’ႏွင့္ ‘လူဦးေရ’ကိုအေျခခံ၍ ဖြဲ႔စည္းျခင္းျဖစ္သည္။ ၿမိဳ႕နယ္ သည္ျပင္လွ်င္ ပထ၀ီ၀င္ႏွင့္ လူဦးေရကိုအေျခခံ၍ ဖြဲ႔စည္းထားျခင္းျဖစ္သည့္အတြက္ တစ္နည္း အားျဖင့္ ျပည္သူ႔လႊတ္ေတာ္သည္ လူဦးေရကိုအဓိကအေျခခံ၍ ဖြဲ႔စည္းသည္ဟုနားလည္ရသည္။ ႏိုင္ငံတကာတြင္လည္းေအာက္လႊတ္ေတာ္သည္ အလားတူျဖစ္ပါသည္။

ျပည္နယ္/တိုင္းေဒသႀကီးလႊတ္ေတာ္သည္ ပုဒ္မ(၁၆၁)(က)အရ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လွ်င္ ႏွစ္ဦးက်စီျဖင့္ ဖြဲ႔စည္းပါသည္။ ဗဟုိခ်ဳပ္ကိုင္မႈကိုေလွ်ာ့ခ်သည့္အေနျဖင့္ ၿမိဳ႕နယ္ႏွင့္ေက်းရြာအဆင့္ ဖြံ႔ၿဖိဳးေရးလုပ္ငန္း မ်ားေဆာင္ရြက္ႏိုင္ရန္ တည္ေဆာက္ေပးျခင္းျဖစ္သည္ဟုနားလည္ရပါသည္။ ၎၏ ဥပေဒျပဳခြင့္အာဏာ (ဇယား-၂)သည္လည္း စည္ပင္သာယာေရး၊ ယစ္မ်ိဳး၊ ေရခ်ိဳငါးလုပ္ငန္း အပါအ၀င္ အေသးစားလုပ္ငန္းမ်ား၊ အိမ္တြင္းလုပ္ငန္းမ်ားစသည့္ၿမိဳ႕ရြာ/ရပ္ေက်းသို႔မဟုတ္ ေဒသႏၱရာအဆင့္လုပ္ငန္းမ်ားျဖစ္ပါသည္။

အမ်ိဳးသားလႊတ္ေတာ္သည္ ပုဒ္မ(၁၄၁)(က)အရ ျပည္နယ္/တိုင္းေဒသႀကီး (constituent/sub-national units)ကိုအေျခခံ၍ အညီအမွ်ျဖင့္ ဖြဲ႔စည္းေစလႊတ္ျခင္းျဖစ္သည္။ လူဦးေရႏွင့္ၿမိဳ႕နယ္/ခရိုင္စုဖြဲ႔မႈ တို႔ကို ထည့္တြက္ ထားျခင္းမဟုတ္ပါ။ အဓိကရည္ရြယ္ခ်က္သည္ ျပည္ေထာင္စုႀကီး၏ ဒုတိယအလႊာ(second tier)အုပ္စုမ်ားအၾကားတန္းတူညီမွ်ေရးျဖစ္သည္။ လႊတ္္ေတာ္အမည္ကို ‘အမ်ိဳးသား’ဟုသံုးႏႈန္းပါသည္ (‘ျပည္သူ/ျပည္သူ႔’ ဆိုသည့္ စကားလံုးႏွင့္ ႏိႈင္းယွဥ္ၾကည့္ပါ)။ ၁၉၄၇ အေျခခံဥပေဒတြင္ ၎ကို ‘လူမ်ိဳးစု’ လႊတ္ေတာ္ဟုသံုးႏႈန္းခဲ့သည္။ လူမ်ိဳးမ်ားစုရပ္(လႊတ္ေတာ္)ကိုဆိုလိုသည့္ သေဘာျဖစ္တန္ရာ၏။ ထိုစကားရပ္ (၂)ခုစလံုးသည္ အနက္အဓိပၸယ္အတူတူျဖစ္ၿပီး ‘အမ်ိဳးသား၊ လူမ်ိဳး၊ သို႔တည္းမဟုတ္ တိုင္းရင္းသား’ ျဖစ္တည္ မႈကို ဆိုလိုသည္။ ထို႔ေၾကာင့္ တိုင္းရင္းသား လူမ်ိဳးမ်ားၾကား အမ်ိဳးသားမ်ား တန္းတူေရး (nationals equality)ႏွင့္ အင္အားခ်ိန္ခြန္လွ်ာညိွႏိုင္ေရးကိုရည္ညြန္းေၾကာင္းထင္ရွားပါသည္။

အမ်ိဳးသားလႊတ္ေတာ္၏ ကိုယ္စားျပဳမႈ

ဒီမိုကေရစီ၏အႏွစ္သာရသည္ ကိုယ္စားျပဳမႈ(representation)ကိုအေျခခံသည္ႏွင့္အညီ ျပည္သူ႔ လႊတ္ေတာ္သည္ အထက္တြင္ ေဖာ္ျပသကဲ့သို႔ တိုင္းျပည္မွာရိွေသာ ျပည္သူအမ်ားစုကိုကိုယ္စားျပဳသည့္ အေဆာက္အဦးျဖစ္ပါသည္။ တစ္နည္းအားျဖင့္ ျပည္သူအမ်ားစု၏ အသံကိုထင္ဟပ္ေပးသည့္ စင္ျမင့္ျဖစ္ ပါသည္။ အလားတူ ျပည္နယ္/တိုင္းေဒသႀကီးလႊတ္ေတာ္သည္ၿမိဳ႕နယ္တစ္ခု၏ ထက္၀က္ကို ကိုယ္စားျပဳေစလႊတ္သည့္အတြက္ေဒသႏၱာရသို႔မဟုတ္ ၿမိဳ႕ရြာႏွင့္ရပ္ေက်းေရးရာစင္ျမင့္ျဖစ္ပါသည္။

ျပည္နယ္/တိုင္းေဒသႀကီးမ်ားကဦးေရတူညီစြာကိုယ္စားျပဳေစလႊတ္သည့္ အမ်ိဳးသားလႊတ္ေတာ္သည္ အဂၤလိပ္ကုိလိုနီလက္ေအာက္ အုပ္ခ်ဳပ္ေရးနယ္နိမိတ္ အရေသာ္လည္းေကာင္း၊ လြတ္လပ္ေရးေနာက္ပိုင္း ပင္လံုစာခ်ဳပ္ႏွင့္အတူ  ျပည္နယ္စုဖြဲ႔မႈအရေသာ္လည္းေကာင္း၊ ပထ၀ီ၀င္ႏွင့္ လူဦးေရအခ်ိဳးအစား အေျခခံျခင္း မဟုတ္ဘဲ တိုင္းရင္းသားလူမ်ိဳးမ်ားစုစည္းေနထိုင္မႈကို အဓိကအေျခခံ၍ ဖြဲ႔စည္းထားျခင္းျဖစ္ပါသည္။ ထို အခ်က္ကိုေထာက္ရႈလွ်င္ျပင္ အမ်ိဳးသားလႊတ္ေတာ္သည္ တိုင္းရင္းသားလူမ်ိဳးမ်ားစုဖြဲ႔မႈကိုအဓိကကိုယ္ စားျပဳေၾကာင္း ထင္ရွားပါသည္။

တနည္းအားျဖင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ၿမိဳ႕ရြာအတြင္းဖြံ႔ၿဖိဳးေရး အပိုင္းတြင္  အားထားရ မွာျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္သည္ ျပည္ေထာင္စုအစိုးရ၏ အဓိကေက်ာရိုး ျဖစ္သည္ႏွင့္ အညီတိုင္းျပည္ စီးပြားေရး  တိုးတက္ေရး၊ အခြန္ဘ႑ာ၊ ရင္းႏွီးေျမွာက္ခံမႈ၊ တရားဥပေဒဆိုးမိုးေရးႏွင့္ ၿမိဳ႕နယ္အလိုက္ အစိုးရ ယႏၱရားလည္ပတ္မႈတြင္ ထိေရာက္မႈရိွေရးႏွင့္ မွ်တမႈရိွေရးတို႔၏ အဓိကအိမ္စာျဖစ္ေပမည္။ ထိုနည္းတူစြာ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားအလွယ္မ်ားအေနျဖင့္ လံုျခံဳေရး၊ ကာကြယ္ေရး၊ တိုင္းရင္းသားမ်ား အခ်င္းခ်င္း ၾကား အမ်ိဳးသားတန္းတူေရးတရားမွ်တေရး၊ စာေပယဥ္ေက်းမႈ၊ အေျခခံဥပေဒအေရးႏွင့္ လူ႔အခြင့္အေရး စသည္မ်ားကို အထူးအာရံုစိုက္ရမွာျဖစ္ပါသည္။

လက္ရိွအမ်ိဳးသားလႊတ္ေတာ္ေရြးေကာက္ပြဲဥပေဒအားနည္းခ်က္

အမ်ိဳးသားလႊတ္ေတာ္ေရြးေကာက္ပြဲဥပေဒဥပေဒပုဒ္မ(၄)အရ ျပည္နယ္/တိုင္းေဒသႀကီးအသီးသီး၏ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေျမ (constituency)မ်ားကိုအဓိကအားျဖင့္ ၿမိဳ႕နယ္/ခရိုင္ကို အေျခခံထား သည္ကိုေတြ႔ရသည္။လူဦးေရကိုလည္းတစ္ခ်ိဳ႕ေနရာတြင္ ထည့္တြက္ထားပါသည္။ ဤအခ်က္ကို အဓိကေထာက္ျပ လိုပါသည္။

ျပည္သူ႔လႊတ္ေတာ္ႏွင့္ ခပ္ဆင္ဆင္ျဖင့္ ယခုကဲ့သို႔ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ကို ၿမိဳ႕နယ္/ခရိုင္ အေျခခံသတ္မွတ္ျခင္းေၾကာင့္ အမ်ိဳးသားလႊတ္ေတာ္အမတ္မ်ားသည္ မူလရည္ရြယ္ခ်က္ႏွင့္ အႏွစ္သာရ ျဖစ္ေသာ ျပည္နယ္/တိုင္းေဒသႀကီးအဆင့္ ကိုယ္စားျပဳမႈကိုသြယ္ဖီၿပီးမိမိကိုမဲေပးသည့္ သက္ဆိုင္ရာ မဲဆႏၵနယ္(ျမိဳ႕နယ္/ခရိုင္မ်ာ)အဆင့္ကိုသာေတြးေခၚစိတ္၀င္စားလာေစေတာ့သည္။ တစ္နည္းအားျဖင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုသည္ တစ္မ်ိဳးသားလံုးအေရးႏွင့္ ျပည္နယ္လံုးဆိုင္ရာ တို႔ကိုစဥ္းစားေတြးေခၚႏိုင္ျခင္းမရိွေတာ့ဘဲ ၿမိဳ႕နယ္ႏွင့္ ခရိုင္အဆင့္၏ ေရ၊ မီး၊ လမ္းတံတားအေရးကိုသာ အာရံုစိုက္ေနျခင္းသည္ ၎မဲဆႏၵနယ္ ေဘာင္က်ဳံ႕မႈႏွင့္ တစံုတရာဆက္စပ္မႈရိွပါသည္။ တကယ္လည္း မိမိကိုေရြးခ်ယ္သည့္ ျပည္သူ(သို႔မဟုတ္) မဲဆႏၵနယ္ကိုသာ အဓိကကိုယ္စားျပဳတာ၀န္ခံျခင္း သည္ ေရြးေကာက္ပြဲႏိုင္ငံေရး(electoral politics)၏ သေဘာသဘာ၀ ျဖစ္ပါသည္။

ထို႔ေၾကာင့္ လက္ရိွမဲဆႏၵနယ္ေျမသတ္မွတ္မႈေၾကာင့္ အမ်ိဳးသားလႊတ္ေတာ္၏ မူလရည္ရြယ္ခ်က္ႏွင့္ အႏွစ္သာရေပါ့ပ်က္သြားသည္ဟုဆိုႏိုင္သည္။

အမ်ိဳးသားအဆင့္ေတြးေခၚႏိုင္ေရးမဲဆႏၵနယ္ေျမေျပာင္းလဲသင့္

        ၿမိဳ႕နယ္အေျခခံျဖင့္ ကိုယ္စားျပဳေစလႊတ္ေသာ ျပည္သူ႔လႊတ္ေတာ္ ရိွေနၿပီျဖစ္သည့္အတြက္ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေျမကို ျပည္နယ္/တိုင္းေဒသႀကီး တစ္ခုလံုးျဖင့္သတ္မွတ္သင့္သည္။ ဤနည္းျဖင့္ အမ်ိဳးသားလႊတ္ေတာ္၀င္ၿပိဳင္သည့္ ႏိုင္ငံေရးသမားမ်ားသည္ ပိုမိုက်ယ္ျပန္႔သည့္ တစ္ျပည္နယ္ လံုးႏွင့္ တစ္မ်ိဳးသားလံုးအက်ိဳးစီးပြားမ်ားကိုစဥ္းစားေတြးေခၚႏိုင္မွာျဖစ္သည္။

ဤေနရာတြင္ ရွမ္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးရိွ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း/ေဒသမ်ားကိုမူ လက္ရိွ ဖြဲ႔စည္းပံုအေျခခံဥပေဒအရ တစ္ေနရာစီသီးျခားသတ္မွတ္ၿပီး က်န္မဲဆႏၵနယ္ေျမ အားလံုးကိုျပည္နယ္/ တိုင္းေဒသတစ္ခုလံုးတြင္ မဲဆႏၵနယ္ေျမတစ္ခုတည္းပံုစံျဖင့္ သတ္မွတိႏိုင္ပါသည္။ မဲဆႏၵနယ္ သတ္မွတ္ျခင္း သည္အေျခခံဥပေဒပုဒ္မ(၃၉၉)(ဂ)အရ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွာ အာဏာအျပည့္အ၀ရွိသည့္အတြက္ ေျခဥျပင္စရာမလိုအပ္ေပ။

ေရြးေကာက္ပြဲစနစ္ ေျပာင္းလဲရန္

ထိုသို႔ မဲဆႏၵနယ္ ေျပာင္းလဲသတ္မွတ္ပါကေရြးေကာက္ပြဲစနစ္လည္းလက္ရိွ ႏိုင္သူအကုန္ယူ(First-Past-The-Post)စနစ္အစားအျခားစနစ္တစ္ခုခုေျပာင္းလဲက်င့့္သံုးရပါမည္။ တကယ္လည္းFPTPစနစ္သည္ ရိုးရွင္းလြယ္ကူသည္ ဆိုေသာ္ျငားလည္းကိုယ္စားျပဳမႈအပိုင္းႏွင့္ ႏိုင္ငံေရးတည္ၿငိမ္မႈအပိုင္းတြင္ ကန္႔သတ္မႈမ်ားရိွသည့္အတြက္ ကမာၻ႔ႏိုင္ငံ (၆၀)ခန္႔ကသာ က်င့္သံုးလ်က္ရိွၿပီးႏိုင္ငံအမ်ားစုက အခ်ိဳးက်ကိုယ္စားျပဳ(Proportional Representation)စနစ္ သို႔မဟုတ္ အျခားစနစ္တစ္ခုခုကို က်င့္သံုးေရြးခ်ယ္ၾကပါသည္။

မိမိအေနျဖင့္Single Transferable Vote (STV) ေခၚ တစ္ဦးခ်င္းမဲလႊဲေျပာင္းႏိုင္ေသာေရြးေကာက္ပြဲစနစ္ ကိုအမ်ိဳးသားလႊတ္ေတာ္အတြက္ က်င့္သံုးရန္ အဆိုျပဳပါသည္။ ဤစနစ္သည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္ရတိုင္းႏွင့္ ေဒသရိွေသာ ျပည္နယ္/တိုင္းေဒသႀကီးမ်ားအတြက္ျပင္လွ်င္ က်င့္သံုးရန္ အခက္အခဲမရိွေပ။ သက္ဆုိင္ရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းႏွင့္ ေဒသမ်ားအတြက္ တစ္ေနရာစီကိုလက္ရိွ (FPTP) အတိုင္း က်င့္သံုးေစလ်က္ က်န္ေနရာ (ရွမ္းျပည္နယ္တြင္ ၇ ေနရာႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ၁၁ေနရာရိွ)ကိုေဖာ္ျပပါ STV စနစ္ျဖင့္ ေျပာင္းလဲက်င္းပ ျပဳလုပ္နုိင္ပါသည္။

အဆိုပါစနစ္အရအမ်ိဳးသားလႊတ္ေတာ္ ၁၂ဦးခြဲတမ္းကို မဲဆႏၵနယ္ တစ္ခုတည္းအျဖစ္ျဖင့္ သတ္မွတ္လ်က္ ‌ေရြးေကာက္ပြဲက်င္းပေစရမည္။ ၎ကိုကုိယ္စားလွယ္တစ္ဦးထက္ ပုိေရြးခ်ယ္ေသာမဲဆႏၵနယ္ (multi-member district)ဟုေခၚသည္။ ၎မဲဆႏၵနယ္ေျမအတြင္းပါတီအသီးသီးမွ ၀င္ၿပိဳင္သည့္ ကိုယ္စား လွယ္‌ေလာင္းမ်ားကို မဲျပားေပၚတြင္ (၁)(၂)(၃)(၄)စသည္ျဖင့္ ဦးစားေပး သို႔မဟုတ္ အစဥ္လိုက္(preference) အဆင့္သတ္မွတ္ေပးရမည္။ သို႔တည္းမဟုတ္ ေရြးေကာက္ပြဲဆိုင္ရာ ကၽြမ္းက်င္သူမ်ားႏွင့္ ညိွႏိႈင္းၿပီး PR စနစ္ထဲကအျခားသင့္ေတာ္သည့္မိုဒဲလ္မ်ားကိုေရြးခ်ယ္ႏိုင္ပါသည္။ ဤေဆာင္းပါးသည္ လက္ရိွ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေျမ(constituency) သတ္မွတ္မႈကို အဓိက မီးေမာင္းထိုး ‌ေဆြးေႏြးျခင္းျဖစ္ေသာေၾကာင့္ ေရြးခ်ယ္မႈစနစ္(PR)အပိုင္းကို အက်ယ္တ၀င့္ မေဆြးေႏြးေတာ့ပါ။

လူဦးေရအရအႀကီးအက်ယ္ ေရာေႏွာျခင္းခံရေသာရခိုင္၊ ကခ်င္၊ ရွမ္းႏွင့္ မြန္ျပည္နယ္တို႔တြင္ ပီအာရ္စနစ္ကို တိုင္းရင္းသားပါတီအခ်ိဳ႕က အစာမေက်ျဖစ္သည္ကိုလည္းသတိခ်က္ရပါမည္။ယင္းကို“သက္ဆိုင္ရာ ျပည္နယ္/တိုင္းေဒသႀကီးအတြင္းတြင္ဓားမဦးခ် ေနထိုင္ေသာဗမာအပါအ၀င္ တိုင္းရင္းသားမ်ားကသာလွ်င္ မဲေပးခြင့္ရိွသည္”ဟုေရြးေကာက္ပြဲဥပေဒ ျပ႒ာန္းျခင္းျဖင့္ ၎စိုးရိမ္မႈကိုေျဖရွင္းႏိုင္ပါသည္ (ဓားမဦးခ်ဟု ဆိုရာတြင္ လြတ္လပ္ေရးမတိုင္ခင္ေနထိုင္မႈကုိဆိုလိုသည္)။ ထိုအတြက္ အေျခခံဥပေဒပုဒ္မ(၃၉၁)(ခ)ႏွင့္ ညိွစြန္းသည္ဟုဆိုႏိုင္သလို ပိတ္ျပင္ထားျခင္းမရိွဟုလည္း ယူဆႏိုင္ပါသည္၊ အေျခခံဥပေဒခံုရံုး အေပၚမွာ မူတည္ပါသည္။ မည္သုိ႔ျပင္ျဖစ္ေစ ႏိုင္ငံသားမဟုတ္သူမ်ားမဲေပးမႈကိုပိတ္ျပင္ျခင္းႏွင့္ အမ်ိဳးသားလႊတ္ေတာ္ေရြးေကာက္ပြဲနည္းဥပေဒပုဒ္မ(၁၀)အရ ‘မဲဆႏၵနယ္တစ္ေနရာရာတြင္ ရက္ေပါင္း(၉၀)ေနထိုင္ ရံုျဖင့္ မဲေပးပိုင္ခြင့္ကိုရက္တိုးျမင့္သတ္မွတ္ျခင္းျဖင့္ ၎ကိုေျဖရွင္းႏိုင္ပါသည္။

ျခံဳငံုၾကည့္လွ်င္ အမ်ိဳးသားလႊတ္တာ္သည္ အျခားလႊတ္ေတာ္မ်ားႏွင့္ မတူဘဲလူမ်ိဳးႏွင့္  ျပည္နယ္/ တိုင္းေဒ သႀကီး မ်ားစုဖြဲ႔မႈမ်ားအၾကားတန္တူေရးအေျခခံျဖင့္ ဖြဲ႔စည္းထားျခင္းျဖစ္သည္။ လူဦးေရႏွင့္ ပထ၀ီ၀င္ကို အေျခခံသည့္ ျပည္သူ႔လႊတ္ေတာ္ကဲ့သို႔ ၿမိဳ႕နယ္/ခရိုင္ကိုယ္စားျပဳျဖင့္ မဲဆႏၵနယ္သတ္မွတ္ျခင္းသည္ အမ်ိဳးသားလႊတ္ေတာ္ကိုေမွးမိွန္ရာေရာက္သြားေစပါသည္။ အထက္လႊတ္ေတာ္၏ စုဖြဲ႔မႈသဘာ၀သည္ ထူးျခားမႈရိွသည့္အေလ်ာက္ လိုအပ္သလို ျပဳျပင္ေျပာင္းလဲမႈမ်ား ျပဳလုပ္သင့္ပါသည္။

 

SalaiCeu Bik Thawng

Ph;       0943094087

Email;  [email protected]

Unicode

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်သတ်မှတ်မှုနှင့် ရွေးကောက်ပွဲစနစ်
ပြန်လည်သုံးသပ်ခြင်း
ဆလိုင်းကျဲအိုဘိခ်ထောင်

လက်ရှိအစိုးရသက်တမ်းအတွင်း၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်ရေးNLDပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်သည် ရေစုန်မျှောသွားပြီ။သို့သော်အနိုင်ရပါတီအနေဖြင့်လွှတ်တော်အတွင်းသာမန်/ပြဌာန်းဥပဒေများအသစ်ပြဋ္ဌာန်းခြင်း၊ တည်ဆဲဥပဒေများ ပြင်ဆင်ဖြည့်စွက်ခြင်းကိုလက်ထဲမှာအပြည့်အ၀ ဆုတ်ကိုင်ထားဆဲဖြစ်သည့်အတွက် ခြေစွမ်းကောင်းကောင်းပြလို့ရပါသေးသည်။ ၂၅ရာခိုင်နှုန်းမျက်နှာထောက်စရာမလိုတော့သည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ကြောင့်အစိုးရဦးဆောင်ပါတီကလက်ကျန် (၈)လအတွင်းဒီမိုကရေစီ၊ ဖက်ဒရယ်အရေးနှင့် တိုင်းရင်းသားအရေးတို့ကို အမှန်တကယ် ဦးထိပ်ထားကြောင်းပြသသည့်အနေဖြင့် အမျိုးသားလွှတ်တော် ရွေးချယ်မှုစနစ်အပါဝအင် အခြားဥပဒေပြုပြင် ပြောင်းလဲမှုများကိုဆက်တိုက် ပြုလုပ်သင့်ကြောင်းအောက်ပါအတိုင်းဖော်ပြလိုပါသည်။

အမျိုးသားလွှတ်တော်၏ ရည်ရွယ်ချက်

၂၀၀၈ အခြေခံဥပဒေတွင် ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဟု အိမ်တော်ကြီး သုံးရပ်ရှိပါသည်။ ပြည်ထောင်စုလွှတ်တော်သည် ပြည်သူ့နှင့် အမျိုးသားလွှတ်တော် ပူးပေါင်းအစည်းအဝေးသာဖြစ်ပြီး သီးခြား လွှတ်တော်(ကိုယ်စားလှယ်)လည်းမရှိသောကြောင့် သီးခြားလွှတ်တော်(House)အဖြစ် မသတ်မှတ်ပေ။ ဖက်ဒရယ်စနစ်ကို အတုယူထားသည့် အဆိုပါလွှတ်တော်များသည် သာမန်အားဖြင့် မတူညီသောရည်ရွယ်ချက်နှင့် သဘောသဘာဝကို အခြေခံထားပါသည်။ ယင်းကို၂၀၀၈ အခြေခံဥပဒေတွင် အတိအကျ အဓိပ္ပယ်ဖွင့်ဆိုထားခြင်းမရှိသော်လည်းပုဒ်မတစ်ခုချင်းစီတွင် သုံးနှုန်းထားသည့် စကားရပ်များကအရအတန်အသင့် နားလည်နိုင်ပါသည်။

ပြည်သူ့လွှတ်တော်သည် ပုဒ်မ(၁၀၉)(က)အရ ‘မြို့နယ်’နှင့် ‘လူဦးရေ’ကိုအခြေခံ၍ ဖွဲ့စည်းခြင်းဖြစ်သည်။ မြို့နယ်သည်ပြင်လျှင် ပထဝီဝင်နှင့် လူဦးရေကိုအခြေခံ၍ ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် တစ်နည်းအားဖြင့် ပြည်သူ့လွှတ်တော်သည် လူဦးရေကို အဓိကအခြေခံ၍ ဖွဲ့စည်းသည်ဟုနားလည်ရသည်။ နိုင်ငံတကာတွင်လည်းအောက်လွှတ်တော်သည် အလားတူဖြစ်ပါသည်။
ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်သည် ပုဒ်မ(၁၆၁)(က)အရ မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီဖြင့် ဖွဲ့စည်းပါသည်။ ဗဟို ချုပ်ကိုင်မှုကိုလျှော့ချသည့်အနေဖြင့် မြို့နယ်နှင့်ကျေးရွာအဆင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တည်ဆောက် ပေးခြင်းဖြစ်သည်ဟုနားလည်ရပါသည်။ ၎င်း၏ ဥပဒေပြုခွင့်အာဏာ(ဇယား-၂)သည်လည်းစည်ပင်သာယာရေး၊ ယစ်မျိုး၊ ရေချိုငါးလုပ်ငန်း အပါအဝင် အသေးစားလုပ်ငန်းများ၊့ အိမ်တွင်းလုပ်ငန်းများစသည့်မြို့ရွာ/ရပ်ကျေးသို့မဟုတ် ဒေသန္တရာအဆင့်လုပ်ငန်းများဖြစ်ပါသည်။

အမျိုးသားလွှတ်တော်သည် ပုဒ်မ(၁၄၁)(က)အရ ပြည်နယ်/တိုင်းဒေသကြီး (constituent/sub-national units)ကိုအခြေခံ၍ အညီအမျှဖြင့် ဖွဲ့စည်းစေလွှတ်ခြင်းဖြစ်သည်။ လူဦးရေနှင့်မြို့နယ်/ခရိုင်စုဖွဲ့မှုတို့ကိုထည့်တွက်ထားခြင်းမဟုတ်ပါ။ အဓိက ရည်ရွယ်ချက်သည် ပြည်ထောင်စုကြီး၏ ဒုတိယအလွှာ(second tier)အုပ်စုများအကြားတန်းတူညီမျှရေးဖြစ်သည်။ လွှတ်တော် အမည်ကို ‘အမျိုးသား’ဟုသုံးနှုန်းပါသည် (‘ပြည်သူ/ပြည်သူ့’ ဆိုသည့် စကားလုံးနှင့် နှိုင်းယှဉ်ကြည့်ပါ)။ ၁၉၄၇ အခြေခံ ဥပဒေတွင် ၎င်းကို‘လူမျိုးစု’လွှတ်တော်ဟုသုံးနှုန်းခဲ့သည်။ လူမျိုးများစုရပ်(လွှတ်တော်)ကိုဆိုလိုသည့် သဘောဖြစ်တန်ရာ၏။ ထိုစကားရပ်(၂)ခုစလုံးသည် အနက်အဓိပ္ပယ်အတူတူဖြစ်ပြီး ‘အမျိုးသား၊ လူမျိုး၊ သို့တည်းမဟုတ် တိုင်းရင်းသား’ ဖြစ်တည်မှုကို ဆိုလိုသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများကြားအမျိုးသားများတန်းတူရေး(nationals equality)နှင့် အင်အားချိန်ခွန်လျှာညှိနိုင်ရေးကိုရည်ညွန်းကြောင်းထင်ရှားပါသည်။

အမျိုးသားလွှတ်တော်၏ ကိုယ်စားပြုမှု

ဒီမိုကရေစီ၏အနှစ်သာရသည် ကိုယ်စားပြုမှု(representation)ကိုအခြေခံသည်နှင့်အညီ ပြည်သူ့လွှတ်တော်သည် အထက်တွင် ဖော်ပြသကဲ့သို့ တိုင်းပြည်မှာရှိသော ပြည်သူအများစုကိုကိုယ်စားပြုသည့် အဆောက်အဦးဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြည်သူ အများစု၏ အသံကိုထင်ဟပ်ပေးသည့် စင်မြင့်ဖြစ်ပါသည်။ အလားတူ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်သည် မြို့နယ်တစ်ခု၏ ထက်ဝက်ကို ကိုယ်စားပြုစေလွှတ်သည့်အတွက်ဒေသန္တာရသို့မဟုတ် မြို့ရွာနှင့်ရပ်ကျေးရေးရာစင်မြင့်ဖြစ်ပါသည်။

ပြည်နယ်/တိုင်းဒေသကြီးများကဦးရေတူညီစွာ ကိုယ်စားပြုစေလွှတ်သည့် အမျိုးသားလွှတ်တော်သည် အင်္ဂလိပ်ကိုလိုနီ လက် အောက် အုပ်ချုပ်ရေးနယ်နိမိတ်အရသော်လည်းကောင်း၊ လွတ်လပ်ရေးနောက်ပိုင်းပင်လုံစာချုပ်နှင့်အတူ ပြည်နယ် စုဖွဲ့မှု အရ သော်လည်းကောင်း၊ ပထဝီဝင်နှင့် လူဦးရေ အချိုးအစား အခြေခံခြင်းမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်မှုကို အဓိကအခြေခံ၍ ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ ထိုအချက်ကိုထောက်ရှုလျှင်ပြင် အမျိုးသားလွှတ်တော်သည် တိုင်းရင်းသားလူမျိုးများ စုဖွဲ့မှုကို အဓိကကိုယ်စားပြုကြောင်း ထင်ရှားပါသည်။ တနည်း အားဖြင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် မြို့ရွာ အတွင်းဖွံ့ဖြိုးရေးအပိုင်းတွင် အားထားရမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်သည် ပြည်ထောင်စုအစိုးရ၏ အဓိကကျောရိုး ဖြစ်သည်နှင့် အညီ တိုင်းပြည်စီးပွားရေးတိုးတက်ရေး၊ အခွန်ဘဏ္ဍာ၊ ရင်းနှီးမြှောက်ခံမှု၊ တရားဥပဒေဆိုးမိုးရေးနှင့် မြို့နယ်အလိုက် အစိုးရယန္တရား လည်ပတ်မှုတွင် ထိရောက်မှုရှိရေးနှင့် မျှတမှုရှိရေးတို့၏ အဓိကအိမ်စာဖြစ်ပေမည်။ ထိုနည်းတူစွာ အမျိုးသားလွှတ်တော် ကိုယ်စား အလှယ်များ အနေဖြင့် လုံခြုံရေး၊ ကာကွယ်ရေး၊ တိုင်းရင်းသားများအချင်းချင်းကြားအမျိုးသားတန်းတူရေးတရားမျှတရေး၊ စာပေယဉ်ကျေးမှု၊ အခြေခံဥပဒေအရေးနှင့် လူ့အခွင့်အရေးစသည်များကိုအထူးအာရုံစိုက်ရမှာဖြစ်ပါသည်။

လက်ရှိအမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေအားနည်းချက်

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေဥပဒေပုဒ်မ(၄)အရ ပြည်နယ်/တိုင်းဒေသကြီးအသီးသီး၏ အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်မြေ (constituency)များကိုအဓိကအားဖြင့် မြို့နယ်/ခရိုင်ကို အခြေခံထားသည်ကို တွေ့ရသည်။ လူဦးရေကိုလည်း တစ်ချို့ နေရာတွင် ထည့်တွက်ထားပါသည်။ ဤအချက်ကိုအဓိကထောက်ပြလိုပါသည်။

ပြည်သူ့လွှတ်တော်နှင့် ခပ်ဆင်ဆင်ဖြင့် ယခုကဲ့သို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ကို မြို့နယ်/ခရိုင် အခြေခံသတ်မှတ်ခြင်း ကြောင့် အမျိုးသားလွှတ်တော်အမတ်များသည် မူလရည်ရွယ်ချက်နှင့် အနှစ်သာရ ဖြစ်သော ပြည်နယ်/တိုင်းဒေသကြီးအဆင့် ကိုယ်စားပြုမှုကိုသွယ်ဖီပြီးမိမိကိုမဲပေးသည့် သက်ဆိုင်ရာမဲဆန္ဒနယ်(မြို့နယ်/ခရိုင်မျာ) အဆင့်ကို သာတွေးခေါ် စိတ်ဝင်စား လာစေတော့သည်။ တစ်နည်းအားဖြင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အများစုသည် တစ်မျိုးသားလုံးအရေးနှင့် ပြည်နယ်လုံးဆိုင်ရာတို့ကိုစဉ်းစားတွေးခေါ်နိုင်ခြင်းမရှိတော့ဘဲ မြို့နယ်နှင့် ခရိုင်အဆင့်၏ ရေ၊ မီး၊ လမ်းတံတား အရေးကို သာအာရုံစိုက်နေခြင်းသည် ၎င်းမဲဆန္ဒနယ် ဘောင်ကျုံ့မှုနှင့် တစုံတရာဆက်စပ်မှုရှိပါသည်။ တကယ်လည်းမိမိကိုရွေးချယ်သည့် ပြည်သူ(သို့မဟုတ်) မဲဆန္ဒနယ်ကိုသာအဓိကကိုယ်စားပြုတာဝန်ခံခြင်းသည် ရွေးကောက်ပွဲနိုင်ငံရေး(electoral politics)၏ သဘောသဘာ၀ ဖြစ်ပါသည်။

ထို့ကြောင့် လက်ရှိမဲဆန္ဒနယ်မြေသတ်မှတ်မှုကြောင့် အမျိုးသားလွှတ်တော်၏ မူလရည်ရွယ်ချက်နှင့် အနှစ်သာရပေါ့ပျက်သွားသည်ဟုဆိုနိုင်သည်။

အမျိုးသားအဆင့်တွေးခေါ်နိုင်ရေးမဲဆန္ဒနယ်မြေပြောင်းလဲသင့်

မြို့နယ်အခြေခံဖြင့် ကိုယ်စားပြုစေလွှတ်သော ပြည်သူ့လွှတ်တော် ရှိနေပြီဖြစ်သည့်အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒ နယ်မြေကို ပြည်နယ်/တိုင်းဒေသကြီးတစ်ခုလုံးဖြင့်သတ်မှတ်သင့်သည်။ဤနည်းဖြင့်အမျိုးသားလွှတ်တော်ဝင်ပြိုင်သည့် နိုင်ငံရေးသမားများသည် ပိုမိုကျယ်ပြန့်သည့် တစ်ပြည်နယ်လုံးနှင့် တစ်မျိုးသားလုံးအကျိုးစီးပွားများကို စဉ်းစားတွေးခေါ်နိုင်မှာဖြစ်သည်။

ဤနေရာတွင် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသများကိုမူ လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရတစ်နေရာစီသီးခြား သတ်မှတ်ပြီး ကျန်မဲဆန္ဒနယ်မြေအားလုံးကိုပြည်နယ်/တိုင်းဒေသတစ်ခုလုံးတွင် မဲဆန္ဒနယ်မြေ တစ်ခုတည်းပုံစံဖြင့် သတ်မှတိနိုင်ပါသည်။ မဲဆန္ဒနယ်သတ်မှတ်ခြင်းသည်အခြေခံဥပဒေပုဒ်မ(၃၉၉)(ဂ)အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာအာဏာအပြည့်အဝရှိသည့်အတွက် ခြေဥပြင်စရာမလိုအပ်ပေ။

ရွေးကောက်ပွဲစနစ် ပြောင်းလဲရန်

ထိုသို့ မဲဆန္ဒနယ် ပြောင်းလဲသတ်မှတ်ပါက ရွေးကောက်ပွဲစနစ်လည်းလက်ရှိ နိုင်သူအကုန်ယူ(First-Past-The-Post) စနစ်အစား အခြားစနစ်တစ်ခုခုပြောင်းလဲကျင့်သုံးရပါမည်။ တကယ်လည်းFPTPစနစ်သည် ရိုးရှင်းလွယ်ကူသည် ဆိုသော်ငြားလည်း ကိုယ်စားပြုမှု အပိုင်းနှင့် နိုင်ငံရေးတည်ငြိမ်မှုအပိုင်းတွင် ကန့်သတ်မှုများရှိသည့်အတွက် ကမာ္ဘ့နိုင်ငံ (၆၀)ခန့်ကသာ ကျင့်သုံးလျက်ရှိပြီးနိုင်ငံအများစုကအချိုးကျကိုယ်စားပြု(Proportional Representation)စနစ် သို့မဟုတ် အခြားစနစ်တစ်ခုခုကိုကျင့်သုံးရွေးချယ်ကြပါသည်။

မိမိအနေဖြင့်Single Transferable Vote (STV) ခေါ် တစ်ဦးချင်းမဲလွှဲပြောင်းနိုင်သောရွေးကောက်ပွဲစနစ် ကိုအမျိုးသားလွှတ်တော်အတွက် ကျင့်သုံးရန် အဆိုပြုပါသည်။ ဤစနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရတိုင်းနှင့် ဒေသရှိသော ပြည်နယ်/တိုင်းဒေသကြီးများအတွက်ပြင်လျှင် ကျင့်သုံးရန် အခက်အခဲမရှိပေ။ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများအတွက် တစ်နေရာစီကိုလက်ရှိ(FPTP)အတိုင်းကျင့်သုံးစေလျက်ကျန်နေရာ (ရှမ်းပြည်နယ်တွင် ၇ နေရာနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁နေရာရှိ)ကိုဖော်ပြပါ STV စနစ်ဖြင့် ပြောင်းလဲကျင်းပ ပြုလုပ်နိုင်ပါသည်။

အဆိုပါစနစ်အရအမျိုးသားလွှတ်တော် ၁၂ဦးခွဲတမ်းကို မဲဆန္ဒနယ် တစ်ခုတည်းအဖြစ်ဖြင့် သတ်မှတ်လျက် ရွေးကောက်ပွဲ ကျင်းပ စေရမည်။ ၎င်းကိုကိုယ်စားလှယ်တစ်ဦးထက် ပိုရွေးချယ်သောမဲဆန္ဒနယ် (multi-member district)ဟုခေါ်သည်။ ၎င်း မဲဆန္ဒ နယ်မြေ အတွင်းပါတီအသီးသီးမှ ဝင်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများကိုမဲပြားပေါ်တွင် (၁)(၂)(၃)(၄)စသည်ဖြင့် ဦးစားပေးသို့မဟုတ်အစဉ်လိုက်(preference) အဆင့်သတ်မှတ်ပေးရမည်။ သို့တည်းမဟုတ် ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ များနှင့် ညှိနှိုင်းပြီး PR စနစ်ထဲကအခြားသင့်တော်သည့်မိုဒဲလ်များကိုရွေးချယ်နိုင်ပါသည်။ ဤဆောင်းပါးသည် လက်ရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ(constituency) သတ်မှတ်မှုကိုအဓိကမီးမောင်းထိုးဆွေးနွေးခြင်းဖြစ်သောကြောင့် ရွေးချယ်မှုစနစ်(PR)အပိုင်းကို အကျယ်တဝင့် မဆွေးနွေးတော့ပါ။

လူဦးရေအရအကြီးအကျယ် ရောနှောခြင်းခံရသောရခိုင်၊ ကချင်၊ ရှမ်းနှင့် မွန်ပြည်နယ်တို့တွင်ပီအာရ်စနစ်ကို တိုင်းရင်းသားပါတီ အချို့က အစာမကျေဖြစ်သည်ကိုလည်းသတိချက်ရပါမည်။ယင်းကို“သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအတွင်းတွင်ဓားမဦးချ နေထိုင်သောဗမာအပါအဝင် တိုင်းရင်းသားများကသာလျှင် မဲပေးခွင့်ရှိသည်”ဟု ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းခြင်းဖြင့် ၎င်း စိုးရိမ်မှု ကို ဖြေရှင်းနိုင်ပါသည် (ဓားမဦးချဟုဆိုရာတွင် လွတ်လပ်ရေးမတိုင်ခင်နေထိုင်မှုကိုဆိုလိုသည်)။ ထိုအတွက် အခြေခံဥပဒေပုဒ်မ(၃၉၁)(ခ)နှင့် ညှိစွန်းသည်ဟု ဆိုနိုင်သလိုပိတ်ပြင်ထားခြင်းမရှိဟုလည်းယူဆနိုင်ပါသည်၊ အခြေခံဥပဒေခုံရုံးအပေါ်မှာမူတည်ပါသည်။ မည်သို့ပြင်ဖြစ်စေ နိုင်ငံသားမဟုတ်သူများမဲပေးမှုကိုပိတ်ပြင်ခြင်းနှင့် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ(၁၀)အရ ‘မဲဆန္ဒနယ်တစ်နေရာရာတွင် ရက်ပေါင်း(၉၀)နေထိုင် ရုံဖြင့် မဲပေးပိုင်ခွင့်ကိုရက်တိုးမြင့်သတ်မှတ်ခြင်းဖြင့် ၎င်းကိုဖြေရှင်း နိုင်ပါသည်။

ခြုံငုံကြည့်လျှင် အမျိုးသားလွှတ်တာ်သည် အခြားလွှတ်တော်များနှင့် မတူဘဲလူမျိုးနှင့် ပြည်နယ်/တိုင်းဒေသကြီးများ စုဖွဲ့မှုများ အကြား တန်တူရေးအခြေခံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လူဦးရေနှင့်ပထဝီဝင်ကိုအခြေခံသည့် ပြည်သူ့လွှတ်တော် ကဲ့သို့ မြို့နယ်/ခရိုင်ကိုယ်စားပြုဖြင့် မဲဆန္ဒနယ်သတ်မှတ်ခြင်းသည် အမျိုးသားလွှတ်တော်ကိုမှေးမှိန်ရာရောက်သွားစေပါသည်။ အထက်လွှတ်တော်၏ စုဖွဲ့မှုသဘာဝသည် ထူးခြားမှုရှိသည့်အလျောက် လိုအပ်သလို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သင့်ပါသည်။

SalaiCeu Bik Thawng
Ph; 0943094087
Email; [email protected]