• Today is: Wednesday, August 5, 2020

အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္သတ္မွတ္မႈႏွင့္ ေရြးေကာက္ပြဲစနစ္ ျပန္လည္သံုးသပ္ျခင္း

Federal Journal
July08/ 2020

Zawgyi

လက္ရွိအစိုးရသက္တမ္းအတြင္း ၂၀ဝ၈ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရး NLD ပါတီ၏ ေရြးေကာက္ပြဲ ကတိကဝတ္သည္ ေရစုန္ေမွ်ာသြားၿပီ။ သို႔ေသာ္ အႏိုင္ရပါတီအေနျဖင့္ လႊတ္ေတာ္ အတြင္း သာမန္/ျပ႒ာန္းဥပေဒမ်ား အသစ္ျပ႒ာန္းျခင္း၊ တည္ဆဲဥပေဒမ်ား ျပင္ဆင္ျဖည့္စြက္ ျခင္းကို လက္ထဲမွာ အျပည့္အဝ ဆုတ္ကိုင္ထားဆဲျဖစ္သည့္အတြက္ ေျခစြမ္းေကာင္းေကာင္း ျပလို႔ရပါေသးသည္။ ၂၅ ရာခိုင္ႏႈန္း မ်က္ႏွာေထာက္စရာ မလိုေတာ့သည့္အတြက္ေၾကာင့္ ျဖစ္ သည္။ ထို႔ေၾကာင့္ အစိုးရဦးေဆာင္ပါတီက လက္က်န္ (၈)လအတြင္း ဒီမိုကေရစီ၊ ဖက္ဒရယ္ အေရးႏွင့္တိုင္းရင္းသား အေရးတို႔ကို အမွန္တကယ္ ဦးထိပ္ထားေၾကာင္း ျပသသည့္အေနျဖင့္ အမ်ိဳးသားလႊတ္ေတာ္ ေရြးခ်ယ္မႈစနစ္အပါအဝင္ အျခားဥပေဒျပဳျပင္ေျပာင္းလဲမႈမ်ားကို ဆက္ တိုက္ျပဳလုပ္သင့္ေၾကာင္း ေအာက္ပါအတိုင္း ေဖာ္ျပလိုပါသည္။

အမ်ိဳးသားလႊတ္ေတာ္၏ ရည္ရြယ္ခ်က္
၂၀ဝ၈ အေျခခံဥပေဒတြင္ ျပည္နယ္/တိုင္းေဒသ ႀကီး လႊတ္ေတာ္၊ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ိဳးသား လႊတ္ေတာ္ဟု အိမ္ေတာ္ႀကီးသံုးရပ္ရွိပါသည္။ ျပည္ ေထာင္စု လႊတ္ေတာ္သည္ ျပည္သူ႔ႏွင့္ အမ်ိဳးသားလႊတ္ ေတာ္ ပူးေပါင္းအစည္းအေဝးသာျဖစ္ၿပီး သီးျခား လႊတ္ေတာ္(ကိုယ္စားလွယ္)လည္း မရွိေသာေၾကာင့္ သီးျခားလႊတ္ေတာ္ (House)အျဖစ္ မသတ္မွတ္ေပ။ ဖက္ဒရယ္စနစ္ကို အတုယူထားသည့္ အဆိုပါ လႊတ္ ေတာ္မ်ားသည္ သာမန္အားျဖင့္ မတူညီေသာ ရည္ ရြယ္ခ်က္ႏွင့္ သေဘာသဘာဝကို အေျခခံထားပါသည္။ ယင္းကို ၂၀ဝ၈ အေျခခံဥပေဒတြင္ အတိအက် အဓိပၸာယ္ ဖြင့္ဆိုထားျခင္းမရွိေသာ္လည္း ပုဒ္မတစ္ခုခ်င္းစီတြင္ သံုးႏႈန္းထားသည့္ စကားရပ္မ်ားအရ အတန္အသင့္ နားလည္ႏိုင္ပါသည္။

ျပည္သူ႔လႊတ္ေတာ္သည္ ပုဒ္မ (၁၀၉) (က) အရ ‘ၿမိဳ႕နယ္’ႏွင့္ ‘လူဦးေရ’ကို အေျခခံ၍ ဖြဲ႕စည္းျခင္း ျဖစ္သည္။ ၿမိဳ႕နယ္သည္ပင္လွ်င္ ပထဝီဝင္ႏွင့္ လူဦးေရ ကိုအေျခခံ၍ ဖြဲ႕စည္းထားျခင္းျဖစ္သည့္အတြက္ တစ္နည္းအားျဖင့္ ျပည္သူ႔လႊတ္ေတာ္သည္ လူဦးေရကို အဓိက အေျခခံ၍ ဖြဲ႕စည္းသည္ဟု နားလည္ရသည္။ ႏိုင္ငံတကာတြင္လည္း ေအာက္လႊတ္ေတာ္သည္ အလားတူျဖစ္ပါသည္။

ျပည္နယ္/တိုင္းေဒသႀကီးလႊတ္ေတာ္သည္ ပုဒ္မ (၁၆၁) (က)အရ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လွ်င္ ႏွစ္ဦးက်စီ ျဖင့္ ဖြဲ႕စည္းပါသည္။ ဗဟိုခ်ဳပ္ကိုင္မႈကိုေလွ်ာ့ခ်သည့္ အေနျဖင့္ ၿမိဳ႕နယ္ႏွင့္ ေက်းရြာအဆင့္ ဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ား ေဆာင္ရြက္ႏိုင္ရန္ တည္ေဆာက္ေပးျခင္း ျဖစ္သည္ဟု နားလည္ရပါသည္။ ၎၏ ဥပေဒျပဳခြင့္ အာဏာ (ဇယား-၂) သည္လည္း စည္ပင္သာယာေရး၊ ယစ္မ်ိဳး၊ ေရခ်ိဳငါးလုပ္ငန္း အပါအဝင္ အေသးစား လုပ္ငန္းမ်ား၊ အိမ္တြင္းလုပ္ငန္းမ်ား စသည့္ ၿမိဳ႕ရြာ/ ရပ္ေက်း သို႔မဟုတ္ ေဒသႏၱရာအဆင့္ လုပ္ငန္းမ်ား ျဖစ္ပါသည္။

အမ်ိဳးသားလႊတ္ေတာ္သည္ ပုဒ္မ(၁၄၁)(က)အရ ျပည္နယ္/တိုင္းေဒသႀကီး (constituent/sub-national units )ကို အေျခခံ၍ အညီအမွ်ျဖင့္ ဖြဲ႕စည္း ေစလႊတ္ျခင္းျဖစ္သည္။ လူဦးေရႏွင့္ ၿမိဳ႕နယ္/ခ႐ိုင္စုဖြဲ႕ မႈတို႔ကို ထည့္တြက္ထားျခင္းမဟုတ္ပါ။ အဓိကရည္ရြယ္ ခ်က္သည္ ျပည္ေထာင္စုႀကီး၏ ဒုတိယအလႊာ (second tier) အုပ္စုမ်ားအၾကား တန္းတူညီမွ်ေရးျဖစ္သည္။ လႊတ္ေတာ္အမည္ကို ‘အမ်ိဳးသား’ဟု သံုးႏႈန္းပါသည္ ‘ျပည္သူ/ျပည္သူ႔’ဆိုသည့္ စကားလံုးႏွင့္ ႏိႈင္းယွဥ္ ၾကည့္ပါ)။ ၁၉၄၇ အေျခခံဥပေဒတြင္ ၎င္းကို ‘လူမ်ိဳးစု’လႊတ္ေတာ္ဟု သံုးႏႈန္းခဲ့သည္။ လူမ်ိဳးမ်ားစုရပ္ (လႊတ္ေတာ္)ကို ဆိုလိုသည့္ သေဘာျဖစ္တန္ရာ၏။ ထိုစကားရပ္(၂)ခုစလံုးသည္ အနက္အဓိပၸယ္ အတူတူ ျဖစ္ၿပီး ‘အမ်ိဳးသား၊ လူမ်ိဳး၊ သို႔တည္းမဟုတ္ တိုင္းရင္း သား’ ျဖစ္တည္မႈကို ဆိုလိုသည္။ ထို႔ေၾကာင့္ တိုင္းရင္း သားလူမ်ိဳးမ်ားၾကား အမ်ိဳးသားမ်ား တန္းတူေရး (nationals equality)ႏွင့္ အင္အား ခ်ိန္ခြင္လွ်ာ ညႇိႏိုင္ေရးကို ရည္ၫႊန္းေၾကာင္း ထင္ရွားပါသည္။

အမ်ိဳးသားလႊတ္ေတာ္၏ ကိုယ္စားျပဳမႈ
ဒီမိုကေရစီ၏ အႏွစ္သာရသည္ ကိုယ္စားျပဳမႈ (representation )ကို အေျခခံသည္ႏွင့္အညီ ျပည္သူ႔ လႊတ္ေတာ္သည္ အထက္တြင္ ေဖာ္ျပသကဲ့သို႔ တိုင္းျပည္ မွာရွိေသာ ျပည္သူအမ်ားစုကို ကိုယ္စားျပဳသည့္ အေဆာက္အဦ ျဖစ္ပါသည္။ တစ္နည္းအားျဖင့္ ျပည္သူအမ်ားစု၏ အသံကို ထင္ဟပ္ေပးသည့္ စင္ျမင့္ ျဖစ္ပါသည္။ အလားတူ ျပည္နယ္/ တိုင္းေဒသႀကီး လႊတ္ေတာ္သည္ ၿမိဳ႕နယ္တစ္ခု၏ ထက္ဝက္ကို ကိုယ္စားျပဳေစလႊတ္သည့္အတြက္ ေဒသႏၱရ သို႔မဟုတ္ ၿမိဳ႕ရြာႏွင့္ ရပ္ေက်းေရးရာ စင္ျမင့္ျဖစ္ပါသည္။

ျပည္နယ္/တိုင္းေဒသႀကီးမ်ားက ဦးေရတူညီစြာ ကိုယ္စားျပဳေစလႊတ္သည့္ အမ်ိဳးသားလႊတ္ေတာ္သည္ အဂၤလိပ္ကိုလိုနီလက္ေအာက္ အုပ္ခ်ဳပ္ေရးနယ္နိမိတ္ အရေသာ္လည္းေကာင္း၊ လြတ္လပ္ေရးေနာက္ပိုင္း ပင္လံု စာခ်ဳပ္ႏွင့္အတူ ျပည္နယ္စုဖြဲ႔မႈအရေသာ္လည္း ေကာင္း၊ ပထဝီဝင္ႏွင့္ လူဦးေရ အခ်ိဳးအစား အေျခခံ ျခင္းမဟုတ္ဘဲ တိုင္းရင္းသားလူမ်ိဳးမ်ား စုစည္းေနထိုင္မႈ ကို အဓိကအေျခခံ၍ ဖြဲ႕စည္းထားျခင္း ျဖစ္ပါသည္။ ထိုအခ်က္ကို ေထာက္႐ႈလွ်င္ျပင္ အမ်ိဳးသားလႊတ္ေတာ္ သည္ တိုင္းရင္းသားလူမ်ိဳးမ်ားစုဖြဲ႕မႈကို အဓိက ကိုယ္စားျပဳေၾကာင္း ထင္ရွားပါသည္။

တစ္နည္းအားျဖင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္မ်ားသည္ ၿမိဳ႕ရြာအတြင္း ဖြံ႔ၿဖိဳးေရးအပိုင္းတြင္ အားထားရမွာျဖစ္ၿပီး ျပည္သူ႔လႊတ္ေတာ္သည္ ျပည္ ေထာင္စုအစိုးရ၏ အဓိကေက်ာ႐ိုးျဖစ္သည္ႏွင့္ အညီ တိုင္းျပည္စီးပြားေရး တိုးတက္ေရး၊ အခြန္ဘ႑ာ၊ ရင္းႏွီးေျမႇာက္ခံမႈ၊ တရားဥပေဒစိုးမိုးေရးႏွင့္ ၿမိဳ႕နယ္ အလိုက္အစိုးရယႏၱရား လည္ပတ္မႈတြင္ ထိေရာက္မႈရွိ ေရးႏွင့္ မွ်တမႈရွိေရးတို႔၏ အဓိက အိမ္စာ ျဖစ္ေပမည္။ ထိုနည္းတူစြာ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ မ်ားအေနျဖင့္ လံုျခံဳေရး၊ ကာကြယ္ေရး၊ တိုင္းရင္းသား မ်ားအခ်င္းခ်င္းၾကား အမ်ိဳးသားတန္းတူေရး တရား မွ်တေရး၊ စာေပယဥ္ေက်းမႈ၊ အေျခခံဥပေဒအေရးႏွင့္ လူ႔အခြင့္အေရး စသည္မ်ားကို အထူးအာ႐ံုစိုက္ရမွာ ျဖစ္ပါသည္။

လက္ရွိအမ်ိဳးသားလႊတ္ေတာ္ ေရြးေကာက္ပြဲဥပေဒ အားနည္းခ်က္
အမ်ိဳးသားလႊတ္ေတာ္ ေရြးေကာက္ပြဲဥပေဒ ပုဒ္မ(၄)အရ ျပည္နယ္/တိုင္းေဒသႀကီးအသီးသီး၏ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေျမ (constituency) မ်ားကို အဓိကအားျဖင့္ ၿမိဳ႕နယ္/ခ႐ိုင္ကို အေျခခံထား သည္ကို ေတြ႕ရသည္။ လူဦးေရကိုလည္း တခ်ိဳ႕ေနရာ တြင္ ထည့္တြက္ထားပါသည္။ ဤအခ်က္ကို အဓိက ေထာက္ျပ လိုပါသည္။

ျပည္သူ႔လႊတ္ေတာ္ႏွင့္ ခပ္ဆင္ဆင္ျဖင့္ ယခု ကဲ့သို႔ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ကို ၿမိဳ႕နယ္/ ခ႐ိုင္ အေျခခံ သတ္မွတ္ျခင္းေၾကာင့္ အမ်ိဳးသားလႊတ္ ေတာ္အမတ္မ်ားသည္ မူလရည္ရြယ္ခ်က္ႏွင့္ အႏွစ္ သာရျဖစ္ေသာ ျပည္ နယ္/တိုင္းေဒသႀကီးအဆင့္ ကိုယ္စားျပဳမႈကို သြယ္ဖီၿပီး မိမိကို မဲေပးသည့္ သက္ ဆိုင္ရာ မဲဆႏၵနယ္ (ၿမိဳ႕နယ္/ ခ႐ိုင္မ်ား)အဆင့္ကိုသာ ေတြးေခၚစိတ္ဝင္စားလာေစေတာ့သည္။ တစ္နည္းအား ျဖင့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ အမ်ားစု သည္ တစ္မ်ိဳးသားလံုးအေရးႏွင့္ ျပည္နယ္လံုးဆိုင္ရာ တို႔ကို စဥ္းစားေတြးေခၚႏိုင္ျခင္းမရွိေတာ့ဘဲ ၿမိဳ႕နယ္ ႏွင့္ ခ႐ိုင္အဆင့္၏ ေရ၊ မီး၊ လမ္းတံတားအေရးကိုသာ အာ႐ံုစိုက္ေနျခင္းသည္ ၎မဲဆႏၵနယ္ ေဘာင္က်ံဳ႕မႈ ႏွင့္ တစ္စံုတစ္ရာ ဆက္စပ္မႈရွိပါသည္။ တကယ္လည္း မိမိကို ေရြးခ်ယ္သည့္ ျပည္သူ(သို႔မဟုတ္) မဲဆႏၵနယ္ ကိုသာ အဓိက ကိုယ္စားျပဳတာဝန္ခံျခင္းသည္ ေရြး ေကာက္ပြဲႏိုင္ငံေရး (electoral politics)၏ သေဘာ သဘာဝ ျဖစ္ပါသည္။
ထို႔ေၾကာင့္ လက္ရွိမဲဆႏၵနယ္ေျမသတ္မွတ္မႈ ေၾကာင့္ အမ်ိဳးသားလႊတ္ေတာ္၏ မူလရည္ရြယ္ခ်က္ႏွင့္ အႏွစ္သာရ ေပါ့ပ်က္သြားသည္ဟု ဆိုႏိုင္သည္။

အမ်ိဳးသားအဆင့္ေတြးေခၚႏိုင္ေရး မဲဆႏၵနယ္ေျမေျပာင္းလဲသင့္
ၿမိဳ႕နယ္အေျခခံျဖင့္ ကိုယ္စားျပဳေစလႊတ္ေသာ ျပည္သူ႔လႊတ္ေတာ္ ရွိေနၿပီျဖစ္သည့္အတြက္ အမ်ိဳးသား လႊတ္ေတာ္ မဲဆႏၵနယ္ေျမကို ျပည္နယ္/တိုင္းေဒသႀကီး တစ္ခုလံုးျဖင့္ သတ္မွတ္သင့္သည္။ ဤနည္းျဖင့္ အမ်ိဳး သားလႊတ္ေတာ္ ဝင္ၿပိဳင္သည့္ ႏိုင္ငံေရးသမားမ်ားသည္ ပိုမိုက်ယ္ျပန္႔သည့္ တစ္ျပည္နယ္လံုးႏွင့္ တစ္မ်ိဳးသား လံုးအက်ိဳးစီးပြားမ်ားကို စဥ္းစား ေတြးေခၚႏိုင္မွာ ျဖစ္သည္။

ဤေနရာတြင္ ရွမ္းျပည္နယ္ႏွင့္ စစ္ကိုင္းတိုင္း ေဒသႀကီးရွိ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း/ေဒသမ်ား ကိုမူ လက္ရွိ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ တစ္ေနရာစီ သီးျခားသတ္မွတ္ၿပီး က်န္မဲဆႏၵနယ္ေျမအားလံုးကို ျပည္နယ္/တိုင္းေဒသ တစ္ခုလံုးတြင္ မဲဆႏၵနယ္ေျမ တစ္ခုတည္းပံုစံျဖင့္ သတ္မွတ္ႏိုင္ပါသည္။ မဲဆႏၵနယ္ သတ္မွတ္ျခင္းသည္ အေျခခံဥပေဒပုဒ္မ (၃၉၉) (ဂ)အရ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္မွာ အာဏာအျပည့္အဝရွိသည့္အတြက္ ေျခဥျပင္စရာ မလိုအပ္ေပ။

ေရြးေကာက္ပြဲစနစ္ ေျပာင္းလဲရန္
ထိုသို႔ မဲဆႏၵနယ္ ေျပာင္းလဲသတ္မွတ္ပါက ေရြး ေကာက္ပြဲစနစ္လည္း လက္ရွိ ႏိုင္သူအကုန္ယူ (First-Past-The-Post) စနစ္အစား အျခားစနစ္တစ္ခုခု ေျပာင္းလဲက်င့္သံုးရပါမည္။ တကယ္လည္း FPTP စနစ္သည္ ႐ိုးရွင္း လြယ္ကူသည္ ဆိုေသာ္ျငားလည္း ကိုယ္စားျပဳမႈအပိုင္းႏွင့္ ႏိုင္ငံေရးတည္ၿငိမ္မႈအပိုင္းတြင္ ကန္႔သတ္မႈမ်ားရွိသည့္ အတြက္ ကမၻာ့ႏိုင္ငံ (၆၀)ခန္႔ကသာ က်င့္သံုးလ်က္ရွိၿပီး ႏိုင္ငံအမ်ားစုက အခ်ိဳးက် ကိုယ္စားျပဳ (Proportional Representation) စနစ္ သို႔မဟုတ္ အျခားစနစ္တစ္ခုခုကို က်င့္သံုး ေရြးခ်ယ္ၾက ပါသည္။

မိမိအေနျဖင့္ Single Transferable Vote (STV) ေခၚ တစ္ဦးခ်င္း မဲလႊဲေျပာင္းႏိုင္ေသာ ေရြးေကာက္ပြဲ စနစ္ကို အမ်ိဳးသားလႊတ္ေတာ္အတြက္ က်င့္သံုးရန္ အဆိုျပဳပါသည္။ ဤစနစ္သည္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင္ရ တိုင္းႏွင့္ ေဒသရွိေသာ ျပည္နယ္/တိုင္းေဒသႀကီးမ်ား အတြက္ျပင္လွ်င္ က်င့္သံုးရန္ အခက္အခဲမရွိေပ။ သက္ဆိုင္ရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္းႏွင့္ ေဒသမ်ား အတြက္ တစ္ေနရာစီကို လက္ရွိ (FPTP)အတိုင္း က်င့္သံုးေစလ်က္ က်န္ေနရာ (ရွမ္းျပည္နယ္တြင္ ၇ ေနရာႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးတြင္ ၁၁ ေနရာရွိ)ကို ေဖာ္ျပပါ ွႊဠ စနစ္ျဖင့္ ေျပာင္းလဲက်င္းပ ျပဳလုပ္ ႏိုင္ပါသည္။

အဆိုပါစနစ္အရ အမ်ိဳးသားလႊတ္ေတာ္ ၁၂ ဦး ခြဲတမ္းကို မဲဆႏၵနယ္တစ္ခုတည္းအျဖစ္ျဖင့္ သတ္မွတ္ လ်က္ ေရြးေကာက္ပြဲက်င္းပေစရမည္။ ၎ကို ကိုယ္စား လွယ္တစ္ဦးထက္ ပိုေရြးခ်ယ္ေသာ မဲဆႏၵနယ္ (multi-member district) ဟုေခၚသည္။ ၎မဲဆႏၵနယ္ေျမ အတြင္း ပါတီအသီးသီးမွ ဝင္ၿပိဳင္သည့္ ကိုယ္စားလွယ္ ေလာင္းမ်ားကို မဲျပားေပၚတြင္ (၁)(၂)(၃)(၄) စသည္ျဖင့္ ဦးစားေပး သို႔မဟုတ္ အစဥ္လိုက္ (preference) အဆင့္သတ္မွတ္ေပးရမည္။ သို႔တည္း မဟုတ္ ေရြးေကာက္ပြဲဆိုင္ရာ ကြ်မ္းက်င္သူမ်ားႏွင့္ ညႇိႏိႈင္းၿပီး PR စနစ္ထဲက အျခားသင့္ေတာ္သည့္ မိုဒဲလ္မ်ားကို ေရြးခ်ယ္ႏိုင္ပါသည္။ ဤေဆာင္းပါးသည္ လက္ရွိ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္ေျမ (consti-tuency)) သတ္မွတ္မႈကို အဓိက မီးေမာင္းထိုး ေဆြးေႏြး ျခင္းျဖစ္ေသာေၾကာင့္ ေရြးခ်ယ္မႈ စနစ္ (PR) အပိုင္းကို အက်ယ္တဝင့္ မေဆြးေႏြးေတာ့ပါ။

လူဦးေရအရ အႀကီးအက်ယ္ ေရာေႏွာျခင္းခံရ ေသာ ရခိုင္၊ ကခ်င္၊ ရွမ္းႏွင့္ မြန္ျပည္နယ္တို႔တြင္ ပီအာရ္စနစ္ကို တိုင္းရင္းသားပါတီအခ်ိဳ႕က အစာ မေက်ျဖစ္သည္ကိုလည္း သတိခ်က္ရပါမည္။ ယင္းကို ‘သက္ဆိုင္ရာ ျပည္နယ္/ တိုင္းေဒသႀကီး အတြင္းတြင္ ဓားမဦးခ်ေနထိုင္ေသာ ဗမာအပါအဝင္ တိုင္းရင္း သားမ်ားကသာလွ်င္ မဲေပးခြင့္ရွိသည္’ဟု ေရြးေကာက္ပြဲ ဥပေဒ ျပ႒ာန္းျခင္းျဖင့္ ၎စိုးရိမ္မႈကို ေျဖရွင္းႏိုင္ပါ သည္ (ဓားမဦးခ်ဟုဆိုရာတြင္ လြတ္လပ္ေရး မတိုင္ခင္ ေနထိုင္မႈကို ဆိုလိုသည္)။ ထိုအတြက္ အေျခခံ ဥပေဒ ပုဒ္မ(၃၉၁)(ခ)ႏွင့္ ညႇိစြန္းသည္ဟု ဆိုႏိုင္သလို ပိတ္ ပင္ထားျခင္းမရွိဟုလည္း ယူဆႏိုင္ပါသည္၊ အေျခခံ ဥပေဒခံု႐ံုးအေပၚမွာ မူတည္ပါသည္။ မည္သို႔ျပင္ ျဖစ္ေစ ႏိုင္ငံသားမဟုတ္သူမ်ား မဲေပးမႈကို ပိတ္ပင္ ျခင္းႏွင့္ အမ်ိဳးသား လႊတ္ေတာ္ေရြးေကာက္ပြဲ နည္း ဥပေဒ ပုဒ္မ(၁၀)အရ မဲဆႏၵနယ္ တစ္ေနရာရာတြင္ ရက္ေပါင္း(၉၀)ေနထိုင္႐ံုျဖင့္ မဲေပးပိုင္ခြင့္ကို ရက္ တိုးျမင့္သတ္မွတ္ျခင္းျဖင့္ ၎ကို ေျဖရွင္းႏိုင္ပါသည္။

ၿခံဳငံုၾကည့္လွ်င္ အမ်ိဳးသားလႊတ္တာ္သည္ အျခား လႊတ္ေတာ္မ်ားႏွင့္မတူဘဲ လူမ်ိဳးႏွင့္ ျပည္ နယ္/တိုင္းေဒသႀကီးမ်ား စုဖြဲ႕မႈမ်ားအၾကား တန္းတူ ေရးအေျခခံျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။ လူဦးေရ ႏွင့္ ပထဝီဝင္ကိုအေျခခံသည့္ ျပည္သူ႔လႊတ္ေတာ္ကဲ့သို႔ ၿမိဳ႕နယ္/ခ႐ိုင္ ကိုယ္စားျပဳျဖင့္ မဲဆႏၵနယ္သတ္မွတ္ ျခင္းသည္ အမ်ိဳးသားလႊတ္ေတာ္ကို ေမွးမွိန္ရာ ေရာက္ သြားေစပါသည္။ အထက္လႊတ္ေတာ္၏ စုဖြဲ႕မႈသဘာဝ သည္ ထူးျခားမႈရွိသည့္အေလ်ာက္ လိုအပ္သလို ျပဳျပင္ ေျပာင္းလဲမႈမ်ား ျပဳလုပ္သင့္ပါသည္။

အယ္ဒီတာတစ္ဦး

Unicode

လက်ရှိအစိုးရသက်တမ်းအတွင်း ၂၀ဝ၈ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး NLD ပါတီ၏ ရွေးကောက်ပွဲ ကတိကဝတ်သည် ရေစုန်မျှောသွားပြီ။ သို့သော် အနိုင်ရပါတီအနေဖြင့် လွှတ်တော် အတွင်း သာမန်/ပြဋ္ဌာန်းဥပဒေများ အသစ်ပြဋ္ဌာန်းခြင်း၊ တည်ဆဲဥပဒေများ ပြင်ဆင်ဖြည့်စွက် ခြင်းကို လက်ထဲမှာ အပြည့်အဝ ဆုတ်ကိုင်ထားဆဲဖြစ်သည့်အတွက် ခြေစွမ်းကောင်းကောင်း ပြလို့ရပါသေးသည်။ ၂၅ ရာခိုင်နှုန်း မျက်နှာထောက်စရာ မလိုတော့သည့်အတွက်ကြောင့် ဖြစ် သည်။ ထို့ကြောင့် အစိုးရဦးဆောင်ပါတီက လက်ကျန် (၈)လအတွင်း ဒီမိုကရေစီ၊ ဖက်ဒရယ် အရေးနှင့်တိုင်းရင်းသား အရေးတို့ကို အမှန်တကယ် ဦးထိပ်ထားကြောင်း ပြသသည့်အနေဖြင့် အမျိုးသားလွှတ်တော် ရွေးချယ်မှုစနစ်အပါအဝင် အခြားဥပဒေပြုပြင်ပြောင်းလဲမှုများကို ဆက် တိုက်ပြုလုပ်သင့်ကြောင်း အောက်ပါအတိုင်း ဖော်ပြလိုပါသည်။

အမျိုးသားလွှတ်တော်၏ ရည်ရွယ်ချက်
၂၀ဝ၈ အခြေခံဥပဒေတွင် ပြည်နယ်/တိုင်းဒေသ ကြီး လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဟု အိမ်တော်ကြီးသုံးရပ်ရှိပါသည်။ ပြည် ထောင်စု လွှတ်တော်သည် ပြည်သူ့နှင့် အမျိုးသားလွှတ် တော် ပူးပေါင်းအစည်းအဝေးသာဖြစ်ပြီး သီးခြား လွှတ်တော်(ကိုယ်စားလှယ်)လည်း မရှိသောကြောင့် သီးခြားလွှတ်တော် (House)အဖြစ် မသတ်မှတ်ပေ။ ဖက်ဒရယ်စနစ်ကို အတုယူထားသည့် အဆိုပါ လွှတ် တော်များသည် သာမန်အားဖြင့် မတူညီသော ရည် ရွယ်ချက်နှင့် သဘောသဘာဝကို အခြေခံထားပါသည်။ ယင်းကို ၂၀ဝ၈ အခြေခံဥပဒေတွင် အတိအကျ အဓိပ္ပာယ် ဖွင့်ဆိုထားခြင်းမရှိသော်လည်း ပုဒ်မတစ်ခုချင်းစီတွင် သုံးနှုန်းထားသည့် စကားရပ်များအရ အတန်အသင့် နားလည်နိုင်ပါသည်။

ပြည်သူ့လွှတ်တော်သည် ပုဒ်မ (၁၀၉) (က) အရ ‘မြို့နယ်’နှင့် ‘လူဦးရေ’ကို အခြေခံ၍ ဖွဲ့စည်းခြင်း ဖြစ်သည်။ မြို့နယ်သည်ပင်လျှင် ပထဝီဝင်နှင့် လူဦးရေ ကိုအခြေခံ၍ ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် တစ်နည်းအားဖြင့် ပြည်သူ့လွှတ်တော်သည် လူဦးရေကို အဓိက အခြေခံ၍ ဖွဲ့စည်းသည်ဟု နားလည်ရသည်။ နိုင်ငံတကာတွင်လည်း အောက်လွှတ်တော်သည် အလားတူဖြစ်ပါသည်။

ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်သည် ပုဒ်မ (၁၆၁) (က)အရ မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီ ဖြင့် ဖွဲ့စည်းပါသည်။ ဗဟိုချုပ်ကိုင်မှုကိုလျှော့ချသည့် အနေဖြင့် မြို့နယ်နှင့် ကျေးရွာအဆင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တည်ဆောက်ပေးခြင်း ဖြစ်သည်ဟု နားလည်ရပါသည်။ ၎င်း၏ ဥပဒေပြုခွင့် အာဏာ (ဇယား-၂) သည်လည်း စည်ပင်သာယာရေး၊ ယစ်မျိုး၊ ရေချိုငါးလုပ်ငန်း အပါအဝင် အသေးစား လုပ်ငန်းများ၊ အိမ်တွင်းလုပ်ငန်းများ စသည့် မြို့ရွာ/ ရပ်ကျေး သို့မဟုတ် ဒေသန္တရာအဆင့် လုပ်ငန်းများ ဖြစ်ပါသည်။

အမျိုးသားလွှတ်တော်သည် ပုဒ်မ(၁၄၁)(က)အရ ပြည်နယ်/တိုင်းဒေသကြီး (constituent/sub-national units )ကို အခြေခံ၍ အညီအမျှဖြင့် ဖွဲ့စည်း စေလွှတ်ခြင်းဖြစ်သည်။ လူဦးရေနှင့် မြို့နယ်/ခရိုင်စုဖွဲ့ မှုတို့ကို ထည့်တွက်ထားခြင်းမဟုတ်ပါ။ အဓိကရည်ရွယ် ချက်သည် ပြည်ထောင်စုကြီး၏ ဒုတိယအလွှာ (second tier) အုပ်စုများအကြား တန်းတူညီမျှရေးဖြစ်သည်။ လွှတ်တော်အမည်ကို ‘အမျိုးသား’ဟု သုံးနှုန်းပါသည် ‘ပြည်သူ/ပြည်သူ့’ဆိုသည့် စကားလုံးနှင့် နှိုင်းယှဉ် ကြည့်ပါ)။ ၁၉၄၇ အခြေခံဥပဒေတွင် ၎င်းင်းကို ‘လူမျိုးစု’လွှတ်တော်ဟု သုံးနှုန်းခဲ့သည်။ လူမျိုးများစုရပ် (လွှတ်တော်)ကို ဆိုလိုသည့် သဘောဖြစ်တန်ရာ၏။ ထိုစကားရပ်(၂)ခုစလုံးသည် အနက်အဓိပ္ပယ် အတူတူ ဖြစ်ပြီး ‘အမျိုးသား၊ လူမျိုး၊ သို့တည်းမဟုတ် တိုင်းရင်း သား’ ဖြစ်တည်မှုကို ဆိုလိုသည်။ ထို့ကြောင့် တိုင်းရင်း သားလူမျိုးများကြား အမျိုးသားများ တန်းတူရေး (nationals equality)နှင့် အင်အား ချိန်ခွင်လျှာ ညှိနိုင်ရေးကို ရည်ညွှန်းကြောင်း ထင်ရှားပါသည်။

အမျိုးသားလွှတ်တော်၏ ကိုယ်စားပြုမှု
ဒီမိုကရေစီ၏ အနှစ်သာရသည် ကိုယ်စားပြုမှု (representation )ကို အခြေခံသည်နှင့်အညီ ပြည်သူ့ လွှတ်တော်သည် အထက်တွင် ဖော်ပြသကဲ့သို့ တိုင်းပြည် မှာရှိသော ပြည်သူအများစုကို ကိုယ်စားပြုသည့် အဆောက်အဦ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ပြည်သူအများစု၏ အသံကို ထင်ဟပ်ပေးသည့် စင်မြင့် ဖြစ်ပါသည်။ အလားတူ ပြည်နယ်/ တိုင်းဒေသကြီး လွှတ်တော်သည် မြို့နယ်တစ်ခု၏ ထက်ဝက်ကို ကိုယ်စားပြုစေလွှတ်သည့်အတွက် ဒေသန္တရ သို့မဟုတ် မြို့ရွာနှင့် ရပ်ကျေးရေးရာ စင်မြင့်ဖြစ်ပါသည်။

ပြည်နယ်/တိုင်းဒေသကြီးများက ဦးရေတူညီစွာ ကိုယ်စားပြုစေလွှတ်သည့် အမျိုးသားလွှတ်တော်သည် အင်္ဂလိပ်ကိုလိုနီလက်အောက် အုပ်ချုပ်ရေးနယ်နိမိတ် အရသော်လည်းကောင်း၊ လွတ်လပ်ရေးနောက်ပိုင်း ပင်လုံ စာချုပ်နှင့်အတူ ပြည်နယ်စုဖွဲ့မှုအရသော်လည်း ကောင်း၊ ပထဝီဝင်နှင့် လူဦးရေ အချိုးအစား အခြေခံ ခြင်းမဟုတ်ဘဲ တိုင်းရင်းသားလူမျိုးများ စုစည်းနေထိုင်မှု ကို အဓိကအခြေခံ၍ ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ထိုအချက်ကို ထောက်ရှုလျှင်ပြင် အမျိုးသားလွှတ်တော် သည် တိုင်းရင်းသားလူမျိုးများစုဖွဲ့မှုကို အဓိက ကိုယ်စားပြုကြောင်း ထင်ရှားပါသည်။

တစ်နည်းအားဖြင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များသည် မြို့ရွာအတွင်း ဖွံ့ဖြိုးရေးအပိုင်းတွင် အားထားရမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်သည် ပြည် ထောင်စုအစိုးရ၏ အဓိကကျောရိုးဖြစ်သည်နှင့် အညီ တိုင်းပြည်စီးပွားရေး တိုးတက်ရေး၊ အခွန်ဘဏ္ဍာ၊ ရင်းနှီးမြှောက်ခံမှု၊ တရားဥပဒေစိုးမိုးရေးနှင့် မြို့နယ် အလိုက်အစိုးရယန္တရား လည်ပတ်မှုတွင် ထိရောက်မှုရှိ ရေးနှင့် မျှတမှုရှိရေးတို့၏ အဓိက အိမ်စာ ဖြစ်ပေမည်။ ထိုနည်းတူစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် လုံခြုံရေး၊ ကာကွယ်ရေး၊ တိုင်းရင်းသား များအချင်းချင်းကြား အမျိုးသားတန်းတူရေး တရား မျှတရေး၊ စာပေယဉ်ကျေးမှု၊ အခြေခံဥပဒေအရေးနှင့် လူ့အခွင့်အရေး စသည်များကို အထူးအာရုံစိုက်ရမှာ ဖြစ်ပါသည်။

လက်ရှိအမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ အားနည်းချက်
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ(၄)အရ ပြည်နယ်/တိုင်းဒေသကြီးအသီးသီး၏ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ (constituency) များကို အဓိကအားဖြင့် မြို့နယ်/ခရိုင်ကို အခြေခံထား သည်ကို တွေ့ရသည်။ လူဦးရေကိုလည်း တချို့နေရာ တွင် ထည့်တွက်ထားပါသည်။ ဤအချက်ကို အဓိက ထောက်ပြ လိုပါသည်။

ပြည်သူ့လွှတ်တော်နှင့် ခပ်ဆင်ဆင်ဖြင့် ယခု ကဲ့သို့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ကို မြို့နယ်/ ခရိုင် အခြေခံ သတ်မှတ်ခြင်းကြောင့် အမျိုးသားလွှတ် တော်အမတ်များသည် မူလရည်ရွယ်ချက်နှင့် အနှစ် သာရဖြစ်သော ပြည် နယ်/တိုင်းဒေသကြီးအဆင့် ကိုယ်စားပြုမှုကို သွယ်ဖီပြီး မိမိကို မဲပေးသည့် သက် ဆိုင်ရာ မဲဆန္ဒနယ် (မြို့နယ်/ ခရိုင်များ)အဆင့်ကိုသာ တွေးခေါ်စိတ်ဝင်စားလာစေတော့သည်။ တစ်နည်းအား ဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အများစု သည် တစ်မျိုးသားလုံးအရေးနှင့် ပြည်နယ်လုံးဆိုင်ရာ တို့ကို စဉ်းစားတွေးခေါ်နိုင်ခြင်းမရှိတော့ဘဲ မြို့နယ် နှင့် ခရိုင်အဆင့်၏ ရေ၊ မီး၊ လမ်းတံတားအရေးကိုသာ အာရုံစိုက်နေခြင်းသည် ၎င်းမဲဆန္ဒနယ် ဘောင်ကျုံ့မှု နှင့် တစ်စုံတစ်ရာ ဆက်စပ်မှုရှိပါသည်။ တကယ်လည်း မိမိကို ရွေးချယ်သည့် ပြည်သူ(သို့မဟုတ်) မဲဆန္ဒနယ် ကိုသာ အဓိက ကိုယ်စားပြုတာဝန်ခံခြင်းသည် ရွေး ကောက်ပွဲနိုင်ငံရေး (electoral politics)၏ သဘော သဘာဝ ဖြစ်ပါသည်။
ထို့ကြောင့် လက်ရှိမဲဆန္ဒနယ်မြေသတ်မှတ်မှု ကြောင့် အမျိုးသားလွှတ်တော်၏ မူလရည်ရွယ်ချက်နှင့် အနှစ်သာရ ပေါ့ပျက်သွားသည်ဟု ဆိုနိုင်သည်။

အမျိုးသားအဆင့်တွေးခေါ်နိုင်ရေး မဲဆန္ဒနယ်မြေပြောင်းလဲသင့်
မြို့နယ်အခြေခံဖြင့် ကိုယ်စားပြုစေလွှတ်သော ပြည်သူ့လွှတ်တော် ရှိနေပြီဖြစ်သည့်အတွက် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေကို ပြည်နယ်/တိုင်းဒေသကြီး တစ်ခုလုံးဖြင့် သတ်မှတ်သင့်သည်။ ဤနည်းဖြင့် အမျိုး သားလွှတ်တော် ဝင်ပြိုင်သည့် နိုင်ငံရေးသမားများသည် ပိုမိုကျယ်ပြန့်သည့် တစ်ပြည်နယ်လုံးနှင့် တစ်မျိုးသား လုံးအကျိုးစီးပွားများကို စဉ်းစား တွေးခေါ်နိုင်မှာ ဖြစ်သည်။

ဤနေရာတွင် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ ကိုမူ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တစ်နေရာစီ သီးခြားသတ်မှတ်ပြီး ကျန်မဲဆန္ဒနယ်မြေအားလုံးကို ပြည်နယ်/တိုင်းဒေသ တစ်ခုလုံးတွင် မဲဆန္ဒနယ်မြေ တစ်ခုတည်းပုံစံဖြင့် သတ်မှတ်နိုင်ပါသည်။ မဲဆန္ဒနယ် သတ်မှတ်ခြင်းသည် အခြေခံဥပဒေပုဒ်မ (၃၉၉) (ဂ)အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ အာဏာအပြည့်အဝရှိသည့်အတွက် ခြေဥပြင်စရာ မလိုအပ်ပေ။

ရွေးကောက်ပွဲစနစ် ပြောင်းလဲရန်
ထိုသို့ မဲဆန္ဒနယ် ပြောင်းလဲသတ်မှတ်ပါက ရွေး ကောက်ပွဲစနစ်လည်း လက်ရှိ နိုင်သူအကုန်ယူ (First-Past-The-Post) စနစ်အစား အခြားစနစ်တစ်ခုခု ပြောင်းလဲကျင့်သုံးရပါမည်။ တကယ်လည်း FPTP စနစ်သည် ရိုးရှင်း လွယ်ကူသည် ဆိုသော်ငြားလည်း ကိုယ်စားပြုမှုအပိုင်းနှင့် နိုင်ငံရေးတည်ငြိမ်မှုအပိုင်းတွင် ကန့်သတ်မှုများရှိသည့် အတွက် ကမ္ဘာ့နိုင်ငံ (၆၀)ခန့်ကသာ ကျင့်သုံးလျက်ရှိပြီး နိုင်ငံအများစုက အချိုးကျ ကိုယ်စားပြု (Proportional Representation) စနစ် သို့မဟုတ် အခြားစနစ်တစ်ခုခုကို ကျင့်သုံး ရွေးချယ်ကြ ပါသည်။

မိမိအနေဖြင့် Single Transferable Vote (STV) ခေါ် တစ်ဦးချင်း မဲလွှဲပြောင်းနိုင်သော ရွေးကောက်ပွဲ စနစ်ကို အမျိုးသားလွှတ်တော်အတွက် ကျင့်သုံးရန် အဆိုပြုပါသည်။ ဤစနစ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရ တိုင်းနှင့် ဒေသရှိသော ပြည်နယ်/တိုင်းဒေသကြီးများ အတွက်ပြင်လျှင် ကျင့်သုံးရန် အခက်အခဲမရှိပေ။ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသများ အတွက် တစ်နေရာစီကို လက်ရှိ (FPTP)အတိုင်း ကျင့်သုံးစေလျက် ကျန်နေရာ (ရှမ်းပြည်နယ်တွင် ၇ နေရာနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၁ နေရာရှိ)ကို ဖော်ပြပါ ှွှဠ စနစ်ဖြင့် ပြောင်းလဲကျင်းပ ပြုလုပ် နိုင်ပါသည်။

အဆိုပါစနစ်အရ အမျိုးသားလွှတ်တော် ၁၂ ဦး ခွဲတမ်းကို မဲဆန္ဒနယ်တစ်ခုတည်းအဖြစ်ဖြင့် သတ်မှတ် လျက် ရွေးကောက်ပွဲကျင်းပစေရမည်။ ၎င်းကို ကိုယ်စား လှယ်တစ်ဦးထက် ပိုရွေးချယ်သော မဲဆန္ဒနယ် (multi-member district) ဟုခေါ်သည်။ ၎င်းမဲဆန္ဒနယ်မြေ အတွင်း ပါတီအသီးသီးမှ ဝင်ပြိုင်သည့် ကိုယ်စားလှယ် လောင်းများကို မဲပြားပေါ်တွင် (၁)(၂)(၃)(၄) စသည်ဖြင့် ဦးစားပေး သို့မဟုတ် အစဉ်လိုက် (preference) အဆင့်သတ်မှတ်ပေးရမည်။ သို့တည်း မဟုတ် ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းပြီး PR စနစ်ထဲက အခြားသင့်တော်သည့် မိုဒဲလ်များကို ရွေးချယ်နိုင်ပါသည်။ ဤဆောင်းပါးသည် လက်ရှိ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ (consti-tuency)) သတ်မှတ်မှုကို အဓိက မီးမောင်းထိုး ဆွေးနွေး ခြင်းဖြစ်သောကြောင့် ရွေးချယ်မှု စနစ် (PR) အပိုင်းကို အကျယ်တဝင့် မဆွေးနွေးတော့ပါ။

လူဦးရေအရ အကြီးအကျယ် ရောနှောခြင်းခံရ သော ရခိုင်၊ ကချင်၊ ရှမ်းနှင့် မွန်ပြည်နယ်တို့တွင် ပီအာရ်စနစ်ကို တိုင်းရင်းသားပါတီအချို့က အစာ မကျေဖြစ်သည်ကိုလည်း သတိချက်ရပါမည်။ ယင်းကို ‘သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အတွင်းတွင် ဓားမဦးချနေထိုင်သော ဗမာအပါအဝင် တိုင်းရင်း သားများကသာလျှင် မဲပေးခွင့်ရှိသည်’ဟု ရွေးကောက်ပွဲ ဥပဒေ ပြဋ္ဌာန်းခြင်းဖြင့် ၎င်းစိုးရိမ်မှုကို ဖြေရှင်းနိုင်ပါ သည် (ဓားမဦးချဟုဆိုရာတွင် လွတ်လပ်ရေး မတိုင်ခင် နေထိုင်မှုကို ဆိုလိုသည်)။ ထိုအတွက် အခြေခံ ဥပဒေ ပုဒ်မ(၃၉၁)(ခ)နှင့် ညှိစွန်းသည်ဟု ဆိုနိုင်သလို ပိတ် ပင်ထားခြင်းမရှိဟုလည်း ယူဆနိုင်ပါသည်၊ အခြေခံ ဥပဒေခုံရုံးအပေါ်မှာ မူတည်ပါသည်။ မည်သို့ပြင် ဖြစ်စေ နိုင်ငံသားမဟုတ်သူများ မဲပေးမှုကို ပိတ်ပင် ခြင်းနှင့် အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေ ပုဒ်မ(၁၀)အရ မဲဆန္ဒနယ် တစ်နေရာရာတွင် ရက်ပေါင်း(၉၀)နေထိုင်ရုံဖြင့် မဲပေးပိုင်ခွင့်ကို ရက် တိုးမြင့်သတ်မှတ်ခြင်းဖြင့် ၎င်းကို ဖြေရှင်းနိုင်ပါသည်။

ခြုံငုံကြည့်လျှင် အမျိုးသားလွှတ်တာ်သည် အခြား လွှတ်တော်များနှင့်မတူဘဲ လူမျိုးနှင့် ပြည် နယ်/တိုင်းဒေသကြီးများ စုဖွဲ့မှုများအကြား တန်းတူ ရေးအခြေခံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လူဦးရေ နှင့် ပထဝီဝင်ကိုအခြေခံသည့် ပြည်သူ့လွှတ်တော်ကဲ့သို့ မြို့နယ်/ခရိုင် ကိုယ်စားပြုဖြင့် မဲဆန္ဒနယ်သတ်မှတ် ခြင်းသည် အမျိုးသားလွှတ်တော်ကို မှေးမှိန်ရာ ရောက် သွားစေပါသည်။ အထက်လွှတ်တော်၏ စုဖွဲ့မှုသဘာဝ သည် ထူးခြားမှုရှိသည့်အလျောက် လိုအပ်သလို ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သင့်ပါသည်။

အယ်ဒီတာတစ်ဦး