• Today is: Thursday, August 5, 2021

အမျိုးသားညီညွတ်ရေးအစိုးရ (သို့မဟုတ်) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စကားဝိုင်းဆွေးနွေးပွဲ

Federal Journal
January31/ 2021

Unicode

အမျိုးသားညီညွတ်ရေးအစိုးရ (သို့မဟုတ်) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး စကားဝိုင်းဆွေးနွေးပွဲ

 

၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရ အသစ် အပြောင်းအလဲမလုပ်ခင် ကြားကာလ မှာ ပြည်သူတွေကြား ရေပန်းစားနေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရဆိုတဲ့ စကား လုံးနဲ့ ပတ်သက်ပြီး လာမယ့် ငါးနှစ်သက်တမ်းမှာ အရပ်သား အစိုးရက ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီဖက်ဒရယ်ဖြစ်ပေါ်ရေးဆိုတဲ့ ကိစ္စတွေကို  ဘယ်လို ဖော်ဆောင် သွားမလဲဆိုတာကို အရွေးချယ်ခံ ကိုယ်စားလှယ်များ၊ နိုင်ငံရေး လေ့လာ သုံးသပ်သူ ပညာရှင် များဖြင့် ဆွေးနွေးခဲ့သည်များကို စုစည်းတင်ပြလိုက်ပါသည်။

 

ဒေါက်တာ ဗညားအောင်မိုး

၂၀၁၀ ရွေးကောက်ပွဲမှာတုန်းက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ရေးမြို့နယ်ကနေပြီး အမျိုးသားလွတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်ထောင်စုလွတ်တော်မှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ အခု လောလောဆယ်က လွှတ်တော်တက်ဖို့အတွက် စောင့် နေပါတယ်။

ဦးအောင်မြကျော်

ရခိုင်အမျိုးသားပါတီရဲ့ အတွင်းရေးမှူး(၁) တာဝန်ကို ထမ်းဆောင်နေပါတယ်။ ၂၀၂၀ ရွေး ကောက်ပွဲမှာတော့ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရပါတယ်။ ၂၀၁၀၊ ၂၀၁၅ ခုနှစ်တုန်းကတော့ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ စစ်တွေမြို့နယ် ပြည် နယ်ကိုယ်စားလှယ်အဖြစ် ငါးနှစ်သက်တမ်း ဖြတ်သန်း ဖူးတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ယခုလက်ရှိ ကတော့ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ နိုင်ငံရေး လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

ဦးမင်းတင်

၁၉၉၉-၂၀ဝ၀ ကစပြီး အယ်ဒီတာအဖြစ်နဲ့ နိုင်ငံရေးစာပေလောကထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီဘက်နောက်ပိုင်းတွေမှာလည်း အယ်ဒီတာ လုပ်နေ ပါတယ်။ စာတွေလည်း တောက်လျှောက်ရေးနေပါ တယ်။ ၂၀၁၂ ကနေစပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ အနေနဲ့ နာမည်တပ်လို့ရပါပြီ။ အခုနိုင်ငံရေးနဲ့ ပတ် သက်ပြီး သုတေသနတွေ လုပ်ပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လုပ်သလို NGO တွေနဲ့ အသေးစိတ် လေ့လာချက်တွေ၊ သုတေသနတွေ၊ လေ့လာရေး စာတမ်းတွေ လုပ်ပါတယ်။ စာကတော့ ဒီနှစ်ပိုင်းမှာ နည်းနည်းအရေးကျဲသွားပါတယ်။ သေချာ ပြန်မိတ် ဆက်ရရင် ကျွန်တော်သည် စာရေးဆရာ၊ အယ်ဒီတာ၊ နိုင်ငံရေး သုံးသပ်သူတစ်ယောက်ပါ။

ကမ္ဘာမှာ ဒီမိုကရေစီကိုသွားတဲ့အခါမှာ အမျိုးသား ညီညွတ်ရေးအစိုးရဆိုပြီးတော့ သွားကြတာတွေ ရှိတယ်။ ကြားဖူးတယ်။ ဒါ့ကြောင့် ကမ္ဘာပေါ်မှာ အမျိုးသားညီညွတ်ရေး အစိုးရဆိုတာကို ဘယ်လို နိုင်ငံတွေက ဘယ်လိုဖွဲ့စည်းတည်ဆောက်ကြလဲ ဆိုတာကို အရင်ဆုံးဆွေးနွေးပေးစေချင်ပါတယ်။

(ဦးမင်းတင်)  Issue က နှစ်မျိုးရှိပါတယ်။ အခု အပြောများလာကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နောက်တစ်ခုကတော့ ဒီမိုကရေစီဖက်ထရယ် ပြည် ထောင်စုဖြစ်ပါတယ်။ ဒီနှစ်ခုက ချိတ်ဆက်ပြောလို့ ရသလို တစ်ခုချင်း တစ်ရပ်ချင်းအနေနဲ့ ပြောလို့လည်း ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအကြောင်း ပြောမယ်ဆိုရင် အားလုံးက ချိတ်ဆက်နေပါတယ်။ အခု အမျိုးသားညီညွတ်ရေးဆိုပြီး ထွက်လာတာက တော့ ရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံတော် သမ္မတ ရုံးက ပြောရေးဆိုခွင့်ရှိသူက စပြီးထုတ်ဖော်ပြောတယ် လို့ ကျွန်တော်ကတော့ သိထားပါတယ်။ အဲဒီမတိုင်ခင် ကတော့ ပြင်ပမှာ တိုင်းရင်းသားပါတီတွေ စသဖြင့် ညွန့်ပေါင်းအစိုးရပါဆိုပြီး စသဖြင့် ပြောကြပါတယ်။ ကျွန်တော်တို့လည်း ဆွေးနွေးကြ ပြောကြ ဆိုကြတာ တွေ ရှိပါတယ်။ အချက်အလက်တွေအနေနဲ့လည်း ဒါတွေအကုန်လုံးက သမိုင်းဝင်သွားကြပြီဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာ နိုဝင်ဘာလ ၁၂ရက်နေ့မှာ NLD ပါတီက တိုင်းရင်းသား ၄၈ ပါတီ ကို စာပို့ပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲကြေညာစာတမ်း တွေမှာ ပါနေခဲ့တဲ့ တိုင်းရင်းသားအရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဆိုတဲ့ အမှတ်-၁ မူဝါဒ ဒီအပေါ်မှာ မူတည်ပြီးတော့  ကျွန်တော်တို့တွေလည်း ဝိုင်းစဉ်း စားပြီး ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် သက် ဆိုင်ရာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေက ဆွေးနွေး ကြပါတယ်။ အပြုသဘောနဲ့ ပြန်တုန့်ပြန်လာတာမျိုး တွေလည်း တွေ့ရသလို အခုထိ ဆွေးနွေးနေတာတွေ လည်း တွေ့ရပါတယ်။ ကျွန်တော်တို့ ကြည့်မယ်ဆို ကမ္ဘာမှာကြည့်မယ်ဆို တောင်ဖရိက မိုဒယ်လို ယူဆကြပါတယ်။ အသေးစိတ်အချက်အလက်တွေက နောက်ပိုင်းမှာ ပြန်ပြောလို့ရပါတယ်။ သိလည်း သိကြ မယ်လို့ ထင်ပါတယ်ခင်ဗျ၊ ၁၉၉၀ မှာ Nelson Mandela ပြန်လွတ်တယ်။ ANC ပြန်ဖွဲ့တယ်။ အဲဒီ အချိန်မှာ တောင်အာဖရိကရဲ့ လူမည်း ၈၀%ရှိတယ်။ ကျွန်တော်တို့လိုပဲ မျိုးတူ၊ မျိုးနွယ်စုတွေ တအားများ ပါတယ်။ လူမည်းတွေမှာပါ။ အဲဒီတော့ အာဏာကိုင် ထားတာက လူဖြူ ၇.၉% သူတို့တွေ ညှိကြတယ်။ သူတို့နဲ့ ကျွန်တော်တို့နဲ့မတူတာက ကျွန်တော်တို့က အာဏာရှင်အောက်ကနေ ရုန်းထွက်လာတဲ့ နိုင်ငံဖြစ်ပါ တယ်။ သူတို့တွေကတော့ အသားရောင်ခွဲခြားမှုကို ရှေ့တန်းတင်ထားတဲ့ နိုင်ငံဖြစ်တယ်။ အဲဒီမှာ ပဋိပက္ခ ပေါင်းမြောက်မြားစွာ အကြပ်အတည်းပေါင်းများစွာနဲ့ ရင်ဆိုင်ရတယ်။ အဲဒီတော့ တောင်အာဖရိကက ANC နဲ့ နိုင်ငံရေးပါတီပေါင်းစုံ ဆွေးနွေးကြတယ်။ အဲဒီ အချိန်မှာ ဘုံရည်မှန်းချက်တူလာတယ်။ ရွေးကောက်ပွဲ လုပ်မယ်။ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေသွားရမယ်။ အဲဒီမှာ အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ သွားကြ တယ်။ အဲဒါကိုလည်း ရခဲ့ကြတယ်။ ၁၉၉၄ မှာ ရွေး ကောက်ပွဲကျင်းပါတယ်။ ဒါပေမဲ့ သူတို့ရွေးကောက်ပွဲက PR စနစ်ပါ။ ကြိုတင်ပြင်ဆင်မှုနဲ့ သွားတာပါ။ PR စနစ်မှာလည်း အစိုးရဖွဲ့နိုင်ဖို့ ANC က မရခဲ့ပါဘူး။ လွတ်လွတ်ကျွတ်ကျွတ်မနိုင်ခဲ့ပါဘူး။ ဒါ့ကြောင်လဲ အမျိုးသားညီညွတ်ရေး၊ အမျိုးသားသင့်မြတ်ရေးဆိုပြီး ပြန်လည်သုံးခဲ့ကြတာတွေရှိပါတယ်။ ရွေးကောက်ပွဲမှာ ကိန်းသေတွေရှိပါတယ်။ ရွေးကောက်ပွဲမှာ ၁၀%၊ ၂၀% နိုင်ရမယ်ဆိုပြီးတော့ စသဖြင့်ပေါ့ အဲဒီလောက် နိုင်ပြီးတော့မှ နိုင်ငံရေးပါတီတွေက အမျိုးသားညီညွတ် ရေးကို ဝင်ပါ အဲဒီမှာ ဖွဲ့စည်းပါလို့ ပြောတယ်။ နောက် တစ်ခုက တောင်အာဖရိကမှာ စစ်ဖက်တွေ အဲဒီက တည်းက မပါခဲ့ပါဘူး။ အစောကြီးထဲက မပါခဲ့ပါဘူး။ အဲ့တစ်ခုက အရေးကြီးပါတယ်။ စဉ်းစားစရာရှိတာက ဒီမိုကရေစီအကူးအပြောင်းလို့ခေါ်တဲ့ တချို့က အသွင် ကူးပြောင်းရေးလို့ ခေါ်ကြတဲ့အခါမှာ သွားရတဲ့ Contacts တွေလို့ ခေါ်ပါတယ်။ နိုင်ငံရေး သိပ္ပံအရ containment politics လို့ ခေါ်ပါတယ်။ containment politics ကိုကြည့်ရင် အချက် လေးချက် ထွက်လာ ပါတယ်။ ၁၉၉၀ အထိ ကြည့်လာတဲ့ စစ်အာဏာရှင် စနစ်ကဖြစ်စေ တစ်ဦးတည်း အာဏာရှင် စနစ်က ဖြစ်စေ ပါတီတစ်ခုခု အဖွဲ့အစည်းတစ်ခုခုက ချုပ်ကိုင် လိုက်တဲ့ အာဏာရှင် စနစ်ကနေဖြစ်စေ ရုန်းထွက်နိုင်ခဲ့ တဲ့ နိုင်ငံ ၃၅ နိုင်ငံရှိခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးမျိုး သော ပုံစံတွေနဲ့ သွားကြပါတယ်။ အမျိုးသား ညီညွတ် ရေး စနစ်နဲ့လည်း သွားတယ်။ power sharing နဲ့ သွားတာလည်းရှိတယ်။ ၁၉၉၀ မှာ NLD က အမျိုး သားညီညွှတ်ရေး ပုံသဏ္ဌာန်၊ နိုင်ငံရေးနဲ့ ပေါင်းစည်းတဲ့ ပုံသဏ္ဌာန် ပြောလာပေမယ့် ဖော်ဆောင်ခွင့်မရခဲ့ပါဘူး။ ဒီဖက် ၂၀၁၁ မှာ ပါဝင်လာတယ်။ ၂၀၁၆ အခု ၂၀၂၁ မှာ ပါဝင်လာတယ်။ ဒါကို ကျွန်တော်တို့က မှန်မှန် ရွေ့ရွေ့တက်လာတဲ့ တိုးတက်မှုလို့ ခေါ်ပါတယ်။ နံပါတ်တစ် စီးပွားရေး သိပ်ကျနေရင် အဲဒီနိုင်ငံက ဒီမိုကရေစီ ကူးပြောင်းဖို့ သိပ်ခက်ပါတယ်။ ပြီးတော့ ကောင်းမွန်စွာညှိနှိုင်းမှုမရှိ၊ တည်ဆောက်မှုမရှိနိုင်ဘဲနဲ့ သွားလို့ရှိရင် အကွဲကွဲအပြားပြားပြန်ဖြစ်မှာပါ။ ကျွန်တော်တို့နိုင်ငံကို အမျိုးမျိုး ခေါင်းစဉ်တပ်နေတာ တွေရှိပါတယ်။ ပြင်းပြင်းထန်ထန်ကွဲနေတယ်။ ကြီးကြီး မားမားကွဲနေတယ်ဆိုတဲ့ဟာမျိုးတွေ ပြောကြပါတယ်။ အဲ့အဆင့်ကို မကျော်ဖြတ်နိုင်ဘူးလား။ ကိုယ့်ကိုကို မေးရမယ်။ အားလုံးစုပေါင်းပြီးပြန်လည်မေးရမယ့် အနေအထားပါ။ အရပ်ဖက် စစ်ဖက် ဆက်ဆံရေးပါ။ အဲ့တာပြေလည်မှလည်း အဆင်ပြေမှာပါ။

ကျွန်တော်တို့နိုင်ငံမှာ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ကို တကယ်ပဲတည်ဆောက်နိုင်မလား။ တကယ်လို့ တည်ဆောက်မယ်ဆိုရင် ဘယ်လို အားသာချက်၊ အားနည်းချက်တွေရှိနေမလဲ။

(ဗညားအောင်မိုး) နိုင်ငံအနေနဲ့ကတော့ တိုင်း ရင်းသားလူမျိုးအရ ကွဲပြားမှုက များပါတယ်။ တိုင်းရင်း သားလူမျိုးကွဲပြားမှုများသလောက် တန်းတူအခွင့် အရေး မရှိတာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိတာကြောင့် တိုင်းပြည်မှာ ပြသာနာဖြစ်လာတာ နှစ်၇၀ ကျော်ပါပြီ။ တိုင်းပြည်မှာ ပြည်တွင်းစစ် ဘဝကနေပြီး မလွတ် မြောက်နိုင်သေးဘူး။ ပြည်တွင်းစစ်အခြေအနေကို မရပ်ဆိုင်းနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကလည်း ပြည်တွင်းစစ်ကြောင့် အင်မတန် ဆင်းရဲလာတယ်။ အမြင်မတူ အမြင်တွေ ကွဲပြားလာတယ်။ သွေးကွဲတဲ့အဆင့်အထိ ဖြစ်လာတဲ့ အချက်အချို့လည်းရှိခဲ့ပါတယ်။ ဒီလိုမျိုးဖြစ်နေတာကို လျစ်လျူရှူပြီး ဆက်သွားမယ်ဆိုရင် တခြားကိစ္စက လည်း အများကြီးရှိပါတယ်။ ဥပမာအားဖြင့် ကျွန်တော် တို့ နိုင်ငံက တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိတဲ့ အခြေအနေမှာ ကျွန်တော်တို့က နိုင်ငံကြီး နှစ်နိုင်ငံရဲ့ ကြားမှာတည်ရှိနေတယ်။ နောက်ပြီးတော့ အခြားနိုင်ငံ တွေရဲ့ အဝေးက အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှု တွေ ရှိနေကြတယ်။ ဒီ့အပြင်ကို ကျွန်တော်တို့ အစိုးရ တပ်မတော်ကနေပြီးတော့ တိုင်းပြည်အပေါ်မှာ လူမျိုးစုတွေအပေါ်မှာ မှားယွင်းခဲ့တဲ့အမှားတွေကြောင့် နိုင်ငံတကာမှာ ဖိအားတွေဝင်လာပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံက ကိုဗစ် ၁၉ ကပ်ရောဂါ ဘေးဒဏ် ဟာ အခုတော့ မသိသာသေးဘူး။ ကျွန်တော်တို့ သိရမှာက နိုင်ငံမှာ အင်မတန် ထိခိုက်နစ်နာနေပြီ။ ရောဂါ ပြီးသွားရင်လည်း ကျွန်တော်တို့ နိုင်ငံက စီးပွား ရေး၊ လူမှုရေးမှာ အများကြီးထိခိုက်မယ်ဆိုတာ သေချာပါတယ်။ ပြည်တွင်းစစ်ကြောင့်ကော၊ ကပ်ဘေး ရောဂါကြောင့်ကော ကျွန်တော်တို့နိုင်ငံက ဆင်းရဲဆုံး အခြေအနေမှာ ရောက်နေတာကော၊ နိုင်ငံတကာ ဖိအားတွေကော အဲဒီလိုအခြေအနေမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုတာ တကယ့်ကို လိုအပ်ချက်ပါ။ ဆိုတာက ကျွန်တော်တို့ နိုင်ငံရေးခေါင်းဆောင်တွေက မြင်မယ်လို့ ထင်ပါတယ်။ ဒါဟာ အားသာချက်ပါပဲ။ ချို့ယွင်းချက်တွေအားလုံးက  အတွေ့အကြုံတွေကို သင်ခန်းစာယူဖို့ အားသာချက်ပဲ လို့ ယူဆပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့မှာ အမျိုးသားညီညွတ်ရေး အစိုးရတည်ဆောက်ဖို့ လိုအပ် တယ်ဆိုတဲ့အချက်ကို ကျွန်တော်တို့အနေနဲ့ လက်ခံပြီး သားပါ။ အခု NLD ပါတီကနေ နှိုးဆော်တဲ့စကား၊ နှိုးဆော်တဲ့စာကို ကြိုဆိုပါတယ်။ တကယ်အမျိုးသား ညီညွတ်ရေး အစိုးရကို တည်ဆောက်မှာလား။ တကယ် တမ်းတည်ဆောက်ဖို့ ဖိတ်ခေါ်လာရင်တော့ ဆွေးနွေး ဖို့ စဉ်းစားဖိုရှိတယ်လို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့် အမြင်ပါ။ ရွေးကောက်ပွဲကာလမှ ၁၉၉၀ ကတည်းက NLD က ဒီလိုစကားမျိုးပြောပါတယ်။ တိုင်းရင်းသား ညီညွတ်ရေးအတွက် ဖက်ဒရယ် အမျိုးသား အခွင့် အရေး ဒါတွေကိုပြောလာတယ်။ NLD က အာဏာ မရခင်ပြောခဲ့တာပါ။ ၂၀၁၅ မှာလည်း ပြောတယ်။ ဒါပေမယ့် ဘာမှ လက်တွေ့ကျကျ အကောင်အထည် ဖော်တာ မရှိဘူး။ ဒီတစ်ခါ စကားလုံးနည်းနည်းပြောင်း ပြီးတော့ ပြောလာတယ်။ နည်းနည်းပိုအဆင့်မြင့်တဲ့ စကားလုံးပြောလာတယ်။ အမျိုးသားညီညွတ်ရေး အစိုးရဆိုတဲ့ စကားလုံးက အင်မတန်အဆင့်မြင့်တယ်။ ညွှန့်ပေါင်းအစိုးရထက်ကို ပိုပြီးကျယ်ပြန့်တဲ့ စကားပါ။ ဒီရွေးကောက်ပွဲမှာ မမှန်မကန်တွေအများကြီး၊ တိုင်း ရင်းသားစည်းလုံးညီညွှတ်မှုကို ထိခိုက်တဲ့ လုပ်ရပ်တွေ အများကြီး ရှိခဲ့တယ်။ အဲဒီလိုအခြေအနေမှာ ကြား ကောင်းအောင်၊ တိုင်းရင်းသားတွေလည်း အများကြီး အဖိခံခဲ့ရပါတယ်။ ဒီရွေးကောက်ပွဲမှာ။ အဲဒီတော့ တိုင်းရင်းသားတွေကြားကောင်းအောင် နားထဲကို ပျားရည်လောင်းသလားလို့ သံသယဖြစ်စရာရှိပါတယ်။ ဒါပေမယ့် အဲဒီအဆိုကိုတော့ ကျွန်တော်တို့ ကြိုဆိုပါ တယ်။ NLD ရဲ့ လုပ်ရပ်ကို ကြည့်ပြီးတော့ ကျွန်တော် တို့ စဉ်းစားဆုံးဖြတ်သွားပါမယ်။

(ဦးအောင်မြကျော်) ကျွန်တော့်အနေနဲ့ကတော့ NLD အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီး ပြောလာပါတယ်။ နိုင်ငံတကာက အမျိုးသားညီညွတ် ရေးကို လေ့လာကြည့်တဲ့အခါမှာ အများအားဖြင့် အရေးပေါ်အခြေအနေဖြစ်လာမှသာ အမျိုးသား ညီညွတ်ရေးအစိုးရဆိုပြီး ခေါ်ကြတာကို တွေ့ရပါ တယ်။ အများအားဖြင့် ရိုးရိုးသာမာန်ဆိုရင် ညွှန့်ပေါင်း အစိုးရလို့ ခေါ်ကြပါတယ်။ ဥပမာ – အမေရိကန်နိုင်ငံ ဆိုရင် ပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ သမ္မတက Abraham Lincoln က သူဒုတိယ သမ္မတ သက်တမ်း ကို နိုင်တဲ့အချိန်မှာ အမျိုးသားညီညွတ်ရေးဖြစ်ဖို့ သူ့ရဲ့ ဆန့်ကျင်ဖက်ပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက လူကို ဒုသမ္မတအနေနဲ့ ခန့်ခဲ့တဲ့ သာဓကတွေရှိပါတယ်။ အဲဒါ က ဘာလဲဆိုရင် အမေရိကန်နိုင်ငံထဲမှာ ပြည်တွင်းစစ် ဖြစ်နေတယ်။ ပြည်တွင်းစစ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နိုင်ငံရေးပါတီတွေက ညီညီညွတ်ညွတ်နဲ့ ပြည်တွင်းစစ် ကို အဆုံးသတ်ဖို့အတွက် ငါတို့ ညီညွတ်တဲ့အစိုးရအဖြစ် လုပ်ကြမယ်ဆိုတဲ့ အလေ့အကျင့်ကို အမေရိကန်နိုင်ငံ မှာ အမျိုးသားညီညွတ်ရေး အစိုးရနေနဲ့ အရေးပေါ်ဖြစ် နေတဲ့ ကိစ္စတွေမှာသာ လုပ်ကြပါတယ်။ နောက်တစ်ခု က အာရှနိုင်ငံဖြစ်တဲ့ နီပေါဆိုရင်လည်း အဲဒီလိုပါပဲ။ နီပေါမှာလည်း ပဋိပက္ခတွေ အများကြီးဖြစ်ပြီး ကျွန်တော်တို့နိုင်ငံလိုပဲ ဖွဲ့စည်းပုံကို နှစ်ပေါင်းများစွာ ဆွေးနွေးပြီး အတိုက်အခံပါတီတွေနဲ့ ညှိနှိုင်းလို့မရဘူး။ ညှိနှိုင်းလို့မရတဲ့အချိန်မှာ ၂၀၁၅မှာ အကြီးအကျယ် ငလျင်လှုပ်ပါတယ်။ ငလျင်ဘေးကြုံရပါတယ် နီပေါမှာ။ ငလျင်ဘေးဖြစ်တော့ လူအသေအပျောက် သိန်းနဲ့ချီပြီး ရှိတဲ့အတွက် နိုင်ငံရေးပါတီတွေက ဒီအတိုင်းအငြင်း အခုန်သွားနေရင် နိုင်ငံရဲ့ စီးပွားရေးက တော်တော် လေး ထိခိုက်လာမယ်။ ဒါ့ကြောင့် ငြိမ်းချမ်းကြမယ် ဆိုပြီးတော့ လုပ်လိုက်တဲ့အချိန်မှာ ဖွဲ့စည်းပုံမှာ အငြင်း ပွားနေတဲ့ကဏ္ဍတွေကိုဖယ်ပြီး ရှေ့ကိုသွားလို့ရမယ့် နည်းလမ်းကိုလုပ်လိုက်ကြပါတယ်။ဆရာမင်းတင်လည်း ပြောသွားပါတယ်။ တောင်အာဖရိကမှာလည်း လူဖြူနဲ့ လူမဲဖြစ်နေကြတဲ့အချိန်မှာ အရေးပေါ်အနေနဲ့ ၁၀% နိုင်တဲ့ ပါတီတွေကို စုပေါင်းပြီးသွားကြမယ်ဆိုပြီး ရှေ့ဆက်သွားလိုက်တာမှာ ၁၉၉၄ မှာ ပြန်ပြီး အထိုင် ကျသွားပါတယ်။ ထပ်ပြီးပြောရရင် အစ္စရေးမှာလည်း အဲဒီလိုပါပဲ။ နိုင်ငံတွေ တော်တော်များများက အမျိုး သားညီညွတ်ရေးအစိုးရဆိုတဲ့ ညွှန့်ပေါင်းအစိုးရလို ဖြစ်သွားတာပေါ့။ ညွန့်ပေါင်းအစိုးရလို့ ဘာလို့ဖြစ်ရလဲ ဆိုတော့ အဲဒီနိုင်ငံတွေမှာ ရွေးကောက်ပွဲစနစ်မှာ PR စနစ်ကို သုံးကြတာပါ။ PR စနစ်ကို သုံးကြတဲ့အခါမှာ အစိုးရမဖွဲ့နိုင်ဘူး။ မဖွဲ့နိုင်တဲ့အချိန်မှာ အမျိုးသား ညီညွတ်တဲ့အစိုးရဆိုပြီး ဖွဲ့ကြတဲ့အပိုင်းတွေရှိကြတာ ပေါ့။ အဓိကအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို အရေးပေါ်ဖြစ်နေတဲ့အချိန်မှသာ ဖွဲ့တာကိုတွေ့တာပါ။ ကျန်တဲ့အချိန်မှာတော့ ညွှန့်ပေါင်းအစိုးရကို ဖွဲ့တာပဲ တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် အမျိုး သားညီညွတ်ရေးဖွဲ့မယ်ဆိုပြီး ေြွကးကြော်လာပါတယ်။ ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါမှာတော့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိတဲ့သူက ပြောတာကို မတွေ့ရ ဘူး။ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြောတာ ကိုတော့ တွေ့ရပါတယ်။ ကျွန်တော်တို့ သေချာဖတ် ကြည့်ပါတယ်။ NLD က ပို့တဲ့စာကို ဖတ်ကြည့်တဲ့အခါ မှာ အမျိုးသားညီညွတ်ရေးဆိုတဲ့ အသုံးအနှုန်းတစ်လုံး မှ မပါဘူး။ သူရဲ့အသုံးအနှုန်းက ဒီမိုကရေစီ ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ အသုံး အနှုန်းပဲ ပါလာတယ်။ အဲဒီနေရာမှာ NLD က အမျိုး သားညီညွတ်ရေးဖြစ်ဖို့အတွက် သူတို့ပါတီရဲ့ သဘော ထားလား။ သို့မဟုတ် အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဦးဇော်ဌေးရဲ့ သဘောထားလားဆိုတာကိုတော့ သံသယရှိပါတယ်။ အဲဒီလိုမျိုးဆိုရင် နိုင်ငံတကာမှာ ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကျွန်တော် တို့နိုင်ငံမှာ ဘယ်လိုမျိုး ဖွဲ့မှာလဲ။ ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ အခြေအနေအရ အခုချိန်မှာ အမျိုးသားညီညွတ် ရေးအစိုးရဖွဲ့ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဘာလို့လဲဆို တော့ ကျွန်တော်တို့နိုင်ငံက တခြားနိုင်ငံတွေနဲ့မတူဘူး။ ဘာမတူလဲဆိုရင် တခြားနိုင်ငံမှာက ပါတီဆိုရင် ပါတီ သီးသန့်၊ တပ်မတော်ဆိုရင်လည်း တပ်မတော်သီးသန့်။ တပ်မတော်က နိုင်ငံရေးထဲ ဝင်ပြီးမစွက်ဖက်ဘူး။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာက တပ်မတော်က နိုင်ငံရေးထဲမှာ ၂၅% ယူထားပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသားပါတီ EAO အဖွဲ့အနေနဲ့ လည်း သူတို့လည်း ရာခိုင်နှုန်းတစ်ခုမရသင့်ဘူးလား။ အမျိုးသားညီညွတ်ရေးအဖွဲ့ဖွဲ့မယ်ဆိုရင် အကုန်လုံး ပါဝင်နိုင်တဲ့ အစိုးရဖြစ်ဖို့လိုပါတယ်။ အဲဒီလိုမှမဟုတ် ဘူးဆိုရင် ပြောမယ်ဆိုရင် ပါတီတွေအနေနဲ့လည်း လုပ်တယ်။ တပ်မတော်ကလည်း သီးသန့်မနေဘဲ နိုင်ငံရေးထဲပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ရဲ့ အခန်းကဏ္ဍဘက်ကပြောရမယ်ဆိုရင် နိုင်ငံရေးထဲကို တပ်မတော်ဝင်ရင် သူတို့လည်း ဝင်ချင်မှာပဲ။ အဲဒါ ကြောင့် EAO အဖွဲ့တွေကို နိုင်ငံရေးထဲ ဘယ်လို ပုံဖော် ပြီး ထည့်မလဲ။ အဲဒါကလည်း အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဖြစ်ဖို့အတွက် အဲဒီအပိုင်းကိုလည်း စဉ်းစား ဖို့လိုမယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။

(ဦးမင်းတင်) ကျွန်တော်တို့ လက်ရှိအနေအထား အရ ရွေးကောက်ပွဲဆက်ပြီးနိုင်လာတဲ့ NLD ပါတီရှိ မယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားပါတီတွေရှိမယ်။ နိုင်ငံရေးပါတီတွေရှိပါတယ်။ တပ်မတော်ရှိမယ်။ အရပ် ဖက် စစ်ဖက်ပြေပြစ်မှုသာ၊ နူးညံ့သိမ်မွေ့မှသာ အဆင် ပြေမှာပါ။ ဖိုခနောက်ဆိုင်မှာ ဘယ်လိုလုပ်မလဲ။ ဘယ်လိုရှေ့ဆက်သွားမလဲ။ အမျိုးသားညီညွတ်ရေး အစိုးရဖြစ်စေ၊ ညွန့်ပေါင်းအစိုးရဖြစ်စေ၊ အခုလည်း ငြင်းကြခုန်ကြတာတွေရှိပါတယ်။ ဒီအပေါ်မှာလည်း ပြန်ပြီး အဖြေရှာရမှာပါ။ ဘယ်လိုပုံစံနဲ့ ပိုကောင်း အောင်သွားရမလဲ။ အဓိကçကတော့ NLD က ဆုံးဖြတ် ရမှာပါ။ တိုင်းရင်းသားပါတီတွေကို ပေးပို့ထားတဲ့ စာအရသွားမယ်ဆိုရင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြပ်အတည်းရှိတယ်။ ပြည်တွင်းငြိမ်းချမ်းရေး အကြပ်အတည်းရှိပါတယ်။ အဲဒီကာလမှာလည်း  အခု ရွေးကောက်ပွဲအပေါ်မှာ ပြောကြဆိုကြ ဆွေးနွေးကြ တာတွေရှိပါတယ်။ အဲဒါတွေမှာ တစ်ချက်ပေါ့။ ဖွဲ့ပြီ ဆိုရင် နည်းလမ်းက ၃ ခုရှိပါတယ်။ ၂၀၁၅ တုန်းကနိုင် ပြီး ၂၀၁၆ မှာ NLD က ဖွဲ့သွားသလိုမျိုးဖွဲ့သွားမှာလား။ အုပ်ချုပ်ရေးပိုင်းတစ်ခုကိုမဟုတ်ပါဘူး။ လွှတ်တော်နဲ့ တရားစီရင်ရေးကိုလည်း ကြည့်ရပါတယ်။ အဲဒီအနေ အထားကို ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မယ်ဆိုရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်တို့က အချိန် မရတာလည်း ပါပါတယ်။ ဘယ်ဝန်ကြီး ဘယ်လောက် ပါနိုင်မလဲ။ အနိုင်ရပါတီက ဘယ်လောက်ပါနိုင်မလဲ။ တိုင်းရင်းသားရေးရာ ဘယ်လိုဖြစ်နိုင်မလဲ။ တိုင်းရင်း သားရေးရာ ဝန်ကြီးဌာကို လုပ်ငန်းတွေချဲ့ပြီးတော့ လုပ်မလား။ ဒါမှမဟုတ် အစိုးရမဖွဲ့ခင်မှာ တိုင်းရင်း သားပါတီတွေနဲ့ ရေရေရာရာ ညှိမလား။ ဘုံသဘော တူညီချက်တွေ ဆွဲထုတ်နိုင်မလား။ ဒီအထိကတော့ တပ်မတော်သည် ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့ ဧရိယာ ဖြစ်နေပါတယ်။ လွှတ်တော်ထဲမှာ ထိုင်စောင့်နေမှာပဲ။ အုပ်ချုပ်ရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ တိုင်းရင်းသား အရေးနဲ့ပတ်သတ်တဲ့ နယ်စပ်ရေးရာမှာ ပါဝင်နေပါ တယ်။ ကျန်တဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး ဝန်ကြီးဌာန ၃ ခုအနေနဲ့ကတော့ ရှိနေမှာပါ။ တစ်ပတ်ပြန်လည် လာပြီး NLD က ၂၀၁၆ တုန်းကလိုပဲ အုပ်ချုပ်ရေး ယန္တရားကို ဖွဲ့မလား။ ပြည်နယ်နှင့် တိုင်းဒေသကြီးတွေ မှာရှိတဲ့ အစိုးရအဖွဲ့တွေကို ဘယ်လိုဖွဲ့မှာလည်း လက်ရှိ ကတော့ NLD ၈၃%  ကျော်နဲ့ နိုင်ထားတဲ့အတွက် သူသည်ဖွဲ့မှာပါပဲ။ လွှတ်တော် မှာ တိုင်းရင်းသားတွေနဲ့ ဖွဲ့မှာ လား။ ဒါမှမဟုတ် စစ်ဖက် ခေါင်းဆောင်တွေထဲက အငြိမ်းစားယူလာတဲ့ စသဖြင့် ဖွဲ့မှာလား။  ရှမ်းပြည်နယ် လွှတ်တော်အခင်းအကျင်းက အင်မတန်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိန်း ဂဏာန်းတွေက သွားညီ နေပါ တယ်။ တူတူတွေဖြစ်နေပါ တယ်။ တိုင်းရင်းသားပါတီ တွေက NLD ဘက်လိုက်မယ် ဆိုရင် ဘယ်လိုလဲ။ ပြည်ခိုင် ဖြိုးနဲ့တပ်မတော်က ဘယ်လို လဲသိကြမှာပါ။ အဲဒါတွေကို ထည့်စဉ်းစားမယ်။ ကျယ် ကျယ်ပြန့်ပြန့် ထောင့်စုံထည့် စဉ်းစားကြမယ်ဆိုရင်တော့ NLD အနေနဲ့ ပြည်ထောင်စု အစိုးရမဖွဲ့ခင်မှာ ညှိမလား။ ဒါမှမဟုတ် ဘုံအဖြေဆွဲထုတ် နိုင်ကြမလား။ ဘယ်တော့စမလဲ။ ဝန်ကြီးဌာနတွေမှာ အပြောင်း အလဲလုပ်ပြီး NPRC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ကော်မရှင်ကလည်း သွားမလား တွေးထားရပါမယ်။ ဖြစ်လာမယ် မဖြစ်လာဘူးဆို တာက ဘယ်စံချိန်နဲ့ တိုင်းတာရမှာလည်း။ ရိုးရိုးလေး ပါပဲ အောင်မြင်သွားမှာပဲ ဒီစံနှုန်းတွေက ကိုက်တယ်လို့ ပြောရမှာပါ။ သီအိုရီထဲမှာရှိနေတာတွေပြောရရင် ဒီမိုကရေစီနိုင်ငံတွေက ဘယ်တုန်းကမှ မိုဒယ်မတူပါ ဘူး။ ညွှန့်ပေါင်းအစိုးရသဏ္ဍာန်တွေ အမျိုးသား ညီညွှတ်ရေးတွေက ဘယ်တုန်းကမှ မိုဒယ်တွေမတူ ကြပါဘူး။ ထည့်သွင်းစဉ်းစားကြတာပဲရှိပါတယ်။ ကမ္ဘာကြီးက အမှတ်သရုပ်လက္ခာဏာ နိုင်ငံရေး ဘက်ကို ပိုပြီးတိမ်းလာတာရှိတဲ့ အတွက် နိုင်ငံတွေနဲ့ ချီပြီး စဉ်းစားကြတာပါ။ ကျွန်တော် တို့သည်လည်း အမျိုးနွယ်စုတွေ လူမျိုးစုတွေများတဲ့အတွက် ဘယ်လို မျိုးပုံသဏ္ဍာန်သွားမလဲဆိုတာကတော့ လက်ရှိ အာဏာရပါတီတွေပေါ်မှာ မူတည်ပါ တယ်။ ဒီဘက်မှာ တော့ ထည့်သွင်းစဉ်းစားစရာ တပ်မတော်၊ EAO တွေ ရှိနေပါတယ်။ ယတိပြတ် ဖြစ် မယ် မဖြစ်ဘူးကတော့ ပြောလို့မရသေးပါဘူး။ ဆန္ဒက တော့ပြုတာပေါ့။ အားလုံးညီညီညွတ်ညွတ်နဲ့ ဘုံသဘော တူညီချက်နဲ့ သွားကြမယ်ဆိုရင်တော့ မဖြစ်စရာ အကြောင်း မရှိပါ ဘူး။

၂၀ဝ၈ ဖွဲ့စည်းပုံကို မပြင်ဆင်ဘဲနဲ့ ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်း ရေးဆိုတာကို ဘယ်လိုတည်ဆောက်မလဲ။ တကယ် ကော တည်ဆောက်နိုင်ပါ့မလား။

(ဦးမင်းတင်) ကျွန်တော်တို့ နှစ်ပိုင်းပြောရမှာပါ။ NLD က ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အရင် တုန်းကလို အပြင်အဆင်တွေမဟုတ်တော့ဘဲ ပေါ် ပေါက်ရေး ပေါ်ထွန်းရေးကိုပဲ သွားနေပါတယ်။ စစ်မှန် တဲ့ ဖက်ထရယ်ပြည်ထောင်စု ဖြစ်ထွန်းစေရန် စစ်မှန်တဲ့ ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးဆိုပြီး အဲဒါကလည်း လမ်း ကြောင်းတွေက NLD ပါတီအကြီးအကဲတွေ ကိုယ်၌ ကိုယ်က ကြိုးစားခဲ့တာရှိပါတယ်။ လွှတ်တော်ထဲမှာ လည်း မအောင်မြင်ခဲ့တာကြောင့်မို့လို့ အဲဒီတော့ ဘာနဲ့ သွားမလဲ။ ငြိမ်းချမ်းရေးနဲ့ ပြန်ပြီးဆက်စပ်မယ်ဆိုရင် ၂၁ ရာစု ပင်လုံပါလာမယ်။ EAO ရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍ ပါလာမယ်။ ရိုးရိုးပဲပြောမယ်ဆိုရင် အဲ့တာကို တပ်မတော်ဘက်က လက်ခံမလား။ ရွေးကောက်ပွဲမှာလည်း အခု ရခိုင်မှာ တိုက်ပွဲတွေဖြစ်တယ်။ ရှမ်းမြောက်မှာလည်း ဖြစ်တယ်။ ဒါမျိုးတွေမှာ ဘယ်လိုပြန်လာမလဲ။ ၂၀ဝ၈ အခြေခံ ဥပဒေ စစ်မှန်တဲ့ ဖက်ဒရယ်ဖြစ်အောင် ဖက်ဒရယ် ဆိုတာကလည်း သိတဲ့အတိုင်းပါပဲ ကျွန်တော်တို့မှာ ပြောဆိုဆွေးနွေးစရာတွေရှိလာပါတယ်။ ဖက်ဒရယ် သွားရင်းနဲ့လည်း ဒီမိုကရေစီတည်ဆောက်ရပါတယ်။ ဒီမိုကရေစီသွားရင်းနဲ့လည်း ဖက်ဒရယ်တည်ဆောက် ရပါတယ်။ တူတူသွားရတာပါ။ ၂၀ဝ၈ အခြေခံဥပဒေ သည် ဒီမိုကရေစီ။ ဖက်ဒရယ်သည် ပြည်တွင်းနိုင်ငံရေး ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးမှာ ပြည်တွင်းစည်းလုံးမှု ကို ပြန်လည်တည်ဆောက်ရပါမယ်။ ဆရာဗညားပြော သလိုပဲ နှစ် ၇၀ လုံးမှာ တိုင်းရင်းသားတွေအကုန် ၁၃၅ မျိုးပဲပြောပြော ၁၄၃ မျိုးပြောပြော ၂၀၁၄ သန်းခေါင်စာရင်းအရ ၇၀ဝ ကျော်လောက်ရှိတယ်ပဲ ပြောပြော အဲဒါက အန္တရာယ်ကြီးပါတယ်။ ဥရောပ သမဂ္ဂကို ဖွဲ့ထားတာ သိပ်ကောင်းပါတယ်။ မတူကွဲပြား ခြင်းများနဲ့ အတူတူသွားခြင်း။ ကျွန်တော်တို့ အဲဒီ အဆင့်ကို မရောက်နိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် အမြင်မြင်ကျယ်ကျယ်နဲ့ စဉ်းစားလိုက်ရင် ပိုကောင်းမှာ ပါ။ တိုင်းရင်းသားအားလုံး ခံစားလာရတယ်။ ဒီစနစ် ကြီး ခတ်ကြီးကို ဘယ်သူတွေ ဘယ်ဝါတွေကြောင့် ဆိုတာထက် သင်ခန်းစာယူရပါမယ်။ အဆိုးတွေပြန်ဖြစ် မလာဖို့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ဒီအချိန်မှာ ပြင်းပြင်းထန်ထန် ခေါင်းချင်းရိုက်ကြရတော့မှာပါ။ တပ်မတော်သည်လည်း ကာကွယ်ရေးတာဝန်ကို အပြည့်အဝတာဝန်ယူမယ်ဆိုရင် ယူပါ။ တခြားထည့် သွင်းစဉ်းစားစရာတွေအများကြီးပါ။ ဖက်ဒရယ်မှာ ညှိရနှိုင်းရ ဆွေးနွးရမယ့် အသေးစိတ်တွေပါပါတယ်။ အဲဒီမှာ တပ်မတော်ရဲ့ သဘောထားကို ပြန်ကြည့်နေရ မယ့် သဘောရှိနေပါတယ်။ နို့မို့ဆို ပြန်ပြန်လန်ကျနေ တာတွေရှိပါတယ်။ ဘုံသဘောတူညီချက်နဲ့ အပေး အယူတွေ ညှိနှိုင်းဆွေးနွေးမှုတွေ ဘယ်လိုလုပ်ကြမလဲ။ လွှတ်တော်ထဲသွား၊ ပြည်သူလူထုဆီသွားပြီး ဘက်စုံ သွားမှ ထိရောက်တဲ့ အရွေ့တစ်ခုကို သွားနိုင်မှာပါ။ သံသရာတွေ ထပ်ထပ်ပြီးဖြစ်မလာဖို့ ဖြစ်လာရင်တောင် နည်းဖို့ ထိရောက်မှု သက်ရောက်မှုနည်းဖို့ အခု ကိုဗစ် ကာလမှာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးက လုံးလုံးပြောင်း သွားပြီ။ ကျွန်တော့်တို့ စီးပွားရေးတွေလည်း ပြောင်းလဲ သွားပြီ။ အားလုံးက New Way ကိုတောင် စဉ်းစား နေကြပြီ။ ဒါတွေဟာ ဖက်ဒရယ်မှာ တိုက်ရိုက် သက် ရောက်မှုရှိပါတယ်။

(ဦးအောင်မြကျော်) ကျွန်တော်တို့ မြန်မာနိုင်ငံ မှာတော့ နာမည်အကြီးဆုံး ၂၀ဝ၈ ခြေ/ဥကို မပြင် ဆင်ဘဲ အသစ်မရေးဆွဲဘဲ ကျွန်တော်တို့ တိုင်းရင်းသား တွေက ဒီမိုကရေစီ ဖက်ဒရယ်မသုံးဘဲ ဖက်ဒရယ် ဒီမိုကရေစီလို့သုံးပါတယ်။ အဲဒါတွေလည်း အများကြီး ဆွေးနွေးရပါဦးမယ်။ ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက်ဖို့ဆိုရင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခင်းအကျင်း အောက်မှာ ဘယ်လိုမှ သွားလို့မရပါဘူး။ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ရမယ့် ဒါမှဟုတ် အသစ်ရေးဆွဲနိုင်ပြီးမှ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မှာပါ။ ဒီနေရာမှာ အသုံးအနှုန်းတွေဖြစ်တဲ့ ဒီမိုကရေစီ ဖက် ဒရယ် ပြည်ထောင်စု၊ ကျွန်တော်တို့ တိုင်းရင်းသား အများစုက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလို့ သုံးတယ်။ အသုံးအနှုန်းတွေက ညှိနှိုင်းရမယ့် အတိုင်း အတာတွေကို တွေ့ရတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ အသစ်ရေးဆွဲဖို့ကတော့ လွှတ်တော်ကပဲ လုပ်ရတဲ့အပိုင်းပဲဖြစ်ပါတယ်။ ပြင်ဖို့မဖြစ်နိုင်တဲ့ အခင်း အကျင်းကို ၂၀၁၀၊ ၂၀၁၅ ဦးသိန်းစိန်လက်ထပ်၊ NLD လက်ထက်မှာလည်း ပြင်ဖို့အတွက် ကြိုးစားကြပါတယ်။ ဒါပေမယ့် ဖြစ်မလာဘူး။ NLD အစိုးရအနေနဲ့ အမျိုး သားညီညွတ်ရေးအစိုးရ ပြီးရင် စာပို့ထားတဲ့အထဲမှာ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ဖို့အတွက် ပြော တယ်။ ၂၀၁၅၊ ၂၀၂၀ကြားမှာ ဖွဲ့စည်းပုံ ပြင်ဖို့ အဆို တင်ကြတဲ့အခါမှာ တိုင်းရင်းသားတွေ တိုင်းရင်းသား ပြည်နယ်တွေမှာ အဓိက လိုချင်တာက ပုဒ်မ ၂၆၁ ကို ပြင်ချင်ကြတယ်။ ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက် ခန့်တဲ့အပိုင်းကို ကျွန်တော်တို့က မလိုချင်ဘူး။ ဘာလို့ လဲဆိုတော့ ၂၀၁၅ တုန်းက ရခိုင်နဲ့ ရှမ်းမှာဆိုရင် ရခိုင်မှာ ကျွန်တော်တို့ပါတီက အများဆုံးနိုင်ပါတယ်။ ဒါပေမယ့် ရခိုင်နိုင်ပြီး ဝန်ကြီးချုပ်ဖြစ်ခွင့်မရှိဘူး။ ၂၆၁ ကို ပြင်ဖို့ အားလုံးက ဝိုင်းပြီးတောင်းဆိုကြတယ်။ အကုန်လုံးက အဆိုတင်ကြပါတယ်။ တိုင်းရင်းသားပါတီ အားလုံးအပြင် ပြည်ခိုင်ဖြိုးပါတီ၊ သဘောထားတင်းမာ တဲ့ တပ်မတော်ကလည်း ပါတယ်။ အဲဒီအချိန်မှာ NLD အစိုးရ ငြင်းခဲ့တယ်။ အဲဒီလိုအခင်းအကျင်းတွေရှိခဲ့တဲ့ အတွက် လက်ရှိ NLD ပါတီက စာထုတ်လာတဲ့အပိုင်းက အရှေ့နဲ့အနောက် လုံးဝမညီတဲ့အပိုင်းပါ။ ၂၀ဝ၈ရဲ့ လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းပါ။ ၂၀ဝ၈ကို လုံးဝ ပြင်လို့မရဘူးဆိုပြီး ထိုင်နေလို့မှမရတာ အဲဒီလိုဆိုရင် ၂၀ဝ၈ ကို ပြင်ဖို့ အပြင်ဘက်ကနေပြီး နိုင်ငံရေး အရွေ့ တစ်ခုကို ဘယ်လိုမျိုးသွားကြမလဲ။ အပြင်ဘက်က စဉ်းစားကြရင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဆိုပြီး စပြီးနာမည်ပေးတယ်။ NLD အစိုးရတက်လာ တော့ ၂၁ ရာစု ပင်လုံညီလာခံလို့ ပြောင်းတယ်။ အဲဒါက နာမည်ပြောင်းလိုက်တဲ့အပိုင်းပါ။ ၂၀ဝ၈ ကို ပြင်လို့မရတဲ့အတွက် အပြင်ကနေပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီဖြစ်ဖို့ ခင်းကြ တယ်လို့ ကျွန်တော်တို့ကတော့ မြင်ပါတယ်။ အကုန်လုံး ပါဝင်တဲ့အတိုင်းအတာ တပ်မတော်ရယ်၊ အစိုးရရယ်၊ EAO ရယ် အကုန်လုံးစုပေါင်းပါဝင်ပြီး ဖွဲ့စည်းပုံအသစ် တစ်ခုကို ရေးကြမယ်ဆိုရင် ဘုံသဘောတူညီချက် အနေနဲ့ ၅၂ ချက်ကို ရပါမယ်။ ထပ်ပြီး ညီလာခံ ကျင်းပမယ်ဆိုရင် ရလာတဲ့ အချက်တွေကို ဘုံသဘော တူညီချက်ယူပြီး လွှတ်တော်မှာ တင်ပြီးရင် ဖွဲ့စည်းပုံ အသစ်တစ်ခုအနေနဲ့ ကျွန်တော်တို့ ရေးဆွဲဖို့အတွက် ပြည်ထောင်စု ငြိမ်းချိမ်းရေး ညီလာခံမှာ လုပ်ကြတဲ့ အခင်းအကျင်းရှိပါတယ်။ အကုန်လုံးလုပ်ကြတယ် ဆိုပေမယ့် အကန့်အသတ်တစ်ခုအနေနဲ့ကတော့ NCA လက်မှတ်မထိုးတဲ့ အဖွဲ့တွေကြရင် အဲဒီအခင်းအကျင်း မှာ မပါဝင်ရပါဘူး။ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေသာ ပါဝင်ရမယ်ဆိုတော့ အရွေ့တစ်ခုတော့လုပ်တယ်။ ဒါပေမယ့် ဟိုလူမပါရ ဒီလူမပါရ အတိုင်းအတာတစ်ခု ရှိတဲ့အတွက် အမျိုးသားညီညွတ်ရေးက တော်တော်ကို ပြဿနာဖြစ်မှာပါ။ အဲဒါကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံကို လွှတ်တော်က မပြင်ဆင်နိုင်တဲ့အပိုင်းမှာ NRPC ကနေပြီး ရေးဆွဲလို့ရလာမယ့် ဖွဲ့စည်းပုံအသစ်နဲ့ သွားနိုင်ရင် ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်လာမှာပါ။ နောက်တစ်ချက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံထဲမှာပဲ အာဏာကိုဖြေလျော့တဲ့အပိုင်းမှာ တိုင်းရင်းသားပြည်နယ်တွေ တိုင်းရင်းသားပါတီတွေ အမြဲပြော နေပါတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ လုပ်ပိုင်ခွင့် အာဏာတွေပါ။ ၂၀ဝ၈ အပြင်ဘက် ကပြောရရင် နောက် နည်းလမ်းတစ်ခုအနေနဲ့ သုံးမယ် ဆိုရင် အာဏာပါဝါကို လျော့ချတဲ့ အပိုင်းထက် ပြည်နယ် ခွဲစိတ်ပုံတွေ ကို ကျွန်တော်တို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့ ပြည်နယ်ဖွဲ့စည်းပုံတွေကို ကျွန်တော်တို့ တိုင်းရင်းသားတွေကို ရေးဆွဲပြီးရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လူများဖြစ်တဲ့ ဗမာခေါင်းဆောင် တွေက သဘောထားကြီးကြီးနဲ့ ခွင့် ပြုပေးနိုင်မယ်ဆိုရင် အမျိုးသား ပြည်ထောင်စု တစ်ခုဖြစ်လာမှာပါ။ အဲဒါကလည်း နိုင်ငံတကာမှာ သာဓကရှိပါတယ်။ အခုလက်ရှိ ဖိလစ် ပိုင်မှာဆိုရင် အောင်မြင်ပါတယ်။ ဖိလစ်ပိုင်မှာနေပြီး ခွဲထွက်ရေးအဖွဲ့က နှစ်ပေါင်းမြောက်များစွာ သူတို့က ဖိလစ်ပိုင် ဗဟိုအစိုးရကို တော်လှန်လာတာပါ။ ဗဟို အစိုးရက နောက်ဆုံးဘာလုပ်လဲဆိုရင် ပြည်နယ်ရဲ့ ဖွဲ့စည်းပုံကို ရေးဆွဲခိုင်းလိုက်တယ်။ ပြီးရင် ဗဟို အစိုးရနဲ့ ညှိနှိုင်းပြီး လုပ်ပိုင်ခွင့်ပါဝါကို ခွဲဝေပြီး လုပ်လိုက်တဲ့အခါမှာ သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေကိုကိုင် ပြီး ငြိမ်းချမ်းရေးရနေပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ အဲ့လိုပဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အဲဒီ အခင်းအကျင်းက အသံထွက်လာပါတယ်။ အရင်တုန်း က ပြောခွင့်မရှိဘူး။ ပြည်နယ်ဖွဲ့စည်းပုံ ရေးဆွဲဖို့ ပြောခဲ့လို့ ရှမ်းပြည်နယ်က ရှမ်းခေါင်းဆောင်တွေ၊ ချင်းခေါင်းဆောင်တွေ နှစ်ပေါင်းများစွာ ဖမ်းဆီ ထောင်ချခံခဲ့ရပါတယ်။ အခုအခြေအနေ မှာတော့ ပြည်နယ်ဖွဲ့စည်းပုံကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တရားဝင်တောင် ပြောခွင့်ရလာပါပြီ။ ဗမာခေါင်းဆောင်တွေအနေနဲ့ ဖြေလျော့ပေးနိုင်မယ် ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခုကို တည်ဆောက်နိုင်မယ်လို့ သုံးသပ်ချင်ပါတယ်။

(ဗညားအောင်မိုး) ကျွန်တော် နှစ်မျိုးမြင်ပါ တယ်။ အခြေခံဥပဒေကို ပြင်ဖို့ အင်မတန်ခက်ခဲပါတယ်။ ဒါကို လူတိုင်းသိပါတယ်။ ကောင်းကောင်း မပြင်နိုင် သေးတဲ့အချိန်မှာ ဖက်ဒရယ် ဖြစ်အောင်လုပ်နိုင် သလောက်   လုပ်လို့ရပါတယ်။  ဥပမာ  အမျိုးသား ညီညွတ်ရေးအစိုးရပဲခေါ်ခေါ်၊ ညွန့်ပေါင်းအစိုးရပဲ ခေါ်ခေါ် တိုင်းရင်းသားပေါင်းစုံ ပါလာတယ်ဆိုတာ ဖက်ဒရယ်ရဲ့ လက္ခဏာဖြစ်တယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံရဲ့ ဘောင်ထဲမှာပဲ လုပ်လို့ရတဲ့အပိုင်းပါ။ နောက်တစ်ခုက လွတ်တော်ကအစ PR ရွေးကောက်ပွဲစနစ်ပဲဖြစ်ဖြစ် ဘယ်လိုစနစ်ပဲဖြစ်ဖြစ် တိုင်းရင်းသားပေါင်းစုံပါဝင်လာ အောင်၊ တိုင်းရင်းသားပါတီငယ်တွေ ပျောက်သွား အောင်၊ လွှတ်တော်ကိုယ်စားလှယ်တွေ မရအောင် ဖြစ်တဲ့နည်းနဲ့ အပြုတ်တိုက်တဲ့စနစ်နဲ့မဟုတ်ဘဲ ပါတီပေါင်းစုံလွှတ်တော်ထဲပါလာမယ်ဆိုရင် ပြည် ထောင်စုပါတီ ပြည်ထောင်စုအသွင်ဆောင်လာမှာပါ။ ဒါက ၂၀ဝ၈ ဥပဒေဘောင်ထဲမှာပါပဲ။ နောက်တစ်ခုက ပြည်နယ်အစိုးရဖွဲ့တဲ့အခါမှာ နိုင်ငံတော်သမ္မတကနေ ပြီး ပြည်နယ်ဝန်ကြီးတွေကို ခန့်တယ်။ သမ္မတက မေး မယ်။ ဘယ်ပါတီကအများဆုံးနိုင်ထားလဲ။ ပါတီက ဘယ်သူ့ကို ဝန်ကြီးချုပ်တင်ချင်လဲ စာရင်းပေးဆိုပြီး တောင်းပြီး သမ္မတက အဲဒီစာရင်းအတိုင်း ကြေညာ လိုက်တယ်။ အမိန့်ထုတ်ပြန်လိုက်တယ်ဆိုရင် ဒါဟာ တိုင်းရင်းသားပါတီရဲ့ အစိုးရဖြစ်လာမှာပါ။ တက်လာ တဲ့ပါတီရဲ့ သဘောထားပေါ်မူတည်တယ်။ အဲဒါလည်း ပဲ ပြည်နယ်အစိုးရမှာ အနိုင်ရတဲ့ တိုင်းရင်းသားပါတီ သို့ တော်ရုံအားရှိတဲ့ တိုင်းရင်းသားပါတီတွေရဲ့ အခွင့် အရေးရှိအောင် သမ္မတက လိုက်လျောလုပ်ပေးလို့ ရတယ်။ အခြားကိစ္စမှာလည်း ဒီအတိုင်းပါပဲ။ ရွေး ကောက်ပွဲကော်မရှင် ၊ တရားလွှတ်တော်ကအစ သမ္မတရဲ့ အလိုကျခန့်အပ်တယ်။ သမ္မတအလိုကျလုပ် တဲ့ သဘောရှိပါတယ်။ နိုင်ငံတော်အဆင့် ပြည်ထောင်စု အဆင့် ကော်မတီတွေအားလုံးက အာဏာရပါတီရဲ့ ဆန္ဒအတိုင်းဖြစ်တယ်။ အဲဒါကိုလည်း ဖြေလျော့လို့ ရပါတယ်။ တကယ် ဖက်ဒရယ်ကို လုပ်ချင်တယ်ဆိုရင် ဒါဟာ ပြည်နယ်တွေမှာ ဆန္ဒယူပြီး ကိုယ်စားပဲ ဖြစ်ဖြစ် ခန့်အပ်လို့ရတယ်။ တကယ်တမ်း ဖက်ဒရယ်ကို တည်ဆောက်မယ်ဆိုရင် အခြေခံဥပဒေကို မပြင်ဆင် နိုင်သေးတဲ့အချိန်မှာလည်း ပြည်ထောင်စု စိတ်ဓာတ်နဲ့ လုပ်မယ်ဆိုရင် အများကြီးလုပ်လို့ရပါတယ်။ တိုင်းရင်း သားပေါင်းစုံပါဝင်တဲ့ ညွှန့်ပေါင်းအစိုးရပဲခေါ်ခေါ်၊ အများသားညီညွတ်ရေးအစိုးရပဲ ခေါ်ခေါ် အဲဒီလို အစိုးရမျိုးပေါ်လာရင် ဖက်ဒရယ်ရဲ့ အသွင်ဖြစ်ပါ တယ်။ အဲဒီကနေတစ်ဆင့် ကျွန်တော်တို့ လွှတ်တော် ထဲမှာကော အစိုးရထဲမှာကော ညှိနှိုင်းပြီးပြင်ဆင်ဖို့ အလားအလာကောင်းလာလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တွေ့ရသလောက် ၂၀၁၀ ကနေ ၂၀၁၅ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပါဝင်ခဲ့တယ်။ ညှိနှိုင်းပြီး ပြင်ဆင်တယ်။ အာဏာခွဲမှုအပိုင်းမှာလည်း ပြည်နယ်နဲ့ ဗဟိုအစိုးရနဲ့ကြားမှာလည်း အများကြီးပြင်ပေးနိုင်ခဲ့ တယ်။ ဒီနောက်ပိုင်းမှာ NLD အစိုးရလက်ထက်မှာ ပြင်ဆင်မှုက ပိုပြီးတော့ အားနည်းလာတယ်။ ဘာကြောင့်လဲဆိုတော့ မဲနဲ့ အနိုင်ယူတဲ့စနစ်ကြောင့်ပါ။ ပြင်ဆင်ရေးကော်မရှင်မှာကထဲက မဲကခွဲနေပြီ။ ကျွန်တော်တို့တုန်းက အဲ့လိုမရှိဘူး။ ကျွန်တော်တို့ မဲမခွဲဘူး။ မွန်ညီညွတ်ရေးပါတီက ဘယ်လို၊ ပြည်ခိုင်ဖြိုး ပါတီက ဘယ်လို၊ NLD က ဘယ်လို၊ ရခိုင်ပါတီက ဘယ်လိုဆိုပြီး အကုန်လုံးအမြင်ကို ပြည်ထောင်စုလွှတ် တော်မှာ သွားဆွေးနွေးတယ်။ အဲဒီတော့မှ မဲခွဲတယ်။ ဒီမိုကရေစီမှာ မဲခွဲဖို့ အဓိက မဟုတ်ဘူး၊ ညှိနှိုင်းပြီး ပြေလည်ဖို့က အဓိက အရေးကြီးပါတယ်။ အခြေခံ ဥပဒေကို ပြင်မယ့်ကိစ္စက ၂၁ ရာစု ပင်လုံညီလာခံလို့ပဲ ခေါ်ခေါ် အဲဒီကနေ ရလာတဲ့အချက်ကနေပြီး ပါတီ ပေါင်းစုံပါပြီးသား၊ လွှတ်တော်ကိုယ်စားလှယ်လည်း ပါပြီးသား၊ အစိုးရအဖွဲ့လည်းပါပြီးသား၊ တပ်မတော် လည်း ပါပြီးသား၊ ဒီအချက်တွေကို အတည်ပြုပြီးရင် လွှတ်တော်က တင်သွင်းလိုက်ရင် လွှတ်တော်က အတည်ပြုပေးမှာပါ။ ဘာလို့ဆိုရင် အကုန်လုံးက သဘောတူညီပြီးသားပါ။ ဒီအချက်တွေနဲ့ အခြေခံ ဥပဒေကို ပြင်လို့ရပါတယ်။ အကုန်လုံးတော့မဟုတ်ဘူး ပေါ့။ အခြေခံဥပဒေကို အသစ်ဆွဲရင် တပ်မတော်က လက်ခံမလား။ တပ်မတော်က အခြေခံဥပဒေကို စောင့် ရှောက်နေတယ်လို့ အမြဲေြွကးကြော်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့က တပ်မတော်နဲ့ ပြသာနာကို ထိပ်တိုက် ရင်ဆိုင်မလား။ ရင်ဆိုင်သင့်မသင့်။ အသစ်ရေးဆွဲမယ့် မူဆိုရင် ထိပ်တိုက်ရင်ဆိုင်မယ်။ ပြင်ဆင် ရေးမူဆိုရင် အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် တကယ်တည်မြဲတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ပြည့်ဝတဲ့ ဖက်ဒရယ် ပြည်ထောင်စုဘယ်လိုမှမဖြစ်နိုင်ဘူး။ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့အတွက် အခြေခံဥပဒေ ပြင်ကို ပြင်ရမယ်။ ဒါပေမယ့် မပြင်နိုင်မယ့် အချိန် ကာလမှာ လည်း အာဏာရတဲ့အဖွဲ့အစည်းနိုင်ငံရေး ပါတီတွေ အားလုံးညှိနှိုင်းပြီးတော့ ဖက်ဒရယ်ပုံစံမျိုး အပြည့် မဖြစ်ရင်တောင် ပိုမိုပြီး ဖက်ဒရယ် အဓိပ္ပာယ် သက် ရောက်တဲ့ လွှတ်တော်၊ အစိုးရ၊ တရားစီရင်ရေး၊ ပြည်နယ်မှာလည်း ဖက်ဒရယ်ပုံစံကြတဲ့ အစိုးရအဖွဲ့ လုပ်လာနိုင်တယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံမှာက နိုင်ငံတော် အတိုင်ပင်ခံဆိုတာ ဖော်ထုတ်လို့ရတယ်။ တိုင်းရင်း သားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဖက်ဒရယ် မဟုတ်တာတောင် ပိုပြီးတော့ နီးစပ်တဲ့ ပုံစံမျိုးကို လုပ်လို့ရပါတယ်။ တကယ့် ထာဝရ တည်မြဲမယ့် ဖက်ဒရယ် ဖြစ်ဖို့ဆိုရင်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံကို အများကြီး ပြင်ရပါမယ်။ ပြင်နိုင်သလောက် ပြင်သွားမယ်။ အားလုံး ရဲ့ သဘောထားမှန်မှန်ကန်ကန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့် အရေး၊ တန်းတူရေးတွေကို အခြေခံပြီးတော့ ဖက်ဒရယ် နဲ့ အဆင်တူတဲ့ ပုံစံမျိုး အသွင်ပြောင်းပြီးတော့ ကျင့်သုံး လို့ရတယ်လို့ မြင်တယ်။ အခုလက်ရှိ အခြေအနေမှာ ဒီ့ထက်ပိုမိုမဆိုးအောင် ဒီမိုကရေစီအရေးထက် ပိုမဆိုး အောင် တစ်ယောက်နဲ့တစ်ယောက် မဲနဲ့ အနိုင်ယူတဲ့ ပုံစံမျိုးမဟုတ်ဘဲ တိုင်းရင်းသားအားလုံး တိုင်ပင်ပြီး ဒီထက်အခြေအနေမဆိုးအောင် ဝိုင်းဝန်း ပြီးတော့ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

ဖက်ဒရယ်စနစ်ကို သွားမယ်ဆိုရင် နိုင်ငံရေးအရ ကျွန်တော်တို့နိုင်ငံမှာ ဘယ်လိုအားသာချက်တွေ ရှိနေလဲ။

(ဗညားအောင်မိုး) တစ်ချက်က ဘာလဲဆိုတော့ ကျွန်တော်တို့ နှစ် ၇၀ ကြာနေတဲ့ ပြည်တွင်းစစ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုပျက်ပြားနေတဲ့ အတွေ့အကြုံ ဒါဟာ ကျွန်တော်တို့အတွက် တွန်းအား ပေးနေတဲ့ အားသာချက်တစ်ခုဖြစ်ပါတယ်။ နောက် တစ်ချက်က ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေ၊ စီးပွားရေး၊ နိုင်ငံတကာအခြေအနေတွေက တွန်းအား ပေးတဲ့ အချက်တွေဖြစ်ပါတယ်။

(အောင်မြကျော်) ဖက်ဒရယ် ဒီမိုကရေစီသာ ဖြစ်မယ်ဆိုရင် အဓိက ကျွန်တော်တို့နိုင်ငံရဲ့ အားသာ ချက်က ကျွန်တော်တို့ မြန်မာနိုင်ငံက သယံဇာတတွေ ပေါများတဲ့နိုင်ငံဖြစ်တယ်။ သို့သော် ဆင်းရဲဆုံးနိုင်ငံဖြစ် နေတာက မညီမျှမှုအပိုင်းတွေ စစ်မှန်တဲ့ ဖယ်ဒရယ် မဖြစ်တာရယ်၊ ပြည်တွင်းစစ်တွေရယ်ကြောင့် ဖြစ်နေ တာပါ။ ဖယ်ဒရယ်သာဖြစ်လာမယ်ဆိုရင် မြန်မာ နိုင်ငံက စီးပွားရေးအရ ပိုပြီးတိုးတက်လာမယ်။ ဟိုးတုန်း က အာရှမှာ မြန်မာက ၁ မှ ၁၀ အတွင်းဝင်ခဲ့တယ်။ နိုင်ငံရေးအရ  ပြောမယ်ဆိုရင်  အနိမ့်ဆုံးဖြစ်တဲ့ အာဆီယံထဲမှာဆိုရင်လည်း နောက်ကောက်ပဲကျနေ တယ်။ ပြည်တွင်းစစ်လည်းမရှိဘူး အေးအေးချမ်းချမ်းနဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် သွားနိုင်တယ်ဆိုရင် နိုင်ငံတကာမှာ ဉီးဆောင်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်လာ မယ်လို့ ယုံကြည်ပါတယ်။

(ဦးမင်းတင်)  ကျွန်တော်တို့နိုင်ငံမှာ နဂိုကတည်းက ရှိပြီးသား အားသာချက်တွေက အများကြီးပါ။ အဲဒါကို ကျွန်တော်တို့ ကောင်းမွန်စွာ အသုံးမချနိုင်ခဲ့ကြ ဘူး။ နံပါတ် (၁) Geo Politics ဒီမိုကရက်တစ်မဟုတ်တဲ့ နိုင်ငံကြီးတွေကြား ညပ် နေရင်ဆိုပြီး ဒီ ဒီမိုကရက်တစ် ထရန်စစ်ရှင်းလေ့ လာချက်တွေက အောင်မြင်ဖို့ မ လွယ်ဘူးလို့ အစော ပိုင်းတွေကတည်းက ပြောကြတယ်။ တကယ်လည်း ကျွန်တော်တို့က တရုတ်နဲ့ကပ်နေတယ်။ လူဦးရေ အင်မတန်ပေါက်ကွဲနေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေ တယ်။ ဖွံ့ဖြိုးမှုကလည်း နိမ့်ကျတယ်။ ဒါကို ကျွန်တော် တို့က ဘာ လုပ်နိုင်သလဲ၊ ဒီ Geo Politics အရကိုပဲ ပြန် အားသာချက်တွေ ရှိပါတယ်။ တရုတ်နဲ့ နီးခြင်းမှာကို အား သာချက်တွေရှိခဲ့ပြီး ပြောင်း လို့ရတယ်၊ စီးပွားရေးတွေ အများကြီး လုပ်နိုင်တာပေါ့။ ကုန်သွယ် စီးပွားတွေပေါ့။ မျှမျှတတဆိုရင်ပိုဖြစ်မှာပေါ့။ ဒီ Geo Politics အရ အားသာ ချက်တွေကိုကကိုပဲ ကျွန်တော် တို့ကို Geo Politics Issue ကျိန်စာလို ပြန်ဖြစ်လိုမျိုး ဖြစ် စေခဲ့တယ်ဆိုတာက ကျွန်တော်တို့မှာ သဘာဝ သယံဇာတတွေများနေတာ ကိုက ကျိန်စာလို ပြန်ဖြစ်စေ ခဲ့ပြန်တာ။  Resource Issue လို ပြန်ဖြစ်စေခဲ့ပြန်တာ ဟိုးနဂို့နဂို ဖြစ်လာခဲ့ ဖြစ်ထားခဲ့တာတွေ။ အခု ဖက်ဒရယ်ကို သွားကြပြီဆိုတဲ့အခါမှာ သယံဇာတ ခွဲဝေမှုဆိုတာက ပါလာတယ်။ သယံဇာတတို့ ဘာတို့ ညာတို့ကိုစသဖြင့်တွေ။ ဆိုရရင်တော့လည်း သယံဇာတမှမဟုတ်ပါဘူး၊ စီးပွားရေးက မော်ဒန် ဘိဇနက်စ် စစ္စတမ်တွေ၊ မော်ဒန်အီကော နောမစ် စစ္စတမ်တွေနဲ့ သွားကြရမှာပါပဲ၊ မိုက်ခရို၊ မေခရို စသဖြင့်တွေ သွားကြရဖို့တွေပဲ ရှိတယ်။ အများကြီး ရှိပါတယ်။ အဲဒါက Geo Economics ပါ။ ခုနကပြောတဲ့ တည်ရှိနေဒေသကိုပဲကြည့်ပြီး မှီပြီး တည်ပြီး လုပ်ကြ ရမှာပါ။ ဒီမိုကရေစီဖက်ဒရယ် ဖြစ်လာရင် ပိုတက်လာ မှာပဲ။ Geo Economics က။ နောက်တစ်ခု ကျွန်တော် တို့ဆီမှာက ပြောကြတယ်၊ Diversity ၊ စုံလင်ကွဲပြားမှု ပေါ့လေ၊ ကျွန်တော်တို့ အဲဒီသည် Diversity Together ဖြစ်သွားစေနိုင်ရင် ကျွန်တော်တို့နိုင်ငံသည် အာရှမှာ ထိပ်တန်းပြန်ဖြစ်သွားနိုင် တယ်။ ကျွန်တော်ပြောလို တာက စိတ်ဓာတ်အရ၊ ပေါင်းစည်းနိုင်မှုအင်အားအရ။ ကျွန်တော်ပြောတာက စီးပွားရေးရယ်မှ၊ စစ်အင်အား ရယ်မှ စစ်လက်နက်ရယ်မှ ပါဝါအမာတောင့်တင်းခိုင်မာ မှရယ်လို့ ပြောတာမဟုတ်ပါဘူး။ Hard Power တွေ ရယ်မှ မဟုတ်ပါဘူး။ (ကျွန်တော်တို့က) တလွဲမှာ ကျွန်တော်တို့က ကောင်းနေတယ်၊ ကွဲပြဲမှုတွေမှာ ကောင်းနေတယ်၊ စစ်အာဏာ ရှင်စနစ်ဖြစ်ထွန်းမှုတွေ မှာ ကောင်းနေတယ်။ အဲဒီ စစ်ဘောင်ကြီးအကျယ်ကြီး ဖြစ်နေတာမှာ သွားအားကောင်းနေတယ်။ အဲဒီတော့ ကျွန်တော်တို့က အဲဒါကို ကျုံ့အောင်လုပ်ကြရမယ်။ ကျွန်တော်တို့က ဒီ Diversity ကို Together with Diversity နဲ့သာဆိုရင်၊ ဟာ့ဒ်ပါဝါနဲ့ကိုရော ဆော့ဖ် ပါဝါကိုရော ပေါင်းသုံးနိုင် တွဲသုံးနိုင်တဲ့ Smart Power နဲ့သာဆိုရင် တောင့်တင်းခိုင်မာသန်မာတဲ့နိုင်ငံ ဖြစ်လာ မှာပါ။ အများကြီး အလားအလာတွေက ရှိနှင့်နေပြီး သာပါ။ အဲဒီအပေါ်မှာ ကျွန်တော်တို့ အခုထိ ပြောင်း လို့မရသေးဘူး။ အဲဒါသည် မော်ဒန်ဒီမိုကရက်တစ် စတိတ်၊ နိုင်ငံတော် ဘယ်အချိန်ဖြစ်မလဲပဲ။ State Building တွေ Nation Building တွေ နည်းလမ်းတွေ အများကြီးရှိပါတယ်၊ အများကြီးပေါင်းစည်းလုပ်ကြ ရမှာပါ။ စစ်မှန်သောဒီမို ကရေစီဖက်ဒရယ် ပြည်ထောင် စု သို့ ရည်ရွယ်ကြရမှာပါ။ ခုနက မော်ဒရေတာက နှစ် ချက်လို့ ပြောထားတယ်၊ ပေမဲ့ ကျွန်တော်ပြောတာ များသွားမယ် ထင်တယ်။ အမှန်က တစ်ချက်တည်း အောက်မှာပဲ ရှိနေသေးတာပါ။ ခုနကဆရာတွေလည်း ပြောသွားကြတဲ့အချက်တွေလည်း အတော်ရှိနေပါ တယ်၊ ကောင်းပါတယ်။ ကျွန်တော်တို့ အဲဒါတွေကို အစည်းအဝေးတွေတိုင်းမှာ ဆွေးနွေးပါ ညှိနှိုင်းပါ၊ ကျွန်တော်တို့ အရပ်စကားနဲ့ပြောရင် တိုင်းရင်းသား တွေရယ်၊ အစိုးရရယ် တပ်မတော်ရယ်ပေါ့ဗျာ။ နောက် တစ်ခု ကျွန်တော် တိုက်တွန်းချင်တာက တိုင်းရင်းသား ပါတီတွေကိုပါ။ ရွေးကောက်ပွဲမှာ အနိုင်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ စာရင်းအရ ရရှိတဲ့ ၄၈ ပါတီ၊ အဲဒီ ၄၈ ပါတီလုံးအပြင် တခြားသော တိုင်းရင်းသားအဖွဲ့အစည်း တွေ၊ တိုင်းရင်းသားတွေသည်လည်း အမြဲတမ်းဆွေး နွေးကြပါ၊ ကိုယ့်ပြည်နယ်ကို ကိုယ် ဘယ်လိုပုံဖော်ကြ ရမည်လဲ ဆိုတာမျိုးတွေပါ။ ဘယ်လိုသွားကြမလဲ ဘယ်လိုတည်ဆောက်ကြမလဲ ကြိုတင်ဆွေးနွေးထား ကြပါ။ ဒါက ဒါတွေက တစ်ချိန်မှာ ဖြစ်ကိုဖြစ်မယ့် ဖြစ်ရမယ့်အရာတွေကို ကြိုတင်ဆွေးနွေးခြင်းပါပဲ။  ဒီနေရာမှာ သင့်တင့်လျောက်ပတ်တယ်၊ ဖြစ်နိုင် တယ်၊ အကျိုးရှိတယ်၊ အကျိုးကျေးဇူးများတယ် ဆိုတာမျိုး တွေ အပေါ်မှာပါ။ အခု ကျွန်တော်တို့သည် ဒီ ဒီမိုက ရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဆိုတာကိုက တစ်ချိန် က Dream ကနေ အခု Hope ဖြစ်လာနေတယ်၊ Hope ကိုကလည်း လုပ်လို့ကိုင်လို့လည်း ရလာနေကြတယ်၊ လုပ်ထုံးလုပ်နည်းတွေ အသေးစိတ်တွေကအစ စဉ်းစား ရာမှာ ပြည်သူမနာသော၊ အကြမ်းမဖက်သော၊ ငြိမ်း ချမ်းသော နည်းလမ်းတွေပေါ့၊ ယဉ်ကျေးမှုအမြင့်သွား တဲ့နည်းလမ်း။ ကိုယ့်ပြည်နယ်ကိုကိုယ် ဘယ်လို ပုံဖော် ကြမလဲ စဉ်းစားကြ ဆွေးနွေးကြပါ။  တရားဥပဒေပိုင်း တွေ ဘယ်လိုသွားကြမလဲ၊ စီးပွားရေးမှာ ဘယ်လိုသွား မယ်၊ ခုနကပြောတဲ့ Geo Politics, Geo Economics တွေ ဘယ်လိုအသုံးချကြမယ် စသဖြင့်တွေ အများကြီး လုပ်ထားစရာတွေ ရှိပါတယ်။ ဒီမိုကရေစီပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ကျွန်တော်တို့ တည်ဆောက် ကြရရာမှာက အင်မတန်ခက်ခဲပါတယ်၊ အဆင့်တွေ အလိုက်ရှိသလို ကျော်သွားလို့ရတာတွေလည်း ရှိပါ တယ်။ လူ့အဖွဲ့အစည်းက ပိုကောင်းတာတွေဆီ မျှော် ရည်ဆက်သွားနေကြရမြဲပါ။ ကိုယ့်စိတ်ကူး၊ ကိုယ့်အိုင်ဒီ ယာတွေကနေ ပေါက်ဖွားလာတာတွေကနေ ဖြစ်လာ တာတွေပါပဲ။ တစ်ကမ္ဘာလုံးဆီကနေ ကောင်းတာတွေ၊ ဖြစ်နိုင်တာတွေ The Whole Society ကနေ ယူပြီး တော့လည်း လုပ်နိုင်ကြတာပါပဲ။ အခုပုံသဏ္ဍာန်သည် ထင်ဟပ် လိုအပ်နေတာကတော့ (နောက် စကားလုံး အရတော့ ဆက်ဆွေးနွေးကြပေါ့လေ အများကြီး ရှိကြ မယ်) လိုအပ်တာက နိုင်ငံရေးတပ်ပေါင်းစု ပုံစံပေါ့လေ၊ အဲဒီအသွင်သဏ္ဌာန်တစ်ရပ်ပါ။ ၂၀ဝ၈ ကိစ္စ၊ ၂၀ဝ၈ ကိစ္စ ပါမယ်၊ တစ်ပိုင်းပေါ့လေ၊ တပ်မတော်လည်း ပါရ မယ်၊ ဆိုလိုတာက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကို ထည့်ပြောတာပါ။ ဘယ်လိုတွေသွားကြမလဲ၊ ကျွန်တော်တို့အားလုံး အတူသွားနိုင်မှသာ ရနိုင်မှာပါ။ ညီညွတ်ရေးကို သေချာပြန်တည်ဆောက်ဖို့ အချိန်အခါ ကတော့ ကျရောက်နေပါပြီ။ ဒါပါ၊ ကျွန်တော်ပြောချင် တာ အဓိကက ဒါပါပဲ။ ကျေးဇူးတင်ပါတယ်။

Zawgyi

အမ်ိဳးသားညီညြတ္ေရးအစိုးရ (သို႔မဟုတ္) ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ေပၚထြန္းေရး စကားဝိုင္းေဆြးေႏြးပြဲ

 

၂၀၂၀ ေရြးေကာက္ပြဲအၿပီး အစိုးရ အသစ္ အေျပာင္းအလဲမလုပ္ခင္ ၾကားကာလ မွာ ျပည္သူေတြၾကား ေရပန္းစားေနတဲ့ အမ်ိဳးသား ညီၫြတ္ေရး အစိုးရဆိုတဲ့ စကား လံုးနဲ႔ ပတ္သက္ၿပီး လာမယ့္ ငါးႏွစ္သက္တမ္းမွာ အရပ္သား အစိုးရက ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ ဒီမိုကေရစီဖက္ဒရယ္ျဖစ္ေပၚေရးဆိုတဲ့ ကိစၥေတြကို  ဘယ္လို ေဖာ္ေဆာင္ သြားမလဲဆိုတာကို အေရြးခ်ယ္ခံ ကိုယ္စားလွယ္မ်ား၊ ႏိုင္ငံေရး ေလ့လာ သံုးသပ္သူ ပညာရွင္ မ်ားျဖင့္ ေဆြးေႏြးခဲ့သည္မ်ားကို စုစည္းတင္ျပလိုက္ပါသည္။

 

ေဒါက္တာ ဗညားေအာင္မိုး

၂၀၁၀ ေရြးေကာက္ပြဲမွာတုန္းက အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ေရးၿမိဳ႕နယ္ကေနၿပီး အမ်ိဳးသားလြတ္ေတာ္ကိုယ္စားလွယ္တစ္ဦးအေနနဲ႔ ျပည္ေထာင္စုလြတ္ေတာ္မွာ ပါဝင္ခဲ့ပါတယ္။ ၂၀၂၀ ေရြးေကာက္ပြဲမွာ ေရးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အေနနဲ႔ ေရြးခ်ယ္ခံခဲ့ရပါတယ္။ အခု ေလာေလာဆယ္က လႊတ္ေတာ္တက္ဖို႔အတြက္ ေစာင့္ ေနပါတယ္။

ဦးေအာင္ျမေက်ာ္

ရခိုင္အမ်ိဳးသားပါတီရဲ႕ အတြင္းေရးမွဴး(၁) တာဝန္ကို ထမ္းေဆာင္ေနပါတယ္။ ၂၀၂၀ ေရြး ေကာက္ပြဲမွာေတာ့ စစ္ေတြၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ အေရြးခ်ယ္ခံထားရပါတယ္။ ၂၀၁၀၊ ၂၀၁၅ ခုႏွစ္တုန္းကေတာ့ ရခိုင္တိုင္းရင္း သားမ်ား တိုးတက္ေရးပါတီ စစ္ေတြၿမိဳ႕နယ္ ျပည္ နယ္ကိုယ္စားလွယ္အျဖစ္ ငါးႏွစ္သက္တမ္း ျဖတ္သန္း ဖူးတဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ယခုလက္ရွိ ကေတာ့ ကိုယ္ပိုင္စီးပြားေရးေတြနဲ႔ ႏိုင္ငံေရး လူမႈေရး လုပ္ငန္းေတြကို လုပ္ေဆာင္ေနပါတယ္။

ဦးမင္းတင္

၁၉၉၉-၂၀ဝ၀ ကစၿပီး အယ္ဒီတာအျဖစ္နဲ႔ ႏိုင္ငံေရးစာေပေလာကထဲကို ဝင္ေရာက္ခဲ့ပါတယ္။ ဒီဘက္ေနာက္ပိုင္းေတြမွာလည္း အယ္ဒီတာ လုပ္ေန ပါတယ္။ စာေတြလည္း ေတာက္ေလွ်ာက္ေရးေနပါ တယ္။ ၂၀၁၂ ကေနစၿပီး ႏိုင္ငံေရးေလ့လာသံုးသပ္သူ အေနနဲ႔ နာမည္တပ္လို႔ရပါၿပီ။ အခုႏိုင္ငံေရးနဲ႔ ပတ္ သက္ၿပီး သုေတသနေတြ လုပ္ပါတယ္။ အရပ္ဖက္ အဖြဲ႕အစည္းေတြနဲ႔ လုပ္သလို NGO ေတြနဲ႔ အေသးစိတ္ ေလ့လာခ်က္ေတြ၊ သုေတသနေတြ၊ ေလ့လာေရး စာတမ္းေတြ လုပ္ပါတယ္။ စာကေတာ့ ဒီႏွစ္ပိုင္းမွာ နည္းနည္းအေရးက်ဲသြားပါတယ္။ ေသခ်ာ ျပန္မိတ္ ဆက္ရရင္ ကြ်န္ေတာ္သည္ စာေရးဆရာ၊ အယ္ဒီတာ၊ ႏိုင္ငံေရး သံုးသပ္သူတစ္ေယာက္ပါ။

ကမၻာမွာ ဒီမိုကေရစီကိုသြားတဲ့အခါမွာ အမ်ိဳးသား ညီၫြတ္ေရးအစိုးရဆိုၿပီးေတာ့ သြားၾကတာေတြ ရွိတယ္။ ၾကားဖူးတယ္။ ဒါ့ေၾကာင့္ ကမၻာေပၚမွာ အမ်ိဳးသားညီၫြတ္ေရး အစိုးရဆိုတာကို ဘယ္လို ႏိုင္ငံေတြက ဘယ္လိုဖြဲ႕စည္းတည္ေဆာက္ၾကလဲ ဆိုတာကို အရင္ဆံုးေဆြးေႏြးေပးေစခ်င္ပါတယ္။

(ဦးမင္းတင္)  Issue က ႏွစ္မ်ိဳးရွိပါတယ္။ အခု အေျပာမ်ားလာၾကတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ေနာက္တစ္ခုကေတာ့ ဒီမိုကေရစီဖက္ထရယ္ ျပည္ ေထာင္စုျဖစ္ပါတယ္။ ဒီႏွစ္ခုက ခ်ိတ္ဆက္ေျပာလို႔ ရသလို တစ္ခုခ်င္း တစ္ရပ္ခ်င္းအေနနဲ႔ ေျပာလို႔လည္း ရပါတယ္။ ကြ်န္ေတာ္တို႔ႏိုင္ငံမွာ ႏိုင္ငံေရးအေၾကာင္း ေျပာမယ္ဆိုရင္ အားလံုးက ခ်ိတ္ဆက္ေနပါတယ္။ အခု အမ်ိဳးသားညီၫြတ္ေရးဆိုၿပီး ထြက္လာတာက ေတာ့ ေရြးေကာက္ပြဲမတိုင္ခင္မွာ ႏိုင္ငံေတာ္ သမၼတ ႐ံုးက ေျပာေရးဆိုခြင့္ရွိသူက စၿပီးထုတ္ေဖာ္ေျပာတယ္ လို႔ ကြ်န္ေတာ္ကေတာ့ သိထားပါတယ္။ အဲဒီမတိုင္ခင္ ကေတာ့ ျပင္ပမွာ တိုင္းရင္းသားပါတီေတြ စသျဖင့္ ၫြန္႔ေပါင္းအစိုးရပါဆိုၿပီး စသျဖင့္ ေျပာၾကပါတယ္။ ကြ်န္ေတာ္တို႔လည္း ေဆြးေႏြးၾက ေျပာၾက ဆိုၾကတာ ေတြ ရွိပါတယ္။ အခ်က္အလက္ေတြအေနနဲ႔လည္း ဒါေတြအကုန္လံုးက သမိုင္းဝင္သြားၾကၿပီျဖစ္ပါတယ္။ အခု ေရြးေကာက္ပြဲၿပီးသြားတဲ့အခ်ိန္မွာ ႏိုဝင္ဘာလ ၁၂ရက္ေန႔မွာ NLD ပါတီက တိုင္းရင္းသား ၄၈ ပါတီ ကို စာပို႔ပါတယ္။ သူ႔ရဲ႕ ေရြးေကာက္ပြဲေၾကညာစာတမ္း ေတြမွာ ပါေနခဲ့တဲ့ တိုင္းရင္းသားအေရးႏွင့္ ျပည္တြင္း ၿငိမ္းခ်မ္းေရးဆိုတဲ့ အမွတ္-၁ မူဝါဒ ဒီအေပၚမွာ မူတည္ၿပီးေတာ့  ကြ်န္ေတာ္တို႔ေတြလည္း ဝိုင္းစဥ္း စားၿပီး ေဆြးေႏြးခဲ့ၾကပါတယ္။ အထူးသျဖင့္ သက္ ဆိုင္ရာ တိုင္းရင္းသား ႏိုင္ငံေရးပါတီေတြက ေဆြးေႏြး ၾကပါတယ္။ အျပဳသေဘာနဲ႔ ျပန္တုန္႔ျပန္လာတာမ်ိဳး ေတြလည္း ေတြ႕ရသလို အခုထိ ေဆြးေႏြးေနတာေတြ လည္း ေတြ႕ရပါတယ္။ ကြ်န္ေတာ္တို႔ ၾကည့္မယ္ဆို ကမာၻမွာၾကည့္မယ္ဆို ေတာင္ဖရိက မိုဒယ္လို ယူဆၾကပါတယ္။ အေသးစိတ္အခ်က္အလက္ေတြက ေနာက္ပိုင္းမွာ ျပန္ေျပာလို႔ရပါတယ္။ သိလည္း သိၾက မယ္လို႔ ထင္ပါတယ္ခင္ဗ်၊ ၁၉၉၀ မွာ Nelson Mandela ျပန္လြတ္တယ္။ ANC ျပန္ဖြဲ႕တယ္။ အဲဒီ အခ်ိန္မွာ ေတာင္အာဖရိကရဲ႕ လူမည္း ၈၀%ရွိတယ္။ ကြ်န္ေတာ္တို႔လိုပဲ မ်ိဳးတူ၊ မ်ိဳးႏြယ္စုေတြ တအားမ်ား ပါတယ္။ လူမည္းေတြမွာပါ။ အဲဒီေတာ့ အာဏာကိုင္ ထားတာက လူျဖဴ ၇.၉% သူတို႔ေတြ ညႇိၾကတယ္။ သူတို႔နဲ႔ ကြ်န္ေတာ္တို႔နဲ႔မတူတာက ကြ်န္ေတာ္တို႔က အာဏာရွင္ေအာက္ကေန ႐ုန္းထြက္လာတဲ့ ႏိုင္ငံျဖစ္ပါ တယ္။ သူတို႔ေတြကေတာ့ အသားေရာင္ခြဲျခားမႈကို ေရွ႕တန္းတင္ထားတဲ့ ႏိုင္ငံျဖစ္တယ္။ အဲဒီမွာ ပဋိပကၡ ေပါင္းေျမာက္ျမားစြာ အၾကပ္အတည္းေပါင္းမ်ားစြာနဲ႔ ရင္ဆိုင္ရတယ္။ အဲဒီေတာ့ ေတာင္အာဖရိကက ANC နဲ႔ ႏိုင္ငံေရးပါတီေပါင္းစံု ေဆြးေႏြးၾကတယ္။ အဲဒီ အခ်ိန္မွာ ဘံုရည္မွန္းခ်က္တူလာတယ္။ ေရြးေကာက္ပြဲ လုပ္မယ္။ ယာယီဖြဲ႕စည္းပံုအေျခခံဥပေဒသြားရမယ္။ အဲဒီမွာ အမ်ိဳးသားညီၫႊတ္ေရးအစိုးရအေနနဲ႔ သြားၾက တယ္။ အဲဒါကိုလည္း ရခဲ့ၾကတယ္။ ၁၉၉၄ မွာ ေရြး ေကာက္ပြဲက်င္းပါတယ္။ ဒါေပမဲ့ သူတို႔ေရြးေကာက္ပြဲက PR စနစ္ပါ။ ႀကိဳတင္ျပင္ဆင္မႈနဲ႔ သြားတာပါ။ PR စနစ္မွာလည္း အစိုးရဖြဲ႕ႏိုင္ဖို႔ ANC က မရခဲ့ပါဘူး။ လြတ္လြတ္ကြ်တ္ကြ်တ္မႏိုင္ခဲ့ပါဘူး။ ဒါ့ေၾကာင္လဲ အမ်ိဳးသားညီၫြတ္ေရး၊ အမ်ိဳးသားသင့္ျမတ္ေရးဆိုၿပီး ျပန္လည္သံုးခဲ့ၾကတာေတြရွိပါတယ္။ ေရြးေကာက္ပြဲမွာ ကိန္းေသေတြရွိပါတယ္။ ေရြးေကာက္ပြဲမွာ ၁၀%၊ ၂၀% ႏိုင္ရမယ္ဆိုၿပီးေတာ့ စသျဖင့္ေပါ့ အဲဒီေလာက္ ႏိုင္ၿပီးေတာ့မွ ႏိုင္ငံေရးပါတီေတြက အမ်ိဳးသားညီၫြတ္ ေရးကို ဝင္ပါ အဲဒီမွာ ဖြဲ႕စည္းပါလို႔ ေျပာတယ္။ ေနာက္ တစ္ခုက ေတာင္အာဖရိကမွာ စစ္ဖက္ေတြ အဲဒီက တည္းက မပါခဲ့ပါဘူး။ အေစာႀကီးထဲက မပါခဲ့ပါဘူး။ အဲ့တစ္ခုက အေရးႀကီးပါတယ္။ စဥ္းစားစရာရွိတာက ဒီမိုကေရစီအကူးအေျပာင္းလို႔ေခၚတဲ့ တခ်ိဳ႕က အသြင္ ကူးေျပာင္းေရးလို႔ ေခၚၾကတဲ့အခါမွာ သြားရတဲ့ Contacts ေတြလို႔ ေခၚပါတယ္။ ႏိုင္ငံေရး သိပၸံအရ containment politics လို႔ ေခၚပါတယ္။ containment politics ကိုၾကည့္ရင္ အခ်က္ ေလးခ်က္ ထြက္လာ ပါတယ္။ ၁၉၉၀ အထိ ၾကည့္လာတဲ့ စစ္အာဏာရွင္ စနစ္ကျဖစ္ေစ တစ္ဦးတည္း အာဏာရွင္ စနစ္က ျဖစ္ေစ ပါတီတစ္ခုခု အဖြဲ႕အစည္းတစ္ခုခုက ခ်ဳပ္ကိုင္ လိုက္တဲ့ အာဏာရွင္ စနစ္ကေနျဖစ္ေစ ႐ုန္းထြက္ႏိုင္ခဲ့ တဲ့ ႏိုင္ငံ ၃၅ ႏိုင္ငံရွိခဲ့ပါတယ္။ အဲဒီထဲမွာ အမ်ိဳးမ်ိဳး ေသာ ပံုစံေတြနဲ႔ သြားၾကပါတယ္။ အမ်ိဳးသား ညီၫြတ္ ေရး စနစ္နဲ႔လည္း သြားတယ္။ power sharing နဲ႔ သြားတာလည္းရွိတယ္။ ၁၉၉၀ မွာ NLD က အမ်ိဳး သားညီၫႊတ္ေရး ပံုသဏၭာန္၊ ႏိုင္ငံေရးနဲ႔ ေပါင္းစည္းတဲ့ ပံုသဏၭာန္ ေျပာလာေပမယ့္ ေဖာ္ေဆာင္ခြင့္မရခဲ့ပါဘူး။ ဒီဖက္ ၂၀၁၁ မွာ ပါဝင္လာတယ္။ ၂၀၁၆ အခု ၂၀၂၁ မွာ ပါဝင္လာတယ္။ ဒါကို ကြ်န္ေတာ္တို႔က မွန္မွန္ ေရြ႕ေရြ႕တက္လာတဲ့ တိုးတက္မႈလို႔ ေခၚပါတယ္။ နံပါတ္တစ္ စီးပြားေရး သိပ္က်ေနရင္ အဲဒီႏိုင္ငံက ဒီမိုကေရစီ ကူးေျပာင္းဖို႔ သိပ္ခက္ပါတယ္။ ၿပီးေတာ့ ေကာင္းမြန္စြာညႇိႏိႈင္းမႈမရွိ၊ တည္ေဆာက္မႈမရွိႏိုင္ဘဲနဲ႔ သြားလို႔ရွိရင္ အကြဲကြဲအျပားျပားျပန္ျဖစ္မွာပါ။ ကြ်န္ေတာ္တို႔ႏိုင္ငံကို အမ်ိဳးမ်ိဳး ေခါင္းစဥ္တပ္ေနတာ ေတြရွိပါတယ္။ ျပင္းျပင္းထန္ထန္ကြဲေနတယ္။ ႀကီးႀကီး မားမားကြဲေနတယ္ဆိုတဲ့ဟာမ်ိဳးေတြ ေျပာၾကပါတယ္။ အဲ့အဆင့္ကို မေက်ာ္ျဖတ္ႏိုင္ဘူးလား။ ကိုယ့္ကိုကို ေမးရမယ္။ အားလံုးစုေပါင္းၿပီးျပန္လည္ေမးရမယ့္ အေနအထားပါ။ အရပ္ဖက္ စစ္ဖက္ ဆက္ဆံေရးပါ။ အဲ့တာေျပလည္မွလည္း အဆင္ေျပမွာပါ။

ကြ်န္ေတာ္တို႔ႏိုင္ငံမွာ အမ်ိဳးသားညီၫြတ္ေရး အစိုးရတစ္ရပ္ကို တကယ္ပဲတည္ေဆာက္ႏိုင္မလား။ တကယ္လို႔ တည္ေဆာက္မယ္ဆိုရင္ ဘယ္လို အားသာခ်က္၊ အားနည္းခ်က္ေတြရွိေနမလဲ။

(ဗညားေအာင္မိုး) ႏိုင္ငံအေနနဲ႔ကေတာ့ တိုင္း ရင္းသားလူမ်ိဳးအရ ကြဲျပားမႈက မ်ားပါတယ္။ တိုင္းရင္း သားလူမ်ိဳးကြဲျပားမႈမ်ားသေလာက္ တန္းတူအခြင့္ အေရး မရွိတာ၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္မရွိတာေၾကာင့္ တိုင္းျပည္မွာ ျပသာနာျဖစ္လာတာ ႏွစ္၇၀ ေက်ာ္ပါၿပီ။ တိုင္းျပည္မွာ ျပည္တြင္းစစ္ ဘဝကေနၿပီး မလြတ္ ေျမာက္ႏိုင္ေသးဘူး။ ျပည္တြင္းစစ္အေျခအေနကို မရပ္ဆိုင္းႏိုင္ေသးတဲ့ အေျခအေနျဖစ္ပါတယ္။ ကြ်န္ေတာ္တို႔ ႏိုင္ငံကလည္း ျပည္တြင္းစစ္ေၾကာင့္ အင္မတန္ ဆင္းရဲလာတယ္။ အျမင္မတူ အျမင္ေတြ ကြဲျပားလာတယ္။ ေသြးကြဲတဲ့အဆင့္အထိ ျဖစ္လာတဲ့ အခ်က္အခ်ိဳ႕လည္းရွိခဲ့ပါတယ္။ ဒီလိုမ်ိဳးျဖစ္ေနတာကို လ်စ္လ်ဴ႐ွဴၿပီး ဆက္သြားမယ္ဆိုရင္ တျခားကိစၥက လည္း အမ်ားႀကီးရွိပါတယ္။ ဥပမာအားျဖင့္ ကြ်န္ေတာ္ တို႔ ႏိုင္ငံက တိုင္းရင္းသားစည္းလံုးညီၫြတ္မႈ မရွိတဲ့ အေျခအေနမွာ ကြ်န္ေတာ္တို႔က ႏိုင္ငံႀကီး ႏွစ္ႏိုင္ငံရဲ႕ ၾကားမွာတည္ရွိေနတယ္။ ေနာက္ၿပီးေတာ့ အျခားႏိုင္ငံ ေတြရဲ႕ အေဝးက အင္အားႀကီးႏိုင္ငံေတြရဲ႕ အားၿပိဳင္မႈ ေတြ ရွိေနၾကတယ္။ ဒီ့အျပင္ကို ကြ်န္ေတာ္တို႔ အစိုးရ တပ္မေတာ္ကေနၿပီးေတာ့ တိုင္းျပည္အေပၚမွာ လူမ်ိဳးစုေတြအေပၚမွာ မွားယြင္းခဲ့တဲ့အမွားေတြေၾကာင့္ ႏိုင္ငံတကာမွာ ဖိအားေတြဝင္လာပါတယ္။ ဒါ့အျပင္ ကြ်န္ေတာ္တို႔ႏိုင္ငံက ကိုဗစ္ ၁၉ ကပ္ေရာဂါ ေဘးဒဏ္ ဟာ အခုေတာ့ မသိသာေသးဘူး။ ကြ်န္ေတာ္တို႔ သိရမွာက ႏိုင္ငံမွာ အင္မတန္ ထိခိုက္နစ္နာေနၿပီ။ ေရာဂါ ၿပီးသြားရင္လည္း ကြ်န္ေတာ္တို႔ ႏိုင္ငံက စီးပြား ေရး၊ လူမႈေရးမွာ အမ်ားႀကီးထိခိုက္မယ္ဆိုတာ ေသခ်ာပါတယ္။ ျပည္တြင္းစစ္ေၾကာင့္ေကာ၊ ကပ္ေဘး ေရာဂါေၾကာင့္ေကာ ကြ်န္ေတာ္တို႔ႏိုင္ငံက ဆင္းရဲဆံုး အေျခအေနမွာ ေရာက္ေနတာေကာ၊ ႏိုင္ငံတကာ ဖိအားေတြေကာ အဲဒီလိုအေျခအေနမွာ တိုင္းရင္းသား စည္းလံုးညီၫြတ္ေရးကို တည္ေဆာက္ဖို႔ဆိုတာ တကယ့္ကို လိုအပ္ခ်က္ပါ။ ဆိုတာက ကြ်န္ေတာ္တို႔ ႏိုင္ငံေရးေခါင္းေဆာင္ေတြက ျမင္မယ္လို႔ ထင္ပါတယ္။ ဒါဟာ အားသာခ်က္ပါပဲ။ ခ်ိဳ႕ယြင္းခ်က္ေတြအားလံုးက  အေတြ႕အႀကံဳေတြကို သင္ခန္းစာယူဖို႔ အားသာခ်က္ပဲ လို႔ ယူဆပါတယ္။ အဲဒါေၾကာင့္ ကြ်န္ေတာ္တို႔မွာ အမ်ိဳးသားညီၫြတ္ေရး အစိုးရတည္ေဆာက္ဖို႔ လိုအပ္ တယ္ဆိုတဲ့အခ်က္ကို ကြ်န္ေတာ္တို႔အေနနဲ႔ လက္ခံၿပီး သားပါ။ အခု NLD ပါတီကေန ႏိႈးေဆာ္တဲ့စကား၊ ႏိႈးေဆာ္တဲ့စာကို ႀကိဳဆိုပါတယ္။ တကယ္အမ်ိဳးသား ညီၫြတ္ေရး အစိုးရကို တည္ေဆာက္မွာလား။ တကယ္ တမ္းတည္ေဆာက္ဖို႔ ဖိတ္ေခၚလာရင္ေတာ့ ေဆြးေႏြး ဖို႔ စဥ္းစားဖိုရွိတယ္လို႔ ဆံုးျဖတ္ထားပါတယ္။ ကြ်န္ေတာ့္ အျမင္ပါ။ ေရြးေကာက္ပြဲကာလမွ ၁၉၉၀ ကတည္းက NLD က ဒီလိုစကားမ်ိဳးေျပာပါတယ္။ တိုင္းရင္းသား ညီၫြတ္ေရးအတြက္ ဖက္ဒရယ္ အမ်ိဳးသား အခြင့္ အေရး ဒါေတြကိုေျပာလာတယ္။ NLD က အာဏာ မရခင္ေျပာခဲ့တာပါ။ ၂၀၁၅ မွာလည္း ေျပာတယ္။ ဒါေပမယ့္ ဘာမွ လက္ေတြ႕က်က် အေကာင္အထည္ ေဖာ္တာ မရွိဘူး။ ဒီတစ္ခါ စကားလံုးနည္းနည္းေျပာင္း ၿပီးေတာ့ ေျပာလာတယ္။ နည္းနည္းပိုအဆင့္ျမင့္တဲ့ စကားလံုးေျပာလာတယ္။ အမ်ိဳးသားညီၫြတ္ေရး အစိုးရဆိုတဲ့ စကားလံုးက အင္မတန္အဆင့္ျမင့္တယ္။ ၫႊန္႔ေပါင္းအစိုးရထက္ကို ပိုၿပီးက်ယ္ျပန္႔တဲ့ စကားပါ။ ဒီေရြးေကာက္ပြဲမွာ မမွန္မကန္ေတြအမ်ားႀကီး၊ တိုင္း ရင္းသားစည္းလံုးညီၫႊတ္မႈကို ထိခိုက္တဲ့ လုပ္ရပ္ေတြ အမ်ားႀကီး ရွိခဲ့တယ္။ အဲဒီလိုအေျခအေနမွာ ၾကား ေကာင္းေအာင္၊ တိုင္းရင္းသားေတြလည္း အမ်ားႀကီး အဖိခံခဲ့ရပါတယ္။ ဒီေရြးေကာက္ပြဲမွာ။ အဲဒီေတာ့ တိုင္းရင္းသားေတြၾကားေကာင္းေအာင္ နားထဲကို ပ်ားရည္ေလာင္းသလားလို႔ သံသယျဖစ္စရာရွိပါတယ္။ ဒါေပမယ့္ အဲဒီအဆိုကိုေတာ့ ကြ်န္ေတာ္တို႔ ႀကိဳဆိုပါ တယ္။ NLD ရဲ႕ လုပ္ရပ္ကို ၾကည့္ၿပီးေတာ့ ကြ်န္ေတာ္ တို႔ စဥ္းစားဆံုးျဖတ္သြားပါမယ္။

(ဦးေအာင္ျမေက်ာ္) ကြ်န္ေတာ့္အေနနဲ႔ကေတာ့ NLD အစိုးရက အမ်ိဳးသားညီၫြတ္ေရးအစိုးရဆိုၿပီး ေျပာလာပါတယ္။ ႏိုင္ငံတကာက အမ်ိဳးသားညီၫြတ္ ေရးကို ေလ့လာၾကည့္တဲ့အခါမွာ အမ်ားအားျဖင့္ အေရးေပၚအေျခအေနျဖစ္လာမွသာ အမ်ိဳးသား ညီၫြတ္ေရးအစိုးရဆိုၿပီး ေခၚၾကတာကို ေတြ႕ရပါ တယ္။ အမ်ားအားျဖင့္ ႐ိုး႐ိုးသာမာန္ဆိုရင္ ၫႊန္႔ေပါင္း အစိုးရလို႔ ေခၚၾကပါတယ္။ ဥပမာ – အေမရိကန္ႏိုင္ငံ ဆိုရင္ ျပည္တြင္းစစ္ျဖစ္တဲ့အခ်ိန္မွာ သမၼတက Abraham Lincoln က သူဒုတိယ သမၼတ သက္တမ္း ကို ႏိုင္တဲ့အခ်ိန္မွာ အမ်ိဳးသားညီၫြတ္ေရးျဖစ္ဖို႔ သူ႔ရဲ႕ ဆန္႔က်င္ဖက္ပါတီျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီက လူကို ဒုသမၼတအေနနဲ႔ ခန္႔ခဲ့တဲ့ သာဓကေတြရွိပါတယ္။ အဲဒါ က ဘာလဲဆိုရင္ အေမရိကန္ႏိုင္ငံထဲမွာ ျပည္တြင္းစစ္ ျဖစ္ေနတယ္။ ျပည္တြင္းစစ္ကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ႏိုင္ငံေရးပါတီေတြက ညီညီၫြတ္ၫြတ္နဲ႔ ျပည္တြင္းစစ္ ကို အဆံုးသတ္ဖို႔အတြက္ ငါတို႔ ညီၫြတ္တဲ့အစိုးရအျဖစ္ လုပ္ၾကမယ္ဆိုတဲ့ အေလ့အက်င့္ကို အေမရိကန္ႏိုင္ငံ မွာ အမ်ိဳးသားညီၫြတ္ေရး အစိုးရေနနဲ႔ အေရးေပၚျဖစ္ ေနတဲ့ ကိစၥေတြမွာသာ လုပ္ၾကပါတယ္။ ေနာက္တစ္ခု က အာရွႏိုင္ငံျဖစ္တဲ့ နီေပါဆိုရင္လည္း အဲဒီလိုပါပဲ။ နီေပါမွာလည္း ပဋိပကၡေတြ အမ်ားႀကီးျဖစ္ၿပီး ကြ်န္ေတာ္တို႔ႏိုင္ငံလိုပဲ ဖြဲ႕စည္းပံုကို ႏွစ္ေပါင္းမ်ားစြာ ေဆြးေႏြးၿပီး အတိုက္အခံပါတီေတြနဲ႔ ညႇိႏိႈင္းလို႔မရဘူး။ ညႇိႏိႈင္းလို႔မရတဲ့အခ်ိန္မွာ ၂၀၁၅မွာ အႀကီးအက်ယ္ ငလ်င္လႈပ္ပါတယ္။ ငလ်င္ေဘးႀကံဳရပါတယ္ နီေပါမွာ။ ငလ်င္ေဘးျဖစ္ေတာ့ လူအေသအေပ်ာက္ သိန္းနဲ႔ခ်ီၿပီး ရွိတဲ့အတြက္ ႏိုင္ငံေရးပါတီေတြက ဒီအတိုင္းအျငင္း အခုန္သြားေနရင္ ႏိုင္ငံရဲ႕ စီးပြားေရးက ေတာ္ေတာ္ ေလး ထိခိုက္လာမယ္။ ဒါ့ေၾကာင့္ ၿငိမ္းခ်မ္းၾကမယ္ ဆိုၿပီးေတာ့ လုပ္လိုက္တဲ့အခ်ိန္မွာ ဖြဲ႕စည္းပံုမွာ အျငင္း ပြားေနတဲ့က႑ေတြကိုဖယ္ၿပီး ေရွ႕ကိုသြားလို႔ရမယ့္ နည္းလမ္းကိုလုပ္လိုက္ၾကပါတယ္။ဆရာမင္းတင္လည္း ေျပာသြားပါတယ္။ ေတာင္အာဖရိကမွာလည္း လူျဖဴနဲ႔ လူမဲျဖစ္ေနၾကတဲ့အခ်ိန္မွာ အေရးေပၚအေနနဲ႔ ၁၀% ႏိုင္တဲ့ ပါတီေတြကို စုေပါင္းၿပီးသြားၾကမယ္ဆိုၿပီး ေရွ႕ဆက္သြားလိုက္တာမွာ ၁၉၉၄ မွာ ျပန္ၿပီး အထိုင္ က်သြားပါတယ္။ ထပ္ၿပီးေျပာရရင္ အစၥေရးမွာလည္း အဲဒီလိုပါပဲ။ ႏိုင္ငံေတြ ေတာ္ေတာ္မ်ားမ်ားက အမ်ိဳး သားညီၫြတ္ေရးအစိုးရဆိုတဲ့ ၫႊန္႔ေပါင္းအစိုးရလို ျဖစ္သြားတာေပါ့။ ၫြန္႔ေပါင္းအစိုးရလို႔ ဘာလို႔ျဖစ္ရလဲ ဆိုေတာ့ အဲဒီႏိုင္ငံေတြမွာ ေရြးေကာက္ပြဲစနစ္မွာ PR စနစ္ကို သံုးၾကတာပါ။ PR စနစ္ကို သံုးၾကတဲ့အခါမွာ အစိုးရမဖြဲ႕ႏိုင္ဘူး။ မဖြဲ႕ႏိုင္တဲ့အခ်ိန္မွာ အမ်ိဳးသား ညီၫြတ္တဲ့အစိုးရဆိုၿပီး ဖြဲ႕ၾကတဲ့အပိုင္းေတြရွိၾကတာ ေပါ့။ အဓိကအေနနဲ႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရကို အေရးေပၚျဖစ္ေနတဲ့အခ်ိန္မွသာ ဖြဲ႕တာကိုေတြ႕တာပါ။ က်န္တဲ့အခ်ိန္မွာေတာ့ ၫႊန္႔ေပါင္းအစိုးရကို ဖြဲ႕တာပဲ ေတြ႕ရပါတယ္။ ကြ်န္ေတာ္တို႔ ႏိုင္ငံမွာဆိုရင္ အမ်ိဳး သားညီၫြတ္ေရးဖြဲ႕မယ္ဆိုၿပီး ေျြကးေၾကာ္လာပါတယ္။ ကြ်န္ေတာ္တို႔ ေလ့လာၾကည့္တဲ့အခါမွာေတာ့ NLD ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိတဲ့သူက ေျပာတာကို မေတြ႕ရ ဘူး။ အစိုးရရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးေျပာတာ ကိုေတာ့ ေတြ႕ရပါတယ္။ ကြ်န္ေတာ္တို႔ ေသခ်ာဖတ္ ၾကည့္ပါတယ္။ NLD က ပို႔တဲ့စာကို ဖတ္ၾကည့္တဲ့အခါ မွာ အမ်ိဳးသားညီၫြတ္ေရးဆိုတဲ့ အသံုးအႏႈန္းတစ္လံုး မွ မပါဘူး။ သူရဲ႕အသံုးအႏႈန္းက ဒီမိုကေရစီ ဖက္ ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတဲ့ အသံုး အႏႈန္းပဲ ပါလာတယ္။ အဲဒီေနရာမွာ NLD က အမ်ိဳး သားညီၫြတ္ေရးျဖစ္ဖို႔အတြက္ သူတို႔ပါတီရဲ႕ သေဘာ ထားလား။ သို႔မဟုတ္ အစိုးရရဲ႕ ေျပာေရးဆိုခြင့္ရွိတဲ့ ဦးေဇာ္ေဌးရဲ႕ သေဘာထားလားဆိုတာကိုေတာ့ သံသယရွိပါတယ္။ အဲဒီလိုမ်ိဳးဆိုရင္ ႏိုင္ငံတကာမွာ ရွိေနတဲ့ အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ ကြ်န္ေတာ္ တို႔ႏိုင္ငံမွာ ဘယ္လိုမ်ိဳး ဖြဲ႕မွာလဲ။ ကြ်န္ေတာ္တို႔ ျမန္မာ ႏိုင္ငံရဲ႕ အေျခအေနအရ အခုခ်ိန္မွာ အမ်ိဳးသားညီၫြတ္ ေရးအစိုးရဖြဲ႕ဖို႔ဆိုတာ မလြယ္ကူပါဘူး။ ဘာလို႔လဲဆို ေတာ့ ကြ်န္ေတာ္တို႔ႏိုင္ငံက တျခားႏိုင္ငံေတြနဲ႔မတူဘူး။ ဘာမတူလဲဆိုရင္ တျခားႏိုင္ငံမွာက ပါတီဆိုရင္ ပါတီ သီးသန္႔၊ တပ္မေတာ္ဆိုရင္လည္း တပ္မေတာ္သီးသန္႔။ တပ္မေတာ္က ႏိုင္ငံေရးထဲ ဝင္ၿပီးမစြက္ဖက္ဘူး။ ဒါေပမယ့္ ကြ်န္ေတာ္တို႔ႏိုင္ငံမွာက တပ္မေတာ္က ႏိုင္ငံေရးထဲမွာ ၂၅% ယူထားပါတယ္။ အဲဒီေတာ့ ကြ်န္ေတာ္တို႔ တိုင္းရင္းသားပါတီ EAO အဖြဲ႕အေနနဲ႔ လည္း သူတို႔လည္း ရာခိုင္ႏႈန္းတစ္ခုမရသင့္ဘူးလား။ အမ်ိဳးသားညီၫြတ္ေရးအဖြဲ႕ဖြဲ႕မယ္ဆိုရင္ အကုန္လံုး ပါဝင္ႏိုင္တဲ့ အစိုးရျဖစ္ဖို႔လိုပါတယ္။ အဲဒီလိုမွမဟုတ္ ဘူးဆိုရင္ ေျပာမယ္ဆိုရင္ ပါတီေတြအေနနဲ႔လည္း လုပ္တယ္။ တပ္မေတာ္ကလည္း သီးသန္႔မေနဘဲ ႏိုင္ငံေရးထဲပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ရဲ႕ အခန္းက႑ဘက္ကေျပာရမယ္ဆိုရင္ ႏိုင္ငံေရးထဲကို တပ္မေတာ္ဝင္ရင္ သူတို႔လည္း ဝင္ခ်င္မွာပဲ။ အဲဒါ ေၾကာင့္ EAO အဖြဲ႕ေတြကို ႏိုင္ငံေရးထဲ ဘယ္လို ပံုေဖာ္ ၿပီး ထည့္မလဲ။ အဲဒါကလည္း အမ်ိဳးသားညီၫြတ္ေရး အစိုးရအဖြဲ႕ျဖစ္ဖို႔အတြက္ အဲဒီအပိုင္းကိုလည္း စဥ္းစား ဖို႔လိုမယ္လို႔ ကြ်န္ေတာ္ကေတာ့ ထင္ပါတယ္။

(ဦးမင္းတင္) ကြ်န္ေတာ္တို႔ လက္ရွိအေနအထား အရ ေရြးေကာက္ပြဲဆက္ၿပီးႏိုင္လာတဲ့ NLD ပါတီရွိ မယ္။ တစ္ဖက္မွာလည္း တိုင္းရင္းသားပါတီေတြရွိမယ္။ ႏိုင္ငံေရးပါတီေတြရွိပါတယ္။ တပ္မေတာ္ရွိမယ္။ အရပ္ ဖက္ စစ္ဖက္ေျပျပစ္မႈသာ၊ ႏူးညံ့သိမ္ေမြ႕မွသာ အဆင္ ေျပမွာပါ။ ဖိုခေနာက္ဆိုင္မွာ ဘယ္လိုလုပ္မလဲ။ ဘယ္လိုေရွ႕ဆက္သြားမလဲ။ အမ်ိဳးသားညီၫြတ္ေရး အစိုးရျဖစ္ေစ၊ ၫြန္႔ေပါင္းအစိုးရျဖစ္ေစ၊ အခုလည္း ျငင္းၾကခုန္ၾကတာေတြရွိပါတယ္။ ဒီအေပၚမွာလည္း ျပန္ၿပီး အေျဖရွာရမွာပါ။ ဘယ္လိုပံုစံနဲ႔ ပိုေကာင္း ေအာင္သြားရမလဲ။ အဓိကçကေတာ့ NLD က ဆံုးျဖတ္ ရမွာပါ။ တိုင္းရင္းသားပါတီေတြကို ေပးပို႔ထားတဲ့ စာအရသြားမယ္ဆိုရင္ ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒ အၾကပ္အတည္းရွိတယ္။ ျပည္တြင္းၿငိမ္းခ်မ္းေရး အၾကပ္အတည္းရွိပါတယ္။ အဲဒီကာလမွာလည္း  အခု ေရြးေကာက္ပြဲအေပၚမွာ ေျပာၾကဆိုၾက ေဆြးေႏြးၾက တာေတြရွိပါတယ္။ အဲဒါေတြမွာ တစ္ခ်က္ေပါ့။ ဖြဲ႕ၿပီ ဆိုရင္ နည္းလမ္းက ၃ ခုရွိပါတယ္။ ၂၀၁၅ တုန္းကႏိုင္ ၿပီး ၂၀၁၆ မွာ NLD က ဖြဲ႕သြားသလိုမ်ိဳးဖြဲ႕သြားမွာလား။ အုပ္ခ်ဳပ္ေရးပိုင္းတစ္ခုကိုမဟုတ္ပါဘူး။ လႊတ္ေတာ္နဲ႔ တရားစီရင္ေရးကိုလည္း ၾကည့္ရပါတယ္။ အဲဒီအေန အထားကို က်ယ္က်ယ္ျပန္႔ျပန္႔ သံုးသပ္မယ္ဆိုရင္ ပိုေကာင္းမယ္ထင္ပါတယ္။ ကြ်န္ေတာ္တို႔က အခ်ိန္ မရတာလည္း ပါပါတယ္။ ဘယ္ဝန္ႀကီး ဘယ္ေလာက္ ပါႏိုင္မလဲ။ အႏိုင္ရပါတီက ဘယ္ေလာက္ပါႏိုင္မလဲ။ တိုင္းရင္းသားေရးရာ ဘယ္လိုျဖစ္ႏိုင္မလဲ။ တိုင္းရင္း သားေရးရာ ဝန္ႀကီးဌာကို လုပ္ငန္းေတြခ်ဲ႕ၿပီးေတာ့ လုပ္မလား။ ဒါမွမဟုတ္ အစိုးရမဖြဲ႕ခင္မွာ တိုင္းရင္း သားပါတီေတြနဲ႔ ေရေရရာရာ ညႇိမလား။ ဘံုသေဘာ တူညီခ်က္ေတြ ဆြဲထုတ္ႏိုင္မလား။ ဒီအထိကေတာ့ တပ္မေတာ္သည္ ဝင္ေရာက္စြက္ဖက္ခြင့္မရွိတဲ့ ဧရိယာ ျဖစ္ေနပါတယ္။ လႊတ္ေတာ္ထဲမွာ ထိုင္ေစာင့္ေနမွာပဲ။ အုပ္ခ်ဳပ္ေရးမွာ အေရးႀကီးဆံုးျဖစ္တဲ့ တိုင္းရင္းသား အေရးနဲ႔ပတ္သတ္တဲ့ နယ္စပ္ေရးရာမွာ ပါဝင္ေနပါ တယ္။ က်န္တဲ့ ျပည္ထဲေရး၊ ကာကြယ္ေရး ဝန္ႀကီးဌာန ၃ ခုအေနနဲ႔ကေတာ့ ရွိေနမွာပါ။ တစ္ပတ္ျပန္လည္ လာၿပီး NLD က ၂၀၁၆ တုန္းကလိုပဲ အုပ္ခ်ဳပ္ေရး ယႏၱရားကို ဖြဲ႕မလား။ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးေတြ မွာရွိတဲ့ အစိုးရအဖြဲ႕ေတြကို ဘယ္လိုဖြဲ႕မွာလည္း လက္ရွိ ကေတာ့ NLD ၈၃%  ေက်ာ္နဲ႔ ႏိုင္ထားတဲ့အတြက္ သူသည္ဖြဲ႕မွာပါပဲ။ လႊတ္ေတာ္ မွာ တိုင္းရင္းသားေတြနဲ႔ ဖြဲ႕မွာ လား။ ဒါမွမဟုတ္ စစ္ဖက္ ေခါင္းေဆာင္ေတြထဲက အၿငိမ္းစားယူလာတဲ့ စသျဖင့္ ဖြဲ႕မွာလား။  ရွမ္းျပည္နယ္ လႊတ္ေတာ္အခင္းအက်င္းက အင္မတန္စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ ကိန္း ဂဏာန္းေတြက သြားညီ ေနပါ တယ္။ တူတူေတြျဖစ္ေနပါ တယ္။ တိုင္းရင္းသားပါတီ ေတြက NLD ဘက္လိုက္မယ္ ဆိုရင္ ဘယ္လိုလဲ။ ျပည္ခိုင္ ၿဖိဳးနဲ႔တပ္မေတာ္က ဘယ္လို လဲသိၾကမွာပါ။ အဲဒါေတြကို ထည့္စဥ္းစားမယ္။ က်ယ္ က်ယ္ျပန္႔ျပန္႔ ေထာင့္စံုထည့္ စဥ္းစားၾကမယ္ဆိုရင္ေတာ့ NLD အေနနဲ႔ ျပည္ေထာင္စု အစိုးရမဖြဲ႕ခင္မွာ ညႇိမလား။ ဒါမွမဟုတ္ ဘံုအေျဖဆြဲထုတ္ ႏိုင္ၾကမလား။ ဘယ္ေတာ့စမလဲ။ ဝန္ႀကီးဌာနေတြမွာ အေျပာင္း အလဲလုပ္ၿပီး NPRC အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ကလည္း သြားမလား ေတြးထားရပါမယ္။ ျဖစ္လာမယ္ မျဖစ္လာဘူးဆို တာက ဘယ္စံခ်ိန္နဲ႔ တိုင္းတာရမွာလည္း။ ႐ိုး႐ိုးေလး ပါပဲ ေအာင္ျမင္သြားမွာပဲ ဒီစံႏႈန္းေတြက ကိုက္တယ္လို႔ ေျပာရမွာပါ။ သီအိုရီထဲမွာရွိေနတာေတြေျပာရရင္ ဒီမိုကေရစီႏိုင္ငံေတြက ဘယ္တုန္းကမွ မိုဒယ္မတူပါ ဘူး။ ၫႊန္႔ေပါင္းအစိုးရသ႑ာန္ေတြ အမ်ိဳးသား ညီၫႊတ္ေရးေတြက ဘယ္တုန္းကမွ မိုဒယ္ေတြမတူ ၾကပါဘူး။ ထည့္သြင္းစဥ္းစားၾကတာပဲရွိပါတယ္။ ကမၻာႀကီးက အမွတ္သ႐ုပ္လကၡာဏာ ႏိုင္ငံေရး ဘက္ကို ပိုၿပီးတိမ္းလာတာရွိတဲ့ အတြက္ ႏိုင္ငံေတြနဲ႔ ခ်ီၿပီး စဥ္းစားၾကတာပါ။ ကြ်န္ေတာ္ တို႔သည္လည္း အမ်ိဳးႏြယ္စုေတြ လူမ်ိဳးစုေတြမ်ားတဲ့အတြက္ ဘယ္လို မ်ိဳးပံုသ႑ာန္သြားမလဲဆိုတာကေတာ့ လက္ရွိ အာဏာရပါတီေတြေပၚမွာ မူတည္ပါ တယ္။ ဒီဘက္မွာ ေတာ့ ထည့္သြင္းစဥ္းစားစရာ တပ္မေတာ္၊ EAO ေတြ ရွိေနပါတယ္။ ယတိျပတ္ ျဖစ္ မယ္ မျဖစ္ဘူးကေတာ့ ေျပာလို႔မရေသးပါဘူး။ ဆႏၵက ေတာ့ျပဳတာေပါ့။ အားလံုးညီညီၫြတ္ၫြတ္နဲ႔ ဘံုသေဘာ တူညီခ်က္နဲ႔ သြားၾကမယ္ဆိုရင္ေတာ့ မျဖစ္စရာ အေၾကာင္း မရွိပါ ဘူး။

၂၀ဝ၈ ဖြဲ႕စည္းပံုကို မျပင္ဆင္ဘဲနဲ႔ ကြ်န္ေတာ္တို႔ ႏိုင္ငံက ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စု ေပၚထြန္း ေရးဆိုတာကို ဘယ္လိုတည္ေဆာက္မလဲ။ တကယ္ ေကာ တည္ေဆာက္ႏိုင္ပါ့မလား။

(ဦးမင္းတင္) ကြ်န္ေတာ္တို႔ ႏွစ္ပိုင္းေျပာရမွာပါ။ NLD က ေရြးေကာက္ပြဲ ေၾကညာစာတမ္းမွာ အရင္ တုန္းကလို အျပင္အဆင္ေတြမဟုတ္ေတာ့ဘဲ ေပၚ ေပါက္ေရး ေပၚထြန္းေရးကိုပဲ သြားေနပါတယ္။ စစ္မွန္ တဲ့ ဖက္ထရယ္ျပည္ေထာင္စု ျဖစ္ထြန္းေစရန္ စစ္မွန္တဲ့ ဖြဲ႕စည္းပံု ေပၚေပါက္ေရးဆိုၿပီး အဲဒါကလည္း လမ္း ေၾကာင္းေတြက NLD ပါတီအႀကီးအကဲေတြ ကိုယ္၌ ကိုယ္က ႀကိဳးစားခဲ့တာရွိပါတယ္။ လႊတ္ေတာ္ထဲမွာ လည္း မေအာင္ျမင္ခဲ့တာေၾကာင့္မို႔လို႔ အဲဒီေတာ့ ဘာနဲ႔ သြားမလဲ။ ၿငိမ္းခ်မ္းေရးနဲ႔ ျပန္ၿပီးဆက္စပ္မယ္ဆိုရင္ ၂၁ ရာစု ပင္လံုပါလာမယ္။ EAO ရဲ႕ အခန္းက႑၊ တိုင္းရင္းသားပါတီေတြရဲ႕ အခန္းက႑ ပါလာမယ္။ ႐ိုး႐ိုးပဲေျပာမယ္ဆိုရင္ အဲ့တာကို တပ္မေတာ္ဘက္က လက္ခံမလား။ ေရြးေကာက္ပြဲမွာလည္း အခု ရခိုင္မွာ တိုက္ပြဲေတြျဖစ္တယ္။ ရွမ္းေျမာက္မွာလည္း ျဖစ္တယ္။ ဒါမ်ိဳးေတြမွာ ဘယ္လိုျပန္လာမလဲ။ ၂၀ဝ၈ အေျခခံ ဥပေဒ စစ္မွန္တဲ့ ဖက္ဒရယ္ျဖစ္ေအာင္ ဖက္ဒရယ္ ဆိုတာကလည္း သိတဲ့အတိုင္းပါပဲ ကြ်န္ေတာ္တို႔မွာ ေျပာဆိုေဆြးေႏြးစရာေတြရွိလာပါတယ္။ ဖက္ဒရယ္ သြားရင္းနဲ႔လည္း ဒီမိုကေရစီတည္ေဆာက္ရပါတယ္။ ဒီမိုကေရစီသြားရင္းနဲ႔လည္း ဖက္ဒရယ္တည္ေဆာက္ ရပါတယ္။ တူတူသြားရတာပါ။ ၂၀ဝ၈ အေျခခံဥပေဒ သည္ ဒီမိုကေရစီ။ ဖက္ဒရယ္သည္ ျပည္တြင္းႏိုင္ငံေရး ျဖစ္တယ္။ ျပည္တြင္းႏိုင္ငံေရးမွာ ျပည္တြင္းစည္းလံုးမႈ ကို ျပန္လည္တည္ေဆာက္ရပါမယ္။ ဆရာဗညားေျပာ သလိုပဲ ႏွစ္ ၇၀ လံုးမွာ တိုင္းရင္းသားေတြအကုန္ ၁၃၅ မ်ိဳးပဲေျပာေျပာ ၁၄၃ မ်ိဳးေျပာေျပာ ၂၀၁၄ သန္းေခါင္စာရင္းအရ ၇၀ဝ ေက်ာ္ေလာက္ရွိတယ္ပဲ ေျပာေျပာ အဲဒါက အႏၱရာယ္ႀကီးပါတယ္။ ဥေရာပ သမဂၢကို ဖြဲ႕ထားတာ သိပ္ေကာင္းပါတယ္။ မတူကြဲျပား ျခင္းမ်ားနဲ႔ အတူတူသြားျခင္း။ ကြ်န္ေတာ္တို႔ အဲဒီ အဆင့္ကို မေရာက္ႏိုင္ဘူးျဖစ္ေနတယ္။ အဲဒါေၾကာင့္ အျမင္ျမင္က်ယ္က်ယ္နဲ႔ စဥ္းစားလိုက္ရင္ ပိုေကာင္းမွာ ပါ။ တိုင္းရင္းသားအားလံုး ခံစားလာရတယ္။ ဒီစနစ္ ႀကီး ခတ္ႀကီးကို ဘယ္သူေတြ ဘယ္ဝါေတြေၾကာင့္ ဆိုတာထက္ သင္ခန္းစာယူရပါမယ္။ အဆိုးေတြျပန္ျဖစ္ မလာဖို႔ ကြ်န္ေတာ္တို႔ ဘာလုပ္ၾကမလဲ။ ဒီအခ်ိန္မွာ ျပင္းျပင္းထန္ထန္ ေခါင္းခ်င္း႐ိုက္ၾကရေတာ့မွာပါ။ တပ္မေတာ္သည္လည္း ကာကြယ္ေရးတာဝန္ကို အျပည့္အဝတာဝန္ယူမယ္ဆိုရင္ ယူပါ။ တျခားထည့္ သြင္းစဥ္းစားစရာေတြအမ်ားႀကီးပါ။ ဖက္ဒရယ္မွာ ညႇိရႏိႈင္းရ ေဆြးႏြးရမယ့္ အေသးစိတ္ေတြပါပါတယ္။ အဲဒီမွာ တပ္မေတာ္ရဲ႕ သေဘာထားကို ျပန္ၾကည့္ေနရ မယ့္ သေဘာရွိေနပါတယ္။ ႏို႔မို႔ဆို ျပန္ျပန္လန္က်ေန တာေတြရွိပါတယ္။ ဘံုသေဘာတူညီခ်က္နဲ႔ အေပး အယူေတြ ညႇိႏိႈင္းေဆြးေႏြးမႈေတြ ဘယ္လိုလုပ္ၾကမလဲ။ လႊတ္ေတာ္ထဲသြား၊ ျပည္သူလူထုဆီသြားၿပီး ဘက္စံု သြားမွ ထိေရာက္တဲ့ အေရြ႕တစ္ခုကို သြားႏိုင္မွာပါ။ သံသရာေတြ ထပ္ထပ္ၿပီးျဖစ္မလာဖို႔ ျဖစ္လာရင္ေတာင္ နည္းဖို႔ ထိေရာက္မႈ သက္ေရာက္မႈနည္းဖို႔ အခု ကိုဗစ္ ကာလမွာ ကမၻာ့ႏိုင္ငံေရး၊ စီးပြားေရးက လံုးလံုးေျပာင္း သြားၿပီ။ ကြ်န္ေတာ့္တို႔ စီးပြားေရးေတြလည္း ေျပာင္းလဲ သြားၿပီ။ အားလံုးက New Way ကိုေတာင္ စဥ္းစား ေနၾကၿပီ။ ဒါေတြဟာ ဖက္ဒရယ္မွာ တိုက္႐ိုက္ သက္ ေရာက္မႈရွိပါတယ္။

(ဦးေအာင္ျမေက်ာ္) ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံ မွာေတာ့ နာမည္အႀကီးဆံုး ၂၀ဝ၈ ေျခ/ဥကို မျပင္ ဆင္ဘဲ အသစ္မေရးဆြဲဘဲ ကြ်န္ေတာ္တို႔ တိုင္းရင္းသား ေတြက ဒီမိုကေရစီ ဖက္ဒရယ္မသံုးဘဲ ဖက္ဒရယ္ ဒီမိုကေရစီလို႔သံုးပါတယ္။ အဲဒါေတြလည္း အမ်ားႀကီး ေဆြးေႏြးရပါဦးမယ္။ ဖက္ဒရယ္ဒီမိုကေရစီ တည္ ေဆာက္ဖို႔ဆိုရင္ ၂၀ဝ၈ ဖြဲ႕စည္းပံု အခင္းအက်င္း ေအာက္မွာ ဘယ္လိုမွ သြားလို႔မရပါဘူး။ ၂၀ဝ၈ ဖြဲ႕စည္းပံုကို ျပင္ရမယ့္ ဒါမွဟုတ္ အသစ္ေရးဆြဲႏိုင္ၿပီးမွ ဖက္ဒရယ္ ဒီမိုကေရစီႏိုင္ငံကို တည္ေဆာက္ႏိုင္မွာပါ။ ဒီေနရာမွာ အသံုးအႏႈန္းေတြျဖစ္တဲ့ ဒီမိုကေရစီ ဖက္ ဒရယ္ ျပည္ေထာင္စု၊ ကြ်န္ေတာ္တို႔ တိုင္းရင္းသား အမ်ားစုက ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုလို႔ သံုးတယ္။ အသံုးအႏႈန္းေတြက ညႇိႏိႈင္းရမယ့္ အတိုင္း အတာေတြကို ေတြ႕ရတယ္။ ၂၀ဝ၈ ဖြဲ႕စည္းပံုကို ျပင္ဆင္ဖို႔ အသစ္ေရးဆြဲဖို႔ကေတာ့ လႊတ္ေတာ္ကပဲ လုပ္ရတဲ့အပိုင္းပဲျဖစ္ပါတယ္။ ျပင္ဖို႔မျဖစ္ႏိုင္တဲ့ အခင္း အက်င္းကို ၂၀၁၀၊ ၂၀၁၅ ဦးသိန္းစိန္လက္ထပ္၊ NLD လက္ထက္မွာလည္း ျပင္ဖို႔အတြက္ ႀကိဳးစားၾကပါတယ္။ ဒါေပမယ့္ ျဖစ္မလာဘူး။ NLD အစိုးရအေနနဲ႔ အမ်ိဳး သားညီၫြတ္ေရးအစိုးရ ၿပီးရင္ စာပို႔ထားတဲ့အထဲမွာ ဒီမိုကေရစီ ဖက္ဒရယ္ တည္ေဆာက္ဖို႔အတြက္ ေျပာ တယ္။ ၂၀၁၅၊ ၂၀၂၀ၾကားမွာ ဖြဲ႕စည္းပံု ျပင္ဖို႔ အဆို တင္ၾကတဲ့အခါမွာ တိုင္းရင္းသားေတြ တိုင္းရင္းသား ျပည္နယ္ေတြမွာ အဓိက လိုခ်င္တာက ပုဒ္မ ၂၆၁ ကို ျပင္ခ်င္ၾကတယ္။ ဝန္ႀကီးခ်ဳပ္ကို သမၼတက တိုက္႐ိုက္ ခန္႔တဲ့အပိုင္းကို ကြ်န္ေတာ္တို႔က မလိုခ်င္ဘူး။ ဘာလို႔ လဲဆိုေတာ့ ၂၀၁၅ တုန္းက ရခိုင္နဲ႔ ရွမ္းမွာဆိုရင္ ရခိုင္မွာ ကြ်န္ေတာ္တို႔ပါတီက အမ်ားဆံုးႏိုင္ပါတယ္။ ဒါေပမယ့္ ရခိုင္ႏိုင္ၿပီး ဝန္ႀကီးခ်ဳပ္ျဖစ္ခြင့္မရွိဘူး။ ၂၆၁ ကို ျပင္ဖို႔ အားလံုးက ဝိုင္းၿပီးေတာင္းဆိုၾကတယ္။ အကုန္လံုးက အဆိုတင္ၾကပါတယ္။ တိုင္းရင္းသားပါတီ အားလံုးအျပင္ ျပည္ခိုင္ၿဖိဳးပါတီ၊ သေဘာထားတင္းမာ တဲ့ တပ္မေတာ္ကလည္း ပါတယ္။ အဲဒီအခ်ိန္မွာ NLD အစိုးရ ျငင္းခဲ့တယ္။ အဲဒီလိုအခင္းအက်င္းေတြရွိခဲ့တဲ့ အတြက္ လက္ရွိ NLD ပါတီက စာထုတ္လာတဲ့အပိုင္းက အေရွ႕နဲ႔အေနာက္ လံုးဝမညီတဲ့အပိုင္းပါ။ ၂၀ဝ၈ရဲ႕ လက္ရွိျဖစ္ေနတဲ့ အခင္းအက်င္းပါ။ ၂၀ဝ၈ကို လံုးဝ ျပင္လို႔မရဘူးဆိုၿပီး ထိုင္ေနလို႔မွမရတာ အဲဒီလိုဆိုရင္ ၂၀ဝ၈ ကို ျပင္ဖို႔ အျပင္ဘက္ကေနၿပီး ႏိုင္ငံေရး အေရြ႕ တစ္ခုကို ဘယ္လိုမ်ိဳးသြားၾကမလဲ။ အျပင္ဘက္က စဥ္းစားၾကရင္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ ဆိုၿပီး စၿပီးနာမည္ေပးတယ္။ NLD အစိုးရတက္လာ ေတာ့ ၂၁ ရာစု ပင္လံုညီလာခံလို႔ ေျပာင္းတယ္။ အဲဒါက နာမည္ေျပာင္းလိုက္တဲ့အပိုင္းပါ။ ၂၀ဝ၈ ကို ျပင္လို႔မရတဲ့အတြက္ အျပင္ကေနၿပီး ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံကို ဖက္ဒရယ္ ဒီမိုကေရစီျဖစ္ဖို႔ ခင္းၾက တယ္လို႔ ကြ်န္ေတာ္တို႔ကေတာ့ ျမင္ပါတယ္။ အကုန္လံုး ပါဝင္တဲ့အတိုင္းအတာ တပ္မေတာ္ရယ္၊ အစိုးရရယ္၊ EAO ရယ္ အကုန္လံုးစုေပါင္းပါဝင္ၿပီး ဖြဲ႕စည္းပံုအသစ္ တစ္ခုကို ေရးၾကမယ္ဆိုရင္ ဘံုသေဘာတူညီခ်က္ အေနနဲ႔ ၅၂ ခ်က္ကို ရပါမယ္။ ထပ္ၿပီး ညီလာခံ က်င္းပမယ္ဆိုရင္ ရလာတဲ့ အခ်က္ေတြကို ဘံုသေဘာ တူညီခ်က္ယူၿပီး လႊတ္ေတာ္မွာ တင္ၿပီးရင္ ဖြဲ႕စည္းပံု အသစ္တစ္ခုအေနနဲ႔ ကြ်န္ေတာ္တို႔ ေရးဆြဲဖို႔အတြက္ ျပည္ေထာင္စု ၿငိမ္းခ်ိမ္းေရး ညီလာခံမွာ လုပ္ၾကတဲ့ အခင္းအက်င္းရွိပါတယ္။ အကုန္လံုးလုပ္ၾကတယ္ ဆိုေပမယ့္ အကန္႔အသတ္တစ္ခုအေနနဲ႔ကေတာ့ NCA လက္မွတ္မထိုးတဲ့ အဖြဲ႕ေတြၾကရင္ အဲဒီအခင္းအက်င္း မွာ မပါဝင္ရပါဘူး။ လက္မွတ္ထိုးထားတဲ့အဖြဲ႕ေတြသာ ပါဝင္ရမယ္ဆိုေတာ့ အေရြ႕တစ္ခုေတာ့လုပ္တယ္။ ဒါေပမယ့္ ဟိုလူမပါရ ဒီလူမပါရ အတိုင္းအတာတစ္ခု ရွိတဲ့အတြက္ အမ်ိဳးသားညီၫြတ္ေရးက ေတာ္ေတာ္ကို ျပႆနာျဖစ္မွာပါ။ အဲဒါေၾကာင့္ ၂၀ဝ၈ ဖြဲ႕စည္းပံုကို လႊတ္ေတာ္က မျပင္ဆင္ႏိုင္တဲ့အပိုင္းမွာ NRPC ကေနၿပီး ေရးဆြဲလို႔ရလာမယ့္ ဖြဲ႕စည္းပံုအသစ္နဲ႔ သြားႏိုင္ရင္ ဖက္ဒရယ္ဒီမိုကေရစီ ျဖစ္လာမွာပါ။ ေနာက္တစ္ခ်က္က ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံထဲမွာပဲ အာဏာကိုေျဖေလ်ာ့တဲ့အပိုင္းမွာ တိုင္းရင္းသားျပည္နယ္ေတြ တိုင္းရင္းသားပါတီေတြ အၿမဲေျပာ ေနပါတယ္။ ကိုယ္ပိုင္ ျပ႒ာန္းခြင့္၊ လုပ္ပိုင္ခြင့္ အာဏာေတြပါ။ ၂၀ဝ၈ အျပင္ဘက္ ကေျပာရရင္ ေနာက္ နည္းလမ္းတစ္ခုအေနနဲ႔ သံုးမယ္ ဆိုရင္ အာဏာပါဝါကို ေလ်ာ့ခ်တဲ့ အပိုင္းထက္ ျပည္နယ္ ခြဲစိတ္ပံုေတြ ကို ကြ်န္ေတာ္တို႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ရဖို႔ ျပည္နယ္ဖြဲ႕စည္းပံုေတြကို ကြ်န္ေတာ္တို႔ တိုင္းရင္းသားေတြကို ေရးဆြဲၿပီးရင္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ကို လူမ်ားျဖစ္တဲ့ ဗမာေခါင္းေဆာင္ ေတြက သေဘာထားႀကီးႀကီးနဲ႔ ခြင့္ ျပဳေပးႏိုင္မယ္ဆိုရင္ အမ်ိဳးသား ျပည္ေထာင္စု တစ္ခုျဖစ္လာမွာပါ။ အဲဒါကလည္း ႏိုင္ငံတကာမွာ သာဓကရွိပါတယ္။ အခုလက္ရွိ ဖိလစ္ ပိုင္မွာဆိုရင္ ေအာင္ျမင္ပါတယ္။ ဖိလစ္ပိုင္မွာေနၿပီး ခြဲထြက္ေရးအဖြဲ႕က ႏွစ္ေပါင္းေျမာက္မ်ားစြာ သူတို႔က ဖိလစ္ပိုင္ ဗဟိုအစိုးရကို ေတာ္လွန္လာတာပါ။ ဗဟို အစိုးရက ေနာက္ဆံုးဘာလုပ္လဲဆိုရင္ ျပည္နယ္ရဲ႕ ဖြဲ႕စည္းပံုကို ေရးဆြဲခိုင္းလိုက္တယ္။ ၿပီးရင္ ဗဟို အစိုးရနဲ႔ ညႇိႏိႈင္းၿပီး လုပ္ပိုင္ခြင့္ပါဝါကို ခြဲေဝၿပီး လုပ္လိုက္တဲ့အခါမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ဥပေဒကိုကိုင္ ၿပီး ၿငိမ္းခ်မ္းေရးရေနပါၿပီ။ ကြ်န္ေတာ္တို႔ႏိုင္ငံမွာ အဲ့လိုပဲ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံမွာ အဲဒီ အခင္းအက်င္းက အသံထြက္လာပါတယ္။ အရင္တုန္း က ေျပာခြင့္မရွိဘူး။ ျပည္နယ္ဖြဲ႕စည္းပံု ေရးဆြဲဖို႔ ေျပာခဲ့လို႔ ရွမ္းျပည္နယ္က ရွမ္းေခါင္းေဆာင္ေတြ၊ ခ်င္းေခါင္းေဆာင္ေတြ ႏွစ္ေပါင္းမ်ားစြာ ဖမ္းဆီ ေထာင္ခ်ခံခဲ့ရပါတယ္။ အခုအေျခအေန မွာေတာ့ ျပည္နယ္ဖြဲ႕စည္းပံုကို ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံမွာ တရားဝင္ေတာင္ ေျပာခြင့္ရလာပါၿပီ။ ဗမာေခါင္းေဆာင္ေတြအေနနဲ႔ ေျဖေလ်ာ့ေပးႏိုင္မယ္ ဆိုရင္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုတစ္ခုကို တည္ေဆာက္ႏိုင္မယ္လို႔ သံုးသပ္ခ်င္ပါတယ္။

(ဗညားေအာင္မိုး) ကြ်န္ေတာ္ ႏွစ္မ်ိဳးျမင္ပါ တယ္။ အေျခခံဥပေဒကို ျပင္ဖို႔ အင္မတန္ခက္ခဲပါတယ္။ ဒါကို လူတိုင္းသိပါတယ္။ ေကာင္းေကာင္း မျပင္ႏိုင္ ေသးတဲ့အခ်ိန္မွာ ဖက္ဒရယ္ ျဖစ္ေအာင္လုပ္ႏိုင္ သေလာက္   လုပ္လို႔ရပါတယ္။  ဥပမာ  အမ်ိဳးသား ညီၫြတ္ေရးအစိုးရပဲေခၚေခၚ၊ ၫြန္႔ေပါင္းအစိုးရပဲ ေခၚေခၚ တိုင္းရင္းသားေပါင္းစံု ပါလာတယ္ဆိုတာ ဖက္ဒရယ္ရဲ႕ လကၡဏာျဖစ္တယ္။ ၂၀ဝ၈ ဖြဲ႕စည္းပံုရဲ႕ ေဘာင္ထဲမွာပဲ လုပ္လို႔ရတဲ့အပိုင္းပါ။ ေနာက္တစ္ခုက လြတ္ေတာ္ကအစ PR ေရြးေကာက္ပြဲစနစ္ပဲျဖစ္ျဖစ္ ဘယ္လိုစနစ္ပဲျဖစ္ျဖစ္ တိုင္းရင္းသားေပါင္းစံုပါဝင္လာ ေအာင္၊ တိုင္းရင္းသားပါတီငယ္ေတြ ေပ်ာက္သြား ေအာင္၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ မရေအာင္ ျဖစ္တဲ့နည္းနဲ႔ အျပဳတ္တိုက္တဲ့စနစ္နဲ႔မဟုတ္ဘဲ ပါတီေပါင္းစံုလႊတ္ေတာ္ထဲပါလာမယ္ဆိုရင္ ျပည္ ေထာင္စုပါတီ ျပည္ေထာင္စုအသြင္ေဆာင္လာမွာပါ။ ဒါက ၂၀ဝ၈ ဥပေဒေဘာင္ထဲမွာပါပဲ။ ေနာက္တစ္ခုက ျပည္နယ္အစိုးရဖြဲ႕တဲ့အခါမွာ ႏိုင္ငံေတာ္သမၼတကေန ၿပီး ျပည္နယ္ဝန္ႀကီးေတြကို ခန္႔တယ္။ သမၼတက ေမး မယ္။ ဘယ္ပါတီကအမ်ားဆံုးႏိုင္ထားလဲ။ ပါတီက ဘယ္သူ႔ကို ဝန္ႀကီးခ်ဳပ္တင္ခ်င္လဲ စာရင္းေပးဆိုၿပီး ေတာင္းၿပီး သမၼတက အဲဒီစာရင္းအတိုင္း ေၾကညာ လိုက္တယ္။ အမိန္႔ထုတ္ျပန္လိုက္တယ္ဆိုရင္ ဒါဟာ တိုင္းရင္းသားပါတီရဲ႕ အစိုးရျဖစ္လာမွာပါ။ တက္လာ တဲ့ပါတီရဲ႕ သေဘာထားေပၚမူတည္တယ္။ အဲဒါလည္း ပဲ ျပည္နယ္အစိုးရမွာ အႏိုင္ရတဲ့ တိုင္းရင္းသားပါတီ သို႔ ေတာ္႐ံုအားရွိတဲ့ တိုင္းရင္းသားပါတီေတြရဲ႕ အခြင့္ အေရးရွိေအာင္ သမၼတက လိုက္ေလ်ာလုပ္ေပးလို႔ ရတယ္။ အျခားကိစၥမွာလည္း ဒီအတိုင္းပါပဲ။ ေရြး ေကာက္ပြဲေကာ္မရွင္ ၊ တရားလႊတ္ေတာ္ကအစ သမၼတရဲ႕ အလိုက်ခန္႔အပ္တယ္။ သမၼတအလိုက်လုပ္ တဲ့ သေဘာရွိပါတယ္။ ႏိုင္ငံေတာ္အဆင့္ ျပည္ေထာင္စု အဆင့္ ေကာ္မတီေတြအားလံုးက အာဏာရပါတီရဲ႕ ဆႏၵအတိုင္းျဖစ္တယ္။ အဲဒါကိုလည္း ေျဖေလ်ာ့လို႔ ရပါတယ္။ တကယ္ ဖက္ဒရယ္ကို လုပ္ခ်င္တယ္ဆိုရင္ ဒါဟာ ျပည္နယ္ေတြမွာ ဆႏၵယူၿပီး ကိုယ္စားပဲ ျဖစ္ျဖစ္ ခန္႔အပ္လို႔ရတယ္။ တကယ္တမ္း ဖက္ဒရယ္ကို တည္ေဆာက္မယ္ဆိုရင္ အေျခခံဥပေဒကို မျပင္ဆင္ ႏိုင္ေသးတဲ့အခ်ိန္မွာလည္း ျပည္ေထာင္စု စိတ္ဓာတ္နဲ႔ လုပ္မယ္ဆိုရင္ အမ်ားႀကီးလုပ္လို႔ရပါတယ္။ တိုင္းရင္း သားေပါင္းစံုပါဝင္တဲ့ ၫႊန္႔ေပါင္းအစိုးရပဲေခၚေခၚ၊ အမ်ားသားညီၫြတ္ေရးအစိုးရပဲ ေခၚေခၚ အဲဒီလို အစိုးရမ်ိဳးေပၚလာရင္ ဖက္ဒရယ္ရဲ႕ အသြင္ျဖစ္ပါ တယ္။ အဲဒီကေနတစ္ဆင့္ ကြ်န္ေတာ္တို႔ လႊတ္ေတာ္ ထဲမွာေကာ အစိုးရထဲမွာေကာ ညႇိႏိႈင္းၿပီးျပင္ဆင္ဖို႔ အလားအလာေကာင္းလာလိမ့္မယ္လို႔ ထင္ပါတယ္။ ကြ်န္ေတာ္တို႔ ေတြ႕ရသေလာက္ ၂၀၁၀ ကေန ၂၀၁၅ ဇန္နဝါရီလ ၃၀ ရက္ေန႔အထိ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္အေနနဲ႔ ပါဝင္ခဲ့တယ္။ ညႇိႏိႈင္းၿပီး ျပင္ဆင္တယ္။ အာဏာခြဲမႈအပိုင္းမွာလည္း ျပည္နယ္နဲ႔ ဗဟိုအစိုးရနဲ႔ၾကားမွာလည္း အမ်ားႀကီးျပင္ေပးႏိုင္ခဲ့ တယ္။ ဒီေနာက္ပိုင္းမွာ NLD အစိုးရလက္ထက္မွာ ျပင္ဆင္မႈက ပိုၿပီးေတာ့ အားနည္းလာတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မဲနဲ႔ အႏိုင္ယူတဲ့စနစ္ေၾကာင့္ပါ။ ျပင္ဆင္ေရးေကာ္မရွင္မွာကထဲက မဲကခြဲေနၿပီ။ ကြ်န္ေတာ္တို႔တုန္းက အဲ့လိုမရွိဘူး။ ကြ်န္ေတာ္တို႔ မဲမခြဲဘူး။ မြန္ညီၫြတ္ေရးပါတီက ဘယ္လို၊ ျပည္ခိုင္ၿဖိဳး ပါတီက ဘယ္လို၊ NLD က ဘယ္လို၊ ရခိုင္ပါတီက ဘယ္လိုဆိုၿပီး အကုန္လံုးအျမင္ကို ျပည္ေထာင္စုလႊတ္ ေတာ္မွာ သြားေဆြးေႏြးတယ္။ အဲဒီေတာ့မွ မဲခြဲတယ္။ ဒီမိုကေရစီမွာ မဲခြဲဖို႔ အဓိက မဟုတ္ဘူး၊ ညႇိႏိႈင္းၿပီး ေျပလည္ဖို႔က အဓိက အေရးႀကီးပါတယ္။ အေျခခံ ဥပေဒကို ျပင္မယ့္ကိစၥက ၂၁ ရာစု ပင္လံုညီလာခံလို႔ပဲ ေခၚေခၚ အဲဒီကေန ရလာတဲ့အခ်က္ကေနၿပီး ပါတီ ေပါင္းစံုပါၿပီးသား၊ လႊတ္ေတာ္ကိုယ္စားလွယ္လည္း ပါၿပီးသား၊ အစိုးရအဖြဲ႕လည္းပါၿပီးသား၊ တပ္မေတာ္ လည္း ပါၿပီးသား၊ ဒီအခ်က္ေတြကို အတည္ျပဳၿပီးရင္ လႊတ္ေတာ္က တင္သြင္းလိုက္ရင္ လႊတ္ေတာ္က အတည္ျပဳေပးမွာပါ။ ဘာလို႔ဆိုရင္ အကုန္လံုးက သေဘာတူညီၿပီးသားပါ။ ဒီအခ်က္ေတြနဲ႔ အေျခခံ ဥပေဒကို ျပင္လို႔ရပါတယ္။ အကုန္လံုးေတာ့မဟုတ္ဘူး ေပါ့။ အေျခခံဥပေဒကို အသစ္ဆြဲရင္ တပ္မေတာ္က လက္ခံမလား။ တပ္မေတာ္က အေျခခံဥပေဒကို ေစာင့္ ေရွာက္ေနတယ္လို႔ အၿမဲေျြကးေၾကာ္တယ္။ ဒါ့ေၾကာင့္ ကြ်န္ေတာ္တို႔က တပ္မေတာ္နဲ႔ ျပသာနာကို ထိပ္တိုက္ ရင္ဆိုင္မလား။ ရင္ဆိုင္သင့္မသင့္။ အသစ္ေရးဆြဲမယ့္ မူဆိုရင္ ထိပ္တိုက္ရင္ဆိုင္မယ္။ ျပင္ဆင္ ေရးမူဆိုရင္ အေျခခံဥပေဒကို မျပင္ႏိုင္ဘူးဆိုရင္ တကယ္တည္ၿမဲတဲ့ ဖက္ဒရယ္ျပည္ေထာင္စု၊ ျပည့္ဝတဲ့ ဖက္ဒရယ္ ျပည္ေထာင္စုဘယ္လိုမွမျဖစ္ႏိုင္ဘူး။ ဖက္ဒရယ္ ျပည္ေထာင္စု ျဖစ္ဖို႔အတြက္ အေျခခံဥပေဒ ျပင္ကို ျပင္ရမယ္။ ဒါေပမယ့္ မျပင္ႏိုင္မယ့္ အခ်ိန္ ကာလမွာ လည္း အာဏာရတဲ့အဖြဲ႕အစည္းႏိုင္ငံေရး ပါတီေတြ အားလံုးညႇိႏိႈင္းၿပီးေတာ့ ဖက္ဒရယ္ပံုစံမ်ိဳး အျပည့္ မျဖစ္ရင္ေတာင္ ပိုမိုၿပီး ဖက္ဒရယ္ အဓိပၸာယ္ သက္ ေရာက္တဲ့ လႊတ္ေတာ္၊ အစိုးရ၊ တရားစီရင္ေရး၊ ျပည္နယ္မွာလည္း ဖက္ဒရယ္ပံုစံၾကတဲ့ အစိုးရအဖြဲ႕ လုပ္လာႏိုင္တယ္။ ၂၀ဝ၈ ဖြဲ႕စည္းပံုမွာက ႏိုင္ငံေတာ္ အတိုင္ပင္ခံဆိုတာ ေဖာ္ထုတ္လို႔ရတယ္။ တိုင္းရင္း သားအခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီး ဖက္ဒရယ္ မဟုတ္တာေတာင္ ပိုၿပီးေတာ့ နီးစပ္တဲ့ ပံုစံမ်ိဳးကို လုပ္လို႔ရပါတယ္။ တကယ့္ ထာဝရ တည္ၿမဲမယ့္ ဖက္ဒရယ္ ျဖစ္ဖို႔ဆိုရင္ေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပံုကို အမ်ားႀကီး ျပင္ရပါမယ္။ ျပင္ႏိုင္သေလာက္ ျပင္သြားမယ္။ အားလံုး ရဲ႕ သေဘာထားမွန္မွန္ကန္ကန္၊ တိုင္းရင္းသား စည္းလံုးညီၫြတ္ေရး၊ တိုင္းရင္းသားေတြရဲ႕ အခြင့္ အေရး၊ တန္းတူေရးေတြကို အေျခခံၿပီးေတာ့ ဖက္ဒရယ္ နဲ႔ အဆင္တူတဲ့ ပံုစံမ်ိဳး အသြင္ေျပာင္းၿပီးေတာ့ က်င့္သံုး လို႔ရတယ္လို႔ ျမင္တယ္။ အခုလက္ရွိ အေျခအေနမွာ ဒီ့ထက္ပိုမိုမဆိုးေအာင္ ဒီမိုကေရစီအေရးထက္ ပိုမဆိုး ေအာင္ တစ္ေယာက္နဲ႔တစ္ေယာက္ မဲနဲ႔ အႏိုင္ယူတဲ့ ပံုစံမ်ိဳးမဟုတ္ဘဲ တိုင္းရင္းသားအားလံုး တိုင္ပင္ၿပီး ဒီထက္အေျခအေနမဆိုးေအာင္ ဝိုင္းဝန္း ၿပီးေတာ့ ေဆာင္ရြက္ဖို႔ တိုက္တြန္းလိုပါတယ္။

ဖက္ဒရယ္စနစ္ကို သြားမယ္ဆိုရင္ ႏိုင္ငံေရးအရ ကြ်န္ေတာ္တို႔ႏိုင္ငံမွာ ဘယ္လိုအားသာခ်က္ေတြ ရွိေနလဲ။

(ဗညားေအာင္မိုး) တစ္ခ်က္က ဘာလဲဆိုေတာ့ ကြ်န္ေတာ္တို႔ ႏွစ္ ၇၀ ၾကာေနတဲ့ ျပည္တြင္းစစ္၊ တိုင္းရင္းသား စည္းလံုးညီၫြတ္မႈပ်က္ျပားေနတဲ့ အေတြ႕အႀကံဳ ဒါဟာ ကြ်န္ေတာ္တို႔အတြက္ တြန္းအား ေပးေနတဲ့ အားသာခ်က္တစ္ခုျဖစ္ပါတယ္။ ေနာက္ တစ္ခ်က္က ဒီကေန႔ ကြ်န္ေတာ္တို႔ႏိုင္ငံရဲ႕ အေျခအေန၊ စီးပြားေရး၊ ႏိုင္ငံတကာအေျခအေနေတြက တြန္းအား ေပးတဲ့ အခ်က္ေတြျဖစ္ပါတယ္။

(ေအာင္ျမေက်ာ္) ဖက္ဒရယ္ ဒီမိုကေရစီသာ ျဖစ္မယ္ဆိုရင္ အဓိက ကြ်န္ေတာ္တို႔ႏိုင္ငံရဲ႕ အားသာ ခ်က္က ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံက သယံဇာတေတြ ေပါမ်ားတဲ့ႏိုင္ငံျဖစ္တယ္။ သို႔ေသာ္ ဆင္းရဲဆံုးႏိုင္ငံျဖစ္ ေနတာက မညီမွ်မႈအပိုင္းေတြ စစ္မွန္တဲ့ ဖယ္ဒရယ္ မျဖစ္တာရယ္၊ ျပည္တြင္းစစ္ေတြရယ္ေၾကာင့္ ျဖစ္ေန တာပါ။ ဖယ္ဒရယ္သာျဖစ္လာမယ္ဆိုရင္ ျမန္မာ ႏိုင္ငံက စီးပြားေရးအရ ပိုၿပီးတိုးတက္လာမယ္။ ဟိုးတုန္း က အာရွမွာ ျမန္မာက ၁ မွ ၁၀ အတြင္းဝင္ခဲ့တယ္။ ႏိုင္ငံေရးအရ  ေျပာမယ္ဆိုရင္  အနိမ့္ဆံုးျဖစ္တဲ့ အာဆီယံထဲမွာဆိုရင္လည္း ေနာက္ေကာက္ပဲက်ေန တယ္။ ျပည္တြင္းစစ္လည္းမရွိဘူး ေအးေအးခ်မ္းခ်မ္းနဲ႔ ဖက္ဒရယ္ျပည္ေထာင္စုအျဖစ္ သြားႏိုင္တယ္ဆိုရင္ ႏိုင္ငံတကာမွာ ဉီးေဆာင္ႏိုင္တဲ့ ႏိုင္ငံတစ္ခုျဖစ္လာ မယ္လို႔ ယံုၾကည္ပါတယ္။

(ဦးမင္းတင္)  ကြ်န္ေတာ္တို႔ႏိုင္ငံမွာ နဂိုကတည္းက ရွိၿပီးသား အားသာခ်က္ေတြက အမ်ားႀကီးပါ။ အဲဒါကို ကြ်န္ေတာ္တို႔ ေကာင္းမြန္စြာ အသံုးမခ်ႏိုင္ခဲ့ၾက ဘူး။ နံပါတ္ (၁) Geo Politics ဒီမိုကရက္တစ္မဟုတ္တဲ့ ႏိုင္ငံႀကီးေတြၾကား ညပ္ ေနရင္ဆိုၿပီး ဒီ ဒီမိုကရက္တစ္ ထရန္စစ္ရွင္းေလ့ လာခ်က္ေတြက ေအာင္ျမင္ဖို႔ မ လြယ္ဘူးလို႔ အေစာ ပိုင္းေတြကတည္းက ေျပာၾကတယ္။ တကယ္လည္း ကြ်န္ေတာ္တို႔က တ႐ုတ္နဲ႔ကပ္ေနတယ္။ လူဦးေရ အင္မတန္ေပါက္ကြဲေနတဲ့ ဘဂၤလားေဒ့ရွ္နဲ႔ ကပ္ေန တယ္။ ဖြံ႕ၿဖိဳးမႈကလည္း နိမ့္က်တယ္။ ဒါကို ကြ်န္ေတာ္ တို႔က ဘာ လုပ္ႏိုင္သလဲ၊ ဒီ Geo Politics အရကိုပဲ ျပန္ အားသာခ်က္ေတြ ရွိပါတယ္။ တ႐ုတ္နဲ႔ နီးျခင္းမွာကို အား သာခ်က္ေတြရွိခဲ့ၿပီး ေျပာင္း လို႔ရတယ္၊ စီးပြားေရးေတြ အမ်ားႀကီး လုပ္ႏိုင္တာေပါ့။ ကုန္သြယ္ စီးပြားေတြေပါ့။ မွ်မွ်တတဆိုရင္ပိုျဖစ္မွာေပါ့။ ဒီ Geo Politics အရ အားသာ ခ်က္ေတြကိုကကိုပဲ ကြ်န္ေတာ္ တို႔ကို Geo Politics Issue က်ိန္စာလို ျပန္ျဖစ္လိုမ်ိဳး ျဖစ္ ေစခဲ့တယ္ဆိုတာက ကြ်န္ေတာ္တို႔မွာ သဘာဝ သယံဇာတေတြမ်ားေနတာ ကိုက က်ိန္စာလို ျပန္ျဖစ္ေစ ခဲ့ျပန္တာ။  Resource Issue လို ျပန္ျဖစ္ေစခဲ့ျပန္တာ ဟိုးနဂို႔နဂို ျဖစ္လာခဲ့ ျဖစ္ထားခဲ့တာေတြ။ အခု ဖက္ဒရယ္ကို သြားၾကၿပီဆိုတဲ့အခါမွာ သယံဇာတ ခြဲေဝမႈဆိုတာက ပါလာတယ္။ သယံဇာတတို႔ ဘာတို႔ ညာတို႔ကိုစသျဖင့္ေတြ။ ဆိုရရင္ေတာ့လည္း သယံဇာတမွမဟုတ္ပါဘူး၊ စီးပြားေရးက ေမာ္ဒန္ ဘိဇနက္စ္ စစၥတမ္ေတြ၊ ေမာ္ဒန္အီေကာ ေနာမစ္ စစၥတမ္ေတြနဲ႔ သြားၾကရမွာပါပဲ၊ မိုက္ခ႐ို၊ ေမခ႐ို စသျဖင့္ေတြ သြားၾကရဖို႔ေတြပဲ ရွိတယ္။ အမ်ားႀကီး ရွိပါတယ္။ အဲဒါက Geo Economics ပါ။ ခုနကေျပာတဲ့ တည္ရွိေနေဒသကိုပဲၾကည့္ၿပီး မွီၿပီး တည္ၿပီး လုပ္ၾက ရမွာပါ။ ဒီမိုကေရစီဖက္ဒရယ္ ျဖစ္လာရင္ ပိုတက္လာ မွာပဲ။ Geo Economics က။ ေနာက္တစ္ခု ကြ်န္ေတာ္ တို႔ဆီမွာက ေျပာၾကတယ္၊ Diversity ၊ စံုလင္ကြဲၿပားမႈ ေပါ့ေလ၊ ကြ်န္ေတာ္တို႔ အဲဒီသည္ Diversity Together ျဖစ္သြားေစႏိုင္ရင္ ကြ်န္ေတာ္တို႔ႏိုင္ငံသည္ အာရွမွာ ထိပ္တန္းျပန္ျဖစ္သြားႏိုင္ တယ္။ ကြ်န္ေတာ္ေျပာလို တာက စိတ္ဓာတ္အရ၊ ေပါင္းစည္းႏိုင္မႈအင္အားအရ။ ကြ်န္ေတာ္ေျပာတာက စီးပြားေရးရယ္မွ၊ စစ္အင္အား ရယ္မွ စစ္လက္နက္ရယ္မွ ပါဝါအမာေတာင့္တင္းခိုင္မာ မွရယ္လို႔ ေျပာတာမဟုတ္ပါဘူး။ Hard Power ေတြ ရယ္မွ မဟုတ္ပါဘူး။ (ကြ်န္ေတာ္တို႔က) တလြဲမွာ ကြ်န္ေတာ္တို႔က ေကာင္းေနတယ္၊ ကြဲၿပဲမႈေတြမွာ ေကာင္းေနတယ္၊ စစ္အာဏာ ရွင္စနစ္ျဖစ္ထြန္းမႈေတြ မွာ ေကာင္းေနတယ္။ အဲဒီ စစ္ေဘာင္ႀကီးအက်ယ္ၾကီး ျဖစ္ေနတာမွာ သြားအားေကာင္းေနတယ္။ အဲဒီေတာ့ ကြ်န္ေတာ္တို႔က အဲဒါကို က်ံဳ႕ေအာင္လုပ္ၾကရမယ္။ ကြ်န္ေတာ္တို႔က ဒီ Diversity ကို Together with Diversity နဲ႔သာဆိုရင္၊ ဟာ့ဒ္ပါဝါနဲ႔ကိုေရာ ေဆာ့ဖ္ ပါဝါကိုေရာ ေပါင္းသံုးႏိုင္ တြဲသံုးႏိုင္တဲ့ Smart Power နဲ႔သာဆိုရင္ ေတာင့္တင္းခိုင္မာသန္မာတဲ့ႏိုင္ငံ ျဖစ္လာ မွာပါ။ အမ်ားႀကီး အလားအလာေတြက ရွိႏွင့္ေနၿပီး သာပါ။ အဲဒီအေပၚမွာ ကြ်န္ေတာ္တို႔ အခုထိ ေျပာင္း လို႔မရေသးဘူး။ အဲဒါသည္ ေမာ္ဒန္ဒီမိုကရက္တစ္ စတိတ္၊ ႏိုင္ငံေတာ္ ဘယ္အခ်ိန္ျဖစ္မလဲပဲ။ State Building ေတြ Nation Building ေတြ နည္းလမ္းေတြ အမ်ားႀကီးရွိပါတယ္၊ အမ်ားႀကီးေပါင္းစည္းလုပ္ၾက ရမွာပါ။ စစ္မွန္ေသာဒီမို ကေရစီဖက္ဒရယ္ ျပည္ေထာင္ စု သို႔ ရည္ရြယ္ၾကရမွာပါ။ ခုနက ေမာ္ဒေရတာက ႏွစ္ ခ်က္လို႔ ေျပာထားတယ္၊ ေပမဲ့ ကြ်န္ေတာ္ေျပာတာ မ်ားသြားမယ္ ထင္တယ္။ အမွန္က တစ္ခ်က္တည္း ေအာက္မွာပဲ ရွိေနေသးတာပါ။ ခုနကဆရာေတြလည္း ေျပာသြားၾကတဲ့အခ်က္ေတြလည္း အေတာ္ရွိေနပါ တယ္၊ ေကာင္းပါတယ္။ ကြ်န္ေတာ္တို႔ အဲဒါေတြကို အစည္းအေဝးေတြတိုင္းမွာ ေဆြးေႏြးပါ ညႇိႏိႈင္းပါ၊ ကြ်န္ေတာ္တို႔ အရပ္စကားနဲ႔ေျပာရင္ တိုင္းရင္းသား ေတြရယ္၊ အစိုးရရယ္ တပ္မေတာ္ရယ္ေပါ့ဗ်ာ။ ေနာက္ တစ္ခု ကြ်န္ေတာ္ တိုက္တြန္းခ်င္တာက တိုင္းရင္းသား ပါတီေတြကိုပါ။ ေရြးေကာက္ပြဲမွာ အႏိုင္ရသည္ၿဖစ္ေစ၊ မရသည္ျဖစ္ေစ စာရင္းအရ ရရွိတဲ့ ၄၈ ပါတီ၊ အဲဒီ ၄၈ ပါတီလံုးအျပင္ တျခားေသာ တိုင္းရင္းသားအဖြဲ႕အစည္း ေတြ၊ တိုင္းရင္းသားေတြသည္လည္း အၿမဲတမ္းေဆြး ေႏြးၾကပါ၊ ကိုယ့္ျပည္နယ္ကို ကိုယ္ ဘယ္လိုပံုေဖာ္ၾက ရမည္လဲ ဆိုတာမ်ိဳးေတြပါ။ ဘယ္လိုသြားၾကမလဲ ဘယ္လိုတည္ေဆာက္ၾကမလဲ ႀကိဳတင္ေဆြးေႏြးထား ၾကပါ။ ဒါက ဒါေတြက တစ္ခ်ိန္မွာ ျဖစ္ကိုျဖစ္မယ့္ ျဖစ္ရမယ့္အရာေတြကို ႀကိဳတင္ေဆြးေႏြးၿခင္းပါပဲ။  ဒီေနရာမွာ သင့္တင့္ေလ်ာက္ပတ္တယ္၊ ၿဖစ္ႏိုင္ တယ္၊ အက်ိဳးရွိတယ္၊ အက်ိဳးေက်းဇူးမ်ားတယ္ ဆိုတာမ်ိဳး ေတြ အေပၚမွာပါ။ အခု ကြ်န္ေတာ္တို႔သည္ ဒီ ဒီမိုက ရက္တစ္ဖက္ဒရယ္ျပည္ေထာင္စုဆိုတာကိုက တစ္ခ်ိန္ က Dream ကေန အခု Hope ျဖစ္လာေနတယ္၊ Hope ကိုကလည္း လုပ္လို႔ကိုင္လို႔လည္း ရလာေနၾကတယ္၊ လုပ္ထံုးလုပ္နည္းေတြ အေသးစိတ္ေတြကအစ စဥ္းစား ရာမွာ ျပည္သူမနာေသာ၊ အၾကမ္းမဖက္ေသာ၊ ၿငိမ္း ခ်မ္းေသာ နည္းလမ္းေတြေပါ့၊ ယဥ္ေက်းမႈအျမင့္သြား တဲ့နည္းလမ္း။ ကိုယ့္ျပည္နယ္ကိုကိုယ္ ဘယ္လို ပံုေဖာ္ ၾကမလဲ စဥ္းစားၾက ေဆြးေႏြးၾကပါ။  တရားဥပေဒပိုင္း ေတြ ဘယ္လိုသြားၾကမလဲ၊ စီးပြားေရးမွာ ဘယ္လိုသြား မယ္၊ ခုနကေျပာတဲ့ Geo Politics, Geo Economics ေတြ ဘယ္လိုအသံုးခ်ၾကမယ္ စသျဖင့္ေတြ အမ်ားႀကီး လုပ္ထားစရာေတြ ရွိပါတယ္။ ဒီမိုကေရစီပဲျဖစ္ျဖစ္၊ ၿငိမ္းခ်မ္းေရးပဲျဖစ္ျဖစ္ ကြ်န္ေတာ္တို႔ တည္ေဆာက္ ၾကရရာမွာက အင္မတန္ခက္ခဲပါတယ္၊ အဆင့္ေတြ အလိုက္ရွိသလို ေက်ာ္သြားလို႔ရတာေတြလည္း ရွိပါ တယ္။ လူ႔အဖြဲ႕အစည္းက ပိုေကာင္းတာေတြဆီ ေမွ်ာ္ ရည္ဆက္သြားေနၾကရၿမဲပါ။ ကိုယ့္စိတ္ကူး၊ ကိုယ့္အိုင္ဒီ ယာေတြကေန ေပါက္ဖြားလာတာေတြကေန ျဖစ္လာ တာေတြပါပဲ။ တစ္ကမၻာလံုးဆီကေန ေကာင္းတာေတြ၊ ျဖစ္ႏိုင္တာေတြ The Whole Society ကေန ယူၿပီး ေတာ့လည္း လုပ္ႏိုင္ၾကတာပါပဲ။ အခုပံုသ႑ာန္သည္ ထင္ဟပ္ လိုအပ္ေနတာကေတာ့ (ေနာက္ စကားလံုး အရေတာ့ ဆက္ေဆြးေႏြးၾကေပါ့ေလ အမ်ားႀကီး ရွိၾက မယ္) လိုအပ္တာက ႏိုင္ငံေရးတပ္ေပါင္းစု ပံုစံေပါ့ေလ၊ အဲဒီအသြင္သဏၭာန္တစ္ရပ္ပါ။ ၂၀ဝ၈ ကိစၥ၊ ၂၀ဝ၈ ကိစၥ ပါမယ္၊ တစ္ပိုင္းေပါ့ေလ၊ တပ္မေတာ္လည္း ပါရ မယ္၊ ဆိုလိုတာက အရပ္ဘက္-စစ္ဘက္ဆက္ဆံေရး ကို ထည့္ေျပာတာပါ။ ဘယ္လိုေတြသြားၾကမလဲ၊ ကြ်န္ေတာ္တို႔အားလံုး အတူသြားႏိုင္မွသာ ရႏိုင္မွာပါ။ ညီညြတ္ေရးကို ေသခ်ာျပန္တည္ေဆာက္ဖို႔ အခ်ိန္အခါ ကေတာ့ က်ေရာက္ေနပါၿပီ။ ဒါပါ၊ ကြ်န္ေတာ္ေျပာခ်င္ တာ အဓိကက ဒါပါပဲ။ ေက်းဇူးတင္ပါတယ္။