• Today is: Thursday, August 5, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်း (၂၀၂၀)

Federal Journal
October07/ 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ရွေးကောက်ပွဲကြေညာစာတမ်း (၂၀၂၀)

၁။         တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေဒ

၂။         စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး

၃။         ရေရှည်တည်တံ့ခိုင်မြဲမည့် လုံခြုံဖွံ့ဖြိုးတိုးတက်ရေး

 

ဥပဒေပြုရေး

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ပြည်သူလူထု အကျိုးပြုရေးတို့ကို ရှေးရှုပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလနှင့် ဆီလျော်စေရန် တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဌာန်းခြင်းတို့ ပြုလုပ်မည်။

(က)     ခေတ်စနစ်နှင့်ညီညွတ်သော ဥပဒေများဖြစ်စေရန်။

(ခ)       ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရန်။

(ဂ)       လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရန်။

(ဃ)     ပြည်သူလူထုအပေါ် ဖိနှိပ်ချုပ်ခြယ်သော ဥပဒေမျိုး မဖြစ်စေရန်။

(င)       နိုင်ငံတကာ စာချုပ်စာတမ်းများ၊ ကွန်ဗင်းရှင်းများ၏ ဆုံးဖြတ်ချက်များနှင့် ဆီးလျော်စေရန်။

(စ)       ပြည်သူများအကြား သဟဇာတဖြစ်ရေး၊ သွေးစည်းညီညွတ်ရေးကို မြှင့်တင်နိုင်စေရန်။

 

အုပ်ချုပ်ရေး

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန် ကောင်းမွန်သောအုပ်ချုပ်ရေး မရှိမဖြစ်လိုအပ် သည်။ ကောင်းမွန်သောအုပ်ချုပ်ရေးဖြစ်ထွန်းစေရန် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေရှိ စေမည့် အုပ်ချုပ်ရေးမူဘောင်များကို ချမှတ်ရပါမည်။

(က)     စွမ်းဆောင်ရည်ပြည့်ဝပြီး အဂတိကင်းသော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန်။

(ခ)       တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု ထွန်းကားစေရန်။

(ဂ)       တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်ရန်။

(ဃ)     ပြည်သူလူထု၏ စိတ်လုံခြုံမှုနှင့် ကိုယ်လုံခြုံမှုကို တရားမျှတစွာ အကာအကွယ်ပေးရန်။

(င)       ဥပဒေအရာတွင် အားလုံးအညီအမျှဖြစ်သည်ဟူသော မူအရ တရားနည်းလမ်းတကျ မျှမျှတတဖြစ်စေရန်။

(စ)       ပြည်သူလူထုအားဖိနှိပ်သည့် ကိရိယာမဖြစ်စေဘဲ ပြည်သူလူထုအကျိုးကို ကာကွယ်ပေးသည့် စီမံခန့်ခွဲမှုယန္တရားဖြစ်စေရန်။

(ဆ)     ပြည်သူလူထုအပေါ်တွင် စိတ်ရင်းစေတနာမှန်ဖြင့် ဝန်တောင်မှုပေးရန်။

 

တရားစီရင်ရေး

တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ်ကို ထူထောင်ရန် ဆောင်ရွက်မည်။

(က)     ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။

(ခ)       နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်များနှင့် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်။

(ဂ)       ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊ ဥပဒေအရကန့်သတ်ချက်မှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရှရိရေးတို့သည် တရားစီရင်ရေးမူများဖြစ်သည်။

(ဃ)     မည်သူ့ကိုမဆို ဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခြင်း မရှိသေးသမျှ အပြစ်ကင်းသည်ဟု မှတ်ယူရေး၊ ထင်ကြေးဖြင့် အပြစ်မပေးရေး၊ သံသယအကျိုးကို တရားခံအား ခံစားခွင့်ပေးရေးတို့ကို တရားစီရင်ရေး၏ စံများအဖြစ် သတ်မှတ်သည်။

(င)       ပြည်သူလူထုအတွက် တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ်ကို ထူထောင်မည်။

 

တိုင်းရင်းသားများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)တို့နှင့်အညီ ဖြစ်စေရန် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ဆောင်ရွက်မည်။

(၁)       တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထေင်စုတည်ဆောက်ရေး။

(၂)       တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းရေး။

(၃)       ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖြေရှင်းနိုင်ရန် အပြန်အလှန်လေးစားမှုရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြင့် ညှိနှိုင်းအဖြေရှာရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရှရိရေး။

(၄)       ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ခိုင်မြဲရေးတို့အတွက် ပြည်ထောင်စုစိတ်ဓာတ်အခြေခံ၍ ထာဝစဉ်လက်တွဲနေတိုင်ရေး။

(၅)       တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး။

(၆)       ပြည်နယ်/တိုင်းဒေသကြီးအားလုံ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရေး။

(၇)       သဘာဝ အရင်းအမြစ်များမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ်ပြည်ထောင်စုမူနှင့်အတူ ဒေသအလိုက် မျှတစွာခွဲဝေခံစားခွင့်ရရှိရေး။

 

နိုင်ငံခြားရေး

(၁)       နိုင်ငံတကာနှင့်ဆက်ဆံရေးတွင် လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး၍ ချစ်ကြည်ရင်းနှီးမှုရရှိအောင် ဆောင်ရွက်မည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုမည်။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းမည်။

(၂)       နိုင်ငံတကာနှင့် ဆက်ဆံရာ၌ ဖြစ်ပေါ်လာသည့် ကိစ္စရပ်များတွင် စစ်မှန်သော ဒီမိုကရေစီစံနှုန်းများကို အခြေခံ၍ လူသားများအကြား သဟဇာတဖြစ်ရေးကို မြှင့်တင်သည့်မူအပေါ် ခိုင်မာစွာရပ်တည်မည်။

(၃)       ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြးရန်ပုံငွေအဖွဲ့စသည်တို့နှင့် ရင်းနှီးခင်မင်စွာ ဆက်ဆံမည်။

 

ကာကွယ်ရေးနှင့် လုံခြုံရေး

(၁)       တပ်မတော်၏ အဓိကတာဝန်အဖြစ် နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို ကာကွယ်ရန်။

(၂)       ပြည်သူတို့ ယုံကြည်အားကိုးသော တပ်မတော်ဖြစ်ရန်။

(၃)       တပ်မတော်သည် ဒီမိုကရေစီ စံနှုန်းစံထားများနှင့်အညီ ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစိုးရ၏ မူဝါဒအပေါ်ရပ်တည်ရန်။

(၄)       စစ်ရေးစွမ်းရည်ထက်မြတ်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်ခေတ်မီသည့် တပ်မတော်ဖြစ်ရန်။

(၅)       ပြည်သူတိ့ု ချစ်ခင်အားကိုးသော ရဲတပ်ဖွဲ့ဖြစ်ရန်။

(၆)       တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သော ရဲတပ်ဖွဲဖြစ်ရန်။

(၇)       ဒီမိုကရေစီစံနှုန်းများကို အခြခံသည့် တည်ငြိမ်အေးချမ်းသော လူမှုအသိုင်းအဝန်း ထွန်းကားရေး ပံ့ပိုးရန်။

(၈)       အရည်အသွေးပြည့်ဝသည့် ခေတ်မီတိုးတက်သော ရဲတပ်ဖွဲ့ဖြစ်ရန်။

 

စီးပွားရေး

(၁)       ရေရှည်အမြော်အမြင်ဖြင့် ဆန်းသစ်တီထွင်သော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာစေရန်။

(၂)       ပုဂ္ဂလိကစီးပွားရေးကဏ္ဍကို အားပေးခြင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူသားအရင်းအမြစ်များ တိုးတက်လာစေရေး။

(၃)       အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရေး။

(၄)       တာဝန်ယူမှုရှိပြီး အရည်အသွးပြည့်ဝသည့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးရေး။

(၅)       နိုင်ငံတော်၏ အကျိုးစီးပွားကိုဖော်ဆော်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ရေး။

(၆)       COVIDE-19 ကြောင့် စီးပွားရေးထိခိုက်မှုများ လျော့ပါးသက်သာလာစေရေးနှင့် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေး။

(၇)       ဈေးကွက်တစ်ခုတည်းကို မူတည်နေမည့်အစား အခြားနိုင်ငံများသို့လည်း ဈေးကွက်ပိုမိုချဲ့ထွင်ရေး။

(၈)       ခေတ်မီစိုက်ပျိုးရေးစနစ်ဖြင့် နိုင်ငံစီးပွားရေး တိုးတက်လာအောင် ဆောင်ရွက်ပြီး အခြားနိုင်ငံများသု့ိ ဈေးကွက်များ ချဲ့ထွင်ရေး။

 

စိုက်ပျိုးမွေးမြူရေး

(၁)       လုပ်ကွက်ငယ်တောင်သူလယ်သမားများနှင့် လယ်မဲ့ယာမဲ့များအတွက် မြေယာသစ်များဖော်ထုတ်ပြီး မြေယာလုပ်ပိုင်ခွင့်များရရှိရန် ဆောင်ရွက်ပေးရေး။

(၂)       ပြည်သူလူထု စားနပ်ရိက္ခာနှင့် အာဟာရဖူလုံမှုရရှိရေးနှင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများ အနေဖြင့် ထုတ်လုပ်နိုင်စမ်းအား မြင့်မားလာစေပြီး ဝင်ငွေမြင့်မားလာစေရေး.

(၃)       မြန်မာ့ရေးမြေသဘာဝနှင့် ကိုက်ညီပြီး အရည်အသွေးကောင်းမွန်သည့် လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲနိုင်ရေး။

(၄)       ရေချိုရေငန် ငါးဖမ်းဆီးလုပ်ကိုင်မှုများ ဥပဒေနှင့်အညီ ဖြစ်စေရေး။

(၅)       ပင်လယ်ကမ်းနီးကမ်းဝေးငါးများ မပြုန်းတီးရေးနှင့် ငါးခိုးဖမ်းမှုများကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးရေး။

(၆)       လယ်ယာသားငါး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးအထူးဇုန်များ တည်ထောင်ရေး။

(၇)       စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သည့် ငွေကြေး အရင်းအနှီး၊ ချေးငွေအထောက်အပံ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် သွင်းအားစုများ ရှရိရန် ကူညီဆောင်ရွက်ပေးရေး။

(၈)       နိုင်ငံတကာစံချိန်စံညွှန်းမီ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အခြား စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ရောဂါကာကွယ်ဆေးများ၊ ဆေးဝါးများ စနစ်တကျသုံးစွဲနိုင်ရေး။

(၉)       မျိုးကောင်းမျိုးသန့် မျိုးစေ့သွင်းအားစုများ ရှရိရေး။

(၁၀)    ဒေသမျိုးစိတ်များဖော်ထုတ်ပြီး တရားဝင်ဖြစ်စေရေး။

(၁၁)     စိုက်ပျိုးရေးကို အခြေခံသော ခေတ်မီစက်မှုလယ်ယာစနစ်ကို တစ်ဆင့်ချင်းဖြင့် ဖြစ်ပေါ်နိုင်ရန် အားပေးကူညီရေး။

(၁၂)     သဘာဝမြေသြဇာများ ပိုမိုသုံးစွဲနိုင်ရေး၊ သြဂဲနစ်မြေသြဇာများ ထုတ်လုပ်သုံးစွဲမှု တိုးတက်လာစေရေးနှင့် သြဂဲနစ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာစေရန် ကူညီအားပေးရေး။

(၁၃)     အမယ်စုံသီးနှံများ စိုက်ပျိုးရေးနှင့် ဈေးကွက်သစ်များရရှိရေး။

 

ပညာရေး

နိုင်ငံသားတိုင်း မွေးဖွားချိန်မှ အစပြုကာ ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် သင်ယူနိုင်မည့် ပညာရေး အခွင့်အလမ်းများ ရရှိရန်နှင့် အကျိုးရှိသည့် ပညာရပ်များ တတ်မြောက်ကြရန် ကြိုးပမ်းဆောင်ရွက်မည်။

(၁)       အခမဲ့ မသင်မနေရ မူလတန်းပညာရေးကို ဦးတည်အကောင်အထည်ဖော်ရေး။

(၂)       ကျောင်းနေအရွယ် လူငယ်အားလုံး ပညာသင်ယူခွင့် ရရှိရေးအတွက် ပညာရေး အထူးဝန်ဆောင်မှု အစီအစဉ်များ အပါအဝင် လူတိုင်းအကျုံးဝင် ပညာရေးအစီအစဉ် ထားရှိရေး။

(၃)       လူမှုစီးပွားဘဝတွင် လက်တွေ့အသုံးချနိုင်သည့် ပညာရေး ဖြစ်ရေး။

(၄)       ပညာရပ်နယ်ပယ်အားလုံးကို တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေပြီး နိုင်တော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သော အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာနှင့် သက်မွေးပညာကျွမ်းကျင်သူများကို အဆင့်အလိုက် မွေးထုတ်ရေး။

(၅)       နိုင်ငံတကာ ပညာရေးအဆင့် ရှိစေရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြုဆောင်ရွက်ရေး။

(၆)       အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသား သမဂ္ဂများကို သက်ဆိုင်ရာ တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်ရှိရေး။

(၇)       တက္ကသိုလ်နှင့် ကောလိပ်များသည် လွတ်လပ်သော ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ဖြင့် ရပ်တည်ရေး။

(၈)       ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုခြင်းနှင့် ပညာရေးလုပ်ငန်းများ၌ ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို အားပေးမြှင့်တင်ရေး။

(၉)       ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်မှု (IQ) နှင့် စိတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ) စသည့် ၂၁ ရာစုကို စိန်ခေါ်နိုင်သော ပညာရေးစနစ်ကို ဖော်ဆောင်ရေး။

(၁၀)    အသက်မွေးဝမ်းကျောင်းပညာရေးကို ဖော်ထုတ်ရေး။

 

ကျန်းမာရေးနှင့် အားကစား

လူတိုင်းအရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေး (UNIVERSAL TEALTH COVERAGE) နှင့် ပြည်သူများအားလုံး ကျန်းမာသန်စွမ်းရေး (NATIONAL FITNESS) အတွက် ဦးတည်သည်။

(၁)       လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးလွှမ်းခြုံမှု ရရှိရေးအတွက် အမျိုးသားကျန်းမာရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်။

(၂)       ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်သင်ကြား၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုမွေးထုတ်ရန်။

(၃)       အရည်သွေး ပြည့်ဝသော ဆရာဝန်များ၊ သူနာပြု၊ သားဖွားနှင့် ကျန်းမာရေးဝန်ထမ်းများကို ပိုမိုမွေးထုတ်ရန်၊ ဆေးတက္ကသိုလ်များ သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (QUTCOME-BASED INTEGRATED CURRICULUM) ဖြင့် သင်ကြားရန်။

(၄)       ပြည်သူများအား ပိုမိုအရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် အသုံးချသုတေသနများ ဆောင်ရွက်ရာတွင် ရန်ပုံငွေများ တိုးမြှင့်ချထားဆောင်ရွက်ရန်။

(၅)       ဆေးရုံများတွင် လိုအပ်သည့် အခြေခံဆေးဝါးများနှင့် ဆေးပညာကိရိယာများ ပြည့်စုံစေရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများ ရန်ပုံငွေကို တိုးမြှင့်သုံးစွဲရန်။

(၆)       ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီစေရေးအတွက် ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲအသစ်များ ဖွင့်လှစ်ခြင်းနှင့် အမျိုးမျိုးသော ကျန်းမာရေးဝန်ထမ်းများ အသစ်ခန့်ထားခြင်းတို့ကို ဆောင်ရွက်ရန်။

(၇)       ကျောင်းသားလူငယ်များတွင် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှု ဘဝပုံစံ (HEALTHY LIFE STYLE) စွဲမြဲစွာကျင့်သုံးလာစေရန်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်။

(၈)       အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ စီမံကိန်းရေးဆွဲ၍ အာဟာရဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရန်။

(၉)       မကူးစက်တတ်သော ရောဂါများဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာ၊ အဆုတ်ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းရေးအတွက် လက်တွေ့ကျပြီး ကျင့်သုံးလုပ်ကိုင်နိုင်မည့် လုပ်ငန်းများ ဆောင်ရွက်ရန်။

(၁၀)    ပြည်သူများ၏ ကျန်းမာရေးအသိပညာ စာတတ်မြောက်မှု (HEALTH LITERACY) မြင့်မားလာစေပြီး ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူများ ဖြစ်ထွန်းလာစေရေးအတွက် MOBILE TABLET ဖုန်းများအသုံးပြု ခြင်းအပါအဝင် နည်းလမ်းပေါင်းစုံဖြင့် အသိပညာပေးခြင်း လုပ်ငန်းများကို အလေးပေးဆောင်ရွက်ရန်။

(၁၁)     အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးပညာရှင်များ ပိုမိုမွေးထုတ်ရေးနှင့် တိုင်းရင်းဆေးသုတေသနကို ပိုမိုပြုလုပ်ရန်။

(၁၂)     ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဆောင်ရွက်ရန်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သည့် သစ်တောသယံဇာတ၊ သတ္တုသယံဇာတ၊ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဝန်ဆောင်မှုစနစ်များကို နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးအတွက် အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျ စီမံကွပ်ကဲရန် ဖြစ်ပါသည်။

(၁)       နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းရန်။

(၂)       သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်ရေးအတွက် ရေရှည်တည်တံ့စေသော နည်းလမ်းဖြင့် နိုင်ငံတော်၏ သဘာဝသယံဇာတ အရင်းအမြစ်များကို ထုတ်ယူသုံးစွဲရန်။

(၃)       ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ထိခိုက်ပျက်စီးမှုများ တတ်နိုင်သမျှ လျော့နည်းသက်သာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ဟန်ချက်ညီညီ သဟဇာတဖြစ်စေရန်။

(၄)       ကာကွယ်ခြင်း၊ ထာဝစဉ်တည်တံ့စေခြင်း၊ အခြေခံ စားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာစေခြင်း၊ နိုးကြားတက်ကြွသည့်အသိ ရှင်သန်နေစေခြင်း စသည်တို့အပေါ် အခြေခံ၍ အမျိုးသားသစ်တောကဏ္ဍကို အကောင်အထည်ဖော်ရန်။

(၅)       ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ထင်း၊ တိုင်၊ မျော၊ ဝါး စသည်တို့ဖြည့်ဆည်းနိုင်ရေး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း (COMMUNITY FORESTYR) ကို ခွင့်ပြုပေးရန်။

(၆)       မြန်မာနိုင် သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း (MYANMAR REFORESTATION AND REHABILITATION PROGRAMME – MRRP) ကို ရေးဆွဲပြီး သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်။

(၇)       အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအတွက် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစား အခြားလောင်စာ တိုးမြှင့်သုံးစွဲရေး ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန်။

(၈)       ပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်။

(၉)       ဓာတ်သတ္တု၊ ကျောက်မျက်နှင့် ပုလဲအရင်းအမြစ်များကို ခေတ်မီနည်းစနစ်၊ ကောင်းမွန်သော စီမံခန့်ခွဲမှု စနစ်တို့ဖြင့် သင့်တင့်စွာ ထုတ်ယူသုံးစွဲရန်၊ တိုးချဲ့ရှာဖွေရန်။

(၁၀)    ဓာတ်သတ္တုလုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရန်နှင့် လုပ်ငန်းခွင့် ဘေးအန္တရာယ်မှ ကင်းရှင်းကြစေရန်။

(၁၁)     ဓာတ်သတ္တု အသေးစား၊ လက်လုပ်လက်စား တူးဖော်မှုမျာ်းကို စနစ်တကျ ဆောင်ရွက်စေခြင်းဖြင့် တရားမဝင်တူးဖော်မှုများ လျော့နည်းပပျောက်စေရန်။

(၁၂)     ပြောင်းလဲနေသည့် ရာသီဥတုနှင့် ဆိုးရွားလာသော သဘာဝ ဘေးအန္တရာယ်များကို ရင်ဆိုင်တုံ့ပြန်ကာ လိုက်လျောညီထွေ ရှင်သန်ရပ်တည်၍ ပြန်လည်ထူထောင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်စွမ်းရှိသည့် လူ့ဘောင်အဖွဲ့အစည်း (RESILIENT SOCIETY ADAPTIVE TO CLIMATE CHANGE AND NATURAL DISASTER) တည်ဆောက်ခြင်းဆိုင်ရာ နည်းလမ်းများဖြင့် ဆောင်ရွက်ရန်။

 

လျှပ်စစ်နှင့် စွမ်းအင်

လျှပ်စစ်ဓာတ်အားသည် နိုင်ငံ၏ စက်မှုထုတ်ကုန် တိုးမြှင့်ထုတ်လုပ်ရေးနှင့် စက်မှုဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီး သည်။ နိုင်ငံတွင် စီးပွားရေး၊ လူမှုရေး၊ ဘက်စုံဖွံ့ဖြိုးလာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက် သည်လည်း အရှိန်အဟုန်ဖြင့် တိုးမြင့်လာမည်ဖြစ်ပါသည်။ ထို့ကြောင့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်မည်။

 

(၁)       လျှပ်စစ်ဓာတ်အား လုံလောက်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရေအား၊ လေအား၊ နေအား၊ အပူစွမ်းအင် (GAS, COAL, LNG)နှင့် အခြားစွမ်းအင်အရင်းအမြစ်များ အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး။

(၂)       နိုင်ငံတော်တွင် လက်ရှိ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းရန်နှင့် အနာဂတ် စွမ်းအင်လိုလောက်မှုရှိပြီး အရန်စွမ်းအင် ထားရှိရေး။

(၃)       အရည်အသွေး ကောင်းမွန်သော လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းရှင်စွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး။

(၄)       လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်သက်ရောက်မှု (EIA) နှင့် လူမှုပတ်ဝန်းကျင် သက်ရောက်မှု (SIA) နည်းလမ်းများအရ ဆောင်ရွက်ရေး။

(၅)       ပြည်တွင်း၌ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ပိုမိုရှာဖွေထုတ်လုပ်ရေး။

(၆)       ပြည်တွင်းမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်းလိုအပ်ချက်အတွက် ဦးစားပေးသုံးစွဲပြီး ပိုလျှံသော သဘာဝဓာတ်ငွေ့ကို ပြည်ပသို့ ရောင်းချရေး။

 

ပို့ဆောင်ရေး

ပြည်သူလူထု၏ လူမှုစီးပွားဘဝများ မြင့်မားလာစေရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေ ရေးတို့အတွက် ပိုမိုကောင်းမွန်သော ပို့ဆောင်ရေးစနစ်ဖြစ်လာရန် ဆောင်ရွက်မည်။

(၁)       သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် ဘေးကင်းလုံခြုံသော သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို ဖြည့်ဆည်းအဆင့်မြှင့်တင် တည်ဆောက်ရန်။

(၂)       ပို့ဆောင်ရေးကဏ္ဍများအကြား လွတ်လပ်စွာယှဉ်ပြိုင်နိုင်မှုနှင့် ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်နိုင်မှုကို ထိထိရောက်ရောက် ထောက်ပံ့ဖြည့်ဆည်းနိုင်သော သယ်ယူပို့ဆောင်ရေးဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေရန်။

(၃)       နိုင်ငံပိုင်၊ ပုဂ္ဂလိကနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းမှုအစီအစဉ်များဖြင့် ပို့ဆောင်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး အားပေးမြှင်တင်ရန်။

(၄)       နိုင်ငံ၏ ပို့ဆောင်ရေး အရင်းအရမြစ်များကို အရည်အသွေးမြှင့်တင်ပေးရန်။

(၅)       ငွေကြေးအကျိုးအမြတ် မရှိသော်လည်း ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေမည့် ပို့ဆောင်ရေး လုပ်ငန်းများကို ထောက်ပံ့ဖြည့်ဆည်းပေးရန်။

 

ဆက်သွယ်ရေး

ဆက်သွယ်ရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးတွင် နိုင်ငံတော်၏ ဆက်သွယ်ရေးအခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်မည်။

(၁)       လုံခြုံစိတ်ချရပြီး ဝန်ဆောင်မှု အရည်အသွေး မြင့်မား၍ ဈေးကွက်ယှဉ်ပြိုင်မှုရှိသည့် အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်။

(၂)       အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူလူထုအကြား ဆက်သွယ်ဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရန် အီလက်ထရောနစ် အစိုးရလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေး တိုးမြှင့်ဆောင်ရွက်ရန်။

(၃)       ကျေးလက်နှင့် မြို့ပြဒေသများအကြား ဒစ်ဂျစ်တယ်ကွာဟမှု လျော့နည်းစေရေးအတွက် အခြေခံ ဆက်သွယ်ရေးဝန်ဆောင်မှုများအား မြန်မာနိုင်ငံတစ်ဝန်း အချိန်မရွေး၊ နေရာဒေသမရွေး ဖြန့်ကျက်ရရှိပြီး နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေး ဆောင်ရွက်ရန်။

(၄)       ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန်။

(၅)       အများပြည်သူအကျိုးပြု အိုင်စီတီနည်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တီထွင်ဖန်တီးနိုင်မှု မြင့်မားလာစေရေးအတွက် သုတေသနလုပ်ငန်းများ ထွန်းကားလာစေရေး တွန်းအားပေးဆောင်ရွက်ရန်။

(၆)       ဒစ်ဂျက်တယ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးဆောင်ရွက်ရန်။

(၇)       ဆိုက်ဘာလုံခြုံရေးဆိုင်ရာ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ၊ အကျိုးစီးပွားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက် လုံခြုံမှုများကို အကာအကွယ်ပေးနိုင်ရေး ဆောင်ရွက်ရန်။

(၈)       အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ်၊ ကမ္ဘာ့စာပို့တိုက်သမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲ၍ စာပို့တိုက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ပြည်သူလူထုအတွက် အရည်အသွေး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ရရှိနိုင်စေရေး ဆောင်ရွက်ရန်။

(၉)       IT တိုးတက်မှု၏ ကောင်းကျိုး၊ ဆိုးကျိုး၊ အကျိုးနှစ်သွယ်ကို မျှတစွာ သုံးသပ်နိုင်ရေး။

(၁၀)    COVID အတွေ့အကြုံများ သင်ခန်းစာယူပြီး ခေတ်မီနည်းပညာများသုံး၍ နိုင်ငံယန္တရား လည်ပတ်နိုင်ရေး။

 

တောင်သူလယ်သမား

(၁)       တောင်သူလယ်သမားများ လွတ်လပ်စွာ စိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ ကြိတ်ခွဲ၊ သယ်ယူ၊ ပို့ဆောင်ရောင်းချခွင့် ရှရှိရေး။

(၂)       ဥပဒေနှင့်ညီညွတ်မှုမရှိသော လယ်ယာမြေ သိမ်းဆည်းခံရမှုများမဖြစ်ပေါ်စေရေး။

(၃)       ဥပဒေမဲ့ ဆုံးရှုံးခဲ့ရသော လယ်ယာမြေများအား ဥပဒေနှင့်အညီ ပြန်လည်စိစစ်ပြီး လယ်ယာမြေ ပြန်လည်ရရှိရေး၊ လျော်ကြေးနစ်နာကြေးရရှိရေး။

(၄)       တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက်လမ်းနှင့် ကုန်ထုတ်လမ်းတံတားများ ပိုမိုဖောက်လုပ်တည်ဆောက်ရေး။

(၅)       လွတ်လပ်သည့် တောင်သူလယ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်ရေး။

(၆)       စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့် စက်မှုကုန်ချောထွက်ကုန်များဖြစ်စေရန် နည်းပညာများ ဖြန့်ဝေခြင်းနှင့် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ ထုတ်ချေးပေးခြင်းတို့ကို အထူးအားပေးရေး။

(၇)       လယ်ယာကဏ္ဍ ထုတ်လုပ်မှု တိုးတက်စေရန် လိုအပ်သည့် ငွေကြေး၊ အရင်းအနှီး၊ နည်းပညာနှင့် သွင်းအားစုများ၊ ရှရိစေရေး။

(၈)       ဆန်စပါးအပါအဝင် အလားအာလရှိသော အရည်အသွေးမြင့် ပြည်ပပို့ကုန်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပဈေးကွက်တွင် ထုတ်လုပ်မှုအရေးအတွက်၊ ထုတ်ကုန်အရည်အသွေး နှင့် ဈေးနှုန်းအရ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရေး။

(၉)       တောင်သူလယ်သမားများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်သော အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် ပီပြင်စွာဖြစ်ပေါ်ရေး။

(၁၀)    စက်မှုလယ်ယာစနစ်ကို အလားအလာကောင်းသော ဒေသများ၌ တိုးချဲ့ဆောင်ရွက်ရေး

(၁၁)     လုပ်ကွက်ငယ်တောင်သူများ လယ်ယာလုပ်ငန်းပြင်ပ ဝင်ငွေရရှိရေးကို လေးပေးဆောင်ရွက်ရေး။

(၁၂)     တောင်သူများအနေဖြင့် သက်ဆိုင်ရာ ဥပဒေပါ အခွင့်အရေးများကို အချိန်နှင့်တပြေးညီ အပြည့်အဝ ရှရိစေရေးအတွက် အလေးပေးဆောင်ရွက်ရေး။

(၁၃)     တောင်သူလယ်သမားများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်ရေး။

(၁၄)     တောင်သူလယ်သမားများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရောင်းချရေး။

(၁၅)    စိုက်ပျိုးရေးထုတ်ကုန်များ သိုလှောင်မှု၊ ကြိတ်ခွဲမှု၊ ဈေးကွက်ရှရိမှုတို့ကို တိုးတက်ကောင်းမွန်စေရေး။

(၁၆)    စိုက်ပျိုးရေးထွက်ကုန်များ ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့် စက်မှုကုန်ချောထွက်ကုန်များ ဖြစ်လာစေရန် နည်းပညာများ ဖြန့်ဝေခြင်း၊ သွင်းအားစုများရရှိစေရေး လိုအပ်သည့် ငွေကြေးနှင့် အရင်းအနှီးများ ရှရိစေရေးတို့ကို တွန်းအားပေးဆောင်ရွက်ရေး။

 

အလုပ်သမား

(၁)       နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သားအင်အားကို စနစ်တကျနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေး။

(၂)       စွမ်းဆောင်ရည် ထက်မြတ်သည့် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေး။

(၃)       အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ခြင်းဖြင့် မသန်စွမ်းများ အပါအဝင် မြန်မာအလုပ်သမား ထု၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်စေရေး။

(၄)       အလုပ်သမားများအတွက် လုပ်ငန်းခွင့် အေးချမ်းသာယာ၍ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သင့်တော်ကောင်းမွန်သော လုပ်ငန်းခွင့်များကို ဖန်တီးပေးရေး။

(၅)       အလုပ်သမားများအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် လူမှုဖူလုံရေးစီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်ရေး။

(၆)       အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များအတွက် ပြည်တွင်း/ပြည်ပအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး။

(၇)       ရွှေ့ပြောင်းအလုပ်သမားများ အရေးကိစ္စတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း/ပြည်ပရှိ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်စေရေး။

(၈)       အလုပ်ရှင်နှင့် အလုပ်သမားများကြား မိတ်ဖက်ဆက်ဆံရေးကောင်းမွန်ပြီး ဥပဒေနှင့်အညီ အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိရေး။

 

အမျိုးသမီး

(၁)       ကုသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်ပန်းတိုင် (SUSTAINABLE DEVELOPMENT GOAL – SDG) များ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗန်းရှင်း (UNITED NATIONS COVENTION ON THE ELIMINATION OF ALL FORMS OF DISCRIMINATIN AGAINTS WOMEN – UNCEDAW) ပါ ပြဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်။

(၂)       အမျိုးသမီးများသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိစေရေးအတွက် ပြဌာန်းထားသော ဥပဒေများ ထိရောက်ရှိစေရန်နှင့် လိုအပ်သော ဥပဒေများ ရေးဆွဲပြဌာန်း ဆောင်ရွက်ရန်။

(၃)       အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်၊ စောင့်ရှောက်မှုများပေးရန်နှင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန်။

(၄)       အမျိုးသမီးများအား မိမိတို့ကို ကာကွယ်ပေးထားသော ဥပဒေများနည်းလည်လာစေရန်နှင့် ဗဟုသုတများ ပြည့်စုံစေရေးအတွက် ဆောင်ရွက်ပေးရန်။

(၅)       ကိုယ်ဝန်ဆောင်ကာလနှင့် မီးဖွားကာလများအတွင်း အမျိုးသမီးများသည် ဥပဒေနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှု ရရှိခံစားစေရန်။

 

လူငယ်

ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ဦးဆောင်မှုအရည်အသွေး၊ ပူးပေါင်းပါဝင် ဆောင်ရွက်ရေးစသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များအဖြစ် ပျိုးထောင်ပေးပြီး နိုင်ငံ့သားကောင်းလူငယ်များ ပေါ်ထွန်းလာရန် ရည်မှန်းထားပါသည်။

(၁)       လူငယ်တို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်။

(၂)       ဥပဒေပြုရေး၊ အုပ်ချုပ်ရေး စသည့်ကဏ္ဍတို့တွင် အရည်အချင်းပြည့်မီသော လူငယ်များ ပါဝင်နိုင်မည့် အနေအထားကို ဖော်ဆောင်ပေးရန်။

(၃)       လူငယ်များတွင် ကျား/မ လိင်စိတ်ကိုင်းညွှတ်မှုနှင့် လိင်ဝိသေသ ခံယူမှုအရသော်လည်းကောင်း၊ ရိုးရာ ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ယုံကြည်ကိုးကိုယ်မှု ဘာသာအရလည်းကောင်း၊ မသန်စွမ်းမှုအရသော် လည်းကောင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆင်ရာ အခြေအနေအရလည်းကောင်း စသည့်ခွဲခြားဆက်ဆံမှုများ ကင်းရှင်းရန်။

(၄)       လူငယ်များ၏ တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းများကို မြှင့်တင်အားပေးရန်။

(၅)       လူငယ်များအတွက် အာမခံချက်ရှိသော အသက်မွေးဝမ်းကျောင်း ပညာရေးစနစ် ပေါ်ပေါက်လာစေရန်။

(၆)       လူငယ်အသင်းအဖွဲ့များ ပေါ်ပေါက်လာစေရန်နှင့် လူငယ်စင်တာများ ဖွင့်လှစ်နိုင်ရန်။

(၇)       တိုင်းဒေသကြီး/ပြည်နယ်အလိုက်နှင့် လူမျိုးစုအလိုက်အထိ မတူကွဲပြားသော လူငယ်များ သာတူညီမျှ ဖွံ့ဖြိုးနိုင်မှုအတွက် အခြေခံကောင်းများရှိရန်။

                                အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ZAWGYI

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္

ေရြးေကာက္ပြဲေၾကညာစာတမ္း (၂၀၂၀)

၁။       တိုင္းရင္းသားအေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရဒ

၂။       စစ္မွန္ေသာ ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ထြန္းေစမည့္ ဖြဲ႔စည္းပံုအေျခခံဥပေဒ ေပၚေပါက္ေရး

၃။       ေရရွည္တည္တံ့ခိုင္ၿမဲမည့္ လံုၿခံဳဖြံ႔ၿဖိဳးတိုးတက္ေရး

 

ဥပေဒျပဳေရး

ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးရရွိေရး၊ ျပည္သူလူထုအက်ိဳးျပဳေရးတို႔ကို ေရွးရႈၿပီး ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလႏွင့္ ဆီေလ်ာ္ေစရန္ တည္ဆဲဥပေဒမ်ားကို ျပင္ဆင္ျခင္း၊ ပယ္ဖ်က္ျခင္း၊ အသစ္ျပဌာန္းျခင္းတို႔ ျပဳလုပ္မည္။

(က)    ေခတ္စနစ္ႏွင့္ညီညြတ္ေသာ ဥပေဒမ်ားျဖစ္ေစရန္။

(ခ)     ဒီမိုကေရစီစံခ်ိန္စံညႊန္းမ်ားႏွင့္ ညီညြတ္မႈရွိေစရန္။

(ဂ)     လူ႔အခြင့္အေရးစံခ်ိန္စံညႊန္းမ်ားႏွင့္ ညီညြတ္မႈရွိေစရန္။

(ဃ)    ျပည္သူလူထုအေပၚ ဖိႏွိပ္ခ်ဳပ္ျခယ္ေသာ ဥပေဒမ်ိဳး မျဖစ္ေစရန္။

(င)     ႏိုင္ငံတကာ စာခ်ဳပ္စာတမ္းမ်ား၊ ကြန္ဗင္းရွင္းမ်ား၏ ဆံုးျဖတ္ခ်က္မ်ားႏွင့္ ဆီးေလ်ာ္ေစရန္။

(စ)     ျပည္သူမ်ားအၾကား သဟဇာတျဖစ္ေရး၊ ေသြးစည္းညီညြတ္ေရးကို ျမွင့္တင္ႏိုင္ေစရန္။

 

အုပ္ခ်ဳပ္ေရး

ဒီမုိကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ႏိုင္ရန္ ေကာင္းမြန္ေသာအုပ္ခ်ဳပ္ေရး မရွိမျဖစ္လိုအပ္ သည္။ ေကာင္းမြန္ေသာအုပ္ခ်ဳပ္ေရးျဖစ္ထြန္းေစရန္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလႏွင့္ လိုက္ေလ်ာညီေထြရွိ ေစမည့္ အုပ္ခ်ဳပ္ေရးမူေဘာင္မ်ားကို ခ်မွတ္ရပါမည္။

(က)    စြမ္းေဆာင္ရည္ျပည့္ဝၿပီး အဂတိကင္းေသာ အစိုးရတစ္ရပ္ဖြဲ႔စည္းႏိုင္ရန္။

(ခ)     တရားမွ်တမႈ၊ လြတ္လပ္မႈ၊ တန္းတူညီမွ်မႈ ထြန္းကားေစရန္။

(ဂ)     တရားဥပေဒစိုးမိုးေရးကို အေထာက္အကူျဖစ္ရန္။

(ဃ)    ျပည္သူလူထု၏ စိတ္လံုၿခံဳမႈႏွင့္ ကိုယ္လံုၿခံဳမႈကို တရားမွ်တစြာ အကာအကြယ္ေပးရန္။

(င)     ဥပေဒအရာတြင္ အားလံုးအညီအမွ်ျဖစ္သည္ဟူေသာ မူအရ တရားနည္းလမ္းတက် မွ်မွ်တတျဖစ္ေစရန္။

(စ)     ျပည္သူလူထုအားဖိႏွိပ္သည့္ ကိရိယာမျဖစ္ေစဘဲ ျပည္သူလူထုအက်ိဳးကို ကာကြယ္ေပးသည့္ စီမံခန္႔ခြဲမႈယႏၱရားျဖစ္ေစရန္။

(ဆ)    ျပည္သူလူထုအေပၚတြင္ စိတ္ရင္းေစတနာမွန္ျဖင့္ ဝန္ေတာင္မႈေပးရန္။

 

တရားစီရင္ေရး

တရားမွ်တၿပီး ဘက္လိုက္မႈကင္းသည့္ တရားစီရင္ေရးစနစ္ကို ထူေထာင္ရန္ ေဆာင္ရြက္မည္။

(က)    ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သည္ ႏိုင္ငံေတာ္၏ အျမင့္ဆံုးတရားရံုးျဖစ္သည္။

(ခ)     ႏိုင္ငံေတာ္၏ တရားစီရင္ေရးအာဏာကို တရားလႊတ္ေတာ္ခ်ဳပ္၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္တရား လႊတ္ေတာ္မ်ားႏွင့္ အဆင့္ဆင့္ေသာ တရားရံုးမ်ားအား ခြဲေဝအပ္ႏွင္းသည္။

(ဂ)     ဥပေဒႏွင့္အညီ လြတ္လပ္စြာတရားစီရင္ေရး၊ ဥပေဒအရကန္႔သတ္ခ်က္မွအပ ျပည္သူ႔ေရွ႕ေမွာက္တြင္ တရားစီရင္ေရး၊ အမႈမ်ားတြင္ ဥပေဒအရ ခုခံေခ်ပခြင့္ႏွင့္ အယူခံပိုင္ခြင့္ရွရိေရးတို႔သည္ တရားစီရင္ေရးမူမ်ားျဖစ္သည္။

(ဃ)    မည္သူ႔ကိုမဆို ဥပေဒအရ ျပစ္မႈထင္ရွားစီရင္ျခင္း မရွိေသးသမွ် အျပစ္ကင္းသည္ဟု မွတ္ယူေရး၊ ထင္ေၾကးျဖင့္ အျပစ္မေပးေရး၊ သံသယအက်ိဳးကို တရားခံအား ခံစားခြင့္ေပးေရးတို႔ကို တရားစီရင္ေရး၏ စံမ်ားအျဖစ္ သတ္မွတ္သည္။

(င)     ျပည္သူလူထုအတြက္ တရားမွ်တၿပီး ဘက္လိုက္မႈကင္းသည့္ တရားစီရင္ေရးစနစ္ကို ထူေထာင္မည္။

 

တိုင္းရင္းသားမ်ားအေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး

တိုင္းရင္းသားလူမ်ိဳးမ်ား၏ အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သည့္ ဥပေဒႏွင့္ ျမန္မာႏိုင္ငံ၏ ေရရွည္တည္တံ့ခုိင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႔ၿဖိဳးတိုးတက္မႈစီမံကိန္း (msdp)တို႔ႏွင့္အညီ ျဖစ္ေစရန္ တိုင္းရင္းသားလူမ်ိဳးမ်ား၏ အခြင့္အေရးမ်ားကို ကာကြယ္ေစာင့္ေရွာက္ေဆာင္ရြက္မည္။

(၁)     တန္းတူညီမွ်ေသာ ႏိုင္ငံသားအခြင့္အေရးမ်ားႏွင့္ ကိုယ္ပိုင္ျပဌာန္းခြင့္ရရွိၿပီး ဒီမုိကေရစီဖက္ဒရယ္ ျပည္ေထင္စုတည္ေဆာက္ေရး။

(၂)     တိုင္းရင္းသားအခ်င္းခ်င္း စည္းလံုးညီညြတ္ေရး၊ ခ်စ္ၾကည္ေလးစားေရးႏွင့္ ရုိင္းပင္းကူညီေရးတို႔ တိုးတက္ျဖစ္ထြန္းေရး။

(၃)     ျပည္တြင္းလက္နက္ကိုင္ပဋိပကၡမ်ား၏ အရင္းအျမစ္မ်ားကို ေျဖရွင္းႏိုင္ရန္ အျပန္အလွန္ေလးစားမႈရွိေသာ ႏိုင္ငံေရးေတြ႔ဆံုေဆြးေႏြးပြဲမ်ားျဖင့္ ညွိႏိႈင္းအေျဖရွာေရး၊ ေရရွည္တည္တံ့ခိုင္ၿမဲသည့္ ၿငိမ္းခ်မ္းေရးရွရိေရး။

(၄)     ျပည္ေထာင္စုႀကီး ၿငိမ္းခ်မ္းသာယာေရး၊ ဖြံ႔ၿဖိဳးတိုးတက္ေရးႏွင့္ တည္တံ့ခိုင္ၿမဲေရးတို႔အတြက္ ျပည္ေထာင္စုစိတ္ဓာတ္အေျခခံ၍ ထာဝစဥ္လက္တြဲေနတိုင္ေရး။

(၅)     တိုင္းရင္းသားမ်ား၏ စကား၊ စာေပ၊ အႏုပညာ၊ ယဥ္ေက်းမႈ၊ ရိုးရာဓေလ့ထံုးတမ္း၊ အမ်ိဳးသားေရး လကၡဏာႏွင့္ သမိုင္းအေမြအႏွစ္တို႔ကို ထိန္းသိမ္းေစာင့္ေရွာက္ေရးႏွင့္ ဖြံ႔ၿဖိဳးတုိးတက္ေရး။

(၆)     ျပည္နယ္/တိုင္းေဒသႀကီးအားလံု ဟန္ခ်က္ညီညီဖြံ႔ၿဖိဳးတိုးတက္ေစေရး။

(၇)     သဘာဝ အရင္းအျမစ္မ်ားမွ ရရွိလာသည့္ အက်ိဳးအျမတ္မ်ားကို ဖက္ဒရယ္ျပည္ေထာင္စုမူႏွင့္အတူ ေဒသအလိုက္ မွ်တစြာခြဲေဝခံစားခြင့္ရရွိေရး။

 

ႏိုင္ငံျခားေရး

(၁)     ႏိုင္ငံတကာႏွင့္ဆက္ဆံေရးတြင္ လြတ္လပ္၍ တက္ၾကြသည့္ ႏိုင္ငံျခားေရးမူဝါဒကို က်င့္သံုး၍ ခ်စ္ၾကည္ရင္းႏွီးမႈရရွိေအာင္ ေဆာင္ရြက္မည္။ ကမာၻ႔ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ ဆက္ဆံေရးကို ေရွးရႈမည္။ ၿငိမ္းခ်မ္းစြာအတူ ယွဥ္တြဲေနထိုင္ေရးမူကို ေစာင့္ထိန္းမည္။

(၂)     ႏိုင္ငံတကာႏွင့္ ဆက္ဆံရာ၌ ျဖစ္ေပၚလာသည့္ ကိစၥရပ္မ်ားတြင္ စစ္မွန္ေသာ ဒီမုိကေရစီစံႏႈန္းမ်ားကို အေျခခံ၍ လူသားမ်ားအၾကား သဟဇာတျဖစ္ေရးကို ျမွင့္တင္သည့္မူအေပၚ ခိုင္မာစြာရပ္တည္မည္။

(၃)     ကမာၻ႔ကုလသမဂၢ၊ ကမာၻ႔ဘဏ္၊ ႏိုင္ငံတကာ ေငြၾကးရန္ပံုေငြအဖြဲ႔စသည္တို႔ႏွင့္ ရင္းႏွီးခင္မင္စြာ ဆက္ဆံမည္။

 

ကာကြယ္ေရးႏွင့္ လံုၿခံဳေရး

(၁)     တပ္မေတာ္၏ အဓိကတာဝန္အျဖစ္ ႏိုင္ငံႏွင့္ ႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားကို ကာကြယ္ရန္။

(၂)     ျပည္သူတို႔ ယံုၾကည္အားကိုးေသာ တပ္မေတာ္ျဖစ္ရန္။

(၃)     တပ္မေတာ္သည္ ဒီမုိကေရစီ စံႏႈန္းစံထားမ်ားႏွင့္အညီ ျပည္သူက ေရြးခ်ယ္တင္ေျမွာက္ထားေသာ အစိုးရ၏ မူဝါဒအေပၚရပ္တည္ရန္။

(၄)     စစ္ေရးစြမ္းရည္ထက္ျမတ္၍ နည္းပညာပိုင္းဆိုင္ရာ တုိုးတက္ေခတ္မီသည့္ တပ္မေတာ္ျဖစ္ရန္။

(၅)     ျပည္သူတိ႔ု ခ်စ္ခင္အားကိုးေသာ ရဲတပ္ဖြဲ႔ျဖစ္ရန္။

(၆)     တရားဥပေဒစိုးမိုးေရးအတြက္ ဥပေဒႏွင့္အညီ ေဆာင္ရြက္ေသာ ရဲတပ္ဖြဲျဖစ္ရန္။

(၇)     ဒီမိုကေရစီစံႏႈန္းမ်ားကို အျခခံသည့္ တည္ၿငိမ္ေအးခ်မ္းေသာ လူမႈအသိုင္းအဝန္း ထြန္းကားေရး ပံ့ပိုးရန္။

(၈)     အရည္အေသြးျပည့္ဝသည့္ ေခတ္မီတိုးတက္ေသာ ရဲတပ္ဖြဲ႔ျဖစ္ရန္။

 

စီးပြားေရး

(၁)     ေရရွည္အေျမာ္အျမင္ျဖင့္ ဆန္းသစ္တီထြင္ေသာ ေဈးကြက္စီးပြားေရးစနစ္ ျဖစ္ေပၚလာေစရန္။

(၂)     ပုဂၢလိကစီးပြားေရးက႑ကို အားေပးျခင္းႏွင့္ အစိုးရ-ပုဂၢလိက ပူးေပါင္းေဆာင္ရြက္ျခင္းျဖင့္ လူသားအရင္းအျမစ္မ်ား တိုးတက္လာေစေရး။

(၃)     အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရးလုပ္ငန္းမ်ားကို အားေပးျမွင့္တင္ေရး။

(၄)     တာဝန္ယူမႈရွိၿပီး အရည္အသြးျပည့္ဝသည့္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ပိုမိုဝင္ေရာက္လာေရးႏွင့္ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးႏိုင္မည့္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားကို ခြင့္ျပဳေပးေရး။

(၅)     ႏိုင္ငံေတာ္၏ အက်ိဳးစီးပြားကိုေဖာ္ေဆာ္သည့္ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိေသာ ျပည္တြင္းျပည္ပ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ဖိတ္ေခၚေဆာင္ရြက္ေရး။

(၆)     covide-19 ေၾကာင့္ စီးပြားေရးထိခိုက္မႈမ်ား ေလ်ာ့ပါးသက္သာလာေစေရးႏွင့္ ႏိုင္ငံစီးပြားေရး ျပန္လည္ဦးေမာ့လာေစေရး။

(၇)     ေဈးကြက္တစ္ခုတည္းကို မူတည္ေနမည့္အစား အျခားႏိုင္ငံမ်ားသို႔လည္း ေဈးကြက္ပိုမိုခ်ဲ႕ထြင္ေရး။

(၈)     ေခတ္မီစိုက္ပ်ိဳးေရးစနစ္ျဖင့္ ႏိုင္ငံစီးပြားေရး တိုးတက္လာေအာင္ ေဆာင္ရြက္ၿပီး အျခားႏိုင္ငံမ်ားသု႔ိ ေဈးကြက္မ်ား ခ်ဲ႕ထြင္ေရး။

 

စိုက္ပ်ိဳးေမြးျမဴေရး

(၁)     လုပ္ကြက္ငယ္ေတာင္သူလယ္သမားမ်ားႏွင့္ လယ္မဲ့ယာမဲ့မ်ားအတြက္ ေျမယာသစ္မ်ားေဖာ္ထုတ္ၿပီး ေျမယာလုပ္ပိုင္ခြင့္မ်ားရရွိရန္ ေဆာင္ရြက္ေပးေရး။

(၂)     ျပည္သူလူထု စားနပ္ရိကၡာႏွင့္ အာဟာရဖူလံုမႈရရွိေရးႏွင့္ လုပ္ကြက္ငယ္ ေတာင္သူလယ္သမားမ်ား အေနျဖင့္ ထုတ္လုပ္ႏိုင္စမ္းအား ျမင့္မားလာေစၿပီး ဝင္ေငြျမင့္မားလာေစေရး.

(၃)     ျမန္မာ့ေရးေျမသဘာဝႏွင့္ ကိုက္ညီၿပီး အရည္အေသြးေကာင္းမြန္သည့္ လယ္ယာသံုးစက္ကိရိယာမ်ား ပိုမိုသံုးစြဲႏိုင္ေရး။

(၄)     ေရခ်ိဳေရငန္ ငါးဖမ္းဆီးလုပ္ကိုင္မႈမ်ား ဥပေဒႏွင့္အညီ ျဖစ္ေစေရး။

(၅)     ပင္လယ္ကမ္းနီးကမ္းေဝးငါးမ်ား မျပဳန္းတီးေရးႏွင့္ ငါးခိုးဖမ္းမႈမ်ားကို ဥပေဒႏွင့္အညီ ကာကြယ္တားဆီးေရး။

(၆)     လယ္ယာသားငါး ထုတ္ကုန္မ်ား တုိးတက္ထုတ္လုပ္ႏိုင္ေရးအတြက္ စိုက္ပ်ိဳးေမြးျမဴေရးအထူးဇုန္မ်ား တည္ေထာင္ေရး။

(၇)     စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားတြင္ လိုအပ္သည့္ ေငြေၾကး အရင္းအႏွီး၊ ေခ်းေငြအေထာက္အပံ့၊ ရင္းႏွီးျမွဳပ္ႏွံမႈႏွင့္ သြင္းအားစုမ်ား ရွရိရန္ ကူညီေဆာင္ရြက္ေပးေရး။

(၈)     ႏိုင္ငံတကာစံခ်ိန္စံညႊန္းမီ ေျမၾသဇာ၊ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးႏွင့္ အျခား စိုက္ပ်ိဳးေမြးျမဴေရးဆိုင္ရာ ေရာဂါကာကြယ္ေဆးမ်ား၊ ေဆးဝါးမ်ား စနစ္တက်သံုးစြဲႏိုင္ေရး။

(၉)     မ်ိဳးေကာင္းမ်ိဳးသန္႔ မ်ိဳးေစ့သြင္းအားစုမ်ား ရွရိေရး။

(၁၀)    ေဒသမ်ိဳးစိတ္မ်ားေဖာ္ထုတ္ၿပီး တရားဝင္ျဖစ္ေစေရး။

(၁၁)    စိုက္ပ်ိဳးေရးကို အေျခခံေသာ ေခတ္မီစက္မႈလယ္ယာစနစ္ကို တစ္ဆင့္ခ်င္းျဖင့္ ျဖစ္ေပၚႏိုင္ရန္ အားေပးကူညီေရး။

(၁၂)    သဘာဝေျမၾသဇာမ်ား ပိုမိုသံုးစြဲႏိုင္ေရး၊ ၾသဂဲနစ္ေျမၾသဇာမ်ား ထုတ္လုပ္သံုးစြဲမႈ တိုးတက္လာေစေရးႏွင့္ ၾသဂဲနစ္နည္းပညာမ်ား ဖြံ႔ၿဖိဳးတုိးတက္လာေစရန္ ကူညီအားေပးေရး။

(၁၃)    အမယ္စံုသီးႏွံမ်ား စိုက္ပ်ိဳးေရးႏွင့္ ေဈးကြက္သစ္မ်ားရရွိေရး။

 

ပညာေရး

ႏိုင္ငံသားတိုင္း ေမြးဖြားခ်ိန္မွ အစျပဳကာ ဘဝတစ္ေလွ်ာက္လံုး စဥ္ဆက္မျပတ္ သင္ယူႏိုင္မည့္ ပညာေရး အခြင့္အလမ္းမ်ား ရရွိရန္ႏွင့္ အက်ိဳးရွိသည့္ ပညာရပ္မ်ား တတ္ေျမာက္ၾကရန္ ႀကိဳးပမ္းေဆာင္ရြက္မည္။

(၁)     အခမဲ့ မသင္မေနရ မူလတန္းပညာေရးကို ဦးတည္အေကာင္အထည္ေဖာ္ေရး။

(၂)     ေက်ာင္းေနအရြယ္ လူငယ္အားလံုး ပညာသင္ယူခြင့္ ရရွိေရးအတြက္ ပညာေရး အထူးဝန္ေဆာင္မႈ အစီအစဥ္မ်ား အပါအဝင္ လူတိုင္းအက်ံဳးဝင္ ပညာေရးအစီအစဥ္ ထားရွိေရး။

(၃)     လူမႈစီးပြားဘဝတြင္ လက္ေတြ႔အသံုးခ်ႏိုင္သည့္ ပညာေရး ျဖစ္ေရး။

(၄)     ပညာရပ္နယ္ပယ္အားလံုးကို တစ္ေျပးညီ ဖြံ႔ၿဖိဳးတုိးတက္ေစၿပီး ႏိုင္ေတာ္၏ လူမႈစီးပြားဖြံ႔ၿဖိဳးတိုးတက္မႈအတြက္ အရည္အေသြးျမင့္မားသည့္ လူ႔စြမ္းအားအရင္းအျမစ္မ်ားျဖစ္ေသာ အသိပညာရွင္၊ အတတ္ပညာရွင္၊ နည္းပညာႏွင့္ သက္ေမြးပညာကြ်မ္းက်င္သူမ်ားကို အဆင့္အလိုက္ ေမြးထုတ္ေရး။

(၅)     ႏိုင္ငံတကာ ပညာေရးအဆင့္ ရွိေစေရးအတြက္ ေခတ္မီနည္းပညာမ်ားကို အသံုးျပဳေဆာင္ရြက္ေရး။

(၆)     အဆင့္ျမင့္ပညာေက်ာင္းမ်ားတြင္ ဆရာသမဂၢမ်ားႏွင့္ ေက်ာင္းသား သမဂၢမ်ားကို သက္ဆိုင္ရာ တကၠသိုလ္ ပဋိညာဥ္စာတမ္းႏွင့္အညီ လြတ္လပ္စြာ ဖြဲ႔စည္းတည္ေထာင္ခြင့္ရွိေရး။

(၇)     တကၠသိုလ္ႏွင့္ ေကာလိပ္မ်ားသည္ လြတ္လပ္ေသာ ကိုယ္ပိုင္စီမံခန္႔ခြဲခြင့္ျဖင့္ ရပ္တည္ေရး။

(၈)     ကိုယ္ပိုင္ (သို႔မဟုတ္) ပုဂၢလိကေက်ာင္းမ်ားကို သက္ဆိုင္ရာ ဥပေဒႏွင့္အညီ တည္ေထာင္ခြင့္ျပဳျခင္းႏွင့္ ပညာေရးလုပ္ငန္းမ်ား၌ ပုဂၢလိကက႑၏ ပူးေပါင္းပါဝင္ ေဆာင္ရြက္မႈကို အားေပးျမွင့္တင္ေရး။

(၉)     ဥာဏ္ရည္ဥာဏ္ေသြးထက္ျမတ္မႈ (iq) ႏွင့္ စိတ္ရင့္က်က္တည္ၿငိမ္မႈ၊ တစ္ပါးသူကို စာနာေပးႏုိင္မႈ (eQ) စသည့္ ၂၁ ရာစုကို စိန္ေခၚႏိုင္ေသာ ပညာေရးစနစ္ကို ေဖာ္ေဆာင္ေရး။

(၁၀)    အသက္ေမြးဝမ္းေက်ာင္းပညာေရးကို ေဖာ္ထုတ္ေရး။

 

က်န္းမာေရးႏွင့္ အားကစား

လူတိုင္းအရည္အေသြးျပည့္ဝေသာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို လက္လွမ္းမီရရွိေစေရး (Universal tealth coverage) ႏွင့္ ျပည္သူမ်ားအားလံုး က်န္းမာသန္စြမ္းေရး (national fitness) အတြက္ ဦးတည္သည္။

(၁)     လူတိုင္းလက္လွမ္းမီသည့္ က်န္းမာေရးလႊမ္းၿခံဳမႈ ရရွိေရးအတြက္ အမ်ိဳးသားက်န္းမာေရးလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္။

(၂)     ဘြဲ႔ႀကိဳႏွင့္ ဘြဲ႔လြန္သင္တန္းမ်ားကို တိုးခ်ဲ႕ဖြင့္လွစ္သင္ၾကား၍ အရည္အေသြးျပည့္ဝေသာ က်န္းမာေရး လူ႔စြမ္းအားအရင္းအျမစ္မ်ား ပိုမိုေမြးထုတ္ရန္။

(၃)     အရည္ေသြး ျပည့္ဝေသာ ဆရာဝန္မ်ား၊ သူနာျပဳ၊ သားဖြားႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားကို ပိုမိုေမြးထုတ္ရန္၊ ေဆးတကၠသိုလ္မ်ား သင္ၾကားျခင္း သင္ရိုးညႊန္းတမ္း (qutcome-based integrated curriculum) ျဖင့္ သင္ၾကားရန္။

(၄)     ျပည္သူမ်ားအား ပိုမိုအရည္အေသြးျပည့္ဝေသာ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ေပးႏိုင္ေရးအတြက္ အသံုးခ်သုေတသနမ်ား ေဆာင္ရြက္ရာတြင္ ရန္ပံုေငြမ်ား တိုးျမွင့္ခ်ထားေဆာင္ရြက္ရန္။

(၅)     ေဆးရံုမ်ားတြင္ လိုအပ္သည့္ အေျခခံေဆးဝါးမ်ားႏွင့္ ေဆးပညာကိရိယာမ်ား ျပည့္စံုေစေရးအတြက္ ေဆးႏွင့္ ေဆးပစၥည္းမ်ား ရန္ပံုေငြကို တုိးျမွင့္သံုးစြဲရန္။

(၆)     ျပည္သူမ်ား က်န္းမာေရးေစာင့္ေရွာက္မႈကို ပိုမိုလက္လွမ္းမီေစေရးအတြက္ ေဆးရံုမ်ား တိုးခ်ဲ႕ဖြင့္လွစ္ျခင္း၊ အဆင့္ျမွင့္တင္ျခင္း၊ ေက်းလက္က်န္းမာေရးဌာနႏွင့္ ဌာနခြဲအသစ္မ်ား ဖြင့္လွစ္ျခင္းႏွင့္ အမ်ိဳးမ်ိဳးေသာ က်န္းမာေရးဝန္ထမ္းမ်ား အသစ္ခန္႔ထားျခင္းတို႔ကို ေဆာင္ရြက္ရန္။

(၇)     ေက်ာင္းသားလူငယ္မ်ားတြင္ က်န္းမာေရးႏွင့္ညီညြတ္ေသာ လူေနမႈ ဘဝပံုစံ (healthy life style) စြဲၿမဲစြာက်င့္သံုးလာေစရန္အတြက္ ေက်ာင္းက်န္းမာေရးလုပ္ငန္းမ်ား အရွိန္အဟုန္ျမွင့္ေဆာင္ရြက္ရန္။

(၈)     အမ်ိဳးသားအာဟာရဖြံ႔ၿဖိဳးမႈဆိုင္ရာ စီမံကိန္းေရးဆြဲ၍ အာဟာရဖြံ႔ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမွင့္ ပူးေပါင္းေဆာင္ရြက္ရန္။

(၉)     မကူးစက္တတ္ေသာ ေရာဂါမ်ားျဖစ္သည့္ ဆီးခ်ဳိ၊ ေသြးတိုး၊ ႏွလံုး၊ ကင္ဆာ၊ အဆုတ္ေရာဂါျဖစ္ပြားမႈႏႈန္း က်ဆင္းေရးအတြက္ လက္ေတြ႔က်ၿပီး က်င့္သံုးလုပ္ကိုင္ႏိုင္မည့္ လုပ္ငန္းမ်ား ေဆာင္ရြက္ရန္။

(၁၀)    ျပည္သူမ်ား၏ က်န္းမာေရးအသိပညာ စာတတ္ေျမာက္မႈ (health literacy) ျမင့္မားလာေစၿပီး က်န္းမာေရးႏွင့္ညီညြတ္ေသာ အျပဳအမူမ်ား ျဖစ္ထြန္းလာေစေရးအတြက္ mobile tablet ဖုန္းမ်ားအသံုးျပဳ ျခင္းအပါအဝင္ နည္းလမ္းေပါင္းစံုျဖင့္ အသိပညာေပးျခင္း လုပ္ငန္းမ်ားကို အေလးေပးေဆာင္ရြက္ရန္။

(၁၁)    အရည္အေသြးျပည့္ဝေသာ တုိင္းရင္းေဆးပညာရွင္မ်ား ပိုမိုေမြးထုတ္ေရးႏွင့္ တိုင္းရင္းေဆးသုေတသနကို ပိုမိုျပဳလုပ္ရန္။

(၁၂)    ပုဂၢလိက က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား အရည္အေသြးျပည့္မီေစေရးႏွင့္ ပိုမိုဖြံ႔ၿဖိဳးတုိးတက္လာေစေရးအတြက္ ေဆာင္ရြက္ရန္။

 

သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး

ႏိုင္ငံေတာ္၏ သဘာဝသယံဇာတ အရင္းအျမစ္မ်ားျဖစ္သည့္ သစ္ေတာသယံဇာတ၊ သတၱဳသယံဇာတ၊ ေကာင္းမြန္ေသာ သဘာဝပတ္ဝန္းက်င္ႏွင့္ ေဂဟစနစ္ဝန္ေဆာင္မႈစနစ္မ်ားကို ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားမ်ားအားလုံးအတြက္ အက်ိဳးအရွိဆံုးျဖစ္ေအာင္ စနစ္တက် စီမံကြပ္ကဲရန္ ျဖစ္ပါသည္။

(၁)     ႏိုင္ငံေတာ္၏ သဘာဝသယံဇာတ အရင္းအျမစ္မ်ားကို ကာကြယ္ထိန္းသိမ္းရန္။

(၂)     သားစဥ္ေျမးဆက္ လက္ဆင့္ကမ္းႏိုင္ေရးအတြက္ ေရရွည္တည္တံ့ေစေသာ နည္းလမ္းျဖင့္ ႏိုင္ငံေတာ္၏ သဘာဝသယံဇာတ အရင္းအျမစ္မ်ားကို ထုတ္ယူသံုးစြဲရန္။

(၃)     ပတ္ဝန္းက်င္ ထိန္းသိမ္းကာကြယ္ေရး၊ ထိခိုက္ပ်က္စီးမႈမ်ား တတ္ႏိုင္သမွ် ေလ်ာ့နည္းသက္သာေရးႏွင့္ ဖြံ႔ၿဖိဳးတိုးတက္မႈ လုပ္ငန္းမ်ားကို ဟန္ခ်က္ညီညီ သဟဇာတျဖစ္ေစရန္။

(၄)     ကာကြယ္ျခင္း၊ ထာဝစဥ္တည္တံ့ေစျခင္း၊ အေျခခံ စားဝတ္ေနေရးလိုအပ္ခ်က္မ်ား ျဖည့္ဆည္းေပးျခင္း၊ စြမ္းေဆာင္ရည္တိုးတက္ျမင့္မားလာေစျခင္း၊ ႏိုးၾကားတက္ၾကြသည့္အသိ ရွင္သန္ေနေစျခင္း စသည္တို႔အေပၚ အေျခခံ၍ အမ်ိဳးသားသစ္ေတာက႑ကို အေကာင္အထည္ေဖာ္ရန္။

(၅)     ေဒသခံျပည္သူမ်ား၏ အေျခခံလိုအပ္ခ်က္မ်ားျဖစ္သည့္ ထင္း၊ တိုင္၊ ေမ်ာ၊ ဝါး စသည္တို႔ျဖည့္ဆည္းႏိုင္ေရး ေဒသခံျပည္သူအစုအဖြဲ႔ပိုင္ သစ္ေတာလုပ္ငန္း (community forestyr) ကို ခြင့္ျပဳေပးရန္။

(၆)     ျမန္မာႏိုင္ သစ္ေတာမ်ား ျပန္လည္တည္ေထာင္ေရး စီမံကိန္း (myanmar reforestation and rehabilitation programme – mrrp) ကို ေရးဆြဲၿပီး သစ္ေတာစိုက္ခင္း တည္ေထာင္ျခင္း၊ သစ္ေတာျပဳစုထိန္းသိမ္းျခင္း လုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္။

(၇)     အပူပိုင္းေဒသ စိမ္းလန္းစုိေျပေရးအတြက္ သစ္ေတာစိုက္ခင္းမ်ား တည္ေထာင္ျခင္း၊ သဘာဝေတာက်န္မ်ား ထိန္းသိမ္းကာကြယ္ျခင္း၊ ထင္းအစား အျခားေလာင္စာ တုိးျမွင့္သံုးစြဲေရး ေဆာင္ရြက္ျခင္းတို႔ကို ေဆာင္ရြက္ရန္။

(၈)     ျပည္သူလူထု၏ လူေနမႈဘဝ ဖြံ႔ၿဖိဳးတိုးတက္ေရးႏွင့္ က်န္းမာေပ်ာ္ရႊင္ေရးအတြက္ သန္႔ရွင္းေသာ ပတ္ဝန္းက်င္ႏွင့္ ေကာင္းမြန္ေသာ ေဂဟစနစ္ကို ထိန္းသိမ္းႏိုင္ရန္။

(၉)     ဓာတ္သတၱဳ၊ ေက်ာက္မ်က္ႏွင့္ ပုလဲအရင္းအျမစ္မ်ားကို ေခတ္မီနည္းစနစ္၊ ေကာင္းမြန္ေသာ စီမံခန္႔ခြဲမႈ စနစ္တို႔ျဖင့္ သင့္တင့္စြာ ထုတ္ယူသံုးစြဲရန္၊ တိုးခ်ဲ႕ရွာေဖြရန္။

(၁၀)    ဓာတ္သတၱဳလုပ္ငန္းမ်ားေၾကာင့္ ပတ္ဝန္းက်င္ထိခိုက္မႈ အနည္းဆံုးျဖစ္ေစရန္ႏွင့္ လုပ္ငန္းခြင့္ ေဘးအႏၱရာယ္မွ ကင္းရွင္းၾကေစရန္။

(၁၁)    ဓာတ္သတၱဳ အေသးစား၊ လက္လုပ္လက္စား တူးေဖာ္မႈမ်ား္ကို စနစ္တက် ေဆာင္ရြက္ေစျခင္းျဖင့္ တရားမဝင္တူးေဖာ္မႈမ်ား ေလ်ာ့နည္းပေပ်ာက္ေစရန္။

(၁၂)    ေျပာင္းလဲေနသည့္ ရာသီဥတုႏွင့္ ဆိုးရြားလာေသာ သဘာဝ ေဘးအႏၱရာယ္မ်ားကို ရင္ဆုိင္တု႔ံျပန္ကာ လိုက္ေလ်ာညီေထြ ရွင္သန္ရပ္တည္၍ ျပန္လည္ထူေထာင္ ဖြံ႔ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ႏိုင္စြမ္းရွိသည့္ လူ႔ေဘာင္အဖြဲ႔အစည္း (rESILIENT SOCIETY ADAPTIVE TO CLIMATE CHANGE AND NATURAL DISASTER) တည္ေဆာက္ျခင္းဆိုင္ရာ နည္းလမ္းမ်ားျဖင့္ ေဆာင္ရြက္ရန္။

 

လွ်ပ္စစ္ႏွင့္ စြမ္းအင္

လွ်ပ္စစ္ဓာတ္အားသည္ ႏိုင္ငံ၏ စက္မႈထုတ္ကုန္ တိုးျမွင့္ထုတ္လုပ္ေရးႏွင့္ စက္မႈဖြံ႔ၿဖိဳးေရးအတြက္ အလြန္အေရးႀကီးသည္။ ႏိုင္ငံတြင္ စီးပြားေရး၊ လူမႈေရး၊ ဘက္စံုဖြံ႔ၿဖိဳးလာသည္ႏွင့္အမွ် စြမ္းအင္လိုအပ္ခ်က္ သည္လည္း အရွိန္အဟုန္ျဖင့္ တိုးျမင့္လာမည္ျဖစ္ပါသည္။ ထုိ႔ေၾကာင့္ လွ်ပ္စစ္ႏွင့္ စြမ္းအင္က႑ ဖြံ႔ၿဖိဳးတိုးတက္လာေအာင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္မည္။

 

(၁)     လွ်ပ္စစ္ဓာတ္အား လံုေလာက္ျပည့္ဝစြာ ျဖန္႔ျဖဴးေပးႏိုင္ေရးအတြက္ ေရအား၊ ေလအား၊ ေနအား၊ အပူစြမ္းအင္ (gas, coal, lng)ႏွင့္ အျခားစြမ္းအင္အရင္းအျမစ္မ်ား အသံုးျပဳ၍ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ႏိုင္ေရး။

(၂)     ႏိုင္ငံေတာ္တြင္ လက္ရွိ လွ်ပ္စစ္လိုအပ္ခ်က္ကို ျဖည့္ဆည္းရန္ႏွင့္ အနာဂတ္ စြမ္းအင္လိုေလာက္မႈရွိၿပီး အရန္စြမ္းအင္ ထားရွိေရး။

(၃)     အရည္အေသြး ေကာင္းမြန္ေသာ လွ်ပ္စစ္ဓာတ္အားကို အႏၱရာယ္ကင္းရွင္စြာ ပို႔လႊတ္ျဖန္႔ျဖဴးေပးႏိုင္ေရး။

(၄)     လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္၊ ပို႔လႊတ္၊ ျဖန္႔ျဖဴးမႈလုပ္ငန္းမ်ားကို သဘာဝပတ္ဝန္းက်င္သက္ေရာက္မႈ (eia) ႏွင့္ လူမႈပတ္ဝန္းက်င္ သက္ေရာက္မႈ (sia) နည္းလမ္းမ်ားအရ ေဆာင္ရြက္ေရး။

(၅)     ျပည္တြင္း၌ရွိေသာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႔မ်ားကို ပိုမိုရွာေဖြထုတ္လုပ္ေရး။

(၆)     ျပည္တြင္းမွ ထြက္ရွိသည့္ သဘာဝဓာတ္ေငြ႔မ်ားကို ျပည္တြင္းလိုအပ္ခ်က္အတြက္ ဦးစားေပးသံုးစြဲၿပီး ပိုလွ်ံေသာ သဘာဝဓာတ္ေငြ႔ကို ျပည္ပသို႔ ေရာင္းခ်ေရး။

 

ပို႔ေဆာင္ေရး

ျပည္သူလူထု၏ လူမႈစီးပြားဘဝမ်ား ျမင့္မားလာေစေရးႏွင့္ ႏုိင္ငံေတာ္၏ စီးပြားေရးဖြံ႔ၿဖဳိးတိုးတက္လာေစ ေရးတို႔အတြက္ ပိုမိုေကာင္းမြန္ေသာ ပို႔ေဆာင္ေရးစနစ္ျဖစ္လာရန္ ေဆာင္ရြက္မည္။

(၁)     သဘာဝပတ္ဝန္းက်င္ႏွင့္ လိုက္ေလ်ာညီေထြရွိသည့္ ေဘးကင္းလံုၿခံဳေသာ သယ္ယူပုိ႔ေဆာင္ေရးဆိုင္ရာ အေျခခံအေဆာက္အအံုမ်ားကို ျဖည့္ဆည္းအဆင့္ျမွင့္တင္ တည္ေဆာက္ရန္။

(၂)     ပို႔ေဆာင္ေရးက႑မ်ားအၾကား လြတ္လပ္စြာယွဥ္ၿပိဳင္ႏိုင္မႈႏွင့္ ေပါင္းစပ္ခ်ိတ္ဆက္ ေဆာင္ရြက္ႏိုင္မႈကို ထိထိေရာက္ေရာက္ ေထာက္ပံ့ျဖည့္ဆည္းႏိုင္ေသာ သယ္ယူပို႔ေဆာင္ေရးဝန္းက်င္တစ္ခု ျဖစ္ေပၚလာေစရန္။

(၃)     ႏုိင္ငံပိုင္၊ ပုဂၢလိကႏွင့္ အစိုးရ-ပုဂၢလိက ပူးေပါင္းမႈအစီအစဥ္မ်ားျဖင့္ ပို႔ေဆာင္ေရးက႑မ်ားတြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ပိုမိုတိုးတက္လာေစေရး အားေပးျမွင္တင္ရန္။

(၄)     ႏိုင္ငံ၏ ပို႔ေဆာင္ေရး အရင္းအရျမစ္မ်ားကို အရည္အေသြးျမွင့္တင္ေပးရန္။

(၅)     ေငြေၾကးအက်ိဳးအျမတ္ မရွိေသာ္လည္း ျပည္သူလူထု၏ လူမႈဘဝဖြ႔ံၿဖိဳးတိုးတက္ေစမည့္ ပို႔ေဆာင္ေရး လုပ္ငန္းမ်ားကို ေထာက္ပံ့ျဖည့္ဆည္းေပးရန္။

 

ဆက္သြယ္ေရး

ဆက္သြယ္ေရးနည္းပညာမ်ား ဖြံ႔ၿဖိဳးတိုးတက္လာသည့္ ဂလိုဘယ္လိုက္ေဇးရွင္းေခတ္ႀကီးတြင္ ႏိုင္ငံေတာ္၏ ဆက္သြယ္ေရးအခန္းက႑ ပိုမိုဖြံ႔ၿဖိဳးတိုးတက္လာေစရန္ ေဆာင္ရြက္မည္။

(၁)     လံုၿခံဳစိတ္ခ်ရၿပီး ဝန္ေဆာင္မႈ အရည္အေသြး ျမင့္မား၍ ေဈးကြက္ယွဥ္ၿပိဳင္မႈရွိသည့္ အိုင္စီတီက႑ ဖြံ႔ၿဖိဳးတိုးတက္လာေစရန္။

(၂)     အစိုးရအဖြဲ႔အစည္းမ်ားႏွင့္ ျပည္သူလူထုအၾကား ဆက္သြယ္ေဆာင္ရြက္မႈ ပိုမိုေကာင္းမြန္လာေစရန္ အီလက္ထေရာနစ္ အစိုးရလုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ႏိုင္ေရး တိုးျမွင့္ေဆာင္ရြက္ရန္။

(၃)     ေက်းလက္ႏွင့္ ၿမိဳ႕ျပေဒသမ်ားအၾကား ဒစ္ဂ်စ္တယ္ကြာဟမႈ ေလ်ာ့နည္းေစေရးအတြက္ အေျခခံ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားအား ျမန္မာႏိုင္ငံတစ္ဝန္း အခ်ိန္မေရြး၊ ေနရာေဒသမေရြး ျဖန္႔က်က္ရရွိၿပီး ႏုိင္ငံတကာအဆင့္မီ ဆက္သြယ္ေရး ေဆာင္ရြက္ရန္။

(၄)     ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္ တည္ၿငိမ္စြာ ဖြံ႔ၿဖိဳးတိုးတက္လာေစရန္။

(၅)     အမ်ားျပည္သူအက်ိဳးျပဳ အုိင္စီတီနည္းပညာရပ္မ်ား ဖြံ႔ၿဖိဳးတိုးတက္လာေစေရးႏွင့္ တီထြင္ဖန္တီးႏိုင္မႈ ျမင့္မားလာေစေရးအတြက္ သုေတသနလုပ္ငန္းမ်ား ထြန္းကားလာေစေရး တြန္းအားေပးေဆာင္ရြက္ရန္။

(၆)     ဒစ္ဂ်က္တယ္ ေငြေရးေၾကးေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ား အပါအဝင္ ဒစ္ဂ်စ္တယ္ စီးပြားေရးက႑ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ပံ့ပိုးေဆာင္ရြက္ရန္။

(၇)     ဆိုက္ဘာလံုၿခံဳေရးဆိုင္ရာ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတုိ႔၏ ဒစ္ဂ်စ္တယ္အခ်ဳပ္အျခာအာဏာ၊ အက်ိဳးစီးပြားႏွင့္ ပုဂၢိဳလ္ေရးဆိုင္ရာ အခ်က္အလက္ လံုၿခံဳမႈမ်ားကို အကာအကြယ္ေပးႏိုင္ေရး ေဆာင္ရြက္ရန္။

(၈)     အျပည္ျပည္ဆိုင္ရာ ေၾကးနန္းဆက္သြယ္ေရးအဖြဲ႔ခ်ဳပ္၊ ကမာၻ႔စာပို႔တိုက္သမဂၢ အပါအဝင္ ႏိုင္ငံတကာ အဖြဲ႔အစည္းမ်ား၊ ေဒသတြင္း အဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္းလက္တြဲ၍ စာပို႔တိုက္ႏွင့္ ဆက္သြယ္ေရးဝန္ေဆာင္မႈ လုပ္ငန္းမ်ား ဖြံ႔ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ၿပီး ျပည္သူလူထုအတြက္ အရည္အေသြး ပိုမိုေကာင္းမြန္ေသာ ဝန္ေဆာင္မႈမ်ား ရရွိႏိုင္ေစေရး ေဆာင္ရြက္ရန္။

(၉)     it တိုးတက္မႈ၏ ေကာင္းက်ိဳး၊ ဆိုးက်ိဳး၊ အက်ိဳးႏွစ္သြယ္ကို မွ်တစြာ သံုးသပ္ႏိုင္ေရး။

(၁၀)    covid အေတြ႔အႀကံဳမ်ား သင္ခန္းစာယူၿပီး ေခတ္မီနည္းပညာမ်ားသံုး၍ ႏိုင္ငံယႏၱရား လည္ပတ္ႏိုင္ေရး။

 

ေတာင္သူလယ္သမား

(၁)     ေတာင္သူလယ္သမားမ်ား လြတ္လပ္စြာ စိုက္ပ်ိဳး၊ ထုတ္လုပ္၊ သိုေလွာင္၊ ႀကိတ္ခြဲ၊ သယ္ယူ၊ ပို႔ေဆာင္ေရာင္းခ်ခြင့္ ရွရိွေရး။

(၂)     ဥပေဒႏွင့္ညီညြတ္မႈမရွိေသာ လယ္ယာေျမ သိမ္းဆည္းခံရမႈမ်ားမျဖစ္ေပၚေစေရး။

(၃)     ဥပေဒမဲ့ ဆံုးရႈံးခဲ့ရေသာ လယ္ယာေျမမ်ားအား ဥပေဒႏွင့္အညီ ျပန္လည္စိစစ္ၿပီး လယ္ယာေျမ ျပန္လည္ရရွိေရး၊ ေလ်ာ္ေၾကးနစ္နာေၾကးရရွိေရး။

(၄)     ေတာင္သူလယ္သမားမ်ား၏ လူမႈစီးပြားဘဝ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ ေက်းရြာခ်င္းဆက္လမ္းႏွင့္ ကုန္ထုတ္လမ္းတံတားမ်ား ပိုမိုေဖာက္လုပ္တည္ေဆာက္ေရး။

(၅)     လြတ္လပ္သည့္ ေတာင္သူလယ္သမား အဖြဲ႔အစည္းမ်ား ေပၚေပါက္ေရး။

(၆)     စိုက္ပ်ိဳးေရးထြက္ကုန္ ကုန္ၾကမ္းအဆင့္မွ တန္ဖိုးျမင့္ စက္မႈကုန္ေခ်ာထြက္ကုန္မ်ားျဖစ္ေစရန္ နည္းပညာမ်ား ျဖန္႔ေဝျခင္းႏွင့္ လုိအပ္ေသာ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ထုတ္ေခ်းေပးျခင္းတို႔ကို အထူးအားေပးေရး။

(၇)     လယ္ယာက႑ ထုတ္လုပ္မႈ တိုးတက္ေစရန္ လိုအပ္သည့္ ေငြေၾကး၊ အရင္းအႏွီး၊ နည္းပညာႏွင့္ သြင္းအားစုမ်ား၊ ရွရိေစေရး။

(၈)     ဆန္စပါးအပါအဝင္ အလားအာလရွိေသာ အရည္အေသြးျမင့္ ျပည္ပပို႔ကုန္သီးႏွံမ်ား တိုးခ်ဲ႕စိုက္ပ်ိဳးထုတ္လုပ္ေရးႏွင့္ ျပည္ပေဈးကြက္တြင္ ထုတ္လုပ္မႈအေရးအတြက္၊ ထုတ္ကုန္အရည္အေသြး ႏွင့္ ေဈးႏႈန္းအရ ႏိုင္ငံတကာႏွင့္ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိေရး။

(၉)     ေတာင္သူလယ္သမားမ်ားႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းရွင္မ်ား ပူးေပါင္းေဆာင္ရြက္ေသာ အက်ိဳးတူ ကန္ထရိုက္လယ္ယာစနစ္ ပီျပင္စြာျဖစ္ေပၚေရး။

(၁၀)    စက္မႈလယ္ယာစနစ္ကို အလားအလာေကာင္းေသာ ေဒသမ်ား၌ တုိးခ်ဲ႕ေဆာင္ရြက္ေရး

(၁၁)    လုပ္ကြက္ငယ္ေတာင္သူမ်ား လယ္ယာလုပ္ငန္းျပင္ပ ဝင္ေငြရရွိေရးကို ေလးေပးေဆာင္ရြက္ေရး။

(၁၂)    ေတာင္သူမ်ားအေနျဖင့္ သက္ဆိုင္ရာ ဥပေဒပါ အခြင့္အေရးမ်ားကို အခ်ိန္ႏွင့္တေျပးညီ အျပည့္အဝ ရွရိေစေရးအတြက္ အေလးေပးေဆာင္ရြက္ေရး။

(၁၃)    ေတာင္သူလယ္သမားမ်ား စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ားကို က်ယ္က်ယ္ျပန္႔ျပန္႔ လိုက္နာေဆာင္ရြက္ေရး။

(၁၄)    ေတာင္သူလယ္သမားမ်ား လြတ္လပ္စြာ စိုက္ပ်ိဳးထုတ္လုပ္ေရာင္းခ်ေရး။

(၁၅)    စိုက္ပ်ိဳးေရးထုတ္ကုန္မ်ား သိုေလွာင္မႈ၊ ႀကိတ္ခြဲမႈ၊ ေဈးကြက္ရွရိမႈတို႔ကို တိုးတက္ေကာင္းမြန္ေစေရး။

(၁၆)    စိုက္ပ်ိဳးေရးထြက္ကုန္မ်ား ကုန္ၾကမ္းအဆင့္မွ တန္ဖိုးျမင့္ စက္မႈကုန္ေခ်ာထြက္ကုန္မ်ား ျဖစ္လာေစရန္ နည္းပညာမ်ား ျဖန္႔ေဝျခင္း၊ သြင္းအားစုမ်ားရရွိေစေရး လိုအပ္သည့္ ေငြေၾကးႏွင့္ အရင္းအႏွီးမ်ား ရွရိေစေရးတို႔ကို တြန္းအားေပးေဆာင္ရြက္ေရး။

 

အလုပ္သမား

(၁)     ႏိုင္ငံေတာ္ ဖြံ႔ၿဖိဳးတိုးတက္ေရးအတြက္ လုပ္သားအင္အားကို စနစ္တက်ႏွင့္ အက်ိဳးရွိစြာ အသံုးခ်ႏိုင္ေရး။

(၂)     စြမ္းေဆာင္ရည္ ထက္ျမတ္သည့္ ကြ်မ္းက်င္လုပ္သားမ်ား စဥ္ဆက္မျပတ္ ေပၚထြန္းလာေစေရး။

(၃)     အလုပ္အကိုင္အခြင့္အလမ္းမ်ား ပိုမိုဖန္တီးႏိုင္ျခင္းျဖင့္ မသန္စြမ္းမ်ား အပါအဝင္ ျမန္မာအလုပ္သမား ထု၏ လူမႈစီးပြားဘဝကို ဖြံ႔ၿဖိဳးတိုးတက္ေစေရး။

(၄)     အလုပ္သမားမ်ားအတြက္ လုပ္ငန္းခြင့္ ေအးခ်မ္းသာယာ၍ ေဘးအႏၱရာယ္ကင္းရွင္းၿပီး က်န္းမာေရးႏွင့္ ညီညြတ္သင့္ေတာ္ေကာင္းမြန္ေသာ လုပ္ငန္းခြင့္မ်ားကို ဖန္တီးေပးေရး။

(၅)     အလုပ္သမားမ်ားအတြက္ အမွန္တကယ္အက်ိဳးျဖစ္ထြန္းေစမည့္ လူမႈဖူလံုေရးစီမံကိန္းမ်ားကို ခ်မွတ္အေကာင္အထည္ေဖာ္ေရး။

(၆)     အျပည္ျပည္ဆိုင္ရာႏွင့္ ေဒသဆိုင္ရာ အလုပ္သမားေရးရာကိစ​ၥရပ္မ်ားအတြက္ ျပည္တြင္း/ျပည္ပအဖြဲ႔ အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ေရး။

(၇)     ေရႊ႕ေျပာင္းအလုပ္သမားမ်ား အေရးကိစၥတြင္ ႏုိင္ငံတကာအဖြဲ႔အစည္းမ်ား၊ ျပည္တြင္း/ျပည္ပရွိ လူမႈအေျချပဳအဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ေစေရး။

(၈)     အလုပ္ရွင္ႏွင့္ အလုပ္သမားမ်ားၾကား မိတ္ဖက္ဆက္ဆံေရးေကာင္းမြန္ၿပီး ဥပေဒႏွင့္အညီ အလုပ္သမားအခြင့္အေရးမ်ား အျပည့္အဝရရွိေရး။

 

အမ်ိဳးသမီး

(၁)     ကုသမဂၢက ခ်မွတ္ထားေသာ စဥ္ဆက္မျပဖြံ႔ၿဖိဳး တုိးတက္မႈရည္မွန္းခ်က္ပန္းတိုင္ (sustainable development goal – sdg) မ်ား၊ အမ်ိဳးသမီးမ်ားအား နည္းမ်ိဳးစံုျဖင့္ ခြဲျခားမႈပေပ်ာက္ေရးဆိုင္ရာ ကုလသမဂၢကြန္ဗန္းရွင္း (united nations covention on the elimination of all forms of discriminatin againts women – uncedaw) ပါ ျပဌာန္းခ်က္မ်ား၊ လုပ္ငန္းအစီအစဥ္မ်ားကို ႏိုင္ငံေတာ္၏ မူဝါဒႏွင့္အညီ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရန္။

(၂)     အမ်ိဳးသမီးမ်ားသည္ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရးက႑အသီးသီးတြင္ အမ်ိဳးသားမ်ားႏွင့္ တန္းတူအခြင့္အေရး ရရွိေစေရးအတြက္ ျပဌာန္းထားေသာ ဥပေဒမ်ား ထိေရာက္ရွိေစရန္ႏွင့္ လိုအပ္ေသာ ဥပေဒမ်ား ေရးဆြဲျပဌာန္း ေဆာင္ရြက္ရန္။

(၃)     အမ်ိဳးသမီးမ်ားအေပၚ နည္းမ်ိဳးစံုျဖင့္ အၾကမ္းဖက္မႈမွ ႀကိဳတင္ကာကြယ္ရန္၊ ေစာင့္ေရွာက္မႈမ်ားေပးရန္ႏွင့္ ဥပေဒႏွင့္အညီ အေရးယူေဆာင္ရြက္ရန္။

(၄)     အမ်ိဳးသမီးမ်ားအား မိမိတို႔ကို ကာကြယ္ေပးထားေသာ ဥပေဒမ်ားနည္းလည္လာေစရန္ႏွင့္ ဗဟုသုတမ်ား ျပည့္စံုေစေရးအတြက္ ေဆာင္ရြက္ေပးရန္။

(၅)     ကိုယ္ဝန္ေဆာင္ကာလႏွင့္ မီးဖြားကာလမ်ားအတြင္း အမ်ိဳးသမီးမ်ားသည္ ဥပေဒႏွင့္အညီ က်န္းမာေရးေစာင့္ေရွာက္မႈ ရရွိခံစားေစရန္။

 

လူငယ္

က်န္းမာႀကံ႔ခိုင္ေရး၊ ပညာေရး၊ လူမႈေရး၊ စြမ္းရည္၊ လူ႔က်င့္ဝတ္၊ လူ႔တန္ဖိုးႏွင့္ ဦးေဆာင္မႈအရည္အေသြး၊ ပူးေပါင္းပါဝင္ ေဆာင္ရြက္ေရးစသည္တို႔တြင္ သာတူညီမွ် ဘက္စံုဖြံ႔ၿဖိဳးတိုးတက္ေသာ လူငယ္မ်ားအျဖစ္ ပ်ိဳးေထာင္ေပးၿပီး ႏိုင္ငံ့သားေကာင္းလူငယ္မ်ား ေပၚထြန္းလာရန္ ရည္မွန္းထားပါသည္။

(၁)     လူငယ္တို႔၏ ရုပ္ပိုင္း၊ စိတ္ပိုင္း၊ ႏိုင္ငံေရး၊ ပညာေရး၊ လူမႈေရး၊ စီးပြားေရးဆိုင္ရာ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းရန္။

(၂)     ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး စသည့္က႑တို႔တြင္ အရည္အခ်င္းျပည့္မီေသာ လူငယ္မ်ား ပါဝင္ႏိုင္မည့္ အေနအထားကို ေဖာ္ေဆာင္ေပးရန္။

(၃)     လူငယ္မ်ားတြင္ က်ား/မ လိင္စိတ္ကိုင္းညႊတ္မႈႏွင့္ လိင္ဝိေသသ ခံယူမႈအရေသာ္လည္းေကာင္း၊ ရိုးရာ ယဥ္ေက်းမႈအရေသာ္လည္းေကာင္း၊ ယံုၾကည္ကိုးကိုယ္မႈ ဘာသာအရလည္းေကာင္း၊ မသန္စြမ္းမႈအရေသာ္ လည္းေကာင္း၊ ရုပ္ပိုင္းႏွင့္ စိတ္ပိုင္းဆင္ရာ အေျခအေနအရလည္းေကာင္း စသည့္ခြဲျခားဆက္ဆံမႈမ်ား ကင္းရွင္းရန္။

(၄)     လူငယ္မ်ား၏ တီထြင္ဆန္းသစ္ ဖန္တီးႏိုင္စြမ္းမ်ားကို ျမွင့္တင္အားေပးရန္။

(၅)     လူငယ္မ်ားအတြက္ အာမခံခ်က္ရွိေသာ အသက္ေမြးဝမ္းေက်ာင္း ပညာေရးစနစ္ ေပၚေပါက္လာေစရန္။

(၆)     လူငယ္အသင္းအဖြဲ႔မ်ား ေပၚေပါက္လာေစရန္ႏွင့္ လူငယ္စင္တာမ်ား ဖြင့္လွစ္ႏိုင္ရန္။

(၇)     တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ႏွင့္ လူမ်ိဳးစုအလိုက္အထိ မတူကြဲျပားေသာ လူငယ္မ်ား သာတူညီမွ် ဖြံ႔ၿဖိဳးႏိုင္မႈအတြက္ အေျခခံေကာင္းမ်ားရွိရန္။

 

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္