• Today is: Sunday, September 27, 2020

အယ်ဒီတာ့အာဘော်

Federal Journal
March21/ 2019

၁၉၄၈ မြန်မာနိုင်ငံလွတ်လပ်ရေးနောက်ပိုင်း တိုင်းရင်းသားများမျှော်လင့်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏တစ်စိတ်တစ်ပိုင်း ဖြစ်သော တိုင်းရင်းသားစာပေသင်ကြားခွင့်မှာ ခေတ်အဆက်ဆက်ပျောက်ဆုံးခဲ့ရသည်ဟုဆိုနိုင်ပြီး မိမိလူမျိုး အလိုက်ကို ယ့်နည်းကိုယ့်ဟန်ဖြင့်သာ မိမိတို့၏စာပေမပျောက်ဆုံးရေးအတွက်တစ်ပိုင်တစ်နိုင်သင်ကြားရေးသာရှိ ခဲသည်။

သို့သော် အမိန့်၊ ညွှန်ကြားချက်၊ လမ်းညွှန်ချက့့် စသည့်အကန့်အသတ်များ၊ စာသင်ချိန်အတွင်းသင်ကြားခွင့်မရှိခြင်း နှင့် စာပေသင်ကြားရေးအတွက်မဖြစ်မနေလိုအပ်သည့် သင်ထောက်ကူများ၊ အခြားကုန်ကျစရိတ်များအတွက် အထာက်အ ပံ့မရရှိခြင့်း့ စသည့် အခတ်အခဲများရှိနေခဲ့ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့၏စာပေကို တရားဝင် (ကျောင်းစာသင်ချိန်အတွင်း)သင်ကြားခွင့်ရရေးနှင့် အစိုးရ၏အထောက်အပံ့ရရှိရေးကို ခေတ်အဆက်ဆက်တောင်းဆိုလာ  ခဲ့ကြသည်။

ပြဋ္ဌာန်းကျင့်သုံးခဲ့ဖူးသည့်အခြေခံဥပဒေ(၂)ရပ်လုံးနှင့် လက်ရှိကျင့်သုံးနေသည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာ စာ(ဗမာစာ)တစ်ခုတည်းကိုသာ ရုံးသုံးဘာသာအဖြစ်သတ်မှတ်ပြဋ္ဌာန်းထားပြီး ထိုကဲ့သို့ပြဋ္ဌာန်းခြင်းအပေါ် တိုင်းရင်းသား များအနေဖြင့် ကန့်ကွက်ခြင်းများမရှိသော်လည်း ဗမာစာ(မြန်မာစာ)နည်းတူ အခြားတိုင်းရင်းသားစာပေများကိုလည်း မိမိ  တို့ဒေသအလိုက်တရားဝင်ရုံးသုံးဘာသာအဖြစ် အသိအမှတ်ပြုနိုင်ရေး ဆန္ဒရှိနေကြပါသည်။

၂၀၁၃-ခုနှစ်(လွတ်လပ်ရေးရသည်မှ၆၅နှစ်အကြာ)တွင် ပြည်ထောင်စုအစိုးရမှ တိုင်းရင်းသားစာပေကို စာသင်ချိန်အ တွင်းမူလတန်းအဆင့်ထိသင်ကြားခွင့်ပြုခဲ့ရာ တိုင်းရင်းသားစာပေသင်ကြားရေးနှင့်ပတ်သက်၍ သင်ရိုးညွှန်းတမ်းများပြုစု ခြင်းနှင့် သင်ကြားရေးဆရာများကိုလေ့ကျင့်ပျိုးထောင်ထားခြင်းတို့ အဆင်သင့်ဖြစ်မနေသည်ကိုတွေ့ရသည့်အပြင် တိုင်းရင်း သားများလိုလားနေသည့်စနစ်မှာ ယခုခွင့်ပြုသည့်အဆင့်ထက်ကျော်လွန်ပြီး မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ  ပညာရေးစနစ်(Mother Tongue Base Multilingual Education) ဖော်ဆောင်ရေးဖြစ်ကြောင်း တိုင်းရင်းသားလူမျိုး များရေးရာစင်တာ(ပြည်ထောင်စုမြန်မာနိုင်ငံ)(Ethnic Nationalities Affairs Center-Union of Burma) သုတေသနဆို င်ရာမူဝါဒအကြံပြုချက်များတွင် တွေ့ရမည်ဖြစ်သည်။

ဥပမာအနေဖြင့် မွန်ပြည်နယ်တွင် အောင်မြင်မှုရနေသည့် မွန်အမျိုးသားကျောင်းပေါင်း(၁၀၀)ကျော်တွင်လည်း မိခင်ဘာ သာစကားအခြေပြုဘာသာစကားစုံပညာရေးစနစ်ကိုကျင့်သုံးလျှက်ရှိပြီး အခြားတိုင်းရင်းသားဒေသများတွင်လည်း ကျယ် ကျယ်ပြန့်ပြန့်ကျင့်သုံးနိုင်ရေး အစိုးရမှဖော်ဆောင်ပေးသင့်ကြောင်း တိုက်တွန်းလှုံ့ဆော်မှုများကိုလည်းတွေ့ရမည်ဖြစ်သည်။ ပညာရေးစနစ်အတွင်း ပြုပြင်ပြောင်းလဲရေးပြုလုပ်ခြင်းအားဖြင့် တစ်နည်း မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ  ပညာရေးစနစ်(Mother Tongue Base Multilingual Education)ကိုကျင့်သုံးခြင်းအားဖြင့် အားလုံးကမျှော်လင့်နေကြသည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်တည်ဆောက်အတွက်လည်းများစွာအထောက်အကူဖြစ်မည့်အပြင် မိမိတို့နိုင်ငံ၏ပညာရေးအဆင့်အတန်းမြှင့်တင်ရာ တွင်များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။