• Today is: Saturday, July 11, 2020

အရပ္ဘက္ – စစ္ဘက္ အက္ေၾကာင္း

Federal Journal
June19/ 2020

Zawgyi

အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးဆိုသည္မွာ ဒီမိုကေရစီစနစ္တြင္ ႏိုင္ငံတစ္ႏိုင္ငံကို ဦးေဆာင္ေမာင္းႏွင္ေနတဲ့ အရပ္ဘက္ႏိုင္ငံေရးအသိုင္းအဝိုင္းႏွင့္ စစ္တပ္အၾကား ဆက္ဆံေရးဟု ႐ိုး႐ိုးရွင္းရွင္း ေခၚဆိုႏိုင္ပါတယ္။

အရပ္ဘက္ စစ္ဘက္ဆက္ဆံေရးဟာ စစ္အာဏာ သိမ္းၿပီး ေရြးေကာက္ပြဲျဖင့္ ဒီမို ကေရစီစနစ္ဆီသို႔ ေျခလွမ္းစႏိုင္ငံမ်ားတြင္ ျဖစ္ေလ့ျဖစ္ထရွိေသာ ဆက္ဆံေရးပင္ျဖစ္သည္။ ရင္ၾကားေစ့ေရးဆိုတဲ့ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးဟာ ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒအရ ၂၀၁၀ ခုႏွစ္တြင္ ေရြးေကာက္ပြဲစတင္ခ်ိန္မွာ စတင္ေပၚေပါက္လာခဲ့ပါတယ္လို႔ေျပာရင္ မမွားပါ ဘူး။ ၂၀၁၀ ခုႏွစ္၊ ေရြးေကာက္ပြဲတြင္ ဒီမိုအင္အားစု အခ်ိဳ႕က သပိတ္ေမွာက္ၿပီး ေရြးေကာက္ပြဲကို ဆန္႔က်င္ ခဲ့ပါတယ္။ ၂၀၁၀ ေရြးေကာက္ပြဲမွ ျဖစ္ေပၚလာတဲ့ အစိုးရသမၼတ ဦးသိန္းစိန္ရဲ႕ညႇိႏိႈင္း ခ်က္အရ ၾကားျဖတ္ ေရြးေကာက္ပြဲမွာ ဒီမိုအင္အားစုပါတီ NLD ပါတီ ေခါင္းေဆာင္ လႊတ္ေတာ္ထဲ ေရာက္ရွိလာၿပီး စစ္ဘက္နဲ႔ ဆက္ဆံေရး စတင္လာခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္၊ ေရြးေကာက္ပြဲမွာ NLD ပါတီ မဲအျပတ္အသတ္ႏိုင္ၿပီး အစိုးရဖြဲ႕ႏိုင္လာခဲ့ပါတယ္။ အဲဒီမွာ အရပ္သားအစိုးရ ျဖစ္လာခဲ့ၿပီး အရပ္ဘက္ စစ္ဘက္ဆက္ဆံေရး ရင္ၾကား ေစ့ေရးဆိုတဲ့ စကားရပ္ ေခတ္စားလာပါတယ္။

ဒါေပသည္ အရပ္ဘက္စစ္ဘက္ဆက္ဆံေရး (ရင္ၾကားေစ့ေရး) ဟာ ထင္သေလာက္မေကာင္း မေအာင္ျမင္ခဲ့ပါဘူး။ အဓိကအခ်က္ကေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအရလို႔ ေျပာရင္မမွားပါဘူး။ အရပ္သားအစိုးရသက္တမ္း ၃ ႏွစ္တာ ကာလအတြင္း ရင္ၾကားေစ့ေရးမူကို အထူးႀကိဳးပမ္းခဲ့တာကို ေတြ႕ရ မွာပါ။ အရပ္သားအစိုးရရဲ႕ ေရြးေကာက္ပြဲ ကတိ ကဝတ္တစ္ခုျဖစ္တဲ့ ဖြဲ႕စည္းပံုျပင္ဆင္ေရးအဆို လႊတ္ ေတာ္တြင္ တင္သြင္းလိုက္ခ်ိန္မွာစတင္ၿပီး အရပ္ဘက္ စစ္ဘက္ဆံေရးေအးစက္သေယာင္ ျဖစ္ေပၚခဲ့ပါတယ္။ စစ္ဘက္က ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒမွာ အသာစီး ရယူထားတာကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒီလိုအသာစီး ရယူထားမႈကို အရပ္ဘက္ ႏိုင္ငံေရးသမားေတြက အလိုမရွိၾကပါဘူး။ ဒါေၾကာင့္ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးဆိုသည္မွာ ႏိုင္ငံေရး ဆံုးျဖတ္လုပ္ပိုင္ ခြင့္အာဏာႏွင့္ ပတ္သက္ၿပီး အရပ္ဘက္ ႏိုင္ငံေရး အသိုင္းအဝိုင္းႏွင့္ စစ္တပ္အၾကား အာဏာလြန္ဆြဲပြဲ ျဖစ္တယ္လို႔ ေျပာလို႔ရပါတယ္။ ဒီမိုကေရစီ အရပ္ဘက္ စစ္ဘက္ေရးမွာ အာဏာလြန္ဆြဲပြဲအတြင္း အရပ္သား ႏိုင္ငံေရးအဖြဲ႕အစည္းမ်ားက အသာစီးရၿပီး စစ္တပ္ကို ထိန္းခ်ဳပ္ထားႏိုင္မွပါ ဒီမိုကေရစီစနစ္ ေအာင္ျမင္ႏိုင္ မယ္လို႔ ဆိုႏိုင္ပါတယ္။ ဒီမိုကရစီစနစ္မွာ စစ္တပ္ ႏိုင္ငံေရးကို အရပ္ဘက္ႏိုင္ငံေရးက ထိန္းခ်ဳပ္ထား ႏိုင္ျခင္းက အဓိကအက်ဆံုးအခ်က္ ျဖစ္ပါတယ္။ စစ္တပ္က အရပ္ဘက္ထိန္းခ်ဳပ္မႈေအာက္မွာ ရွိမေန ဘူးဆိုရင္ေတာ့ ဒီမိုကေရစီဟာ ေအာင္ျမင္မွာ မဟုတ္ ပါဘူး။

ျမန္မာ့ႏိုင္ငံေရးျဖစ္စဥ္ ေျပာင္းလဲမႈမွာ အရပ္ ဘက္အေနနဲ႔ စစ္တပ္ကို ဘာေၾကာင့္ ႏိုင္ငံေရးမွာ မပါဝင္ေစခ်င္တာလဲ၊ စစ္တပ္ကို အရပ္သားႏိုင္ငံေရး သမားမ်ားအေနနဲ႔ ဘာေၾကာင့္ထိန္းခ်ဳပ္ခ်င္ၾကတာလဲ ဆိုတဲ့ ေမးခြန္းမ်ိဳး ေမးၾကပါတယ္။ အေျဖကေတာ့ ဒီမိုကေရစီစနစ္ရဲ႕ အေျခခံအက်ဆံုးမူ (စံႏႈန္း) အရ အရပ္ဘက္ႏိုင္ငံေရးသမားမ်ားက စစ္တပ္ကို ထိန္း ခ်ဳပ္ခ်င္တာလို႔ ေျပာလို႔ရပါတယ္။ ဒီမို ကေရစီစနစ္မွာ ျပည္သူသာ အခ်ဳပ္အျခာအာဏာရဲ႕ မူလပိုင္ရွင္မ်ား ျဖစ္ပါတယ္။ ျပည္သူေတြဟာ သူတို႔ရဲ႕အေရးအရာ ကိစၥရပ္ေတြကို ျပည္သူကိုယ္စား ေဆာင္ရြက္ေပးရန္ အတြက္ အရပ္သားႏိုင္ငံေရးသမားမ်ားကို ကိုယ္စား လွယ္မ်ားအျဖစ္ ေရြးခ်ယ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္သူက ေရြးခ်ယ္တင္ေျမႇာက္လိုက္ေသာ ျပည္သူ႔ကိုယ္စားလွယ္ျဖစ္တဲ့ အရပ္ဘက္ႏိုင္ငံေရး သမားေတြရဲ႕ အလုပ္က ႏိုင္ငံေတာ္ရဲ႕အာဏာ၊ ႏိုင္ငံေတာ္ ရဲ႕ ဒီမိုကေရစီယႏၱရားနဲ႔ ျပည္သူ႔ေရးရာ ကိစၥေတြကို ျပည္သူ႔ကိုယ္စား စီမံခန္႔ခြဲ ဆံုးျဖတ္ပိုင္ခြင့္ရွိၿပီးသား ျဖစ္ဖို႔လိုပါတယ္။ ျပည္သူေတြ ေရြးခ်ယ္ထားျခင္းမရွိတဲ့ အစုအဖြဲ႕ေတြဟာ ဝင္ေရာက္စြက္ဖက္ပိုင္ခြင့္၊ ခ်ယ္ လွယ္ခြင့္၊ ဆံုးျဖတ္ပိုင္ခြင့္ မရွိပါဘူး။ စစ္တပ္ဆိုတာ ျပည္သူက ေရြးခ်ယ္တင္ေျမႇာက္ထားတဲ့ ျပည္သူ႔ ကိုယ္စားလွယ္မ်ား မဟုတ္ၾကပါဘူး။ ႏိုင္ငံေတာ္ရဲ႕ ယႏၱရားတစ္ခုသာ ျဖစ္ပါတယ္။ ႏိုင္ငံေရး ဆံုးျဖတ္ပိုင္ ခြင့္မရွိသလို ျပည္သူ႔ကိုယ္စားလွယ္ေတြရဲ႕ ထိန္းခ်ဳပ္ ႀကီးၾကပ္မႈေအာက္မွာ ေပးအပ္ထားတဲ့တာဝန္ေတြကို ေက်ပြန္စြာ ထမ္းေဆာင္ဖို႔သာ အဓိကလိုအပ္တာပါ။ ဒါမွသာ စစ္တပ္ရဲ႕ လုပ္ပိုင္ခြင့္၊ လုပ္ကိုင္ေဆာင္ရြက္ ခ်က္ေတြကို ျပည္သူက အသိအမွတ္ျပဳမွာျဖစ္သလို စစ္တပ္အေနႏွင့္လည္း ျပည္သူ႔ဆႏၵကို ဆန္႔က်င္လို႔ ရေတာ့မွာမဟုတ္သလို ဒီမိုကေရစီစံႏႈန္းေတြနဲ႔ ကိုက္ ညီမွာ ျဖစ္ပါတယ္။ အဲဒီမွာ ေျပာစရာတစ္ခ်က္ရွိပါ တယ္။ စစ္တပ္ကို အရပ္ဖက္လက္ေအာက္ကို အတင္း သြတ္သြင္းခ်င္တယ္ဆိုရင္ အရပ္ဖက္ႏိုင္ငံေရးသမား မ်ားကလည္း ဒီမိုကေရစီစံႏႈန္းမ်ားကို အေလးအနက္ ထား ေလးစားလိုက္နာ ဒီမိုကေရစီအစိုးရတစ္ရပ္ ျဖစ္ဖို႔ေတာ့ လိုအပ္မွာျဖစ္ပါတယ္။ အရပ္ဘက္ေကာ စစ္ဘက္ပါ ဒီမိုကေရစီစနစ္ရဲ႕စံႏႈန္းေတြနဲ႔ ထိန္းခ်ဳပ္ ထားမႈေအာက္မွာ ရွိဖို႔ လိုပါတယ္။

ဒီမိုကေရစီရဲ႕ အႀကီးမားဆံုး စံႏႈန္းကေတာ့ ဖြဲ႕စည္းပံုအေျခခံဥပေဒပဲ ျဖစ္ပါတယ္။ ဖြဲ႕စည္းပံု အေျခခံဥပေဒဆိုတာ ႏိုင္ငံတစ္ႏိုင္ငံကို ဘယ္လိုပံုစံ၊ ဘယ္လိုစနစ္မ်ိဳးနဲ႔ အုပ္ခ်ဳပ္မယ္ဆိုတာကို ေရးဆြဲထား တာ ျဖစ္ပါတယ္။ အဲဒီဖြဲ႕စည္းပံု အေျခခံဥပေဒမွာ ဒီမိုကေရစီစနစ္နဲ႔သြားမယ္ဆို ဒီမိုကေရစီစံႏႈန္းေတြနဲ႔ ကို အဓိကစံထားၿပီး ေရးဆြဲရမွာျဖစ္ပါတယ္။ ခု ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒမွာ စစ္ဘက္က အရပ္ဘက္ အေပၚ အႏိုင္ယူထားတဲ့ဥပေဒေတြ မ်ားစြာ ပါဝင္ေနပါ တယ္။ အသာစီးယူထားတဲ့ ဥပေဒထဲက အနည္း အက်ဥ္းကို ထုတ္ႏႈတ္ျပရမယ္ဆိုရင္ ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒအရ ဖြဲ႕စည္းထားတဲ့ ျမန္မာႏိုင္ငံ၏ အမ်ိဳးသားကာကြယ္ေရးႏွင့္ လံုၿခံဳေရးေကာင္စီဆိုတဲ့ ကာ/လံုအဖြဲ႕ပဲ ျဖစ္ပါတယ္။ ကာ/လံုကို သမၼတက ဦးေဆာင္ရမယ္ဆိုေပမယ့္လည္း သမၼတ၊ ဒု-သမၼတ၊ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒၊ အမ်ိဳးသား လႊတ္ေတာ္ ဥကၠ႒၊ ႏိုင္ငံျခားေရးဝန္ႀကီးဆိုတဲ့ ျပည္သူက ေရြးခ်ယ္ တင္ေျမႇာက္တဲ့ကိုယ္စားလွယ္ (၅)ဦးသာပါဝင္ၿပီး စစ္တပ္ကာကြယ္ေရး ဦးစီးခ်ဳပ္အပါအဝင္ ကာကြယ္ ေရးဦးစီးခ်ဳပ္၊ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ ေရးဝန္ႀကီး၊ ျပည္ထဲေရးဝန္ႀကီး၊ နယ္စပ္ေရးရာ ဝန္ႀကီးႏွင့္ တပ္ကိုယ္စားလွယ္ေတြက ေရြးခ်ယ္ထား တဲ့ ဒုတိယသမၼတ စုစုေပါင္း ၆ ဦး ပါဝင္ေနတာ ေတြ႕ ရမွာ ျဖစ္ပါတယ္။ ဒီမွာ စစ္တပ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ လုပ္ပိုင္ခြင့္အာဏာေတြကို အလြန္အကြ်ံေပးထားတာ မ်ိဳး ျဖစ္ေနပါတယ္။

ဒီကာလံုရဲ႕ လုပ္ပိုင္ခြင့္ေတြကေတာ့

(က) ႏိုင္ငံေတာ္သမၼတကို လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးရန္ ေထာက္ခံခ်က္ေပးခြင့္ရွိပါတယ္။

(ခ) ႏိုင္ငံျခားတိုင္းျပည္မ်ားႏွင့္ သံတမန္ ဆက္ သြယ္ျခင္း၊ ျဖတ္ေတာက္ျခင္း၊ ခ်က္ခ်င္း အေရး ယူေဆာင္ရြက္ရန္ လိုအပ္သျဖင့္ ႏိုင္ငံေတာ္ သမၼတက ညႇိႏိႈင္းလာလွ်င္ ေဆြးေႏြးဆံုးျဖတ္ ခြင့္ ေပးႏိုင္ပါတယ္။

(ဂ) ႏိုင္ငံေတာ္ကို က်ဴးေက်ာ္တိုက္ခိုက္ခံရပါက စစ္ေရးအရ လိုအပ္သလိုေဆာင္ရြက္ရန္ ႏိုင္ငံ ေတာ္သမၼတက ညႇိႏိႈင္းလာလွ်င္ အဆံုးအျဖတ္ ေပးပိုင္ခြင့္ ရွိပါတယ္။

(ဃ) ႏိုင္ငံေတာ္လံုၿခံဳေရးႏွင့္ ကာကြယ္ေရးတြင္ ျပည္သူတစ္ရပ္လံုး ပါဝင္ေရးအတြက္ စီမံ ေဆာင္ရြက္ခြင့္ျပဳရန္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က သေဘာတူညီခ်က္ ေတာင္းခံလာ လွ်င္ အဆံုးအျဖတ္ေပးရပါမယ္။

(င) တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ခန္႔အပ္ရန္ ႏိုင္ငံေတာ္ သမၼတထံ အဆိုျပဳေထာက္ခံခြင့္ ရွိပါတယ္။

(စ) တိုင္းေဒသႀကီး၊ ျပည္နယ္၊ ျပည္ေထာင္စု နယ္ေျမတစ္ခုခု၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တစ္ခုခုတြင္ အုပ္ခ်ဳပ္ေရးဆိုင္ရာ လုပ္ငန္းမ်ား ႏွင့္ ဖြဲ႕စည္းပံုအေျခခံဥပေဒအရ ေဆာင္ရြက္ႏိုင္ စြမ္းမရွိေတာ့တဲ့အခ်ိန္တြင္ အေရးေပၚ အေျခ အေနေၾကညာရန္ သမၼတက ညႇိႏိႈင္းလာမယ္ ဆို အဆံုးအျဖတ္ေပးခြင့္ရွိပါတယ္။ ထိုေဒသကို ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ အကူအညီ ရယူၿပီး အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးအာဏာမ်ားကို စစ္တပ္အကူအညီယူၿပီး မူလအေျခအေနသို႔ ျပန္ေရာက္ေအာင္ ကာကြယ္ေရးဦးစီးခ်ဳပ္သို႔ အာဏာလႊဲေပးႏိုင္ပါတယ္။

(ဆ) ဆူပူေသာင္းၾကမ္းမႈ၊ အၾကမ္းဖက္မႈမ်ားႏွင့္ အဓမၼ နည္းျဖင့္ ႏိုင္ငံေတာ္အခ်ဳပ္အျခာအာဏာ ကို ရယူရန္ ေဆာင္ရြက္ျခင္း၊ အားထုတ္ျခင္း၊ တိုင္းရင္းသားစည္းလံုးညီၫြတ္မႈႏွင့္ ျပည္ေထာင္စု ၿပိဳကြဲေစရန္ႏွင့္ အခ်ဳပ္အျခာအာဏာ လက္ လြတ္ဆံုး႐ံႈးေစမည့္ အေျခအေန ျဖစ္ေပၚလွ်င္ ႏိုင္ငံေတာ္သမၼတက အေရးေပၚအေျခအေန ေၾကညာရန္ ညႇိႏိႈင္းလာလွ်င္ အဆံုးအျဖတ္ ေပးပိုင္ခြင့္ရွိၿပီး အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရး၊ အာဏာသံုးရပ္စလံုးကို ကာကြယ္ေရးဦးစီးခ်ဳပ္သို႔ လႊဲေျပာင္းေပးရမည္ ျဖစ္သလို ကာကြယ္ေရးဦးစီးခ်ဳပ္အေနျဖင့္ ႏိုင္ငံသားမ်ားရဲ႕ မူလအခြင့္အေရးမ်ားကိုလည္း ကန္႔သတ္ ရပ္ဆိုင္းပိုင္ခြင့္မ်ိဳးေတြ ျပဳလုပ္ႏိုင္ ပါတယ္။

(ဇ) အေရးေပၚအေျခအေနတြင္ ကာကြယ္ေရးဦးစီး ခ်ဳပ္ရဲ႕ သက္တမ္းကို ၆ လ ၂ ႀကိမ္ သက္တမ္း တိုးေပးႏိုင္သလို ကာကြယ္ေရးဦးစီးခ်ဳပ္က အေရးေပၚ အေျခအေနမွ ေအးခ်မ္းၿပီး တာဝန္ ယူထားမႈ ၿပီးေျမာက္ေၾကာင္း တင္ျပလာလွ်င္ လည္း အာဏာလႊဲေျပာင္းမႈ အမိန္႔ကို ပယ္ဖ်က္ ေၾကာင္း ေၾကညာပိုင္ခြင့္ရွိပါတယ္။
(ဈ) ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ တာဝန္မ်ား ပယ္ဖ်က္ ၿပီး ႏိုင္ငံေတာ္အာဏာကို ကာ/လံုက ဆက္ လက္ တာဝန္ယူက်င့္သံုးပိုင္ခြင့္ႏွင့္ ထိုအမိန္႔ ေၾကညာၿပီး (၆) လအတြင္း အေထြေထြ ေရြး ေကာက္ပြဲ က်င္းပေပးႏိုင္ျခင္းႏွင့္ ေရြးေကာက္ ပြဲၿပီး ေရြးေကာက္ခံမ်ားအေနျဖင့္ အစိုးရအဖြဲ႕ ဖြဲ႕စည္းၿပီးခ်ိန္အထိ ကာ/လံုက ႏိုင္ငံေတာ္ အာဏာကို က်င့္သံုးပိုင္ခြင့္ ရွိပါတယ္။

(ည) ေရြးေကာက္ခံကိုယ္စားလွယ္မ်ားအေနႏွင့္ လႊတ္ေတာ္မ်ားကို ဖြဲ႕စည္းႏိုင္ျခင္းမျပဳႏိုင္ ေသးမီအခ်ိန္ထိ ကာ/လံုဟာ ႏိုင္ငံေတာ္ အာဏာကို က်င့္သံုး ေဆာင္ရြက္ပိုင္ခြင့္ ရွိေန ပါတယ္။

ဒါကေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပါ စစ္ဘက္ရဲ႕ အသာစီးယူထားမႈအပိုင္း ျဖစ္ပါတယ္။ ဒါတင္ မကေသးပါဘူး၊ လႊတ္ေတာ္ ၂ ရပ္တြင္လည္း ကိုယ္စား ၂၅ ရာခိုင္ႏႈန္း ပါဝင္ေနမႈ၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးဆိုင္ရာအာဏာမ်ားကို အသာစီးရယူ ထားပါတယ္။ ဒီလိုအသာစီးရယူထားမႈေတြကို ျပည္သူ က ေရြးခ်ယ္တင္ေျမႇာက္ခံထားရတဲ့ ျပည္သူ႔ကိုယ္စား ေတြက သေဘာမေတြ႕ၾကပါဘူး။ ဒါေၾကာင့္ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္လို အသစ္ေရးဆြဲလို ၾကတာျဖစ္ပါတယ္။ ျပင္ဖို႔လည္း ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။ အရပ္ဘက္နဲ႔ စစ္ဘက္ရဲ႕ အဓိက အက္ ေၾကာင္းကေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံပဲ ျဖစ္ပါ တယ္။ စစ္ဘက္ကလည္း သူတို႔ရဲ႕ အသာစီးရယူထား တဲ့ ဥပေဒေတြကို မျပင္ဆင္ခ်င္ၾကသလို အရပ္ဘက္ ႏိုင္ငံေရးသမားအေနျဖင့္လည္း အသာစီး ရယူထားမႈ ေတြကို ပယ္ဖ်က္ႏိုင္ဖို႔ ႀကိဳးစားၾကမွာ ျဖစ္ပါတယ္။ ဒီလိုအေျခအေနေၾကာင့္ ရင္ၾကားေစ့ေရးလို႔ပဲေျပာေျပာ၊ စစ္ဘက္အရပ္ဘက္ ဆက္ဆံေရးေကာင္းမြန္ဖို႔ အလား အလာမျဖစ္ဖို႔ ခဲယဥ္းေၾကာင္းႏွင့္ အရပ္ဘက္ စစ္ဘက္ အက္ေၾကာင္းႀကီးကို ဖာေထးဖို႔ ခက္ခဲမည္ျဖစ္ေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။

ကိုတင့္ (ျမန္မာစာ)

 

Unicode

အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုသည်မှာ ဒီမိုကရေစီစနစ်တွင် နိုင်ငံတစ်နိုင်ငံကို ဦးဆောင်မောင်းနှင်နေတဲ့ အရပ်ဘက်နိုင်ငံရေးအသိုင်းအဝိုင်းနှင့် စစ်တပ်အကြား ဆက်ဆံရေးဟု ရိုးရိုးရှင်းရှင်း ခေါ်ဆိုနိုင်ပါတယ်။

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဟာ စစ်အာဏာ သိမ်းပြီး ရွေးကောက်ပွဲဖြင့် ဒီမို ကရေစီစနစ်ဆီသို့ ခြေလှမ်းစနိုင်ငံများတွင် ဖြစ်လေ့ဖြစ်ထရှိသော ဆက်ဆံရေးပင်ဖြစ်သည်။ ရင်ကြားစေ့ရေးဆိုတဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဟာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲစတင်ချိန်မှာ စတင်ပေါ်ပေါက်လာခဲ့ပါတယ်လို့ပြောရင် မမှားပါ ဘူး။ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ဒီမိုအင်အားစု အချို့က သပိတ်မှောက်ပြီး ရွေးကောက်ပွဲကို ဆန့်ကျင် ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာတဲ့ အစိုးရသမ္မတ ဦးသိန်းစိန်ရဲ့ညှိနှိုင်း ချက်အရ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒီမိုအင်အားစုပါတီ NLD ပါတီ ခေါင်းဆောင် လွှတ်တော်ထဲ ရောက်ရှိလာပြီး စစ်ဘက်နဲ့ ဆက်ဆံရေး စတင်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့နိုင်လာခဲ့ပါတယ်။ အဲဒီမှာ အရပ်သားအစိုးရ ဖြစ်လာခဲ့ပြီး အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ရင်ကြား စေ့ရေးဆိုတဲ့ စကားရပ် ခေတ်စားလာပါတယ်။

ဒါပေသည် အရပ်ဘက်စစ်ဘက်ဆက်ဆံရေး (ရင်ကြားစေ့ရေး) ဟာ ထင်သလောက်မကောင်း မအောင်မြင်ခဲ့ပါဘူး။ အဓိကအချက်ကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလို့ ပြောရင်မမှားပါဘူး။ အရပ်သားအစိုးရသက်တမ်း ၃ နှစ်တာ ကာလအတွင်း ရင်ကြားစေ့ရေးမူကို အထူးကြိုးပမ်းခဲ့တာကို တွေ့ရ မှာပါ။ အရပ်သားအစိုးရရဲ့ ရွေးကောက်ပွဲ ကတိ ကဝတ်တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအဆို လွှတ် တော်တွင် တင်သွင်းလိုက်ချိန်မှာစတင်ပြီး အရပ်ဘက် စစ်ဘက်ဆံရေးအေးစက်သယောင် ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်ဘက်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသာစီး ရယူထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအသာစီး ရယူထားမှုကို အရပ်ဘက် နိုင်ငံရေးသမားတွေက အလိုမရှိကြပါဘူး။ ဒါကြောင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုသည်မှာ နိုင်ငံရေး ဆုံးဖြတ်လုပ်ပိုင် ခွင့်အာဏာနှင့် ပတ်သက်ပြီး အရပ်ဘက် နိုင်ငံရေး အသိုင်းအဝိုင်းနှင့် စစ်တပ်အကြား အာဏာလွန်ဆွဲပွဲ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဒီမိုကရေစီ အရပ်ဘက် စစ်ဘက်ရေးမှာ အာဏာလွန်ဆွဲပွဲအတွင်း အရပ်သား နိုင်ငံရေးအဖွဲ့အစည်းများက အသာစီးရပြီး စစ်တပ်ကို ထိန်းချုပ်ထားနိုင်မှပါ ဒီမိုကရေစီစနစ် အောင်မြင်နိုင် မယ်လို့ ဆိုနိုင်ပါတယ်။ ဒီမိုကရစီစနစ်မှာ စစ်တပ် နိုင်ငံရေးကို အရပ်ဘက်နိုင်ငံရေးက ထိန်းချုပ်ထား နိုင်ခြင်းက အဓိကအကျဆုံးအချက် ဖြစ်ပါတယ်။ စစ်တပ်က အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ ရှိမနေ ဘူးဆိုရင်တော့ ဒီမိုကရေစီဟာ အောင်မြင်မှာ မဟုတ် ပါဘူး။

မြန်မာ့နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုမှာ အရပ် ဘက်အနေနဲ့ စစ်တပ်ကို ဘာကြောင့် နိုင်ငံရေးမှာ မပါဝင်စေချင်တာလဲ၊ စစ်တပ်ကို အရပ်သားနိုင်ငံရေး သမားများအနေနဲ့ ဘာကြောင့်ထိန်းချုပ်ချင်ကြတာလဲ ဆိုတဲ့ မေးခွန်းမျိုး မေးကြပါတယ်။ အဖြေကတော့ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအကျဆုံးမူ (စံနှုန်း) အရ အရပ်ဘက်နိုင်ငံရေးသမားများက စစ်တပ်ကို ထိန်း ချုပ်ချင်တာလို့ ပြောလို့ရပါတယ်။ ဒီမို ကရေစီစနစ်မှာ ပြည်သူသာ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်များ ဖြစ်ပါတယ်။ ပြည်သူတွေဟာ သူတို့ရဲ့အရေးအရာ ကိစ္စရပ်တွေကို ပြည်သူကိုယ်စား ဆောင်ရွက်ပေးရန် အတွက် အရပ်သားနိုင်ငံရေးသမားများကို ကိုယ်စား လှယ်များအဖြစ် ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူက ရွေးချယ်တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ အရပ်ဘက်နိုင်ငံရေး သမားတွေရဲ့ အလုပ်က နိုင်ငံတော်ရဲ့အာဏာ၊ နိုင်ငံတော် ရဲ့ ဒီမိုကရေစီယန္တရားနဲ့ ပြည်သူ့ရေးရာ ကိစ္စတွေကို ပြည်သူ့ကိုယ်စား စီမံခန့်ခွဲ ဆုံးဖြတ်ပိုင်ခွင့်ရှိပြီးသား ဖြစ်ဖို့လိုပါတယ်။ ပြည်သူတွေ ရွေးချယ်ထားခြင်းမရှိတဲ့ အစုအဖွဲ့တွေဟာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်၊ ချယ် လှယ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ စစ်တပ်ဆိုတာ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ ကိုယ်စားလှယ်များ မဟုတ်ကြပါဘူး။ နိုင်ငံတော်ရဲ့ ယန္တရားတစ်ခုသာ ဖြစ်ပါတယ်။ နိုင်ငံရေး ဆုံးဖြတ်ပိုင် ခွင့်မရှိသလို ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ ထိန်းချုပ် ကြီးကြပ်မှုအောက်မှာ ပေးအပ်ထားတဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ဖို့သာ အဓိကလိုအပ်တာပါ။ ဒါမှသာ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်၊ လုပ်ကိုင်ဆောင်ရွက် ချက်တွေကို ပြည်သူက အသိအမှတ်ပြုမှာဖြစ်သလို စစ်တပ်အနေနှင့်လည်း ပြည်သူ့ဆန္ဒကို ဆန့်ကျင်လို့ ရတော့မှာမဟုတ်သလို ဒီမိုကရေစီစံနှုန်းတွေနဲ့ ကိုက် ညီမှာ ဖြစ်ပါတယ်။ အဲဒီမှာ ပြောစရာတစ်ချက်ရှိပါ တယ်။ စစ်တပ်ကို အရပ်ဖက်လက်အောက်ကို အတင်း သွတ်သွင်းချင်တယ်ဆိုရင် အရပ်ဖက်နိုင်ငံရေးသမား များကလည်း ဒီမိုကရေစီစံနှုန်းများကို အလေးအနက် ထား လေးစားလိုက်နာ ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ အရပ်ဘက်ကော စစ်ဘက်ပါ ဒီမိုကရေစီစနစ်ရဲ့စံနှုန်းတွေနဲ့ ထိန်းချုပ် ထားမှုအောက်မှာ ရှိဖို့ လိုပါတယ်။

ဒီမိုကရေစီရဲ့ အကြီးမားဆုံး စံနှုန်းကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နိုင်ငံတစ်နိုင်ငံကို ဘယ်လိုပုံစံ၊ ဘယ်လိုစနစ်မျိုးနဲ့ အုပ်ချုပ်မယ်ဆိုတာကို ရေးဆွဲထား တာ ဖြစ်ပါတယ်။ အဲဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီစနစ်နဲ့သွားမယ်ဆို ဒီမိုကရေစီစံနှုန်းတွေနဲ့ ကို အဓိကစံထားပြီး ရေးဆွဲရမှာဖြစ်ပါတယ်။ ခု ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ဘက်က အရပ်ဘက် အပေါ် အနိုင်ယူထားတဲ့ဥပဒေတွေ များစွာ ပါဝင်နေပါ တယ်။ အသာစီးယူထားတဲ့ ဥပဒေထဲက အနည်း အကျဉ်းကို ထုတ်နှုတ်ပြရမယ်ဆိုရင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုတဲ့ ကာ/လုံအဖွဲ့ပဲ ဖြစ်ပါတယ်။ ကာ/လုံကို သမ္မတက ဦးဆောင်ရမယ်ဆိုပေမယ့်လည်း သမ္မတ၊ ဒု-သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဆိုတဲ့ ပြည်သူက ရွေးချယ် တင်မြှောက်တဲ့ကိုယ်စားလှယ် (၅)ဦးသာပါဝင်ပြီး စစ်တပ်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် ကာကွယ် ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ် ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးနှင့် တပ်ကိုယ်စားလှယ်တွေက ရွေးချယ်ထား တဲ့ ဒုတိယသမ္မတ စုစုပေါင်း ၆ ဦး ပါဝင်နေတာ တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီမှာ စစ်တပ်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို အလွန်အကျွံပေးထားတာ မျိုး ဖြစ်နေပါတယ်။

ဒီကာလုံရဲ့ လုပ်ပိုင်ခွင့်တွေကတော့

(က) နိုင်ငံတော်သမ္မတကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် ထောက်ခံချက်ပေးခွင့်ရှိပါတယ်။

(ခ) နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန် ဆက် သွယ်ခြင်း၊ ဖြတ်တောက်ခြင်း၊ ချက်ချင်း အရေး ယူဆောင်ရွက်ရန် လိုအပ်သဖြင့် နိုင်ငံတော် သမ္မတက ညှိနှိုင်းလာလျှင် ဆွေးနွေးဆုံးဖြတ် ခွင့် ပေးနိုင်ပါတယ်။

(ဂ) နိုင်ငံတော်ကို ကျူးကျော်တိုက်ခိုက်ခံရပါက စစ်ရေးအရ လိုအပ်သလိုဆောင်ရွက်ရန် နိုင်ငံ တော်သမ္မတက ညှိနှိုင်းလာလျှင် အဆုံးအဖြတ် ပေးပိုင်ခွင့် ရှိပါတယ်။

(ဃ) နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံ ဆောင်ရွက်ခွင့်ပြုရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဘောတူညီချက် တောင်းခံလာ လျှင် အဆုံးအဖြတ်ပေးရပါမယ်။

(င) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ခန့်အပ်ရန် နိုင်ငံတော် သမ္မတထံ အဆိုပြုထောက်ခံခွင့် ရှိပါတယ်။

(စ) တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေတစ်ခုခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တစ်ခုခုတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နိုင် စွမ်းမရှိတော့တဲ့အချိန်တွင် အရေးပေါ် အခြေ အနေကြေညာရန် သမ္မတက ညှိနှိုင်းလာမယ် ဆို အဆုံးအဖြတ်ပေးခွင့်ရှိပါတယ်။ ထိုဒေသကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ အကူအညီ ရယူပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို စစ်တပ်အကူအညီယူပြီး မူလအခြေအနေသို့ ပြန်ရောက်အောင် ကာကွယ်ရေးဦးစီးချုပ်သို့ အာဏာလွှဲပေးနိုင်ပါတယ်။

(ဆ) ဆူပူသောင်းကြမ်းမှု၊ အကြမ်းဖက်မှုများနှင့် အဓမ္မ နည်းဖြင့် နိုင်ငံတော်အချုပ်အခြာအာဏာ ကို ရယူရန် ဆောင်ရွက်ခြင်း၊ အားထုတ်ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စု ပြိုကွဲစေရန်နှင့် အချုပ်အခြာအာဏာ လက် လွတ်ဆုံးရှုံးစေမည့် အခြေအနေ ဖြစ်ပေါ်လျှင် နိုင်ငံတော်သမ္မတက အရေးပေါ်အခြေအနေ ကြေညာရန် ညှိနှိုင်းလာလျှင် အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိပြီး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အာဏာသုံးရပ်စလုံးကို ကာကွယ်ရေးဦးစီးချုပ်သို့ လွှဲပြောင်းပေးရမည် ဖြစ်သလို ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကိုလည်း ကန့်သတ် ရပ်ဆိုင်းပိုင်ခွင့်မျိုးတွေ ပြုလုပ်နိုင် ပါတယ်။

(ဇ) အရေးပေါ်အခြေအနေတွင် ကာကွယ်ရေးဦးစီး ချုပ်ရဲ့ သက်တမ်းကို ၆ လ ၂ ကြိမ် သက်တမ်း တိုးပေးနိုင်သလို ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ် အခြေအနေမှ အေးချမ်းပြီး တာဝန် ယူထားမှု ပြီးမြောက်ကြောင်း တင်ပြလာလျှင် လည်း အာဏာလွှဲပြောင်းမှု အမိန့်ကို ပယ်ဖျက် ကြောင်း ကြေညာပိုင်ခွင့်ရှိပါတယ်။
(ဈ) ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်များ ပယ်ဖျက် ပြီး နိုင်ငံတော်အာဏာကို ကာ/လုံက ဆက် လက် တာဝန်ယူကျင့်သုံးပိုင်ခွင့်နှင့် ထိုအမိန့် ကြေညာပြီး (၆) လအတွင်း အထွေထွေ ရွေး ကောက်ပွဲ ကျင်းပပေးနိုင်ခြင်းနှင့် ရွေးကောက် ပွဲပြီး ရွေးကောက်ခံများအနေဖြင့် အစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန်အထိ ကာ/လုံက နိုင်ငံတော် အာဏာကို ကျင့်သုံးပိုင်ခွင့် ရှိပါတယ်။

(ည) ရွေးကောက်ခံကိုယ်စားလှယ်များအနေနှင့် လွှတ်တော်များကို ဖွဲ့စည်းနိုင်ခြင်းမပြုနိုင် သေးမီအချိန်ထိ ကာ/လုံဟာ နိုင်ငံတော် အာဏာကို ကျင့်သုံး ဆောင်ရွက်ပိုင်ခွင့် ရှိနေ ပါတယ်။

ဒါကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ စစ်ဘက်ရဲ့ အသာစီးယူထားမှုအပိုင်း ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး၊ လွှတ်တော် ၂ ရပ်တွင်လည်း ကိုယ်စား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှု၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာအာဏာများကို အသာစီးရယူ ထားပါတယ်။ ဒီလိုအသာစီးရယူထားမှုတွေကို ပြည်သူ က ရွေးချယ်တင်မြှောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စား တွေက သဘောမတွေ့ကြပါဘူး။ ဒါကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လို အသစ်ရေးဆွဲလို ကြတာဖြစ်ပါတယ်။ ပြင်ဖို့လည်း ကြိုးစားနေကြတာ ဖြစ်ပါတယ်။ အရပ်ဘက်နဲ့ စစ်ဘက်ရဲ့ အဓိက အက် ကြောင်းကတော့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံပဲ ဖြစ်ပါ တယ်။ စစ်ဘက်ကလည်း သူတို့ရဲ့ အသာစီးရယူထား တဲ့ ဥပဒေတွေကို မပြင်ဆင်ချင်ကြသလို အရပ်ဘက် နိုင်ငံရေးသမားအနေဖြင့်လည်း အသာစီး ရယူထားမှု တွေကို ပယ်ဖျက်နိုင်ဖို့ ကြိုးစားကြမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေကြောင့် ရင်ကြားစေ့ရေးလို့ပဲပြောပြော၊ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးကောင်းမွန်ဖို့ အလား အလာမဖြစ်ဖို့ ခဲယဉ်းကြောင်းနှင့် အရပ်ဘက် စစ်ဘက် အက်ကြောင်းကြီးကို ဖာထေးဖို့ ခက်ခဲမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ကိုတင့် (မြန်မာစာ)