• Today is: Wednesday, August 5, 2020

အသိပညာတော်လှန်ရေး၊ ကိုယ့်ကိုယ် ကိုယ်နား လည်ရေးနှင့် တန်ပြန်ယဉ်ကျေးမှုဆိုင်ရာ ဝေါဟာရများ

Federal Journal
July17/ 2020

အသိပညာတော်လှန်ရေး၊ ကိုယ့်ကိုယ်ကိုယ် နားလည်ရေးနှင့် တန်ပြန် ယဉ်ကျေးမှု ဆိုင်ရာဝေါဟာရများ

အသိပညာတော်လှန်ရေး၊ ကိုယ့်ကိုယ်ကိုယ်နားလည်ရေးနှင့်တန်ပြန်ယဉ်ကျေးမှုဆိုင်ရာ ဝေါဟာရများ

Unicode
Angry young man – ဒီဝေါဟာရကို ပထမဆုံးသုံးစွဲခဲ့တဲ့သူက လက်စလီပေါ (Leslie Paul) ဖြစ်ပြီး သူ့ရဲ့ ၁၉၅၁ ခုနှစ် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာ ဖော်ပြခဲ့တယ်။ ဒီစကားလုံးဟာ ဗြိတိန်ရဲ့ စာပေမြင်ကွင်းထဲမှာ ၁၉၅၀ ပြည့်နှစ်များ ကာလတွေမှာ မကြာခဏဆိုသလို တွေ့လာ ရတယ်။ ၁၉၆၀ ပြည့်နှစ်ကုန်ခါနီးမှာတော့ ကလီရှေးဖြစ်နေတဲ့ အသုံးတစ်ခုအဖြစ်တောင်မှ မြင်လာကြပြီ။ ဒီစကားလုံး ပေါ်ပြူလာဖြစ် ပြီး ယုံကြည်ကြည်သုံးစွဲလာတာအတွက် တာဝန်ရှိ သူကတော့ ဂျွန်အော့စ်ဘွန်း (John Osborne)ရဲ့ ၁၉၅၇ ခုနှစ်ထုတ် ပြဇာတ် Look Back in Anger ပဲ။ ဒီပြဇာတ်မှာ လမ်းပျောက်ပြီး သူတို့ရဲ့ ခေတ်ကြီးကို မကျေမနပ်၊ မရောင့်မရဲဖြစ်နေတဲ့ လူငယ်မျိုးဆက်တစ်ဆက်ကို ဖော်ညွှန်းထားတယ်။ ဒီမျိုးဆက်ဟာ တည်ရှိနေတဲ့ အုတ်မြစ်တွေ၊ ပင်းမရေစီးထဲ ဝင်ရောက်နေရာကျနေတဲ့အရာတွေကို မနှစ်ခြိုက်ကြဘူး။ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြတယ်။ သူတို့ လူ့အဖွဲ့အစည်းရဲ့ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ သဘောထားတွေကို ဆန့်ကျင် တုံ့ပြန်ကြတယ်။ ဟစ်ပိုခရေစီတွေ၊ ရွက်ကြမ်း ရေကြိုလို ဖြစ်နေတဲ့ အနုပညာတွေကို မနှစ်မြို့တော့ ဘူး။ အထူးသဖြင့် သာမန်တန်ဖိုးစံတွေကို စံပုံစံတစ်ရပ် လို အသေစွဲမှတ်ယူပြီး အဲဒီတန်ဖိုးစံတွေအတိုင်း ရေး သားထားတဲ့ အရေးအသားတွေကို ဟစ်ပိုခရက်တွေရဲ့ အရေးအသားတွေ၊ သာမန် ရွက်ကြမ်းရေကြို အရေး အသားတွေအဖြစ် သတ်မှတ်လာကြတယ်။ တစ်နည်း အားဖြင့် ဘူဇွာကျင့်ဝတ်တွေအဖြစ် ခံယူပြီး ပြင်းပြင်း ထန်ထန်ဆန့်ကျင်ကြတာ ဖြစ်တယ်။ အော့စ်ဘွန်းရဲ့ ပြဇာတ်ထဲက ဂျင်ပေါ်တာဟာ ဟီးရိုး ဆန့်ကျင်သူ (anti-hero) ပဲ။ ဒေါသကြီးနေတဲ့ လူငယ်လေးများ ဆိုတာကို ကိုယ်စားပြုနိုင်တဲ့ ဇာတ်ကောင်တစ် ကောင်းပဲ။ အော့စ်ဘွန်းနဲ့ သူ့လက်ရာတွေကနေစပြီး သူနဲ့ခေတ်ပြိုင် မျိုးဆက်လူငယ်တွေကို ကူးစက်သွားတဲ့ ဒေါသကြီးနေတဲ့ လူငယ်လေးများဆိုတာ ၁၉၅၀ ပြည့်နှစ်က အနုပညာလက်ရာ အများစုကို ကိုယ်စားပြု ဖော်ပြတဲ့ စကားလုံးတောင်မှ ဖြစ်လာတယ်။ နောက် ပိုင်း ဒီဝေါဟာရဟာ ဘိ(တ်)မျိုးဆက်ရဲ့ အတွေးအခေါ် တွေထဲမှာလည်း ကိန်းအောင်းသွားတယ်။
ကြည့် – Beat Generation

Bad faith – ကိုယ့်ကိုယ်ကိုယ်မှားယွင်းစွာ နားလည်မှု။ ယန်းပေါ်ဆာ့တ်ရဲ့ ဖီနိုမန်နိုလိုဂျီဆိုင်ရာ အစောပိုင်း အရေးအသားတွေ ထဲမှာ အဓိကကျတဲ့ အကြောင်းအရာအဖြစ် တွေ့ရမယ်။ ပြင်သစ်လို Mauvaise foi ဝါ ကိုယ့်ရဲ့ ငါဖြစ်မှုကို မှားယွင်းစွာ နားလည်မှုကို ဆာ့တ်ရဲ့ Being and Nothingness မှာ ပထမဆုံးဖော်ပြထားတယ်။ ပင်ဂွင်းဝေဖန်ရေး သီအိုရီအဘိဓာန်မှာ ကိုယ့်ကိုယ်ကိုယ် မှားယွင်းစွာ နားလည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားခြင်းနဲ့ ကိုယ့်ငါ့ဖြစ်မှုရဲ့ တကယ့် အရင်းအမြစ်ကို မသိနိုင်ခြင်း (inauthenticity) ပုံသဏ္ဌာန်တစ်ခုဖြစ်ပြီး လူသားရဲ့ လွတ်လပ်မှုကို ငြင်းပယ်ခြင်း ( a form of self-deception and inauthenticity and a denial of human free-dom) လို့ ဖွင့်ဆိုတယ်။ ဒီအယူအဆဟာ ဟိုက်ဒေးဂါးနဲ့ ဟူးဆယ်ရဲ့ သိမှုနဲ့ ဖြစ်ရှိမှု (being) အပေါ် အခြေခံတဲ့ အသိတွေကို တုံ့ပြန်ရင်း ထွက်လာတဲ့ အယူအဆပဲ။ ဆာ့တ်အတွက်က လိမ်ညာခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မှားယွင်းစွာသိနားလည်ခြင်း နှစ်ခုကြားက အရေးကြီး တဲ့ ကွဲပြားခြားနားချက်ကို ခွဲခြားပေးခဲ့တယ်။ လိမ်ညာ သူဆိုတာက ရှင်းတယ်။ သူ့မှာ အမှန်တရားကို ပိုင်ဆိုင် ထားသေးတယ်။ ဒါပေမယ့် တခြားသူကို ပြောတဲ့ အခါမှာသာလျှင် သူသိထားတဲ့ အမှန်တရားကို ထုတ် ဖော်ပြောဆိုဖို့ရာ ငြင်းဆန်လိုက်တာ။ ပြီးတော့မှ ထပ်ပြီး သူ့ရဲ့ အမှန်ရယ်လို့ မြင်ထားတဲ့ ကိုယ်ပိုင်အမြင် တစ်ခုကို တိတ်တိတ်ကလေး ငြင်းပယ်လိုက်ပြန်တာ။ လိမ်ညာခြင်းမှာ လိမ်ညာသူရဲ့ သိမှုဟာနှစ်ခုတွဲပုံစံရှိ နေတာ။ ကိုယ့်ကိုယ်ကိုယ်မှားယွင်းစွာ သိနားလည် ထားသူကတော့ သူ့ကိုယ်တိုင်ကနေတောင်မှာ အမှန် တရားကို မမြင်နိုင်လောက်အောင် မျက်နှာဖုံးတစ်ခုကို စွပ်ထားတာ။ သူကိုယ်သူ ဘာလိုချင်မှန်းလဲ မှန်မှန် ကန်ကန် သိနားမလည်ဘူး။ ကိုယ့်ရဲ့ အရင်းခံအကျဆုံး ငါဖြစ်မှုကို မပိုင်ဆိုင်နိုင်တော့ကာ သူသိသမျှ၊ လုပ်သမျှ ဟာ ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားနေခြင်းကနေ ထွက် လာတဲ့ အကျိုးဆက်တွေကြီးပဲ။ လိမ်ညာသူလို အမှန် ကို သိနားလည်တာ၊ ပြီးတော့မှ ပြန်ငြင်းတာမျိုး မဟုတ်တော့ဘူး။ သိရဲ့သိမှုမှာကိုယ်က သူပျောက်ဆုံး နေပြီး ကိုယ့်ကိုယ်ကိုယ်လှည့်ဖျားထားခြင်း ပုံစံတစ်မျိုး သာလျှင် ကျန်တော့တယ်။
Munfh – Autheticity

ဆက်လက်ဖတ်ရှုရန်ကျမ်းညွှန်း
Sartre, Jean-Paul (1943a), Being and Nothingness .

Beat Movement – ဘိ(တ်) လှုပ်ရှားမှုဆိုတာ ကဗျာ နဲ့ စာပေတစ်ခုတည်း မဟုတ်ဘူး။ ယဉ်ကျေးမှု တစ်ခုအနေနဲ့ ပါ အမေရိကန် လူ့အဖွဲ့အစည်းရဲ့ နေ့စဉ် ဘဝထဲ ပျံ့နှံ့ စိမ့်ဝင်ခဲ့တဲ့ အတွေးအခေါ်၊ ဘဝနေထိုင်မှု ပုံစံတွေပဲ။ ဘိ(တ်)တွေက သာမန်ကြည့်လိုက်ရင် စစ်ပြီး ခေတ် စစ်အေးတိုက်ပွဲအတွင်း နဝေတိမ်တောင် ဖြစ် နေတဲ့ အမေရိကန် လူ့အဖွဲ့ အစည်းရဲ့ အခြေအနေ ကို မကျေမနပ်ဖြစ်နေတာလို့ တွေးနိုင်တယ်။ ဒါပေမယ့် တကယ်တမ်းလေ့လာကြည့်ရင် ဘိ(တ်) တွေဟာ သူတို့ရဲ့ ကျေနပ်ဖွယ်ရာမကောင်းတဲ့ အခြေအနေ တစ်ရပ်ကို အနုပညာအရ ဘယ်လို တုံ့ပြန်သလဲဆိုတာ တင် မကဘူး၊ သူတို့ရဲ့ ဘဝနေထိုင်မှု ပုံစံတစ်ခု လုံးနဲ့ပါ တွန်းတိုက် ရွေ့လျားဖို့ ကြိုးစားတယ်။ ဒါကြောင့် ဘိ(တ်)တွေအတွက် ကဗျာ၊ ဝတ္ထုဆိုတာ ကဗျာ၊ ဝတ္ထု သက်သက် ဖြစ်မနေဘူး။ ဘိ(တ်)တွေအတွက် သူတို့ရဲ့ အနုပညာဆိုတာ သူတို့ရဲ့ဘဝပဲ။ ဘိ(တ်)တွေက နေ့စဉ် ဘဝနဲ့ကင်းကွာပြီး ဘယ်တော့မှ အနုပညာကို မတွေးခေါ်ဘူး။ သူတို့က သူတို့ လက်ရှိ ပစ္စုပ္ပန်ဘဝ အတွင်း နေ့စဉ် မြင်တွေ့နေရတဲ့ အရာတွေ၊ အဲဒီနေ့စဉ် မြင်တွေ့နေရတဲ့ အရာတွေအပေါ် လွှမ်းမိုးချုပ်ကိုင် ထားတဲ့ ယဉ်ကျေးမှု၊ စာပေ စတာတွေကို တွန်းကန်ဖို့ ကြိုးစားတာပဲ။ သူ့တို့ရဲ့ လက်ရှိ လူ့အဖွဲ့အစည်း အတွက် အရေးကြီးဆုံးက ဘာဖြစ်မလဲဆိုတာပဲတွေး တယ်။ ဘိ(တ်)တွေက လွှမ်းမိုးကြီးစိုးဆဲ ယဉ်ကျေးမှု တန်ဖိုးစံတွေကနေ သွေဖယ်ဖို့၊ ဆန့်ကျင်ဖို့ လုပ်ကြတဲ့ နေရာမှာတော့ ပို့စ်မော်ဒန်ဝါဒီတွေရဲ့ ရှေ့တော်ပြေးပဲ။ ဘိ(တ်)တွေက သူတို့ရဲ့ ဘဝတစ်ခုလုံးစာနဲ့တောင်မှ လွှမ်းမိုးကြီးစိုးဆဲ တန်ဖိုးစံကနေ ကင်းလွှတ်မယ့် သူတို့ ရဲ့ ကိုယ်ပိုင်တန်ဖိုးစံ၊ ကိုယ်ပိုင်ဘဝနေထိုင်ပုံတွေကို ရှာဖွေတာ။ ဒါကြောင့် ဘိ(တ်)တွေဟာ ပင်မရေစီး ယဉ်ကျေးမှုတွေကနေ အမြဲသွေဖယ်ခဲ့ကြတယ်။ ဘိ(တ်)တွေက ယဉ်ကျေးမှုအခွဲတွေ ဝါ သူတို့ဘာသာ သူတို့ ဖန်တီးတည်ဆောက်ထားတဲ့ ယဉ်ကျေးမှုပုံစံ (subculture) တွေကို ဖန်တီးတည် ဆောက်နိုင်တယ်။ ဘိ(တ်) ယဉ်ကျေးမှု ဟန်၊ ဘိ(တ်) စတိုင်တွေဟာ တစ်ခါတစ်ခါ ပင်မရေစီးထဲကိုတောင်မှ ရောယှက် သွားတယ်။ ဘိ(တ် ) ယဉ်ကျေးမှုဟာ ဘီတဲလ်၊ ဘော့ ဒလန်တို့အထိတောင်မှ နယ်နိမိတ် ရေးဆွဲထားတယ်။

ဆက်လက်ဖတ်ရှုရန်ကျမ်းညွှန်း
Charters, Ann, 2001 .Beat Down to Your Soul: What was the Beat Generation¿. Penguin Books. Ann Charters, 1992; Introduction to The Portable Beat Readerm,

Counterculture – ၁၉၆၀ ပြည့်နှစ်များမှာ ဖွံ့ဖြိုး လာတဲ့ ဝေါဟာရတစ်ခုဖြစ်တယ်။ လူငယ်ယဉ် ကျေးမှု၊ ကျောင်းသားတွေရဲ့ သီးသန့် ယဉ်ကျေးမှုခွဲနဲ့ အထူးသဖြင့် ဟစ်ပီယဉ်ကျေးမှုတွေကို နားလည်လာ အောင်လုပ်တဲ့ အယူ အဆတစ်ရပ်လည်းဖြစ်တယ်။ တန်ပြန်ယဉ်ကျေးမှုဆိုတဲ့ ဒီဝေါဟာ သုံးစွဲပုံနှစ်မျိုးရှိ တယ်လို့ Frank Musgrove (1974) က သူ့ရဲ့ Ectasy and Holiness, Counter Culture and the Open Society မှာ ဖော်ပြတယ်။ တစ်ခုက တန်ပြန် ယဉ်ကျေး မှုဟာ ပါဝါကို လှုပ်ရှားပြီး ရွေ့လျားနေတဲ့ ပါဝါမျိုး အဖြစ် လုပ်ဆောင်တယ်။ ဆိုလိုတာ လွှမ်းမိုးကြီးစိုးဆဲ ယဉ်ကျေးမှုကို ဆန့်ကျင်တဲ့ အတွေးအခေါ်၊ ယုံကြည် မှုနဲ့ တန်ဖိုးစံတွေကို ယူဆောင်ပေးတာ။ ဒုတိယ တစ်ခုကတော့ တန်ပြန်ယဉ်ကျေးမှုဆိုတာ ရုပ်ပိုင်း ဆိုင်ရာထက် စိတ်ပိုင်း ဆိုင်ရာကို တန်ဖိုးထားတာ၊ အရှက်အကြောက်နဲ့ ထိန်းချုပ်နေခြင်းထက် လိင်ပိုင်း ဆိုင်ရာ ခံစားမှု၊ လောကီစည်းစိမ် ခံစားမှုကို ဦးစားပေး တယ်။ အာဂတိလိုက်စားမှုထက် လက်ခံပေး၊ သည်း ညဉ်းခံပေး (tolerence) တယ်။

တန်ပြန်ယဉ်ကျေးမှုဆိုရင် အဓိကအားဖြင့် ပင်မ ရေစီး လူ့အဖွဲ့အစည်းထဲ အဖြောင့်အတိုင်းနေဖို့ထက် ပင်မရေစီးကနေ ခွဲထွက်တဲ့ပြီး နေထိုင်တဲ့ အုပ်စုတွေကို လည်း ရည်ညွှန်းတယ်။ တန်ပြန်ယဉ်ကျေးမှုဆိုတာ အသစ်ဖြစ်ပေါ်လာတဲ့ လူမှုရေးအလေ့အကျင့်တွေကို ဆိုလိုတယ်။ တန်ပြန်ယဉ်ကျေးမှုလုပ်တယ် ဆိုတာ ကလည်း လူမှုအလေ့အကျင့် အသစ်တွေ ဖြစ်ထွန်း လာအောင်ကြိုးစားခြင်းပဲ။ မူးယစ်ဆေးသုံးတာ၊ လိင် ကိစ္စလွတ်လပ်တာ၊ ပညာရေးကို ရှိပြီးသားပုံစံကနေ တိုက်ရိုက်မချဉ်းကပ်တာမျိုးတွေပဲ။ အဲဒီလို တန်ပြန် ယဉ်ကျေးမှုတွေကို အထောက်အပံ့ပေးတဲ့ အင်စတီ ကျူးရှင်တွေက ကိုယ့်ဘာသာကိုယ် ဖွဲ့စည်းတည် ထောင် နေထိုင်တဲ့ လူမှုအသိုင်းအဝိုင်းတွေ၊ ပင်မရေစီး ကို ဆန့်ကျင်တဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ လွတ် လပ်တဲ့ ကျောင်းတွေ၊ မြေအောက်ပွဲတော်တွေ (un-derground festivals) ကို ခေါ်တယ်။ ၁၉၇၀ ပြည့်နှစ် များမှာ တန်ပြန်ယဉ်ကျေးမှု ပုံစံတွေ အားကောင်းပြီး နောက်ပိုင်းတဖြည်းဖြည်း လျော့ကျသွားတယ်ဆိုပေ မယ့် သူ့ရဲ့ အတွေးအခေါ်ပိုင်းနဲ့ သင်္ကေတဆိုင်ရာ တွေကတော့ ရှိနေဆဲပဲ ဖြစ်တယ်။

ဆက်လက်ဖတ်ရှုရန်ကျမ်းညွှန်း
Musgrove, Frank: Ecstasy and Holiness. Counter Culture and the Open Society. 1974. Roszak, Theodore: The Making of a Counter Culture. 1968 (1971).

Critique – ဒီစကားလုံးဟာ အင်္ဂလိပ်ဘာသာ စကားထဲကို ၁၈ ရာစုအစောပိုင်းလောက်က ပြင်သစ် ဘာသာ စကားကနေ ရောက်ရှိလာတဲ့ စကားလုံး ဖြစ်တယ်။ ခရစ် ဘောဒစ်ကတော့ သူ့ရဲ့ အောက်စဖို့ဒ် စာပေဝေါဟာရ အဘိဓာန်မှာ ]စာပေလက်ရာတစ်ခုကို နှိုင်းနှိုင်းချိန်ချိန် ချဉ်းကပ်လေ့လာမှုပုံစံ။ အများအားဖြင့် အက်ဆေး ဒါမှမဟုတ် ရီဗြူးပုံစံမျိုးအတွက် သုံးလေ့ရှိ တဲ့စကားလုံး}လို့ ဖွင့်ဆိုထားတယ်။ ဒီစကားလုံးဟာ အစောပိုင်းမှာ စာပေလက်ရာတွေကို သရုပ်ဖော်တာ၊ စီရင်ချက်ချတာအတွက် သုံးတယ်။ ဒါပေမယ့် ၁၉ ရာစုလောက်မှာ ပြန်ပြီး အဓိပ္ပာယ်အသစ်နဲ့ ပေါ်လာ တယ်။ ၁၈ ရာစုကုန်ခါနီးလောက်မှာ ဂျာမန်ဒဿန ပညာရှင် အီမန်နူရာယ်ကန့်ရဲ့ အသုံးတွေကြောင့် သူ့ကို ဘာသာပြန် ပြီး အင်္ဂလိပ်ဘာသာစကားထဲရောက် လာတယ်။ ဒီပြန်ရေပန်းစားလာတဲ့ Critique ဆိုတဲ့ အသုံးဟာ မြန်မာဘာသာစကားအနက်မှာ သုံးတဲ့ ဝေဖန်ရေး Crticism ဆိုတဲ့ စကားလုံးနဲ့ မတူတော့ဘူး။ ဒါကြောင့်လည်း ခွဲပြီးသုံးတယ်။ Criticism က သူ ဝေဖန်မယ့်အရာဟာ ဘယ်လို လည်ပတ်အလုပ်လုပ် နေသလဲဆိုတဲ့ အလုပ်လုပ်ပုံကို ရှင်းပြတယ်။ နောက် စီရင်ချက်ချတာ၊ အဆိုးအပြစ်ရှာတာ စသဖြင့် သူ့ သမိုင်းကြောင်းနဲ့ သူလာတဲ့ ဝေဖန်ရှုမြင်ပုံ နည်းနာ အရပ်ရပ်ကို စုပေါင်းခေါ်တာ။ Critique ဆိုတဲ့ ဝေါဟာရက သူရှင်းပြ ထုတ်ဖော်ပြချင်တဲ့ နှိုင်းနှိုင်း ချိန်ချိန်ချဉ်းကပ်တဲ့အပိုင်းကို ဆိုလိုတယ်။ တစ်နည်း အားဖြင့် စူးစမ်းရှာဖွေခြင်းပဲ။ ဝေဖန်တယ်လို့ ဆိုရင် တောင်မှ သူပြောချင်တဲ့ အဆိုတစ်ခုကို တင်ပြတော့ မယ့် ပုံစံမျိုးသာလျှင်ဖြစ်တယ်။ ဥပမာ ကန့်ရဲ့ Critique of Pure Reason (1787) သုံးတဲ့ Critique ဆိုတာ အသိပညာပုံသဏ္ဌာန်အရင်းအမြစ်ကို ရှာဖွေ ခြင်းပုံစံနဲ့သုံးတယ်။ စူးစမ်းရှာဖွေခြင်းဆိုတဲ့အနက် ထွက်တယ်။ ပြီးတော့ သူက လေ့လာစူးစမ်းတဲ့နေရာ မှာလည်း ချင့်ချင့်ချိန်ချိန်နဲ့ အကြောင်းအကျိုး ထုတ် ပြတယ်။ ဥပမာ ရုပ်ရှင်တစ်ခုရဲ့ လူမျိုးရေးဝါဒအကြောင်း စူးစမ်းပြောဆိုတော့မယ်ဆိုရင် (critique of the racism of a film) ဒီရုပ်ရှင်ဟာ လူမျိုးရေးခွဲခြားတယ် ဆိုပြီး ရုတ်ချည်းမပြောဘူး။ ဘာကြောင့် လူမျိုးရေး ခွဲခြားသလဲ၊ ဘယ်လို အဓိပ္ပာယ်မျိုးတွေက လူမျိုးရေး ခွဲခြားသလို ဖြစ်နေသလဲဆိုတာကို အကြောင်းနဲ့ အကျိုးနဲ့ ပြောတယ်။ မာ့က်စ်က သူ့ရဲ့ အရင်းကျမ်း Capital ရဲ့ ခေါင်းစဉ်ကို A Crtitique of Political Economy လို့ ဆိုရင် သူဆိုလိုချင်တာက နိုင်ငံရေး ဘောဂဗေဒရဲ့ အရင်းအမြစ်ဟာ အကန့်အသတ်တွေ ရှိနေကြောင်းကို ထုတ်ဖော်ပြောဆိုဖို့ရာအတွက် လေ့လာစူးစမ်းတာပဲ။ တစ်ဆက်တည်းမှာပဲ Critque ဆိုတာ အရင်းရှင်စနစ် အလုပ်လုပ်ပုံကို ကောင်းကောင်း ရှင်းပြပေးနိုင်ဖို့ရာ လေ့လာစူးစမ်းနေခြင်းဆိုတဲ့ သဘောနဲ့ သုံးတယ်။ မာ့က်စ်ရဲ့ အရေး အသားတွေ ထဲမှာတွေ့ရတဲ့ Critiqueu က အိုင်ဒီယိုလိုဂျီကို စေ့စေ့ စပ်စပ် စိတ်ဝင်တစားဖော်ထုတ်ခြင်းဆိုတဲ့ အနက်မျိုး ရှိတယ်။ Critique ရဲ့ ရည်ရွယ်ချက်က လက်ရာထဲက အိုင်ဒီယိုလိုဂျီကို စူးစမ်းဖော်ထုတ်ခြင်းဆိုတဲ့ သဘော ပဲ။

အဒေါနိုး (Adorno) a transcendent critique နဲ့ an immanent critique ဆိုပြီး ခွဲခြားပြသေးတယ်။  A transcendent critique က သူ့ရဲ့ ကိုယ်ပိုင်စည်းမျဉ်း နိယာမတွေကိုတည်ပြီး၊ အဲဒီအရာကို အသုံးချပြီး သီအိုရီတစ်ခုကို အပြင်ကနေ ဝေဖန်တယ်။ An immanent critique ကတော့ အဲဒီ ဝေဖန်မယ့် သီအိုရီ အတွင်းပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ရှာဖွေဖော် ထုတ်ပြီး အဲဒီသီအိုရီရဲ့ ကိုယ်ပိုင်ဝေါဟာရတွေနဲ့ သူ့ကို ပြန်ဝေဖန်တယ်။

Death of the grand narratives – ရန်းဖရန်ဆွာ လီယိုတာက သူ့ရဲ့ The Postmodern Condition (1979) စာအုပ်မှာ ရေးသားထုတ် ဖော်ထားတဲ့ အတွေး အခေါ် တစ်ခုဖြစ်တယ်။ ဒီလက်ရာဟာ အဓိကအား ဖြင့် အသိပညာကို ဘယ်လို ဖွဲ့စည်းတည်ဆောက် ထားသလဲ၊ ဘယ်လို ထုတ်လုပ်လိုက်သလဲဆိုတဲ့ လမ်း ကြောင်းကို အဓိက စိတ်ဝင်တစား ရှာဖွေစူးစမ်းမှု တွေနဲ့ ပတ်သတ်တယ်။ လီယိုတာ က ဉာဏ်အလင်း ပွင့်ခေတ်ရဲ့ မော်ဒန်ဖြစ်မှု (modernity) မှု အသိပညာ ဆိုတာ မဟာဇာတ်ပြောပုံတွေထဲမှာ တည်ဆောက်ခံ ထားရတယ်လို့မြင်တယ်။ မဟာဇာတ်ပြောပုံတွေ ဆိုတာ သီးသန့် ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီကို မူတည်ပြီး အိုင်ဒီယိုလိုဂျီအရ မောင်းနှင်နေတဲ့ စကား လုံးဖြစ်တယ်။ တီးလို့ ( Telos ) လို့ခေါ်တဲ့ နောက်ဆုံး အဆုံးသတ်မှာ အမှန်တရားတစ်ခုကို ထုတ်လုပ်လိုက် တဲ့ အမြင်၊ ဝါ အခြေခံ အုတ်မြစ်တစ်ခုအပေါ် တည် ဆောက်ထားတဲ့ နိယာမအပေါ် အခြေခံပြီး တည် ဆောက်ထားတဲ့ ဇာတ်ပြောပုံစံမျိုးကို ခေါ်တယ်။ မော်ဒန်ဖြစ်မှုဟာ အဲဒီလို တည်ဆောက်ထားတဲ့ မဟာ ဇာတ်ပြောပုံ (grand narratives) ထဲမှာ အသိပညာ ကို ထုတ်လုပ်နေတဲ့ ပုံစံမျိုးဖြစ်တယ်။ အသိပညာ ဆိုတာ သန့်စင်တဲ့ ရှာဖွေတွေ့ရှိမှု မဟုတ်ဘူး။ ယုံကြည်လာအောင် ပြုလုပ်ခံထားရတဲ့ အရာ၊ ယဉ်ကျေးမှုနဲ့ လူမှုရေးကနေ မောင်းနှင်နေတဲ့ အရာဖြစ်ပြီး သီးသန့် အိုင်ဒီယိုလိုဂျီဆိုင်ရာ အမြင် တစ်ရပ်ကို ထုတ်ဖော်ပြဖို့ရာအတွက် လိုအင်ဆန္ဒ တစ်စုံတစ်ရာ အတွင်းက မောင်းနှင်နေတဲ့ အရာဖြစ် တယ်။ စစ်မှန်တဲ့ အသိပညာဆိုတာ မဟာဇာတ် ပြောပုံထဲကနေ မောင်နှင်နေတဲ့ အိုင်ဒီယိုလိုဂျီတွေ၊ လိုအင်ဆန္ဒတွေကနေ အသိအမှတ်ပြုပေးခံထားရတဲ့ အရာကိုမှ စစ်မှန်တဲ့ အသိပညာလို့ မှတ်ယူထားတဲ့ ပုံစံဖြစ်တယ်။

နောက်ထပ်စကားလုံးတစ်ခုနဲ့ ပြောမယ်ဆိုရင် မဟာဇာတ်ပြောပုံ ပစ္စုပ္ပန်ကာလတရားအတွင်း တည်ရှိပြီး လည်ပတ်နေတဲ့ ယုံကြည်မှုစနစ် (a circular system of belief) တစ်ခုပဲ။ ပစ္စုပ္ပန်ကာလ တရားအတွင်းမှာ လက်ခံထားပြီး လည်ပတ်နေတဲ့ ယုံ ကြည်မှုစနစ်ပဲ။ လီယိုတာက ဉာဏ်အလင်းပွင့် ခေတ်ကနေထွက်ပေါ်လာတဲ့ မဟာ ဇာတ်ပြောပုံတွေထဲမှာ အလွှမ်းမိုး ဆုံး မဟာဇာတ်ပြောပုံနှစ်ခုမှာ တစ်ခုက မာ့က်စ်ဝါဒဇာတ်ပြောပုံပဲ။ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တွေက ထွက်လာတဲ့ ကျွန်ပြုခြင်း၊ သူတစ်ထူးအောက်မှာ အလုပ်လုပ်ရ တဲ့ ပုံစံကနေ လွတ်မြောက်ဖို့ရာ ကြိုးစားတဲ့ ဇာတ်ပြောပုံ။ ဒုယတိ တစ်ခုကတော့ ဟေဂယ် ဇာတ်ပြော ပုံ (The Hegelian narrative) တစ်ခုပဲ။ ဘာသာရေးကနေ ကင်း လွတ်ပြီး စစ်မှန်တဲ့ အသိပညာကို ရှာဖွေတဲ့ ဇာတ်ပြောပုံတစ်ခုပဲ။ တခြားသော သီအိုရီ ပညာရှင်တွေ ရဲ့ ဇာတ်ပြောပုံတွေ လည်းရှိသေးတယ် အဲဒီဇာတ် ပြောပုံတွေက အလုပ် (Work)ရဲ့ ဖိနှိပ်မှုတွေကနေ လွန်မြောက်ပြီး လူသားဆန်မှုကို ရှာဖွေပေးမယ့် နည်းပညာနဲ့ သိပ္ပံပညာကို ချစ်မြတ်နိုးပါဆိုတဲ့ ဇာတ်ပြောပုံတွေကို မယုံကြည်တော့တာ။ ဈေးကွက် အရင်းရှင်ဝါဒရဲ့ မဟာဇာတ်ပြောပုံကနေ လူသားကို လွတ်မြောက် အောင်လုပ်တာ၊ လစ်ဘရယ်ဒီမိုကရေစီနဲ့ သူ့ရဲ့ အိုင်ဒီ ယိုလိုဂျီတွေ အောင်ပွဲ ခံသွားပါပြီဆိုတဲ့ ဇာတ်ပြောပုံတွေကနေ ကင်းလွတ်အောင် ကြိုးစားပေး တာတွေပဲ။

လီယိုတာက ပို့စ်မော်ဒန်အတွေးအခေါ်မှာ ဉာဏ်အလင်းပွင့်ခေတ်ကနေ ထွက်ပေါ်လာတဲ့ မဟာ ဇာတ်ပြောပုံ တွေဟာ ဆန့်ကျင်ဘက်တွေ ထိပ်တိုက် တွေ့ပြီး ပဋိပက္ခတွေ ဖြစ်နေတယ်။ အကြောင်းက ဉာဏ်အလင်းပွင့်ခေတ် အတွေးအခေါ်ကနေ ချီးမြှောက် ပြီး ထွက်ပေါ်လာတဲ့ ယုံကြည်ချက်တွေ၊ အလေ့အကျင့် တွေဟာ သူတို့ရဲ့ အခြေခံ အုတ်မြစ်ကို သူတို့ ပြန်ဆန့် ကျင်တဲ့ အရာတွေ ဖြစ်လာလို့ပဲ။ ဥပမာ သိပ္ပံပညာကို ချစ်မြတ်နိုးတဲ့ ယုံကြည်မှုဟာ နယူးကလီယား လက်နက်တွေ ဖွံ့ဖြိုးလာခြင်း၊ လူတွေကို စောင့်ကြည့် ကွတ်မတ်တဲ့ နည်းပညာတွေဖွံ့ဖြိုးလာခြင်း ကြောင့် ပြဿနာတတ်လာတယ်။ အဲဒီအခြေခံအုတ်မြစ်ဟာ လှုပ် ခတ်လာတယ်။ မာ့က်စ်ဝါဒကနေပြောတဲ့ လူမှု ရေးဆိုင်ရာ လွတ်မြောက်မှုဆိုတဲ့ ဇာတ်ပြောပုံက လည်း ဆိုဗီယက်ပြည်ထောင်စုရဲ့ အာဏာရှင်ဆန်မှုနဲ့ လူအုပ်စုတစ်ခု ကောင်းစားရေးဝါဒကြောင့် ပြိုပျက်လာ တယ်။ ဒါကြောင့် လီယိုတာက သူ့ရဲ့ ပို့စ် မော်ဒန် အခြေအနေဆိုတဲ့ စစ်တမ်းမှာ Óဏ်အလင်း ပွင့်ခေတ် ကနေ ထုတ်လုပ်လိုက်တဲ့ မဟာဇာတ်ပြောပုံတွေကို စစ်ဆေးကြည့်ဖို့လိုမယ်။ ဒုတိယတစ်ခုကတော့ ပို့စ် မော်ဒန် အသိပညာဟာ လေ့လာစူးစမ်းပုံ၊ ဖွဲ့စည်း တည်ဆောက်ပုံ၊ သတင်းတွေကို ထုတ်လုပ်ပုံ လမ်း ကြောင်း အသစ်တစ်ရပ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ လိုအပ်မယ်လို့ မြင်လာတယ်။

ဉာဏ်အလင်းပွင့်ခေတ်က ထုတ်လုပ်လိုက်တဲ့ မဟာ ဇာတ်ပြောတွေကို ဒီဘက် ပို့စ်မော်ဒန်ခေတ်မှာ မယုံကြည် တော့ဘူး။ လီယိုတာက incredulity toward meatnarra-tives လို့ ဆိုတယ်။ (ခမ်းနားကြီး ကျယ်သော အဆိုတွေကို မယုံကြည်တော့ခြင်းလို့လည်း အသုံးရှိတယ်။) ခေတ်ပြိုင် လူ့အဖွဲ့အစည်းမှာ အင်စတီ ကျူးရှင်းအတွင်းကနေ ထုတ်လုပ်လိုက်တဲ့ အသိ ပညာကို မယုံကြည်တော့ဘူး။ အစအဆုံး၊ ဘယ်အရာ အတွက်ရည်ရွယ်ပြီး ဘာလုပ်ကြဆိုတဲ့ ခြွင်းချက်မရှိ တဲ့ ဆင်ခြင်မှုပုံစံအပြည့်အဝ (totality) ဝါ အစအဆုံး ပြည့်စုံအောင်လုပ်ပေးထားတဲ့ ဇာတ်ပြောပုံအပေါ်ကို မရှာဖွေတော့ဘူး။ ဇာတ်လမ်းငယ်တွေ၊ အဲဒီလို ဇာတ်ပြောပုံနဲ့ အပွင့်သဘောဆန်တဲ့ ဇာတ်ပြောပုံတွေ ထွက်ပေါ်လာတယ်။ နောက်ဆုံး အဆုံးသတ်ရလဒ်ကြီး ကို မျှော်လင့်ချက်ပေးထားတဲ့ ဆင်ခြင်မှုပုံစံဝါ ဇာတ် ပြောပုံစံထက် လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခပေါင်း များစွာ၊ အမှန်တရားကို ပုံစံမျိုးစုံနဲ့ ထိတွေ့ အလုပ် လုပ်နေတဲ့ ဇာတ်ပြောငယ်လေးတွေသာလျှင် ပိုရှင်သန် အလုပ်လုပ်လည်ပတ်နေတာကို တွေ့ရတယ်လို့ ဆို တယ်။ ဒါကြောင့် မဟာဇာတ်ပြောပုံကြီးတွေ သေဆုံး သွားခဲ့ပြီလို့ လီယိုတာက သုံးတယ်။
ဆက်လက်ဖတ်ရှုရန်ကျမ်းညွှန်း
Lyotard , – Postmoderncondition .

မင်းခက်ရဲ

Zawgyi

အသိပညာေတာ္လွန္ေရး၊ ကိုယ့္ကိုယ္ကိုယ္နားလည္ေရးႏွင့္တန္ျပန္ယဥ္ေက်းမႈဆိုင္ရာ ေဝါဟာရမ်ား

Angry young man – ဒီေဝါဟာရကို ပထမဆံုးသံုးစြဲခဲ့တဲ့သူက  လက္စလီေပါ (Leslie Paul)  ျဖစ္ၿပီး သူ႔ရဲ႕ ၁၉၅၁ ခုနွစ္ ကိုယ္တိုင္ေရး အတၳဳပၸတိၲမွာ ေဖာ္ျပခဲ့တယ္။  ဒီစကားလံုးဟာ ၿဗိတိန္ရဲ႕ စာေပျမင္ကြင္းထဲမွာ ၁၉၅၀ ျပည့္ႏွစ္မ်ား ကာလေတြမွာ မၾကာခဏဆိုသလို ေတြ႕လာ ရတယ္။ ၁၉၆၀ ျပည့္ႏွစ္ကုန္ခါနီးမွာေတာ႔ ကလီေရွးျဖစ္ေနတဲ့ အသံုးတစ္ခုအျဖစ္ေတာင္မွ ျမင္လာၾကၿပီ။  ဒီစကားလံုး ေပၚျပဴလာျဖစ္ ၿပီး ယံုၾကည္ၾကည္သံုးစြဲလာတာအတြက္ တာဝန္ရွိ သူကေတာ႔  ဂြ်န္ေအာ႔စ္ဘြန္း (John Osborne)ရဲ႕ ၁၉၅၇ ခုႏွစ္ထုတ္  ျပဇာတ္ Look Back in Anger  ပဲ။ ဒီျပဇာတ္မွာ  လမ္းေပ်ာက္ၿပီး  သူတို႔ရဲ႕ ေခတ္ႀကီးကို မေက်မနပ္၊ မေရာင္႔မရဲျဖစ္ေနတဲ့ လူငယ္မ်ိဳးဆက္တစ္ဆက္ကို ေဖာ္ၫႊန္းထားတယ္။  ဒီမ်ိဳးဆက္ဟာ တည္ရွိေနတဲ့ အုတ္ျမစ္ေတြ၊ ပင္းမေရစီးထဲ ဝင္ေရာက္ေနရာက်ေနတဲ့အရာေတြကို မႏွစ္ၿခိဳက္ၾကဘူး။  ျပင္းျပင္းထန္ထန္ ဆန္႔က်င္ၾကတယ္။  သူတို႔ လူ႔အဖြဲ႕အစည္းရဲ႕ လူမႈေရးနဲ႔ ႏိုင္ငံေရးဆိုင္ရာ သေဘာထားေတြကို  ဆန္႔က်င္ တံု႔ျပန္ၾကတယ္။ ဟစ္ပိုခေရစီေတြ၊ ရြက္ၾကမ္း ေရႀကိဳလို ျဖစ္ေနတဲ့ အႏုပညာေတြကို မႏွစ္ၿမိဳ႕ေတာ႔ ဘူး။ အထူးသျဖင္႔ သာမန္တန္ဖိုးစံေတြကို စံပံုစံတစ္ရပ္ လို အေသစြဲမွတ္ယူၿပီး အဲဒီတန္ဖိုးစံေတြအတိုင္း ေရး သားထားတဲ့ အေရးအသားေတြကို ဟစ္ပိုခရက္ေတြရဲ႕ အေရးအသားေတြ၊  သာမန္ ရြက္ၾကမ္းေရႀကိဳ အေရး အသားေတြအျဖစ္ သတ္မွတ္လာၾကတယ္။ တစ္နည္း အားျဖင္႔ ဘူဇြာက်င္႔ဝတ္ေတြအျဖစ္ ခံယူၿပီး  ျပင္းျပင္း ထန္ထန္ဆန္႔က်င္ၾကတာ ျဖစ္တယ္။  ေအာ့စ္ဘြန္းရဲ႕ ျပဇာတ္ထဲက ဂ်င္ေပၚတာဟာ  ဟီး႐ိုး ဆန္႔က်င္သူ (anti-hero) ပဲ။  ေဒါသႀကီးေနတဲ့ လူငယ္ေလးမ်ား ဆိုတာကို  ကိုယ္စားျပဳႏိုင္တဲ့ ဇာတ္ေကာင္တစ္ ေကာင္းပဲ။  ေအာ့စ္ဘြန္းနဲ႔ သူ႔လက္ရာေတြကေနစၿပီး သူနဲ႔ေခတ္ၿပိဳင္ မ်ိဳးဆက္လူငယ္ေတြကို ကူးစက္သြားတဲ့  ေဒါသႀကီးေနတဲ့ လူငယ္ေလးမ်ားဆိုတာ ၁၉၅၀ ျပည့္ႏွစ္က အႏုပညာလက္ရာ အမ်ားစုကို ကိုယ္စားျပဳ ေဖာ္ျပတဲ့ စကားလံုးေတာင္မွ ျဖစ္လာတယ္။  ေနာက္ ပိုင္း ဒီေဝါဟာရဟာ ဘိ(တ္)မ်ိဳးဆက္ရဲ႕ အေတြးအေခၚ ေတြထဲမွာလည္း ကိန္းေအာင္းသြားတယ္။

ၾကည့္ – Beat Generation

Bad faith  – ကိုယ္႔ကိုယ္ကိုယ္မွားယြင္းစြာ နားလည္မႈ။ ယန္းေပၚဆာ႔တ္ရဲ႕ ဖီႏိုမန္ႏိုလိုဂ်ီဆိုင္ရာ အေစာပိုင္း  အေရးအသားေတြထဲမွာ အဓိကက်တဲ့ အေၾကာင္းအရာအျဖစ္ ေတြ႕ရမယ္။  ျပင္သစ္လို Mauvaise foi  ဝါ ကိုယ့္ရဲ႕ ငါျဖစ္မႈကို မွားယြင္းစြာ နားလည္မႈကို ဆာ့တ္ရဲ႕ Being and Nothingness မွာ ပထမဆံုးေဖာ္ျပထားတယ္။  ပင္ဂြင္းေဝဖန္ေရး သီအိုရီအဘိဓာန္မွာ  ကိုယ့္ကိုယ္ကိုယ္ မွားယြင္းစြာ နားလည္မႈဆိုတာ  ကိုယ့္ကိုယ္ကိုယ္ လွည့္ဖ်ားျခင္းနဲ႔  ကိုယ့္ငါ့ျဖစ္မႈရဲ႕ တကယ့္ အရင္းအျမစ္ကို မသိႏိုင္ျခင္း (inauthenticity) ပံုသဏၭာန္တစ္ခုျဖစ္ၿပီး  လူသားရဲ႕ လြတ္လပ္မႈကို ျငင္းပယ္ျခင္း ( a form of self-deception and inauthenticity and  a denial of human free-dom) လို႔ ဖြင့္ဆိုတယ္။ ဒီအယူအဆဟာ ဟိုက္ေဒးဂါးနဲ႔ ဟူးဆယ္ရဲ႕   သိမႈနဲ႔ ျဖစ္ရွိမႈ (being) အေပၚ အေျခခံတဲ့ အသိေတြကို တံု႔ျပန္ရင္း ထြက္လာတဲ့ အယူအဆပဲ။ ဆာ့တ္အတြက္က  လိမ္ညာျခင္းနဲ႔ ကိုယ့္ကိုယ္ကိုယ္ မွားယြင္းစြာသိနားလည္ျခင္း ႏွစ္ခုၾကားက အေရးႀကီး တဲ့ ကြဲျပားျခားနားခ်က္ကို ခြဲျခားေပးခဲ့တယ္။  လိမ္ညာ သူဆိုတာက ရွင္းတယ္။ သူ႔မွာ အမွန္တရားကို ပိုင္ဆိုင္ ထားေသးတယ္။  ဒါေပမယ့္ တျခားသူကို ေျပာတဲ့ အခါမွာသာလွ်င္ သူသိထားတဲ့ အမွန္တရားကို ထုတ္ ေဖာ္ေျပာဆိုဖို႔ရာ ျငင္းဆန္လိုက္တာ။ ၿပီးေတာ့မွ ထပ္ၿပီး သူ႔ရဲ႕ အမွန္ရယ္လို႔ ျမင္ထားတဲ့ ကိုယ္ပိုင္အျမင္ တစ္ခုကို  တိတ္တိတ္ကေလး ျငင္းပယ္လိုက္ျပန္တာ။  လိမ္ညာျခင္းမွာ လိမ္ညာသူရဲ႕ သိမႈဟာႏွစ္ခုတြဲပံုစံရွိ ေနတာ။  ကိုယ့္ကိုယ္ကိုယ္မွားယြင္းစြာ သိနားလည္ ထားသူကေတာ့ သူ႔ကိုယ္တိုင္ကေနေတာင္မွာ အမွန္ တရားကို မျမင္ႏိုင္ေလာက္ေအာင္ မ်က္ႏွာဖံုးတစ္ခုကို စြပ္ထားတာ။ သူကိုယ္သူ ဘာလိုခ်င္မွန္းလဲ မွန္မွန္ ကန္ကန္ သိနားမလည္ဘူး။  ကိုယ္႔ရဲ႕ အရင္းခံအက်ဆံုး ငါျဖစ္မႈကို မပိုင္ဆိုင္ႏိုင္ေတာ႔ကာ သူသိသမွ်၊ လုပ္သမွ် ဟာ ကိုယ့္ကိုယ္ကိုယ္ လွည္႔ဖ်ားေနျခင္းကေန ထြက္ လာတဲ့ အက်ိဳးဆက္ေတြႀကီးပဲ။  လိမ္ညာသူလို  အမွန္ ကို သိနားလည္တာ၊ ၿပီးေတာ့မွ ျပန္ျငင္းတာမ်ိဳး မဟုတ္ေတာ့ဘူး။ သိရဲ႕သိမႈမွာကိုယ္က သူေပ်ာက္ဆံုး ေနၿပီး  ကိုယ့္ကိုယ္ကိုယ္လွည္႔ဖ်ားထားျခင္း ပံုစံတစ္မ်ိဳး သာလွ်င္ က်န္ေတာ့တယ္။

Munfh – Autheticity

ဆက္လက္ဖတ္႐ႈရန္က်မ္းညႊန္း

Sartre, Jean-Paul (1943a), Being and Nothingness .

Beat Movement – ဘိ(တ္) လႈပ္ရွားမႈဆိုတာ ကဗ်ာ နဲ႔ စာေပတစ္ခုတည္း မဟုတ္ဘူး။  ယဥ္ေက်းမႈ တစ္ခုအေနနဲ႔ ပါ အေမရိကန္ လူ႔အဖြဲ႕အစည္းရဲ႕ ေန႔စဥ္ ဘဝထဲ ပ်ံ႕ႏွံ႔ စိမ့္ဝင္ခဲ့တဲ့ အေတြးအေခၚ၊ ဘဝေနထိုင္မႈ ပံုစံေတြပဲ။ ဘိ(တ္)ေတြက သာမန္ၾကည္႔လိုက္ရင္ စစ္ၿပီး ေခတ္ စစ္ေအးတိုက္ပြဲအတြင္း နေဝတိမ္ေတာင္ ျဖစ္ ေနတဲ့ အေမရိကန္ လူ႔အဖြဲ႕ အစည္းရဲ႕ အေျခအေန ကို မေက်မနပ္ျဖစ္ေနတာလို႔ ေတြးႏိုင္တယ္။ ဒါေပမယ့္ တကယ္တမ္းေလ့လာၾကည့္ရင္ ဘိ(တ္) ေတြဟာ သူတို႔ရဲ႕  ေက်နပ္ဖြယ္ရာမေကာင္းတဲ့ အေျခအေန တစ္ရပ္ကို အႏုပညာအရ ဘယ္လို တံု႔ျပန္သလဲဆိုတာ တင္ မကဘူး၊ သူတို႔ရဲ႕ ဘဝေနထိုင္မႈ ပံုစံတစ္ခု လံုးနဲ႔ပါ တြန္းတိုက္ ေရြ႕လ်ားဖို႔ ႀကိဳးစားတယ္။ ဒါေၾကာင့္ ဘိ(တ္)ေတြအတြက္ ကဗ်ာ၊ ဝတၳဳဆိုတာ ကဗ်ာ၊ ဝတၳဳ သက္သက္ ျဖစ္မေနဘူး။ ဘိ(တ္)ေတြအတြက္ သူတို႔ရဲ႕ အႏုပညာဆိုတာ သူတို႔ရဲ႕ဘဝပဲ။ ဘိ(တ္)ေတြက ေန႔စဥ္ ဘဝနဲ႔ကင္းကြာၿပီး ဘယ္ေတာ့မွ အႏုပညာကို မေတြးေခၚဘူး။  သူတို႔က သူတို႔ လက္ရွိ ပစၥဳပၸန္ဘဝ အတြင္း ေန႔စဥ္ ျမင္ေတြ႕ေနရတဲ့ အရာေတြ၊ အဲဒီေန႔စဥ္ ျမင္ေတြ႕ေနရတဲ့ အရာေတြအေပၚ လႊမ္းမိုးခ်ဳပ္ကိုင္ ထားတဲ့ ယဥ္ေက်းမႈ၊ စာေပ စတာေတြကို တြန္းကန္ဖို႔ ႀကိဳးစားတာပဲ။ သူ႔တို႔ရဲ႕ လက္ရွိ လူ႔အဖြဲ႕အစည္း အတြက္ အေရးႀကီးဆံုးက ဘာျဖစ္မလဲဆိုတာပဲေတြး တယ္။  ဘိ(တ္)ေတြက လႊမ္းမိုးႀကီးစိုးဆဲ ယဥ္ေက်းမႈ တန္ဖိုးစံေတြကေန ေသြဖယ္ဖို႔၊ ဆန္႔က်င္ဖို႔ လုပ္ၾကတဲ့ ေနရာမွာေတာ႔ ပို႔စ္ေမာ္ဒန္ဝါဒီေတြရဲ႕ ေရွ႕ေတာ္ေျပးပဲ။ ဘိ(တ္)ေတြက သူတို႔ရဲ႕ ဘဝတစ္ခုလံုးစာနဲ႔ေတာင္မွ လႊမ္းမိုးႀကီးစိုးဆဲ တန္ဖိုးစံကေန ကင္းလႊတ္မယ္႔ သူတို႔ ရဲ႕ ကိုယ္ပိုင္တန္ဖိုးစံ၊ ကိုယ္ပိုင္ဘဝေနထိုုင္ပံုေတြကို ရွာေဖြတာ။ ဒါေၾကာင္႔ ဘိ(တ္)ေတြဟာ ပင္မေရစီး ယဥ္ေက်းမႈေတြကေန အၿမဲေသြဖယ္ခဲ့ၾကတယ္။ ဘိ(တ္)ေတြက  ယဥ္ေက်းမႈအခြဲေတြ ဝါ သူတို႔ဘာသာ သူတို႔ ဖန္တီးတည္ေဆာက္ထားတဲ့ ယဥ္ေက်းမႈပံုစံ (subculture) ေတြကို ဖန္တီးတည္ ေဆာက္ႏိုင္တယ္။  ဘိ(တ္) ယဥ္ေက်းမႈ ဟန္၊ ဘိ(တ္) စတိုင္ေတြဟာ  တစ္ခါတစ္ခါ ပင္မေရစီးထဲကိုေတာင္မွ ေရာယွက္ သြားတယ္။ ဘိ(တ္ ) ယဥ္ေက်းမႈဟာ  ဘီတဲလ္၊ ေဘာ့ ဒလန္တို႔အထိေတာင္မွ နယ္နိမိတ္ ေရးဆြဲထားတယ္။

ဆက္လက္ဖတ္႐ႈရန္က်မ္းညႊန္း

Charters, Ann, 2001 .Beat Down to Your Soul: What was the Beat Generation¿. Penguin Books. Ann Charters, 1992; Introduction to The Portable Beat Readerm,

Counterculture –  ၁၉၆၀ ျပည့္ႏွစ္မ်ားမွာ ဖြံ႕ၿဖိဳး လာတဲ့ ေဝါဟာရတစ္ခုျဖစ္တယ္။ လူငယ္ယဥ္ ေက်းမႈ၊ ေက်ာင္းသားေတြရဲ႕ သီးသန္႔ ယဥ္ေက်းမႈခြဲနဲ႔ အထူးသျဖင့္ ဟစ္ပီယဥ္ေက်းမႈေတြကို နားလည္လာ ေအာင္လုပ္တဲ့  အယူ အဆတစ္ရပ္လည္းျဖစ္တယ္။  တန္ျပန္ယဥ္ေက်းမႈဆိုတဲ့ ဒီေဝါဟာ သံုးစြဲပံုႏွစ္မ်ိဳးရွိ တယ္လို႔ Frank Musgrove (1974) က သူ႔ရဲ႕ Ectasy and Holiness, Counter Culture and the Open Society  မွာ ေဖာ္ျပတယ္။ တစ္ခုက တန္ျပန္ ယဥ္ေက်း မႈဟာ ပါဝါကို လႈပ္ရွားၿပီး ေရြ႕လ်ားေနတဲ့ ပါဝါမ်ိဳး အျဖစ္ လုပ္ေဆာင္တယ္။  ဆိုလိုတာ  လႊမ္းမိုးႀကီးစိုးဆဲ ယဥ္ေက်းမႈကို  ဆန္႔က်င္တဲ့ အေတြးအေခၚ၊ ယံုၾကည္ မႈနဲ႔ တန္ဖိုးစံေတြကို ယူေဆာင္ေပးတာ။  ဒုတိယ တစ္ခုကေတာ႔ တန္ျပန္ယဥ္ေက်းမႈဆိုတာ ႐ုပ္ပိုင္း ဆိုင္ရာထက္ စိတ္ပိုင္း ဆိုင္ရာကို တန္ဖိုးထားတာ၊  အရွက္အေၾကာက္နဲ႔ ထိန္းခ်ဳပ္ေနျခင္းထက္ လိင္ပိုင္း ဆိုင္ရာ ခံစားမႈ၊ ေလာကီစည္းစိမ္ ခံစားမႈကို ဦးစားေပး တယ္။ အာဂတိလိုက္စားမႈထက္  လက္ခံေပး၊ သည္း ညဥ္းခံေပး (tolerence) တယ္။

တန္ျပန္ယဥ္ေက်းမႈဆိုရင္ အဓိကအားျဖင္႔  ပင္မ ေရစီး လူ႔အဖြဲ႔အစည္းထဲ အေျဖာင့္အတိုင္းေနဖို႔ထက္ ပင္မေရစီးကေန ခြဲထြက္တဲ့ၿပီး ေနထိုင္တဲ့ အုပ္စုေတြကို လည္း ရည္ၫႊန္းတယ္။ တန္ျပန္ယဥ္ေက်းမႈဆိုတာ  အသစ္ျဖစ္ေပၚလာတဲ့ လူမႈေရးအေလ့အက်င့္ေတြကို ဆိုလိုတယ္။ တန္ျပန္ယဥ္ေက်းမႈလုပ္တယ္ ဆိုတာ ကလည္း လူမႈအေလ့အက်င့္ အသစ္ေတြ ျဖစ္ထြန္း လာေအာင္ႀကိဳးစားျခင္းပဲ။  မူးယစ္ေဆးသံုးတာ၊ လိင္ ကိစၥလြတ္လပ္တာ၊  ပညာေရးကို ရွိၿပီးသားပံုစံကေန တိုက္႐ိုက္မခ်ဥ္းကပ္တာမ်ိဳးေတြပဲ။  အဲဒီလို တန္ျပန္ ယဥ္ေက်းမႈေတြကို အေထာက္အပံ့ေပးတဲ့  အင္စတီ က်ဴးရွင္ေတြက  ကိုယ့္ဘာသာကိုယ္ ဖြဲ႕စည္းတည္ ေထာင္ ေနထိုင္တဲ့ လူမႈအသိုင္းအဝိုင္းေတြ၊  ပင္မေရစီး ကို ဆန္႔က်င္တဲ့ သတင္းစာေတြ၊ မဂၢဇင္းေတြ၊  လြတ္ လပ္တဲ့ ေက်ာင္းေတြ၊ ေျမေအာက္ပြဲေတာ္ေတြ (un-derground festivals) ကို ေခၚတယ္။ ၁၉၇၀ ျပည့္ႏွစ္ မ်ားမွာ တန္ျပန္ယဥ္ေက်းမႈ ပံုစံေတြ အားေကာင္းၿပီး ေနာက္ပိုင္းတျဖည္းျဖည္း ေလ်ာ႔က်သြားတယ္ဆိုေပ မယ့္ သူ႔ရဲ႕ အေတြးအေခၚပိုင္းနဲ႔ သေကၤတဆိုင္ရာ ေတြကေတာ႔ ရွိေနဆဲပဲ ျဖစ္တယ္။

ဆက္လက္ဖတ္႐ႈရန္က်မ္းၫႊန္း

Musgrove, Frank: Ecstasy and Holiness. Counter Culture and the Open Society. 1974. Roszak, Theodore: The Making of a Counter Culture. 1968 (1971).

Critique – ဒီစကားလံုးဟာ အဂၤလိပ္ဘာသာ စကားထဲကို ၁၈ ရာစုအေစာပိုင္းေလာက္က ျပင္သစ္ ဘာသာ စကားကေန ေရာက္ရွိလာတဲ့ စကားလံုး ျဖစ္တယ္။ ခရစ္ ေဘာဒစ္ကေတာ႔ သူ႔ရဲ႕ ေအာက္စဖို႔ဒ္ စာေပေဝါဟာရ အဘိဓာန္မွာ ]စာေပလက္ရာတစ္ခုကို ႏိႈင္းႏိႈင္းခ်ိန္ခ်ိန္ ခ်ဥ္းကပ္ေလ႔လာမႈပံုစံ။ အမ်ားအားျဖင့္ အက္ေဆး ဒါမွမဟုတ္ ရီျဗဴးပံုစံမ်ိဳးအတြက္ သံုးေလ့ရွိ တဲ့စကားလံုး}လို႔ ဖြင္႔ဆိုထားတယ္။ ဒီစကားလံုးဟာ အေစာပိုင္းမွာ စာေပလက္ရာေတြကို သ႐ုပ္ေဖာ္တာ၊ စီရင္ခ်က္ခ်တာအတြက္ သံုးတယ္။ ဒါေပမယ့္ ၁၉ ရာစုေလာက္မွာ ျပန္ၿပီး အဓိပၸာယ္အသစ္နဲ႔ ေပၚလာ တယ္။ ၁၈ ရာစုကုန္ခါနီးေလာက္မွာ ဂ်ာမန္ဒႆန ပညာရွင္ အီမန္ႏူရာယ္ကန္႔ရဲ႕  အသံုးေတြေၾကာင့္ သူ႔ကို ဘာသာျပန္ ၿပီး အဂၤလိပ္ဘာသာစကားထဲေရာက္ လာတယ္။ ဒီျပန္ေရပန္းစားလာတဲ့ Critique ဆိုတဲ့ အသံုးဟာ  ျမန္မာဘာသာစကားအနက္မွာ သံုးတဲ့ ေဝဖန္ေရး Crticism ဆိုတဲ့ စကားလံုးနဲ႔ မတူေတာ့ဘူး။ ဒါေၾကာင့္လည္း ခြဲၿပီးသံုးတယ္။  Criticism က  သူ ေဝဖန္မယ့္အရာဟာ ဘယ္လို လည္ပတ္အလုပ္လုပ္ ေနသလဲဆိုတဲ့ အလုပ္လုပ္ပံုကို ရွင္းျပတယ္။ ေနာက္ စီရင္ခ်က္ခ်တာ၊ အဆိုးအျပစ္ရွာတာ စသျဖင့္ သူ႔ သမိုင္းေၾကာင္းနဲ႔ သူလာတဲ့ ေဝဖန္႐ႈျမင္ပံု နည္းနာ အရပ္ရပ္ကို  စုေပါင္းေခၚတာ။  Critique    ဆိုတဲ့ ေဝါဟာရက  သူရွင္းျပ ထုတ္ေဖာ္ျပခ်င္တဲ့  ႏိႈင္းႏိႈင္း ခ်ိန္ခ်ိန္ခ်ဥ္းကပ္တဲ့အပိုင္းကို ဆိုလိုတယ္။ တစ္နည္း အားျဖင့္ စူးစမ္းရွာေဖြျခင္းပဲ။  ေဝဖန္တယ္လို႔ ဆိုရင္ ေတာင္မွ သူေျပာခ်င္တဲ့ အဆိုတစ္ခုကို တင္ျပေတာ့ မယ့္ ပံုစံမ်ိဳးသာလွ်င္ျဖစ္တယ္။ ဥပမာ  ကန္႔ရဲ႕  Critique of Pure Reason (1787) သံုးတဲ့  Critique  ဆိုတာ အသိပညာပံုသဏၭာန္အရင္းအျမစ္ကို ရွာေဖြ ျခင္းပံုစံနဲ႔သံုးတယ္။ စူးစမ္းရွာေဖြျခင္းဆိုတဲ့အနက္ ထြက္တယ္။ ၿပီးေတာ့ သူက ေလ့လာစူးစမ္းတဲ့ေနရာ မွာလည္း ခ်င့္ခ်င့္ခ်ိန္ခ်ိန္နဲ႔ အေၾကာင္းအက်ိဳး ထုတ္ ျပတယ္။ ဥပမာ ႐ုပ္ရွင္တစ္ခုရဲ႕ လူမ်ိဳးေရးဝါဒအေၾကာင္း စူးစမ္းေျပာဆိုေတာ႔မယ္ဆိုရင္ (critique of  the racism of a film)  ဒီ႐ုပ္ရွင္ဟာ လူမ်ိဳးေရးခြဲျခားတယ္ ဆိုၿပီး ႐ုတ္ခ်ည္းမေျပာဘူး။  ဘာေၾကာင့္ လူမ်ိဳးေရး ခြဲျခားသလဲ၊ ဘယ္လို အဓိပၸာယ္မ်ိဳးေတြက လူမ်ိဳးေရး ခြဲျခားသလို ျဖစ္ေနသလဲဆိုတာကို အေၾကာင္းနဲ႔ အက်ိဳးနဲ႔ ေျပာတယ္။  မာ႔က္စ္က သူ႔ရဲ႕ အရင္းက်မ္း Capital ရဲ႕ ေခါင္းစဥ္ကို A Crtitique of  Political Economy  လို႔ ဆိုရင္ သူဆိုလိုခ်င္တာက  ႏိုင္ငံေရး  ေဘာဂေဗဒရဲ႕ အရင္းအျမစ္ဟာ အကန္႔အသတ္ေတြ ရွိေနေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုဖို႔ရာအတြက္ ေလ့လာစူးစမ္းတာပဲ။ တစ္ဆက္တည္းမွာပဲ Critque  ဆိုတာ အရင္းရွင္စနစ္ အလုပ္လုပ္ပံုကို ေကာင္းေကာင္း ရွင္းျပေပးႏိုင္ဖို႔ရာ ေလ့လာစူးစမ္းေနျခင္းဆိုတဲ့ သေဘာနဲ႔ သံုးတယ္။  မာ့က္စ္ရဲ႕ အေရး အသားေတြ ထဲမွာေတြ႕ရတဲ့ Critiqueu  က အိုင္ဒီယိုလိုဂ်ီကို ေစ့ေစ့ စပ္စပ္ စိတ္ဝင္တစားေဖာ္ထုတ္ျခင္းဆိုတဲ့ အနက္မ်ိဳး ရွိတယ္။ Critique ရဲ႕ ရည္ရြယ္ခ်က္က လက္ရာထဲက အိုင္ဒီယိုလိုဂ်ီကို စူးစမ္းေဖာ္ထုတ္ျခင္းဆိုတဲ့ သေဘာ ပဲ။

အေဒါႏိုး (Adorno) a transcendent critique   နဲ႔  an immanent critique ဆိုၿပီး ခြဲျခားျပေသးတယ္။ A transcendent critique က  သူ႔ရဲ႕ ကိုယ္ပိုင္စည္းမ်ဥ္း နိယာမေတြကိုတည္ၿပီး၊ အဲဒီအရာကို အသံုးခ်ၿပီး သီအိုရီတစ္ခုကို  အျပင္ကေန  ေဝဖန္တယ္။  An immanent critique ကေတာ႔ အဲဒီ ေဝဖန္မယ့္ သီအိုရီ အတြင္းပိုင္းမွာျဖစ္ေနတဲ့ ပဋိပကၡေတြကို  ရွာေဖြေဖာ္ ထုတ္ၿပီး  အဲဒီသီအိုရီရဲ႕ ကိုယ္ပိုင္ေဝါဟာရေတြနဲ႔ သူ႔ကို ျပန္ေဝဖန္တယ္။

Death of the grand narratives –  ရန္းဖရန္ဆြာ လီယိုတာက သူ႔ရဲ႕  The Postmodern Condition (1979) စာအုပ္မွာ ေရးသားထုတ္ ေဖာ္ထားတဲ့ အေတြး အေခၚ တစ္ခုျဖစ္တယ္။  ဒီလက္ရာဟာ အဓိကအား ျဖင္႔ အသိပညာကို ဘယ္လို ဖြဲ႕စည္းတည္ေဆာက္ ထားသလဲ၊  ဘယ္လို ထုတ္လုပ္လိုက္သလဲဆိုတဲ့ လမ္း ေၾကာင္းကို  အဓိက စိတ္ဝင္တစား ရွာေဖြစူးစမ္းမႈ ေတြနဲ႔ ပတ္သတ္တယ္။  လီယိုတာ က  ဥာဏ္အလင္း ပြင္႔ေခတ္ရဲ႕ ေမာ္ဒန္ျဖစ္မႈ (modernity) မႈ အသိပညာ ဆိုတာ  မဟာဇာတ္ေျပာပံုေတြထဲမွာ တည္ေဆာက္ခံ ထားရတယ္လို႔ျမင္တယ္။ မဟာဇာတ္ေျပာပံုေတြ ဆိုတာ သီးသန္႔ ရည္မွန္းခ်က္ပန္းတိုင္တစ္ခုဆီကို မူတည္ၿပီး အိုင္ဒီယိုလိုဂ်ီအရ ေမာင္းႏွင္ေနတဲ့ စကား လံုးျဖစ္တယ္။  တီးလို႔ ( Telos )  လို႔ေခၚတဲ့  ေနာက္ဆံုး အဆံုးသတ္မွာ အမွန္တရားတစ္ခုကို ထုတ္လုပ္လိုက္ တဲ့ အျမင္၊ ဝါ အေျခခံ အုတ္ျမစ္တစ္ခုအေပၚ တည္ ေဆာက္ထားတဲ့ နိယာမအေပၚ အေျခခံၿပီး တည္ ေဆာက္ထားတဲ့ ဇာတ္ေျပာပံုစံမ်ိဳးကို ေခၚတယ္။   ေမာ္ဒန္ျဖစ္မႈဟာ အဲဒီလို တည္ေဆာက္ထားတဲ့  မဟာ ဇာတ္ေျပာပံု (grand narratives) ထဲမွာ အသိပညာ ကို ထုတ္လုပ္ေနတဲ့ ပံုစံမ်ိဳးျဖစ္တယ္။  အသိပညာ ဆိုတာ သန္႔စင္တဲ့ ရွာေဖြေတြ႕ရွိမႈ မဟုတ္ဘူး။ ယံုၾကည္လာေအာင္ ျပဳလုပ္ခံထားရတဲ့ အရာ၊ ယဥ္ေက်းမႈနဲ႔  လူမႈေရးကေန ေမာင္းႏွင္ေနတဲ့ အရာျဖစ္ၿပီး  သီးသန္႔ အိုင္ဒီယိုလိုဂ်ီဆိုင္ရာ  အျမင္ တစ္ရပ္ကို ထုတ္ေဖာ္ျပဖို႔ရာအတြက္  လိုအင္ဆႏၵ တစ္စံုတစ္ရာ အတြင္းက ေမာင္းႏွင္ေနတဲ့ အရာျဖစ္ တယ္။  စစ္မွန္တဲ့ အသိပညာဆိုတာ  မဟာဇာတ္ ေျပာပံုထဲကေန ေမာင္ႏွင္ေနတဲ့ အိုင္ဒီယိုလိုဂ်ီေတြ၊ လိုအင္ဆႏၵေတြကေန အသိအမွတ္ျပဳေပးခံထားရတဲ့ အရာကိုမွ စစ္မွန္တဲ့ အသိပညာလို႔ မွတ္ယူထားတဲ့ ပံုစံျဖစ္တယ္။

ေနာက္ထပ္စကားလံုးတစ္ခုနဲ႔ ေျပာမယ္ဆိုရင္ မဟာဇာတ္ေျပာပံု  ပစၥဳပၸန္ကာလတရားအတြင္း တည္ရွိၿပီး လည္ပတ္ေနတဲ့   ယံုၾကည္မႈစနစ္ (a circular system of belief)  တစ္ခုပဲ။  ပစၥဳပၸန္ကာလ တရားအတြင္းမွာ လက္ခံထားၿပီး လည္ပတ္ေနတဲ့ ယံု ၾကည္မႈစနစ္ပဲ။   လီယိုတာက ဥာဏ္အလင္းပြင့္ ေခတ္ကေနထြက္ေပၚလာတဲ့ မဟာ ဇာတ္ေျပာပံုေတြထဲမွာ အလႊမ္းမိုး ဆံုး မဟာဇာတ္ေျပာပံုႏွစ္ခုမွာ တစ္ခုက မာ့က္စ္ဝါဒဇာတ္ေျပာပံုပဲ။  လူမႈေရးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈ ေတြက ထြက္လာတဲ့ ကြ်န္ျပဳျခင္း၊ သူတစ္ထူးေအာက္မွာ အလုပ္လုပ္ရ တဲ့ ပံုစံကေန လြတ္ေျမာက္ဖို႔ရာ ႀကိဳးစားတဲ့ ဇာတ္ေျပာပံု။ ဒုယတိ တစ္ခုကေတာ့ ေဟဂယ္ ဇာတ္ေျပာ ပံု (The Hegelian narrative) တစ္ခုပဲ။  ဘာသာေရးကေန ကင္း လြတ္ၿပီး  စစ္မွန္တဲ့ အသိပညာကို ရွာေဖြတဲ့ ဇာတ္ေျပာပံုတစ္ခုပဲ။ တျခားေသာ သီအိုရီ ပညာရွင္ေတြ ရဲ႕ ဇာတ္ေျပာပံုေတြ လည္းရွိေသးတယ္ အဲဒီဇာတ္ ေျပာပံုေတြက  အလုပ္ (Work)ရဲ႕ ဖိႏွိပ္မႈေတြကေန လြန္ေျမာက္ၿပီး လူသားဆန္မႈကို ရွာေဖြေပးမယ့္ နည္းပညာနဲ႔ သိပၸံပညာကို ခ်စ္ျမတ္ႏိုးပါဆိုတဲ့ ဇာတ္ေျပာပံုေတြကို မယံုၾကည္ေတာ့တာ။  ေဈးကြက္ အရင္းရွင္ဝါဒရဲ႕  မဟာဇာတ္ေျပာပံုကေန လူသားကို လြတ္ေျမာက္ ေအာင္လုပ္တာ၊ လစ္ဘရယ္ဒီမိုကေရစီနဲ႔ သူ႔ရဲ႕ အိုင္ဒီ ယိုလိုဂ်ီေတြ ေအာင္ပြဲ ခံသြားပါၿပီဆိုတဲ့ ဇာတ္ေျပာပံုေတြကေန ကင္းလြတ္ေအာင္ ႀကိဳးစားေပး တာေတြပဲ။

လီယိုတာက ပို႔စ္ေမာ္ဒန္အေတြးအေခၚမွာ ဥာဏ္အလင္းပြင့္ေခတ္ကေန ထြက္ေပၚလာတဲ့ မဟာ ဇာတ္ေျပာပံုေတြဟာ  ဆန္႔က်င္ဘက္ေတြ ထိပ္တိုက္ ေတြ႕ၿပီး ပဋိပကၡေတြ ျဖစ္ေနတယ္။ အေၾကာင္းက ဥာဏ္အလင္းပြင့္ေခတ္ အေတြးအေခၚကေန ခ်ီးေျမႇာက္ ၿပီး ထြက္ေပၚလာတဲ့ ယံုၾကည္ခ်က္ေတြ၊ အေလ့အက်င့္ ေတြဟာ သူတို႔ရဲ႕ အေျခခံအုတ္ျမစ္ကို သူတို႔ ျပန္ဆန္႔ က်င္တဲ့ အရာေတြ ျဖစ္လာလို႔ပဲ။ ဥပမာ သိပၸံပညာကို ခ်စ္ျမတ္ႏိုးတဲ့ ယံုၾကည္မႈဟာ  နယူးကလီယား လက္နက္ေတြ ဖြံ႕ၿဖိဳးလာျခင္း၊ လူေတြကို ေစာင့္ၾကည့္ ကြတ္မတ္တဲ့ နည္းပညာေတြဖြံ႕ၿဖိဳးလာျခင္းေၾကာင့္ ျပႆနာတတ္လာတယ္။  အဲဒီအေျခခံအုတ္ျမစ္ဟာ လႈပ္ ခတ္လာတယ္။  မာ့က္စ္ဝါဒကေနေျပာတဲ့ လူမႈ ေရးဆိုင္ရာ လြတ္ေျမာက္မႈဆိုတဲ့ ဇာတ္ေျပာပံုက လည္း  ဆိုဗီယက္ျပည္ေထာင္စုရဲ႕ အာဏာရွင္ဆန္မႈနဲ႔ လူအုပ္စုတစ္ခု ေကာင္းစားေရးဝါဒေၾကာင့္ ၿပိဳပ်က္လာ တယ္။  ဒါေၾကာင့္ လီယိုတာက သူ႔ရဲ႕ ပို႔စ္ ေမာ္ဒန္ အေျခအေနဆိုတဲ့ စစ္တမ္းမွာ Óဏ္အလင္း ပြင္႔ေခတ္ ကေန ထုတ္လုပ္လိုက္တဲ့ မဟာဇာတ္ေျပာပံုေတြကို  စစ္ေဆးၾကည္႔ဖို႔လိုမယ္။ ဒုတိယတစ္ခုကေတာ့ ပို႔စ္ ေမာ္ဒန္ အသိပညာဟာ  ေလ့လာစူးစမ္းပံု၊ ဖြဲ႕စည္း တည္ေဆာက္ပံု၊ သတင္းေတြကို ထုတ္လုပ္ပံု လမ္း ေၾကာင္း အသစ္တစ္ရပ္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ဖို႔ လိုအပ္မယ္လို႔ ျမင္လာတယ္။

ဥာဏ္အလင္းပြင့္ေခတ္က ထုတ္လုပ္လိုက္တဲ့ မဟာ ဇာတ္ေျပာေတြကို ဒီဘက္ ပို႔စ္ေမာ္ဒန္ေခတ္မွာ မယံုၾကည္ေတာ့ဘူး။ လီယိုတာက incredulity toward meatnarra-tives လို႔ ဆိုတယ္။ (ခမ္းနားႀကီး က်ယ္ေသာ အဆိုေတြကို မယံုၾကည္ေတာ့ျခင္းလို႔လည္း  အသံုးရွိတယ္။) ေခတ္ၿပိဳင္ လူ႔အဖြဲ႕အစည္းမွာ  အင္စတီ က်ဴးရွင္းအတြင္းကေန ထုတ္လုပ္လိုက္တဲ့ အသိ ပညာကို မယံုၾကည္ေတာ့ဘူး။  အစအဆံုး၊ ဘယ္အရာ အတြက္ရည္ရြယ္ၿပီး ဘာလုပ္ၾကဆိုတဲ့  ျခြင္းခ်က္မရွိ တဲ့ ဆင္ျခင္မႈပံုစံအျပည့္အဝ (totality) ဝါ အစအဆံုး ျပည္႔စံုေအာင္လုပ္ေပးထားတဲ့  ဇာတ္ေျပာပံုအေပၚကို မရွာေဖြေတာ့ဘူး။ ဇာတ္လမ္းငယ္ေတြ၊ အဲဒီလို ဇာတ္ေျပာပံုနဲ႔  အပြင့္သေဘာဆန္တဲ့ ဇာတ္ေျပာပံုေတြ ထြက္ေပၚလာတယ္။ ေနာက္ဆံုး အဆံုးသတ္ရလဒ္ႀကီး ကို ေမွ်ာ္လင့္ခ်က္ေပးထားတဲ့ ဆင္ျခင္မႈပံုစံဝါ ဇာတ္ ေျပာပံုစံထက္ လူ႔အဖြဲ႕အစည္းအတြင္း ပဋိပကၡေပါင္း မ်ားစြာ၊ အမွန္တရားကို ပံုစံမ်ိဳးစံုနဲ႔ ထိေတြ႕ အလုပ္ လုပ္ေနတဲ့ ဇာတ္ေျပာငယ္ေလးေတြသာလွ်င္ ပိုရွင္သန္ အလုပ္လုပ္လည္ပတ္ေနတာကို ေတြ႕ရတယ္လို႔ ဆို တယ္။ ဒါေၾကာင့္ မဟာဇာတ္ေျပာပံုႀကီးေတြ ေသဆံုး သြားခဲ့ၿပီလို႔  လီယိုတာက သံုးတယ္။

ဆက္လက္ဖတ္႐ႈရန္က်မ္းညႊန္း

Lyotard , – Postmoderncondition .

မင္းခက္ရဲ

မ င္ း ခ က္ ရဲ