• Today is: Saturday, April 24, 2021

အာဏာရွင္ေျမယာစီမံခန္႔ခြဲမႈမွ ဖက္ဒရယ္ေျမယာစီမံခန္႔ခြဲမႈဆီသုိ႔ အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုဆီသို့

Federal Journal
April05/ 2020

Zawgyi

အာဏာရွင္ေျမယာစီမံခန္႔ခြဲမႈမွ ဖက္ဒရယ္ေျမယာစီမံခန္႔ခြဲမႈဆီသုိ႔
“အာဏာရွင္ေျမယာစီမံခန္႔ခြဲမႈမွ ဖက္ဒရယ္ေျမယာစီမံခန္႔ခြဲမႈဆီသုိ႔” လို႔ေျပာလုိက္ရင္ ျမန္မာျပည္ရဲ႕ ေျမယာစီမံခန္႔ခြဲမႈ မူလအစက အာဏာရွင္ေျမယာစီမံခန္႔ခြဲမႈမွ လာခဲ့တာမဟုတ္ပါဘူး။ အဂၤလိပ္ကိုလိုနီေခတ္မတိုင္မီက ဒီႏိုင္ငံထဲမွာေနထိုင္ခဲ့ၾကတဲ့ တိုင္းရင္းသားေတြက ေစာ္ဘြား၊ ဒူးဝါး၊ ေစာဖ်ာ၊ ေစာ္ကဲ၊ ေတာင္ပိုင္ရမ္အုပ္မင္းေတြတင္ေျမွာက္ၿပီး ကိုယ့္တိုင္းျပည္နဲ႔ကိုယ္ အေဆာင္အေယာင္အမ်ိဳးမ်ိဳးနဲ႔ သီးျခားအုပ္ခ်ဳပ္လာခဲ့ၾကတာျဖစ္ပါတယ္။ ယေန႔ကမာၻေပၚကႏုိင္ငံေတြလိုပဲ ေျမယာစီမံခန္႔ခြဲမႈပံုစံ ေတြလည္း တစ္ေနရာနဲ႔တစ္ေနရာ မတူညီၾကပါဘူး။

ယေန႔ “ျပည္မ” လို႔သိေနၾကတဲ့ ဗမာတိုင္းရင္းသားအမ်ားစုေနထိုင္တဲ့ေဒသ ေတြမွာေတာင္ တစ္ခ်ိန္က ပင္းယ၊ ျမင္းဆုိင္း၊ သေရေခတၱရာ၊ စစ္ကုိင္း၊ အမရပူရ၊ မႏၱေလး(ရတနာပံု)၊ အင္းဝ၊ ေကတုမတီ (ေတာင္ငူ)၊ ဟံသာဝတီ(ပဲခူး) ဆိုတဲ့ လက္နက္ႏိုင္ငံေတြ၊ ၿမိဳ႕ျပႏုိင္ငံေတြ၊ တိုင္းျပည္ႏိုင္ငံေတြ တစ္ေခတ္ၿပီးတစ္ေခတ္ အၿပိဳင္အ ဆိုင္ သီးျခားတည္ရွိခဲ့တာ ျငင္းလို႔မရတဲ့အခ်က္ပါ။ ျပည္ေထာင္စုဆိုတာလံုးဝမရွိခဲ့ဘူးဆိုတဲ့ တစ္ျပည္ေထာင္ဆိုတာလံုးဝမရွိခဲ့ဘူး ဆိုတဲ့ သက္ေသသာဓကေတြျဖစ္ပါတယ္။ အေနာ္ရထာ၊ ဘုရင့္ေနာင္၊ အေလာင္းဘုရားဆိုၿပီး တည္ေဆာက္ခဲ့တဲ့ ပထမျမန္မာႏိုင္ ငံေတာ္၊ ဒုတိယျမန္မာႏုိင္ငံေတာ္၊ တတိယျမန္မာႏိုင္ငံေတာ္ဆိုတာေတြ တကယ္ရွိခဲ့တယ္ဆုိရင္ တစ္ေခတ္ၿပီးတစ္ေခတ္ အၿပိဳင္ အဆိုင္သီးျခားတည္ရွိခဲ့ၾကတဲ့ ျပည္မကႏိုင္ငံေတြအခ်င္းခ်င္းေတာင္ တိုက္လို႔ခိုက္လို႔ေကာင္းေနခဲ့တာ အဂၤလိပ္ေခတ္အထိပဲျဖစ္ တယ္ဆိုတာ ျငင္းမရပါဘူး။ ေတာင္တန္းေဒသတိုင္းရင္းသားႏိုင္ငံငယ္ေတြမွာလည္း ရွမ္းေစာ္ဘြားေတြ၊ ကခ်င္ဒူးဝါးေတြ၊ ကရင္နီ ေစာဖ်ာေတြ၊ ခ်င္းရမ္အုပ္မင္းေတြ အစရွိသျဖင့္ ကိုယ့္တုိင္းျပည္နဲ႔ကိုယ္တည္ရွိခဲ့တာ ယေန႔ေခတ္ကာလအထိ မ်ိဳးဆက္ေတြတည္ ရွိေနဆဲျဖစ္ပါတယ္။ ႏွစ္ေပါင္းေထာင္ခ်ီၿပီးကိုယ့္နယ္နိမိတ္နဲ႔ကိုယ္ ကုိယ့္ေျမယာစီမံခန္႔ခြဲမႈနဲ႔ကိုယ္ ရပ္တည္ခဲ့တာျဖစ္ပါတယ္။

ကမာၻ႕အခင္းအက်င္းအရ ကိုလိုနီနယ္ေတြ အၿပိဳင္အဆုိင္ခ်ဲ႕ထြင္ၾကတဲ့ “ေခတ္ပ်က္ႀကီး” လို႔ေခၚႏိုင္တဲ့ ေခတ္ေတြေရာက္ ရွိလာခဲ့ၿပီး ကမာၻ႕စစ္မီးေတြေတာက္ေလာက္ခဲ့ရကာ ကိုလိုနီနယ္ေတြအၿပိဳင္အဆုိင္ခ်ဲ႕ထြင္လာခဲ့ၾကပါတယ္။ နယ္ေျမက်ဴးေက်ာ္ စစ္ေတြမွာလည္း ႏွစ္မ်ိဳးႏွစ္စားကြဲျပားပါတယ္။ ကိုလိုနီက်ဴးေက်ာ္မႈနဲ႔ေနာက္ထပ္စနစ္ဆိုးတစ္ခုကေတာ့ ဖက္ဆစ္က်ဴးမႈျဖစ္ပါ တယ္။ ကိုလိုနီက်ဴးေက်ာ္မႈေတြရဲ႕ထူးျခားတဲ့ဝိေသသကေတာ့ ေျမနဲ႔သဃံဇာတေတြကို စီမံခန္႔ခြဲအသံုးျပဳတာျဖစ္ပါတယ္။ ဗမာျပည္ လို႔ နာမည္မတြင္ေသးတဲ့ကာလက အဂၤလိပ္ကိုလိုနီေတြဟာ ျမန္မာႏိုင္ငံငယ္၊ တိုင္းျပည္ငယ္ေလးေတြသီးျခားရွိေနခဲ့ၿပီး တုိင္းရင္း သားေပါင္းစံုရွိေနတဲ့ ဒီေဒသေတြကို တစ္ဆက္တစ္စပ္တည္း အုပ္ခ်ဳပ္စီမံႏိုင္ဖို႔ စီမံခဲ့ပါတယ္။ ေရွးႏွွစ္ေပါင္းမ်ားစြာကတည္းက ေျမအသံုးခ်မႈမတူ၊ ပထဝီအေနအထားကြဲျပားလြန္းတဲ့အတြက္ တစ္ခုတည္း တစ္ဆက္တည္း ဘယ္လိုမွမျဖစ္ႏိုင္တဲ့အတြက္ အနီး စပ္ဆံုးတူရာတူရာစုၿပီး အုပ္ခ်ဳပ္စီမံခဲ့ပါတယ္။ နယ္ေျမအမ်ိဳးအစား (၅)ခုခြဲၿပီး အုပ္ခ်ဳပ္စီမံခဲ့ပါတယ္။ တကယ္က (၄)ခုသာ အုပ္ခ်ဳပ္ ခဲ့ပါတယ္။ အဂၤလိပ္တို႔နဲ႔ျမန္မာမင္းတို႔က ကရင္နီျပည္ကို မည္သူတစ္ဦးတစ္ေယာက္ကမွ် စီမံခန္႔ခြဲလႊမ္းမိုးမႈမျပဳဘဲ သီးသန္႔လြတ္ လပ္ေသာျပည္နယ္အျဖစ္သတ္မွတ္ရန္ ၁၈၇၅-ခုႏွစ္၊ ဇြန္လ (၂၁)ရက္ေန႔မွာ အဂၤလိပ္ဖက္မွ စာေတာ္ခံ တီဒီေဖာ္စက္ႏွင့္ ျမန္မာ ဘက္မွ တံဆိပ္ေတာ္ခံ ကင္းဝန္မင္းႀကီးတို႔က လက္မွတ္ထိုးခဲ့ၾကတာျဖစ္ပါတယ္။ သီးျခားလြတ္လပ္သည့္ကရင္နီကိုပါ နယ္ေျမအ ရထည့္သြင္းပါက နယ္ေျမအမ်ိဳးအစား(၅)ခုလို႔ ပိုင္းျခားလို႔ရမွာျဖစ္ပါတယ္။

၁။ အဂၤလိပ္တိုက္ရိုက္အုပ္ခ်ဳပ္သည့္နယ္ေျမ (Burma Proper)
၂။ ေတာင္တန္းေဒသ (ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရနယ္ေျမ) (Part One)
၃။ ေတာင္တန္းေဒသ (သီးသန္႔အုပ္ခ်ဳပ္ေရးထားရွိေသာနယ္ေျမ) (Part two)
၄။ ေတာင္ေပၚစခန္းၿမိဳ႕မ်ား
၅။ သီးျခားလြတ္လပ္သည့္ကရင္နီျပည္ဆိုၿပီး ေဒသအေျချပဳၿပီး ေျမကို ပိုင္းျခားသတ္မွတ္ခဲ့ပါတယ္။ ေျမအမ်ိဳးအစား ကိုသီးသန္႔ခြဲထားတာကေတာ့အလြန္နည္းၿပီး ပထဝီအေနအထားအရကိုသာ အဓိကအေျချပဳၿပီး စီမံခန္႔ခြဲခဲ့တာျဖစ္ပါတယ္။ အဂၤလိပ္တိုက္ရိုက္အုပ္ခ်ဳပ္သည့္နယ္ေျမ (Burma Proper) ဆိုၿပီး ဗမာကိုလိုနီေစာစြာက်ေရာက္ခဲ့တဲ့ မြန္နဲ႔ရခုိင္အပါအဝင္ ကရင္၊ မြန္၊ ရခုိင္၊ ျမန္မာလူမ်ိဳးအမ်ားစုေနထိုင္ေသာေဒသေတြကိုစုေပါင္းကာ ဗမာျပည္မ (Burma Proper) လို႔ ေခၚေဝၚသံုးစြဲခဲ့တဲ့ အတြက္ ကမာၻေပၚမွာ ဗမာႏို္င္ငံဟူေသာအမည္ စတင္ေပၚေပါက္လာခဲ့တာျဖစ္ပါတယ္။ အေနာ္ရထာ၊ ဘုရင့္ေနာင္၊ အေလာင္းဘုရားဆိုၿပီး တည္ေဆာက္ခဲ့တဲ့ ပထမျမန္မာႏိုင္ငံေတာ္၊ ဒုတိယျမန္မာႏုိင္ငံေတာ္၊ တတိယျမန္မာႏိုင္ငံေတာ္ဆိုတာ
ဗမာျပည္မ (Burma Proper) လို႔အဂၤလိပ္က မသတ္မွတ္ခင္အခ်ိန္အထိ ဘယ္တုန္းကမွ ရွိခဲ့တာအရာမဟုတ္ပါဘူး။ အဂၤလိပ္ရဲ႕ ေျမယာစီမံခန္႔ခြဲမႈကိုၾကည့္ရင္ (၁၈၆၁) မွာ ေျမအားလံုးႏိုင္ငံပိုင္အျဖစ္သိမ္းပိုက္ၿပီး “Lower-Upper Burma Land Revenue Manual” အစရွိသျဖင့္ အထက္ျမန္မာျပည္ဥပေဒနဲ႔ ေအာက္ျမန္မာဥပေဒဆိုၿပီး ႏွစ္ခုခြဲၿပီး ထုတ္ျပန္အုပ္ခ်ဳပ္ခဲ့ပါတယ္။ (၁၂)ႏွစ္ ဆက္တိုက္ အခြန္ေတာ္ဆက္သပါက အမည္ေပါက္ (Lander Holder) ျဖစ္ခြင့္ရမည္ျဖစ္ၿပီး ၄င္းေျမအား ငွား၊ ေပါင္၊ ေရာင္း၊ အေမြေပးႏိုင္ခြင့္ရွိပါတယ္။ ေျမလြတ္ေျမလပ္ထုတ္ေဖာတာရွိတယ္၊ ႀကီးႀကီးက်ယ္က်ယ္ေတာ့မဟုတ္ပါဘူး။ အဓိကသက္ေရာက္ တာကေတာ့ ဗမာျပည္မျဖစ္ၿပီး က်န္တဲ့ ေတာင္တန္းေဒသ (ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရနယ္ေျမ) (Part One)၊ ေတာင္တန္းေဒသသီး သန္႔အုပ္ခ်ဳပ္ေရးထားရွိေသာနယ္ေျမ (Part Two)၊ နဲ႔ ေတာင္ေပၚစခန္းၿမိဳ႕မ်ားကို သိသိသာသာ ထိခိုက္မႈမရွိခဲ့ပါဘူး။

၁၉၄၇-ခုႏွစ္မွာေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ခ်င္း၊ ကခ်င္၊ ရွမ္းတိုင္းရင္းသားေတြဟာ သီးျခားစီတည္ရွိေနတဲ့ ဗမာျပည္မ နယ္ေျမ၊ ကခ်င္ေတာင္တန္းေဒသ နယ္ေျမနဲ႔ ခ်င္းေတာင္တန္းေဒသနယ္ေျမ၊ ျပည္ေထာင္စုရွမ္းျပည္ စတဲ့ နယ္ေျမ(၄)ခုကို ကိုယ္ စားျပဳၿပီး အဂၤလိပ္လက္ေအာက္ကေန တၿပိဳင္နက္လြတ္လပ္ေရးရယူရန္နဲ႔ လြတ္လပ္ေရးရရွိၿပီးပါက အမ်ိဳးသားတန္းတူရည္တူ ကိုယ္ပုိင္ျပ႒ာန္းခြင့္ရွိတဲ့ ဖက္ဒရယ္ျပည္ေထာင္စုႏိုင္ငံတည္ေထာင္ဖို႔ သံဓိ႒ာန္ခ်မွတ္ခဲ့ၿပီး ၁၉၄၇ ေဖေဖာ္ဝါရီ (၁၂) ရက္ေန႔မွာ ပင္လံုစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ပါတယ္။ ပင္လံုစာခ်ဳပ္ဟာ လူမ်ိဳးကိုယ္စားျပဳစာခ်ဳပ္မဟုတ္ဘဲ နယ္ေျမကိုယ္စားျပဳစာခ်ဳပ္ျဖစ္တဲ့အတြက္ လြတ္လပ္ေရးရသည့္ကာလတိုင္ေအာင္ လူမ်ိဳးစုအသီးသီးဟာ ကိုယ္ပိုင္ေျမယာစီမံခန္႔ခြဲမႈစနစ္ေတြ က်င့္သံုးေနဆဲအေျခအေနျဖစ္ ပါတယ္။ ဗမာျပည္မကိုယ္စားလွယ္ဗုိလ္ခ်ဳပ္ေအာင္ဆန္းက်ဆံုးၿပီးေနာက္ အတည္ျပဳခဲ့သည့္ ၁၉၄၇-ခု ဖြဲ႕စည္းပံုအေျခခံဥပေဒေရး ဆြဲရာမွာ ဖဆပလအဖြဲ႕ခ်ဳပ္ဥကၠ႒ျဖစ္လာတဲ့ ဦးႏုက ဦးခ်န္ထြန္းကို ယဥ္ေက်းမႈပထဝီအေနအထား ေျမယာစီမံအုပ္ခ်ဳပ္မႈမ်ား မတူ ညီေသာ အိႏၵိယသို႔ေစလႊတ္ေလ့လာေစခဲ့ၿပီး ႏွစ္လအတြင္းတရြတ္တိုက္ေရးဆြဲခဲ့ျခင္းေၾကာင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔တုိင္းရင္းသား ေခါင္းေဆာင္ေတြခ်မွတ္ထားတဲ့ ပင္လံုစိတ္ဓာတ္အေျခခံမူဝါဒအေပၚမွ လံုးဝေသြဖယ္အားနည္းသြားခဲ့ၿပီးေနာက္ ျပည္တြင္းစစ္မီး စတင္ေတာက္ေလာင္ခဲ့ပါတယ္။ ကရင္၊ မြန္၊ ရခုိင္တုိင္းရင္းသားေတြလည္း တန္းတူေရးစစ္ပြဲ၊ ျပည္သူ႕ရဲေဘာ္၊ ရဲေဘာ္ျဖဴ၊ ဗကပ အဖြဲ႕အစည္းမ်ားသည္ ႏိုင္ငံေရးအယူအဆ/ပါတီဝါဒစစ္ပြဲမ်ား၊ ကရင္နီအမ်ိဳးသားမ်ားက ခုခံေတာ္လွန္ေရးစစ္ပြဲမ်ားစသျဖင့္ ေတာက္ေလာင္ျဖစ္ပြားခဲ့ပါတယ္။ လြတ္လပ္ေရးရၿပီးတဲ့ကာလေနာက္ပိုင္းေတြမွာ ဒုတိယစစ္မီးအရွိန္ျမင့္ခဲ့တဲ့ အေၾကာင္းအရင္း ေတြကေတာ့ ကိုယ္ပိုင္နယ္ေျမ၊ ကိုယ္ပိုင္ေျမယာစီမံခန္႔ခြဲမႈေတြနဲ႔ရပ္တည္ခဲ့တဲ့ တိုင္းရင္းသားနယ္ေျမေတြမွာ ဦးေနဝင္းရဲ႕ စစ္တပ္ ေတြက နယ္နိမိတ္ထိပါးေစာ္ကားျခင္းမ်ား၊ ရွမ္းေစာ္ဘြားနယ္ (၁၃)ခုကို ကူမင္တန္တရုတ္ျဖဴအေၾကာင္းျပၿပီး စစ္အုပ္ခ်ဳပ္ေရး ေၾကညာကာနယ္ေျမလႊမ္းမိုးရယူျခင္း၊ ကခ်င္ပိုင္နယ္ေျမမ်ားျဖစ္တဲ့ ဖီေမာ္၊ ေဂၚလံ၊ ကန္ဖန္ စတဲ့ ကခ်င္နယ္ေျမမ်ားကို တရုတ္ျပည္သို႔ ေပးအပ္ျခင္း၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ဒီမိုကေရစီႏွင့္ အမ်ိဳးသားတန္းတူရည္တူ အခြင့္အေရးမ်ားကို ခ်ိဳးေဖာက္ကာ ဗုဒၶဘာသာကို ႏိုင္ငံေတာ္ဘာသာအျဖစ္ ေၾကညာခဲ့ျခင္းတို႔ေၾကာင့္ျဖစ္ပါတယ္။

ျပည္ေထာင္စုျမန္မာႏုိင္ငံ လူမ်ိဳးေပါင္းစံု ျပည္ေထာင္စုမူနဲ႔ပတ္သက္ေသာ ႏွီးေႏွာဖလွယ္ပြဲႀကီးကို ၁၉၆၂-ခုႏွစ္ ေဖေဖာ္ဝါရီ တြင္ စတင္က်င္းပခဲ့ၿပီး၊ ၁၉၄၇-ခု ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးနဲ႔ အမ်ိဳးသားတန္းတူရည္တူ ကိုယ္ပိုင္ျပ႒ာန္းခြင့္ရွိတဲ့ ဖက္ဒရယ္ျပည္ေထာင္စုႏိုင္ငံတည္ေထာင္ေရးအတြက္ ေဆြးေႏြးေနသည့္ မတ္လ (၁)ရက္ေန႔ ႏွီးေႏွာဖလွယ္ပြဲ ဒုတိယေန႔အၿပီး က်င္းပေနဆဲကာလမွာတြင္ပင္ ဗိုလ္ေနဝင္းဦးေဆာင္ေသာစစ္တပ္မွ စစ္အာဏာသိမ္းယူခဲ့ၿပီး အမ်ိဳးသားတန္းတူရည္တူ ကိုယ္ပိုင္ ျပ႒ာန္းခြင့္ရွိတဲ့ ဖက္ဒရယ္ျပည္ေထာင္စုႏိုင္ငံ တည္ေထာင္ေရးကတိကဝတ္ကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ခဲ့ပါတယ္။ ဗမာတုိင္းရင္းသားအမ်ားစုဟာ ဗမာလူမ်ိဳးႀကီးဝါဒဟုသံုးႏႈံးလွ်င္ အမ်ားစုက မႀကိဳက္ၾကေသာ္လည္း သမုိင္းေၾကာင္းတစ္ေလွ်ာက္ တြင္မူ ဦးႏုေခတ္၊ ဦးေနဝင္းေခတ္မွ ယေန႔အထိ ဗမာျပည္မနယ္ေျမမွ က်န္တုိင္းရင္းသားနယ္ေျမမ်ားသို႔ ဝင္ေရာက္က်ဴးေက်ာ္ျခင္း၊ နယ္ေျမက်ဴးေက်ာ္ျခင္း၊ အျခားႏိုင္ငံသို႔ ေရာင္းခ်ျခင္းမ်ားအျပင္ ဥပေဒမ်ားေရးဆြဲ၍ေသာ္လည္းေကာင္း၊ အမိန္႔ညႊန္ၾကားခ်က္မ်ား ထုတ္ျပန္၍ေသာ္လည္းေကာင္း ေျမယာဥပေဒ၊ ေျမယာအမိန္႔ညႊန္ၾကားခ်က္မ်ားထုတ္ျပန္ကာ တုိင္းရင္းသားတို႔၏ေျမယာစီမံခန္႔ခြဲ မႈႏွင့္ ရိုးရာဓေလ့သမိုင္းေၾကာင္းမ်ားကို ဖ်က္ဆီးကာ တိုင္းရင္းသားတို႔၏သေဘာဆႏၵမပါဘဲ လူမ်ိဳးႀကီးဝါဒဆန္ေသာ ေျမယာဥပ ေဒမ်ား တရစပ္ထြက္ေပၚေနသည္မွာ ယေန႔ထိျဖစ္ပါတယ္။

၁၉၆၃-ခုႏွစ္မွာ လယ္ရွင္ေတြကို ေျမေလ်ာ္ေၾကးေပးၿပီး ႏုိင္ငံပိုင္အျဖစ္သိမ္းပိုက္ဖို႔ လယ္ယာေျမေဝျခမ္းေရးဥပေဒကို ထုတ္ျပန္ခဲ့ပါတယ္။ ယင္းတြင္ႏိုင္ငံေတာ္အား ဧကအလိုက္ သီးစားခေပးအပ္ရမွာျဖစ္ပါတယ္။ ထိုဥပေဒထုတ္ျပန္လိုက္ျခင္းေၾကာင့္ ကရင္၊ မြန္၊ ရခုိင္တိုင္းရင္းသားတုိ႔ရဲ႕နယ္ေျမအခ်ိဳ႕သာမက ဗမာျပည္မနဲ႔ထိစပ္ေနတဲ့တုိင္းရင္းသားနယ္ေျမေတြနဲ႔ ဝင္ေရာက္လႊမ္း မိုးခံထားရတဲ့ တုိင္းရင္းသားနယ္ေျမေတြကိုပါ ကိုယ့္ေျမကိုကိုယ္ မပိုင္ရသည့္အေျခအေနသို႔ ေရာက္ရွိသြားခဲ့ၿပီး တိုင္းရင္းသားတို႔ ရဲ႕ေျမယာစီမံခန္႔ခြဲမႈနဲ႔ ေျမယာယဥ္ေက်းမႈ၊ ေျမယာသမိုင္းေၾကာင္းမ်ား ဖ်က္ဆီးထိုးႏွက္ျခင္း ခံခဲ့ရျပန္ပါတယ္။ ၁၉၆၅-ခုႏွစ္မွာ လယ္လုပ္သူမ်ား သီးစားခေပးရန္မလိုဟု ေျပာင္းလဲထုတ္ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ေျမအရင္းရွင္စနစ္ကိုျပန္ေရာက္မည္စိုးသျဖင့္ ၄င္းေျမအား ေရာင္း၊ ေပါင္၍မရသလုိ တစ္ဆင့္သီးစားခ်၍ မရေခ်။ ၁၉၇၈-ခုႏွစ္ ျပည္သူ႕ေကာင္စီေခတ္တြင္ ေျမလြတ္ေျမရိုင္း ထုတ္ေဖာ္လုပ္ကိုင္ခြင့္ဥပေဒကို ျပ႒ာန္းခဲ့ပါတယ္။ ဒါေပမယ့္လည္း ဗမာျပည္ရွိနယ္ေျမအနည္းငယ္မွာသာ အေကာင္အထည္ေဖာ္ ႏို္င္ခဲ့ပါတယ္။ မဆလ လက္ထက္မွာ တာဝန္ေက်စပါးဆိုၿပီး စပါးမေပးႏုိင္ရင္၊ စစ္တပ္ေတြ ရဲေတြကို အခ်ိဳးက် မေပးႏိုင္ရင္ ေထာင္ ခ်တာ၊ ေျမသိမ္းတာ၊ ဖမ္းဆီးတာေတြ တရစပ္ျပဳလုပ္ခဲ့ၿပီး ေနပူလွန္းကာ ဖားခုန္၊ ထိုင္ထ၊ ဒိုက္ထိုးနဲ႔ ႀကိမ္ဒဏ္ေပးကာ လူ႕အခြင့္ အေရးခ်ိဳးေဖာက္မႈေတြ က်ဴးလြန္ခဲ့ပါတယ္။ (၈၈၈၈) ျပည္သူ႕အေရးေတာ္ပံုႀကီးေပၚေပါက္လာၿပီး မဆလပါတီအား ျဖဳတ္ခ်ႏိုင္ခဲ့ ပါတယ္။ ၁၉၈၈-ခုႏွစ္တြင္ ႏုိင္ငံေတာ္ၿငိမ္ဝပ္ပိျပားေရးအဖြဲ႕တက္လာၿပီး ဆိုရွယ္လစ္စနစ္မွ ေစ်းကြက္စီးပြားေရးစနစ္အား ေျပာင္း လဲက်င့္သံုးခဲ့ပါတယ္။ ေကာင္စီမ်ားပ်က္သြားၿပီး ေျမယာလုပ္ပိုင္ခြင့္ေတြကို ဌာနဆိုင္ရာမ်ားသို႔ လႊဲေျပာင္းေပးခဲ့ပါတယ္။ (၁၉၉၁) ခုႏွစ္မွာ ေျမလြတ္/လပ္ စီမံခန္႔ခြဲေရးဗဟုိအဖြဲ႕ဖြဲ႕၊ လုပ္ငန္းရွင္မ်ားအားဖိတ္ေခၚလုပ္ကိုင္ေစခဲ့ၿပီး နဝတအစိုးရလက္ထက္ ႏိုင္ငံ့စီး ပြားေရးအလြန္အမင္းခၽြတ္ၿခံဳက်ေနခ်ိန္မွာ ေျမကိုေရာင္းကုန္တစ္ခုကို အရင္းအႏွီးျပဳကာ ျပည္တြင္းျပည္ပလုပ္ငန္းရွင္မ်ားကို ရင္းႏွီးျမဳပ္ႏွံေစႏိုင္ရန္ ဆြဲေဆာင္ျပ႒ာန္းခဲ့သည့္ အမိန္႔ညႊန္ၾကားခ်က္ျဖစ္ပါတယ္။ စီးပြားေရးလုပ္ငန္းရွင္ူႀကီးမ်ားအတြက္ အလြယ္တကူ ေျမသိမ္းႏိုင္ရန္ႏွင့္ နဝတအစိုးရနဲ႔ပတ္သက္ဆက္ႏြယ္သူေတြက ေျမကိုမတရားသိမ္းယူႏိုင္ဖို႔ လမ္းဖြင့္ေပးတဲ့ အမိန္႔ ညႊန္ၾကားခ်က္လည္းျဖစ္ပါတယ္။ (၂၀၀၇) ေရႊဝါေရာင္ေတာ္လွန္ေရးၿပီးတဲ့ေနာက္ (၂၀၀၈)ခုႏွစ္မွာ နအဖစစ္အစိုးရက ဖြဲ႕စည္းပံု အေျခခံဥပေဒကို ေရးဆြဲျပ႒ာန္းခဲ့ပါတယ္။ နအဖစစ္အစိုးရရဲ႕ (၂၀၀၈)ဖြဲ႕စည္းပံုအေျခခံဥပေဒနဲ႔တၿပိဳင္နက္ တိုင္းရင္းသားေပါင္းစံု ပါဝင္တဲ့ဖြဲ႕စည္းပံုအေျခခံဥပေဒ(မူၾကမ္း) ေရးဆြဲေရးႏွင့္ ညွိႏႈိင္းမႈေကာ္မတီ (FCDDC) ကဖက္ဒရယ္ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံ ဖြဲ႕စည္းပံုအေျခခံဥပေဒ ( The Constitution of the Federal Republic of the Union of Burma) ဒုတိယမူၾကမ္း (Seco- nd Draft) ထြက္ရွိခဲ့ပါတယ္။ ပထမမူၾကမ္းကေတာ့ တုိင္းရင္းသားေပါင္းစံုစုစည္းၿပီး (၁၉၉၃) မွ (၁၉၉၆) အထိ မာနယ္ပေလာမွာ ထြက္ရွိခဲ့တာျဖစ္ပါတယ္။

(၂၀၁၀) မွာ ဦးသိန္းစိန္ စစ္တပိုင္းအစိုးရတက္လာၿပီး (၂၀၁၂)မွာ မဆလ၊ နဝတ၊ နအဖ ေခတ္အဆက္ဆက္တည္ရွိခဲ့တဲ့ (၁၉၆၃)ခုႏွစ္ ေတာင္သူလယ္သမားအခြင့္အေရးကာကြယ္သည့္ဥပေဒ၊ (၁၉၆၃)ခုႏွစ္ သီးစားခ်ထားေရးဥပေဒ၊ (၁၉၅၃) လယ္ယာေျမႏိုင္ငံပိုင္ျပဳလုပ္ေရးဥပေဒေတြကို ရုတ္သိမ္းခဲ့ၿပီး (၂၀၁၂)လယ္ယာေျမဥပေဒ၊ (၂၀၁၂)ခုႏွစ္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရုိင္းမ်ားစီမံခန္႔ခြဲေရးဥပေဒ၊ (၂၀၁၂)ခုႏွစ္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရုိင္းမ်ားစီမံခန္႔ခြဲေရးနည္းဥပေဒေတြကိုျပင္ဆင္တဲ့ နည္းဥပေဒေတြ ဆက္တုိက္ထြက္ရွိလာခဲ့ပါတယ္။ (၂၀၁၂)လယ္ယာေျမဥပေဒမွာ ဥယ်ာဥ္ၿခံေျမ၊ လယ္ေျမ၊ ယာေျမ၊ ကိုင္းကၽြန္းေျမ၊ ႏွစ္ရွည္ပင္စိုက္ပ်ိဳးေသာေျမ၊ ဓနိေျမ၊ ေတာင္ယာေျမေတြပါတယ္။ ေျမႏု၊ ကၽြန္းေျမ၊ ဟင္းသီးဟင္းရြက္စုိက္တဲ့ေျမ ေတြလည္း အက်ံဳးဝင္တယ္။ ဒါေပမယ့္ ျပႆနာက ေရႊ႕ေျပာင္းေတာင္ယာမပါဘူး။ မပါတာက တိုင္းရင္းသားေတြကို ထည့္သြင္း မစဥ္းစားတာလား၊ မသိက်ိဳးကၽြံျပဳတာလား၊ တရားဝင္ခြင့္ျပဳလုိက္ရင္အစုိးရက ေနာက္လုပ္မယ့္စီမံကိန္းေတြကိုလုပ္ဖို႔ အခက္အခဲ ျဖစ္လို႔ တမင္ခ်န္ထားတာလားဆိုတာ ေမးစရာရွိေနၿပီး ေသခ်ာတာကေတာ့ တုိင္းရင္းသားေတြကို ဦးႏုေခတ္ကေန ဦးသန္းေရႊ ေခတ္အထိ ဖိႏွိပ္ခဲ့တာကို လက္ဆင့္ကမ္းသယ္ေဆာင္လာတာ ျဖစ္ပါတယ္။

(၂၀၁၂) လယ္ယာေျမဥပေဒမွာ (၂၀၁၂)လယ္ယာေျမနည္းဥပေဒအရ ေလွ်ာက္ယူရတဲ့ ပံုစံ(၇)ဟာ တုိင္းရင္းသားေတြ ႏွစ္ေပါင္းမ်ားစြာရပ္တည္လာခဲ့တဲ့ ေျမယာပိုင္ဆုိင္ခြင့္မဟုတ္ဘဲ လယ္ယာေျမလုပ္ပိုင္ခြင့္သာျဖစ္ၿပီး ပံုစံ(၇)ေလွ်ာက္ယူရရွိတဲ့ တုိင္းရင္းသားေတြဟာ ေျမယာပုိင္ဆုိင္မႈဘဝကေန ေျမယာအငွားဘဝကို ေန႔ခ်င္းညခ်င္းေရာက္သြားၿပီး ျပည္မအစိုးရကိုိ ေျမခြန္၊ သီးႏွံခြန္မ်ားေပးေဆာင္ရတဲ့ အေျခအေနေရာက္ရွိသြားၿပီး လက္ရွိကေနလက္မဲ့၊ သခင္ကေန ကၽြန္ဘဝကို ေျပာင္းလဲေရာက္ရွိ သြားပါတယ္။ (၂၀၁၂)ခုႏွစ္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမရုိင္းမ်ားစီမံခန္႔ခြဲေရးဥပေဒနဲ႔ နည္းဥပေဒဟာ နဝတရဲ႕ အာဏာရွင္အေမြဆိုး ကိုတရားဝင္မႈျပဳတဲ့ ဥပေဒျဖစ္ပါတယ္။ ဒီ (၂၀၀၈)ဥပေဒေတြေၾကာင့္ အရင္က ျပည္တြင္းစစ္ေၾကာင့္ အသိမ္းမခံရတဲ့ေျမေတြပါ NCA လက္မွတ္ထိုးအၿပီးမွာ သိမ္းခံရတာေတြရွိလာပါတယ္။ တကယ္တမ္းေတာ့ မဆလအစိုးရ၊ နဝတအစိုးရ၊ နအဖအစိုးရလက္ ထက္ေတြမွာ မတရားေျမယာလုယူမႈေတြေၾကာင့္ ျပည္သူလူထု၏ဘဝေပါင္းမ်ားစြာ ပ်က္စီးခဲ့ရမႈေတြ တရစပ္ေပၚေပါက္လာခဲ့ၿပီး မတရားေျမယာသိမ္းယူမႈေတြနဲ႔လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ကာကြယ္ဖို႔ အဓမၼသိမ္းဆည္းထားတဲ့တုိင္းရင္းသားေတြရဲ႕ ေျမယာေတြကိုဥပေဒေၾကာင္းအရ ေဘာင္ဝင္ေစဖုိ႔ အရင္နဝတအစိုးရလက္ထက္က ေျမလြတ္ေျမလပ္ႏွင့္ ေျမရိုင္းမ်ားစီမံခန္႔ခြဲမႈ လုပ္ထံုးလုပ္နည္းကို အေျခခံၿပီး (၂၀၁၂)ခုႏွစ္ ေျမလြတ္ေျမလပ္ႏွင့္ေျမရိုင္းမ်ားဥပေဒကို ေရးဆြဲျပ႒ာန္းခဲ့တာျဖစ္ပါတယ္။ ေရးဆြဲ ရာမွာလည္း ျပည္သူလူထု၊ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ ပညာရွင္မ်ားပါဝင္ေရးဆြဲျခင္းမရွိဘဲ (လယ္/ဆည္) ဝန္ႀကီးဌာန ဝန္ႀကီးအမိန္႔နဲ႔ အခ်ိန္တိုအတြင္း ဖိအားေပးေရးဆြဲေစခဲ့သည့္ဥပေဒျဖစ္ပါတယ္။ (၂၀၁၂) ခုႏွစ္ ေျမလြတ္ေျမလပ္ႏွင့္ေျမရိုင္းမ်ား စီမံခန္႔ခြဲမႈဥပေဒဟာ စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြက ျပည္သူေတြရဲ႕ေျမယာေတြကို ေျမလြတ္ေျမလပ္အေၾကာင္းျပၿပီး အလြယ္တ ကူထပ္မံသိမ္းယူႏိုင္ဖို႔ ဖန္တီးလိုက္တဲ့ဥပေဒျဖစ္ၿပီး ယခင္ျပည္တြင္းစစ္ေၾကာင့္ မသိမ္းယူခဲ့ရေသးတဲ့ ျပည္နယ္အေတာ္မ်ားမ်ားရွိ တိုင္းရင္းသားနယ္ေျမမ်ားကိုပါ သိမ္းယူဖို႔ ေျခလွမ္းစလုိက္တာပဲျဖစ္ပါတယ္။

ဥပေဒအရတုိင္းရင္းသားေတြအတြက္ ထည့္သြင္းမစဥ္းစားဘူးဆိုတာ ထင္ထင္ရွားရွားေပၚလြင္ေနတဲ့ ဒီဥပေဒေတြကို ဒီမိုကေရစီအစုိးရလက္ထက္မွာ တက္ၾကြလႈပ္ရွားသူေတြက ဖ်က္သိမ္းေရးလႈပ္ရွားခဲ့ၾကေပမယ့္ မဖ်က္သိမ္းတဲ့အျပင္ အရင္အာဏာရွင္ေက်ာရုိးအတုိင္းျပန္ယူၿပီး ေျမလြတ္ႏွင့္ေျမရုိင္းစီမံခန္႔ခြဲေရးဥပေဒကို ျပင္ဆင္သည့္ဥပေဒၾကမ္း (၂၀၁၇-ခုႏွစ္)၊ ၂၀၁၂ လယ္ယာေျမဥပေဒကိုျပင္ဆင္သည့္ ဥပေဒၾကမ္းအျပင္ လူ႕အခြင့္အေရးစံႏႈန္းအခ်ိဳ႕ပါဝင္ၿပီး ေျမသိမ္းရင္ ျပည္သူလူထုကို အေၾကာင္းၾကားစာ (၂)ႀကိမ္ပို႔ကာ ေတာင္သူႏွင့္ညွိႏိႈင္းရတဲ့ (၁၈၉၄)ေျမသိမ္းဥပေဒကို ဖ်က္သိ္မ္းရန္ရည္ရြယ္တဲ့ ေျမသိမ္းဥပေဒ ၾကမ္း (၂၀၁၇) ကိုလႊတ္ေတာ္မွာ တင္သြင္းေဆြးေႏြးခဲ့ၾကျပန္ပါတယ္။

ဦးႏုလက္ထက္ကေန ႏုိဘယ္လ္ဆုရွင္ေဒၚေအာင္ဆန္းစုၾကည္လက္ထက္အထိျဖစ္ပြားခဲ့တဲ့ ေျမယာအဓမၼသိမ္းယူမႈေတြ ကိုၾကည့္ရင္ (၂၀၁၈)ခုႏွစ္တိုင္ေအာင္ အစိုးရအဆက္ဆက္၊ အာဏာရွင္အဆက္ဆက္က (၁၈၉၄)ေျမသိမ္းဥပေဒကို မ်က္ကြယ္ျပဳ ၿပီး က်ဴးလြန္ေဖာက္ဖ်က္ခဲ့တာအထင္အရွားျဖစ္ေနတဲ့အတြက္ ေခတ္အဆက္ဆက္တန္းတူညီမွ်ေရးနဲ႔ကိုယ္ပိုင္ျပ႒ာန္းခြင့္ရွိတဲ့ ဖက္ဒရယ္ျပည္ေထာင္စုႏိုင္ငံတည္ေထာင္ေရးဆိုတဲ့ ပင္လံုစိ္တ္ဓာတ္ကို ဖိႏွိပ္ဆန္႔က်င္ေနတာဟာ တုိင္းရင္းသားေတြအေပၚ ႏုိင္ငံေရးအခြင့္အေရး၊ လူ႕အခြင့္အေရးအႀကီးအက်ယ္ခ်ိဳးေဖာက္ေနမႈပဲ ျဖစ္ပါတယ္။

ဒီလိုက်ဴးလြန္မႈေတြအေပၚမွာ ဗမာျပည္ရဲ႕ႏုိင္ငံေရးကို မသိနားမလည္တဲ့ႏိုင္ငံျခားအဖြဲ႕အစည္းေတြက ျပည္မပေရာဂ်က္ စား (Project Money) ေျမယာအဖြဲ႕တခ်ိဳ႕နဲ႔ပူးေပါင္းၿပီး ေငြနဲ႔နည္းပညာေတြေထာက္ပံ့၊ တန္းတူညီမွ်ေရးနဲ႔ပင္လံုကတိကဝတ္ေတြ ကို ေဖာက္ျပန္က်ဴးလြန္ရာမွာ အားတက္သေရာပါဝင္ေနတာဟာလည္း လံုးဝေမ့လုိ႔မရတဲ့ သမိုင္းအမွွန္တစ္ခုအျဖစ္ မွတ္တမ္းတင္ ထားရမွာျဖစ္ပါတယ္။ ဦးသိန္းစိန္(စစ္အစိုးရ) လက္ထက္မွာ စတင္ေရးဆြဲခဲ့တဲ့အမ်ိဳးသားေျမအသံုးခ်မႈ ျဖစ္စဥ္ေတြမွာ ပါဝင္ခဲ့တဲ့ေျမယာမ႑ိဳင္အဖြဲ႕ (LCG)ဟာ ေဒၚေအာင္ဆန္းစုၾကည္လက္ထက္အထိ ႏိုင္ငံျခားအဖြဲ႕အစည္းေတြနဲ႔ပူးေပါင္းၿပီး ေျမလြတ္၊ ေျမလပ္၊ ေျမရိုင္းဥပေဒ၊ လယ္ယာေျမဥပေဒ၊ ေျမသိမ္းဥပေဒေတြအတည္ျပဳခဲ့တဲ့ ယေန႔ေခတ္ကာလအထိ ပါဝင္က်ဴး လြန္ေနတာကိုလည္း သမိုင္းမွာအထင္အရွားေတြ႕ႏိုင္ပါတယ္။ အမ်ိဳးသားေျမအသံုးခ်မႈမူဝါဒကို (၂၀၁၂)ခုႏွစ္ကစတင္၍ တိတ္တ ဆိတ္ေရးဆြဲခဲ့ျခင္းျဖစ္ၿပီးေျမယာမ႑ိဳင္အဖြဲ႕နဲ႔ ႏိုင္ငံျခားအဖြဲ႕အစည္းေတြပါဝင္ခဲ့ပါတယ္။ ၂၀၁၄-ခုႏွစ္ ေရာက္ကာမွ တန္းတူညီမွ် ေရးနဲ႔ဖက္ဒရယ္ေျမယာစီမံခန္႔ခြဲမႈေပၚေပါက္လာေရးအတြက္ ႀကိဳးပမ္းေနတဲ့တုိင္းရင္းသားေတြနဲ႔ တန္းတူညီမွ်ေရးလိုလားတဲ့ ျပည္မကဗမာအင္အားစုေတြ တပ္ေပါင္းစံုအသြင္စုဖြဲ႕ထားတဲ့ ဒို႔ေျမကြန္ယက္က(LIOH) ကဝင္ေရာက္ကန္႔ကြက္ျခင္း၊ ကခ်င္ျပည္ နယ္မွာ ဆႏၵျပျခင္း၊ အစုအဖြဲ႕အလိုက္ဝင္ေရာက္ေဆြးေႏြးျခင္း၊ ပြဲခ်ိန္အတြင္းအစုအဖြဲ႕လိုက္ထြက္ခြာျခင္း၊ ျပည္နယ္ႏွင့္တိုင္းအား လံုးနီးပါးရွိ တုိင္းရင္းသားေပါင္းစံုထံမွေျမယာအခ်က္အလက္မ်ားကို ဝင္ေရာက္ထည့္သြင္းျခင္း စတာေတြကို တရစပ္ျပဳလုပ္ခဲ့ကာ (၂၀၁၄) မွ (၂၀၁၅)ကုန္ထိႏွစ္ႏွစ္နီးပါး ၾကာျမင့္ခဲ့ပါတယ္။ ၂၀၁၆-ခုႏွစ္ ဇန္နဝါရီလမွာေတာ့ အမ်ိဳးသားေျမအသံုးခ်မႈမူဝါဒ ထြက္ ေပၚလာခဲ့ပါတယ္။ (၂၀၁၆)ေျမယာမူဝါဒထဲမွာ ေျမယာတန္းတူညီေရး၊ ေျမယာကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ေျမယာနဲ႔ပတ္သက္၍ တုိင္းရင္းသားလူနည္းစုမ်ား၏ အခြင့္အေရးကို ကာကြယ္ျခင္း၊ ဒီမိုကေရစီအခြင့္အေရး၊ လူ႔အခြင့္အေရးနဲ႔ က်ား/မ ဆိုင္ရာတန္းတူ ညီမွ်မႈ စတဲ့အခ်က္အလက္မ်ားကို ထည့္သြင္းႏုိင္ခဲ့ပါတယ္။ ဖက္ဒရယ္ေျမယာစီမံခန္႔ခြဲမႈနဲ႔ပတ္သက္တဲ့ ဒီအခ်က္အလက္ေတြကို အမ်ိဳးသားေျမအသံုးခ်မႈမူဝါဒ အပိုင္း(၈) တုိင္းရင္းသားအခန္းက႑မွာ ေလ့လာႏုိင္ပါတယ္။ (၁၉၄၇) အေျခခံဥပေဒလုိပဲ ဒီႏိုင္ငံရဲ႕ ႏိုင္ငံေရးျဖစ္စဥ္ေတြဟာ ေနာက္ဆံုးမွာ ဗမာလူမ်ိဳးေတြ စိတ္ႀကိဳက္ခ်ယ္လွယ္တာကို ခံရသလိုပါပဲ။ ဖက္ဒရယ္ေျမယာစီမံခန္႔ခြဲမႈနဲ႔ ဆန္႔က်င္ဖက္အခ်က္အလက္ေတြကိုလည္း ဒီမူဝါဒထဲမွာ အစုလုိက္ ခပ္စိတ္စိတ္ ေတြ႕ရသည္။

(၁၀၊ ၁၁၊ ၂၀၁၆) ေန႔မွာ ဦးေရႊမန္းဦးေဆာင္တဲ့ျပည္ေထာင္စုလႊတ္ေတာ္၊ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္း စစ္သံုးသပ္ေရးေကာ္မရွင္၏ အမ်ိဳးသားေျမပံုဥပေဒျပ႒ာန္းေရးအတြက္ အမ်ိဳးသားေျမအသံုးခ်မႈမူဝါဒ (National Land and Use Policy) ကိုျပန္လည္သံုးသပ္ေရးဆြဲႏိုင္ေရးအႀကံျပဳတင္ျပခ်က္ လႊတ္ေတာ္အတြင္းထြက္ရွိလာခဲ့ၿပီး ထည့္သြင္းရန္မသင့္ေလ်ာ္ ေသာ မသက္ဆိုင္သည့္အခ်က္မ်ားဟု ေခါင္းစဥ္ထြက္ရွိလာပါတယ္။ အက်ဥ္းခ်ဳပ္အားျဖင့္ ေဖာ္ျပရလွ်င္ အပိုင္း (၈)တြင္ ေျမအသံုးခ်မႈမူဝါဒတြင္ တိုင္းရင္းသားလူမ်ိဳးမ်ား၏ေျမအသံုးခ်မႈအခြင့္အေရးကို သီးျခားေခါင္းစဥ္တစ္ခုျဖင့္ ထည့္သြင္းေဖာ္ျပရန္ မလုိအပ္ပါ။ ထို႔အတူ တိုင္းရင္းသားလူမ်ိဳးမ်ား၏ ေျမအသံုးခ်မႈအခြင့္အေရးတြင္ ရိုးရာဓေလ့အရ အလွည့္က်အနားေပးေတာင္ယာ (ေရႊ႕ေျပာင္းေတာင္ယာ) မ်ားကုိ မွတ္ပံုတင္ရန္ ေဖာ္ျပထားပါသည္။ ေရႊ႕ေျပာင္းေတာင္ယာလုပ္ကိုင္မႈကို တရားဝင္အသိအမွတ္ျပဳ မွတ္ပံုတင္ႏိုင္ေရးအတြက္ မူဝါဒတြင္ ထည့္သြင္းေဖာ္ျပရန္မသင့္ပါ။ အေျခခံမူမ်ား အပိုဒ္-စ(က)ပါ ေျမႏွင့္သက္ဆိုင္သည့္ အခြင့္အေရးမ်ားအပါအဝင္ တည္ဆဲဥပေဒမ်ားတြင္ အမိိိ်ဳးသား/သမီး ခြဲျခားမႈမရွိဘဲ တန္းတူအခြင့္အေရးေပးထားသျဖင့္ လက္ရွိ အေျခအေနတြင္ ထည့္သြင္းေဖာ္ျပရန္မသင့္ပါ။ ထုိ႔အျပင္ ႏိုင္ငံေတာ္သည္ ႏိုင္ငံေတာ္အတြင္းရွိေျမအားလံုး၏ ပင္ရင္းပိုင္ရွင္ျဖစ္ရာ ႏိုင္ငံေတာ္ႏွင့္ႏို္င္ငံသားမ်ား၏ အက်ိဳးစီးပြားအတြက္ လုိအပ္လွ်င္ႏိုင္ငံေတာ္ေျမသိမ္းဆည္းၿပီး စီမံခန္႔ခြဲရန္ဆိုသည့္အခ်က္ကို ထပ္မံျဖည့္စြက္ရန္ အႀကံျပဳခဲ့ပါတယ္။

တစ္ဖက္တြင္လည္း NCAလက္မွတ္ေရးုထိုးကာ ဖက္ဒရယ္ျပည္ေထာင္စုသုိ႔ ခ်ီတက္မည္၊ ၂၁-ပင္လံု ၿငိမ္းခ်မ္းေရးညီလာခံ က်င္းပခဲ့ၿပီး ပင္လံုစိတ္ဓာတ္နဲ႔ခ်ီတက္ဖို႔ ေၾကြးေၾကာ္ေနခဲ့ေပမယ့္ အမ်ိဳးသားတန္းတူရည္တူကိုယ္ပိုင္ျပ႒ာန္းခြင့္ရွိတဲ့ဖက္ဒရယ္ ျပည္ေထာင္စုႏုိင္ငံတည္ေထာင္ဖို႔ သံႏၶိ႒ာန္ခ်မွတ္ခဲ့တဲ့ ပင္လံုစိတ္ဓာတ္နဲ႔ဆန္႔က်င္ကာ ေတာင္သူလယ္သမားေတြကိုသာမကဘဲ ေတာင္သူအေရးတက္ၾကြလႈပ္ရွားၾကသည့္အဖြဲ႕အစည္းေတြ၊ တက္ၾကြလႈပ္ရွားသူေတြကို ေထာင္ထဲထည့္ဖို႔အတြက္ ေရးဆြဲထား သလိုျဖစ္ေနတယ္။ ကုမၸဏီေတြ၊ လုပ္ငန္းရွင္ေတြ၊ သိမ္းထားတဲ့ေျမေတြကို တရားဝင္ျဖစ္ေစတဲ့ ေတာင္သူေတြလက္ရွိလုပ္ကိုင္ေန ၾကတဲ့ေျမယာေတြ တရားဝင္လက္လႊတ္ဆံုးရႈံးေစေရးအတြက္ေရးဆြဲတဲ့ ေျမလြတ္ေျမလပ္နဲေျမရိုင္းမ်ား စီမံခန္႔ခြဲေရးဥပေဒကို အတည္ျပဳတာ၊ ေျမသိမ္းၿပီးရင္းႏွီးျမဳပ္ႏွံမႈျပဳလုပ္မယ့္သူေတြဖက္က တစ္ဖတ္သတ္ရပ္တည္ေနတဲ့ ေျမသိမ္းဥပေဒကို ေခါင္းစဥ္ ေျပာင္းၿပီး ေျမသိမ္းဆည္းတာ၊ ျပန္လည္ေနရာခ်ထားျခင္းနဲ႔ ျပန္လည္ထူေထာင္ျခင္းဆိုင္ရာဥပေဒ (၂၀၁၉)စတဲ့ဥပေဒေတြကို လႊတ္ေတာ္အတြင္းမွာ တရြတ္တိုက္ဆြဲ၊ တရစပ္ထုတ္ျပန္ေနတာေတြဟာ “ငါတို႔ရဲ႕ဘဝ၊ ငါတို႔ရဲ႕သမိုင္း၊ ငါတို႔ရဲ႕အခ်ဳပ္အျခာအာ ဏာ” ဆိုတဲ့တုိင္းရင္းသားေတြရဲ႕ ႏွစ္ေပါင္းေထာင္ခ်ီရပ္တည္မႈေတြနဲ႔ ဦးႏုေခတ္ကာလမွသည္ ယေန႔ေခတ္ကာလအထိ ေျဖာင့္ ေျဖာင့္ႀကီး ဆန္႔က်င္ေနဆဲျဖစ္ပါတယ္။ ျပည္တြင္းစစ္ျဖစ္ရတဲ့အေၾကာင္းရင္းေတြမွာ ေျမယာအခ်ဳပ္အာဏာပိုင္စိုးမႈျပႆနာဟာ အေရးႀကီးတဲ့အစိတ္အပိုင္းျဖစ္ပါတယ္။ တိုင္းရင္းသားေတြအေနနဲ႔ေခတ္အဆက္ဆက္ ဗမာျပည္အစိုးရေတြေျပာေနတဲ့ဖက္ဒရယ္ ဟာတကယ္လား၊ အိမ္မက္လား၊ ေမးစရာတစ္ပံုတစ္ေခါင္းၾကားမွာ ဖက္ဒရယ္ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံ ဖြဲ႕စည္းပံုအေျခခံ ဥပေဒ ဒုတိယမူၾကမ္းထြက္ရွိခဲ့ၿပီးျဖစ္သည့္အျပင္ မူနဲ႔သိပ္မကြာလွတဲ့ တန္းတူညီမွ်ေရးယံုၾကည္ၾကတဲ့ ဗမာႏိုင္ငံေရးပါတီအင္အား စုအခ်ိဳ႕နဲ႔ တိုင္းရင္းသားႏိုင္ငံေရးပါတီ အင္အားစုေတြစုေပါင္းထားတဲ့ (UNA+) မွလည္း ဖက္ဒရယ္ဖြဲ႕စည္းပံုအေျခခံဥပေဒမူၾကမ္း စတင္ထြက္ရွိေနၿပီျဖစ္ပါတယ္။ ျပည္နယ္တစ္ခုခ်င္းစီအလိုက္ ေျမယာမူဝါဒေတြထြက္ရွိေနၿပီျဖစ္သလို ဆက္လက္ထြက္ရွိေအာင္ ႀကိဳးစားရုန္းကန္ေနတဲ့ ကာလလည္းျဖစ္ပါတယ္။ (၂၀၀၀)ခုႏွစ္မွာ ျပည္နယ္ေတြရဲ႕ဖြဲ႕စည္းပံုေတြကို ကိုယ့္ျပည္နယ္အလိုက္ ေရးဆြဲခဲ့ၾကရာ ျပည္နယ္ (၅)ခုမွ ဖက္ဒရယ္ဖြဲ႕စည္းပံုေရးဆြဲၾကၿပီး ခ်င္းျပည္နယ္မွ ကြန္ဖက္ဒေရးရွင္းကိုဦးတည္ခဲ့ၿပီး ယခုအခါ “ဝ” ေဒသနဲ႔ ရခုိင္ျပည္နယ္ကပါ ကြန္ဖက္ဒေရးရွင္းေတာင္းဆိုလာၿပီျဖစ္ပါတယ္။ ကြန္ဖက္ဒေရးရွင္းေတာင္းဆိုမႈေတြကို ၾကည့္ျခင္း အားျဖင့္ ဗမာျပည္မနဲ႔ေဆြးေႏြးေနတဲ့ ဖက္ဒရယ္စနစ္ဟာေဆြးေႏြးခဲ့တဲ့ ႏွစ္ေပါင္း(၇၀)ေက်ာ္ကာလအတြင္း အေျပာနဲ႔လက္ေတြ႕နဲ႔ ကြာျခားေနတာေၾကာင့္ျဖစ္ႏုိင္ပါတယ္။ NCA လက္မွတ္ေရးထိုးခဲ့ရံုသာမက ၂၁-ပင္လံု ၿငိမ္းခ်မ္းေရးညီလာခံက်င္းပေနဆဲ ယေန႔ ကာလမွာပင္လွ်င္ ပင္လံုစိတ္ဓာတ္ျဖင့္ခ်ီတက္ရန္ ေၾကြးေၾကာ္ေနခဲ့ေသာ္လည္း အမ်ိဳးသားတန္းတူရည္တူ ကိုယ္ပိုင္ျပ႒ာန္းခြင့္ ထားရွိတဲ့ ဖက္ဒရယ္ျပည္ေထာင္စုႏိုင္ငံတည္ေထာင္ဖို႔ သံဓိ႒ာန္ခ်မွတ္ခဲ့သည့္ ပင္လံုစိတ္ဓာတ္နဲ႔ ဆန္႔က်င္ေနတဲ့ေျမယာမူဝါဒေတြ၊ ေျမယာဥပေဒေတြထြက္ရွိေနတာဟာျဖင့္ အာဏာရွင္ေျမယာစီမံခန္႔ခြဲမႈမွ ဖက္ဒရယ္ေျမယာစီမံခန္႔ခြဲမႈဆီသို႔ တကယ္ခ်ီတက္ရာမွာ ႀကီးမားၿပီးအေရးပါတဲ့ ႏိုင္ငံေရးျပႆနာျဖစ္ေနပါေၾကာင္း တင္ျပလုိက္ရပါတယ္။

ေနယံ

Unicode

“အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုဆီသို့” လို့ပြောလိုက်ရင် မြန်မာပြည်ရဲ့ မြေယာစီမံခန့်ခွဲမှု မူလအစက အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ လာခဲ့တာမဟုတ်ပါဘူး။ အင်္ဂလိပ်ကိုလိုနီခေတ်မတိုင်မီက ဒီနိုင်ငံထဲမှာနေထိုင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေက စော်ဘွား၊ ဒူးဝါး၊ စောဖျာ၊ စော်ကဲ၊ တောင်ပိုင်ရမ်အုပ်မင်းတွေတင်မြှောက်ပြီး ကိုယ့်တိုင်းပြည်နဲ့ကိုယ် အဆောင်အယောင်အမျိုးမျိုးနဲ့ သီးခြားအုပ်ချုပ်လာခဲ့ကြတာဖြစ်ပါတယ်။ ယနေ့ကမ္ဘာပေါ်ကနိုင်ငံတွေလိုပဲ မြေယာစီမံခန့်ခွဲမှုပုံစံ တွေလည်း တစ်နေရာနဲ့တစ်နေရာ မတူညီကြပါဘူး။

ယနေ့ “ပြည်မ” လို့သိနေကြတဲ့ ဗမာတိုင်းရင်းသားအများစုနေထိုင်တဲ့ဒေသ တွေမှာတောင် တစ်ချိန်က ပင်းယ၊ မြင်းဆိုင်း၊ သရေခေတ္တရာ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေး(ရတနာပုံ)၊ အင်းဝ၊ ကေတုမတီ (တောင်ငူ)၊ ဟံသာဝတီ(ပဲခူး) ဆိုတဲ့ လက်နက်နိုင်ငံတွေ၊ မြို့ပြနိုင်ငံတွေ၊ တိုင်းပြည်နိုင်ငံတွေ တစ်ခေတ်ပြီးတစ်ခေတ် အပြိုင်အ ဆိုင် သီးခြားတည်ရှိခဲ့တာ ငြင်းလို့မရတဲ့အချက်ပါ။ ပြည်ထောင်စုဆိုတာလုံးဝမရှိခဲ့ဘူးဆိုတဲ့ တစ်ပြည်ထောင်ဆိုတာလုံးဝမရှိခဲ့ဘူး ဆိုတဲ့ သက်သေသာဓကတွေဖြစ်ပါတယ်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားဆိုပြီး တည်ဆောက်ခဲ့တဲ့ ပထမမြန်မာနိုင် ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဆိုတာတွေ တကယ်ရှိခဲ့တယ်ဆိုရင် တစ်ခေတ်ပြီးတစ်ခေတ် အပြိုင် အဆိုင်သီးခြားတည်ရှိခဲ့ကြတဲ့ ပြည်မကနိုင်ငံတွေအချင်းချင်းတောင် တိုက်လို့ခိုက်လို့ကောင်းနေခဲ့တာ အင်္ဂလိပ်ခေတ်အထိပဲဖြစ် တယ်ဆိုတာ ငြင်းမရပါဘူး။ တောင်တန်းဒေသတိုင်းရင်းသားနိုင်ငံငယ်တွေမှာလည်း ရှမ်းစော်ဘွားတွေ၊ ကချင်ဒူးဝါးတွေ၊ ကရင်နီ စောဖျာတွေ၊ ချင်းရမ်အုပ်မင်းတွေ အစရှိသဖြင့် ကိုယ့်တိုင်းပြည်နဲ့ကိုယ်တည်ရှိခဲ့တာ ယနေ့ခေတ်ကာလအထိ မျိုးဆက်တွေတည် ရှိနေဆဲဖြစ်ပါတယ်။ နှစ်ပေါင်းထောင်ချီပြီးကိုယ့်နယ်နိမိတ်နဲ့ကိုယ် ကိုယ့်မြေယာစီမံခန့်ခွဲမှုနဲ့ကိုယ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့အခင်းအကျင်းအရ ကိုလိုနီနယ်တွေ အပြိုင်အဆိုင်ချဲ့ထွင်ကြတဲ့ “ခေတ်ပျက်ကြီး” လို့ခေါ်နိုင်တဲ့ ခေတ်တွေရောက် ရှိလာခဲ့ပြီး ကမ္ဘာ့စစ်မီးတွေတောက်လောက်ခဲ့ရကာ ကိုလိုနီနယ်တွေအပြိုင်အဆိုင်ချဲ့ထွင်လာခဲ့ကြပါတယ်။ နယ်မြေကျူးကျော် စစ်တွေမှာလည်း နှစ်မျိုးနှစ်စားကွဲပြားပါတယ်။ ကိုလိုနီကျူးကျော်မှုနဲ့နောက်ထပ်စနစ်ဆိုးတစ်ခုကတော့ ဖက်ဆစ်ကျူးမှုဖြစ်ပါ တယ်။ ကိုလိုနီကျူးကျော်မှုတွေရဲ့ထူးခြားတဲ့ဝိသေသကတော့ မြေနဲ့သဃံဇာတတွေကို စီမံခန့်ခွဲအသုံးပြုတာဖြစ်ပါတယ်။ ဗမာပြည် လို့ နာမည်မတွင်သေးတဲ့ကာလက အင်္ဂလိပ်ကိုလိုနီတွေဟာ မြန်မာနိုင်ငံငယ်၊ တိုင်းပြည်ငယ်လေးတွေသီးခြားရှိနေခဲ့ပြီး တိုင်းရင်း သားပေါင်းစုံရှိနေတဲ့ ဒီဒေသတွေကို တစ်ဆက်တစ်စပ်တည်း အုပ်ချုပ်စီမံနိုင်ဖို့ စီမံခဲ့ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက မြေအသုံးချမှုမတူ၊ ပထဝီအနေအထားကွဲပြားလွန်းတဲ့အတွက် တစ်ခုတည်း တစ်ဆက်တည်း ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် အနီး စပ်ဆုံးတူရာတူရာစုပြီး အုပ်ချုပ်စီမံခဲ့ပါတယ်။ နယ်မြေအမျိုးအစား (၅)ခုခွဲပြီး အုပ်ချုပ်စီမံခဲ့ပါတယ်။ တကယ်က (၄)ခုသာ အုပ်ချုပ် ခဲ့ပါတယ်။ အင်္ဂလိပ်တို့နဲ့မြန်မာမင်းတို့က ကရင်နီပြည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ စီမံခန့်ခွဲလွှမ်းမိုးမှုမပြုဘဲ သီးသန့်လွတ် လပ်သောပြည်နယ်အဖြစ်သတ်မှတ်ရန် ၁၈၇၅-ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှာ အင်္ဂလိပ်ဖက်မှ စာတော်ခံ တီဒီဖော်စက်နှင့် မြန်မာ ဘက်မှ တံဆိပ်တော်ခံ ကင်းဝန်မင်းကြီးတို့က လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ သီးခြားလွတ်လပ်သည့်ကရင်နီကိုပါ နယ်မြေအ ရထည့်သွင်းပါက နယ်မြေအမျိုးအစား(၅)ခုလို့ ပိုင်းခြားလို့ရမှာဖြစ်ပါတယ်။

၁။ အင်္ဂလိပ်တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေ (Burma Proper)
၂။ တောင်တန်းဒေသ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ) (Part One)
၃။ တောင်တန်းဒေသ (သီးသန့်အုပ်ချုပ်ရေးထားရှိသောနယ်မြေ) (Part two)
၄။ တောင်ပေါ်စခန်းမြို့များ
၅။ သီးခြားလွတ်လပ်သည့်ကရင်နီပြည်ဆိုပြီး ဒေသအခြေပြုပြီး မြေကို ပိုင်းခြားသတ်မှတ်ခဲ့ပါတယ်။ မြေအမျိုးအစား ကိုသီးသန့်ခွဲထားတာကတော့အလွန်နည်းပြီး ပထဝီအနေအထားအရကိုသာ အဓိကအခြေပြုပြီး စီမံခန့်ခွဲခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေ (Burma Proper) ဆိုပြီး ဗမာကိုလိုနီစောစွာကျရောက်ခဲ့တဲ့ မွန်နဲ့ရခိုင်အပါအဝင် ကရင်၊ မွန်၊ ရခိုင်၊ မြန်မာလူမျိုးအများစုနေထိုင်သောဒေသတွေကိုစုပေါင်းကာ ဗမာပြည်မ (Burma Proper) လို့ ခေါ်ဝေါ်သုံးစွဲခဲ့တဲ့ အတွက် ကမ္ဘာပေါ်မှာ ဗမာနိုင်ငံဟူသောအမည် စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားဆိုပြီး တည်ဆောက်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊ တတိယမြန်မာနိုင်ငံတော်ဆိုတာ
ဗမာပြည်မ (Burma Proper) လို့အင်္ဂလိပ်က မသတ်မှတ်ခင်အချိန်အထိ ဘယ်တုန်းကမှ ရှိခဲ့တာအရာမဟုတ်ပါဘူး။ အင်္ဂလိပ်ရဲ့ မြေယာစီမံခန့်ခွဲမှုကိုကြည့်ရင် (၁၈၆၁) မှာ မြေအားလုံးနိုင်ငံပိုင်အဖြစ်သိမ်းပိုက်ပြီး “Lower-Upper Burma Land Revenue Manual” အစရှိသဖြင့် အထက်မြန်မာပြည်ဥပဒေနဲ့ အောက်မြန်မာဥပဒေဆိုပြီး နှစ်ခုခွဲပြီး ထုတ်ပြန်အုပ်ချုပ်ခဲ့ပါတယ်။ (၁၂)နှစ် ဆက်တိုက် အခွန်တော်ဆက်သပါက အမည်ပေါက် (Lander Holder) ဖြစ်ခွင့်ရမည်ဖြစ်ပြီး ၎င်းမြေအား ငှား၊ ပေါင်၊ ရောင်း၊ အမွေပေးနိုင်ခွင့်ရှိပါတယ်။ မြေလွတ်မြေလပ်ထုတ်ဖောတာရှိတယ်၊ ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး။ အဓိကသက်ရောက် တာကတော့ ဗမာပြည်မဖြစ်ပြီး ကျန်တဲ့ တောင်တန်းဒေသ (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ) (Part One)၊ တောင်တန်းဒေသသီး သန့်အုပ်ချုပ်ရေးထားရှိသောနယ်မြေ (Part Two)၊ နဲ့ တောင်ပေါ်စခန်းမြို့များကို သိသိသာသာ ထိခိုက်မှုမရှိခဲ့ပါဘူး။

၁၉၄၇-ခုနှစ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ချင်း၊ ကချင်၊ ရှမ်းတိုင်းရင်းသားတွေဟာ သီးခြားစီတည်ရှိနေတဲ့ ဗမာပြည်မ နယ်မြေ၊ ကချင်တောင်တန်းဒေသ နယ်မြေနဲ့ ချင်းတောင်တန်းဒေသနယ်မြေ၊ ပြည်ထောင်စုရှမ်းပြည် စတဲ့ နယ်မြေ(၄)ခုကို ကိုယ် စားပြုပြီး အင်္ဂလိပ်လက်အောက်ကနေ တပြိုင်နက်လွတ်လပ်ရေးရယူရန်နဲ့ လွတ်လပ်ရေးရရှိပြီးပါက အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ဖို့ သံဓိဋ္ဌာန်ချမှတ်ခဲ့ပြီး ၁၉၄၇ ဖေဖော်ဝါရီ (၁၂) ရက်နေ့မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ပင်လုံစာချုပ်ဟာ လူမျိုးကိုယ်စားပြုစာချုပ်မဟုတ်ဘဲ နယ်မြေကိုယ်စားပြုစာချုပ်ဖြစ်တဲ့အတွက် လွတ်လပ်ရေးရသည့်ကာလတိုင်အောင် လူမျိုးစုအသီးသီးဟာ ကိုယ်ပိုင်မြေယာစီမံခန့်ခွဲမှုစနစ်တွေ ကျင့်သုံးနေဆဲအခြေအနေဖြစ် ပါတယ်။ ဗမာပြည်မကိုယ်စားလှယ်ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် အတည်ပြုခဲ့သည့် ၁၉၄၇-ခု ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲရာမှာ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်လာတဲ့ ဦးနုက ဦးချန်ထွန်းကို ယဉ်ကျေးမှုပထဝီအနေအထား မြေယာစီမံအုပ်ချုပ်မှုများ မတူ ညီသော အိန္ဒိယသို့စေလွှတ်လေ့လာစေခဲ့ပြီး နှစ်လအတွင်းတရွတ်တိုက်ရေးဆွဲခဲ့ခြင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသား ခေါင်းဆောင်တွေချမှတ်ထားတဲ့ ပင်လုံစိတ်ဓာတ်အခြေခံမူဝါဒအပေါ်မှ လုံးဝသွေဖယ်အားနည်းသွားခဲ့ပြီးနောက် ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့ပါတယ်။ ကရင်၊ မွန်၊ ရခိုင်တိုင်းရင်းသားတွေလည်း တန်းတူရေးစစ်ပွဲ၊ ပြည်သူ့ရဲဘော်၊ ရဲဘော်ဖြူ၊ ဗကပ အဖွဲ့အစည်းများသည် နိုင်ငံရေးအယူအဆ/ပါတီဝါဒစစ်ပွဲများ၊ ကရင်နီအမျိုးသားများက ခုခံတော်လှန်ရေးစစ်ပွဲများစသဖြင့် တောက်လောင်ဖြစ်ပွားခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ကာလနောက်ပိုင်းတွေမှာ ဒုတိယစစ်မီးအရှိန်မြင့်ခဲ့တဲ့ အကြောင်းအရင်း တွေကတော့ ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်မြေယာစီမံခန့်ခွဲမှုတွေနဲ့ရပ်တည်ခဲ့တဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ဦးနေဝင်းရဲ့ စစ်တပ် တွေက နယ်နိမိတ်ထိပါးစော်ကားခြင်းများ၊ ရှမ်းစော်ဘွားနယ် (၁၃)ခုကို ကူမင်တန်တရုတ်ဖြူအကြောင်းပြပြီး စစ်အုပ်ချုပ်ရေး ကြေညာကာနယ်မြေလွှမ်းမိုးရယူခြင်း၊ ကချင်ပိုင်နယ်မြေများဖြစ်တဲ့ ဖီမော်၊ ဂေါ်လံ၊ ကန်ဖန် စတဲ့ ကချင်နယ်မြေများကို တရုတ်ပြည်သို့ ပေးအပ်ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရည်တူ အခွင့်အရေးများကို ချိုးဖောက်ကာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ကြေညာခဲ့ခြင်းတို့ကြောင့်ဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ လူမျိုးပေါင်းစုံ ပြည်ထောင်စုမူနဲ့ပတ်သက်သော နှီးနှောဖလှယ်ပွဲကြီးကို ၁၉၆၂-ခုနှစ် ဖေဖော်ဝါရီ တွင် စတင်ကျင်းပခဲ့ပြီး၊ ၁၉၄၇-ခု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ရေးအတွက် ဆွေးနွေးနေသည့် မတ်လ (၁)ရက်နေ့ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့အပြီး ကျင်းပနေဆဲကာလမှာတွင်ပင် ဗိုလ်နေဝင်းဦးဆောင်သောစစ်တပ်မှ စစ်အာဏာသိမ်းယူခဲ့ပြီး အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးကတိကဝတ်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပါတယ်။ ဗမာတိုင်းရင်းသားအများစုဟာ ဗမာလူမျိုးကြီးဝါဒဟုသုံးနှုံးလျှင် အများစုက မကြိုက်ကြသော်လည်း သမိုင်းကြောင်းတစ်လျှောက် တွင်မူ ဦးနုခေတ်၊ ဦးနေဝင်းခေတ်မှ ယနေ့အထိ ဗမာပြည်မနယ်မြေမှ ကျန်တိုင်းရင်းသားနယ်မြေများသို့ ဝင်ရောက်ကျူးကျော်ခြင်း၊ နယ်မြေကျူးကျော်ခြင်း၊ အခြားနိုင်ငံသို့ ရောင်းချခြင်းများအပြင် ဥပဒေများရေးဆွဲ၍သော်လည်းကောင်း၊ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်၍သော်လည်းကောင်း မြေယာဥပဒေ၊ မြေယာအမိန့်ညွှန်ကြားချက်များထုတ်ပြန်ကာ တိုင်းရင်းသားတို့၏မြေယာစီမံခန့်ခွဲ မှုနှင့် ရိုးရာဓလေ့သမိုင်းကြောင်းများကို ဖျက်ဆီးကာ တိုင်းရင်းသားတို့၏သဘောဆန္ဒမပါဘဲ လူမျိုးကြီးဝါဒဆန်သော မြေယာဥပ ဒေများ တရစပ်ထွက်ပေါ်နေသည်မှာ ယနေ့ထိဖြစ်ပါတယ်။

၁၉၆၃-ခုနှစ်မှာ လယ်ရှင်တွေကို မြေလျော်ကြေးပေးပြီး နိုင်ငံပိုင်အဖြစ်သိမ်းပိုက်ဖို့ လယ်ယာမြေဝေခြမ်းရေးဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ ယင်းတွင်နိုင်ငံတော်အား ဧကအလိုက် သီးစားခပေးအပ်ရမှာဖြစ်ပါတယ်။ ထိုဥပဒေထုတ်ပြန်လိုက်ခြင်းကြောင့် ကရင်၊ မွန်၊ ရခိုင်တိုင်းရင်းသားတို့ရဲ့နယ်မြေအချို့သာမက ဗမာပြည်မနဲ့ထိစပ်နေတဲ့တိုင်းရင်းသားနယ်မြေတွေနဲ့ ဝင်ရောက်လွှမ်း မိုးခံထားရတဲ့ တိုင်းရင်းသားနယ်မြေတွေကိုပါ ကိုယ့်မြေကိုကိုယ် မပိုင်ရသည့်အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီး တိုင်းရင်းသားတို့ ရဲ့မြေယာစီမံခန့်ခွဲမှုနဲ့ မြေယာယဉ်ကျေးမှု၊ မြေယာသမိုင်းကြောင်းများ ဖျက်ဆီးထိုးနှက်ခြင်း ခံခဲ့ရပြန်ပါတယ်။ ၁၉၆၅-ခုနှစ်မှာ လယ်လုပ်သူများ သီးစားခပေးရန်မလိုဟု ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်မြေအရင်းရှင်စနစ်ကိုပြန်ရောက်မည်စိုးသဖြင့် ၎င်းမြေအား ရောင်း၊ ပေါင်၍မရသလို တစ်ဆင့်သီးစားချ၍ မရချေ။ ၁၉၇၈-ခုနှစ် ပြည်သူ့ကောင်စီခေတ်တွင် မြေလွတ်မြေရိုင်း ထုတ်ဖော်လုပ်ကိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗမာပြည်ရှိနယ်မြေအနည်းငယ်မှာသာ အကောင်အထည်ဖော် နိုင်ခဲ့ပါတယ်။ မဆလ လက်ထက်မှာ တာဝန်ကျေစပါးဆိုပြီး စပါးမပေးနိုင်ရင်၊ စစ်တပ်တွေ ရဲတွေကို အချိုးကျ မပေးနိုင်ရင် ထောင် ချတာ၊ မြေသိမ်းတာ၊ ဖမ်းဆီးတာတွေ တရစပ်ပြုလုပ်ခဲ့ပြီး နေပူလှန်းကာ ဖားခုန်၊ ထိုင်ထ၊ ဒိုက်ထိုးနဲ့ ကြိမ်ဒဏ်ပေးကာ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပါတယ်။ (၈၈၈၈) ပြည်သူ့အရေးတော်ပုံကြီးပေါ်ပေါက်လာပြီး မဆလပါတီအား ဖြုတ်ချနိုင်ခဲ့ ပါတယ်။ ၁၉၈၈-ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့တက်လာပြီး ဆိုရှယ်လစ်စနစ်မှ ဈေးကွက်စီးပွားရေးစနစ်အား ပြောင်း လဲကျင့်သုံးခဲ့ပါတယ်။ ကောင်စီများပျက်သွားပြီး မြေယာလုပ်ပိုင်ခွင့်တွေကို ဌာနဆိုင်ရာများသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ (၁၉၉၁) ခုနှစ်မှာ မြေလွတ်/လပ် စီမံခန့်ခွဲရေးဗဟိုအဖွဲ့ဖွဲ့၊ လုပ်ငန်းရှင်များအားဖိတ်ခေါ်လုပ်ကိုင်စေခဲ့ပြီး နဝတအစိုးရလက်ထက် နိုင်ငံ့စီး ပွားရေးအလွန်အမင်းချွတ်ခြုံကျနေချိန်မှာ မြေကိုရောင်းကုန်တစ်ခုကို အရင်းအနှီးပြုကာ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များကို ရင်းနှီးမြုပ်နှံစေနိုင်ရန် ဆွဲဆောင်ပြဋ္ဌာန်းခဲ့သည့် အမိန့်ညွှန်ကြားချက်ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ူကြီးများအတွက် အလွယ်တကူ မြေသိမ်းနိုင်ရန်နှင့် နဝတအစိုးရနဲ့ပတ်သက်ဆက်နွယ်သူတွေက မြေကိုမတရားသိမ်းယူနိုင်ဖို့ လမ်းဖွင့်ပေးတဲ့ အမိန့် ညွှန်ကြားချက်လည်းဖြစ်ပါတယ်။ (၂၀၀၇) ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့နောက် (၂၀၀၈)ခုနှစ်မှာ နအဖစစ်အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ နအဖစစ်အစိုးရရဲ့ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တပြိုင်နက် တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ (FCDDC) ကဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ( The Constitution of the Federal Republic of the Union of Burma) ဒုတိယမူကြမ်း (Seco- nd Draft) ထွက်ရှိခဲ့ပါတယ်။ ပထမမူကြမ်းကတော့ တိုင်းရင်းသားပေါင်းစုံစုစည်းပြီး (၁၉၉၃) မှ (၁၉၉၆) အထိ မာနယ်ပလောမှာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။

(၂၀၁၀) မှာ ဦးသိန်းစိန် စစ်တပိုင်းအစိုးရတက်လာပြီး (၂၀၁၂)မှာ မဆလ၊ နဝတ၊ နအဖ ခေတ်အဆက်ဆက်တည်ရှိခဲ့တဲ့ (၁၉၆၃)ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေ၊ (၁၉၆၃)ခုနှစ် သီးစားချထားရေးဥပဒေ၊ (၁၉၅၃) လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတွေကို ရုတ်သိမ်းခဲ့ပြီး (၂၀၁၂)လယ်ယာမြေဥပဒေ၊ (၂၀၁၂)ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ (၂၀၁၂)ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးနည်းဥပဒေတွေကိုပြင်ဆင်တဲ့ နည်းဥပဒေတွေ ဆက်တိုက်ထွက်ရှိလာခဲ့ပါတယ်။ (၂၀၁၂)လယ်ယာမြေဥပဒေမှာ ဥယျာဉ်ခြံမြေ၊ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ တောင်ယာမြေတွေပါတယ်။ မြေနု၊ ကျွန်းမြေ၊ ဟင်းသီးဟင်းရွက်စိုက်တဲ့မြေ တွေလည်း အကျုံးဝင်တယ်။ ဒါပေမယ့် ပြဿနာက ရွှေ့ပြောင်းတောင်ယာမပါဘူး။ မပါတာက တိုင်းရင်းသားတွေကို ထည့်သွင်း မစဉ်းစားတာလား၊ မသိကျိုးကျွံပြုတာလား၊ တရားဝင်ခွင့်ပြုလိုက်ရင်အစိုးရက နောက်လုပ်မယ့်စီမံကိန်းတွေကိုလုပ်ဖို့ အခက်အခဲ ဖြစ်လို့ တမင်ချန်ထားတာလားဆိုတာ မေးစရာရှိနေပြီး သေချာတာကတော့ တိုင်းရင်းသားတွေကို ဦးနုခေတ်ကနေ ဦးသန်းရွှေ ခေတ်အထိ ဖိနှိပ်ခဲ့တာကို လက်ဆင့်ကမ်းသယ်ဆောင်လာတာ ဖြစ်ပါတယ်။

(၂၀၁၂) လယ်ယာမြေဥပဒေမှာ (၂၀၁၂)လယ်ယာမြေနည်းဥပဒေအရ လျှောက်ယူရတဲ့ ပုံစံ(၇)ဟာ တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာရပ်တည်လာခဲ့တဲ့ မြေယာပိုင်ဆိုင်ခွင့်မဟုတ်ဘဲ လယ်ယာမြေလုပ်ပိုင်ခွင့်သာဖြစ်ပြီး ပုံစံ(၇)လျှောက်ယူရရှိတဲ့ တိုင်းရင်းသားတွေဟာ မြေယာပိုင်ဆိုင်မှုဘဝကနေ မြေယာအငှားဘဝကို နေ့ချင်းညချင်းရောက်သွားပြီး ပြည်မအစိုးရကို မြေခွန်၊ သီးနှံခွန်များပေးဆောင်ရတဲ့ အခြေအနေရောက်ရှိသွားပြီး လက်ရှိကနေလက်မဲ့၊ သခင်ကနေ ကျွန်ဘဝကို ပြောင်းလဲရောက်ရှိ သွားပါတယ်။ (၂၀၁၂)ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေနဲ့ နည်းဥပဒေဟာ နဝတရဲ့ အာဏာရှင်အမွေဆိုး ကိုတရားဝင်မှုပြုတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီ (၂၀၀၈)ဥပဒေတွေကြောင့် အရင်က ပြည်တွင်းစစ်ကြောင့် အသိမ်းမခံရတဲ့မြေတွေပါ NCA လက်မှတ်ထိုးအပြီးမှာ သိမ်းခံရတာတွေရှိလာပါတယ်။ တကယ်တမ်းတော့ မဆလအစိုးရ၊ နဝတအစိုးရ၊ နအဖအစိုးရလက် ထက်တွေမှာ မတရားမြေယာလုယူမှုတွေကြောင့် ပြည်သူလူထု၏ဘဝပေါင်းများစွာ ပျက်စီးခဲ့ရမှုတွေ တရစပ်ပေါ်ပေါက်လာခဲ့ပြီး မတရားမြေယာသိမ်းယူမှုတွေနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ဖို့ အဓမ္မသိမ်းဆည်းထားတဲ့တိုင်းရင်းသားတွေရဲ့ မြေယာတွေကိုဥပဒေကြောင်းအရ ဘောင်ဝင်စေဖို့ အရင်နဝတအစိုးရလက်ထက်က မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲမှု လုပ်ထုံးလုပ်နည်းကို အခြေခံပြီး (၂၀၁၂)ခုနှစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ရေးဆွဲ ရာမှာလည်း ပြည်သူလူထု၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပညာရှင်များပါဝင်ရေးဆွဲခြင်းမရှိဘဲ (လယ်/ဆည်) ဝန်ကြီးဌာန ဝန်ကြီးအမိန့်နဲ့ အချိန်တိုအတွင်း ဖိအားပေးရေးဆွဲစေခဲ့သည့်ဥပဒေဖြစ်ပါတယ်။ (၂၀၁၂) ခုနှစ် မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒေဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ပြည်သူတွေရဲ့မြေယာတွေကို မြေလွတ်မြေလပ်အကြောင်းပြပြီး အလွယ်တ ကူထပ်မံသိမ်းယူနိုင်ဖို့ ဖန်တီးလိုက်တဲ့ဥပဒေဖြစ်ပြီး ယခင်ပြည်တွင်းစစ်ကြောင့် မသိမ်းယူခဲ့ရသေးတဲ့ ပြည်နယ်အတော်များများရှိ တိုင်းရင်းသားနယ်မြေများကိုပါ သိမ်းယူဖို့ ခြေလှမ်းစလိုက်တာပဲဖြစ်ပါတယ်။

ဥပဒေအရတိုင်းရင်းသားတွေအတွက် ထည့်သွင်းမစဉ်းစားဘူးဆိုတာ ထင်ထင်ရှားရှားပေါ်လွင်နေတဲ့ ဒီဥပဒေတွေကို ဒီမိုကရေစီအစိုးရလက်ထက်မှာ တက်ကြွလှုပ်ရှားသူတွေက ဖျက်သိမ်းရေးလှုပ်ရှားခဲ့ကြပေမယ့် မဖျက်သိမ်းတဲ့အပြင် အရင်အာဏာရှင်ကျောရိုးအတိုင်းပြန်ယူပြီး မြေလွတ်နှင့်မြေရိုင်းစီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း (၂၀၁၇-ခုနှစ်)၊ ၂၀၁၂ လယ်ယာမြေဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအပြင် လူ့အခွင့်အရေးစံနှုန်းအချို့ပါဝင်ပြီး မြေသိမ်းရင် ပြည်သူလူထုကို အကြောင်းကြားစာ (၂)ကြိမ်ပို့ကာ တောင်သူနှင့်ညှိနှိုင်းရတဲ့ (၁၈၉၄)မြေသိမ်းဥပဒေကို ဖျက်သိမ်းရန်ရည်ရွယ်တဲ့ မြေသိမ်းဥပဒေ ကြမ်း (၂၀၁၇) ကိုလွှတ်တော်မှာ တင်သွင်းဆွေးနွေးခဲ့ကြပြန်ပါတယ်။

ဦးနုလက်ထက်ကနေ နိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်လက်ထက်အထိဖြစ်ပွားခဲ့တဲ့ မြေယာအဓမ္မသိမ်းယူမှုတွေ ကိုကြည့်ရင် (၂၀၁၈)ခုနှစ်တိုင်အောင် အစိုးရအဆက်ဆက်၊ အာဏာရှင်အဆက်ဆက်က (၁၈၉၄)မြေသိမ်းဥပဒေကို မျက်ကွယ်ပြု ပြီး ကျူးလွန်ဖောက်ဖျက်ခဲ့တာအထင်အရှားဖြစ်နေတဲ့အတွက် ခေတ်အဆက်ဆက်တန်းတူညီမျှရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ရေးဆိုတဲ့ ပင်လုံစိတ်ဓာတ်ကို ဖိနှိပ်ဆန့်ကျင်နေတာဟာ တိုင်းရင်းသားတွေအပေါ် နိုင်ငံရေးအခွင့်အရေး၊ လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်နေမှုပဲ ဖြစ်ပါတယ်။

ဒီလိုကျူးလွန်မှုတွေအပေါ်မှာ ဗမာပြည်ရဲ့နိုင်ငံရေးကို မသိနားမလည်တဲ့နိုင်ငံခြားအဖွဲ့အစည်းတွေက ပြည်မပရောဂျက် စား (Project Money) မြေယာအဖွဲ့တချို့နဲ့ပူးပေါင်းပြီး ငွေနဲ့နည်းပညာတွေထောက်ပံ့၊ တန်းတူညီမျှရေးနဲ့ပင်လုံကတိကဝတ်တွေ ကို ဖောက်ပြန်ကျူးလွန်ရာမှာ အားတက်သရောပါဝင်နေတာဟာလည်း လုံးဝမေ့လို့မရတဲ့ သမိုင်းအမှန်တစ်ခုအဖြစ် မှတ်တမ်းတင် ထားရမှာဖြစ်ပါတယ်။ ဦးသိန်းစိန်(စစ်အစိုးရ) လက်ထက်မှာ စတင်ရေးဆွဲခဲ့တဲ့အမျိုးသားမြေအသုံးချမှု ဖြစ်စဉ်တွေမှာ ပါဝင်ခဲ့တဲ့မြေယာမဏ္ဍိုင်အဖွဲ့ (LCG)ဟာ ဒေါ်အောင်ဆန်းစုကြည်လက်ထက်အထိ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေ၊ လယ်ယာမြေဥပဒေ၊ မြေသိမ်းဥပဒေတွေအတည်ပြုခဲ့တဲ့ ယနေ့ခေတ်ကာလအထိ ပါဝင်ကျူး လွန်နေတာကိုလည်း သမိုင်းမှာအထင်အရှားတွေ့နိုင်ပါတယ်။ အမျိုးသားမြေအသုံးချမှုမူဝါဒကို (၂၀၁၂)ခုနှစ်ကစတင်၍ တိတ်တ ဆိတ်ရေးဆွဲခဲ့ခြင်းဖြစ်ပြီးမြေယာမဏ္ဍိုင်အဖွဲ့နဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေပါဝင်ခဲ့ပါတယ်။ ၂၀၁၄-ခုနှစ် ရောက်ကာမှ တန်းတူညီမျှ ရေးနဲ့ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းနေတဲ့တိုင်းရင်းသားတွေနဲ့ တန်းတူညီမျှရေးလိုလားတဲ့ ပြည်မကဗမာအင်အားစုတွေ တပ်ပေါင်းစုံအသွင်စုဖွဲ့ထားတဲ့ ဒို့မြေကွန်ယက်က(LIOH) ကဝင်ရောက်ကန့်ကွက်ခြင်း၊ ကချင်ပြည် နယ်မှာ ဆန္ဒပြခြင်း၊ အစုအဖွဲ့အလိုက်ဝင်ရောက်ဆွေးနွေးခြင်း၊ ပွဲချိန်အတွင်းအစုအဖွဲ့လိုက်ထွက်ခွာခြင်း၊ ပြည်နယ်နှင့်တိုင်းအား လုံးနီးပါးရှိ တိုင်းရင်းသားပေါင်းစုံထံမှမြေယာအချက်အလက်များကို ဝင်ရောက်ထည့်သွင်းခြင်း စတာတွေကို တရစပ်ပြုလုပ်ခဲ့ကာ (၂၀၁၄) မှ (၂၀၁၅)ကုန်ထိနှစ်နှစ်နီးပါး ကြာမြင့်ခဲ့ပါတယ်။ ၂၀၁၆-ခုနှစ် ဇန်နဝါရီလမှာတော့ အမျိုးသားမြေအသုံးချမှုမူဝါဒ ထွက် ပေါ်လာခဲ့ပါတယ်။ (၂၀၁၆)မြေယာမူဝါဒထဲမှာ မြေယာတန်းတူညီရေး၊ မြေယာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ မြေယာနဲ့ပတ်သက်၍ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်ခြင်း၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးနဲ့ ကျား/မ ဆိုင်ရာတန်းတူ ညီမျှမှု စတဲ့အချက်အလက်များကို ထည့်သွင်းနိုင်ခဲ့ပါတယ်။ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုနဲ့ပတ်သက်တဲ့ ဒီအချက်အလက်တွေကို အမျိုးသားမြေအသုံးချမှုမူဝါဒ အပိုင်း(၈) တိုင်းရင်းသားအခန်းကဏ္ဍမှာ လေ့လာနိုင်ပါတယ်။ (၁၉၄၇) အခြေခံဥပဒေလိုပဲ ဒီနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေဟာ နောက်ဆုံးမှာ ဗမာလူမျိုးတွေ စိတ်ကြိုက်ချယ်လှယ်တာကို ခံရသလိုပါပဲ။ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုနဲ့ ဆန့်ကျင်ဖက်အချက်အလက်တွေကိုလည်း ဒီမူဝါဒထဲမှာ အစုလိုက် ခပ်စိတ်စိတ် တွေ့ရသည်။

(၁၀၊ ၁၁၊ ၂၀၁၆) နေ့မှာ ဦးရွှေမန်းဦးဆောင်တဲ့ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင်၏ အမျိုးသားမြေပုံဥပဒေပြဋ္ဌာန်းရေးအတွက် အမျိုးသားမြေအသုံးချမှုမူဝါဒ (National Land and Use Policy) ကိုပြန်လည်သုံးသပ်ရေးဆွဲနိုင်ရေးအကြံပြုတင်ပြချက် လွှတ်တော်အတွင်းထွက်ရှိလာခဲ့ပြီး ထည့်သွင်းရန်မသင့်လျော် သော မသက်ဆိုင်သည့်အချက်များဟု ခေါင်းစဉ်ထွက်ရှိလာပါတယ်။ အကျဉ်းချုပ်အားဖြင့် ဖော်ပြရလျှင် အပိုင်း (၈)တွင် မြေအသုံးချမှုမူဝါဒတွင် တိုင်းရင်းသားလူမျိုးများ၏မြေအသုံးချမှုအခွင့်အရေးကို သီးခြားခေါင်းစဉ်တစ်ခုဖြင့် ထည့်သွင်းဖော်ပြရန် မလိုအပ်ပါ။ ထို့အတူ တိုင်းရင်းသားလူမျိုးများ၏ မြေအသုံးချမှုအခွင့်အရေးတွင် ရိုးရာဓလေ့အရ အလှည့်ကျအနားပေးတောင်ယာ (ရွှေ့ပြောင်းတောင်ယာ) များကို မှတ်ပုံတင်ရန် ဖော်ပြထားပါသည်။ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှုကို တရားဝင်အသိအမှတ်ပြု မှတ်ပုံတင်နိုင်ရေးအတွက် မူဝါဒတွင် ထည့်သွင်းဖော်ပြရန်မသင့်ပါ။ အခြေခံမူများ အပိုဒ်-စ(က)ပါ မြေနှင့်သက်ဆိုင်သည့် အခွင့်အရေးများအပါအဝင် တည်ဆဲဥပဒေများတွင် အမျိုးသား/သမီး ခွဲခြားမှုမရှိဘဲ တန်းတူအခွင့်အရေးပေးထားသဖြင့် လက်ရှိ အခြေအနေတွင် ထည့်သွင်းဖော်ပြရန်မသင့်ပါ။ ထို့အပြင် နိုင်ငံတော်သည် နိုင်ငံတော်အတွင်းရှိမြေအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်ရာ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် လိုအပ်လျှင်နိုင်ငံတော်မြေသိမ်းဆည်းပြီး စီမံခန့်ခွဲရန်ဆိုသည့်အချက်ကို ထပ်မံဖြည့်စွက်ရန် အကြံပြုခဲ့ပါတယ်။

တစ်ဖက်တွင်လည်း NCAလက်မှတ်ရေးုထိုးကာ ဖက်ဒရယ်ပြည်ထောင်စုသို့ ချီတက်မည်၊ ၂၁-ပင်လုံ ငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့ပြီး ပင်လုံစိတ်ဓာတ်နဲ့ချီတက်ဖို့ ကြွေးကြော်နေခဲ့ပေမယ့် အမျိုးသားတန်းတူရည်တူကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတည်ထောင်ဖို့ သံန္ဓိဋ္ဌာန်ချမှတ်ခဲ့တဲ့ ပင်လုံစိတ်ဓာတ်နဲ့ဆန့်ကျင်ကာ တောင်သူလယ်သမားတွေကိုသာမကဘဲ တောင်သူအရေးတက်ကြွလှုပ်ရှားကြသည့်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ထောင်ထဲထည့်ဖို့အတွက် ရေးဆွဲထား သလိုဖြစ်နေတယ်။ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ၊ သိမ်းထားတဲ့မြေတွေကို တရားဝင်ဖြစ်စေတဲ့ တောင်သူတွေလက်ရှိလုပ်ကိုင်နေ ကြတဲ့မြေယာတွေ တရားဝင်လက်လွှတ်ဆုံးရှုံးစေရေးအတွက်ရေးဆွဲတဲ့ မြေလွတ်မြေလပ်နဲမြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို အတည်ပြုတာ၊ မြေသိမ်းပြီးရင်းနှီးမြုပ်နှံမှုပြုလုပ်မယ့်သူတွေဖက်က တစ်ဖတ်သတ်ရပ်တည်နေတဲ့ မြေသိမ်းဥပဒေကို ခေါင်းစဉ် ပြောင်းပြီး မြေသိမ်းဆည်းတာ၊ ပြန်လည်နေရာချထားခြင်းနဲ့ ပြန်လည်ထူထောင်ခြင်းဆိုင်ရာဥပဒေ (၂၀၁၉)စတဲ့ဥပဒေတွေကို လွှတ်တော်အတွင်းမှာ တရွတ်တိုက်ဆွဲ၊ တရစပ်ထုတ်ပြန်နေတာတွေဟာ “ငါတို့ရဲ့ဘဝ၊ ငါတို့ရဲ့သမိုင်း၊ ငါတို့ရဲ့အချုပ်အခြာအာ ဏာ” ဆိုတဲ့တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်းထောင်ချီရပ်တည်မှုတွေနဲ့ ဦးနုခေတ်ကာလမှသည် ယနေ့ခေတ်ကာလအထိ ဖြောင့် ဖြောင့်ကြီး ဆန့်ကျင်နေဆဲဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ရတဲ့အကြောင်းရင်းတွေမှာ မြေယာအချုပ်အာဏာပိုင်စိုးမှုပြဿနာဟာ အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ခေတ်အဆက်ဆက် ဗမာပြည်အစိုးရတွေပြောနေတဲ့ဖက်ဒရယ် ဟာတကယ်လား၊ အိမ်မက်လား၊ မေးစရာတစ်ပုံတစ်ခေါင်းကြားမှာ ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဒုတိယမူကြမ်းထွက်ရှိခဲ့ပြီးဖြစ်သည့်အပြင် မူနဲ့သိပ်မကွာလှတဲ့ တန်းတူညီမျှရေးယုံကြည်ကြတဲ့ ဗမာနိုင်ငံရေးပါတီအင်အား စုအချို့နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ အင်အားစုတွေစုပေါင်းထားတဲ့ (UNA+) မှလည်း ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း စတင်ထွက်ရှိနေပြီဖြစ်ပါတယ်။ ပြည်နယ်တစ်ခုချင်းစီအလိုက် မြေယာမူဝါဒတွေထွက်ရှိနေပြီဖြစ်သလို ဆက်လက်ထွက်ရှိအောင် ကြိုးစားရုန်းကန်နေတဲ့ ကာလလည်းဖြစ်ပါတယ်။ (၂၀၀၀)ခုနှစ်မှာ ပြည်နယ်တွေရဲ့ဖွဲ့စည်းပုံတွေကို ကိုယ့်ပြည်နယ်အလိုက် ရေးဆွဲခဲ့ကြရာ ပြည်နယ် (၅)ခုမှ ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲကြပြီး ချင်းပြည်နယ်မှ ကွန်ဖက်ဒရေးရှင်းကိုဦးတည်ခဲ့ပြီး ယခုအခါ “ဝ” ဒေသနဲ့ ရခိုင်ပြည်နယ်ကပါ ကွန်ဖက်ဒရေးရှင်းတောင်းဆိုလာပြီဖြစ်ပါတယ်။ ကွန်ဖက်ဒရေးရှင်းတောင်းဆိုမှုတွေကို ကြည့်ခြင်း အားဖြင့် ဗမာပြည်မနဲ့ဆွေးနွေးနေတဲ့ ဖက်ဒရယ်စနစ်ဟာဆွေးနွေးခဲ့တဲ့ နှစ်ပေါင်း(၇၀)ကျော်ကာလအတွင်း အပြောနဲ့လက်တွေ့နဲ့ ကွာခြားနေတာကြောင့်ဖြစ်နိုင်ပါတယ်။ NCA လက်မှတ်ရေးထိုးခဲ့ရုံသာမက ၂၁-ပင်လုံ ငြိမ်းချမ်းရေးညီလာခံကျင်းပနေဆဲ ယနေ့ ကာလမှာပင်လျှင် ပင်လုံစိတ်ဓာတ်ဖြင့်ချီတက်ရန် ကြွေးကြော်နေခဲ့သော်လည်း အမျိုးသားတန်းတူရည်တူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ထားရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ဖို့ သံဓိဋ္ဌာန်ချမှတ်ခဲ့သည့် ပင်လုံစိတ်ဓာတ်နဲ့ ဆန့်ကျင်နေတဲ့မြေယာမူဝါဒတွေ၊ မြေယာဥပဒေတွေထွက်ရှိနေတာဟာဖြင့် အာဏာရှင်မြေယာစီမံခန့်ခွဲမှုမှ ဖက်ဒရယ်မြေယာစီမံခန့်ခွဲမှုဆီသို့ တကယ်ချီတက်ရာမှာ ကြီးမားပြီးအရေးပါတဲ့ နိုင်ငံရေးပြဿနာဖြစ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

နေယံ