• Today is: Monday, August 2, 2021

အာဏာသိမ်းမြန်မာစစ်တပ်က အင်ဒိုနီးရှားသွားခဲ့တဲ့လမ်းကြောင်းကို သွေဖည်သွားခဲ့ပြီ

Federal Journal
June14/ 2021

Zawgyi

၁၉၉၈ ေနာက္ပိုင္း ဆူဟာတိုအလြန္ အင္ဒိုနီးရွားႏွင့္ မတူေသာလမ္းကို ျမန္မာက ေ႐ြးခ်ယ္ခဲ့သည္မွာ ထင္ရွားခဲ့ၿပီ။
ျမန္မာစစ္တပ္က အာဏာသိမ္းၿပီး ေျခာက္ပတ္အၾကာ မတ္လထဲတြင္ အင္ဒိုနီးရွားက ျမန္မာစစ္တပ္သို႔ ကမ္းလွမ္းခ်က္တစ္ရပ္ ေပးပို႔ခဲ့သည္။ ဒီမိုကေရစီစနစ္ျဖင့္သြားေနေသာ ႏိုင္ငံတြင္ တပ္မ်ားကို မည္သို႔ ပေရာ္ဖက္ရွင္နယ္ျဖစ္လာေအာင္ တည္ေဆာက္ၾကမည္နည္းဆိုေသာ အေတြ႕အႀကဳံမ်ား အင္ဒိုနီးရွားတြင္ ရွိေၾကာင္း၊ ထိုအေတြ႕အႀကဳံမ်ားကို ေဝမွ်လိုေၾကာင္း အင္ဒိုနီးရွား ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္တိုင္ ကမ္းလွမ္းခဲ့သည္။ ေလတပ္စစ္ဦးစီးခ်ဳပ္ အဒီတီဂ်ာဂ်န္တိုအေနႏွင့္ စိတ္ရင္းေစတနာကို အေျခခံကာ ကမ္းလွမ္းခဲ့ေသာ္လည္း ျမန္မာ ဘက္က လက္မခံခဲ့ေပ။ ျမန္မာစစ္တပ္သည္ ဆယ္စုႏွစ္အခ်ိဳ႕အလြန္က အင္ဒိုနီးရွားေလွ်ာက္ခဲ့ သည္လမ္းကို ေလ့လာရန္ အရာရွိမ်ားကို ဂ်ာကာတာသို႔ ေစလႊတ္ခဲ့ဖူးသည္။ ယခုအခါ တြင္မူ ျမန္မာစစ္တပ္သည္ အာဏာရွင္စနစ္မွ ဒီမိုကေရစီသို႔ ကူးေျပာင္းေရး သမိုင္းထဲမွ သင္ခန္းစာကို သင္ယူရန္ စိတ္ကူးမရွိေတာ့ေပ။ ၁၉၉၈ ဆူဟာတို ႐ုပ္ပ်က္ဆင္းပ်က္ ျပဳတ္က်သြားခဲ့ၿပီး ေနာက္ပိုင္းတြင္ အင္ဒိုနီးရွားစစ္တပ္သည္ ႏိုင္ငံေရးတြင္ ပါဝင္ေနေသာ မိမိတို႔၏ အခန္းက႑ကို တမင္ပင္ ဖ်က္သိမ္းခဲ့သည္။ ယခု ျမန္မာႏိုင္ငံက လိုအပ္ေနသည္မွာ ထိုကဲ့သို႔ေသာ အေျပာင္းအလဲျဖစ္သည္။
ေဖေဖာ္ဝါရီတစ္ရက္ေန႔တြင္ ျဖစ္ပြားခဲ့ေသာ စစ္အာဏာသိမ္းျခင္းေၾကာင့္ ျမန္မာႏိုင္ငံမွ အေျခမခိုင္ တတ္ေသးေသာ ဒီမိုကေရစီယိုင္လဲခဲ့ရသည္။ ဤတြင္ ျမန္မာစစ္တပ္၏ ေ႐ြးခ်ယ္မႈသည္ အင္ဒိုနီးရွားလမ္းစဥ္ ႏွင့္ လုံးဝေသြဖည္သြားေပၿပီ။
ေလာေလာဆယ္ ျမန္မာစစ္တပ္က ထိုင္းစစ္တပ္ ၏ နမူနာကို မ်က္စိက်ေနသည္။ စစ္အာဏာသိမ္းၿပီး ဆယ္ရက္ခန႔္အၾကာတြင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္ လႈိင္သည္ ထိုင္းႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာ ထံ ဒီမိုကေရစီစနစ္ တည္ေဆာက္ႏိုင္ေရးအတြက္ အကူအညီမ်ားေပးပါရန္ ေတာင္းခံခဲ့သည္။ ၂၀၁၄ တြင္ စစ္အာဏာသိမ္းခဲ့ၿပီး ဒီမိုကေရစီနည္းက် ေ႐ြးေကာက္ ခံ ထားရေသာ ထိုင္းဝန္ႀကီးခ်ဳပ္ကို ဖယ္ရွားခဲ့သူ ပရာ ယြတ္ထံမွ ဒီမိုကေရစီနည္းလမ္းကို ေတာင္းခံေနျပန္ သည္။ ပရာယြတ္၏မူမွာ မိမိအာဏာစက္ကို ျဖန႔္က်က္ ႏိုင္ေအာင္ ႏိုင္ငံေရးအခင္းအက်င္းကို ျပန္တည္ယူျခင္း ျဖစ္သည္။ ထိုင္းေရးရာကြၽမ္းက်င္သူ Paul Chambers ကမူ တစ္ဝက္တစ္ပ်က္ဒီမိုကေရစီ သို႔မဟုတ္ အမည္ခံ ဒီမိုကေရစီဟုေခၚသည္။ ထိုပရာယြတ္ ဦးေဆာင္ေသာ ထိုင္းအစိုးရသည္ ျမန္မာစစ္တပ္၏ အာဏာသိမ္းေသာ လုပ္ရပ္ကို မရႈတ္ခ်ခဲ့ပါ။ ျမန္မာျပည္တြင္းေရးသာ ျဖစ္သည္ဟု ဆိုေနခဲ့သည္။ သို႔ရာတြင္ အင္ဒိုနီးရွားကမူ ျပတ္ျပတ္သားသား ေဝဖန္ခဲ့ၿပီး တပ္မေတာ္၏ ရက္စက္ ၾကမ္းၾကဳတ္ေသာ ႏွိမ္နင္းမႈမ်ားကို ရႈတ္ခ်ကာ ေဒၚေအာင္ ဆန္းစုၾကည္ ျပန္လည္လြတ္ေျမာက္ေရး အတြက္ ေတာင္းဆိုခဲ့သည္။ လူေပါင္းတစ္ရာေက်ာ္ကို စစ္တပ္က သတ္ပစ္ခဲ့သည့္ မတ္လ ၂၇ ေန႔ ေနျပည္ ေတာ္တြင္ က်င္းပ ေသာ တပ္မေတာ္ေန႔ အခမ္းအနား ကို အင္ဒိုနီးရွား စစ္သံမႉးမ်ားကလည္း ထိုင္းစစ္သံမႉး မ်ားကဲ့သို႔ မတက္ေရာက္ခဲ့ပါ။
အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး ဆူဟာတိုကို ၃၂ ႏွစ္ ၾကာမွ် ေက်ာေထာင့္ေနာက္ခံျပဳေပးခဲ့ေသာ အင္ဒိုနီး ရွားစစ္တပ္သည္ မိမိကိုလူႀကိဳက္နည္းလာသည့္အခ်ိန္ တြင္ မိမိ၏က်ရႈံးမႈကို လက္ခံရပါသည္။
ျမန္မာႏိုင္ငံတြင္မူ တပ္မေတာ္သည္ မိမိ၏ လက္ ကိုင္တုတ္ USDP ပါတီက ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲ တြင္ ျပည္သူတို႔က မေထာက္ခံသျဖင့္ မဲရႈံးသည္ကို ပင္ မဲလိမ္မႈမ်ားေၾကာင့္ ရႈံးရသည္ဟု တင္းခံခဲ့ေသာ ေၾကာင့္ အင္ဒိုနီးရွားစစ္တပ္ကဲ့ ဆုတ္ခ်ိန္တန္လွ်င္ ျပန္ဆုတ္မည့္လမ္း မျမင္ေပ။
“ျမန္မာစစ္တပ္က သူတို႔ကသာလွ်င္ တိုင္းျပည္ ကို မၿပိဳကြဲေအာင္ ကာကြယ္ႏိုင္မည့္သူေတြ ျဖစ္တယ္ ဆိုတဲ့ အယူအဆကို ကိုင္စြဲထားတုန္းပဲ”ဟု ဆူဟာတို ျပဳတ္အက်တြင္ စစ္တပ္အတြက္ အေရးႀကီးေသာ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္႐ြက္ရာတြင္ တာဝန္ယူ ခဲ့ရသူ အၿငိမ္းစားဗိုလ္မႉးခ်ဳပ္ ေအာဂက္စ္ ဝီဂ်ိဳဂ်ိဳက ေျပာၾကားသည္။
“အခု ျမန္မာစစ္တပ္ျဖစ္ေနတဲ့ပုံစံက ၁၉၈၀ ေက်ာ္ကာလေတြက ပုံစံမ်ိဳးဗ်”ဟု ၎ကဆိုသည္။ ၁၉၉၆-၁၉၉၈ အာရွေငြေၾကးအက်ပ္အတည္းေၾကာင့္ ျပႆနာမ်ား ဆက္တိုက္ျဖစ္လာၿပီးေနာက္ လူရာခ်ီ ေသဆုံးခဲ့ရေသာ အုံျြကမႈမ်ားအၿပီး ဆူဟာတိုျပဳတ္ က်ခဲ့သည့္ျဖစ္စဥ္မွ ျမန္မာစစ္တပ္သည္ တရားမရ ႏိုင္ဘဲ ရွိသည္။
အင္ဒိုနီးရွားစစ္တပ္ရဲ႕ ဆူဟာတိုအလြန္ ျပဳျပင္ ေျပာင္းလဲေရးေတြမွာ ျမန္မာကယူမယ္ဆိုရင္ ရေကာင္း တဲ့ အသုံးတည့္ႏိုင္တဲ့ သင္ခန္းစာေတြ အမ်ားႀကီးရွိ တယ္။ ဒါေပမယ့္ အဲဒါေတြကို ယူမယ့္အစား ျမန္မာ စစ္တပ္က ၁၉၉၈ မတိုင္ခင္က အင္ဒိုနီးရွားစစ္တပ္ ေမာ္ဒယ္ကိုပဲ အားက်ေနတာဟု စင္ကာပူ The S. Rajaratnam School of International Studies (RSIS) မွ အင္ဒိုနီးရွား အစီအစဥ္ ညႇိႏႈိင္း ေရးမႈး Leonard Sebastian က ေျပာၾကားသည္။
သမိုင္းေၾကာင္း ျဖတ္သန္းမႈအရ အင္ဒိုနီးရွား စစ္တပ္ႏွင့္ ျမန္မာစစ္တပ္တို႔ တူညီေသာ အခ်က္မ်ား ရွိသည္။ လြတ္လပ္ေရးအတြက္ တိုက္ခဲ့ရသည္။ ကိုလိုနီ အစိုးရကို ေမာင္းထုတ္ခဲ့ရသည့္အတြက္ေၾကာင့္ တိုင္း ျပဳျပည္ျပဳ တပ္မေတာ္တည္းဟူေသာ ဂုဏ္ကိုပိုင္ခဲ့ၾက သည္။ ထို႔ေၾကာင့္ပင္ ႏွစ္ႏိုင္ငံစလုံး၏ ႏိုင္ငံေရးတြင္ တပ္သည္ ႀကီးမားသည့္အစိတ္အပိုင္းကဲ့သို႔ ပါဝင္ႏိုင္ သည့္ အစဥ္အလာျဖစ္လာသည္။ ထို႔ျပင္ ႏွစ္ႏိုင္ငံစလုံး မွ စစ္တပ္မ်ားကိုၾကည့္လွ်င္ ႏိုင္ငံေတာ္နည္းပါးေန ေသာ ဘတ္ဂ်က္က စစ္တပ္ႏွင့္ မသက္ဆိုင္သလိုပင္ စစ္တပ္ကို ေထာက္ကူထားေပးေသာ စီးပြားေရး အက်ိဳး အျမတ္မ်ားႏွင့္ မကင္းေပ။ ျမန္မာ့ တပ္မေတာ္ ဆိုလွ်င္ အျမတ္အစြန္းႀကီးမားလွေသာ ေက်ာက္စိမ္း လုပ္ငန္း မ်ားမွ အက်ိဳးအျမတ္ကို ရရွိေနခဲ့သည္။ ႏွစ္ႏိုင္ငံစလုံးမွ စစ္တပ္မ်ားသည္လူ႔အခြင့္အေရးကို ဆိုးဆိုး႐ြား႐ြား ခ်ိဳးေဖာက္ေသာ သမိုင္းေၾကာင္းရွိ သည္။ ထို႔ေၾကာင့္ ျမန္မာသည္ ျပဳျပင္ေျပာင္းလဲေရးကို ေမွ်ာ္ေသာအခါ တစ္ခ်ိန္က အင္ဒိုနီးရွား၏ ေမာ္ဒယ္ကို အားက်ခဲ့သည္။
သို႔ရာတြင္ အင္ဒိုနီးရွားသည္ Authoritarianism အာဏာရွင္စနစ္မွ တစိုက္မတ္မတ္ဖယ္ခြာရန္ ဆုံးျဖတ္လိုက္ေသာအခ်ိန္တြင္ ျမန္မာစစ္တပ္က အင္ဒိုနီးရွားကို ဆရာမတင္လိုေတာ့ေပ။ ယခုအခ်ိန္ တြင္မူ ဆူဟာတို၏ အင္ဒိုနီးရွားႏွင့္ေနဝင္း၏ ျမန္မာ ျပည္ဟူ၍ ဆင္တူႏႈိင္းဆခဲ့ဖူးေသာ ႏွစ္ႏိုင္ငံသည္ လမ္းခြဲတြင္ တစ္လမ္းစီ ေလွ်ာက္ခဲ့ၾကၿပီ ျဖစ္သည္။
ဆူဟာတိုသည္ ကယ္လီဖိုးနီးယားတကၠသိုလ္ (ဘာကေလ)မွ ျပန္လာေသာ ဘာကေလ မာဖီးယား အုပ္စုဟုတြင္သည့္ ေခတ္ပညာတတ္မ်ားကို အစိုးရထဲ ေခၚသြင္းၿပီး ဆယ္စုႏွစ္မ်ားစြာ လက္သပ္ ေမြးခဲ့သည္။ တိုင္းျပည္ကို ကမာၻႏွင့္ ခ်ိတ္ဆက္မိေအာင္လမ္းဖြင့္ ေပးခဲ့ၿပီး ပုဂၢလိက ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ဖိတ္ေခၚခဲ့ သည္။ ဆူဟာတိုသည္ အင္ဒိုနီးရွားစီးပြားေရး၏ အစိတ္ အပိုင္းမ်ားစြာကို ရင္းႏွီးျမႇဳပ္ႏွံသူတို႔အႀကိဳက္ ေျဖေလွ်ာ့ ေပးခဲ့သည္။ ေရတိုတြင္ စီးပြားတက္ခဲ့ၿပီး တစ္ႏွစ္လွ်င္ ၆ ရာခိုင္ႏႈန္း တိုးတက္ခဲ့သည္။ ေနဝင္းသည္ တိုင္းျပည္ ကို အထီးက်န္ေစခဲ့ၿပီး ျမန္မာ့ဆိုရွယ္လစ္ လမ္းစဥ္ျဖင့္ သယံဇာတေပါမ်ား လွေသာ ႏိုင္ငံတစ္ခုကို အလြန္ ဆင္းရဲေသာ ႏိုင္ငံတစ္ခု ျဖစ္ေစခဲ့သည္။ ၂၀၁၀ တြင္ ေအာင္ဆန္းစုၾကည္ကို ေနအိမ္အက်ယ္ခ်ဳပ္မွ လႊတ္ေပးၿပီးေနာက္ စစ္တပ္ သည္ စီးပြားေရးတြင္ ေျဖေလွ်ာ့မႈမ်ား စတင္ျပဳလုပ္ လာခဲ့သည္။ ႏိုင္ငံပြင့္လင္း လြတ္လပ္လာမႈ အထိုက္ အေလ်ာက္ ရွိလာသည့္ အေလ်ာက္ လူေနမႈအဆင့္ လည္း အတန္ငယ္ ျမင့္လာခဲ့သည္။ သို႔ရာတြင္ ၂၀၂၀ ကိုဗစ္-၁၉ ျဖစ္ပြားလာခ်ိန္တြင္ တိုင္းျပည္စီးပြားေရး တစ္ဖန္ျပန္က်ဳံ႕ရသည့္ အျဖစ္မ်ိဳးႏွင့္ ႀကဳံႀကိဳက္ ရသည္။ စစ္တပ္က ေဖေဖာ္ဝါရီ ၁ ရက္ ေန႔ အာဏာ သိမ္းလိုက္ေသာအခါ ႏိုင္ငံကို ကပ္ေဘး ေပါင္းစုံထဲ တြန္းထည့္လိုက္သကဲ့သို႔ ျဖစ္လာခဲ့သည္။ Fitch Solutions ဟူေသာ စီးပြားေရးအတိုင္ပင္ခံ အဖြဲ႕က ျမန္မာ့စီးပြားေရးမွာ ၂၀ ရာခိုင္ႏႈန္းေလာက္ အထိ က်ဳံ႕ဝင္သြားႏိုင္သည္ဟု ခန႔္မွန္းထားသည္။
အတိုက္အခံမ်ားကို ႏွိမ္နင္းရာတြင္ ရက္စက္ ေသာ ဆူဟာတိုသည္ပင္လွ်င္ တိုင္းျပည္တြင္ ေ႐ြး ေကာက္ပြဲကို ငါးႏွစ္တစ္ႀကိမ္က်င္းပသည့္ အစဥ္ အလာကို ခိုင္ၿမဲေအာင္တည္ေဆာက္ခဲ့ေသးသည္။ ထို ေ႐ြးေကာက္ပြဲစနစ္ေၾကာင့္ တိုင္းျပည္သည္ တည္ ၿငိမ္ခဲ့ၿပီး ရင္းႏွီးျမႇဳပ္ႏွံသူတို႔ ယုံၾကည္ရေလာက္သည့္ ႏိုင္ငံျဖစ္လာေစသလို ゞင္း၏ ေနရာကိုလည္း စစ္တပ္ ၏ အထက္တြင္ ဩဇာလႊမ္းမိုးေနေအာင္ ထိန္းထားႏိုင္ ခဲ့သည္။ ၁၉၈၈ အေရးအခင္းတြင္ လူေထာင္ခ်ီ၍ သတ္ၿပီး အာဏာသိမ္းလာခဲ့ေသာ ျမန္မာစစ္တပ္သည္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ေသာ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က အႏိုင္ရခဲ့ေသာ ေ႐ြးေကာက္ပြဲ ရလဒ္ကို ျငင္းပယ္ခဲ့သည္။ ထိုအျဖစ္အပ်က္မ်ား ေနာက္ ပိုင္း ၁၉၉၀ေက်ာ္ကာလမ်ားတြင္ ျမန္မာစစ္တပ္သည္ ဆူဟာတိုလက္ေအာက္အင္ဒိုနီးရွားကို ေလ့လာရန္ တပ္မေတာ္အရာရွိမ်ားကို ေစလႊတ္ခဲ့သည္။
ဆူဟာတိုေခတ္၏ ထင္ရွားေသာ ျပယုဂ္တစ္ခု မွာ စစ္တပ္သည္ ႏိုင္ငံေရးတြင္သာမက လူမႈစီးပြား ထဲတြင္ ပင္ အႀကီးအက်ယ္ေနရာယူထားျခင္းျဖစ္သည္။ ထိုမူ ကို ႏွစ္ဌာနႀကီးစိုးေရးမူ dual function (dwi fungsi) ဟု လူသိခဲ့ၾကသည္။ ထို႔ေၾကာင့္ပင္လည္း စစ္သားမ်ားသည္ ေ႐ြးေကာက္ပြဲတြင္ မဲထည့္ခြင့္ မရွိေသာ္လည္း ႏိုင္ငံေရးတြင္ အလိုအေလ်ာက္ ပါလီ မန္၏အမတ္ ေနရာ ၂၀ ရာခိုင္ႏႈန္းကို အုပ္စီးခဲ့သည္။ ႏွစ္ေပါင္း မ်ားစြာအၾကာတြင္ ျမန္မာသည္ ထိုမူမ်ိဳးကို အေကာင္အထည္ေဖာ္လာခဲ့ၿပီး ၂၀ဝ၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ တပ္မေတာ္က စစ္တပ္က ႏိုင္ငံေရး တြင္ အလိုအေလ်ာက္ပါဝင္ခြင့္ကို လႊတ္ေတာ္အမတ္ ေနရာ ၂၅ ရာခိုင္ႏႈန္းကို ပုံေသရယူျခင္းျဖင့္ ခရီး ဆက္ခဲ့သည္။ ထိုသို႔ ၂၅ ရာခိုင္ႏႈန္းကို ရယူထားျခင္း ေၾကာင့္ မည္သည့္အေျပာင္းအလဲကိုမွ် စစ္တပ္ သေဘာမတူဘဲ မလုပ္ႏိုင္ေအာင္ ပိတ္ဆို႔ထားႏိုင္ခဲ့ သည္။ ျမန္မာႏိုင္ငံ တြင္ ထိုအစီအစဥ္မ်ားစတင္ခဲ့ ခ်ိန္တြင္ အင္ဒိုနီးရွားသည္ စစ္တပ္၏ ႏိုင္ငံေရး ေနရာ အပိုင္စားယူျခင္းကို လုံးလုံးဖ်က္သိမ္းခဲ့သည္မွာ ငါးႏွစ္ပင္ၾကာခဲ့ၿပီျဖစ္သည္။
ဆူဟာတိုအလြန္ အင္ဒိုနီးရွားတြင္ စစ္တပ္ကိုယ္ တိုင္က ထို ႏိုင္ငံေရးထဲ အလိုအေလ်ာက္ ေနရာယူခြင့္ ကို တျဖည္းျဖည္းလူေလွ်ာ့ေသာစနစ္ျဖင့္ စတင္ေနာက္ ဆုတ္လာခဲ့သည္မွာ ၁၉၉၉ ေနာက္ပိုင္းတြင္ စတင္ခဲ့ၿပီး ၂၀ဝ၀ တြင္ အင္ဒိုနီးရွားတပ္က လႊတ္ေတာ္ထဲမွ ယူနီ ေဖာင္းဝတ္မ်ားကို ထုတ္ပစ္ရန္ တရားဝင္ေၾကညာခဲ့ၿပီး ၂၀ဝ၄ ေ႐ြးေကာက္ပြဲအၿပီးတြင္ အၿပီးတိုင္ရာႏႈန္းျပည့္ ဖယ္ရွားခဲ့ၾကသည္။ စစ္တပ္က ထိုသို႔ အျမင္မွန္ရလာ ေသာအခါတြင္လည္း ျပည္သူအမ်ားက ႀကိဳဆိုခဲ့ၾက သည္။ ယခု ဒုတိယသက္တမ္း တာဝန္ထမ္းေဆာင္ေန ေသာ သမၼတဂ်ိဳကိုဝီဒိုဒိုသည္ စစ္ဘက္မွ လာသူတစ္ ေယာက္မဟုတ္ေပ။ သို႔ရာတြင္ အင္ဒိုနီးရွားတြင္လည္း စစ္ဘက္မွ လႊမ္းမိုးမႈ အျမစ္မျပတ္ႏိုင္ဘဲရွိရာ ゞင္း၏ လက္ထက္တြင္ အၿငိမ္းစားစစ္ဗိုလ္ခ်ဳပ္မ်ားသည္ အေရးပါေသာ ဝန္ႀကီးရာထူးမ်ားႏွင့္ ကက္ဘိနက္တြင္ ေနရာဝင္ယူလာၾကသည္။ သို႔ေသာ္လည္း စစ္တပ္ သက္သက္အေနႏွင့္မူ ပို၍ ပေရာက္ဖက္ရွင္နယ္ ဆန္ လာခဲ့ၿပီး ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးအစီအစဥ္မ်ား တြင္ ေထာက္ပံ့ပို႔ေဆာင္ေရးလုပ္ငန္းမ်ားတြင္ အင္အား ျဖည့္တင္းေပးေနခဲ့သည္။
ဆူဟာတိုေခတ္က ပါလီမန္ေ႐ြးေကာက္ပြဲမ်ား တြင္ အစိုးရဝန္ထမ္းမ်ားထံမွ မဲကို မရရေအာင္ ေဆာင္ ႐ြက္ေသာ စနစ္မ်ားကို သုံးၿပီး အာဏာခိုင္ၿမဲေစခဲ့သည္။ အင္ဒိုနီးရွားတြင္ ျပည္သူ႔ဝန္ထမ္းေပါင္း သန္းေပါင္း မ်ားစြာရွိေနသလို အစိုးရက ဖြဲ႕စည္းေပးထားေသာ အစိုးရကို ေထာက္ခံသည့္အဖြဲ႕အစည္းမ်ားကလည္း မိမိကို အၿမဲမဲေပးရေလေအာင္ ဆူဟာတိုက ႀကံေဆာင္ ခဲ့သည္။ မိမိေရွ႕မွ ဆူကာႏိုက ခ်မွတ္ခဲ့ေသာ ႏိုင္ငံေရး စနစ္မ်ားႏွင့္ ေသြဖည္လာခဲ့ေသာ ဆူဟာတိုသည္ ကြန္ျမဴ နစ္မ်ားႏွင့္ အျခားပါတီဝင္မ်ားကိုလည္း ႏိုင္ငံေရးတြင္ မရွင္သန္ႏိုင္ေအာက္ ဖိႏွိပ္ခ်ဳပ္ျခယ္ခဲ့သည္။ မိမိ၏ Golkar ပါတီမွလြဲ၍ အျခားပါတီႏွစ္ခုကိုသာ ေ႐ြး ေကာက္ပြဲ ဝင္ခြင့္ေပးခဲ့သည္။ ေ႐ြးေကာက္ပြဲဝင္ေသာ ထိုပါတီ သုံးခုစလုံးက ပၪၥသီလတည္းဟူေသာ ႏိုင္ငံ ေရးအယူအဆကို သက္ဝင္အေကာင္အထည္ေဖာ္ပါ မည္ဟု ဝန္ခံကတိျပဳရသည္။ ေ႐ြးေကာက္ပြဲမ်ားကို ဆူဟာတိုက ဒီမိုကေရစီပြဲေတာ္ဟု နာမည္တပ္ခဲ့ေသာ္ လည္း အဓိပၸာယ္ျပည့္ဝရန္မွာ ေဝးပါေသးသည္။
တပ္မေတာ္က အေကာင္အထည္ေဖာ္ေနသည္ မွာ ျမန္မာႏိုင္ငံတြင္ USDP ကို Golkar ကဲ့သို႔ ေနရာ ယူႏိုင္ရန္ျဖစ္သည္။ USDP တည္းဟူေသာ ပါတီ ယႏၲရားေပၚတြင္ အၿငိမ္းစား စစ္အရာရွိႀကီးမ်ားကို ထည့္သြင္းမည္။ ၂၀၁၀ တြင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ NLD က ေ႐ြးေကာက္ပြဲကို သပိတ္ေမွာက္ခဲ့ေသာ ေၾကာင့္ USDP က ဂိုကာေနရာကို မွန္းႏိုင္ခဲ့ေသာ္ လည္း ၂၀၁၅ ႏွင့္ ၂၀၂၀ တြင္ ခြက္ခြက္လန္ေအာင္ မဲရႈံးသြားခဲ့သည္။ တပ္မေတာ္သည္ USDP ကို ဂိုကာ ေနရာတြင္ ထားခ်င္ေသာ္လည္း ဂိုကာကဲ့သို႔ အင္အားရွိ လာေအာင္ပင္ တည္ေဆာက္ႏိုင္ခဲ့ျခင္းမရွိဟု ဂ်ာကာ တာ အေျခစိုက္ Strategic and International Studies မွ အႀကီးတန္းသုေတသီ Evan Laksmana က ေျပာ ၾကားခဲ့သည္။
“ျမန္မာက အင္ဒိုနီးရွား၏ ေ႐ြးေကာက္ပြဲေမာ္ ဒယ္ကို နမူနာယူ၍ ေကာ္ၿပီကူးခဲ့ေသာ္လည္း တကယ္ တမ္း ေပၚထြက္လာသည္မွာ “ဆိုး႐ြားေသာ မိတၱဴ|”တစ္ခုသာ အဖတ္တင္သည္”ဟု ၎က ဆိုသည္။ ျမန္မာသည္ အင္ဒိုနီးရွားကဲ့သို႔ proportional representation- PR မဲအခ်ိဳးအစားအတိုင္း အာဏာ ခြဲယူေသာ စနစ္ကို မသုံးခဲ့ဘဲ အႏိုင္ရသူ အကုန္ယူ စနစ္ျဖစ္သည့္ a first-past-the-post ကို အႏိုင္ရ လိုေဇာႏွင့္ ေ႐ြးခဲ့ျခင္းသည္လည္း ဂိုကာလမ္းစဥ္ႏွင့္ မတူသည့္အခ်က္ျဖစ္သည္။
စစ္တပ္က အႏိုင္ယူလိုေဇာႏွင့္ အႏိုင္ရသူ အကုန္ ယူစနစ္ကို ေ႐ြးခ်ယ္ခဲ့ေသာ္လည္း တကယ္တမ္းတြင္မူ ထိုစနစ္က ゞင္းတို႔လိုလားေသာ ရလဒ္ကို မေပးေပ။
အင္ဒိုနီးရွားတြင္ လႊတ္ေတာ္ထဲမွာ စစ္သားမ်ား ကို ထုတ္ပစ္လိုက္ခဲ့ျခင္းမွာ ဆူဟာတိုေခတ္ အလြန္ ျပဳျပင္ေျပာင္းလဲေရး၏ ႀကီးမားေသာ အစိတ္အပိုင္းျဖစ္ သည္။ သို႔ရာတြင္ သူ႔ခ်ည္းသက္သက္ ေဆာင္႐ြက္ခဲ့ သည္မဟုတ္ပါ။ အျခားအေရးႀကီးေသာ ျပဳျပင္ေျပာင္း လဲမႈမ်ားကို ]Reformasi} ေခတ္တြင္ ေဆာင္႐ြက္ခဲ့ရပါ သည္။ ဆူဟာတိုေခတ္အလြန္တြင္ တက္လာေသာ သမၼတ B.J. Habibie သည္ သူ၏ မင္းဆရာျဖစ္ခဲ့ဖူး ေသာ ဆူဟာတို၏ ပုံစံခြက္ထဲမွ လိုလိုလားလား ရဲရဲ တင္းတင္း ခြဲထြက္ခဲ့သည္။ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကို လႊတ္ေပးခဲ့သည္။ အေရွ႕တီေမာအတြက္ ႏိုင္ငံလုံး ဆႏၵ ခံယူပြဲက်င္းပရသည္။ သမၼတတစ္ဦးလွ်င္ သက္ တမ္းငါးႏွစ္ ႏွစ္ႀကိမ္ထက္ပို၍ တာဝန္ ထမ္းေဆာင္ခြင့္ မရွိေအာင္၊ ႏိုင္ငံသားတိုင္းက သမၼတကို တိုက္႐ိုက္ တင္ေျမႇာက္ခြင့္ရေအာင္ ဖြဲ႕စည္း အုပ္ခ်ဳပ္ပုံအေျခခံ ဥပေဒကို ျပင္ဆင္ခဲ့သည္။ ပထမဆုံးအႀကိမ္ လူတိုင္း က သမၼတကို တိုက္႐ိုက္ ေ႐ြးခ်ယ္ႏိုင္ေသာ ေ႐ြးေကာက္ ပြဲ ကို ၂၀ဝ၄ တြင္ က်င္းပခဲ့ရာ ဆူဟာတို ထြက္ခြာၿပီး ၆ ႏွစ္အၾကာတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။ အႏိုင္ရသူ မွာ အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္ေသာ ဆူဆီလို ဗန္ဘန္းယူဒိုယိုႏိုျဖစ္လာခဲ့သည္။
ယူဒိုယိုႏိုလက္ထက္တြင္ အင္ဒိုနီးရွားသည္ ျမန္မာ ၏ ျပဳျပင္ေျပာင္းလဲေရးအတြက္ အႀကံေပးေနဆဲ ျဖစ္ သည္။ အင္ဒိုနီးရွား၏ လမ္းစဥ္သစ္မ်ားအေၾကာင္း ေျပာျပၿပီး ဒီမိုကေရစီ အကူးအေျပာင္းအတြက္ တရား ေဟာခဲ့သည့္ အင္ဒိုနီးရွားအစိုးရအဖြဲ႕ဝင္မ်ား ယူဒိုယိုႏို လက္ထက္အထိ ရွိခဲ့ၾကသည္။
Laksmana က “ကြၽန္ေတာ္တို႔က ကြၽန္ေတာ္ တို႔ သမိုင္းသင္ခန္းစာေတြကို ေျပာျပပါတယ္။ ဒါေပမဲ့ တပ္မေတာ္က လိုခ်င္တာက တိုင္းျပည္ကိုလည္း သူတို႔ လက္ထဲထားမယ္၊ တစ္ခ်ိန္တည္းမွာပဲ ဒီမို ကေရစီကို ေျပာင္းလဲေနၿပီဆိုတဲ့ ပုံရိပ္လည္း လိုခ်င္တယ္” ေျပာၾကားသည္။ တကယ္တမ္းက် တပ္မေတာ္ မွာ ျပဳျပင္ေျပာင္းလဲေရးစစ္စစ္ကို လိုခ်င္တဲ့ အုပ္စုရယ္ လို႔ မရွိတာဗ်ဟု ၎က ဆိုသည္။
အင္ဒိုနီးရွားစစ္တပ္မွ ၾကယ္သုံးပြင့္ရ ဗိုလ္ခ်ဳပ္ ဝီဂ်ိဳဂ်ိဳကမူ အင္ဒိုနီးရွား အေတြ႕အႀကဳံမွ ေကာင္း ေကာင္း အသုံးဝင္ခဲ့ၿပီးေတာ့ အခု ျမန္မာႏိုင္ငံမွာ လိုေနတဲ့ အရာႏွစ္ခုရွိပါတယ္ဟု ဆိုသည္။ ပထမ တစ္ခုသည္ ငါးပါးသီလဟု ေခၚေသာ ဆူကာႏို ၁၉၄၅ တြင္ ခ်မွတ္ခဲ့ သည့္ ႏိုင္ငံေရး သေဘာတရားျဖစ္သည္။ ထိုအထဲမွ သီလတစ္ပါးမွာ ဒီမိုကေရစီကို ယုံၾကည္ျခင္း ျဖစ္သည္။ ျမန္မာႏိုင္ငံတြင္အင္ဒိုနီးရွား၏ ႏိုင္ငံေရး ငါးပါးသီလကဲ့သို႔ေသာ ႏိုင္ငံတစ္တန္းရွိ လူမ်ိဳးစုံကို တစ္သားတည္း ခ်ည္ေႏွာင္ထားႏိုင္သည့္ အေတြး အျမင္ အိုင္ဒီေယာ္ေလာ္ဂ်ီမရွိျခင္းက အင္ဒိုနီးရွားႏွင့္ ကြာျခားသည္ဟုဆိုသည္။ ဒုတိယတစ္ခုႏွင့္ ျမန္မာ သည္ ကမာၻႏွင့္ မၾကာခဏ အဆက္ျပတ္သြားရၿပီး အဆက္အဆံနည္းျခင္းေၾကာင့္ပိုဆိုးသြားရသည့္ ႏိုင္ငံျဖစ္သည္ဟု ゞင္းကဆိုသည္။ မေလးရွားကို လုံၿခဳံေရးေကာင္စီ အဖြဲ႕ဝင္အျဖစ္ ေ႐ြးေကာက္ေသာ ေၾကာင့္ ဆူကာႏိုသည္ ၁၉၆၅ တြင္ ကမာၻ႔ကုလသမဂၢ ထဲမွာ အင္ဒိုနီးရွားကို ထုတ္ပစ္လိုက္ေသာ္လည္း ၁၉၆၆ ဆူဟာတို တက္လာေသာအခါ အဖြဲ႕ဝင္ျပန္ျဖစ္ လာခဲ့သည္။ ထိုကာလမ်ားကတည္းက ႏိုင္ငံျပင္ပတြင္ ပညာသင္သြားခဲ့ေသာ အင္ဒိုနီးရွားမွ ေက်ာင္းသူ ေက်ာင္းသားမ်ား၊ စစ္အရာရွိမ်ားရွိခဲ့ၾက သည္။
ယခုရွင္းျပေနေသာ ဝီဂ်ိဳဂ်ိဳပင္လည္း အေမရိက ႏွင့္ အျခားတိုင္းျပည္မ်ားတြင္ ပညာသင္ရေသာ မ်ိဳးဆက္မ်ားတြင္ ပါဝင္ခဲ့သည္။ အင္ဒိုနီးရွားအမ်ား စုသည္ ပညာေတာ္သင္ၿပီးဆုံးလွ်င္ အိမ္ျပန္လာခဲ့ၾကၿပီး ゞင္းတို႔၏ တတ္သိလိမၼာမႈမ်ားႏွင့္ ကမာၻၾကည့္ၾကည့္ ျမင္ႏိုင္မႈမ်ားကို ယူေဆာင္လာခဲ့ၾကသည္။ ထိုသို႔ ျပည္ပတြင္ အေျခမခ်ဘဲ ႏိုင္ငံသို႔ ပညာျဖင့္ ျပန္လာ သူက အမ်ားစု ျဖစ္သည္ဟုဆိုသည္။
“ခင္ဗ်ားတိုင္းျပည္ကို အျခားေနရာေတြနဲ႔ ႏႈိင္း ယွဥ္ၾကည့္စရာမလိုဘူးထင္ရင္ ခင္ဗ်ားတိုးတက္ေတာ့ မွာ မဟုတ္ဘူး။ ျမန္မာစစ္တပ္ကေတာ့ သူတို႔ကိုယ္ သူတို႔ပဲ အေကာင္းဆုံးထင္တာ။ အဓိကကေတာ့ ႏိုင္ငံ ကို ပိတ္ဆို႔ထားခဲ့ၾကတဲ့ အက်ိဳးဆက္ေတြပဲ”ဟု ဝီဂ်ိဳဂ်ိဳ က ေျပာၾကားသည္။
ျမန္မာေခါင္းေဆာင္မ်ားႏွင့္ ျပည္ပႏိုင္ငံမ်ား ဆက္ဆံေရးအေပၚမူတည္၍ အခ်ိဳ႕ႏွစ္မ်ားတြင္ ျမန္မာ က စစ္အရာရွိမ်ားကို အေမရိကသို႔ ပညာသင္ပို႔ခဲ့ဖူး သည္။ သို႔ရာတြင္ ထိုပညာေတာ္သင္မ်ားသည္ အေမ ရိကန္အရာရွိမ်ားႏွင့္ ေရာေရာေႏွာေႏွာ မေနတတ္ၾက ေပ။ အေမရိကန္တို႔သည္ ျမန္မာ၏ အေၾကာင္းမ်ားကို သိခ်င္ေသာေၾကာင့္ စကားႏႈိက္လိုေသာ သူလွ်ိဳမ်ား ျဖစ္ၾကသည္ဟူေသာ မွာၾကားခ်က္မ်ားေၾကာင့္ ျမန္မာ အရာရွိမ်ားမွာ ေပါင္းသင္းျခင္းမျပဳၾကေပ။ ထို႔ျပင္ စစ္တန္းလ်ားမ်ားတြင္ ဘီဘီစီႏွင့္ ႏိုင္ငံျခားေရဒီယို ႐ုပ္သံမ်ားကို နားေထာင္ခြင့္မေပးဘဲ အစိုးရ ဝါဒျဖန႔္ခ်ိ ေရးယႏၲရားမ်ားမွ ထုတ္လႊင့္မႈမ်ားသာ ၾကားရေလ့ ရွိ သည္။
ျမန္မာႏိုင္ငံတြင္ ေဖေဖာ္ဝါရီလ တစ္ရက္ေန႔ ေနာက္ပိုင္းတြင္ တပ္မေတာ္ကို အာဏာ ထိန္းခ်ဳပ္မႈကို ျမန္မာျပည္သူတို႔က ျငင္းပယ္ေၾကာင္း နည္းမ်ိဳးစုံႏွင့္ ဆႏၵျပေနၾကသည္။ အထူးသျဖင့္ နည္းပညာကိုကြၽမ္း က်င္ေသာ လူငယ္မ်ားသည္ တပ္မေတာ္ကို အယုံ အၾကည္မရွိသလို သူတို႔က်င္းပေပးမည့္ ေ႐ြးေကာက္ ပြဲမွာလည္း မွ်တၿပီး ဒီမိုကေရစီနည္းလမ္းက်မည္ဟု မထင္ေပ။
“အရပ္ဘက္နဲ႔ စစ္ဘက္ၾကားမွာ ယုံၾကည္မႈကို မွန္မွန္ကန္ကန္မတည္ေဆာက္ႏိုင္ဘဲနဲ႔ေတာ့ ဒီမိုက ေရစီကို ကူးေျပာင္းႏိုင္ဖို႔ဆိုတာမလြယ္ပါဘူး။ ျမန္မာ ျပည္မွာ အခုျဖစ္ေနတာကေတာ့ ယုံၾကည္ခ်က္ဆိုလို႔ တစ္ျပားသားမွ မက်န္ေတာ့တာပဲ” ဟု ဝီဂ်ိဳဂ်ိဳက ဆို သည္။
(The Diplomat သတင္းဌာနမွ ေဆာင္းပါးရွင္ ရစ္ခ်တ္ေဘာဆတ္ (Richard Borsuk) ေရးသား သည့္ With Recent Coup, Myanmar’s Military Diverges From the Indonesian Path ကို RISE News အယ္ဒီတာအဖြဲ႕က ဘာသာျပန္သည္။)

Unicode

၁၉၉၈ နောက်ပိုင်း ဆူဟာတိုအလွန် အင်ဒိုနီးရှားနှင့် မတူသောလမ်းကို မြန်မာက ရွေးချယ်ခဲ့သည်မှာ ထင်ရှားခဲ့ပြီ။
မြန်မာစစ်တပ်က အာဏာသိမ်းပြီး ခြောက်ပတ်အကြာ မတ်လထဲတွင် အင်ဒိုနီးရှားက မြန်မာစစ်တပ်သို့ ကမ်းလှမ်းချက်တစ်ရပ် ပေးပို့ခဲ့သည်။ ဒီမိုကရေစီစနစ်ဖြင့်သွားနေသော နိုင်ငံတွင် တပ်များကို မည်သို့ ပရော်ဖက်ရှင်နယ်ဖြစ်လာအောင် တည်ဆောက်ကြမည်နည်းဆိုသော အတွေ့အကြုံများ အင်ဒိုနီးရှားတွင် ရှိကြောင်း၊ ထိုအတွေ့အကြုံများကို ဝေမျှလိုကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ကမ်းလှမ်းခဲ့သည်။ လေတပ်စစ်ဦးစီးချုပ် အဒီတီဂျာဂျန်တိုအနေနှင့် စိတ်ရင်းစေတနာကို အခြေခံကာ ကမ်းလှမ်းခဲ့သော်လည်း မြန်မာ ဘက်က လက်မခံခဲ့ပေ။ မြန်မာစစ်တပ်သည် ဆယ်စုနှစ်အချို့အလွန်က အင်ဒိုနီးရှားလျှောက်ခဲ့ သည်လမ်းကို လေ့လာရန် အရာရှိများကို ဂျာကာတာသို့ စေလွှတ်ခဲ့ဖူးသည်။ ယခုအခါ တွင်မူ မြန်မာစစ်တပ်သည် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရေး သမိုင်းထဲမှ သင်ခန်းစာကို သင်ယူရန် စိတ်ကူးမရှိတော့ပေ။ ၁၉၉၈ ဆူဟာတို ရုပ်ပျက်ဆင်းပျက် ပြုတ်ကျသွားခဲ့ပြီး နောက်ပိုင်းတွင် အင်ဒိုနီးရှားစစ်တပ်သည် နိုင်ငံရေးတွင် ပါဝင်နေသော မိမိတို့၏ အခန်းကဏ္ဍကို တမင်ပင် ဖျက်သိမ်းခဲ့သည်။ ယခု မြန်မာနိုင်ငံက လိုအပ်နေသည်မှာ ထိုကဲ့သို့သော အပြောင်းအလဲဖြစ်သည်။
ဖေဖော်ဝါရီတစ်ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်အာဏာသိမ်းခြင်းကြောင့် မြန်မာနိုင်ငံမှ အခြေမခိုင် တတ်သေးသော ဒီမိုကရေစီယိုင်လဲခဲ့ရသည်။ ဤတွင် မြန်မာစစ်တပ်၏ ရွေးချယ်မှုသည် အင်ဒိုနီးရှားလမ်းစဉ် နှင့် လုံးဝသွေဖည်သွားပေပြီ။
လောလောဆယ် မြန်မာစစ်တပ်က ထိုင်းစစ်တပ် ၏ နမူနာကို မျက်စိကျနေသည်။ စစ်အာဏာသိမ်းပြီး ဆယ်ရက်ခန့်အကြာတွင် ဗိုလ်ချုပ်မှုးကြီး မင်းအောင် လှိုင်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ ထံ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရေးအတွက် အကူအညီများပေးပါရန် တောင်းခံခဲ့သည်။ ၂၀၁၄ တွင် စစ်အာဏာသိမ်းခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက် ခံ ထားရသော ထိုင်းဝန်ကြီးချုပ်ကို ဖယ်ရှားခဲ့သူ ပရာ ယွတ်ထံမှ ဒီမိုကရေစီနည်းလမ်းကို တောင်းခံနေပြန် သည်။ ပရာယွတ်၏မူမှာ မိမိအာဏာစက်ကို ဖြန့်ကျက် နိုင်အောင် နိုင်ငံရေးအခင်းအကျင်းကို ပြန်တည်ယူခြင်း ဖြစ်သည်။ ထိုင်းရေးရာကျွမ်းကျင်သူ Paul Chambers ကမူ တစ်ဝက်တစ်ပျက်ဒီမိုကရေစီ သို့မဟုတ် အမည်ခံ ဒီမိုကရေစီဟုခေါ်သည်။ ထိုပရာယွတ် ဦးဆောင်သော ထိုင်းအစိုးရသည် မြန်မာစစ်တပ်၏ အာဏာသိမ်းသော လုပ်ရပ်ကို မရှုတ်ချခဲ့ပါ။ မြန်မာပြည်တွင်းရေးသာ ဖြစ်သည်ဟု ဆိုနေခဲ့သည်။ သို့ရာတွင် အင်ဒိုနီးရှားကမူ ပြတ်ပြတ်သားသား ဝေဖန်ခဲ့ပြီး တပ်မတော်၏ ရက်စက် ကြမ်းကြုတ်သော နှိမ်နင်းမှုများကို ရှုတ်ချကာ ဒေါ်အောင် ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေး အတွက် တောင်းဆိုခဲ့သည်။ လူပေါင်းတစ်ရာကျော်ကို စစ်တပ်က သတ်ပစ်ခဲ့သည့် မတ်လ ၂၇ နေ့ နေပြည် တော်တွင် ကျင်းပ သော တပ်မတော်နေ့ အခမ်းအနား ကို အင်ဒိုနီးရှား စစ်သံမှူးများကလည်း ထိုင်းစစ်သံမှူး များကဲ့သို့ မတက်ရောက်ခဲ့ပါ။
အငြိမ်းစားဗိုလ်ချုပ်ကြီး ဆူဟာတိုကို ၃၂ နှစ် ကြာမျှ ကျောထောင့်နောက်ခံပြုပေးခဲ့သော အင်ဒိုနီး ရှားစစ်တပ်သည် မိမိကိုလူကြိုက်နည်းလာသည့်အချိန် တွင် မိမိ၏ကျရှုံးမှုကို လက်ခံရပါသည်။
မြန်မာနိုင်ငံတွင်မူ တပ်မတော်သည် မိမိ၏ လက် ကိုင်တုတ် USDP ပါတီက ပြီးခဲ့သည့် ရွေးကောက်ပွဲ တွင် ပြည်သူတို့က မထောက်ခံသဖြင့် မဲရှုံးသည်ကို ပင် မဲလိမ်မှုများကြောင့် ရှုံးရသည်ဟု တင်းခံခဲ့သော ကြောင့် အင်ဒိုနီးရှားစစ်တပ်ကဲ့ ဆုတ်ချိန်တန်လျှင် ပြန်ဆုတ်မည့်လမ်း မမြင်ပေ။
“မြန်မာစစ်တပ်က သူတို့ကသာလျှင် တိုင်းပြည် ကို မပြိုကွဲအောင် ကာကွယ်နိုင်မည့်သူတွေ ဖြစ်တယ် ဆိုတဲ့ အယူအဆကို ကိုင်စွဲထားတုန်းပဲ”ဟု ဆူဟာတို ပြုတ်အကျတွင် စစ်တပ်အတွက် အရေးကြီးသော ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် တာဝန်ယူ ခဲ့ရသူ အငြိမ်းစားဗိုလ်မှူးချုပ် အောဂက်စ် ဝီဂျိုဂျိုက ပြောကြားသည်။
“အခု မြန်မာစစ်တပ်ဖြစ်နေတဲ့ပုံစံက ၁၉၈၀ ကျော်ကာလတွေက ပုံစံမျိုးဗျ”ဟု ၎င်းကဆိုသည်။ ၁၉၉၆-၁၉၉၈ အာရှငွေကြေးအကျပ်အတည်းကြောင့် ပြဿနာများ ဆက်တိုက်ဖြစ်လာပြီးနောက် လူရာချီ သေဆုံးခဲ့ရသော အုံြွကမှုများအပြီး ဆူဟာတိုပြုတ် ကျခဲ့သည့်ဖြစ်စဉ်မှ မြန်မာစစ်တပ်သည် တရားမရ နိုင်ဘဲ ရှိသည်။
အင်ဒိုနီးရှားစစ်တပ်ရဲ့ ဆူဟာတိုအလွန် ပြုပြင် ပြောင်းလဲရေးတွေမှာ မြန်မာကယူမယ်ဆိုရင် ရကောင်း တဲ့ အသုံးတည့်နိုင်တဲ့ သင်ခန်းစာတွေ အများကြီးရှိ တယ်။ ဒါပေမယ့် အဲဒါတွေကို ယူမယ့်အစား မြန်မာ စစ်တပ်က ၁၉၉၈ မတိုင်ခင်က အင်ဒိုနီးရှားစစ်တပ် မော်ဒယ်ကိုပဲ အားကျနေတာဟု စင်ကာပူ The S. Rajaratnam School of International Studies (RSIS) မှ အင်ဒိုနီးရှား အစီအစဉ် ညှိနှိုင်း ရေးမှုး Leonard Sebastian က ပြောကြားသည်။
သမိုင်းကြောင်း ဖြတ်သန်းမှုအရ အင်ဒိုနီးရှား စစ်တပ်နှင့် မြန်မာစစ်တပ်တို့ တူညီသော အချက်များ ရှိသည်။ လွတ်လပ်ရေးအတွက် တိုက်ခဲ့ရသည်။ ကိုလိုနီ အစိုးရကို မောင်းထုတ်ခဲ့ရသည့်အတွက်ကြောင့် တိုင်း ပြုပြည်ပြု တပ်မတော်တည်းဟူသော ဂုဏ်ကိုပိုင်ခဲ့ကြ သည်။ ထို့ကြောင့်ပင် နှစ်နိုင်ငံစလုံး၏ နိုင်ငံရေးတွင် တပ်သည် ကြီးမားသည့်အစိတ်အပိုင်းကဲ့သို့ ပါဝင်နိုင် သည့် အစဉ်အလာဖြစ်လာသည်။ ထို့ပြင် နှစ်နိုင်ငံစလုံး မှ စစ်တပ်များကိုကြည့်လျှင် နိုင်ငံတော်နည်းပါးနေ သော ဘတ်ဂျက်က စစ်တပ်နှင့် မသက်ဆိုင်သလိုပင် စစ်တပ်ကို ထောက်ကူထားပေးသော စီးပွားရေး အကျိုး အမြတ်များနှင့် မကင်းပေ။ မြန်မာ့ တပ်မတော် ဆိုလျှင် အမြတ်အစွန်းကြီးမားလှသော ကျောက်စိမ်း လုပ်ငန်း များမှ အကျိုးအမြတ်ကို ရရှိနေခဲ့သည်။ နှစ်နိုင်ငံစလုံးမှ စစ်တပ်များသည်လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်သော သမိုင်းကြောင်းရှိ သည်။ ထို့ကြောင့် မြန်မာသည် ပြုပြင်ပြောင်းလဲရေးကို မျှော်သောအခါ တစ်ချိန်က အင်ဒိုနီးရှား၏ မော်ဒယ်ကို အားကျခဲ့သည်။
သို့ရာတွင် အင်ဒိုနီးရှားသည် Authoritarianism အာဏာရှင်စနစ်မှ တစိုက်မတ်မတ်ဖယ်ခွာရန် ဆုံးဖြတ်လိုက်သောအချိန်တွင် မြန်မာစစ်တပ်က အင်ဒိုနီးရှားကို ဆရာမတင်လိုတော့ပေ။ ယခုအချိန် တွင်မူ ဆူဟာတို၏ အင်ဒိုနီးရှားနှင့်နေဝင်း၏ မြန်မာ ပြည်ဟူ၍ ဆင်တူနှိုင်းဆခဲ့ဖူးသော နှစ်နိုင်ငံသည် လမ်းခွဲတွင် တစ်လမ်းစီ လျှောက်ခဲ့ကြပြီ ဖြစ်သည်။
ဆူဟာတိုသည် ကယ်လီဖိုးနီးယားတက္ကသိုလ် (ဘာကလေ)မှ ပြန်လာသော ဘာကလေ မာဖီးယား အုပ်စုဟုတွင်သည့် ခေတ်ပညာတတ်များကို အစိုးရထဲ ခေါ်သွင်းပြီး ဆယ်စုနှစ်များစွာ လက်သပ် မွေးခဲ့သည်။ တိုင်းပြည်ကို ကမ္ဘာနှင့် ချိတ်ဆက်မိအောင်လမ်းဖွင့် ပေးခဲ့ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ သည်။ ဆူဟာတိုသည် အင်ဒိုနီးရှားစီးပွားရေး၏ အစိတ် အပိုင်းများစွာကို ရင်းနှီးမြှုပ်နှံသူတို့အကြိုက် ဖြေလျှော့ ပေးခဲ့သည်။ ရေတိုတွင် စီးပွားတက်ခဲ့ပြီး တစ်နှစ်လျှင် ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ နေဝင်းသည် တိုင်းပြည် ကို အထီးကျန်စေခဲ့ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဖြင့် သယံဇာတပေါများ လှသော နိုင်ငံတစ်ခုကို အလွန် ဆင်းရဲသော နိုင်ငံတစ်ခု ဖြစ်စေခဲ့သည်။ ၂၀၁၀ တွင် အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးပြီးနောက် စစ်တပ် သည် စီးပွားရေးတွင် ဖြေလျှော့မှုများ စတင်ပြုလုပ် လာခဲ့သည်။ နိုင်ငံပွင့်လင်း လွတ်လပ်လာမှု အထိုက် အလျောက် ရှိလာသည့် အလျောက် လူနေမှုအဆင့် လည်း အတန်ငယ် မြင့်လာခဲ့သည်။ သို့ရာတွင် ၂၀၂၀ ကိုဗစ်-၁၉ ဖြစ်ပွားလာချိန်တွင် တိုင်းပြည်စီးပွားရေး တစ်ဖန်ပြန်ကျုံ့ရသည့် အဖြစ်မျိုးနှင့် ကြုံကြိုက် ရသည်။ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် နေ့ အာဏာ သိမ်းလိုက်သောအခါ နိုင်ငံကို ကပ်ဘေး ပေါင်းစုံထဲ တွန်းထည့်လိုက်သကဲ့သို့ ဖြစ်လာခဲ့သည်။ Fitch Solutions ဟူသော စီးပွားရေးအတိုင်ပင်ခံ အဖွဲ့က မြန်မာ့စီးပွားရေးမှာ ၂၀ ရာခိုင်နှုန်းလောက် အထိ ကျုံ့ဝင်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။
အတိုက်အခံများကို နှိမ်နင်းရာတွင် ရက်စက် သော ဆူဟာတိုသည်ပင်လျှင် တိုင်းပြည်တွင် ရွေး ကောက်ပွဲကို ငါးနှစ်တစ်ကြိမ်ကျင်းပသည့် အစဉ် အလာကို ခိုင်မြဲအောင်တည်ဆောက်ခဲ့သေးသည်။ ထို ရွေးကောက်ပွဲစနစ်ကြောင့် တိုင်းပြည်သည် တည် ငြိမ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတို့ ယုံကြည်ရလောက်သည့် နိုင်ငံဖြစ်လာစေသလို ゞင်း၏ နေရာကိုလည်း စစ်တပ် ၏ အထက်တွင် ဩဇာလွှမ်းမိုးနေအောင် ထိန်းထားနိုင် ခဲ့သည်။ ၁၉၈၈ အရေးအခင်းတွင် လူထောင်ချီ၍ သတ်ပြီး အာဏာသိမ်းလာခဲ့သော မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရခဲ့သော ရွေးကောက်ပွဲ ရလဒ်ကို ငြင်းပယ်ခဲ့သည်။ ထိုအဖြစ်အပျက်များ နောက် ပိုင်း ၁၉၉၀ကျော်ကာလများတွင် မြန်မာစစ်တပ်သည် ဆူဟာတိုလက်အောက်အင်ဒိုနီးရှားကို လေ့လာရန် တပ်မတော်အရာရှိများကို စေလွှတ်ခဲ့သည်။
ဆူဟာတိုခေတ်၏ ထင်ရှားသော ပြယုဂ်တစ်ခု မှာ စစ်တပ်သည် နိုင်ငံရေးတွင်သာမက လူမှုစီးပွား ထဲတွင် ပင် အကြီးအကျယ်နေရာယူထားခြင်းဖြစ်သည်။ ထိုမူ ကို နှစ်ဌာနကြီးစိုးရေးမူ dual function (dwi fungsi) ဟု လူသိခဲ့ကြသည်။ ထို့ကြောင့်ပင်လည်း စစ်သားများသည် ရွေးကောက်ပွဲတွင် မဲထည့်ခွင့် မရှိသော်လည်း နိုင်ငံရေးတွင် အလိုအလျောက် ပါလီ မန်၏အမတ် နေရာ ၂၀ ရာခိုင်နှုန်းကို အုပ်စီးခဲ့သည်။ နှစ်ပေါင်း များစွာအကြာတွင် မြန်မာသည် ထိုမူမျိုးကို အကောင်အထည်ဖော်လာခဲ့ပြီး ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က စစ်တပ်က နိုင်ငံရေး တွင် အလိုအလျောက်ပါဝင်ခွင့်ကို လွှတ်တော်အမတ် နေရာ ၂၅ ရာခိုင်နှုန်းကို ပုံသေရယူခြင်းဖြင့် ခရီး ဆက်ခဲ့သည်။ ထိုသို့ ၂၅ ရာခိုင်နှုန်းကို ရယူထားခြင်း ကြောင့် မည်သည့်အပြောင်းအလဲကိုမျှ စစ်တပ် သဘောမတူဘဲ မလုပ်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့ သည်။ မြန်မာနိုင်ငံ တွင် ထိုအစီအစဉ်များစတင်ခဲ့ ချိန်တွင် အင်ဒိုနီးရှားသည် စစ်တပ်၏ နိုင်ငံရေး နေရာ အပိုင်စားယူခြင်းကို လုံးလုံးဖျက်သိမ်းခဲ့သည်မှာ ငါးနှစ်ပင်ကြာခဲ့ပြီဖြစ်သည်။
ဆူဟာတိုအလွန် အင်ဒိုနီးရှားတွင် စစ်တပ်ကိုယ် တိုင်က ထို နိုင်ငံရေးထဲ အလိုအလျောက် နေရာယူခွင့် ကို တဖြည်းဖြည်းလူလျှော့သောစနစ်ဖြင့် စတင်နောက် ဆုတ်လာခဲ့သည်မှာ ၁၉၉၉ နောက်ပိုင်းတွင် စတင်ခဲ့ပြီး ၂၀ဝ၀ တွင် အင်ဒိုနီးရှားတပ်က လွှတ်တော်ထဲမှ ယူနီ ဖောင်းဝတ်များကို ထုတ်ပစ်ရန် တရားဝင်ကြေညာခဲ့ပြီး ၂၀ဝ၄ ရွေးကောက်ပွဲအပြီးတွင် အပြီးတိုင်ရာနှုန်းပြည့် ဖယ်ရှားခဲ့ကြသည်။ စစ်တပ်က ထိုသို့ အမြင်မှန်ရလာ သောအခါတွင်လည်း ပြည်သူအများက ကြိုဆိုခဲ့ကြ သည်။ ယခု ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်နေ သော သမ္မတဂျိုကိုဝီဒိုဒိုသည် စစ်ဘက်မှ လာသူတစ် ယောက်မဟုတ်ပေ။ သို့ရာတွင် အင်ဒိုနီးရှားတွင်လည်း စစ်ဘက်မှ လွှမ်းမိုးမှု အမြစ်မပြတ်နိုင်ဘဲရှိရာ ゞင်း၏ လက်ထက်တွင် အငြိမ်းစားစစ်ဗိုလ်ချုပ်များသည် အရေးပါသော ဝန်ကြီးရာထူးများနှင့် ကက်ဘိနက်တွင် နေရာဝင်ယူလာကြသည်။ သို့သော်လည်း စစ်တပ် သက်သက်အနေနှင့်မူ ပို၍ ပရောက်ဖက်ရှင်နယ် ဆန် လာခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်များ တွင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများတွင် အင်အား ဖြည့်တင်းပေးနေခဲ့သည်။
ဆူဟာတိုခေတ်က ပါလီမန်ရွေးကောက်ပွဲများ တွင် အစိုးရဝန်ထမ်းများထံမှ မဲကို မရရအောင် ဆောင် ရွက်သော စနစ်များကို သုံးပြီး အာဏာခိုင်မြဲစေခဲ့သည်။ အင်ဒိုနီးရှားတွင် ပြည်သူ့ဝန်ထမ်းပေါင်း သန်းပေါင်း များစွာရှိနေသလို အစိုးရက ဖွဲ့စည်းပေးထားသော အစိုးရကို ထောက်ခံသည့်အဖွဲ့အစည်းများကလည်း မိမိကို အမြဲမဲပေးရလေအောင် ဆူဟာတိုက ကြံဆောင် ခဲ့သည်။ မိမိရှေ့မှ ဆူကာနိုက ချမှတ်ခဲ့သော နိုင်ငံရေး စနစ်များနှင့် သွေဖည်လာခဲ့သော ဆူဟာတိုသည် ကွန်မြူ နစ်များနှင့် အခြားပါတီဝင်များကိုလည်း နိုင်ငံရေးတွင် မရှင်သန်နိုင်အောက် ဖိနှိပ်ချုပ်ခြယ်ခဲ့သည်။ မိမိ၏ Golkar ပါတီမှလွဲ၍ အခြားပါတီနှစ်ခုကိုသာ ရွေး ကောက်ပွဲ ဝင်ခွင့်ပေးခဲ့သည်။ ရွေးကောက်ပွဲဝင်သော ထိုပါတီ သုံးခုစလုံးက ပဉ္စသီလတည်းဟူသော နိုင်ငံ ရေးအယူအဆကို သက်ဝင်အကောင်အထည်ဖော်ပါ မည်ဟု ဝန်ခံကတိပြုရသည်။ ရွေးကောက်ပွဲများကို ဆူဟာတိုက ဒီမိုကရေစီပွဲတော်ဟု နာမည်တပ်ခဲ့သော် လည်း အဓိပ္ပာယ်ပြည့်ဝရန်မှာ ဝေးပါသေးသည်။
တပ်မတော်က အကောင်အထည်ဖော်နေသည် မှာ မြန်မာနိုင်ငံတွင် USDP ကို Golkar ကဲ့သို့ နေရာ ယူနိုင်ရန်ဖြစ်သည်။ USDP တည်းဟူသော ပါတီ ယန္တရားပေါ်တွင် အငြိမ်းစား စစ်အရာရှိကြီးများကို ထည့်သွင်းမည်။ ၂၀၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော ကြောင့် USDP က ဂိုကာနေရာကို မှန်းနိုင်ခဲ့သော် လည်း ၂၀၁၅ နှင့် ၂၀၂၀ တွင် ခွက်ခွက်လန်အောင် မဲရှုံးသွားခဲ့သည်။ တပ်မတော်သည် USDP ကို ဂိုကာ နေရာတွင် ထားချင်သော်လည်း ဂိုကာကဲ့သို့ အင်အားရှိ လာအောင်ပင် တည်ဆောက်နိုင်ခဲ့ခြင်းမရှိဟု ဂျာကာ တာ အခြေစိုက် Strategic and International Studies မှ အကြီးတန်းသုတေသီ Evan Laksmana က ပြော ကြားခဲ့သည်။
“မြန်မာက အင်ဒိုနီးရှား၏ ရွေးကောက်ပွဲမော် ဒယ်ကို နမူနာယူ၍ ကော်ပြီကူးခဲ့သော်လည်း တကယ် တမ်း ပေါ်ထွက်လာသည်မှာ “ဆိုးရွားသော မိတ္တူ|”တစ်ခုသာ အဖတ်တင်သည်”ဟု ၎င်းက ဆိုသည်။ မြန်မာသည် အင်ဒိုနီးရှားကဲ့သို့ proportional representation- PR မဲအချိုးအစားအတိုင်း အာဏာ ခွဲယူသော စနစ်ကို မသုံးခဲ့ဘဲ အနိုင်ရသူ အကုန်ယူ စနစ်ဖြစ်သည့် a first-past-the-post ကို အနိုင်ရ လိုဇောနှင့် ရွေးခဲ့ခြင်းသည်လည်း ဂိုကာလမ်းစဉ်နှင့် မတူသည့်အချက်ဖြစ်သည်။
စစ်တပ်က အနိုင်ယူလိုဇောနှင့် အနိုင်ရသူ အကုန် ယူစနစ်ကို ရွေးချယ်ခဲ့သော်လည်း တကယ်တမ်းတွင်မူ ထိုစနစ်က ゞင်းတို့လိုလားသော ရလဒ်ကို မပေးပေ။
အင်ဒိုနီးရှားတွင် လွှတ်တော်ထဲမှာ စစ်သားများ ကို ထုတ်ပစ်လိုက်ခဲ့ခြင်းမှာ ဆူဟာတိုခေတ် အလွန် ပြုပြင်ပြောင်းလဲရေး၏ ကြီးမားသော အစိတ်အပိုင်းဖြစ် သည်။ သို့ရာတွင် သူ့ချည်းသက်သက် ဆောင်ရွက်ခဲ့ သည်မဟုတ်ပါ။ အခြားအရေးကြီးသော ပြုပြင်ပြောင်း လဲမှုများကို ]Reformasi} ခေတ်တွင် ဆောင်ရွက်ခဲ့ရပါ သည်။ ဆူဟာတိုခေတ်အလွန်တွင် တက်လာသော သမ္မတ B.J. Habibie သည် သူ၏ မင်းဆရာဖြစ်ခဲ့ဖူး သော ဆူဟာတို၏ ပုံစံခွက်ထဲမှ လိုလိုလားလား ရဲရဲ တင်းတင်း ခွဲထွက်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကို လွှတ်ပေးခဲ့သည်။ အရှေ့တီမောအတွက် နိုင်ငံလုံး ဆန္ဒ ခံယူပွဲကျင်းပရသည်။ သမ္မတတစ်ဦးလျှင် သက် တမ်းငါးနှစ် နှစ်ကြိမ်ထက်ပို၍ တာဝန် ထမ်းဆောင်ခွင့် မရှိအောင်၊ နိုင်ငံသားတိုင်းက သမ္မတကို တိုက်ရိုက် တင်မြှောက်ခွင့်ရအောင် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ခဲ့သည်။ ပထမဆုံးအကြိမ် လူတိုင်း က သမ္မတကို တိုက်ရိုက် ရွေးချယ်နိုင်သော ရွေးကောက် ပွဲ ကို ၂၀ဝ၄ တွင် ကျင်းပခဲ့ရာ ဆူဟာတို ထွက်ခွာပြီး ၆ နှစ်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ အနိုင်ရသူ မှာ အငြိမ်းစားဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သော ဆူဆီလို ဗန်ဘန်းယူဒိုယိုနိုဖြစ်လာခဲ့သည်။
ယူဒိုယိုနိုလက်ထက်တွင် အင်ဒိုနီးရှားသည် မြန်မာ ၏ ပြုပြင်ပြောင်းလဲရေးအတွက် အကြံပေးနေဆဲ ဖြစ် သည်။ အင်ဒိုနီးရှား၏ လမ်းစဉ်သစ်များအကြောင်း ပြောပြပြီး ဒီမိုကရေစီ အကူးအပြောင်းအတွက် တရား ဟောခဲ့သည့် အင်ဒိုနီးရှားအစိုးရအဖွဲ့ဝင်များ ယူဒိုယိုနို လက်ထက်အထိ ရှိခဲ့ကြသည်။
Laksmana က “ကျွန်တော်တို့က ကျွန်တော် တို့ သမိုင်းသင်ခန်းစာတွေကို ပြောပြပါတယ်။ ဒါပေမဲ့ တပ်မတော်က လိုချင်တာက တိုင်းပြည်ကိုလည်း သူတို့ လက်ထဲထားမယ်၊ တစ်ချိန်တည်းမှာပဲ ဒီမို ကရေစီကို ပြောင်းလဲနေပြီဆိုတဲ့ ပုံရိပ်လည်း လိုချင်တယ်” ပြောကြားသည်။ တကယ်တမ်းကျ တပ်မတော် မှာ ပြုပြင်ပြောင်းလဲရေးစစ်စစ်ကို လိုချင်တဲ့ အုပ်စုရယ် လို့ မရှိတာဗျဟု ၎င်းက ဆိုသည်။
အင်ဒိုနီးရှားစစ်တပ်မှ ကြယ်သုံးပွင့်ရ ဗိုလ်ချုပ် ဝီဂျိုဂျိုကမူ အင်ဒိုနီးရှား အတွေ့အကြုံမှ ကောင်း ကောင်း အသုံးဝင်ခဲ့ပြီးတော့ အခု မြန်မာနိုင်ငံမှာ လိုနေတဲ့ အရာနှစ်ခုရှိပါတယ်ဟု ဆိုသည်။ ပထမ တစ်ခုသည် ငါးပါးသီလဟု ခေါ်သော ဆူကာနို ၁၉၄၅ တွင် ချမှတ်ခဲ့ သည့် နိုင်ငံရေး သဘောတရားဖြစ်သည်။ ထိုအထဲမှ သီလတစ်ပါးမှာ ဒီမိုကရေစီကို ယုံကြည်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်အင်ဒိုနီးရှား၏ နိုင်ငံရေး ငါးပါးသီလကဲ့သို့သော နိုင်ငံတစ်တန်းရှိ လူမျိုးစုံကို တစ်သားတည်း ချည်နှောင်ထားနိုင်သည့် အတွေး အမြင် အိုင်ဒီယော်လော်ဂျီမရှိခြင်းက အင်ဒိုနီးရှားနှင့် ကွာခြားသည်ဟုဆိုသည်။ ဒုတိယတစ်ခုနှင့် မြန်မာ သည် ကမ္ဘာနှင့် မကြာခဏ အဆက်ပြတ်သွားရပြီး အဆက်အဆံနည်းခြင်းကြောင့်ပိုဆိုးသွားရသည့် နိုင်ငံဖြစ်သည်ဟု ゞင်းကဆိုသည်။ မလေးရှားကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်အဖြစ် ရွေးကောက်သော ကြောင့် ဆူကာနိုသည် ၁၉၆၅ တွင် ကမ္ဘာ့ကုလသမဂ္ဂ ထဲမှာ အင်ဒိုနီးရှားကို ထုတ်ပစ်လိုက်သော်လည်း ၁၉၆၆ ဆူဟာတို တက်လာသောအခါ အဖွဲ့ဝင်ပြန်ဖြစ် လာခဲ့သည်။ ထိုကာလများကတည်းက နိုင်ငံပြင်ပတွင် ပညာသင်သွားခဲ့သော အင်ဒိုနီးရှားမှ ကျောင်းသူ ကျောင်းသားများ၊ စစ်အရာရှိများရှိခဲ့ကြ သည်။
ယခုရှင်းပြနေသော ဝီဂျိုဂျိုပင်လည်း အမေရိက နှင့် အခြားတိုင်းပြည်များတွင် ပညာသင်ရသော မျိုးဆက်များတွင် ပါဝင်ခဲ့သည်။ အင်ဒိုနီးရှားအများ စုသည် ပညာတော်သင်ပြီးဆုံးလျှင် အိမ်ပြန်လာခဲ့ကြပြီး ゞင်းတို့၏ တတ်သိလိမ္မာမှုများနှင့် ကမ္ဘာကြည့်ကြည့် မြင်နိုင်မှုများကို ယူဆောင်လာခဲ့ကြသည်။ ထိုသို့ ပြည်ပတွင် အခြေမချဘဲ နိုင်ငံသို့ ပညာဖြင့် ပြန်လာ သူက အများစု ဖြစ်သည်ဟုဆိုသည်။
“ခင်ဗျားတိုင်းပြည်ကို အခြားနေရာတွေနဲ့ နှိုင်း ယှဉ်ကြည့်စရာမလိုဘူးထင်ရင် ခင်ဗျားတိုးတက်တော့ မှာ မဟုတ်ဘူး။ မြန်မာစစ်တပ်ကတော့ သူတို့ကိုယ် သူတို့ပဲ အကောင်းဆုံးထင်တာ။ အဓိကကတော့ နိုင်ငံ ကို ပိတ်ဆို့ထားခဲ့ကြတဲ့ အကျိုးဆက်တွေပဲ”ဟု ဝီဂျိုဂျို က ပြောကြားသည်။
မြန်မာခေါင်းဆောင်များနှင့် ပြည်ပနိုင်ငံများ ဆက်ဆံရေးအပေါ်မူတည်၍ အချို့နှစ်များတွင် မြန်မာ က စစ်အရာရှိများကို အမေရိကသို့ ပညာသင်ပို့ခဲ့ဖူး သည်။ သို့ရာတွင် ထိုပညာတော်သင်များသည် အမေ ရိကန်အရာရှိများနှင့် ရောရောနှောနှော မနေတတ်ကြ ပေ။ အမေရိကန်တို့သည် မြန်မာ၏ အကြောင်းများကို သိချင်သောကြောင့် စကားနှိုက်လိုသော သူလျှိုများ ဖြစ်ကြသည်ဟူသော မှာကြားချက်များကြောင့် မြန်မာ အရာရှိများမှာ ပေါင်းသင်းခြင်းမပြုကြပေ။ ထို့ပြင် စစ်တန်းလျားများတွင် ဘီဘီစီနှင့် နိုင်ငံခြားရေဒီယို ရုပ်သံများကို နားထောင်ခွင့်မပေးဘဲ အစိုးရ ဝါဒဖြန့်ချိ ရေးယန္တရားများမှ ထုတ်လွှင့်မှုများသာ ကြားရလေ့ ရှိ သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ တစ်ရက်နေ့ နောက်ပိုင်းတွင် တပ်မတော်ကို အာဏာ ထိန်းချုပ်မှုကို မြန်မာပြည်သူတို့က ငြင်းပယ်ကြောင်း နည်းမျိုးစုံနှင့် ဆန္ဒပြနေကြသည်။ အထူးသဖြင့် နည်းပညာကိုကျွမ်း ကျင်သော လူငယ်များသည် တပ်မတော်ကို အယုံ အကြည်မရှိသလို သူတို့ကျင်းပပေးမည့် ရွေးကောက် ပွဲမှာလည်း မျှတပြီး ဒီမိုကရေစီနည်းလမ်းကျမည်ဟု မထင်ပေ။
“အရပ်ဘက်နဲ့ စစ်ဘက်ကြားမှာ ယုံကြည်မှုကို မှန်မှန်ကန်ကန်မတည်ဆောက်နိုင်ဘဲနဲ့တော့ ဒီမိုက ရေစီကို ကူးပြောင်းနိုင်ဖို့ဆိုတာမလွယ်ပါဘူး။ မြန်မာ ပြည်မှာ အခုဖြစ်နေတာကတော့ ယုံကြည်ချက်ဆိုလို့ တစ်ပြားသားမှ မကျန်တော့တာပဲ” ဟု ဝီဂျိုဂျိုက ဆို သည်။
(The Diplomat သတင်းဌာနမှ ဆောင်းပါးရှင် ရစ်ချတ်ဘောဆတ် (Richard Borsuk) ရေးသား သည့် With Recent Coup, Myanmar’s Military Diverges From the Indonesian Path ကို RISE News အယ်ဒီတာအဖွဲ့က ဘာသာပြန်သည်။)