• Today is: Wednesday, September 22, 2021

အိမ်စောင့် အစိုးရနှင့် အာဆီယံ အထူးကိုယ်စားလှယ်

Federal Journal
August19/ 2021

Zawgyi

အိမ္ေစာင့္အစိုးရႏွင့္ အာဆီယံ အထူးကိုယ္စားလွယ္

 

အာဏာသိမ္းစစ္ေကာင္စီက အာဏာသက္တမ္း ေျခာက္လအၾကာမွာ အိမ္ေစာင့္အစိုးရအဖြဲ႕ကို ဖြဲ႕စည္းေၾကာင္း ေၾကညာလိုက္ပါတယ္။ စစ္ေကာင္စီဟာ မၾကာခင္က ၂၀၂၀ ျပည့္နွစ္ ေရြးေကာက္ပြဲရလဒ္ကို ပယ္ဖ်က္ေၾကာင္း ၎တုိ႔ခန္႔အပ္တဲ့ ေကာ္မရွင္ကေန ေၾကညာလိုက္ၿပီးေနာက္ အစိုးရအျဖစ္ ဖြဲ႕စည္းကာ ႏုိင္ငံေတာ္အာဏာကို ဆက္လက္ ခ်ဳပ္ကိုင္ထားဖို႔ ႀကိဳးစားလိုက္ျခင္းပဲ ျဖစ္ပါတယ္။

အိမ္ေစာင့္အစိုးရဆိုတာ ျမန္မာႏုိင္ငံသားမ်ားအတြက္ အထူးအဆန္းစကားရပ္တစ္ခုေတာ့ မဟုတ္ပါဘူး။ ပါလီမန္ ဒီမိုကေရစီအစိုးရလက္ထက္ ၁၉၅၈ ခုႏွစ္မွာလည္း အိမ္ေစာင့္အစိုးရဆိုတာ ေပၚေပါက္ခဲ့ဖူးပါတယ္။ ျပည္သူက ေရြးေကာက္တင္ေျမႇာက္ထားတဲ့ သန႔္ရွင္းဖဆပလ အစိုးရဆီကေန စစ္တပ္က အာဏာသိမ္းယူခဲ့တာ ျဖစ္ပါတယ္။

ဒါေပမဲ့ သမိုင္းမွာေတာ့ သန္႔ရွင္ဖဆပလ အစိုးရ၀န္ႀကီးခ်ဳပ္ ဦးႏုက ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးေန၀င္းကို အာဏာလႊဲေျပာင္းေပးခဲ့တယ္လို႔ပဲ လူသိမ်ားခဲ့ပါတယ္။

အျဖစ္မွန္က ၁၉၅၈ ခုႏွစ္ စက္တင္ဘာလ ၂၆ ရက္ မနက္ ၉ နာရီေက်ာ္ေလာက္မွာ ဗိုလ္မွဴးခ်ဳပ္ေမာင္ေမာင္၊ ဗုိလ္မွဴးခ်ဳပ္ေအာင္ႀကီး၊ ဗိုလ္မွဴးခ်ဳပ္တင္ေဖတို႔မွာ ၀န္ႀကီးအိမ္ကို ေရာက္လာၿပီး ဦးႏုနဲ႔ ေတြ႕ပါတယ္။ ဦးႏုနဲ႔အတူ ဒု၀န္ႀကီးခ်ဳပ္ သခင္တင္၊ ဗိုလ္မင္းေခါင္၊ ဦးတင္ေမာင္တို႔ ရွိေနပါတယ္။ ဦးႏုက “ခင္ဗ်ားတို႔ ၿမိဳ႕တြင္းမွာ တင့္ကားေတြ၊ သံခ်ပ္ကာကားေတြ၊ အေျမာက္ႀကီးေတြနဲ႔ ဘာလုပ္ၾကတာလဲ” လို႔ ေမးတဲ့အခါ စစ္ဗိုလ္ေတြက “တပ္မေတာ္က အာဏာသိမ္းလိုက္ပါၿပီ၊ အခ်က္အခ်ာက် ေနရာေတြမွာ တပ္စြဲထားပါတယ္။ အဲဒါေၾကာင့္ ၀န္ႀကီးေတြ ႐ံုးမတက္ၾကပါနဲ႔” လို႔ ဆိုပါတယ္။

ဦးႏုက “အာဏာမသိမ္းၾကနဲ႔၊ တပ္ေရာ တိုင္းျပည္ပါ နာမည္ပ်က္မယ္၊ လက္ရွိအစိုးရကို လက္မခံႏိုင္ရင္ တရားမွ်တတဲ့ ေရြးေကာက္ပြဲကို က်င္းပေပးပါ့မယ္လို႔ စစ္တပ္က ကတိေပးရင္ စစ္တပ္ကို အာဏာလႊဲေပးမယ္၊ ဒီလို အာဏာလႊဲေပးဖို႔ လႊတ္ေတာ္ကို ေခၚလိုက္မယ္၊ ၀န္ႀကီးခ်ဳပ္ရာထူးက ထြက္ၿပီး လႊတ္ေတာ္က ဗိုလ္ခ်ဳပ္ႀကီးေန၀င္းကို ၀န္ႀကီးခ်ဳပ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္ေအာင္ အဆုိတင္ေပးပါ့မယ္”လို႔ ေျပာပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးေန၀င္းက ဦးႏုရဲ႕ အစီအစဥ္ကို လက္ခံလိုက္ပါတယ္။ အစကတည္းက အာဏာသိမ္းဖို႔ ႀကိဳတင္စီစဥ္ထားတဲ့ ဗိုလ္ခ်ဳပ္ႀကီးေန၀င္းဟာ ဦးႏုက အသာတၾကည္ အာဏာလႊဲေပးလိုက္တဲ့အတြက္ အခက္အခဲမရွိ အာဏာရရွိသြားခဲ့ပါတယ္။ ၁၉၅၈ ခုႏွစ္ စက္တင္ဘာလ ၂၆ ရက္ေန႔ အျဖစ္အပ်က္က သမိုင္းမွာ ပထမဆံုးအႀကိမ္ စစ္တပ္အာဏာသိမ္းမႈသာ ျဖစ္ပါတယ္။

သတင္းစာဆရာေတြ၊ ႏိုင္ငံေရးသမားေတြနဲ႔ ေက်ာင္းသားသမဂၢေတြက စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္ၾကေပမယ့္ ဦးႏု၊ ဗိုလ္ခ်ဳပ္ႀကီးေန၀င္းနဲ႔ ဗိုလ္ခ်ဳပ္ေအာင္ႀကီးတို႔ကေတာ့ တပ္က အာဏာသိမ္းတာ မဟုတ္ေၾကာင္း၊ အာဏာလႊဲေျပာင္းရယူတာသာျဖစ္ေၾကာင္း တြင္တြင္ေျပာဆိုခဲ့ပါတယ္။ ဗိုလ္ခ်ဳပ္ႀကီးေန၀င္းဟာ အိမ္ေစာင့္အစိုးရအဖြဲ႕႕ကို ဖြဲ႕စည္းခဲ့ပါတယ္။

၁၉၅၈ ခုႏွစ္ စစ္တပ္က အာဏာသိမ္းၿပီး အိမ္ေစာင့္အစိုးရဖြဲ႕စည္းပံုနဲ႔ ယခု ၂၀၂၁ ခုႏွစ္ စစ္တပ္အာဏာသိမ္းၿပီး အိမ္ေစာင့္အစိုးရဖြဲ႕ပံုက မတူညီတဲ့အခ်က္ေတြ အမ်ားႀကီးရွိပါတယ္။ တူညီတာကေတာ့ အာဏာသိမ္းတာ မဟုတ္ပါဘူး၊ အာဏာထိန္းတာပါဆိုတဲ့ ေျပာဆိုမႈေတြပါပဲ။ ေနာက္ ေရြးေကာက္ပြဲ ျပန္လည္က်င္းပေပးမယ္ဆိုတဲ့ အခ်က္ပါ။

၁၉၅၈ ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္းနဲ႔ ယခုႏိုင္ငံေရးအခင္းအက်င္းဟာ အမ်ားႀကီး ကြာပါတယ္။ ထိုစဥ္က အာဏာရ ဖဆပလပါတီ အစိုးရလက္ထက္မွာ ျပည္တြင္းစစ္အား အလြန္ေကာင္းေနၿပီ။ ဖဆပလပါတီဟာလည္း အကြဲအၿပဲေတြ ျဖစ္ေနပါတယ္။ အာဏာရ ၀န္ႀကီးခ်ဳပ္ဦးႏုရဲ႕ သန္႔ရွင္ဖဆလပနဲ႔ ဦးဗေဆြ၊ ဦးေက်ာ္ၿငိမ္းတို႔ရဲ႕ စစ္တပ္ေက်ာေထာက္ေနာက္ခံ တည္ၿမဲဖဆပလဆိုၿပီး ကြဲေနတာပါ။ လႊတ္ေတာ္မွာ မဲခြဲဆံုးျဖတ္ရာမွာ သန္႔ရွင္းဖဆပလက မဲအသာရခဲ့တဲ့အတြက္ စစ္တပ္က ဦးႏုအစိုးရအေပၚ မေက်ႏိုင္ မခ်မ္းႏိုင္ ျဖစ္ခဲ့တာပါ။

ယခု စစ္ေကာင္စီရဲ႕ အာဏာသိမ္းမႈကေတာ့ ၂၀၂၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲရလဒ္ကို ႐ိုးမယ္ဖြဲ႕တာပါ။ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို မဲစာရင္းမွားယြင္းမႈ၊ မဲမသမာမႈေတြရွိတယ္ဆိုၿပီး ပယ္ဖ်က္လိုက္ပါတယ္။ ေရြးေကာက္ပြဲဥပေဒအရ ေရြးေကာက္ပြဲ အျငင္းပြားမႈအားလံုးကို ေရြးေကာက္ပြဲခံု႐ံုးကသာ ေဆာင္ရြက္ရပါတယ္။ စစ္တပ္က ၀င္ေရာက္ေဆာင္ရြက္ရမယ္လို႔ ျပ႒ာန္းထားတာ မရွိပါဘူး။ ဒါေၾကာင့္ ယခု အာဏာသိမ္းမႈဟာ အာဏာလိုခ်င္လို႔ သိမ္းေၾကာင္းသာ ျဖစ္ပါတယ္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီဟာ ေျခာက္လအၾကာမွာ ျပည္သူျပည္သားေတြ COVID-19 ေရာဂါဒဏ္ကို အလူးအလဲ ခံစားေနၾကရတဲ့ၾကားထဲမွာ ႏုိင္ငံတကာမွာ အစိုးရအျဖစ္ အသိအမွတ္ျပဳလိုျပဳျငား အိမ္ေစာင့္အစိုးရဆိုၿပီး ထေၾကညာပါတယ္။ အစုိးရဖြဲ႕ၿပီး မၾကာမီမွာ အာဆီယံႏိုင္ငံျခားေရး၀န္ႀကီးမ်ား အစည္းအေ၀းကို တက္ေရာက္ခဲ့ပါတယ္။

အာဆီယံႏိုင္ငံျခားေရး၀န္ႀကီးမ်ား အစည္းအေ၀းသို႔ အေမရိကန္၊ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးမ်ားလည္း တက္ေရာက္ခဲ့ပါတယ္။ အစည္းအေ၀းမွာ ဧၿပီလအတြင္း က်င္းပခဲ့တဲ့ အာဆီယံထိပ္သီးအစည္းအေ၀းမွာ ေဆြးေႏြး သေဘာတူခဲ့တဲ့ ဘံုသေဘာတူညီခ်က္ ငါးရပ္အရ ျမန္မာ့အေရးကို ၀င္ေရာက္ေျဖရွင္းေပးဖို႔ အာဆီယံကိုယ္စားလွယ္ ခန္႔အပ္ျခင္းကို ျမန္မာဘက္က သေဘာတူညီေပးခဲ့ရပါတယ္။

အာဆီယံ အထူးကိုယ္စားလွယ္အျဖစ္ ခန္႔အပ္တာ၀န္ေပးမႈကို ျမန္မာ့စစ္ေကာင္စီက အခ်ိန္ဆြဲခဲ့တာ သံုးလခန္႔ၾကာၿပီ ျဖစ္ပါတယ္။ စစ္ေကာင္စီက ထိုင္းႏုိင္ငံျခားေရး၀န္ႀကီးေဟာင္းကို အဆိုျပဳေပမယ့္ အျခားအာဆီယံႏိုင္ငံေတြက ဘ႐ူႏိုင္း ႏုိင္ငံျခားေရး၀န္ႀကီး(၂) Mr.Erywan Yusot ကိုသာ ခန္႔အပ္တာ၀န္ေပးခဲ့ပါတယ္။ အစည္းအေ၀းမွာ အာဆီယံကိုယ္စားလွယ္ ခန္႔အပ္ျခင္းကို သေဘာတူေပးခဲ့ရတဲ့အျပင္ အာဆီယံကတစ္ဆင့္ ေပးမယ့္ လူသားခ်င္းဆိုင္ရာ အကူအညီေတြကို လြတ္လပ္တဲ့ အဖြဲ႕အစည္းမ်ားကတစ္ဆင့္သာ ေပးမယ္ဆိုတဲ့ အခ်က္ကို သေဘာတူေပးခဲ့ရပါတယ္။ ဒါ့အျပင္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဦး၀င္းျမင့္အပါအ၀င္ ေတြ႕ခ်င္သူတိုင္းကို အထူးကိုယ္စားလွယ္ႏွင့္ လြတ္လပ္စြာ ေပးေတြ႕ရန္ သေဘာတူခဲ့ရပါတယ္။

အာဆီယံကိုယ္စားလွယ္ ခန္႔အပ္ျခင္းကို ကုလသမဂၢအပါအ၀င္ ႏုိင္ငံႀကီးအခ်ဳိ႕က ႀကိဳဆိုၾကေပမယ့္ ျမန္မာျပည္သူေတြအတြက္ေတာ့ ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမား မရွိပါဘူး။ လူသားခ်င္းဆိုင္ရာ အကူအညီေတြေပးရင္း ေတြ႕ဆံုထိုက္သူမ်ားႏွင့္ ေတြ႕ဆံုရင္း အခ်ိန္ေတြ ျဖဳန္းသြားမွာပဲလို႔ ေ၀ဖန္ေနၾကပါတယ္။ လြတ္လပ္ၿပီး တရားမွ်တမႈမရွိတဲ့ ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ျပန္ေရာက္ဖို႔ဆိုတာ စစ္ေကာင္စီက ေဖာ္ေဆာင္ႏုိင္မွာ မဟုတ္ဘဲ ျပည္သူေတြကသာ ေဖာ္ေဆာင္ႏိုင္မွာျဖစ္လို႔သာ ျဖစ္ပါတယ္။

ေမာက္ဂၢလိ

 

 

 

Unicode

အိမ်စောင့်အစိုးရနှင့် အာဆီယံ အထူးကိုယ်စားလှယ်

 

အာဏာသိမ်းစစ်ကောင်စီက အာဏာသက်တမ်း ခြောက်လအကြာမှာ အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။ စစ်ကောင်စီဟာ မကြာခင်က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ၎င်းတို့ခန့်အပ်တဲ့ ကော်မရှင်ကနေ ကြေညာလိုက်ပြီးနောက် အစိုးရအဖြစ် ဖွဲ့စည်းကာ နိုင်ငံတော်အာဏာကို ဆက်လက် ချုပ်ကိုင်ထားဖို့ ကြိုးစားလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အိမ်စောင့်အစိုးရဆိုတာ မြန်မာနိုင်ငံသားများအတွက် အထူးအဆန်းစကားရပ်တစ်ခုတော့ မဟုတ်ပါဘူး။ ပါလီမန် ဒီမိုကရေစီအစိုးရလက်ထက် ၁၉၅၈ ခုနှစ်မှာလည်း အိမ်စောင့်အစိုးရဆိုတာ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ သန့်ရှင်းဖဆပလ အစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ သမိုင်းမှာတော့ သန့်ရှင်ဖဆပလ အစိုးရဝန်ကြီးချုပ် ဦးနုက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးနေဝင်းကို အာဏာလွှဲပြောင်းပေးခဲ့တယ်လို့ပဲ လူသိများခဲ့ပါတယ်။

အဖြစ်မှန်က ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက် မနက် ၉ နာရီကျော်လောက်မှာ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေတို့မှာ ဝန်ကြီးအိမ်ကို ရောက်လာပြီး ဦးနုနဲ့ တွေ့ပါတယ်။ ဦးနုနဲ့အတူ ဒုဝန်ကြီးချုပ် သခင်တင်၊ ဗိုလ်မင်းခေါင်၊ ဦးတင်မောင်တို့ ရှိနေပါတယ်။ ဦးနုက “ခင်ဗျားတို့ မြို့တွင်းမှာ တင့်ကားတွေ၊ သံချပ်ကာကားတွေ၊ အမြောက်ကြီးတွေနဲ့ ဘာလုပ်ကြတာလဲ” လို့ မေးတဲ့အခါ စစ်ဗိုလ်တွေက “တပ်မတော်က အာဏာသိမ်းလိုက်ပါပြီ၊ အချက်အချာကျ နေရာတွေမှာ တပ်စွဲထားပါတယ်။ အဲဒါကြောင့် ဝန်ကြီးတွေ ရုံးမတက်ကြပါနဲ့” လို့ ဆိုပါတယ်။

ဦးနုက “အာဏာမသိမ်းကြနဲ့၊ တပ်ရော တိုင်းပြည်ပါ နာမည်ပျက်မယ်၊ လက်ရှိအစိုးရကို လက်မခံနိုင်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပေးရင် စစ်တပ်ကို အာဏာလွှဲပေးမယ်၊ ဒီလို အာဏာလွှဲပေးဖို့ လွှတ်တော်ကို ခေါ်လိုက်မယ်၊ ဝန်ကြီးချုပ်ရာထူးက ထွက်ပြီး လွှတ်တော်က ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်အောင် အဆိုတင်ပေးပါ့မယ်”လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနုရဲ့ အစီအစဉ်ကို လက်ခံလိုက်ပါတယ်။ အစကတည်းက အာဏာသိမ်းဖို့ ကြိုတင်စီစဉ်ထားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဦးနုက အသာတကြည် အာဏာလွှဲပေးလိုက်တဲ့အတွက် အခက်အခဲမရှိ အာဏာရရှိသွားခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ အဖြစ်အပျက်က သမိုင်းမှာ ပထမဆုံးအကြိမ် စစ်တပ်အာဏာသိမ်းမှုသာ ဖြစ်ပါတယ်။

သတင်းစာဆရာတွေ၊ နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားသမဂ္ဂတွေက စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြပေမယ့် ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်အောင်ကြီးတို့ကတော့ တပ်က အာဏာသိမ်းတာ မဟုတ်ကြောင်း၊ အာဏာလွှဲပြောင်းရယူတာသာဖြစ်ကြောင်း တွင်တွင်ပြောဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

၁၉၅၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး အိမ်စောင့်အစိုးရဖွဲ့စည်းပုံနဲ့ ယခု ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး အိမ်စောင့်အစိုးရဖွဲ့ပုံက မတူညီတဲ့အချက်တွေ အများကြီးရှိပါတယ်။ တူညီတာကတော့ အာဏာသိမ်းတာ မဟုတ်ပါဘူး၊ အာဏာထိန်းတာပါဆိုတဲ့ ပြောဆိုမှုတွေပါပဲ။ နောက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်ဆိုတဲ့ အချက်ပါ။

၁၉၅၈ ခုနှစ် နိုင်ငံရေးအခင်းအကျင်းနဲ့ ယခုနိုင်ငံရေးအခင်းအကျင်းဟာ အများကြီး ကွာပါတယ်။ ထိုစဉ်က အာဏာရ ဖဆပလပါတီ အစိုးရလက်ထက်မှာ ပြည်တွင်းစစ်အား အလွန်ကောင်းနေပြီ။ ဖဆပလပါတီဟာလည်း အကွဲအပြဲတွေ ဖြစ်နေပါတယ်။ အာဏာရ ဝန်ကြီးချုပ်ဦးနုရဲ့ သန့်ရှင်ဖဆလပနဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ရဲ့ စစ်တပ်ကျောထောက်နောက်ခံ တည်မြဲဖဆပလဆိုပြီး ကွဲနေတာပါ။ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ သန့်ရှင်းဖဆပလက မဲအသာရခဲ့တဲ့အတွက် စစ်တပ်က ဦးနုအစိုးရအပေါ် မကျေနိုင် မချမ်းနိုင် ဖြစ်ခဲ့တာပါ။

ယခု စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ရိုးမယ်ဖွဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲစာရင်းမှားယွင်းမှု၊ မဲမသမာမှုတွေရှိတယ်ဆိုပြီး ပယ်ဖျက်လိုက်ပါတယ်။ ရွေးကောက်ပွဲဥပဒေအရ ရွေးကောက်ပွဲ အငြင်းပွားမှုအားလုံးကို ရွေးကောက်ပွဲခုံရုံးကသာ ဆောင်ရွက်ရပါတယ်။ စစ်တပ်က ဝင်ရောက်ဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ဒါကြောင့် ယခု အာဏာသိမ်းမှုဟာ အာဏာလိုချင်လို့ သိမ်းကြောင်းသာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီဟာ ခြောက်လအကြာမှာ ပြည်သူပြည်သားတွေ COVID-19 ရောဂါဒဏ်ကို အလူးအလဲ ခံစားနေကြရတဲ့ကြားထဲမှာ နိုင်ငံတကာမှာ အစိုးရအဖြစ် အသိအမှတ်ပြုလိုပြုငြား အိမ်စောင့်အစိုးရဆိုပြီး ထကြေညာပါတယ်။ အစိုးရဖွဲ့ပြီး မကြာမီမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အမေရိကန်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးများလည်း တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးမှာ ဧပြီလအတွင်း ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဆွေးနွေး သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ငါးရပ်အရ မြန်မာ့အရေးကို ဝင်ရောက်ဖြေရှင်းပေးဖို့ အာဆီယံကိုယ်စားလှယ် ခန့်အပ်ခြင်းကို မြန်မာဘက်က သဘောတူညီပေးခဲ့ရပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးမှုကို မြန်မာ့စစ်ကောင်စီက အချိန်ဆွဲခဲ့တာ သုံးလခန့်ကြာပြီ ဖြစ်ပါတယ်။ စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းကို အဆိုပြုပေမယ့် အခြားအာဆီယံနိုင်ငံတွေက ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး(၂) Mr.Erywan Yusot ကိုသာ ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။ အစည်းအဝေးမှာ အာဆီယံကိုယ်စားလှယ် ခန့်အပ်ခြင်းကို သဘောတူပေးခဲ့ရတဲ့အပြင် အာဆီယံကတစ်ဆင့် ပေးမယ့် လူသားချင်းဆိုင်ရာ အကူအညီတွေကို လွတ်လပ်တဲ့ အဖွဲ့အစည်းများကတစ်ဆင့်သာ ပေးမယ်ဆိုတဲ့ အချက်ကို သဘောတူပေးခဲ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် တွေ့ချင်သူတိုင်းကို အထူးကိုယ်စားလှယ်နှင့် လွတ်လပ်စွာ ပေးတွေ့ရန် သဘောတူခဲ့ရပါတယ်။

အာဆီယံကိုယ်စားလှယ် ခန့်အပ်ခြင်းကို ကုလသမဂ္ဂအပါအဝင် နိုင်ငံကြီးအချို့က ကြိုဆိုကြပေမယ့် မြန်မာပြည်သူတွေအတွက်တော့ မျှော်လင့်ချက် ကြီးကြီးမားမား မရှိပါဘူး။ လူသားချင်းဆိုင်ရာ အကူအညီတွေပေးရင်း တွေ့ဆုံထိုက်သူများနှင့် တွေ့ဆုံရင်း အချိန်တွေ ဖြုန်းသွားမှာပဲလို့ ဝေဖန်နေကြပါတယ်။ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ရောက်ဖို့ဆိုတာ စစ်ကောင်စီက ဖော်ဆောင်နိုင်မှာ မဟုတ်ဘဲ ပြည်သူတွေကသာ ဖော်ဆောင်နိုင်မှာဖြစ်လို့သာ ဖြစ်ပါတယ်။

မောက်ဂ္ဂလိ