• Today is: Thursday, August 5, 2021

အိန္ဒိယ၏ ဖက်ဒရယ်အတွေ့အကြုံ

Federal Journal
November01/ 2018


အိန္ဒိယဖက်ဒရယ်စနစ်သည် အပြစ်အနာမကင်းပါ။ စင်စစ်မသည့် ဖက်ဒရယ်စနစ်မှခြောက်ပြစ် ကင်းသဲလဲစင်မဟုတ်ပေ။ ဇတ်ခွဲခြားခြင်းကြောင့် ဖြစ်လာသော ပဋိပက္ခများလူ့အဖွဲ့အ စည်းငယ်များဆိုင်ရာပြဿနာများ၊ ဘာသာရေးအဆောက်အအုံးများကို ဖျက်ဆီးမှုများ၊ လူမျိုးရေးပစ်မှတ်ထားလာသောသတ်ဖြတ်မှုများရှိနေဆဲဖြစ်သည်။ (၂၀၀၄)ခုနှစ်အတွင်းအားသစ်နှင့် မဟာရပခ်ျပြည်နယ်တို့တွင် ဟိန္ဒူစကားပြောဘီဟာရီတို့အပေါ် တိုက်ခိုက်သောလုပ်ရပ်ကြီးများပေါ်ထွက်ခဲ့ သည်။ အိန္ဒိယဖက်ဒရယ်စနစ်အတွက် အဓိကပြဿနာကြီးများသည် မဖြေရှင်းနိုင်သေးပေ။

          အိန္ဒိယသည်ကွဲပြားသောအမျိုးသားဥပဓိအင်္ဂါရပ်များရှိသည့် လူမျိုးများနေထိုင်သော နိုင်ဖြစ်ပြီး ဤသို့တည်ရှိနေမှုကို သူတို့ကိုယ်တိုင် ဂုဏ်ယူကြသည်။ ဇတ်စနစ်၊ ဘာသာရေး၊ လူမျိုးဒေတို့တွင် အခြေခံကာ သီးခြားတည်ရှိနေကြပြီး အိန္ဒိယနိုင်ငံသားဖြစ်မှုဘောင်ထဲတွင် တရားဝင်စုပေါင်းသွားသည်။

          မတူကွဲပြားမှုများစုပေါင်းနေရပ်တည်ရန်၊ ညီညွှတ်သော နိုင်ငံတစ်ခုအတွင်းသစ္စာရှိရန်အတွက် တည်ငြိမ်သောတည်တံ့သောနည်းလမ်းတစ်ခုကို ဖက်ဒရယ်စနစ်ကဖော်ဆောင်ပေးသွားသည်။ မတူကွဲပြား သောလူမှုအုပ်စုတို့၏ ရည်မှန်းချက်များကိုဖော်ထုတ်ရန် ဖက်ဒရယ်စနစ်၏ မူဘောင်များအတွင်းဖြစ်နိုင်ပေမည်။

          ဒီမိုကရေစီခိုင်မာစွာအမြစ်တွယ်နေခြင်းကအိန္ဒိယ၏ မဟာအောင်မြင်မှုဖြစ်သည်။ အိန္ဒိယဖက်ဒရယ်စံနစ်အား အတုအယောင်ဖက်ဒရယ်၊ ဖက်ဒရယ်စနစ်မရှိသောဖက်ဒရယ်ရှင်း၊ အဆင့် အတန်းမတူသော ပြည်နယ်များနှင့်ပြည်ထောင်စုဟုအမျိုးမျိုးဝေဖန်ခဲ့ကြသည်။ အိန္ဒိယသည် ပုန်ကန်မှုကို မြင့်မြင့်မားမားလွှင့်တူထားနိုင်ခဲ့ပေသည်။ အိန္ဒိယသည် ပုန်ကန်မှုများပြည့်နှက်နေပြီး ပြိုကွဲကျဆုံးသွားရလိမ့် မည်ဟုရှုတ်ချပြစ်တင် နိမတ်ဖတ်ခဲ့မှုများသည် မှားယွင်းကြောင်းကို ဖက်ဒရယ်စနစ်က သမိုင်းခံသက်သေ ပြခဲ့သည်။

          နိုင်ငံသည် ပိုမိုစုစည်းမှုမြင့်သောဖက်ဒရယ်ပုံစံဖြင့်စတင်ခဲ့သည်။ သို့သော် ဒေသန္တရပါတီများပေါ် ထွန်းလာခြင်းနှင့် ညွှန့်ပေါင်းဖက်ဒရယ်အစိုးရ၏ အောင်မြင်မှုများကြောင့် ဖက်ဒရယ်စံနစ်သည် အဓိပ္ပါယ် အသစ်တစ်ခုသာမက အင်အားနှင့်နိုးကြားမှု၏ အတိုင်းအတာသစ်တစ်ခုလည်း ဖြစ်လာခဲ့သည်။ ဖက်ဒရယ် စနစ်၏ အောင်မြင်မှုအကြောင်းပြောမည်ဆိုလျှင် ဒီမိုကရက်တစ်အစဉ်အလာအင်စတီဂျူးရှင်းအင်အားများ၊ အားကောင်းသောအရပ်ဘက် လူ့အဖွဲ့အစည်းများရောင်စုံလင်းလက်သော နိုင်ငံရေးယဉ်ကျေးမှုတို့ အကျုံးဝင်ပေသည်။ အတူကွဲပြားမှုကြောင့် ရန်ဘက်ဆောင်နေမှုများအားကိုင်တွယ်မည့် မော်ဒယ်တစ်ခုအ ဖြစ်လေ့လာပြီး အိန္ဒိယဖက်ဒရယ်စနစ်မှ သင်ယူစရာအများအပြားရှိနေသည်။

          အိန္ဒိယသည်အမြဲငြိမ်းချမ်းနေသည့် နိုင်ငံတစ်ခုတော့မဟုတ်ချေ။ အယုဒယမှဘာဘရှီဗလီအား ၁၉၉၂ခုတွင် တိုက်ခိုက်မှု ၂၀၀၂ အတွင်းဂူဂျာရတ်ပြည်နယ်မှ ဝမ်းနည်းကြေကွဲဖွယ်ရာအစုလိုက်သတ် ဖြတ်ခံရမှုများသည် ရင်ထဲတွင်တောက်လောင်နေစဲဖြစ်သည်။ ထိုသို့သမိုင်းအဖြစ်အပျက်တို့ရှိခဲ့ပြီး မကြာခဏပေါ် ထွက်လာတတ်သည်။ ဂူဂျာရတ်တွင် မူဆလင်များအပေါ် လုပ်ကြံမှုသည် လောကီသီးသန့် ဝါဒကျင့်သုံးသော အိန္ဒိယနိုင်ငံတွင် အမဲစက်ကြီးဖြစ်ခဲ့သည်။

          ဂူဂျာရတ် အရေးအခင်းသည် လူမဆန်သော အဓိကရုဏ်းမျှသာမဟုတ်ချေ။ မူဆလင်များနှင့် သူတို့၏နေထိုင်မှုဘဝများကိုဦးတည်တိုက်ခိုက်လာသောစနစ်တကျကြိုးပမ်းမှုဖြစ်သည်။ ဂူဂျရတ်မှ ဝန်ကြီးချုပ်နရန်ဒရာမှုတီ၏ အစိုးရသည် ဒုက္ခသည်များအတွက် အချိန်မှီကယ်တင်ရေးကယ်ဆယ်ရေး ပစ္စည်များကိုမပေးခဲ့ရုံသာမက၊ ပြစ်မှုကျူးလွန်ခြင်းအတွက် ဥပဒေကြောင်းအရ နှောင့်နှေးကြန့်ကြာအောင် လမ်းလွဲအောင် လုပ်ပေးခဲ့သည်။

          ထို့ကြောင့်တရားရုံးချုပ်သည် အမှုစစ်ဆေးခြင်းကိုရပ်တန့်ကာ ဂူဂျာရတ်မှတခြား ပြည်နယ်များသို့ လွှဲပြောင်းခဲ့သည်။ အမျိုးသားအခွင့်အရေးကော်မရှင်ကလည်း ဂူဂျာရတ်တွင် တရားစီရင်မှုသည် တရားစီရင် မျှတမှုရှိနိုင်မည်မဟုတ်ဟုတင်ပြခဲ့သည်။ ဟိန္ဒူအခြေခံဝါဒီအချို့သည် အိန္ဒိယနိုင်ငံရေးအားအလွန် အန္တရာယ်များသော ပုံစံခွက်တစ်ခုထဲသို့ သွန်းလောင်းရန် ကြိုးပမ်းခဲ့သည်။ ဂူဂျာရတ်ပြည်နယ်တွင် အနည်းငယ်အောင်မြင်မှုရခဲ့သည်။ တခြားနေရာများတွင် ကားစမ်းသပ်မှုမအောင်မြင်နိုင်ခဲ့ချေ။ အိန္ဒိယတွင် လောကီသီးသန့်ဝါဒနိုင်ငံရေးသည် အမြစ်တွယ်ခဲ့ပေပြီ။

          နိုင်ငံတော်အင်စတီကျူးရှင်းများ၊ တရားရေးစနစ်၊ သတင်းမီဒီယာနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့သည် အနှစ်သာရကျကျ လောကုတ္တရာနှင့် ကင်းလွတ်နေကြသည်။ လူမျိုးရေးပဋိပက္ခသည် နေရာတချို့တွင် ရှိနေဆဲဆိုခြင်းမှာပင်၊ ဥပမာအရှေ့မြောက်ဒေသဖြစ်သည်။ ထောင့်စုံနေရာစုံမှပြည်သူများက သူတို့သည် ဖွံ့ဖြိုးတိုးတက်ရေးဖြစ်စဉ်တွင်နောက်ချန်ထားခြင်းခံရသည်ဟု ခံစားရပြီးအိန္ဒိယအစိုးရအပေါ်ယုံကြည်မှု ကင်းကြောင်းကို စစ်ရေးလှုပ်ရှားမှုများဖြင့်ပြသခဲ့သည်။ အရှ့မြောက်မှာကဲ့သို့၊ တခြားဒေသဂျာမူးနှင့် ကက်ရှမီးယားတွင် ပြဿနာကြီးထွားလာခဲ့သည်။ နှစ်ကာလ ရှည်ကြာအနှောင်းအဖွဲ့များကိုဆန့်ကျင်သော ပုန်ကန်မှုဖြစ်လာသည်။ အလုပ်မဖြစ်မအောင်မြင်သော ဖွံ့ဖြိုးရေးမိုဒယ်များအပေါ်သံသယများ၊ အစိုးရ၏ ယောင်ဝါးဝါးလုပ်ရပ်များနှင့် ပြင်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုများပေါင်းစုပြီး အခြေအနေဆိုးဝါးသွားခဲ့သည်။

          အိန္ဒယနှင့် ပါကစ္စတန်ကြားရှိကက်ရှမီးယားပြဿနာ၊ နယ်နိမိတ်ပြဿနာတစ်ခုထက်ကျော်လွန် ပြီးဆန့်ကျင်သောအစိုးရပုံစံနှစ်ခု၏ ပြဿနာဟုလည်းကြည့်မြင်နိုင်သည်။ ဘုရားဒေသနာဝါဒနှင့်လောကီ သီးသန့်ဝါဒတို့ယှဉ်ပြိုင်မှုပင်ဖြစ်သည်။ Theocracy vs Secularism နိုင်ငံခြားလေ့လာသူများက ၂၀၀၂ အတွင်းကက်ရှမီးယားရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည်ဟုလက်ခံကြသည်။ နိုင်ငံရေးစနစ် အတွက် လူထုယုံကြည်မှုကိုရရှိရန်ကား ခရီးရှည်ကြီးလျှောက်ရဦးမယ်။ ကက်ရှမီးယားပဟေဠိကိုရွေးကောက်ပွဲတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်သည်ဟု မှတ်ယူလျှင် ထုံအမိုက်မဲရာကျပေလိမ့်မည်။

          အိန္ဒိယဖက်ဒရယ်စနစ်တွင် ဘာသာစကားပြဿနာကို ကိုင်တွယ်ဖြေရှင်းမှုသည် အပြုသဘောဆောင်ပြီး အများကြီးတိုးတက်ဖြစ်ထွန်းခဲ့သည်။ ၁၉၅၀ နှင့် ၁၉၆၀ နှစ်များတွင် ဘာသာစကား ကိစ္စသည် အသေးအမွှားမဟုတ် တိုင်းပြည်ကိုတစ်ခုစီကွဲစေနိုင်သည်ထိ ခြိမ်းခြောက်ခံခဲ့သည်။ ဘာသာစကားအခြေခံပေါ်တွင် ပြည်တွင်းစစ်ဖြစ်တော့မည်လားဟုပင် ထင်ရသည်။ ဟိန္ဒူဘာသာစကားကို ပြဋ္ဌာန်းမှုအသာအစီးရနေမှုကို တုံ့ပြန်လျှက်တမီလ်းနာဒူးတွင် ခွဲထွက်ရေးလှုပ်ရှားမှုများ စတင်ပေါ်ထွက်ခဲ့ သည်။ အိန္ဒိယသည် ဒေလီယဘာသာစကားများ၏ အရေးပါမှုကို အသိအမှတ်ပြုသည်။

          ဘာသာစကားဆိုင်ရာ အမျိုးသားရေးဝါဒများပေါ်ဂရုစိုက်အလေးထားသည်။ ဘာသာစကားအခြေခံ ပေါ်တွင်ပြည်နယ်များကို ပြန်လည်ဖွဲ့စည်းသောအခါ အိန္ဒိယနိုင်ငံကြီး ပြိုကွဲမှုကိုဦးတည်လိမ့်မည်ဟု တချို့စိုးရိမ်ခဲ့ကြသည်။ ဤကြောက်ရွံ့စိုးရိမ်မှုမျိုးသည် သမိုင်းအရအခြေအမြစ်မရှိတော့ချေ။ ယနေ့ကာလတွင် ဘာသာစကားပြဿနာသည် ယေဘုယျအားဖြင့် ငြိမ်းသွားခဲ့ပြီ။ အိန္ဒိယဖက်ဒရယ်စနစ်သည် စစ်စင်အားဖြင့် စမ်းသပ်ခံနေရဆဲဖြစ်သည်။ သို့သော်မီးနှင့်ကစားနေရခြင်းမျိုး တော့မဟုတ်ပြီ။

          သမိုင်းအတွေ့အကြုံများအရ ဖက်ဒရယ်စနစ်သည် အိန္ဒိယတွင် တိမ်မယောင်နှင့်နက်သည်။ ကွန်ကရက်ပါတီစနစ်ဟုဆိုသောတစ်ပါတီ ကြီးစိုးမှုစနစ်သည် ခေတ်ကုန်ခဲ့ပြီးကွန်ကရက်ပါတီသည် အိန္ဒိယနိုင်ငံမြင်ကွင်းတွင် ကြီးကျယ်ခံညားလှသည်။ အာဏာများကို ဗဟိုမှစုစည်းချုပ်ကိုင်ထားခဲ့မှုအတွက် တာဝန်ရှိသောပါတီဖြစ်သည်။ ယခုအခါ အာဏာအခြေခံများနှင့် အသွင်သဏ္ဍာန်များစွာကို လျော့ပေးလိုက်ရပြီးဖြစ်သည်။

          ၂၀၀၃ ရွေးကာက်ပွဲသည် အစပိုင်းဖြစ်သည်။ မိဇိုရမ်၊ ဒေလီရာဂျပ်စ်သန်၊ မက်ဒယာပရော ဒေ့ရ်ုနှင့် ချက်တီဂါကျော်လွန်ခဲ့သော နှစ်ကာလများတွင် အိန္ဒိယသည် တိတ်ဆိပ်ငြိမ်သက်နေမှုများဆူပွက် ပုန်ကန်မှု များကို ကြုံတွေ့ခဲ့သည်။ ဇာတ်နိမ့်ဟုခေါ်သော လူ့အဖွဲ့အစည်း၏ အပစ်ပယ်ခံများ၊ ဇာတ်လတ်များ၊ လယ်သမားလူတန်းစားများ၊ ဒေသန္တရပါတီများတို့သည် အိန္ဒိယနိုင်ငံရေးစင်မြင့်ပေါ်တွင် ပါဝင်လှုပ်ရှားသူ ဇာတ်ကောင်များဖြစ်လာခဲ့ပြီး ထိုအုပ်စုများအားလုံးသည် အမျိုးသားညစာပွဲကြီးတွင် ယခုအခါ မျှဝေစား သောက်နိုင်ပြီဖြစ်သည်။ အိန္ဒိယသဒ္ဒါကျမ်းတွင် ထင်ရှားသောအပြောင်းအလဲတစ်ခုအဖြစ် ဝန်ကြီးချုပ် ဟောင်းဘီပီဆင်းကပြောဆိုခဲ့သည်။

          ဒေသန္တရပါတီ နိုင်ငံရေးသြဇာသစ်သည် အိန္ဒိယဖက်ဒရယ်စနစ်ကို အသွင်ပြောင်းစေသည်။ ထိုပါတီ များကို အကွဲကွဲအပြားပြားဖရိုဖရဲအင်အားစုများမူမမှန်ဖောပြန်သောအင်အားစုများဟုရှေးအရင်က သဘောမကျကြချေ။ ၁၉၉၆-၁၉၉၈ ရွေးကောက်ပွဲများသည် ထိုပါတီများအပေါ် သဘောထားကို ပြောင်းလဲစေသည်။ သူတို့သည် နယူးဒေလီရှိညွန့်ပေါင်းအစိုးရဖွဲ့စည်းရာတွင် အဓိကဇတ်ဆောင်များဖြစ်လာ ခဲ့သည်။ ဖက်ဒရယ်စနစ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးတာဝန်ခံမှု တန်းတူရေးနှင့်လူမှုရေး တရားမျှတမှုတို့ အပေါ် အခြေခံသောအစိုးရစနစ်တစ်ရပ်ပေါ်ထွက်လာရေးအတွက် ဦးတည်လာသည်။ ပြည်နယ်များ၌အာဏာပိုမိုရရှိလာရေးအတွက် စင်မြင့်သစ်ကိုတည်ဆောက်ခဲ့သည်။

          အားကောင်းသော ပြည်နယ်များနှင့် ပျော့ပျောင်းသောဗဟိုဖွဲ့စည်းပုံ၊ စစ်မှန်သောဖက်ဒရယ်စနစ်၊ ဘဏ္ဍာရေးဖက်ဒရယ်စနစ်၊ စုပေါင်းလုပ်ဆောင်သောဖက်ဒရယ်စနစ် စသောစကားလုံးများနှင့် အလားတူဝေါဟာရတို့သည် အမျိုးသားနိုင်ငံရေးဆွေးနွေး ငြင်းခုံပြောဆိုမှုတွင် ရှေ့တန်းရောက်လာသည်။ ဗဟိုအစိုးရရှိနေသည် သို့သော်သြဇာလျော့လာသည်။ လုပ်ပိုင်ခွင့် ကျုံ့လာသည်။ တစ်ချိန်ကဗိုလ်ကျခဲ့သော နေရာများတွင် ညှိနှိုင်းလာရသည်။ ဘန်ဂလိုဟိုင်ခြားလဘတ် မွန်ဆိုင်းကဲ့သို့ ပြည်နယ်မြို့တော်များသည် အာဏာဗဟိုများအဖြစ် ယှဉ်ပြိုင်ပေါ်ထွန်းခာကြသည်။ နိုင်ငံတကာ ခေါင်းဆောင်များ အိန္ဒိယသို့ လာရောက် လျှင် ထိုမြို့များကိုချန်ထား၍ မရတေ့ချေ။

          အိန္ဒိယဖက်ဒရယ်စနစ်၏ ထူးခြားသောတိုးတက်မှုမှာ တတိယအလွှားအစိုးရများပေါ်ထွက်လာ ခြင်းဖြစ်သည်။ ဗဟိုအစိုးရပြည်နယ်အစိုးရအပြင် နောက်တစ်လွှာဖြစ်ပြီး ဒေသအခေါ် “ပန်ချာယတ်”များ ဖြစ်သည်။ ဤ အင်စတီရှင်သစ်သည် ဒီမိုကရေစီအခြေခံကို ကြီးမားကျယ်ပြန့်စေသည်။

          ပန်ချာယက်နေရာများတွင် ငါးနှစ်လျှင် အိန္ဒိယသား(၃)သန်းကျော်ရွေးချယ်တင်မြှောက်ခံရသည်။ သုံးပုံတစ်ပုံတစ်ပုံနီးပါးမှာ အမျိုးသားသမီးများဖြစ်ကြသည်။ စွန့်ပစ်ခံချောင်ထိုးခံအဖွဲ့အုပ်စုများလူမှုအဖွဲ့အစည်းများသည် အဆုံးအဖြတ်ပေးနိုင်သော အဖွဲ့ကြီး၏ အစိတ်အပိုင်းများဖြစ်လာသည်။ ပြည်နယ်တစ်ခုစီတွင် ခရိုင်၊ မြို့နှင့် ကျေးရွာသုံးဆင့်ရှိပါသည်။ သူတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အင်စတီကျူးရှင်းများပေါ်ထွက်လာခြင်းကြောင့် အုပ်ချုပ်မှုသည် ဗဟိုနှင့်ပြည်နယ်အစိုးရများ၏ လုံးဝထိန်းချုပ်ထားမှု လွတ်ကင်းသွားခဲ့ပြီ။ ယနေ့အိန္ဒိယဖက်ဒရယ်စံနစ်သည် ကိုယ်တာဝန်ခံနိုင်မှု ပိုမိုလာကာ၊ လူမှုပါဝင်မှု ပိုမိုကြီးမားလာသည်။

          ပန်ချာယတ်အဖွဲ့များသည် ပြည်နယ်များ၏ အစဉ်အလာပုံစံဖြစ်သောအာဏာကို အထက်မှအောက်သို့ ထိန်းချုပ်မှုအားအပြီးပိုင်မဟုတ်သည့်အတိုင် တစ်ခုသော အတိုင်းအတာထိပြောင်းလဲ ပစ်ရန်စတင်ခဲ့သည်။ ဖက်ဒရယ်ဒီမိုကရက်တစ်ဖွဲ့စည်းမှုတွင် မတူကွဲပြားခြင်းနှင့် ယှဉ်ပြိုင်တောင်ဆိုချက်မ ပေါ်ထွက်လာသော ကိုယ်စိတ်နှလုံးတင်မားမှု တင်းကျပ်မှုတို့အားကြံ့ကြံ့ခိုင်နိုင်သော ရုပ်အင်အားစိတ်အင် အားများ စုစုစည်းစည်းရှိပေသည်။ ဖက်ဒရယ်စနစ်မရှိလျှင် ယခုရှိနေသော အိန္ဒိယမရှိဟု သမိုင်းကောက်ချက် ဆွဲရမည်ဖြစ်ပေသည်။

မောင်ခိုင်အောင်

                                                          Ref: လူမှုသိပံ္ပအင်စတီကျူး (နယူးဒေလီ)မှ Ash Narain Roy ၏ 2004 March တွင်ရေးသော “How India foes it”