• Today is: Wednesday, September 22, 2021

အေနာ္ရထာ၊ အရည္းႀကီးႏွင့္ လူမ်ဳိးႀကီး၀ါဒ

Federal Journal
September11/ 2021

အေနာ္ရထာ၊ အရည္းႀကီးႏွင့္ လူမ်ဳိးႀကီး၀ါဒ

 

အရည္ႀကီးဟုဆုိလွ်င္ ျမန္မာႏုိင္ငံသား အလယ္တန္းအဆင့္ကေလးကစ၍ လူတုိင္းနားလည္ၾက သည္။အရည္ူးႀကီးဆုိသည္မွာ ပုဂံေခတ္ဦးတြင္ ေပၚေပါက္ခဲ့ေသာ ဗုဒၶဘာသာအမည္ခံ ရဟန္းတုရဟန္း ေယာင္။သိကၡာမတင္ သိမ္မ၀င္ဘဲ ရေသ့ရဟန္းအသြင္ ေနထုိင္ေသာသူ။ၿပီးေတာ့ အရည္းႀကီးတုိ႔၏အ က်င့္အႀကံမ်ားမွာလည္း ဗုဒၶသာသနာေတာ္ကုိ အရုပ္ဆုိးအက်ည္းတန္ေစ။တုံးေက်ာ္၊မီးလႈံ၊ဇယ္ေတာက္။ အဆုိး၀ါးဆုံးႏွင့္ ျမန္မာျပည္သူတုိ႔ ေအာ့ႏွလုံးအနာဆုံး လုပ္ရပ္မွာ ပန္းဦးစြန္႔ျခင္းျဖစ္သည္။

 

က်ေနာ္တုိ႔ အလယ္တန္းေက်ာင္းသားဘ၀မွစတင္ကာ ျမန္မာ့သမုိင္း တြင္ အေနာ္ရထာ ဘု ရင္ႀကီး(အနိရုဒၶ)အေၾကာင္းသင္ၾကားသည့္အခါ အေနာ္ရထာႏွင့္အတူ အရည္းႀကီးအေၾကာင္းကုိလည္း အ ထက္ပါအတုိင္း ေဖာ္ျပထားၿမဲျဖစ္သည္။ျပဌာန္းစာအုပ္တြင္ သင္ၾကားေသာသမုိင္းလည္းျဖစ္ျပန္၊ယေန႔ေခတ္ အျမင္ႏွင့္လွမ္းၾကည့္လုိက္သည့္အခါ အရည္းႀကီးဆုိသည္မွာ မွတ္မွတ္ထင္ထင္ အင္မတန္ဆုိးသြမ္းလြန္း လွ သျဖင့္  ျမန္မာ့လူ႔အဖြဲ႔အစည္းအတြင္း ဗီလိန္ျဖစ္ခဲ့သည္။

 

ထုိ႔ျပင္ ထုိသုိ႔သင္ၾကားခံခဲ့ရေသာ အရည္းႀကီးသမုိင္းကုိအေျခခံကာ ျမန္မာ့ရုပ္ရွင္ႏွင့္ဗီဒီယုိတုိ႔တြင္ အရည္းႀကီးကုိဇာတ္နာေအာင္ထပ္မံပုံေဖာ္ထားျပန္သျဖင့္ ျမန္မာေခတ္ဦးပုိင္းက အရည္းႀကီးဆုိေသာ လူဆုိးႀကီးအေၾကာင္း ပုိ၍သိသာထင္ရွားလာေတာ့သည္။

 

ျမန္မာမီဒီယာပလက္ေဖာင္းတြင္ ေတြ႔ရေသာအရည္းႀကီး၏ပုံစံမွာ ဆံပင္ရွည္ရွည္၊အမ်ားႏွင့္မတူ ေသာ၀တ္စားဆင္ယင္ပုံ။ၿပီးေတာ့ အရည္းႀကီးေက်ာင္းဆုိသည္မွာ အေစာင့္အေရွာက္အရံအတားမ်ားျဖင့္ အနက္ေရာင္သုိင္းဂုိဏ္းတစ္ခုအတြင္းသုိ႔ ၀င္ေရာက္ရသည့္ႏွယ္။ေက်ာင္းထဲသုိ႔ ၀င္လာသူမ်ားကုိ အရည္း ႀကီးတုိ႔က သံသယႀကီးစြာေသာမ်က္လုံးစိမ္းႀကီးႏွင့္ၾကည့္တတ္ေသး။ၿပီးေတာ့ ခုံပ်ံေက်ာ္လႊားျဖင့္ အတုိက္အ ခုိက္ကၽြမ္းက်င္ေသာအရည္းႀကီးတုိ႔ သုိင္းေလ့က်င့္ေနမႈကုိလည္း ျမင္ရ။

 

ထုိသုိ႔အထိတ္တလန္႔မ်ားစြာျပည့္ႏွက္ေနေသာ အရည္းႀကီးေက်ာင္းထဲသုိ႔ လွတပတမိန္းမငယ္တစ္ ေယာက္ ေၾကာက္ေၾကာက္ျဖင့္၀င္ေရာက္လာသည္။သူ႔ခမ်ာေၾကာက္လြန္းလုိ႔ တဆတ္ဆတ္ကုိတုန္လုိ႔။ၿပီး ေတာ့ ဗီလိန္ရုပ္အသြင္ရွိ ၾကမ္းၾကမ္းတမ္းတမ္းအရည္းလူၾကမ္းႀကီး၏ ရင္ခြင္တြင္ မ်က္ရည္စက္လက္က်။ သူမေရာက္ရွိလာျခင္းမွာ အရည္းႀကီးထံ ပန္းဦးလာစြန္႔ျခင္းျဖစ္သည္။သူမသည္ဒီေန႔မွ လက္ထပ္ၿပီးခါစ အပ်ဳိရည္မပ်က္ေသးေသာ သတုိ႔သမီး။သူတုိ႔ေခတ္ သူတုိ႔မလြန္ဆန္ႏုိင္ေသာ ဘာသာေရးေယာင္ေယာင္ ျပဌာန္းခ်က္မ်ားအရ သူမ၏အပ်ဳိရည္ကုိ သူမ၏ေယာက်ာ္းမခူးဆြတ္မီ အရည္းႀကီးထံ လာဆက္သရျခင္း ျဖစ္သည္။မ်က္ရည္စက္လက္၊ရင္ကြဲပက္လက္၊ေအာ့ႏွလုံးနာစရာ ျဖစ္ရပ္မ်ားျဖင့္ ပုဂံေခတ္ဦး လူမႈဘ၀။

 

မွတ္မိေသးသည္။က်ေနာ္ခ်ာတိတ္ဘ၀ ေက်းလက္ရုပ္ရွင္ရုံထဲ ထုိသုိ႔ေသာရာဇ၀င္ရုပ္ရွင္ၾကည့္ေန ခုိက္၊ထိတ္လန္႔ေနေသာမိန္းမငယ္ေရွ႕ ႏႈတ္ခမ္းေမႊးတသသ လိင္တၾကြၾကြျဖစ္ေနေသာအရည္းႀကီးဇာတ္၀င္ ခန္းေရာက္ရွိခ်ိန္ ဇာတ္လမ္းထဲေျမာပါသြားေသာ အစ္ကုိကာလသားေတာသားမ်ားက မခံမရပ္ႏုိင္ျဖစ္ကာ ေအာ္ဟစ္ဆဲဆုိကန္႔ကြက္ရုံတင္မက ပိတ္ကားရွိရာသုိ႔ ေျပာင္းဖူးရုိးတုိ႔သည့္လည္း ေဒါသတႀကီးေရာက္ရွိခဲ့ သည္။ထား။

 

ထုိသုိ႔ေသာအရည္းႀကီးမ်ားမွာ ဂုိဏ္းႀကီးသဖြယ္ ဘုရင့္အာဏာကုိပင္ မႈစရာမလုိ။အေနာ္ရထာဘု ရင္မတုိင္မီ ႏွစ္မ်ားစြာၾကာ အရည္းႀကီးတုိ႔ေခတ္။ပုဂံတြင္ အေနာ္ရထာဘုရင္တက္လာေတာ့ ဘာသာေယာင္ ေယာင္ျဖင့္ လူ႔အဖြဲ႔အစည္းအတြင္းဗုိလ္က်ေနေသာ အရည္းႀကီးမ်ားကုိ လက္မခံႏုိင္။ထုိ႔ေၾကာင့္ဗုဒၶဘာသာ ကုိ အစစ္အမွန္ကုိယ္စားျပဳေသာ ရဟန္းေတာ္ျမတ္ရွင္အရဟံ၏အကူအညီျဖင့္ အတုအေယာင္အရည္းႀကီး ရဟန္းမ်ားကုိ ႏွိမ္နင္းကာ ပုဂံေနျပည္ေတာ္ႀကီးတြင္ စစ္မွန္ေသာ ဗုဒၶအေရာင္အ၀ါ ထြန္းလင္းေတာက္ပေစ ခဲ့သည္။အရည္းႀကီးရဟန္းမ်ားကုိ ခ်က္ခ်င္းလူထြက္ေစရုံတင္မက ေအာက္တန္းက်လွေသာ ဆင္ေခ်းက်ဳံး၊ ျမင္းေခ်ားက်ဳံးအလုပ္ကုိလုပ္ကုိင္ေစေသာနည္းျဖင့္ လုံး၀ခ်ဳိးႏွိမ္ပစ္ခဲ့သည္ဟုလည္း က်ေနာ္တုိ႔ျပဌာန္းစာ အုပ္ကဆုိသည္။

 

သမုိင္းတြင္ အေထာက္အထားဆုိသည္မွာအသက္ျဖစ္သည္။အေထာက္အထားမရွိဘဲ သမုိင္းကုိမိမိ ျမင္သလုိမိမိျဖစ္ေစခ်င္သလုိ ေလွ်ာက္ေျပာျခင္းသည္ သမုိင္းကုိအႀကီးအက်ယ္သစၥာေဖာက္ျခင္းျဖစ္ သည္။ ထုိ႔ေၾကာင့္ သမုိင္းပညာရွင္တုိ႔က အေထာက္အထားမခုိင္လုံလွ်င္လက္မခံ၊သမုိင္းဟုမျမင္။သမုိင္းပညာရွင္ ေဒါက္တာသန္းထြန္းက ‘စိတ္ကူးမ်ားရင္သမုိင္းမဟုတ္၊သမုိင္းဟုတ္ရင္စိတ္ကူးမပါ’ဟု ဆုိသည္။ဆုိေတာ့ က်ေနာ္ တုိ႔မ်ဳိးဆက္အလီလီ ျပဌာန္းစာအုပ္တြင္သင္အံခဲ့ရေသာ အထက္ပါအေနာ္ရ ထာဘုရင္ႏွင့္ အရည္း ႀကီး သ မုိင္းကေရာ မည္သုိ႔ေသာအေထာက္အထားမ်ဳိးျဖင့္ ေရးသားခဲ့ၾကသနည္း။

 

မွန္နန္းရာဇ၀င္ထဲ ေရးသားထားခ်က္မ်ားကုိအေျခခံကာ ေရးသားထားေၾကာင္းေတြ႔ရသည္။မွန္နန္း ရာဇ၀င္က မည္သုိ႔ေသာအေထာက္အထားမ်ားျဖင့္ ေရးသားခဲ့သနည္း။စိတ္ခ်ရေသာေက်ာက္စာအေထာက္ အထားရယ္လုိ႔လုံး၀မရွိ။မ်ဳိးဆက္တစ္ဆက္ၿပီးတစ္ဆက္ လက္ဆင့္ကမ္းသယ္လာေသာ ပုံျပင္လုိ လုိဇာတ္ လမ္းမ်ားကုိ အေျခခံျခင္းဟုဆုိႏုိင္သည္။ဆရာႀကီးေဒါက္တာသန္းထြန္းက ‘မွန္နန္းထဲမွာပဲ ရုပ္ရွင္ ရုိက္ဖုိ႔ ဇာတ္ညႊန္းက ေရးၿပီးသားပါေနတယ္။ဒါမ်ဳိး ငါတုိ႔မသုံး’ဟုအျပတ္သားဆုံးမွတ္ခ်က္ေပးခဲ့သည္။

 

ေဒါက္တာသန္းထြန္းက ေက်ာက္စာအေထာက္အထားမ်ားျဖင့္ ဆက္ေျပာသည္။အရည္းႀကီးဆုိ သည္မွာ ‘အရညကင္’ဓူတင္ေဆာင္သျဖင့္ရေသာအမည္မွ ကာလေရြ႕လ်ားခ်ိန္ အရည္းျဖစ္လာဟန္ ။အ ရည္းႀကီးဆုိသည္မွာ ေတာေက်ာင္းရဟန္းကုိ ဆုိလုိျခင္း။ဆုိေတာ့၊အရည္းႀကီးဆုိသည္မွာ အ မွန္တ ကယ္ရွိ ခဲ့ဖူးသည္။သုိ႔ေသာ္၊ပုဂံေခတ္ဦးတြင္မဟုတ္၊အ ရည္းႀကီးသည္ ပုဂံေခတ္ေႏွာင္းပုိင္းက်မွသာ ေပၚေပါက္လာ ျခင္းျဖစ္ၿပီးေအဒီ၁၂၀၀ခန္႔မွ ေအဒီ၁၅၀၀ေက်ာ္ ပုဂံေခတ္လြန္အထိ အရည္းဟုဆုိေသာရ ဟန္းမ်ား ရွိခဲ့ျခင္း ျဖစ္သည္။

 

အရည္းႀကီးဟုဆုိေသာေတာေက်ာင္းဂုိဏ္း၏မူလစတင္ရာမွာ မုံရြာႏွင့္စစ္ကုိင္းခရုိင္တုိ႔တြင္ျဖစ္ၿပီး ေတာေက်ာင္းဂုိဏ္းကုိတည္ေထာင္သူေတာေက်ာင္းရဟန္းတုိ႔၏ေခါင္းေဆာင္မွာ ယေန႔တုိင္ လူအမ်ားကုိး ကြယ္ေနၾကေသာ မဟာၿမဳိင္ေတာထဲမွ အေလာင္းေတာ္ကႆပဟုဆုိေသာ သွ်င္မဟာကႆပျဖစ္သည္။

 

သွ်င္မဟာကႆပသည္ ေအဒီ၁၁၆၉တြင္ဖြားျမင္သည္။ေအဒီ၁၂၁၅တြင္ ပုဂံမင္းက ၄င္းခံစားေနရ ေသာေ၀ဒနာကုိ ကုစားေပးရန္ အတန္တန္ပင့္ဖိတ္သျဖင့္ ပုဂံသုိ႔ ေရာက္ရွိကုသေပးခဲ့ရာ ေပ်ာက္ကင္းသြား သျဖင့္ မင္းအပူေဇာ္ခံရဟန္းျဖစ္ခဲ့ကာ ေတာေက်ာင္းဂုိဏ္းသည္လည္း ပုဂံသုိ႔ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္။ ဘာ့ေၾကာင့္ ေရာဂါကုိကုေပးရန္ ဘုရင္ကအတန္တန္ပင့္ဖိတ္ရသနည္း။သွ်င္မဟာကႆပသည္ ေလာကီ စ်ာန္ရရွိေနသူဟုယုံၾကည္ၾကၿပီး အမွန္လည္းေရာဂါေပ်ာက္ကင္းခဲ့သည္။

 

သွ်င္မဟာကႆပသည္ ပုဂံသုိ႔ သက္ေတာ္၄၆ႏွစ္အရြယ္ ေအဒီ၁၂၁၅က်မွေရာက္ရွိကာ မင္းအပူ ေဇာ ္ခံ ရဟန္းျဖစ္လာ ျခင္းျဖစ္သည္။ပုဂံေခတ္ဘုရင္တုိ႔၏ နန္းစဥ္သကၠရာဇ္မ်ားႏွင့္တုိက္ဆုိင္စစ္ေဆးၾကည့္ လုိက္ပါက အေနာ္ရထာဟုဆုိေသာ အနိရုဒၶဘုရင္၏နန္းသက္မွာ ခရစ္ႏွစ္ ၁၀၄၄-၁၀၇၇ ျဖစ္ၿပီး အေနာ္ရ ထာဘုရင္ ထီးနန္ရခ်ိန္တြင္ အရည္းႀကီးဂုိဏ္းကုိတည္ေထာင္သူအရည္းႀကီးဂုိဏ္းေခါင္းေဆာင္ သွ်င္မဟာ ကႆပမွာ ဘယ္ကမာၻတြင္ဘာျဖစ္ေနမွန္းပင္မသိေသးေပ။သွ်င္မဟာကႆပကုိ ေဆးကုသေပးရန္ပုဂံသုိ႔ ပင့္ဖိတ္ခ်ိန္မွာ ေအဒီ၁၂၁၅ျဖစ္ၿပီး ထုိအခ်ိန္ကပုဂံဘုရင္မွာ ပထမဥစၥာနာမင္း(နာေတာင္မ်ာ)ျဖစ္သည္။ ပထ မဥစၥာနာမင္း၏နန္းသက္မွာ ေအဒီ၁၂၁၁-၁၂၃၁ျဖစ္သည္။အထက္ပါအခ်က္အလက္မ်ားအရ အရည္းႀကီးရ ဟန္းတုိ႔ပုဂံ၌ မင္းႏွင့္ျပည္သူအပူေဇာ္ခံခ်ိန္မွာ ပုဂံေခတ္ေႏွာင္းက်မွသာျဖစ္ေၾကာင္းေပၚလြင္ေပသည္။

 

အရည္းႀကီးဟုေခၚေသာေတာေက်ာင္းရဟန္းတုိ႔သည္ မည္သုိ႔က်င့္ႀကံျပဳမူၾကသနည္း။ေတာ ေက်ာင္းရဟန္းတုိ႔သည္ လွဴဒါန္းေသာေျမတင္မက ကုိယ္တုိင္လည္းေျမ၀ယ္ေသာေျမပုိင္ရွင္မ်ားျဖစ္ၿပီး ၀ိ နည္းကုိခပ္ေလ်ာ့ေလ်ာ့လုိက္နာၾကဟန္တူေၾကာင္းသိရသည္။

 

ေျမအေရာင္းအ၀ယ္ျပဳၿပီးသည့္အခါ ၀ယ္ယူေသာေျမတန္ဖုိးအလုိက္ စားေသာက္ပြဲႀကီးမ်ားခင္း က်င္းေလ့ရွိၿပီး ထုိပြဲတြင္ ႏြား၊၀က္၊ဆိတ္စသည့္သားႀကီးငါးႀကီးမ်ားျဖင့္တည္းခင္းရုံတင္မက ေသအရက္ လည္းပါ၀င္ကာ အရည္းတုိ႔သည္လည္း ထုိပြဲ၌ ေသေသာက္ေလ့ရွိသည္။ထုိ႔ျပင္ အရည္းရဟန္းတုိ႔သည္ ညစာလည္းစားၾကသည္။

 

သုိ႔ေသာ္၊အထက္ပါအခ်က္မ်ားကလြဲ၍ အရည္းရဟန္းတုိ႔သည္ အျခားဆုိးသြမ္းေသာအမူအက်င့္မ ရွိ၊ယေန႔ေခတ္ရဟန္းတုိ႔၏အမူအက်င့္ေအာက္မညံ့။ထုိ႔ျပင္ ျပည္ပ်က္၍ စုိက္ပ်ဳိးေျမပ်က္ေသာကာလမ်ဳိးတြင္ ေတာေက်ာင္းရဟန္းတုိ႔သည္ လယ္ေျမသစ္ဧကမ်ားစြာကုိ ဦးေဆာင္ေဖာ္ထုတ္ျခင္းျဖင့္ တုိင္းျပည္အက်ဳိး ျပဳခဲ့ ၾကသူမ်ားဟုလည္းသိရသည္။

 

ေဒါက္တာသန္းထြန္းက ေတာေက်ာင္းရဟန္းတုိ႔သည္ အမ်ားယုံၾကည္ေနၾကေသာ အရည္းႀကီး တုိ႔ လုိ မဆုိးသြမ္း။ဆုိးေသာအရည္းႀကီးဂုိဏ္းဟူ၍ ျမန္မာႏုိင္ငံ၌ မရွိဖူး။ထုိသုိ႔မဆုိးေသာအရည္းဂုိဏ္းကုိ ႏွိပ္ ကြက္သည္ဆုိျခင္းမွာလည္းမျဖစ္ႏုိင္ဟု အေထာက္အထားေက်ာက္စာမ်ားအေပၚအေျခခံကာ ေကာက္ခ်က္ ခ် သည္။

 

အရည္းရဟန္းတုိ႔ ဘာ့ေၾကာင့္သမုိင္းတြင္ဗီလိန္ပမာ အသုံးေတာ္ခံခဲ့ရသနည္း။ေတာေက်ာင္း ဂုိဏ္း ႏွစ္၃၀၀ေက်ာ္ တည္တံ့ခဲ့ျခင္းမွာ ထုိေခတ္ျပည္သူတုိ႔ကုိးကြယ္ခဲ့ၾကေသာေၾကာင့္ျဖစ္ သည္။ေတာေက်ာင္း ဂုိဏ္းထဲတြင္ ထင္ရွားေက်ာ္ၾကားေသာရဟန္းေတာ္မ်ားစြာလည္းရွိၿပီး က်ေနာ္တုိ႔ သမုိင္းတြင္သင္ခဲ့ရသလုိ ဆုိးသြမ္းမႈမရွိျခင္းေၾကာင့္သာ အရွည္တည္တံ့ခဲ့ျခင္းျဖစ္သည္။သုိ႔ေသာ္၊ေတာ ေက်ာင္းဂုိဏ္းၾသဇာ ေလ်ာ့က် လာ ၿပီး သူႏွင့္ေခတ္ၿပဳိင္ ၀ိနည္းကုိအထူးလုိက္နာေသာသီဟုိဠ္ဂုိဏ္း ေက်ာ္ေဇာလာ ၿပီးေနာက္အရည္းဂုိဏ္း ႏွင့္ပတ္သက္၍ ထုိးဇာတ္မ်ား၀င္လာျခင္းျဖစ္ဟန္တူသည္။

 

မွန္နန္းရာဇ၀င္က အေထာက္အထားမရွိေသာအရည္းႀကီးအေၾကာင္းေဖာ္ျပသည္။ထုိေဖာ္ျပခ်က္ အေပၚအေျခခံကာ က်ေနာ္တုိ႔ပညာေရး၌ အဆက္ဆက္သင္အံခဲ့ရသည္။ေက်ာက္စာအေထာက္အထား မ်ားျဖင့္ မွန္နန္းသမိုင္း၏ထင္ရာျမင္ရာကုိပယ္ေသာ သမုိင္းသစ္(သုိ႔မဟုတ္)ေဒါက္တာသန္းထြန္း၏ထုတ္ ေဖာ္ မႈမွာ ဖဆပ လေခတ္ကတည္းကျဖစ္ၿပီး ပညာရွင္ႏွင့္အဆင့္ျမင့္ပညာသင္ယူမႈအသုိင္းအ၀ုိင္းတြင္ ထုိအခ်ိန္ကတည္းက ေက်လည္ခဲ့ၿပီးျဖစ္သည္။သုိ႔ေသာ္၊အေထာက္အထားမရွိေသာအရည္းႀကီးသမုိင္းသည္ ဘာ့ေၾကာင့္ယေန႔ တုိင္ ျပဌာန္းစာအုပ္ထဲအထိ တြင္က်ယ္ေနရသနည္း။

 

အာဏာပုိင္အဆက္ဆက္တုိ႔၏ ဗမာလူမ်ဳိးႀကီး၀ါဒကုိ ဖက္တြယ္ထားမႈေၾကာင့္ျဖစ္မည္ထင္၏။က် ေနာ္တုိ႔သင္အံခဲ့ရေသာ ျပဌာန္းစာအုပ္သမုိင္းမ်ားကုိ ျပန္လွန္ၾကည့္ပါက ဗမာဘုရင္အျဖစ္အထင္အရွား ေျပာဆုိႏုိင္ေသာ အေနာ္ရထာဘုရင္ကုိ ျမန္မာႏုိင္ငံကုိတည္ေထာင္သူ ပထမျပည္ေထာင္စုအရွင္အျဖစ္ ေျမွာက္စားလုိသျဖင့္ အမွန္တကယ္အျဖစ္အပ်က္မ်ားထက္ပုိမုိခ်ဲ႕ကားကာ မင္းေကာင္းမင္းျမတ္ျဖစ္ေၾကာင္း သက္ေသျပလုိသည္။

 

မင္းေကာင္းမင္းျမတ္ဟုဆုိေသာေသာအေနာ္ရထာကုိ မင္းေကာင္းမင္းျမတ္ျဖစ္ေၾကာင္း ေပၚလြင္ ေစရန္ အတြက္ သာသနာျပဳမင္းအျဖစ္ ဗုဒၶဘာသာႏွင့္ခ်ိတ္ဆက္လုိဟန္ရွိသည္။သုိ႔ေသာ္၊ဗုဒၶဘာသာ သည္ ဗမာ တုိ႔ ျမန္မာႏုိင္ငံတြင္းေရာက္မလာေသးခင္ကတည္းက ရွိႏွင့္ၿပီးျဖစ္၍ ရွိႏွင့္ၿပီးဗုဒၶဘာသာသည္ အယူ ေတာ္အ လြဲႀကီးလြဲေနေသာ အရည္းႀကီးတုိ႔သာသနာျဖစ္ေၾကာင္းပုံေဖာ္ပုံရသည္။

 

ထုိ႔ေၾကာင့္ အေနာ္ရထာသည္ အရည္းႀကီးမ်ားကုိ ႏွိမ္နင္းကာ ျမန္မာႏုိင္ငံတြင္း ဗုဒၶသာသနာေတာ္ ကုိ စတင္ထြန္းလင္းခဲ့ဟန္ တီထြင္လုိက္ေသာသမုိင္းျဖစ္ဟန္တူသည္။ေျပာရလွ်င္ျမန္မာအစသည္ ဗမာ၊ဗမာ အစသည္ အေနာ္ရထာ၊ အေနာ္ရထာသည္ ႀကီးက်ယ္ခမ္းနားေသာ မင္းေကာင္းမင္းျမတ္ ျဖစ္ရုံတင္မက စစ္ မွန္ေသာသာသနာေတာ္အစဟူ၍ ဗမာႏွင့္မူလအစကုိ သက္ ေသ ထူရန္အတြက္ မဟာလူမ်ဳိးႀကီးမႈိင္းမိကာ အေထာက္အထားမရွိေသာအေျပာအဆုိမ်ားအား အေထာက္ အထားမရွိမွန္းသိလ်က္ မဖယ္ရွားႏုိင္ခဲ့ ျခင္း ျဖစ္ဟန္တူသည္။

 

လူမ်ဳိးႀကီး၀ါဒသည္ ဒီမုိကေရစီ၏ဟုိဘက္ အာဏာရွင္တုိ႔၏ အေမွ်ာ္အျမင္ႀကီးေသာ ဥာဏ္ရည္ႏုိး ၾကားမႈျဖစ္သည္။လူမ်ဳိးႀကီး၀ါဒသည္ သူမ်ားထက္ေခါင္းတစ္လုံးပုိျမင့္ေလဟန္ျဖင့္ တန္းတူရည္တူရွိမႈ အ ေပၚအေျခခံေသာ ဖက္ဒရယ္၏ဆန္႔က်င္ဘက္ျဖစ္သည္။မမွန္ ကန္ေသာလူမ်ဳိးႀကီးအျမင္မ်ားကုိ ဆက္လက္ ပ်ဳိးေထာင္ထားျခင္းသည္ အနာဂတ္ဖက္ဒရယ္ျပည္ေထာင္စု အျမင္ကုိ ေခ်းမႈန္းရာေရာက္သည္။သမုိင္းကုိ သင္အံျခင္းမွာ သမုိင္းမွသင္ခန္းစာမ်ားယူတတ္ရန္ျဖစ္သည္။ မွန္ကန္ေသာသင္ခန္းစာမ်ားရရွိရန္မွာ သမုိင္း အမွန္ကုိ သင္အံမိရန္လုိသည္။

 

မင္းကုိမင္း

 

 

 

 

 

 

အနော်ရထာ၊ အရည်းကြီးနှင့် လူမျိုးကြီးဝါဒ

 

အရည်ကြီးဟုဆိုလျှင် မြန်မာနိုင်ငံသား အလယ်တန်းအဆင့်ကလေးကစ၍ လူတိုင်းနားလည်ကြ သည်။အရည်ူးကြီးဆိုသည်မှာ ပုဂံခေတ်ဦးတွင် ပေါ်ပေါက်ခဲ့သော ဗုဒ္ဓဘာသာအမည်ခံ ရဟန်းတုရဟန်း ယောင်။သိက္ခာမတင် သိမ်မဝင်ဘဲ ရသေ့ရဟန်းအသွင် နေထိုင်သောသူ။ပြီးတော့ အရည်းကြီးတို့၏အ ကျင့်အကြံများမှာလည်း ဗုဒ္ဓသာသနာတော်ကို အရုပ်ဆိုးအကျည်းတန်စေ။တုံးကျော်၊မီးလှုံ၊ဇယ်တောက်။ အဆိုးဝါးဆုံးနှင့် မြန်မာပြည်သူတို့ အော့နှလုံးအနာဆုံး လုပ်ရပ်မှာ ပန်းဦးစွန့်ခြင်းဖြစ်သည်။

 

ကျနော်တို့ အလယ်တန်းကျောင်းသားဘဝမှစတင်ကာ မြန်မာ့သမိုင်း တွင် အနော်ရထာ ဘု ရင်ကြီး(အနိရုဒ္ဓ)အကြောင်းသင်ကြားသည့်အခါ အနော်ရထာနှင့်အတူ အရည်းကြီးအကြောင်းကိုလည်း အ ထက်ပါအတိုင်း ဖော်ပြထားမြဲဖြစ်သည်။ပြဌာန်းစာအုပ်တွင် သင်ကြားသောသမိုင်းလည်းဖြစ်ပြန်၊ယနေ့ခေတ် အမြင်နှင့်လှမ်းကြည့်လိုက်သည့်အခါ အရည်းကြီးဆိုသည်မှာ မှတ်မှတ်ထင်ထင် အင်မတန်ဆိုးသွမ်းလွန်း လှ သဖြင့်  မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ဗီလိန်ဖြစ်ခဲ့သည်။

 

ထို့ပြင် ထိုသို့သင်ကြားခံခဲ့ရသော အရည်းကြီးသမိုင်းကိုအခြေခံကာ မြန်မာ့ရုပ်ရှင်နှင့်ဗီဒီယိုတို့တွင် အရည်းကြီးကိုဇာတ်နာအောင်ထပ်မံပုံဖော်ထားပြန်သဖြင့် မြန်မာခေတ်ဦးပိုင်းက အရည်းကြီးဆိုသော လူဆိုးကြီးအကြောင်း ပို၍သိသာထင်ရှားလာတော့သည်။

 

မြန်မာမီဒီယာပလက်ဖောင်းတွင် တွေ့ရသောအရည်းကြီး၏ပုံစံမှာ ဆံပင်ရှည်ရှည်၊အများနှင့်မတူ သောဝတ်စားဆင်ယင်ပုံ။ပြီးတော့ အရည်းကြီးကျောင်းဆိုသည်မှာ အစောင့်အရှောက်အရံအတားများဖြင့် အနက်ရောင်သိုင်းဂိုဏ်းတစ်ခုအတွင်းသို့ ဝင်ရောက်ရသည့်နှယ်။ကျောင်းထဲသို့ ဝင်လာသူများကို အရည်း ကြီးတို့က သံသယကြီးစွာသောမျက်လုံးစိမ်းကြီးနှင့်ကြည့်တတ်သေး။ပြီးတော့ ခုံပျံကျော်လွှားဖြင့် အတိုက်အ ခိုက်ကျွမ်းကျင်သောအရည်းကြီးတို့ သိုင်းလေ့ကျင့်နေမှုကိုလည်း မြင်ရ။

 

ထိုသို့အထိတ်တလန့်များစွာပြည့်နှက်နေသော အရည်းကြီးကျောင်းထဲသို့ လှတပတမိန်းမငယ်တစ် ယောက် ကြောက်ကြောက်ဖြင့်ဝင်ရောက်လာသည်။သူ့ခမျာကြောက်လွန်းလို့ တဆတ်ဆတ်ကိုတုန်လို့။ပြီး တော့ ဗီလိန်ရုပ်အသွင်ရှိ ကြမ်းကြမ်းတမ်းတမ်းအရည်းလူကြမ်းကြီး၏ ရင်ခွင်တွင် မျက်ရည်စက်လက်ကျ။ သူမရောက်ရှိလာခြင်းမှာ အရည်းကြီးထံ ပန်းဦးလာစွန့်ခြင်းဖြစ်သည်။သူမသည်ဒီနေ့မှ လက်ထပ်ပြီးခါစ အပျိုရည်မပျက်သေးသော သတို့သမီး။သူတို့ခေတ် သူတို့မလွန်ဆန်နိုင်သော ဘာသာရေးယောင်ယောင် ပြဌာန်းချက်များအရ သူမ၏အပျိုရည်ကို သူမ၏ယောကျာ်းမခူးဆွတ်မီ အရည်းကြီးထံ လာဆက်သရခြင်း ဖြစ်သည်။မျက်ရည်စက်လက်၊ရင်ကွဲပက်လက်၊အော့နှလုံးနာစရာ ဖြစ်ရပ်များဖြင့် ပုဂံခေတ်ဦး လူမှုဘဝ။

 

မှတ်မိသေးသည်။ကျနော်ချာတိတ်ဘ၀ ကျေးလက်ရုပ်ရှင်ရုံထဲ ထိုသို့သောရာဇဝင်ရုပ်ရှင်ကြည့်နေ ခိုက်၊ထိတ်လန့်နေသောမိန်းမငယ်ရှေ့ နှုတ်ခမ်းမွှေးတသသ လိင်တကြွကြွဖြစ်နေသောအရည်းကြီးဇာတ်ဝင် ခန်းရောက်ရှိချိန် ဇာတ်လမ်းထဲမြောပါသွားသော အစ်ကိုကာလသားတောသားများက မခံမရပ်နိုင်ဖြစ်ကာ အော်ဟစ်ဆဲဆိုကန့်ကွက်ရုံတင်မက ပိတ်ကားရှိရာသို့ ပြောင်းဖူးရိုးတို့သည့်လည်း ဒေါသတကြီးရောက်ရှိခဲ့ သည်။

 

ထိုသို့သောအရည်းကြီးများမှာ ဂိုဏ်းကြီးသဖွယ် ဘုရင့်အာဏာကိုပင် မှုစရာမလို။အနော်ရထာဘု ရင်မတိုင်မီ နှစ်များစွာကြာ အရည်းကြီးတို့ခေတ်။ပုဂံတွင် အနော်ရထာဘုရင်တက်လာတော့ ဘာသာယောင် ယောင်ဖြင့် လူ့အဖွဲ့အစည်းအတွင်းဗိုလ်ကျနေသော အရည်းကြီးများကို လက်မခံနိုင်။ထို့ကြောင့်ဗုဒ္ဓဘာသာ ကို အစစ်အမှန်ကိုယ်စားပြုသော ရဟန်းတော်မြတ်ရှင်အရဟံ၏အကူအညီဖြင့် အတုအယောင်အရည်းကြီး ရဟန်းများကို နှိမ်နင်းကာ ပုဂံနေပြည်တော်ကြီးတွင် စစ်မှန်သော ဗုဒ္ဓအရောင်အဝါ ထွန်းလင်းတောက်ပစေ ခဲ့သည်။အရည်းကြီးရဟန်းများကို ချက်ချင်းလူထွက်စေရုံတင်မက အောက်တန်းကျလှသော ဆင်ချေးကျုံး၊ မြင်းချေားကျုံးအလုပ်ကိုလုပ်ကိုင်စေသောနည်းဖြင့် လုံးဝချိုးနှိမ်ပစ်ခဲ့သည်ဟုလည်း ကျနော်တို့ပြဌာန်းစာ အုပ်ကဆိုသည်။

 

သမိုင်းတွင် အထောက်အထားဆိုသည်မှာအသက်ဖြစ်သည်။အထောက်အထားမရှိဘဲ သမိုင်းကိုမိမိ မြင်သလိုမိမိဖြစ်စေချင်သလို လျှောက်ပြောခြင်းသည် သမိုင်းကိုအကြီးအကျယ်သစ္စာဖောက်ခြင်းဖြစ် သည်။ ထို့ကြောင့် သမိုင်းပညာရှင်တို့က အထောက်အထားမခိုင်လုံလျှင်လက်မခံ၊သမိုင်းဟုမမြင်။သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ‘စိတ်ကူးများရင်သမိုင်းမဟုတ်၊သမိုင်းဟုတ်ရင်စိတ်ကူးမပါ’ဟု ဆိုသည်။ဆိုတော့ ကျနော် တို့မျိုးဆက်အလီလီ ပြဌာန်းစာအုပ်တွင်သင်အံခဲ့ရသော အထက်ပါအနော်ရ ထာဘုရင်နှင့် အရည်း ကြီး သ မိုင်းကရော မည်သို့သောအထောက်အထားမျိုးဖြင့် ရေးသားခဲ့ကြသနည်း။

 

မှန်နန်းရာဇဝင်ထဲ ရေးသားထားချက်များကိုအခြေခံကာ ရေးသားထားကြောင်းတွေ့ရသည်။မှန်နန်း ရာဇဝင်က မည်သို့သောအထောက်အထားများဖြင့် ရေးသားခဲ့သနည်း။စိတ်ချရသောကျောက်စာအထောက် အထားရယ်လို့လုံးဝမရှိ။မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းသယ်လာသော ပုံပြင်လို လိုဇာတ် လမ်းများကို အခြေခံခြင်းဟုဆိုနိုင်သည်။ဆရာကြီးဒေါက်တာသန်းထွန်းက ‘မှန်နန်းထဲမှာပဲ ရုပ်ရှင် ရိုက်ဖို့ ဇာတ်ညွှန်းက ရေးပြီးသားပါနေတယ်။ဒါမျိုး ငါတို့မသုံး’ဟုအပြတ်သားဆုံးမှတ်ချက်ပေးခဲ့သည်။

 

ဒေါက်တာသန်းထွန်းက ကျောက်စာအထောက်အထားများဖြင့် ဆက်ပြောသည်။အရည်းကြီးဆို သည်မှာ ‘အရညကင်’ဓူတင်ဆောင်သဖြင့်ရသောအမည်မှ ကာလရွေ့လျားချိန် အရည်းဖြစ်လာဟန် ။အ ရည်းကြီးဆိုသည်မှာ တောကျောင်းရဟန်းကို ဆိုလိုခြင်း။ဆိုတော့၊အရည်းကြီးဆိုသည်မှာ အ မှန်တ ကယ်ရှိ ခဲ့ဖူးသည်။သို့သော်၊ပုဂံခေတ်ဦးတွင်မဟုတ်၊အ ရည်းကြီးသည် ပုဂံခေတ်နှောင်းပိုင်းကျမှသာ ပေါ်ပေါက်လာ ခြင်းဖြစ်ပြီးအေဒီ၁၂၀၀ခန့်မှ အေဒီ၁၅၀၀ကျော် ပုဂံခေတ်လွန်အထိ အရည်းဟုဆိုသောရ ဟန်းများ ရှိခဲ့ခြင်း ဖြစ်သည်။

 

အရည်းကြီးဟုဆိုသောတောကျောင်းဂိုဏ်း၏မူလစတင်ရာမှာ မုံရွာနှင့်စစ်ကိုင်းခရိုင်တို့တွင်ဖြစ်ပြီး တောကျောင်းဂိုဏ်းကိုတည်ထောင်သူတောကျောင်းရဟန်းတို့၏ခေါင်းဆောင်မှာ ယနေ့တိုင် လူအများကိုး ကွယ်နေကြသော မဟာမြိုင်တောထဲမှ အလောင်းတော်ကဿပဟုဆိုသော သျှင်မဟာကဿပဖြစ်သည်။

 

သျှင်မဟာကဿပသည် အေဒီ၁၁၆၉တွင်ဖွားမြင်သည်။အေဒီ၁၂၁၅တွင် ပုဂံမင်းက ၎င်းခံစားနေရ သောဝေဒနာကို ကုစားပေးရန် အတန်တန်ပင့်ဖိတ်သဖြင့် ပုဂံသို့ ရောက်ရှိကုသပေးခဲ့ရာ ပျောက်ကင်းသွား သဖြင့် မင်းအပူဇော်ခံရဟန်းဖြစ်ခဲ့ကာ တောကျောင်းဂိုဏ်းသည်လည်း ပုဂံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဘာ့ကြောင့် ရောဂါကိုကုပေးရန် ဘုရင်ကအတန်တန်ပင့်ဖိတ်ရသနည်း။သျှင်မဟာကဿပသည် လောကီ ဈာန်ရရှိနေသူဟုယုံကြည်ကြပြီး အမှန်လည်းရောဂါပျောက်ကင်းခဲ့သည်။

 

သျှင်မဟာကဿပသည် ပုဂံသို့ သက်တော်၄၆နှစ်အရွယ် အေဒီ၁၂၁၅ကျမှရောက်ရှိကာ မင်းအပူ ဇော ်ခံ ရဟန်းဖြစ်လာ ခြင်းဖြစ်သည်။ပုဂံခေတ်ဘုရင်တို့၏ နန်းစဉ်သက္ကရာဇ်များနှင့်တိုက်ဆိုင်စစ်ဆေးကြည့် လိုက်ပါက အနော်ရထာဟုဆိုသော အနိရုဒ္ဓဘုရင်၏နန်းသက်မှာ ခရစ်နှစ် ၁၀၄၄-၁၀၇၇ ဖြစ်ပြီး အနော်ရ ထာဘုရင် ထီးနန်ရချိန်တွင် အရည်းကြီးဂိုဏ်းကိုတည်ထောင်သူအရည်းကြီးဂိုဏ်းခေါင်းဆောင် သျှင်မဟာ ကဿပမှာ ဘယ်ကမ္ဘာတွင်ဘာဖြစ်နေမှန်းပင်မသိသေးပေ။သျှင်မဟာကဿပကို ဆေးကုသပေးရန်ပုဂံသို့ ပင့်ဖိတ်ချိန်မှာ အေဒီ၁၂၁၅ဖြစ်ပြီး ထိုအချိန်ကပုဂံဘုရင်မှာ ပထမဥစ္စာနာမင်း(နာတောင်မျာ)ဖြစ်သည်။ ပထ မဥစ္စာနာမင်း၏နန်းသက်မှာ အေဒီ၁၂၁၁-၁၂၃၁ဖြစ်သည်။အထက်ပါအချက်အလက်များအရ အရည်းကြီးရ ဟန်းတို့ပုဂံ၌ မင်းနှင့်ပြည်သူအပူဇော်ခံချိန်မှာ ပုဂံခေတ်နှောင်းကျမှသာဖြစ်ကြောင်းပေါ်လွင်ပေသည်။

 

အရည်းကြီးဟုခေါ်သောတောကျောင်းရဟန်းတို့သည် မည်သို့ကျင့်ကြံပြုမူကြသနည်း။တော ကျောင်းရဟန်းတို့သည် လှူဒါန်းသောမြေတင်မက ကိုယ်တိုင်လည်းမြေဝယ်သောမြေပိုင်ရှင်များဖြစ်ပြီး ဝိ နည်းကိုခပ်လျော့လျော့လိုက်နာကြဟန်တူကြောင်းသိရသည်။

 

မြေအရောင်းအဝယ်ပြုပြီးသည့်အခါ ဝယ်ယူသောမြေတန်ဖိုးအလိုက် စားသောက်ပွဲကြီးများခင်း ကျင်းလေ့ရှိပြီး ထိုပွဲတွင် နွား၊ဝက်၊ဆိတ်စသည့်သားကြီးငါးကြီးများဖြင့်တည်းခင်းရုံတင်မက သေအရက် လည်းပါဝင်ကာ အရည်းတို့သည်လည်း ထိုပွဲ၌ သေသောက်လေ့ရှိသည်။ထို့ပြင် အရည်းရဟန်းတို့သည် ညစာလည်းစားကြသည်။

 

သို့သော်၊အထက်ပါအချက်များကလွဲ၍ အရည်းရဟန်းတို့သည် အခြားဆိုးသွမ်းသောအမူအကျင့်မ ရှိ၊ယနေ့ခေတ်ရဟန်းတို့၏အမူအကျင့်အောက်မညံ့။ထို့ပြင် ပြည်ပျက်၍ စိုက်ပျိုးမြေပျက်သောကာလမျိုးတွင် တောကျောင်းရဟန်းတို့သည် လယ်မြေသစ်ဧကများစွာကို ဦးဆောင်ဖော်ထုတ်ခြင်းဖြင့် တိုင်းပြည်အကျိုး ပြုခဲ့ ကြသူများဟုလည်းသိရသည်။

 

ဒေါက်တာသန်းထွန်းက တောကျောင်းရဟန်းတို့သည် အများယုံကြည်နေကြသော အရည်းကြီး တို့ လို မဆိုးသွမ်း။ဆိုးသောအရည်းကြီးဂိုဏ်းဟူ၍ မြန်မာနိုင်ငံ၌ မရှိဖူး။ထိုသို့မဆိုးသောအရည်းဂိုဏ်းကို နှိပ် ကွက်သည်ဆိုခြင်းမှာလည်းမဖြစ်နိုင်ဟု အထောက်အထားကျောက်စာများအပေါ်အခြေခံကာ ကောက်ချက် ချ သည်။

 

အရည်းရဟန်းတို့ ဘာ့ကြောင့်သမိုင်းတွင်ဗီလိန်ပမာ အသုံးတော်ခံခဲ့ရသနည်း။တောကျောင်း ဂိုဏ်း နှစ်၃၀၀ကျော် တည်တံ့ခဲ့ခြင်းမှာ ထိုခေတ်ပြည်သူတို့ကိုးကွယ်ခဲ့ကြသောကြောင့်ဖြစ် သည်။တောကျောင်း ဂိုဏ်းထဲတွင် ထင်ရှားကျော်ကြားသောရဟန်းတော်များစွာလည်းရှိပြီး ကျနော်တို့ သမိုင်းတွင်သင်ခဲ့ရသလို ဆိုးသွမ်းမှုမရှိခြင်းကြောင့်သာ အရှည်တည်တံ့ခဲ့ခြင်းဖြစ်သည်။သို့သော်၊တော ကျောင်းဂိုဏ်းသြဇာ လျော့ကျ လာ ပြီး သူနှင့်ခေတ်ပြိုင် ဝိနည်းကိုအထူးလိုက်နာသောသီဟိုဠ်ဂိုဏ်း ကျော်ဇောလာ ပြီးနောက်အရည်းဂိုဏ်း နှင့်ပတ်သက်၍ ထိုးဇာတ်များဝင်လာခြင်းဖြစ်ဟန်တူသည်။

 

မှန်နန်းရာဇဝင်က အထောက်အထားမရှိသောအရည်းကြီးအကြောင်းဖော်ပြသည်။ထိုဖော်ပြချက် အပေါ်အခြေခံကာ ကျနော်တို့ပညာရေး၌ အဆက်ဆက်သင်အံခဲ့ရသည်။ကျောက်စာအထောက်အထား များဖြင့် မှန်နန်းသမိုင်း၏ထင်ရာမြင်ရာကိုပယ်သော သမိုင်းသစ်(သို့မဟုတ်)ဒေါက်တာသန်းထွန်း၏ထုတ် ဖော် မှုမှာ ဖဆပ လခေတ်ကတည်းကဖြစ်ပြီး ပညာရှင်နှင့်အဆင့်မြင့်ပညာသင်ယူမှုအသိုင်းအဝိုင်းတွင် ထိုအချိန်ကတည်းက ကျေလည်ခဲ့ပြီးဖြစ်သည်။သို့သော်၊အထောက်အထားမရှိသောအရည်းကြီးသမိုင်းသည် ဘာ့ကြောင့်ယနေ့ တိုင် ပြဌာန်းစာအုပ်ထဲအထိ တွင်ကျယ်နေရသနည်း။

 

အာဏာပိုင်အဆက်ဆက်တို့၏ ဗမာလူမျိုးကြီးဝါဒကို ဖက်တွယ်ထားမှုကြောင့်ဖြစ်မည်ထင်၏။ကျ နော်တို့သင်အံခဲ့ရသော ပြဌာန်းစာအုပ်သမိုင်းများကို ပြန်လှန်ကြည့်ပါက ဗမာဘုရင်အဖြစ်အထင်အရှား ပြောဆိုနိုင်သော အနော်ရထာဘုရင်ကို မြန်မာနိုင်ငံကိုတည်ထောင်သူ ပထမပြည်ထောင်စုအရှင်အဖြစ် မြှောက်စားလိုသဖြင့် အမှန်တကယ်အဖြစ်အပျက်များထက်ပိုမိုချဲ့ကားကာ မင်းကောင်းမင်းမြတ်ဖြစ်ကြောင်း သက်သေပြလိုသည်။

 

မင်းကောင်းမင်းမြတ်ဟုဆိုသောသောအနော်ရထာကို မင်းကောင်းမင်းမြတ်ဖြစ်ကြောင်း ပေါ်လွင် စေရန် အတွက် သာသနာပြုမင်းအဖြစ် ဗုဒ္ဓဘာသာနှင့်ချိတ်ဆက်လိုဟန်ရှိသည်။သို့သော်၊ဗုဒ္ဓဘာသာ သည် ဗမာ တို့ မြန်မာနိုင်ငံတွင်းရောက်မလာသေးခင်ကတည်းက ရှိနှင့်ပြီးဖြစ်၍ ရှိနှင့်ပြီးဗုဒ္ဓဘာသာသည် အယူ တော်အ လွဲကြီးလွဲနေသော အရည်းကြီးတို့သာသနာဖြစ်ကြောင်းပုံဖော်ပုံရသည်။

 

ထို့ကြောင့် အနော်ရထာသည် အရည်းကြီးများကို နှိမ်နင်းကာ မြန်မာနိုင်ငံတွင်း ဗုဒ္ဓသာသနာတော် ကို စတင်ထွန်းလင်းခဲ့ဟန် တီထွင်လိုက်သောသမိုင်းဖြစ်ဟန်တူသည်။ပြောရလျှင်မြန်မာအစသည် ဗမာ၊ဗမာ အစသည် အနော်ရထာ၊ အနော်ရထာသည် ကြီးကျယ်ခမ်းနားသော မင်းကောင်းမင်းမြတ် ဖြစ်ရုံတင်မက စစ် မှန်သောသာသနာတော်အစဟူ၍ ဗမာနှင့်မူလအစကို သက် သေ ထူရန်အတွက် မဟာလူမျိုးကြီးမှိုင်းမိကာ အထောက်အထားမရှိသောအပြောအဆိုများအား အထောက် အထားမရှိမှန်းသိလျက် မဖယ်ရှားနိုင်ခဲ့ ခြင်း ဖြစ်ဟန်တူသည်။

လူမျိုးကြီးဝါဒသည် ဒီမိုကရေစီ၏ဟိုဘက် အာဏာရှင်တို့၏ အမျှော်အမြင်ကြီးသော ဉာဏ်ရည်နိုး ကြားမှုဖြစ်သည်။လူမျိုးကြီးဝါဒသည် သူများထက်ခေါင်းတစ်လုံးပိုမြင့်လေဟန်ဖြင့် တန်းတူရည်တူရှိမှု အ ပေါ်အခြေခံသော ဖက်ဒရယ်၏ဆန့်ကျင်ဘက်ဖြစ်သည်။မမှန် ကန်သောလူမျိုးကြီးအမြင်များကို ဆက်လက် ပျိုးထောင်ထားခြင်းသည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အမြင်ကို ချေးမှုန်းရာရောက်သည်။သမိုင်းကို သင်အံခြင်းမှာ သမိုင်းမှသင်ခန်းစာများယူတတ်ရန်ဖြစ်သည်။ မှန်ကန်သောသင်ခန်းစာများရရှိရန်မှာ သမိုင်း အမှန်ကို သင်အံမိရန်လိုသည်။

 

မင်းကိုမင်း