• Today is: Friday, April 23, 2021

ေနာက္ထပ္ ကမၻာစစ္ျဖစ္မလား နောက်ထပ် ကမ္ဘာစစ်ဖြစ်မလား

Federal Journal
February13/ 2021

Zawgyi

ေနာက္ထပ္ ကမၻာစစ္ျဖစ္မလား

ေကာ္ရိုနာဗိုင္းရပ္စ္ကပ္ေဘးႀကီးက ႏိုင္ငံတကာစီးပြားေရးကို ႐ုပ္သိမ္းလွန္ခ်ေနလာႏွင့္ခဲ့ေပၿပီ။ ထိုကေနစစ္ေရး ေတြဆီ တဖန္လွည့္ထြက္သက္ေရာက္လာျခင္းဆိုသည္မ်ိဳးကို ေတြ႕လာရဖို႔ကေတာ့ ဆက္ၾကည့္ျမင္ရန္ က်န္ရွိေန ပါေသးသည္။

တိုင္းတာခ်က္အမ်ားအျပားအရ ၂၀၂၀ ခုႏွစ္ သည္ လူသားတို႔ရင္ဆိုင္လာရေသာ ဆယ္စုႏွစ္မ်ားစြာ အတြင္း အဆိုးဝါးဆံုးႏွစ္တစ္ႏွစ္အျဖစ္ သမိုင္းဝင္လာဖို႔ ေတြ႕ရွိေနရသည္။ ယေန႔ကမၻာက ကပ္ေဘးအလယ္ ေခါင္တည့္တည့္ေရာက္ေနျပီး ၂၀၂၀ ဒီဇင္ဘာလလယ္ အထိ လူ ၇၂ သန္းခြဲေက်ာ္ ကူးစက္ခံခဲ့ရသည့္အနက္ ၁ သန္း ၆ သိန္းေက်ာ္ ေသဆံုးခဲ့ရျပီးျဖစ္သည္။ ကပ္ေရာဂါကာလအဆံုးမသပ္ခင္ ေနာက္ထပ္ သန္းေပါင္းမ်ားစြာ ကူးစက္ခံၾကရဖို႔လည္း ေသခ်ာ သေလာက္ျဖစ္ေန၏။ ကမၻာ့စီးပြားေရးကလည္း လြတ္လြတ္လပ္လပ္ ေဇာက္ထိုးက်ေနျပီး အလုပ္ လက္မဲ့ႏႈန္းကလည္း ျပဇာတ္ဆန္ဆန္ႀကီး ျမင့္တက္ လာေနသည္။ ကုန္သြယ္ေရးႏွင့္ထြက္ႏႈန္းကလည္း ခဲသီးဆြဲထားသလိုျဖစ္ေနၿပီး ဤကာလ အဆံုးသပ္ခ်ိန္ အေရာက္၌လည္း ေမွ်ာ္လင့္စရာက သိပ္မမ်ားလွေပ။ ႏွံက်ိဳင္းေကာင္မ်ိဳးစိတ္ ပလိပ္ကပ္ေရာဂါက အာဖရိက မွာ ဒုတိယအႀကိမ္ ျပန္ေခါင္းေထာင္ထိုးႏွက္သည္၊ ေအာက္တိုဘာလအတြင္းတုန္းကလည္း လူသတ္ နက်ယ္၊ ပဆုပ္ပနီေတြ ယူအက္စ္၏လူေနထူထပ္ရာ ေဒသမ်ားမွာ ]က်}ခဲ့ေၾကာင္း သိရွိရသည္။ အေမရိကန္ ေတြဆီမွာကေတာ့ အႀကံေပးေတြ၏ သိပၸံနည္းက်က် လက္ေတြ႕က်အႀကံÓဏ္မ်ားကိုပစ္ပယ္ျပီး ေသခ်င္ေစာ္ နံေလာက္ေစသည့္ ေဆးညႊန္းေတြညႊန္ျပတတ္ေလ့ ရွိေသာ တလြဲဆံပင္ေကာင္း၊ ေခါင္းေၾကာမာလွသူ သမၼတတစ္ဦး ရွိခဲ့ပါသည္။ ထိုထိုေသာ အထက္ပါ ကိစၥရပ္ အေၾကာင္းျခင္းရာမ်ား နက္ျဖန္သဘက္ မ်က္လွည့္ဆန္ဆန္ ကြယ္ေပ်ာက္သြားမည္ျဖစ္ေစ၊ မေပ်ာက္မည္ျဖစ္ေစ၊ ရာသီဥတုေျပာင္းလဲမႈ ကာလ ရွည္ အႏၱရာယ္ႀကီးကိုေတာ့ ဆက္လက္ ရင္ဆိုင္ေနၾက ရဦးေပမည္။
ေပးထားခ်က္အရွိအားလံုးအရ ဘာေတြ ထပ္ ဆိုးရြားလာေစႏိုင္မည္လဲ…။ ျဖစ္ႏိုင္ေျခတစ္ရပ္က ေတာ့ ]စစ္ပြဲ}ပင္။ ကမၻာ့ကပ္ေရာဂါေဘးႏွင့္ အဓိက စီးပြားေရးအက် တိုက္႐ိုက္အဆက္အစပ္တို႔က အနည္း ႏွင့္အမ်ားဆိုသလို စစ္ႀကီးျဖစ္ေစမည္ဟူေသာ အေမး မ်ား၊ တြက္ဆခ်က္မ်ားက ခ်ိန္ခါသင့္ တန္ဖိုးထိုက္ လာပါ၏။ ထိုေမးခြန္းအေပၚ သမိုင္းျဖတ္သန္းခ်က္ႏွင့္ သီအိုရိသေဘာတရားမ်ားက ဘာေတြေျပာျပေနသည္ လဲ…။
အစပိုင္းေတြကိုျပန္ၾကည့္ၾကမည္။ ကပ္ေရာဂါ ျဖစ္ေစ၊ စီးပြားအက်ျဖစ္ေစ စစ္ပြဲကိုမျဖစ္ေစႏိုင္ပါဟု လူေတြ သိထားၾကပါ၏။ ပထမကမၻာစစ္သည္ ၁၉၁၈ – ၁၉၁၉ တုပ္ေကြးကပ္ေရာဂါ ကမၻာကို စတင္ပ်ံ႕ႏွံ႔စ အခ်ိန္တြင္ ၿပီးဆံုးခဲ့သည္။ သို႔ေသာ္ ထိုကပ္ေရာဂါက ႐ုရွားျပည္တြင္းစစ္၊ ႐ုရွား-ပိုလန္စစ္ပြဲ၊ သို႔မဟုတ္ အျခားအေရးႀကီးပဋိပကၡၿကီးတခ်ိဳ႕ကိုေတာ့ မရပ္တန္႔ ႏိုင္ေစခဲ့ေပ။ တစ္ဖန္ ၁၉၂၉ တြင္စတင္ေသာ ကမၻာ့ စီးပြားပ်က္ကပ္ကလည္း ၁၉၃၁ ဂ်ပန္ကို မန္ခ်ဴးေတြ ဝင္က်ဴးေက်ာ္ျခင္းကို မကာကြယ္ေပးႏိုင္ခဲ့သည့္အျပင္ ၁၉၃၀ ျပည့္လြန္ႏွစ္မ်ားတြင္ ဖက္ဆစ္ဝါဒျမင့္တက္ လာခဲ့မႈအေပၚ ဓာတ္ဆီေလာင္းေပးသကဲ့သို႔ပင္ ျဖစ္ေစခဲ့သည္။ ေနာက္ေတာ့ ဒုတိယကမၻာစစ္ႀကီးဆီ ေရြ႕လ်ားေစလာခဲ့ပါ၏။ ဆိုေတာ့ကာ ကိုဗစ္ ၁၉ ႏွင့္ ဂလိုဘယ္စီးပြားအက်တို႔ တြဲဆက္ေနေသာကာလ အတြင္း အဓိကစစ္ပြဲ(မ်ား) မျဖစ္ႏိုင္ဟု ႐ိုး႐ိုးႀကီးပဲ ေတြးထင္ယူဆမိၾကသည္ဆိုပါက ထပ္ေတြးၾကည့္ၾက ရပါမည္။
လက္ရွိ စစ္ပြဲ(အငယ္ေတြ)ကေတာ့ ဆက္ရွိ ေနႏိုင္သည္ဆိုျငား ေလ်ာ့က်သြားဖြယ္ေတာ့လည္း ရွိေနျပန္ပါ၏။ မက္ဆာခ်ဴးဆက္နည္းပညာ အင္စတီ က်ဳမွ Barry Posen ကေတာ့ စစ္ျဖစ္ဖြယ္ရွိအထိုင္ေပၚ တြင္ လက္ရွိကပ္၏သက္ေရာက္မႈတို႔ကို ခ်င့္ဆ စဥ္းစားတြက္ခ်က္ရာ၌ ကိုဗစ္ ၁၉ သည္ ၿငိမ္းခ်မ္းေရး ကို ပိုျမႇင့္တင္ေပးႏိုင္သည္ဟုပင္ ယံုၾကည္ထားသည္။ ဘယ္ရီပိုးဆန္ Barry Posen က ယခုကပ္ေရာဂါသည္ ေမဂ်ာပါဝါအားလံုးကို ျပင္းထန္စြာ ဒုကၡေပး၏၊ ဤအခ်က္က ကပ္ေဘးဒဏ္ခံရနည္းပါးေသာ ႏိုင္ငံ မ်ားအတြက္လည္း လက္လွမ္းတမီ အခြင့္အလမ္း ျပတင္းမ်ား မဖန္တီးၾကႏိုင္ခ်ိန္ျဖစ္၍ ゞင္းတို႔အတြက္ လည္း ပိုအားနည္းလာေစၿပီး နစ္နာရေစသည္ ဆို ေသာ အဓိပၸာယ္ျဖစ္ေနျပန္ေႀကာင္း တင္ျပ ေလွ်ာက္လဲ ၏။ တကယ္တမ္းမွာလည္း ဂလိုဘယ္ အက်ပ္က အစိုးရအားလံုးကို ゞင္းတို႔၏ ကာလတို ႏွင့္ကာလ လတ္ေမွ်ာ္မွန္းခ်က္မ်ားအေပၚ အဆိုးျမင္မႈ ပိုမ်ားလာ ေနၾကေစပါ၏။ ႏိုင္ငံမ်ားသည္ လိုအပ္သည္ထက္ပို၍ လြန္ကဲေသာ ယံုၾကည္မႈျဖင့္ မၾကာခဏစစ္ပြဲဆီ ေရာက္ သြားတတ္ၾကေလ့ရွိေသာေၾကာင့္ (ယံုၾကည္မႈကို တစ္ခါတရံ ေနရာ ခ်လြဲတတ္ျခင္းမ်ိဳးေၾကာင့္) ကပ္ ေရာဂါေဘးဒဏ္က ထုတ္ေပးလိုက္ေသာ အဆိုးျမင္ကို ၿငိမ္းခ်မ္းေရးဆီ ဦးလွည့္ရည္စူး သြယ္တန္းလိုက္ၾက သင့္ပါသည္။
စစ္ျဖစ္ၿပီဆိုပါက ႏိုင္ငံေတြအေနျဖင့္ သဘာဝ က်က်ပင္ လူေတြ၊ စစ္သည္ေတြ နီးကပ္စြာ စတင္ စုစည္းၾကရၿမဲ ျဖစ္၏။ ေလ့က်င့္ေရးစခန္းေတြ၊ စစ္ဘက္အေျခစိုက္တပ္ေတြ၊ တပ္စြဲ ေရြ႕လ်ားဧရိယာ ေတြ၊ ပင္လယ္ထဲမွာသေဘၤာေတြ…။ ဒါေတြက ကပ္ေရာဂါကာလအလယ္ေခါင္မွာ သင္မလုပ္ခ်င္ဆံုး အရာမ်ားပဲ ျဖစ္ေပမည္။ ယခုလိုကာလမ်ိဳးမွာ ႏိုင္ငံ ေတြအားလံုး ဝန္းရံပိတ္ဆို႔ခံအေနအထားဆီ အလိုလို က်ေရာက္ေနရသည္မို႔ ဘယ္လိုအစိုးရပံုစံမ်ိဳးမဆို အားလံုးအေနျဖင့္ အစြမ္းရွိသမွ် ျပည္သူလူထုကို ဤကပ္ေရာဂါေဘးမွ ကာကြယ္ၾကရမည္ပဲျဖစ္သလို ႏိုင္သေရြ႕ လုပ္ေနၾကခ်ိန္လည္း ျဖစ္သည္။ အခ်က္ အလက္ေတြအားလံုး အတူစုၾကည့္ပါက သည္လို အေနအထားမ်ိဳးေတြေၾကာင့္ပင္ ျမင္ရတာရွင္းလင္း သည္။ ေခါင္းမာၿပီးသန္စြမ္းသူ၊ စစ္ပြဲဖန္တီးေလ့ ရွိတတ္သူ ေဆာ္ဒီ၏ မိုဟာမက္ဘင္ဆယ္လ္မန္လို လူစားမ်ိဳးပင္လွ်င္ ゞင္း၏ၾကမ္းတမ္းလွၿပီး မေအာင္ျမင္ ေသာ ယီမင္စစ္ေရးကန္ပိန္းမ်ားကို ေလွ်ာ့ခ်ေရး ပိုစိတ္ဝင္တစား လုပ္ကိုင္လာေန၏။
ပိုးဆန္ Posen က ကိုဗစ္ ၁၉ သည္ ႏိုင္ငံတကာ ကုန္သြယ္ေရးကိုလည္း ကာလတိုမွကာလလတ္အထိ ေလ်ာ့က်ေစဖြယ္ရွိသည္ဟု ထပ္ျဖည့္သည္။ စီးပြား ေရးအျပန္အလွန္အမွီသဟဲျပဳရျခင္းက စစ္ကို ပါဝါျပည့္ ၾကားခံေပးႏိုင္မည္ဟုလည္း သူကယံုၾကည္ထား၏။ ကုန္သြယ္ေရးျပန္ဖြံ႕ၿဖိဳးရန္ လိုအပ္ခ်က္အား သတိ ေပးေနႏိုင္သည္၊ သို႔ျငား သတိျပဳရန္မွာ ကုန္သြယ္ေရး ကိစၥသည္ လတ္တေလာႏွစ္မ်ား၌ ေတာက္ေလွ်ာက္ ႐ႈပ္ေထြးေနၿပီး အထူးသျဖင့္ ယူအက္စ္ႏွင့္ တ႐ုတ္ၾကား ျဖစ္ေနသည္ကိုေတာ့ ထည့္စဥ္းစားၾကရမည္ဟုလည္း ေထာက္ျပပါ၏။ အျပဳေရခ်ိန္တစ္ရပ္ဆီေရာက္ ေအာင္ ထပ္ထပ္ညႇိျခင္းကသာ တင္းမာမႈေတြကို ေလွ်ာ့ခ်ေပး ႏိုင္မည္ျဖစ္ျပီး စစ္ဆီဦးတည္ေနၿပီဆိုေသာ အသံပလံ ရင္းျမစ္ေတြကိုလည္း ေလ်ာ့နည္းတိတ္ဆိတ္ေစလိမ့္ မည္။
ဤေၾကာင္းက်ိဳးမ်ားအရဆိုလွ်င္ ကပ္ေရာဂါ သည္ သူ႔နဂိုေနအရ ၿငိမ္းခ်မ္းေရးဆီ သြယ္တန္းေရြ႕ သြားႏိုင္ဖြယ္ ရွိေနသည္။ သို႔ေသာ္… ပိုက်ယ္ျပန္႔လာ ေနေသာ စီးပြားေရးအေနအထားမ်ားႏွင့္ စစ္ႏွင့္ သဏၭာန္တူ နီးကပ္လာျခင္းတို႔အၾကားမွ အဆက္အစပ္ က ဘာေတြပါလဲ…။ အနည္းငယ္မွ်ေသာ ႏိုင္ငံေခါင္း ေဆာင္တခ်ိဳ႕တေလကေတာ့ အက်ပ္အတည္းကို ႏိႈးေဆာ္ၿပီး စစ္ဆီသြားေနျခင္းကပင္ ေရရွည္ အမ်ိဳး သား အက်ိဳးစီးပြား၊ သို႔မဟုတ္ ゞင္းတို႔၏ကိုယ္ပိုင္ ႏိုင္ငံေရးကံၾကမၼာကို အားသာခ်က္ရရွိေနေစသည္ ဟု ယံုၾကည္မႈျပင္းပ်ေနဆဲ ျဖစ္ေကာင္းျဖစ္ႏိုင္ပါ သလား…။ ဤကေန ဆင့္ပြားၿပီး နက္႐ိႈင္းရွည္ၾကာ စီးပြားအက်တစ္ရပ္က ဂလိုဘယ္ပဋိပကၡကို ပိုအတည္ ျဖစ္ေပၚလာႏိုင္ေျခမ်ားေနသလား…။
ရင္းႏွီးကြ်မ္းဝင္ၾကၿပီးသား စစ္သီအိုရီတစ္ရပ္ ရွိပါသည္။ ]မတူကြဲျပားမ်ားေျမာင္မႈ}ကို ကိုင္တြယ္ပံု ဟု ေခၚၾကသည့္ (သို႔မဟုတ္ ]တစ္ပါးသူအျပစ္အတြက္ ဒဏ္သင့္ခံရသူ သီအိုရီ၊ Scapegoat Theory ဟုလည္း ဆိုၾကသည္) သေဘာတရားကို ျပဆိုဖြင့္ဆိုျခင္းျဖစ္၏။ ေျပာရလွ်င္ ]ဓားစာခံရွာ စစ္ျပဳျခင္း}ပင္ျဖစ္သည္။ ျပည္တြင္းမွာ လူ ႀကိဳက္နည္းလာမႈကို စိတ္ပူလာ ေသာကေရာက္လာေသာ ေခါင္းေဆာင္တခ်ိဳ႕အေနျဖင့္ သူတို႔၏ပ်က္ယြင္းခ်ိဳ႕တဲ့မႈမ်ားကို ဖံုးကြယ္ရန္ လူထုကို တျခားအာ႐ံုေျပာင္းသြားေစဖို႔ ႀကိဳးစားလံႈ႕ေဆာ္ရန္ ျပည္ပပါဝါတစ္ရပ္ရပ္၊ သို႔မဟုတ္ တစ္ႏိုင္ငံငံဆီ ဆန္႔က်င္စစ္ျပဳႏိုင္ေရးမ်ိဳး အားထုတ္ျပဳလုပ္ျခင္း ျဖစ္သည္။ ဤေလာဂ်စ္မွႀကည့္ျဖင္ယူပါက ယခု အေမ ရိကန္တခ်ိဳ႕ စတင္ပူပန္လာေနႀကေသာ စစ္ပြဲဆီမ်ား လားဆိုသည္ကို ေတြ႕ရွိလာေနရပါ၏။ သမၼတ ေဒၚနယ္ ထရမ့္အေနျဖင့္ ေရြးေကာက္ပြဲမွာ သူ႐ံႈးႏိုင္ေျခကို ကာေထရန္ အီရန္ သို႔မဟုတ္ ဗင္နီဇြဲလားကို စစ္ဝင္ တိုက္ရန္ႀကိဳးစားမည္လားဟု စိုးရိမ္လာေနၾကျခင္း ျဖစ္သည္။
မႏွစ္ၿမိဳ႕ေသာ္လည္း ဤလိုထြက္ရွိခ်က္ကိုကပင္ လူကို အေတာ္႐ိုက္ခတ္ေစပါ၏။ သီအိုရီကေတာ့ တစ္စံုတစ္ေယာက္ကသာ ယုတၲိႏွင့္ လက္ေတြ႕ စီးဆင္းတတ္ပံုေတြကို ဥပကၡာျပဳမည္ဆိုပါက စစ္ျဖစ္ ေပၚေႀကာင္း ျပသထားသည္ပင္။ စစ္ဆိုသည္က အေလာင္းအစားဆန္လွသည္။ ေသးငယ္သည္ဆိုလွ်င္ ေတာင္ ကိစၥျခင္းရာေတြကို ပိုဆိုးေစ ကုန္တတ္ၿမဲ ျဖစ္၏။ ဒါက ထရမ့္၏ ကံၾကမၼာေခါင္းတလားကို ႐ိုက္ပိတ္မည့္ ေနာက္ဆံုးသံခ်က္ပင္ ျဖစ္သြားေစေပ မည္။ တစ္ဖန္ထပ္ၾကည့္ၾကရလွ်င္ေတာ့ ထရမ့္အေန ျဖင့္ လက္ရွိအေမရိကလံုၿခံဳေရးကို ျခိမ္းေျခာက္ေန ေသာႏိုင္ငံဟု ထင္ေလာက္ဖြယ္ တစ္ႏိုင္ငံမွမရွိ။ သို႔ျငား ျပည္တြင္းမွာေတာ့ ကာကြယ္ေပးႏိုင္ပါလ်က္ အေမရိကန္ ေထာင္ေပါင္းမ်ားစြာ (ကပ္ေရာဂါေၾကာင့္) ေသဆံုးေန ခ်ိန္တြင္ အီရန္ႏွင့္ ဗင္နီဇြဲလားကိစၥမွာ အခ်ိန္ႏွင့္ေငြေတြ ဘာေၾကာင့္ ထရမ့္အလဟႆ အကုန္က်ခံေနသည္လဲ ဆိုျခင္းအေပၚ သူ႔ကိုေသြးတိတ္ေအာင္ ဆက္ေထာက္ခံ ေပးေနသူတို႔ကိုယ္တိုင္ေတာင္မွ ေဝ၀ါးေနၾကရျပန္၏။ ေအာင္ျမင္ေသာ စစ္ေရးတံု႔ျပန္မႈဆိုလွ်င္ေတာင္ အေမရိကကို ျပန္အလုပ္ျဖစ္ေစမည္မဟုတ္ေပ။ ကမၻာ အႏွံ႔က ကြ်မ္းက်င္လိမၼာေသာအစိုးရေတြ တာဝန္ခံယူ ေဆာင္ရြက္ေနႏွင့္ၾကသည့္ (ေရာဂါကို) စစ္ေဆး-ရွာေဖြ ထိေရာက္စြာပိုလုပ္ျခင္းကသာ အဆင္ပိုေျပ သည္။ သို႔မဟုတ္ ကာကြယ္ေဆးဘက္ပိုလုပ္…။ သည္ ယုတၲိတူကသာ အျခားကမၻာ့ေခါင္းေဆာင္မ်ား၏ ဆံုးျဖတ္ခ်က္ေတြကိုလည္း လမ္းညႊန္ျပေပးေနပံုပင္။
ေနာက္ထပ္ရင္းႏွီးၾကၿပီးသားသီအိုရီက ]စစ္ေရး ဆိုင္ရာကိန္းဝါဒစနစ္}ျဖစ္သည္။ စစ္ပြဲက စီးပြား ေရးေတာင္းဆိုခ်က္ အမ်ားအျပားထြက္ေပၚေစသည္။ တစ္ခါတစ္ရံ စီးပြားက်ႏိုင္ငံေတြကို ထိုင္းမိႈင္းအေန အထားကေနေတာင္ လြတ္ေျမာက္ထြက္ေစျပီး ျြကယ္ဝမႈႏွင့္ အလုပ္အကိုင္မ်ားျပားတိုးတက္ရရွိမႈဆီ ဦးလွည့္သြားေစတတ္ျပန္သည္။ ထင္ရွားလွေသာ ေထာက္ျပစရာဥပမာက ဒုတိယကမၻာစစ္ျဖစ္ျပီး အေမရိကစီးပြားေရးကို မဟာစီးပြားပ်က္အက်ထဲမွ ခပ္ျမန္ျမန္ ဆြဲထုတ္ေပးခဲ့ျခင္း ျဖစ္သည္။ ဤ႐ႈေထာင့္ မွၾကည့္လွ်င္ ဂရိတ္ပါဝါေတြအေနႏွင့္ စစ္ပြဲဆီသြားျခင္း က လုပ္ငန္းႀကီးေတြ (စစ္လက္နက္ထုတ္လုပ္ေရး ကဲ့သို႔)ကို အေျခခံက်က် ျမႇင့္ထိန္းျခင္း ျဖစ္ေနေစ ႏိုင္သည္ဟု ယံုၾကည္သူလည္းရွိေပမည္။ စီးပြားေရး အေပၚ စိတ္မသက္မသာျဖစ္လာေသာ အစိုးရေတြ အေနႏွင့္ အသစ္ျပန္စဖို႔ တစ္စိတ္တစ္ပိုင္းအားျဖင့္ စစ္ပြဲဆီစြန္႔စားလိုက္မလား ေသာကပြားဖြယ္လည္း ျဖစ္သည္။
သံသယရွိပါသည္။ တကယ့္စစ္တစ္ခုက အေရး ပါေသာ လံႈ႕ေဆာ္မႈတစ္ရပ္ကို ျမႇင့္ေပး၏၊ သို႔ျငား ဘယ္ႏိုင္ငံကမဆို အဘက္ဘက္က စြန္႔စားရမည့္ ရွိေနခ်က္အားလံုးအရ က်ယ္ျပန္႔ေသာ စစ္ပြဲတစ္ရပ္ စတင္ႏိုင္၏ ဆိုသည္ကေတာ့ ထိုႏိုင္ငံေျြကးၿမီ သိပ္ထူ ေနခ်ိန္ဆိုလွ်င္ေတာင္ ပံုေဖာ္စဥ္းစားရခက္ခဲပါသည္။ ပိုအေရးႀကီးသည္က စီးပြားေရးလံႈ႔ေဆာ္ရန္ ပိုလြယ္ ကူၿပီး တိုက္႐ိုက္ပိုက်သည့္ အျခားနည္းလမ္းမ်ားစြာ ရွိေနျခင္းပင္ျဖစ္သည္။ အေျခခံအေဆာက္အအံုေတြ မွာ ေငြပိုသံုး၊ အလုပ္လက္မဲ့အာမခံ… စသည္တို႔လို အျပင္ ]ရဟတ္ယာဥ္ေပးေခ်မႈမ်ား}ကဲ့သို႔ ေငြပိုစီးဆင္း လွည့္ပတ္ေစမႈေတြ လုပ္ႏိုင္ပါ၏။ စစ္ေၾကညာျခင္း ဆိုသည္က စီးပြားေရးကို လံႈ႕ေဆာ္ဖို႔လုပ္ႏိုင္တာေတြ ထဲမွာ ထိေရာက္ေသခ်ာမႈ အနည္းဆံုးနည္းလမ္းပဲ ျဖစ္ပါ၏။ စစ္ပြဲၿခိမ္းေျခာက္မႈက ႏိုင္ငံေရးသမားေတြ စေတာ့ေဈးကြက္ကို မ်က္ေစာင္းထိုးလာတာ ပိုမ်ား ေစေသာေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားကိုလည္း ေကာလာ ဟလေတြႏွင့္ ေသာကေပြတတ္ေစသည္။
စီးပြားအက်အလွည့္မ်ားက တခ်ိဳ႕ေသာ အထူး သီးသန္႔ေျခေနခ်ိန္ခါမ်ားတြင္ေတာ့ စစ္ျဖစ္ေစရန္ အားေပးအားေျမႇာက္လုပ္တတ္ပါ၏။ ႏိုင္ငံတစ္ႏိုင္ငံ အေနျဖင့္ ခက္ခဲၾကမ္းရွမႈေတြမ်ားေနၿပီး အေရးပါေသာ တန္ဖိုးတစ္စံုတစ္ရာကို ျပန္ဖမ္းယူဖို႔ လိုအပ္လာေနၿပီ ဟု ယူဆလာရခ်ိန္မ်ိဳးေတြမွာ ျဖစ္သည္။ ဤမိုဒယ္တြင္ ၁၉၉၀ ကူဝိတ္ကိုဝင္သိမ္းဖို႔ ဆက္ဒမ္ဟူစိန္၏ဆံုးျဖတ္ ခ်က္မ်ိဳးက အေတာ္ျပည့္စံုသည့္ နမူနာျပယုဂ္ျဖစ္သည္။ အီရန္ႏွင့္ ကာလရွည္စစ္ပြဲအၿပီး အီရတ္၏စီးပြားေရး က ေၾကာက္လန္႔စရာက်ဆင္းေန၏။ အလုပ္လက္မဲ့ ျပႆနာက ဆက္ဒမ္ကိုၿခိမ္းေျခာက္ေနသလို ကူဝိတ္ ၏ ေရနံျြကယ္ဝမႈႀကီးက ဆုလာဘ္အျဖစ္ မ်က္ေစာင္း ထိုးစိတ္ကူးယဥ္စရာျဖစ္ေနသည္။ ေစာ္ဘြားႏိုင္ငံေလး ကို လက္နက္ျဖင့္ဝင္သိမ္းဖို႔ကလည္း သိပ္ခက္မည္ မဟုတ္ျပန္။ ေနာက္တစ္ခ်က္က ကူဝိတ္ကို ဆပ္စရာ အေျြကး အမ်ားအျပားတင္ေနျခင္းပင္။ ဘဂၢဒက္က ပုဂၢိဳလ္သည္ ညတြင္းခ်င္းစာတစ္အုပ္ဖတ္သကဲ့သို႔ ေျြကးၿမီမ်ားလည္းမဆပ္ရေတာ့ေအာင္ ႀကံပါေတာ့ သည္။ အႏၱရာယ္ေတာထဲက်ေနေသာ အီရတ္၏စီးပြားေရးအေနအထားက စစ္ျဖစ္ေစခဲ့သည္ဟု ေျပာလို႔လည္း ရပါသည္။
ယေန႔ဘယ္ႏိုင္ငံ ဤလို အေနအထားေရာက္ေန သလဲဆိုသည္ကိုေတာ့ စဥ္းစား၍မရေသးပါ။ ႐ုရွားက ယူကရိန္းကို ပိုဦးတည္ လိုခ်င္လာေနသည္လား၊ တ႐ုတ္က ထိုင္ဝမ္ကို စီးပြားအက်ိဳးပိုျဖစ္ထြန္းၾကေစ မည့္အေရး ရည္မွန္းခ်က္ျပ မ်က္စပစ္ သိမ္းသြင္းေန သည္လား… ယတိျပတ္ေျပာႏိုင္ၾကဖို႔ေတာ့ ခက္ခဲပါ ၏။ သို႔ဆိုလွ်င္ ထရမ့္ အရိပ္အျခည္ျပေျပာဖူးေသာ ေရနံျြကယ္ဝ တစ္ႏိုင္ငံငံကို (တလြဲေလာဘျဖင့္) ေအာင္ႏိုင္ျခင္းဆိုသည္ကလည္း ဆြဲေဆာင္မႈမရွိလွပါ။ ေဈးကြက္မွာ ငမ္းငမ္းတက္ေနခ်ိန္မဟုတ္၍ျဖစ္သည္။ ပူပင္စရာရွိသည္က အင္အားနည္းၿပီး အကာအကြယ္ မဲ့ေသာ ႏိုင္ငံငယ္တခ်ိဳ႕ျဖစ္သည္။ ကပ္ေရာဂါကာကြယ္ ေဆးထြက္ေပၚလာလွ်င္ ပိုင္ဆိုင္မည့္၊ စေတာ့ေဈးကြက္ မွာ တန္ဖိုးျမင့္သြားမည့္၊ ႏိုင္ငံငယ္ေလးေတြအေရး ျဖစ္သည္။ သို႔ေသာ္လည္း ဤ႐ႈျမင္ခ်က္သည္လည္း ေဝးကြာလွၿပီး မျဖစ္ႏိုင္ဟုပင္ဆို၍ ရျပန္သည္။
ေရရွည္အျမင္အရေတာ့ စီးပြားအက် ဆက္ၾကာ ေနမည္ဆိုပါက စစ္ဆီေရာက္သြားဖို႔ရွိပါသည္။ ဖက္ဆစ္ (သို႔မဟုတ္) ႏိုင္ငံျခားသားမုန္းတီးေရး ႏိုင္ငံေရးလႈပ္ရွားမႈမ်ား၊ ကိုယ္က်ိဳးကာကြယ္ေရးဝါဒ ႏွင့္ လြန္ကဲအမ်ိဳးသားေရးဝါဒကို ဆီေလာင္းအားျဖည့္ ျခင္းတို႔လို လုပ္ရပ္မ်ိဳးေတြေၾကာင့္ စစ္ျဖစ္ရန္ ပိုနီးကပ္ မည္။ ဒါေတြက တစ္ႏိုင္ငံႏွင့္တစ္ႏိုင္ငံလက္ ခံေလာက္ ဖြယ္ ညႇိႏိႈင္းသေဘာတူညီမႈေတြ ရႏိုင္ဖို႔ အမ်ားႀကီး ပိုခက္ခဲေစမည့္ ကိစၥမ်ားပင္ျဖစ္သည္။ ၁၉၃၀ ျပည့္ လြန္ႏွစ္မ်ား၏သမိုင္းက စီးပြားေရးအက် သက္ေရာက္ ခ်က္မ်ားေၾကာင့္ ကမၻာ့ႏိုင္ငံေရးတစ္လမ္းေမာင္း လမ္းေသျဖစ္ကုန္ေစျခင္းကာလကို ထင္ရွားျပဆို၏။ ဦးေဆာင္သြားသည္က စစ္ဆီသာျဖစ္သည္။ အမ်ိဳး သားေရးဝါဒ၊ ႏိုင္ငံျခားသားမုန္းတီးေရးႏွင့္ အေသာ္ ရစ္ေတးရီးယန္းအုပ္ခ်ဳပ္ပံုတို႔က ကိုဗစ္ ၁၉ မတိုင္ ခင္ကလို ゞင္းတို႔တစ္လွည့္ ပိုအားေကာင္းျပန္ေရာက္ လာႏိုင္ေအာင္လုပ္ေနသည္။ သို႔ျငား ယခု ကမၻာ့ေထာင့္ တိုင္းမွာ ေပၚေပါက္ေနေသာ စီးပြားေရးဒုကၡက ဤကိစၥေတြကိုပို လမ္းေၾကာင္းရွင္းေပးႏိုင္ေနသည္ သာမက ဗိုင္းရပ္စ္အေပၚအေၾကာက္တရား ေလ်ာ့က် လာၾကခ်ိန္တြင္ စစ္ပြဲေအာက္ ကုန္းေမွာက္ေနၾကရမည့္ အေနအထားဆီ ပိုေရာက္ေစႏိုင္ေနျပန္သည္။
မွ်ေျခညီအေပၚမွ ေသခ်ာစဥ္းစားလွ်င္ေတာ့ စီးပြားေရးအေျခအေနေတြ ပံုမွန္မဟုတ္ဆိုျငား ယေန႔ မ်က္ျမင္ သက္ေသျပဳျပေနေသာ သက္ေရာက္မႈ မ်ားစြာ အရ စစ္ျဖစ္မည္ဟု သိပ္မျမင္မထင္ပါ။ ဘာေၾကာင့္ ပါလဲ….။
ပထမအခ်က္။ ။ ဒီပရက္ရွင္က စစ္ျဖစ္ေစဖို႔ အားႀကီးေသာ အေၾကာင္းရင္းတစ္ရပ္ျဖစ္(ခဲ့)လွ်င္ ေတာင္ ဒါကို ေက်ာ္လြန္သြားႏိုင္ဖို႔ကပိုမ်ားပါ၏။ ဥပမာတစ္ခုေျပာမည္။ ႏိုင္ငံစထူေထာင္စဥ္ ကေနဆိုပါက ယူအက္စ္သည္ ရီဆက္ရွင္ေပါင္း အႀကိမ္ ၄၀ ေက်ာ္ ႏွင့္ ႏိုင္ငံခ်င္းျဖစ္စစ္ပြဲအႀကိမ္ ၂၀ အနည္း ဆံုး ခံစား၊ ျဖစ္ပြားခဲ့ရသည္။ ထိုစစ္အမ်ားစုမွာ တိုင္း ျပည္စီးပြားေရးႏွင့္ မပတ္သက္၊ မဆက္စပ္ပါ။ ရီဆက္ ရွင္ေတြကသာ စစ္ျဖစ္ေစဖို႔အားႀကီးေသာ အေၾကာင္း ရင္းတစ္ရပ္ဆိုပါလွ်င္ ေဘာဂေဗဒပညာရွင္ ေပါလ္ဆင္ ျမဴရယ္ဆင္၏ စေတာ့ေဈးကြက္ကို ေသာေထ့ေသာ စကားရပ္သံုး ေဟာကိန္းထုတ္ၾကရေပမည္။ ] ေနာက္ ဆံုး ၅ ႀကိမ္နဲ႔ ၅ ႀကိမ္ေအာက္မွာတင္ (စစ္) ၉ ခါေလာက္ျဖစ္ၿပီးၿပီ}…။
ဒုတိယအခ်က္ ။ ။ တိုင္းျပည္ေတြအေနျဖင့္ ခပ္ျမန္ျမန္ေအာင္ႏိုင္မည္၊ ဆက္စပ္ကုန္က်စရိတ္လည္း သက္သာမည္ဟု မယံုၾကည္လွ်င္ စစ္ပြဲတစ္ရပ္ စတင္ မတိုက္ပါ။ ဂြၽန္မီးယား႐ိႈင္းမား ( John Mearshimer ) က သူ႔ ဂႏၴဝင္စာအုပ္ Conventional Deterrence မွာ ယခုလို ေရးသားေဖာ္ျပထား၏။ အမ်ိဳးသား ေခါင္းေဆာင္မ်ားက ကာလၾကာမည္၊ ေသြးေျမက်မ်ား မည္၊ စရိတ္စကႀကီးမည္၊ မေသခ်ာမေရရာ ဟု ျမင္ပါ က စစ္မတိုက္။ စစ္ကိုေရြးခ်ယ္ၾကဖို႔ရာတြင္ ႏိုင္ငံေရး ေခါင္းေဆာင္မ်ားကေတာ့ သူတို႔ကိုယ္တိုင္ ယံုၾကည္ စိတ္ရွိေရးက အရင္က်၏။ ခပ္ျမန္ျမန္၊ ေဈးသက္သက္ သာသာ ႏိုင္ရမည္၊ တိတိပပေအာင္ႏိုင္ရမည္၊ သို႔ မဟုတ္ သီးျခားသတ္မွတ္ရည္မွန္းခ်က္တခ်ိဳ႕ကို စရိတ္ စကအကုန္ အက်နည္းနည္းျဖင့္ ေအာင္ျမင္ႏိုင္ရမည္။ ၁၉၁၄ ဥေရာပမွာ စစ္ျဖစ္ခဲ့ရာ၌ ႏွစ္ဖက္လံုးက ျမန္ျမန္ ႏွင့္သက္ေတာင့္သက္သာအႏိုင္ရမည္ဟု ယံုၾကည္ ခဲ့ၾက၏။ နာဇီဂ်ာမနီသည္ ゞင္း၏ရန္သူမ်ားကို တတ္ ႏိုင္သေလာက္ ခပ္ျမန္ျမန္ႏွင့္ အကုန္အက်နည္းနည္း၊ အက်အဆံုးနည္းနည္းျဖင့္ အႏိုင္ယူေရး ဘလစ္ဇ္ ခ႐ိုင္းဂ္ မဟာဗ်ဴဟာကို ခ်မွတ္တြဲဆက္က်င့္သံုးခဲ့၏။ အီရန္ကို ၁၉၈၀ အီရတ္ဝင္တိုက္ခဲ့သည္မွာ အစၥလာမၼစ္ သမၼတႏိုင္ငံအီရန္ ဖရိုဖရဲျဖစ္ေနၿပီး ခပ္လြယ္လြယ္ အႏိုင္ရမည္ ဟု ဆက္ဒမ္ ယံုၾကည္ေသာေၾကာင့္ပင္။ အီရတ္ကို ၂၀ဝ၃ စစ္ျပဳဝင္တိုက္ခဲ့ရာ၌လည္း ေဂ်ာ့ ဒဗယ္လ်ဴဘုရွ္အေနျဖင့္ စစ္ကို တိုေတာင္းမည္၊ ေအာင္ ျမင္မည္၊ ကုန္က်စရိတ္က အီရတ္စရိတ္ျဖင့္သာ ငါးၾကင္းဆီျဖင့္ ငါးၾကင္းေၾကာ္ႏိုင္သည္ဟု ယံုၾကည္မႈ ေၾကာင့္သာ ျဖစ္၏။
ဤေတြ႕ရွိရခ်က္က ထိုေခါင္းေဆာင္တို႔သည္ ဆိုးရြားစြာတြက္ခ်က္မႈလြဲေခ်ာ္ေစခဲ့ေစမူ အဓိက ဆံုမွတ္ပြိဳင့္ကို ျမင္ေနရသည္ကေတာ့ ႏိုင္ငံစီးပြားေရး အေနအထားအေပၚ မထည့္သြင္းမတြက္ခ်က္မႈ ျဖစ္ သည္။ ထိုေခါင္းေဆာင္တို႔သာ ခပ္ျမန္ျမန္၊ စရိတ္ က်ဥ္းက်ဥ္း၊ သင့္ေလ်ာ္ေသာေအာင္ျမင္ႏိုင္ေျခကို လြယ္လြယ္ရမည္… စေသာအခ်က္မ်ားကို အဓိကထုား မစဥ္းစားမိခဲ့ပါက စစ္ပင္ျဖစ္ခဲ့မည္မဟုတ္ေပ။
တတိယအခ်က္ ။ ။ အေရးအႀကီးဆံုးအခ်က္ လည္း ျဖစ္သည္။ စစ္ပြဲအမ်ားစု၏ အေျခခံတြန္းအား က်က် ပိုင္းျဖတ္ဆႏၵမွာ စီးပြားေရးအသာစံရလိုမႈ မဟုတ္၊ လံုၿခံဳေရးသာ ျဖစ္ပါသည္။ ဤေၾကာင္းက်ိဳး ျပခ်က္အရ ႏိုင္ငံမ်ား အေနျဖင့္… ေရရွည္ပါဝါမွ်ေျခ ေရြ႕သြားၿပီး ဆန္႔က်င္ဘက္ေဆာင္လာမည္၊ ရန္ဘက္ မ်ားကို ဘယ္လိုမွဆီေလ်ာ္ သင့္ေတာ္ ညႇိႏိႈင္း၍ မရ ေတာ့ဘဲ အႏၱရာယ္အသြင္ေဆာင္လာၿပီ၊ ယခုဝင္ ေရာက္ လႈပ္ရွားလိုက္ပါက အေျခအေနဆိုးမ်ားကို ေျပာင္းျပန္လွည့္လိုက္ႏိုင္ၿပီး အေနအထားေတြကို တည္ၿငိမ္လံုၿခံဳမႈရေစႏိုင္မည္… ဟူ၍ ゞင္းတို႔ကိုယ္တိုင္ ယံုၾကည္ေနေစလာခ်ိန္မ်ိဳးမ်ားတြင္ စစ္ပြဲအသံဗလံမ်ား ျမင့္တက္လာမည္ ျဖစ္ေလသည္။ သမိုင္းပညာရွင္ ေအေဂ်ပီေတလာ (A. J. P. Taylor) ေတြ႕ရွိထုတ္ေဖာ္ ထားခ်က္ရွိ၏၊ ]… ဂရိတ္ပါဝါမ်ားၾကားမွ (၁၈၄၈ – ၁၉၁၈ အတြင္း) စစ္ပြဲတိုင္းသည္ ခုခံစစ္အျဖစ္သာ စတင္ခဲ့သည္၊ က်ဴးေက်ာ္စစ္မဟုတ္ေပ…}၊ ဤအခ်က္ သည္ ထိုအခ်ိန္ကာလမ်ားကတည္းက စစ္ပြဲအမ်ားစု အတြက္ ယခုထိ မွန္ကန္ထင္က်န္ေနေသးပါ၏ ။
ေအာက္ေျခမ်ဥ္း ။ ။ စီးပြားေရးအေနအထား (ဒီပရက္ရွင္ အက်တစ္ရပ္) က စစ္ႏွင့္ၿငိမ္းခ်မ္းေရး ေရြးခ်ယ္ဆံုးျဖတ္မႈမ်ားအတြင္း ပိုက်ယ္ျပန္႔ေသာ ႏိုင္ငံေရးရပ္ဝန္းျဖစ္လာရန္ သက္ေရာက္ႏိုင္ေျခ ရွိပါ သည္။ သို႔ျငား အေရးအပါဆံုး ေသာအခ်က္မဟုတ္ေပ။ အခ်က္မ်ားစြာထဲမွ ရွားပါးတစ္ခ်က္သာျဖစ္၏။ ကိုဗစ္ ၁၉ က ကမၻာ့စီးပြားေရးကို ထိခိုက္နစ္နာ အႏႈတ္ ေဆာင္ေစေအာင္ ဆက္က်ယ္ျပန္႔ႀကီးထြားတည္ရွိ ေနသည္ဆိုလွ်င္ေတာင္ (ကမၻာ့စီးပြားေရးကေတာ့ ထိခိုက္ေနတာျမင္ေနရၿပီးျဖစ္၏) စစ္ျဖစ္ပြားႏိုင္ေျခ အတြက္ အလြန္အမင္းႀကီး မသက္ေရာက္ေစႏိုင္ပါ၊ အထူးသျဖင့္ ေလာေလာဆယ္ ကာလတိုတြင္ ပိုမသက္ ေရာက္ႏိုင္ပါ။
ဒါကို ေသခ်ာေစဖို႔ဆိုရာတြင္ေတာ့ စစ္၏ေနာက္ ထပ္အားႀကီးေသာအေၾကာင္းရင္းတစ္ရပ္ကို ေျပာရပါ ဦးမည္၊ ထိန္းခ်ဳပ္အုပ္ခ်ဳပ္၍မရႏိုင္ေသာ မိုက္မဲ ႐ူးသြပ္မႈ…။ အထူးအားျဖင့္ ယေန႔ သံုးလပတ္ကာလ မ်ားမွာ လက္ေတြ႕သက္ေသျပျဖစ္ေပၚေနမႈတခ်ိဳ႕။ တလြဲလမ္းညႊန္ေခါင္းေဆာင္မ်ားက ေနာက္ထပ္ ေသြးေျမက်ေစမႈႀကီးေတြ ျဖစ္ေပၚေစမလား၊ ျမင္ေတြ႕ ျဖစ္ေပၚလာမည္မဟုတ္ဟု ယတိျပတ္ေျပာႏိုင္မလား၊ ထိုထိုေတြအတြက္ကေတာ့ မည္သူကမွ်အာမခံႏိုင္ မည္မဟုတ္ပါ။ သမိုင္းမွာ သီးသန္႔ကာလမ်ိဳးေတြ၌ ေနျခည္ဖ်န္းပက္ ေရာင္စဥ္လက္မႈကို ရွာေဖြႀကရတာ ေတာ့ ခက္ခဲတတ္ၿမဲျဖစ္သည္။ ကြ်ႏု္ပ္ကေတာ့ စစ္ျဖစ္ မည္မဟုတ္ ဟူေသာအျမင္သာ မွန္ကန္သည္ဟု ေမွ်ာ္ လင့္ ယံုၾကည္သြားေနမည္ျဖစ္သည္။
(မူရင္းေဆာင္းပါးရွင္ စတီဖင္ အမ္ ေဝါ့လ္ထ္ Stephen M. Walt သည္ ဟားဗတ္တကၠသိုလ္၊ ႏိုင္ငံ တကာဆက္ဆံေရးဌာန၏ the Robert and Renee Belfer ပါေမာကၡ ျဖစ္သည္။)

Ref ;

Will a Global Depression Trigger Another World War ? by Stephen M. Walt.
– Updated news. (Mid of December 2020)

မင္းတင္

 

Unicode

နောက်ထပ် ကမ္ဘာစစ်ဖြစ်မလား

ကော်ရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးက နိုင်ငံတကာစီးပွားရေးကို ရုပ်သိမ်းလှန်ချနေလာနှင့်ခဲ့ပေပြီ။ ထိုကနေစစ်ရေး တွေဆီ တဖန်လှည့်ထွက်သက်ရောက်လာခြင်းဆိုသည်မျိုးကို တွေ့လာရဖို့ကတော့ ဆက်ကြည့်မြင်ရန် ကျန်ရှိနေ ပါသေးသည်။

တိုင်းတာချက်အများအပြားအရ ၂၀၂၀ ခုနှစ် သည် လူသားတို့ရင်ဆိုင်လာရသော ဆယ်စုနှစ်များစွာ အတွင်း အဆိုးဝါးဆုံးနှစ်တစ်နှစ်အဖြစ် သမိုင်းဝင်လာဖို့ တွေ့ရှိနေရသည်။ ယနေ့ကမ္ဘာက ကပ်ဘေးအလယ် ခေါင်တည့်တည့်ရောက်နေပြီး ၂၀၂၀ ဒီဇင်ဘာလလယ် အထိ လူ ၇၂ သန်းခွဲကျော် ကူးစက်ခံခဲ့ရသည့်အနက် ၁ သန်း ၆ သိန်းကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ ကပ်ရောဂါကာလအဆုံးမသပ်ခင် နောက်ထပ် သန်းပေါင်းများစွာ ကူးစက်ခံကြရဖို့လည်း သေချာ သလောက်ဖြစ်နေ၏။ ကမ္ဘာ့စီးပွားရေးကလည်း လွတ်လွတ်လပ်လပ် ဇောက်ထိုးကျနေပြီး အလုပ် လက်မဲ့နှုန်းကလည်း ပြဇာတ်ဆန်ဆန်ကြီး မြင့်တက် လာနေသည်။ ကုန်သွယ်ရေးနှင့်ထွက်နှုန်းကလည်း ခဲသီးဆွဲထားသလိုဖြစ်နေပြီး ဤကာလ အဆုံးသပ်ချိန် အရောက်၌လည်း မျှော်လင့်စရာက သိပ်မများလှပေ။ နှံကျိုင်းကောင်မျိုးစိတ် ပလိပ်ကပ်ရောဂါက အာဖရိက မှာ ဒုတိယအကြိမ် ပြန်ခေါင်းထောင်ထိုးနှက်သည်၊ အောက်တိုဘာလအတွင်းတုန်းကလည်း လူသတ် နကျယ်၊ ပဆုပ်ပနီတွေ ယူအက်စ်၏လူနေထူထပ်ရာ ဒေသများမှာ ]ကျ}ခဲ့ကြောင်း သိရှိရသည်။ အမေရိကန် တွေဆီမှာကတော့ အကြံပေးတွေ၏ သိပ္ပံနည်းကျကျ လက်တွေ့ကျအကြံÓဏ်များကိုပစ်ပယ်ပြီး သေချင်စော် နံလောက်စေသည့် ဆေးညွှန်းတွေညွှန်ပြတတ်လေ့ ရှိသော တလွဲဆံပင်ကောင်း၊ ခေါင်းကြောမာလှသူ သမ္မတတစ်ဦး ရှိခဲ့ပါသည်။ ထိုထိုသော အထက်ပါ ကိစ္စရပ် အကြောင်းခြင်းရာများ နက်ဖြန်သဘက် မျက်လှည့်ဆန်ဆန် ကွယ်ပျောက်သွားမည်ဖြစ်စေ၊ မပျောက်မည်ဖြစ်စေ၊ ရာသီဥတုပြောင်းလဲမှု ကာလ ရှည် အန္တရာယ်ကြီးကိုတော့ ဆက်လက် ရင်ဆိုင်နေကြ ရဦးပေမည်။
ပေးထားချက်အရှိအားလုံးအရ ဘာတွေ ထပ် ဆိုးရွားလာစေနိုင်မည်လဲ…။ ဖြစ်နိုင်ခြေတစ်ရပ်က တော့ ]စစ်ပွဲ}ပင်။ ကမ္ဘာ့ကပ်ရောဂါဘေးနှင့် အဓိက စီးပွားရေးအကျ တိုက်ရိုက်အဆက်အစပ်တို့က အနည်း နှင့်အများဆိုသလို စစ်ကြီးဖြစ်စေမည်ဟူသော အမေး များ၊ တွက်ဆချက်များက ချိန်ခါသင့် တန်ဖိုးထိုက် လာပါ၏။ ထိုမေးခွန်းအပေါ် သမိုင်းဖြတ်သန်းချက်နှင့် သီအိုရိသဘောတရားများက ဘာတွေပြောပြနေသည် လဲ…။
အစပိုင်းတွေကိုပြန်ကြည့်ကြမည်။ ကပ်ရောဂါ ဖြစ်စေ၊ စီးပွားအကျဖြစ်စေ စစ်ပွဲကိုမဖြစ်စေနိုင်ပါဟု လူတွေ သိထားကြပါ၏။ ပထမကမ္ဘာစစ်သည် ၁၉၁၈ – ၁၉၁၉ တုပ်ကွေးကပ်ရောဂါ ကမ္ဘာကို စတင်ပျံ့နှံ့စ အချိန်တွင် ပြီးဆုံးခဲ့သည်။ သို့သော် ထိုကပ်ရောဂါက ရုရှားပြည်တွင်းစစ်၊ ရုရှား-ပိုလန်စစ်ပွဲ၊ သို့မဟုတ် အခြားအရေးကြီးပဋိပက္ခကြီးတချို့ကိုတော့ မရပ်တန့် နိုင်စေခဲ့ပေ။ တစ်ဖန် ၁၉၂၉ တွင်စတင်သော ကမ္ဘာ့ စီးပွားပျက်ကပ်ကလည်း ၁၉၃၁ ဂျပန်ကို မန်ချူးတွေ ဝင်ကျူးကျော်ခြင်းကို မကာကွယ်ပေးနိုင်ခဲ့သည့်အပြင် ၁၉၃၀ ပြည့်လွန်နှစ်များတွင် ဖက်ဆစ်ဝါဒမြင့်တက် လာခဲ့မှုအပေါ် ဓာတ်ဆီလောင်းပေးသကဲ့သို့ပင် ဖြစ်စေခဲ့သည်။ နောက်တော့ ဒုတိယကမ္ဘာစစ်ကြီးဆီ ရွေ့လျားစေလာခဲ့ပါ၏။ ဆိုတော့ကာ ကိုဗစ် ၁၉ နှင့် ဂလိုဘယ်စီးပွားအကျတို့ တွဲဆက်နေသောကာလ အတွင်း အဓိကစစ်ပွဲ(များ) မဖြစ်နိုင်ဟု ရိုးရိုးကြီးပဲ တွေးထင်ယူဆမိကြသည်ဆိုပါက ထပ်တွေးကြည့်ကြ ရပါမည်။
လက်ရှိ စစ်ပွဲ(အငယ်တွေ)ကတော့ ဆက်ရှိ နေနိုင်သည်ဆိုငြား လျော့ကျသွားဖွယ်တော့လည်း ရှိနေပြန်ပါ၏။ မက်ဆာချူးဆက်နည်းပညာ အင်စတီ ကျုမှ Barry Posen ကတော့ စစ်ဖြစ်ဖွယ်ရှိအထိုင်ပေါ် တွင် လက်ရှိကပ်၏သက်ရောက်မှုတို့ကို ချင့်ဆ စဉ်းစားတွက်ချက်ရာ၌ ကိုဗစ် ၁၉ သည် ငြိမ်းချမ်းရေး ကို ပိုမြှင့်တင်ပေးနိုင်သည်ဟုပင် ယုံကြည်ထားသည်။ ဘယ်ရီပိုးဆန် Barry Posen က ယခုကပ်ရောဂါသည် မေဂျာပါဝါအားလုံးကို ပြင်းထန်စွာ ဒုက္ခပေး၏၊ ဤအချက်က ကပ်ဘေးဒဏ်ခံရနည်းပါးသော နိုင်ငံ များအတွက်လည်း လက်လှမ်းတမီ အခွင့်အလမ်း ပြတင်းများ မဖန်တီးကြနိုင်ချိန်ဖြစ်၍ ゞင်းတို့အတွက် လည်း ပိုအားနည်းလာစေပြီး နစ်နာရစေသည် ဆို သော အဓိပ္ပာယ်ဖြစ်နေပြန်ကြောင်း တင်ပြ လျှောက်လဲ ၏။ တကယ်တမ်းမှာလည်း ဂလိုဘယ် အကျပ်က အစိုးရအားလုံးကို ゞင်းတို့၏ ကာလတို နှင့်ကာလ လတ်မျှော်မှန်းချက်များအပေါ် အဆိုးမြင်မှု ပိုများလာ နေကြစေပါ၏။ နိုင်ငံများသည် လိုအပ်သည်ထက်ပို၍ လွန်ကဲသော ယုံကြည်မှုဖြင့် မကြာခဏစစ်ပွဲဆီ ရောက် သွားတတ်ကြလေ့ရှိသောကြောင့် (ယုံကြည်မှုကို တစ်ခါတရံ နေရာ ချလွဲတတ်ခြင်းမျိုးကြောင့်) ကပ် ရောဂါဘေးဒဏ်က ထုတ်ပေးလိုက်သော အဆိုးမြင်ကို ငြိမ်းချမ်းရေးဆီ ဦးလှည့်ရည်စူး သွယ်တန်းလိုက်ကြ သင့်ပါသည်။
စစ်ဖြစ်ပြီဆိုပါက နိုင်ငံတွေအနေဖြင့် သဘာဝ ကျကျပင် လူတွေ၊ စစ်သည်တွေ နီးကပ်စွာ စတင် စုစည်းကြရမြဲ ဖြစ်၏။ လေ့ကျင့်ရေးစခန်းတွေ၊ စစ်ဘက်အခြေစိုက်တပ်တွေ၊ တပ်စွဲ ရွေ့လျားဧရိယာ တွေ၊ ပင်လယ်ထဲမှာသင်္ဘောတွေ…။ ဒါတွေက ကပ်ရောဂါကာလအလယ်ခေါင်မှာ သင်မလုပ်ချင်ဆုံး အရာများပဲ ဖြစ်ပေမည်။ ယခုလိုကာလမျိုးမှာ နိုင်ငံ တွေအားလုံး ဝန်းရံပိတ်ဆို့ခံအနေအထားဆီ အလိုလို ကျရောက်နေရသည်မို့ ဘယ်လိုအစိုးရပုံစံမျိုးမဆို အားလုံးအနေဖြင့် အစွမ်းရှိသမျှ ပြည်သူလူထုကို ဤကပ်ရောဂါဘေးမှ ကာကွယ်ကြရမည်ပဲဖြစ်သလို နိုင်သရွေ့ လုပ်နေကြချိန်လည်း ဖြစ်သည်။ အချက် အလက်တွေအားလုံး အတူစုကြည့်ပါက သည်လို အနေအထားမျိုးတွေကြောင့်ပင် မြင်ရတာရှင်းလင်း သည်။ ခေါင်းမာပြီးသန်စွမ်းသူ၊ စစ်ပွဲဖန်တီးလေ့ ရှိတတ်သူ ဆော်ဒီ၏ မိုဟာမက်ဘင်ဆယ်လ်မန်လို လူစားမျိုးပင်လျှင် ゞင်း၏ကြမ်းတမ်းလှပြီး မအောင်မြင် သော ယီမင်စစ်ရေးကန်ပိန်းများကို လျှော့ချရေး ပိုစိတ်ဝင်တစား လုပ်ကိုင်လာနေ၏။
ပိုးဆန် Posen က ကိုဗစ် ၁၉ သည် နိုင်ငံတကာ ကုန်သွယ်ရေးကိုလည်း ကာလတိုမှကာလလတ်အထိ လျော့ကျစေဖွယ်ရှိသည်ဟု ထပ်ဖြည့်သည်။ စီးပွား ရေးအပြန်အလှန်အမှီသဟဲပြုရခြင်းက စစ်ကို ပါဝါပြည့် ကြားခံပေးနိုင်မည်ဟုလည်း သူကယုံကြည်ထား၏။ ကုန်သွယ်ရေးပြန်ဖွံ့ဖြိုးရန် လိုအပ်ချက်အား သတိ ပေးနေနိုင်သည်၊ သို့ငြား သတိပြုရန်မှာ ကုန်သွယ်ရေး ကိစ္စသည် လတ်တလောနှစ်များ၌ တောက်လျှောက် ရှုပ်ထွေးနေပြီး အထူးသဖြင့် ယူအက်စ်နှင့် တရုတ်ကြား ဖြစ်နေသည်ကိုတော့ ထည့်စဉ်းစားကြရမည်ဟုလည်း ထောက်ပြပါ၏။ အပြုရေချိန်တစ်ရပ်ဆီရောက် အောင် ထပ်ထပ်ညှိခြင်းကသာ တင်းမာမှုတွေကို လျှော့ချပေး နိုင်မည်ဖြစ်ပြီး စစ်ဆီဦးတည်နေပြီဆိုသော အသံပလံ ရင်းမြစ်တွေကိုလည်း လျော့နည်းတိတ်ဆိတ်စေလိမ့် မည်။
ဤကြောင်းကျိုးများအရဆိုလျှင် ကပ်ရောဂါ သည် သူ့နဂိုနေအရ ငြိမ်းချမ်းရေးဆီ သွယ်တန်းရွေ့ သွားနိုင်ဖွယ် ရှိနေသည်။ သို့သော်… ပိုကျယ်ပြန့်လာ နေသော စီးပွားရေးအနေအထားများနှင့် စစ်နှင့် သဏ္ဌာန်တူ နီးကပ်လာခြင်းတို့အကြားမှ အဆက်အစပ် က ဘာတွေပါလဲ…။ အနည်းငယ်မျှသော နိုင်ငံခေါင်း ဆောင်တချို့တလေကတော့ အကျပ်အတည်းကို နှိုးဆော်ပြီး စစ်ဆီသွားနေခြင်းကပင် ရေရှည် အမျိုး သား အကျိုးစီးပွား၊ သို့မဟုတ် ゞင်းတို့၏ကိုယ်ပိုင် နိုင်ငံရေးကံကြမ္မာကို အားသာချက်ရရှိနေစေသည် ဟု ယုံကြည်မှုပြင်းပျနေဆဲ ဖြစ်ကောင်းဖြစ်နိုင်ပါ သလား…။ ဤကနေ ဆင့်ပွားပြီး နက်ရှိုင်းရှည်ကြာ စီးပွားအကျတစ်ရပ်က ဂလိုဘယ်ပဋိပက္ခကို ပိုအတည် ဖြစ်ပေါ်လာနိုင်ခြေများနေသလား…။
ရင်းနှီးကျွမ်းဝင်ကြပြီးသား စစ်သီအိုရီတစ်ရပ် ရှိပါသည်။ ]မတူကွဲပြားများမြောင်မှု}ကို ကိုင်တွယ်ပုံ ဟု ခေါ်ကြသည့် (သို့မဟုတ် ]တစ်ပါးသူအပြစ်အတွက် ဒဏ်သင့်ခံရသူ သီအိုရီ၊ Scapegoat Theory ဟုလည်း ဆိုကြသည်) သဘောတရားကို ပြဆိုဖွင့်ဆိုခြင်းဖြစ်၏။ ပြောရလျှင် ]ဓားစာခံရှာ စစ်ပြုခြင်း}ပင်ဖြစ်သည်။ ပြည်တွင်းမှာ လူ ကြိုက်နည်းလာမှုကို စိတ်ပူလာ သောကရောက်လာသော ခေါင်းဆောင်တချို့အနေဖြင့် သူတို့၏ပျက်ယွင်းချို့တဲ့မှုများကို ဖုံးကွယ်ရန် လူထုကို တခြားအာရုံပြောင်းသွားစေဖို့ ကြိုးစားလှုံ့ဆော်ရန် ပြည်ပပါဝါတစ်ရပ်ရပ်၊ သို့မဟုတ် တစ်နိုင်ငံငံဆီ ဆန့်ကျင်စစ်ပြုနိုင်ရေးမျိုး အားထုတ်ပြုလုပ်ခြင်း ဖြစ်သည်။ ဤလောဂျစ်မှကြည့်ဖြင်ယူပါက ယခု အမေ ရိကန်တချို့ စတင်ပူပန်လာနေကြသော စစ်ပွဲဆီများ လားဆိုသည်ကို တွေ့ရှိလာနေရပါ၏။ သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် ရွေးကောက်ပွဲမှာ သူရှုံးနိုင်ခြေကို ကာထေရန် အီရန် သို့မဟုတ် ဗင်နီဇွဲလားကို စစ်ဝင် တိုက်ရန်ကြိုးစားမည်လားဟု စိုးရိမ်လာနေကြခြင်း ဖြစ်သည်။
မနှစ်မြို့သော်လည်း ဤလိုထွက်ရှိချက်ကိုကပင် လူကို အတော်ရိုက်ခတ်စေပါ၏။ သီအိုရီကတော့ တစ်စုံတစ်ယောက်ကသာ ယုတ္တိနှင့် လက်တွေ့ စီးဆင်းတတ်ပုံတွေကို ဥပက္ခာပြုမည်ဆိုပါက စစ်ဖြစ် ပေါ်ကြောင်း ပြသထားသည်ပင်။ စစ်ဆိုသည်က အလောင်းအစားဆန်လှသည်။ သေးငယ်သည်ဆိုလျှင် တောင် ကိစ္စခြင်းရာတွေကို ပိုဆိုးစေ ကုန်တတ်မြဲ ဖြစ်၏။ ဒါက ထရမ့်၏ ကံကြမ္မာခေါင်းတလားကို ရိုက်ပိတ်မည့် နောက်ဆုံးသံချက်ပင် ဖြစ်သွားစေပေ မည်။ တစ်ဖန်ထပ်ကြည့်ကြရလျှင်တော့ ထရမ့်အနေ ဖြင့် လက်ရှိအမေရိကလုံခြုံရေးကို ခြိမ်းခြောက်နေ သောနိုင်ငံဟု ထင်လောက်ဖွယ် တစ်နိုင်ငံမှမရှိ။ သို့ငြား ပြည်တွင်းမှာတော့ ကာကွယ်ပေးနိုင်ပါလျက် အမေရိကန် ထောင်ပေါင်းများစွာ (ကပ်ရောဂါကြောင့်) သေဆုံးနေ ချိန်တွင် အီရန်နှင့် ဗင်နီဇွဲလားကိစ္စမှာ အချိန်နှင့်ငွေတွေ ဘာကြောင့် ထရမ့်အလဟဿ အကုန်ကျခံနေသည်လဲ ဆိုခြင်းအပေါ် သူ့ကိုသွေးတိတ်အောင် ဆက်ထောက်ခံ ပေးနေသူတို့ကိုယ်တိုင်တောင်မှ ဝေဝါးနေကြရပြန်၏။ အောင်မြင်သော စစ်ရေးတုံ့ပြန်မှုဆိုလျှင်တောင် အမေရိကကို ပြန်အလုပ်ဖြစ်စေမည်မဟုတ်ပေ။ ကမ္ဘာ အနှံ့က ကျွမ်းကျင်လိမ္မာသောအစိုးရတွေ တာဝန်ခံယူ ဆောင်ရွက်နေနှင့်ကြသည့် (ရောဂါကို) စစ်ဆေး-ရှာဖွေ ထိရောက်စွာပိုလုပ်ခြင်းကသာ အဆင်ပိုပြေ သည်။ သို့မဟုတ် ကာကွယ်ဆေးဘက်ပိုလုပ်…။ သည် ယုတ္တိတူကသာ အခြားကမ္ဘာ့ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်တွေကိုလည်း လမ်းညွှန်ပြပေးနေပုံပင်။
နောက်ထပ်ရင်းနှီးကြပြီးသားသီအိုရီက ]စစ်ရေး ဆိုင်ရာကိန်းဝါဒစနစ်}ဖြစ်သည်။ စစ်ပွဲက စီးပွား ရေးတောင်းဆိုချက် အများအပြားထွက်ပေါ်စေသည်။ တစ်ခါတစ်ရံ စီးပွားကျနိုင်ငံတွေကို ထိုင်းမှိုင်းအနေ အထားကနေတောင် လွတ်မြောက်ထွက်စေပြီး ြွကယ်ဝမှုနှင့် အလုပ်အကိုင်များပြားတိုးတက်ရရှိမှုဆီ ဦးလှည့်သွားစေတတ်ပြန်သည်။ ထင်ရှားလှသော ထောက်ပြစရာဥပမာက ဒုတိယကမ္ဘာစစ်ဖြစ်ပြီး အမေရိကစီးပွားရေးကို မဟာစီးပွားပျက်အကျထဲမှ ခပ်မြန်မြန် ဆွဲထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဤရှုထောင့် မှကြည့်လျှင် ဂရိတ်ပါဝါတွေအနေနှင့် စစ်ပွဲဆီသွားခြင်း က လုပ်ငန်းကြီးတွေ (စစ်လက်နက်ထုတ်လုပ်ရေး ကဲ့သို့)ကို အခြေခံကျကျ မြှင့်ထိန်းခြင်း ဖြစ်နေစေ နိုင်သည်ဟု ယုံကြည်သူလည်းရှိပေမည်။ စီးပွားရေး အပေါ် စိတ်မသက်မသာဖြစ်လာသော အစိုးရတွေ အနေနှင့် အသစ်ပြန်စဖို့ တစ်စိတ်တစ်ပိုင်းအားဖြင့် စစ်ပွဲဆီစွန့်စားလိုက်မလား သောကပွားဖွယ်လည်း ဖြစ်သည်။
သံသယရှိပါသည်။ တကယ့်စစ်တစ်ခုက အရေး ပါသော လှုံ့ဆော်မှုတစ်ရပ်ကို မြှင့်ပေး၏၊ သို့ငြား ဘယ်နိုင်ငံကမဆို အဘက်ဘက်က စွန့်စားရမည့် ရှိနေချက်အားလုံးအရ ကျယ်ပြန့်သော စစ်ပွဲတစ်ရပ် စတင်နိုင်၏ ဆိုသည်ကတော့ ထိုနိုင်ငံေြွကးမြီ သိပ်ထူ နေချိန်ဆိုလျှင်တောင် ပုံဖော်စဉ်းစားရခက်ခဲပါသည်။ ပိုအရေးကြီးသည်က စီးပွားရေးလှုံ့ဆော်ရန် ပိုလွယ် ကူပြီး တိုက်ရိုက်ပိုကျသည့် အခြားနည်းလမ်းများစွာ ရှိနေခြင်းပင်ဖြစ်သည်။ အခြေခံအဆောက်အအုံတွေ မှာ ငွေပိုသုံး၊ အလုပ်လက်မဲ့အာမခံ… စသည်တို့လို အပြင် ]ရဟတ်ယာဉ်ပေးချေမှုများ}ကဲ့သို့ ငွေပိုစီးဆင်း လှည့်ပတ်စေမှုတွေ လုပ်နိုင်ပါ၏။ စစ်ကြေညာခြင်း ဆိုသည်က စီးပွားရေးကို လှုံ့ဆော်ဖို့လုပ်နိုင်တာတွေ ထဲမှာ ထိရောက်သေချာမှု အနည်းဆုံးနည်းလမ်းပဲ ဖြစ်ပါ၏။ စစ်ပွဲခြိမ်းခြောက်မှုက နိုင်ငံရေးသမားတွေ စတော့ဈေးကွက်ကို မျက်စောင်းထိုးလာတာ ပိုများ စေသောကြောင့် ရင်းနှီးမြှုပ်နှံသူများကိုလည်း ကောလာ ဟလတွေနှင့် သောကပွေတတ်စေသည်။
စီးပွားအကျအလှည့်များက တချို့သော အထူး သီးသန့်ခြေနေချိန်ခါများတွင်တော့ စစ်ဖြစ်စေရန် အားပေးအားမြှောက်လုပ်တတ်ပါ၏။ နိုင်ငံတစ်နိုင်ငံ အနေဖြင့် ခက်ခဲကြမ်းရှမှုတွေများနေပြီး အရေးပါသော တန်ဖိုးတစ်စုံတစ်ရာကို ပြန်ဖမ်းယူဖို့ လိုအပ်လာနေပြီ ဟု ယူဆလာရချိန်မျိုးတွေမှာ ဖြစ်သည်။ ဤမိုဒယ်တွင် ၁၉၉၀ ကူဝိတ်ကိုဝင်သိမ်းဖို့ ဆက်ဒမ်ဟူစိန်၏ဆုံးဖြတ် ချက်မျိုးက အတော်ပြည့်စုံသည့် နမူနာပြယုဂ်ဖြစ်သည်။ အီရန်နှင့် ကာလရှည်စစ်ပွဲအပြီး အီရတ်၏စီးပွားရေး က ကြောက်လန့်စရာကျဆင်းနေ၏။ အလုပ်လက်မဲ့ ပြဿနာက ဆက်ဒမ်ကိုခြိမ်းခြောက်နေသလို ကူဝိတ် ၏ ရေနံြွကယ်ဝမှုကြီးက ဆုလာဘ်အဖြစ် မျက်စောင်း ထိုးစိတ်ကူးယဉ်စရာဖြစ်နေသည်။ စော်ဘွားနိုင်ငံလေး ကို လက်နက်ဖြင့်ဝင်သိမ်းဖို့ကလည်း သိပ်ခက်မည် မဟုတ်ပြန်။ နောက်တစ်ချက်က ကူဝိတ်ကို ဆပ်စရာ အြွေကး အများအပြားတင်နေခြင်းပင်။ ဘဂ္ဂဒက်က ပုဂ္ဂိုလ်သည် ညတွင်းချင်းစာတစ်အုပ်ဖတ်သကဲ့သို့ ေြွကးမြီများလည်းမဆပ်ရတော့အောင် ကြံပါတော့ သည်။ အန္တရာယ်တောထဲကျနေသော အီရတ်၏စီးပွားရေးအနေအထားက စစ်ဖြစ်စေခဲ့သည်ဟု ပြောလို့လည်း ရပါသည်။
ယနေ့ဘယ်နိုင်ငံ ဤလို အနေအထားရောက်နေ သလဲဆိုသည်ကိုတော့ စဉ်းစား၍မရသေးပါ။ ရုရှားက ယူကရိန်းကို ပိုဦးတည် လိုချင်လာနေသည်လား၊ တရုတ်က ထိုင်ဝမ်ကို စီးပွားအကျိုးပိုဖြစ်ထွန်းကြစေ မည့်အရေး ရည်မှန်းချက်ပြ မျက်စပစ် သိမ်းသွင်းနေ သည်လား… ယတိပြတ်ပြောနိုင်ကြဖို့တော့ ခက်ခဲပါ ၏။ သို့ဆိုလျှင် ထရမ့် အရိပ်အခြည်ပြပြောဖူးသော ရေနံြွကယ်ဝ တစ်နိုင်ငံငံကို (တလွဲလောဘဖြင့်) အောင်နိုင်ခြင်းဆိုသည်ကလည်း ဆွဲဆောင်မှုမရှိလှပါ။ ဈေးကွက်မှာ ငမ်းငမ်းတက်နေချိန်မဟုတ်၍ဖြစ်သည်။ ပူပင်စရာရှိသည်က အင်အားနည်းပြီး အကာအကွယ် မဲ့သော နိုင်ငံငယ်တချို့ဖြစ်သည်။ ကပ်ရောဂါကာကွယ် ဆေးထွက်ပေါ်လာလျှင် ပိုင်ဆိုင်မည့်၊ စတော့ဈေးကွက် မှာ တန်ဖိုးမြင့်သွားမည့်၊ နိုင်ငံငယ်လေးတွေအရေး ဖြစ်သည်။ သို့သော်လည်း ဤရှုမြင်ချက်သည်လည်း ဝေးကွာလှပြီး မဖြစ်နိုင်ဟုပင်ဆို၍ ရပြန်သည်။
ရေရှည်အမြင်အရတော့ စီးပွားအကျ ဆက်ကြာ နေမည်ဆိုပါက စစ်ဆီရောက်သွားဖို့ရှိပါသည်။ ဖက်ဆစ် (သို့မဟုတ်) နိုင်ငံခြားသားမုန်းတီးရေး နိုင်ငံရေးလှုပ်ရှားမှုများ၊ ကိုယ်ကျိုးကာကွယ်ရေးဝါဒ နှင့် လွန်ကဲအမျိုးသားရေးဝါဒကို ဆီလောင်းအားဖြည့် ခြင်းတို့လို လုပ်ရပ်မျိုးတွေကြောင့် စစ်ဖြစ်ရန် ပိုနီးကပ် မည်။ ဒါတွေက တစ်နိုင်ငံနှင့်တစ်နိုင်ငံလက် ခံလောက် ဖွယ် ညှိနှိုင်းသဘောတူညီမှုတွေ ရနိုင်ဖို့ အများကြီး ပိုခက်ခဲစေမည့် ကိစ္စများပင်ဖြစ်သည်။ ၁၉၃၀ ပြည့် လွန်နှစ်များ၏သမိုင်းက စီးပွားရေးအကျ သက်ရောက် ချက်များကြောင့် ကမ္ဘာ့နိုင်ငံရေးတစ်လမ်းမောင်း လမ်းသေဖြစ်ကုန်စေခြင်းကာလကို ထင်ရှားပြဆို၏။ ဦးဆောင်သွားသည်က စစ်ဆီသာဖြစ်သည်။ အမျိုး သားရေးဝါဒ၊ နိုင်ငံခြားသားမုန်းတီးရေးနှင့် အသော် ရစ်တေးရီးယန်းအုပ်ချုပ်ပုံတို့က ကိုဗစ် ၁၉ မတိုင် ခင်ကလို ゞင်းတို့တစ်လှည့် ပိုအားကောင်းပြန်ရောက် လာနိုင်အောင်လုပ်နေသည်။ သို့ငြား ယခု ကမ္ဘာ့ထောင့် တိုင်းမှာ ပေါ်ပေါက်နေသော စီးပွားရေးဒုက္ခက ဤကိစ္စတွေကိုပို လမ်းကြောင်းရှင်းပေးနိုင်နေသည် သာမက ဗိုင်းရပ်စ်အပေါ်အကြောက်တရား လျော့ကျ လာကြချိန်တွင် စစ်ပွဲအောက် ကုန်းမှောက်နေကြရမည့် အနေအထားဆီ ပိုရောက်စေနိုင်နေပြန်သည်။
မျှခြေညီအပေါ်မှ သေချာစဉ်းစားလျှင်တော့ စီးပွားရေးအခြေအနေတွေ ပုံမှန်မဟုတ်ဆိုငြား ယနေ့ မျက်မြင် သက်သေပြုပြနေသော သက်ရောက်မှု များစွာ အရ စစ်ဖြစ်မည်ဟု သိပ်မမြင်မထင်ပါ။ ဘာကြောင့် ပါလဲ….။
ပထမအချက်။ ။ ဒီပရက်ရှင်က စစ်ဖြစ်စေဖို့ အားကြီးသော အကြောင်းရင်းတစ်ရပ်ဖြစ်(ခဲ့)လျှင် တောင် ဒါကို ကျော်လွန်သွားနိုင်ဖို့ကပိုများပါ၏။ ဥပမာတစ်ခုပြောမည်။ နိုင်ငံစထူထောင်စဉ် ကနေဆိုပါက ယူအက်စ်သည် ရီဆက်ရှင်ပေါင်း အကြိမ် ၄၀ ကျော် နှင့် နိုင်ငံချင်းဖြစ်စစ်ပွဲအကြိမ် ၂၀ အနည်း ဆုံး ခံစား၊ ဖြစ်ပွားခဲ့ရသည်။ ထိုစစ်အများစုမှာ တိုင်း ပြည်စီးပွားရေးနှင့် မပတ်သက်၊ မဆက်စပ်ပါ။ ရီဆက် ရှင်တွေကသာ စစ်ဖြစ်စေဖို့အားကြီးသော အကြောင်း ရင်းတစ်ရပ်ဆိုပါလျှင် ဘောဂဗေဒပညာရှင် ပေါလ်ဆင် မြူရယ်ဆင်၏ စတော့ဈေးကွက်ကို သောထေ့သော စကားရပ်သုံး ဟောကိန်းထုတ်ကြရပေမည်။ ] နောက် ဆုံး ၅ ကြိမ်နဲ့ ၅ ကြိမ်အောက်မှာတင် (စစ်) ၉ ခါလောက်ဖြစ်ပြီးပြီ}…။
ဒုတိယအချက် ။ ။ တိုင်းပြည်တွေအနေဖြင့် ခပ်မြန်မြန်အောင်နိုင်မည်၊ ဆက်စပ်ကုန်ကျစရိတ်လည်း သက်သာမည်ဟု မယုံကြည်လျှင် စစ်ပွဲတစ်ရပ် စတင် မတိုက်ပါ။ ဂျွန်မီးယားရှိုင်းမား ( John Mearshimer ) က သူ့ ဂန္ထဝင်စာအုပ် Conventional Deterrence မှာ ယခုလို ရေးသားဖော်ပြထား၏။ အမျိုးသား ခေါင်းဆောင်များက ကာလကြာမည်၊ သွေးမြေကျများ မည်၊ စရိတ်စကကြီးမည်၊ မသေချာမရေရာ ဟု မြင်ပါ က စစ်မတိုက်။ စစ်ကိုရွေးချယ်ကြဖို့ရာတွင် နိုင်ငံရေး ခေါင်းဆောင်များကတော့ သူတို့ကိုယ်တိုင် ယုံကြည် စိတ်ရှိရေးက အရင်ကျ၏။ ခပ်မြန်မြန်၊ ဈေးသက်သက် သာသာ နိုင်ရမည်၊ တိတိပပအောင်နိုင်ရမည်၊ သို့ မဟုတ် သီးခြားသတ်မှတ်ရည်မှန်းချက်တချို့ကို စရိတ် စကအကုန် အကျနည်းနည်းဖြင့် အောင်မြင်နိုင်ရမည်။ ၁၉၁၄ ဥရောပမှာ စစ်ဖြစ်ခဲ့ရာ၌ နှစ်ဖက်လုံးက မြန်မြန် နှင့်သက်တောင့်သက်သာအနိုင်ရမည်ဟု ယုံကြည် ခဲ့ကြ၏။ နာဇီဂျာမနီသည် ゞင်း၏ရန်သူများကို တတ် နိုင်သလောက် ခပ်မြန်မြန်နှင့် အကုန်အကျနည်းနည်း၊ အကျအဆုံးနည်းနည်းဖြင့် အနိုင်ယူရေး ဘလစ်ဇ် ခရိုင်းဂ် မဟာဗျူဟာကို ချမှတ်တွဲဆက်ကျင့်သုံးခဲ့၏။ အီရန်ကို ၁၉၈၀ အီရတ်ဝင်တိုက်ခဲ့သည်မှာ အစ္စလာမ္မစ် သမ္မတနိုင်ငံအီရန် ဖရိုဖရဲဖြစ်နေပြီး ခပ်လွယ်လွယ် အနိုင်ရမည် ဟု ဆက်ဒမ် ယုံကြည်သောကြောင့်ပင်။ အီရတ်ကို ၂၀ဝ၃ စစ်ပြုဝင်တိုက်ခဲ့ရာ၌လည်း ဂျော့ ဒဗယ်လျူဘုရှ်အနေဖြင့် စစ်ကို တိုတောင်းမည်၊ အောင် မြင်မည်၊ ကုန်ကျစရိတ်က အီရတ်စရိတ်ဖြင့်သာ ငါးကြင်းဆီဖြင့် ငါးကြင်းကြော်နိုင်သည်ဟု ယုံကြည်မှု ကြောင့်သာ ဖြစ်၏။
ဤတွေ့ရှိရချက်က ထိုခေါင်းဆောင်တို့သည် ဆိုးရွားစွာတွက်ချက်မှုလွဲချော်စေခဲ့စေမူ အဓိက ဆုံမှတ်ပွိုင့်ကို မြင်နေရသည်ကတော့ နိုင်ငံစီးပွားရေး အနေအထားအပေါ် မထည့်သွင်းမတွက်ချက်မှု ဖြစ် သည်။ ထိုခေါင်းဆောင်တို့သာ ခပ်မြန်မြန်၊ စရိတ် ကျဉ်းကျဉ်း၊ သင့်လျော်သောအောင်မြင်နိုင်ခြေကို လွယ်လွယ်ရမည်… စသောအချက်များကို အဓိကထုား မစဉ်းစားမိခဲ့ပါက စစ်ပင်ဖြစ်ခဲ့မည်မဟုတ်ပေ။
တတိယအချက် ။ ။ အရေးအကြီးဆုံးအချက် လည်း ဖြစ်သည်။ စစ်ပွဲအများစု၏ အခြေခံတွန်းအား ကျကျ ပိုင်းဖြတ်ဆန္ဒမှာ စီးပွားရေးအသာစံရလိုမှု မဟုတ်၊ လုံခြုံရေးသာ ဖြစ်ပါသည်။ ဤကြောင်းကျိုး ပြချက်အရ နိုင်ငံများ အနေဖြင့်… ရေရှည်ပါဝါမျှခြေ ရွေ့သွားပြီး ဆန့်ကျင်ဘက်ဆောင်လာမည်၊ ရန်ဘက် များကို ဘယ်လိုမှဆီလျော် သင့်တော် ညှိနှိုင်း၍ မရ တော့ဘဲ အန္တရာယ်အသွင်ဆောင်လာပြီ၊ ယခုဝင် ရောက် လှုပ်ရှားလိုက်ပါက အခြေအနေဆိုးများကို ပြောင်းပြန်လှည့်လိုက်နိုင်ပြီး အနေအထားတွေကို တည်ငြိမ်လုံခြုံမှုရစေနိုင်မည်… ဟူ၍ ゞင်းတို့ကိုယ်တိုင် ယုံကြည်နေစေလာချိန်မျိုးများတွင် စစ်ပွဲအသံဗလံများ မြင့်တက်လာမည် ဖြစ်လေသည်။ သမိုင်းပညာရှင် အေဂျေပီတေလာ (A. J. P. Taylor) တွေ့ရှိထုတ်ဖော် ထားချက်ရှိ၏၊ ]… ဂရိတ်ပါဝါများကြားမှ (၁၈၄၈ – ၁၉၁၈ အတွင်း) စစ်ပွဲတိုင်းသည် ခုခံစစ်အဖြစ်သာ စတင်ခဲ့သည်၊ ကျူးကျော်စစ်မဟုတ်ပေ…}၊ ဤအချက် သည် ထိုအချိန်ကာလများကတည်းက စစ်ပွဲအများစု အတွက် ယခုထိ မှန်ကန်ထင်ကျန်နေသေးပါ၏ ။
အောက်ခြေမျဉ်း ။ ။ စီးပွားရေးအနေအထား (ဒီပရက်ရှင် အကျတစ်ရပ်) က စစ်နှင့်ငြိမ်းချမ်းရေး ရွေးချယ်ဆုံးဖြတ်မှုများအတွင်း ပိုကျယ်ပြန့်သော နိုင်ငံရေးရပ်ဝန်းဖြစ်လာရန် သက်ရောက်နိုင်ခြေ ရှိပါ သည်။ သို့ငြား အရေးအပါဆုံး သောအချက်မဟုတ်ပေ။ အချက်များစွာထဲမှ ရှားပါးတစ်ချက်သာဖြစ်၏။ ကိုဗစ် ၁၉ က ကမ္ဘာ့စီးပွားရေးကို ထိခိုက်နစ်နာ အနှုတ် ဆောင်စေအောင် ဆက်ကျယ်ပြန့်ကြီးထွားတည်ရှိ နေသည်ဆိုလျှင်တောင် (ကမ္ဘာ့စီးပွားရေးကတော့ ထိခိုက်နေတာမြင်နေရပြီးဖြစ်၏) စစ်ဖြစ်ပွားနိုင်ခြေ အတွက် အလွန်အမင်းကြီး မသက်ရောက်စေနိုင်ပါ၊ အထူးသဖြင့် လောလောဆယ် ကာလတိုတွင် ပိုမသက် ရောက်နိုင်ပါ။
ဒါကို သေချာစေဖို့ဆိုရာတွင်တော့ စစ်၏နောက် ထပ်အားကြီးသောအကြောင်းရင်းတစ်ရပ်ကို ပြောရပါ ဦးမည်၊ ထိန်းချုပ်အုပ်ချုပ်၍မရနိုင်သော မိုက်မဲ ရူးသွပ်မှု…။ အထူးအားဖြင့် ယနေ့ သုံးလပတ်ကာလ များမှာ လက်တွေ့သက်သေပြဖြစ်ပေါ်နေမှုတချို့။ တလွဲလမ်းညွှန်ခေါင်းဆောင်များက နောက်ထပ် သွေးမြေကျစေမှုကြီးတွေ ဖြစ်ပေါ်စေမလား၊ မြင်တွေ့ ဖြစ်ပေါ်လာမည်မဟုတ်ဟု ယတိပြတ်ပြောနိုင်မလား၊ ထိုထိုတွေအတွက်ကတော့ မည်သူကမျှအာမခံနိုင် မည်မဟုတ်ပါ။ သမိုင်းမှာ သီးသန့်ကာလမျိုးတွေ၌ နေခြည်ဖျန်းပက် ရောင်စဉ်လက်မှုကို ရှာဖွေကြရတာ တော့ ခက်ခဲတတ်မြဲဖြစ်သည်။ ကျွနု်ပ်ကတော့ စစ်ဖြစ် မည်မဟုတ် ဟူသောအမြင်သာ မှန်ကန်သည်ဟု မျှော် လင့် ယုံကြည်သွားနေမည်ဖြစ်သည်။
(မူရင်းဆောင်းပါးရှင် စတီဖင် အမ် ဝေါ့လ်ထ် Stephen M. Walt သည် ဟားဗတ်တက္ကသိုလ်၊ နိုင်ငံ တကာဆက်ဆံရေးဌာန၏ the Robert and Renee Belfer ပါမောက္ခ ဖြစ်သည်။)

Ref ;

Will a Global Depression Trigger Another World War ? by Stephen M. Walt.
– Updated news. (Mid of December 2020)

မင်းတင်