• Today is: Monday, August 2, 2021

ပြည်ထောင်စုမပြိုကွဲစေချင်ရင်

Federal Journal
October08/ 2018

မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်ကိုလေ့လာကြည့်လျှင် အလယ်ကောင်တည့်တည့်ကို ဧရာဝတီ မြစ်ကြီးက ဖြတ်သန်းစီးဆင်းနေသည်ကို တွေ့ရမည်။ ပိုပြီးတိတိကျကျပြောရလျှင် တောင်မြောက်တန်း နေသော ဧရာဝတီမြစ်ကြီးအတွင်းသို့ စီးဝင်သည့် ချောင်းများ၊ မြစ်လက်တက်များသည် တောင် တန်းဒေသမှ မြစ်ဖျားခံကာ စီးဆင်းလာခြင်းဖြစ်သည်ကို တွေ့မြင်နိုင်ပါသည်။

ထို့အတူ ပြည်ထောင်စုတိုင်းရင်းသားများမှီတင်းနေထိုင်သည့် မြန်မာ့သမိုင်းကို ပြန်လေ့လာ ကြည့်မိသည်။ အနီးစပ်ဆုံး ဗြိတိသျှကိုလိုနီခေတ်ကစတင်လေ့လာကြည့်မိသည်။ အထူးသဖြင့် ကိုလို နီခေတ် အုပ်ချုပ်ရေးပုံစံ အာဏာခွဲဝေမှုပုံစံကိုလေ့ လာမိသည်။

ပဒေသရာဇ်ခေတ်သည် ပဒေသရာဇ်စနစ်သာဖြစ်ပြီး ယခုပြောမည့်ဆောင်းပါးတွင် သိပ်ပြော စရာမလိုသဖြင့် ချန်လှပ်ထားခဲ့ပါရစေ။

ယခုဆောင်းပါးသည် အတိတ်အကြောင်းအရာတချို့ကို အခြေခံပြီး အနာဂတ်အတွက် အဖြေ ရှာလို သည့် သဘောမျိုးရည်ရွယ်ထားသဖြင့်လည်း ပဒေသရာဇ်ခေတ်ကို ခဏထားခဲ့ခြင်းဖြစ်သည်ကို ဝန်ခံပါရစေ။ အထူးသဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအခြေခံဖြင့် စဉ်းစားထား ချက် ဖြင့် ဇောင်းပေးစဉ်စားတင်ပြလိုခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံ ပြည်ထောင်စုအတွင်း နေထိုင်ကြသော တိုင်းရင်းသားအားလုံး ပြည်ထောင်စုမပြို ကွဲစေချင်ပါ။ အထူးသဖြင့် လက်နက်ကိုင်ထားသည့် အဖွဲ့အစည်းများဖြစ်သည့် တိုင်းရင်းသားများရော တပ်မတော်ပါ ပြည်ထောင်စုကို မပြိုကွဲစေချင်တဲ့အကြောင်းမကြာခဏ ထုတ်ဖော်ကြသည်။ မပြိုကွဲစေ ချင်သည့် စိတ်ဆန္ဒစေတနာတူညီသော်လည်း အကောင်အထည်ဖော်သည့်နည်းနာတော့ ကွာခြားနေ ကြသည်ဟု ပြောနိုင်သည်။

တပ်မတော်အစိုးရလက်ထက်က ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟု ကြွေးကြော်ခဲ့သည်။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်များကတော့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးကို အစဉ်တစိုက်တောင်းဆိုခဲ့ပြီး ပြည်ထောင်စုတည်ထောင်လိုကြသည်။

ထို့အတွက်ကြောင့် ပြည်ထောင်စုမပြိုကွဲစေချင်ဆန္ဒရှိသည်ဟု ပြောရခြင်းဖြစ်သည်။ တိုင်းရင်း သား လက်နက်ကိုင်များ၏ တောင်းဆိုမှု ဆွေးနွေးမှုများ၊ ရပ်တည်ချက်များ အနည်းငယ်ကွဲပြားကောင်း ကွဲပြားသော်လည်း မည်သူမှ ပြည်ထောင်စုက ခွဲထွက်မည်ဟု တောင်းဆိုခြင်းမကြားခဲ့ဖူးပေ။

တကယ်တော့ ပြည်ထောင်စုမပြိုကွဲစေချင်လျှင် ပြည်ထောင်စုထူထောင်ခဲ့သည့် သန္ဓေတည်ခဲ့ သည့် ပင်လုံသဘောတူညီချက်ကို ပြန်လေ့လာကြည့်ဖို့လိုသည်။ အတိတ်ကို သင်ခန်းစာယူကြည့်ပြီး အနာဂတ်ကို မျက်နှာမူဖို့ဖြစ်သည်။ နောက်မျိုးဆက်များအတွက် စဉ်းစားဖို့ဖြစ်သည်။ အတိတ်ကိုဖက် တွယ် တရားသေ မဆန်သင့်တော့ပေ။ ပဒေသရာဇ်ခေတ်နောက်ပိုင်း ဗြိတိသျှအုပ်စိုးချိန် မြန်မာနိုင်ငံ ရဲ့ ဖွဲ့စည်းတည်ဆောက် ပုံ Form of state ကို ခွဲခြားကြည့်လျှင် ယေဘုယျအားဖြင့် နှစ်ပိုင်းတွေ့မြင်နိုင် ပါသည်။

အုပ်ချုပ်ရေးအမြင်သက်သက်နဲပ ဖွဲ့စည်းထားသည့် နယ်မြေများ၊ ရိုးရာအစဉ်အလာ (ရှမ်းစော် ဘွား၊ ဒူးဝါးများ၊ တောင်ပိုင်း၊ စော်ကဲများ)နဲ့ ဗြိတိသျှအုပ်ချုပ်ရေးအမြင် ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နယ်မြေ ဆိုပြီးတွေ့ မြင်နိုင်ပါတယ်။ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုအမြင်သက်သက်ဖြင့် ဖွဲ့စည်းထားတဲ့ စစ်ကိုင်ဒီးဗီး ရှင်း၊ ပဲခူးဒီဗီးရှင်းဆိုတဲ့ မြေပြန့်ဒေသတွေနဲ့ တောင်တန်းဒေသများလို့ ပြောလို့ရနိုင်သည်။ ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေးစီမံခန့်ခွဲရေးအာဏာခွဲဝေရေးနှင့် ပတ်သက်၍ နိုင်ငံကျော်စာရေးဆရာ တစ်ဦး ကတော့ “ကိုလိုနီ ခေတ်သည် နေလို့ထိုင်လို့အကောင်းဆုံးဖြစ်တယ်”ဟု မှတ်ချက်ပြုဖူးသည်။

ဗြိတိသျှလက်အောက်မှ လွတ်မြောက်ရေးအတွက် စုစည်းညီညွှတ်စွာ တောင်းဆိုနေစဉ် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် ပင်လုံမှာ လုပ်သည့် ရှမ်း၊ကချင်၊ ချင်း ခေါင်းဆောင်တွေရဲ့ အစည်းအဝေး ဆုံးဖြတ်ချက် ရှစ်ခုချမှတ်သဘောတူခဲ့ရာမှာ ဆုံးဖြတ်ချက် အမှတ် ၁ ဒီမိုကရေစီအရ ဗမာများနဲ့ တန်း တူအခွင့်အရေးပေးရန်၊ ဆုံးဖြတ်ချက် အမှတ် ၂ ဘုရင်ခံ၏ အမှုဆောင် (ဝန်ကြီး)အဖွဲ့မှာ ပါဝင် မည့် ရှမ်းနှင့်ကချင် ကိုယ်စားလှယ်များသည် မိမိတို့ ဆိုင်ရာနယ်ပယ်အရေးကို လုံးဝတာဝန်ယူရန်ဆိုပြီး ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။

အနှစ်သာရအရဆိုလျှင် ဆုံးဖြတ်ချက် ၁ သည် တန်းတူရေးစဉ်းစားချက်ကို ရည်ညွှန်းပြီး ဆုံး ဖြတ်ချက် ၂ သည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ရည်ညွှန်းသည်ဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ ပင်လုံစာ ချုပ် အကျိုးဆက်ဖြစ်သည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အခန်း ၁ ပုဒ်မ ၅-၆-၇ တို့အရ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်တို့ကိုဖွဲ့စည်းခဲ့ပြီး ချင်းကပြည်နယ်မယူဘဲ ဝိဒေသ တိုင်း အဖြစ်ရပ်တည်ခဲ့သည်။ ဆိုလိုသည်မှာ လွှတ်လပ်ရေးရပြီးခါစ နိုင်ငံဖွဲ့စည်းတည်ဆောက်မှု From of State ကိုလေ့လာကြည့်လျှင် ပြည်နယ်၊ ပြည်မ(စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း တိုင်း(၇)တိုင်း)ဖြင့် စုဖွဲ့ထားသည်။ စုဖွဲ့မှုအနေအထားအရ ပြည်နယ်၊ ပြည်မအခြေခံစုဖွဲ့မှုဖြင့် တွေ့နိုင် ပါတယ်။ ပင်လုံသဘောတူ ညီချက်ကနေ အစပြုတဲ့သမိုင်းအရ ပြည်နယ်များဖြစ်ပေါ်လာပုံသည် နိုင်ငံရေးအခြခံ (တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်) ကနေပေါ်လာတာကို ရှင်းရှင်းလင်းလင်းတွေ့ နိုင်သည်။

၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံ ဒုတိယဇယားမှာ အထက်လွှတ်တော် အမတ် ၁၂၅ နေရာနဲ့ ပတ်သက်လို့ ရှမ်း ၂၅ နေရာ၊ ကချင် ၁၂ နေရာ၊ ချင်း ၈ နေရာ၊ ကရင်နီ ၃ နေရာ၊ ကရင် ၂၄ နေရာခွဲဝေထားပြီး ပြည်ထောင်စု မြန်မာနိုင်ငံကျန်နယ်မြေ (ပြည်မ) ၅၃နေရာလို့ တွေ့ရသည်။ ယခုအချက်တွေ့ရှိချက်က နိုင်ငံရေးအဆင့်ကို ပြည်မအနေနဲ့ယူထားတဲ့ Administrative unit ကို နိုင်ငံရေးအဆင့်အတန်း Political Status ပေးလိုက် ခြင်းဖြစ်သည်။

ယင်းသို့ပေးလိုက်ခြင်းဖြင့် ပြည်နယ်များ၏ ဖွံ့ဖြိုးမှုနှင့် တိုင်းများ၏ဖွံ့ဖြိုးမှု နှိုင်းယှဉ်လျှင်ကွာခြား မှုဖြစ် နေသည်ကို တွေ့နိုင်သည်။ အထူးသဖြင့် မြန်မာနိုင်ငံသားများစိတ်ဝင်တစားအားပေးကြသည့် နှစ်စဉ်ကျင်း ပသော ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများ၏ အနိုင်ရဗိုလ်စွဲသည့် အသင်းများကို ကြည့် လျှင်မြင်သာလှ သည်။ မဆလခေတ်တိုက်ပွဲများ ဖြစ်ပွားသည့် ပြည်နယ်ကို ဘောလုံးပွဲတွင် အနိုင်ရ ဗိုလ်စွဲအောင် စီမံခန့်ခွဲ စေသည့် ဥပမာလည်းရှိခဲ့ဖူးသည်။

ပြည်နယ်နှင့် တိုင်း ၇ ခု အခြေခံအာဏာခွဲဝေအုပ်ချုပ်သည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံသည် တစ်ပါ တီအာဏာရှင်စနစ်ကို ရည်ရွယ်ထားသဖြင့် ၁၉၈၈ ခုနှစ်တွင် ပြည်သူတစ်ရပ်လုံးက သမိုင်း အမှိုက် ခြင်းထဲကို ထည့်သွင်းခြင်းခံလိုက်ရသည်။ ၁၉၈၈ ခုနှစ်မှာ တိုင်းပြည်ချောက်ထဲကျမည်ဟုဆိုကာ စစ် တပ်ကအာဏာ သိမ်းပိုက်ပြီး ၂၀၀၈ မေလ ၂၉ ရက်မှာ နအဖ ကြော်ငြာချက် အမှတ်၇/၂၀၀၈ ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပုဒ်မ ၅၁ မှာ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ပြည် ထောင်စု နယ်မြေများကို နိုင်ငံတော်အဖြစ်စုစည်းသည်လို့ ဖော်ပြထားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေမှာ ထူးခြားချက်တစ်ခုကတော့ အခြေခံမူများအခန်း ပုဒ်မ ၉(က)မှာ ရှိရင်းစွဲတိုင်း ၇ တိုင်း ကို တိုင်ဒေသကြီး ၇ ခု အဖြစ်လည်းကောင်း၊ ရှိရင်းစွဲ ပြည်နယ် ၇ ပြည်နယ်ကို ပြည် ၇ ပြည်နယ်အ ဖြစ်လည်းကောင်း ပိုင်းခြားသတ် မှတ်သည်။ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ပြည်နယ်တို့သည် အဆင့်အတန်းတူညီသည်လို့ ပြဋ္ဌာန်း ထားသည်။ ဆိုလိုသည်မှာ Administrative unit/ Political Status ကို ဥပဒေအရ ၂၀၀၈တွင် အခိုင်အမာ အတည်ပြုလိုက်ခြင်းဖြစ်သည်။

နိုင်ငံတည်ဆောက်ပုံ Form of State ဖြင့် အနှစ်ချုပ်အရဆိုလျှင် မြန်မာနိုင်ငံသည် နိုင်ငံရေး အမြင် အခြေခံမှ ဖြစ်လာသောနယ်မြေ  (ပြည်နယ်(သို့)လူမျိုးကို အခြေခံသောနယ်မြေ)နှင့် အုပ် ချုပ်ရေး၊အမြင် အခြေခံမှဖြစ်လာသောနယ်မြေ (တိုင်း (သို့) ပထဝီအခြေခံတဲ့နယ်မြေဆိုပြီး မတူညီ တဲ့နယ်မြေအမျိုးအစား နှစ်မျိုးပေါင်းစပ်ထားခြင်းဖြစ်သည်။

ယခုလက်ရှိကာလသည် ပြည်တွင်းငြိမ်းချမ်းရေး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာနေချိန်ဖြစ်ပါသည်။ အထူးသဖြင့် Form of State ပြောင်းလဲရေး သည် ခက်ခဲသည့် အရေးကိစ္စဖြစ်နေပါသည်။

မည်သို့ပင်ဖြစ် ပြည်ထောင်စုကြီးမပြိုကွဲလျှင် ပြည်ထောင်စုကြီးငြိမ်းချမ်းစေလိုလျှင် ပြည်ထောင် စုအတွင်း စုစည်းနေထိုင်သည့် ဗမာအပါအဝင် တိုင်းရင်းသားများကြားတွင် တန်းတူညီတူရှိမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိရပေလိမ့်မည်။ တိုင်းရင်းသားများပြောဆိုဆွေးနွေးနေသည့် ရပ်ခံနေသည့် ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးသည် အာဏာများကိုမျှတစွာ ခွဲဝေသုံးစွဲရေးဖြစ်သည်။ မည်သည့်ပုံစံကို ကိုင်စွဲသည်ဖြစ်စေ မျှတစွာ ခွဲဝေဆိုရာတွင်  ဘတ်ဂျက်ခွဲဝေမှု (ဘဏ္ဍာရေးတန်းတူမှု) လူမျိုးစုလွှတ်တော် (အထကလွှတ်တော်ကိုယ်စားလှယ်စေလွတ်ရာမှာ အရေအတွက်ညီစေ လွတ် လပ်ခွင့်ရှိပေလိမ့်မည်။ ထိုတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွင် တိုင်းရင်းသားများ၏ ပညာရေးသည် လွတ် လပ်မှု ရှိရေးဖြစ်ပါသည်။

တိုင်းရင်းသားအနေဖြင့် သင်္ချာဘာသာ အပေါင်းအနုတ်တက်ဖို့လိုရင်းဖြစ်ပြီး မည်သည့်ဘာသာ စကားနှင့်သင်သင် အပေါင်းအနုတ်တက်ဖို့သာလိုရင်းဖြစ်ပြီး ကချင်စကားနှင့် သင်သင်၊ ရှမ်းစကားနှင် သင်သင်၊ ကရင်နီစကားနှင့်သင်သင် အပေါင်းအနုတ်တက်ဖို့လိုရင်းဖြစ်သည်။ သမိုင်းဘာသာတွင် လည်း အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားတို့ထက် အများအကျိုးသယ်ပိုးသူ ကိုယ်ကျိုးစွန့် အနှစ်နာခံသူ အကြောင်းကို အတုယူအားကျဖို့ လိုရင်းဖြစ်သည်ဟု ယုံကြည်သည်။

မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုကြီးမပြိုကွဲ ညီညွှတ်စေချင်လျှင် အာဏာခွဲဝေရာ တွင်ညီမျှဖို့ လိုမည်၊ ညီမျှမှသာ ပြည်ထောင်စုကြီးတည်တံ့ပြီး ငြိမ်းချမ်းသာယာလာပေလိမ့်မည်။ မြေပြန့်ဒေသရှိ ဧရာဝတီမြစ်ကြီး အမြဲစီးဆင်းဖို့ဆိုလျှင် တောင်တန်းဒေသရှိ ရေဝေးရေလဲဒေသများ အားကောင်းဖို့လိုပါမည်။

ထို့အတူ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာဖို့ဆိုလျှင် တောင်တန်းဒေသနှင့် မြေပြန့်ဒေသ အာဏာ ခွဲဝေမှု မျှတမှန်ကန်မသာ ဖြစ်နိုင်ပေလိမ့်မည်။

 

ခိုင်ကြည်