• Today is: Monday, August 8, 2022

ျမန္မာဘီယာမွသည္ ျမန္မာပလာဇာဆီသို႔

ျမန္မာဘီယာမွသည္ ျမန္မာပလာဇာဆီသို႔

စစ္တပ္ပိုင္ ျမန္မာဘ႐ူဝါရီကုမၸဏီကို ဖ်က္သိမ္းၿပီး ျမန္မာဘီယာထုတ္လုပ္မႈကို ရပ္တန္႔ေတာ့ မယ္လို႔ ၾကားရပါတယ္။ ျမန္မာဘီယာဆိုတာ ျမန္မာႏိုင္ငံရဲ႕ဘီယာေစ်းကြက္ ၈၀ ရာခိုင္ႏႈန္းခန္႔ သိမ္းပိုက္ထား ႏိုင္တဲ့ တံဆိပ္တစ္ခုပါ။ ႏွစ္ေပါင္း ၂၀ ၾကာ ေစ်းကြက္ကို စိုးမိုးထားၿပီး အိမ္နီးနားခ်င္း ႏိုင္ငံမ်ားအထိ ေျခဆန္႔ႏိုင္ခဲ့တဲ့ ကုန္ပစၥည္း တစ္ခုပါ။

ယခုလို ျမန္မာဘီယာေရာင္းအားက်ဆင္းသြားမႈဟာ ေႏြဦးေတာ္လွန္ေရးနဲ႔ သက္ဆိုင္ ေနပါတယ္။ လူငယ္အမ်ားစုဟာ ျမန္မာဘီယာကို ႏွစ္ၿခိဳက္ခဲ့ၾကပါတယ္။ ေႏြဦးေတာ္လွန္ေရးမွာ အင္တိုက္အားတိုက္ ပါ၀င္ခဲ့ၾကတဲ့ လူငယ္မ်ားဟာ စစ္တပ္ရဲ႕အၾကမ္းဖက္ၿဖိဳခြင္းမႈမ်ားေၾကာင့္ တပ္ပိုင္ ကုမၸဏီမ်ားမွ ထုတ္လုပ္  တဲ့ ကုန္ပစၥည္းမ်ားကို သပိတ္ေမွာက္ဖို႔ ျဖစ္လာပါတယ္။

တပ္ပိုက္ကုမၸဏီမ်ားက ထုတ္လုပ္တဲ့ကုန္ပၥည္းမ်ားထဲမွာ လူသံုးအမ်ားဆံုးကုန္ပၥည္းမ်ားက ျမန္မာ ဘီယာ၊ ရက္ယူဘီစီးကရက္နဲ႔ မိုင္တဲမိုဘိုင္းဖုန္းဆင္းကတ္တို႔ျဖစ္ပါတယ္။ ဘီယာဆိုင္စားပြဲေပၚမွာ ျမန္မာဘီယာပုလင္းောင္ထားတာေတြ႕ရင္ ေမးေငါ့ခံရသလို၊ လက္ဖက္ရည္ဆိုင္မွာ ယူဘီစီးကရက္ခဲၿပီး၊ စတိုးဆိုင္မွာ မိုင္တဲေငြျဖည့္ကတ္၀ယ္ရင္လည္း မ်က္ေစာင္းထိုးခံရဥိးမွာပါ။ Social Punishment အျဖစ္ ျပည္သူလူထုက တပ္ပိုင္ထုတ္ကုန္ေတြကို အားမေပးၾကဖို႔ လံႈ႕ေဆာ္ရာက ျမန္မာဘီယာထုတ္ကုန္ တစ္ခု ၿပိဳလဲခဲ့ျခင္းပါ။

တပ္ပိုင္လုပ္ငန္းမာ်းအေၾကာင္းကို သြားရင္ ၁၉၆၂ ခုေလာက္ဆီ ေျခဦးျပန္လွည့္ရမွာပါ။ ၁၉၆၂ ခုႏွစ္မွမွာ စစ္တပ္က အာဏာသိမ္းခဲ့ၿပီး ဗိုလ္ခ်ဳပ္ႀကီးေန၀င္းရဲ႕ ေတာ္လွန္ေရးေကာင္စီက ႏိုင္ငံေတာ္ ကို ဆိုရွယ္လစ္စနစ္ဆီသြားဖို႔ ျပင္ဆင္ခဲပါတယ္။ ဆိုရွယ္လစ္စနစ္နဲ႔ကိုက္ညီမဲ့ အေျခခံဥပေဒတစ္ရပ္ကို ေရးဆြဲဲၿပီး ၁၉၇၄ ခုႏွစ္မွာ ျပ႒ာန္းခဲ့ပါတယ္။

ႏိုင္ငံေတာ္ဟာ ဆိုရွယ္လစ္စနစ္နဲ႔ တည္ေဆာက္မွာျဖစ္တဲ့အတြက္ ႏိုင္ငံျခားသားပိုင္နဲ႔ ႏိုင္ငံသားပိုင္စက္႐ံု၊ အလုပ္႐ံု၊ ကုမၸဏီေတြကို ျပည္သူပိုင္အျဖစ္ သိမ္းယူခဲ့ပါတယ္။ သိမ္းယူလိုက္တဲ့ လုပ္ငန္းအသီးသီးကို အစိုးရပိုင္အျဖစ္ ေကာ္ပိုေရးရွင္းႀကီးေတြ ဖြဲ႕စည္းလည္ပတ္ေစရာမွာ စစ္တပ္ကလည္း အခန္းက႑တစ္ခုအျဖစ္ ပါ၀င္လာခဲ့ပါတယ္။ ရွားမီးခ်ိဳခ်ဥ္စက္႐ံု၊ က်ိဳကၠဆံဘီစကတ္စက္႐ံု၊ ပ်ားေကဒါ အေရာင္းဆိုင္လိုမ်ိဳးေတြ ေပၚေပါက္ခဲ့တာျဖစ္ပါတယ္။

၁၉၈၈ ခုႏွစ္မွာ စစ္တပ္က အာဏာသိမ္းယူခဲ့ၿပီး ဆိုရွယ္လစ္စနစ္ကို ဖ်က္သိမ္းကာ ေစ်းကြက္စီးပြား ေရးစနစ္ကို ေဆာင္ရြက္ျပန္ပါတယ္။ ကုမၸဏီမ်ားဖြဲ႕စည္းမွတ္ပံုတင္ခြင့္ျပဳခဲ့ၿပီးႏိုင္ငံျခားကုမၸဏီမ်ားနဲ႔ ဖက္စပ္လုပ္ငန္းမ်ားလည္း ေပၚေပါက္လာခဲ့ပါတယ္။

၁၉၈၈ ခုႏွစ္ ေနာက္ပိုင္း စစ္တပ္နဲ႔ ဖက္စပ္လုပ္ကိုင္တဲ့လုပ္ငန္းမ်ားက ျမန္မာေဒဝူး အထည္ခ်ဳပ္လုပ္ငန္းနဲ႔ ေပၚစကို သံမဏိလုပ္ငန္းတို႔က အေစာဆံုးျဖစ္ခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ စစ္တပ္ဟာ ကုန္ထုတ္လုပ္ငန္းမ်ားသာမက ဘဏ္လုပ္ငန္း၊ ခရီးသြားလုပ္ငန္းမ်ားမွာပါ ၀င္ေရာက္လုပ္ကိုင္လာခဲ့ပါတယ္။ စစ္တပ္ပိုင္လုပ္ငန္းမ်ားနဲ႔ ယွဥ္ၿပိဳင္လုပ္ရတဲ့ တိုင္းရင္းသားပိုင္လုပ္ငန္းေတြချမာလည္း စစ္တပ္လုပ္ငန္းမ်ားေလာက္ ေစ်းကြက္ မ်ားမ်ားမရရွာၾကပါဘူး။ စစ္တပ္နဲ႔ႏွီးႏြယ္တဲ့ ခ႐ိုနီလုပ္ငန္းရွင္မ်ားသာ ခ်မ္းသာသြားၾကပါတယ္။

ႏွစ္ငါးဆယ္ေလာက္ စစ္အာဏာသိမ္းထားတဲ့တိုင္းျပည္မွာ  စစ္အာဏာရွင္ေတြ ဘာလုပ္သြားသလဲ ဆိုရင္ ျပည္သူေတြပိုင္တဲ့ပပၥည္းေတြကို ျပည္သူပိုင္ဆိုၿပီး သိမ္းကာၿပီးရင္ သူတို႔အလိုေတာ္ရိေတြ ခြဲေ၀ယူသြားၾကတာဘဲ ဆိုရမွာပါ။

ယေန႔ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ ဘဏ္က ပိုက္ဆံထုတ္ရင္ ရာႏႈနး္ေပးရတာ။ Earning USD ကို သက္တမ္းသတ္မွတ္ၿပီး အတင္းေရာင္းခိုင္းတာ၊ သိန္း ၂၀၀ ဥပေဒသတ္မွတ္ၿပီး ေျမေရာင္းရင္ ဘဏ္ထဲ ေငြထည့္ခိုင္းၿပီး ထားခိုင္းတာမ်ိဳးေတြကလည္း တစ္ဖက္လွည့္နဲ႔ သိမ္းတဲ့သေဘာေတြပါပဲ။ စစ္ေကာင္စီရဲ႕ ဥပေဒေတြရဲ႕ သေဘာသဘာ၀က သာမန္ျပည္သူေတြရဲ႕ ပိုင္ဆိုင္မႈေတြကို ၾကံဳ႕သြားေအာင္လုပ္ၿပီး သူတို႔ႏွင့္ ရင္းႏွီးေသာ သူေဌးႀကီးေတြရဲ႕ ပိုင္ဆိုင္မႈကိုတ ိုးပြားလာေအာင္ လုပ္တဲ့အကြက္မ်ိဳးပါ။

သိပ္မၾကာခင္မွာ ဆိုရွယ္လစ္ေခတ္ကလို အာမီရမ္ပြဲစား၊ စက္မႈ ၁က ဘိလပ္ေျမပြဲစား၊ အစိုးရအိ္မ္ရာ အခန္းငွားပြဲစြား၊ ေလယာဥ္လက္မွတ္ေမွာင္ခိုပြဲစား၊ ရထားလက္မွတ္ေမွာင္ခိုပြဲစားဆီသို႔ စစ္အာဏာရွင္ရဲ႕ သတ္မွတ္ေစ်းအတိုင္း ၀ယ္ယူသံုးစြဲခြင့္ရတဲ့ လူတစ္စုအား ေရာင္းစားတဲ့ ပစၥည္းမ်ားကို ေမွာင္ခိုျခင္း၊ ေမွာင္ခိုေစ်းျဖင့္ ျပန္ေရာင္းျခင္းစတဲ့ ေစ်းကြက္မ်ိဳး ျမန္မာျပည္မွာ ျပန္ေပၚေပါက္လာ ႏိုင္ပါတယ္။

ဒီလိုေပၚေပါက္လာမႈေတြကို ဟန္႔တားႏိုင္ဖို႔ ျပည္သူလူထုအေနနဲ႔ Social Punishment ေတြကို ပိုမိုျပဳလုပ္ႏိုင္မယ္ဆိုရင္ သာမန္ျပည္သူေတြရဲ႕ လူေနမႈဘ၀ေတြ သက္ေတာင့္သက္သာျဖစ္ လာႏိုင္ပါတယ္။ ယခု ျမန္မာဘီယာၿပိဳလဲျခင္းအေၾကာင္းအရင္းက အစဘဲရွိပါေသးတယ္။

ထပ္မံၿပီး Social Punishment ေပးဖို႔ သတင္းေတြထြက္လာတာ ျမန္မာပလာဇာကိစၥဘဲ ျဖစ္ပါ တယ္။ အားလံုးသိတဲ့အတိုင္း ျမန္မာပလာဇာအတြင္း ဆႏၵျပတဲ့ လူငယ္ေတြကို စစ္ေကာင္စီမဟုတ္တဲ့ ပလာဇာလံုျခံဳေရး၀န္ထမ္းေတြက ဖမ္းဆီးတဲ့ကိစၥပါ။  ဒီျဖစ္စဥ္ေၾကာင့္ ျမန္မာပလာဇာကို Social Punishment လုပ္ဖို လူမႈကြန္ရက္မွာ လံႈ႕ေဆာ္တာေတြ ျပဳလုပ္လာၾကပါတယ္။

စစ္တပ္ပိုင္ပစၥည္း၊ စစ္တပ္ထုတ္မွမဟုတ္ဘဲ အာဏာရွင္စနစ္ကို အားေပးေထာက္ခံတဲ့ ဘယ္အျပဳအမူမ်ိဳးကိုမွ ျပည္သူ လူထုက ေထာက္ခံမွာ မဟုတ္ပါဘူး။ အာဏာရွင္စနစ္ကို ေထာက္ခံအားေပး သူမ်ားမရွိမွသာ ဒီမိုကေရစီစနစ္ကို ျပန္လည္တည္ေဆာက္လို႔ရမွာမဟုတ္လား။        ။

ေမာဂၢလိ

 

 

 

မြန်မာဘီယာမှသည် မြန်မာပလာဇာဆီသို့

စစ်တပ်ပိုင် မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းပြီး မြန်မာဘီယာထုတ်လုပ်မှုကို ရပ်တန့်တော့ မယ်လို့ ကြားရပါတယ်။ မြန်မာဘီယာဆိုတာ မြန်မာနိုင်ငံရဲ့ဘီယာဈေးကွက် ၈၀ ရာခိုင်နှုန်းခန့် သိမ်းပိုက်ထား နိုင်တဲ့ တံဆိပ်တစ်ခုပါ။ နှစ်ပေါင်း ၂၀ ကြာ ဈေးကွက်ကို စိုးမိုးထားပြီး အိမ်နီးနားချင်း နိုင်ငံများအထိ ခြေဆန့်နိုင်ခဲ့တဲ့ ကုန်ပစ္စည်း တစ်ခုပါ။

ယခုလို မြန်မာဘီယာရောင်းအားကျဆင်းသွားမှုဟာ နွေဦးတော်လှန်ရေးနဲ့ သက်ဆိုင် နေပါတယ်။ လူငယ်အများစုဟာ မြန်မာဘီယာကို နှစ်ခြိုက်ခဲ့ကြပါတယ်။ နွေဦးတော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြတဲ့ လူငယ်များဟာ စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် တပ်ပိုင် ကုမ္ပဏီများမှ ထုတ်လုပ်  တဲ့ ကုန်ပစ္စည်းများကို သပိတ်မှောက်ဖို့ ဖြစ်လာပါတယ်။

တပ်ပိုက်ကုမ္ပဏီများက ထုတ်လုပ်တဲ့ကုန်ပ္စည်းများထဲမှာ လူသုံးအများဆုံးကုန်ပ္စည်းများက မြန်မာ ဘီယာ၊ ရက်ယူဘီစီးကရက်နဲ့ မိုင်တဲမိုဘိုင်းဖုန်းဆင်းကတ်တို့ဖြစ်ပါတယ်။ ဘီယာဆိုင်စားပွဲပေါ်မှာ မြန်မာဘီယာပုလင်းောင်ထားတာတွေ့ရင် မေးငေါ့ခံရသလို၊ လက်ဖက်ရည်ဆိုင်မှာ ယူဘီစီးကရက်ခဲပြီး၊ စတိုးဆိုင်မှာ မိုင်တဲငွေဖြည့်ကတ်ဝယ်ရင်လည်း မျက်စောင်းထိုးခံရဥိးမှာပါ။ Social Punishment အဖြစ် ပြည်သူလူထုက တပ်ပိုင်ထုတ်ကုန်တွေကို အားမပေးကြဖို့ လှုံ့ဆော်ရာက မြန်မာဘီယာထုတ်ကုန် တစ်ခု ပြိုလဲခဲ့ခြင်းပါ။

တပ်ပိုင်လုပ်ငန်းမာျးအကြောင်းကို သွားရင် ၁၉၆၂ ခုလောက်ဆီ ခြေဦးပြန်လှည့်ရမှာပါ။ ၁၉၆၂ ခုနှစ်မှမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီက နိုင်ငံတော် ကို ဆိုရှယ်လစ်စနစ်ဆီသွားဖို့ ပြင်ဆင်ခဲပါတယ်။ ဆိုရှယ်လစ်စနစ်နဲ့ကိုက်ညီမဲ့ အခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြီး ၁၉၇၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။

နိုင်ငံတော်ဟာ ဆိုရှယ်လစ်စနစ်နဲ့ တည်ဆောက်မှာဖြစ်တဲ့အတွက် နိုင်ငံခြားသားပိုင်နဲ့ နိုင်ငံသားပိုင်စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေကို ပြည်သူပိုင်အဖြစ် သိမ်းယူခဲ့ပါတယ်။ သိမ်းယူလိုက်တဲ့ လုပ်ငန်းအသီးသီးကို အစိုးရပိုင်အဖြစ် ကော်ပိုရေးရှင်းကြီးတွေ ဖွဲ့စည်းလည်ပတ်စေရာမှာ စစ်တပ်ကလည်း အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာခဲ့ပါတယ်။ ရှားမီးချိုချဉ်စက်ရုံ၊ ကျိုက္ကဆံဘီစကတ်စက်ရုံ၊ ပျားကေဒါ အရောင်းဆိုင်လိုမျိုးတွေ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ဆိုရှယ်လစ်စနစ်ကို ဖျက်သိမ်းကာ ဈေးကွက်စီးပွား ရေးစနစ်ကို ဆောင်ရွက်ပြန်ပါတယ်။ ကုမ္ပဏီများဖွဲ့စည်းမှတ်ပုံတင်ခွင့်ပြုခဲ့ပြီးနိုင်ငံခြားကုမ္ပဏီများနဲ့ ဖက်စပ်လုပ်ငန်းများလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်တပ်နဲ့ ဖက်စပ်လုပ်ကိုင်တဲ့လုပ်ငန်းများက မြန်မာဒေဝူး အထည်ချုပ်လုပ်ငန်းနဲ့ ပေါ်စကို သံမဏိလုပ်ငန်းတို့က အစောဆုံးဖြစ်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ စစ်တပ်ဟာ ကုန်ထုတ်လုပ်ငန်းများသာမက ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းများမှာပါ ဝင်ရောက်လုပ်ကိုင်လာခဲ့ပါတယ်။ စစ်တပ်ပိုင်လုပ်ငန်းများနဲ့ ယှဉ်ပြိုင်လုပ်ရတဲ့ တိုင်းရင်းသားပိုင်လုပ်ငန်းတွေခမြာလည်း စစ်တပ်လုပ်ငန်းများလောက် ဈေးကွက် များများမရရှာကြပါဘူး။ စစ်တပ်နဲ့နှီးနွယ်တဲ့ ခရိုနီလုပ်ငန်းရှင်များသာ ချမ်းသာသွားကြပါတယ်။

နှစ်ငါးဆယ်လောက် စစ်အာဏာသိမ်းထားတဲ့တိုင်းပြည်မှာ  စစ်အာဏာရှင်တွေ ဘာလုပ်သွားသလဲ ဆိုရင် ပြည်သူတွေပိုင်တဲ့ပပ္စည်းတွေကို ပြည်သူပိုင်ဆိုပြီး သိမ်းကာပြီးရင် သူတို့အလိုတော်ရိတွေ ခွဲဝေယူသွားကြတာဘဲ ဆိုရမှာပါ။

ယနေ့မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဘဏ်က ပိုက်ဆံထုတ်ရင် ရာနှုန်းပေးရတာ။ Earning USD ကို သက်တမ်းသတ်မှတ်ပြီး အတင်းရောင်းခိုင်းတာ၊ သိန်း ၂၀၀ ဥပဒေသတ်မှတ်ပြီး မြေရောင်းရင် ဘဏ်ထဲ ငွေထည့်ခိုင်းပြီး ထားခိုင်းတာမျိုးတွေကလည်း တစ်ဖက်လှည့်နဲ့ သိမ်းတဲ့သဘောတွေပါပဲ။ စစ်ကောင်စီရဲ့ ဥပဒေတွေရဲ့ သဘောသဘာဝက သာမန်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ကြုံ့သွားအောင်လုပ်ပြီး သူတို့နှင့် ရင်းနှီးသော သူဌေးကြီးတွေရဲ့ ပိုင်ဆိုင်မှုကိုတ ိုးပွားလာအောင် လုပ်တဲ့အကွက်မျိုးပါ။

သိပ်မကြာခင်မှာ ဆိုရှယ်လစ်ခေတ်ကလို အာမီရမ်ပွဲစား၊ စက်မှု ၁က ဘိလပ်မြေပွဲစား၊ အစိုးရအိမ်ရာ အခန်းငှားပွဲစွား၊ လေယာဉ်လက်မှတ်မှောင်ခိုပွဲစား၊ ရထားလက်မှတ်မှောင်ခိုပွဲစားဆီသို့ စစ်အာဏာရှင်ရဲ့ သတ်မှတ်ဈေးအတိုင်း ဝယ်ယူသုံးစွဲခွင့်ရတဲ့ လူတစ်စုအား ရောင်းစားတဲ့ ပစ္စည်းများကို မှောင်ခိုခြင်း၊ မှောင်ခိုဈေးဖြင့် ပြန်ရောင်းခြင်းစတဲ့ ဈေးကွက်မျိုး မြန်မာပြည်မှာ ပြန်ပေါ်ပေါက်လာ နိုင်ပါတယ်။

ဒီလိုပေါ်ပေါက်လာမှုတွေကို ဟန့်တားနိုင်ဖို့ ပြည်သူလူထုအနေနဲ့ Social Punishment တွေကို ပိုမိုပြုလုပ်နိုင်မယ်ဆိုရင် သာမန်ပြည်သူတွေရဲ့ လူနေမှုဘဝတွေ သက်တောင့်သက်သာဖြစ် လာနိုင်ပါတယ်။ ယခု မြန်မာဘီယာပြိုလဲခြင်းအကြောင်းအရင်းက အစဘဲရှိပါသေးတယ်။

ထပ်မံပြီး Social Punishment ပေးဖို့ သတင်းတွေထွက်လာတာ မြန်မာပလာဇာကိစ္စဘဲ ဖြစ်ပါ တယ်။ အားလုံးသိတဲ့အတိုင်း မြန်မာပလာဇာအတွင်း ဆန္ဒပြတဲ့ လူငယ်တွေကို စစ်ကောင်စီမဟုတ်တဲ့ ပလာဇာလုံခြုံရေးဝန်ထမ်းတွေက ဖမ်းဆီးတဲ့ကိစ္စပါ။  ဒီဖြစ်စဉ်ကြောင့် မြန်မာပလာဇာကို Social Punishment လုပ်ဖို လူမှုကွန်ရက်မှာ လှုံ့ဆော်တာတွေ ပြုလုပ်လာကြပါတယ်။

စစ်တပ်ပိုင်ပစ္စည်း၊ စစ်တပ်ထုတ်မှမဟုတ်ဘဲ အာဏာရှင်စနစ်ကို အားပေးထောက်ခံတဲ့ ဘယ်အပြုအမူမျိုးကိုမှ ပြည်သူ လူထုက ထောက်ခံမှာ မဟုတ်ပါဘူး။ အာဏာရှင်စနစ်ကို ထောက်ခံအားပေး သူများမရှိမှသာ ဒီမိုကရေစီစနစ်ကို ပြန်လည်တည်ဆောက်လို့ရမှာမဟုတ်လား။      ။

မောဂ္ဂလိ