• Today is: Wednesday, July 15, 2020

ျမန္မာ့ပါတီႏို္င္ငံေရးသမိုင္းႏွင့္ တိုင္းရင္းသားပါတီမ်ား၏ အခန္းက႑ ( The Roles of Ethnic Political Parties in the History of Myanmar’s Party Politics)

Federal Journal
April15/ 2020

Zawgyi

ဆလိုင္း က်ဲအိုဘိခ္ေထာင္

လြတ္လပ္ေရးမတိုင္ခင္ တိုင္းရင္းသားပါတီမ်ား

ျမန္မာ့ေရြးေကာက္ပြဲႏိုင္ငံေရးသမိုင္းကို ေလ့လာသည့္အခါ အဂၤလိပ္ကိုလိုနီေခတ္ ေရြးေကာက္ပြဲမ်ားႏွင့္ လြတ္လပ္ေရးေနာက္ပိုင္း ေရြးေကာက္ပြဲမ်ားဟူ၍ (၂)ပိုင္းခြဲရပါမည္။ ကိုလိုနီေခတ္တြင္ ဗမာျပည္မေခၚ Burma proper or Ministerial Burma ဗမာ၊ ကရင္၊ မြန္ႏွင့္ ရခိုင္ ေဒသတြင္ ေရြးေကာက္ပြဲကို (၆) ႀကိမ္တိုင္တိုင္ ေလ့က်င့္ က်င္းပျပဳလုပ္ေပးခဲ့ပါသည္ (၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ ႏွင့္ ၂၉၄၇ခုႏွစ္)။ သို႔ေသာ္ ေတာင္တန္းေဒသ(Frontier Areas) ျဖစ္ေသာ ရွမ္း၊ ခ်င္း၊ ကခ်င္ႏွင့္ သီးျခားေဒသျဖစ္ေသာ ကယားျပည္နယ္မ်ားတြင္မူ ေရြးေကာက္ပြဲကို လြတ္လပ္ေရးေနာက္ပိုင္းမွာသာ က်င့္သံုးခံစားဖူးပါသည္။ ထို႔ေၾကာင့္ ျပည္မသားမ်ားက ေရြးေကာက္ပြဲကို (၁၂)ႀကိမ္ခန္႔ ျဖတ္သန္းခဲ့ၿပီးျဖစ္ရာတြင္ ေတာင္တန္းသား မ်ားသည္ (၆)ႀကိမ္သာ ၾကံဳေတြ႔ဖူးေသးပါသည္ (၁၉၅၁၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ခုႏွစ္)။ ဆိုရွယ္လစ္ ျပည္သူ႔ေကာင္စီေခတ္က တစ္ပါတီေရြေကာက္ပြဲ (၄)ႀကိမ္ကိုေတာ့ မထည့္တြက္ပါ။

ထုိ႔ေၾကာင့္ တိုင္းရင္းသားပါတီထဲမွာလည္း Ministerial Burma ထဲတြင္ ပါ၀င္ခဲ့ေသာ ကရင္၊ ရခိုင္ႏွင့္ မြန္တိုင္းရင္းသားလူမ်ိဳးမ်ားဆိုလွ်င္ လြတ္လပ္ေရးမတိုင္ခင္ ၁၉၄၆ ၀န္းက်င္ကတည္း သက္ဆိုင္ရာလူမ်ိဳး အလိုက္ ႏိုင္ငံေရးပါတီ(သို႔မဟုတ္)အဖြဲ႔အစည္းမ်ား အသီးသီး ဖြဲ႔စည္းတည္ေထာင္ခဲ့ၾကၿပီး ေရြးေကာက္ပြဲႏိုင္ငံေရးမွာ နိုးႏိုးၾကားၾကားရိွၾကသည့္ကိုေတြ႔ရသည္။ ကရင္ဗဟိုအဖြဲ႔ခ်ဳပ္(ေကစီအို)၊ ကရင္လူငယ္မ်ားအစည္းအရံုး(ေက၀ိုင္အို)၊ ရခိုင္အမ်ိဳးသားကြန္ကရက္ႏွင့္ မြန္အမ်ိဳးသားအစည္းအရံုး စသည္ျဖင့္။ ၁၉၄၇ခုႏွစ္ ဧၿပီလ (၉)ရက္တြင္ က်င္းပခဲ့ေသာ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္ ေရြးေကာက္ပြဲကို ေကအင္ယူ(ေကစီအိုအပါ၀င္)က သပိတ္ေမွာတ္ခဲ့ရာတြင္ ကရင္လူငယ္အဖြဲ႔(ေက၀ိုင္အို) က လက္မခံဘဲ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသးသည္။

ထိုအခ်ိန္တြင္ ေတာင္တန္းေဒသမွာ ေရြးေကာက္ပြဲမရိွေသးေပ။ သို႔ေသာ္လည္း ခ်င္း၊ ကခ်င္၊ ရွမ္းတို႔သည္ ၁၉၄၇ခုႏွစ္၊ ေဖေဖာ္၀ါရီ(ရ)ရက္တြင္ ေတာင္တန္းသားမ်ားစည္းလံုးညီညြတ္ေရးအဖြဲ႔ကို ပင္လံုမွာ ဖြဲ႔စည္းလ်က္ လက္တြဲလႈပ္ရွားလာခဲ့ၾကသည္။ သို႔ေသာ္ ယင္းသည္ ပင္လံုညီလာခံႏွင့္ လြတ္လပ္ေရးအႀကိဳ ညိွႏိႈင္းေဆာင္ရြက္မႈေလာက္သာျဖစ္ေသာေၾကာင့္ ေနာက္ပိုင္းမွာ ေပၚေပါက္လာေသာ ေရြးေကာက္ပြဲႏိုင္ငံေရးအထိ ပူးေပါင္းေဆာင္ရြက္ျခင္းမရိွပဲ တိမ္ေကာသြားခဲ့ပါသည္။

လြတ္လပ္ေရးေနာက္ပိုင္း ပါလီမန္ေခတ္ တိုင္းရင္းသားပါတီမ်ား
ဦးႏု၏ ေျပာင္းျပန္ဒီမိုကေရစီေခတ္လို႔ေတာင္ တင္စားျခင္းခံရေသာ ၁၉၄၈ မွ ၁၉၆၂ခုႏွစ္ၾကား (၁၄)အတြင္းတြင္ ဒီမိုကေရစီေထြေထြေရြးေကာက္ပြဲကို (၃)ႀကိမ္က်င္းပခဲ့ရာ ျပည္မပါတီႀကီး(ဖဆပလ)က တစ္ပါတီစနစ္သဖြယ္ အႏိုင္ေလ့ရိွပါသည္။ ၁၉၅၁-၅၂ခုႏွစ္ ေရြးေကာက္ပြဲတြင္ (၈၅)ရာခိုင္ႏႈန္း၊ ၁၉၅၆ခုႏွစ္ ေရြးေကာက္ပြဲတြင္ (၅၈)ရာခိုင္ႏႈန္းႏွင့္ ၁၉၆၀ခုႏွစ္ ေရြးေကာက္ပြဲတြင္ (၆၃)ရာခိုင္ႏႈန္းစသည္ျဖင့္ အႏိုင္ရကာ ပါလီမန္လႊတ္ေတာ္ကို လႊမ္းမိုးထားခဲ့ပါသည္။
သို႔ေသာ္ ဖဆပလပါတီ၏ ထီးရိပ္ေအာက္တြင္ တိုင္းရင္းသားပါတီ ေတာ္ေတာ္မ်ားမ်ားလည္း ေပါင္းစည္း(affiliate or proxy) ထားသည္ကို သတိခ်က္ရပါမည္။ အထူးသျဖင့္ ပင္လံုလက္မွတ္ ေရးထိုးထားသည့္ ျပည္နယ္/လူမ်ိဳး(၃)ခုျဖစ္ေသာ ခ်င္း၊ ကခ်င္၊ ရွမ္းျပည္ကပါတီမ်ားျဖစ္သည့္ ကခ်င္အမ်ိဳးသားကြန္ဂရက္ (KNC)၊ ခ်င္းကြန္ဂရက္ပါတီ(CCP)၊ ညီညြတ္ေသာ္ ေတာင္တန္းသားမ်ား ကြန္ကရက္(UHPC)ႏွင့္ ေကအင္ယူ(KNU)မွခြဲထြက္ေသာ ကရင္လူငယ္အဖြဲ႔(KYO)က ေခါင္းေဆာင္မ်ားက တည္ေထာင္သည့္ ကရင္အမ်ိဳးသားမ်ားအဖြဲ႔ခ်ဳပ္(Union Karen League-UKL) စသည္တို႔သည္ ဖဆပလပါတီ၏ လက္ေအာက္ခံ တိုင္းရင္းသားပါတီမ်ားျဖစ္ၾကသည္။
ထို႔ေၾကာင့္ ဤကာလအတြင္းတြင္ တိုင္းရင္းသားပါတီစစ္စစ္အျဖစ္ မားမားမတ္မတ္ႏွင့္ ခိုင္ခိုင္မာမာရပ္တည္သည့္ ပါတီသည္ မရိွသေလာက္ရွားပါးခဲ့ပါသည္။ ၁၉၅၁ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားရယ္ဆိုလို႔ ရခိုင္ဘက္က တစ္သီးပုဂၢိလရခိုင္ပါလီမန္ဆိုင္ရာအဖြဲ႔(IAPG) သာရိွၿပီး အမတ္ေနရာ (၆)ေနရာ ရခဲ့ပါသည္။ ေနာက္ပိုင္းတြင္ ရခိုင္အမ်ိဳးသား ညီညြတ္ေရးအဖြဲ႔(ANUO)ဟူ၍ ႏိုင္ငံေရးပါတီအသြင္ျဖင့္ ပီပီျပင္ျပင္ရပ္တည္လာၿပီး ၁၉၅၆ ေရြးေကာက္ပြဲတြင္လည္း (၅)ေနရာထပ္မံ အႏိုင္ရရိွခဲ့ပါသည္။
ဒုတိယႏွင့္ တတိယအႀကိမ္ အေထြေထြေရြးေကာက္ပြဲမ်ားတြင္ အျခားတိုင္းရင္းသားပါတီမ်ား ျဖစ္ၾကေသာ ရွမ္းျပည္လံုးဆိုင္ရာအဖြဲ႔ခ်ဳပ္(ASSO)၊ ခ်င္းအမ်ိဳးသားအဖြဲ႔အစည္း(CNO)၊ မြန္အမ်ိဳးသားတပ္ဦး (MNF)၊ ကယားအမ်ိဳးသားညီညြတ္ေရးအဖြဲ႔ခ်ဳပ္(KNUL)၊ ညီညြတ္ေသာ ပအိုစ့္အမ်ိဳးသားအဖြဲ႔(UNPO) စသည္သည္ျဖင့္ တိုင္းရင္းသားပါတီသစ္မ်ား အသီးသီး ေပၚေပါက္လာၾကပါသည္။

အဘယ္ေၾကာင့္ တိုင္းရင္းသားပါတီမ်ား အင္အားခ်ိနဲ႔ခဲ့သလဲ
ဆယ္စုႏွစ္တစ္ခုေက်ာ္ ျမန္မာ့ပါလီမန္ဒီမိုကေရစီေခတ္တြင္ တိုင္းရင္းသားပါတီမ်ားသည္ အသက္မရွႈင္ဘူးဟု ေျပာရေလာက္ေအာင္ ေခါင္းမေထာင္ႏိုင္ျဖစ္ခဲ့ရပါသည္။ ယင္းသို႔ျဖစ္ရျခင္းတြင္ အဓိက အေၾကာင္းရင္း (၄)ခ်က္ကို ေဖာ္ျပရလွ်င္ –

(၁) ပါတီႏိုင္ငံေရးမွာ ႏုငယ္ေသးျခင္း။ အထက္တြင္ ေဖာ္ျပခဲ့သည့္အတိုင္း အဂၤလိပ္လက္ထက္ ကတည္းက ဗမာျပည္မတြင္ ၁၉၂၂ မွ ၁၉၄၇ခုႏွစ္ၾကားမွာ အေထြေထြေရြးေကာက္ပြဲကို (၆)ၾကိမ္ခန္႔ စမ္းသပ္က်င့္သံုးခဲ့ရာမွာ ေတာင္တန္းေဒသ(ခ်င္း၊ ကခ်င္၊ ရွမ္း၊ ကယား)တို႔တြင္ လြတ္လပ္ေရးရသည္အထိ တစ္ႀကိမ္တစ္ခါမွ ေလ့က်င့္ ျမင္ေတြ႔ခဲ့ျခင္းမရိွခဲ့ေပ။ ထို႔ေၾကာင့္ အတိုခ်ံဳးေျပာရလွ်င္ ျပည္မႏွင့္ ေတာင္တန္းေဒသမ်ားသည္ ေရြးေကာက္ပြဲႏိုင္ငံေရးတြင္ အေတြ႔အႀကံဳ အလြန္ကြာဟ လ်က္ရိွပါသည္။

(၂) တိုင္းရင္းသားမ်ား ေရြးေကာက္ပြဲႏိုင္ငံေရးအေပၚ ယံုၾကည္မႈနည္းခဲျခင္း။ အားလံုးသိရိွသည့္အတိုင္း ကရင္၊ ကယားႏွင့္ မြန္အမ်ိဳးသား ႏိုင္ငံေရးေခါင္းေဆာင္ ေတာ္ေတာ္မ်ားမ်ားသည္ လြတ္လပ္ေရးကာလ ကတည္းကျပင္လွ်င္ ေရြးေကာက္ပြဲမ်ားကို အယံုအၾကည္သိပ္မရိွဘဲ သပိတ္္မႈတ္ၾကသည္။ တစ္နည္းအားျဖင့္ သူတို႔အခြင့္အေရး ရရိွေရးအတြက္ ေရြးေကာက္ပြဲလမ္းေၾကာင္းထက္ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ကို ပိုၿပီးအာရုဏ္စိုက္ ေရြးခ်ယ္ခဲ့ၾကသည္။ ထို႔ေၾကာင့္ ေကအင္ယူ-၁၉၄၉ခုႏွစ္၊ ကရင္နီတပ္မေတာ္-၁၉၅၇၊ မြန္ျပည္သစ္-၁၉၅၈ခုႏွစ္ စသည္ျဖင္ ့အသီးသီး လက္နက္တိုင္ေတာင္လွန္ေရးလုပ္လာခဲ့ၾကသည္။ ေနာက္ပိုင္းတြင္ ပင္လံုကို သစၥာခံ၍ ဖ.ဆ.ပ.လ. ေရြးေကာက္ပြဲလမ္းစဥ္ကို အစပိုင္းတြင္ ယံုၾကည္ခဲ့ေသာ ကခ်င္ႏွင့္ ရွမ္းသည္ျပင္လွ်င္ တစ္ျပည္ေထာင္စနစ္ (unitary system)ေအာက္က လူမ်ားစုအာဏာရွင္ဆန္သည့္ ပါတီစံုဒီမိုကေရစီ(ေရြးေကာက္ပြဲ)ႏိုင္ငံေရးကို စိတ္ကုန္လာၾကၿပီး လက္နက္ကိုင္လမ္းစဥ္ကို ေရြးခ်ယ္လာၾကသည္။

(၃) ဗမာပါတီအတြင္း အင္အားခ်ိန္ခြန္လ်ာမးရိွျခင္း။ အကယ္၍ လြတ္လပ္ေရးႏွင့္အတူ ဗမာျပည္ကြန္ၿမိဳနစ္ပါတီကသာ ေတာမခိုခဲ့ဘဲ ေရြးေကာက္ပြဲလမ္းေၾကာင္းထဲတြင္ အစကတည္းက ၀င္လာခဲ့လွ်င္ ဖ.ဆ.ပ.လ ပါတီက တစ္ပါတီအာဏာရွင္စနစ္ဆန္ဆန္ ေျခလွယ္ႏိႈင္ခဲ့မွာမဟုတ္ဘဲ အျပန္အလွန္ထိ္န္းေက်ာင္းမႈ အတန္အသင့္ ရိွခဲ့မွာျဖစ္သည္။ ယင္းသည္ တိုင္းျပည္အတြက္ အင္မတန္ေကာင္းမြန္ေစမွာျဖစ္သည့္အျပင္ တိုင္းရင္းသားလူနည္းစုမ်ားအတြက္လည္း mainstream ႏိုင္ငံေရးမွာ သူ႔အခန္းက႑ ပိုမိုျမွင္တင္ႏိုင္ခဲ့မွာ ျဖစ္သည္။ ၁၉၅၈ခုႏွစ္ ဖ.ဆ.ပ.လ ႏွစ္ျခမ္းကြဲမႈေၾကာင့္ ရခိုင္တိုင္းရင္းသားပါတီ အခန္းက႑ အေရးပါခဲ့သည့္ သာဓကရိွခဲ့ပါသည္။

(၄) ၁၉၄၇ဖြဲ႔စည္းပံုႏွင့္ ႏို္င္ငံေရးစနစ္ ကန္႔သတ္ခ်က္။ ထိုစဥ္တုန္းက ကခ်င္၊ ရွမ္း၊ ကရင္ႏွင့္ ကယားတို႔သာ ျပည္နယ္ရရိွခဲ့ၿပီး မြန္ႏွင့္ ရခိုင္က သီးျခားျပည္နယ္(constituent unit) မရရိွုခဲ့ေပ (ခ်င္းသည္ ၀ိေသသတိုင္းအဆင့္ရခဲ့သည္)။ အဆိုးဆံုးမွာ ဖက္ဒရယ္အတုအေယာင္ ဗဟိုခ်ဳပ္ကိုင္မႈစနစ္ ျဖစ္ခဲ့ျခင္းျဖစ္သည္။ လက္ရိွ ေျခ-ဥကဲ့သို႔ သက္ဆိုင္ရာ ျပည္နယ္မ်ားႏွင့္ ၀ိေသသတိုင္းမ်ားက ကိုယ့္ဘာသာ ျပည္နယ္အစိုးရ ဖြဲ႔စည္းခြင့္ကိုပိတ္ျပင္ခဲ့ေပ။ ထို႔ေၾကာင့္၁၉၅၁ခုႏွစ္ ေရြးေကာက္ပြဲရလဒ္အရ ျပည္နယ္၀န္ႀကီးခ်ဳပ္အျဖစ္ ခ်င္း၀ိေသသတိုင္းက ေရြးခ်ယ္ခဲ့သည့္ ဦးဇဟရဲလ်န္ႏွင့္ ရွမ္းျပည္နယ္က ေရြးခ်ယ္ခဲ့သည့္ ဦးထြန္းျမင့္ကို ဦးနုက ဗဟိုအစိုးရအာဏာျဖင့္ ပ်ယ္ခ်ၿပီး သူ႔စိတ္ႀကိဳက္ျဖင့္ ခန္႔အပ္ခဲ့သည့္ သာဓကလည္းရိွခဲ့သည္။ ယင္းသည္ တိုင္းရင္းသားပါတီမ်ား ေလျဖတ္ေစသည့္ အခ်က္တစ္ခ်က္ျဖစ္သည္။

လက္ရိွႏိုင္ငံေရးအခင္းအက်င္းႏွင့္ တိုင္းရင္းသားပါတီမ်ား

မ်က္ေမွတ္ေခတ္ ေရြးေကာက္ပြဲႏို္င္ငံေရးျဖစ္သည့္ ၁၉၉၀၊ ၂၀၁၀ ႏွင့္ ၂၀၁၅ခုႏွစ္ အေထြေထြေရြးေကာက္ပြဲမ်ားကို ျပန္ၾကည့္ရေအာင္။ တိုင္းရင္းသားပါတီဘယ္ေလာက္ထိ တိုးတက္မႈရိွသလဲ။ ျခံဳငံုသံုးသပ္လွ်င္ ၁၉၅၀ ၀န္းက်င္တုန္းကထက္ တိုင္းရင္းသားပါတီမ်ား ပိုမိုခိုင္မာလာသည္ကိုေတြ႔ရေသာ္လည္း အားေကာင္းေမာင္းသန္မရိွဘူးဟု ေကာက္ခ်က္ခ်ႏိုင္သည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း တည္ေထာင္ခဲ့သည့္ ဖ.ဆ.ပ.လပါတီက ၁၉၅၀ ၀န္းက်င္ ေရြးေကာက္ပြဲမ်ားကို လႊမ္းမိုးခဲ့လို သူ႔သမီးဦးေဆာင္သည့္ NLD ပါတီက ဒီဘက္ေခတ္ ပါတီႏိုင္ငံေရးကိုလည္း လႊမ္းမိုးေနဆဲ ျဖစ္ပါသည္။ ရာခိုင္ႏႈန္းအားျဖင့္ ႏိႈင္းယွဥ္လိုက္လွ်င္ တိုင္းရင္းသားပါတီမ်ား၏ ေရြးေကာက္ပြဲအႏိုင္ရရိွမႈမွာ တစ္ျဖည္းျဖည္း ေလ်ာ့က်လာသည္ဟုျပင္ ဆိုႏိုင္သည္။ (၁၉၉၀ခုႏွစ္တြင္ ၁၃ ရာခိုင္ႏႈန္း၊ ၂၀၁၀ခုႏွစ္တြင္ ၁၁ ရာခိုင္ႏႈန္း၊ ၂၀၁၅ခုႏွစ္တြင္ ၈ ရာခိုင္ႏႈန္း)။

အထက္တြင္ ေဖာ္ျပခဲ့သည့္အတိုင္း တိုင္းရင္းသားပါတီမ်ား အင္အားခ်ိနဲ႔ေနရျခင္း၏ အဓိက အေၾကာင္းရင္းသည္ အေျခခံဥပေဒႏွင့္ တည္ဆဲဥပေဒမ်ား၏ ကန္႔သတ္ခ်ီေႏွာင္ျခင္းေၾကာင့္ျဖစ္ပါသည္။ အေျခခံဥပေဒအရ ျပည္နယ္မ်ား ကိုယ္တိုင္အစိုးရဖြဲ႔ခြင့္မေပးျခင္း၊ ဗဟိုႏွင့္ျပည္နယ္လႊတ္ေတာ္ ေရြးေကာက္ပြဲမ်ား ခြဲၿပီးမက်င္းပေပးျခင္း၊ သမၼတစနစ္အသာေပးက်င့္သံုးျခင္း၊ တစ္နည္းအားျဖင့္ ဖက္ဒရယ္စနစ္အေျခမခံျခင္းေၾကာင့္ျဖစ္ပါသည္။ တိုင္းရင္းသားျပည္နယ္တစ္ခ်ိဳ႕တြင္ ႏိုင္ငံေရးႏိုးၾကားမႈႏွင့္ အသိပညာေပးမႈ အားနည္းျခင္း၊ လူဦးေရအရ တိုင္းရင္းသားေဒသတြင္ ေရာေႏွာေနထိုင္မႈ တစ္ျဖည္းျဖည္းျမင့္တက္လာျခင္း စသည္မ်ားလည္း အခက္အခဲရိွပါသည္။

ထို႔ျပင္ ၂၀၁၀ခုႏွစ္ ေရြးေကာက္ပြဲတြင္ ၁၉၉၀ ေရြးေကာက္ပြဲအႏိုင္ရခဲ့ေသာ တိုင္းရင္းသားပါတီ မဟာမိတ္ UNA အဖြဲ႔ ၀င္မၿပိဳင္ခဲ့ျခင္းကလည္း အခ်က္တစ္ခ်က္ျဖစ္သည္။ ၂၀၁၅ခုႏွစ္တြင္ UNA ျပန္၀င္လာသည့္အခါ ၂၀၁၀ခုႏွစ္တြင္ အသစ္(သို႔မဟုတ္ အစားထူး) ေပၚေပါက္လာသည့္ တိုင္းရင္းသားပါတီမ်ား(NBF အဖြဲ႔)ႏွင့္ ေနရာထပ္သြားသည့္အတြက္ တစ္ခ်ိဳ႕ျပည္နယ္ေသဒမ်ားတြင္ မဲဆႏၵရွင္ျပည္သူမ်ားက ရႈပ္ေထြးလာခဲ့သည္။ တိုင္းရင္းသားပါတီမ်ား ေဖာင္းပြသည္ဟု ေထာက္ျပေ၀ဖန္မႈ ရိွလာခဲ့သည္။

ႏိုးထလာသည့္ တိုင္းရင္းသားပါတီမ်ား၏ အနာဂတ္

ေျခာက္ႀကိမ္တိုင္တိုင္က်င္းပၿပီးျဖစ္သည့္ အေထြေထြေရြးေကာက္ပြဲ တစ္ေလ်ာက္လံုးတြင္ မရႈ႕မလွရံႈးနိမ့္ခဲ့မႈကို တိုင္းရင္းသားျပည္သူမ်ားက လံုးေလာက္ေသာ သင္ခန္႔စာ ရယူထားၿပီးျဖစ္ပါသည္။ ထို႔ေၾကာင့္ တိုင္းရင္းသားပါတီမ်ားလည္း သက္ဆိုင္ရာ ျပည္နယ္အလိုက္ႏွင့္ လူမ်ိဳးအလိုက္ျဖင့္ အသီးသီး ေပါင္းစည္းညီညြတ္လာၾကၿပီ။ ပထမဦးဆံုး ရခိုင္ (၂)ပါတီေပါင္းစည္းခဲ့လို႔ ၂၀၁၅ခုႏွစ္မွာ ရခိုင္ျပည္သူမ်ားက တစ္ခဲနက္ မဲေပးခဲ့ၾကသည္။ ထုိ႔ေနာက္ ကခ်င္ (၃)ပါတီ၊ ခ်င္း (၃)ပါတီ၊ ကရင္(၃)ပါတီ၊ ကယား (၂)ပါတီႏွင့္ မြန္ (၂)ပါတီလည္း ျပည္နယ္အလိုက္ တစ္ပါတီတည္းအျဖစ္ အသီးသီးေပါင္းစည္းလာၾကၿပီ။ အလားတူ မ်ိဳးႏြယ္စု ပါတီတစ္ခ်ိဳ႕လည္း အသီးသီးေပါင္းစည္းၾကပါၿပီ။ ထို႔ေၾကာင့္ တိုင္းရင္းသားပါတီ(၆၀)ေက်ာ္ရိွခဲ့ရာမွ ယခုဆို (၅၃)ပါတီခန္႔သာရိွလာၿပီ။

မေပါင္းစည္းႏိုင္ေသးေသာ တိုင္းရင္းသားပါတီမ်ားလည္း မဲဆႏၵနယ္မ်ား ညိွႏိႈင္းၿပီး ပူးေပါင္းရန္ ျပင္ဆင္ၾကၿပီ။ တိုင္းရင္းသားပါတီမဟာမိတ္ႏွစ္ခုျဖစ္ေသာ UNA( ၁၃ပါတီေက်ာ္) ႏွင့္ NBF (၂၀ပါတီေက်ာ္) လည္း ျပည္နယ္အလိုက္ေပါင္းစည္းထားေသာ တိုင္းရင္းသား(၅)ပါတီႏွင့္အတူ အနာဂတ္ေရြးေကာက္ပြဲ ႏွင့္ ေရြးေကာက္ပြဲအလြန္ ျမန္မာ့ႏိုင္ေရးအခင္းအက်င္းတြင္ တိုင္းရင္းသားပါတီမ်ား၏ အခန္းက႑ ပိုမိုျမင့္မားလာေရးအတြက္ မၾကာခဏေတြ႔ဆံုၿပီး မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္ရြက္ႏိုင္မည့္ နည္းလမ္းမ်ား ရွာဖြယ္ေနဆဲျဖစ္ပါသည္။

တိုင္းရင္းသား မဲဆႏၵျပည္သူမ်ားလည္း အမ်ိဳးသားေရးအတြက္ အျမင့္ဆံုးေရခ်ိန္ျမွင့္ဖို႔အတြက္ ႏိုးထလာၾကသည္ဟု ယူဆပါသည္။ ျပည္မမွာ ဗမာျပည္သူမ်ားက သူတို႔လိုလားသည့္ ဒီမိုကေရစီအတြက္ အေကာင္းဆံုးစြမ္းေဆာင္ႏိုင္မည့္ ပါတီကို ဆက္ၿပီး မဲေပးၾကမွာျဖစ္သလို၊ အလားတူ တိုင္းရင္းသားမ်ားကလည္း ဖက္ဒရယ္ကိုယ္ပိုင္ျပဌာန္းခြင့္အတြက္ မိမိတိုင္းရင္းသားပါတီမ်ားကို မဲေပးရေတာ့မည္ဟု တြက္ဆထားပါသည္။ ထိုမွတဆင့္ ေရြးေကာက္ပြဲအလြန္အခင္းအက်င္းတြင္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ အေျခခံ (၂)ခုကို ေပါင္းစပ္ၿပီး တိုင္းျပည္တည္ေဆာက္မွာျဖစ္ပါသည္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ အမတ္ထိုင္ခုံ(၆၆၄)ရိွသည့္အနက္ တိုင္းရင္းသားျပည္နယ္(၇)ခုတြင္ အမတ္ေနရာ(၂၀၇)ခုရိွသည္။ ၂၀၁၅ခုႏွစ္တြင္ တိုင္းရင္းသားပါတီမ်ားက (၅၀) ေနရာခန္႔သာ ရရိွခဲ့သည္။ ထို႔ေၾကာင့္ (၃၈၀)ေက်ာ္ ရရိွေသာ ျပည္မပါတီႀကီးက အစိုးရဖြဲ႔ႏိုင္ရန္လိုအပ္ေသာ ထက္၀က္ေက်ာင္(၃၃၃ေနရာ)ပို၍ အမတ္(၅၀)ေက်ာ္ အပိုရရိွေသာေၾကာင့္ လြတ္လြတ္ကၽြတ္ကၽြတ္ အစိုးရဖြဲႏိုင္ခဲ့ျခင္းျဖစ္သည္။ အထက္ပါပံုတြင္ ေဖာ္ျပထားသည့္အတိုင္း တိုင္းရင္းသားျပည္သူမ်ားက မိမိႏွင့္ သက္ဆိုင္ေသာ တိုင္းရင္းသားပါတီအသီးသီးကို ဤတစ္ႀကိမ္တြင္ အျပည့္အ၀မဟုတ္သည့္တိုင္ (၁၅၀)ေနရာ အႏိုင္ရေအာင္ မဲေပးပါက တစ္ပါတီတည္းျဖင့္ အစိုးရဖြဲ႔လို႔မရဘဲ တိုင္းရင္းသားပါတီပါမွ ညြန္႔ေပါင္းအစိုးရ (coalition government) ဖြဲ႔လို႔မည့္ အခင္းအက်င္းကို ဖန္တီးႏိုင္မည္ျဖစ္သည္။ တစ္နည္းအားျဖင့္ တို္င္းရင္းသားပါတီမ်ားသည္ ဘုရင္တင္ေျမွာက္သူ (kingmaker) ျဖစ္လာမွာျဖစ္ၿပီး ထိုမွအဆင့္ တိုင္းရင္းသားအခြင့္အေရးမ်ားကို က်ည္ဆံတစ္ေတာင့္မေဖါက္ပဲ အေပးအယူလုပ္ႏိုင္မွာ ျဖစ္ပါသည္။ ဤတစ္ႀကိမ္ တိုင္းရင္းသားမ်ား ညီညြတ္ဖို႔သာလိုပါသည္။

 

Unicode

ဆလိုင်း ကျဲအိုဘိခ်ထောင်

လွတ်လပ်ရေးမတိုင်ခင် တိုင်းရင်းသားပါတီများ

မြန်မာ့ရွေးကောက်ပွဲနိုင်ငံရေးသမိုင်းကို လေ့လာသည့်အခါ အင်္ဂလိပ်ကိုလိုနီခေတ် ရွေးကောက်ပွဲများနှင့် လွတ်လပ်ရေးနောက်ပိုင်း ရွေးကောက်ပွဲများဟူ၍ (၂)ပိုင်းခွဲရပါမည်။ ကိုလိုနီခေတ်တွင် ဗမာပြည်မခေါ် Burma proper or Ministerial Burma ဗမာ၊ ကရင်၊ မွန်နှင့် ရခိုင် ဒေသတွင် ရွေးကောက်ပွဲကို (၆) ကြိမ်တိုင်တိုင် လေ့ကျင့် ကျင်းပပြုလုပ်ပေးခဲ့ပါသည် (၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ နှင့် ၂၉၄၇ခုနှစ်)။ သို့သော် တောင်တန်းဒေသ(Frontier Areas) ဖြစ်သော ရှမ်း၊ ချင်း၊ ကချင်နှင့် သီးခြားဒေသဖြစ်သော ကယားပြည်နယ်များတွင်မူ ရွေးကောက်ပွဲကို လွတ်လပ်ရေးနောက်ပိုင်းမှာသာ ကျင့်သုံးခံစားဖူးပါသည်။ ထို့ကြောင့် ပြည်မသားများက ရွေးကောက်ပွဲကို (၁၂)ကြိမ်ခန့် ဖြတ်သန်းခဲ့ပြီးဖြစ်ရာတွင် တောင်တန်းသား များသည် (၆)ကြိမ်သာ ကြုံတွေ့ဖူးသေးပါသည် (၁၉၅၁၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ခုနှစ်)။ ဆိုရှယ်လစ် ပြည်သူ့ကောင်စီခေတ်က တစ်ပါတီရွေကောက်ပွဲ (၄)ကြိမ်ကိုတော့ မထည့်တွက်ပါ။

ထို့ကြောင့် တိုင်းရင်းသားပါတီထဲမှာလည်း Ministerial Burma ထဲတွင် ပါဝင်ခဲ့သော ကရင်၊ ရခိုင်နှင့် မွန်တိုင်းရင်းသားလူမျိုးများဆိုလျှင် လွတ်လပ်ရေးမတိုင်ခင် ၁၉၄၆ ဝန်းကျင်ကတည်း သက်ဆိုင်ရာလူမျိုး အလိုက် နိုင်ငံရေးပါတီ(သို့မဟုတ်)အဖွဲ့အစည်းများ အသီးသီး ဖွဲ့စည်းတည်ထောင်ခဲ့ကြပြီး ရွေးကောက်ပွဲနိုင်ငံရေးမှာ နိုးနိုးကြားကြားရှိကြသည့်ကိုတွေ့ရသည်။ ကရင်ဗဟိုအဖွဲ့ချုပ်(ကေစီအို)၊ ကရင်လူငယ်များအစည်းအရုံး(ကေဝိုင်အို)၊ ရခိုင်အမျိုးသားကွန်ကရက်နှင့် မွန်အမျိုးသားအစည်းအရုံး စသည်ဖြင့်။ ၁၉၄၇ခုနှစ် ဧပြီလ (၉)ရက်တွင် ကျင်းပခဲ့သော တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို ကေအင်ယူ(ကေစီအိုအပါဝင်)က သပိတ်မှောတ်ခဲ့ရာတွင် ကရင်လူငယ်အဖွဲ့(ကေဝိုင်အို) က လက်မခံဘဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သေးသည်။

ထိုအချိန်တွင် တောင်တန်းဒေသမှာ ရွေးကောက်ပွဲမရှိသေးပေ။ သို့သော်လည်း ချင်း၊ ကချင်၊ ရှမ်းတို့သည် ၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီ(ရ)ရက်တွင် တောင်တန်းသားများစည်းလုံးညီညွတ်ရေးအဖွဲ့ကို ပင်လုံမှာ ဖွဲ့စည်းလျက် လက်တွဲလှုပ်ရှားလာခဲ့ကြသည်။ သို့သော် ယင်းသည် ပင်လုံညီလာခံနှင့် လွတ်လပ်ရေးအကြို ညှိနှိုင်းဆောင်ရွက်မှုလောက်သာဖြစ်သောကြောင့် နောက်ပိုင်းမှာ ပေါ်ပေါက်လာသော ရွေးကောက်ပွဲနိုင်ငံရေးအထိ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပဲ တိမ်ကောသွားခဲ့ပါသည်။

လွတ်လပ်ရေးနောက်ပိုင်း ပါလီမန်ခေတ် တိုင်းရင်းသားပါတီများ
ဦးနု၏ ပြောင်းပြန်ဒီမိုကရေစီခေတ်လို့တောင် တင်စားခြင်းခံရသော ၁၉၄၈ မှ ၁၉၆၂ခုနှစ်ကြား (၁၄)အတွင်းတွင် ဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို (၃)ကြိမ်ကျင်းပခဲ့ရာ ပြည်မပါတီကြီး(ဖဆပလ)က တစ်ပါတီစနစ်သဖွယ် အနိုင်လေ့ရှိပါသည်။ ၁၉၅၁-၅၂ခုနှစ် ရွေးကောက်ပွဲတွင် (၈၅)ရာခိုင်နှုန်း၊ ၁၉၅၆ခုနှစ် ရွေးကောက်ပွဲတွင် (၅၈)ရာခိုင်နှုန်းနှင့် ၁၉၆၀ခုနှစ် ရွေးကောက်ပွဲတွင် (၆၃)ရာခိုင်နှုန်းစသည်ဖြင့် အနိုင်ရကာ ပါလီမန်လွှတ်တော်ကို လွှမ်းမိုးထားခဲ့ပါသည်။
သို့သော် ဖဆပလပါတီ၏ ထီးရိပ်အောက်တွင် တိုင်းရင်းသားပါတီ တော်တော်များများလည်း ပေါင်းစည်း(affiliate or proxy) ထားသည်ကို သတိချက်ရပါမည်။ အထူးသဖြင့် ပင်လုံလက်မှတ် ရေးထိုးထားသည့် ပြည်နယ်/လူမျိုး(၃)ခုဖြစ်သော ချင်း၊ ကချင်၊ ရှမ်းပြည်ကပါတီများဖြစ်သည့် ကချင်အမျိုးသားကွန်ဂရက် (KNC)၊ ချင်းကွန်ဂရက်ပါတီ(CCP)၊ ညီညွတ်သော် တောင်တန်းသားများ ကွန်ကရက်(UHPC)နှင့် ကေအင်ယူ(KNU)မှခွဲထွက်သော ကရင်လူငယ်အဖွဲ့(KYO)က ခေါင်းဆောင်များက တည်ထောင်သည့် ကရင်အမျိုးသားများအဖွဲ့ချုပ်(Union Karen League-UKL) စသည်တို့သည် ဖဆပလပါတီ၏ လက်အောက်ခံ တိုင်းရင်းသားပါတီများဖြစ်ကြသည်။
ထို့ကြောင့် ဤကာလအတွင်းတွင် တိုင်းရင်းသားပါတီစစ်စစ်အဖြစ် မားမားမတ်မတ်နှင့် ခိုင်ခိုင်မာမာရပ်တည်သည့် ပါတီသည် မရှိသလောက်ရှားပါးခဲ့ပါသည်။ ၁၉၅၁ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရယ်ဆိုလို့ ရခိုင်ဘက်က တစ်သီးပုဂ္ဂိလရခိုင်ပါလီမန်ဆိုင်ရာအဖွဲ့(IAPG) သာရှိပြီး အမတ်နေရာ (၆)နေရာ ရခဲ့ပါသည်။ နောက်ပိုင်းတွင် ရခိုင်အမျိုးသား ညီညွတ်ရေးအဖွဲ့(ANUO)ဟူ၍ နိုင်ငံရေးပါတီအသွင်ဖြင့် ပီပီပြင်ပြင်ရပ်တည်လာပြီး ၁၉၅၆ ရွေးကောက်ပွဲတွင်လည်း (၅)နေရာထပ်မံ အနိုင်ရရှိခဲ့ပါသည်။
ဒုတိယနှင့် တတိယအကြိမ် အထွေထွေရွေးကောက်ပွဲများတွင် အခြားတိုင်းရင်းသားပါတီများ ဖြစ်ကြသော ရှမ်းပြည်လုံးဆိုင်ရာအဖွဲ့ချုပ်(ASSO)၊ ချင်းအမျိုးသားအဖွဲ့အစည်း(CNO)၊ မွန်အမျိုးသားတပ်ဦး (MNF)၊ ကယားအမျိုးသားညီညွတ်ရေးအဖွဲ့ချုပ်(KNUL)၊ ညီညွတ်သော ပအိုစ့်အမျိုးသားအဖွဲ့(UNPO) စသည်သည်ဖြင့် တိုင်းရင်းသားပါတီသစ်များ အသီးသီး ပေါ်ပေါက်လာကြပါသည်။

အဘယ်ကြောင့် တိုင်းရင်းသားပါတီများ အင်အားချိနဲ့ခဲ့သလဲ
ဆယ်စုနှစ်တစ်ခုကျော် မြန်မာ့ပါလီမန်ဒီမိုကရေစီခေတ်တွင် တိုင်းရင်းသားပါတီများသည် အသက်မရှှုင်ဘူးဟု ပြောရလောက်အောင် ခေါင်းမထောင်နိုင်ဖြစ်ခဲ့ရပါသည်။ ယင်းသို့ဖြစ်ရခြင်းတွင် အဓိက အကြောင်းရင်း (၄)ချက်ကို ဖော်ပြရလျှင် –

(၁) ပါတီနိုင်ငံရေးမှာ နုငယ်သေးခြင်း။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အင်္ဂလိပ်လက်ထက် ကတည်းက ဗမာပြည်မတွင် ၁၉၂၂ မှ ၁၉၄၇ခုနှစ်ကြားမှာ အထွေထွေရွေးကောက်ပွဲကို (၆)ကြိမ်ခန့် စမ်းသပ်ကျင့်သုံးခဲ့ရာမှာ တောင်တန်းဒေသ(ချင်း၊ ကချင်၊ ရှမ်း၊ ကယား)တို့တွင် လွတ်လပ်ရေးရသည်အထိ တစ်ကြိမ်တစ်ခါမှ လေ့ကျင့် မြင်တွေ့ခဲ့ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် အတိုချုံးပြောရလျှင် ပြည်မနှင့် တောင်တန်းဒေသများသည် ရွေးကောက်ပွဲနိုင်ငံရေးတွင် အတွေ့အကြုံ အလွန်ကွာဟ လျက်ရှိပါသည်။

(၂) တိုင်းရင်းသားများ ရွေးကောက်ပွဲနိုင်ငံရေးအပေါ် ယုံကြည်မှုနည်းခဲခြင်း။ အားလုံးသိရှိသည့်အတိုင်း ကရင်၊ ကယားနှင့် မွန်အမျိုးသား နိုင်ငံရေးခေါင်းဆောင် တော်တော်များများသည် လွတ်လပ်ရေးကာလ ကတည်းကပြင်လျှင် ရွေးကောက်ပွဲများကို အယုံအကြည်သိပ်မရှိဘဲ သပိတ်မှုတ်ကြသည်။ တစ်နည်းအားဖြင့် သူတို့အခွင့်အရေး ရရှိရေးအတွက် ရွေးကောက်ပွဲလမ်းကြောင်းထက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပိုပြီးအာရုဏ်စိုက် ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် ကေအင်ယူ-၁၉၄၉ခုနှစ်၊ ကရင်နီတပ်မတော်-၁၉၅၇၊ မွန်ပြည်သစ်-၁၉၅၈ခုနှစ် စသည်ဖြင့်အသီးသီး လက်နက်တိုင်တောင်လှန်ရေးလုပ်လာခဲ့ကြသည်။ နောက်ပိုင်းတွင် ပင်လုံကို သစ္စာခံ၍ ဖ.ဆ.ပ.လ. ရွေးကောက်ပွဲလမ်းစဉ်ကို အစပိုင်းတွင် ယုံကြည်ခဲ့သော ကချင်နှင့် ရှမ်းသည်ပြင်လျှင် တစ်ပြည်ထောင်စနစ် (unitary system)အောက်က လူများစုအာဏာရှင်ဆန်သည့် ပါတီစုံဒီမိုကရေစီ(ရွေးကောက်ပွဲ)နိုင်ငံရေးကို စိတ်ကုန်လာကြပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာကြသည်။

(၃) ဗမာပါတီအတွင်း အင်အားချိန်ခွန်လျာမးရှိခြင်း။ အကယ်၍ လွတ်လပ်ရေးနှင့်အတူ ဗမာပြည်ကွန်မြိုနစ်ပါတီကသာ တောမခိုခဲ့ဘဲ ရွေးကောက်ပွဲလမ်းကြောင်းထဲတွင် အစကတည်းက ဝင်လာခဲ့လျှင် ဖ.ဆ.ပ.လ ပါတီက တစ်ပါတီအာဏာရှင်စနစ်ဆန်ဆန် ခြေလှယ်နှိုင်ခဲ့မှာမဟုတ်ဘဲ အပြန်အလှန်ထိန်းကျောင်းမှု အတန်အသင့် ရှိခဲ့မှာဖြစ်သည်။ ယင်းသည် တိုင်းပြည်အတွက် အင်မတန်ကောင်းမွန်စေမှာဖြစ်သည့်အပြင် တိုင်းရင်းသားလူနည်းစုများအတွက်လည်း mainstream နိုင်ငံရေးမှာ သူ့အခန်းကဏ္ဍ ပိုမိုမြှင်တင်နိုင်ခဲ့မှာ ဖြစ်သည်။ ၁၉၅၈ခုနှစ် ဖ.ဆ.ပ.လ နှစ်ခြမ်းကွဲမှုကြောင့် ရခိုင်တိုင်းရင်းသားပါတီ အခန်းကဏ္ဍ အရေးပါခဲ့သည့် သာဓကရှိခဲ့ပါသည်။

(၄) ၁၉၄၇ဖွဲ့စည်းပုံနှင့် နိုင်ငံရေးစနစ် ကန့်သတ်ချက်။ ထိုစဉ်တုန်းက ကချင်၊ ရှမ်း၊ ကရင်နှင့် ကယားတို့သာ ပြည်နယ်ရရှိခဲ့ပြီး မွန်နှင့် ရခိုင်က သီးခြားပြည်နယ်(constituent unit) မရရှိုခဲ့ပေ (ချင်းသည် ဝိသေသတိုင်းအဆင့်ရခဲ့သည်)။ အဆိုးဆုံးမှာ ဖက်ဒရယ်အတုအယောင် ဗဟိုချုပ်ကိုင်မှုစနစ် ဖြစ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ ခြေ-ဥကဲ့သို့ သက်ဆိုင်ရာ ပြည်နယ်များနှင့် ဝိသေသတိုင်းများက ကိုယ့်ဘာသာ ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်ကိုပိတ်ပြင်ခဲ့ပေ။ ထို့ကြောင့်၁၉၅၁ခုနှစ် ရွေးကောက်ပွဲရလဒ်အရ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ချင်းဝိသေသတိုင်းက ရွေးချယ်ခဲ့သည့် ဦးဇဟရဲလျန်နှင့် ရှမ်းပြည်နယ်က ရွေးချယ်ခဲ့သည့် ဦးထွန်းမြင့်ကို ဦးနုက ဗဟိုအစိုးရအာဏာဖြင့် ပျယ်ချပြီး သူ့စိတ်ကြိုက်ဖြင့် ခန့်အပ်ခဲ့သည့် သာဓကလည်းရှိခဲ့သည်။ ယင်းသည် တိုင်းရင်းသားပါတီများ လေဖြတ်စေသည့် အချက်တစ်ချက်ဖြစ်သည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် တိုင်းရင်းသားပါတီများ

မျက်မှေတ်ခေတ် ရွေးကောက်ပွဲနိုင်ငံရေးဖြစ်သည့် ၁၉၉၀၊ ၂၀၁၀ နှင့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲများကို ပြန်ကြည့်ရအောင်။ တိုင်းရင်းသားပါတီဘယ်လောက်ထိ တိုးတက်မှုရှိသလဲ။ ခြုံငုံသုံးသပ်လျှင် ၁၉၅၀ ဝန်းကျင်တုန်းကထက် တိုင်းရင်းသားပါတီများ ပိုမိုခိုင်မာလာသည်ကိုတွေ့ရသော်လည်း အားကောင်းမောင်းသန်မရှိဘူးဟု ကောက်ချက်ချနိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် ဖ.ဆ.ပ.လပါတီက ၁၉၅၀ ဝန်းကျင် ရွေးကောက်ပွဲများကို လွှမ်းမိုးခဲ့လို သူ့သမီးဦးဆောင်သည့် NLD ပါတီက ဒီဘက်ခေတ် ပါတီနိုင်ငံရေးကိုလည်း လွှမ်းမိုးနေဆဲ ဖြစ်ပါသည်။ ရာခိုင်နှုန်းအားဖြင့် နှိုင်းယှဉ်လိုက်လျှင် တိုင်းရင်းသားပါတီများ၏ ရွေးကောက်ပွဲအနိုင်ရရှိမှုမှာ တစ်ဖြည်းဖြည်း လျော့ကျလာသည်ဟုပြင် ဆိုနိုင်သည်။ (၁၉၉၀ခုနှစ်တွင် ၁၃ ရာခိုင်နှုန်း၊ ၂၀၁၀ခုနှစ်တွင် ၁၁ ရာခိုင်နှုန်း၊ ၂၀၁၅ခုနှစ်တွင် ၈ ရာခိုင်နှုန်း)။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း တိုင်းရင်းသားပါတီများ အင်အားချိနဲ့နေရခြင်း၏ အဓိက အကြောင်းရင်းသည် အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ၏ ကန့်သတ်ချီနှောင်ခြင်းကြောင့်ဖြစ်ပါသည်။ အခြေခံဥပဒေအရ ပြည်နယ်များ ကိုယ်တိုင်အစိုးရဖွဲ့ခွင့်မပေးခြင်း၊ ဗဟိုနှင့်ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများ ခွဲပြီးမကျင်းပပေးခြင်း၊ သမ္မတစနစ်အသာပေးကျင့်သုံးခြင်း၊ တစ်နည်းအားဖြင့် ဖက်ဒရယ်စနစ်အခြေမခံခြင်းကြောင့်ဖြစ်ပါသည်။ တိုင်းရင်းသားပြည်နယ်တစ်ချို့တွင် နိုင်ငံရေးနိုးကြားမှုနှင့် အသိပညာပေးမှု အားနည်းခြင်း၊ လူဦးရေအရ တိုင်းရင်းသားဒေသတွင် ရောနှောနေထိုင်မှု တစ်ဖြည်းဖြည်းမြင့်တက်လာခြင်း စသည်များလည်း အခက်အခဲရှိပါသည်။

ထို့ပြင် ၂၀၁၀ခုနှစ် ရွေးကောက်ပွဲတွင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့သော တိုင်းရင်းသားပါတီ မဟာမိတ် UNA အဖွဲ့ ဝင်မပြိုင်ခဲ့ခြင်းကလည်း အချက်တစ်ချက်ဖြစ်သည်။ ၂၀၁၅ခုနှစ်တွင် UNA ပြန်ဝင်လာသည့်အခါ ၂၀၁၀ခုနှစ်တွင် အသစ်(သို့မဟုတ် အစားထူး) ပေါ်ပေါက်လာသည့် တိုင်းရင်းသားပါတီများ(NBF အဖွဲ့)နှင့် နေရာထပ်သွားသည့်အတွက် တစ်ချို့ပြည်နယ်သေဒများတွင် မဲဆန္ဒရှင်ပြည်သူများက ရှုပ်ထွေးလာခဲ့သည်။ တိုင်းရင်းသားပါတီများ ဖောင်းပွသည်ဟု ထောက်ပြဝေဖန်မှု ရှိလာခဲ့သည်။

နိုးထလာသည့် တိုင်းရင်းသားပါတီများ၏ အနာဂတ်

ခြောက်ကြိမ်တိုင်တိုင်ကျင်းပပြီးဖြစ်သည့် အထွေထွေရွေးကောက်ပွဲ တစ်လျောက်လုံးတွင် မရှု့မလှရှုံးနိမ့်ခဲ့မှုကို တိုင်းရင်းသားပြည်သူများက လုံးလောက်သော သင်ခန့်စာ ရယူထားပြီးဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများလည်း သက်ဆိုင်ရာ ပြညယ်မအလိုက်နှင့် လူမျိုးအလိုက်ဖြင့် အသီးသီး ပေါင်းစည်းညီညွတ်လာကြပြီ။ ပထမဦးဆုံး ရခိုင် (၂)ပါတီပေါင်းစည်းခဲ့လို့ ၂၀၁၅ခုနှစ်မှာ ရခိုင်ပြည်သူများက တစ်ခဲနက် မဲပေးခဲ့ကြသည်။ ထို့နောက် ကချင် (၃)ပါတီ၊ ချင်း (၃)ပါတီ၊ ကရင်(၃)ပါတီ၊ ကယား (၂)ပါတီနှင့် မွန် (၂)ပါတီလည်း ပြည်နယ်အလိုက် တစ်ပါတီတည်းအဖြစ် အသီးသီးပေါင်းစည်းလာကြပြီ။ အလားတူ မျိုးနွယ်စု ပါတီတစ်ချို့လည်း အသီးသီးပေါင်းစည်းကြပါပြီ။ ထို့ကြောင့် တိုင်းရင်းသားပါတီ(၆၀)ကျော်ရှိခဲ့ရာမှ ယခုဆို (၅၃)ပါတီခန့်သာရှိလာပြီ။

မပေါင်းစည်းနိုင်သေးသော တိုင်းရင်းသားပါတီများလည်း မဲဆန္ဒနယ်များ ညှိနှိုင်းပြီး ပူးပေါင်းရန် ပြင်ဆင်ကြပြီ။ တိုင်းရင်းသားပါတီမဟာမိတ်နှစ်ခုဖြစ်သော UNA( ၁၃ပါတီကျော်) နှင့် NBF (၂၀ပါတီကျော်) လည်း ပြည်နယ်အလိုက်ပေါင်းစည်းထားသော တိုင်းရင်းသား(၅)ပါတီနှင့်အတူ အနာဂတ်ရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ရေးအခင်းအကျင်းတွင် တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍ ပိုမိုမြင့်မားလာရေးအတွက် မကြာခဏတွေ့ဆုံပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွယ်နေဆဲဖြစ်ပါသည်။

တိုင်းရင်းသား မဲဆန္ဒပြည်သူများလည်း အမျိုးသားရေးအတွက် အမြင့်ဆုံးရေချိန်မြှင့်ဖို့အတွက် နိုးထလာကြသည်ဟု ယူဆပါသည်။ ပြည်မမှာ ဗမာပြည်သူများက သူတို့လိုလားသည့် ဒီမိုကရေစီအတွက် အကောင်းဆုံးစွမ်းဆောင်နိုင်မည့် ပါတီကို ဆက်ပြီး မဲပေးကြမှာဖြစ်သလို၊ အလားတူ တိုင်းရင်းသားများကလည်း ဖက်ဒရယ်ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မိမိတိုင်းရင်းသားပါတီများကို မဲပေးရတော့မည်ဟု တွက်ဆထားပါသည်။ ထိုမှတဆင့် ရွေးကောက်ပွဲအလွန်အခင်းအကျင်းတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ် အခြေခံ (၂)ခုကို ပေါင်းစပ်ပြီး တိုင်းပြည်တည်ဆောက်မှာဖြစ်ပါသည်။

ပြည်ထောင်စုလွှတ်တော်မှာ အမတ်ထိုင်ခုံ(၆၆၄)ရှိသည့်အနက် တိုင်းရင်းသားပြည်နယ်(၇)ခုတွင် အမတ်နေရာ(၂၀၇)ခုရှိသည်။ ၂၀၁၅ခုနှစ်တွင် တိုင်းရင်းသားပါတီများက (၅၀) နေရာခန့်သာ ရရှိခဲ့သည်။ ထို့ကြောင့် (၃၈၀)ကျော် ရရှိသော ပြည်မပါတီကြီးက အစိုးရဖွဲ့နိုင်ရန်လိုအပ်သော ထက်ဝက်ကျောင်(၃၃၃နေရာ)ပို၍ အမတ်(၅၀)ကျော် အပိုရရှိသောကြောင့် လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲနိုင်ခဲ့ခြင်းဖြစ်သည်။ အထက်ပါပုံတွင် ဖော်ပြထားသည့်အတိုင်း တိုင်းရင်းသားပြည်သူများက မိမိနှင့် သက်ဆိုင်သော တိုင်းရင်းသားပါတီအသီးသီးကို ဤတစ်ကြိမ်တွင် အပြည့်အဝမဟုတ်သည့်တိုင် (၁၅၀)နေရာ အနိုင်ရအောင် မဲပေးပါက တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့လို့မရဘဲ တိုင်းရင်းသားပါတီပါမှ ညွန့်ပေါင်းအစိုးရ (coalition government) ဖွဲ့လို့မည့် အခင်းအကျင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းရင်းသားပါတီများသည် ဘုရင်တင်မြှောက်သူ (kingmaker) ဖြစ်လာမှာဖြစ်ပြီး ထိုမှအဆင့် တိုင်းရင်းသားအခွင့်အရေးများကို ကျည်ဆံတစ်တောင့်မဖေါက်ပဲ အပေးအယူလုပ်နိုင်မှာ ဖြစ်ပါသည်။ ဤတစ်ကြိမ် တိုင်းရင်းသားများ ညီညွတ်ဖို့သာလိုပါသည်။