• Today is: Wednesday, July 15, 2020

ျမန္မာႏိုင္ငံ လြတ္လပ္ေရးႏွင့္ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရး

Federal Journal
May01/ 2020

Zawgyi

ကြၽန္းသားငမန္း

ပုဂၢလိကတစ္ဦးခ်င္း၏ လြတ္လပ္မႈဆိုသည္မွာ လူတစ္ဦး၏ တန္ဖိုး႐ွိေသာ လူ႕ဘဝအႏွစ္သာရတစ္ခုျဖစ္သည္။ ထို႔အတူ ႏိုင္ငံတစ္ခု၏ လြတ္လပ္ေရးဆိုသည္မွာလည္း ႏိုင္ငံသားတိုင္းအတြက္ တန္ဖိုးထားရသည္မွာလည္း ႏိုင္ငံသားတိုင္း၏ လူေနမႈ၊ မိႏွိပ္ခ်ဳပ္ခ်ယ္ခံရမႈ၊ အေႏွာင္အဖြဲ႕ခံရသူမ်ားသာ သိ႐ွိခံစားႏိုင္ၾကသည္။ ႏိုင္ငံသားမ်ားသည္ ကိုယ္ပိုင္ရပ္တည္ခြင့္မ်ား ဆုံး႐ႈံးခဲ့ရကာ ကိုယ္စိတ္ႏွစ္ပါးလြတ္လပ္ျခင္းကို မခံစားရဘဲ တိုင္းတစ္ပါးသားမ်ား၏ ထိန္းခ်ဳပ္မႈေအာက္တြင္ လြတ္လပ္ခြင့္မ်ားဆုံး႐ႈံးခဲ့ရသည္။

ကိုယ့္ထီးကိုယ့္နန္းႏွင့္ေနခဲ့ေသာ၊ ေနခဲ့ၾကေသာ ျမန္မာႏိုင္ငံကို ၿဗိတိသွ်နယ္ခ်ဲ႕တို႔က ၁၈၂၃ မွ ၁၈၈၆ ခုႏွစ္အထိ က်ဴးေက်ာ္စစ္သုံးႀကိမ္ျပဳကာ သိမ္းယူခဲ့ၾကသည္။ ၁၈၂၃ ခုမွ ၁၈၂၆ ခုႏွစ္တြင္ ျဖစ္ပြားခဲ့ရေသာ ၿဗိတိသွ်နယ္ခ်ဲ႕တို႔က ပထမ က်ဴးေက်ာ္စစ္ျဖင့္ ရခိုင္ေဒသႏွင့္ တနသၤာရီေဒသတို႔ကို သိမ္းပိုက္ခဲ့ၾကသည္။ ၁၈၅၂ ခုႏွစ္မွ ၁၈၅၃ ခုႏွစ္အတြင္း ဒုတိယက်ဴးေက်ာ္စစ္ျဖင့္ ျမန္မာတို႔၏ အလယ္ပိုင္းထြက္ေပါက္႐ွိရာ ေအာက္ျမန္မာႏိုင္ငံကို သိမ္းပိုက္ရယူသြားခဲ့သည္။ သိမ္းပိုက္႐ုံသာမက စစ္ေလ်ာ္ေၾကးေငြကိုပင္ ျမန္မာဘက္မွ ေပးေလ်ာ္ခဲ့ရေသးသည္။ ၁၈၈၅ ခုႏွစ္မွ ၁၈၈၆ ခုႏွစ္တြင္ ျဖစ္ပြားခဲ့ေသာ တတိယ က်ဴးေက်ာ္စစ္ျဖင့္ ျမန္မာတစ္ႏိုင္ငံလုံးကို သိမ္းပိုက္ယူငင္သြားၾကသည္။ ျမန္မာတို႔၏ ညေသွ်ာင္ ဘုရင္မင္းျမတ္ကိုပါ ဖမ္းဆီးေခၚေဆာင္သြားၾကသည္။

ၿဗိတိသွ်တို႔သည္ ျမန္မာႏိုင္ငံအား သိမ္းပိုက္ရာတြင္ ပထမက်ဴးေက်ာ္စစ္အၿပီးမွသည္ တတိယက်ဴးေက်ာ္စစ္ပြဲအထိ တိုင္းရင္းသားျပည္သူမ်ား၏ သူ႕ကြၽန္မခံလိုေသာ ဇာတိမာန္ျဖင့္ တြန္းလွန္တိုက္ခိုက္ျခင္းကို ခံခဲ့ရသည္။ ရခိုင္ေဒသမွ ဦးေမာင္ေဖာ္ေအာင္ ကဲ့သို႔ေသာ ေတာ္လွန္ေရးေခါင္းေဆာင္မ်ား၊ မင္းသားႀကီး ေ႐ႊတန္း၊ ေဒးဝန္းႀကီးေအာင္ေက်ာ္႐ွီး၊ ၿမိဳ႕သူႀကီး ေအာင္ေက်ာ္ဇံစသူတို႔မွာ ထင္႐ွားခဲ့ေသာ နယ္ခ်ဲ႕ဆန္႔က်င့္ေရး၊ ေတာ္လွန္ေရးေခါင္းေဆာင္ ႀကီးမ်ား ျဖစ္ၾကသည္။ ထို႔အတူ ႐ွမ္း၊ ခ်င္း၊ ကခ်င္၊ ဗမာစသည့္ တိုင္းရင္းသားလူမ်ိဳးမ်ား ကလည္း နယ္ခ်ဲ႕ဆန္႔က်င္ေရးတိုက္ပြဲမ်ားကို ဆင္ႏႊဲခဲ့ၾကသည္။ သူ႕ကြၽန္မခံလိုေသာ ေတာ္လွန္ေရး စိတ္ဓာတ္ျဖင့္ ျမန္မာျပည္သူမ်ားသည္ မိမိတို႔ အသက္ေသြးေခြၽးမ်ားစြာကို ေပးဆပ္ခဲ့ရသည္။ ဖက္ဆစ္ဂ်ပန္မ်ားကို ဆန္႔က်င္တိုက္ပြဲဝင္ခဲ့ရေသာ ကာလႏွင့္ ၁၉၂၀ ခုႏွစ္ေနာက္ပိုင္း နယ္ခ်ဲ႕ဆန္႔က်င့္ေရးတိုက္ပြဲမ်ားတြင္ တိုင္းရင္းသားျပည္သူမ်ား စည္းစည္းလုံးလုံး ပါဝင္လာခဲ့ကာ ၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ (၄)ရက္ေန႔တြင္ ျမန္မာ့လြတ္လပ္ေရးကို လက္ဝယ္ပိုင္ဆိုင္ရယူႏိုင္ ခဲ့ၾကသည္။

၁၀၄၈ ခုႏွစ္၊ ဇန္နဝါရီလ (၄)ရက္၊ နံနက္ (၄)နာရီ (၂၀) မိနစ္အခ်ိန္က ျမန္မာ တစ္ႏိုင္ငံလုံး၊ ျမန္မာႏိုင္ငံတိုင္းရင္းသားအားလုံး ေပ်ာ္ေ႐ႊခဲ့ၾကေပလိမ့္မည္။ ‘လြတ္လပ္ၿပီ၊ တို႔ျပည္ လြတ္လပ္ၿပီ’ ဟု သံၿပိဳင္ဟတ္ေႂကြးေပ်ာ္ျမဴးခဲ့ၾကေပလိမ့္မည္။ သူ႕ကြၽန္ဘဝမွ လြတ္ေျမာက္ခဲ့ၾကၿပီ။ ထိုအခ်ိန္က စာေရးသူတို႔၏ အဘိုး၊ အဘြားတို႔၏ ေပ်ာ္ေ႐ႊမႈမ်ားကို မွန္းဆၾကည့္မိသည္။ ၁၈၂၄ ခုႏွစ္၊ မတ္လ (၅) ရက္ေန႔မွ စတင္ခဲ့သည္ အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲမွစတင္ကာ၊ ရခိုင္ ႏွင့္ တနသၤာရီသားတို႔သည္ အဂၤလိပ္နယ္ခ်ဲ႕လက္ေအာက္သို႔ က်ေရာက္ခဲ့ရသည္။ အဂၤလိပ္နယ္ခ်ဲ႕တို႔သည္ ၁၈၂၄ ၊ ၁၈၅၂ ၊ ၁၈၈၅ ခုႏွစ္မ်ားတြင္ က်ဴးေက်ာ္ စစ္မ်ားကို ဖန္တီးကာ ၁၈၈၅ ခုႏွစ္ တတိယ က်ဴးေက်ာ္စစ္အၿပီးတြင္ ျမန္မာႏိုင္ငံတစ္ခုလုံးအား သိမ္းယူသြားခဲ့ျခင္းျဖစ္သည္။ ၁၈၂၄ ခုႏွစ္မွ ၁၉၄၈ ခုႏွစ္အထိ ႏွစ္ေပါင္း (၁၂၄) ႏွစ္ တိုင္ေအာင္ အဂၤလိပ္တို႔၏ လက္ေအာက္တြင္ ေနထိုင္ခဲ့ရသည္။ ထိုကာလမ်ားတြင္ အဂၤလိပ္နယ္ခ်ဲ႕ လက္ေအာက္မွ ဂ်ပန္ဖက္ဆစ္မ်ား၏ လက္ေအာက္သို႔လည္း သုံးႏွစ္တာမွ် က်ေရာက္ခဲ့ ရေသးသည္။ အဂၤလိပ္နယ္ခ်ဲ႕တို႔အား တြန္းလွန္တိုက္ခိုက္ခဲ့ရသည္မ်ား၊ ဖက္ဆစ္ဂ်ပန္တို႔အား တိုက္ခိုက္ခဲ့ရသည္မ်ားတြင္ တိုင္းရင္းသားျပည္သူမ်ားတို႔၏ အသက္ေပါင္းမ်ားစြာ စေတးခဲ့ရသည္မဟုတ္လား။ ထိုသည္မွဆက္ကာ ယခု ၂၀၂၀ ခုႏွစ္၊ ဇန္နဝါရီလ (၄) ရက္ေန႔ ဆိုလွ်င္ ျမန္မာႏိုင္ငံလြတ္လပ္ေရးရခဲ့သည္မွာ (၇၃)ႏွစ္ ႐ွိခဲ့ၿပီ။ အဆိုပါလြတ္လပ္ေရးကို လြယ္လြယ္ႏွင့္ရယူခဲ့ျခင္းမဟုတ္။ ျမန္မာျပည္သူမ်ား၊ တစ္နည္း တိုင္းရင္းသားျပည္သူမ်ား၏ အသက္၊ ေသြး၊ ေခြၽးေျမာက္ျမားစြာကို စေတးၿပီးမွ ရယူခဲ့ရျခင္းျဖစ္သည္။

လြတ္လပ္ေရးႏွင့္ေမွ်ာ္လင့္ခ်က္မ်ား
တိုင္းရင္းသားျပည္သူမ်ားသည္ နယ္ခ်ဲ႕တို႔လက္ေအာက္တြင္ ႏိုင္ငံအတြက္ ဆုံး႐ႈံးခဲ့ရမႈ မ်ား၊ ေပးဆပ္ခဲ့ရမႈမ်ား၊ နိမ့္က်ခဲ့ရမႈမ်ားေၾကာင့္ လြတ္လပ္ေရးရ႐ွိျခင္းႏွင့္အတူ မိမိႏိုင္ငံ တိုးတက္ေရး၊ တိုင္းရင္းသားလူမ်ိဳးမ်ား တန္းတူညီမွ်ေရးကိုလည္း ေတာင္းတခဲ့ၾကသည္။ သို႔ရာတြင္ လြတ္လပ္ေရးရ႐ွိခဲ့ၿပီး ႏွစ္ေပါင္း (၇၀) ေက်ာ္ခဲ့ၿပီ။ တိုင္းရင္းသားျပည္သူမ်ား၏ ေမွ်ာ္လင့္ခ်က္မ်ား ေဝးခဲ့ရသည္။

လြတ္လပ္ေရးရၿပီ ၁၉၄၈ ခုႏွစ္မွသည္ ၁၉၇၄ ခုႏွစ္ခန္႔အထိ ျပည္တြင္းစစ္မီးမ်ားျဖစ္ပြား ခဲ့ရသည္။ ထိုကာလအတြင္း တိုင္းရင္းသားလက္နက္ကိုင္ ပဠိပကၡမ်ားလည္း ျဖစ္လာခဲ့ရသည္။ တန္းတူညီမွ်မႈ အခြင့္အေရးရ႐ွိႏိုင္ေရးအတြက္ လက္နက္ကိုင္ေတာင္းဆို တိုက္ပြဲဝင္ခဲ့ၾကသည္မွာ ယေန႔တိုင္ျဖစ္သည္။ နယ္စပ္ေဒသ႐ွိ တိုင္းရင္းသားမ်ားေနထိုင္ရာျပည္နယ္မ်ားတြင္ အေအးၿငိမ္းေသာ ဘဝမ်ားကို တိုင္းရင္းသားျပည္သူမ်ား ခံစားေနၾကရသည္။ ႏွစ္ေပါင္း (၇၀) ေက်ာ္ၾကာလာၿပီးသည့္တိုင္ တန္ဖိုးႀကီးမားလွသည့္ လြတ္လပ္ေရး၏ အႏွစ္သာရႏွင့္ အသီးအပြင့္တို႔ကို ခံစားရ႐ွိႏိုင္ျခင္း မ႐ွိေသး။ တိုင္းရင္းသားျပည္သူမ်ားအားလုံးလက္ဝယ္ပိုင္ပိုင္ မဆုပ္ကိုင္ႏိုင္ေသး။

ၿဗိတိသွ်နယ္ခ်ဲ႕တို႔သည္ ျမန္မာႏိုင္ငံအား စိုးမိုးအုပ္ခ်ဳပ္ရာတြင္ ျပည္ေထာင္စုဖြား တိုင္းရင္းသားမ်ား၏ေသြးစည္းညီၫြတ္မႈကို ဖ်က္လိုဖ်က္ဆီးျပဳလုပ္ခဲ့ၾကသည္။ တိုင္းရင္းသား အခ်င္းခ်င္းစည္းလုံးညီၫြတ္မႈအား နည္းေစခဲ့သည္။ သို႔ရာတြင္ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဦးေဆာင္မႈျဖင့္ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈကို ျပန္လည္ရ႐ွိ ေစခဲ့သည္။ ျပည္ေထာင္စုဖြားတိုင္းရင္းသားမ်ား၏ စုစည္းညီၫြတ္မႈျဖင့္ ျမန္မာ့လြတ္လပ္ေရးကို ေတာင္းဆိုအရ ယူႏိုင္ခဲ့သည္။ ၿဗိတိသွ်နယ္ခ်ဲ႕တို႔၏ လက္ေအာက္တြင္ ႐ွိေနခဲ့ရသည့္ ႏွစ္ေပါင္း(၁၂၀)ေက်ာ္ကာလအတြင္း လြတ္လပ္ေရး တိုက္ပြဲမ်ားတြင္ တိုင္းရင္းျပည္သူမ်ား တစ္စိတ္တစ္ဝမ္းတည္းျဖင့္ ႏိုင္ငံလြတ္လပ္ေရးအတြက္ တိုက္ပြဲဝင္ခဲ့ၾကျခင္း ျဖစ္သည္။

အဂၤလိပ္နယ္ခ်ဲ႕တို႔ အုပ္ခ်ဳပ္မႈကာလတြင္ ယင္းတို႔၏ ေသြးခြဲအုပ္ခ်ဳပ္မႈေၾကာင့္ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ အားနည္းခဲ့ရသည္။ သို႔ရာတြင္ လြတ္လပ္ေရး လႈပ္႐ွားမႈ ကာလတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ ဦးေဆာင္မႈျဖင့္ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးကို အခိုင္အမာတည္ေဆာက္ႏိုင္ခဲ့သည္။ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈကို အခိုင္အမာ တည္ေဆာက္ႏိုင္ခဲ့ၿပီး လြတ္လပ္ေရးကို အရယူႏိုင္ခဲ့သည္။ သို႔ရာတြင္ လြတ္လပ္ေရးရခဲ့သည္မွာ ႏွစ္ေပါင္း (၇၃) ႏွစ္တိုင္႐ွိခဲ့ၿပီျဖစ္ေသာ္လည္း လြတ္လပ္ေရးတိုက္ပြဲကာလအတြင္းက ရ႐ွိခဲ့ေသာ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈမွာ အားနည္းေလ်ာ့ဆင္းလာသည္ကို ေတြ႕ရသည္။ ဤကဲ့သို႔ လြတ္လပ္ေရးရၿပီးေနာက္ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ အားနည္းက်ဆင္းသြားရျခင္းမွာ အဘယ္ေၾကာင့္ပါနည္း။ သမိုင္းသင္ခန္းစာမ်ားရယူရန္ လိုအပ္ေပသည္။ သမိုင္းသင္ခန္းစာ ရယူရာတြင္ အေၾကာင္းရင္းကို မွန္မွန္ကန္ကန္သုံးသပ္ရန္လိုအပ္သည္။ ဤသို႔သုံးသပ္ရာ၌ ဆႏၵစြဲကင္းရန္၊ ႏိုင္ငံတိုးတက္လိုစိတ္႐ွိရန္ လိုအပ္ေပလိမ့္မည္။

ျမန္မာႏိုင္ငံလြတ္လပ္ေရးရ႐ွိသည့္ ၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလတြင္ပင္ ျမန္မာႏိုင္ငံ၏ အနာဂတ္ေမွ်ာ္မွန္းခ်က္ႏွင့္ ေ႐ွ႕ဆက္ေဆာင္႐ြက္သြားမည့္လုပ္ငန္းအဓိဌာန္မ်ားကို ထုတ္ျပန္ ေၾကညာခဲ့သည္။ ထိုထုတ္ျပန္ခဲ့ေသာ ျမန္မာႏိုင္ငံ၏ လြတ္လပ္ေရးေၾကညာစာတမ္းႏွင့္ လြတ္လပ္ေရးအဓိဌာန္ကိုးခ်က္ကို မဟာဗႏၶဳလပန္းျခံအတြင္း စိုက္ထူထားေသာ လြတ္လပ္ေရးေက်ာက္တိုင္တြင္ ထြင္းထုထား႐ွိသည္။ လြတ္လပ္ေရး အဓိဌာန္းကိုးခ်က္မွာ ေအာက္ပါအတိုင္းျဖစ္သည္။

၁။ ငါတို႔သည္ ဤေန႔ ဤအခ်ိန္မွစ၍ လြတ္လပ္ေသာလမ္းသို႔ ပို႔ေဆာင္ခဲ့ေသာ ငါတို႔၏ ေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းခ်မွတ္ခဲ့သည့္ လမ္းစဥ္အတိုင္း တစ္သေဝမတိမ္း ခ်ီတက္မည္။
၂။ ငါတို႔သည္ ဤေန႔ ဤအခ်ိန္မွစ၍ ငါတို႔ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ႀကီး၏ သစၥာကို မေသြမဖည္ေစာင့္ထိန္းမည္။
၃။ ငါတို႔သည္ ဤေန႔ ဤအခ်ိန္မွစ၍ လြတ္လပ္ေသာ ႏိုင္ငံသားတို႔၏ မြန္ျမတ္ေသာ အခြင့္အေရးကို ခံယူသည့္နည္းတူ လြတ္လပ္ေသာႏိုင္ငံသားတို႔၏ တာဝန္ဝတၱရားမ်ားကို လည္း မတိမ္းမငဲ့ထမ္းေဆာင္မည္။
၄။ ငါ့တို႔သည္ ဤေန႔ ဤအခ်ိန္မွစ၍ ငါတို႔ေခါင္းေဆာင္းႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ လုံလဥႆဟျဖင့္ ရ႐ွိၿပီးေသာ အမ်ိဳးသားညီၫြတ္ေရးကို ေက်ာက္စိုင္ေက်ာက္ခဲကဲ့သို႔ ခိုင္ၿမဲေအာင္ထိန္းသိမ္းမည္။
၅။ ငါတို႔သည္ ဤေန႔ ဤအခ်ိန္မွစ၍ ငါတို႔ႏိုင္ငံသားဟူသေ႐ြ႕ကို ႀကီး၊ ငယ္၊ နီး၊ ေဝး မျခားတစ္ေသြးတစ္သားတည္းျပဳ၍ နည္း၊ မ်ား၊ နိမ့္၊ ျမင့္ မ႐ွိေစရ။ ညီတူညီမွ်ျပဳမည္။
၆။ ငါတို႔သည္ ဤေန႔ ဤအခ်ိန္မွစ၍ သူတစ္ပါးကိုလည္း မတရားမျပဳ၊ ငါတို႔အား မတရားျပဳသည္ကိုလည္း မခံ။ အသက္ႏွင့္လဲ၍ ကာကြယ္မည္။
၇။ ငါတို႔သည္ ဤေန႔ ဤအခ်ိန္မွစ၍ ငါတို႔ႏိုင္ငံေတာ္ႀကီး၏ တရားဥပေဒမ်ားကို ႐ိုေသစြာလိုက္နာက်င့္သုံးမည္။
၈။ ငါတို႔သည္ ဤေန႔ ဤအခ်ိန္မွစ၍ ငါတို႔ႏိုင္ငံႏွင့္ ငါတို႔လြတ္လက္ေရးကို အသက္ႏွင့္လဲ၍ ကာကြယ္ေစာင့္ေ႐ွာက္မည္။
၉။ လုံးဝလြတ္လပ္ေသာ ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္ႀကီး ကမ႓ာအ႐ွည္တည္ၿမဲေရး တာဝန္သည္ ငါတို႔ႏွင့္တကြ ငါတို႔သားေျမး ေနာင္လာအဆက္ဆက္တို႔အေပၚ၌ တည္ေစရမည္။

ထိုအဓိဌာန္မ်ားကို အေကာင္အထည္ေဖာ္ရန္ မိမိတို႔ တိုင္းရင္းသားျပည္သူအားလုံးတြင္ တာဝန္႐ွိသည္။ သို႔ရာတြင္ တိုင္းရင္းသားျပည္သူမ်ား၏ စိတ္ထဲတြင္မူ ထိုအဓိဌာန္မ်ားကို အေကာင္အထည္ေဖာ္ႏိုင္ျခင္းမ႐ွိေသးဟု ခံစားေနၾကရသည္။ ထို႔ေၾကာင့္ပင္ လြတ္လပ္ေရး ရၿပီးသည္မွ ႏွစ္ေပါင္း (၇၀) လုံးလုံးအဆိုးေက်ာ့သံသရာ၌ လည္ပတ္ေနခဲ့ျခင္းျဖစ္သည္။ ယခုက်င္းပဆဲ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁)ရာစုပင္လုံ တြင္လည္း တိုင္းရင္းသား အားလုံး တန္းတူညီမွ်ေရးကို ေ႐ွ႕တန္းတင္ ေဆြးေႏြးမႈမ်ား ႐ွိလာခဲ့ျခင္းလည္းျဖစ္သည္။ လက္႐ွိႏိုင္ငံေခါင္းေဆာင္မ်ားက ဤကဲ့သို႔ျဖစ္ခဲ့ရသည္မွာ စီမံခန္႔ခြဲမႈအလြဲမ်ားေၾကာင့္ဟု ဆိုၾကသည္။ အျခားတစ္ဖက္တြင္လည္း တိုင္းရင္းသား ျပည္သူမ်ား၏ ရင္းတြင္း၌ျဖစ္ေပၚ ခံစားေနၾကရသည္မ်ားကို ပကတိအျမင္ျဖင့္ ၾကည့္ျမင္သည္ကိုလည္း ေတြ႕ရသည္။ တိုင္းရင္းသားေဒသမ်ားတြင္ ဖြံ႕ၿဖိဳးတိုးတက္မႈမ႐ွိ၍ ေက်နပ္မႈမ႐ွိ။ ေက်နပ္မႈမ႐ွိေတာ္႕ ေဒါသေတြ က ပြား။ ေဒါသေတြပြားေတာ့ လက္နက္ကိုင္တိုက္ခိုက္ေရးကို တြန္းပို႔။ မၿငိမ္းခ်မ္းေတာ့ ဖြံ႕ၿဖိဳးတိုးတက္မႈမ႐ွိဘူး စသည့္ အဆိုးေက်ာ့သံသရာျဖစ္ေနျခင္းျဖစ္ေၾကာင္းျဖင့္လည္း ဆိုသည္။ အနာသိလွ်င္ ေဆး႐ွိရေပမည္။ ႏိုင္ငံေခါင္းေဆာင္မ်ားသည္ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ အားနည္းေနရသည့္အေၾကာင္းရင္းကို မသိမဟုတ္၊ သိေနၾကၿပီးျဖစ္သည္။ ထိုအနာကို ကုစားေပးႏိုင္ရန္သာ လိုသည္။

လြတ္လပ္ေရးေၾကညာစာတမ္းတြင္ “ငါတို႔ႏိုင္ငံေတာ္ႀကီးသည္ မည္သူတစ္ဦးတစ္ေယာက္ တစ္ဖြဲ႕တစ္သင္း၏ အေမြအႏွစ္မဟုတ္။ မည္သူတစ္ဦးတစ္ေယာက္၊ တစ္ဖြဲ႕တစ္သင္း၏ ပုဂၢလိကအပိုင္ပစၥည္းမဟုတ္။ မည္သူတစ္ဦးတစ္ေယာက္ တစ္ဖြဲ႕တစ္သင္းက ခ်ဳပ္ကိုင္အႏိုင္သိမ္းယူ အက်ိဳးခံစားအပ္ေသာ ႏိုင္ငံမဟုတ္။ အတိတ္ကာလတံ့ေသာ အနာဂတ္ကာလ၌လည္းေကာင္း ငါတို႔ျပည္ေထာင္စုႀကီးအတြင္း မွီတင္းေနထိုင္ၾကေသာ ႀကီးငယ္၊ နီးေဝး၊ က်ား/မ မျခား သစၥာေတာ္ခံႏိုင္ငံသားဟူသေ႐ြ႕ ၎တို႔၏အေမြအႏွစ္အညီ ကမ႓ာဦးကာလ လူတို႔၏စည္း႐ုံးမႈ၌ လူအေပါင္းတို႔၏သေဘာဆႏၵအရ လူအဝွမ္း၏အက်ိဳးကို ေကာင္းစြာ ပိုင္းျခားသတ္မွတ္ တူညီေသာတရား တူညီေသာ အခြင့္အေရးတူညီေသာ အဆင့္အတန္းအားျဖင့္ ကမ႓ာအ႐ွည္တည္စိမ့္ေသာငွာ လူအေပါင္းတို႔၏ ဆႏၵသာလွ်င္ အဓိကျဖစ္ေသာ သမၼတျမန္မာ ႏိုင္ငေတာ္တည္းဟူေသာ ျမတ္ေသာအျဖစ္ကို လက္ဆုပ္လက္ကိုင္ ငါတို႔အပိုင္ ငါတို႔အပိုင္ရၿပီ”ဟု ေဖာ္ျပထားသည္ကို ေတြ႕ရသည္။

ယေန႔ႏိုင္ငံအေျခအေနကို ၾကည့္ပါက ျမန္မာႏိုင္ငံလြတ္လပ္ေရးေၾကညာစာတမ္းႏွင့္ လြတ္လပ္ေရးအဓိဌာန္စာတမ္းတြင္ ပါဝင္သည့္ ရည္မွန္းခ်က္မ်ားသည္ သိ႐ွိရရန္ သက္သက္မဟုတ္သည္ကား ေသခ်ာသည္။ ႏိုင္ငံအတြင္း တိုင္းရင္းသားျပည္သူမ်ားအားလုံး မည္သူမဆို သိ႐ွိလိုက္နာၾကရန္ျဖစ္သည္။ သို႔ရာတြင္ လြတ္လပ္ေရးေၾကညာစာတမ္းႏွင့္ လြတ္လတ္ေရး အဓိဌာန္စာတမ္းပါ အခ်က္အလက္မ်ားအေပၚ မည္မွ်လိုက္နာခဲ့ပါၿပီလဲ။ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ၾကပါၿပီလဲ။ အသိ၊ သတိႏွင့္ စဥ္းစားဆင္ျခင္ရန္ လိုအပ္လွေပၿပီ။

ႏိုင္ငံတစ္ႏိုင္င ဖြံ႕ၿဖိဳးတိုးတက္မႈဆိုသည္မွာ ႏိုင္ငံအတြင္း႐ွိ တိုင္းရင္းသားမ်ား စည္းလုံးညီၫြတ္မႈသည္လည္း အေျခခံလိုအပ္ခ်က္ျဖစ္သည္။ ႏိုင္ငံတကာဖိအားအမ်ိဳးမ်ိဳးႏွင့္ ေတြ႕ဆုံေရသည့္ ယခုလိုအခ်ိန္အခါတြင္ ျပည္သူတစ္ရပ္လုံး ေသြးစည္းညီၫြတ္မႈ႐ွိၾကရန္လိုသည္။ အေရးႀကီးၿပီး ေသြးစည္းၾကစို႔ဆိုရာတြင္ တိုင္းရင္းသားတို႔စည္းလုံးညီၫြတ္ေရးမွာ အေရးႀကီး သည္။ တိုင္းရင္းသားအားလုံး တစ္ေျပးညီဖြံ႕ၿဖိဳးတိုးတက္ေရးလမ္းေၾကာင္းအား ေဖာ္ေဆာင္ ေပးရန္လိုသည္။ အမ်ားေျပာေနၾကသည့္ အာဏာခြဲေဝမႈ၊ သယံဇာ တခြဲေဝမႈစသည္မ်ားတြင္ ညီတူညီမွ်ျဖစ္ဖို႔လိုသည္။ ရခိုင္တိုင္းရင္းသား ေခါင္းေဆာင္ တစ္ဦးျဖစ္သည့္ ရခိုင္ျပည္နယ္ လြတ္ေတာ္ဥကၠဌ ဦးစံေက်ာ္လွက “အဓိကက ၿငိမ္းခ်မ္းရန္၊ တည္ၿငိမ္ေအးခ်မ္းရန္ လိုအပ္ေၾကာင္း။ သတ္မွတ္ျပဌာန္းထားသည့္ ဥပေဒေတြကို လိုက္နာၾကဖို႔လိုေၾကာင္း။ ယေန႔ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနသည့္ အေၾကာင္းအရာမ်ား အပါအဝင္ တိုင္းရင္းသား နယ္ေျမမ်ားတြင္ ျဖစ္ပြားေနသည့္ အေၾကာင္းအခ်က္အားလုံးမွာ တန္းတူညီမွ်မ႐ွိတဲ့အေပၚမွာ သြားဆုံးေနေၾကာင္း။ ထို႔ေၾကာင့္ တိုင္းရင္းသားမ်ား၊ ဗမာဆိုသည္မွာလည္း တိုင္းရင္းသားမ်ားျဖစ္ေၾကာင္း။ တိုင္းရင္းသားအားလုံး ညီတူညီမွ်႐ွိၾကမည္ဆိုပါက တိုင္းရင္းသားနယ္ေျမမ်ားတြင္ ျဖစ္ေပၚေနသည့္ ျပႆနာမ်ားမွာ ႐ွိလာမည္မဟုတ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးကို မ်က္ႏွာမူရမည္ျဖစ္ေၾကာင္း။ တစ္ေယာက္ကို တစ္ေယာက္အခြင့္အေရးဆိုတာ တူႏိုင္ေလေလ လုံးဝမတူႏိုင္ေသာ္လည္း အနီးစပ္ဆုံးတူညီေနလွ်င္ အေကာင္းဆုံးပင္ျဖစ္ေၾကာင္း။ ေျပာေနက်စကားအတိုင္း ေျပာရမည္ဆိုပါက တန္းတူညီမွ်မႈ႐ွိဖို႔လိုေၾကာင္း” ျဖင့္ မီဒီယာႏွင့္ေတြ႕ဆုံရာတြင္ ေျပာၾကားသြားခဲ့သည္။

ထို႔အတူ ကရင္သကၠရာဇ္ ၂၇၅၉ ခုႏွစ္၊ ျပာသိုလဆန္း (၁) ရက္၊ ခရစ္သကၠရာဇ္ ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ (၂၆) ရက္ေန႔တြင္ က်ေရာက္သည့္ ကရင္ႏွစ္သစ္ကူးေန႔သို႔ ေပးပို႔သည့္ သဝဏ္လႊာတြင္ “ အပစ္အခတ္ရပ္ဆဲျခင္းသည္ ၿငိမ္းခ်မ္းေရးကို အမွန္တကယ္ရ႐ွိထားျခင္း မဟုတ္ေၾကာင္း။ စစ္မွန္ေသာ ၿငိမ္းခ်မ္းေရးသည္ မိမိတို႔ ကရင္အမ်ိဳးသားထုႀကီးအျပင္ မိမိတို႔၏ ျပည္ေထာင္စုအတြင္း ေနထိုင္လ်က္႐ွိၾကေသာ လူမ်ိဳးတိုင္းကို လူမ်ိဳးတစ္မ်ိဳးအျဖစ္ ေလးစားအသိအမွတ္ျပဳၿပီး လြတ္လပ္မႈ၊ တန္းတူညီမွ်မႈအျပင္ ကိုယ္ပိုင္ျပဌာန္းခြင့္ အခြင့္အေရးမ်ားကို ရ႐ွိမွသာလွ်င္ ျဖစ္ႏိုင္မည္ျဖစ္ေၾကာင္း KNU ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစးဖိုးက ေျပာၾကားခဲ့ျပန္သည္။ တိုင္းရင္းသားေခါင္းေဆာင္မ်ား၏ ခံစားခ်က္ႏွင့္ လိုအပ္ခ်က္မ်ားပင္ ျဖစ္ေပသည္။

လြတ္လပ္ေရးရ႐ွိခဲ့သည္မွာ ႏွစ္ေပါင္း(၇၃)ႏွစ္႐ွိခဲ့ၿပီ။ တိုင္းရင္းသားျပည္သူအားလုံး လိုလားသည့္ ဒီမိုကေရစီႏိုင္ငံေတာ္သို႔ ေလွ်ာက္လွမ္းလာခဲ့သည္မွာလည္း (၉) ႏွစ္အတြင္းသို႔ ေရာက္လာခဲ့ၿပီျဖစ္သည္။ အေျပာင္းအလဲ (၉) ႏွစ္တာကာလအတြင္း စိန္ေခၚမႈေျမာက္ျမားစြာကို ရင္ဆိုင္ခဲ့ရသလို၊ လက္႐ွိလည္းရင္ဆိုင္ေျဖ႐ွင္းေနရဆဲ႐ွိသည္။ အထူးသျဖင့္ ျပည္တြင္း ၿငိမ္းခ်မ္းသာယာဝေျပာေသာ ဖက္ဒရယ္ျပည္ေထာင္စုႀကီးျဖစ္ေပၚလာေရးအတြက္ တိုင္းရင္းသား ျပည္သူတစ္ရပ္လုံးအေတြးသစ္၊ အျမင္သစ္၊ အယူအဆသစ္မ်ားကို ျဖစ္ေပၚေနသည့္ ေခတ္ႏွင့္ေလ်ာ္ညီစြာ လက္ခံက်င့္သုံးသြားၾကရန္ လိုသည္။ အထူးသျဖင့္ တိုင္းရင္းသား ညီအစ္ကိုေမာင္ႏွစ္မမ်ားအၾကား စည္းလုံးညီၫြတ္မႈအားနည္းခဲ့ရသည္မ်ားကို သေဘာ႐ိုးျဖင့္ ႐ႈျမင္သုံးသပ္ၾကၿပီး အသိတရား၊ သတိတရားမ်ားျဖင့္ လိုက္နာေဆာင္႐ြက္ျခင္းျဖင့္ တိုင္းရင္းသားျပည္သူမ်ား၏ အသက္၊ ေသြး၊ ေခြၽးမ်ားျဖင့္ ရယူခဲ့ေသာ လြတ္လပ္ေရးကို ထိန္းသိမ္းေစာင့္ေ႐ွာက္ၾကရန္ လိုအပ္ေပလိမ့္မည္။

 

Unicode

ကျွန်းသားငမန်း

ပုဂ္ဂလိကတစ်ဦးချင်း၏ လွတ်လပ်မှုဆိုသည်မှာ လူတစ်ဦး၏ တန်ဖိုးရှိသော လူ့ဘဝအနှစ်သာရတစ်ခုဖြစ်သည်။ ထို့အတူ နိုင်ငံတစ်ခု၏ လွတ်လပ်ရေးဆိုသည်မှာလည်း နိုင်ငံသားတိုင်းအတွက် တန်ဖိုးထားရသည်မှာလည်း နိုင်ငံသားတိုင်း၏ လူနေမှု၊ မိနှိပ်ချုပ်ချယ်ခံရမှု၊ အနှောင်အဖွဲ့ခံရသူများသာ သိရှိခံစားနိုင်ကြသည်။ နိုင်ငံသားများသည် ကိုယ်ပိုင်ရပ်တည်ခွင့်များ ဆုံးရှုံးခဲ့ရကာ ကိုယ်စိတ်နှစ်ပါးလွတ်လပ်ခြင်းကို မခံစားရဘဲ တိုင်းတစ်ပါးသားများ၏ ထိန်းချုပ်မှုအောက်တွင် လွတ်လပ်ခွင့်များဆုံးရှုံးခဲ့ရသည်။

ကိုယ့်ထီးကိုယ့်နန်းနှင့်နေခဲ့သော၊ နေခဲ့ကြသော မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့က ၁၈၂၃ မှ ၁၈၈၆ ခုနှစ်အထိ ကျူးကျော်စစ်သုံးကြိမ်ပြုကာ သိမ်းယူခဲ့ကြသည်။ ၁၈၂၃ ခုမှ ၁၈၂၆ ခုနှစ်တွင် ဖြစ်ပွားခဲ့ရသော ဗြိတိသျှနယ်ချဲ့တို့က ပထမ ကျူးကျော်စစ်ဖြင့် ရခိုင်ဒေသနှင့် တနင်္သာရီဒေသတို့ကို သိမ်းပိုက်ခဲ့ကြသည်။ ၁၈၅၂ ခုနှစ်မှ ၁၈၅၃ ခုနှစ်အတွင်း ဒုတိယကျူးကျော်စစ်ဖြင့် မြန်မာတို့၏ အလယ်ပိုင်းထွက်ပေါက်ရှိရာ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ရယူသွားခဲ့သည်။ သိမ်းပိုက်ရုံသာမက စစ်လျော်ကြေးငွေကိုပင် မြန်မာဘက်မှ ပေးလျော်ခဲ့ရသေးသည်။ ၁၈၈၅ ခုနှစ်မှ ၁၈၈၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တတိယ ကျူးကျော်စစ်ဖြင့် မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ယူငင်သွားကြသည်။ မြန်မာတို့၏ ညသျှောင် ဘုရင်မင်းမြတ်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြသည်။

ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား သိမ်းပိုက်ရာတွင် ပထမကျူးကျော်စစ်အပြီးမှသည် တတိယကျူးကျော်စစ်ပွဲအထိ တိုင်းရင်းသားပြည်သူများ၏ သူ့ကျွန်မခံလိုသော ဇာတိမာန်ဖြင့် တွန်းလှန်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ရခိုင်ဒေသမှ ဦးမောင်ဖော်အောင် ကဲ့သို့သော တော်လှန်ရေးခေါင်းဆောင်များ၊ မင်းသားကြီး ရွှေတန်း၊ ဒေးဝန်းကြီးအောင်ကျော်ရှီး၊ မြို့သူကြီး အောင်ကျော်ဇံစသူတို့မှာ ထင်ရှားခဲ့သော နယ်ချဲ့ဆန့်ကျင့်ရေး၊ တော်လှန်ရေးခေါင်းဆောင် ကြီးများ ဖြစ်ကြသည်။ ထို့အတူ ရှမ်း၊ ချင်း၊ ကချင်၊ ဗမာစသည့် တိုင်းရင်းသားလူမျိုးများ ကလည်း နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများကို ဆင်နွှဲခဲ့ကြသည်။ သူ့ကျွန်မခံလိုသော တော်လှန်ရေး စိတ်ဓာတ်ဖြင့် မြန်မာပြည်သူများသည် မိမိတို့ အသက်သွေးချွေးများစွာကို ပေးဆပ်ခဲ့ရသည်။ ဖက်ဆစ်ဂျပန်များကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ရသော ကာလနှင့် ၁၉၂၀ ခုနှစ်နောက်ပိုင်း နယ်ချဲ့ဆန့်ကျင့်ရေးတိုက်ပွဲများတွင် တိုင်းရင်းသားပြည်သူများ စည်းစည်းလုံးလုံး ပါဝင်လာခဲ့ကာ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးကို လက်ဝယ်ပိုင်ဆိုင်ရယူနိုင် ခဲ့ကြသည်။

၁၀၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်၊ နံနက် (၄)နာရီ (၂၀) မိနစ်အချိန်က မြန်မာ တစ်နိုင်ငံလုံး၊ မြန်မာနိုင်ငံတိုင်းရင်းသားအားလုံး ပျော်ရွှေခဲ့ကြပေလိမ့်မည်။ ‘လွတ်လပ်ပြီ၊ တို့ပြည် လွတ်လပ်ပြီ’ ဟု သံပြိုင်ဟတ်ကြွေးပျော်မြူးခဲ့ကြပေလိမ့်မည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ကြပြီ။ ထိုအချိန်က စာရေးသူတို့၏ အဘိုး၊ အဘွားတို့၏ ပျော်ရွှေမှုများကို မှန်းဆကြည့်မိသည်။ ၁၈၂၄ ခုနှစ်၊ မတ်လ (၅) ရက်နေ့မှ စတင်ခဲ့သည် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှစတင်ကာ၊ ရခိုင် နှင့် တနင်္သာရီသားတို့သည် အင်္ဂလိပ်နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ အင်္ဂလိပ်နယ်ချဲ့တို့သည် ၁၈၂၄ ၊ ၁၈၅၂ ၊ ၁၈၈၅ ခုနှစ်များတွင် ကျူးကျော် စစ်များကို ဖန်တီးကာ ၁၈၈၅ ခုနှစ် တတိယ ကျူးကျော်စစ်အပြီးတွင် မြန်မာနိုင်ငံတစ်ခုလုံးအား သိမ်းယူသွားခဲ့ခြင်းဖြစ်သည်။ ၁၈၂၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ နှစ်ပေါင်း (၁၂၄) နှစ် တိုင်အောင် အင်္ဂလိပ်တို့၏ လက်အောက်တွင် နေထိုင်ခဲ့ရသည်။ ထိုကာလများတွင် အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှ ဂျပန်ဖက်ဆစ်များ၏ လက်အောက်သို့လည်း သုံးနှစ်တာမျှ ကျရောက်ခဲ့ ရသေးသည်။ အင်္ဂလိပ်နယ်ချဲ့တို့အား တွန်းလှန်တိုက်ခိုက်ခဲ့ရသည်များ၊ ဖက်ဆစ်ဂျပန်တို့အား တိုက်ခိုက်ခဲ့ရသည်များတွင် တိုင်းရင်းသားပြည်သူများတို့၏ အသက်ပေါင်းများစွာ စတေးခဲ့ရသည်မဟုတ်လား။ ထိုသည်မှဆက်ကာ ယခု ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ ဆိုလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့သည်မှာ (၇၃)နှစ် ရှိခဲ့ပြီ။ အဆိုပါလွတ်လပ်ရေးကို လွယ်လွယ်နှင့်ရယူခဲ့ခြင်းမဟုတ်။ မြန်မာပြည်သူများ၊ တစ်နည်း တိုင်းရင်းသားပြည်သူများ၏ အသက်၊ သွေး၊ ချွေးမြောက်မြားစွာကို စတေးပြီးမှ ရယူခဲ့ရခြင်းဖြစ်သည်။

လွတ်လပ်ရေးနှင့်မျှော်လင့်ချက်များ
တိုင်းရင်းသားပြည်သူများသည် နယ်ချဲ့တို့လက်အောက်တွင် နိုင်ငံအတွက် ဆုံးရှုံးခဲ့ရမှု များ၊ ပေးဆပ်ခဲ့ရမှုများ၊ နိမ့်ကျခဲ့ရမှုများကြောင့် လွတ်လပ်ရေးရရှိခြင်းနှင့်အတူ မိမိနိုင်ငံ တိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှရေးကိုလည်း တောင်းတခဲ့ကြသည်။ သို့ရာတွင် လွတ်လပ်ရေးရရှိခဲ့ပြီး နှစ်ပေါင်း (၇၀) ကျော်ခဲ့ပြီ။ တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်များ ဝေးခဲ့ရသည်။

လွတ်လပ်ရေးရပြီ ၁၉၄၈ ခုနှစ်မှသည် ၁၉၇၄ ခုနှစ်ခန့်အထိ ပြည်တွင်းစစ်မီးများဖြစ်ပွား ခဲ့ရသည်။ ထိုကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် ပဠိပက္ခများလည်း ဖြစ်လာခဲ့ရသည်။ တန်းတူညီမျှမှု အခွင့်အရေးရရှိနိုင်ရေးအတွက် လက်နက်ကိုင်တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ နယ်စပ်ဒေသရှိ တိုင်းရင်းသားများနေထိုင်ရာပြည်နယ်များတွင် အအေးငြိမ်းသော ဘဝများကို တိုင်းရင်းသားပြည်သူများ ခံစားနေကြရသည်။ နှစ်ပေါင်း (၇၀) ကျော်ကြာလာပြီးသည့်တိုင် တန်ဖိုးကြီးမားလှသည့် လွတ်လပ်ရေး၏ အနှစ်သာရနှင့် အသီးအပွင့်တို့ကို ခံစားရရှိနိုင်ခြင်း မရှိသေး။ တိုင်းရင်းသားပြည်သူများအားလုံးလက်ဝယ်ပိုင်ပိုင် မဆုပ်ကိုင်နိုင်သေး။

ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံအား စိုးမိုးအုပ်ချုပ်ရာတွင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏သွေးစည်းညီညွတ်မှုကို ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့ကြသည်။ တိုင်းရင်းသား အချင်းချင်းစည်းလုံးညီညွတ်မှုအား နည်းစေခဲ့သည်။ သို့ရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြန်လည်ရရှိ စေခဲ့သည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားများ၏ စုစည်းညီညွတ်မှုဖြင့် မြန်မာ့လွတ်လပ်ရေးကို တောင်းဆိုအရ ယူနိုင်ခဲ့သည်။ ဗြိတိသျှနယ်ချဲ့တို့၏ လက်အောက်တွင် ရှိနေခဲ့ရသည့် နှစ်ပေါင်း(၁၂၀)ကျော်ကာလအတွင်း လွတ်လပ်ရေး တိုက်ပွဲများတွင် တိုင်းရင်းပြည်သူများ တစ်စိတ်တစ်ဝမ်းတည်းဖြင့် နိုင်ငံလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။

အင်္ဂလိပ်နယ်ချဲ့တို့ အုပ်ချုပ်မှုကာလတွင် ယင်းတို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းခဲ့ရသည်။ သို့ရာတွင် လွတ်လပ်ရေး လှုပ်ရှားမှု ကာလတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အခိုင်အမာတည်ဆောက်နိုင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ သို့ရာတွင် လွတ်လပ်ရေးရခဲ့သည်မှာ နှစ်ပေါင်း (၇၃) နှစ်တိုင်ရှိခဲ့ပြီဖြစ်သော်လည်း လွတ်လပ်ရေးတိုက်ပွဲကာလအတွင်းက ရရှိခဲ့သော တိုင်းရင်းသားစည်းလုံးညီညွတ်မှုမှာ အားနည်းလျော့ဆင်းလာသည်ကို တွေ့ရသည်။ ဤကဲ့သို့ လွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းကျဆင်းသွားရခြင်းမှာ အဘယ်ကြောင့်ပါနည်း။ သမိုင်းသင်ခန်းစာများရယူရန် လိုအပ်ပေသည်။ သမိုင်းသင်ခန်းစာ ရယူရာတွင် အကြောင်းရင်းကို မှန်မှန်ကန်ကန်သုံးသပ်ရန်လိုအပ်သည်။ ဤသို့သုံးသပ်ရာ၌ ဆန္ဒစွဲကင်းရန်၊ နိုင်ငံတိုးတက်လိုစိတ်ရှိရန် လိုအပ်ပေလိမ့်မည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင်ပင် မြန်မာနိုင်ငံ၏ အနာဂတ်မျှော်မှန်းချက်နှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းအဓိဌာန်များကို ထုတ်ပြန် ကြေညာခဲ့သည်။ ထိုထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေးအဓိဌာန်ကိုးချက်ကို မဟာဗန္ဓုလပန်းခြံအတွင်း စိုက်ထူထားသော လွတ်လပ်ရေးကျောက်တိုင်တွင် ထွင်းထုထားရှိသည်။ လွတ်လပ်ရေး အဓိဌာန်းကိုးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သဝေမတိမ်း ချီတက်မည်။
၂။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည်စောင့်ထိန်းမည်။
၃။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ လွတ်လပ်သော နိုင်ငံသားတို့၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့၏ တာဝန်ဝတ္တရားများကို လည်း မတိမ်းမငဲ့ထမ်းဆောင်မည်။
၄။ ငါ့တို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ခေါင်းဆောင်းကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လုံလဥဿဟဖြင့် ရရှိပြီးသော အမျိုးသားညီညွတ်ရေးကို ကျောက်စိုင်ကျောက်ခဲကဲ့သို့ ခိုင်မြဲအောင်ထိန်းသိမ်းမည်။
၅။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံသားဟူသရွေ့ကို ကြီး၊ ငယ်၊ နီး၊ ဝေး မခြားတစ်သွေးတစ်သားတည်းပြု၍ နည်း၊ များ၊ နိမ့်၊ မြင့် မရှိစေရ။ ညီတူညီမျှပြုမည်။
၆။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့အား မတရားပြုသည်ကိုလည်း မခံ။ အသက်နှင့်လဲ၍ ကာကွယ်မည်။
၇။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာလိုက်နာကျင့်သုံးမည်။
၈။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့လွတ်လက်ရေးကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်မည်။
၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ကြီး ကမ္ဘာအရှည်တည်မြဲရေး တာဝန်သည် ငါတို့နှင့်တကွ ငါတို့သားမြေး နောင်လာအဆက်ဆက်တို့အပေါ်၌ တည်စေရမည်။

ထိုအဓိဌာန်များကို အကောင်အထည်ဖော်ရန် မိမိတို့ တိုင်းရင်းသားပြည်သူအားလုံးတွင် တာဝန်ရှိသည်။ သို့ရာတွင် တိုင်းရင်းသားပြည်သူများ၏ စိတ်ထဲတွင်မူ ထိုအဓိဌာန်များကို အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးဟု ခံစားနေကြရသည်။ ထို့ကြောင့်ပင် လွတ်လပ်ရေး ရပြီးသည်မှ နှစ်ပေါင်း (၇၀) လုံးလုံးအဆိုးကျော့သံသရာ၌ လည်ပတ်နေခဲ့ခြင်းဖြစ်သည်။ ယခုကျင်းပဆဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ တွင်လည်း တိုင်းရင်းသား အားလုံး တန်းတူညီမျှရေးကို ရှေ့တန်းတင် ဆွေးနွေးမှုများ ရှိလာခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိနိုင်ငံခေါင်းဆောင်များက ဤကဲ့သို့ဖြစ်ခဲ့ရသည်မှာ စီမံခန့်ခွဲမှုအလွဲများကြောင့်ဟု ဆိုကြသည်။ အခြားတစ်ဖက်တွင်လည်း တိုင်းရင်းသား ပြည်သူများ၏ ရင်းတွင်း၌ဖြစ်ပေါ် ခံစားနေကြရသည်များကို ပကတိအမြင်ဖြင့် ကြည့်မြင်သည်ကိုလည်း တွေ့ရသည်။ တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုမရှိ၍ ကျေနပ်မှုမရှိ။ ကျေနပ်မှုမရှိတော့် ဒေါသတွေ က ပွား။ ဒေါသတွေပွားတော့ လက်နက်ကိုင်တိုက်ခိုက်ရေးကို တွန်းပို့။ မငြိမ်းချမ်းတော့ ဖွံ့ဖြိုးတိုးတက်မှုမရှိဘူး စသည့် အဆိုးကျော့သံသရာဖြစ်နေခြင်းဖြစ်ကြောင်းဖြင့်လည်း ဆိုသည်။ အနာသိလျှင် ဆေးရှိရပေမည်။ နိုင်ငံခေါင်းဆောင်များသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှု အားနည်းနေရသည့်အကြောင်းရင်းကို မသိမဟုတ်၊ သိနေကြပြီးဖြစ်သည်။ ထိုအနာကို ကုစားပေးနိုင်ရန်သာ လိုသည်။

လွတ်လပ်ရေးကြေညာစာတမ်းတွင် “ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ အမွေအနှစ်မဟုတ်။ မည်သူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်းက ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလတံ့သော အနာဂတ်ကာလ၌လည်းကောင်း ငါတို့ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော ကြီးငယ်၊ နီးဝေး၊ ကျား/မ မခြား သစ္စာတော်ခံနိုင်ငံသားဟူသရွေ့ ၎င်းတို့၏အမွေအနှစ်အညီ ကမ္ဘာဦးကာလ လူတို့၏စည်းရုံးမှု၌ လူအပေါင်းတို့၏သဘောဆန္ဒအရ လူအဝှမ်း၏အကျိုးကို ကောင်းစွာ ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသော အခွင့်အရေးတူညီသော အဆင့်အတန်းအားဖြင့် ကမ္ဘာအရှည်တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာ နိုင်ငတော်တည်းဟူသော မြတ်သောအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင် ငါတို့အပိုင်ရပြီ”ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

ယနေ့နိုင်ငံအခြေအနေကို ကြည့်ပါက မြန်မာနိုင်ငံလွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လပ်ရေးအဓိဌာန်စာတမ်းတွင် ပါဝင်သည့် ရည်မှန်းချက်များသည် သိရှိရရန် သက်သက်မဟုတ်သည်ကား သေချာသည်။ နိုင်ငံအတွင်း တိုင်းရင်းသားပြည်သူများအားလုံး မည်သူမဆို သိရှိလိုက်နာကြရန်ဖြစ်သည်။ သို့ရာတွင် လွတ်လပ်ရေးကြေညာစာတမ်းနှင့် လွတ်လတ်ရေး အဓိဌာန်စာတမ်းပါ အချက်အလက်များအပေါ် မည်မျှလိုက်နာခဲ့ပါပြီလဲ။ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါပြီလဲ။ အသိ၊ သတိနှင့် စဉ်းစားဆင်ခြင်ရန် လိုအပ်လှပေပြီ။

နိုင်ငံတစ်နိုင်င ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ နိုင်ငံအတွင်းရှိ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုသည်လည်း အခြေခံလိုအပ်ချက်ဖြစ်သည်။ နိုင်ငံတကာဖိအားအမျိုးမျိုးနှင့် တွေ့ဆုံရေသည့် ယခုလိုအချိန်အခါတွင် ပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်မှုရှိကြရန်လိုသည်။ အရေးကြီးပြီး သွေးစည်းကြစို့ဆိုရာတွင် တိုင်းရင်းသားတို့စည်းလုံးညီညွတ်ရေးမှာ အရေးကြီး သည်။ တိုင်းရင်းသားအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအား ဖော်ဆောင် ပေးရန်လိုသည်။ အများပြောနေကြသည့် အာဏာခွဲဝေမှု၊ သယံဇာ တခွဲဝေမှုစသည်များတွင် ညီတူညီမျှဖြစ်ဖို့လိုသည်။ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သည့် ရခိုင်ပြည်နယ် လွတ်တော်ဥက္ကဌ ဦးစံကျော်လှက “အဓိကက ငြိမ်းချမ်းရန်၊ တည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း။ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေတွေကို လိုက်နာကြဖို့လိုကြောင်း။ ယနေ့ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြောင်းအရာများ အပါအဝင် တိုင်းရင်းသား နယ်မြေများတွင် ဖြစ်ပွားနေသည့် အကြောင်းအချက်အားလုံးမှာ တန်းတူညီမျှမရှိတဲ့အပေါ်မှာ သွားဆုံးနေကြောင်း။ ထို့ကြောင့် တိုင်းရင်းသားများ၊ ဗမာဆိုသည်မှာလည်း တိုင်းရင်းသားများဖြစ်ကြောင်း။ တိုင်းရင်းသားအားလုံး ညီတူညီမျှရှိကြမည်ဆိုပါက တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပေါ်နေသည့် ပြဿနာများမှာ ရှိလာမည်မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးကို မျက်နှာမူရမည်ဖြစ်ကြောင်း။ တစ်ယောက်ကို တစ်ယောက်အခွင့်အရေးဆိုတာ တူနိုင်လေလေ လုံးဝမတူနိုင်သော်လည်း အနီးစပ်ဆုံးတူညီနေလျှင် အကောင်းဆုံးပင်ဖြစ်ကြောင်း။ ပြောနေကျစကားအတိုင်း ပြောရမည်ဆိုပါက တန်းတူညီမျှမှုရှိဖို့လိုကြောင်း” ဖြင့် မီဒီယာနှင့်တွေ့ဆုံရာတွင် ပြောကြားသွားခဲ့သည်။

ထို့အတူ ကရင်သက္ကရာဇ် ၂၇၅၉ ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂၆) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် “ အပစ်အခတ်ရပ်ဆဲခြင်းသည် ငြိမ်းချမ်းရေးကို အမှန်တကယ်ရရှိထားခြင်း မဟုတ်ကြောင်း။ စစ်မှန်သော ငြိမ်းချမ်းရေးသည် မိမိတို့ ကရင်အမျိုးသားထုကြီးအပြင် မိမိတို့၏ ပြည်ထောင်စုအတွင်း နေထိုင်လျက်ရှိကြသော လူမျိုးတိုင်းကို လူမျိုးတစ်မျိုးအဖြစ် လေးစားအသိအမှတ်ပြုပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုအပြင် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို ရရှိမှသာလျှင် ဖြစ်နိုင်မည်ဖြစ်ကြောင်း KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားခဲ့ပြန်သည်။ တိုင်းရင်းသားခေါင်းဆောင်များ၏ ခံစားချက်နှင့် လိုအပ်ချက်များပင် ဖြစ်ပေသည်။

လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း(၇၃)နှစ်ရှိခဲ့ပြီ။ တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်သို့ လျှောက်လှမ်းလာခဲ့သည်မှာလည်း (၉) နှစ်အတွင်းသို့ ရောက်လာခဲ့ပြီဖြစ်သည်။ အပြောင်းအလဲ (၉) နှစ်တာကာလအတွင်း စိန်ခေါ်မှုမြောက်မြားစွာကို ရင်ဆိုင်ခဲ့ရသလို၊ လက်ရှိလည်းရင်ဆိုင်ဖြေရှင်းနေရဆဲရှိသည်။ အထူးသဖြင့် ပြည်တွင်း ငြိမ်းချမ်းသာယာဝပြောသော ဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးအတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးအတွေးသစ်၊ အမြင်သစ်၊ အယူအဆသစ်များကို ဖြစ်ပေါ်နေသည့် ခေတ်နှင့်လျော်ညီစွာ လက်ခံကျင့်သုံးသွားကြရန် လိုသည်။ အထူးသဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများအကြား စည်းလုံးညီညွတ်မှုအားနည်းခဲ့ရသည်များကို သဘောရိုးဖြင့် ရှုမြင်သုံးသပ်ကြပြီး အသိတရား၊ သတိတရားများဖြင့် လိုက်နာဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသားပြည်သူများ၏ အသက်၊ သွေး၊ ချွေးများဖြင့် ရယူခဲ့သော လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပေလိမ့်မည်။