• Today is: Wednesday, August 5, 2020

၂ဝဝ၈ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအေပၚ အျခားတစ္ဖက္မွ ႐ႈျမင္ျခင္း

Federal Journal
July13/ 2020

Zawgyi

ခ်င္းအမ်ဳိးသားတပ္ဦး (CNF)။ ခ်င္းအမ်ဳိးသားတပ္မေတာ္ (CNA) ရဲ႕ လက္ေထာက္ အေထြေထြအတြင္းေရးမွဴး ဆလိုင္းရမ္ကုလ္က်ဳံးႏွင့္ ေတြ႕ဆံုေမးျမန္းခန္း

ေမး။ ။ပထမဆုံးဆရာ့အမည္နဲ႔ လက္ရွိရာထူးကို ေျပာျပေပးပါ။

ေျဖ။ ။ကြၽန္ေတာ့္နာမည္က Salai Ram Kulh Cung (ဆလိုင္းရမ္ကုလ္က်ဳံး)ပါ။ ခ်င္းအမ်ဳိးသားတပ္ဦး (CNA)/ ခ်င္းအမ်ဳိးသားတပ္မေတာ္ (CNA) ရဲ႕ လက္ ေထာက္ အေထြေထြအတြင္းေရးမွဴး (၁) ပါ။

ေမး။ ။လက္တေလာေလးအတြင္းက လႊတ္ေတာ္မွာ ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ႀကိဳးပမ္း မႈေတြကိုၾကည့္တဲ့ အခါ တပ္မေတာ္ရဲ႕သေဘာထားရပ္တည္ခ်က္အေပၚ ဘယ္လိုသုံးသပ္မိပါသလဲ။

ေျဖ။ ။ဥပေဒေၾကာင္းအရ ေျပာရရင္ လႊတ္ ေတာ္တြင္းက အႏိုင္ရပါတီ အမတ္ေတြက ၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို လက္ခံထားၿပီး ျဖစ္တယ္။ ၂ဝဝ၈ ဖြဲ႕စည္းပံု ကို မႏွစ္သက္ၾကေသာ္လည္း ဒီလမ္းေၾကာင္း ကို ေရြးခ်ယ္ခဲ့ၾကၿပီးျဖစ္တယ္။ လႊတ္ေတာ္ ထဲမွာ ျပင္လို႔ရတယ္ဆိုေပမယ့္ ၂ဝဝ၈ ေဘာင္ ထဲက ျပင္ဆင္ရမွာ ျဖစ္တယ္။ ၂ဝဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒကို ၂ဝဝ၈ ေဘာင္ထဲက ျပင္ဆင္ ဖို႔ဆိုတာက မျဖစ္ႏိုင္သေလာက္ ကို ခက္တယ္ ဆိုတာ အားလံုးအသိပဲ ျဖစ္တယ္။ ဒါေၾကာင့္ ျမန္မာ့တပ္ မေတာ္က ၂ဝဝ၈ ဖဲြ႕စည္းပံု အေျခခံဥပေဒျပင္ဆင္ေရး ကို လႊတ္ေတာ္ထဲမွာ ႀကီးႀကီး မားမား လုပ္မွာ မဟုတ္ဘူး၊ အနည္းအက်ဥ္းေလာက္ပဲ လုပ္ပါလိမ့္မယ္။

ၿပီးေတာ့ ျမန္မာ့တပ္မေတာ္က တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လမ္းေၾကာင္းကေန ၂ဝဝ၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒကို ျပင္ဆင္ဖို႔၊ ျဖည့္စြက္ဖို႔၊ ပယ္ဖ်က္ဖို႔ တံခါး ဖြင့္ထား တယ္။ ဒီေပၚလစီရွိတဲ့အတြက္ လႊတ္ေတာ္တြင္းလမ္း ေၾကာင္းမွာ ေလာေလာဆယ္ေတာ့ မျဖစ္ႏိုင္ေသးဘူး။ ၂ဝဝ၈ ေဘာင္အတိုင္း ခိုင္ခိုင္မာမာ ရပ္တည္ပါလိမ့္ မယ္။
တိုင္းရင္းသား လက္နက္ကိုင္ေတာ္လွန္ေရးအဖြဲ႕ အစည္း (EAO) ေတြက ၂ဝဝ၈ ဖဲြ႕စည္းပံုအေျခခံဥပေဒ ကို လက္မခံတဲ့အတြက္ လႊတ္ေတာ္ျပင္ပလမ္းေၾကာင္း ကေန ေဆြးေႏြးညႇိႏိႈင္းရျခင္း ျဖစ္တယ္။ လႊတ္ေတာ္ တြင္းပဲျဖစ္ျဖစ္၊ လႊတ္ေတာ္ျပင္ပပဲျဖစ္ျဖစ္ ျမန္မာ့တပ္မ ေတာ္က ၂ဝဝ၈ ဖဲြ႕စည္းပံုကို အတတ္ႏိုင္ဆံုး ကာကြယ္ ပါလိမ့္မယ္။ အခုဆို NCA လမ္းေၾကာင္းလည္း တစ္ဆို႔ ေနတာပဲေလ။ လႊတ္ေတာ္တြင္းမွာ ၂ဝဝ၈ ေဘာင္ အေလ်ာက္၊ လႊတ္ေတာ္ျပင္ပမွာ NCA ေဘာင္ အေလ်ာက္ သူတို႔ ကာကြယ္ပါလိမ့္မယ္။ ဆိုေတာ့ ခ်ဳပ္ရရင္ သူ႔တို႔ ဖြဲ႕စည္းပံုကို သူတို႔ အေကာင္းဆံုး ကာကြယ္ေနပါတယ္။

ေမး။ ။ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးဟာ ျမန္မာျပည္ ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈအေပၚ ဘယ္ေလာက္ထိ ဆက္စပ္သက္ေရာက္မႈ ရွိေနတယ္လို႔ ျမင္မိပါလဲ။

ေျဖ။ ။ၿငိမ္းခ်မ္းေရးဆိုတာက လက္နက္ကိုင္တိုက္ခိုက္ ေနၾကလို႔ ၿငိမ္းခ်မ္းေရးတည္ေဆာက္တယ္လို႔ သံုးႏႈန္းၾကတာေပါ့။ ၿငိမ္းခ်မ္းေရးတည္ေဆာက္တယ္ ဆိုတာက တကယ္ေတာ့ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈ လုပ္တာပါ။ ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲေရးအတြက္ ႏိုင္ငံေရးေဆြးေႏြးပြဲလုပ္တာေပါ့။ ႏိုင္ငံေရးျပဳျပင္ ေျပာင္းလဲမႈအတြက္ အေရးအႀကီးဆံုးက ဖဲြ႕စည္းပံု အေျခခံဥပေဒပဲ။ ဒါေၾကာင့္ ၂ဝဝ၈ ဖြဲ႔စည္းပံုအေျခခံ ဥပေဒကို ျပင္ဆင္ဖို႔၊ ျဖည့္စြက္ဖို႔၊ ပယ္ဖ်က္ဖို႔ ေဆာင္ ရြက္တာဟာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးရဲ႕ အဓိက ေသာ့ခ်က္ပဲ။

ေမး။ ။လႊတ္ေတာ္ျပင္ပမွာ က်င္းပေနတဲ႔ ျပည္ေထာင္စုျငိမ္း ခ်မ္းေရး ညီလာခံက ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြကေရာ အေျခခံဥပေဒ ျပင္ဆင္ေရး သို႔မဟုတ္ အသစ္ေရးဆြဲ ေရးအတြက္ ဘယ္ေလာက္ထိ နီးစပ္မႈရွိတယ္လို႔ သုံးသပ္မိပါသလဲ။

ေျဖ။ ။လႊတ္ေတာ္ျပင္ပလမ္းေၾကာင္းဆိုတာ တစ္နည္း ေျပာရရင္ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္မ်ဳိးပါ၊ ျပည္ ေထာင္စု ျပန္လည္တည္ေဆာက္ေရးလႊတ္ေတာ္ေပါ့။ EAO ေတြအေနနဲ႔ ဒီလမ္းေၾကာင္းကို ေဖာက္ခ်င္လို႔ NCA ကို ေဆြးေႏြးခဲ့ၾကတာေလ။ USDP အစိုးရက ဒါကို လက္ခံ ေဆာင္ရြက္တယ္။ NLD အစိုးရကလည္း USDP အစိုးရရဲ႕ ေဆာင္ရြက္မႈကို အစိုးရတစ္ရပ္အေနနဲ႔ ဆက္လက္ ေဆာင္ရြက္တယ္လို႔ ေျပာထားတယ္။ ျမန္မာ့တပ္မေတာ္ကလည္း NCA လမ္းေၾကာင္းကို ‘ျပည္ေထာင္စုရဲ႕ ထြက္ရပ္လမ္း’ လို႔ ေျပာထားတယ္။ ႏိုင္ငံေရးပါတီေတြကလည္း ဒါကို လက္ခံလို႔ ပူးတြဲ ေဆာင္ရြက္ၾကတယ္။ တိုင္းရင္းသား ကိုယ္စားလွယ္ ေတြ၊ တတ္သိပညာရွင္ေတြလည္း ပါဝင္ၾကတယ္။ ဒါေၾကာင့္ ျပည္ထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁) ရာစု ပင္လံုဟာ ၂ဝဝ၈ ဖဲြ႕စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္း၊ ပယ္ဖ်က္ျခင္းအတြက္ ‘အဓိကလမ္းေၾကာင္း’ လို႔ ေျပာလို႔ရပါတယ္။

ေမး။ ။ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ထဲမွာ ပါဝင္တဲ႕ အခ်က္ေပါင္း ၅ဝ ေက်ာ္ဟာ တိုင္းရင္းသားမ်ား လိုလားတဲ့ ႏိုင္ငံေရးအာမခံခ်က္ကို ေပးႏိုင္တယ္လို႔ ထင္ပါသလား။ ဘယ္အတိုင္းအတာထိ ပါဝင္တယ္ လို႔ ယူဆမိပါသလဲ။

ေျဖ။ ။ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ဆိုတာ အစိုးရ၊ လႊတ္ေတာ္၊ တပ္မေတာ္ ကိုယ္စားလွယ္ေတြ၊ EAO ကိုယ္စားလွယ္ေတြ၊ ႏိုင္ငံေရးပါတီကိုယ္စားလွယ္ ေတြအၾကား ျပည္ေထာင္စုျမန္မာႏိုင္ငံကို ဘယ္လို ျပန္လည္ တည္ေဆာက္မယ္ဆိုတဲ့ သေဘာတူညီခ်က္ ေတြကို အျပန္အလွန္ ကတိကဝတ္ျပဳၾကတဲ့ ‘ႏိုင္ငံေရး ပဋိညာဥ္’ ျဖစ္တယ္။ ဒီစာခ်ဳပ္က တိုင္းျပည္ရဲ႕ အနာဂတ္ကို ပံုေဖာ္တည္ ေဆာက္သြားပါလိမ့္မယ္။

ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း (၁) နဲ႔ အစိတ္အပိုင္း (၂) မွာ ရရွိထားတဲ့ သေဘာတူညီ ခ်က္ (၅၁) ခ်က္က ကနဦး သေဘာတူညီခ်က္မ်ားသာ ျဖစ္ပါတယ္။ ဒါကို အေျခခံၿပီး ေျပာဖို႔ေတာ့ ေစာပါေသး တယ္။ အထူးသျဖင့္ အစိတ္အပိုင္း (၂) ဆိုရင္ Process ထိန္းသိမ္းေရးအတြက္ ျပဳလုပ္တဲ့ (၂၁) ရာစု ပင္လံု တတိယအစည္းအေဝးရဲ႕ ရလဒ္ျဖစ္တာေၾကာင့္ ေယဘုယ်ဆန္ဆန္ အခ်က္ အလက္မ်ားသာ ျဖစ္တယ္။

အစိတ္အပိုင္း (၁) ရဲ႕ ႏိုင္ငံေရးက႑မူဝါဒ သေဘာတူညီခ်က္ (၄-က) မွာ ‘ႏိုင္ငံေတာ္ကို ဒီမိုက ေရစီႏွင့္ ဖက္ဒရယ္စနစ္ကို အေျခခံေသာ ျပည္ေထာင္စု အျဖစ္ ဖြဲ႕စည္းရမည္’လို႔ ပါရွိပါတယ္။ ဒါက ျပည္ေထာင္စု သေဘာတူ စာခ်ဳပ္ရဲ႕ အဓိက ‘လမ္းၫႊန္မူ’ပဲ။ ျပည္ ေထာင္စုသား အားလံုးရဲ႕ ဘံုေမွ်ာ္မွန္းခ်က္ (Common Vision) ျဖစ္တယ္။ ဒီအခ်က္က အင္မတန္ အေရးႀကီး တဲ့ ႏိုင္ငံေရးအာမခံခ်က္ကို ေပးထားပါတယ္။ ဒီလမ္း ၫႊန္မူအေပၚ အေျခခံၿပီး ဘယ္လို ဒီမိုကေရစီစနစ္လဲ၊ ဘယ္လို ဖက္ဒရယ္စနစ္လဲဆိုတာကို ဆက္လက္ေဆြး ေႏြးညႇိႏိႈင္းရဦးမွာ ျဖစ္တယ္။
ဆိုရရင္ ဒီစာခ်ဳပ္ဟာ တိုင္းရင္းသားလူမ်ဳိးေတြရဲ႕ ႏိုင္ငံေရးအာမခံခ်က္ပဲ။ ႏိုင္ငံေရးအာမခံခ်က္ ဘယ္ ေလာက္ ရွိတယ္၊ မရွိဘူးဆိုတာကေတာ့ အစိုးရ၊ EAO နဲ႔ ႏိုင္ငံေရးပါတီေတြရဲ႕ ညႇိႏိႈင္းေဆြးေႏြးႏိုင္မႈနဲ႔ ျပည္သူလူထုရဲ႕ ဖိအားေပးမႈအေပၚမွာ မူတည္ပါလိမ့္ မယ္။

ေမး။ ။လက္ရိွအခ်ိန္အထိ တိုင္းရင္းသားမ်ား (ႏွစ္ေပါင္း ၇ဝ ေက်ာ္) တိုက္ပြဲဝင္ခဲ့ေပမယ့္လည္း ကိုယ္လိုခ်င္တာ မရေသးဘူးျဖစ္ေနတာ ဘာေၾကာင့္လဲ။ အဓိက တရားခံ သို႔မဟုတ္ တာဝန္ရိွသူက ဘယ္သူလဲ။ ဘာေတြ လိုအပ္ခ်က္ရိွသလဲ။ ဘာေတြ ဆက္လုပ္ဖို႔ လိုအပ္သလဲ။

ေျဖ။ ။ဟုတ္ကဲ့၊ ဒီမိုကေရစီေရး၊ အမ်ဳိးသားတန္းတူ ေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္ အျပည့္အဝရွိတဲ့ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ေရးအတြက္ တိုင္းရင္းသားလူမ်ဳိးေတြ တိုက္ပြဲဝင္လာတာ ႏွစ္ေပါင္း (၇ဝ) ေက်ာ္ခဲ့ပါၿပီ။ လက္နက္ကိုင္ၿပီးတိုက္ပြဲဝင္တဲ့သူ၊ လက္နက္မကိုင္ဘဲ တိုက္ပြဲဝင္တဲ့သူ အားလံုးေပါ့။

အဓိကတာဝန္ရွိသူဆိုရင္ေတာ့ ျမန္မာ့တပ္မ ေတာ္၊ ဒီမိုကေရစီအင္အားစုေတြနဲ႔ တိုင္းရင္းသား အင္အားစုေတြလို႔ ဆိုရမယ္။ သံုးပြင့္ဆိုင္လို႔ ကြၽန္ေတာ္ တို႔ေျပာတာ အဲဒါပဲေလ။ အခု ဒီမိုကေရစီအင္အားစု ထဲမွာ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) က အစိုးရျဖစ္လာၿပီ။ တိုင္းရင္းသား အင္အားစုမွာ EAO ေတြ ရွိမယ္၊ ႏိုင္ငံေရးပါတီေတြ ရွိမယ္။

ဘာေတြ လိုအပ္ခ်က္ရွိသလဲဆိုရင္ေတာ့ ႏိုင္ငံ ေရး အေပးအယူ၊ အေလ်ာ့အတင္းလုပ္ႏိုင္မယ့္ အခင္း အက်င္းကို မဖန္တီးႏိုင္တာပဲ။ အခုေတာ့ လမ္းနည္း နည္း ပြင့္လာပါၿပီ။
ဘာေတြ ဆက္လုပ္ဖို႔လိုသလဲဆိုရင္ေတာ့ EAO ေတြ ၾကားထဲမွာ အလုပ္လုပ္ႏိုင္မယ့္ စုစည္းမႈလိုတယ္၊ တိုင္းရင္းသားႏိုင္ငံေရးပါတီ (EPP)၊ တိုင္းရင္းသား အရပ္ဘက္ လူ႔အဖြဲ႕အစည္း (ECSO) ေတြၾကားမွာ လည္း စုစည္းမႈလိုတယ္၊ တိုင္းရင္းသားအင္အားစုေတြနဲ႔ ျမန္မာႏိုင္ငံေရးပါတီ၊ ျမန္မာအရပ္ဘက္လူ႔အဖြဲ႕အစည္း ေတြၾကားမွာ စုစည္းမႈလိုတယ္၊ ႏိုင္ငံတကာရဲ႕ ေထာက္ခံ အားေပးမႈ လိုတယ္၊ ျမန္မာ့တပ္မေတာ္နဲ႔ ႏိုင္ငံေရး အေပးအယူ လုပ္ဖို႔ လိုတယ္။ ဒီလုိအပ္ခ်က္ေတြကို ေဖာ္ေဆာင္ရမွာေပါ့။

ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ ေဆာက္ဖို႔အတြက္ ထူးျခားဆန္းျပားတဲ့နည္းလမ္း ဆိုတာ မရွိပါဘူး။ ႏိုင္ငံေရးေဆြးေႏြးပြဲကို အဆက္ မျပတ္လုပ္ေနဖို႔ပဲ လိုတယ္။ အေပးအယူမွ်သြားတဲ့ တစ္ေန႔က်ရင္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု ဆိုတာ ေပၚထြန္းလာမွာပါ။

တစ္ခုေတာ့ ရွိတယ္။ သိပ္ၾကာရင္ေတာ့ မေကာင္း ဘူး။ အခုေတာင္ ကြၽန္ေတာ္တို႔တိုင္းျပည္က အာဆီယံ (၁ဝ) ႏိုင္ငံထဲမွာ အေျခအေန ေတာ္ေတာ္ဆိုးေနတာ ေလ။ ၾကာရင္ေတာ့ လာအုိတို႔၊ ကေမၻာဒီယားတို႔ေတာင္ ကြၽန္ေတာ္တို႔ကို ေက်ာ္တက္သြားလိမ့္မယ္။ ကြၽန္ေတာ္ တို႔ တိုင္းျပည္ရဲ႕ အဘက္ဘက္က နိမ့္က်ေနမႈကို ရပ္တန္႔သင့္ပါၿပီ။ ကြၽန္ေတာ္တို႔အားလံုး အတူတကြ ရွင္သန္ေရး၊ အတူတကြ ႀကီးပြားတိုးတက္ေရးကို အျမန္ဆံုး ေရြးခ်ယ္သင့္ၿပီ။

ေမး။ ။ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးႏွင့္ပတ္သက္ျပီး တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္ေတြက ဘယ္လို သေဘာထားေတြရွိတယ္ ထင္ပါသလဲ။

ေျဖ။ ။တကယ္ဆို ကြၽန္ေတာ္တို႔က ၂ဝဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒကို ဖ်က္သိမ္းၿပီး အသစ္ေရးဆြဲခ်င္တာပါ။ ဒါေပမဲ့ ႏိုင္ငံေရးဆိုတာ အေပးအယူလုပ္ရတာေလ။ ဒါေၾကာင့္ NCA ထဲမွာ အသစ္ေရးဆြဲမယ္လည္း မေျပာ ဘူး။ ျပင္ဆင္ေရးလမ္းေၾကာင္းလို႔လည္း တိတိက်က် မေျပာဘူး။ NCA အခန္း (၅)၊ အပိုဒ္ (၂၂-ဃ) မွာ ‘ျပည္ေထာင္စုညီလာခံမွ ထြက္ေပၚလာေသာ ဆံုးျဖတ္ ခ်က္မ်ားအေပၚ အေျခခံ၍ ဖြဲ႕စည္းပံုအေျခခံဥပေဒ အပါအဝင္ ဥပေဒမ်ားကို လိုအပ္သလို ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္းႏွင့္ ပယ္ဖ်က္ျခင္းမ်ားကို လုပ္ထံုး လုပ္နည္းႏွင့္အညီ ျပဳလုပ္ရန္ သေဘာတူညီသည္’ ဆိုၿပီး ေဖာ္ျပထားတယ္။

ဒါေပမဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုတာက အေဟာင္းပဲျပင္ျပင္၊ အသစ္ပဲေရးေရး သူ႔ရဲ႕ ေဘာင္ (Frame) က ရွိၿပီးသားေလ။ အေရးႀကီးတာက ဒီမို ကေရစီစနစ္နဲ႔ ဖက္ဒရယ္စနစ္ကို ပီပီျပင္ျပင္ ေဖာ္ ေဆာင္ဖို႔ပါပဲ။ ၿပီးေတာ့ လႊတ္ေတာ္တြင္းလမ္းေၾကာင္း ျဖစ္ျဖစ္၊ လႊတ္ေတာ္ျပင္ပလမ္းေၾကာင္းျဖစ္ျဖစ္ ဒီမို ကေရစီစနစ္နဲ႔ ဖက္ဒရယ္စနစ္ကို ေဖာ္ေဆာင္ႏိုင္ဖို႔က သာ အဓိကပါ။ ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန အားလံုး ဝိုင္းလုပ္ၾကရမွာေပါ့။ ျပည္ေထာင္စုအေရးကို ေဆာင္ ရြက္ေနတာျဖစ္တဲ့အတြက္ ျပည္ေထာင္စုအဖဲြ႕ဝင္ ျပည္နယ္ေတြအားလံုး၊ ျပည္ေထာင္စုသားအားလံုး လက္တြဲေဆာင္ရြက္ဖို႔ လိုပါတယ္။

ေမး။ ။ေနာက္ဆုံးအေနနဲ႔ လက္ရွိျမန္မာ့ႏိုင္ငံေရး အေျခအေန ေပၚ သုံးသပ္ေပးပါ။

ေျဖ။ ။လတ္တေလာမွာေတာ့ ေထြေထြထူးထူး မျမင္မိ ဘူး။ အခုအခ်ိန္မွာ COVID-19 ကို အားလံုးရင္ဆိုင္ ေနရတယ္ေလ။ ဒါေပမဲ့ COVID-19 က ကြၽန္ေတာ့္တို႔ရဲ႕ ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈကို အေထာက္အကူျပဳမယ့္ အလား အလာေတာ့ မေတြ႕မိေသးဘူး။ COVID-19 Response ကို အစိုးရနဲ႔ EAI တို႔ ဘယ္ေလာက္အထိ ပူးေပါင္းေဆာင္ရြက္ႏိုင္မလဲ မေျပာတတ္ေသးဘူး။ ျမန္မာ့တပ္မေတာ္က အပစ္အခတ္ရပ္စဲေရး ေၾကညာ တယ္ဆိုေပမယ့္ AA နဲ႔ေတာ့ တိုက္ေနတုန္းပဲ။ အစိုးရနဲ႔ တပ္မေတာ္ေသာ္လည္းေကာင္း၊ အစိုးရနဲ႔ EAO ေသာ္ လည္းေကာင္း၊ တပ္မေတာ္နဲ႔ EAO ေသာ္လည္း ေကာင္း COVID-19 Response အတူတကြ လုပ္ရင္း တစ္စံုတရာ ယံုၾကည္မႈ တည္ေဆာက္ႏိုင္ရင္ေတာ့ ေကာင္းမယ္။

ေယဘုယ်အေနနဲ႔ သံုးသပ္ၾကည့္ရင္ ၂ဝဝ၈ မွာ ဖဲြ႕စည္းပံုအေျခခံဥပေဒကို အတည္ျပဳတယ္။ ၂ဝ၁ဝ မွာ အေထြေထြေရြးေကာက္ပြဲလုပ္ေတာ့ ၂ဝ၁၁ မွာ လႊတ္ေတာ္ဆိုတာ ျဖစ္လာတယ္။ အဲဒီတုန္းက လုပ္ရင္း၊ သင္ရင္းေပါ့။ ၂ဝ၁၅ မွာ အေထြေထြေရြး ေကာက္ပြဲလုပ္တယ္။ အဲဒီမွာလည္း အစိုးရသစ္ဆို ေတာ့ လုပ္ရင္း၊ သင္ရင္းေပါ့။ အခု ၂ဝ၂ဝ မွာ အေထြေထြ ေရြးေကာက္ပြဲ လုပ္မယ္။ ဒီအခ်ိန္မွာေတာ့ (၁ဝ) ႏွစ္ အေတြ႕အႀကံဳအရ ပိုၿပီးေတာ့ လုပ္တတ္၊ ကိုင္တတ္ မယ့္ သေဘာရွိတယ္။ တကယ္လို႔သာ ၂ဝ၂၅ မွာ အေထြေထြေရြးေကာက္ပြဲလုပ္ႏိုင္မယ္ဆိုရင္ ၂ဝဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒသက္တမ္းဟာ (၁၇) ႏွစ္ ရွိေတာ့မယ္။ ဒါဆို ျပည္ေထာင္စုျမန္မာႏိုင္ငံသမိုင္းမွာ သက္တမ္းအရွည္ဆံုး ဖြဲ႕စည္းပံုအေျခခံဥပေဒ ျဖစ္သြား လိမ့္မယ္။ ၂ဝ၃ဝ မွာ အေထြေထြေရြးေကာက္ပြဲ ထပ္ လုပ္ႏိုင္မယ္ဆိုရင္ ၂ဝဝ၈ ဖဲြ႕စည္းပံုအေျခခံဥပေဒ သက္တမ္းဟာ (၂၃) ႏွစ္ ရွိေတာ့ မယ္။ ဒါေၾကာင့္ ၂ဝ၂ဝ နဲ႔ ၂ဝ၃ဝ ၾကားကာလ၊ အထူးသျဖင့္ ၂ဝ၂ဝ နဲ႔ ၂ဝ၂၅ ၾကားကာလဟာ အင္မတန္အေရးႀကီးတဲ့ အခ်ိန္ကာလ ျဖစ္တယ္။

(၂၁) ရာစု ပင္လံုညီလာခံက ဖက္ဒရယ္ဒီမိုက ေရစီ ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္မလား၊ ၂ဝဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒဟာ ထာဝရတည္တ့ံသြား ေတာ့မွာလား၊ ျမန္မာ့တပ္မေတာ္ဟာ ႏိုင္ငံေရးမွာ အၿမဲတမ္း ႀကီးစိုးႏိုင္မလား၊ ျမန္မာ့တပ္မေတာ္ထဲမွာ သေဘာထားရပ္တည္ခ်က္ အေျပာင္းအလဲရွိလာႏိုင္ သလား၊ ၂ဝ၃ဝ အလြန္မွာ NLD က ဘယ္လိုျဖစ္ လာမလဲ၊ ပညာတတ္မ်ဳိးဆက္သစ္ ႏိုင္ငံေရးသမား ေတြ တည္ေထာင္တဲ့ ႏိုင္ငံေရးပါတီသစ္ ေပၚထြက္လာ မလား၊ EAO နယ္ေျမေတြဟာ ထာဝရတည္တံ့သြားမွာ လား၊ ဒါမွမဟုတ္ တိုင္းရင္းသားလူမ်ဳိးေတြဟာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ကို စြန္႔ခြာၿပီး လမ္းေၾကာင္း သစ္ကို ရွာၾကမွာလား၊ လက္နက္ကိုင္ေတာ္လွန္ေရးဟာ ပံုစံေတြ ေျပာင္းသြားမလား၊ ASEAN Community ဟာ ဘယ္ေလာက္ထိ အားေကာင္းလာမလဲ၊ တ႐ုတ္ရဲ႕ လႊမ္းမိုးမႈဟာ ဘယ္အတိုင္းအတာအထိေရာက္သြား မလဲ၊ ျပည္သူလူထုရဲ႕ ႏိုင္ငံေရး သေဘာထားအျမင္ေတြ က ဘယ္လိုျဖစ္လာမလဲ၊ ဒီလို ေမးခြန္းေပါင္းမ်ားစြာကို အစိုးရ၊ ျမန္မာ့တပ္မေတာ္၊ EAO နဲ႔ ႏိုင္ငံေရးပါတီေတြ ေျဖၾကရမယ္။ ဒါေၾကာင့္ လာမယ့္ အေထြေထြေရြး ေကာက္ပြဲကစလို႔ ၂ဝ၂ဝ-၂ဝ၂၅ ကာလမွာ ဘာေတြ ျဖစ္လာမလဲ၊ ဘယ္သူေတြက ဘာေတြလုပ္ၾကမလဲ ဆိုတာ အင္မတန္ စိတ္ဝင္စားဖြယ္ေကာင္းပါလိမ့္မယ္။

အယ္ဒီတာအဖြဲ႕

 

Unicode

ချင်းအမျိုးသားတပ်ဦး (CNF)။ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ လက်ထောက် အထွေထွေအတွင်းရေးမှူး ဆလိုင်းရမ်ကုလ်ကျုံးနှင့် တွေ့ဆုံမေးမြန်းခန်း

မေး။ ။ပထမဆုံးဆရာ့အမည်နဲ့ လက်ရှိရာထူးကို ပြောပြပေးပါ။

ဖြေ။ ။ကျွန်တော့်နာမည်က Salai Ram Kulh Cung (ဆလိုင်းရမ်ကုလ်ကျုံး)ပါ။ ချင်းအမျိုးသားတပ်ဦး (CNA)/ ချင်းအမျိုးသားတပ်မတော် (CNA) ရဲ့ လက် ထောက် အထွေထွေအတွင်းရေးမှူး (၁) ပါ။

မေး။ ။လက်တလောလေးအတွင်းက လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ကြိုးပမ်း မှုတွေကိုကြည့်တဲ့ အခါ တပ်မတော်ရဲ့သဘောထားရပ်တည်ချက်အပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ။ ။ဥပဒေကြောင်းအရ ပြောရရင် လွှတ် တော်တွင်းက အနိုင်ရပါတီ အမတ်တွေက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံထားပြီး ဖြစ်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ ကို မနှစ်သက်ကြသော်လည်း ဒီလမ်းကြောင်း ကို ရွေးချယ်ခဲ့ကြပြီးဖြစ်တယ်။ လွှတ်တော် ထဲမှာ ပြင်လို့ရတယ်ဆိုပေမယ့် ၂ဝဝ၈ ဘောင် ထဲက ပြင်ဆင်ရမှာ ဖြစ်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂ဝဝ၈ ဘောင်ထဲက ပြင်ဆင် ဖို့ဆိုတာက မဖြစ်နိုင်သလောက် ကို ခက်တယ် ဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။ ဒါကြောင့် မြန်မာ့တပ် မတော်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ကို လွှတ်တော်ထဲမှာ ကြီးကြီး မားမား လုပ်မှာ မဟုတ်ဘူး၊ အနည်းအကျဉ်းလောက်ပဲ လုပ်ပါလိမ့်မယ်။

ပြီးတော့ မြန်မာ့တပ်မတော်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းကနေ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့၊ ဖြည့်စွက်ဖို့၊ ပယ်ဖျက်ဖို့ တံခါး ဖွင့်ထား တယ်။ ဒီပေါ်လစီရှိတဲ့အတွက် လွှတ်တော်တွင်းလမ်း ကြောင်းမှာ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ ၂ဝဝ၈ ဘောင်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ပါလိမ့် မယ်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်း (EAO) တွေက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လက်မခံတဲ့အတွက် လွှတ်တော်ပြင်ပလမ်းကြောင်း ကနေ ဆွေးနွေးညှိနှိုင်းရခြင်း ဖြစ်တယ်။ လွှတ်တော် တွင်းပဲဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပပဲဖြစ်ဖြစ် မြန်မာ့တပ်မ တော်က ၂ဝဝ၈ ဖွဲ့စည်းပုံကို အတတ်နိုင်ဆုံး ကာကွယ် ပါလိမ့်မယ်။ အခုဆို NCA လမ်းကြောင်းလည်း တစ်ဆို့ နေတာပဲလေ။ လွှတ်တော်တွင်းမှာ ၂ဝဝ၈ ဘောင် အလျောက်၊ လွှတ်တော်ပြင်ပမှာ NCA ဘောင် အလျောက် သူတို့ ကာကွယ်ပါလိမ့်မယ်။ ဆိုတော့ ချုပ်ရရင် သူ့တို့ ဖွဲ့စည်းပုံကို သူတို့ အကောင်းဆုံး ကာကွယ်နေပါတယ်။

မေး။ ။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ မြန်မာပြည် ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ် ဘယ်လောက်ထိ ဆက်စပ်သက်ရောက်မှု ရှိနေတယ်လို့ မြင်မိပါလဲ။

ဖြေ။ ။ငြိမ်းချမ်းရေးဆိုတာက လက်နက်ကိုင်တိုက်ခိုက် နေကြလို့ ငြိမ်းချမ်းရေးတည်ဆောက်တယ်လို့ သုံးနှုန်းကြတာပေါ့။ ငြိမ်းချမ်းရေးတည်ဆောက်တယ် ဆိုတာက တကယ်တော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်တာပါ။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲလုပ်တာပေါ့။ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုအတွက် အရေးအကြီးဆုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ။ ဒါကြောင့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့၊ ဖြည့်စွက်ဖို့၊ ပယ်ဖျက်ဖို့ ဆောင် ရွက်တာဟာ ပြည်ထောင်စုငြိမ်းချမ်းရေးရဲ့ အဓိက သော့ချက်ပဲ။

မေး။ ။လွှတ်တော်ပြင်ပမှာ ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံက ငြိမ်းချမ်းရေးဖြစ်စဉ်တွေကရော အခြေခံဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲ ရေးအတွက် ဘယ်လောက်ထိ နီးစပ်မှုရှိတယ်လို့ သုံးသပ်မိပါသလဲ။

ဖြေ။ ။လွှတ်တော်ပြင်ပလမ်းကြောင်းဆိုတာ တစ်နည်း ပြောရရင် တိုင်းပြုပြည်ပြုလွှတ်တော်မျိုးပါ၊ ပြည် ထောင်စု ပြန်လည်တည်ဆောက်ရေးလွှတ်တော်ပေါ့။ EAO တွေအနေနဲ့ ဒီလမ်းကြောင်းကို ဖောက်ချင်လို့ NCA ကို ဆွေးနွေးခဲ့ကြတာလေ။ USDP အစိုးရက ဒါကို လက်ခံ ဆောင်ရွက်တယ်။ NLD အစိုးရကလည်း USDP အစိုးရရဲ့ ဆောင်ရွက်မှုကို အစိုးရတစ်ရပ်အနေနဲ့ ဆက်လက် ဆောင်ရွက်တယ်လို့ ပြောထားတယ်။ မြန်မာ့တပ်မတော်ကလည်း NCA လမ်းကြောင်းကို ‘ပြည်ထောင်စုရဲ့ ထွက်ရပ်လမ်း’ လို့ ပြောထားတယ်။ နိုင်ငံရေးပါတီတွေကလည်း ဒါကို လက်ခံလို့ ပူးတွဲ ဆောင်ရွက်ကြတယ်။ တိုင်းရင်းသား ကိုယ်စားလှယ် တွေ၊ တတ်သိပညာရှင်တွေလည်း ပါဝင်ကြတယ်။ ဒါကြောင့် ပြည်ထာင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းအတွက် ‘အဓိကလမ်းကြောင်း’ လို့ ပြောလို့ရပါတယ်။

မေး။ ။ပြည်ထောင်စု သဘောတူစာချုပ်ထဲမှာ ပါဝင်တဲ့ အချက်ပေါင်း ၅ဝ ကျော်ဟာ တိုင်းရင်းသားများ လိုလားတဲ့ နိုင်ငံရေးအာမခံချက်ကို ပေးနိုင်တယ်လို့ ထင်ပါသလား။ ဘယ်အတိုင်းအတာထိ ပါဝင်တယ် လို့ ယူဆမိပါသလဲ။

ဖြေ။ ။ပြည်ထောင်စုသဘောတူစာချုပ်ဆိုတာ အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကိုယ်စားလှယ်တွေ၊ EAO ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီကိုယ်စားလှယ် တွေအကြား ပြည်ထောင်စုမြန်မာနိုင်ငံကို ဘယ်လို ပြန်လည် တည်ဆောက်မယ်ဆိုတဲ့ သဘောတူညီချက် တွေကို အပြန်အလှန် ကတိကဝတ်ပြုကြတဲ့ ‘နိုင်ငံရေး ပဋိညာဉ်’ ဖြစ်တယ်။ ဒီစာချုပ်က တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်တည် ဆောက်သွားပါလိမ့်မယ်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂) မှာ ရရှိထားတဲ့ သဘောတူညီ ချက် (၅၁) ချက်က ကနဦး သဘောတူညီချက်များသာ ဖြစ်ပါတယ်။ ဒါကို အခြေခံပြီး ပြောဖို့တော့ စောပါသေး တယ်။ အထူးသဖြင့် အစိတ်အပိုင်း (၂) ဆိုရင် Process ထိန်းသိမ်းရေးအတွက် ပြုလုပ်တဲ့ (၂၁) ရာစု ပင်လုံ တတိယအစည်းအဝေးရဲ့ ရလဒ်ဖြစ်တာကြောင့် ယေဘုယျဆန်ဆန် အချက် အလက်များသာ ဖြစ်တယ်။

အစိတ်အပိုင်း (၁) ရဲ့ နိုင်ငံရေးကဏ္ဍမူဝါဒ သဘောတူညီချက် (၄-က) မှာ ‘နိုင်ငံတော်ကို ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ် ဖွဲ့စည်းရမည်’လို့ ပါရှိပါတယ်။ ဒါက ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အဓိက ‘လမ်းညွှန်မူ’ပဲ။ ပြည် ထောင်စုသား အားလုံးရဲ့ ဘုံမျှော်မှန်းချက် (Common Vision) ဖြစ်တယ်။ ဒီအချက်က အင်မတန် အရေးကြီး တဲ့ နိုင်ငံရေးအာမခံချက်ကို ပေးထားပါတယ်။ ဒီလမ်း ညွှန်မူအပေါ် အခြေခံပြီး ဘယ်လို ဒီမိုကရေစီစနစ်လဲ၊ ဘယ်လို ဖက်ဒရယ်စနစ်လဲဆိုတာကို ဆက်လက်ဆွေး နွေးညှိနှိုင်းရဦးမှာ ဖြစ်တယ်။
ဆိုရရင် ဒီစာချုပ်ဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ နိုင်ငံရေးအာမခံချက်ပဲ။ နိုင်ငံရေးအာမခံချက် ဘယ် လောက် ရှိတယ်၊ မရှိဘူးဆိုတာကတော့ အစိုးရ၊ EAO နဲ့ နိုင်ငံရေးပါတီတွေရဲ့ ညှိနှိုင်းဆွေးနွေးနိုင်မှုနဲ့ ပြည်သူလူထုရဲ့ ဖိအားပေးမှုအပေါ်မှာ မူတည်ပါလိမ့် မယ်။

မေး။ ။လက်ရှိအချိန်အထိ တိုင်းရင်းသားများ (နှစ်ပေါင်း ၇ဝ ကျော်) တိုက်ပွဲဝင်ခဲ့ပေမယ့်လည်း ကိုယ်လိုချင်တာ မရသေးဘူးဖြစ်နေတာ ဘာကြောင့်လဲ။ အဓိက တရားခံ သို့မဟုတ် တာဝန်ရှိသူက ဘယ်သူလဲ။ ဘာတွေ လိုအပ်ချက်ရှိသလဲ။ ဘာတွေ ဆက်လုပ်ဖို့ လိုအပ်သလဲ။

ဖြေ။ ။ဟုတ်ကဲ့၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားလူမျိုးတွေ တိုက်ပွဲဝင်လာတာ နှစ်ပေါင်း (၇ဝ) ကျော်ခဲ့ပါပြီ။ လက်နက်ကိုင်ပြီးတိုက်ပွဲဝင်တဲ့သူ၊ လက်နက်မကိုင်ဘဲ တိုက်ပွဲဝင်တဲ့သူ အားလုံးပေါ့။

အဓိကတာဝန်ရှိသူဆိုရင်တော့ မြန်မာ့တပ်မ တော်၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေလို့ ဆိုရမယ်။ သုံးပွင့်ဆိုင်လို့ ကျွန်တော် တို့ပြောတာ အဲဒါပဲလေ။ အခု ဒီမိုကရေစီအင်အားစု ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အစိုးရဖြစ်လာပြီ။ တိုင်းရင်းသား အင်အားစုမှာ EAO တွေ ရှိမယ်၊ နိုင်ငံရေးပါတီတွေ ရှိမယ်။

ဘာတွေ လိုအပ်ချက်ရှိသလဲဆိုရင်တော့ နိုင်ငံ ရေး အပေးအယူ၊ အလျော့အတင်းလုပ်နိုင်မယ့် အခင်း အကျင်းကို မဖန်တီးနိုင်တာပဲ။ အခုတော့ လမ်းနည်း နည်း ပွင့်လာပါပြီ။
ဘာတွေ ဆက်လုပ်ဖို့လိုသလဲဆိုရင်တော့ EAO တွေ ကြားထဲမှာ အလုပ်လုပ်နိုင်မယ့် စုစည်းမှုလိုတယ်၊ တိုင်းရင်းသားနိုင်ငံရေးပါတီ (EPP)၊ တိုင်းရင်းသား အရပ်ဘက် လူ့အဖွဲ့အစည်း (ECSO) တွေကြားမှာ လည်း စုစည်းမှုလိုတယ်၊ တိုင်းရင်းသားအင်အားစုတွေနဲ့ မြန်မာနိုင်ငံရေးပါတီ၊ မြန်မာအရပ်ဘက်လူ့အဖွဲ့အစည်း တွေကြားမှာ စုစည်းမှုလိုတယ်၊ နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှု လိုတယ်၊ မြန်မာ့တပ်မတော်နဲ့ နိုင်ငံရေး အပေးအယူ လုပ်ဖို့ လိုတယ်။ ဒီလိုအပ်ချက်တွေကို ဖော်ဆောင်ရမှာပေါ့။

ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ဖို့အတွက် ထူးခြားဆန်းပြားတဲ့နည်းလမ်း ဆိုတာ မရှိပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲကို အဆက် မပြတ်လုပ်နေဖို့ပဲ လိုတယ်။ အပေးအယူမျှသွားတဲ့ တစ်နေ့ကျရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆိုတာ ပေါ်ထွန်းလာမှာပါ။

တစ်ခုတော့ ရှိတယ်။ သိပ်ကြာရင်တော့ မကောင်း ဘူး။ အခုတောင် ကျွန်တော်တို့တိုင်းပြည်က အာဆီယံ (၁ဝ) နိုင်ငံထဲမှာ အခြေအနေ တော်တော်ဆိုးနေတာ လေ။ ကြာရင်တော့ လာအိုတို့၊ ကမ္ဘောဒီယားတို့တောင် ကျွန်တော်တို့ကို ကျော်တက်သွားလိမ့်မယ်။ ကျွန်တော် တို့ တိုင်းပြည်ရဲ့ အဘက်ဘက်က နိမ့်ကျနေမှုကို ရပ်တန့်သင့်ပါပြီ။ ကျွန်တော်တို့အားလုံး အတူတကွ ရှင်သန်ရေး၊ အတူတကွ ကြီးပွားတိုးတက်ရေးကို အမြန်ဆုံး ရွေးချယ်သင့်ပြီ။

မေး။ ။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေက ဘယ်လို သဘောထားတွေရှိတယ် ထင်ပါသလဲ။

ဖြေ။ ။တကယ်ဆို ကျွန်တော်တို့က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ရေးဆွဲချင်တာပါ။ ဒါပေမဲ့ နိုင်ငံရေးဆိုတာ အပေးအယူလုပ်ရတာလေ။ ဒါကြောင့် NCA ထဲမှာ အသစ်ရေးဆွဲမယ်လည်း မပြော ဘူး။ ပြင်ဆင်ရေးလမ်းကြောင်းလို့လည်း တိတိကျကျ မပြောဘူး။ NCA အခန်း (၅)၊ အပိုဒ် (၂၂-ဃ) မှာ ‘ပြည်ထောင်စုညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ် ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ပြုလုပ်ရန် သဘောတူညီသည်’ ဆိုပြီး ဖော်ပြထားတယ်။

ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာက အဟောင်းပဲပြင်ပြင်၊ အသစ်ပဲရေးရေး သူ့ရဲ့ ဘောင် (Frame) က ရှိပြီးသားလေ။ အရေးကြီးတာက ဒီမို ကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို ပီပီပြင်ပြင် ဖော် ဆောင်ဖို့ပါပဲ။ ပြီးတော့ လွှတ်တော်တွင်းလမ်းကြောင်း ဖြစ်ဖြစ်၊ လွှတ်တော်ပြင်ပလမ်းကြောင်းဖြစ်ဖြစ် ဒီမို ကရေစီစနစ်နဲ့ ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ဖို့က သာ အဓိကပါ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အားလုံး ဝိုင်းလုပ်ကြရမှာပေါ့။ ပြည်ထောင်စုအရေးကို ဆောင် ရွက်နေတာဖြစ်တဲ့အတွက် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တွေအားလုံး၊ ပြည်ထောင်စုသားအားလုံး လက်တွဲဆောင်ရွက်ဖို့ လိုပါတယ်။

မေး။ ။နောက်ဆုံးအနေနဲ့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ ပေါ် သုံးသပ်ပေးပါ။

ဖြေ။ ။လတ်တလောမှာတော့ ထွေထွေထူးထူး မမြင်မိ ဘူး။ အခုအချိန်မှာ COVID-19 ကို အားလုံးရင်ဆိုင် နေရတယ်လေ။ ဒါပေမဲ့ COVID-19 က ကျွန်တော့်တို့ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုမယ့် အလား အလာတော့ မတွေ့မိသေးဘူး။ COVID-19 Response ကို အစိုးရနဲ့ EAI တို့ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်နိုင်မလဲ မပြောတတ်သေးဘူး။ မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေး ကြေညာ တယ်ဆိုပေမယ့် AA နဲ့တော့ တိုက်နေတုန်းပဲ။ အစိုးရနဲ့ တပ်မတော်သော်လည်းကောင်း၊ အစိုးရနဲ့ EAO သော် လည်းကောင်း၊ တပ်မတော်နဲ့ EAO သော်လည်း ကောင်း COVID-19 Response အတူတကွ လုပ်ရင်း တစ်စုံတရာ ယုံကြည်မှု တည်ဆောက်နိုင်ရင်တော့ ကောင်းမယ်။

ယေဘုယျအနေနဲ့ သုံးသပ်ကြည့်ရင် ၂ဝဝ၈ မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတယ်။ ၂ဝ၁ဝ မှာ အထွေထွေရွေးကောက်ပွဲလုပ်တော့ ၂ဝ၁၁ မှာ လွှတ်တော်ဆိုတာ ဖြစ်လာတယ်။ အဲဒီတုန်းက လုပ်ရင်း၊ သင်ရင်းပေါ့။ ၂ဝ၁၅ မှာ အထွေထွေရွေး ကောက်ပွဲလုပ်တယ်။ အဲဒီမှာလည်း အစိုးရသစ်ဆို တော့ လုပ်ရင်း၊ သင်ရင်းပေါ့။ အခု ၂ဝ၂ဝ မှာ အထွေထွေ ရွေးကောက်ပွဲ လုပ်မယ်။ ဒီအချိန်မှာတော့ (၁ဝ) နှစ် အတွေ့အကြုံအရ ပိုပြီးတော့ လုပ်တတ်၊ ကိုင်တတ် မယ့် သဘောရှိတယ်။ တကယ်လို့သာ ၂ဝ၂၅ မှာ အထွေထွေရွေးကောက်ပွဲလုပ်နိုင်မယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသက်တမ်းဟာ (၁၇) နှစ် ရှိတော့မယ်။ ဒါဆို ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းမှာ သက်တမ်းအရှည်ဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သွား လိမ့်မယ်။ ၂ဝ၃ဝ မှာ အထွေထွေရွေးကောက်ပွဲ ထပ် လုပ်နိုင်မယ်ဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သက်တမ်းဟာ (၂၃) နှစ် ရှိတော့ မယ်။ ဒါကြောင့် ၂ဝ၂ဝ နဲ့ ၂ဝ၃ဝ ကြားကာလ၊ အထူးသဖြင့် ၂ဝ၂ဝ နဲ့ ၂ဝ၂၅ ကြားကာလဟာ အင်မတန်အရေးကြီးတဲ့ အချိန်ကာလ ဖြစ်တယ်။

(၂၁) ရာစု ပင်လုံညီလာခံက ဖက်ဒရယ်ဒီမိုက ရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်မလား၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ထာဝရတည်တံ့သွား တော့မှာလား၊ မြန်မာ့တပ်မတော်ဟာ နိုင်ငံရေးမှာ အမြဲတမ်း ကြီးစိုးနိုင်မလား၊ မြန်မာ့တပ်မတော်ထဲမှာ သဘောထားရပ်တည်ချက် အပြောင်းအလဲရှိလာနိုင် သလား၊ ၂ဝ၃ဝ အလွန်မှာ NLD က ဘယ်လိုဖြစ် လာမလဲ၊ ပညာတတ်မျိုးဆက်သစ် နိုင်ငံရေးသမား တွေ တည်ထောင်တဲ့ နိုင်ငံရေးပါတီသစ် ပေါ်ထွက်လာ မလား၊ EAO နယ်မြေတွေဟာ ထာဝရတည်တံ့သွားမှာ လား၊ ဒါမှမဟုတ် တိုင်းရင်းသားလူမျိုးတွေဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို စွန့်ခွာပြီး လမ်းကြောင်း သစ်ကို ရှာကြမှာလား၊ လက်နက်ကိုင်တော်လှန်ရေးဟာ ပုံစံတွေ ပြောင်းသွားမလား၊ ASEAN Community ဟာ ဘယ်လောက်ထိ အားကောင်းလာမလဲ၊ တရုတ်ရဲ့ လွှမ်းမိုးမှုဟာ ဘယ်အတိုင်းအတာအထိရောက်သွား မလဲ၊ ပြည်သူလူထုရဲ့ နိုင်ငံရေး သဘောထားအမြင်တွေ က ဘယ်လိုဖြစ်လာမလဲ၊ ဒီလို မေးခွန်းပေါင်းများစွာကို အစိုးရ၊ မြန်မာ့တပ်မတော်၊ EAO နဲ့ နိုင်ငံရေးပါတီတွေ ဖြေကြရမယ်။ ဒါကြောင့် လာမယ့် အထွေထွေရွေး ကောက်ပွဲကစလို့ ၂ဝ၂ဝ-၂ဝ၂၅ ကာလမှာ ဘာတွေ ဖြစ်လာမလဲ၊ ဘယ်သူတွေက ဘာတွေလုပ်ကြမလဲ ဆိုတာ အင်မတန် စိတ်ဝင်စားဖွယ်ကောင်းပါလိမ့်မယ်။

အယ်ဒီတာအဖွဲ့