• Today is: Wednesday, September 30, 2020

၂၀ဝ၈ ဖွဲ့စည်းပုံ၊ ၂၀၂၀ ရွေးကောက်ပွဲ၊ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် တိုင်းရင်းသားပြည်နယ်များ

Federal Journal
September14/ 2020

၂၀ဝ၈ ဖွဲ့စည်းပုံ၊ ၂၀၂၀ ရွေးကောက်ပွဲ၊ ဖက်ဒရယ်အုပ်ချုပ်ရေးစနစ်နှင့် တိုင်းရင်းသားပြည်နယ်များ

၂၀ဝ၈ ဖွဲ့စည်းပုံသည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားခေါင်းဆောင်များ လိုလားနေသည့် ဖက်ဒရယ်စနစ် မဆိုထားနှင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးပင် ဖြစ်နိုင်ရန် ခက်ခဲသည်ကို လေ့လာ သူတိုင်း သိကြမည်သာဖြစ်ပါသည်။ တပ်မတော်အနေဖြင့်လည်း ၎င်းတို့၏နိုင်ငံရေး ပါဝင်မှုအခန်းကဏ္ဍကို တရားဝင်စေသော ၂၀ဝ၈ ဖွဲ့စည်းပုံ ကိုကာကွယ်စောင့်ရှောက်မည်ဟု အတိအလင်းဆိုခဲ့ပြီးဖြစ်ပါသည်။

ထို့အပြင်တပ်မတော်ခေါင်းဆောင်များက ၂၀ဝ၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ် ဖွဲ့စည်းပုံဖြစ် သည်ဟု တွင်တွင်ပြောဆိုနေသည်ကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာ ခံဆိုင်ရာဆွေးနွေးပွဲများတွင် ကြားသိမြင်တွေ့နေရပါသည်။

စင်စစ်တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် အစိုးရဖွဲ့စည်းမှုပုံစံကို ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၊ ဒေသန္တရအစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ စသည်ဖြင့် အဆင့်ဆင့် အုပ်ချုပ်မှုပုံစံကိုပုံဖော်ထားသော်လည်း လက်တွေ့ အနှစ်သာရပိုင်းတွင် အာဏာကို တပ်မတော်နှင့် ပြည်ထောင်စု အစိုးရကသာ ချုပ်ကိုင်ထားခြင်းဖြင့် ဖက်ဒရယ်စနစ်ပုံသဏ္ဌာန်ဖော်ဆောင်သော်လည်း ဖက်ဒရယ်အနှစ်သာရ မရှိသော ဖွဲ့စည်းပုံပင်ဖြစ်သည် ကို တွေ့ရမည်ဖြစ်ပါသည်။

၂၀၁၅-ရွေးကောက်ပွဲဖြင့် တက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသည် အာဏာ မရမှီ အတိုက်အခံဘဝတွင် တိုင်းရင်းသားခေါင်းဆောင် များဖြင့် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက် ခဲ့ပြီး ၎င်း၏ ၂၀၁၅ ရွေးကောက်ပွဲကြေညာစာတမ်းတွင်  ၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး နှင့် ၂။ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အေးချမ်း လုံခြုံစွာလက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင် မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေးတို့ သည် အာဏာရလာပါက တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးအတွက် ဆောင်ရွက်မည့် ကတိကဝတ်များ အဖြစ် ထိပ်ဆုံးကနေရာယူခဲ့သည်။

သို့အတွက် ပြည်သူအများ၏ မဲကိုဆွဲဆောင် သိမ်းကြုံးရယူနိုင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည်ကို တွေ့ရသည်၊ အမျိုးသားလွှတ်တော် ၁၃၅ နေရာနှင့် ပြည်သူ့ လွှတ်တော် ၂၅၅ နေရာ အနိုင်ရခဲ့ပြီး၊ ရွေးချယ်ရမည့် အမျိုးသားလွှတ်တော် ထိုင်ခုံနေရာအနိုင်ရမှုသည် ၈၀.၃၆ ရာခိုင်နှုန်းရှိခဲ့သည်၊ စစ်တပ် ၂၅ ရာခိုင်နှုန်း ပါဝင်သည့် အမျိုးသား လွှတ်တော်တစ်ရပ်လုံးနှင့် နှိုင်းယှဉ်ကြည့်ပါမူ မဲပေးနိုင်ခွင့်အာဏာသည် ၅၇.၆၈ ရာခိုင်နှုန်းဖြစ်သည်ကိုတွေ့ရမည်၊ ပြည်သူ့လွှတ်တော် အတွက်မှာမူ ရွေးချယ်ခဲ့မည့် ၃၂၃ နေရာတွင် ၂၅၅ နေရာအနိုင်ရသည်ဖြစ်၍ ထိုင်ခုံနေရာအနိုင်ရမှုသည် ၇၈.၉၅ ရာခိုင်နှုန်းရှိခဲ့ပြီး စစ်တပ် ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ပြည်သူ့လွှတ်တော်တစ်ရပ်လုံးနှင့် နှိုင်းယှဉ် ကြည့်ပါမူ မဲပေးနိုင်ခွင့်အာဏာသည် ၅၇.၂၀ ရာခိုင် နှုန်း အနိုင်ရသည်ကိုတွေ့ရမည်၊ ဤသို့အနိုင်ရရှိခဲ့သည့် အတွက် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်းထား သော အာဏာများအရ ပြည်ထောင်စုအစိုးရကို ဖွဲ့စည်း နိုင်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေး ကောက်ပွဲမတိုင်မှီက ရွေးကောက်ပွဲအနိုင်ရရေးအတွက် စည်းရုံးလှုပ်ရှားခဲ့သည့်အချိန်တွင် တိုင်းရင်းသားပါတီ များ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးရာ တွင် တိုင်းရင်းသားများဘက်မှ ပြည်နယ်များတွင် ဝင် ရောက်အရွေးခံမှုတွင် ညှိနှိုင်းဆောင်ရွက်ရန်ပြောခဲ့ သော်လည်း NLD ဘက်မှလက်မခံခဲ့ပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြည် ထောင်စုအစိုးရဖွဲ့နိုင်ရေးကိစ္စတွင် တိုင်းရင်းသားပြည် နယ်များနှင့် တိုင်းဒေသကြီးများရှိ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်ခုံနေရာများပါ အနိုင်ရရန် လိုအပ်သော် လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ် တော်ခုံနေရာကိုမူ မလိုအပ်ပါ။

ပြည်ထောင်စုအစိုးရဖွဲ့နိုင်ရန် ပါတီကြီးတစ်ခု အနေဖြင့် တပ်မတော်သားကိုယ်စားလှယ် (၁၁၀)ဦး အလို အလျောက် ပါဝင်ထားသည့် ပြည်သူ့လွှတ်တော်ခုံ နေရာ ၄၄၀ ထက်ဝက်ကျော် အနည်းဆုံး ၂၂၁ ဦး နှင့် တပ်မ တော်သားကိုယ်စားလှယ် ၅၆ ဦး အလို အလျောက် ပါဝင်ထားသည့် အမျိုးသားလွှတ်တော် ခုံနေရာ ၂၂၄ နေရာ၏ ထက်ဝက်ကျော် အနည်းဆုံး ၁၁၂ ဦး၊ လွှတ်တော်နှစ်ရပ်ပေါင်းခုံနေရာ ၃၃၃ နေရာ အနိုင်ရလျှင် အစိုးရဖွဲ့နိုင်ပြီ ဖြစ်ပါသည်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော် ၁၃၅ နေ ရာနှင့် ပြည်သူ့ လွှတ်တော် ၂၅၅ နေရာ၊ လွှတ်တော်နှစ်ရပ်ပေါင်းတွင် ၃၉၀ ခုံနေရာအနိုင်ရရှိခဲ့သဖြင့် လွတ်လွတ်ကျွတ်ကျွတ် ပြည်ထောင်စုအစိုးရဖွဲ့နိုင်ခဲ့ပါသည်။

ထို့အပြင် အမတ်နေရာအသာစီးဖြင့် လွှတ်တော် နှစ်ရပ်ဖြစ်သည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်ကိုလည်း စိုးမိုးထားနိုင်သည်ကို တွေ့ရ သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ/လွှတ်တော် ကိုမူ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၁၆၁၊ ပုဒ်မ-၁၆၂ နှင့် ပုဒ်မ-၁၆၃ အရ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌကို ရွေး ကောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှလည်းကောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရ ဖွဲ့စည်းမှုတွင် ဝန်ကြီးချုပ်ကို ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၆၁ အရ သက် ဆိုင်ရာ ရွေးကောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲမှတစ်ဦးကို ပြည် ထောင်စုသမ္မတက ရွေးချယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်သို့တင်ပြ သဘောတူညီချက် ရယူ ကာ ခန့်အပ်မည်ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရကိုမူ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၂၆၂ အရ ကာကွယ်ရေးဦးစီးချုပ်မှ အမည်စာရင်း တင်သွင်းသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် မဲကော်မရှင်မှ အမည်စာရင်းပေးပို့သည့် အရွေး ကောက်ခံ တိုင်းရင်းသားရေးရာဝန်ကြီးများမှအပ ကျန်ဝန်ကြီးနေရာများကို ရွေးကောက်ခံတိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထဲမှလည်း ကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဝန်ကြီးအရည်အချင်းပြည့်မှီသည့် တတ်သိပညာရှင်များ နှင့်လည်းကောင်း စုဖွဲ့၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်သို့တင်သွင်း၍ လွှတ်တော်၏သဘောတူညီချက် ဖြင့် အစိုးရဖွဲ့စည်းမည်ဖြစ်သည်။

ဤအချက်များကို သုံးသပ်ကြည့်လျှင် မြန်မာ အမျိုးသားအများစုနေထိုင်သည့် တိုင်းဒေသကြီး အတွက် မြန်မာအများစုလွှမ်းမိုးသည့် ပြည်မပါတီကြီး များက အာဏာရချိန်တွင် တိုင်းဒေသကြီးအစိုးရအဖြစ် ပါ တာဝန်ယူ အုပ်ချုပ်သည်ကို အထူးပြောရန်မရှိသော် လည်း အမျိုးသားတန်းတူရေးအတွက် သမိုင်းနှင့်ချီ၍ ဖက်ဒရယ်စနစ်ကို တောင်းဆိုခဲ့ကြသည့် တိုင်းရင်းသား ပြည်နယ်များတွင် ပြည်နယ်အစိုးရအဖြစ် တာဝန်ယူ အုပ်ချုပ်သူများသည် ဒေသခံတိုင်းရင်းသားပါတီများမှ ရွေးချယ်တင်မြှောက်ခြင်းခံရသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် တသီးပုဂ္ဂလများထဲမှ ဖြစ်သင့် ပါသည်။ ဤသို့ဖြစ်ရန်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက လမ်းဖွင့်ထားပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေက ဖွင့်ထားသောလမ်း ကို ပြန်လည်ပိတ်သူများမှာ မြန်မာလူမျိုးအများစု ကြီးစိုး သည့် ပါတီကြီးများပင်ဖြစ်ပါသည်။ စင်စစ်တွင် ပါတီကြီးများအနေဖြင့် ပြည်ထောင်စုအဆင့်လွှတ်တော် များဖြစ်သည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ် တော်ခုံနေရာထက်ဝက်ကျော်အနိုင်ရလျှင် ပြည် ထောင်စု အစိုးရ ဖွဲ့နိုင်ပြီ ဖြစ်ပါလျက် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်ကိုဖွဲ့စည်းမည့် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် နေရာ အားလုံးကိုပါ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။ ထိုသို့ဝင်ရောက်ယှဉ်ပြိုင်သည့် အပြင် ပြည်နယ်အဆင့်ဒေသ ခံပါတီ များအနေဖြင့် အစိုးရမဖွဲ့နိုင်သယောင် အထင်ရောက်စေခဲ့ပါသည်။ ပါတီကြီးများအနေဖြင့် ပြည်နယ်များတွင် အနိုင်ရ   ရေး အတွက် ဒေသခံပါတီဝင်များကို ပြည်နယ်ကိုယ်စား လှယ်လောင်းများအဖြစ် ရွေးချယ်၍ ရွေးကောက်ပွဲ ဝင်စေခဲ့ပြီး အနိုင်ရသည့်အခါ ပြည်နယ်အစိုးရအဖြစ် ဖွဲ့ပေးခဲ့သော်လည်း အဆိုပါအစိုးရအဖွဲ့ဝင်များ သည် ပါတီဝင်များဖြစ်သည်နှင့်အညီ ပြည်နယ်များမှ ဒေသခံ တိုင်းရင်းသားဖြစ်စေကာမူ မိမိကိုမဲပေါ်ရွေးချယ် လိုက်သည့်ပြည်နယ်လူထုထက် မိမိကိုအာဏာရအောင် စွမ်းဆောင်ပေးခဲ့သည့် ပါတီ၏မူဝါဒအပေါ်တွင်သာရပ် တည်ကြသဖြင့် ပြည်နယ်လူထု၊ ငြိမ်းချမ်းရေးအဖွဲ့များ အပါအဝင် ပြည်နယ်အတွင်းရှိ အင်အားစုများ၊ အရပ် ဘက် အဖွဲ့အစည်းများနှင့် သဟဇာတမဖြစ်တော့ဘဲ ပြည်နယ်များတွင် တိုင်းရင်းသားအရေး အခွင့်အရေး မဆိုထားနှင့် ဒီမိုကရေစီအခွင့်အရေးများ ဆိတ်သုန်း လာခြင်းနှင့်အတူ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ် အပေါ်ထိခိုက်မှုရှိလာသည်ကို တွေ့ရှိရပါသည်။

ပြည်မပါတီကြီးများ၏ရွေးကောက်ပွဲ ကြေညာ စာတမ်းများတွင် တိုင်းရင်းသားများအကြိုက် ပြည် တွင်း ငြိမ်းချမ်းမှုတည်ဆောက်ရေး၊ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေး စသည့်အချက်များကို ထည့်သွင်းဖော်ပြကြသော်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက လမ်းဖွင့်ပေးထားသည့် အခွင့်အရေး ကိုပင်လျှင် တိုင်းရင်းသားများအတွက် မပေးလိုကြ သည် မျက်မြင်ကိုယ်တွေ့ တွေ့မြင်သိရှိနေရပြီ ဖြစ်ပါ သည်။ အကယ်၍သာ တိုင်းရင်းသား ပြည်နယ်များတွင် ဒေသခံတိုင်းရင်းသားပါတီများနှင့် တသီးပုဂ္ဂလများကို သာ ရွေးချယ်ခံခွင့်ပေးပါမူ တိုင်းရင်းသားများသည် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်ကို လွမ်းမိုး နိုင်ပြီး ဖက်ဒရယ်ပြည်ထောင်စု သဘောသဘာဝနှင့် လုပ်ငန်းစဉ်များကို တစ်စုံတစ်ရာအတိုင်းအတာအထိ ပြည်နယ်တွင် လက်တွေ့ အကောင် အထည်ဖော် ဆောင် ရွက်နိုင်မည့်အပြင် ၎င်းတို့ကို ရွေးချယ်တင်မြှောက် လိုက်သည့် ပြည်နယ်လူထု၏သစ္စာကို စောင့်သိမည်ဖြစ် ၍ လူထုနှင့် ပိုမိုနွေးထွေးသော ဆက်ဆံရေးရှိသည့် အစိုးရတစ်ရပ်နှင့် လွှတ်တော်တစ်ရပ်ကို ရရှိနိုင်မည်ဖြစ် သည်၊ ထို့အပြင် ဤအစိုးရနှင့် လွှတ်တော်တို့သည် ပြည်နယ်အတွင်းရှိ အပစ်ရပ်ငြိမ်းချမ်းရေး အဖွဲ့အစည်း များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည် ဆောက်နိုင်ပြီး ပြည်နယ်ကို တစ်စုံတစ်ရာ တည်ငြိမ် အေးချမ်းသော အခြေအနေ ထိန်းသိမ်းထားနိုင်ခြင်းဖြင့် ယနေ့ခက်ခက်ခဲခဲတည်ဆောက်နေရသည့် ငြိမ်းချမ်း ရေး တည်ဆောက်မှုဖြစ်စဉ်ကို ကောင်းစွာ အထောက် အကူ ပြုနိုင်မည်ဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးကို ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ပြုပြင်ပြောင်းလဲရေးအတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ (၁၀) ဖွဲ့သည်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကြီးကို လက်မှတ် ရေးထိုးကြပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပ၍လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ကျင်းပ၍ လည်းကောင်း ဆွေးနွေးညှိနှိုင်းခဲ့ကြသော်လည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် လိုအပ်သည့် အခြေခံမူပင်ယခုချိန်ထိ ကျေကျေ လည်လည်မချနိုင်သေး ပါ။

၂၀ဝ၈ ဖွဲ့စည်းပုံသည် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံမဟုတ်စေကာမူ တိုင်းရင်းသားပြည်နယ်များ အဖို့ အဆိုပါ ဖွဲ့စည်းပုံအရ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရဖွဲ့စည်းမှုသည် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ထံတွင်ရှိသဖြင့် ပြည်နယ်မှ ပြည်သူ လူထုအနေဖြင့် မိမိတို့ဒေသခံ တိုင်းရင်းသားပါတီမှ ကိုယ်စား လှယ်များနှင့် ပြည်နယ်အတွင်းရှိ တသီး ပုဂ္ဂလများကိုသာ ပြည်နယ်လွှတ်တော်နေရာအတွက် ရွေးကောက် ပါက အထက်တွင် ဆိုခဲ့သကဲ့သို့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်သေးမီ ကာလ အတွင်း အဆိုပါဖွဲ့စည်းပုံတွင် အကန့် အသတ်နှင့် ပေးထားသည့် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ် တော်တို့၏ လုပ်ပိုင်ခွင့် အာဏာများကို လက်တွေ့ ကျင့်သုံးခြင်း၊ ပြည်နယ်လွှတ်တော်အနေဖြင့် ပြည်နယ် အစိုးရကို တဖက်မှ ထိန်းကြောင်းသည့်နည်းတူ တစ်ဖက် တွင်ပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်လူထုအတွက် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ  ပိုမိုရရှိလာစေရေး အတွက် ဥပဒေပြုခွင့်ရှိသည့်ကိစ္စရပ်များအပေါ် ဥပဒေ ပြုပေးခြင်း၊ ပြည်နယ်အစိုးရနှင့်လွှတ်တော်တို့မှလည်း ပြည်နယ် အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ လူမှု အသင်းအဖွဲ့များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက် ခြင်းဖြင့် ပိုမိုစွမ်းဆောင်ရည်ပြည့်ဝ သော လူ့အသိုင်းအဝိုင်းတစ်ရပ်ကို ထူထောင်သွား နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတွင် ပြည်နယ်အတွက် ဦးဆောင်မောင်းနှင်နိုင်မည့် မျိုးဆက်သစ် တစ်ရပ်ကို ယခုချိန်ကတည်းက ပြင်ဆင်မျိုးစေ့ချနိုင်မည် ဖြစ်ပါ သည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည်ဟု ရွေးကောက် ပွဲ ကော်မရှင်က တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါသည်၊ ထို့အပြင် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပြင် အဓိက ပါတီကြီးများဖြစ်သည့် ပြည် ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီများကလည်း တိုင်းရင်းသားပြည်နယ်များတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာမကျန် ရွေးချယ်ကြ မည်ဟု ပြင်ဆင် လာကြပါသည်။

သို့ဖြစ်ရာယခုအချိန်ထိ တိုင်းရင်းသားတို့အတွက် မိမိပြည်နယ်မိမိအုပ်ချုပ်ရန် ပါတီကြီးများက လမ်းမ ဖွင့်ပေးသေး သည့်သဘော ဖြစ်ပါသည်၊ သို့ဆိုလျှင် မဖွင့်သောလမ်းကို တိုင်းရင်းသားများက ဖောက်ထွက် ရပါမည်၊ မိမိပြည်နယ် အတွင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာများကို ဒေသခံတိုင်းရင်းသားပါတီ များ၊ တသီးပုဂ္ဂလများက အားလုံးအနိုင်ရအောင် တိုင်းရင်းသားပါတီများ၊ ဒေသအတွင်းရှိ နိုင်ငံရေး စိတ်အားထက်သန်သူ များနှင့် တိုင်းရင်းသား ပြည်သူ များက လက်တွဲကြိုးပမ်းဆောင်ရွက်သင့်ပါသည်၊ တိုင်းရင်းသားပြည်နယ်များအဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာအားလုံးကို သိမ်းကြုံးနိုင်အောင် စွမ်းဆောင်နိုင်ပါလျှင် ပြည်ထောင်စု အစိုးရမည်သူ တက်သည် ဖြစ်စေ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ-၂၆၁ အရ နိုင်ငံတော်သမ္မတအနေဖြင့် ပြည်နယ် ဝန်ကြီးချုပ်ကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် များထဲမှတစ်ဦးကို ရွေးချယ်ခန့်အပ်ရမည်ဖြစ်သဖြင့် ဒေသခံပါတီ သို့မဟုတ် တသီးပုဂ္ဂလ များထဲမှ တစ်ဦး ဦးကို မလွဲမသွေဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရမည်ဖြစ် ပြီး အဆိုပါဝန်ကြီးချုပ်က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ-၂၆၂ အရ ပြည်နယ်အစိုးရကို ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းမှ အရည်အချင်းရှိသူများနှင့် ဆက်လက်ဖွဲ့စည်းသွားရန် သာဖြစ်ပါသည်။

ထို့အပြင် ပြည်နယ်လွှတ်တော်ဖွဲ့စည်းမှုတွင် လည်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ-၁၆၁၊ ၁၆၂နှင့် ၁၆၃ တို့အရ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ထဲမှသာ ရွေးချယ်ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ပြည်နယ်လွှတ်တော်ကိုပါ အဆိုပါမိမိတို့ရွေးချယ်ထား သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များဖြင့် ရွေးချယ်ဖွဲ့စည်းနိုင်မည်ဖြစ်သဖြင့် ပြည်နယ်လူထုကို ကိုယ်စားပြုမည့် အစိုးရနှင့် လွှတ်တော်တစ်ရပ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

သို့ဆိုလျှင် ပြည်နယ်လူထုကို အမှန်တကယ် ကိုယ်စားပြုမည့် ပြည်နယ်အစိုးရတစ်ရပ်နှင့် လွှတ်တော် တစ်ရပ်ကို ရရှိခြင်းဖြင့် လွှတ်တော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေက အကန့်အသတ်နှင့် ပေးထား သည့် ဥပဒေပြု အာဏာများကို ပြည်နယ်လူထုအကျိုး မျှော်ကိုး၍ ပြည်နယ်အစိုးရက စီမံဆောင်ရွက်နိုင်ရန် အတွက် ဥပဒေပြု ပေးခြင်း၊ ပြည်ထောင်စုဥပဒေပြု အာဏာမှ ပြည်နယ်အကျိုးအလို့ငှာ ပြည်နယ်ဥပဒေ ပြုဇယားသို့ လွှဲပြောင်းသင့် သော ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း၊ ပြည်နယ်ထောင်စု ဥပဒေပြုအာဏာများတွင် ပြည်နယ်နှင့် ထပ်တူဥပဒေ ပြုရမည့် ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း၊ စသည့်အလုပ်များကို ပြည်ထောင်စုပါတီ ကြီးများ၏ အနှောင်အဖွဲ့မပါဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဤသို့ဆောင်ရွက်နိုင်ခြင်းဖြင့် တိုင်းပြည်တွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကြားဆွေးနွေးအဖြေရှာနေသည့် ဖက် ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနိုင်ငံရေးဖြစ်စဉ် နှင့် ဆက်စပ် နိုင်ပြီးတိုင်းရင်းသားပြည်နယ်များအနေ ဖြင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းရေး အပါအဝင် ပြည်နယ်နှင့်ပြည်ထောင်စုအကြား အာဏာ ခွဲဝေကျင့်သုံးရေးနှင့်စပ်လျဉ်းသည့် ဖက်ဒရယ်ဆိုင်ရာ လုပ်ငန်း ဆောင်တာများနှင့်ပါတ်သက်၍ တိုင်းရင်းသား ပြည်နယ်များတွင် အစိုးရ၊ လူထုနှင့် လွှတ်တော်က လက်တွေ့ ကျကျပူးပေါင်းဆောင်ရွက်အဖြေရှာနိုင်သည့် အခွင့်အရေးရှိမည်ဖြစ်ပြီး အနာဂတ်ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် တိုင်းရင်း သားပြည်သူများ၏ ကိုယ်စားပြုမှုကို တစ်စုံတစ်ရာ အတိုင်း အတာအထိ ပြင်ဆင်နိုင်သည့် အနေအထားကို ရရှိနိုင်မည်ဖြစ်သည်။

ဤသို့ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်လူထု က ရွေးချယ်တင်မြှောက်လိုက်သောအစိုးရနှင့် လွှတ် တော်အနေ ဖြင့်ပြည်နယ်လူထု၊ ပြည်နယ်တွင်းရှိ အင်အားစုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာ ရေး အသင်းအဖွဲ့များ၊ လူငယ်နှင့် အမျိုးသမီးများနှင့် ပိုမိုကောင်းမွန်သောဆက်ဆံရေး တည်ဆောက်၍ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေးလုပ်ငန်းများကို ဖော်ဆောင်ပေးရမည့် အပြင် အဆိုပါ လုပ်ငန်းနှင့် သက်ဆိုင်သည့် အရပ် ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၏ ဆောင်ရွက်မှုများကိုလည်း အသိ အမှတ်ပြု ရမည်ဖြစ်သည်။

ပြည်နယ်အစိုးရနှင့်လွှတ်တော်က ပြည်နယ် လူထုနှင့် တစ်သားတည်းရှိပြီး ပြည်နယ်လူထု၏စကားကို နားထောင် သည့် အစိုးရနှင့်လွှတ်တော်အဖြစ် တည်ရှိခြင်းက ပြည်နယ်အတွင်း ပိုမိုစည်းလုံးညီညွတ် သည့် လူထုဗဟိုပြုအစိုးရ တစ်ရပ်နှင့် လွှတ်တော် တစ်ရပ်ကိုရရှိနိုင်စေမည်ဖြစ်ပြီး ပြည်နယ်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုဘဝ သာယာဝပြောရေးကို ဦးတည်သည့် လုပ်ငန်းများကို အစိုးရက လက်တွေ့ကျကျ အကောင်အထည်ဖော် နိုင်မည်ဖြစ်ပါသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာများ ကို ဒေသခံတိုင်းရင်းသားပါတီများနှင့် ပြည်နယ်အတွင်း နိုင်ငံရေး စိတ် အားထက်သန်သည့် တသီးပုဂ္ဂလများကို ပြည်နယ်လူထုကရွေးချယ်တင်မြှောက်ရန် လိုအပ်ပြီး အပြန်အလှန် အား ဖြင့်ပြည်နယ်လူထုအတွက် နိုင်ငံရေး အရ ဦးဆောင်မှုပေးလိုသူများအနေဖြင့် ပြည်မပါတီ ကြီးများ၏ ပါတီဝင်အဖြစ် ဆောင်ရွက်ခြင်းထက် ဒေသခံ တိုင်းရင်းသားပါတီများသို့ ဝင်ရောက်၍လည်း ကောင်း၊ တသီးပုဂ္ဂလအနေဖြင့်လည်း ကောင်း ရွေးကောက်ပွဲဝင်ရန် လိုအပ်ပါသည်။

ပြည်နယ်လူထုအနေဖြင့် ပြည်ထောင်စုအစိုးရ အတွက် မိမိသက်ဝင်ယုံကြည်သော ပြည်ထောင်စု အဆင့် ပါတီကြီးများကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်နေရာများတွင် မဲပေးနိုင်ပြီး ပြည် နယ်လူထုကို ရှင်းရှင်းကိုယ်စားပြုမည့် ပြည်နယ် အစိုးရကိုမူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာများ ရွေးချယ်ရာတွင် ဒေသခံတိုင်းရင်းသားပါတီ များ၊ တသီးပုဂ္ဂလများကို ရွေးချယ်ရမည်ဖြစ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဤအခွင့်အလမ်း ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်သည့် အခြေအနေကို စဉ်းစားကြည့်ရာတွင် မျိုးချစ်စိတ်ဓာတ် ပြင်းပြခြင်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာ အနည်းဆုံးရွေး ချယ် ရမည့် ပြည်နယ်ငယ်များ သည် လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရန် အခွင့် အလမ်း ရှိပါသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ (၁၄) နေရာသာရွေးချယ်ရမည့် ကယားပြည်နယ်နှင့် ကရင် ပြည်နယ်၊ (၁၈) နေရာရွေးချယ်ရမည့် ချင်းပြည်နယ်၊ (၂၀) နေရာရွေးချယ်ရမည့် မွန်ပြည်နယ်တို့သည် ကြိုးစားအားထုတ်သင့်ပါသည်။ ကိုယ်စားလှယ်နေရာ (၃၄) နေရာရှိသော်လည်း ဒေသခံပါတီအားကောင်း သည့် ရခိုင်သည်လည်း လာမည့် ၂၀၂၀ ရွေးကောက် ပွဲတွင် ရခိုင်ပြည်နယ်၌ရွေးကောက်ပွဲကျင်းပနိုင်ပါက ဖြစ်နိုင်ခြေ ရှိပါသည်။

ဤသို့ဆောင်ရွက်နိုင်ရန် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီများအနေဖြင့်လည်း တတ်နိုင်သမျှ ပြန်လည်စုဖွဲ့ ခြင်း၊ရွေးကောက်ပွဲအတွက် မဟာဗျူဟာ ကျကျ ညှိနှိုင်းခြင်း၊ ပြည်နယ်အတွင်းရွေးကောက်ပွဲ ဝင်မည့် တစ် သီးပုဂ္ဂလများကို လက်တွဲခေါ်ယူခြင်း၊ ပြည်နယ်လူထုအတွက် အရေးကြီးသည့် ဆောင်ရွက် ဖွယ် ကိစ္စရပ်များ လက်တွေ့ကျကျ မည်သို့အကောင် အထည်ဖော်ဆောင်မည် ရှင်းလင်းစွာဖော်ပြသည့် ရွေးကောက်ပွဲကြေညာ စာတမ်းကို ပြင်ဆင်ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲအနိုင်ရရေးအတွက် စည်းရုံးရေး လုပ်ငန်းများကို ကူညီပံ့ပိုး ပေးမည့်ပြည်တွင်းလူငယ် နှင့် အရပ်အဖွဲ့အစည်းတို့၏ အားပေးထောက်ခံမှု ရအောင် စည်းရုံးလှုံ့ဆော်ခြင်း၊ ရွေးကောက်ပွဲအနိုင်ရ ရေးနှင့် သက်ဆိုင်သည့် သင်တန်းများ၊ အလုပ်ရုံဆွေး နွေးပွဲများကို ကိုဗစ်-၁၉ ကပ်ရောဂါ ကာလ ဖြစ်သည့် အတွက် နည်းပညာအထောက်အကူဖြင့် ပြင်ဆင် ကျင်းပခြင်း၊ လူထု၏လိုအပ်ချက်များ၊ လူထု အသံများ ကို နားထောင်နိုင်ရန်အတွက် ပြည်နယ်အတွင်း ကိုဗစ်ကပ်ရောဂါ တားဆီးကာကွယ်ရေးအတွက် ထုတ်ပြန် ထားသည့် အမိန့်ကြေညာ စာ၊ စည်းကမ်းချက်များကို မဆန့် ကျင်စေဘဲ ကွင်းဆင်းဆောင်ရွက် ခြင်း စသည်ဖြင့် ကြိုတင်ပြင်ဆင် ထားရမည့်အပြင်၊ မဲဆန္ဒနယ်မြေ အလိုက် လူထုက ယုံကြည်ကိုးစား လောက်သည့် ကိုယ်စားလှယ် လောင်းများကို ပွဲထုတ်ရန် လိုပါ သည်။

ထို့အပြင် တိုင်းရင်းသားပါတီ များအနေဖြင့် မိမိ၏ မဟာမိတ် အခြားတိုင်းရင်းသား ပြည်နယ်များတွင် လွှတ်တော် ကိုယ်စား လှယ် နေရာများ ရွေးချယ်ယှဉ်ပြိုင် စေရာ တွင် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နေရာ များကိုသာ စဉ်းစားပြီး ပြည်နယ်လွှတ် တော် ကိုယ်စားလှယ်နေရာများကို ဒေသခံပါတီများက ပြည် နယ်အစိုးရနှင့်  ပြည်နယ်လွှတ်တော် နေရာကို လွှမ်းမိုး နိုင်ရေးအတွက် လက်ရှောင်ပေးကြရန်လည်း လိုအပ် ပါသည်။

အမှန်စင်စစ်တွင် ပြည်မပါတီကြီးများသည် တိုင်းရင်းသားပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နေရာများကို တိုင်းရင်းသားပါတီများသို့ ဦးစားပေး သင့်ပါသည်၊ တရားမျှတသည့်အခြေအနေမရှိသည့်တိုင် တိုင်းရင်းသား    ပြည်နယ်များကို လက်ရှိဖွဲ့စည်းပုံဥပဒေ ဘောင်အတွင်း အုပ်ချုပ်ခွင့်နှင့်ဥပဒေပြုအာဏာများကို လက်တွေ့ကျင့် သုံးခွင့်ပေးခြင်းဖြင့် ယခုပြောဆို ဆွေး နွေးနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် များစွာအထောက်အကူပြု နိုင်ပါသည်။

ပြည်မပါတီကြီးများ၏ရွေးကောက်ပွဲကြေညာ စာတမ်းများတွင် တိုင်းရင်းသားများအကြိုက် ပြည် တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေး၊ ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေး စသည့်အချက်များကို ထည့်သွင်းဖော်ပြကြ သော် လည်း ၂၀ဝ၈ ဖွဲ့စည်းပုံ အရပေးထားသည့် အခွင့်အရေးကိုပင် တိုင်းရင်းသား များအတွက် မပေးလိုကြချေ။ အကယ် ၍သာ တိုင်းရင်းသား ပြည်နယ်များတွင် ပါတီကြီးများက တိုင်းရင်းသား ပါတီများနှင့် ညှိနှိုင်း ၍ ဒေသခံ တိုင်းရင်းသား ပါတီများ နှင့် တသီးပုဂ္ဂလများကို ဦးစားပေး ရွေးချယ်စေပါမူ တိုင်းရင်းသားများ သည် သက်ဆိုင်ရာ ပြည်နယ်၏အစိုး ရနှင့်လွှတ်တော်ကို တာဝန် ယူ၍ စီမံအုပ်ချုပ်ခြင်း၊ ဥပဒေ ပြုခြင်းလုပ်ငန်းတာဝန်များကို မဲ ဆန္ဒရှင် ပြည်သူ များ၏ နိုင်ငံရေး ဆိုင်ရာအခွင့်အရေးများ၊ တိုင်းရင်း သားအခွင့်အရေးများကို အလေး ထား၍ ဆောင်ရွက် ခြင်းဖြင့် ဖက်ဒရယ် ပြည်ထောင်စု သဘော သဘာဝ ဆောင်လုပ်ငန်းများကို ပြည်နယ် တွင်လေ့ကျင့်ပျိုးထောင်ပြီး ဖြစ်နိုင်ပေသည်။

ပြည်နယ်အတွင်း အခြေချနေထိုင်ကြသည့် တိုင်း ရင်းသားပြည်သူလူထုအနေဖြင့်လည်း မဲပေးနိုင်သည့် အခွင့်အရေး ကို ယခင်နှစ်ကြိမ်ကကဲ့သို့ သဘောမထား ဘဲ မိမိပေးသည့်မဲတစ်ပြားသည် မိမိပြည်နယ်အတွက် ပိုမိုကိုယ်စားပြုသည့် အစိုးရနှင့် လွှတ်တော်တစ်ရပ်ကို ဖော်ဆောင်နိုင်သည်ကို ခိုင်မာစွာယုံကြည်ကြလျက် ရွေးကောက်ပွဲကျရောက်ချိန် တွင် မဖြစ်မနေ မဲပေးရန် နှင့် မဲပေးရာတွင် ဒေသခံတိုင်းရင်းသားပါတီများနှင့် တသီးပုဂ္ဂလများကို ရွေးချယ်ပေးရန် လိုပါ သည်။ မဲဆန္ဒရှင်စာရင်းတွင်ပါသော်လည်း ခရီးလမ်းပန်း အခက်အခဲကြောင့် မဲရုံများသို့ မဲလာရောက် မပေးနိုင် သူများ အနေဖြင့်လည်း ကြိုတင်မဲပေးနိုင်သည့် အခွင့် အရေးကို တောင်းဆိုပြီး မဲပေးဖြစ်အောင်ပေးရပါမည်၊ ထို့အပြင် မဲပေးနိုင်သည့် သတ်မှတ်ချက်များပြည့်စုံပါ လျက် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သေးသော ဒေသခံ ပြည်သူများကို လည်း မဲပေးစာရင်းတွင် ပါဝင်နိုင်ရေး အတွက် ဒေသခံပါတီများက ယခု အချိန်ကတည်းက ပြင်ဆင်ဆောင်ရွက်သင့်ပါသည်။

တိုင်းရင်းသားများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို အလိုရှိကြပါသည်၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရ ကတည်းက တိုင်းရင်းသားတို့ မြင်တွေ့ လိုသည့် ပြည်ထောင်စုပုံစံမျိုးကို ယခုအချိန်ထိ မြင် တွေ့နိုင်ခြင်းမရှိသေးပါ၊ ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကို အုပ်ချုပ်ခဲ့သူ အဆက်ဆက်သည် ပြည်ထောင်စု စစ်စစ်ဖော်ဆောင်ရန် မည်သည့် အခါမျှ ကြိုးပမ်းအား ထုတ်ခဲ့သည်ကို မတွေ့ရပါ၊ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၃ ခုသာရှိပါသည်။

လွတ်လပ်ရေးမရမီရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တစ်ပါတီအာဏာရှင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် ပါတီခေတ်တွင် ရေးဆွဲခဲ့သည့် ၁၉၇၄ ဖွဲ့စည်းပုံနှင့် စစ်အာဏာရှင်လက်ထက်တွင် ရေးဆွဲခဲ့ သည့် ၂၀ဝ၈ ဖွဲ့စည်းပုံ တို့ဖြစ်ပါသည်။

ဖွဲ့စည်းပုံတစ်ခုခြင်း၏ ခေတ်ကာလနောက်ခံ သမိုင်းကြောင်းအခြေအနေ၊ ကိုယ်စားပြုရေးဆွဲခဲ့ကြသူ များ အခြေ အနေနှင့် ထိုခေတ်အခါက အာဏာကို လက်ဝယ်ပိုင်ဆိုင်ထားသူများ၏ သဘောဆန္ဒကို ကိုယ်စားပြုသည့် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ များသည် ဖက်ဒရယ်နှင့် ဒီမိုကရေစီစံချိန်စံညွန်းများနှင့် တိုင်းတာပါမူ တစ်ခုထက် တစ်ခုပို၍ ဆိုးလာသည်ဟု ဆိုရပါမည်။

သို့ရာတွင် အဆိုပါဖွဲ့စည်းပုံများအနက် ၂၀ဝ၈ ဖွဲ့စည်းပုံတွင်သာ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု လွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၊ တိုင်း ဒေသကြီးပြည်နယ်လွှတ်တော် ခွဲခြားထားပြီး အထက် တွင်ဆိုခဲ့သကဲ့သို့  ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကို အကျိုးရှိရှိ အသုံးချပါက လုပ်ပိုင် ခွင့်အာဏာများ အကန့် အသတ်နှင့် ပေးထားသည့်တိုင် ပြည်နယ်လူထုနှင့်ပိုမိုနီးစပ်သည့် ပြည်နယ်အစိုးရနှင့် လွှတ်တော် ကိုရနိုင်ပါသည်။

ထို့ကြောင့် တိုင်းရင်းသားများ အထူးသဖြင့် တိုင်းရင်းသားပြည်နယ်များတွင်အခြေချနေထိုင်သည့် တိုင်းရင်းသား များအနေဖြင့် ၂၀၂၀ ပြည့်ရွေးကောက်ပွဲ တွင် မဲမဖြစ်မနေပေးကြရန် မဲပေးကြရာတွင်လည်း ဒေသခံတိုင်းရင်းသား ပါတီများ၊ တစ်သီးပုဂ္ဂလများကို ဦးစားပေးရွေးချယ်ခြင်းဖြင့် မိမိတို့မဲဖြင့် မိမိတို့ကို စင်စစ်ဧကန်ကိုယ်စားပြုမည့် ကိုယ်စားလှယ်များကို ရွေးချယ်၍ မိမိတို့စကားကိုနားထောင်မည့် ပြည်နယ် အစိုးရနှင့် ပြည်နယ်လွှတ်တော်ကို ဖွဲ့စည်းထူထောင် နိုင်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံတော်တွင် စစ်မှန် သည့်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည် ဆောက် နိုင်ရေးအထိ တစ်ဆင့်ခြင်း ကြိုးပမ်းဆောင်ရွက်သွား ကြရပေမည်။

Zawgyi

၂၀ဝ၈ ဖြဲ႕စည္းပံု၊ ၂၀၂၀ ေရြးေကာက္ပြဲ၊ ဖက္ဒရယ္အုပ္ခ်ဳပ္ေရးစနစ္ႏွင့္ တိုင္းရင္းသားျပည္နယ္မ်ား

၂၀ဝ၈ ဖြဲ႔စည္းပံုသည္ ျမန္မာႏိုင္ငံတြင္ တိုင္းရင္းသားေခါင္းေဆာင္မ်ား လိုလားေနသည့္ ဖက္ဒရယ္စနစ္ မဆိုထားႏွင့္ ဒီမိုကေရစီစနစ္သို႔ ကူးေျပာင္းေရးပင္ ျဖစ္ႏိုင္ရန္ ခက္ခဲသည္ကို ေလ့လာ သူတိုင္း သိၾကမည္သာျဖစ္ပါသည္။ တပ္မေတာ္အေနျဖင့္လည္း ၎တို႔၏ႏိုင္ငံေရး ပါဝင္မႈအခန္းက႑ကို တရားဝင္ေစေသာ ၂၀ဝ၈ ဖြဲ႕စည္းပံု ကိုကာကြယ္ေစာင့္ေရွာက္မည္ဟု အတိအလင္းဆိုခဲ့ၿပီးျဖစ္ပါသည္။

ထို႔အျပင္တပ္မေတာ္ေခါင္းေဆာင္မ်ားက ၂၀ဝ၈ ဖြဲ႔စည္းပံုသည္ ဖက္ဒရယ္ ဖြဲ႔စည္းပံုျဖစ္ သည္ဟု တြင္တြင္ေျပာဆိုေနသည္ကိုလည္း ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား၊ ျပည္ေထာင္စု ၿငိမ္းခ်မ္း ေရးညီလာ ခံဆိုင္ရာေဆြးေႏြးပြဲမ်ားတြင္ ၾကားသိျမင္ေတြ႕ေနရပါသည္။

စင္စစ္တြင္ ၂၀ဝ၈ ဖြဲ႔စည္းပံုအေျခခံဥပေဒ သည္ အစိုးရဖြဲ႔စည္းမႈပံုစံကို ျပည္ေထာင္စုအစိုးရႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရ၊ ေဒသႏၱရအစိုးရမ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ား စသည္ျဖင့္ အဆင့္ဆင့္ အုပ္ခ်ဳပ္မႈပံုစံကိုပံုေဖာ္ထားေသာ္လည္း လက္ေတြ႕ အႏွစ္သာရပိုင္းတြင္ အာဏာကို တပ္မေတာ္ႏွင့္ ျပည္ေထာင္စု အစိုးရကသာ ခ်ဳပ္ကိုင္ထားျခင္းျဖင့္ ဖက္ဒရယ္စနစ္ပံုသဏၭာန္ေဖာ္ေဆာင္ေသာ္လည္း ဖက္ဒရယ္အႏွစ္သာရ မရွိေသာ ဖြဲ႔စည္းပံုပင္ျဖစ္သည္ ကို ေတြ႕ရမည္ျဖစ္ပါသည္။

၂၀၁၅-ေရြးေကာက္ပြဲျဖင့္ တက္လာသည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အစိုးရသည္ အာဏာ မရမွီ အတိုက္အခံဘဝတြင္ တိုင္းရင္းသားေခါင္းေဆာင္ မ်ားျဖင့္ ေကာင္းမြန္သည့္ဆက္ဆံေရးတည္ေဆာက္ ခဲ့ၿပီး ၎၏ ၂၀၁၅ ေရြးေကာက္ပြဲေၾကညာစာတမ္းတြင္  ၁။ တိုင္းရင္းသားအေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး ႏွင့္ ၂။ တိုင္းရင္းသား ျပည္သူတစ္ရပ္လံုး ေအးခ်မ္း လံုၿခံဳစြာလက္တြဲေနထိုင္ေရးကို အာမခံခ်က္ေပးႏိုင္ မည့္ ဖြဲ႔စည္းပံု အေျခခံဥပေဒတစ္ရပ္ ေပၚထြန္းေရးတို႔ သည္ အာဏာရလာပါက တိုင္းရင္းသားျပည္သူလူထု တစ္ရပ္လံုးအတြက္ ေဆာင္ရြက္မည့္ ကတိကဝတ္မ်ား အျဖစ္ ထိပ္ဆံုးကေနရာယူခဲ့သည္။

သို႔အတြက္ ျပည္သူအမ်ား၏ မဲကိုဆြဲေဆာင္ သိမ္းႀကံဳးရယူႏိုင္ခဲ့ၿပီး ၂၀၁၅ ေရြးေကာက္ပြဲတြင္ ေတာင္ၿပိဳကမ္းၿပိဳအႏိုင္ရခဲ့သည္ကို ေတြ႕ရသည္၊ အမ်ိဳးသားလႊတ္ေတာ္ ၁၃၅ ေနရာႏွင့္ ျပည္သူ႔ လႊတ္ေတာ္ ၂၅၅ ေနရာ အႏိုင္ရခဲ့ၿပီး၊ ေရြးခ်ယ္ရမည့္ အမ်ိဳးသားလႊတ္ေတာ္ ထိုင္ခံုေနရာအႏိုင္ရမႈသည္ ၈၀.၃၆ ရာခိုင္ႏႈန္းရွိခဲ့သည္၊ စစ္တပ္ ၂၅ ရာခိုင္ႏႈန္း ပါဝင္သည့္ အမ်ိဳးသား လႊတ္ေတာ္တစ္ရပ္လံုးႏွင့္ ႏိႈင္းယွဥ္ၾကည့္ပါမူ မဲေပးႏိုင္ခြင့္အာဏာသည္ ၅၇.၆၈ ရာခိုင္ႏႈန္းျဖစ္သည္ကိုေတြ႔ရမည္၊ ျပည္သူ႔လႊတ္ေတာ္ အတြက္မွာမူ ေရြးခ်ယ္ခဲ့မည့္ ၃၂၃ ေနရာတြင္ ၂၅၅ ေနရာအႏိုင္ရသည္ျဖစ္၍ ထိုင္ခံုေနရာအႏိုင္ရမႈသည္ ၇၈.၉၅ ရာခိုင္ႏႈန္းရွိခဲ့ၿပီး စစ္တပ္ ၂၅ ရာခိုင္ႏႈန္း ပါဝင္သည့္ ျပည္သူ႔လႊတ္ေတာ္တစ္ရပ္လံုးႏွင့္ ႏိႈင္းယွဥ္ ၾကည့္ပါမူ မဲေပးႏိုင္ခြင့္အာဏာသည္ ၅၇.၂၀ ရာခိုင္ ႏႈန္း အႏိုင္ရသည္ကိုေတြ႔ရမည္၊ ဤသို႔အႏိုင္ရရွိခဲ့သည့္ အတြက္ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒက ျပ႒ာန္းထား ေသာ အာဏာမ်ားအရ ျပည္ေထာင္စုအစိုးရကို ဖြဲ႕စည္း ႏိုင္ခဲ့သည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနျဖင့္ ေရြး ေကာက္ပြဲမတိုင္မွီက ေရြးေကာက္ပြဲအႏိုင္ရေရးအတြက္ စည္းရံုးလႈပ္ရွားခဲ့သည့္အခ်ိန္တြင္ တိုင္းရင္းသားပါတီ မ်ား၊ တိုင္းရင္းသားေခါင္းေဆာင္မ်ားႏွင့္ ေဆြးေႏြးရာ တြင္ တိုင္းရင္းသားမ်ားဘက္မွ ျပည္နယ္မ်ားတြင္ ဝင္ ေရာက္အေရြးခံမႈတြင္ ညွိႏိႈင္းေဆာင္ရြက္ရန္ေျပာခဲ့ ေသာ္လည္း NLD ဘက္မွလက္မခံခဲ့ေပ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနျဖင့္ ျပည္ ေထာင္စုအစိုးရဖြဲ႔ႏိုင္ေရးကိစၥတြင္ တိုင္းရင္းသားျပည္ နယ္မ်ားႏွင့္ တိုင္းေဒသႀကီးမ်ားရွိ ျပည္သူ႔လႊတ္ေတာ္ ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ခံုေနရာမ်ားပါ အႏိုင္ရရန္ လိုအပ္ေသာ္ လည္း ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးလႊတ္ ေတာ္ခံုေနရာကိုမူ မလိုအပ္ပါ။

ျပည္ေထာင္စုအစိုးရဖြဲ႕ႏိုင္ရန္ ပါတီႀကီးတစ္ခု အေနျဖင့္ တပ္မေတာ္သားကိုယ္စားလွယ္ (၁၁၀)ဦး အလို အေလ်ာက္ ပါဝင္ထားသည့္ ျပည္သူ႔လႊတ္ေတာ္ခံု ေနရာ ၄၄၀ ထက္ဝက္ေက်ာ္ အနည္းဆံုး ၂၂၁ ဦး ႏွင့္ တပ္မ ေတာ္သားကိုယ္စားလွယ္ ၅၆ ဦး အလို အေလ်ာက္ ပါဝင္ထားသည့္ အမ်ိဳးသားလႊတ္ေတာ္ ခံုေနရာ ၂၂၄ ေနရာ၏ ထက္ဝက္ေက်ာ္ အနည္းဆံုး ၁၁၂ ဦး၊ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းခံုေနရာ ၃၃၃ ေနရာ အႏိုင္ရလွ်င္ အစိုးရဖြဲ႔ႏိုင္ၿပီ ျဖစ္ပါသည္၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနျဖင့္ ၂၀၁၅ ေရြးေကာက္ပြဲ တြင္ အမ်ိဳးသားလႊတ္ေတာ္ ၁၃၅ ေန ရာႏွင့္ ျပည္သူ႔ လႊတ္ေတာ္ ၂၅၅ ေနရာ၊ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းတြင္ ၃၉၀ ခံုေနရာအႏိုင္ရရွိခဲ့သျဖင့္ လြတ္လြတ္ကြ်တ္ကြ်တ္ ျပည္ေထာင္စုအစိုးရဖြဲ႔ႏိုင္ခဲ့ပါသည္။

ထို႔အျပင္ အမတ္ေနရာအသာစီးျဖင့္ လႊတ္ေတာ္ ႏွစ္ရပ္ျဖစ္သည့္ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္သူ႔ လႊတ္ေတာ္ကိုလည္း စိုးမိုးထားႏိုင္သည္ကို ေတြ႕ရ သည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရ/လႊတ္ေတာ္ ကိုမူ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ-၁၆၁၊ ပုဒ္မ-၁၆၂ ႏွင့္ ပုဒ္မ-၁၆၃ အရ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ႏွင့္ ဒု-ဥကၠ႒ကို ေရြး ေကာက္ခံ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထဲမွလည္းေကာင္း၊ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အစိုးရ ဖြဲ႔စည္းမႈတြင္ ဝန္ႀကီးခ်ဳပ္ကို ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ-၂၆၁ အရ သက္ ဆိုင္ရာ ေရြးေကာက္ခံ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲမွတစ္ဦးကို ျပည္ ေထာင္စုသမၼတက ေရြးခ်ယ္၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္သို႔တင္ျပ သေဘာတူညီခ်က္ ရယူ ကာ ခန္႔အပ္မည္ျဖစ္ပါသည္။ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရကိုမူ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ပုဒ္မ-၂၆၂ အရ ကာကြယ္ေရးဦးစီးခ်ဳပ္မွ အမည္စာရင္း တင္သြင္းသည့္ လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးႏွင့္ မဲေကာ္မရွင္မွ အမည္စာရင္းေပးပို႔သည့္ အေရြး ေကာက္ခံ တိုင္းရင္းသားေရးရာဝန္ႀကီးမ်ားမွအပ က်န္ဝန္ႀကီးေနရာမ်ားကို ေရြးေကာက္ခံတိုင္းေဒသႀကီး ႏွင့္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲမွလည္း ေကာင္း၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အတြင္း ဖြဲ႕စည္းပံု အေျခခံဥပေဒတြင္ သတ္မွတ္ျပ႒ာန္းထားသည့္ ဝန္ႀကီးအရည္အခ်င္းျပည့္မွီသည့္ တတ္သိပညာရွင္မ်ား ႏွင့္လည္းေကာင္း စုဖြဲ႕၍ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရအဖြဲ႔အျဖစ္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ ေတာ္သို႔တင္သြင္း၍ လႊတ္ေတာ္၏သေဘာတူညီခ်က္ ျဖင့္ အစိုးရဖြဲ႕စည္းမည္ျဖစ္သည္။

ဤအခ်က္မ်ားကို သံုးသပ္ၾကည့္လွ်င္ ျမန္မာ အမ်ိဳးသားအမ်ားစုေနထိုင္သည့္ တိုင္းေဒသႀကီး အတြက္ ျမန္မာအမ်ားစုလႊမ္းမိုးသည့္ ျပည္မပါတီႀကီး မ်ားက အာဏာရခ်ိန္တြင္ တိုင္းေဒသႀကီးအစိုးရအျဖစ္ ပါ တာဝန္ယူ အုပ္ခ်ဳပ္သည္ကို အထူးေျပာရန္မရွိေသာ္ လည္း အမ်ိဳးသားတန္းတူေရးအတြက္ သမိုင္းႏွင့္ခ်ီ၍ ဖက္ဒရယ္စနစ္ကို ေတာင္းဆိုခဲ့ၾကသည့္ တိုင္းရင္းသား ျပည္နယ္မ်ားတြင္ ျပည္နယ္အစိုးရအျဖစ္ တာဝန္ယူ အုပ္ခ်ဳပ္သူမ်ားသည္ ေဒသခံတိုင္းရင္းသားပါတီမ်ားမွ ေရြးခ်ယ္တင္ေျမႇာက္ျခင္းခံရသည့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားႏွင့္ တသီးပုဂၢလမ်ားထဲမွ ျဖစ္သင့္ ပါသည္။ ဤသို႔ျဖစ္ရန္လည္း ဖြဲ႕စည္းပံုအေျခခံဥပေဒက လမ္းဖြင့္ထားပါသည္။

ဖြဲ႕စည္းပံုအေျခခံဥပေဒက ဖြင့္ထားေသာလမ္း ကို ျပန္လည္ပိတ္သူမ်ားမွာ ျမန္မာလူမ်ိဳးအမ်ားစု ႀကီးစိုး သည့္ ပါတီႀကီးမ်ားပင္ျဖစ္ပါသည္။ စင္စစ္တြင္ ပါတီႀကီးမ်ားအေနျဖင့္ ျပည္ေထာင္စုအဆင့္လႊတ္ေတာ္ မ်ားျဖစ္သည့္ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္သူ႔လႊတ္ ေတာ္ခံုေနရာထက္ဝက္ေက်ာ္အႏိုင္ရလွ်င္ ျပည္ ေထာင္စု အစိုးရ ဖြဲ႔ႏိုင္ၿပီျဖစ္ပါလ်က္ ျပည္နယ္အစိုးရႏွင့္ ျပည္နယ္လႊတ္ေတာ္ကိုဖြဲ႔စည္းမည့္ ျပည္နယ္လႊတ္ ေတာ္ကိုယ္စားလွယ္ ေနရာ အားလံုးကိုပါ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါသည္။ ထိုသို႔ဝင္ေရာက္ယွဥ္ၿပိဳင္သည့္ အျပင္ ျပည္နယ္အဆင့္ေဒသ ခံပါတီမ်ားအေနျဖင့္ အစိုးရမဖြဲ႕ႏိုင္သေယာင္ အထင္ေရာက္ေစခဲ့ပါသည္။ ပါတီႀကီးမ်ားအေနျဖင့္ ျပည္နယ္မ်ားတြင္ အႏိုင္ရေရး အတြက္ ေဒသခံပါတီဝင္မ်ားကို ျပည္နယ္ကိုယ္စား လွယ္ေလာင္းမ်ားအျဖစ္ ေရြးခ်ယ္၍ ေရြးေကာက္ပြဲ ဝင္ေစခဲ့ၿပီး အႏိုင္ရသည့္အခါ ျပည္နယ္အစိုးရအျဖစ္ ဖြဲ႕ေပးခဲ့ေသာ္လည္း အဆိုပါအစိုးရအဖြဲ႕ဝင္မ်ား သည္ ပါတီဝင္မ်ားျဖစ္သည္ႏွင့္အညီ ျပည္နယ္မ်ားမွ ေဒသခံ တိုင္းရင္းသားျဖစ္ေစကာမူ မိမိကိုမဲေပၚေရြးခ်ယ္ လိုက္သည့္ျပည္နယ္လူထုထက္ မိမိကိုအာဏာရေအာင္ စြမ္းေဆာင္ေပးခဲ့သည့္ ပါတီ၏မူဝါဒအေပၚတြင္သာရပ္ တည္ၾကသျဖင့္ ျပည္နယ္လူထု၊ ၿငိမ္းခ်မ္းေရးအဖြဲ႔မ်ား အပါအဝင္ ျပည္နယ္အတြင္းရွိ အင္အားစုမ်ား၊ အရပ္ ဘက္ အဖြဲ႕အစည္းမ်ားႏွင့္ သဟဇာတမျဖစ္ေတာ့ဘဲ ျပည္နယ္မ်ားတြင္ တိုင္းရင္းသားအေရး အခြင့္အေရး မဆိုထားႏွင့္ ဒီမိုကေရစီအခြင့္အေရးမ်ား ဆိတ္သုန္း လာျခင္းႏွင့္အတူ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈျဖစ္စဥ္ အေပၚထိခိုက္မႈရွိလာသည္ကို ေတြ႔ရွိရပါသည္။

ျပည္မပါတီႀကီးမ်ား၏ေရြးေကာက္ပြဲ ေၾကညာ စာတမ္းမ်ားတြင္ တိုင္းရင္းသားမ်ားအႀကိဳက္ ျပည္ တြင္း ၿငိမ္းခ်မ္းမႈတည္ေဆာက္ေရး၊ ဖက္ဒရယ္ျပည္ ေထာင္စု တည္ေဆာက္ေရး စသည့္အခ်က္မ်ားကို ထည့္သြင္းေဖာ္ျပၾကေသာ္လည္း ၂၀ဝ၈ ဖြဲ႔စည္းပံု အေျခခံဥပေဒက လမ္းဖြင့္ေပးထားသည့္ အခြင့္အေရး ကိုပင္လွ်င္ တိုင္းရင္းသားမ်ားအတြက္ မေပးလိုၾက သည္ မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ျမင္သိရွိေနရၿပီ ျဖစ္ပါ သည္။ အကယ္၍သာ တိုင္းရင္းသား ျပည္နယ္မ်ားတြင္ ေဒသခံတိုင္းရင္းသားပါတီမ်ားႏွင့္ တသီးပုဂၢလမ်ားကို သာ ေရြးခ်ယ္ခံခြင့္ေပးပါမူ တိုင္းရင္းသားမ်ားသည္ ျပည္နယ္အစိုးရႏွင့္ ျပည္နယ္လႊတ္ေတာ္ကို လြမ္းမိုး ႏိုင္ၿပီး ဖက္ဒရယ္ျပည္ေထာင္စုသေဘာသဘာဝႏွင့္ လုပ္ငန္းစဥ္မ်ားကို တစ္စံုတစ္ရာအတိုင္းအတာအထိ ျပည္နယ္တြင္ လက္ေတြ႕ အေကာင္အထည္ေဖာ္ ေဆာင္ ရြက္ႏိုင္မည့္အျပင္ ၎တို႔ကို ေရြးခ်ယ္တင္ေျမႇာက္ လိုက္သည့္ ျပည္နယ္လူထု၏သစၥာကို ေစာင့္သိမည္ျဖစ္ ၍ လူထုႏွင့္ ပိုမိုေႏြးေထြးေသာ ဆက္ဆံေရးရွိသည့္ အစိုးရတစ္ရပ္ႏွင့္ လႊတ္ေတာ္တစ္ရပ္ကို ရရွိႏိုင္မည္ျဖစ္ သည္၊ ထို႔အျပင္ ဤအစိုးရႏွင့္ လႊတ္ေတာ္တို႔သည္ ျပည္နယ္အတြင္းရွိ အပစ္ရပ္ၿငိမ္းခ်မ္းေရးအဖြဲ႕အစည္း မ်ားႏွင့္ ပိုမိုေကာင္းမြန္ေသာ ဆက္ဆံေရး တည္ ေဆာက္ႏိုင္ၿပီး ျပည္နယ္ကို တစ္စံုတစ္ရာ တည္ၿငိမ္ ေအးခ်မ္းေသာ အေျခအေန ထိန္းသိမ္းထားႏိုင္ျခင္းျဖင့္ ယေန႔ခက္ခက္ခဲခဲတည္ေဆာက္ေနရသည့္ ၿငိမ္းခ်မ္း ေရး တည္ေဆာက္မႈျဖစ္စဥ္ကို ေကာင္းစြာ အေထာက္ အကူ ျပဳႏိုင္မည္ျဖစ္ပါသည္။

ျမန္မာ့ႏိုင္ငံေရးကို ဖက္ဒရယ္ဒီမိုကေရစီစနစ္သို႔ ျပဳျပင္ေျပာင္းလဲေရးအတြက္ အစိုးရ၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ (၁၀) ဖြဲ႕သည္၊ တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ႀကီးကို လက္မွတ္ေရးထိုးၾကၿပီး အမ်ိဳးသားအဆင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲမ်ားက်င္းပ၍လည္းေကာင္း၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ (၂၁ ရာစုပင္လံု) က်င္းပ၍ လည္းေကာင္း ေဆြးေႏြးညွိႏိႈင္းခဲ့ၾကေသာ္လည္း ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ေရး အတြက္ လိုအပ္သည့္ အေျခခံမူပင္ယခုခ်ိန္ထိ ေက်ေက် လည္လည္မခ်ႏိုင္ေသး ပါ။

၂၀ဝ၈ ဖြဲ႕စည္းပံုသည္ ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းပံုမဟုတ္ေစကာမူ တိုင္းရင္းသားျပည္နယ္မ်ား အဖို႔ အဆိုပါဖြဲ႕စည္းပံုအရ ျပည္နယ္လႊတ္ေတာ္ႏွင့္ ျပည္နယ္အစိုးရဖြဲ႔စည္းမႈသည္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထံတြင္ရွိသျဖင့္ ျပည္နယ္မွ ျပည္သူ လူထုအေနျဖင့္ မိမိတို႔ေဒသခံ တိုင္းရင္းသားပါတီမွ ကိုယ္စားလွယ္မ်ားႏွင့္ ျပည္နယ္အတြင္းရွိ တသီး ပုဂၢလမ်ားကိုသာ ျပည္နယ္လႊတ္ေတာ္ေနရာအတြက္ ေရြးေကာက္ပါက အထက္တြင္ဆိုခဲ့သကဲ့သို႔ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကို မျပင္ဆင္ႏိုင္ေသးမီ ကာလ အတြင္း အဆိုပါဖြဲ႔စည္းပံုတြင္ အကန္႔ အသတ္ႏွင့္ ေပးထားသည့္ ျပည္နယ္အစိုးရႏွင့္ ျပည္နယ္လႊတ္ ေတာ္တို႔၏ လုပ္ပိုင္ခြင့္အာဏာမ်ားကို လက္ေတြ႔ က်င့္သံုးျခင္း၊ ျပည္နယ္လႊတ္ေတာ္အေနျဖင့္ ျပည္နယ္ အစိုးရကို တဖက္မွထိန္းေၾကာင္းသည့္နည္းတူ တစ္ဖက္ တြင္ ျပည္နယ္အစိုးရအေနျဖင့္ ျပည္နယ္လူထုအတြက္ လုပ္ပိုင္ခြင့္အခြင့္အလမ္းမ်ား  ပိုမိုရရွိလာေစေရး အတြက္ ဥပေဒျပဳခြင့္ရွိသည့္ကိစၥရပ္မ်ားအေပၚ ဥပေဒ ျပဳေပးျခင္း၊ ျပည္နယ္အစိုးရႏွင့္လႊတ္ေတာ္တို႔မွလည္း ျပည္နယ္အတြင္းရွိ အရပ္ဘက္အဖြဲ႔အစည္းမ်ား၊ လူမႈ အသင္းအဖြဲ႔မ်ားႏွင့္ ပိုမိုေကာင္းမြန္ေသာ ဆက္ဆံေရး ကို တည္ေဆာက္ျခင္းျဖင့္ ပိုမိုစြမ္းေဆာင္ရည္ျပည့္ဝ ေသာ လူ႔အသိုင္းအဝိုင္းတစ္ရပ္ကို ထူေထာင္သြား ႏိုင္မည္ျဖစ္ၿပီး ထိုမွတစ္ဆင့္အနာဂါတ္ ဖက္ဒရယ္ ဒီမိုကေရစီ ျပည္ေထာင္စုတြင္ ျပည္နယ္အတြက္ ဦးေဆာင္ေမာင္းႏွင္ႏိုင္မည့္ မ်ိဳးဆက္သစ္တစ္ရပ္ကို ယခုခ်ိန္ကတည္းက ျပင္ဆင္မ်ိဳးေစ့ခ်ႏိုင္မည္ ျဖစ္ပါ သည္။

၂၀၂၀ ျပည့္ႏွစ္ေရြးေကာက္ပြဲကို လာမည့္ ႏိုဝင္ဘာလ (၈) ရက္ေန႔တြင္ က်င္းပမည္ဟု ေရြးေကာက္ ပြဲ ေကာ္မရွင္က တရားဝင္ေၾကညာလိုက္ၿပီ ျဖစ္ပါသည္၊ ထို႔အျပင္ လက္ရွိအာဏာရ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္အျပင္ အဓိကပါတီႀကီးမ်ားျဖစ္သည့္ ျပည္ ေထာင္စုႀကံခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီမ်ားကလည္း တိုင္းရင္းသားျပည္နယ္မ်ားတြင္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာမက်န္ ေရြးခ်ယ္ၾကမည္ဟု ျပင္ဆင္ လာၾကပါသည္။

သို႔ျဖစ္ရာယခုအခ်ိန္ထိ တိုင္းရင္းသားတို႔အတြက္ မိမိျပည္နယ္မိမိအုပ္ခ်ဳပ္ရန္ ပါတီႀကီးမ်ားက လမ္းမ ဖြင့္ေပးေသးသည့္သေဘာ ျဖစ္ပါသည္၊ သို႔ဆိုလွ်င္ မဖြင့္ေသာလမ္းကို တိုင္းရင္းသားမ်ားက ေဖာက္ထြက္ ရပါမည္၊ မိမိျပည္နယ္အတြင္း ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာမ်ားကို ေဒသခံတိုင္းရင္းသားပါတီ မ်ား၊ တသီးပုဂၢလမ်ားက အားလံုးအႏိုင္ရေအာင္ တိုင္းရင္းသားပါတီမ်ား၊ ေဒသအတြင္းရွိ ႏိုင္ငံေရး စိတ္အားထက္သန္သူ မ်ားႏွင့္တိုင္းရင္းသားျပည္သူ မ်ားက လက္တြဲႀကိဳးပမ္းေဆာင္ရြက္သင့္ပါသည္၊ တိုင္းရင္းသားျပည္နယ္မ်ားအဖို႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေနရာအားလံုးကို သိမ္းႀကံဳးႏိုင္ေအာင္ စြမ္းေဆာင္ႏိုင္ပါလွ်င္ ျပည္ေထာင္စု အစိုးရမည္သူ တက္သည္ျဖစ္ေစ ၂၀ဝ၈ ဖြဲ႔စည္းပံုအေျခခံ ဥပေဒ ပုဒ္မ-၂၆၁ အရ ႏိုင္ငံေတာ္သမၼတအေနျဖင့္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ကို ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ မ်ားထဲမွတစ္ဦးကို ေရြးခ်ယ္ခန္႔အပ္ရမည္ျဖစ္သျဖင့္ ေဒသခံပါတီ သို႔မဟုတ္ တသီးပုဂၢလမ်ားထဲမွ တစ္ဦး ဦးကို မလြဲမေသြဝန္ႀကီးခ်ဳပ္အျဖစ္ ေရြးခ်ယ္ရမည္ျဖစ္ ၿပီး အဆိုပါဝန္ႀကီးခ်ဳပ္က ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒပုဒ္မ-၂၆၂ အရ ျပည္နယ္အစိုးရကို ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ျပည္နယ္အတြင္းမွ အရည္အခ်င္းရွိသူမ်ားႏွင့္ ဆက္လက္ဖြဲ႕စည္းသြားရန္ သာျဖစ္ပါသည္။

ထို႔အျပင္ ျပည္နယ္လႊတ္ေတာ္ဖြဲ႕စည္းမႈတြင္ လည္း ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံ ဥပေဒပုဒ္မ-၁၆၁၊ ၁၆၂ႏွင့္ ၁၆၃ တို႔အရ ျပည္နယ္လႊတ္ေတာ္ဥကၠ႒ႏွင့္ ဒု-ဥကၠ႒ကို ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ထဲမွသာ ေရြးခ်ယ္ဖြဲ႕စည္းရမည္ဟု ျပ႒ာန္းထားသျဖင့္ ျပည္နယ္လႊတ္ေတာ္ကိုပါ အဆိုပါမိမိတို႔ေရြးခ်ယ္ထား သည့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားျဖင့္ ေရြးခ်ယ္ဖြဲ႕စည္းႏိုင္မည္ျဖစ္သျဖင့္ ျပည္နယ္လူထုကို ကိုယ္စားျပဳမည့္ အစိုးရႏွင့္ လႊတ္ေတာ္တစ္ရပ္ကို ပိုင္ဆိုင္ႏိုင္မည္ျဖစ္ပါသည္။

သို႔ဆိုလွ်င္ ျပည္နယ္လူထုကို အမွန္တကယ္ ကိုယ္စားျပဳမည့္ ျပည္နယ္အစိုးရတစ္ရပ္ႏွင့္ လႊတ္ေတာ္ တစ္ရပ္ကိုရရွိျခင္းျဖင့္ လႊတ္ေတာ္အေနျဖင့္လည္း ဖြဲ႔စည္းပံုအေျခခံဥပေဒက အကန္႔အသတ္ႏွင့္ ေပးထား သည့္ ဥပေဒျပဳအာဏာမ်ားကို ျပည္နယ္လူထုအက်ိဳး ေမွ်ာ္ကိုး၍ ျပည္နယ္အစိုးရက စီမံေဆာင္ရြက္ႏိုင္ရန္ အတြက္ ဥပေဒျပဳေပးျခင္း၊ ျပည္ေထာင္စုဥပေဒျပဳ အာဏာမွ ျပည္နယ္အက်ိဳးအလို႔ငွာ ျပည္နယ္ဥပေဒ ျပဳဇယားသို႔ လႊဲေျပာင္းသင့္ေသာ ကိစၥရပ္မ်ားကို ေဆြးေႏြးညႇိႏိႈင္းအေျဖရွာျခင္း၊ ျပည္နယ္ေထာင္စု ဥပေဒျပဳအာဏာမ်ားတြင္ ျပည္နယ္ႏွင့္ ထပ္တူဥပေဒ ျပဳရမည့္ ကိစၥရပ္မ်ားကို ေဆြးေႏြးညွိႏိႈင္းအေျဖရွာျခင္း၊ စသည့္အလုပ္မ်ားကို ျပည္ေထာင္စုပါတီႀကီးမ်ား၏ အေႏွာင္အဖြဲ႕မပါဘဲ ေဆာင္ရြက္ႏိုင္မည္ျဖစ္သည္။

ဤသို႔ေဆာင္ရြက္ႏိုင္ျခင္းျဖင့္ တိုင္းျပည္တြင္ အစိုးရ၊ တပ္မေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားအၾကား ေဆြးေႏြးအေျဖရွာေနသည့္ ဖက္ ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးႏိုင္ငံေရးျဖစ္စဥ္ ႏွင့္ ဆက္စပ္ႏိုင္ၿပီး တိုင္းရင္းသားျပည္နယ္မ်ားအေန ျဖင့္ ျပည္နယ္ဖြဲ႔စည္းပံု အေျခခံဥပေဒေရးဆြဲျပ႒ာန္းေရး အပါအဝင္ ျပည္နယ္ႏွင့္ျပည္ေထာင္စုအၾကား အာဏာ ခြဲေဝက်င့္သံုးေရးႏွင့္စပ္လ်ဥ္းသည့္ ဖက္ဒရယ္ဆိုင္ရာ လုပ္ငန္းေဆာင္တာမ်ားႏွင့္ပါတ္သက္၍ တိုင္းရင္းသား ျပည္နယ္မ်ားတြင္ အစိုးရ၊ လူထုႏွင့္ လႊတ္ေတာ္က လက္ေတြ႕က်က် ပူးေပါင္းေဆာင္ရြက္အေျဖရွာႏိုင္သည့္ အခြင့္အေရးရွိမည္ျဖစ္ၿပီး အနာဂတ္ဖက္ဒရယ္ ဒီမို ကေရစီ ျပည္ေထာင္စုတည္ေဆာက္ေရးတြင္ တိုင္းရင္း သားျပည္သူမ်ား၏ ကိုယ္စားျပဳမႈကို တစ္စံုတစ္ရာ အတိုင္းအတာအထိ ျပင္ဆင္ႏိုင္သည့္ အေနအထားကို ရရွိႏိုင္မည္ျဖစ္သည္။

ဤသို႔ေဆာင္ရြက္ႏိုင္ရန္အတြက္ ျပည္နယ္လူထု က ေရြးခ်ယ္တင္ေျမွာက္လိုက္ေသာအစိုးရႏွင့္ လႊတ္ ေတာ္အေနျဖင့္ ျပည္နယ္လူထု၊ ျပည္နယ္တြင္းရွိ အင္အားစုမ်ား၊ အရပ္ဘက္အဖြဲ႔အစည္းမ်ား၊ ဘာသာ ေရး အသင္းအဖြဲ႔မ်ား၊ လူငယ္ႏွင့္ အမ်ိဳးသမီးမ်ားႏွင့္ ပိုမိုေကာင္းမြန္ေသာဆက္ဆံေရး တည္ေဆာက္၍ စစ္မွန္သည့္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုတည္ ေဆာက္ေရးလုပ္ငန္းမ်ားကို ေဖာ္ေဆာင္ေပးရမည့္ အျပင္ အဆိုပါ လုပ္ငန္းႏွင့္ သက္ဆိုင္သည့္ အရပ္ ဘက္အဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အဖြဲ႕ အစည္းမ်ား၏ ေဆာင္ရြက္မႈမ်ားကိုလည္း အသိ အမွတ္ျပဳရမည္ျဖစ္သည္။

ျပည္နယ္အစိုးရႏွင့္လႊတ္ေတာ္က ျပည္နယ္ လူထုႏွင့္ တစ္သားတည္းရွိၿပီး ျပည္နယ္လူထု၏စကားကို နားေထာင္သည့္ အစိုးရႏွင့္လႊတ္ေတာ္အျဖစ္ တည္ရွိျခင္းက ျပည္နယ္အတြင္း ပိုမိုစည္းလံုးညီညြတ္ သည့္ လူထုဗဟိုျပဳအစိုးရတစ္ရပ္ႏွင့္ လႊတ္ေတာ္ တစ္ရပ္ကိုရရွိႏိုင္ေစမည္ျဖစ္ၿပီး ျပည္နယ္တည္ၿငိမ္ ေအးခ်မ္းေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လူထုဘဝ သာယာဝေျပာေရးကို ဦးတည္သည့္ လုပ္ငန္းမ်ားကို အစိုးရက လက္ေတြ႔က်က် အေကာင္အထည္ေဖာ္ ႏိုင္မည္ျဖစ္ပါသည္။

ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာမ်ား ကို ေဒသခံတိုင္းရင္းသားပါတီမ်ားႏွင့္ ျပည္နယ္အတြင္း ႏိုင္ငံေရးစိတ္အားထက္သန္သည့္ တသီးပုဂၢလမ်ားကို ျပည္နယ္လူထုကေရြးခ်ယ္တင္ေျမႇာက္ရန္ လိုအပ္ၿပီး အျပန္အလွန္အားျဖင့္ ျပည္နယ္လူထုအတြက္ ႏိုင္ငံေရး အရ ဦးေဆာင္မႈေပးလိုသူမ်ားအေနျဖင့္ ျပည္မပါတီ ႀကီးမ်ား၏ ပါတီဝင္အျဖစ္ ေဆာင္ရြက္ျခင္းထက္ ေဒသခံ တိုင္းရင္းသားပါတီမ်ားသို႔ ဝင္ေရာက္၍လည္း ေကာင္း၊ တသီးပုဂၢလအေနျဖင့္လည္းေကာင္း ေရြး ေကာက္ပြဲဝင္ရန္ လိုအပ္ပါသည္။

ျပည္နယ္လူထုအေနျဖင့္ ျပည္ေထာင္စုအစိုးရ အတြက္ မိမိသက္ဝင္ယံုၾကည္ေသာ ျပည္ေထာင္စု အဆင့္ ပါတီႀကီးမ်ားကို အမ်ိဳးသားလႊတ္ေတာ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္ေနရာမ်ားတြင္ မဲေပးႏိုင္ၿပီး ျပည္ နယ္လူထုကို ရွင္းရွင္းကိုယ္စားျပဳမည့္ ျပည္နယ္ အစိုးရကိုမူ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာမ်ား ေရြးခ်ယ္ရာတြင္ ေဒသခံတိုင္းရင္းသားပါတီ မ်ား၊ တသီးပုဂၢလမ်ားကို ေရြးခ်ယ္ရမည္ျဖစ္ပါသည္။

ျပည္ေထာင္စုျမန္မာႏိုင္ငံတြင္ ဤအခြင့္အလမ္း ကို လက္ေတြ႕က်က် အေကာင္အထည္ေဖာ္ႏိုင္သည့္ အေျခအေနကို စဥ္းစားၾကည့္ရာတြင္ မ်ိဳးခ်စ္စိတ္ဓာတ္ ျပင္းျပျခင္းႏွင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာ အနည္းဆံုးေရြးခ်ယ္ရမည့္ ျပည္နယ္ငယ္မ်ား သည္ လက္ေတြ႕က်က် ေဆာင္ရြက္ႏိုင္ရန္ အခြင့္ အလမ္း ရွိပါသည္။

ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေနရာ (၁၄) ေနရာသာေရြးခ်ယ္ရမည့္ ကယားျပည္နယ္ႏွင့္ ကရင္ ျပည္နယ္၊ (၁၈) ေနရာေရြးခ်ယ္ရမည့္ ခ်င္းျပည္နယ္၊ (၂၀) ေနရာေရြးခ်ယ္ရမည့္ မြန္ျပည္နယ္တို႔သည္ ႀကိဳးစားအားထုတ္သင့္ပါသည္။ ကိုယ္စားလွယ္ေနရာ (၃၄) ေနရာရွိေသာ္လည္း ေဒသခံပါတီအားေကာင္း သည့္ ရခိုင္သည္လည္း လာမည့္ ၂၀၂၀ ေရြးေကာက္ ပြဲတြင္ ရခိုင္ျပည္နယ္၌ေရြးေကာက္ပြဲက်င္းပႏိုင္ပါက ျဖစ္ႏိုင္ေျခ ရွိပါသည္။

ဤသို႔ေဆာင္ရြက္ႏိုင္ရန္ ျပည္နယ္အတြင္းရွိ တိုင္းရင္းသားပါတီမ်ားအေနျဖင့္လည္း တတ္ႏိုင္သမွ် ျပန္လည္စုဖြဲ႔ျခင္း၊ ေရြးေကာက္ပြဲအတြက္ မဟာဗ်ဴဟာ က်က် ညႇိႏိႈင္းျခင္း၊ ျပည္နယ္အတြင္းေရြးေကာက္ပြဲ ဝင္မည့္ တစ္သီးပုဂၢလမ်ားကို လက္တြဲေခၚယူျခင္း၊ ျပည္နယ္လူထုအတြက္ အေရးႀကီးသည့္ ေဆာင္ရြက္ ဖြယ္ ကိစၥရပ္မ်ား လက္ေတြ႕က်က်မည္သို႔ အေကာင္ အထည္ေဖာ္ေဆာင္မည္ ရွင္းလင္းစြာေဖာ္ျပသည့္ ေရြးေကာက္ပြဲေၾကညာ စာတမ္းကို ျပင္ဆင္ထုတ္ျပန္ ျခင္း၊ ေရြးေကာက္ပြဲအႏိုင္ရေရးအတြက္ စည္း႐ံုးေရး လုပ္ငန္းမ်ားကို ကူညီပံ့ပိုးေပးမည့္ ျပည္တြင္းလူငယ္ ႏွင့္ အရပ္အဖြဲ႔အစည္းတို႔၏ အားေပးေထာက္ခံမႈ ရေအာင္ စည္း႐ံုးလံႈ႕ေဆာ္ျခင္း၊ ေရြးေကာက္ပြဲအႏိုင္ရ ေရးႏွင့္ သက္ဆိုင္သည့္ သင္တန္းမ်ား၊ အလုပ္႐ံုေဆြး ေႏြးပြဲမ်ားကို ကိုဗစ္-၁၉ ကပ္ေရာဂါကာလ ျဖစ္သည့္ အတြက္ နည္းပညာအေထာက္အကူျဖင့္ ျပင္ဆင္ က်င္းပျခင္း၊ လူထု၏လိုအပ္ခ်က္မ်ား၊ လူထုအသံမ်ား ကို နားေထာင္ႏိုင္ရန္အတြက္ ျပည္နယ္အတြင္း ကိုဗစ္ကပ္ေရာဂါ တားဆီးကာကြယ္ေရးအတြက္ ထုတ္ျပန္ထားသည့္ အမိန္႔ေၾကညာ စာ၊ စည္းကမ္းခ်က္မ်ားကို မဆန္႔ က်င္ေစဘဲ ကြင္းဆင္းေဆာင္ရြက္ ျခင္း စသည္ျဖင့္ ႀကိဳတင္ျပင္ဆင္ ထားရမည့္အျပင္၊ မဲဆႏၵနယ္ေျမ အလိုက္ လူထုက ယံုၾကည္ကိုးစား ေလာက္သည့္ ကိုယ္စားလွယ္ ေလာင္းမ်ားကို ပြဲထုတ္ရန္ လိုပါ သည္။

ထို႔အျပင္ တိုင္းရင္းသားပါတီ မ်ားအေနျဖင့္ မိမိ၏ မဟာမိတ္ အျခားတိုင္းရင္းသား ျပည္နယ္မ်ား တြင္ လႊတ္ေတာ္ကိုယ္စား လွယ္ ေနရာမ်ား ေရြးခ်ယ္ယွဥ္ၿပိဳင္ ေစရာ တြင္ အမ်ိဳးသား လႊတ္ေတာ္ႏွင့္ ျပည္သူ႔လႊတ္ေတာ္ ေနရာမ်ားကို သာ စဥ္းစားၿပီး ျပည္နယ္လႊတ္ ေတာ္ ကိုယ္စားလွယ္ေနရာမ်ားကို ေဒသခံပါတီမ်ားက ျပည္ နယ္အစိုးရႏွင့္ ျပည္နယ္လႊတ္ေတာ္ ေနရာကို လႊမ္းမိုး ႏိုင္ေရးအတြက္ လက္ေရွာင္ေပးၾကရန္လည္း လိုအပ္ ပါသည္။

အမွန္စင္စစ္တြင္ ျပည္မပါတီႀကီးမ်ားသည္ တိုင္းရင္းသားျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာမ်ားကို တိုင္းရင္းသားပါတီမ်ားသို႔ ဦးစားေပး သင့္ပါသည္၊ တရားမွ်တသည့္အေျခအေနမရွိသည့္တိုင္ တိုင္းရင္းသားျပည္နယ္မ်ားကို လက္ရွိဖြဲ႔စည္းပံုဥပေဒ ေဘာင္အတြင္း အုပ္ခ်ဳပ္ခြင့္ႏွင့္ဥပေဒျပဳအာဏာမ်ားကို လက္ေတြ႕က်င့္သံုးခြင့္ေပးျခင္းျဖင့္ ယခုေျပာဆို ေဆြး ေႏြးေနၾကသည့္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ မ်ားစြာအေထာက္အကူျပဳ ႏိုင္ပါသည္။

ျပည္မပါတီႀကီးမ်ား၏ေရြးေကာက္ပြဲေၾကညာ စာတမ္းမ်ားတြင္ တိုင္းရင္းသားမ်ားအႀကိဳက္ ျပည္ တြင္းၿငိမ္းခ်မ္းမႈတည္ေဆာက္ေရး၊ ဖက္ဒရယ္ ျပည္ ေထာင္စုတည္ေဆာက္ေရး စသည့္အခ်က္မ်ားကို ထည့္သြင္းေဖာ္ျပၾကေသာ္လည္း ၂၀ဝ၈ ဖြဲ႕စည္းပံု အရေပးထားသည့္ အခြင့္အေရးကိုပင္ တိုင္းရင္းသား မ်ားအတြက္ မေပးလိုၾကေခ်။ အကယ္၍သာ တိုင္းရင္းသား ျပည္နယ္မ်ားတြင္ ပါတီႀကီးမ်ားက တိုင္းရင္းသား ပါတီမ်ားႏွင့္ ညႇိႏိႈင္း ၍ ေဒသခံတိုင္းရင္းသားပါတီမ်ား ႏွင့္ တသီးပုဂၢလမ်ားကို ဦးစားေပး ေရြးခ်ယ္ေစပါမူ တိုင္းရင္းသားမ်ား သည္ သက္ဆိုင္ရာ ျပည္နယ္၏အစိုးရႏွင့္လႊတ္ေတာ္ကို တာဝန္ ယူ၍ စီမံအုပ္ခ်ဳပ္ျခင္း၊ ဥပေဒ ျပဳျခင္းလုပ္ငန္းတာဝန္မ်ားကို မဲ ဆႏၵရွင္ ျပည္သူ မ်ား၏ ႏိုင္ငံေရး ဆိုင္ရာအခြင့္အေရးမ်ား၊ တိုင္းရင္း သားအခြင့္အေရးမ်ားကို အေလး ထား၍ ေဆာင္ရြက္ ျခင္းျဖင့္ ဖက္ဒရယ္ျပည္ေထာင္စု သေဘာ သဘာဝ ေဆာင္လုပ္ငန္းမ်ားကို ျပည္နယ္ တြင္ေလ့က်င့္ပ်ိဳးေထာင္ၿပီး ျဖစ္ႏိုင္ေပသည္။

ျပည္နယ္အတြင္း အေျခခ်ေနထိုင္ၾကသည့္ တိုင္း ရင္းသားျပည္သူလူထုအေနျဖင့္လည္း မဲေပးႏိုင္သည့္ အခြင့္အေရးကို ယခင္ႏွစ္ႀကိမ္ကကဲ့သို႔ သေဘာမထား ဘဲ မိမိေပးသည့္မဲတစ္ျပားသည္ မိမိျပည္နယ္အတြက္ ပိုမိုကိုယ္စားျပဳသည့္ အစိုးရႏွင့္ လႊတ္ေတာ္တစ္ရပ္ကို ေဖာ္ေဆာင္ႏိုင္သည္ကို ခိုင္မာစြာယံုၾကည္ၾကလ်က္ ေရြးေကာက္ပြဲက်ေရာက္ခ်ိန္တြင္ မျဖစ္မေန မဲေပးရန္ ႏွင့္ မဲေပးရာတြင္ ေဒသခံတိုင္းရင္းသားပါတီမ်ားႏွင့္ တသီးပုဂၢလမ်ားကို ေရြးခ်ယ္ေပးရန္ လိုပါသည္။ မဲဆႏၵရွင္စာရင္းတြင္ပါေသာ္လည္း ခရီးလမ္းပန္း အခက္အခဲေၾကာင့္ မဲ႐ံုမ်ားသို႔ မဲလာေရာက္ မေပးႏိုင္ သူမ်ားအေနျဖင့္လည္း ႀကိဳတင္မဲေပးႏိုင္သည့္ အခြင့္ အေရးကို ေတာင္းဆိုၿပီး မဲေပးျဖစ္ေအာင္ေပးရပါမည္၊ ထို႔အျပင္ မဲေပးႏိုင္သည့္ သတ္မွတ္ခ်က္မ်ားျပည့္စံုပါ လ်က္ မဲဆႏၵရွင္စာရင္းတြင္ မပါဝင္ေသးေသာ ေဒသခံ ျပည္သူမ်ားကိုလည္း မဲေပးစာရင္းတြင္ ပါဝင္ႏိုင္ေရး အတြက္ ေဒသခံပါတီမ်ားက ယခု အခ်ိန္ကတည္းက ျပင္ဆင္ေဆာင္ရြက္သင့္ပါသည္။

တိုင္းရင္းသားမ်ားသည္ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုစနစ္ကို အလိုရွိၾကပါသည္၊ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရကတည္းက တိုင္းရင္းသားတို႔ ျမင္ေတြ႕ လိုသည့္ ျပည္ေထာင္စုပံုစံမ်ိဳးကို ယခုအခ်ိန္ထိ ျမင္ ေတြ႕ႏိုင္ျခင္းမရွိေသးပါ၊ ျပည္ေထာင္စု ျမန္မာႏိုင္ငံ ေတာ္ကို အုပ္ခ်ဳပ္ခဲ့သူ အဆက္ဆက္သည္ ျပည္ေထာင္စု စစ္စစ္ေဖာ္ေဆာင္ရန္ မည္သည့္အခါမွ် ႀကိဳးပမ္းအား ထုတ္ခဲ့သည္ကို မေတြ႕ရပါ၊ ျမန္မာႏိုင္ငံတြင္ ဖြဲ႕စည္းပံု အေျခခံဥပေဒသည္ ၃ ခုသာရွိပါသည္။

လြတ္လပ္ေရးမရမီေရးဆြဲခဲ့သည့္ ၁၉၄၇ ဖြဲ႕စည္းပံု အေျခခံဥပေဒ၊ တစ္ပါတီအာဏာရွင္ ျမန္မာ့ဆိုရွယ္ လစ္လမ္းစဥ္ပါတီေခတ္တြင္ ေရးဆြဲခဲ့သည့္ ၁၉၇၄ ဖြဲ႕စည္းပံုႏွင့္ စစ္အာဏာရွင္လက္ထက္တြင္ ေရးဆြဲခဲ့ သည့္ ၂၀ဝ၈ ဖြဲ႕စည္းပံုတို႔ျဖစ္ပါသည္။

ဖြဲ႕စည္းပံုတစ္ခုျခင္း၏ ေခတ္ကာလေနာက္ခံ သမိုင္းေၾကာင္းအေျခအေန၊ ကိုယ္စားျပဳေရးဆြဲခဲ့ၾကသူ မ်ား အေျခအေနႏွင့္ ထိုေခတ္အခါက အာဏာကို လက္ဝယ္ပိုင္ဆိုင္ထားသူမ်ား၏ သေဘာဆႏၵကို ကိုယ္စားျပဳသည့္ အဆိုပါ ဖြဲ႕စည္းပံုအေျခခံဥပေဒ မ်ားသည္ ဖက္ဒရယ္ႏွင့္ ဒီမိုကေရစီစံခ်ိန္စံညြန္းမ်ားႏွင့္ တိုင္းတာပါမူ တစ္ခုထက္ တစ္ခုပို၍ ဆိုးလာသည္ဟု ဆိုရပါမည္။

သို႔ရာတြင္ အဆိုပါဖြဲ႕စည္းပံုမ်ားအနက္ ၂၀ဝ၈ ဖြဲ႕စည္းပံုတြင္သာ ျပည္ေထာင္စုအစိုးရ၊ ျပည္ေထာင္စု လႊတ္ေတာ္ႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရ၊ တိုင္း ေဒသႀကီးျပည္နယ္လႊတ္ေတာ္ ခြဲျခားထားၿပီး အထက္ တြင္ဆိုခဲ့သကဲ့သို႔ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒႏွင့္ ေရြးေကာက္ပြဲကို အက်ိဳးရွိရွိ အသံုးခ်ပါက လုပ္ပိုင္ ခြင့္အာဏာမ်ား အကန္႔အသတ္ႏွင့္ ေပးထားသည့္တိုင္ ျပည္နယ္လူထုႏွင့္ပိုမိုနီးစပ္သည့္ ျပည္နယ္အစိုးရႏွင့္ လႊတ္ေတာ္ ကိုရႏိုင္ပါသည္။

ထို႔ေၾကာင့္ တိုင္းရင္းသားမ်ား အထူးသျဖင့္ တိုင္းရင္းသားျပည္နယ္မ်ားတြင္အေျခခ်ေနထိုင္သည့္ တိုင္းရင္းသားမ်ားအေနျဖင့္ ၂၀၂၀ ျပည့္ေရြးေကာက္ပြဲ တြင္ မဲမျဖစ္မေနေပးၾကရန္ မဲေပးၾကရာတြင္လည္း ေဒသခံတိုင္းရင္းသားပါတီမ်ား၊ တစ္သီးပုဂၢလမ်ားကို ဦးစားေပးေရြးခ်ယ္ျခင္းျဖင့္ မိမိတို႔မဲျဖင့္ မိမိတို႔ကို စင္စစ္ဧကန္ကိုယ္စားျပဳမည့္ ကိုယ္စားလွယ္မ်ားကို ေရြးခ်ယ္၍ မိမိတို႔စကားကိုနားေထာင္မည့္ ျပည္နယ္ အစိုးရႏွင့္ ျပည္နယ္လႊတ္ေတာ္ကို ဖြဲ႔စည္းထူေထာင္ ႏိုင္ျခင္းမွတစ္ဆင့္ ျမန္မာႏိုင္ငံေတာ္တြင္ စစ္မွန္ သည့္ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စုတည္ေဆာက္ ႏိုင္ေရးအထိ တစ္ဆင့္ျခင္း ႀကိဳးပမ္းေဆာင္ရြက္သြား ၾကရေပမည္။