• Today is: Wednesday, September 30, 2020

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်တိုင်းရင်းသားအခွင့်အရေး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် (ခ) စိုင်းဟပ်နှင့်တွေ့ဆုံခြင်း

Federal Journal
August04/ 2020

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်တိုင်းရင်းသားအခွင့်အရေး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် (ခ) စိုင်းဟပ်နှင့်တွေ့ဆုံခြင်း

အယ်ဒီတာအဖွဲ့

မေး။       ။ ပထမဦးဆုံးကတော့ ဆရာရဲ့အမည်ရယ်၊ လက်ရှိရာထူးရယ်၊ တာဝန်ထမ်းဆောင်နေတဲ့ အဖွဲ့အစည်းရယ်ကို ပြောပြပေးပါ။

 

ဖြေ။       ။ ကျွန်တော့်နာမည်စိုင်းသီဟကျော်လို့ခေါ်ပါတယ်။ ရင်းနှီးတဲ့လူက စိုင်းဟတ်လို့ခေါ်ပါတယ်။ SNLD ရဲ့ CEC အဖွဲ့ဝင်တစ်  ယောက်ဖြစ်ပါတယ်။ လက်ရှိလွှတ်တော်မှာတော့ ပြည်သူ့လွှတ်တော်ပေါ့နော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါ တယ်။ နောက်ပြီးတော့ကျွန်တော်တို့ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များရဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာဝန်ယူထားပါတယ်။

 

မေး။       ။ ဒုတိယမေးချင်တာကတော့ ကျွန်တော်တို့ဒီမိုကရေစီအစိုးရသက်တမ်း နှစ်နှစ်ဆက်တိုက်မှာပေါ့နော် တိုင်းရင်းသားအခွင့်အရေး နဲ့ဖက်ဒရယ်ဖော်ဆောင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံလေးတွေရှိနေမလဲဆိုတာ ဆရာအနည်းအကျဉ်းသုံးသပ်ပေးကြည့်ပါ။

 

ဖြေ။       ။ လက်ရှိအနေအထားအရတော့ လက်ရှိအာဏာရပါတီတွေအနေနဲ့သူတက်လာပြီးတဲ့နောက်ပိုင်းပေါ့လေ တစ်နှစ် နှစ်နှစ်မှ မဟုတ်ပါဘူး၊ သူတက်လာတဲ့လေးနှစ်ကျော် ကာလအတောအတွင်းမှာပေါ့ တိုင်းရင်းသားအရေးနဲ့ပတ်သက်ပြီးတော့ တစိုက်မတ်မတ် လုပ်တဲ့ကိစ္စဆိုလို့ ကျွန်တော်တို့လက်ဆုပ်လက်ကိုင်ပြစရာ သိပ်မရှိဘူး။ ကျွန်တော်တို့ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းတွေမှာလည်း အနည်းအကျဉ်းဒီလိုတွေ့ရတယ်။ ဆိုတော့လွှတ်တော်ထဲမှာလည်းပဲ အဆိုတင်တာတို့ ဥပဒေပြင်တာတို့ပေါ့နော်၊ အဲဒီအပိုင်းဆိုင်ရာကိစ္စ ရပ်နဲ့ တိုင်းရင်းသားတွေနဲ့ဆိုင်တဲ့ အခွင့်အရေးတွေနဲ့ပတ်သက်တဲ့၊ ဖက်ဒရယ်ရေးရာကိစ္စတွေနဲ့ပတ်သက်တဲ့ ကိစ္စမျိုးတင်သွင်းဆောင် ရွက်တာသိပ်မတွေ့ရဘူး။ အဓိကကတော့ ဖက်ဒရယ်ချက်ချင်းမသွားနိုင်ရင်တောင်မှလေ ဖက်ဒရယ်သွားနိုင်တဲ့လမ်းကြောင်းပုံစံမျိုး ပုံဖော်ပြီးဆောင်ရွက်ပေးနိုင်တဲ့ပုံစံမျိုးကိုလည်း သူတို့ဖွဲ့စည်းပုံမပြင်ပဲနဲ့ စလုပ်နေတဲ့လုပ်ငန်းစဉ်တွေရှိတယ်။ ဒါပေမယ့်အဲဒါတွေနဲ့လုပ် တာကို ကျွန်တော်မတွေ့မိဘူး။ အခုလက်ရှိဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးလုပ်ငန်းမှာလည်း တိုင်းရင်းသားတွေအားလုံးပါဝင်ဖို့ဆိုပြီး လမ်းဖွင့်ပေးပြီးတော့ ၄၅ ဦးကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့ပေမယ့် တိုင်းရင်းသားတွေ တင်သွင်းလိုတဲ့၊ ပြင်ဆင်လိုတဲ့ပုဒ်မတွေကို  တောင်းတယ်။ ဒါနဲ့ကျွန်တော်တို့လည်း ဝိုင်းတင်တယ်။ တင်ပေမယ့် အဲ့ဒီကော်မတီထဲရောက်သွားတဲ့အချိန်မှာ တစ်စုတစ်ဖွဲ့ချင်းစီတင် လာတဲ့ ပုဒ်မတွေနဲ့တကွ မဆွေးနွေးတော့ဘဲနဲ့ မဲခွဲလိုက်တယ်။ မဲခွဲတယ်ဆိုတော့ အဲ့ဒီအထဲမှာ မဲအများစုအနိုင်ရတဲ့သူက နိုင်တာပဲ။ အဲ့ဒီတော့ဘယ်သူမဆို ကိုယ့်ရပ်တည်ချက်အပေါ်မှာပဲ ရပ်တည်ပြီး မဲပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ NLD အများစုရှိထားတဲ့ ၄၅ဦး ကော်မတီ NLD ပဲအနိုင်ရပြီးတော့လွှတ်တော်ထဲရောက်သွားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အချက်အလက်တွေအားလုံးကလည်း NLD ရဲ့ပြင်ဆင်ချက်တွေအားလုံးဖြစ်သွားတယ်။ တိုင်းရင်းသားတွေအတွက်ဆိုရင် ဘာကိုသိပ်ပြီးတော့ လက်ဆုပ်လက်ကိုင်ဖော်ပြနိုင်စရာ သိပ်မတွေ့ရဘူး။ ခုနက ကျွန်တော်ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ပဲနဲ့စပြီးလုပ်လို့ရတဲ့ ဒီစင်တာလိုက်ပုံစံမျိုး ဒါမှမဟုတ်ရင် စပြီးလုပ်လိုက်တဲ့ကိစ္စမျိုးမှာ ဥပမာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဟာ ရွေးကောက်ပွဲနည်းလမ်းနဲ့ဆောင်ရွက်နိုင်မှု။ ဆိုတော့ဒေသခံလူထုက သူတို့ရပ်ကွက်၊ သူတို့ကျေးရွာအုပ်ချုပ်မယ့်သူ သူတို့ရွေးကောက်မယ့်နည်းနဲ့ တင်ပြခွင့်ရရင် ဒါတစ်ချက်။ လွှတ်တော်မှာ ဒီပြည်နယ်လွှတ်  တော်မှာဆိုရင်လည်း ပြည်နယ်လွှတ်တော်ပေါ်လာတယ်။ နောက်ပြည်နယ်အစိုးရ၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့တွေကို ရွေးကောက်တင်  မြှောက်တဲ့ နည်းစနစ်ဖြစ်တယ်။ ဒါပေမယ့် ပြည်နယ်ဝန်ကြီးချုပ် အုပ်ချုပ်ရေးအကြီးအကဲက သမ္မတက ခန့်တဲ့ ကိစ္စပဲ ဖြစ်နေတယ်။ ဒါထားလိုက်ဦး၊ ကြားထဲမှာလည်း အုပ်ချုပ်ရေးအဖွဲ့အစည်းပိုင်းဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးနဲ့ ခရိုင်အုပ်ချုပ်ရေးရှိတယ်။ အဲဒီတော့ ကျွန်တော်ဆိုလိုချင်တဲ့သဘောက ဒီအောက်ဆုံးအဆင့်ကလည်း ရွေးကောက်ပြီးတော့ လူထုကို ကိုယ်စားပြုထားတယ်၊ အပေါ်အဆင့်မှာ လည်း ရွေးကောက်တဲ့နည်း။ ဒီနှစ်နည်းက ဖွဲ့စည်းပုံမပြင်သေးဘဲနဲ့ အုပ်ချုပ်ရေးကို သူတို့ကတော့ ဆက်အုပ်ချုပ်ပါ။ ဒါပေမယ့် ဘယ်သူနဲ့တွဲဖက်ရမလဲ၊ ဆိုပါစို့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေရှိတယ်။ တကယ့်ရေး ရာကိစ္စ၊ ကျွန်တော်တို့ ပြည်သူ့လွှတ်တော် နည်းဥပဒေထဲမှာ ပြင်ဆင်ထားတာရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်များကို တခြားသော  ဌာနတို့မြို့နယ်ကလူတွေက အလေးထားတိုင်ပင်အပ်တဲ့ပုဂ္ဂိုလ်အဖြစ် မှတ်ယူရမယ်လို့ ဒီလိုဥပဒေ ပြဋ္ဌာန်းလိုက်တာနဲ့ နောက်တစ်ခြား  သောဌာနတွေက လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ပင်လို။ တကယ်လို့သာဦးသိန်းစိန်လက်ထက်တုန်းက မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေးတွေကို ပူးတွဲပြီးတော့တိုင်ပင်ရမယ့် မြို့နယ်စည်ပင်သာယာရေးကော်မတီဖွဲ့တယ်။ မြို့နယ်အထောက်အကူပြုကော် မတီဖွဲ့တယ်။ အဲဒီမြို့နယ်အုပ်ချုပ်ရေးက အထောက်အကူပြုကော်မတီနဲ့ တွဲလုပ်ရတယ်။ ဒါက သူစပြီးတော့ စဉ်းစားတဲ့ စဉ်းစားတဲ့ပုံ၊ ဖွဲ့စည်းပုံမပြင်သေးဘူး။ အခုအာဏာရ NLD အနေနဲ့ တကယ်လို့သာ ဒီလိုမျိုးကို သူလုပ်ချင်ရင် အခုလူထုက ရွေးကောက်တင်မြှောက် လိုက်တဲ့ လူထုကိုယ်စားလှယ်တွေရှိတယ်။ အဲဒီအုပ်ချုပ်ရေးကာလနဲ့ ဒီလူထုကိုယ်စားလှယ်တွေနဲ့ ဘယ်လိုမျိုးချိတ်ဆက်ပြီး လုပ်ရမလဲ။ တကယ်လို့ရုံးပိုင်းဆိုင်ရာကိစ္စကတော့ ဖွဲ့စည်းပုံထဲမှာတော့ မြို့နယ်အုပ်ချုပ်ရေးတွေကို၊ ခရိုင်အုပ်ချုပ်ရေးတွေကို နိုင်ငံဝန်ထမ်းများနဲ့သာ တာဝန်ထမ်းဆောင်ရမယ်ဆိုတာရှိတယ်။ ဆိုတော့ အဲ့ဒါမပြင်နိုင်ဘူး။ မပြင်နိုင်ဘူးဆိုရင် သူနဲ့တွဲဖက်ပြီးတာ့ဘယ်လိုလုပ်မှာလဲ။ ဒီလိုမျိုး စဉ်းစားပေးရင် အောက်ခြေရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကိစ္စတွေ တဖြည်းဖြည်းနဲ့ ပုံပေါ်လာလိမ့်မယ်။ ဒီလိုမျိုး တစ်ဆင့်ချင်း တစ်ဆင့်ချင်း စဉ်းစားတွေးပြီးတော့ လုပ်ပေးဖို့လိုအပ်တာပေါ့။ ကျွန်တော်မြင်တဲ့အမြင်ပါ။

 

မေး။       ။ အခုကျွန်တော်တို့ ၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး NLD ကတင်သွင်းတဲ့ဟာတွေကို လွှတ်တော်မှာမဲခွဲတာတွေ ကျွန်တော်တို့လည်းကြည့်ရတယ်။ တင်သွင်းတဲ့ပုဒ်မတွေ မဲခွဲတာတွေကြည့်ရတယ်။ ခုနက ဆရာပြောသလိုပဲ တိုင်းရင်းသားအခွင့်အရေး နဲ့ပတ်သက်တာတွေက သိပ်မပါလာဘူးပေါ့နော်၊ ထင်သလောက် မပါလာတာတွေလည်းတွေ့ရတယ်။ အဲဒီအပေါ်မှာ နောက်ဆက်တွဲ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲဆိုတဲ့အမြင်လေး ပြောပြပေးပါ။

 

ဖြေ။       ။ လောလောဆယ်အထိတော့ဒီလိုဖြစ်သွားရင် နောက်ဆက်တွဲအကျိုးဆက်က ယုံကြည်မှုလျော့ကျသွားမယ်။ ဒါက သေချာတယ်။ ဒီအနိုင်ရပါတီ၊ NLD အပေါ်မှာ တိုင်းရင်းသားတွေရောပဲ၊ လူထုရောပဲ၊ နောက်တော်တော်များများယုံကြည်ထားတယ်။  ရွေးကောက်ပွဲအနိုင်ရပြီးတဲ့နောက်မှာ အနိုင်မရခင် ရွေးကောက်ပွဲမှာလည်း အာဏာရှင်စနစ်အုပ်ချုပ်မှုအောက်ကနေ လွတ်သွားဖို့ဆို တာက အရပ်သားစစ်စစ်အစိုးရ ဖြစ်လာဖို့လိုတယ်။ အဲဒီလိုဖြစ်လာနိုင်ဖို့ကလည်း လက်ရှိ NLD ကလွဲလို့တခြားရွေးစရာမရှိဘူး။ ဒါကြောင့် တိုင်းရင်းသားဒေသတွေကအစ NLD ကိုမဲပေးခဲ့တယ်။ ဒါယုံကြည်မှုကြောင့်ပေါ့နော်။ အဲဒီတော့ တကယ်လည်းအာဏာရပြီးတဲ့နောက် မှာလုပ်ကိုင်ဆောင်ရွက်မှုတွေဟာ တိုင်းရင်းသားတွေအပေါ်မှာ သိပ်ပြီးတော့သက်ရောက်မှု၊ ထိရောက်မှုမရှိတဲ့အတွက်ကြောင့်မို့လို့  နောင်ဖွဲ့စည်းပုံပြင်တဲ့အချိန်မှာလည်းပဲ တိုင်းရင်းသားတွေလိုလားတဲ့ လိုလားချက်တွေပါဝင်လာခြင်းမရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အရင်ဆုံး သူရရှိမယ့်ရလာဒ်ကတော့လျော့သွားမှာဖြစ်တယ်။ ယုံကြည်မှုလျော့သွားပြီဆိုတာနဲ့နောက်ဆက်တွဲလုပ်ရမယ့်ကိစ္စတွေဟာ တဖြည်းဖြည်းအခက်အခဲတွေနဲ့ ကြုံလာပါမယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အပိုင်းအခြားတွေအားလုံးက ဒီယုံကြည်မှုကို မတည်ဆောက် နိုင်ဘူးဆိုရင် အလုပ်လုပ်ကိုင်ရတာတွေခက်ခဲလာလိမ့်မယ်။

 

မေး။       ။ ၂၀၀၈ ခြေဥကိုပြင်ဆင်တဲ့အခါမှာ NLD ကတော့ တင်သွင်းလိုက်တာတွေတွေ့ပြီး ပြင်ဆင်ဖို့ပေါ့နော်။ ဆရာ့အနေနဲ့ဘယ်ပုဒ်မတွေ၊ ဘယ်အကြောင်းအရာတွေကိုသာအဓိကထား ပြင်ဆင်မယ်ဆိုရင် တိုင်းရင်းသားအခွင့်အရေးရရှိဖို့နဲ့ ဖက်ဒရယ်ဖော်ဆောင်ရာမှာ ပိုပြီးအထောက်အကူပြုနိုင်မလဲ၊ ဘာကြောင့်လဲပေါ့။

 

ဖြေ။       ။ တကယ်တမ်းကျ တိုင်းရင်းသားတွေအတွက် တကယ်စဉ်းစားမယ်၊ ဖက်ဒရယ်အတွက်စဉ်းစားမယ်ဆိုရင် ကျွန်တော်တို့ကဒီ ဘက်လွန်ဆန်ချက်ကို မေ့ပစ်လိုက်လို့မရဘူး။ ကျွန်တော်တို့နိုင်ငံဦးတည်လာတာလည်း ဒီကိစ္စပဲ၊ တိုင်းရင်းသားတွေတောင်းဆိုနေတာက အသစ်အဆန်းတွေတောင်းဆိုနေတာလည်းမဟုတ်ဘူး။ အရင်က ကတိကဝတ်ပြုထားတဲ့ဟာတွေကိုပဲ အကောင်အထည်ဖော်ပေးဖို့ပဲဖြစ် တယ်။ ဒါသဘောတူညီမှု၊ ဒီလိုကတိကဝတ်ရှိပြီး သဘောတူလာတဲ့အချိန်ဒီပြည်ထောင်စုကြီးဆိုတာ ဖြစ်ပေါ်လာတာ။ အဲဒီကတည်းက ကတိကဝတ်တွေမရှိဘူး၊ သဘောတူညီမှုတွေမရှိဘူးဆိုရင် ပင်လုံစာချုပ်လည်းမရှိလာဘူး။ ပင်လုံစာချုပ်မရှိလာဘူးဆိုရင် ပြည်ထောင်စု  ပေါ်လာစရာအကြောင်းမရှိဘူး။ အခုဟာကတိုင်းရင်းသားတွေ ကိုယ့်ရဲ့အခွင့်အရေးကိုအသစ်အဆန်းသွားပြီးတောင်းဆိုနေတာမျိုး ထင်နေတာက မဟုတ်သေးဘူး။ အဲဒီဟာလေးပြန်အကောင်အထည်ဖော်ဖို့ဆိုတာ အခုလက်ရှိဖွဲ့စည်းပုံက တချို့တလေပုဒ်မတစ်ခု တည်းလိုက်ပြင်တာနဲ့ လုံလောက်မယ်လို့တော့ မယူဆဘူး။ ဘာဖြစ်လို့လဲဆိုတော့ စနစ်တစ်ခုပြင်မယ်ဆိုရင် စလယ်ဆုံးအချိတ်ဆက် မမိဘူးဆိုရင် ဒီဥပဒေကြီးက အဆင်မပြေဘူး။ ဆိုတော့ ကျွန်တော်တို့မဲပေးတာ ၉ ရက်၊ ၉ ရက်နေ့ပထမက မဲပေးလိုက်တဲ့ဟာက အတည်မပြုဘူးဆိုပါစို့၊ ဒုတိယနေ့၊ တတိယနေ့ကျမှသာလာပြီး အတည်ပြုမယ်ဆိုတဲ့ဟာတွေက အဓိပ္ပာယ်မရှိတော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နဂိုကတည်းက အဲဒီပုဒ်မနဲ့ ဆက်စပ်တဲ့ပုဒ်မက ပြင်ခွင့်မရတော့ဘူး။ မရတော့ ဒီနောက်ပိုင်းမှာမှ သဘောတူတယ်လာဖြစ်နေ တယ်။ ရှေ့နောက်ကွဲလွဲမှု၊ ဒီလိုဖြစ်နေတယ်။ အဲဒီတော့ တိုင်းရင်းသားတွေအတွက်စဉ်းစားလိုက်ပြီဆိုရင် ကျွန်တော်တို့က လူအများဆုံး  ပြောနေကြတဲ့ ပုဒ်မ-၂၆၁ ပေါ့နော်၊ အဲဒါလေးပြင်လိုက်တာနဲ့ ဖက်ဒရယ်ဖြစ်မလာပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့လဲဆိုတော့ ဒီစင်တာလိုက် ကို ဗဟိုဦးစီးစနစ်ကို အနည်းငယ်လျှော့ပေးတဲ့သဘော။ သမ္မတ တိုက်ရိုက်ခန့်အပ်တာထက် အောက်ခြေက သူ့ဟာသူခန့်တာ။ ဒါတောင် မှ ဘာမေးခွန်းထပ်ထုတ်ဖို့ရှိလဲဆိုရင် အဲဒီဝန်ကြီးချုပ်က ဟုတ်ပြီ၊ လွှတ်တော်က သူ့ဘာသာသူခန့်ပြီ၊ သူ့အုပ်ချုပ်ပိုင်ခွင့်က ဘယ်လောက် အတိုင်းအတာထိရှိသလဲ။ အဲဒီတော့ ပြည်ထောင်စုကနေကိုင်နေတုန်းပဲလား။ အဲဒါဆိုရင်သူထပ်ဖွဲ့မယ့် သူ့ပြည်နယ်အစိုးရက ဘာတွေ လုပ်လို့ရမလဲ၊ တကယ်လို့သူ့မှာ လုပ်ပိုင်ခွင့်ပြည့်ပြည့်ဝဝမရဘူးဆိုရင် ကျွန်တော်တို့က ကိုယ်ဖြစ်ချင်တဲ့သူကိုရွေးကောက်လိုက်ပေမယ့် သူဘာမှလုပ်ပိုင်ခွင့်မရှိဘူးဆိုရင်လည်း မျှော်လင့်သလို ဖြစ်မလာဘူး။ အဲဒါကြောင့်ကျွန်တော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဟိုနား နည်းနည်း၊ ဒီနားနည်းနည်း လိုက်ပြင်ရုံလောက်နဲ့ တိုင်းရင်းသားအခွင့်အရေးလာပေးတယ်ဆိုတာကတော့ ဒါဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကျွန်တော့်အမြင်ပါ။

 

မေး။       ။ အခုလက်ရှိကျန်ရှိနေတဲ့အစိုးရသက်တမ်းမှာ လွှတ်တော်ထဲမှာရှိတဲ့တိုင်းရင်းသားပါတီတွေ၊ ဒီတိုင်းရင်းသားပါတီတွေကိုယ်စား  ပြုထားတဲ့ ကိုယ်စားလှယ်တွေ၊ အမတ်တွေက ၂၀၀၈ ခြေဥပြင်ဆင်ရေး အတွက် တိုင်းရင်းသားအခွင့်အရေးတွေထပ်ရလာနိုင်ဖို့ ကျန်တဲ့သက်တမ်းမှာကြိုးပမ်း နိုင်ကြဦးမလား။ အခွင့်အရေးရော ရနိုင်ဦးမလား၊ ဒါမှမဟုတ်ရင်လည်း တိုင်းရင်းသားပါတီကိုယ်စားလှယ်  တွေအတွက် ဥပဒေပိုင်းဆိုင်ရာအကူအညီတွေရော လိုအပ်မှုရှိနေလားဆိုတာလေး ပြောပြပေးပါ။

 

ဖြေ။       ။ တိုင်းရင်းသားတွေအတွက်ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်တွေကတော့ လုပ်ဖို့မလွယ်ဘူး။ ဒီတစ်ကြိမ်ဖြစ်သွားတဲ့ဟာက လည်း ဆရာတို့သိတဲ့အတိုင်းပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ်ဆိုရင် အနည်းဆုံး ၂၀ ရာခိုင်နှုန်းသဘောတူတဲ့ ကိုယ်စားလှယ်တွေ ဝိုင်း လက်မှတ်ထိုးပေးမှရမယ်။ ၂၀ ရာခိုင်နှုန်းရဖို့ဆိုတာက အင်အားကြီးမားတဲ့ပါတီတွေအနေနဲ့ ရနိုင်တယ်။ ဒါတောင်မှလည်း အင်အားကြီး တဲ့ပါတီတွေဆိုပါစို့၊ ကြံ့ခိုင်ရေးပါတီဆိုရင်သူမပြည့်မှီဘူး။ တပ်မတော်ကိုယ်စားလှယ်တွေဝိုင်းထောက်ကူမှသာလျှင် သူက ပြင်ပိုင်ခွင့်ရှိ တယ်။ ဆိုတဲ့အခါကျတော့တိုင်းရင်းသားတွေအနေနဲ့ကိုယ့်ဘာသာကိုယ် ဖွဲ့စည်းပုံပြင်ဖို့ကြိုးစားနိုင်မှုလမ်းကြောင်း ကတော့ လောလော ဆယ်မရှိပါဘူး။ ဒါပေမယ့် အခုအနိုင်ရတဲ့ NLD ပါတီ ဒါမှမဟုတ် တပ်မတော်သား၊ ၂၀ ရာခိုင်နှုန်းအထက်မှာရှိတဲ့ အစုအဖွဲ့တွေက  ဆောင်ရွက်တဲ့အချိန်မှာ တိုင်းရင်းသားတွေအစ ပါဝင်နိုင်အောင် ဝင်ပါတာပဲ။ အဲဒီအပေါ်မှာ နိုင်ငံရေးစိတ်ဆန္ဒအရအစုအဖွဲ့တွေက တိုင်း ရင်းသားအရေးလို့ပဲပြောပြော၊ ပြည်ထောင်စုအရေးလို့ပဲပြောပြော၊ ပြည်တွင်းငြိမ်းချမ်းရေးပြောပြော ဒီအပေါ်မှာ အာရုံစိုက်ပြီးတော့ တကယ့်ပြည်တွင်းငြိမ်းချမ်းရေးဖြစ်မယ်၊ တကယ့်ပြည်ထောင်စုကိုပဲ ဖော်ဆောင်မယ်၊ နောက်ဖက်ဒရယ်စနစ်ကို တကယ်သွားချင်တဲ့ စိတ်ဆန္ဒရှိမှသာလျှင် တိုင်းရင်းသားတွေရဲ့လိုချင်တဲ့ပုံစံမျိုးဖြစ်မယ်။ ပြည်နယ်အေးချမ်းမယ်။ တကယ့်ပြည်ထောင်စုကြီးဖြစ်မယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့တခြားဥပဒေတွေ လိုက်ပြင် လိုက်လုပ်နေပေမယ့်လည်း တကယ့် Main ဥပဒေကြီးဖြစ်တဲ့ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် တခြားဟာတွေလည်း အကန့်အသတ်ရှိမယ်။ လုပ်လို့မရဘူး။ ဘတ်ဂျက်ကအစပေါ့နော်။ ဘတ်ဂျက် ခွဲဝေမှုကအစ၊ စီမံကိန်းရေးဆွဲတာကအစ။ ပြီးရင်ကျွန်တော်တို့ပြည်နယ်နဲ့တိုင်း၊ ဗဟိုအစိုးရရဲ့ ဘတ်ဂျက်ဘဏ္ဍာရန်ပုံငွေခွဲဝေမှု၊ သဃံဇာတခွဲဝေမှု စသဖြင့် အားလုံးတွေဟာလုပ်လို့မရဘူး။ ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ တိုင်းရင်းသား အခွင့်အရေးကာကွယ်စောင့်  ရှောက်ရေးမူ ပြဋ္ဌာန်းတယ်။ ဒါပေမယ့် တိုင်းရင်းသားအခွင့်အရေးက အဲဒီစာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ ဒါတွေပဲရှိတယ်။ ဒါကိုမေးစရာရှိတယ်။ အဲဒီတော့ အစိုးရအပိုင်းက တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ဖော်ထုတ်ဆောင်ရွက် တဲ့နေရာမှာ တားဆီးပိတ်ပင်ခြင်းမပြုရဘူး၊ စောင့်ရှောက်ကာကွယ်ထားတယ်။ ဒါလည်းပဲအမှန်အတိုင်းပြောရရင် မပြည့်စုံတဲ့အပြင်ကို ထပ်ပြီးကန့်သတ်လိုက်သလိုဖြစ်သွားတယ်။ ကျွန်တော်တို့က တိုင်းရင်းသားအခွင့်အရေးလို့ပြောရင် နိုင်ငံသားအခွင့်အရေးထက်တောင် ပိုမြင့်ရမယ့် အနေအထားမှာရှိတယ်။ သို့သော်လည်း နိုင်ငံသားအခွင့်အရေးတောင် တန်းတူမရနိုင်တော့တဲ့အနေအထားကို ပြန်ဖြစ်စေ သွားတာကို သတိပြုဖို့တော့လိုတယ်။ သူပြဋ္ဌာန်းထားတဲ့အဲဒီဥပဒေရဲ့ ဘောင်အတွင်းကရှိတဲ့ အကြောင်းအရာတွေကို သူကန့်ကွက်တယ် ဆိုရင် ဒါဆိုရင်ကျွန်တော်တို့က အဲ့ဒါတွေပဲ ရတော့မှာလား။ ဒါကို ပြောစရာရှိတယ်။ ရှင်းရှင်းပြောရရင် တိုင်းရင်းသားတွေထဲမှာ ဗမာဆို တာကို ခွဲခွဲထုတ်နေတဲ့ ကိစ္စကလုံးဝမဖြစ်သင့်ဘူး။ တိုင်းရင်းသားလို့ပြောရင် ဗမာလည်းပါတယ်။ အားလုံးကတန်းတူညီမျှရှိတယ်လို့ သီးခြားခွဲထုတ်ပြီးတော့ သီးခြားခွဲဝေပြဋ္ဌာန်းစရာမလိုပါဘူး။ နိုင်ငံသားအခွင့်အရေးအားလုံးအပြည့်အဝ တန်းတူညီတူရအောင် လုပ်ပေးရင် ဖြစ်တယ်။ အဲဒီတော့ အဲဒီလိုမျိုးဥပဒေတွေ လာလုပ်ပြန်ရင်လည်းပဲ အဆင်မပြေဘူးလို့ ကျွန်တော်မြင်ပါတယ်။

 

မေး။       ။ ဒါဆိုရင် ၂၀၀၈ ခြေ/ဥပြင်ဆင်ရေးမှာ တိုင်းရင်းသားအခွင့်အရေးတွေအပြည့်အဝပါဝင်လာဖို့၊ ရရှိလာဖို့ဆိုရင် ဘာတွေများ ဆက်လုပ်ဖို့ လိုအပ်နေသေးလဲ။

 

ဖြေ။       ။ အဓိကကတော့ လွှတ်တော်လမ်းကြောင်းကတော့ ဒုတိယသက်တမ်းမှာပေါ့လေ၊ ဒီတစ်ကြိမ်ပြီးဆုံးသွားပြီလို့ ယူဆရမယ်။  နောက်တစ်ကြိမ်ထပ်လုပ်နိုင်ဖို့ဆိုတာကလည်း အခြေအနေရော၊ အချိန်အခါရော ဘယ်လိုမှမရနိုင်တော့ပါဘူး။ နောက်ရွေးကောက်ပွဲ လည်း ထပ်လာတော့မှာလေ။ ကျွန်တော်ဆိုလွှတ်တော်ဆိုရင်လည်း ရှစ်လပိုင်လောက်ဆို အပြီးရပ်ဖို့ရှိတယ်။ ၈ လပိုင်း ၉လပိုင်းလောက် အဲဒီအချိန်မှာ အပြီးသတ်ရတော့မယ်။ ဆိုတဲ့အခါအချိန်က သိပ်မကျန်တော့ဘူး။ ဆိုတဲ့အခါကျတော့ လွှတ်တော်ဘက်ခြမ်းက လုပ်လို့မရ နိုင်တော့တဲ့ အနေအထားထိ ဒီသက်တမ်းမှာ မရနိုင်တော့ဘူး။ သိပ်မရနိုင်တော့တာပါ။ နောက်ထပ်ဘာလုပ်ဖို့ရှိသေးလဲဆိုတော့ လွှတ်တော်ပြင်ပမှာရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ စကားဝိုင်းတွေကနေသွားမှာရှိသေးတယ်။ အဲဒီဟာက လူပိုစုံမယ်။ လွှတ်တော်ထဲကလူ ပဲ မဟုတ်တော့ဘူး။ လွှတ်တော်ကလည်း လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ အစိုးရရယ်သူတို့ရဲ့ပါဝင်မှုအပိုင်းကနေ ပါတော့မယ်။ ပြီးရင် တစ်ဖက်က လက်နက်ကိုင်အဖွဲ့အစည်းပါမယ်။ လွှတ်တော်ထဲရောက်မလာတဲ့နိုင်ငံရေးပါတီတွေလည်းပါမယ်။ ပြီးရင် NGO တွေပါမယ်။ အဲဒီတော့ကျွန်တော်တို့ ဆွေးနွေးမှုတွေရလာဒ်ကောင်းဖို့လိုမယ်။ ဆွေးနွေးမှုရလာဒ်ကောင်းပြီဆိုရင် နောင်တစ်ချိန်လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်ဖို့အထောက်အကူဖြစ်မယ်လို့ ယူဆတယ်။ တရားသေတွက်လို့တော့မရဘူး။ ဘာလို့တရားသေတွက်လို့မရဘူးလဲဆိုတော့ ပြီးခဲ့တဲ့အကြိမ်တုမ်းက သဘောတူညီချက် ၅၁ချက် ရတယ်။ ၅၁ချက်ထဲမှာ တစ်ချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်  ဆောက်မယ်ဆိုတာကို အားလုံးကသဘောတူညီခဲ့တယ်။ ဒါပေမယ့် လွှတ်တော်ထဲမှာလာပြင်တဲ့ပုဒ်မလေးတစ်ခုတောင်မှ ကျွန်တော်တို့ သဘောတူညီချက်မရဘူး။ ၇၅ ရာခိုင်နှုန်းမကျော်ဘူး။ ဆိုတဲ့အခါကျတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲစကားဝိုင်းက ရတဲ့ရလာဒ်တွေက ဖွဲ့စည်းပုံပြင်တဲ့နေရာမှာ ဒါမေးခွန်းထုတ်စရာဖြစ်လာတယ်။ ဒါပေမယ့်လည်း ၅၁ချက် လို့သာပြောတယ်။ တကယ်တမ်းပြန်ကြည့်လိုက် ရင် လက်ရှိအခြေခံဖွဲ့စည်းပုံဥပဒေထဲမှာပြဋ္ဌာန်းထားတဲ့အတိုင်း သိပ်ပြီးတော့ကွဲပြားမှုမရှိတာကို တွေ့ရတယ်။ အဲဒီလိုမျိုး အဲ့ထက်အသစ် ပဲ၊ ဆိုပါဆို့ အသစ်ဆိုရင် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရလာတော့မယ်။ ဒါပြီးခဲ့တဲ့သက်တမ်းကတည်းက ငြိမ်းချမ်း  ရေးဆွေးနွေးပွဲစကားဝိုင်းမှာဆွေးနွေးခဲ့ကြတယ်။ ဒါပေမယ့်ဘယ်မှာသွားပြီးတော့ပျက်ပြယ်သွားလဲဆိုရင် ခွဲထွက်ခွင့်/မထွက်ခွင့် ကိစ္စ။ ခွဲထွက်ခွင့်ကိုတောင်းမယ်ဆိုရင်တော့ အဲဒီပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်ကို ပေးမယ်ဆိုတဲ့ ပက်ကေ့ချ်လိုက်လွှတ်ထားပြီးသား။ ဒါခွဲထွက် ခွင့်ကိုမပြောနဲ့၊ အင်း. . . . . . အဲဒါကြီးကိုပေးမယ်။ ဒါပေမယ့်တစ်ဖက်ကလည်းပဲခွဲထွက်ခွင့်ဆိုတာကြီးကို  ထည့်သွင်းစရာမလိုဘူး။ ကျွန်တော်တို့လည်းမပြောဘူး။ ထည့်လည်းမထည့်နဲ့၊ မဟုတ်ဘူး။ သူတို့အဲ့ဒါထည့်မှသာလျှင်ဒီက ပက်ကေ့ချ်တစ်ခုလုံးကြီးကို ခွင့်ပြုမယ်။ တကယ်လို့အဲဒါထည့်ခွင့်မရရင် ဒါတွေလည်းမပေးတော့ဘူးဆိုပြီး ပြန်ဆုတ်သွားတယ်။ သို့သော်လွဲလွဲလေးပဲပေါ့နော်။ သဘောတူညီ ချက်ရခါနီး၊ အဲဒါရပြီဆိုရင် ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲခွင့်ရလာပြီဆိုတော့ ဖက်ဒရယ်ပုံစံသွားမယ့်ဟာက တော်တော်လေးကို နီးစပ်သွားပြီ။ အဲဒီတော့ကိုယ့်ပြည်နယ်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ကိုယ့်ပြည်နယ်ရဲ့ဖွဲ့စည်းပုံ၊ ကိုယ့်ပြည်နယ်ရဲ့ဥပဒေပြုရေး၊ လွှတ်တော်ကို ဘယ်လို ထားမလဲ။ အုပ်ချုပ်ရေး၊ တရားစီရင်မှု။ ဆိုပါဆို့ လွှတ်တော်ဆိုရင် ကျွန်တော်တို့တင်သွင်းထားတဲ့ကိစ္စဆိုရင် လွှတ်တော်နှစ်ရပ်ထားသင့် တယ်ဆိုတဲ့အမြင်မျိုးကို ကျွန်တော်တို့ကလည်းတင်တယ်။ ဘာဖြစ်လို့အဲဒီလိုမျိုးတင်ရသလဲဆိုတော့ ရှမ်းပြည်နယ်က တခြားသော တိုင်းရင်းသားတွေက ပိုများတယ်။ ရှမ်းတစ်မျိုးတည်းမဟုတ်ဘူး။ အဲဒီတော့ တခြားသောတိုင်းရင်းသားတွေကို ကိုယ်စားပြုဖို့ဆိုတာ လည်း အဲဒီရဲ့ ကိုယ်စားပြုမှုပေါ့။ ပြီးကျမှလူထုကိုယ်စားပြုမယ့်အောက်လွှတ်တော်၊ ဒီလိုမျိုးနည်းလမ်းတွေနဲ့မှပဲ အဲ့အချက်တွေက Balance ဖြစ်မယ်။ ဒါပေမယ့်လွှတ်တော်နှစ်ရပ်ရှိတဲ့ပြည်နယ်မျိုးက နေရာတိုင်းမှာ လိုချင်မှလိုမယ်။ ကယားပြည်နယ် လိုချင်မှလိုမယ်။ မွန်ပြည်နယ်လိုချင်မှလိုမယ်။ ဒီဟာတွေမလိုဘူးဆိုရင် သူတို့က လွှတ်တော်တစ်ခုတည်းထားပေါ့။ အဲဒါကျတော့ဘာနဲ့သွားဆိုင်လဲဆို  တော့ သက်ဆိုင်ရာပြည်နယ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲတဲ့နေရာမှာသွားသက်ဆိုင်တယ်။ အဲဒီတော့တကယ့် ဖက်ဒရယ်ပုံစံမျိုး  ဖြစ်ချင်တယ်ဆိုရင် သက်ဆိုင်ရာပြည်နယ်အလိုက် သူ့ဟာသူ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ရှိရမယ်။

အခုအဲဒါပြောပြီဆိုရင် တိုင်း ကိစ္စပြောရတော့မယ်။ တိုင်းဒေသကြီး ၇ခု ရှိတယ်။ တိုင်းဒေသကြီးကြိုက်သလောက်ထည့်၊ ၇ ခုဖြစ်  စေ၊ အခုဘလောက်ဖြစ်စေ ဘာမှမဖြစ်ဘူး။ ဒါပေမယ့်ကျွန်တော်တို့အမျိုးသားလွှတ်တော်ဆိုတဲ့ အထက်လွှတ်တော်ရဲ့ယူနစ်ထဲမှာ ဝမ်းယူနစ်ပဲဖြစ်ရမယ်။ အဲဒီယူနစ်တစ်ခုတည်းရလာမှ သူတို့လက်ခံမှသာလျှင်ပြည်နယ်တွေ ပြည်နယ်တွေအားလုံးတန်းတူညီမျှတဲ့ အခွင့် အရေးရှိမယ်။ မဟုတ်ဘူးဆိုရင် ဗမာအများဆုံးဖြစ်နေတဲ့တိုင်းနဲ့လာပြီးတော့ ဒီမှာ အများစု ဖြစ်နေဦးမယ်။ ဆိုတော့ ဘယ်လိုမှထပ်ပြီး ကျွန်တော်တို့ အာဏာခွဲဝေမှုတို့၊ Power Sharing တို့၊ Source Sharing တို့ ဘာမှမလုပ်နိုင်စရာအကြောင်းမရှိဘူး။ ဒါအပြင် လူဦးရေးပါ ထပ်ခွဲလိုက်တော့ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ဦးရေက မတူညီတဲ့အခါကျတော့ ပြည်ထောင်စုလွှတ်တော်ကြီးတစ်ခု ထပ်ထားပြန်ရော။ ဆိုတဲ့အခါကျတော့ လွှတ်တော်ကြီးက နှစ်ရပ်မဟုတ်ဘူး၊ သုံးရပ်ဖြစ်သွားတယ်။ ပြည်ထောင်စုလွှတ်တော်ကြီးက  တောက်လျှောက်ကျင်းပနေရတာ။ အမှန်တာ့ အဲ့လိုမဟုတ်ရဘူး။ ဥပဒေတစ်ခုကို အောက်လွှတ်တော်က သဘောတူညီပေမယ့် အထက်လွှတ်တော်ကသဘောမတူညီရင် မရတဲ့ဟာကို ရအထိညှိနှိုင်း။ ညှိနှိုင်းခွင့်မရရင်ပြဋ္ဌာန်းခွင့်မရဘူး။ အဲဒါမှသာလျှင် အာဏာတူ တယ်လို့ ပြောလို့ရမှာ။ အဲလိုမျိုးမဟုတ်ဘဲ ညှိနှိုင်းလို့မရတာကို ဇွတ်လုပ်ချင်တယ်။ တခုခုလာပေါင်းပြီးတော့ ပြည်ထောင်စုလွှတ်တော် တက်မယ်၊ ဖြစ်သွားမှာပေါ့ဗျာ။ တစ်ဖက်က မဖြစ်ချင်တဲ့ကိစ္စကြီးက ဘယ်လိုမှတားလို့မရဘူး။ ဒါကြောင့်မို့လို့ဖွဲ့စည်းပုံတင်တဲ့ လုပ်ငန်းစဉ် တိုင်းရင်းသားအခွင့်အရေးရဖို့ဆိုတာကတော့ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းလိုက်ပြင်တာကတော့ ကျွန်တော်တို့သွားချင်တဲ့လမ်း  ကြောင်းဖက်ဒရယ်ပုံမရောက်ပါဘူး။ အဲဒီတော့ အစအဆုံးဒီလိုပြင်ဖို့လိုတယ်။ အဲလိုမျိုးလုပ်နိုင်ဖို့ဆိုတာကလည်း စေ့စပ်ဆွေးနွေးညှိနှိုင်း တဲ့နည်းလမ်း အကောင်းဆုံးဖြစ်တယ်။ စေ့စပ်ဆွေးနွေးညှိနှိုင်းတာမရဘူးဆိုရင် အဲဒီကိစ္စဖြစ်မလာနိုင်ဘူး။ ဒီအပြင်ဘက်မှာရှိတဲ့ လွှတ်တော်ထဲမှာမရနိုင်တဲ့အတွက်ကြောင့် အခုအပြင်ဘက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ၂၁ ရာစုပင်လုံကနေတစ်ဆင့်  ညှိနှိုင်းဆွေးနွေးမယ်။ နှစ်ဖက်ဆုံးရှုံးသွားတဲ့ကိစ္စမျိုးတွေကို အတတ်နိုင်ဆုံးဖယ်ပြီးတော့မှ ဖြစ်နိုင်ချေရှိတဲ့ဟာတွေကို သဘောတူညီချက် ရခဲ့ပြီဆိုရင် ရွေးကောက်ပွဲပြီးနောက်တက်လာမယ့် အစိုးရသစ် အကောင်အထည်ဖော်နိုင်ကောင်းဖော်နိုင်လိမ့်မယ်လို့ ဒီလိုပဲ ယူဆပါတယ်။

 

မေး။       ။ အဲဒါနဲ့ဆက်စပ်ပြီးတော့ ကျွန်တော်တို့လည်း ဒီမဲပေးခွင့်လေးမှာပေါ့နော်၊ နောက်ကျန်တာတွေကဒီလိုတွေပါ။ နောင်လာမယ့် ဒီမိုကရေစီအစိုးရသက်တမ်းမှာ တိုင်းရင်းသားအခွင့်အရေးတွေအပြည့်အဝရလာနိုင်ဖို့ဆိုရင် တပ်မတော်ရှိရမယ်ပေါ့နော်၊ ပြီးတော့အာဏာရပါတီရှိရမယ်၊ ပြီးရင်တိုင်းရင်းသားပါတီတွေလည်း ရှိလာအုံးမယ်။ သူတို့သုံးပွင့်ဆိုင်က ဘာတွေကြိုတင်ပြီး ဘယ်လိုအရာတွေကို အဓိကဆွေးနွေးသွားမှပဲ နောင်လာမယ့် အစိုးရသက်တမ်းအတွက် တိုင်းရင်းသားအခွင့်အရေးတွေရလာနိုင်မလဲ ဆရာ။

 

ဖြေ။       ။ ဒါနည်းနည်းတော့ ပြောရခက်တာပေါ့နော်။ အမှန်တော့လည်း သိပ်ပြီးတော့ကျယ်ကျယ်ပြန့်ပြန့်ကြီး မမှားတောင်မှ ဆွေးနွေးဖို့ မလိုလောက်တော့ဘူးလို့ယူဆတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသားတွေဘာတွေမျှော်လင့်နေလဲ၊ တိုင်းရင်းသားတွေ ဘာတွေလိုချင်လဲ ဆိုတာ ပြောခဲ့တာနှစ်ပေါင်းမနည်းတော့ဘူး။ အဲဒီတော့ တပ်မတော်ဘယ်လိုရပ်တည်နေလဲဆိုတာလည်းသိပြီးနေပြီ။ ဒါပေမယ့် အာဏာ ရလာမယ့်ပါတီပေါ့နော်၊ အဲဒါတစ်ခုကတော့ ဘယ်လိုဖြစ်မလဲ။ တကယ်လို့ လက်ရှိ NLD ကပဲ အာဏာရလာမယ်ဆိုရင် သူ့မူဝါဒတွေ သူပြောင်းဖို့လိုပါတယ်။ အခုသူသွားနေတဲ့မူဝါဒတွေက လက်ရှိအနေအထားနဲ့ ဘယ်လောက်ထိအပ်စပ်မလဲ၊ တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လောက်အထိ ရောင်ပြန်ဟပ်မလဲ။ နောက်ဒီအပေါ်မှာ ထည့်သွင်းစဉ်းစားပြီးတော့ သူ့ရဲ့အဓိကပစ်မှတ်ထားရမယ့် သူ့မူကို သေချာ  ပြန်ချ။ ချပြီးတော့မှ အမျိုးသားရင်ကြားစေ့ရေးကို သူလက်ရှိလုပ်နေတာက တပ်မတော်နဲ့အဓိကလုပ်နေတာ။ တပ်မတော်နဲ့လည်း မရတော့ဘူး။ တိုင်းရင်းသားဖက်ကိုလည်း သူလုံးလုံးဖယ်ထားတယ်။ သူလုံးဝမလုပ်ဘူး။ စေ့စပ်ညှိနှိုင်းလည်းမလုပ်ခဲ့ဘူး။ တကယ်တမ်း  ရှေ့ဆက်သွားမယ်၊ ဖက်ဒရယ်ကိုတည်ဆောက်မယ်၊ တိုင်းပြည်ကိုပြန်လည်တည်ဆောက်မယ်ဆိုရင် ဒီအဖွဲ့သုံးခုက စေ့စပ်ညှိနှိုင်းမယ့် စနစ်တစ်ခုကို မဖန်တီးနိုင်ဘဲနဲ့တော့ သွားလို့မရပါဘူး။ တပ်မတော်ရဲ့သဘောထား၊ သူ့မှာလည်းသူ့သဘောထားတွေရှိတယ်။ အနိုင်ရ လာမယ့်အာဏာရပါတီအနေနဲ့လည်း သူ့ရဲ့ရပ်တည်ချက် သဘောထားတွေရှိတယ်။ သူ့တိုင်းရင်းသားပါတီတွေ။ အဲဒါတွေကို ဘယ်လိုပုံ၊ အကျိုးစီးပွား၊ ဘုံသဘောတူညီချက်တွေရဖို့ ပြည်ထောင်စုကြီးကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ဟာတွေကို ညှိနှိုင်းဆောင်ရွက်နိုင် မယ့်လမ်းကြောင်းကို ဦးဆုံးဖော်ဖို့လိုမယ်။ ဒါကြောင့်မူဝါဒတွေအားလုံးတူရမယ်လို့ မဆိုလိုဘူး။ သို့သော်လည်း အတတ်နိုင်ဆုံး တူညီနိုင် မယ့်လမ်းကြောင်းကို ခေါ်နိုင်မှရမယ်။ တိုင်းရင်းသားတွေလိုလားချက်က ရှင်းရှင်းပြောရရင်ပင်လုံစာချုပ်ကနေလာတာပဲ။ ပင်လုံစာချုပ်ကို  မှေးမှိန်အောင်လုပ်မယ်။ ပင်လုံစာချုပ်ကို ပယ်ဖျက်အောင်လုပ်မယ်။ နောက်ထပ်အသစ်စာချုပ်တွေ အသစ်အသစ်တွေ လုပ်မယ်ဆိုရင် ဘယ်လိုမှ ညှိနှိုင်းဆောင်ရွက်လို့ရမှာ မဟုတ်ဘူး။ တပ်မတော်ကလည်း သူ့ရပ်တည်ချက်အတိုင်း ဒီအတိုင်းပဲတောက်လျှောက်သွားခဲ့မယ် ဆိုရင်တော့ ကျွန်တော်တို့ပြည်တွင်းပဋိပက္ခဖြစ်ခဲ့တာ နှစ်ပေါင်း ၆၀-၇၀ လောက်ရှိခဲ့ပါပြီ။ တစ်ခုခုမပြောင်းဘဲနဲ့တော့ဒီအနေအထားကြီး ကို ပြောင်းလို့မရဘူး။ ပြောင်းကိုပြောင်းရတော့မယ်။ တိုင်းရင်းသားတွေဘက်ကလည်း လက်ခံယုံကြည်ထားတဲ့ဟာ ဘယ်လိုပြောင်းမှာ လဲ၊ အဲလိုစဉ်းစားစရာရှိပါတယ်။

 

မေး။       ။ နောက်ဆုံးအနေနဲ့ ခြေ/ဥ ပြင်ဆင်ရေးနဲ့တိုင်းရင်းသားအခွင့်အရေးရရှိနိုင်မှုအပေါ်မှာ ဆရာ့ရဲ့အမြင်လေး သုံးသပ်ပေးပါဦး။

 

ဖြေ။       ။ ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေကတော့ တိုင်းရင်းသားအခွင့်အရေးပြည့်ပြည့်ဝဝရဖို့ဆိုတာ လောလောဆယ်ကတော့ ဒီလိုပြင်ရုံနဲ့မရဘူးလို့ပဲ သုံးသပ်ပါတယ်။ တကယ့်စိတ်ဆန္ဒအမှန်နဲ့ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ပါတီက အသစ်ပြန်ရေးဆွဲဖို့ အမြဲတမ်း  တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဒီလောက်အနေအထားမဖြစ်ခဲ့ဘူးဆိုရင်လည်း ကျွန်တော်တို့ပြင်မယ်။ ဒါကြောင့်ဒီတစ်ချက်ပြင်တယ်ဆို တာ ကျွန်တော်တို့ ပြင်ဆင်ချက် ၁၂၁၂ ချက်ထက် များတယ်။ များတဲ့အကြောင်းရင်းကလည်းပဲ စကားလုံးတစ်လုံးပြင်လိုက်တာနဲ့ သူ့နောက်ပိုင်းက စကားလုံးအားလုံးလိုက်ပြင်ရတယ်။ ဆိုပါစို့ အမျိုးသားလွှတ်တော်ကိုကျွန်တော်တို့က အထက်လွှတ်တော်လို့ ပြောင်း လိုက်တာနဲ့ အဲဒီအမျိုးသားလွှတ်တော်ရှိတဲ့ စကားလုံးတွေအားလုံးက အထက်လွှတ်တော်တွေအားလုံးပြောင်းလိုက်တယ်။ နိုင်ငံတော် ဆိုတဲ့စကားလုံးကို ကျွန်တော်တို့က ပြည်ထောင်စုလို့ပြောင်းလိုက်တာနဲ့ အဲဒီနိုင်ငံတော်ဆိုတဲ့စကားလုံးရှိတဲ့နေရာတိုင်းက အားလုံးက  ပြည်ထောင်စုဖြစ်သွားတယ်။ အဲဒီလိုမျိုးပေါ့။ ပြင်ဆင်ချက်တွေအများကြီးဖြစ်သွားတယ်။ အဲဒါတွေအပေါ်မှာ ဘယ်လောက်ထိလက်ခံနိုင် မလဲပေါ့။ တချို့ဟာတွေက ကျွန်တော်ကြည့်ပါတယ်။ ကျွန်တော်တို့ပြင်ဆင်လိုတဲ့အချက်တွေနဲ့ လက်ရှိအခြေခံဖွဲ့စည်းပုံဥပဒေရှိတဲ့ အချက်တွေ တချို့ဟာတွေ တူကောင်းတူညီမှု ရှိကောင်းရှိနိုင်မယ်။ တူညီတဲ့ဟာတွေကိုတော့ ပြန်ပြီးတော့ညှိပေါ့လေ။ မတူညီတဲ့ဟာတွေကျတော့ ဒါကတော့ဘယ်လိုလုပ်မလဲဆိုတဲ့ စေ့စပ် ညှိနှိုင်းတဲ့လမ်းကြောင်းသွားဖို့လိုတယ်။ ဒီလိုမျိုးမှမဟုတ်ဘူးဆိုရင်  တော့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအနေအထားနဲ့ဆိုရင် ကျွန်တော်တို့တိုင်းရင်းသားအတွက် ဘာအခွင့်အရေးမှမရှိပါဘူး။ အခွင့်အလမ်း မရှိပါဘူး။ ဘာနဲ့သက်သေပြရမလဲဆိုရင် ကျွန်တော်တို့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ အဆင့်တွေက ကျွန်တော်တို့တိုင်းရင်းသား ပါတီတွေ၊ တိုင်းရင်းသားဘက်ကနေတက်ပြီးရလာတဲ့လမ်းကြောင်း လုံးဝမရှိဘူး။ အနိုင်ရတဲ့ပါတီကနေပြီးတော့မှ သဘောက ပေးစာကမ်းစာအနေနဲပဲ နေရာပေးလို့သာ မင်းဒုတိယသမ္မတလာလုပ်ဆိုတာလောက်ပဲ ရနိုင်တယ်။ ဒါက ရှင်းရှင်းပြောရရင် အနိုင်ရပါတီရဲ့သြဇာအောက်မှာပဲ ရှိမယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသဖြင့် လွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့် ဘာတစ်ခုမှရမှာ မဟုတ်ဘူး။ အဲဒီတော့ တိုင်းရင်းသားတွေကတော့ ဒီပြည်ထောင်စုမှာလာပြီးတော့ အစိုးရတက်ဖြစ်ဖို့ဆိုတာက ၂၀၀၈ အခြေခံဖွဲ့စည်းပုံဥပဒေအရဆိုရင် ဘယ်လိုမှနည်းလမ်းမရှိပါဘူး။ ဒါတောင် ကိုယ့်ပြည်နယ်မှာတောင်မှ ကိုယ့်ပြည်နယ်အစိုးရဖြစ်ဖို့ အရေး ကိုပဲ အသည်းအသန်လုံးပန်းနေရတဲ့အနေအထား။ အခုဆိုရင်ဆရာမြင်ပြီးပါပြီ။ ရခိုင်မှာလည်း ရခိုင်ပါတီအများစုအနိုင်ရတယ်။ သူအစိုးရမဖွဲ့နိုင်ဘူး။ သူမလုပ်နိုင်ခဲ့ဘူး။ ရှမ်းမှာလည်း အထိုက်အလျောက်ရတယ်။  ဒါမဲ့ဘာမှ ထူးထူးခြားခြား မလုပ်လာနိုင်ဘူး။ အဲဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းသာဆက်သွားရင်တော့ တိုင်းရင်းသားတွေအရေး ဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့  မြင်ပါတယ်။

 

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

အယ်ဒီတာအဖွဲ့

Zawgyi

၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးႏွင့္တိုင္းရင္းသားအခြင့္အေရး

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ စိုင္းသီဟေက်ာ္ (ခ) စိုင္းဟပ္ႏွင့္ေတြ႕ဆံုျခင္း

အယ္ဒီတာအဖြဲ႕

ေမး။    ။ ပထမဦးဆံုးကေတာ့ ဆရာရဲ႕အမည္ရယ္၊ လက္ရွိရာထူးရယ္၊ တာဝန္ထမ္းေဆာင္ေနတဲ့ အဖြဲ႕အစည္းရယ္ကို ေျပာျပေပးပါ။

 

ေျဖ။     ။ ကၽြန္ေတာ့္နာမည္စုိင္းသီဟေက်ာ္လို႔ေခၚပါတယ္။ ရင္းႏွီးတဲ့လူက စိုင္းဟတ္လို႔ေခၚပါတယ္။ SNLD ရဲ႕ CEC အဖြဲ႕ဝင္တစ္  ေယာက္ျဖစ္ပါတယ္။ လက္ရွိလႊတ္ေတာ္မွာေတာ့ ျပည္သူ႔လႊတ္ေတာ္ေပါ့ေနာ္၊ ျပည္သူ႔ေငြစာရင္းေကာ္မတီ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္ပါ တယ္။ ေနာက္ၿပီးေတာ့ကၽြန္ေတာ္တို႔ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ျပည္ေတာ္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ားရဲ႕ အဖြဲ႕ေခါင္းေဆာင္အေနနဲ႔ တာဝန္ယူထားပါတယ္။

 

ေမး။    ။ ဒုတိယေမးခ်င္တာကေတာ့ ကၽြန္ေတာ္တို႔ဒီမိုကေရစီအစိုးရသက္တမ္း ႏွစ္ႏွစ္ဆက္တိုက္မွာေပါ့ေနာ္ တိုင္းရင္းသားအခြင့္အေရး နဲ႔ဖက္ဒရယ္ေဖာ္ေဆာင္မႈ အေျခအေနနဲ႔ ပတ္သက္ၿပီး ဘယ္လုိပံုစံေလးေတြရွိေနမလဲဆိုတာ ဆရာအနည္းအက်ဥ္းသံုးသပ္ေပးၾကည့္ပါ။

 

ေျဖ။     ။ လက္ရွိအေနအထားအရေတာ့ လက္ရွိအာဏာရပါတီေတြအေနနဲ႔သူတက္လာၿပီးတဲ့ေနာက္ပိုင္းေပါ့ေလ တစ္ႏွစ္ ႏွစ္ႏွစ္မွ မဟုတ္ပါဘူး၊ သူတက္လာတဲ့ေလးႏွစ္ေက်ာ္ ကာလအေတာအတြင္းမွာေပါ့ တိုင္းရင္းသားအေရးနဲ႔ပတ္သက္ၿပီးေတာ့ တစိုက္မတ္မတ္ လုပ္တဲ့ကိစၥဆိုလို႔ ကၽြန္ေတာ္တို႔လက္ဆုပ္လက္ကိုင္ျပစရာ သိပ္မရွိဘူး။ ကၽြန္ေတာ္တို႔ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြစကားဝုိင္းေတြမွာလည္း အနည္းအက်ဥ္းဒီလိုေတြ႔ရတယ္။ ဆိုေတာ့လႊတ္ေတာ္ထဲမွာလည္းပဲ အဆိုတင္တာတို႔ ဥပေဒျပင္တာတို႔ေပါ့ေနာ္၊ အဲဒီအပိုင္းဆိုင္ရာကိစၥ ရပ္နဲ႔ တိုင္းရင္းသားေတြနဲ႔ဆိုင္တဲ့ အခြင့္အေရးေတြနဲ႔ပတ္သက္တဲ့၊ ဖက္ဒရယ္ေရးရာကိစၥေတြနဲ႔ပတ္သက္တဲ့ ကိစၥမ်ိဳးတင္သြင္းေဆာင္ ရြက္တာသိပ္မေတြ႕ရဘူး။ အဓိကကေတာ့ ဖက္ဒရယ္ခ်က္ခ်င္းမသြားႏုိင္ရင္ေတာင္မွေလ ဖက္ဒရယ္သြားႏုိင္တဲ့လမ္းေၾကာင္းပံုစံမ်ိဳး ပံုေဖာ္ၿပီးေဆာင္ရြက္ေပးႏုိင္တဲ့ပံုစံမ်ိဳးကိုလည္း သူတို႔ဖြဲ႕စည္းပံုမျပင္ပဲနဲ႔ စလုပ္ေနတဲ့လုပ္ငန္းစဥ္ေတြရွိတယ္။ ဒါေပမယ့္အဲဒါေတြနဲ႔လုပ္ တာကို ကၽြန္ေတာ္မေတြ႔မိဘူး။ အခုလက္ရွိဖြဲ႕စည္းပံုအေျခခံျပင္ဆင္ေရးလုပ္ငန္းမွာလည္း တိုင္းရင္းသားေတြအားလံုးပါဝင္ဖို႔ဆိုၿပီး လမ္းဖြင့္ေပးၿပီးေတာ့ ၄၅ ဦးေကာ္မတီဖြဲ႕စည္းေဆာင္ရြက္ခဲ့ေပမယ့္ တုိင္းရင္းသားေတြ တင္သြင္းလိုတဲ့၊ ျပင္ဆင္လိုတဲ့ပုဒ္မေတြကို  ေတာင္းတယ္။ ဒါနဲ႔ကၽြန္ေတာ္တို႔လည္း ဝိုင္းတင္တယ္။ တင္ေပမယ့္ အဲ့ဒီေကာ္မတီထဲေရာက္သြားတဲ့အခ်ိန္မွာ တစ္စုတစ္ဖြဲ႕ခ်င္းစီတင္ လာတဲ့ ပုဒ္မေတြနဲ႔တကြ မေဆြးေႏြးေတာ့ဘဲနဲ႔ မဲခြဲလိုက္တယ္။ မဲခြဲတယ္ဆိုေတာ့ အဲ့ဒီအထဲမွာ မဲအမ်ားစုအႏိုင္ရတဲ့သူက ႏုိင္တာပဲ။ အဲ့ဒီေတာ့ဘယ္သူမဆို ကိုယ့္ရပ္တည္ခ်က္အေပၚမွာပဲ ရပ္တည္ၿပီး မဲေပးတာျဖစ္တဲ့အတြက္ေၾကာင့္မို႔လုိ႔ NLD အမ်ားစုရွိထားတဲ့ ၄၅ဦး ေကာ္မတီ NLD ပဲအႏိုင္ရၿပီးေတာ့လႊတ္ေတာ္ထဲေရာက္သြားတဲ့ ဖြဲ႕စည္းပံုျပင္ဆင္ေရး အခ်က္အလက္ေတြအားလံုးကလည္း NLD ရဲ႕ျပင္ဆင္ခ်က္ေတြအားလံုးျဖစ္သြားတယ္။ တိုင္းရင္းသားေတြအတြက္ဆိုရင္ ဘာကိုသိပ္ၿပီးေတာ့ လက္ဆုပ္လက္ကိုင္ေဖာ္ျပႏိုင္စရာ သိပ္မေတြ႔ရဘူး။ ခုနက ကၽြန္ေတာ္ေျပာတဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒ မျပင္ပဲနဲ႔စၿပီးလုပ္လို႔ရတဲ့ ဒီစင္တာလိုက္ပံုစံမ်ိဳး ဒါမွမဟုတ္ရင္ စၿပီးလုပ္လိုက္တဲ့ကိစၥမ်ိဳးမွာ ဥပမာ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးဟာ ေရြးေကာက္ပြဲနည္းလမ္းနဲ႔ေဆာင္ရြက္ႏိုင္မႈ။ ဆုိေတာ့ေဒသခံလူထုက သူတို႔ရပ္ကြက္၊ သူတို႔ေက်းရြာအုပ္ခ်ဳပ္မယ့္သူ သူတို႔ေရြးေကာက္မယ့္နည္းနဲ႔ တင္ျပခြင့္ရရင္ ဒါတစ္ခ်က္။ လႊတ္ေတာ္မွာ ဒီျပည္နယ္လႊတ္  ေတာ္မွာဆိုရင္လည္း ျပည္နယ္လႊတ္ေတာ္ေပၚလာတယ္။ ေနာက္ျပည္နယ္အစိုးရ၊ ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြကို ေရြးေကာက္တင္  ေျမွာက္တဲ့ နည္းစနစ္ျဖစ္တယ္။ ဒါေပမယ့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အုပ္ခ်ဳပ္ေရးအႀကီးအကဲက သမၼတက ခန္႔တဲ့ ကိစၥပဲ ျဖစ္ေနတယ္။ ဒါထားလိုက္ဦး၊ ၾကားထဲမွာလည္း အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းပိုင္းျဖစ္တဲ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးနဲ႔ ခရိုင္အုပ္ခ်ဳပ္ေရးရွိတယ္။ အဲဒီေတာ့ ကၽြန္ေတာ္ဆိုလိုခ်င္တဲ့သေဘာက ဒီေအာက္ဆံုးအဆင့္ကလည္း ေရြးေကာက္ၿပီးေတာ့ လူထုကို ကိုယ္စားျပဳထားတယ္၊ အေပၚအဆင့္မွာ လည္း ေရြးေကာက္တဲ့နည္း။ ဒီႏွစ္နည္းက ဖြဲ႕စည္းပံုမျပင္ေသးဘဲနဲ႔ အုပ္ခ်ဳပ္ေရးကို သူတို႔ကေတာ့ ဆက္အုပ္ခ်ဳပ္ပါ။ ဒါေပမယ့္ ဘယ္သူနဲ႔တြဲဖက္ရမလဲ၊ ဆိုပါစို႔ ျပည္သူလူထုက ေရြးေကာက္တင္ေျမွာက္လုိက္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြရွိတယ္။ တကယ့္ေရး ရာကိစၥ၊ ကၽြန္ေတာ္တုိ႔ ျပည္သူ႔လႊတ္ေတာ္ နည္းဥပေဒထဲမွာ ျပင္ဆင္ထားတာရွိတယ္။ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို တျခားေသာ  ဌာနတို႔ၿမိဳ႕နယ္ကလူေတြက အေလးထားတုိင္ပင္အပ္တဲ့ပုဂိၢဳလ္အျဖစ္ မွတ္ယူရမယ္လို႔ ဒီလိုဥပေဒ ျပ႒ာန္းလိုက္တာနဲ႔ ေနာက္တစ္ျခား  ေသာဌာနေတြက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တုိင္ပင္လို။ တကယ္လုိ႔သာဦးသိန္းစိန္လက္ထက္တုန္းက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရး၊ ခရိုင္အုပ္ခ်ဳပ္ေရးေတြကို ပူးတဲြၿပီးေတာ့တိုင္ပင္ရမယ့္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီဖြဲ႕တယ္။ ၿမိဳ႕နယ္အေထာက္အကူျပဳေကာ္ မတီဖြဲ႕တယ္။ အဲဒီၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးက အေထာက္အကူျပဳေကာ္မတီနဲ႔ တြဲလုပ္ရတယ္။ ဒါက သူစၿပီးေတာ့ စဥ္းစားတဲ့ စဥ္းစားတဲ့ပံု၊ ဖြဲ႕စည္းပံုမျပင္ေသးဘူး။ အခုအာဏာရ NLD အေနနဲ႔ တကယ္လို႔သာ ဒီလိုမ်ိဳးကို သူလုပ္ခ်င္ရင္ အခုလူထုက ေရြးေကာက္တင္ေျမွာက္ လိုက္တဲ့ လူထုကိုယ္စားလွယ္ေတြရွိတယ္။ အဲဒီအုပ္ခ်ဳပ္ေရးကာလနဲ႔ ဒီလူထုကုိယ္စားလွယ္ေတြနဲ႔ ဘယ္လိုမ်ိဳးခ်ိတ္ဆက္ၿပီး လုပ္ရမလဲ။ တကယ္လို႔ရံုးပိုင္းဆုိင္ရာကိစၥကေတာ့ ဖြဲ႕စည္းပံုထဲမွာေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးေတြကို၊ ခရိုင္အုပ္ခ်ဳပ္ေရးေတြကို ႏုိင္ငံဝန္ထမ္းမ်ားနဲ႔သာ တာဝန္ထမ္းေဆာင္ရမယ္ဆိုတာရွိတယ္။ ဆိုေတာ့ အဲ့ဒါမျပင္ႏုိင္ဘူး။ မျပင္ႏိုင္ဘူးဆုိရင္ သူနဲ႔တြဲဖက္ၿပီးတာ့ဘယ္လိုလုပ္မွာလဲ။ ဒီလိုမ်ိဳး စဥ္းစားေပးရင္ ေအာက္ေျခရဲ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရကိစၥေတြ တျဖည္းျဖည္းနဲ႔ ပံုေပၚလာလိမ့္မယ္။ ဒီလိုမ်ိဳး တစ္ဆင့္ခ်င္း တစ္ဆင့္ခ်င္း စဥ္းစားေတြးၿပီးေတာ့ လုပ္ေပးဖို႔လိုအပ္တာေပါ့။ ကၽြန္ေတာ္ျမင္တဲ့အျမင္ပါ။

 

ေမး။    ။ အခုကၽြန္ေတာ္တို႔ ၂၀၀၈ ေျခ/ဥ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး NLD ကတင္သြင္းတဲ့ဟာေတြကို လႊတ္ေတာ္မွာမဲခြဲတာေတြ ကၽြန္ေတာ္တို႔လည္းၾကည့္ရတယ္။ တင္သြင္းတဲ့ပုဒ္မေတြ မဲခြဲတာေတြၾကည့္ရတယ္။ ခုနက ဆရာေျပာသလိုပဲ တိုင္းရင္းသားအခြင့္အေရး နဲ႔ပတ္သက္တာေတြက သိပ္မပါလာဘူးေပါ့ေနာ္၊ ထင္သေလာက္ မပါလာတာေတြလည္းေတြ႕ရတယ္။ အဲဒီအေပၚမွာ ေနာက္ဆက္တြဲ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြ ျဖစ္လာႏုိင္မလဲဆိုတဲ့အျမင္ေလး ေျပာျပေပးပါ။

 

ေျဖ။     ။ ေလာေလာဆယ္အထိေတာ့ဒီလုိျဖစ္သြားရင္ ေနာက္ဆက္တြဲအက်ိဳးဆက္က ယံုၾကည္မႈေလ်ာ့က်သြားမယ္။ ဒါက ေသခ်ာတယ္။ ဒီအႏိုင္ရပါတီ၊ NLD အေပၚမွာ တိုင္းရင္းသားေတြေရာပဲ၊ လူထုေရာပဲ၊ ေနာက္ေတာ္ေတာ္မ်ားမ်ားယံုၾကည္ထားတယ္။  ေရြးေကာက္ပြဲအႏိုင္ရၿပီးတဲ့ေနာက္မွာ အႏိုင္မရခင္ ေရြးေကာက္ပြဲမွာလည္း အာဏာရွင္စနစ္အုပ္ခ်ဳပ္မႈေအာက္ကေန လြတ္သြားဖို႔ဆို တာက အရပ္သားစစ္စစ္အစိုးရ ျဖစ္လာဖို႔လိုတယ္။ အဲဒီလိုျဖစ္လာႏုိင္ဖို႔ကလည္း လက္ရွိ NLD ကလြဲလို႔တျခားေရြးစရာမရွိဘူး။ ဒါေၾကာင့္ တိုင္းရင္းသားေဒသေတြကအစ NLD ကိုမဲေပးခဲ့တယ္။ ဒါယံုၾကည္မႈေၾကာင့္ေပါ့ေနာ္။ အဲဒီေတာ့ တကယ္လည္းအာဏာရၿပီးတဲ့ေနာက္ မွာလုပ္ကိုင္ေဆာင္ရြက္မႈေတြဟာ တိုင္းရင္းသားေတြအေပၚမွာ သိပ္ၿပီးေတာ့သက္ေရာက္မႈ၊ ထိေရာက္မႈမရွိတဲ့အတြက္ေၾကာင့္မို႔လို႔  ေနာင္ဖြဲ႕စည္းပံုျပင္တဲ့အခ်ိန္မွာလည္းပဲ တုိင္းရင္းသားေတြလိုလားတဲ့ လိုလားခ်က္ေတြပါဝင္လာျခင္းမရွိတာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အရင္ဆံုး သူရရွိမယ့္ရလာဒ္ကေတာ့ေလ်ာ့သြားမွာျဖစ္တယ္။ ယံုၾကည္မႈေလ်ာ့သြားၿပီဆိုတာနဲ႔ေနာက္ဆက္တြဲလုပ္ရမယ့္ကိစၥေတြဟာ တျဖည္းျဖည္းအခက္အခဲေတြနဲ႔ ႀကံဳလာပါမယ္။ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး အပိုင္းအျခားေတြအားလံုးက ဒီယံုၾကည္မႈကို မတည္ေဆာက္ ႏိုင္ဘူးဆုိရင္ အလုပ္လုပ္ကိုင္ရတာေတြခက္ခဲလာလိမ့္မယ္။

 

ေမး။    ။ ၂၀၀၈ ေျခဥကိုျပင္ဆင္တဲ့အခါမွာ NLD ကေတာ့ တင္သြင္းလုိက္တာေတြေတြ႕ၿပီး ျပင္ဆင္ဖို႔ေပါ့ေနာ္။ ဆရာ့အေနနဲ႔ဘယ္ပုဒ္မ  ေတြ၊ ဘယ္အေၾကာင္းအရာေတြကိုသာ အဓိကထား ျပင္ဆင္မယ္ဆုိရင္ တုိင္းရင္းသားအခြင့္အေရးရရွိဖို႔နဲ႔ ဖက္ဒရယ္ေဖာ္ေဆာင္ရာမွာ ပိုၿပီးအေထာက္အကူျပဳႏုိင္မလဲ၊ ဘာေၾကာင့္လဲေပါ့။

 

ေျဖ။     ။ တကယ္တမ္းက် တုိင္းရင္းသားေတြအတြက္ တကယ္စဥ္းစားမယ္၊ ဖက္ဒရယ္အတြက္စဥ္းစားမယ္ဆိုရင္ ကၽြန္ေတာ္တို႔ကဒီ ဘက္လြန္ဆန္ခ်က္ကို ေမ့ပစ္လုိက္လို႔မရဘူး။ ကၽြန္ေတာ္တို႔ႏုိင္ငံဦးတည္လာတာလည္း ဒီကိစၥပဲ၊ တုိင္းရင္းသားေတြေတာင္းဆိုေနတာက အသစ္အဆန္းေတြေတာင္းဆုိေနတာလည္းမဟုတ္ဘူး။ အရင္ကကတိကဝတ္ျပဳထားတဲ့ဟာေတြကိုပဲ အေကာင္အထည္ေဖာ္ေပးဖို႔ပဲျဖစ္ တယ္။ ဒါသေဘာတူညီမႈ၊ ဒီလိုကတိကဝတ္ရွိၿပီး သေဘာတူလာတဲ့အခိ်န္ဒီျပည္ေထာင္စုႀကီးဆိုတာ ျဖစ္ေပၚလာတာ။ အဲဒီကတည္းက ကတိကဝတ္ေတြမရွိဘူး၊ သေဘာတူညီမႈေတြမရွိဘူးဆိုရင္ ပင္လံုစာခ်ဳပ္လည္းမရွိလာဘူး။ ပင္လံုစာခ်ဳပ္မရွိလာဘူးဆိုရင္ ျပည္ေထာင္စု  ေပၚလာစရာအေၾကာင္းမရွိဘူး။ အခုဟာကတိုင္းရင္းသားေတြ ကိုယ့္ရဲ႕အခြင့္အေရးကိုအသစ္အဆန္းသြားၿပီးေတာင္းဆုိေနတာမ်ိဳး ထင္ေနတာက မဟုတ္ေသးဘူး။ အဲဒီဟာေလးျပန္အေကာင္အထည္ေဖာ္ဖို႔ဆိုတာ အခုလက္ရွိဖြဲ႕စည္းပံုက တခ်ိဳ႕တေလပုဒ္မတစ္ခု တည္းလုိက္ျပင္တာနဲ႔ လံုေလာက္မယ္လုိ႔ေတာ့ မယူဆဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ စနစ္တစ္ခုျပင္မယ္ဆိုရင္ စလယ္ဆံုးအခ်ိတ္ဆက္ မမိဘူးဆိုရင္ ဒီဥပေဒႀကီးက အဆင္မေျပဘူး။ ဆိုေတာ့ ကၽြန္ေတာ္တို႔မဲေပးတာ ၉ ရက္၊ ၉ ရက္ေန႔ပထမက မဲေပးလုိက္တဲ့ဟာက အတည္မျပဳဘူးဆိုပါစို႔၊ ဒုတိယေန႔၊ တတိယေန႔က်မွသာလာၿပီး အတည္ျပဳမယ္ဆုိတဲ့ဟာေတြက အဓိပၸာယ္မရွိေတာ့ဘူး။ ဘာျဖစ္လို႔လဲ ဆိုေတာ့ နဂိုကတည္းက အဲဒီပုဒ္မနဲ႔ ဆက္စပ္တဲ့ပုဒ္မက ျပင္ခြင့္မရေတာ့ဘူး။ မရေတာ့ ဒီေနာက္ပိုင္းမွာမွ သေဘာတူတယ္လာျဖစ္ေန တယ္။ ေရွ႕ေနာက္ကြဲလြဲမႈ၊ ဒီလိုျဖစ္ေနတယ္။ အဲဒီေတာ့ တုိင္းရင္းသားေတြအတြက္စဥ္းစားလုိက္ၿပီဆိုရင္ ကၽြန္ေတာ္တို႔က လူအမ်ားဆံုး  ေျပာေနၾကတဲ့ ပုဒ္မ-၂၆၁ ေပါ့ေနာ္၊ အဲဒါေလးျပင္လုိက္တာနဲ႔ ဖက္ဒရယ္ျဖစ္မလာပါဘူး။ ဒါေပမယ့္ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီစင္တာလုိက္ ကို ဗဟိုဦးစီးစနစ္ကို အနည္းငယ္ေလွ်ာ့ေပးတဲ့သေဘာ။ သမၼတ တုိက္ရိုက္ခန္႔အပ္တာထက္ ေအာက္ေျခက သူ႔ဟာသူခန္႔တာ။ ဒါေတာင္ မွ ဘာေမးခြန္းထပ္ထုတ္ဖို႔ရွိလဲဆိုရင္ အဲဒီဝန္ႀကီးခ်ဳပ္က ဟုတ္ၿပီ၊ လႊတ္ေတာ္က သူ႔ဘာသာသူခန္႔ၿပီ၊ သူ႔အုပ္ခ်ဳပ္ပိုင္ခြင့္က ဘယ္ေလာက္ အတိုင္းအတာထိရွိသလဲ။ အဲဒီေတာ့ ျပည္ေထာင္စုကေနကိုင္ေနတုန္းပဲလား။ အဲဒါဆိုရင္သူထပ္ဖြဲ႕မယ့္ သူ႔ျပည္နယ္အစုိးရက ဘာေတြ လုပ္လို႔ရမလဲ၊ တကယ္လို႔သူ႔မွာ လုပ္ပိုင္ခြင့္ျပည့္ျပည့္ဝဝမရဘူးဆိုရင္ ကၽြန္ေတာ္တို႔က ကိုယ္ျဖစ္ခ်င္တဲ့သူကိုေရြးေကာက္လိုက္ေပမယ့္ သူဘာမွလုပ္ပိုင္ခြင့္မရွိဘူးဆိုရင္လည္း ေမွ်ာ္လင့္သလုိ ျဖစ္မလာဘူး။ အဲဒါေၾကာင့္ကၽြန္ေတာ္တို႔ ဒီဖြဲ႕စည္းပံုအေျခခံဥပေဒထဲမွာ ဟိုနား နည္းနည္း၊ ဒီနားနည္းနည္း လိုက္ျပင္ရံုေလာက္နဲ႔ တိုင္းရင္းသားအခြင့္အေရးလာေပးတယ္ဆိုတာကေတာ့ ဒါဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ ဒါကၽြန္ေတာ့္အျမင္ပါ။

 

ေမး။    ။ အခုလက္ရွိက်န္ရွိေနတဲ့အစုိးရသက္တမ္းမွာ လႊတ္ေတာ္ထဲမွာရွိတဲ့တုိင္းရင္းသားပါတီေတြ၊ ဒီတုိင္းရင္းသားပါတီေတြကိုယ္စား  ျပဳထားတဲ့ ကိုယ္စားလွယ္ေတြ၊ အမတ္ေတြက ၂၀၀၈ ေျခဥျပင္ဆင္ေရးအတြက္ တိုင္းရင္းသားအခြင့္အေရးေတြထပ္ရလာႏုိင္ဖို႔ က်န္တဲ့သက္တမ္းမွာႀကိဳးပမ္းႏိုင္ၾကဦးမလား။ အခြင့္အေရးေရာ ရႏုိင္ဦးမလား၊ ဒါမွမဟုတ္ရင္လည္း တိုင္းရင္းသားပါတီကိုယ္စားလွယ္  ေတြအတြက္ ဥပေဒပိုင္းဆိုင္ရာအကူအညီေတြေရာ လိုအပ္မႈရွိေနလားဆိုတာေလး ေျပာျပေပးပါ။

 

ေျဖ။     ။ တိုင္းရင္းသားေတြအတြက္ဖြဲ႕စည္းပံုျပင္ဆင္ေရးလုပ္ငန္းစဥ္ေတြကေတာ့ လုပ္ဖို႔မလြယ္ဘူး။ ဒီတစ္ႀကိမ္ျဖစ္သြားတဲ့ဟာက လည္း ဆရာတို႔သိတဲ့အတိုင္းပဲ။ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္မယ္ဆိုရင္ အနည္းဆံုး ၂၀ ရာခုိင္ႏႈန္းသေဘာတူတဲ့ ကိုယ္စားလွယ္ေတြ ဝိုင္း လက္မွတ္ထိုးေပးမွရမယ္။ ၂၀ ရာခုိင္ႏႈန္းရဖို႔ဆိုတာက အင္အားႀကီးမားတဲ့ပါတီေတြအေနနဲ႔ ရႏိုင္တယ္။ ဒါေတာင္မွလည္း အင္အားႀကီး တဲ့ပါတီေတြဆိုပါစို႔၊ ၾကံ႕ခိုင္ေရးပါတီဆိုရင္သူမျပည့္မွီဘူး။ တပ္မေတာ္ကိုယ္စားလွယ္ေတြဝိုင္းေထာက္ကူမွသာလွ်င္ သူက ျပင္ပိုင္ခြင့္ရွိ တယ္။ ဆိုတဲ့အခါက်ေတာ့တိုင္းရင္းသားေတြအေနနဲ႔ကိုယ့္ဘာသာကိုယ္ ဖြဲ႕စည္းပံုျပင္ဖို႔ႀကိဳးစားႏိုင္မႈလမ္းေၾကာင္းကေတာ့ ေလာေလာ ဆယ္မရွိပါဘူး။ ဒါေပမယ့္ အခုအႏုိင္ရတဲ့ NLD ပါတီ ဒါမွမဟုတ္ တပ္မေတာ္သား၊ ၂၀ ရာခိုင္ႏႈန္းအထက္မွာရွိတဲ့ အစုအဖြဲ႕ေတြက  ေဆာင္ရြက္တဲ့အခ်ိန္မွာ တုိင္းရင္းသားေတြအစ ပါဝင္ႏိုင္ေအာင္ဝင္ပါတာပဲ။ အဲဒီအေပၚမွာ ႏိုင္ငံေရးစိတ္ဆႏၵအရအစုအဖြဲ႕ေတြက တိုင္း ရင္းသားအေရးလို႔ပဲေျပာေျပာ၊ ျပည္ေထာင္စုအေရးလို႔ပဲေျပာေျပာ၊ ျပည္တြင္းၿငိမ္းခ်မ္းေရးေျပာေျပာ ဒီအေပၚမွာ အာရံုစိုက္ၿပီးေတာ့ တကယ့္ျပည္တြင္းၿငိမ္းခ်မ္းေရးျဖစ္မယ္၊ တကယ့္ျပည္ေထာင္စုကိုပဲ ေဖာ္ေဆာင္မယ္၊ ေနာက္ဖက္ဒရယ္စနစ္ကိုတကယ္သြားခ်င္တဲ့ စိတ္ဆႏၵရွိမွသာလွ်င္ တိုင္းရင္းသားေတြရဲ႕လိုခ်င္တဲ့ပံုစံမ်ိဳးျဖစ္မယ္။ ျပည္နယ္ေအးခ်မ္းမယ္။ တကယ့္ျပည္ေထာင္စုႀကီးျဖစ္မယ္။ ဆိုတဲ့အခါက်ေတာ့ ကၽြန္ေတာ္တို႔တျခားဥပေဒေတြ လိုက္ျပင္ လိုက္လုပ္ေနေပမယ့္လည္း တကယ့္ Main ဥပေဒႀကီးျဖစ္တဲ့ အေျခခံဥပေဒကို မျပင္ႏုိင္ဘူးဆိုရင္ တျခားဟာေတြလည္း အကန္႔အသတ္ရွိမယ္။ လုပ္လို႔မရဘူး။ ဘတ္ဂ်က္ကအစေပါ့ေနာ္။ ဘတ္ဂ်က္ ခြဲေဝမႈကအစ၊ စီမံကိန္းေရးဆြဲတာကအစ။ ၿပီးရင္ကၽြန္ေတာ္တို႔ျပည္နယ္နဲ႔တုိင္း၊ ဗဟိုအစိုးရရဲ႕ ဘတ္ဂ်က္ဘ႑ာရန္ပံုေငြခြဲေဝမႈ၊ သဃံဇာတခြဲေဝမႈ စသျဖင့္ အားလံုးေတြဟာလုပ္လို႔မရဘူး။ ၿပီးခဲ့တဲ့လႊတ္ေတာ္သက္တမ္းမွာ တိုင္းရင္းသားအခြင့္အေရး ကာကြယ္ေစာင့္  ေရွာက္ေရးမူ ျပ႒ာန္းတယ္။ ဒါေပမယ့္ တိုင္းရင္းသားအခြင့္အေရးကအဲဒီစာေပယဥ္ေက်းမႈ ဓေလ့ထံုးတမ္းေတြ ဒါေတြပဲရွိတယ္။ ဒါကိုေမးစရာရွိတယ္။ အဲဒီေတာ့ အစိုးရအပိုင္းက တုိင္းရင္းသားေတြရဲ႕ စာေပယဥ္ေက်းမႈ၊ ဓေလ့ထံုးတမ္းေတြကို ေဖာ္ထုတ္ေဆာင္ရြက္ တဲ့ေနရာမွာ တားဆီးပိတ္ပင္ျခင္းမျပဳရဘူး၊ ေစာင့္ေရွာက္ကာကြယ္ထားတယ္။ ဒါလည္းပဲအမွန္အတိုင္းေျပာရရင္ မျပည့္စံုတဲ့အျပင္ကို ထပ္ၿပီးကန္႔သတ္လိုက္သလုိျဖစ္သြားတယ္။ ကၽြန္ေတာ္တို႔က တိုင္းရင္းသားအခြင့္အေရးလို႔ေျပာရင္ ႏိုင္ငံသားအခြင့္အေရးထက္ေတာင္ ပိုျမင့္ရမယ့္ အေနအထားမွာရွိတယ္။ သို႔ေသာ္လည္း ႏုိင္ငံသားအခြင့္အေရးေတာင္ တန္းတူမရႏိုင္ေတာ့တဲ့အေနအထားကို ျပန္ျဖစ္ေစ သြားတာကို သတိျပဳဖို႔ေတာ့လိုတယ္။ သူျပ႒ာန္းထားတဲ့အဲဒီဥပေဒရဲ႕ ေဘာင္အတြင္းကရွိတဲ့ အေၾကာင္းအရာေတြကို သူကန္႔ကြက္တယ္ ဆိုရင္ ဒါဆိုရင္ကၽြန္ေတာ္တို႔က အဲ့ဒါေတြပဲ ရေတာ့မွာလား။ ဒါကို ေျပာစရာရွိတယ္။ ရွင္းရွင္းေျပာရရင္ တိုင္းရင္းသားေတြထဲမွာ ဗမာဆို တာကို ခြဲခြဲထုတ္ေနတဲ့ ကိစၥကလံုးဝမျဖစ္သင့္ဘူး။ တိုင္းရင္းသားလို႔ေျပာရင္ ဗမာလည္းပါတယ္။ အားလံုးကတန္းတူညီမွ်ရွိတယ္လို႔ သီးျခားခြဲထုတ္ၿပီးေတာ့ သီးျခားခြဲေဝျပ႒ာန္းစရာမလိုပါဘူး။ ႏုိင္ငံသားအခြင့္အေရးအားလံုးအျပည့္အဝ တန္းတူညီတူရေအာင္ လုပ္ေပးရင္ ျဖစ္တယ္။ အဲဒီေတာ့ အဲဒီလိုမ်ိဳးဥပေဒေတြ လာလုပ္ျပန္ရင္လည္းပဲ အဆင္မေျပဘူးလို႔ ကၽြန္ေတာ္ျမင္ပါတယ္။

 

ေမး။    ။ ဒါဆိုရင္ ၂၀၀၈ ေျခ/ဥျပင္ဆင္ေရးမွာ တိုင္းရင္းသားအခြင့္အေရးေတြအျပည့္အဝပါဝင္လာဖို႔၊ ရရွိလာဖို႔ဆိုရင္ ဘာေတြမ်ား ဆက္လုပ္ဖို႔ လိုအပ္ေနေသးလဲ။

 

ေျဖ။     ။ အဓိကကေတာ့ လႊတ္ေတာ္လမ္းေၾကာင္းကေတာ့ ဒုတိယသက္တမ္းမွာေပါ့ေလ၊ ဒီတစ္ႀကိမ္ၿပီးဆံုးသြားၿပီလို႔ ယူဆရမယ္။  ေနာက္တစ္ႀကိမ္ထပ္လုပ္ႏိုင္ဖို႔ဆိုတာကလည္း အေျခအေနေရာ၊ အခ်ိန္အခါေရာ ဘယ္လိုမွမရႏိုင္ေတာ့ပါဘူး။ ေနာက္ေရြးေကာက္ပြဲ လည္း ထပ္လာေတာ့မွာေလ။ ကၽြန္ေတာ္ဆိုလႊတ္ေတာ္ဆိုရင္လည္း ရွစ္လပိုင္ေလာက္ဆို အၿပီးရပ္ဖို႔ရွိတယ္။ ၈ လပိုင္း ၉လပိုင္းေလာက္ အဲဒီအခ်ိန္မွာ အၿပီးသတ္ရေတာ့မယ္။ ဆိုတဲ့အခါအခိ်န္က သိပ္မက်န္ေတာ့ဘူး။ ဆိုတဲ့အခါက်ေတာ့ လႊတ္ေတာ္ဘက္ျခမ္းက လုပ္လို႔မရ ႏိုင္ေတာ့တဲ့ အေနအထားထိ ဒီသက္တမ္းမွာ မရႏိုင္ေတာ့ဘူး။ သိပ္မရႏိုင္ေတာ့တာပါ။ ေနာက္ထပ္ဘာလုပ္ဖို႔ရွိေသးလဲဆိုေတာ့ လႊတ္ေတာ္ျပင္ပမွာရွိတဲ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ၊ စကားဝုိင္းေတြကေနသြားမွာရွိေသးတယ္။ အဲဒီဟာက လူပိုစံုမယ္။ လႊတ္ေတာ္ထဲကလူ ပဲ မဟုတ္ေတာ့ဘူး။ လႊတ္ေတာ္ကလည္း လႊတ္ေတာ္ရယ္၊ တပ္မေတာ္ရယ္၊ အစိုးရရယ္သူတို႔ရဲ႕ပါဝင္မႈအပိုင္းကေန ပါေတာ့မယ္။ ၿပီးရင္ တစ္ဖက္က လက္နက္ကိုင္အဖြဲ႕အစည္းပါမယ္။ လႊတ္ေတာ္ထဲေရာက္မလာတဲ့ႏိုင္ငံေရးပါတီေတြလည္းပါမယ္။ ၿပီးရင္ NGO ေတြပါမယ္။ အဲဒီေတာ့ကၽြန္ေတာ္တုိ႔ ေဆြးေႏြးမႈေတြရလာဒ္ေကာင္းဖို႔လိုမယ္။ ေဆြးေႏြးမႈရလာဒ္ေကာင္းၿပီဆိုရင္ ေနာင္တစ္ခ်ိန္လႊတ္ေတာ္ထဲမွာ ဖြဲ႕စည္းပံုျပင္ဖို႔အေထာက္အကူျဖစ္မယ္လို႔ ယူဆတယ္။ တရားေသတြက္လို႔ေတာ့မရဘူး။ ဘာလို႔တရားေသတြက္လို႔မရဘူးလဲဆိုေတာ့ ၿပီးခဲ့တဲ့အႀကိမ္တုမ္းက သေဘာတူညီခ်က္ ၅၁ခ်က္ ရတယ္။ ၅၁ခ်က္ထဲမွာ တစ္ခ်က္ျဖစ္တဲ့ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုတည္  ေဆာက္မယ္ဆိုတာကို အားလံုးကသေဘာတူညီခဲ့တယ္။ ဒါေပမယ့္ လႊတ္ေတာ္ထဲမွာလာျပင္တဲ့ပုဒ္မေလးတစ္ခုေတာင္မွ ကၽြန္ေတာ္တို႔ သေဘာတူညီခ်က္မရဘူး။ ၇၅ ရာခိုင္ႏႈန္းမေက်ာ္ဘူး။ ဆုိတဲ့အခါက်ေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးပဲြစကားဝုိင္းက ရတဲ့ရလာဒ္ေတြက ဖြဲ႕စည္းပံုျပင္တဲ့ေနရာမွာ ဒါေမးခြန္းထုတ္စရာျဖစ္လာတယ္။ ဒါေပမယ့္လည္း ၅၁ခ်က္ လို႔သာေျပာတယ္။ တကယ္တမ္းျပန္ၾကည့္လိုက္ ရင္ လက္ရွိအေျခခံဖြဲ႕စည္းပံုဥပေဒထဲမွာျပ႒ာန္းထားတဲ့အတိုင္း သိပ္ၿပီးေတာ့ကြဲျပားမႈမရွိတာကို ေတြ႕ရတယ္။ အဲဒီလိုမ်ိဳး အဲ့ထက္အသစ္ ပဲ၊ ဆိုပါဆို႔ အသစ္ဆိုရင္ ျပည္နယ္ဖြဲ႕စည္းပံုအေျခခံဥပေဒ ေရးဆဲြျပ႒ာန္းခြင့္ရလာေတာ့မယ္။ ဒါၿပီးခဲ့တဲ့သက္တမ္းကတည္းက ၿငိမ္းခ်မ္း  ေရးေဆြးေႏြးပြဲစကားဝိုင္းမွာေဆြးေႏြးခဲ့ၾကတယ္။ ဒါေပမယ့္ဘယ္မွာသြားၿပီးေတာ့ပ်က္ျပယ္သြားလဲဆိုရင္ ခြဲထြက္ခြင့္/မထြက္ခြင့္ ကိစၥ။ ခြဲထြက္ခြင့္ကိုေတာင္းမယ္ဆိုရင္ေတာ့ အဲဒီျပည္နယ္ဖြဲ႕စည္းပံုေရးဆြဲခြင့္ကို ေပးမယ္ဆိုတဲ့ ပက္ေက့ခ်္လိုက္လႊတ္ထားၿပီးသား။ ဒါခြဲထြက္ ခြင့္ကိုမေျပာနဲ႔၊ အင္း. . . . . . အဲဒါႀကီးကိုေပးမယ္။ ဒါေပမယ့္တစ္ဖက္ကလည္းပဲခြဲထြက္ခြင့္ဆိုတာႀကီးကို  ထည့္သြင္းစရာမလိုဘူး။ ကၽြန္ေတာ္တို႔လည္းမေျပာဘူး။ ထည့္လည္းမထည့္နဲ႔၊ မဟုတ္ဘူး။ သူတို႔အဲ့ဒါထည့္မွသာလွ်င္ဒီက ပက္ေက့ခ်္တစ္ခုလံုးႀကီးကို ခြင့္ျပဳမယ္။ တကယ္လို႔အဲဒါထည့္ခြင့္မရရင္ ဒါေတြလည္းမေပးေတာ့ဘူးဆိုၿပီး ျပန္ဆုတ္သြားတယ္။ သို႔ေသာ္လြဲလြဲေလးပဲေပါ့ေနာ္။ သေဘာတူညီ ခ်က္ရခါနီး၊ အဲဒါရၿပီဆိုရင္ ျပည္နယ္ဖြဲ႕စည္းပံုေရးဆြဲခြင့္ရလာၿပီဆိုေတာ့ ဖက္ဒရယ္ပံုစံသြားမယ့္ဟာက ေတာ္ေတာ္ေလးကို နီးစပ္သြားၿပီ။ အဲဒီေတာ့ကိုယ့္ျပည္နယ္ရဲ႕လိုအပ္ခ်က္ေပၚမူတည္ၿပီး ကိုယ့္ျပည္နယ္ရဲ႕ဖြဲ႕စည္းပံု၊ ကိုယ့္ျပည္နယ္ရဲ႕ဥပေဒျပဳေရး၊ လႊတ္ေတာ္ကို ဘယ္လို ထားမလဲ။ အုပ္ခ်ဳပ္ေရး၊ တရားစီရင္မႈ။ ဆိုပါဆို႔ လႊတ္ေတာ္ဆိုရင္ ကၽြန္ေတာ္တို႔တင္သြင္းထားတဲ့ကိစၥဆိုရင္ လႊတ္ေတာ္ႏွစ္ရပ္ထားသင့္ တယ္ဆိုတဲ့အျမင္မ်ိဳးကို ကၽြန္ေတာ္တို႔ကလည္းတင္တယ္။ ဘာျဖစ္လုိ႔အဲဒီလိုမ်ိဳးတင္ရသလဲဆိုေတာ့ ရွမ္းျပည္နယ္က တျခားေသာ တုိင္းရင္းသားေတြက ပိုမ်ားတယ္။ ရွမ္းတစ္မ်ိဳးတည္းမဟုတ္ဘူး။ အဲဒီေတာ့ တျခားေသာတုိင္းရင္းသားေတြကို ကိုယ္စားျပဳဖို႔ဆိုတာ လည္း အဲဒီရဲ႕ ကိုယ္စားျပဳမႈေပါ့။ ၿပီးက်မွလူထုကိုယ္စားျပဳမယ့္ေအာက္လႊတ္ေတာ္၊ ဒီလိုမ်ိဳးနည္းလမ္းေတြနဲ႔မွပဲ အဲ့အခ်က္ေတြက Balance ျဖစ္မယ္။ ဒါေပမယ့္လႊတ္ေတာ္ႏွစ္ရပ္ရွိတဲ့ျပည္နယ္မ်ိဳးက ေနရာတိုင္းမွာ လိုခ်င္မွလုိမယ္။ ကယားျပည္နယ္ လုိခ်င္မွလုိမယ္။ မြန္ျပည္နယ္လိုခ်င္မွလိုမယ္။ ဒီဟာေတြမလိုဘူးဆိုရင္ သူတို႕က လႊတ္ေတာ္တစ္ခုတည္းထားေပါ့။ အဲဒါက်ေတာ့ဘာနဲ႔သြားဆိုင္လဲဆို  ေတာ့ သက္ဆိုင္ရာျပည္နယ္ရဲ႕ ဖြဲ႕စည္းပံုအေျခခံဥပေဒကို ေရးဆြဲတဲ့ေနရာမွာသြားသက္ဆိုင္တယ္။ အဲဒီေတာ့တကယ့္ ဖက္ဒရယ္ပံုစံမ်ိဳး  ျဖစ္ခ်င္တယ္ဆိုရင္ သက္ဆိုင္ရာျပည္နယ္အလိုက္ သူ႔ဟာသူ ဖြဲ႕စည္းပံုအေျခခံဥပေဒေရးဆြဲခြင့္ရွိရမယ္။

အခုအဲဒါေျပာၿပီဆိုရင္ တုိင္း ကိစၥေျပာရေတာ့မယ္။ တုိင္းေဒသႀကီး ၇ခု ရွိတယ္။ တုိင္းေဒသႀကီးႀကိဳက္သေလာက္ထည့္၊ ၇ ခုျဖစ္  ေစ၊ အခုဘေလာက္ျဖစ္ေစ ဘာမွမျဖစ္ဘူး။ ဒါေပမယ့္ကၽြန္ေတာ္တို႔အမ်ိဳးသားလႊတ္ေတာ္ဆိုတဲ့ အထက္လႊတ္ေတာ္ရဲ႕ယူနစ္ထဲမွာ ဝမ္းယူနစ္ပဲျဖစ္ရမယ္။ အဲဒီယူနစ္တစ္ခုတည္းရလာမွ သူတို႔လက္ခံမွသာလွ်င္ျပည္နယ္ေတြ ျပည္နယ္ေတြအားလံုးတန္းတူညီမွ်တဲ့ အခြင့္ အေရးရွိမယ္။ မဟုတ္ဘူးဆိုရင္ ဗမာအမ်ားဆံုးျဖစ္ေနတဲ့တုိင္းနဲ႔လာၿပီးေတာ့ ဒီမွာ အမ်ားစု ျဖစ္ေနဦးမယ္။ ဆိုေတာ့ ဘယ္လိုမွထပ္ၿပီး ကၽြန္ေတာ္တို႔ အာဏာခြဲေဝမႈတို႔၊ Power Sharing တုိ႔၊ Source Sharing တို႔ ဘာမွမလုပ္ႏုိင္စရာအေၾကာင္းမရွိဘူး။ ဒါအျပင္ လူဦးေရးပါ ထပ္ခြဲလိုက္ေတာ့ ျပည္သူ႔လႊတ္ေတာ္ရယ္၊ အမ်ိဳးသားလႊတ္ေတာ္ဦးေရက မတူညီတဲ့အခါက်ေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ႀကီးတစ္ခု ထပ္ထားျပန္ေရာ။ ဆိုတဲ့အခါက်ေတာ့ လႊတ္ေတာ္ႀကီးက ႏွစ္ရပ္မဟုတ္ဘူး၊ သံုးရပ္ျဖစ္သြားတယ္။ ျပည္ေထာင္စုလႊတ္ေတာ္ႀကီးက  ေတာက္ေလွ်ာက္က်င္းပေနရတာ။ အမွန္တာ့ အဲ့လိုမဟုတ္ရဘူး။ ဥပေဒတစ္ခုကို ေအာက္လႊတ္ေတာ္က သေဘာတူညီေပမယ့္ အထက္လႊတ္ေတာ္ကသေဘာမတူညီရင္ မရတဲ့ဟာကို ရအထိညွိႏႈိင္း။ ညွိႏႈိင္းခြင့္မရရင္ျပ႒ာန္းခြင့္မရဘူး။ အဲဒါမွသာလွ်င္ အာဏာတူ တယ္လို႔ ေျပာလို႔ရမွာ။ အဲလိုမ်ိဳးမဟုတ္ဘဲ ညွိႏႈိင္းလို႔မရတာကို ဇြတ္လုပ္ခ်င္တယ္။ တခုခုလာေပါင္းၿပီးေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ တက္မယ္၊ ျဖစ္သြားမွာေပါ့ဗ်ာ။ တစ္ဖက္က မျဖစ္ခ်င္တဲ့ကိစၥႀကီးက ဘယ္လိုမွတားလို႔မရဘူး။ ဒါေၾကာင့္မို႔လို႔ဖြဲ႕စည္းပံုတင္တဲ့ လုပ္ငန္းစဥ္ တိုင္းရင္းသားအခြင့္အေရးရဖို႔ဆိုတာကေတာ့ ဟိုနားနည္းနည္း၊ ဒီနားနည္းနည္းလိုက္ျပင္တာကေတာ့ ကၽြန္ေတာ္တို႔သြားခ်င္တဲ့လမ္း  ေၾကာင္းဖက္ဒရယ္ပံုမေရာက္ပါဘူး။ အဲဒီေတာ့ အစအဆံုးဒီလိုျပင္ဖို႔လိုတယ္။ အဲလိုမ်ိဳးလုပ္ႏိုင္ဖို႔ဆိုတာကလည္း ေစ့စပ္ေဆြးေႏြးညွိႏႈိင္း တဲ့နည္းလမ္း အေကာင္းဆံုးျဖစ္တယ္။ ေစ့စပ္ေဆြးေႏြးညွိႏိႈင္းတာမရဘူးဆိုရင္ အဲဒီကိစၥျဖစ္မလာႏုိင္ဘူး။ ဒီအျပင္ဘက္မွာရွိတဲ့ လႊတ္ေတာ္ထဲမွာမရႏိုင္တဲ့အတြက္ေၾကာင့္ အခုအျပင္ဘက္မွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ၂၁ ရာစုပင္လံုကေနတစ္ဆင့္  ညွိႏိႈင္းေဆြးေႏြးမယ္။ ႏွစ္ဖက္ဆံုးရံႈးသြားတဲ့ကိစၥမ်ိဳးေတြကို အတတ္ႏိုင္ဆံုးဖယ္ၿပီးေတာ့မွ ျဖစ္ႏိုင္ေခ်ရွိတဲ့ဟာေတြကို သေဘာတူညီခ်က္ ရခဲ့ၿပီဆိုရင္ ေရြးေကာက္ပြဲၿပီးေနာက္တက္လာမယ့္ အစိုးရသစ္ အေကာင္အထည္ေဖာ္ႏုိင္ေကာင္းေဖာ္ႏိုင္လိမ့္မယ္လို႔ ဒီလိုပဲ ယူဆပါတယ္။

 

ေမး။    ။ အဲဒါနဲ႔ဆက္စပ္ၿပီးေတာ့ ကၽြန္ေတာ္တို႔လည္း ဒီမဲေပးခြင့္ေလးမွာေပါ့ေနာ္၊ ေနာက္က်န္တာေတြကဒီလိုေတြပါ။ ေနာင္လာမယ့္ ဒီမိုကေရစီအစိုးရသက္တမ္းမွာ တိုင္းရင္းသားအခြင့္အေရးေတြအျပည့္အဝရလာႏိုင္ဖို႔ဆိုရင္ တပ္မေတာ္ရွိရမယ္ေပါ့ေနာ္၊ ၿပီးေတာ့အာဏာရပါတီရွိရမယ္၊ ၿပီးရင္တုိင္းရင္းသားပါတီေတြလည္း ရွိလာအံုးမယ္။ သူတုိ႔သံုးပြင့္ဆိုင္က ဘာေတြႀကိဳတင္ၿပီး ဘယ္လိုအရာေတြကို အဓိကေဆြးေႏြးသြားမွပဲ ေနာင္လာမယ့္ အစိုးရသက္တမ္းအတြက္ တိုင္းရင္းသားအခြင့္အေရးေတြရလာႏုိင္မလဲ ဆရာ။

 

ေျဖ။     ။ ဒါနည္းနည္းေတာ့ ေျပာရခက္တာေပါ့ေနာ္။ အမွန္ေတာ့လည္း သိပ္ၿပီးေတာ့က်ယ္က်ယ္ျပန္႔ျပန္႔ႀကီး မမွားေတာင္မွ ေဆြးေႏြးဖို႔ မလုိေလာက္ေတာ့ဘူးလို႔ယူဆတယ္။ ဒါေပမယ့္လည္း တုိင္းရင္းသားေတြဘာေတြေမွ်ာ္လင့္ေနလဲ၊ တိုင္းရင္းသားေတြ ဘာေတြလိုခ်င္လဲ ဆိုတာ ေျပာခဲ့တာႏွစ္ေပါင္းမနည္းေတာ့ဘူး။ အဲဒီေတာ့ တပ္မေတာ္ဘယ္လိုရပ္တည္ေနလဲဆိုတာလည္းသိၿပီးေနၿပီ။ ဒါေပမယ့္ အာဏာ ရလာမယ့္ပါတီေပါ့ေနာ္၊ အဲဒါတစ္ခုကေတာ့ ဘယ္လိုျဖစ္မလဲ။ တကယ္လုိ႔ လက္ရွိ NLD ကပဲ အာဏာရလာမယ္ဆိုရင္ သူ႔မူဝါဒေတြ သူေျပာင္းဖို႔လိုပါတယ္။ အခုသူသြားေနတဲ့မူဝါဒေတြက လက္ရွိအေနအထားနဲ႔ ဘယ္ေလာက္ထိအပ္စပ္မလဲ၊ တုိင္းရင္းသားေတြအေပၚမွာ ဘယ္ေလာက္အထိ ေရာင္ျပန္ဟပ္မလဲ။ ေနာက္ဒီအေပၚမွာ ထည့္သြင္းစဥ္းစားၿပီးေတာ့ သူ႔ရဲ႕အဓိကပစ္မွတ္ထားရမယ့္ သူ႔မူကို ေသခ်ာ  ျပန္ခ်။ ခ်ၿပီးေတာ့မွ အမ်ိဳးသားရင္ၾကားေစ့ေရးကို သူလက္ရွိလုပ္ေနတာက တပ္မေတာ္နဲ႔အဓိကလုပ္ေနတာ။ တပ္မေတာ္နဲ႔လည္း မရေတာ့ဘူး။ တိုင္းရင္းသားဖက္ကိုလည္း သူလံုးလံုးဖယ္ထားတယ္။ သူလံုးဝမလုပ္ဘူး။ ေစ့စပ္ညွိႏႈိင္းလည္းမလုပ္ခဲ့ဘူး။ တကယ္တမ္း  ေရွ႕ဆက္သြားမယ္၊ ဖက္ဒရယ္ကိုတည္ေဆာက္မယ္၊ တုိင္းျပည္ကိုျပန္လည္တည္ေဆာက္မယ္ဆိုရင္ ဒီအဖြဲ႕သံုးခုက ေစ့စပ္ညွိႏႈိင္းမယ့္ စနစ္တစ္ခုကို မဖန္တီးႏိုင္ဘဲနဲ႔ေတာ့ သြားလို႔မရပါဘူး။ တပ္မေတာ္ရဲ႕သေဘာထား၊ သူ႔မွာလည္းသူ႔သေဘာထားေတြရွိတယ္။ အႏုိင္ရ လာမယ့္အာဏာရပါတီအေနနဲ႔လည္း သူ႔ရဲ႕ရပ္တည္ခ်က္ သေဘာထားေတြရွိတယ္။ သူ႔တိုင္းရင္းသားပါတီေတြ။ အဲဒါေတြကို ဘယ္လိုပံု၊ အက်ိဳးစီးပြား၊ ဘံုသေဘာတူညီခ်က္ေတြရဖို႔ ျပည္ေထာင္စုႀကီးကို ဘယ္လိုတည္ေဆာက္ၾကမလဲဆိုတဲ့ဟာေတြကို ညွိႏႈိင္းေဆာင္ရြက္ႏိုင္ မယ့္လမ္းေၾကာင္းကို ဦးဆံုးေဖာ္ဖို႔လိုမယ္။ ဒါေၾကာင့္မူဝါဒေတြအားလံုးတူရမယ္လို႔ မဆိုလိုဘူး။ သို႔ေသာ္လည္း အတတ္ႏုိင္ဆံုး တူညီႏုိင္ မယ့္လမ္းေၾကာင္းကို ေခၚႏုိင္မွရမယ္။ တိုင္းရင္းသားေတြလိုလားခ်က္က ရွင္းရွင္းေျပာရရင္ပင္လံုစာခ်ဳပ္ကေနလာတာပဲ။ ပင္လံုစာခ်ဳပ္ကို  ေမွးမွိန္ေအာင္လုပ္မယ္။ ပင္လံုစာခ်ဳပ္ကို ပယ္ဖ်က္ေအာင္လုပ္မယ္။ ေနာက္ထပ္အသစ္စာခ်ဳပ္ေတြ အသစ္အသစ္ေတြ လုပ္မယ္ဆိုရင္ ဘယ္လိုမွ ညွိႏႈိင္းေဆာင္ရြက္လို႔ရမွာ မဟုတ္ဘူး။ တပ္မေတာ္ကလည္း သူ႔ရပ္တည္ခ်က္အတိုင္း ဒီအတုိင္းပဲေတာက္ေလွ်ာက္သြားခဲ့မယ္ ဆိုရင္ေတာ့ ကၽြန္ေတာ္တုိ႔ျပည္တြင္းပဋိပကၡျဖစ္ခဲ့တာ ႏွစ္ေပါင္း ၆၀-၇၀ ေလာက္ရွိခဲ့ပါၿပီ။ တစ္ခုခုမေျပာင္းဘဲနဲ႔ေတာ့ဒီအေနအထားႀကီး ကို ေျပာင္းလို႔မရဘူး။ ေျပာင္းကိုေျပာင္းရေတာ့မယ္။ တုိင္းရင္းသားေတြဘက္ကလည္း လက္ခံယံုၾကည္ထားတဲ့ဟာ ဘယ္လိုေျပာင္းမွာ လဲ၊ အဲလိုစဥ္းစားစရာရွိပါတယ္။

 

ေမး။    ။ ေနာက္ဆံုးအေနနဲ႔ ေျခ/ဥ ျပင္ဆင္ေရးနဲ႔တိုင္းရင္းသားအခြင့္အေရးရရွိႏုိင္မႈအေပၚမွာ ဆရာ့ရဲ႕အျမင္ေလး သံုးသပ္ေပးပါဦး။

 

ေျဖ။     ။ ကၽြန္ေတာ္တို႔ဖြဲ႕စည္းပံုအေျခခံဥပေဒကေတာ့ တိုင္းရင္းသားအခြင့္အေရးျပည့္ျပည့္ဝဝရဖို႔ဆိုတာ ေလာေလာဆယ္ကေတာ့ ဒီလုိျပင္ရံုနဲ႔မရဘူးလို႔ပဲ သံုးသပ္ပါတယ္။ တကယ့္စိတ္ဆႏၵအမွန္နဲ႔ျဖစ္ႏိုင္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ပါတီက အသစ္ျပန္ေရးဆြဲဖို႔ အၿမဲတမ္း  ေတာင္းဆုိခဲ့တယ္။ ဒါေပမယ့္ ဒီေလာက္အေနအထားမျဖစ္ခဲ့ဘူးဆိုရင္လည္း ကၽြန္ေတာ္တို႔ျပင္မယ္။ ဒါေၾကာင့္ဒီတစ္ခ်က္ျပင္တယ္ဆို တာ ကၽြန္ေတာ္တို႔ ျပင္ဆင္ခ်က္ ၁၂၁၂ ခ်က္ထက္ မ်ားတယ္။ မ်ားတဲ့အေၾကာင္းရင္းကလည္းပဲ စကားလံုးတစ္လံုးျပင္လုိက္တာနဲ႔ သူ႔ေနာက္ပိုင္းက စကားလံုးအားလံုးလိုက္ျပင္ရတယ္။ ဆိုပါစို႔ အမ်ိဳးသားလႊတ္ေတာ္ကိုကၽြန္ေတာ္တို႔က အထက္လႊတ္ေတာ္လို႔ ေျပာင္း လိုက္တာနဲ႔ အဲဒီအမ်ိဳးသားလႊတ္ေတာ္ရွိတဲ့ စကားလံုးေတြအားလံုးက အထက္လႊတ္ေတာ္ေတြအားလံုးေျပာင္းလိုက္တယ္။ ႏုိင္ငံေတာ္ ဆိုတဲ့စကားလံုးကို ကၽြန္ေတာ္တုိ႔က ျပည္ေထာင္စုလို႔ေျပာင္းလိုက္တာနဲ႔ အဲဒီႏိုင္ငံေတာ္ဆိုတဲ့စကားလံုးရွိတဲ့ေနရာတုိင္းက အားလံုးက  ျပည္ေထာင္စုျဖစ္သြားတယ္။ အဲဒီလိုမ်ိဳးေပါ့။ ျပင္ဆင္ခ်က္ေတြအမ်ားႀကီးျဖစ္သြားတယ္။ အဲဒါေတြအေပၚမွာ ဘယ္ေလာက္ထိလက္ခံႏုိင္ မလဲေပါ့။ တခ်ိဳ႕ဟာေတြက ကၽြန္ေတာ္ၾကည့္ပါတယ္။ ကၽြန္ေတာ္တို႔ျပင္ဆင္လိုတဲ့အခ်က္ေတြနဲ႔ လက္ရွိအေျခခံဖြဲ႕စည္းပံုဥပေဒရွိတဲ့ အခ်က္ေတြ တခ်ိဳ႕ဟာေတြ တူေကာင္းတူညီမႈ ရွိေကာင္းရွိႏုိင္မယ္။ တူညီတဲ့ဟာေတြကိုေတာ့ ျပန္ၿပီးေတာ့ညွိေပါ့ေလ။ မတူညီတဲ့ဟာေတြက်ေတာ့ ဒါကေတာ့ဘယ္လိုလုပ္မလဲဆိုတဲ့ ေစ့စပ္ ညွိႏႈိင္းတဲ့လမ္းေၾကာင္းသြားဖို႔လိုတယ္။ ဒီလိုမ်ိဳးမွမဟုတ္ဘူးဆုိရင္  ေတာ့ လက္ရွိ ၂၀၀၈ ဖြဲ႕စည္းပံုအေနအထားနဲ႔ဆိုရင္ ကၽြန္ေတာ္တို႔တုိင္းရင္းသားအတြက္ ဘာအခြင့္အေရးမွမရွိပါဘူး။ အခြင့္အလမ္း မရွိပါဘူး။ ဘာနဲ႔သက္ေသျပရမလဲဆိုရင္ ကၽြန္ေတာ္တို႔ ႏုိင္ငံေတာ္သမၼတ၊ ဒုတိယသမၼတ အဆင့္ေတြက ကၽြန္ေတာ္တို႔တုိင္းရင္းသား ပါတီေတြ၊ တိုင္းရင္းသားဘက္ကေနတက္ၿပီးရလာတဲ့လမ္းေၾကာင္း လံုးဝမရွိဘူး။ အႏိုင္ရတဲ့ပါတီကေနၿပီးေတာ့မွ သေဘာက ေပးစာကမ္းစာအေနနဲပဲ ေနရာေပးလို႔သာ မင္းဒုတိယသမၼတလာလုပ္ဆိုတာေလာက္ပဲ ရႏုိင္တယ္။ ဒါက ရွင္းရွင္းေျပာရရင္ အႏုိင္ရပါတီရဲ႕ၾသဇာေအာက္မွာပဲ ရွိမယ္။ ကိုယ့္ရဲ႕ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္၊ ကိုယ္ပိုင္ျပ႒ာန္းခြင့္ စသျဖင့္ လြတ္လပ္စြာစီမံခန္႔ခြဲပိုင္ခြင့္ ဘာတစ္ခုမွရမွာ မဟုတ္ဘူး။ အဲဒီေတာ့ တုိင္းရင္းသားေတြကေတာ့ ဒီျပည္ေထာင္စုမွာလာၿပီးေတာ့ အစိုးရတက္ျဖစ္ဖို႔ဆိုတာက ၂၀၀၈ အေျခခံဖြဲ႕စည္းပံုဥပေဒအရဆိုရင္ ဘယ္လိုမွနည္းလမ္းမရွိပါဘူး။ ဒါေတာင္ ကိုယ့္ျပည္နယ္မွာေတာင္မွ ကုိယ့္ျပည္နယ္အစိုးရျဖစ္ဖို႔ အေရး ကိုပဲ အသည္းအသန္လံုးပန္းေနရတဲ့အေနအထား။ အခုဆိုရင္ဆရာျမင္ၿပီးပါၿပီ။ ရခုိင္မွာလည္း ရခိုင္ပါတီအမ်ားစုအႏုိင္ရတယ္။ သူအစိုးရမဖြဲ႕ႏုိင္ဘူး။ သူမလုပ္ႏုိင္ခဲ့ဘူး။ ရွမ္းမွာလည္း အထုိက္အေလ်ာက္ရတယ္။  ဒါမဲ့ဘာမွ ထူးထူးျခားျခား မလုပ္လာႏုိင္ဘူး။ အဲဒီေတာ့ ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒအတိုင္းသာဆက္သြားရင္ေတာ့ တိုင္းရင္းသားေတြအေရး ျဖစ္လာႏိုင္စရာအေၾကာင္းမရွိဘူးလို႔  ျမင္ပါတယ္။

 

အခုလိုေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆရာ။

အယ္ဒီတာအဖြဲ႕