• Today is: Thursday, January 21, 2021

၂၀၂၀အလွန် မာတိကာ

Federal Journal
November29/ 2020

၂၀၂၀အလြန္ မာတိကာ

Zawgyi

၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ဝိေရာဓိေတြ ရွိေနလင့္ကစား  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန ၂၀၁၅က ထက္ ပိုမိုေသာ ရာခိုင္ႏႈန္းအႏိုင္နဲ႔အတူ ၿပီးဆုံးခဲ့ၿပီးပဲျဖစ္တယ္။ ဒီရလာဒ္ကို ‘အႏိုင္’ဆိုတဲ့ စကားလုံးထက္ ‘တာဝန္’ အပ္ႏွင္းခံရျခင္းလို႔ ယူဆရင္ပိုမိုေကာင္းမြန္မယ္လို႔ယူဆမိတယ္။ ဒါဆိုဘာတာဝန္ေတြျဖစ္မလဲ ဆိုတာတခ်က္ ၾကည့္ၾကမယ္ဆိုရင္၊ ပထမအခ်က္အေနနဲ႔က ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ၊ ဒုတိယ အခ်က္အေနနဲ႔ကေတာ့ ဖက္ဒရာယ္လမ္းစဥ္နဲ႔ တတိယအေနနဲ႔ က႑အသီးသီးမွာ ဖြံ႕ၿဖိဳးမႈရလဒ္ ျဖစ္ေပၚ လာေအာင္လုပ္ေဆာင္ေရးေတြပဲျဖစ္တယ္လို႔ ျမင္လို႔/ေျပာလို႔ရပါမယ္။

ပထမအခ်က္ျဖစ္တဲ့ ၿငိမ္းခ်မ္းေရးဆိုတာကလဲ အေျပာလြယ္သေလာက္ အေ႐ြ႕မွာ ခက္ပါတယ္။ ၂၀၁၀ကေန စတင္ခဲ့တဲ့ ျမန္မာ့ေႏြဦးဟာ ဘယ္ထိေရာက္ေနၿပီလဲ ကြၽန္ေတာ္တို႔ မ်က္ေျခ မျပတ္ဖို႔လိုသလို ေဒသတြင္းလိုလားခ်က္ကေရာ ဘယ္လိုေႏြဦးလဲ။ ကြၽန္ေတာ္တို႔ဖန္တီးႏိုင္တာ ရွိသလား။ ဖန္တီးလို႔မရတဲ့ အခ်က္ေတြကိုေရာ ဘယ္လိုတြန္းၾကမလဲ ေတြးစရာေတြနဲ႔ လုပ္စရာေတြ အမ်ားႀကီး ရွိပါတယ္။ အဓိက ကေတာ့ အႏိုင္ရအစိုးရကေန သေဘာထားႀကီးျပဖို႔ အင္မတန္ လိုပါတယ္။ေျမျပင္မွာ ၿငိမ္းခ်မ္းေရးမရေသးရင္ေတာင္ စားပြဲဝိုင္းေပၚမွာ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရး ရဖို႔ ပထမအဆင့္ အေနနဲ႔ အေရးႀကီးပါတယ္။ မၾကာေသးမီတုန္းက တိုင္းရင္းသားပါတီေတြကို လိပ္မူၿပီး ေပးပို႔တဲ့ ေပးစာေတြလိုမ်ိဳးဟာ ဒီလိုလုပ္ေဆာင္မႈမ်ိဳးမွာ ပါပါတယ္။ ႀကိဳဆိုရမွာပါ။ ေနာက္ၿပီး ေ႐ြးေကာက္ပြဲ အႏိုင္မရတဲ့ ပါတီေတြကို ေဘးဖယ္ထားတာမ်ိဳးမဟုတ္ပဲ အားလုံးပါဝင္တဲ့ စကားဝိုင္းမ်ိဳး၊ အနည္းဆုံး အလြတ္သေဘာ ဖိတ္ၾကားေျပာဆိုခြင့္ျပဳတာမ်ိဳးဟာ တမ်ိဳးသားလုံးၿငိမ္းခ်မ္းေရးရဖို႔ အေရးပါ တဲ့ လုပ္ေဆာင္သင့္တဲ့ လုပ္ေဆာင္ခ်က္လို႔ျမင္ပါတယ္။

ေနာက္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ ေခတ္ၿပိဳင္ႏိုင္ငံေရး လို႔ေခၚလို႔ရမယ့္ ျဖစ္ပ်က္မႈေတြကို သ႐ုပ္ခြဲ ၾကည့္ၾကမယ္ ဆိုရင္ Identity Politic လို႔ေခၚတဲ့ ‘ဇာတိသညာ ႏိုင္ငံေရး’ ကိုပစ္ပယ္ထားလို႔ရမယ္ မထင္ပါဘူး။ ‘သမိုင္းနိဂုံးနဲ႔ေနာက္ဆုံးလူ’ ဆိုတဲ့ စာအုပ္ေရးသားခဲ့တဲ့ ႏိုင္ငံေရးသိပၸံပါေမာကၡ ဖရန္စစ္ဖူကူယားမားရဲ႕ Identity ဆိုတဲ့ စာအုပ္ထဲမွာ ‘ဇာတိသညာ’ ဆိုတာ လူသားရဲ႕အေရးပါမႈကို အမ်ားမွအသိမွတ္ျပဳခံလိုျခင္း (ဝါ) အမ်ားနဲ႔ သက္ဆိုင္တဲ့ လကၡဏာေတြကို ႏိုင္ငံေရးရည္မွန္းခ်က္ထားကာ ဂုဏ္သိကၡာရွိလိုျခင္း ပဓါနဝါဒအား ျဖန႔္က်က္လာျခင္းလို႔ ဖြင့္ဆိုပါတယ္။ လက္ရွိျမန္မာႏိုင္ငံဟာလဲ မတူညီတဲ့ ဇာတိသညာေတြ ေပါင္းစည္းထားတဲ့ႏိုင္ငံ။ ခုျဖစ္ပ်က္ေနတာေတြကလဲ ႏွစ္ေပါင္းမ်ားစြာ မတူကြဲျပားမႈကို မ်ိဳသိပ္ထားခဲ့ရာကေန ႏိုင္ငံေရးအရ ဆင့္ကဲေျပာင္းလဲမႈအေ႐ြ႕မွာ ျပည္တည္နာ ေပါက္သြားတဲ့ အေျခအေနလို႔ ေျပာရရင္ မွားအံ့မထင္ဘူး။ အနာရွိရင္၊ ေဆးရွိရမယ္။ ႏိုင္ငံေရး အနာကို ႏိုင္ငံေရးေဆးနဲ႔ကုရမယ္။ ဒါမွလဲ စစ္မွန္တဲ့၊ ေရရွည္တည္တံ့မယ့္ ဖက္ဒရာယ္ႏိုင္ငံေတာ္သစ္ရဲ႕ အုတ္ျမစ္ေတြခ်ႏိုင္မွာ ျဖစ္တယ္။ ဒီအတြက္ လုပ္စရာေတာ့ အမ်ားႀကီးရွိပါမယ္။ ျပန္လည္တည္ေဆာက္ ရမွာလဲ ရွိမယ္။ ျပန္လည္ ညႇိႏႈိင္းဖို႔လဲရွိရမယ္ေပါ့ေလ။

ေနာက္တခုျဖစ္တဲ့ ဖက္ဒရာယ္လမ္းစဥ္နဲ႔ ဒီမိုကေရစီအပိုင္းကို ေျပာရရင္ ‘တတိယလႈိင္း’ ဆိုတဲ့ စာအုပ္ျပဳစုခဲ့တဲ့ ပါေမာကၡ ဟန္တင္တန္ ေျပာခဲ့သလို ၁၉၇၀ ကေန ၂၀၀၀ ျပည့္ႏွစ္အေတာအတြင္း ႏိုင္ငံေရးဖြဲ႕စည္းပုံ အေျပာင္းအလဲနဲ႔အတူ လစ္ဘရာယ္ဒီမိုကေရစီဆိုတာ လူတိုင္းႀကိဳက္တဲ့ ႏွင္းဆီျဖစ္လာသလို နိစၥဓူ၀ ေခါင္းစဥ္တခုလဲ ျဖစ္လာတယ္။ ဒီလို အေျခအေန စီးပြားေရးပုံစံနဲ႔အတူ အျပန္အလွန္ မွီခိုမႈ၊ ေဒြးေတာ ယွက္တင္ျဖစ္မႈမ်ား ျမင့္တက္လာၿပီး ကမာၻလုံးဆိုင္ရာဆက္ႏြယ္ျခင္း (globalization) ထြန္းကား လာပါတယ္။

ဒီေနရာမွာ ဒီမိုကေရစီကေတာ့ လူတိုင္းသိၿပီးသားမို႔ ထားပါေတာ့။ လစ္ဘရာယ္ကိုေရာ ဘယ္လို ဖြင့္ဆိုၾက မလဲ ဆိုတဲ့ေနရာမွာ လစ္ဘရာယ္ဆိုတာ ‘လြတ္လပ္မွ်တမႈ’ ဆိုတဲ့ ဖူကူးယားမားရဲ႕ဖြင့္ဆိုခ်က္ကို ႏွစ္သက္မိပါတယ္။ ဒီလိုဆိုရင္ ျမန္မာျပည္မွာေရာ လြတ္လပ္မွ်တမႈ ဘယ္လိုအေျခအေနလဲ ဆိုတာ ၾကည့္ရရင္ ေ႐ြးေကာက္ခံအစိုးရရဲ႕ ၂၀၂၀ေ႐ြးေကာက္ပြဲအတြက္ ထုတ္ျပန္ခဲ့တဲ့ ေၾကျငာစာတမ္း ထဲမွာမွ အဓိကက်တဲ့ အခ်က္ ၃ခုထဲက ဒုတိယေျမာက္မွာ “စစ္မွန္ေသာ ဒီမိုကေရစီ ဖက္ဒရာယ္ ျပည္ေထာင္စု ျဖစ္ထြန္း ေစမည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ေပၚေပါက္ေရး” လို႔ေၾကျငာထားတယ္။ အဲဒီ ‘စစ္မွန္ေသာ’  ကို လစ္ဘရာယ္စံႏႈန္းပဲလို႔ ဖလွယ္လို႔ရမလား ေတြးၾကည့္ေတာ့ လက္ေတြ႕က်မႈနဲ႔ပဲ ဖြင့္ဆိုရမယ္လို အေျဖ ထြက္ပါတယ္။ ဟုတ္ပါတယ္။ ႏိုင္ငံအႏွံ႔က ေဒသေတြမွာ လစ္ဘရာယ္ စံတန္ဖိုးနဲ႔ ညီတဲ့ ဒီမိုကေရစီထြန္းကားဖို႔ဆိုတာ စစ္မွန္ေသာ (ဝါ) လြတ္လပ္မွ်တမႈ ကအေရးႀကီးပါတယ္။ ထပ္ဆင့္ဖြင့္ဆိုရရင္ တန္းတူရည္တူရွိမႈ၊ ကိုယ္ပိုင္ျပဌာန္းခြင့္ အစရွိတဲ့ ျပည္ေထာင္စုမူေတြပါ ကြၽဲကူးေရပါ ပါလာမွာပဲ ျဖစ္တယ္။

ေနာက္ဆုံးပိုင္းအေနနဲ႔ ဖြံ႕ၿဖိဳးမႈကို ေျပာရရင္ ဒီစကားလုံးဟာ ျမန္မာျပည္မွာမွီတင္းတဲ့ သူေတြ အဆာငတ္ ဆုံးနဲ႔ မရရွိခဲ့ဆုံးပဲျဖစ္တယ္။ခြဲျခားေျပာဆိုတာမဟုတ္ပဲ သုံးသပ္ေျပာရရင္ တိုင္းရင္းသားေဒသနဲ႔ နယ္စြန္ နယ္ျဖားေတြမွာ အလိုအပ္ဆုံးပဲျဖစ္တယ္။ ဒီအတြက္ေၾကာင့္ ေ႐ြးေကာက္ပြဲကတိကဝတ္အေနနဲ႔ မဲဆြယ္ စဥ္အတြင္းတြင္ ကိုယ္စားလွယ္ေလာင္းမ်ားမွ အထူးသျဖင့္နယ္ဖက္တြင္ ‘ဘာေဆာက္ေပးမည္၊ ညာခင္းေပးမည္’ စသည္တို႔ကို မဲဆြယ္မက္ေဆ့ခ်္အျဖင့္ပင္သုံးၾကသည္ကိုေတြ႕ရေလသည္။ (ႏိုင္ငံေရး နားလည္ပါသည္ ဆိုသူမ်ားမွပင္ ထိုသို႔ေသာ ျဖစ္ႏိုင္ျခင္း/မျဖစ္ျခင္းစသည္တို႔ထက္၊ ထိုသို႔ေသာ ‘ကတိကဝတ္’ အား အားေပးအားေျမႇာက္လုပ္ၾကသည္ကို အံ့အားသင့္ဖြယ္ ေတြ႕ျမင္ခဲ့ရပါသည္။)

ဖြံ႕ၿဖိဳးေရးဆိုရာတြင္ ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဲးေရးျဖစ္ဖို႔လိုပါသည္။ ဒီႏွစ္ခင္း ေနာက္ႏွစ္ပ်က္ေသာ လမ္းမ်ိဳး၊ ဒီႏွစ္ေတာ့အဆင္ေျပ ေနာက္ႏွစ္အတြက္ေတာ့ ရင္းဖို႔လိုေသာ စိုက္ခင္းမ်ိဳး စသည္တို႔မျဖစ္ဖို႔ လိုအပ္ပါမည္။ ကုန္ထုတ္လုပ္ငန္းအတြက္ တည္ၿငိမ္ေသာေစ်းကြက္မ်ိဳးရွိဖို႔ ဖန္တီးဖို႔လိုပါမည္။ ၎တို႔အား အေျခခံကာ လူလတ္တန္းစား မ်ားျပားလာဖို႔ႀကိဳးစားဖို႔လိုပါမည္။ ဒီအတြက္ ဖြံ႕ၿဖိဳးမႈကို အားသန္ေစသည့္ အင္စတီက်ဴးရွင္းမ်ား ျဖစ္ဖို႔၊ရွိဖို႔ လိုပါမည္။ ပါေမာကၡ ဟန္တင္တန္က အင္စတီးက်ဴးရွင္းေတြဆိုတာ တည္ၿငိမ္ေသာ ႏိုင္ငံေရးအုတ္ျမစ္လို႔ ဆိုခဲ့တာမို႔လား။

ဆိုေတာ့ အႏွစ္ခ်ဳပ္ေျပာရရင္ ျမန္မာျပည္ဟာ ဖက္ဒရာယ္လမ္းစဥ္အေပၚအေျခခံ မတည္ေဆာက္လွ်င္ ၂၀၃၀ အလြန္ ၂၀၅၀ ဝန္းက်င္ဆိုလွ်င္ က်ရႈံးႏိုင္ငံ ျဖစ္မည္မလြဲလို႔ ပညာရွင္ေတြရဲ႕ သုံးသပ္ခ်က္ေတြ ရွိပါတယ္။ မွန္တာမမွန္တာကတပိုင္း။ စမ္းသပ္ဖို႔ကေတာ့မလိုပါ။ လုပ္လို႔ရတဲ့ လြယ္တဲ့အရာေတြ အရင္ ကိုင္တြယ္ဖို႔လိုပါမယ္။ ဒီလိုေနရာမွာ အစိုးရက အေရးႀကီးပါတယ္။ သေဘာထားႀကီးဖို႔၊ လက္ကမ္းဖို႔ လိုပါ လိမ့္မယ္။ ဒါ့အျပင္စိတ္ရွည္ဖို႔လဲလိုမယ္။ အဓီက အက်ဆုံးကေတာ့ အစိုးရယႏၲယားမွာ လူမွန္၊ေနရာမွန္ ထည့္သြင္းဖို႔လိုလိမ့္မယ္။

ဒဲရစ္

၂၈ ႏိုဝင္ဘာ ၂၀၂၀

ကိုးကား

– Fransic Fukuyama, “Identity”. Profile Book Ltd. Great Britain, 2018.

– Samuel P. Huntington, “Political Scientist, Is Dead”. The New York Times.

– Harari, Yuval N. (2018). 21 lessons for the 21st century (First ed.). New York.

Unicode

၂၀၂၀အလွန် မာတိကာ

၂၀၂၀ ရွေးကောက်ပွဲဟာ ဝိရောဓိတွေ ရှိနေလင့်ကစား  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ၂၀၁၅က ထက် ပိုမိုသော ရာခိုင်နှုန်းအနိုင်နဲ့အတူ ပြီးဆုံးခဲ့ပြီးပဲဖြစ်တယ်။ ဒီရလာဒ်ကို ‘အနိုင်’ဆိုတဲ့ စကားလုံးထက် ‘တာဝန်’ အပ်နှင်းခံရခြင်းလို့ ယူဆရင်ပိုမိုကောင်းမွန်မယ်လို့ယူဆမိတယ်။ ဒါဆိုဘာတာဝန်တွေဖြစ်မလဲ ဆိုတာတချက် ကြည့်ကြမယ်ဆိုရင်၊ ပထမအချက်အနေနဲ့က ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ဒုတိယ အချက်အနေနဲ့ကတော့ ဖက်ဒရာယ်လမ်းစဉ်နဲ့ တတိယအနေနဲ့ ကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးမှုရလဒ် ဖြစ်ပေါ် လာအောင်လုပ်ဆောင်ရေးတွေပဲဖြစ်တယ်လို့ မြင်လို့/ပြောလို့ရပါမယ်။

ပထမအချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးဆိုတာကလဲ အပြောလွယ်သလောက် အရွေ့မှာ ခက်ပါတယ်။ ၂၀၁၀ကနေ စတင်ခဲ့တဲ့ မြန်မာ့နွေဦးဟာ ဘယ်ထိရောက်နေပြီလဲ ကျွန်တော်တို့ မျက်ခြေ မပြတ်ဖို့လိုသလို ဒေသတွင်းလိုလားချက်ကရော ဘယ်လိုနွေဦးလဲ။ ကျွန်တော်တို့ဖန်တီးနိုင်တာ ရှိသလား။ ဖန်တီးလို့မရတဲ့ အချက်တွေကိုရော ဘယ်လိုတွန်းကြမလဲ တွေးစရာတွေနဲ့ လုပ်စရာတွေ အများကြီး ရှိပါတယ်။ အဓိက ကတော့ အနိုင်ရအစိုးရကနေ သဘောထားကြီးပြဖို့ အင်မတန် လိုပါတယ်။မြေပြင်မှာ ငြိမ်းချမ်းရေးမရသေးရင်တောင် စားပွဲဝိုင်းပေါ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရဖို့ ပထမအဆင့် အနေနဲ့ အရေးကြီးပါတယ်။ မကြာသေးမီတုန်းက တိုင်းရင်းသားပါတီတွေကို လိပ်မူပြီး ပေးပို့တဲ့ ပေးစာတွေလိုမျိုးဟာ ဒီလိုလုပ်ဆောင်မှုမျိုးမှာ ပါပါတယ်။ ကြိုဆိုရမှာပါ။ နောက်ပြီး ရွေးကောက်ပွဲ အနိုင်မရတဲ့ ပါတီတွေကို ဘေးဖယ်ထားတာမျိုးမဟုတ်ပဲ အားလုံးပါဝင်တဲ့ စကားဝိုင်းမျိုး၊ အနည်းဆုံး အလွတ်သဘော ဖိတ်ကြားပြောဆိုခွင့်ပြုတာမျိုးဟာ တမျိုးသားလုံးငြိမ်းချမ်းရေးရဖို့ အရေးပါ တဲ့ လုပ်ဆောင်သင့်တဲ့ လုပ်ဆောင်ချက်လို့မြင်ပါတယ်။

နောက်ပြီး ကျွန်တော်တို့ရဲ့ ခေတ်ပြိုင်နိုင်ငံရေး လို့ခေါ်လို့ရမယ့် ဖြစ်ပျက်မှုတွေကို သရုပ်ခွဲ ကြည့်ကြမယ် ဆိုရင် Identity Politic လို့ခေါ်တဲ့ ‘ဇာတိသညာ နိုင်ငံရေး’ ကိုပစ်ပယ်ထားလို့ရမယ် မထင်ပါဘူး။ ‘သမိုင်းနိဂုံးနဲ့နောက်ဆုံးလူ’ ဆိုတဲ့ စာအုပ်ရေးသားခဲ့တဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ ဖရန်စစ်ဖူကူယားမားရဲ့ Identity ဆိုတဲ့ စာအုပ်ထဲမှာ ‘ဇာတိသညာ’ ဆိုတာ လူသားရဲ့အရေးပါမှုကို အများမှအသိမှတ်ပြုခံလိုခြင်း (ဝါ) အများနဲ့ သက်ဆိုင်တဲ့ လက္ခဏာတွေကို နိုင်ငံရေးရည်မှန်းချက်ထားကာ ဂုဏ်သိက္ခာရှိလိုခြင်း ပဓါနဝါဒအား ဖြန့်ကျက်လာခြင်းလို့ ဖွင့်ဆိုပါတယ်။ လက်ရှိမြန်မာနိုင်ငံဟာလဲ မတူညီတဲ့ ဇာတိသညာတွေ ပေါင်းစည်းထားတဲ့နိုင်ငံ။ ခုဖြစ်ပျက်နေတာတွေကလဲ နှစ်ပေါင်းများစွာ မတူကွဲပြားမှုကို မျိုသိပ်ထားခဲ့ရာကနေ နိုင်ငံရေးအရ ဆင့်ကဲပြောင်းလဲမှုအရွေ့မှာ ပြည်တည်နာ ပေါက်သွားတဲ့ အခြေအနေလို့ ပြောရရင် မှားအံ့မထင်ဘူး။ အနာရှိရင်၊ ဆေးရှိရမယ်။ နိုင်ငံရေး အနာကို နိုင်ငံရေးဆေးနဲ့ကုရမယ်။ ဒါမှလဲ စစ်မှန်တဲ့၊ ရေရှည်တည်တံ့မယ့် ဖက်ဒရာယ်နိုင်ငံတော်သစ်ရဲ့ အုတ်မြစ်တွေချနိုင်မှာ ဖြစ်တယ်။ ဒီအတွက် လုပ်စရာတော့ အများကြီးရှိပါမယ်။ ပြန်လည်တည်ဆောက် ရမှာလဲ ရှိမယ်။ ပြန်လည် ညှိနှိုင်းဖို့လဲရှိရမယ်ပေါ့လေ။

နောက်တခုဖြစ်တဲ့ ဖက်ဒရာယ်လမ်းစဉ်နဲ့ ဒီမိုကရေစီအပိုင်းကို ပြောရရင် ‘တတိယလှိုင်း’ ဆိုတဲ့ စာအုပ်ပြုစုခဲ့တဲ့ ပါမောက္ခ ဟန်တင်တန် ပြောခဲ့သလို ၁၉၇၀ ကနေ ၂၀၀၀ ပြည့်နှစ်အတောအတွင်း နိုင်ငံရေးဖွဲ့စည်းပုံ အပြောင်းအလဲနဲ့အတူ လစ်ဘရာယ်ဒီမိုကရေစီဆိုတာ လူတိုင်းကြိုက်တဲ့ နှင်းဆီဖြစ်လာသလို နိစ္စဓူ၀ ခေါင်းစဉ်တခုလဲ ဖြစ်လာတယ်။ ဒီလို အခြေအနေ စီးပွားရေးပုံစံနဲ့အတူ အပြန်အလှန် မှီခိုမှု၊ ဒွေးတော ယှက်တင်ဖြစ်မှုများ မြင့်တက်လာပြီး ကမ္ဘာလုံးဆိုင်ရာဆက်နွယ်ခြင်း (globalization) ထွန်းကား လာပါတယ်။

ဒီနေရာမှာ ဒီမိုကရေစီကတော့ လူတိုင်းသိပြီးသားမို့ ထားပါတော့။ လစ်ဘရာယ်ကိုရော ဘယ်လို ဖွင့်ဆိုကြ မလဲ ဆိုတဲ့နေရာမှာ လစ်ဘရာယ်ဆိုတာ ‘လွတ်လပ်မျှတမှု’ ဆိုတဲ့ ဖူကူးယားမားရဲ့ဖွင့်ဆိုချက်ကို နှစ်သက်မိပါတယ်။ ဒီလိုဆိုရင် မြန်မာပြည်မှာရော လွတ်လပ်မျှတမှု ဘယ်လိုအခြေအနေလဲ ဆိုတာ ကြည့်ရရင် ရွေးကောက်ခံအစိုးရရဲ့ ၂၀၂၀ရွေးကောက်ပွဲအတွက် ထုတ်ပြန်ခဲ့တဲ့ ကြေငြာစာတမ်း ထဲမှာမှ အဓိကကျတဲ့ အချက် ၃ခုထဲက ဒုတိယမြောက်မှာ “စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရာယ် ပြည်ထောင်စု ဖြစ်ထွန်း စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး” လို့ကြေငြာထားတယ်။ အဲဒီ ‘စစ်မှန်သော’  ကို လစ်ဘရာယ်စံနှုန်းပဲလို့ ဖလှယ်လို့ရမလား တွေးကြည့်တော့ လက်တွေ့ကျမှုနဲ့ပဲ ဖွင့်ဆိုရမယ်လို အဖြေ ထွက်ပါတယ်။ ဟုတ်ပါတယ်။ နိုင်ငံအနှံ့က ဒေသတွေမှာ လစ်ဘရာယ် စံတန်ဖိုးနဲ့ ညီတဲ့ ဒီမိုကရေစီထွန်းကားဖို့ဆိုတာ စစ်မှန်သော (ဝါ) လွတ်လပ်မျှတမှု ကအရေးကြီးပါတယ်။ ထပ်ဆင့်ဖွင့်ဆိုရရင် တန်းတူရည်တူရှိမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် အစရှိတဲ့ ပြည်ထောင်စုမူတွေပါ ကျွဲကူးရေပါ ပါလာမှာပဲ ဖြစ်တယ်။

နောက်ဆုံးပိုင်းအနေနဲ့ ဖွံ့ဖြိုးမှုကို ပြောရရင် ဒီစကားလုံးဟာ မြန်မာပြည်မှာမှီတင်းတဲ့ သူတွေ အဆာငတ် ဆုံးနဲ့ မရရှိခဲ့ဆုံးပဲဖြစ်တယ်။ခွဲခြားပြောဆိုတာမဟုတ်ပဲ သုံးသပ်ပြောရရင် တိုင်းရင်းသားဒေသနဲ့ နယ်စွန် နယ်ဖြားတွေမှာ အလိုအပ်ဆုံးပဲဖြစ်တယ်။ ဒီအတွက်ကြောင့် ရွေးကောက်ပွဲကတိကဝတ်အနေနဲ့ မဲဆွယ် စဉ်အတွင်းတွင် ကိုယ်စားလှယ်လောင်းများမှ အထူးသဖြင့်နယ်ဖက်တွင် ‘ဘာဆောက်ပေးမည်၊ ညာခင်းပေးမည်’ စသည်တို့ကို မဲဆွယ်မက်ဆေ့ချ်အဖြင့်ပင်သုံးကြသည်ကိုတွေ့ရလေသည်။ (နိုင်ငံရေး နားလည်ပါသည် ဆိုသူများမှပင် ထိုသို့သော ဖြစ်နိုင်ခြင်း/မဖြစ်ခြင်းစသည်တို့ထက်၊ ထိုသို့သော ‘ကတိကဝတ်’ အား အားပေးအားမြှောက်လုပ်ကြသည်ကို အံ့အားသင့်ဖွယ် တွေ့မြင်ခဲ့ရပါသည်။)

ဖွံ့ဖြိုးရေးဆိုရာတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိဲးရေးဖြစ်ဖို့လိုပါသည်။ ဒီနှစ်ခင်း နောက်နှစ်ပျက်သော လမ်းမျိုး၊ ဒီနှစ်တော့အဆင်ပြေ နောက်နှစ်အတွက်တော့ ရင်းဖို့လိုသော စိုက်ခင်းမျိုး စသည်တို့မဖြစ်ဖို့ လိုအပ်ပါမည်။ ကုန်ထုတ်လုပ်ငန်းအတွက် တည်ငြိမ်သောစျေးကွက်မျိုးရှိဖို့ ဖန်တီးဖို့လိုပါမည်။ ၎င်းတို့အား အခြေခံကာ လူလတ်တန်းစား များပြားလာဖို့ကြိုးစားဖို့လိုပါမည်။ ဒီအတွက် ဖွံ့ဖြိုးမှုကို အားသန်စေသည့် အင်စတီကျူးရှင်းများ ဖြစ်ဖို့၊ရှိဖို့ လိုပါမည်။ ပါမောက္ခ ဟန်တင်တန်က အင်စတီးကျူးရှင်းတွေဆိုတာ တည်ငြိမ်သော နိုင်ငံရေးအုတ်မြစ်လို့ ဆိုခဲ့တာမို့လား။

ဆိုတော့ အနှစ်ချုပ်ပြောရရင် မြန်မာပြည်ဟာ ဖက်ဒရာယ်လမ်းစဉ်အပေါ်အခြေခံ မတည်ဆောက်လျှင် ၂၀၃၀ အလွန် ၂၀၅၀ ဝန်းကျင်ဆိုလျှင် ကျရှုံးနိုင်ငံ ဖြစ်မည်မလွဲလို့ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေ ရှိပါတယ်။ မှန်တာမမှန်တာကတပိုင်း။ စမ်းသပ်ဖို့ကတော့မလိုပါ။ လုပ်လို့ရတဲ့ လွယ်တဲ့အရာတွေ အရင် ကိုင်တွယ်ဖို့လိုပါမယ်။ ဒီလိုနေရာမှာ အစိုးရက အရေးကြီးပါတယ်။ သဘောထားကြီးဖို့၊ လက်ကမ်းဖို့ လိုပါ လိမ့်မယ်။ ဒါ့အပြင်စိတ်ရှည်ဖို့လဲလိုမယ်။ အဓီက အကျဆုံးကတော့ အစိုးရယန္တယားမှာ လူမှန်၊နေရာမှန် ထည့်သွင်းဖို့လိုလိမ့်မယ်။

ဒဲရစ်

၂၈ နိုဝင်ဘာ ၂၀၂၀

ကိုးကား

– Fransic Fukuyama, “Identity”. Profile Book Ltd. Great Britain, 2018.

– Samuel P. Huntington, “Political Scientist, Is Dead”. The New York Times.

– Harari, Yuval N. (2018). 21 lessons for the 21st century (First ed.). New York.