• Today is: Thursday, August 5, 2021

၂၀၂၀ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်အိပ်မက်

Federal Journal
November18/ 2020

၂၀၂၀ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်အိပ်မက်

နိဒါန်း

ကမ္ဘာပေါ်မှာ ၁၉၈၀  လောက်ကစပြီး   နိုင်ငံရေးပန်းတိုင်နဲ့  တရားဝင်အခွင့်အရေးရဖို့  “ဌာနေတိုင်းရင်းသား”ဆိုတဲ့ စကားလုံးကို အရင်ကထက် တွင်တွင်ကျယ်ကျယ် သုံးလာကြပါတယ်။ ဒီအတွက်လည်း ကမ္ဘာ့ကုလသမဂ္ဂကနေ ဌာနေတိုင်းရင်းသားဆိုင်ရာ ဖိုရမ်များစွာ ကျင်းပခဲ့ပြီး ၂၀ဝ၇ ခုနှစ်မှာတော့ ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသား လူမျိုးများဆိုင်ရာ ကြေညာစာတမ်း (UNDRIP) ဆိုတာ ထွက်လာပါတယ်။ အရှေ့တောင်အာရှမှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှလည်း ဌာနေတိုင်းရင်းသားအခွင့်အရေးကို လက်ခံခဲ့ကြပြီး အဲဒီအချိန်တုန်းက လက်မှတ်မထိုးတဲ့ နိုင်ငံဆိုလို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန် နှစ်နိုင်ငံပဲရှိခဲ့တယ်။ ဒါပေမဲ့ အာရှစံနဲ့ကိုက်ညီတဲ့ တင်းပြည့် ကျပ်ပြည့် ဌာနေတိုင်းရင်းသား အခွင့်အရေး ပြဋ္ဌာန်းကျင့်သုံးတဲ့နိုင်ငံကတော့ နည်းပါသေးတယ်။ လက်ရှိ စာရေးနေတဲ့ အချိန်ထိတော့ ဂျပန်၊ နီပေါ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ ထိုင်ဝမ်တို့သာ တိတိကျကျ ဥပဒေပြဋ္ဌာန်းပြီး ကာကွယ်မှုပေးတာ တွေ့ရပါတယ်။ (ဒီနေရာမှာ တင်းပြည့်ကျပ်ပြည့် ဆိုတာ ဌာနေ တိုင်းရင်းသားအခွင့်အရေးကြေညာစာတမ်းပါ အချက် တွေကို ဥပဒေပြုပြီး အခြေခံဥပဒေမှာ ထည့်သွင်း ခြင်းကို ဆိုလိုပါတယ်။ “ဌာနေတိုင်းရင်းသား လူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက် သည့်ဥပဒေ” ဆိုတာကို ၂၄ ဖေဖော်ဝါရီ ၂၀၁၅ မှာ ပြဋ္ဌာန်းခဲ့ပေမယ့် ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသား ကြေညာစာတမ်းကို အပြည့်အဝ ထောက်ပံ့ထားတဲ့ (ဝါ) အနှစ်သာရပြည့်ဝတဲ့ ဥပေဒေမဟုတ်ပဲ ၂၀ဝ၈ အခြေခံဥပဒေဟာ ဖက်ဒရယ်ဆန်ကြောင်း ကာကွယ် လိုတဲ့ အပေါ်ယံဥပဒေသာဖြစ်တယ်။ ဒီဥပဒ အကြောင်း ပြုပြီး ရေးရာဝန်ကြီးဌာနနဲ့ ဝန်ကြီးတွေ ရှိနေပေမယ့် ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်ခွင့်ရှိတဲ့ အခန်းကဏ္ဍ မရှိတာ အထင် အရှားပဲဖြစ်တယ်။)

မြန်မာပြည်မှာ ဌာနေတိုင်းရင်းသား အခွင့်အရေး နဲ့ ပတ်သက်ပြီး နိုင်ငံတကာအဆင့် အဦးဆုံး တက် လှမ်းခဲ့တာ ကတော့ တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU), ချင်းအမျိုးသား တပ်ဦး (CNF) နဲ့ နာဂအမျိုးသားများ လူ့အခွင့်အရေး လှုပ်ရှားမှု (NPMHR) စတဲ့ အဖွဲ့တွေဖြစ်ပြီး ၎င်းတို့ ဖြစ်တည်မှုကို သတိပြုမိစေရန် ရည်ရွယ်ချက်နဲ့ ကုလ သမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားဆိုင်ရာ အလုပ်အမှု ဆောင်အဖွဲ့ဖိုရမ်ကို ကိုယ်စားလှယ်များ စေလွှတ်ခဲ့ကြ တာ ဖြစ်တယ်။ အဓိက အခြေခံတဲ့ အိုင်ဒီယာကတော့ ၁၉၄၇ ခုနှစ်က တောင်တန်းနဲ့ပြည်မ အကြား ချုပ်ဆိုခဲ့ တဲ့ ပင်လုံစာချုပ်ကို အလေးအနက်ထား ဆွေးနွေးခဲ့ကြ ခြင်းဖြစ်တယ်။

သမိုင်းနောက်ခံ

တစ်ဖက်ကနေ မြန်မာပြည်ကတိုင်းရင်းသားတွေ ကနေဘာလို့ ဌာနေတိုင်းရင်းသားအခွင့်အရေးကို တစိုက်မတ်မတ် ပြောဆိုကြရသလဲဆိုတာနဲ့ ပင်လုံ စာချုပ်ကို အလေးအနက်စွဲကိုင်ကြတာလဲဆိုတဲ့ အခင်း အကျင်းကို နားလည်ဖို့ သမိုင်းကိုတစ်ချက် ပြန်ကြည့် ကြရရင် ဗြိတိသျှတွေအုပ်ချုပ်တဲ့ (၁၈၂၅-၁၉၄၈) ကြားကာလတွေမှာ ဗြိတိသျှတွေဟာ ကိုလိုနီခေတ်မှာ လူဦးရေများပြီး အဓိကကျတဲ့ ပြည်မကို ကြပ်ကြပ် မတ်မတ် အုပ်ချုပ်ခဲ့ပေမယ့် လူဦးရေနည်းတဲ့ တောင် တန်းဒေသတွေကိုတော့ သူ့ရှိရင်းစွဲ အုပ်ချုပ်ရေးနဲ့ပဲ အုပ်ချုပ်စေခဲ့တယ်။ ကိုလိုနီခေတ်အတွင်းမှာလည်း တိုင်းရင်းသားတွေဟာ အုပ်ချုပ်ရေးအတွင်းမှာ ဝင် ရောက် အမှုထမ်းမှုများစွာ ရှိခဲ့တယ်။ ဒုတိယ ကမ္ဘာစစ် အဦးပိုင်းကာလတွေမှာလဲ ကချင်၊ ချင်း၊ ကရင် စတဲ့ သူတွေဟာ ဗြိတိသျှတပ်မတော်မှာ အများဆုံး တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်တာတွေ့ ရတယ်။ ပြည်မက ဗမာတွေကျတော့ ၎င်းတို့ကို အုပ်ချုပ်သူ ဗြိတိသျှတွေကို တွန်းလှန်ဖို့ သဘာဝကျစွာ ဂျပန်တွေနဲ့ပူးပေါင်းခဲ့ကြတယ်။ ကမ္ဘာစစ်အတွင်း မဟာမိတ် အဖွဲ့ဝင်ဗြိတိသျှနဲ့ ဝန်ရိုးစွန်းဂျပန်နိုင်ငံတို့တွေ တိုက်ခိုက်ကြတဲ့အခါ ဒေသတွင်းက တိုင်းရင်း သားတွေဟာလည်း ၎င်းတို့ ပါဝင်ရာဖက်ကနေ တိုက် ိုက်ခဲ့ကြပြီး စစ်ကြီးပြီးတဲ့အခါ မယုံကြည်မှုတွေနဲ့ သံသယတွေဟာ ကျန်နေရစ်ခဲ့ပါတော့တယ်။

ကမ္ဘာစစ်အလွန်မှာ တိုင်းရင်းသားအုပ်စုတွေ အတွက် သီးခြား လွတ်လပ်ရေးပေးဖို့ စဉ်းစားမှုတွေ ရှိခဲ့ပေမယ့် ၁၉၄၇ ခုနှစ်မှာ ပြည်မရဲ့ စည်းရုံးမှုကြောင့် ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကချင်၊ ချင်း၊ ရှမ်း၊ ကယားနဲ့ ပြည်မတို့ပါဝင်တဲ့ ပင်လုံကွန်ဖရင့်ဖြစ်လာတယ်။ ဒီကွန် ဖရင့်ကနေ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ ပြည်မ ခေါင်းဆောင်တွေရဲ့ တန်းတူရေးနဲ့ ဖက်ဒရယ်အခြေခံမူ တွေကြောင့် တက်ရောက်လာတဲ့ တိုင်းရင်းသားတွေ ကနေ တိုင်းပြည်တစ်ခု အတူတည်ထောင်ဖို့ သဘောတူ ခဲ့ကြတာဖြစ်တယ်။ ဒီသဘောတူညီမှုတွေ အပေါ်မှာ အခြေခံပြီး လွတ်လပ်ရေးရပြီးရင် တိုင်းပြည်ကို ဘယ်လို အုပ်ချုပ်မယ်ဆိုပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲထားရှိထားကြတယ်။ ၁၉၄၈ ဇန်နဝါရီ ၄ မှာ လွတ်လပ်ရေး အတူရယူခဲ့ပေမယ့် ပြည်မဖက်က ခေါင်းဆောင်နဲ့ ပင်လုံစာချုပ်ကို ပြည်မသားတွေ ကိုယ်စား အာမခံပေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးမရမီ ခြောက်လခန့်အလိုက လုပ်ကြံခံရမှု ဟာ ရှိရင်းစွဲ ထိရှလွယ်တဲ့ အခြေအနေကို ပိုဆိုးစေခဲ့ တယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းပြု ရေးဆွဲထားတဲ့ ကရင်ပြည်နယ် နယ်နမိတ်ကိစ္စ မကျေ လည်မှုကို အကြောင်းပြုလို့ ကရင်ခေါင်းဆောင်တွေ ကနေ သီးခြားလွတ်လပ်ရေး ရယူလိုခဲ့သလို ရှိရင်းစွဲ မွန်နဲ့ ရခိုင်တို့ရဲ့ ပြည်နယ်သတ်မှတ်ပေးရေး ဆန္ဒကနေ လက်နက်ကိုင်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာခဲ့တယ်။ နောက်ဆုံး ၁၉၆၀ ပြည့်နှစ်မှာ ဝန်ကြီးချုပ်ဦးနုရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်တဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးကို တကယ် အကောင် အထည်ဖော်လာတဲ့ အခါမှတော့ တန်းတူရေးကို အခြေခံဖို့ ကတိကဝတ်နဲ့ ပြည်ထောင်စုကို တည် ဆောက်လာခဲ့ကြတဲ့ တိုင်းရင်းသားတွေဖက်ကနေ ဘာမှသည်းခံနိုင်စရာမရှိတော့တဲ့   နောက်ဆုံး ပြည်ထောင်စုမှခွဲထွက်ဖို့ပဲ ရှိလာတော့တဲ့အတွက် ဦးနုမှ ဦးနေဝင်းကို တဖက်လှည့်နဲ့ နိုင်ငံတော်အာဏာ သိမ်းခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ ၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းမှ အာဏာသိမ်းခဲ့ပြီး နောက်မှာတော့ တိုင်းရင်းသားများဆန္ဒဟာ မီးခဲပြာဖုံး ဖြစ်ခဲ့ရတယ်။ (ဒီသမိုင်းဆိုင်ရာ အချက်အလက်တွေဟာ ဆောင်းပါးရဲ့    ဆိုလိုရင်းကို ထောက်ပံ့မည့် အကြောင်းများ ကိုသာ ရေးသားထားခြင်းဖြစ် တဲ့ အပြင် အတိုချုပ်ထားရတဲ့အတွက် မပြည့်စုံမှုများရှိပါ လိမ့်မယ်။ စာရေးသူ)

ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး ဟုတ်/မဟုတ်

တိုင်းပြည်ဟာ တပါတီ အာဏာရှင်စနစ်၊ စစ်အာဏာ ရှင်စနစ် စတာတွေကို ဖြတ် သန်းခဲ့အပြီးမှာ အငြင်းပွားမှု တွေနဲ့ပဲ ၂၀ဝ၈အခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ၂၀၁၀ မှာတော့ ဒီမိုကရေစီခေတ်ဦးကို စတင် ခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ ဝိဝါဒကွဲမှု တွေရှိနေခဲ့ ပေမယ့် အီပြီး မြောင်းပုပ်တောင်ဖြစ်နေတဲ့ မြန်မာ နိုင်ငံရေး ရေစီးကို တစ်ဖန်ပြန်လည် စီးဆင်းစေနိုင်ခဲ့ တာကတော့ အမှန်ပါပဲ။ ဒါကြောင့်မို့လို့ ဒီရေစီးနဲ့အတူ နှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေအောက်မှာ ရောက်နေတဲ့ ပြည်မနဲ့ တောင်တန်းက လူထုတွေကြားမှာ ကိုယ်ယုံ ကြည်ရာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အိမ်မက် ပြန်လည် နိုးထလာခဲ့တာလည်း အဆန်းတော့မဟုတ်ပါဘူး။

၂၀၁၀ ရွေးကောက်ပွဲနိုင် ပြည်ခိုင်ဖြိုးအစိုးရ ကနေ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်း ရေးတည် ဆောက်ဖို့ ကြိုးပမ်းခဲ့သလို၊ ၂၀၁၅ အနိုင်ရ အဲန်အယ်ဒီအစိုးရကနေလည်း ၂၁ ရာစုပင်လုံအမည်နဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေရေးကို လုပ် ဆောင်လာခဲ့ပါတယ်။ ဒါပေမဲ့ ၁၀ နှစ်တာ ကာလမှာ ဒီအစိုးရနှစ်ရပ်လုံးက တိုင်းရင်းသားများ (တိုင်းပြည် ထောင်ဖက်များ) လိုလားတဲ့ တန်းတူရေးနဲ့ အာဏာ ခွဲဝေရေးကို ကျေနပ်ရလောက်အောင် လုပ်ဆောင် နိုင်ခြင်း မရှိခဲ့သေးတာတော့ သုံးသပ်    တွေ့ရှိရပါတယ်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အကျပ်အတည်း နဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြားမှာ လူထု၊ အဓိကအားဖြင့် တောင်တန်းသားတွေအမြင်မှာ သူတို့ရဲ့   ရှိရင်းစွဲအတိတ်က လွတ်လပ်မှု     ထက်တောင် တစ်ဆင့် နိမ့်သေးတဲ့ ဖက်ဒရယ် စနစ် တောင်းဆိုမှုနဲ့ တိုင်းပြည် ကို အတူတကွ အုပ်ချုပ်ကြမယ် ဆိုတဲ့ ပင်လုံကတိကဝတ်ကို ယုံကြည် ဆုပ်ကိုင်လာခဲ့ကြတဲ့ သူတွေအနေနဲ့က ဒီအခြေအနေ ဟာ မှန်ကန်တဲ့ရပ်တည်ချက် ဟုတ်ပါရဲ့လားဆိုတဲ့ မေးခွန်း တွေမေးလာကြတယ်ဆိုတာ လက်ရှိ  ဒီစာရေးနေတဲ့  ဇွန် ၂၀၂၀ အချိန်မှာ ဖြစ်ပွားနေတဲ့ မြန်မာပြည်တွင်းစစ်ပွဲတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ တစ်ဖက်ကလည်း နိုင်ငံရေးအကျပ်အတည်း (Political deadlock) ကို ကွင်းရှောင်ပြီး လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေရှိနေရက်နဲ့ မလုပ်ဆောင်တဲ့ (နိုင်သေးတဲ့) အနိုင်ရပါတီတွေရဲ့ သဘော ထားဟာ ဒီဖက်ဒရယ် လွန်ဝါဒ နိုင်ငံရေးအယူအဆကို မီးထိုးနေသလိုဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ဖက်ဒရယ်လွန်အိမ်မက် တိုင်းရင်းသားဘယ်လောက် ကများ မက်နေကြမလဲဆိုတာနဲ့ နောင်မှာ ဒီလို မဖြစ်ရ လေအောင် နိုင်ငံရး အကျပ်အတည်းကို ဘယ်လိုဖြေ လျှော့မလဲ ဆိုတဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒများ ချမှတ် အကောင် ထည်ဖော်မှသာ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ” တည်ဆောက်တာ လမ်းမလွဲမှာဖြစ်တယ်လို့ သုံးသပ် မိတယ်။

နောက်ပြီး လက်ရှိဆောင်းပါးရေးနေတဲ့အချိန်မှာ အမေရိကန်နိုင်ငံက လူမည်းအမျိုးသား ဂျော့ဖလွိုက် ကို ရဲတွေဖမ်းဆီးရင်း သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကို အကြောင်း ပြုပြီး စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အမေရိကန် နိုင်ငံ တစ်ဝန်းလုံးအပြင် အာရှ၊ ဥရောပနဲ့ ဩစတြေးလျ နိုင်ငံတွေအထိပါ ပျံ့နှံ့ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ လိုအပ်ရင် စစ်အင်အားသုံး နှိမ်နင်းမယ်လို့ ခြိမ်းခြောက်ခဲ့တာပါ။ ဒါပေမဲ့လည်း ကမ္ဘာမှာ ဓန အင်အားနဲ့ စစ်အင်အား နံပါတ်တစ်နေရာမှာ ရှိနေတဲ့ အမေရိကန်ပြည်ထောင်စု မှာ ဩဇာအရှိဆုံးဖြစ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်သုံးပြီး ဖြိုခွင်းချင်ပေမယ့် တကယ့် လက်တွေ့မှာ အကောင် အထည် မဖော်နိုင်တာဟာ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အားကောင်းချက်ကြောင့်လို့ ပြော မယ်ဆိုရင် မမှားဘူးလို့ ထင်ပါတယ်။

နိုင်ငံရေးအကျပ်အတည်းနှင့် ဌာနေတိုင်းရင်းသာအခွင့်အရေး

အထက်မှာ တင်ပြခဲ့ပြီးဖြစ်တဲ့ ဌာနေတိုင်းရင်း သား အခွင့်အရေးကြေညာစာတမ်းမှာ အချက် ၄၆ ချက်ပါရှိပြီး သေချာဖတ်ရှုဆင်ခြင်မယ်ဆိုရင် ဌာနေ တိုင်းရင်းသားတွေချည်းပဲ ဖြစ်ကြပါတဲ့ ပြည်မနဲ့ တောင်တန်းသားတွေအတွက် အကျိုးရှိမယ့်၊ နိုင်ငံရေး အကျပ်အတည်းကို ရှောင်ကွင်းကာ တိုင်းရင်းသားများ လိုလားတဲ့ တန်းတူအခွင့်အရေးနဲ့ နိုင်ငံရေး မျှော်မှန်း ချက်တွေကို ဖြည့်ဆည်းပေးမယ့်အဖြေဟာ ဒီ ဌာနေ တိုင်းရင်းသား ကြေညာစာတမ်းပါ အချက်များပဲ ဖြစ် တယ်လို့ တဲ့တိုးပြောရရင် မှားမယ်မထင်ပါဘူး။

တက်ခဲ့တဲ့အစိုးရတွေကနေ လုပ်ဆောင်နေတဲ့ စီမံကိန်းများဟာဆိုရင် တိုင်းရင်းသားဒေသတွေမှာ အများစု ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကိုယ့်အိမ် ဝင်းထဲ သူများကနေ အကျိုးအမြတ်လာယူနေတဲ့၊ ပြည်ထောင်စုအတွက်လည်း အကျိုးအမြတ်မရတဲ့ အဖြစ်တွေအများကြီးရှိနေသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကနေ ထောက်ပြနေပေမယ့် ဆက်လက်ဖော်ဆောင်နေတဲ့ စီမံကိန်းနဲ့ လုပ်ဆောင် မှုတွေ မြန်မာပြည်တစ်ဝန်း ဒင်းကြမ်းရှိနေတာပါ။

နောက်တစ်ဖန် တိုင်းရင်းသားများရဲ့ ထုံးတမ်း ဓလေ့နဲ့ လားလားမျှမကိုက်တဲ့၊ ဘာအတွက်ရယ်လို့ တိတိကျကျမရှိဘဲ ပွင့်လင်းမြင်သာမှုနှင့် ခိုင်မာအား ကောင်းခြင်းလဲမရှိတဲ့၊ ဥပဒေတွေ ပြင်ဆင်ဥပဒေတွေ ဖြည့်စွက်ပြဋ္ဌာန်းပေမယ့် တစ်တိုင်းပြည်လုံးက လက် မခံတဲ့ မြေယာဥပဒေတွေ ပြဋ္ဌာန်းခဲ့ခြင်းစတာတွေကလဲ ဖက်ဒရာယ်စနစ် ဖော်ဆောင်ဖို့ သွားနေပါတယ်ဆိုတဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံဟာ မှန်နေရဲ့ လားလို့ မေးခွန်းထုတ်စရာပဲ ဖြစ်ပါတယ်။ (ယခု ဖော်ပြပါအချက်များအတွက် ကုလသမဂ္ဂ၏ ဌာနေ တိုင်းရင်းသားလူမျိုးများဆိုင်ရာ အခွင့်အရေးကြေညာ စာတမ်းပါ အပိုဒ် ၂၅မှ၃၂ကိုကြည့်ရှု ချင့်ချိန်ရန်)။

၂၀၂၀ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်ကာလ

အထွေထွေနိုင်ငံရေး အကျပ်အတည်းတွေရှိနှင့် ပြီးသား မြန်မာနိုင်ငံဟာ ၂၀၂၀မှာ တတိယအကြိမ် မြောက် ရွေးကောက်ပွဲကျင်းပပါတော့မယ်။ တစ်ချိန် တည်းမှာလည်း ဒီကာလဟာ တစ်ကမ္ဘာလုံးကနေ စိုးရိမ်ထိတ်လန့်နေရတဲ့ ကိုဗစ် ရောဂါကပ်ဘေးဖြစ် နေတဲ့ အချိန်နဲ့တိုက်ဆိုင်နေပါတယ်။ ဒီကပ်ဘေး ဂယက်ကလည်း စီးပွားရေး အကျပ်အတည်းနဲ့ စီးပွား ရေး နလန်ထူရေးဆိုင်ရာ စိန်ခေါ်ချက်တွေ ဖြစ်လာ စေမှာဖြစ်တဲ့အတွက် နောက်တက် မယ့်အစိုးရကနေ မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်ထားမှု များစွာလုပ်ရမှာပဲ ဖြစ်တယ်။

နောက်တစ်ဖန် တိုင်းရင်းသားဒေသတွေမှာ ဖော်ဆောင်နေဆဲ စီမံကိန်းတွေနဲ့ မကိုက်ညီတဲ့ ဥပဒေ တွေကို ဘယ်လိုပြင်ဆင်ရေးဆွဲမလဲ၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဖြေရှင်းမရနိုင်တဲ့ ပုဒ်မတွေကို ဦးတည်ချက်ထားနေမယ့်အစား တခြားအလုပ်ဖြစ်နိုင် တဲ့၊ တိုင်းရင်းသားများလိုလားတဲ့ အချက်တွေကို ဘယ်လိုချဉ်းကပ် မလဲဆိုတာမျိုးကို စဉ်းစားမှသာလျှင် အကျပ်အတည်းနဲ့ စိန်ခေါ်ချက်တွေကို စီမံခန့်ခွဲနိုင်မှာ ဖြစ်တယ်။

အချုပ်ဆိုရရင် ကုလသမဂ္ဂရဲ့ ဌာနေ တိုင်းရင်း သားလူမျိုးများဆိုင်ရာ ကြေညာစာတမ်းကို ပါဝင် ထောက်ခံလက်မှတ်ထိုးပြီးသား မြန်မာနိုင်ငံအနေနဲ့ ၎င်းကြေညာစာတမ်းပါ အခွင့်အရေးတွေကို လေးစား လိုက်နာပြီး ပေါ်လစီချမှတ်ရာမှာ ၎င်းကြေညာစာတမ်း ပါအချက်တွေကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် နိုင်ငံရေးအကျပ်အတည်းဖြေရှင်းခြင်းနဲ့ ယုံကြည်မှု တည်ဆောက်ရာမှာ ပိုမိုထိရောက်မှာဖြစ်တယ်လို့ မြင်မိတယ်။ လာလတ္တံ့သော ကာလတွေမှာလည်း တိုင်းရင်းသားများ ယုံကြည်နေဆဲဖြစ်တဲ့ ဖက်ဒရယ် အိမ်မက်ကို ဆက်လည်းကိုင်ဆွဲဖို့နဲ့ ဖက်ဒရယ်လွန် အိမ်မက်တွေနဲ့ ပိုမိုကြမ်းတမ်းတဲ့ အထွေထွေအကျပ် အတည်းထဲ မသက်ဆင်းလိုဘူးဆိုခဲ့ရင် အထက်ဖော်ပြ ခဲ့တဲ့ အချက်တွေကို မူဝါဒဖော်ဆောင်သူတွေအနေနဲ့ အလေးအနက်ထား စဉ်းစားကြစေလိုကြောင်း ဖော်ပြ အပ်ပါတယ်။

 

ဒဲရစ်

 

၂၀၂၀ ေရြးေကာက္ပြဲႏွင့္ ဖက္ဒရယ္အိပ္မက္

နိဒါန္း

ကမၻာေပၚမွာ ၁၉၈၀  ေလာက္ကစၿပီး   ႏိုင္ငံေရးပန္းတိုင္နဲ႔  တရားဝင္အခြင့္အေရးရဖို႔  “ဌာေနတိုင္းရင္းသား”ဆိုတဲ့ စကားလံုးကို အရင္ကထက္ တြင္တြင္က်ယ္က်ယ္ သံုးလာၾကပါတယ္။ ဒီအတြက္လည္း ကမၻာ့ကုလသမဂၢကေန ဌာေနတိုင္းရင္းသားဆိုင္ရာ ဖိုရမ္မ်ားစြာ က်င္းပခဲ့ၿပီး ၂၀ဝ၇ ခုႏွစ္မွာေတာ့ ကုလသမဂၢ၏ ဌာေနတိုင္းရင္းသား လူမ်ိဳးမ်ားဆိုင္ရာ ေၾကညာစာတမ္း (UNDRIP) ဆိုတာ ထြက္လာပါတယ္။ အေရွ႕ေတာင္အာရွမွ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြမွလည္း ဌာေနတိုင္းရင္းသားအခြင့္အေရးကို လက္ခံခဲ့ၾကၿပီး အဲဒီအခ်ိန္တုန္းက လက္မွတ္မထိုးတဲ့ ႏိုင္ငံဆိုလို႔ ဘဂၤလားေဒ့ရွ္နဲ႔ ဘူတန္ ႏွစ္ႏိုင္ငံပဲရွိခဲ့တယ္။ ဒါေပမဲ့ အာရွစံနဲ႔ကိုက္ညီတဲ့ တင္းျပည့္ က်ပ္ျပည့္ ဌာေနတိုင္းရင္းသား အခြင့္အေရး ျပ႒ာန္းက်င့္သံုးတဲ့ႏိုင္ငံကေတာ့ နည္းပါေသးတယ္။ လက္ရွိ စာေရးေနတဲ့ အခ်ိန္ထိေတာ့ ဂ်ပန္၊ နီေပါ၊ ဖိလစ္ပိုင္၊ ကေမၻာဒီးယားနဲ႔ ထိုင္ဝမ္တို႔သာ တိတိက်က် ဥပေဒျပ႒ာန္းၿပီး ကာကြယ္မႈေပးတာ ေတြ႕ရပါတယ္။ (ဒီေနရာမွာ တင္းျပည့္က်ပ္ျပည့္ ဆိုတာ ဌာေန တိုင္းရင္းသားအခြင့္အေရးေၾကညာစာတမ္းပါ အခ်က္ ေတြကို ဥပေဒျပဳၿပီး အေျခခံဥပေဒမွာ ထည့္သြင္း ျခင္းကို ဆိုလိုပါတယ္။ “ဌာေနတိုင္းရင္းသား လူမ်ိဳးမ်ား၏ အခြင့္ အေရးကာကြယ္ေစာင့္ေရွာက္ သည့္ဥပေဒ” ဆိုတာကို ၂၄ ေဖေဖာ္ဝါရီ ၂၀၁၅ မွာ ျပ႒ာန္းခဲ့ေပမယ့္ ကုလသမဂၢရဲ႕ ဌာေနတိုင္းရင္းသား ေၾကညာစာတမ္းကို အျပည့္အဝ ေထာက္ပံ့ထားတဲ့ (ဝါ) အႏွစ္သာရျပည့္ဝတဲ့ ဥေပေဒမဟုတ္ပဲ ၂၀ဝ၈ အေျခခံဥပေဒဟာ ဖက္ဒရယ္ဆန္ေၾကာင္း ကာကြယ္ လိုတဲ့ အေပၚယံဥပေဒသာျဖစ္တယ္။ ဒီဥပဒ အေၾကာင္း ျပဳၿပီး ေရးရာဝန္ႀကီးဌာနနဲ႔ ဝန္ႀကီးေတြ ရွိေနေပမယ့္ ဆံုးျဖတ္ခ်က္ခ်မွတ္ရာမွာ ပါဝင္ခြင့္ရွိတဲ့ အခန္းက႑ မရွိတာ အထင္ အရွားပဲျဖစ္တယ္။)

ျမန္မာျပည္မွာ ဌာေနတိုင္းရင္းသား အခြင့္အေရး နဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာအဆင့္ အဦးဆံုး တက္ လွမ္းခဲ့တာ ကေတာ့ တိုင္းရင္းသားအဖြဲ႕ေတြျဖစ္တဲ့ ကရင္အမ်ိဳးသားအစည္းအ႐ံုး (KNU), ခ်င္းအမ်ိဳးသား တပ္ဦး (CNF) နဲ႔ နာဂအမ်ိဳးသားမ်ား လူ႔အခြင့္အေရး လႈပ္ရွားမႈ (NPMHR) စတဲ့ အဖြဲ႕ေတြျဖစ္ၿပီး ၎တို႔ ျဖစ္တည္မႈကို သတိျပဳမိေစရန္ ရည္ရြယ္ခ်က္နဲ႔ ကုလ သမဂၢရဲ႕ ဌာေနတိုင္းရင္းသားဆိုင္ရာ အလုပ္အမႈ ေဆာင္အဖြဲ႕ဖိုရမ္ကို ကိုယ္စားလွယ္မ်ား ေစလႊတ္ခဲ့ၾက တာ ျဖစ္တယ္။ အဓိက အေျခခံတဲ့ အိုင္ဒီယာကေတာ့ ၁၉၄၇ ခုႏွစ္က ေတာင္တန္းနဲ႔ျပည္မ အၾကား ခ်ဳပ္ဆိုခဲ့ တဲ့ ပင္လံုစာခ်ဳပ္ကို အေလးအနက္ထား ေဆြးေႏြးခဲ့ၾက ျခင္းျဖစ္တယ္။

သမိုင္းေနာက္ခံ

တစ္ဖက္ကေန ျမန္မာျပည္ကတိုင္းရင္းသားေတြ ကေနဘာလို႔ ဌာေနတိုင္းရင္းသားအခြင့္အေရးကို တစိုက္မတ္မတ္ ေျပာဆိုၾကရသလဲဆိုတာနဲ႔ ပင္လံု စာခ်ဳပ္ကို အေလးအနက္စြဲကိုင္ၾကတာလဲဆိုတဲ့ အခင္း အက်င္းကို နားလည္ဖို႔ သမိုင္းကိုတစ္ခ်က္ ျပန္ၾကည့္ ၾကရရင္ ၿဗိတိသွ်ေတြအုပ္ခ်ဳပ္တဲ့ (၁၈၂၅-၁၉၄၈) ၾကားကာလေတြမွာ ၿဗိတိသွ်ေတြဟာ ကိုလိုနီေခတ္မွာ လူဦးေရမ်ားၿပီး အဓိကက်တဲ့ ျပည္မကို ၾကပ္ၾကပ္ မတ္မတ္ အုပ္ခ်ဳပ္ခဲ့ေပမယ့္ လူဦးေရနည္းတဲ့ ေတာင္ တန္းေဒသေတြကိုေတာ့ သူ႔ရွိရင္းစြဲ အုပ္ခ်ဳပ္ေရးနဲ႔ပဲ အုပ္ခ်ဳပ္ေစခဲ့တယ္။ ကိုလိုနီေခတ္အတြင္းမွာလည္း တိုင္းရင္းသားေတြဟာ အုပ္ခ်ဳပ္ေရးအတြင္းမွာ ဝင္ ေရာက္ အမႈထမ္းမႈမ်ားစြာ ရွိခဲ့တယ္။ ဒုတိယ ကမၻာစစ္ အဦးပိုင္းကာလေတြမွာလဲ ကခ်င္၊ ခ်င္း၊ ကရင္ စတဲ့ သူေတြဟာ ၿဗိတိသွ်တပ္မေတာ္မွာ အမ်ားဆံုး တာဝန္ ထမ္းေဆာင္ခဲ့ၾကတဲ့ တိုင္းရင္းသားေတြ ျဖစ္တာေတြ႕ ရတယ္။ ျပည္မက ဗမာေတြက်ေတာ့ ၎တို႔ကို အုပ္ခ်ဳပ္သူ ၿဗိတိသွ်ေတြကို တြန္းလွန္ဖို႔ သဘာဝက်စြာ ဂ်ပန္ေတြနဲ႔ပူးေပါင္းခဲ့ၾကတယ္။ ကမၻာစစ္အတြင္း မဟာမိတ္ အဖြဲ႕ဝင္ၿဗိတိသွ်နဲ႔ ဝန္႐ိုးစြန္းဂ်ပန္ႏိုင္ငံတို႔ေတြ တိုက္ခိုက္ၾကတဲ့အခါ ေဒသတြင္းက တိုင္းရင္း သားေတြဟာလည္း ၎တို႔ ပါဝင္ရာဖက္ကေန တိုက္ ိုက္ခဲ့ၾကၿပီး စစ္ႀကီးၿပီးတဲ့အခါ မယံုၾကည္မႈေတြနဲ႔ သံသယေတြဟာ က်န္ေနရစ္ခဲ့ပါေတာ့တယ္။

ကမၻာစစ္အလြန္မွာ တိုင္းရင္းသားအုပ္စုေတြ အတြက္ သီးျခား လြတ္လပ္ေရးေပးဖို႔ စဥ္းစားမႈေတြ ရွိခဲ့ေပမယ့္ ၁၉၄၇ ခုႏွစ္မွာ ျပည္မရဲ႕ စည္း႐ံုးမႈေၾကာင့္ ရွမ္းျပည္နယ္ ပင္လံုၿမိဳ႕မွာ ကခ်င္၊ ခ်င္း၊ ရွမ္း၊ ကယားနဲ႔ ျပည္မတို႔ပါဝင္တဲ့ ပင္လံုကြန္ဖရင့္ျဖစ္လာတယ္။ ဒီကြန္ ဖရင့္ကေန ဗိုလ္ခ်ဳပ္ေအာင္ဆန္းအမွဴးျပဳတဲ့ ျပည္မ ေခါင္းေဆာင္ေတြရဲ႕ တန္းတူေရးနဲ႔ ဖက္ဒရယ္အေျခခံမူ ေတြေၾကာင့္ တက္ေရာက္လာတဲ့ တိုင္းရင္းသားေတြ ကေန တိုင္းျပည္တစ္ခု အတူတည္ေထာင္ဖို႔ သေဘာတူ ခဲ့ၾကတာျဖစ္တယ္။ ဒီသေဘာတူညီမႈေတြ အေပၚမွာ အေျခခံၿပီး လြတ္လပ္ေရးရၿပီးရင္ တိုင္းျပည္ကို ဘယ္လို အုပ္ခ်ဳပ္မယ္ဆိုၿပီး ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းပံု အေျခခံ ဥပေဒကို ေရးဆြဲထားရွိထားၾကတယ္။ ၁၉၄၈ ဇန္နဝါရီ ၄ မွာ လြတ္လပ္ေရး အတူရယူခဲ့ေပမယ့္ ျပည္မဖက္က ေခါင္းေဆာင္နဲ႔ ပင္လံုစာခ်ဳပ္ကို ျပည္မသားေတြ ကိုယ္စား အာမခံေပးတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ လြတ္လပ္ေရးမရမီ ေျခာက္လခန္႔အလိုက လုပ္ႀကံခံရမႈ ဟာ ရွိရင္းစြဲ ထိရွလြယ္တဲ့ အေျခအေနကို ပိုဆိုးေစခဲ့ တယ္။ ၁၉၄၇ ဖြဲ႕စည္းပံုအေျခခံဥပေဒ အေၾကာင္းျပဳ ေရးဆြဲထားတဲ့ ကရင္ျပည္နယ္ နယ္နမိတ္ကိစၥ မေက် လည္မႈကို အေၾကာင္းျပဳလို႔ ကရင္ေခါင္းေဆာင္ေတြ ကေန သီးျခားလြတ္လပ္ေရး ရယူလိုခဲ့သလို ရွိရင္းစြဲ မြန္နဲ႔ ရခိုင္တို႔ရဲ႕ ျပည္နယ္သတ္မွတ္ေပးေရး ဆႏၵကေန လက္နက္ကိုင္လႈပ္ရွားမႈေတြ ျဖစ္ေပၚလာခဲ့တယ္။ ေနာက္ဆံုး ၁၉၆၀ ျပည့္ႏွစ္မွာ ဝန္ႀကီးခ်ဳပ္ဦးႏုရဲ႕ ေရြးေကာက္ပြဲ ကတိကဝတ္ျဖစ္တဲ့ ဗုဒၶဘာသာကို ႏိုင္ငံေတာ္ဘာသာျပ႒ာန္းေရးကို တကယ္ အေကာင္ အထည္ေဖာ္လာတဲ့ အခါမွေတာ့ တန္းတူေရးကို အေျခခံဖို႔ ကတိကဝတ္နဲ႔ ျပည္ေထာင္စုကို တည္ ေဆာက္လာခဲ့ၾကတဲ့ တိုင္းရင္းသားေတြဖက္ကေန ဘာမွသည္းခံႏိုင္စရာမရွိေတာ့တဲ့   ေနာက္ဆံုး ျပည္ေထာင္စုမွခြဲထြက္ဖို႔ပဲ ရွိလာေတာ့တဲ့အတြက္ ဦးႏုမွ ဦးေနဝင္းကို တဖက္လွည့္နဲ႔ ႏိုင္ငံေတာ္အာဏာ သိမ္းခိုင္းလိုက္ပါေတာ့တယ္။ ဒီလိုနဲ႔ ၁၉၆၂ မတ္လ ၂ ရက္ေန႔မွာ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းမွ အာဏာသိမ္းခဲ့ၿပီး ေနာက္မွာေတာ့ တိုင္းရင္းသားမ်ားဆႏၵဟာ မီးခဲျပာဖံုး ျဖစ္ခဲ့ရတယ္။ (ဒီသမိုင္းဆိုင္ရာ အခ်က္အလက္ေတြဟာ ေဆာင္းပါးရဲ႕    ဆိုလိုရင္းကို ေထာက္ပံ့မည့္ အေၾကာင္းမ်ား ကိုသာ ေရးသားထားျခင္းျဖစ္ တဲ့ အျပင္ အတိုခ်ဳပ္ထားရတဲ့အတြက္ မျပည့္စံုမႈမ်ားရွိပါ လိမ့္မယ္။ စာေရးသူ)

ဖက္ဒရယ္ဆိုတာ ခြဲထြက္ေရး ဟုတ္/မဟုတ္

တိုင္းျပည္ဟာ တပါတီ အာဏာရွင္စနစ္၊ စစ္အာဏာ ရွင္စနစ္ စတာေတြကို ျဖတ္ သန္းခဲ့အၿပီးမွာ အျငင္းပြားမႈ ေတြနဲ႔ပဲ ၂၀ဝ၈အေျခခံဥပေဒကို အတည္ျပဳခဲ့ၿပီး ၂၀၁၀ မွာေတာ့ ဒီမိုကေရစီေခတ္ဦးကို စတင္ ခဲ့ပါတယ္။ ဒီအေျပာင္းအလဲဟာ ဝိဝါဒကြဲမႈ ေတြရွိေနခဲ့ ေပမယ့္ အီၿပီး ေျမာင္းပုပ္ေတာင္ျဖစ္ေနတဲ့ ျမန္မာ ႏိုင္ငံေရး ေရစီးကို တစ္ဖန္ျပန္လည္ စီးဆင္းေစႏိုင္ခဲ့ တာကေတာ့ အမွန္ပါပဲ။ ဒါေၾကာင့္မို႔လို႔ ဒီေရစီးနဲ႔အတူ ႏွစ္ေပါင္းမ်ားစြာ ဖိႏွိပ္မႈေတြေအာက္မွာ ေရာက္ေနတဲ့ ျပည္မနဲ႔ ေတာင္တန္းက လူထုေတြၾကားမွာ ကိုယ္ယံု ၾကည္ရာ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္အိမ္မက္ ျပန္လည္ ႏိုးထလာခဲ့တာလည္း အဆန္းေတာ့မဟုတ္ပါဘူး။

၂၀၁၀ ေရြးေကာက္ပြဲႏိုင္ ျပည္ခိုင္ၿဖိဳးအစိုးရ ကေန ျမန္မာျပည္ကို ျပဳျပင္ေျပာင္းလဲေရးနဲ႔ ၿငိမ္းခ်မ္း ေရးတည္ ေဆာက္ဖို႔ ႀကိဳးပမ္းခဲ့သလို၊ ၂၀၁၅ အႏိုင္ရ အဲန္အယ္ဒီအစိုးရကေနလည္း ၂၁ ရာစုပင္လံုအမည္နဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားရင္ၾကားေစေရးကို လုပ္ ေဆာင္လာခဲ့ပါတယ္။ ဒါေပမဲ့ ၁၀ ႏွစ္တာ ကာလမွာ ဒီအစိုးရႏွစ္ရပ္လံုးက တိုင္းရင္းသားမ်ား (တိုင္းျပည္ ေထာင္ဖက္မ်ား) လိုလားတဲ့ တန္းတူေရးနဲ႔ အာဏာ ခြဲေဝေရးကို ေက်နပ္ရေလာက္ေအာင္ လုပ္ေဆာင္ ႏိုင္ျခင္း မရွိခဲ့ေသးတာေတာ့ သံုးသပ္    ေတြ႕ရွိရပါတယ္။ ၂၀ဝ၈ ဖြဲ႕စည္းပံု အက်ပ္အတည္း နဲ႔ လက္နက္ကိုင္ ပဋိပကၡေတြ ၾကားမွာ လူထု၊ အဓိကအားျဖင့္ ေတာင္တန္းသားေတြအျမင္မွာ သူတို႔ရဲ႕   ရွိရင္းစြဲအတိတ္က လြတ္လပ္မႈ     ထက္ေတာင္ တစ္ဆင့္ နိမ့္ေသးတဲ့ ဖက္ဒရယ္ စနစ္ ေတာင္းဆိုမႈနဲ႔ တိုင္းျပည္ ကို အတူတကြ အုပ္ခ်ဳပ္ၾကမယ္ ဆိုတဲ့ ပင္လံုကတိကဝတ္ကို ယံုၾကည္ ဆုပ္ကိုင္လာခဲ့ၾကတဲ့ သူေတြအေနနဲ႔က ဒီအေျခအေန ဟာ မွန္ကန္တဲ့ရပ္တည္ခ်က္ ဟုတ္ပါရဲ႕လားဆိုတဲ့ ေမးခြန္း ေတြေမးလာၾကတယ္ဆိုတာ လက္ရွိ  ဒီစာေရးေနတဲ့  ဇြန္ ၂၀၂၀ အခ်ိန္မွာ ျဖစ္ပြားေနတဲ့ ျမန္မာျပည္တြင္းစစ္ပြဲေတြကို ၾကည့္ျခင္းအားျဖင့္ သိႏိုင္ပါတယ္။ တစ္ဖက္ကလည္း ႏိုင္ငံေရးအက်ပ္အတည္း (Political deadlock) ကို ကြင္းေရွာင္ၿပီး လုပ္ေဆာင္ႏိုင္တဲ့ လုပ္ငန္းေတြရွိေနရက္နဲ႔ မလုပ္ေဆာင္တဲ့ (ႏိုင္ေသးတဲ့) အႏိုင္ရပါတီေတြရဲ႕ သေဘာ ထားဟာ ဒီဖက္ဒရယ္ လြန္ဝါဒ ႏိုင္ငံေရးအယူအဆကို မီးထိုးေနသလိုျဖစ္ေနတယ္လို႔ ေျပာလို႔ရပါတယ္။ ဒီလို ဖက္ဒရယ္လြန္အိမ္မက္ တိုင္းရင္းသားဘယ္ေလာက္ ကမ်ား မက္ေနၾကမလဲဆိုတာနဲ႔ ေနာင္မွာ ဒီလို မျဖစ္ရ ေလေအာင္ ႏိုင္ငံရး အက်ပ္အတည္းကို ဘယ္လိုေျဖ ေလွ်ာ့မလဲ ဆိုတဲ့ ႏိုင္ငံေရးဆိုင္ရာ မူဝါဒမ်ား ခ်မွတ္ အေကာင္ ထည္ေဖာ္မွသာ “ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံ” တည္ေဆာက္တာ လမ္းမလြဲမွာျဖစ္တယ္လို႔ သံုးသပ္ မိတယ္။

ေနာက္ၿပီး လက္ရွိေဆာင္းပါးေရးေနတဲ့အခ်ိန္မွာ အေမရိကန္ႏိုင္ငံက လူမည္းအမ်ိဳးသား ေဂ်ာ့ဖလြိဳက္ ကို ရဲေတြဖမ္းဆီးရင္း ေသဆံုးခဲ့ရတဲ့ျဖစ္ရပ္ကို အေၾကာင္း ျပဳၿပီး စတင္ခဲ့တဲ့ ဆႏၵျပပြဲေတြဟာ အေမရိကန္ ႏိုင္ငံ တစ္ဝန္းလံုးအျပင္ အာရွ၊ ဥေရာပနဲ႔ ဩစေၾတးလ် ႏိုင္ငံေတြအထိပါ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ဒီဆႏၵျပပြဲေတြကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကေတာ့ လိုအပ္ရင္ စစ္အင္အားသံုး ႏွိမ္နင္းမယ္လို႔ ၿခိမ္းေျခာက္ခဲ့တာပါ။ ဒါေပမဲ့လည္း ကမၻာမွာ ဓန အင္အားနဲ႔ စစ္အင္အား နံပါတ္တစ္ေနရာမွာ ရွိေနတဲ့ အေမရိကန္ျပည္ေထာင္စု မွာ ဩဇာအရွိဆံုးျဖစ္တဲ့ သမၼတ ေဒၚနယ္ထရမ့္အေနနဲ႔ လက္ရွိ ျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြကို စစ္တပ္သံုးၿပီး ၿဖိဳခြင္းခ်င္ေပမယ့္ တကယ့္ လက္ေတြ႕မွာ အေကာင္ အထည္ မေဖာ္ႏိုင္တာဟာ ဖက္ဒရယ္စနစ္နဲ႔ ဖြဲ႕စည္းပံု အေျခခံဥပေဒရဲ႕ အားေကာင္းခ်က္ေၾကာင့္လို႔ ေျပာ မယ္ဆိုရင္ မမွားဘူးလို႔ ထင္ပါတယ္။

ႏိုင္ငံေရးအက်ပ္အတည္းႏွင့္ ဌာေနတိုင္းရင္းသာအခြင့္အေရး

အထက္မွာ တင္ျပခဲ့ၿပီးျဖစ္တဲ့ ဌာေနတိုင္းရင္း သား အခြင့္အေရးေၾကညာစာတမ္းမွာ အခ်က္ ၄၆ ခ်က္ပါရွိၿပီး ေသခ်ာဖတ္႐ႈဆင္ျခင္မယ္ဆိုရင္ ဌာေန တိုင္းရင္းသားေတြခ်ည္းပဲ ျဖစ္ၾကပါတဲ့ ျပည္မနဲ႔ ေတာင္တန္းသားေတြအတြက္ အက်ိဳးရွိမယ့္၊ ႏိုင္ငံေရး အက်ပ္အတည္းကို ေရွာင္ကြင္းကာ တိုင္းရင္းသားမ်ား လိုလားတဲ့ တန္းတူအခြင့္အေရးနဲ႔ ႏိုင္ငံေရး ေမွ်ာ္မွန္း ခ်က္ေတြကို ျဖည့္ဆည္းေပးမယ့္အေျဖဟာ ဒီ ဌာေန တိုင္းရင္းသား ေၾကညာစာတမ္းပါ အခ်က္မ်ားပဲ ျဖစ္ တယ္လို႔ တဲ့တိုးေျပာရရင္ မွားမယ္မထင္ပါဘူး။

တက္ခဲ့တဲ့အစိုးရေတြကေန လုပ္ေဆာင္ေနတဲ့ စီမံကိန္းမ်ားဟာဆိုရင္ တိုင္းရင္းသားေဒသေတြမွာ အမ်ားစု ျဖစ္ပါတယ္။ တစ္နည္းေျပာရရင္ ကိုယ့္အိမ္ ဝင္းထဲ သူမ်ားကေန အက်ိဳးအျမတ္လာယူေနတဲ့၊ ျပည္ေထာင္စုအတြက္လည္း အက်ိဳးအျမတ္မရတဲ့ အျဖစ္ေတြအမ်ားႀကီးရွိေနသလို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး သမားေတြကေန ေထာက္ျပေနေပမယ့္ ဆက္လက္ေဖာ္ေဆာင္ေနတဲ့ စီမံကိန္းနဲ႔ လုပ္ေဆာင္ မႈေတြ ျမန္မာျပည္တစ္ဝန္း ဒင္းၾကမ္းရွိေနတာပါ။

ေနာက္တစ္ဖန္ တိုင္းရင္းသားမ်ားရဲ႕ ထံုးတမ္း ဓေလ့နဲ႔ လားလားမွ်မကိုက္တဲ့၊ ဘာအတြက္ရယ္လို႔ တိတိက်က်မရွိဘဲ ပြင့္လင္းျမင္သာမႈႏွင့္ ခိုင္မာအား ေကာင္းျခင္းလဲမရွိတဲ့၊ ဥပေဒေတြ ျပင္ဆင္ဥပေဒေတြ ျဖည့္စြက္ျပ႒ာန္းေပမယ့္ တစ္တိုင္းျပည္လံုးက လက္ မခံတဲ့ ေျမယာဥပေဒေတြ ျပ႒ာန္းခဲ့ျခင္းစတာေတြကလဲ ဖက္ဒရာယ္စနစ္ ေဖာ္ေဆာင္ဖို႔ သြားေနပါတယ္ဆိုတဲ့ ျမန္မာျပည္ရဲ႕ ဒီမိုကေရစီ လမ္းျပေျမပံုဟာ မွန္ေနရဲ႕ လားလို႔ ေမးခြန္းထုတ္စရာပဲ ျဖစ္ပါတယ္။ (ယခု ေဖာ္ျပပါအခ်က္မ်ားအတြက္ ကုလသမဂၢ၏ ဌာေန တိုင္းရင္းသားလူမ်ိဳးမ်ားဆိုင္ရာ အခြင့္အေရးေၾကညာ စာတမ္းပါ အပိုဒ္ ၂၅မွ၃၂ကိုၾကည့္႐ႈ ခ်င့္ခ်ိန္ရန္)။

၂၀၂၀ ေရြးေကာက္ပြဲႏွင့္ ေရြးေကာက္ပြဲအလြန္ကာလ

အေထြေထြႏိုင္ငံေရး အက်ပ္အတည္းေတြရွိႏွင့္ ၿပီးသား ျမန္မာႏိုင္ငံဟာ ၂၀၂၀မွာ တတိယအႀကိမ္ ေျမာက္ ေရြးေကာက္ပြဲက်င္းပပါေတာ့မယ္။ တစ္ခ်ိန္ တည္းမွာလည္း ဒီကာလဟာ တစ္ကမၻာလံုးကေန စိုးရိမ္ထိတ္လန္႔ေနရတဲ့ ကိုဗစ္ ေရာဂါကပ္ေဘးျဖစ္ ေနတဲ့ အခ်ိန္နဲ႔တိုက္ဆိုင္ေနပါတယ္။ ဒီကပ္ေဘး ဂယက္ကလည္း စီးပြားေရး အက်ပ္အတည္းနဲ႔ စီးပြား ေရး နလန္ထူေရးဆိုင္ရာ စိန္ေခၚခ်က္ေတြ ျဖစ္လာ ေစမွာျဖစ္တဲ့အတြက္ ေနာက္တက္ မယ့္အစိုးရကေန မူဝါဒပိုင္းဆိုင္ရာ ျပင္ဆင္ထားမႈ မ်ားစြာလုပ္ရမွာပဲ ျဖစ္တယ္။

ေနာက္တစ္ဖန္ တိုင္းရင္းသားေဒသေတြမွာ ေဖာ္ေဆာင္ေနဆဲ စီမံကိန္းေတြနဲ႔ မကိုက္ညီတဲ့ ဥပေဒ ေတြကို ဘယ္လိုျပင္ဆင္ေရးဆြဲမလဲ၊ ၂၀ဝ၈ ဖြဲ႕စည္းပံု အေျခခံဥပေဒရဲ႕ ေျဖရွင္းမရႏိုင္တဲ့ ပုဒ္မေတြကို ဦးတည္ခ်က္ထားေနမယ့္အစား တျခားအလုပ္ျဖစ္ႏိုင္ တဲ့၊ တိုင္းရင္းသားမ်ားလိုလားတဲ့ အခ်က္ေတြကို ဘယ္လိုခ်ဥ္းကပ္ မလဲဆိုတာမ်ိဳးကို စဥ္းစားမွသာလွ်င္ အက်ပ္အတည္းနဲ႔ စိန္ေခၚခ်က္ေတြကို စီမံခန္႔ခြဲႏိုင္မွာ ျဖစ္တယ္။

အခ်ဳပ္ဆိုရရင္ ကုလသမဂၢရဲ႕ ဌာေန တိုင္းရင္း သားလူမ်ိဳးမ်ားဆိုင္ရာ ေၾကညာစာတမ္းကို ပါဝင္ ေထာက္ခံလက္မွတ္ထိုးၿပီးသား ျမန္မာႏိုင္ငံအေနနဲ႔ ၎ေၾကညာစာတမ္းပါ အခြင့္အေရးေတြကို ေလးစား လိုက္နာၿပီး ေပၚလစီခ်မွတ္ရာမွာ ၎ေၾကညာစာတမ္း ပါအခ်က္ေတြကို ထည့္သြင္းစဥ္းစားျခင္းအားျဖင့္ ႏိုင္ငံေရးအက်ပ္အတည္းေျဖရွင္းျခင္းနဲ႔ ယံုၾကည္မႈ တည္ေဆာက္ရာမွာ ပိုမိုထိေရာက္မွာျဖစ္တယ္လို႔ ျမင္မိတယ္။ လာလတၲံ႕ေသာ ကာလေတြမွာလည္း တိုင္းရင္းသားမ်ား ယံုၾကည္ေနဆဲျဖစ္တဲ့ ဖက္ဒရယ္ အိမ္မက္ကို ဆက္လည္းကိုင္ဆြဲဖို႔နဲ႔ ဖက္ဒရယ္လြန္ အိမ္မက္ေတြနဲ႔ ပိုမိုၾကမ္းတမ္းတဲ့ အေထြေထြအက်ပ္ အတည္းထဲ မသက္ဆင္းလိုဘူးဆိုခဲ့ရင္ အထက္ေဖာ္ျပ ခဲ့တဲ့ အခ်က္ေတြကို မူဝါဒေဖာ္ေဆာင္သူေတြအေနနဲ႔ အေလးအနက္ထား စဥ္းစားၾကေစလိုေၾကာင္း ေဖာ္ျပ အပ္ပါတယ္။

 

ဒဲရစ္