• Today is: Saturday, April 24, 2021

၂၀၂၀ ရွေးကောက်ပွဲရလဒ်၊ တိုင်းရင်းသား အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး

Federal Journal
February22/ 2021

Unicode

၂၀၂၀ ရွေးကောက်ပွဲရလဒ်၊ တိုင်းရင်းသား အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အရ ပြည်ထောင်စုအဖြစ် ပေါင်းစပ် ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီး နှစ်ပေါင်းခုနစ်ဆယ်ကျော်ခဲ့သည့်တိုင် တိုင်းရင်း သားတွေ မျှော်လင့်ခဲ့တဲ့ ဖက်ဒရယ်ပြည်ထောင်စု အဖြစ် မြင်တွေ့ရခြင်း မရှိသေးပါဘူး။
တိုင်းရင်းသားများက မိမိတို့ အခွင့်အရေးဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းဖို့ ကြိုးပမ်းမှု ကို ပြည်ထောင်စုပြို ကွဲမယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ် ကြီးနေဝင်း ဦး ဆောင်တဲ့ စစ် တပ်က အာဏာသိမ်းရာက အစပြုပြီး သက်ဆိုး ရှည်ခဲ့တဲ့ စစ်အာဏာရှင်စနစ်အဆက်ဆက်အောက် မှာ တိုင်းရင်းသားတို့ရဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုကို ပြည်ထောင်စု ပြိုကွဲရန်အားထုတ်မှုအဖြစ် တံဆိပ်ကပ်ခံရပြီး အဖက်ဖက်က ဖိနှိပ်ဖြိုခွင်းခဲ့တဲ့ အပြင် ဖက်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ သမိုင်း မှတ် တမ်းများ၊ စာအုပ်စာပေ များနဲ့ သတင်းအချက် အလက်များကို အမှောင် ချခဲ့၊ သမိုင်းဖြစ်ရပ်မှန် များကို ဖျောက်ဖျက် ခဲ့တဲ့ နောက်မှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး မြေပေါ်ကြိုးပမ်းမှုများ ချုပ်ငြိမ်း ခဲ့ရ ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အိမ်မက်ကို တိုင်းရင်းသားတွေ ဆက်လက်အကောင် အထည်ဖော်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဟာ တစ်ဖွဲ့ခြင်းဖြစ်စေ စုစည်း၍ဖြစ် မိမိတို့ထိန်းချုပ်ရာနယ်မြေများနှင့် မြန်မာနိုင်ငံပြင်ပမှာ ဆယ်စုနှစ်များနဲ့ချီပြီး ကြိုးပမ်းအားထုတ်ခဲ့ရပါတယ်။
ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သက်ရင် တိုင်းရင်းများများအနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်စေ၊ နိုင်ငံရေးပါတီပဲဖြစ်စေ၊ အရပ် ဘက်အဖွဲ့အစည်းများပင်ဖြစ်စေ ရပ်တည်ချက်တူကြပါ တယ်။ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ တိုင်းရင်းသားအခွင့်အရေးများနဲ့ ပြည်တွင်းငြိမ်းချမ်း မှု တည်ဆောက်ရေးအောင်မြင်ရန်အတွက် အထောက် အကူဖြစ်စေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်များ က ယုံကြည်ကြပါတယ်။
တစ်ချိန်က တို့ထိလို့မရတဲ့ ဖက်ဒရယ် ပြည် ထောင်စု တည်ဆောက်ရေးကိစ္စတွေဟာ ၂၀၁၀ ရွေး ကောက်ပွဲနဲ့တက်လာတဲ့ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်း ချမ်းရေးကမ်းလမ်းမှုနဲအတူ မျှော်လင့်ချက်ရောင်ခြည် သန်းလာပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနဲ့ အစိုးရရဲ့ ပဏာမအပစ်အခတ်ရပ်စဲရေး ဆွေး နွေးမှုတွေ၊ ပြည်ထောင်စု အဆင့်ဆွေးနွေးမှုတွေမှာ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ သက်ဆိုင် တဲ့အကြောင်းအရာများဟာ မပါမဖြစ် ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများဖြစ်ခဲ့ပြီး ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတဲ့နောက် တိုင်းရင်းသား လက်နက်ကိုင်များအနေနဲ့ မိမိတို့သက်ဆိုင်ရာ ပြည်နယ်များမှာ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးကိစ္စများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စများကို ပြည်သူလူထုများနဲ့ ပြောဆိုဆွေးနွေးခွင့် ရခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ၊ ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာများနဲ့ပတ်သက်တဲ့ အကြောင်း အရာ၊ စာပေများကိုလည်း ရေးသားထုတ်ဝေနိုင်ခဲ့တဲ့ အပြင် လိုအပ်တဲ့ ပညာပေးသင်တန်းများကိုလည်း ကျင်းပပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဦးသိန်းစိန်အစိုးရ သက်တမ်း ၂၀၁၀ နဲ့ ၂၀၁၅ အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အတော်များများ အစိုးရနဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ အဖွဲ့များအနေနဲ့ ゞင်းတို့အခြေစိုက်ရာပြည်နယ်မှာ ပြည်နယ်လူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ဆွေးနွေး ပြောကြားမှုနဲ့ သင်တန်းပို့ချမှု များကို ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ က ရွေးကောက်ပွဲဝင်တဲ့အခါ တစ်နိုင်ငံလုံးက ပြည်သူ လူထုတွေက မျှော်လင့်အားထားစွာနဲ့ မဲပေးခဲ့တဲ့ နည်းတူ တိုင်းရင်းသားအဖွဲ့အစည်း အတော်များများ ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက် ရေးနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပေါ် အတော်အားထားခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ မဲပြတ်အနိုင်ရပြီး ၂၀၁၆ မှာ အစိုးရဖြစ်လာတဲ့ NLD ဟာ ရွေးကောက်ပွဲကြေညာ စာတမ်းမှာ ဖော်ပြခဲ့ အဓိက အကြောင်းကိစ္စကြီးများ ဖြစ်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းမှုတည်ဆောက်ရေး ၂၀ဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးကိစ္စတွေကို တာဝန်ယူခဲ့တဲ့ ၅ နှစ်တာ ကာလ အတွင်း ဘာမှ ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့တာ မတွေ့ရတဲ့အပြင် ယခင် အစိုးရလက်ထက်က ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်ကို လစ်လျူရှုခဲ့တဲ့ အားနည်းချက်၊ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး လစ်လျူရှုခဲ့တဲ့အားနည်းချက်၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ယခင် ဦးသိန်းစိန်အစိုးရတို့ ချုပ်ဆိုခဲ့တဲ့ ပဏာမအပစ်အခတ် ရပ်စဲရေးနဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ သဘောတူစာချုပ်များအပေါ် လစ်လျူရှုခဲ့တဲ့ အားနည်းချက်၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျတဲ့ဖော်ဆောင်မှု မပြုလုပ် နိုင်တဲ့ အားနည်းချက်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အဓိကကျတဲ့ အမျိုးသားတန်းတူ ရေးကို လေးစားလိုက်နာရန် ပျက်ကွက်ခြင်း စတဲ့ အချက်တွေကြောင့် NLD အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်များ အထူးသဖြင့် တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရခြင်းမရှိတဲ့ NS-EAOs အဖွဲ့များနဲ့ဆက်ဆံရေးဟာ ထူးပြီး ကောင်း မွန်လာခြင်းမရှိခဲ့ပါဘူး။
၂၀၁၆ မှာ အာဏာလွှဲပြောင်းယူပြီး အစိုးရဖြစ် လာတဲ့ NLD အစိုးရဟာ ယခင်အစိုးရရဲ့ အရေးကြီး ဆောင်ရွက်ချက်ဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းမှု တည် ဆောက်ရေးလုပ်ငန်းစဉ်ကို လက်ဆင့်ကမ်း လွှဲပြောင်း ရယူခဲ့ရပါတယ်၊ သည်လိုလွှဲပြောင်းတာဝန်ယူတဲ့အခါ မှာ ပြီးခဲ့တဲ့သက်တမ်းကတည်းက ပူးပေါင်းဆောင်ရွက် မှုမရှိခဲ့တဲ့အနေအထားရယ်၊ ဦးသိန်းစိန်အစိုးရ လက် ထက်က အားကောင်းကောင်းနဲ့လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင် Union Peace Commission (UPC) ကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးဗဟိုဌာန National Reconciliation and Peace Centre (NRPC) လို့ အသွင်ပြောင်းပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်မှာ ယခင်က တာဝန်ယူ ဆောင်ရွက် ခဲ့ကြတဲ့ လူအတော်များများရဲ့ အခန်းကဏ္ဍကို လျှော့ချခဲ့ပါတယ်။ သည့်အပြင် တာဝန်ယူသူ အသစ်များနဲ့ပြန်လည်ဖွဲ့စည်းခဲ့ NRPC ရဲ့ စွမ်းဆောင် နိုင်မှုဟာ လုပ်ပိုင်ခွင့်အကန့်အသတ်တွေ အောက်မှာ ထိရောက်မှုအားနည်းချက်ရှိခဲ့ပြီး ငြိမ်းချမ်းရေး တည် ဆောက်မှုလုပ်ငန်းစဉ် ရပ်ဆိုင်းလုနီးပါးအခြေအနေ အထိ ဆိုက်ရောက်ခဲ့ပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရရဲ့ ငြိမ်း ချမ်းရေးနဲ့ နိုင်ငံရေးဖြစ်စဉ်အပေါ် ကိုင်တွယ်မှု အားနည်းချက်တွေကြောင့် တိုင်းရင်းသားပြည်နယ် တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ နိုင်ငံရေးဆောင်ရွက်မှုဖြစ်စဉ်တွေအပေါ် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို အကြောင်းပြပြီး တပ်မတော်ဘက်က တိုက်ရိုက် ဝင်ရောက်စွက်ဖက် လွှမ်းမိုးမှုတွေ ပြုလုပ်လာတဲ့အခါမှာ တစ်ချိန်က လူထုနဲ့ ထိတွေ့ဆွေးနွေးနိုင်တဲ့အခြေအနေတွင်၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်မှု အခြေအနေတွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ မှာ ဆွေးနွေးနိုင်တဲ့အခြေအနေဟာ အကန့်အသတ်ရှိ လာပြီး ထိထိရောက်ရောက် ရှေ့မတိုးနိုင်ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။
NLD အစိုးရလက်ထက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၃ ခု ခေါ်ယူကျင်းပခဲ့တယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တကယ်တမ်း နိုင်ငံရေးအရ ဆွေးနွေးပိုင်ခွင့်ရှိတာ အစုအဖွဲ့ ၃ ဖွဲ့သာ လို့ အကြမ်းဖျင်း ဆိုနိုင်ပါတယ်၊ အစိုးရ (သည်အစိုးရလို့ ဆိုတဲ့နေရာမှာ ပြည်ထောင်စုအစိုးရရယ်၊ တပ်မတော် ရယ်၊ လွှတ်တော်ရယ်က ကိုယ်စားလှယ်များ ပေါင်း ထားတဲ့ အစုအဖွဲ့)၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ နိုင်ငံရေးပါ တီများဖြစ်ပါတယ်။ အရပ် ဘက်အဖွဲ့အစည်းတွေကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခွင့်ပြုထားပေမယ့် အရေးကြီးတဲ့နိုင်ငံရေး ကဏ္ဍလိုနေရာမျိုးမှာ တိုက်ရိုက် ပါဝင်ဆွေးနွေးခွင့် မပြုထားပါဘူး။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံက ဆွေးနွေးဆုံးဖြတ်လိုက်တဲ့ အရေး ကြီးအချက်များကို ပြည်ထောင်စုသဘော တူညီ ချက်များအဖြစ် ကြေညာထုတ်ပြန်တာကြောင့် သည်နေရာမှာ ပြောစရာရှိလာပါတယ်။
ပြည်ထောင်စုသဘောတူညီချက်ဆိုတာ ပြည် ထောင်စုတစ်ဝန်းလုံးမှာ ကိုယ်စားပြုခွင့်ရှိတဲ့ တိုင်း ရင်းသား ပြည်သူလူထု၊ အစုအဖွဲ့များနဲ့ နိုင်ငံရေး အင်အားစုများက ပြည်သူလူထုကိုယ်စား တိုင်းပြည် ပြုပြင်ပြောင်းလဲရေးအတွက် သဘောတူညီချမှတ် လိုက်တဲ့ နိုင်ငံရေးဘုံသဘောတူညီချက်များ ဖြစ်သင့် ပါတယ်။
တကယ်တမ်း ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများကို တက်ရောက်ကိုယ်စားပြုဆွေးနွေး ဆုံးဖြတ်ခဲ့ကြတဲ့ နိုင်ငံရေးအင်အားစုများဟာ တစ်နိုင်ငံ လုံးကို လွှမ်းခြုံကိုယ်စားပြုတယ်လို့ပြောဖို့ ခက်ပါတယ်၊
ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ တွေကို တက်ရောက်ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ အခြေအနေကိုကြည့်ရင် တိုင်းရင်းသားပြည်နယ်နဲ့ လူမျိုးတွေကိုယ်စားပြုမှုဟာ လစ်ဟာချက်တွေ အများ ကြီးရှိနေတာကို တွေ့ရပါတယ်၊
လူမျိုးနဲ့ပြည်နယ်အလိုက် တိုင်းရင်းသား လက် နက်ကိုင် ကိုယ်စားပြုမှုကိုကြည့်ရင် ကရင်၊ မွန်၊ ချင်း၊ ရှမ်းပြည်နယ်တို့ကိုတွေ့ရပေမယ့် တကယ်တမ်း ရှမ်း ပြည်နယ်ဟာ ကြီးမားကျယ်ပြန့်ပြီး အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ အခြေစိုက် ထားတဲ့ပြည်နယ်ပါ သည်ပြည်နယ်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ကသာ ကိုယ်စားပြုဆွေးနွေးနေတဲ့ သဘောရှိပြီး၊ တိုင်းရင်းသားလက်နက်အဖွဲ့အစည်း ထဲမှာ အင်အားအကောင်းဆုံးဖြစ်တဲ့ UWSA တို့ NDAA မိုင်းလားတို့အပြင် အခြားအဖွဲ့ကြီးတွေဖြစ်တဲ့ TNLA ပလောင်အဖွဲ့နဲ့ SSPP မြောက်ပိုင်းရှမ်းအဖွဲ့တို့ အနေနဲ့ တစ်ဖွဲ့ခြင်းအလိုက် အပစ်အခတ်ရပ်စဲရေးတို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတို့မှာ လက်မှတ် ရေးထိုးရခြင်းမရှိသေးပါဘူး။
သည့်အတွက် သည်အဖွဲ့များအနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ကိုယ်စားပြုပြီး အသံထွက် စရာအကြောင်း မရှိပါဘူး၊ သည်ထက်ပိုဆိုးတာက သည်အဖွဲ့တွေက ကချင်ပြည်နယ်ထဲက KIA အဖွဲ့နဲ့ (၇) ဖွဲ့ စုပေါင်းပြီး ]ဝ}က ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ Federal Political Negotiation and Consultative Committee (FPNCC) ကို ဖွဲ့စည်းလိုက်ပါတယ်၊ သည့်နောက်မှာ ကော်မတီအနေနဲ့ NCA လမ်းကြောင်း ဟာ အလုပ်မဖြစ်လို့ NCA လမ်းကြောင်းနဲ့ မသွား နိုင်ဘူးလို့ ဆိုလာခဲ့ပါတယ်။
သည်တော့ အစိုးရက ခေါ်ယူကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံရဲ့ ပြည်ထောင်စု အတိုင်းအတာနဲ့ သတ်မှတ်ထုတ်ပြန်နေတဲ့ရလဒ်တွေ ဟာ တကယ်ရော လက်တွေ့ကျသလားဆိုတာ ပြောစရာ ဖြစ်လာပါတယ်။
တစ်ဖက်မှာ ပြည်နယ်တွေရဲ့ နိုင်ငံရေးပါတီတွေ က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကိုယ်စားပြု တက်ရောက်ဆွေးနွေးကြတဲ့ အနေအထားကိုကြည့်ရင် လည်း မေးခွန်းထုတ်စရာတွေရှိပါတယ်၊ အကြောင်းက အနိုင်ရပါတီတွေသာ တက်ရောက်ခွင့်ရှိတဲ့ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံကို ပြည်နယ်အချို့မှာ ပြည်သူလူထုက ရွေးလိုက်တဲ့ ပြည်မပါတီက ကိုယ်စား လှယ်တွေဟာ ပြည်နယ်အတွက် ကိုယ်စားပြုပြီး တက် ရောက် ဆွေးနွေးတာမရှိသလောက်ပါပဲ။ သည်တော့ ဒေသခံတိုင်းရင်းသားပါတီတွေ အနိုင်ရခြင်းမရှိတဲ့ ပြည်နယ်တွေရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကိုယ်စားပြုမှုဟာ မရှိသလောက်ဖြစ်လာပါတယ်၊ သည်လိုအခြေအနေမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေက တက်ရောက်နိုင်သူတွေနဲ့ ဆွေးနွေး ချမှတ်ခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက်ဆိုတာဟာ တကယ်ပဲ ပြည်ထောင်စုတစ်ဝန်းလုံးက တိုင်းရင်းသား ပြည်သူလူထုကို ကိုယ်စားပြုပါရဲ့လားဆိုတာ မေးခွန်း မေးစရာဖြစ်လာပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက် ရောက်ခွင့်ရတဲ့အစုအဖွဲ့နဲ့ပတ်သက်ပြီး တိုင်းဒေသကြီး တွေမှာ နေထိုင်တဲ့ တိုင်းရင်းသားလူနည်းစုတွေအတွက် ပြဿနာရှိပါတယ်၊ တိုင်းဒေသကြီးတွေမှာ တိုင်းရင်း သားပါတီမရှိတဲ့အတွက် သူတို့ကို ဘယ်သူကိုယ်စားပြု မလဲဆိုတာ မေးခွန်းထုတ်စရာပါ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေရှိတယ်ဆိုပေမယ့် အနိုင်ရပြည်မပါတီကြီး ကို ကိုယ်စားပြုပြီး ခန့်အပ်ခံထားရတာဖြစ်တဲ့အတွက် တကယ်တမ်း တိုင်းရင်းသားရေးနဲ့ပတ်သက်လာရင် မိခင်ပါတီဘက်ကပဲ ရပ်တည်ပါတယ်၊ သူတို့ကိုယ်စား ပြုတဲ့တိုင်းရင်းသားလူမျိုးဘက်ကနေတောင် မရပ် တည်ပါဘူး၊ ကရင်အာဇာနည်နေ့ကျင်းပခြင်းနဲ့၊ ကရင် ခေါင်းဆောင် စောဘဦးကြီးရုပ်တုကိစ္စက အကောင်း ဆုံးဥပမာပါ။
ပြည်နယ်တွေဘက်ကို ကြည့်တဲ့အခါမှာလည်း မမျှတမှုတွေကို တွေ့နေရပါတယ်၊ အထက်ကဆိုခဲ့ သလို ပြည်ထောင်စုသဘောတူညီချက်တွေ ချမှတ်နေ တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံ) မှာ တက်ရောက်ဆွေးနွေးခွင့်ရှိသူတွေရဲ့ အနေ အထားအရ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေ ရပ်တည်တဲ့ ပြည်နယ်နဲ့ကိုယ်စားပြုတဲ့ လူမျိုးအားလုံး မဟုတ်ရင်တောင် တစ်စိတ်တစ်ဒေသအတွက် သည် တိုင်းရင်းသားလက်နက်ကိုင်တွေက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးတင်ပြနိုင်တဲ့ အခြေ အနေရှိပြီး NCA မထိုးရသေးတဲ့ တိုင်းရင်းသား လက် နက်ကိုင်တွေရပ်တည်တဲ့ ပြည်နယ်တွေမှာကြတော့ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များဟာ မိမိတို့အမျိုးသားနဲ့ ပြည်နယ်အတွက် ကိုယ်စားပြုတင်ပြခွင့်မရကြပါဘူး၊ တစ်ဖက်မှာ ပြည် ထောင်စုညီလာခံမှာဝင်ရောက်ဆွေးနွေးခွင့်ရတဲ့ နိုင်ငံ ရေးပါတီအစုအဖွဲ့များရဲ့ အခြေအနေကို ကြည့်တဲ့အခါ မှာ မိမိတို့အခြေပြုရာဒေသများအလိုက် တိုင်းရင်း သားပါတီများရဲ့ အနိုင်ရမှုဟာ ရခိုင်နဲ့ ရှမ်းပြည်နယ်မှ အပ ကျန်ပြည်နယ်များမှာ အားမကောင်းတာ တွေ့ရ ပါတယ်။ တကယ်တော့ ပြည်နယ်အရေးနဲ့ ပြည်နယ် လူထုအရေးကို သူတို့ရွေးကောက်တင်မြှောက်လိုက်တဲ့ အနိုင်ရပါတီကိုယ်စားလှယ်များက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးရမှာပါ။
ပြည်မပါတီကြီးကိုယ်စားလှယ်အများစုအနိုင်ရ ပြည်နယ်တွေမှာ ပြည်နယ်အရေးနဲ့ပတ်သက်တာ၊ တိုင်းရင်းသားအခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကိစ္စတွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အားကြိုးမာန်တက် ဆောင်ရွက် နေတဲ့အချိန်မှာ သည်ကိုယ်စားလှယ်များဟာ မိမိတို့ ပြည်နယ်နဲ့ မိမိတို့အမျိုးသားများအတွက် ရည်မှန်းချက် ချမှတ်စဉ်းစားရပ် တည်လုပ်ဆောင်တဲ့ နိုင်ငံရေး လှုပ်ရှားမှု တစ်ခုမှမတွေ့ရဘဲ မိမိနောက်ခံပြုထားတဲ့ ပါတီက ချမှတ်ထားတဲ့မူပေါ်လစီအတိုင်းသာ ရပ်တည် ကြသည်ကိုသာ တွေ့ရှိရပါတယ်။ သည်တော့ ပြည်နယ် တစ်ခုဟာ ပြည်နယ်ကိုအခြေပြုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးရင်၊ ပြည်နယ်ကို ကိုယ်စားပြုပြီး နိုင်ငံရေးဆွေးနွေးမယ့် တိုင်းရင်းသားပါတီတွေအနိုင်မရရင် သည်ပြည်နယ် ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ကိုယ် စားပြု ဆွေးနွေးခွင့်ဆုံးရှုံးတဲ့သဘောဖြစ်နေပါတယ်။
ဒါကြောင့် ပြည်နယ်တွေမှာ ပြည်နယ်လူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စား လှယ်ခြင်းတူရင်တောင် ပြည်နယ်ကို ကိုယ်စားပြုပြီး နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်မယ့်သူဟာ ဒေသခံ တိုင်းရင်းသားပါတီကိုယ်စားလှယ်များသာ ဖြစ်ပါတယ်၊ သူတို့ဟာ ပြည်နယ်ရဲ့ အမျိုးသားနိုင်ငံရေး နဲ့ ပတ်သက်ရင် ပြည်မပါတီကြီးက ရွေးကောက်ခံလိုက် ရတဲ့ ကိုယ်စားလှယ်တွေထက် လုပ်ပိုင်ခွင့်မှာ ပိုလွတ် လပ်သလို ပြည်နယ်အရေးနဲ့ အမျိုးသားနိုင်ငံရေးကို ပိုမိုဦးတည်ဆောင်ရွက်တဲ့ အစဉ်အလာရှိပါတယ်။
အခုချိန်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲဟာ တချို့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တို့ ကျေလည်မှုမရှိသည့် တိုင် ရလဒ်များကို အပြတ်အသတ်ကွာခြားမှုနဲ့အတူ ဖြတ်သန်းခဲ့ပြီဖြစ်ပါတယ်၊ သည်ရွေးကောက်ပွဲက ၂၀၁၅ ရလဒ်ထက် တစ်ပါတီအားသာမှုကို ပြတ်ပြတ် သားသားမြင်ရတဲ့ ရလဒ်ကိုချန်ရစ်ခဲ့ပါတယ်။ ပြည် ထောင်စု လွှတ်တော်ခုံနေရာ ၄၇၆ နေရာမှာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ၃၉၆ နေရာ အနိုင်ရရှိပြီး အားကြီးတဲ့အဓိက အတိုက်အခံဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ တောင် ၃၃ နေရာပဲနိုင်တဲ့အတွက် သည်တစ်ကြိမ် ပြည်သူနဲ့ အမျိုးသားလွှတ်တော်တွေမှာလည်း အနီရောင်လွှမ်းမယ့်လွတ်တော်ဖြစ်နေမှာပါ။ တိုင်းရင်း သားတွေရဲ့လွှတ်တော်ကို ကိုယ်စားပြုမှုဟာလည်း အားနည်းနေတာ တွေ့ရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေး ကောက်ပွဲမတိုင်ခင်က တိုင်းရင်းသားပါတီများနဲ့ မပေါင်းဘဲ တိုင်းရင်းသားအခွင့်အရေးပင်လျှင် NLD ပါတီကအောက်ကနေ ဖော်ဆောင်ဖို့ပြောခဲ့ပြီးနောက် ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့အခါမှသာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဒေါက်တာ အောင်မိုးညိုဦးဆောင်တဲ့ တိုင်းရင်းသားပါတီများနဲ့ ဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်း လိုက်ပါတယ်။
ဒါပေမဲ့ အတိတ်မှာ တိုင်းရင်းသားတွေရဲ့ အမျိုး သားတန်းတူရေးကို အကြိမ်ကြိမ်မျက်ကွယ်ပြုခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ ရွေးကောက်ပွဲအနိုင်ရပြီးမှဖြစ်ပေါ်လာတဲ့ ကမ်းလှမ်း ချက်ဟာ မေးခွန်းထုတ်စရာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို တည် ဆောက်မယ်ပြောတဲ့တိုင် တိုင်းရင်းသားများ အခွင့် အရေးနဲ့ပတ်သက်ပြီး NLD ထိပ်ပိုင်းက ခေါင်းဆောင် များရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေဟာ သည်နေ့ အထိ ကျေနပ်လောက်စရာ မတွေ့ရသေးပါဘူး၊ တစ်ဖက်မှာ တည်ဆောက်လိုတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကိုပုံဖော်တဲ့အခါမှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ မြေဧရိယာ ပိုင်နက် အများစုကို ပိုင်ဆိုင်ထားကြတဲ့တိုင်းရင်းသားတွေက ပုံဖော်ချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ လိုအပ်ပါတယ်။ သည်လို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် မယ်ဆိုရင် တစ်ဖက်မှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို မဖြစ်မနေ ပြင်ဆင်ပြောင်းလဲပစ်ရမှာပါ၊ တစ်ဖက် မှာလည်း တိုင်းဒေသကြီးတွေက စိတ်မဝင်စားတဲ့တိုင် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်း တွေဟာ ပြည်နယ်မှာနေထိုင်နေကြတဲ့ တိုင်းရင်း သားများအတွက်ကတော့ အရေးကြီးလုပ်ငန်းစဉ်များ ဖြစ်နေပါတယ်။
သည်တော့ ၂၀ဝ၈ ဖွဲ့စည်းပုံပြုပြင်ရေး၊ ဖက် ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေး၊ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး စတဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေမှာ ပြည်နယ်လူထုအတွက် ရပ်တည် ဆောင်ရွက်ပေးမယ့် နိုင်ငံရေးသမားတွေ လိုအပ်ပါ တယ်။
သည်တော့ သည်တာဝန်ကို ပြည်နယ်တွေမှာ ပြည်နယ်လူထုက ရွေးချယ်ပေးလိုက်တဲ့ ပြည်မက အနိုင်ရပါတီကြီးတွေရဲ့ အနိုင်ရကိုယ်စားလှယ်တွေ ပါဝင်ဆောင်ရွက်ဖို့ လမ်းမမြင်ပါ။ သည်တာဝန်ကို အနည်းစုသာ အရွေးခံရတဲ့ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များကသာ ဆောင်ရွက်ကြမှာ ဖြစ်ပါ တယ်။
တကယ်တန်းကြတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်လိုကြတဲ့ တိုင်းရင်းသား တွေအတွက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ မမျှတ တဲ့ ကိုယ်စားပြုမှုတွေကို ဖြစ်ပေါ်စေတာဖြစ်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ တိုင်းရင်း သားများအတွက် အရေးကြီးတဲ့ အမျိုးသားတန်းတူ ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တရားမျှတတဲ့ အခြေအနေရနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံလို တိုင်းရင်းသားများ စုပေါင်း နေထိုင်ပိုင်ဆိုင်တဲ့ တိုင်းပြည်ဟာ မျှတစွာ ကိုယ်စားပြုခွင့်မရှိရင်တော့ ရွှေပြည်တော် မျှော်တိုင်း ဝေး ထင်သလောက်မနီးသေးလို့ပဲ ဆိုရမယ့်ပုံပါပဲ။

သောသီခို (၁၆း၃၉၊ ၁၆-၁၂-၂၀၂၀)

Zawgyi

၂၀၂၀ ေရြးေကာက္ပြဲရလဒ္၊ တိုင္းရင္းသား အခြင့္အေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရး

၁၉၄၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလမွာ ခ်ဳပ္ဆိုခဲ့တဲ့ ပင္လံုစာခ်ဳပ္အရ ျပည္ေထာင္စုအျဖစ္ ေပါင္းစပ္ ဖြဲ႔စည္းခဲ့တဲ့ ျမန္မာႏိုင္ငံဟာ လြတ္လပ္ေရးရၿပီး ႏွစ္ေပါင္းခုနစ္ဆယ္ေက်ာ္ခဲ့သည့္တိုင္ တိုင္းရင္း သားေတြ ေမွ်ာ္လင့္ခဲ့တဲ့ ဖက္ဒရယ္ျပည္ေထာင္စု အျဖစ္ ျမင္ေတြ႕ရျခင္း မရွိေသးပါဘူး။

တိုင္းရင္းသားမ်ားက မိမိတို႔ အခြင့္အေရးျဖစ္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု ဖြဲ႕စည္းဖို႔ ႀကိဳးပမ္းမႈ ကို ျပည္ေထာင္စုၿပိဳ ကြဲမယ္ဆိုတဲ့ အေၾကာင္း ျပခ်က္နဲ႔    ၁၉၆၂ ခုႏွစ္၊ ဗိုလ္ခ်ဳပ္ ႀကီးေနဝင္း ဦး ေဆာင္တဲ့ စစ္ တပ္က အာဏာသိမ္းရာက အစျပဳၿပီး သက္ဆိုး ရွည္ခဲ့တဲ့ စစ္အာဏာရွင္စနစ္အဆက္ဆက္ေအာက္ မွာ တိုင္းရင္းသားတို႔ရဲ့ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး ႀကိဳးပမ္းမႈကို ျပည္ေထာင္စု ၿပိဳကြဲရန္အားထုတ္မႈအျဖစ္ တံဆိပ္ကပ္ခံရၿပီး အဖက္ဖက္က   ဖိႏွိပ္ၿဖိဳခြင္းခဲ့တဲ့ အျပင္ ဖက္ဒရယ္ ျပည္ေထာင္စုနဲ႔ ပတ္သက္တဲ့ သမိုင္း မွတ္ တမ္းမ်ား၊ စာအုပ္စာေပ မ်ားနဲ႔ သတင္းအခ်က္ အလက္မ်ားကို အေမွာင္ ခ်ခဲ့၊ သမိုင္းျဖစ္ရပ္မွန္ မ်ားကို ေဖ်ာက္ဖ်က္ ခဲ့တဲ့ ေနာက္မွာ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး ေျမေပၚႀကိဳးပမ္းမႈမ်ား ခ်ဳပ္ၿငိမ္း ခဲ့ရ ၿပီး ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး အိမ္မက္ကို တိုင္းရင္းသားေတြ ဆက္လက္အေကာင္ အထည္ေဖာ္ႏိုင္ဖို႔အတြက္ တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕မ်ားဟာ တစ္ဖြဲ႕ျခင္းျဖစ္ေစ စုစည္း၍ျဖစ္ မိမိတို႔ထိန္းခ်ဳပ္ရာနယ္ေျမမ်ားႏွင့္ ျမန္မာႏိုင္ငံျပင္ပမွာ ဆယ္စုႏွစ္မ်ားနဲ႔ခ်ီၿပီး ႀကိဳးပမ္းအားထုတ္ခဲ့ရပါတယ္။

ဖက္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ေရးနဲ႔ ပတ္သက္ရင္ တိုင္းရင္းမ်ားမ်ားအေနနဲ႔ လက္နက္ကိုင္ အဖြဲ႕အစည္းပဲျဖစ္ေစ၊ ႏိုင္ငံေရးပါတီပဲျဖစ္ေစ၊ အရပ္ ဘက္အဖြဲ႕အစည္းမ်ားပင္ျဖစ္ေစ ရပ္တည္ခ်က္တူၾကပါ တယ္။ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးဟာ တိုင္းရင္းသားအခြင့္အေရးမ်ားနဲ႔ ျပည္တြင္းၿငိမ္းခ်မ္း မႈ တည္ေဆာက္ေရးေအာင္ျမင္ရန္အတြက္ အေထာက္ အကူျဖစ္ေစတယ္လို႔ တိုင္းရင္းသားေခါင္းေဆာင္မ်ား က ယံုၾကည္ၾကပါတယ္။

တစ္ခ်ိန္က တို႔ထိလို႔မရတဲ့ ဖက္ဒရယ္ ျပည္ ေထာင္စု တည္ေဆာက္ေရးကိစၥေတြဟာ ၂၀၁၀ ေရြး ေကာက္ပြဲနဲ႔တက္လာတဲ့ ဦးသိန္းစိန္အစိုးရရဲ႕ ၿငိမ္း ခ်မ္းေရးကမ္းလမ္းမႈနဲအတူ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ သန္းလာပါတယ္၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ မ်ားနဲ႔ အစိုးရရဲ႕ ပဏာမအပစ္အခတ္ရပ္စဲေရး ေဆြး ေႏြးမႈေတြ၊ ျပည္ေထာင္စု အဆင့္ေဆြးေႏြးမႈေတြမွာ ဖက္ဒရယ္ ျပည္ေထာင္စုတည္ေဆာက္ေရးနဲ႔ သက္ဆိုင္ တဲ့အေၾကာင္းအရာမ်ားဟာ မပါမျဖစ္ ေဆြးေႏြးခဲ့တဲ့ အေၾကာင္းအရာမ်ားျဖစ္ခဲ့ၿပီး ပဏာမ အပစ္အခတ္ ရပ္စဲေရး လက္မွတ္ေရးထိုးၿပီးတဲ့ေနာက္ တိုင္းရင္းသား လက္နက္ကိုင္မ်ားအေနနဲ႔ မိမိတို႔သက္ဆိုင္ရာ ျပည္နယ္မ်ားမွာ ဖက္ဒရယ္ျပည္ေထာင္စုတည္ ေဆာက္ေရးကိစၥမ်ား၊ ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာ ကိစၥမ်ားကို ျပည္သူလူထုမ်ားနဲ႔ ေျပာဆိုေဆြးေႏြးခြင့္ ရခဲ့သလို ဖြဲ႔စည္းပံုအေျခခံဥပေဒဆိုင္ရာ၊ ဖက္ဒရယ္ ျပည္ေထာင္စုဆိုင္ရာမ်ားနဲ႔ပတ္သက္တဲ့ အေၾကာင္း အရာ၊ စာေပမ်ားကိုလည္း ေရးသားထုတ္ေဝႏိုင္ခဲ့တဲ့ အျပင္ လိုအပ္တဲ့ ပညာေပးသင္တန္းမ်ားကိုလည္း က်င္းပျပဳလုပ္ႏိုင္ခဲ့ၾကပါတယ္။ ဦးသိန္းစိန္အစိုးရ သက္တမ္း ၂၀၁၀ နဲ႔ ၂၀၁၅ အတြင္းမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အေတာ္မ်ားမ်ား အစိုးရနဲ႔ ပဏာမ အပစ္အခတ္ရပ္စဲေရး လက္မွတ္ေရးထိုးခဲ့ၿပီး အဆိုပါ အဖြဲ႕မ်ားအေနနဲ႔ ゞင္းတို႔အေျခစိုက္ရာျပည္နယ္မွာ ျပည္နယ္လူထုနဲ႔ ေတြ႕ဆံုေဆြးေႏြးမႈေတြ၊ ဖက္ဒရယ္နဲ႔ ပတ္သက္တဲ့ေဆြးေႏြး ေျပာၾကားမႈနဲ႔ သင္တန္းပို႔ခ်မႈ မ်ားကို ေဆာင္ရြက္ႏိုင္ခဲ့ၾကပါတယ္။

၂၀၁၅ ေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီ က ေရြးေကာက္ပြဲဝင္တဲ့အခါ တစ္ႏိုင္ငံလံုးက ျပည္သူ လူထုေတြက ေမွ်ာ္လင့္အားထားစြာနဲ႔ မဲေပးခဲ့တဲ့ နည္းတူ တိုင္းရင္းသားအဖြဲ႕အစည္း အေတာ္မ်ားမ်ား ဟာ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုတည္ေဆာက္ ေရးနဲ႔ပတ္သက္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အေပၚ အေတာ္အားထားခဲ့ၾကပါတယ္။

ေရြးေကာက္ပြဲမွာ မဲျပတ္အႏိုင္ရၿပီး ၂၀၁၆ မွာ အစိုးရျဖစ္လာတဲ့ NLD ဟာ ေရြးေကာက္ပြဲေၾကညာ စာတမ္းမွာ ေဖာ္ျပခဲ့ အဓိက အေၾကာင္းကိစၥႀကီးမ်ား ျဖစ္တဲ့ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရး၊ ျပည္တြင္း ၿငိမ္းခ်မ္းမႈတည္ေဆာက္ေရး ၂၀ဝ၈ ဖြဲ႕စည္းပံု ျပင္ဆင္ေရးနဲ႔ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ ေရးကိစၥေတြကို တာဝန္ယူခဲ့တဲ့ ၅ ႏွစ္တာ ကာလ အတြင္း ဘာမွ ထိထိေရာက္ေရာက္ အေကာင္အထည္ ေဖာ္ေဆာင္ရြက္ႏိုင္ခဲ့တာ မေတြ႕ရတဲ့အျပင္ ယခင္ အစိုးရလက္ထက္က ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈ ျဖစ္စဥ္ကို လစ္လ်ဴ႐ႈခဲ့တဲ့ အားနည္းခ်က္၊ တိုင္းရင္း သားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ ဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး လစ္လ်ဴ႐ႈခဲ့တဲ့အားနည္းခ်က္၊ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားနဲ႔   ယခင္ ဦးသိန္းစိန္အစိုးရတို႔ ခ်ဳပ္ဆိုခဲ့တဲ့ ပဏာမအပစ္အခတ္ ရပ္စဲေရးနဲ႔ ျပည္ေထာင္စုအဆင့္ ေဆြးေႏြးပြဲ သေဘာတူစာခ်ဳပ္မ်ားအေပၚ လစ္လ်ဴ႐ႈခဲ့တဲ့ အားနည္းခ်က္၊ အမ်ိဳးသား ျပန္လည္ရင္ၾကားေစ့ေရးနဲ႔ ပတ္သက္ၿပီး လက္ေတြ႕က်တဲ့ေဖာ္ေဆာင္မႈ မျပဳလုပ္ ႏိုင္တဲ့ အားနည္းခ်က္၊ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးမွာ အဓိကက်တဲ့ အမ်ိဳးသားတန္းတူ ေရးကို ေလးစားလိုက္နာရန္ ပ်က္ကြက္ျခင္း စတဲ့ အခ်က္ေတြေၾကာင့္ NLD အစိုးရနဲ႔ တိုင္းရင္းသား လက္နက္ကိုင္မ်ား အထူးသျဖင့္ တစ္ႏိုင္ငံလံုး အပစ္ အခတ္ရပ္စဲေရးစာခ်ဳပ္ လက္မွတ္ေရးထိုးရျခင္းမရွိတဲ့ NS-EAOs အဖြဲ႕မ်ားနဲ႔ဆက္ဆံေရးဟာ ထူးၿပီး ေကာင္း မြန္လာျခင္းမရွိခဲ့ပါဘူး။

၂၀၁၆ မွာ အာဏာလႊဲေျပာင္းယူၿပီး အစိုးရျဖစ္ လာတဲ့ NLD အစိုးရဟာ ယခင္အစိုးရရဲ႕ အေရးႀကီး ေဆာင္ရြက္ခ်က္ျဖစ္တဲ့ ျပည္တြင္းၿငိမ္းခ်မ္းမႈ တည္ ေဆာက္ေရးလုပ္ငန္းစဥ္ကို လက္ဆင့္ကမ္း လႊဲေျပာင္း ရယူခဲ့ရပါတယ္၊ သည္လိုလႊဲေျပာင္းတာဝန္ယူတဲ့အခါ မွာ ၿပီးခဲ့တဲ့သက္တမ္းကတည္းက ပူးေပါင္းေဆာင္ရြက္ မႈမရွိခဲ့တဲ့အေနအထားရယ္၊ ဦးသိန္းစိန္အစိုးရ လက္ ထက္က အားေကာင္းေကာင္းနဲ႔လုပ္ခဲ့တဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ေကာ္မရွင္ Union Peace Commission (UPC) ကို ျမန္မာႏိုင္ငံ အမ်ိဳးသား ျပန္လည္ရင္ၾကား ေစ့ေရးဗဟိုဌာန National Reconciliation and Peace Centre (NRPC) လို႔ အသြင္ေျပာင္းၿပီး ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္မွာ ယခင္က တာဝန္ယူ ေဆာင္ရြက္ ခဲ့ၾကတဲ့ လူအေတာ္မ်ားမ်ားရဲ႕ အခန္းက႑ကို ေလွ်ာ့ခ်ခဲ့ပါတယ္။ သည့္အျပင္ တာဝန္ယူသူ အသစ္မ်ားနဲ႔ျပန္လည္ဖြဲ႔စည္းခဲ့ NRPC ရဲ႕ စြမ္းေဆာင္ ႏိုင္မႈဟာ လုပ္ပိုင္ခြင့္အကန္႔အသတ္ေတြ ေအာက္မွာ ထိေရာက္မႈအားနည္းခ်က္ရွိခဲ့ၿပီး ၿငိမ္းခ်မ္းေရး တည္ ေဆာက္မႈလုပ္ငန္းစဥ္ ရပ္ဆိုင္းလုနီးပါးအေျခအေန အထိ ဆိုက္ေရာက္ခဲ့ပါတယ္။

အမ်ိဳးသား  ဒီမိုကေရစီအဖြဲ႕ခ်ဳပ္  ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့အစိုးရရဲ႕ ၿငိမ္း ခ်မ္းေရးနဲ႔ ႏိုင္ငံေရးျဖစ္စဥ္အေပၚ ကိုင္တြယ္မႈ အားနည္းခ်က္ေတြေၾကာင့္ တိုင္းရင္းသားျပည္နယ္ ေတြမွာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ ႏိုင္ငံေရးေဆာင္ရြက္မႈျဖစ္စဥ္ေတြအေပၚ တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ကို အေၾကာင္းျပၿပီး တပ္မေတာ္ဘက္က တိုက္႐ိုက္ ဝင္ေရာက္စြက္ဖက္ လႊမ္းမိုးမႈေတြ ျပဳလုပ္လာတဲ့အခါမွာ တစ္ခ်ိန္က လူထုနဲ႔ ထိေတြ႕ေဆြးေႏြးႏိုင္တဲ့အေျခအေနတြင္၊ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲမ်ား က်င္းပႏိုင္မႈ အေျခအေနေတြနဲ႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ မွာ ေဆြးေႏြးႏိုင္တဲ့အေျခအေနဟာ အကန္႔အသတ္ရွိ လာၿပီး ထိထိေရာက္ေရာက္ ေရွ႕မတိုးႏိုင္ျဖစ္ေနတာကို ေတြ႕ရွိခဲ့ရပါတယ္။

NLD အစိုးရလက္ထက္မွာ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ ၃ ခု ေခၚယူက်င္းပခဲ့တယ္၊ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံမွာ တကယ္တမ္း ႏိုင္ငံေရးအရ ေဆြးေႏြးပိုင္ခြင့္ရွိတာ အစုအဖြဲ႕ ၃ ဖြဲ႕သာ လို႔ အၾကမ္းဖ်င္း ဆိုႏိုင္ပါတယ္၊ အစိုးရ (သည္အစိုးရလို႔ ဆိုတဲ့ေနရာမွာ ျပည္ေထာင္စုအစိုးရရယ္၊ တပ္မေတာ္ ရယ္၊ လႊတ္ေတာ္ရယ္က ကိုယ္စားလွယ္မ်ား ေပါင္း ထားတဲ့ အစုအဖြဲ႔)၊ တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားနဲ႔ ေရြးေကာက္ပြဲ အႏိုင္ရထားတဲ့ ႏိုင္ငံေရးပါ တီမ်ားျဖစ္ပါတယ္။ အရပ္ ဘက္အဖြဲ႕အစည္းေတြကို သက္ဆိုင္ရာက႑အလိုက္ ေဆြးေႏြးခြင့္ျပဳထားေပမယ့္ အေရးႀကီးတဲ့ႏိုင္ငံေရး က႑လိုေနရာမ်ိဳးမွာ တိုက္႐ိုက္ ပါဝင္ေဆြးေႏြးခြင့္ မျပဳထားပါဘူး။ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁) ရာစုပင္လံုက ေဆြးေႏြးဆံုးျဖတ္လိုက္တဲ့ အေရး ႀကီးအခ်က္မ်ားကို ျပည္ေထာင္စုသေဘာ တူညီ ခ်က္မ်ားအျဖစ္ ေၾကညာထုတ္ျပန္တာေၾကာင့္ သည္ေနရာမွာ ေျပာစရာရွိလာပါတယ္။

ျပည္ေထာင္စုသေဘာတူညီခ်က္ဆိုတာ ျပည္ ေထာင္စုတစ္ဝန္းလံုးမွာ ကိုယ္စားျပဳခြင့္ရွိတဲ့ တိုင္း ရင္းသား ျပည္သူလူထု၊ အစုအဖြဲ႔မ်ားနဲ႔ ႏိုင္ငံေရး အင္အားစုမ်ားက ျပည္သူလူထုကိုယ္စား တိုင္းျပည္ ျပဳျပင္ေျပာင္းလဲေရးအတြက္ သေဘာတူညီခ်မွတ္ လိုက္တဲ့ ႏိုင္ငံေရးဘံုသေဘာတူညီခ်က္မ်ား ျဖစ္သင့္ ပါတယ္။

တကယ္တမ္း ၿပီးခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံမ်ားကို တက္ေရာက္ကိုယ္စားျပဳေဆြးေႏြး ဆံုးျဖတ္ခဲ့ၾကတဲ့ ႏိုင္ငံေရးအင္အားစုမ်ားဟာ တစ္ႏိုင္ငံ လံုးကို လႊမ္းၿခံဳကိုယ္စားျပဳတယ္လို႔ေျပာဖို႔ ခက္ပါတယ္၊

ၿပီးခဲ့တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ ေတြကို တက္ေရာက္ေဆြးေႏြးမႈနဲ႔ ပတ္သက္တဲ့ အေျခအေနကိုၾကည့္ရင္ တိုင္းရင္းသားျပည္နယ္နဲ႔ လူမ်ိဳးေတြကိုယ္စားျပဳမႈဟာ လစ္ဟာခ်က္ေတြ အမ်ား ႀကီးရွိေနတာကို ေတြ႕ရပါတယ္၊

လူမ်ိဳးနဲ႔ျပည္နယ္အလိုက္ တိုင္းရင္းသား လက္ နက္ကိုင္ ကိုယ္စားျပဳမႈကိုၾကည့္ရင္ ကရင္၊ မြန္၊ ခ်င္း၊ ရွမ္းျပည္နယ္တို႔ကိုေတြ႔ရေပမယ့္ တကယ္တမ္း ရွမ္း ျပည္နယ္ဟာ ႀကီးမားက်ယ္ျပန္႔ၿပီး အင္အားႀကီး တိုင္းရင္းသားလက္နက္ကိုင္အင္အားစုေတြ အေျခစိုက္ ထားတဲ့ျပည္နယ္ပါ သည္ျပည္နယ္အတြက္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံမွာ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းအေနနဲ႔ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS ကသာ ကိုယ္စားျပဳေဆြးေႏြးေနတဲ့ သေဘာရွိၿပီး၊ တိုင္းရင္းသားလက္နက္အဖြဲ႕အစည္း ထဲမွာ အင္အားအေကာင္းဆံုးျဖစ္တဲ့ UWSA တို႔ NDAA မိုင္းလားတို႔အျပင္ အျခားအဖြဲ႕ႀကီးေတြျဖစ္တဲ့ TNLA ပေလာင္အဖြဲ႔နဲ႔ SSPP ေျမာက္ပိုင္းရွမ္းအဖြဲ႕တို႔ အေနနဲ႔ တစ္ဖြဲ႕ျခင္းအလိုက္ အပစ္အခတ္ရပ္စဲေရးတို႔ တစ္ႏိုင္ငံလံုးအပစ္အခတ္ရပ္စဲေရးတို႔မွာ လက္မွတ္ ေရးထိုးရျခင္းမရွိေသးပါဘူး။

သည့္အတြက္ သည္အဖြဲ႕မ်ားအေနနဲ႔ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံမွာ ကိုယ္စားျပဳၿပီး အသံထြက္ စရာအေၾကာင္း မရွိပါဘူး၊ သည္ထက္ပိုဆိုးတာက သည္အဖြဲ႕ေတြက ကခ်င္ျပည္နယ္ထဲက KIA အဖြဲ႕နဲ႔ (၇) ဖြဲ႕ စုေပါင္းၿပီး ]ဝ}က ဦးေဆာင္တဲ့ ျပည္ေထာင္စု ႏိုင္ငံေရးေဆြးေႏြးညႇိႏိႈင္းေရးေကာ္မတီ Federal Political Negotiation and Consultative Committee (FPNCC) ကို ဖြဲ႕စည္းလိုက္ပါတယ္၊ သည့္ေနာက္မွာ ေကာ္မတီအေနနဲ႔ NCA လမ္းေၾကာင္း ဟာ အလုပ္မျဖစ္လို႔ NCA လမ္းေၾကာင္းနဲ႔ မသြား ႏိုင္ဘူးလို႔ ဆိုလာခဲ့ပါတယ္။

သည္ေတာ့ အစိုးရက ေခၚယူက်င္းပေနတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံရဲ႕ ျပည္ေထာင္စု အတိုင္းအတာနဲ႔ သတ္မွတ္ထုတ္ျပန္ေနတဲ့ရလဒ္ေတြ ဟာ တကယ္ေရာ လက္ေတြ႕က်သလားဆိုတာ ေျပာစရာ ျဖစ္လာပါတယ္။

တစ္ဖက္မွာ ျပည္နယ္ေတြရဲ႕ ႏိုင္ငံေရးပါတီေတြ က ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို ကိုယ္စားျပဳ တက္ေရာက္ေဆြးေႏြးၾကတဲ့ အေနအထားကိုၾကည့္ရင္ လည္း ေမးခြန္းထုတ္စရာေတြရွိပါတယ္၊ အေၾကာင္းက အႏိုင္ရပါတီေတြသာ တက္ေရာက္ခြင့္ရွိတဲ့ ျပည္ ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို ျပည္နယ္အခ်ိဳ႔မွာ ျပည္သူလူထုက ေရြးလိုက္တဲ့ ျပည္မပါတီက ကိုယ္စား လွယ္ေတြဟာ ျပည္နယ္အတြက္ ကိုယ္စားျပဳၿပီး တက္ ေရာက္ ေဆြးေႏြးတာမရွိသေလာက္ပါပဲ။ သည္ေတာ့ ေဒသခံတိုင္းရင္းသားပါတီေတြ အႏိုင္ရျခင္းမရွိတဲ့ ျပည္နယ္ေတြရဲ႕ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို ကိုယ္စားျပဳမႈဟာ မရွိသေလာက္ျဖစ္လာပါတယ္၊ သည္လိုအေျခအေနမွာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံေတြက တက္ေရာက္ႏိုင္သူေတြနဲ႔ ေဆြးေႏြး ခ်မွတ္ခဲ့တဲ့ ျပည္ေထာင္စုသေဘာတူညီခ်က္ဆိုတာဟာ တကယ္ပဲ ျပည္ေထာင္စုတစ္ဝန္းလံုးက တိုင္းရင္းသား ျပည္သူလူထုကို ကိုယ္စားျပဳပါရဲ႕လားဆိုတာ ေမးခြန္း ေမးစရာျဖစ္လာပါတယ္။

ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံကို တက္ ေရာက္ခြင့္ရတဲ့အစုအဖြဲ႕နဲ႔ပတ္သက္ၿပီး တိုင္းေဒသႀကီး ေတြမွာ ေနထိုင္တဲ့ တိုင္းရင္းသားလူနည္းစုေတြအတြက္ ျပႆနာရွိပါတယ္၊ တိုင္းေဒသႀကီးေတြမွာ တိုင္းရင္း သားပါတီမရွိတဲ့အတြက္ သူတို႔ကို ဘယ္သူကိုယ္စားျပဳ မလဲဆိုတာ ေမးခြန္းထုတ္စရာပါ၊ တိုင္းရင္းသားေရးရာ ဝန္ႀကီးေတြရွိတယ္ဆိုေပမယ့္ အႏိုင္ရျပည္မပါတီႀကီး ကို ကိုယ္စားျပဳၿပီး ခန္႔အပ္ခံထားရတာျဖစ္တဲ့အတြက္ တကယ္တမ္း တိုင္းရင္းသားေရးနဲ႔ပတ္သက္လာရင္ မိခင္ပါတီဘက္ကပဲ ရပ္တည္ပါတယ္၊ သူတို႔ကိုယ္စား ျပဳတဲ့တိုင္းရင္းသားလူမ်ိဳးဘက္ကေနေတာင္ မရပ္ တည္ပါဘူး၊ ကရင္အာဇာနည္ေန႔က်င္းပျခင္းနဲ႔၊ ကရင္ ေခါင္းေဆာင္ ေစာဘဦးႀကီး႐ုပ္တုကိစၥက အေကာင္း ဆံုးဥပမာပါ။

ျပည္နယ္ေတြဘက္ကို ၾကည့္တဲ့အခါမွာလည္း မမွ်တမႈေတြကို ေတြ႕ေနရပါတယ္၊ အထက္ကဆိုခဲ့ သလို ျပည္ေထာင္စုသေဘာတူညီခ်က္ေတြ ခ်မွတ္ေန တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ (၂၁ ရာစု ပင္လံု) မွာ တက္ေရာက္ေဆြးေႏြးခြင့္ရွိသူေတြရဲ႕ အေန အထားအရ တစ္ႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ လက္မွတ္ထိုးၿပီးသား တိုင္းရင္းသားလက္နက္ကိုင္ေတြ ရပ္တည္တဲ့ ျပည္နယ္နဲ႔ကိုယ္စားျပဳတဲ့ လူမ်ိဳးအားလံုး မဟုတ္ရင္ေတာင္ တစ္စိတ္တစ္ေဒသအတြက္ သည္ တိုင္းရင္းသားလက္နက္ကိုင္ေတြက ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံမွာ ေဆြးေႏြးတင္ျပႏိုင္တဲ့ အေျခ အေနရွိၿပီး NCA မထိုးရေသးတဲ့ တိုင္းရင္းသား လက္ နက္ကိုင္ေတြရပ္တည္တဲ့ ျပည္နယ္ေတြမွာၾကေတာ့ အဆိုပါ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္း မ်ားဟာ မိမိတို႔အမ်ိဳးသားနဲ႔ ျပည္နယ္အတြက္ ကိုယ္စားျပဳတင္ျပခြင့္မရၾကပါဘူး၊ တစ္ဖက္မွာ ျပည္ ေထာင္စုညီလာခံမွာဝင္ေရာက္ေဆြးေႏြးခြင့္ရတဲ့ ႏိုင္ငံ ေရးပါတီအစုအဖြဲ႕မ်ားရဲ႕ အေျခအေနကို ၾကည့္တဲ့အခါ မွာ မိမိတို႔အေျချပဳရာေဒသမ်ားအလိုက္ တိုင္းရင္း သားပါတီမ်ားရဲ့ အႏိုင္ရမႈဟာ ရခိုင္နဲ႔ ရွမ္းျပည္နယ္မွ အပ က်န္ျပည္နယ္မ်ားမွာ အားမေကာင္းတာ ေတြ႕ရ ပါတယ္။ တကယ္ေတာ့ ျပည္နယ္အေရးနဲ႔ ျပည္နယ္ လူထုအေရးကို သူတို႔ေရြးေကာက္တင္ေျမႇာက္လိုက္တဲ့ အႏိုင္ရပါတီကိုယ္စားလွယ္မ်ားက ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံမွာ ေဆြးေႏြးရမွာပါ။

ျပည္မပါတီႀကီးကိုယ္စားလွယ္အမ်ားစုအႏိုင္ရ ျပည္နယ္ေတြမွာ ျပည္နယ္အေရးနဲ႔ပတ္သက္တာ၊ တိုင္းရင္းသားအခြင့္အေရး၊ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရး၊ ျပည္နယ္ ဖြဲ႕စည္းပံုအေျခခံဥပေဒ ေရးဆြဲေရးကိစၥေတြကို တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားက အားႀကိဳးမာန္တက္ ေဆာင္ရြက္ ေနတဲ့အခ်ိန္မွာ သည္ကိုယ္စားလွယ္မ်ားဟာ မိမိတို႔ ျပည္နယ္နဲ႔ မိမိတို႔အမ်ိဳးသားမ်ားအတြက္ ရည္မွန္းခ်က္ ခ်မွတ္စဥ္းစားရပ္ တည္လုပ္ေဆာင္တဲ့ ႏိုင္ငံေရး လႈပ္ရွားမႈ တစ္ခုမွမေတြ႔ရဘဲ မိမိေနာက္ခံျပဳထားတဲ့ ပါတီက ခ်မွတ္ထားတဲ့မူေပၚလစီအတိုင္းသာ ရပ္တည္ ၾကသည္ကိုသာ ေတြ႕ရွိရပါတယ္။ သည္ေတာ့ ျပည္နယ္ တစ္ခုဟာ ျပည္နယ္ကိုအေျချပဳတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းေတြက တစ္ႏိုင္ငံလံုး အပစ္ အခတ္ရပ္စဲေရးစာခ်ဳပ္ကို လက္မွတ္မထိုးရင္၊ ျပည္နယ္ကို ကိုယ္စားျပဳၿပီး ႏိုင္ငံေရးေဆြးေႏြးမယ့္ တိုင္းရင္းသားပါတီေတြအႏိုင္မရရင္ သည္ျပည္နယ္ ဟာ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံမွာ ကိုယ္ စားျပဳ ေဆြးေႏြးခြင့္ဆံုး႐ံႈးတဲ့သေဘာျဖစ္ေနပါတယ္။

ဒါေၾကာင့္ ျပည္နယ္ေတြမွာ ျပည္နယ္လူထုက ေရြးေကာက္တင္ေျမႇာက္လိုက္တဲ့ လႊတ္ေတာ္ကိုယ္စား လွယ္ျခင္းတူရင္ေတာင္ ျပည္နယ္ကို ကိုယ္စားျပဳၿပီး ႏိုင္ငံေရးေဆြးေႏြးပြဲကို တက္ေရာက္မယ့္သူဟာ ေဒသခံ တိုင္းရင္းသားပါတီကိုယ္စားလွယ္မ်ားသာ ျဖစ္ပါတယ္၊ သူတို႔ဟာ ျပည္နယ္ရဲ႕ အမ်ိဳးသားႏိုင္ငံေရး နဲ႔ ပတ္သက္ရင္ ျပည္မပါတီႀကီးက ေရြးေကာက္ခံလိုက္ ရတဲ့ ကိုယ္စားလွယ္ေတြထက္ လုပ္ပိုင္ခြင့္မွာ ပိုလြတ္ လပ္သလို ျပည္နယ္အေရးနဲ႔ အမ်ိဳးသားႏိုင္ငံေရးကို ပိုမိုဦးတည္ေဆာင္ရြက္တဲ့ အစဥ္အလာရွိပါတယ္။

အခုခ်ိန္မွာေတာ့ ၂၀၂၀ ေရြးေကာက္ပြဲဟာ တခ်ိဳ႔အဖြဲ႔အစည္းနဲ႔ လူပုဂၢိဳလ္တို႔ ေက်လည္မႈမရွိသည့္ တိုင္ ရလဒ္မ်ားကို အျပတ္အသတ္ကြာျခားမႈနဲ႔အတူ ျဖတ္သန္းခဲ့ၿပီျဖစ္ပါတယ္၊ သည္ေရြးေကာက္ပြဲက ၂၀၁၅ ရလဒ္ထက္ တစ္ပါတီအားသာမႈကို ျပတ္ျပတ္ သားသားျမင္ရတဲ့ ရလဒ္ကိုခ်န္ရစ္ခဲ့ပါတယ္။ ျပည္ ေထာင္စု လႊတ္ေတာ္ခံုေနရာ ၄၇၆ ေနရာမွာ အမ်ိဳး သားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ၃၉၆ ေနရာ အႏိုင္ရရွိၿပီး အားႀကီးတဲ့အဓိက အတိုက္အခံျဖစ္တဲ့ ႀကံ့ခိုင္ေရးပါတီ ေတာင္ ၃၃ ေနရာပဲႏိုင္တဲ့အတြက္ သည္တစ္ႀကိမ္ ျပည္သူနဲ႔ အမ်ိဳးသားလႊတ္ေတာ္ေတြမွာလည္း အနီေရာင္လႊမ္းမယ့္လြတ္ေတာ္ျဖစ္ေနမွာပါ။ တိုင္းရင္း သားေတြရဲ႕လႊတ္ေတာ္ကို ကိုယ္စားျပဳမႈဟာလည္း အားနည္းေနတာ ေတြ႕ရပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ေရြး ေကာက္ပြဲမတိုင္ခင္က တိုင္းရင္းသားပါတီမ်ားနဲ႔ မေပါင္းဘဲ တိုင္းရင္းသားအခြင့္အေရးပင္လွ်င္ NLD ပါတီကေအာက္ကေန ေဖာ္ေဆာင္ဖို႔ေျပာခဲ့ၿပီးေနာက္ ေရြးေကာက္ပြဲ အႏိုင္ရၿပီးတဲ့အခါမွသာ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ ေဒါက္တာ ေအာင္မိုးညိုဦးေဆာင္တဲ့ တိုင္းရင္းသားပါတီမ်ားနဲ႔ ေဆြးေႏြးေရးအဖြဲ႕ကို ဖြဲ႕စည္း လိုက္ပါတယ္။

ဒါေပမဲ့ အတိတ္မွာ တိုင္းရင္းသားေတြရဲ႕ အမ်ိဳး သားတန္းတူေရးကို အႀကိမ္ႀကိမ္မ်က္ကြယ္ျပဳခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ေခါင္းေဆာင္မ်ားရဲ႕ ေရြးေကာက္ပြဲအႏိုင္ရၿပီးမွျဖစ္ေပၚလာတဲ့ ကမ္းလွမ္း ခ်က္ဟာ ေမးခြန္းထုတ္စရာပါ။ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္အေနနဲ႔ ဒီမိုကေရစီဖက္ဒရယ္စနစ္ကို တည္ ေဆာက္မယ္ေျပာတဲ့တိုင္ တိုင္းရင္းသားမ်ား အခြင့္ အေရးနဲ႔ပတ္သက္ၿပီး NLD ထိပ္ပိုင္းက ေခါင္းေဆာင္ မ်ားရဲ႕ ရပ္တည္ခ်က္၊ လုပ္ေဆာင္ခ်က္ေတြဟာ သည္ေန႔ အထိ ေက်နပ္ေလာက္စရာ မေတြ႕ရေသးပါဘူး၊ တစ္ဖက္မွာ တည္ေဆာက္လိုတဲ့ ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စုကိုပံုေဖာ္တဲ့အခါမွာ ျပည္ေထာင္စု ျမန္မာႏိုင္ငံရဲ႕ ေျမဧရိယာ ပိုင္နက္ အမ်ားစုကို ပိုင္ဆိုင္ထားၾကတဲ့တိုင္းရင္းသားေတြက ပံုေဖာ္ခ်င္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုျဖစ္ဖို႔ လိုအပ္ပါတယ္။ သည္လို ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုကို တည္ေဆာက္ မယ္ဆိုရင္ တစ္ဖက္မွာ ၂၀ဝ၈ ဖြဲ႕စည္းပံုအေျခခံဥပေဒ ကို မျဖစ္မေန ျပင္ဆင္ေျပာင္းလဲပစ္ရမွာပါ၊ တစ္ဖက္ မွာလည္း တိုင္းေဒသႀကီးေတြက စိတ္မဝင္စားတဲ့တိုင္ ျပည္နယ္ဖြဲ႔စည္းပံု အေျခခံဥပေဒေရးဆြဲေရးလုပ္ငန္း ေတြဟာ ျပည္နယ္မွာေနထိုင္ေနၾကတဲ့ တိုင္းရင္း သားမ်ားအတြက္ကေတာ့ အေရးႀကီးလုပ္ငန္းစဥ္မ်ား ျဖစ္ေနပါတယ္။

သည္ေတာ့ ၂၀ဝ၈ ဖြဲ႕စည္းပံုျပဳျပင္ေရး၊ ဖက္ ဒရယ္ဒီမိုကေရစီစနစ္တည္ေဆာက္ေရး၊ ျပည္နယ္ ဖြဲ႕စည္းပံုအေျခခံဥပေဒ ေရးဆြဲေရး စတဲ့ အေရးႀကီးတဲ့ လုပ္ငန္းေတြမွာ ျပည္နယ္လူထုအတြက္ ရပ္တည္ ေဆာင္ရြက္ေပးမယ့္ ႏိုင္ငံေရးသမားေတြ လိုအပ္ပါ တယ္။

သည္ေတာ့ သည္တာဝန္ကို ျပည္နယ္ေတြမွာ ျပည္နယ္လူထုက ေရြးခ်ယ္ေပးလိုက္တဲ့ ျပည္မက အႏိုင္ရပါတီႀကီးေတြရဲ႕ အႏိုင္ရကိုယ္စားလွယ္ေတြ ပါဝင္ေဆာင္ရြက္ဖို႔ လမ္းမျမင္ပါ။ သည္တာဝန္ကို အနည္းစုသာ အေရြးခံရတဲ့ တိုင္းရင္းသားပါတီမ်ားမွ ကိုယ္စားလွယ္မ်ားကသာ ေဆာင္ရြက္ၾကမွာ ျဖစ္ပါ တယ္။

တကယ္တန္းၾကေတာ့ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စု တည္ေဆာက္လိုၾကတဲ့ တိုင္းရင္းသား ေတြအတြက္ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ဟာ မမွ်တ တဲ့ ကိုယ္စားျပဳမႈေတြကို ျဖစ္ေပၚေစတာျဖစ္တဲ့အတြက္ ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ေရးမွာ တိုင္းရင္း သားမ်ားအတြက္ အေရးႀကီးတဲ့ အမ်ိဳးသားတန္းတူ ေရးနဲ႔ ကိုယ္ပိုင္ျပ႒ာန္းခြင့္အတြက္ တရားမွ်တတဲ့ အေျခအေနရႏိုင္ပါ့မလားဆိုတာ ေမးခြန္းထုတ္စရာ ျဖစ္ပါတယ္၊ ျမန္မာႏိုင္ငံလို တိုင္းရင္းသားမ်ား စုေပါင္း ေနထိုင္ပိုင္ဆိုင္တဲ့ တိုင္းျပည္ဟာ မွ်တစြာ ကိုယ္စားျပဳခြင့္မရွိရင္ေတာ့ ေရႊျပည္ေတာ္ ေမွ်ာ္တိုင္း ေဝး ထင္သေလာက္မနီးေသးလို႔ပဲ ဆိုရမယ့္ပံုပါပဲ။

ေသာသီခို (၁၆း၃၉၊ ၁၆-၁၂-၂၀၂၀)