• Today is: Saturday, July 11, 2020

၂၀၂၀ ေရြးေကာက္ပြဲႏွင့္ ဖက္ဒရယ္အိမ္မက္

Federal Journal
June24/ 2020

Zawgyi

နိဒါန္း

ကမာၻေပၚမွာ ၁၉၈၀ေလာက္ကစၿပီး ႏိုင္ငံေရးပန္းတိုင္နဲ႔ တရားဝင္အခြင့္အေရးရဖို႔ “ဌာေနတိုင္းရင္းသား” ဆိုတဲ့ စကားလုံးကို အရင္ကထက္ တြင္တြင္က်ယ္က်ယ္သုံးလာၾကပါတယ္။ ဒီအတြက္လဲ ကမာၻ႔ ကုလသမဂၢ ကေန ဌာေန တိုင္းရင္းသားဆိုင္ရာ ဖိုရမ္မ်ားစြာ က်င္းပခဲ့ၿပီး ၂၀၀၇ခုႏွစ္မွာေတာ့ ကုလသမၢ၏ ဌာေန တိုင္းရင္းသား လူမ်ိဳးမ်ားဆိုင္ရာ ေၾကျငာစာတမ္း (UNDRIP)ဆိုတာထြက္လာပါတယ္။ အေရွ႕ေတာင္အာရွမွ ကုလသမဂၢအဖြဲ႕ဝင္နိင္ငံေတြမွလည္း ဌာေနတိုင္းရင္းသားအခြင့္အေရးကို လက္ခံခဲ့ၾကၿပီး အဲဒီအခ်ိန္တုန္းက လက္မွတ္မထိုးတဲ့ႏိုင္ငံဆိုလို႔ ဘဂၤလားဒက္ရွ္နဲ႔ ဘူတန္ ႏွစ္ႏိုင္ငံပဲရွိခဲ့တယ္။ ဒါေပမယ့္ အာရွစံနဲ႔ကိုက္ညီတဲ့ တင္းျပည့္က်ပ္ျပည့္ ဌာေနတိုင္းရင္းသား အခြင့္အေရး ျပဌာန္းက်င့္သုံးတဲ့ႏိုင္ငံကေတာ့ နဲပါေသးတယ္။ လက္ရွိ စာေရးေနတဲ့ အခ်ိန္ထိေတာ့ ဂ်ပန္၊ နီေပါ၊ ဖိလိပိုင္၊ ကေမာၻဒီးယားနဲ႔ထိုင္ဝမ္တို႔သာ တိတိက်က် ဥပေဒျပဌာန္း ၿပီး ကာကြယ္မႈေပးတာ ေတြ႕ရပါတယ္။ (ဒီေနရာမွာ တင္းျပည့္က်ပ္ျပည့္ဆိုတာ ဌာေနတိုင္းရင္းသားအခြင့္ အေရးေၾကျငာစာတမ္းပါ အခ်က္ေတြကို ဥပေဒျပဳၿပီး အေျခခံဥပေဒမွာ ထည့္သြင္းျခင္းကိုဆိုလိုပါတယ္။ “ဌာေနတိုင္းရင္းသားလူမ်ိဳးမ်ား၏ အခြင့္အေရးကာကြယ္ေစာင့္ေရွာက္သည့္ဥပေဒ” ဆိုတာကို ၂၄ေဖေဖာ္ဝါရီ ၂၀၁၅မွာ ျပဌာန္းခဲ့ေပမယ့္ ကုလသမဂၢရဲ႕ ဌာေနတိုင္းရင္းသားေၾကျငာစာတမ္းကို အျပည့္အ၀ ေထာက္ပံ့ထား တဲ့ (ဝါ) အႏွစ္သာရျပည့္၀တဲ့ ဥေပေဒမဟုတ္ပဲ ၂၀၀၈ အေျခခံဥပေဒဟာ ဖက္ဒရာယ္ဆန္ေၾကာင္း ကာကြယ္ လိုတဲ့ အေပၚယံဥပေဒသာျဖစ္တယ္။ ဒီဥပဒအေၾကာင္းျပဳၿပီး ေရးရာဝန္ႀကီးဌာနနဲ႔ ဝန္ႀကီးေတြရွိေနေပမယ့္ ဆုံးျဖတ္ခ်က္ခ်မွတ္ရာမွာ ပါဝင္ခြင့္ရွိတဲ့ အခန္းက႑မရွိတာ အထင္အရွားပဲျဖစ္တယ္။)

ျမန္မာျပည္မွာ ဌာေနတိုင္းရင္းသားအခြင့္အေရးနဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာအဆင့္ အဦးဆုံး တက္လွမ္းခဲ့တာ ကေတာ့ တိုင္းရင္းသားအဖြဲ႕ေတြျဖစ္တဲ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU), ခ်င္းအမ်ိဳးသားတပ္ဦး (CNF) နဲ႔ နာဂအမ်ိဳးသားမ်ားလူ႔အခြင့္အေရးလႈပ္ရွားမႈ (NPMHR) စတဲ့ အဖြဲ႕ေတြျဖစ္ၿပီး ၎တို႔ျဖစ္တည္မႈကို သတိျပဳ မိေစရန္ ရည္႐ြယ္ခ်က္နဲ႔ ကုလသမဂၢရဲ႕ ဌာေနတိုင္းရင္းသားဆိုင္ရာ အလုပ္အမႈေဆာင္အဖြဲ႕ဖိုရမ္ကို ကိုယ္စားလွယ္ မ်ားေစလႊတ္ခဲ့ၾကတာျဖစ္တယ္။ အဓိက အေျခခံတဲ့ အိုင္ဒီယာကေတာ့ ၁၉၄၇ခုႏွစ္က ေတာင္တန္းနဲ႔ျပည္မ အၾကားခ်ဳပ္ဆိုခဲ့တဲ့ ပင္လုံစာခ်ဳပ္ကို အေလးအနက္ထား ေဆြးေႏြးခဲ့ၾကျခင္းျဖစ္တယ္။

 

သမိုင္းေနာက္ခံ

တဖက္ကေန ျမန္မာျပည္ကတိုင္းရင္းသားေတြ ကေနဘာလို႔ ဌာေနတိုင္းရင္းသားအခြင့္အေရးကို တစိုက္ မတ္မတ္ ေျပာဆိုၾကရသလဲဆိုတာနဲ႔ ပင္လုံစာခ်ဳပ္ကို အေလးအနက္စြဲကိုင္ၾကတာလဲ ဆိုတဲ့ အခင္း အက်င္းကို နားလည္ဖို႔ သမိုင္းကိုတခ်က္ ျပန္ၾကည့္ၾကရရင္ ၿဗိတိသွ်ေတြအုပ္ခ်ဳပ္တဲ့ (၁၈၂၅-၁၉၄၈) ၾကားကာလေတြမွာ ၿဗိတိသွ်ေတြဟာ ကိုလိုနီေခတ္မွာ လူဦးေရမ်ားၿပီး အဓိကက်တဲ့ ျပည္မကို ၾကပ္ၾကပ္ မတ္မတ္ အုပ္ခ်ဳပ္ခဲ့ေပမယ့္ လူဦးေရနဲတဲ့ ေတာင္တန္းေဒသ ေတြကိုေတာ့ သူ႔ရွိရင္းစြဲ အုပ္ခ်ဳပ္ေရး နဲ႔ပဲအုပ္ခ်ဳပ္ေစ ခဲ့တယ္။ ကိုလိုနီေခတ္အတြင္းမွာလဲ တိုင္းရင္းသားေတြဟာ အုပ္ခ်ဳပ္ေရးအတြင္းမွာ ဝင္ေရာက္ အမႈထမ္းမႈမ်ားစြာ ရွိခဲ့တယ္။ ဒုတိယကမာၻစစ္အဦးပိုင္းကာလေတြမွာလဲ ကခ်င္၊ ခ်င္း၊ ကရင္ စတဲ့ သူေတြဟာ ၿဗိတိသွ်တပ္မေတာ္မွာ အမ်ားဆုံး တာဝန္ထမ္းေဆာင္ခဲ့ၾကတဲ့ တိုင္းရင္းသားေတြ ျဖစ္တာေတြ႕ ရတယ္။ ျပည္မက ဗမာေတြက်ေတာ့ ၎တိုကို အုပ္ခ်ဳပ္သူ ၿဗိတိသွ်ေတြကိုတြန္းလွန္ဖို႔ သဘာ၀က်စြာ ဂ်ပန္ေတြနဲ႔ပူးေပါင္းခဲ့ၾကတယ္။ ကမာၻစစ္အတြင္း မဟာမိတ္ အဖြဲ႕ဝင္ၿဗိတိသွ်နဲ႔ ဝန္႐ိုးစြန္းဂ်ပန္ႏိုင္ငံတို႔ေတြ တိုက္ခိုက္ၾကတဲ့အခါ ေဒသတြင္းက တိုင္းရင္းသားေတြဟာလဲ ၎တို႔ ပါဝင္ရာဖက္ကေန တိုက္ခိုက္ခဲ့ၾကၿပီး စစ္ႀကီးၿပီးတဲ့အခါ မယုံၾကည္မႈေတြနဲ႔ သံသယေတြဟာ က်န္ေနရစ္ခဲ့ပါေတာ့တယ္။
ကမာၻစစ္အလြန္မွာ တိုင္းရင္းသားအုပ္စုေတြအတြက္ သီးျခား လြတ္လပ္ေရးေပးဖို႔ စဥ္းစားမႈေတြ ရွိခဲ့ေပမယ့္ ၁၉၄၇ခုႏွစ္မွာ ျပည္မရဲ႕ စည္း႐ုံးမႈေၾကာင့္ ရွမ္းျပည္နယ္ ပင္လုံၿမိဳ႕မွာ ကခ်င္၊ ခ်င္း၊ ရွမ္း၊ကယားနဲ႔ ျပည္မတို႔ပါဝင္တဲ့ ပင္လုံကြန္ဖရင့္ျဖစ္လာတယ္။ ဒီကြန္ဖရင့္ကေန ဗိုလ္ခ်ဳပ္ေအာင္ဆန္းအမႉးျပဳတဲ့ ျပည္မေခါင္းေဆာင္ေတြရဲ႕ တန္းတူေရးနဲ႔ ဖက္ဒရာယ္အေျခခံမူေတြေၾကာင့္ တက္ေရာက္လာတဲ့ တိုင္းရင္းသားေတြကေန တိုင္းျပည္တခု အတူတည္ေထာင္ဖို႔ သေဘာတူခဲ့ၾကတာျဖစ္တယ္။ ဒီသေဘာ တူညီမႈေတြ အေပၚမွာအေျခခံၿပီး လြတ္လပ္ေရး ရၿပီးရင္ တိုင္းျပည္ကို ဘယ္လိုအုပ္ခ်ဳပ္မယ္ဆိုၿပီးလဲ ၁၉၄၇ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ကိုေရးဆြဲထားရွိထားၾကတယ္။ ၁၉၄၈ ဇန္နဝါရီ ၄မွာ လြတ္လပ္ေရး အတူရယူခဲ့ေပမယ့္ ျပည္မဖက္က ေခါင္းေဆာင္နဲ႔ ပင္လုံစာခ်ဳပ္ကို ျပည္မသားေတြကိုယ္စား အာမခံေပးတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ လြတ္လပ္ေရးမရမွီ ေျခာက္လခန႔္အလိုက လုပ္ႀကံခံရမႈဟာ ရွိရင္းစြဲ ထိရွလြယ္တဲ့ အေျခအေနကို ပိုဆိုးေစခဲ့တယ္။ ၁၉၄၇ ဖြဲ႕စည္းပုံအေျခခံဥပေဒ အေၾကာင္းျပဳေရးဆြဲထားတဲ့ ကရင္ျပည္နယ္ နမိတ္ကိစၥ မေက်လည္မႈကို အေၾကာင္းျပဳလို႔ ကရင္ေခါင္းေဆာင္ေတြကေန သီးျခားလြတ္လပ္ေရး ရယူလိုခဲ့သလို ရွိရင္းစြဲ မြန္နဲ႔ ရခိုင္တို႔ရဲ႕ ျပည္နယ္သတ္မွတ္ေပးေရး ဆႏၵကေန လက္နက္ကိုင္လႈပ္ရွားမႈေတြ ျဖစ္ေပၚလာ ခဲ့တယ္။ ေနာက္ဆုံး ၁၉၆၀ခုႏွစ္မွာ ဝန္ႀကီးခ်ဳပ္ဦးႏုရဲ႕ ေ႐ြးေကာက္ပြဲ ကတိကဝတ္ ျဖစ္တဲ့ ဗုဒၶဘာသာကို ႏိုင္ငံေတာ္ဘာသာျပဌာန္းေရးကို တကယ္ အေကာင္အထည္ေဖာ္လာတဲ့ အခါမွေတာ့ တန္းတူေရးကို အေျခခံဖို႔ ကတိကဝတ္နဲ႔ ျပည္ေထာင္စုကို တည္ေဆာက္လာခဲ့ၾကတဲ့ တိုင္းရင္းသားေတြဖက္ ကေန ဘာမွသီးခံႏိုင္စရာမရွိေတာ့တဲ့ေနာက္ဆုံး ျပည္ေထာင္စုမွခြဲထြက္ဖို႔ပဲ ရွိလာေတာ့တဲ့အတြက္ ဦးႏုမွ ဦးေနဝင္းကို တဖက္လွည့္နဲ႔ ႏိုင္ငံေတာ္အာဏာ သိမ္းခိုင္းလိုက္ပါေတာ့တယ္။ ဒီလိုနဲ႔ ၁၉၆၂ မတ္လ ၂ရက္ေန႔မွာ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းမွ အာဏာသိမ္းခဲ့ၿပီးေနာက္မွာေတာ့ တိုင္းရင္းသားမ်ားဆႏၵဟာ မီးခဲ ျပာဖုံးျဖစ္ခဲ့ရတယ္။ (ဒီသမိုင္းဆိုင္ရာ အခ်က္အလက္ ေတြဟာ ေဆာင္းပါးရဲ႕ ဆိုလိုရင္းကို ေထာက္ပံ့မည့္ အေၾကာင္းမ်ားကိုသာ ေရးသားထားျခင္းျဖစ္တဲ့ အျပင္ အတိုခ်ဳပ္ထားရတဲ့အတြက္ မျပည့္စုံမႈမ်ားရွိပါလိမ့္မယ္။ စာေရးသူ)

 

ဖက္ဒရာယ္ဆိုတာခြဲထြက္ေရး ဟုတ္/မဟုတ္

တိုင္းျပည္ဟာ တပါတီအာဏာရွင္စနစ္၊ စစ္အာဏာရွင္စနစ္ စတာေတြကို ျဖတ္သန္းခဲ့အၿပီးမွာ အျငင္းပြားမႈ ေတြနဲ႔ပဲ ၂၀၀၈အေျခခံဥပေဒကို အတည္ျပဳခဲ့ၿပီး ၂၀၁၀မွာေတာ့ ဒီမိုကေရစီေခတ္ဦးကို စတင္ခဲ့ပါတယ္။ ဒီအေျပာင္းအလဲဟာ ဝိဝါဒကြဲမႈေတြရွိေနခဲ့ေပမယ့္ အီၿပီး ေျမာင္းပုပ္ေတာင္ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံေရးေရစီးကို တဖန္ျပန္လည္ စီးဆင္း ေစႏိုင္ခဲ့တာကေတာ့အမွန္ပါပဲ။ ဒါေၾကာင့္မို႔လို႔ ဒီေရစီးနဲ႔အတူ ႏွစ္ေပါင္းမ်ားစြာ ဖိႏွိပ္မႈေတြ ေအာက္မွာ ေရာက္ေနတဲ့ ျပည္မနဲ႔ ေတာင္တန္းက လူထုေတြၾကားမွာ ကိုယ္ယုံၾကည္ရာ ဒီမိုကေရစီနဲ႔ ဖက္ဒရာယ္အိမ္မက္ ျပန္လည္ႏိုးထလာ ခဲ့တာလဲ အဆန္းေတာ့မဟုတ္ပါဘူး။

၂၀၁၀ေ႐ြးေကာက္ပြဲနိင္ ျပည္ခိုင္ၿဖိဳးအစိုးရကေန ျမန္မာျပည္ကို ျပဳျပင္ေျပာင္းလဲေရးနဲ႔ ၿငိမ္းခ်မ္းေရးတည္ ေဆာက္ဖို႔ ႀကိဳးပမ္းခဲ့သလို၊ ၂၀၁၅ အႏိုင္ရ အဲန္အယ္ဒီအစိုးရ ကေနလဲ ၂၁ရာစုပင္လုံအမည္နဲ႔ ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားရင္ၾကားေစေရးကို လုပ္ေဆာင္လာခဲ့ပါတယ္။ ဒါေပမယ့္ ၁၀ႏွစ္တာ ကာလမွာ ဒီအစိုးရႏွစ္ရပ္လုံးက တိုင္းရင္းသားမ်ား (တိုင္းျပည္ေထာင္ဖက္မ်ား) လိုလားတဲ့ တန္းတူေရးနဲ႔ အာဏာခြဲေဝေရးကို ေက်နပ္ရ ေလာက္ေအာင္ လုပ္ေဆာ္ႏိုင္ျခင္းမရွိခဲ့ေသးတာေတာ့ သုံးသပ္ေတြ႕ရွိရပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံအက်ပ္ အတည္းနဲ႔ လက္နက္ကိုင္ ပဋိပကၡေတြၾကားမွာ လူထု၊ အဓိက အားျဖင့္ ေတာင္တန္းသားေတြ အျမင္မွာ သူတို႔ရဲ႕ ရွိရင္းစြဲအတိတ္က လြတ္လပ္မႈထက္ေတာင္ တဆင့္နိမ့္ေသးတဲ့ ဖက္ဒရာယ္စနစ္ေတာင္းဆိုမႈနဲ႔ တိုင္းျပည္ကို အတူတကြအုပ္ခ်ဳပ္ၾကမယ္ဆိုတဲ့ ပင္လုံကတိကဝတ္ကို ယုံၾကည္ဆုပ္ကိုင္လာခဲ့ၾကတဲ့သူေတြအေနနဲ႔က ဒီအေျခအေနဟာ မွန္ကန္တဲ့ရပ္တည္ခ်က္ဟုတ္ပါရဲ႕လား ဆိုတဲ့ေမးခြန္းေတြေမးလာၾကတယ္ဆိုတာ လက္ရွိ ဒီစာေရးေနတဲ့ ဂြၽန္ ၂၀၂၀ အခ်ိန္မွာ ျဖစ္ပြားေနတဲ့ ျမန္မာျပည္တြင္ စစ္ပြဲေတြကို ၾကည့္ျခင္းအားျဖင့္ သိႏိုင္ပါတယ္။ တဖက္ကလဲ နိင္ငံေရးအက်ပ္အတည္း (Political deadlock) ကိုကြင္းေရွာင္ၿပီး လုပ္ေဆာင္နိင္ တဲ့ လုပ္ငန္းေတြရွိေနရက္နဲ႔ မလုပ္ေဆာင္တဲ့ (ႏိုင္ေသးတဲ့) အႏိုင္ရပါတီေတြရဲ႕ သေဘာထားဟာ ဒီ ဖက္ဒရာယ္လြန္ဝါဒ ႏိုင္ငံေရးအယူအဆကို မီထိုးေနသလိုျဖစ္ေနတယ္လို႔ ေျပာလို႔ရပါတယ္။ ဒီလို ဖက္ဒရာယ္လြန္ အိမ္မက္ တိုင္းရင္းသာဘယ္ေလာက္ကမ်ား မက္ေနၾကမလဲဆိုတာနဲ႔ ေနာင္မွာ ဒီလို မျဖစ္ရေလေအာင္ ႏိုင္ငံရး အက်ပ္အတည္းကို ဘယ္လိုေျဖေလွ်ာ့မလဲဆိုတဲ့ နိင္ငံေရးဆိုင္ရာ မူဝါဒမ်ား ခ်မွတ္ အေကာင္ထည္ေဖာ္မွသာ “ဖက္ဒရာယ္ဒီမိုကေရစီႏိုင္ငံ” တည္ေဆာက္တာ လမ္းမလြဲမွာျဖစ္တယ္လို႔ သုံးသပ္ မိတယ္။

ေနာက္ၿပီး လက္ရွိေဆာင္းပါးေရးေနတဲ့အခ်ိန္မွာ အေမရိကန္ႏိုင္ငံက လူမည္းအမ်ိဳးသား ေဂ်ာ့ဖလြိဳက္ကို ရဲေတြဖမ္းဆီးရင္း ေသဆုံးခဲ့ရတဲ့ျဖစ္ရပ္ကို အေၾကာင္းျပဳၿပီး စတင္ခဲ့တဲ့ ဆႏၵျပပြဲေတြဟာ အေမရိကန္ႏိုင္ငံတဝွမ္းလုံးအျပင္ အာရွ၊ ဥေရာပနဲ႔ ၾသစေၾတးလ်ႏိုင္ငံေတြအထိပါ ပ်ံ႕ႏွံ႔ခဲ့ပါ တယ္။ ဒီဆႏၵျပပြဲေတြကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကေတာ့ လိုအပ္ရင္ စစ္အင္အားသုံး ႏွိမ္နင္းမယ္ လို႔ ၿခိမ္းေျခာက္ခဲ့တာပါ။ ဒါေပမဲ့လည္း ကမာၻမွာ ဓနအင္အားနဲ႔ စစ္အင္အား နံပတ္တစ္ေနရာမွာ ရွိေနတဲ့ အေမရိကန္ျပည္ေထာင္စုမွာ ၾသဇာအရွိဆုံးျဖစ္တဲ့ သမၼတ ေဒၚနယ္ထရမ့္ အေနနဲ႔ လက္ရွိ ျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြကို စစ္တပ္သုံးၿပီး ၿဖိဳခြင္းခ်င္ေပမဲ့ တကယ့္ လက္ေတြ႕မွာ အေကာင္အထည္ မေဖာ္ႏိုင္တာဟာ ဖက္ဒရယ္စနစ္နဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ အားေကာင္းခ်က္ေၾကာင့္လို႔ ေျပာမယ္ဆိုရင္မမွားဘူးလို႔ ထင္ပါတယ္။

 

ႏိုင္ငံေရးအက်ပ္အတည္းႏွင့္ ဌာေနတိုင္းရင္းသာအခြင့္အေရး

အထက္မွာ တင္ျပခဲ့ၿပီးျဖစ္တဲ့ ဌာေနတိုင္းရင္းသားအခြင့္အေရးေၾကျငာစာတမ္းမွာ အခ်က္ ၄၆ခ်က္ပါရွိၿပီး ေသခ်ာဖတ္ရႈဆင္ျခင္မယ္ဆိုရင္ ဌာေနတိုင္းရင္းသားေတြခ်ည္းပဲ ျဖစ္ၾကပါတဲ့ျပည္မနဲ႔ေတာင္တန္းသားေတြ အတြက္ အက်ိဳးရွိမယ့္၊ ႏိုင္ငံေရး အက်ပ္အတည္းကို ေရွာင္ကြင္းကာ တိုင္းရင္းသားမ်ားလိုလားတဲ့ တန္းတူအခြင့္အေရးနဲ႔ ႏိုင္ငံေရး ေမွ်ာ္မွန္းခ်က္ေတြကို ျဖည့္ဆည္းေပးမယ့္အေျဖဟာ ဒီ ဌာေနတိုင္းရင္းသား ေၾကျငာစာတမ္းပါ အခ်က္မ်ားပဲ ျဖစ္တယ္လို႔ တဲ့တိုးေျပာရရင္ မွားမယ္မထင္ပါဘူး။

တက္ခဲ့တဲ့အစိုးရေတြကေန လုပ္ေဆာင္ေနတဲ့ စီမံကိန္းမ်ားဟာဆိုရင္ တိုင္းရင္းသားေဒသေတြမွာ အမ်ားစု ျဖစ္ပါတယ္။ တနည္းေျပာရရင္ ကိုယ့္အိမ္ဝင္းထဲ သူမ်ားကေန အက်ိဳးအျမတ္လာယူေနတဲ့၊ ျပည္ေထာင္စု အတြက္လဲ အက်ိဳးအျမတ္မရတဲ့ အျဖစ္ေတြအမ်ားႀကီးရွိေန သလို သဘာ၀ပတ္ဝန္းက်င္ ထိန္းသိမ္းေရး သမားေတြကေန ေထာက္ျပေနေပမယ့္ ဆက္လက္ေဖာ္ေဆာင္ေနတဲ့ စီမံ ကိန္းနဲ႔ လုပ္ေဆာင္မႈေတြ ျမန္မာျပည္ တဝွမ္း ဒင္းၾကမ္းရွိေနတာပါ။

ေနာက္တဖန္ တိုင္းရင္းသားမ်ား ရဲ႕ ထုံးတမ္းဓေလ့နဲ႔ လားလားမွ်မကိုက္တဲ့၊ ဘာအတြက္ရယ္လို႔တိတိက်က် မရွိပဲ ပြင့္လင္းျမင္သာမႈႏွင့္ ခိုင္မာအားေကာင္းျခင္းလဲမရွိတဲ့၊ ဥပေဒေတြ ျပင္ဆင္ဥပေဒေတြ ျဖည့္စြက္ျပဌာန္း ေပမယ့္ တတိုင္းျပည္လုံးက လက္မခံတဲ့ ေျမယာဥပေဒေတြ ျပဌာန္းခဲ့ျခင္းစတာေတြကလဲ ဖက္ဒရာယ္စနစ္ ေဖာ္ေဆာင္ဖို႔ သြားေနပါတယ္ဆိုတဲ့ ျမန္မာျပည္ရဲ႕ ဒီမိုကေရစီ လမ္းျပေျမပုံဟာ မွန္ေနရဲ႕လားလို႔ ေမးခြန္းထုတ္ စရာပဲ ျဖစ္ပါတယ္။ (ယခုေဖာ္ျပပါအခ်က္မ်ားအတြက္ ကုလသမဂၢ၏ ဌာေနတိုင္းရင္းသားလူမ်ိဳးမ်ားဆိုင္ရာ အခြင္းအေရးေၾကျငာစာတမ္းပါ အပိုဒ္ ၂၅မွ၃၂ကိုၾကည့္ရႈ ခ်င့္ခ်ိန္ရန္)။

 

၂၀၂၀ေ႐ြးေကာက္ပြဲႏွင့္ ေ႐ြးေကာက္ပြဲအလြန္ကာလ

အေထြေထြနိင္ငံေရးအက်ပ္အတည္းေတြရွိႏွင့္ၿပီးသား ျမန္မာႏိုင္ငံဟာ ၂၀၂၀မွာ တတိယအႀကိမ္ေျမာက္ ေ႐ြးေကာက္ပြဲက်င္းပပါေတာ့မယ္။ တခ်ိန္တည္းမွာလဲ ဒီကာလဟာ တကမာၻလုံးကေန စိုးရိမ္ထိတ္လန႔္ေနရတဲ့ ကိုဗစ္ ေရာဂါကပ္ေဘးျဖစ္ေနတဲ့ အခ်ိန္နဲ႔တိုက္ဆိုင္ေနပါတယ္။ ဒီကပ္ေဘးဂယက္ကလဲ စီးပြားေရး အက်ပ္အတည္းနဲ႔ စီးပြားေရး နာလံထူေရးဆိုင္ရာ စိန္ေခၚခ်က္ေတြ ျဖစ္လာေစမွာျဖစ္တဲ့အတြက္ ေနာက္တက္ မယ့္အစိုးရကေန မူဝါဒပိုင္းဆိုင္ရာ ျပင္ဆင္ထားမႈ မ်ားစြာလုပ္ရမွာပဲျဖစ္တယ္။

ေနာက္တဖန္ တိုင္းရင္းသား ေဒသေတြမွာ ေဖာ္ေဆာင္ေနဆဲ စီမံကိန္းေတြနဲ႔ မကိုက္ညီတဲ့ ဥပေဒေတြကို ဘယ္လိုျပင္ဆင္ေရးဆြဲမလဲ၊ ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒရဲ႕ ေျဖရွင္းမရနိင္တဲ့ ပုဒ္မေတြကို ဦးတည္ခ်က္ထား ေနမယ့္အစား တျခားအလုပ္ျဖစ္ႏိုင္တဲ့၊ တိုင္းရင္းသားမ်ားလိုလားတဲ့ အခ်က္ေတြကို ဘယ္လိုခ်ဥ္းကပ္ မလဲဆိုတာမ်ိဳးကို စဥ္းစားမွသာလွ်င္ အက်ပ္အတည္းနဲ႔ စိန္ေခၚခ်က္ေတြကို စီမံခန႔္ခြဲနိင္မွာျဖစ္တယ္။

အခ်ဳပ္ဆိုရရင္ ကုလသမဂၢရဲ႕ ဌာေန တိုင္းရင္းသား လူမ်ိဳးမ်ားဆိုင္ရာ ေၾကျငာစာတမ္းကို ပါဝင္ေထာက္ခံ လက္မွတ္ထိုးၿပီးသား ျမန္မာႏိုင္ငံအေနနဲ႔ ၎ေၾကျငာစာတမ္းပါ အခြင့္အေရးေတြကို ေလးစားလိုက္နာၿပီး ေပၚလစီခ်မွတ္ရာမွာ ၎ေၾကျငာစာတမ္းပါအခ်က္ေတြကို ထည့္သြင္းစဥ္းစားျခင္းအားျဖင့္ ႏိုင္ငံေရးအက်ပ္ အတည္းေျဖရွင္းျခင္းနဲ႔ ယုံၾကည္မႈတည္ေဆာက္ရာမွာ ပိုမိုထိေရာက္မွာျဖစ္တယ္လို႔ျမင္မိတယ္။ လာလတၱံ့ ေသာကလာေတြမွာလဲ တိုင္းရင္းသားမ်ား ယုံၾကည္ေနဆဲျဖစ္တဲ့ ဖက္ဒရာယ္အိမ္မက္ကို ဆက္လဲကိုင္ဆြဲဖို႔နဲ႔ ဖက္ဒရာယ္လြန္အိမ္မက္ေတြနဲ႔ ပိုမိုၾကမ္းတမ္းတဲ့ အေထြေထြအက်ပ္အတည္းထဲ မသက္ဆင္းလိုဘူး ဆိုခဲ့ရင္ အထက္ေဖာ္ျပခဲ့တဲ့ အခ်က္ေတြကို မူဝါဒေဖာ္ေဆာင္သူေတြအေနနဲ႔ အေလးအနက္ထား စဥ္းစားၾကေစလိုေၾကာင္းေဖာ္ျပအပ္ပါတယ္။

ဒဲရစ္
၂၂ ဂြၽန္ ၂၀၂၀

ကိုးကား
Peter Swift, ‘Understanding Chin political participation in Myanmar’(MSc. thesis, University of
Wisconsin-Madison, 2018)
– Peter Swift, ‘Understanding Chin political participation in Myanmar’(MSc. thesis, University ofWisconsin-Madison, 2018)
– Michael Hathaway, ‘The emergence of indigeneity: Public intellectuals and an Indigenous space in southwest China’.
– Ardeth Thawnghmung, The ‘Other’Karen in Myanmar: Ethnic minorities and the struggle without arms (Lanham, MD: Rowman & Littlefield, 2012)

 

Unicode

နိဒါန်း

ကမ္ဘာပေါ်မှာ ၁၉၈၀လောက်ကစပြီး နိုင်ငံရေးပန်းတိုင်နဲ့ တရားဝင်အခွင့်အရေးရဖို့ “ဌာနေတိုင်းရင်းသား” ဆိုတဲ့ စကားလုံးကို အရင်ကထက် တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။ ဒီအတွက်လဲ ကမ္ဘာ့ ကုလသမဂ္ဂ ကနေ ဌာနေ တိုင်းရင်းသားဆိုင်ရာ ဖိုရမ်များစွာ ကျင်းပခဲ့ပြီး ၂၀၀၇ခုနှစ်မှာတော့ ကုလသမ္ဂ၏ ဌာနေ တိုင်းရင်းသား လူမျိုးများဆိုင်ရာ ကြေငြာစာတမ်း (UNDRIP)ဆိုတာထွက်လာပါတယ်။ အရှေ့တောင်အာရှမှ ကုလသမဂ္ဂအဖွဲ့ဝင်နိင်ငံတွေမှလည်း ဌာနေတိုင်းရင်းသားအခွင့်အရေးကို လက်ခံခဲ့ကြပြီး အဲဒီအချိန်တုန်းက လက်မှတ်မထိုးတဲ့နိုင်ငံဆိုလို့ ဘင်္ဂလားဒက်ရှ်နဲ့ ဘူတန် နှစ်နိုင်ငံပဲရှိခဲ့တယ်။ ဒါပေမယ့် အာရှစံနဲ့ကိုက်ညီတဲ့ တင်းပြည့်ကျပ်ပြည့် ဌာနေတိုင်းရင်းသား အခွင့်အရေး ပြဌာန်းကျင့်သုံးတဲ့နိုင်ငံကတော့ နဲပါသေးတယ်။ လက်ရှိ စာရေးနေတဲ့ အချိန်ထိတော့ ဂျပန်၊ နီပေါ၊ ဖိလိပိုင်၊ ကမ္ဘောဒီးယားနဲ့ထိုင်ဝမ်တို့သာ တိတိကျကျ ဥပဒေပြဌာန်း ပြီး ကာကွယ်မှုပေးတာ တွေ့ရပါတယ်။ (ဒီနေရာမှာ တင်းပြည့်ကျပ်ပြည့်ဆိုတာ ဌာနေတိုင်းရင်းသားအခွင့် အရေးကြေငြာစာတမ်းပါ အချက်တွေကို ဥပဒေပြုပြီး အခြေခံဥပဒေမှာ ထည့်သွင်းခြင်းကိုဆိုလိုပါတယ်။ “ဌာနေတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ” ဆိုတာကို ၂၄ဖေဖော်ဝါရီ ၂၀၁၅မှာ ပြဌာန်းခဲ့ပေမယ့် ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားကြေငြာစာတမ်းကို အပြည့်အ၀ ထောက်ပံ့ထား တဲ့ (ဝါ) အနှစ်သာရပြည့်ဝတဲ့ ဥပေဒေမဟုတ်ပဲ ၂၀၀၈ အခြေခံဥပဒေဟာ ဖက်ဒရာယ်ဆန်ကြောင်း ကာကွယ် လိုတဲ့ အပေါ်ယံဥပဒေသာဖြစ်တယ်။ ဒီဥပဒအကြောင်းပြုပြီး ရေးရာဝန်ကြီးဌာနနဲ့ ဝန်ကြီးတွေရှိနေပေမယ့် ဆုံးဖြတ်ချက်ချမှတ်ရာမှာ ပါဝင်ခွင့်ရှိတဲ့ အခန်းကဏ္ဍမရှိတာ အထင်အရှားပဲဖြစ်တယ်။)

မြန်မာပြည်မှာ ဌာနေတိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအဆင့် အဦးဆုံး တက်လှမ်းခဲ့တာ ကတော့ တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU), ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ နာဂအမျိုးသားများလူ့အခွင့်အရေးလှုပ်ရှားမှု (NPMHR) စတဲ့ အဖွဲ့တွေဖြစ်ပြီး ၎င်းတို့ဖြစ်တည်မှုကို သတိပြု မိစေရန် ရည်ရွယ်ချက်နဲ့ ကုလသမဂ္ဂရဲ့ ဌာနေတိုင်းရင်းသားဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ဖိုရမ်ကို ကိုယ်စားလှယ် များစေလွှတ်ခဲ့ကြတာဖြစ်တယ်။ အဓိက အခြေခံတဲ့ အိုင်ဒီယာကတော့ ၁၉၄၇ခုနှစ်က တောင်တန်းနဲ့ပြည်မ အကြားချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို အလေးအနက်ထား ဆွေးနွေးခဲ့ကြခြင်းဖြစ်တယ်။

 

သမိုင်းနောက်ခံ

တဖက်ကနေ မြန်မာပြည်ကတိုင်းရင်းသားတွေ ကနေဘာလို့ ဌာနေတိုင်းရင်းသားအခွင့်အရေးကို တစိုက် မတ်မတ် ပြောဆိုကြရသလဲဆိုတာနဲ့ ပင်လုံစာချုပ်ကို အလေးအနက်စွဲကိုင်ကြတာလဲ ဆိုတဲ့ အခင်း အကျင်းကို နားလည်ဖို့ သမိုင်းကိုတချက် ပြန်ကြည့်ကြရရင် ဗြိတိသျှတွေအုပ်ချုပ်တဲ့ (၁၈၂၅-၁၉၄၈) ကြားကာလတွေမှာ ဗြိတိသျှတွေဟာ ကိုလိုနီခေတ်မှာ လူဦးရေများပြီး အဓိကကျတဲ့ ပြည်မကို ကြပ်ကြပ် မတ်မတ် အုပ်ချုပ်ခဲ့ပေမယ့် လူဦးရေနဲတဲ့ တောင်တန်းဒေသ တွေကိုတော့ သူ့ရှိရင်းစွဲ အုပ်ချုပ်ရေး နဲ့ပဲအုပ်ချုပ်စေ ခဲ့တယ်။ ကိုလိုနီခေတ်အတွင်းမှာလဲ တိုင်းရင်းသားတွေဟာ အုပ်ချုပ်ရေးအတွင်းမှာ ဝင်ရောက် အမှုထမ်းမှုများစွာ ရှိခဲ့တယ်။ ဒုတိယကမ္ဘာစစ်အဦးပိုင်းကာလတွေမှာလဲ ကချင်၊ ချင်း၊ ကရင် စတဲ့ သူတွေဟာ ဗြိတိသျှတပ်မတော်မှာ အများဆုံး တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်တာတွေ့ ရတယ်။ ပြည်မက ဗမာတွေကျတော့ ၎င်းတိုကို အုပ်ချုပ်သူ ဗြိတိသျှတွေကိုတွန်းလှန်ဖို့ သဘာဝကျစွာ ဂျပန်တွေနဲ့ပူးပေါင်းခဲ့ကြတယ်။ ကမ္ဘာစစ်အတွင်း မဟာမိတ် အဖွဲ့ဝင်ဗြိတိသျှနဲ့ ဝန်ရိုးစွန်းဂျပန်နိုင်ငံတို့တွေ တိုက်ခိုက်ကြတဲ့အခါ ဒေသတွင်းက တိုင်းရင်းသားတွေဟာလဲ ၎င်းတို့ ပါဝင်ရာဖက်ကနေ တိုက်ခိုက်ခဲ့ကြပြီး စစ်ကြီးပြီးတဲ့အခါ မယုံကြည်မှုတွေနဲ့ သံသယတွေဟာ ကျန်နေရစ်ခဲ့ပါတော့တယ်။

ကမ္ဘာစစ်အလွန်မှာ တိုင်းရင်းသားအုပ်စုတွေအတွက် သီးခြား လွတ်လပ်ရေးပေးဖို့ စဉ်းစားမှုတွေ ရှိခဲ့ပေမယ့် ၁၉၄၇ခုနှစ်မှာ ပြည်မရဲ့ စည်းရုံးမှုကြောင့် ရှမ်းပြည်နယ် ပင်လုံမြို့မှာ ကချင်၊ ချင်း၊ ရှမ်း၊ကယားနဲ့ ပြည်မတို့ပါဝင်တဲ့ ပင်လုံကွန်ဖရင့်ဖြစ်လာတယ်။ ဒီကွန်ဖရင့်ကနေ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ ပြည်မခေါင်းဆောင်တွေရဲ့ တန်းတူရေးနဲ့ ဖက်ဒရာယ်အခြေခံမူတွေကြောင့် တက်ရောက်လာတဲ့ တိုင်းရင်းသားတွေကနေ တိုင်းပြည်တခု အတူတည်ထောင်ဖို့ သဘောတူခဲ့ကြတာဖြစ်တယ်။ ဒီသဘော တူညီမှုတွေ အပေါ်မှာအခြေခံပြီး လွတ်လပ်ရေး ရပြီးရင် တိုင်းပြည်ကို ဘယ်လိုအုပ်ချုပ်မယ်ဆိုပြီးလဲ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုရေးဆွဲထားရှိထားကြတယ်။ ၁၉၄၈ ဇန်နဝါရီ ၄မှာ လွတ်လပ်ရေး အတူရယူခဲ့ပေမယ့် ပြည်မဖက်က ခေါင်းဆောင်နဲ့ ပင်လုံစာချုပ်ကို ပြည်မသားတွေကိုယ်စား အာမခံပေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးမရမှီ ခြောက်လခန့်အလိုက လုပ်ကြံခံရမှုဟာ ရှိရင်းစွဲ ထိရှလွယ်တဲ့ အခြေအနေကို ပိုဆိုးစေခဲ့တယ်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အကြောင်းပြုရေးဆွဲထားတဲ့ ကရင်ပြည်နယ် နမိတ်ကိစ္စ မကျေလည်မှုကို အကြောင်းပြုလို့ ကရင်ခေါင်းဆောင်တွေကနေ သီးခြားလွတ်လပ်ရေး ရယူလိုခဲ့သလို ရှိရင်းစွဲ မွန်နဲ့ ရခိုင်တို့ရဲ့ ပြည်နယ်သတ်မှတ်ပေးရေး ဆန္ဒကနေ လက်နက်ကိုင်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာ ခဲ့တယ်။ နောက်ဆုံး ၁၉၆၀ခုနှစ်မှာ ဝန်ကြီးချုပ်ဦးနုရဲ့ ရွေးကောက်ပွဲ ကတိကဝတ် ဖြစ်တဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဌာန်းရေးကို တကယ် အကောင်အထည်ဖော်လာတဲ့ အခါမှတော့ တန်းတူရေးကို အခြေခံဖို့ ကတိကဝတ်နဲ့ ပြည်ထောင်စုကို တည်ဆောက်လာခဲ့ကြတဲ့ တိုင်းရင်းသားတွေဖက် ကနေ ဘာမှသီးခံနိုင်စရာမရှိတော့တဲ့နောက်ဆုံး ပြည်ထောင်စုမှခွဲထွက်ဖို့ပဲ ရှိလာတော့တဲ့အတွက် ဦးနုမှ ဦးနေဝင်းကို တဖက်လှည့်နဲ့ နိုင်ငံတော်အာဏာ သိမ်းခိုင်းလိုက်ပါတော့တယ်။ ဒီလိုနဲ့ ၁၉၆၂ မတ်လ ၂ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းမှ အာဏာသိမ်းခဲ့ပြီးနောက်မှာတော့ တိုင်းရင်းသားများဆန္ဒဟာ မီးခဲ ပြာဖုံးဖြစ်ခဲ့ရတယ်။ (ဒီသမိုင်းဆိုင်ရာ အချက်အလက် တွေဟာ ဆောင်းပါးရဲ့ ဆိုလိုရင်းကို ထောက်ပံ့မည့် အကြောင်းများကိုသာ ရေးသားထားခြင်းဖြစ်တဲ့ အပြင် အတိုချုပ်ထားရတဲ့အတွက် မပြည့်စုံမှုများရှိပါလိမ့်မယ်။ စာရေးသူ)

 

ဖက်ဒရာယ်ဆိုတာခွဲထွက်ရေး ဟုတ်/မဟုတ်

တိုင်းပြည်ဟာ တပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် စတာတွေကို ဖြတ်သန်းခဲ့အပြီးမှာ အငြင်းပွားမှု တွေနဲ့ပဲ ၂၀၀၈အခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ၂၀၁၀မှာတော့ ဒီမိုကရေစီခေတ်ဦးကို စတင်ခဲ့ပါတယ်။ ဒီအပြောင်းအလဲဟာ ဝိဝါဒကွဲမှုတွေရှိနေခဲ့ပေမယ့် အီပြီး မြောင်းပုပ်တောင်ဖြစ်နေတဲ့ မြန်မာနိုင်ငံရေးရေစီးကို တဖန်ပြန်လည် စီးဆင်း စေနိုင်ခဲ့တာကတော့အမှန်ပါပဲ။ ဒါကြောင့်မို့လို့ ဒီရေစီးနဲ့အတူ နှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေ အောက်မှာ ရောက်နေတဲ့ ပြည်မနဲ့ တောင်တန်းက လူထုတွေကြားမှာ ကိုယ်ယုံကြည်ရာ ဒီမိုကရေစီနဲ့ ဖက်ဒရာယ်အိမ်မက် ပြန်လည်နိုးထလာ ခဲ့တာလဲ အဆန်းတော့မဟုတ်ပါဘူး။

၂၀၁၀ရွေးကောက်ပွဲနိင် ပြည်ခိုင်ဖြိုးအစိုးရကနေ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးတည် ဆောက်ဖို့ ကြိုးပမ်းခဲ့သလို၊ ၂၀၁၅ အနိုင်ရ အဲန်အယ်ဒီအစိုးရ ကနေလဲ ၂၁ရာစုပင်လုံအမည်နဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေရေးကို လုပ်ဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် ၁၀နှစ်တာ ကာလမှာ ဒီအစိုးရနှစ်ရပ်လုံးက တိုင်းရင်းသားများ (တိုင်းပြည်ထောင်ဖက်များ) လိုလားတဲ့ တန်းတူရေးနဲ့ အာဏာခွဲဝေရေးကို ကျေနပ်ရ လောက်အောင် လုပ်ဆော်နိုင်ခြင်းမရှိခဲ့သေးတာတော့ သုံးသပ်တွေ့ရှိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအကျပ် အတည်းနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ လူထု၊ အဓိက အားဖြင့် တောင်တန်းသားတွေ အမြင်မှာ သူတို့ရဲ့ ရှိရင်းစွဲအတိတ်က လွတ်လပ်မှုထက်တောင် တဆင့်နိမ့်သေးတဲ့ ဖက်ဒရာယ်စနစ်တောင်းဆိုမှုနဲ့ တိုင်းပြည်ကို အတူတကွအုပ်ချုပ်ကြမယ်ဆိုတဲ့ ပင်လုံကတိကဝတ်ကို ယုံကြည်ဆုပ်ကိုင်လာခဲ့ကြတဲ့သူတွေအနေနဲ့က ဒီအခြေအနေဟာ မှန်ကန်တဲ့ရပ်တည်ချက်ဟုတ်ပါရဲ့လား ဆိုတဲ့မေးခွန်းတွေမေးလာကြတယ်ဆိုတာ လက်ရှိ ဒီစာရေးနေတဲ့ ဂျွန် ၂၀၂၀ အချိန်မှာ ဖြစ်ပွားနေတဲ့ မြန်မာပြည်တွင် စစ်ပွဲတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ တဖက်ကလဲ နိင်ငံရေးအကျပ်အတည်း (Political deadlock) ကိုကွင်းရှောင်ပြီး လုပ်ဆောင်နိင် တဲ့ လုပ်ငန်းတွေရှိနေရက်နဲ့ မလုပ်ဆောင်တဲ့ (နိုင်သေးတဲ့) အနိုင်ရပါတီတွေရဲ့ သဘောထားဟာ ဒီ ဖက်ဒရာယ်လွန်ဝါဒ နိုင်ငံရေးအယူအဆကို မီထိုးနေသလိုဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒီလို ဖက်ဒရာယ်လွန် အိမ်မက် တိုင်းရင်းသာဘယ်လောက်ကများ မက်နေကြမလဲဆိုတာနဲ့ နောင်မှာ ဒီလို မဖြစ်ရလေအောင် နိုင်ငံရး အကျပ်အတည်းကို ဘယ်လိုဖြေလျှော့မလဲဆိုတဲ့ နိင်ငံရေးဆိုင်ရာ မူဝါဒများ ချမှတ် အကောင်ထည်ဖော်မှသာ “ဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံ” တည်ဆောက်တာ လမ်းမလွဲမှာဖြစ်တယ်လို့ သုံးသပ် မိတယ်။

နောက်ပြီး လက်ရှိဆောင်းပါးရေးနေတဲ့အချိန်မှာ အမေရိကန်နိုင်ငံက လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲတွေဖမ်းဆီးရင်း သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကို အကြောင်းပြုပြီး စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အမေရိကန်နိုင်ငံတဝှမ်းလုံးအပြင် အာရှ၊ ဥရောပနဲ့ သြစတြေးလျနိုင်ငံတွေအထိပါ ပျံ့နှံ့ခဲ့ပါ တယ်။ ဒီဆန္ဒပြပွဲတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ လိုအပ်ရင် စစ်အင်အားသုံး နှိမ်နင်းမယ် လို့ ခြိမ်းခြောက်ခဲ့တာပါ။ ဒါပေမဲ့လည်း ကမ္ဘာမှာ ဓနအင်အားနဲ့ စစ်အင်အား နံပတ်တစ်နေရာမှာ ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ သြဇာအရှိဆုံးဖြစ်တဲ့ သမ္မတ ဒေါ်နယ်ထရမ့် အနေနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်သုံးပြီး ဖြိုခွင်းချင်ပေမဲ့ တကယ့် လက်တွေ့မှာ အကောင်အထည် မဖော်နိုင်တာဟာ ဖက်ဒရယ်စနစ်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားကောင်းချက်ကြောင့်လို့ ပြောမယ်ဆိုရင်မမှားဘူးလို့ ထင်ပါတယ်။

 

နိုင်ငံရေးအကျပ်အတည်းနှင့် ဌာနေတိုင်းရင်းသာအခွင့်အရေး

အထက်မှာ တင်ပြခဲ့ပြီးဖြစ်တဲ့ ဌာနေတိုင်းရင်းသားအခွင့်အရေးကြေငြာစာတမ်းမှာ အချက် ၄၆ချက်ပါရှိပြီး သေချာဖတ်ရှုဆင်ခြင်မယ်ဆိုရင် ဌာနေတိုင်းရင်းသားတွေချည်းပဲ ဖြစ်ကြပါတဲ့ပြည်မနဲ့တောင်တန်းသားတွေ အတွက် အကျိုးရှိမယ့်၊ နိုင်ငံရေး အကျပ်အတည်းကို ရှောင်ကွင်းကာ တိုင်းရင်းသားများလိုလားတဲ့ တန်းတူအခွင့်အရေးနဲ့ နိုင်ငံရေး မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးမယ့်အဖြေဟာ ဒီ ဌာနေတိုင်းရင်းသား ကြေငြာစာတမ်းပါ အချက်များပဲ ဖြစ်တယ်လို့ တဲ့တိုးပြောရရင် မှားမယ်မထင်ပါဘူး။

တက်ခဲ့တဲ့အစိုးရတွေကနေ လုပ်ဆောင်နေတဲ့ စီမံကိန်းများဟာဆိုရင် တိုင်းရင်းသားဒေသတွေမှာ အများစု ဖြစ်ပါတယ်။ တနည်းပြောရရင် ကိုယ့်အိမ်ဝင်းထဲ သူများကနေ အကျိုးအမြတ်လာယူနေတဲ့၊ ပြည်ထောင်စု အတွက်လဲ အကျိုးအမြတ်မရတဲ့ အဖြစ်တွေအများကြီးရှိနေ သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကနေ ထောက်ပြနေပေမယ့် ဆက်လက်ဖော်ဆောင်နေတဲ့ စီမံ ကိန်းနဲ့ လုပ်ဆောင်မှုတွေ မြန်မာပြည် တဝှမ်း ဒင်းကြမ်းရှိနေတာပါ။

နောက်တဖန် တိုင်းရင်းသားများ ရဲ့ ထုံးတမ်းဓလေ့နဲ့ လားလားမျှမကိုက်တဲ့၊ ဘာအတွက်ရယ်လို့တိတိကျကျ မရှိပဲ ပွင့်လင်းမြင်သာမှုနှင့် ခိုင်မာအားကောင်းခြင်းလဲမရှိတဲ့၊ ဥပဒေတွေ ပြင်ဆင်ဥပဒေတွေ ဖြည့်စွက်ပြဌာန်း ပေမယ့် တတိုင်းပြည်လုံးက လက်မခံတဲ့ မြေယာဥပဒေတွေ ပြဌာန်းခဲ့ခြင်းစတာတွေကလဲ ဖက်ဒရာယ်စနစ် ဖော်ဆောင်ဖို့ သွားနေပါတယ်ဆိုတဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီ လမ်းပြမြေပုံဟာ မှန်နေရဲ့လားလို့ မေးခွန်းထုတ် စရာပဲ ဖြစ်ပါတယ်။ (ယခုဖော်ပြပါအချက်များအတွက် ကုလသမဂ္ဂ၏ ဌာနေတိုင်းရင်းသားလူမျိုးများဆိုင်ရာ အခွင်းအရေးကြေငြာစာတမ်းပါ အပိုဒ် ၂၅မှ၃၂ကိုကြည့်ရှု ချင့်ချိန်ရန်)။

 

၂၀၂၀ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်ကာလ

အထွေထွေနိင်ငံရေးအကျပ်အတည်းတွေရှိနှင့်ပြီးသား မြန်မာနိုင်ငံဟာ ၂၀၂၀မှာ တတိယအကြိမ်မြောက် ရွေးကောက်ပွဲကျင်းပပါတော့မယ်။ တချိန်တည်းမှာလဲ ဒီကာလဟာ တကမ္ဘာလုံးကနေ စိုးရိမ်ထိတ်လန့်နေရတဲ့ ကိုဗစ် ရောဂါကပ်ဘေးဖြစ်နေတဲ့ အချိန်နဲ့တိုက်ဆိုင်နေပါတယ်။ ဒီကပ်ဘေးဂယက်ကလဲ စီးပွားရေး အကျပ်အတည်းနဲ့ စီးပွားရေး နာလံထူရေးဆိုင်ရာ စိန်ခေါ်ချက်တွေ ဖြစ်လာစေမှာဖြစ်တဲ့အတွက် နောက်တက် မယ့်အစိုးရကနေ မူဝါဒပိုင်းဆိုင်ရာ ပြင်ဆင်ထားမှု များစွာလုပ်ရမှာပဲဖြစ်တယ်။

နောက်တဖန် တိုင်းရင်းသား ဒေသတွေမှာ ဖော်ဆောင်နေဆဲ စီမံကိန်းတွေနဲ့ မကိုက်ညီတဲ့ ဥပဒေတွေကို ဘယ်လိုပြင်ဆင်ရေးဆွဲမလဲ၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဖြေရှင်းမရနိင်တဲ့ ပုဒ်မတွေကို ဦးတည်ချက်ထား နေမယ့်အစား တခြားအလုပ်ဖြစ်နိုင်တဲ့၊ တိုင်းရင်းသားများလိုလားတဲ့ အချက်တွေကို ဘယ်လိုချဉ်းကပ် မလဲဆိုတာမျိုးကို စဉ်းစားမှသာလျှင် အကျပ်အတည်းနဲ့ စိန်ခေါ်ချက်တွေကို စီမံခန့်ခွဲနိင်မှာဖြစ်တယ်။

အချုပ်ဆိုရရင် ကုလသမဂ္ဂရဲ့ ဌာနေ တိုင်းရင်းသား လူမျိုးများဆိုင်ရာ ကြေငြာစာတမ်းကို ပါဝင်ထောက်ခံ လက်မှတ်ထိုးပြီးသား မြန်မာနိုင်ငံအနေနဲ့ ၎င်းကြေငြာစာတမ်းပါ အခွင့်အရေးတွေကို လေးစားလိုက်နာပြီး ပေါ်လစီချမှတ်ရာမှာ ၎င်းကြေငြာစာတမ်းပါအချက်တွေကို ထည့်သွင်းစဉ်းစားခြင်းအားဖြင့် နိုင်ငံရေးအကျပ် အတည်းဖြေရှင်းခြင်းနဲ့ ယုံကြည်မှုတည်ဆောက်ရာမှာ ပိုမိုထိရောက်မှာဖြစ်တယ်လို့မြင်မိတယ်။ လာလတ္တံ့ သောကလာတွေမှာလဲ တိုင်းရင်းသားများ ယုံကြည်နေဆဲဖြစ်တဲ့ ဖက်ဒရာယ်အိမ်မက်ကို ဆက်လဲကိုင်ဆွဲဖို့နဲ့ ဖက်ဒရာယ်လွန်အိမ်မက်တွေနဲ့ ပိုမိုကြမ်းတမ်းတဲ့ အထွေထွေအကျပ်အတည်းထဲ မသက်ဆင်းလိုဘူး ဆိုခဲ့ရင် အထက်ဖော်ပြခဲ့တဲ့ အချက်တွေကို မူဝါဒဖော်ဆောင်သူတွေအနေနဲ့ အလေးအနက်ထား စဉ်းစားကြစေလိုကြောင်းဖော်ပြအပ်ပါတယ်။

ဒဲရစ်
၂၂ ဂျွန် ၂၀၂၀

ကိုးကား
Peter Swift, ‘Understanding Chin political participation in Myanmar’(MSc. thesis, University of
Wisconsin-Madison, 2018)
– Peter Swift, ‘Understanding Chin political participation in Myanmar’(MSc. thesis, University ofWisconsin-Madison, 2018)
– Michael Hathaway, ‘The emergence of indigeneity: Public intellectuals and an Indigenous space in southwest China’.
– Ardeth Thawnghmung, The ‘Other’Karen in Myanmar: Ethnic minorities and the struggle without arms (Lanham, MD: Rowman & Littlefield, 2012)