• Today is: Wednesday, September 30, 2020

(၇၀)ႀကိမ္ေျမာက္အမ်ိဳးသားအာဇာနည္ေန႔

Federal Journal
September05/ 2020

Zawgyi

မန္းေအာင္ျပည္စိုး
၂၀၂၀ ခုႏွစ္၊ ဩဂုတ္လ ၁၂ ရက္ေန႔သို႔ ေရာက္ရွိ လာေတာ့မည္ ျဖစ္ပါသည္။ ဩဂုတ္လ ၁၂ ရက္ေန႔သည္ ကရင္အမ်ိဳးသားေခါင္းေဆာင္ ေစာဘဦးႀကီးႏွင့္ အေပါင္းအပါမ်ား ပစ္ခတ္ တိုက္ခိုက္မႈခံရၿပီး က်ဆံုး သြားခဲ့သည့္ေန႔ ျဖစ္ပါသည္။ ထိုေန႔ထိုရက္ကို ကရင္ အမ်ိဳးသားမ်ားက “ကရင္အာဇာနည္ေန႔”ဟူ၍ အသိ အမွတ္ျပဳ ေမာ္ကြန္းတင္ခဲ့ၾကသည္။ ၁၉၅၁ ခု ဧၿပီလ တြင္ က်င္းပခဲ့ေသာ ေစာဘဦးႀကီး ဖြဲ႕စည္းခဲ့သည့္ ေကာ္သူေလးအစိုးရ၏ အစည္းအေဝး၌ လူ႔အခြင့္ အေရး၊ ဒီမိုကေရစီအေရး၊ ကရင္အမ်ိဳးသား အေရး တို႔အတြက္အပတ္တကုတ္ ႀကိဳးစား အားထုတ္ခဲ့ သည့္ ေစာဘဦးႀကီး က် ဆံုးေန႔ရက္ကို “ကရင္ အာဇာနည္ေန႔” အျဖစ္ သတ္မွတ္ကမၸည္းတင္ရန္ တညီတညြတ္တည္း သေဘာတူခဲ့ၾက ျခင္းျဖစ္ သည္။ ၁၉၅၁ ခုႏွစ္မွ ယခု ၂၀၂၀ ျပည့္ႏွစ္အထိ ဆို လွ်င္ ႏွစ္ေပါင္း ၇၀ တိတိ အႀကိမ္ ၇၀ ေရာက္ရွိခဲ့ၿပီး ျဖစ္ပါသည္။
ကရင့္သမိုင္းကို တေစ့တေစာင္း ျပန္လွန္ ၾကည့္လွ်င္ KNU ေခၚ ကရင္အမ်ိဳးသားအစည္း အ႐ံုးကို ၁၉၄၇ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့သည္။ ၁၈၈၁ ခုႏွစ္တြင္ ကရင္အမ်ိဳး သားေရးအတြက္ စတင္ဖြဲ႕စည္းျဖစ္ခဲ့ေသာ “ေဒါကလု” ေခၚ ကရင္အမ်ိဳးသားအဖြဲ႕အစည္း (Karen National Association – KNA) သည္ ျမန္မာႏိုင္ငံအတြင္းသို႔ ဂ်ပန္မ်ား စတင္ဝင္ေရာက္သည့္ ၁၉၄၂-၄၃ ခုႏွစ္တြင္ ဩဇာတိကၠမ ေမွးမွိန္လာပါသည္။ ယင္းေနာက္ KCAB (Karen Central Advisory Board) ေခၚ ကရင္ဗဟို အႀကံေပးအဖြဲ႕၊ KCCO (Karen Central Organization) ေခၚ ကရင္ဗဟိုအဖြဲ႕၊ BKNA (Budhist Karen National Organization) ေခၚ ဗုဒၶဘာသာ ကရင္ အမ်ိဳးသားအသင္း၊ KYO (Karen Youth Orga-nization) ေခၚ ကရင္ လူငယ္အဖြဲ႕ခ်ဳပ္ စသည္ ျဖင့္ ကရင့္အမ်ိဳးသား အေရးကို ေဆာင္ၾကဥ္း သည့္ ကရင္အဖြဲ႕အစည္း မ်ား အလွ်ိဳလွ်ိဳ ေပၚ ေပါက္လာခဲ့ၾကပါသည္။ ျမန္မာ့ လြတ္လပ္ေရးရ ခါနီး ၁၉၄၇ ခုႏွစ္ ေဖေဖာ္ ဝါရီလ ၅ ရက္ေန႔တြင္ ယေန႔ ကရင့္သမိုင္း၌ ထင္ရွား ေက်ာ္ၾကား တည္ၿမဲေနသည့္ KNU (Karen National Union) ေခၚ ကရင္ အမ်ိဳးသား အစည္းအ႐ံုး သည္ အထက္ေဖာ္ ျပပါ ကရင္အဖြဲ႕အစည္းအားလံုး ပူးေပါင္းၿပီး တစ္ခု တည္းေသာ ကရင္ဦးေဆာင္ (ေရွ႕ေဆာင္)အဖြဲ႕အစည္း အျဖစ္ ဖြဲ႕စည္းေပၚေပါက္ခဲ့ သည္ဟု ဆိုႏိုင္ပါသည္။ KNU ကို ေဒါက္တာ ဘေမာ္အစိုးရႏွင့္ ဂ်ပန္တို႔က ကနဦး အသိအမွတ္ျပဳခဲ့ ၾကသည္။ ၁၉၄၉ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္ ကရင္ ေတာ္လွန္ေရးစတင္ၿပီး ေနာက္မွ ဦးႏုအစိုးရ၏ မတရားအသင္းအျဖစ္ ေၾကညာ ခံခဲ့ရၿပီး NCA (Nation-wide Ceasefire Agreement) လက္မွတ္ ထိုးခဲ့သည့္ ၂၀၁၅ ခုႏွစ္မွသာ တရားဝင္အဖြဲ႕ အစည္း အျဖစ္ ျပန္လည္အသိအမွတ္ျပဳျခင္း ခံခဲ့ရပါသည္။ KNU ၏ ဥကၠ႒အျဖစ္ ေအာက္ပါပုဂိၢဳလ္မ်ားက အဆင့္ဆင့္ တာဝန္ယူခဲ့ၾကပါသည္။
စဥ္ အမည္ တာဝန္ယူသည္႕ကာလ
၁။ ေစာစံဖိုးသင္ ၁၉၄၇ ေဖေဖာ္ဝါရီမွေမလ
၂။ ေစာဘဦးႀကီး ၁၉၄၇ မွ ၁၉၅၀
၃။ စေကာလယ္ေတာ ၁၉၅၀ မွ ၁၉၅၇
၄။ ေစာဟန္တာသာေမႊး ၁၉၅၃ မွ ၁၉၆၃
၅။ မန္းဘဇံ ၁၉၆၃ မွ ၁၉၇၅
၆။ ေစာဘိုျမ ၁၉၇၆ မွ ၂၀ဝ၀
၇။ ေစာဘသင္စိန္ ၂၀ဝ၀ မွ ၂၀ဝ၈
၈။ ေစာတာမလာေဘာ ၂၀ဝ၈ မွ ၂၀၁၂
၉။ ေစာမူတူးေစးဖိုး ၂၀၁၂ မွ ယေန့ထိ

ထိုပုဂၢိဳလ္မ်ားအနက္ ေစာဘဦးႀကီးမွာ အထင္ ရွားဆံုး ပုဂၢိဳလ္ျဖစ္ပါသည္။
ေစာဘဦးႀကီးသည္ ၁၉၀၅ ခုႏွစ္တြင္ အဖ ေစာသာျမတ္ႀကီး အမိ ေနာ္ေအးႏုတို႔မွ ပုသိမ္ၿမိဳ႕နယ္၊ ရန္ကုန္-ပုသိမ္ မီးရထားလမ္းမႀကီးေဘးရွိ ဘဲဂယက္ ရြာတြင္ ေမြးဖြားခဲ့ၿပီး ၁၉၅၀ ျပည့္ႏွစ္တြင္ ပစ္ခတ္ သတ္ျဖတ္ျခင္းခံရသျဖင့္ အသက္ ၄၅ ႏွစ္အရြယ္၌ ကြယ္လြန္သြားျခင္း ျဖစ္ပါသည္။

(၂)
ကရင္အာဇာနည္ေန႔ ေပၚေပါက္လာပံုအက်ဥ္း ကို ေဖာ္ျပၿပီးေနာက္ ကရင္အာဇာနည္ဆိုသည္မွာ ဘာလဲဟူသည့္ ေမးခြန္းကို အေျဖရွာၾကရန္ လိုပါသည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ အေပါင္းပါမ်ားကို တိုင္းျပည္ ၏ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားဟု အသိအမွတ္ျပဳ ၾကရာ၌ အဓိကအားျဖင့္ ႏိုင္ငံ့လြတ္လပ္ေရးရရွိေအာင္ ဦးေဆာင္ႀကိဳးပမ္းေဆာင္ရြက္ခဲ့ေသာေၾကာင့္ ျဖစ္ သည္။ ေစာဘဦးႀကီးသည္ ကရင္ျပည္ရရွိေရးအတြက္ ဦးေဆာင္ႀကိဳးပမ္းခဲ့ေသာ္လည္း သူကြယ္လြန္ၿပီးသည့္ ေနာက္ျဖစ္ေစ၊ ယခုအခ်ိန္ထိျဖစ္ေစ၊ ကရင္မ်ားလိုလား ရယူခ်င္သည့္ ကရင္ျပည္နယ္အမ်ိဳးအစားကို မရရွိခဲ့ ေပ။ ေစာဘဦးႀကီးကိုယ္တိုင္၌ကမူ ေခါင္းေဆာင္ ေကာင္းပီသ တည္ၾကည္စြာျဖင့္ ကရင့္ေတာ္လွန္ေရး ကို ဦးေဆာင္ဦးရြက္ျပဳခဲ့သည္။
စင္စစ္ ေစာဘဦးႀကီးသည္ လူမိုက္၊ လူရမ္းကား တစ္ဦး မဟုတ္ခဲ့ပါ။ လန္ဒန္မွ ဟိုစဥ္က ဥပေဒဘြဲ႕ရရွိ ခဲ့ေသာ ပညာတတ္တစ္ဦးျဖစ္ေနေသာ္လည္း မာန္မာန ေထာင္လႊားျခင္း မရွိ၊ မိမိ၏ ကရင္အမ်ိဳးသားမ်ား အတြက္ ႐ိုက်ိဳးသိမ္ေမြ႕စြာ အမႈထမ္းခဲ့သူတစ္ဦး ျဖစ္ ပါသည္။ စစ္ကိုမလိုလားဘဲ ၿငိမ္းခ်မ္းေရးကို အထူးပင္ ရရွိလိုေသာ ပုဂၢိဳလ္တစ္ဦး ျဖစ္ပါသည္။ ျမန္မာတစ္ႏိုင္ငံ လံုးနီးပါးကို ကရင္တပ္မ်ား သိမ္းပိုက္ႏိုင္ခ်ိန္၌ ဦးႏု၏ အပစ္အခတ္ရပ္စဲေရး၊ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ကို ယံုယံုၾကည္ၾကည္ လက္ခံအေကာင္အထည္ေဖာ္ခ်ိန္ တြင္ ဦးႏုႏွင့္ ဗိုလ္ခ်ဳပ္ေနဝင္းတို႔က ၎တို႔၏ ကတိ ကဝတ္ကို ေဖာက္ဖ်က္ကာ အိႏိၵယအစိုးရထံမွ လက္ နက္ခဲယမ္းမီးေက်ာက္မ်ား၊ သံခ်ပ္ကာကားႀကီးမ်ား အကူအညီရယူ စုေဆာင္းခဲ့ပါသည္။ ၎ေနာက္ ကရင္ တပ္မ်ားကို ျပန္လည္တိုက္ခိုက္ရာ KNU တို႔သည္ ၎တို႔၏ ဌာနခ်ဳပ္ အင္းစိန္မွ ေတာင္ငူသို႔လည္း ေကာင္း၊ ထိုမွတစ္ဆင့္ ဖာပြန္သို႔လည္းေကာင္း အဆင့္ ဆင့္ ေျပာင္း၍ ခုခံခဲ့ရသည့္အေျဖသည္ ေစာဘဦးႀကီး ၏ ႐ိုးသားျဖဴစင္ ကတိတည္မႈေၾကာင့္ပင္ ျဖစ္သည္။ ေကာကရိတ္ၿမိဳ႕နယ္ နဘူး-ေထာ့ေကာ္ကိုးရြာသို႔ စည္း႐ံုးေရး သြားေရာက္ရာ၌လည္း မိမိ၏လံုၿခံဳေရးကို ဂ႐ုမျပဳဘဲ မိမိ၏ ကရင္ေသြးခ်င္းမ်ား “မိမိကို ကာကြယ္ မွာပဲေလ”ဟူသည့္ ႐ိုးသားေသာ ခံယူခ်က္ျဖင့္ ခရီးထြက္ ခဲ့ၿပီး လံုေလာက္ေသာ လံုၿခံဳေရးအေစာင့္အေရွာက္ မယူခဲ့ပါ။ သို႔ရာတြင္ KNDO တပ္မွ ေစာေမာင္အဲ၏ သစၥာေဖာက္သတင္းေပးမႈေၾကာင့္ ခ်ံဳခိုတိုက္ခိုက္ခံရ ကာ အသက္ေပးခဲ့ရသည့္ သမိုင္းျဖစ္ရပ္မွာလည္း လြန္စြာေၾကကြဲစရာ ေကာင္းလွပါသည္။ ႐ိုးသားျဖဴစင္ မႈေၾကာင့္ ျပန္လည္ေပးဆပ္ရသည့္ အသီးအပြင့္မွာ တန္ဖိုးႀကီးလွပါေခ်တကား…။ မိမိ၏ဖခင္ လယ္ပိုင္ ရွင္ႀကီး ေစာသာျမတ္ႀကီးက လယ္သူရင္းငွားမ်ားထံမွ ေခါင္းပံုျဖတ္ အျမတ္ႀကီးစားမႈမ်ားကို မႏွစ္ၿမိဳ႕သျဖင့္ ဖခင္ႏွင့္ အႀကီးအက်ယ္ စကားမ်ားခဲ့ျခင္းသည္လည္း သနားညႇာတာတ္သည့္ ပင္ကိုစိတ္ေၾကာင့္ပင္ ျဖစ္ သည္။ ကရင္လူငယ္မ်ား မအူပင္ဘဏ္မွ ေငြမ်ားကို တိုက္ခိုက္လုယူေသာအခါ မိမိပိုင္လယ္ဧက ၁၀ဝ၀ ကို ေရာင္းခ်ၿပီး ျပန္လည္ေပးေလွ်ာ္မည္ဟူသည့္ မိမိ၏ ေသြးခ်င္းမ်ားအေပၚ စစ္မွန္ေသာ ေစတနာထားမႈကို လည္း မေလးစား၍ မရပါ။ ျမန္မာ့လြတ္လပ္ေရး ႀကိဳး ပမ္းမႈသမိုင္းတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ႏွင့္အတူ ပါဝင္ဆင္ႏႊဲခဲ့ျခင္း၊ ကရင္-ဗမာ ခ်စ္ၾကည္ေရးအတြက္ ႀကိဳးစားအားထုတ္ခဲ့ျခင္း၊ ကရင္ျပည္ရရွိေရး၊ ကရင္ တိုင္းရင္းသား ၄၅၄၁၀ဝ ကို စည္း႐ံုးလ်က္ စည္းကမ္း ေသဝပ္စြာ အသံတိတ္ ဆႏၵျပႏိုင္ေရး စီမံႏိုင္ခဲ့ျခင္း၊ ကရင္အမ်ိဳးသားမ်ား၏ အခြင့္အေရးအတြက္ အသက္ ေသသည္အထိ တိုက္ပြဲဝင္ခဲ့ျခင္း၊ နားလည္ခြင့္လႊတ္ သည္းခံစိတ္ရွိျခင္း စသည္တို႔သည္ အာဇာနည္တို႔၏ ဂုဏ္ပုဒ္၊ ဂုဏ္ထူးဝိေသသမ်ားႏွင့္ ျပည့္စံုကံုလံုေပမယ့္ လည္း ျမန္မာအုပ္စိုးသူအဆင့္ဆင့္က သူ႔အား အာဇာ နည္အျဖစ္ အသိအမွတ္မျပဳခဲ့ေပ။ သို႔ရာတြင္ ကရင္ တိုင္းရင္းသားမ်ားကမူ ေစာဘဦးႀကီးကို ကရင္ အာဇာနည္အျဖစ္ အသိအမွတ္ျပဳ ကမၸည္းေမာ္ကြန္း တင္ခဲ့ၾကပါသည္။

(၃)
ကရင္အာဇာနည္ေန႔ကို အဓိပၸာယ္ဖြင့္ဆိုရာ၌ စဥ္းစားဆင္ျခင္ရန္ လိုအပ္ပါသည္။ မိမိတို႔ကရင္မ်ား သည္ မည္သူ႔ကို ကရင္အာဇာနည္အျဖစ္ အသိအမွတ္ ျပဳၾကမည္နည္း…။ ကရင္အဖြဲ႕အစည္းေပါင္းစံုက ညႇိႏိႈင္းသတ္မွတ္ၾကရန္ လိုအပ္မည္ျဖစ္ပါသည္။ ကရင္ ေခါင္းေဆာင္အခ်ိဳ႕က ကရင့္ၾကမၼာ ကရင္သာဖန္တီး ၿပီး က်ဆံုးသြားၾကေသာ ေစာဘဦးႀကီး၊ မန္းဘဇံ၊ ေစာဘိုျမ၊ ေစာဘသင္စိန္မန္းရွာလား၊ ဖန္းတို႔ကို ကရင္ အာဇာနည္မ်ားအျဖစ္ အသိအမွတ္ျပဳလ်က္ အဂၤလိပ္ ဘာသာျဖင့္ ေအာက္ပါအတိုင္း ေမာ္ကြန္းတင္ခဲ့ၾက သည္။
“Honouring to the martyrs who decided Karen’s own political destiny”
ကရင့္ႏိုင္ငံေရးၾကမၼာ ကရင္သာဖန္တီးသည့္ အာဇာနည္မ်ားကို ဂုဏ္ျပဳ (အေလးျပဳ) ၾကပါစို႔… ဟူ၍ အဓိပၸာယ္ဖြင့္ဆိုရမည္ ထင္ပါသည္။
အခ်ိဳ႕ေသာသူမ်ားကလည္း ၁၉၅၀ ျပည့္ႏွစ္ ဩဂုတ္လ ၁၂ ရက္ေန႔တြင္ ေစာဘဦးႀကီးႏွင့္အတူ လက္နက္မခ်တန္းေသသည္အထိ ခုခံတိုက္ခိုက္ခဲ့ၾက သည့္ ဗိုလ္ခ်ဳပ္ေစာစိုင္းေခ အပါအဝင္ ၉ ဦးကို ကရင္ အာဇာနည္မ်ားအျဖစ္ အသိအမွတ္ျပဳရန္ ေဆြးေႏြး တင္ျပၾကသည္။ အခ်ိဳ႕ ကရင္ေခါင္းေဆာင္မ်ားကမူ ရန္သူ႔လက္ခ်က္ေၾကာင့္ က်ဆံုးသြားၾကသည္ျဖစ္ေစ၊ ေရာဂါဘယႏွင့္ အျခားအေၾကာင္းတစ္ခုခုေၾကာင့္ ကြယ္လြန္သြားၾကသည္ျဖစ္ေစ ကရင္အမ်ိဳးသားေရး ကို စြမ္းစြမ္းတမံ ေဆာင္ရြက္ခဲ့ၾကပါက ကရင္အာဇာနည္ မ်ားအျဖစ္ အသိအမွတ္ျပဳေစလိုၾကပါသည္။
ေစာဘဦးႀကီး က်ဆံုးခဲ့သည့္ေန႔ကို အစြဲျပဳ၍ ကရင္အာဇာနည္ေန႔ သတ္မွတ္ျခင္းကို ကရင္အားလံုး လက္ခံၾကၿပီးျဖစ္ေသာ္လည္း မည္သူ႔ကို အာဇာနည္ မ်ားဟူ၍ မည္သည့္အေၾကာင္းျပခ်က္ျဖင့္ မွတ္ေက်ာက္ တင္ရမည္ကို ယေန႔ရွိေနေသာ ကရင္ေခါင္းေဆာင္မ်ား အေပၚ တာဝန္ရွိလာပါသည္။ ယင္းကိစၥသည္ ကရင္တို႔ အတြက္ သမိုင္းေပးတာဝန္ပင္ ျဖစ္ပါသည္။

(၄)
ကရင့္သမိုင္းကို ထပ္ဆင့္ဋီကာခ်ဲ႕မည္ဆိုပါက ကရင္မ်ား အဘယ့္ေၾကာင့္ ေတာ္လွန္ေရး ဆင္ႏႊဲခဲ့ၾက သနည္း…။ ႐ိုး႐ိုးေျဖရရလွ်င္ “လိုခ်င္တာ မရလို႔”ဟု ေျပာႏိုင္ပါသည္။ သီးျခား ကရင္ျပည္ရရွိေရးအတြက္ ၂၈.၂.၁၉၄၇ ရက္ေန႔တြင္ KNU က ေဒါက္တာဘေမာ္ အစိုးရထံ ေတာင္းဆိုခ်က္ ၆ ခ်က္ကို တင္ျပရာ သန္း ေခါင္စာရင္း ေကာက္ယူေရးႏွင့္ သီးျခားကရင္တပ္မ်ား ထားရွိေရးဟူသည့္ အခ်က္ ၂ ခ်က္သာ လိုက္ေလ်ာခဲ့ ျခင္း၊ ေစာဘဦးႀကီးသည္ သီးျခားကရင္ျပည္ရရွိေရး အတြက္ ကရင္ေခါင္းေဆာင္အခ်ိဳ႕ႏွင့္အတူ လန္ဒန္သို႔ သြားေရာက္ အေရးဆိုခဲ့ေသးေသာ္လည္း ထူးျခားမႈ မရွိျခင္း၊ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္တြင္ ကရင္လႊတ္ ေတာ္အမတ္မ်ား နည္းပါးေနျခင္း၊ လြတ္လပ္ေရး အတြက္ လန္ဒန္သို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္း သြားေရာက္ အေရးဆိုရာ၌ ကရင္ကိုယ္စားလွယ္တစ္ဦးမွ မပါရွိ ျခင္း၊ လန္ဒန္တြင္ သီးျခားကရင္ျပည္နယ္ ေပးအပ္ေရး ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔က တစ္ခြန္းတစ္ပါဒမွ် ဖြင့္မေျပာခဲ့ျခင္း စသည္တို႔သည္ ကရင္လူမ်ိဳးမ်ား အတြက္ KNU ၏ အေထြေထြမေက်နပ္မ်ား ျဖစ္သည္။ ဤသည္တို႔မွာ ကရင္ေတာ္လွန္ေရး ေပၚေပါက္ရန္ အစပ်ိဳး သေႏၶတည္လာေစျခင္းပင္ ျဖစ္ပါသည္။
၁၉၄၈ ခု ေဖေဖာ္ဝါရီလ ၃ ရက္ေန႔တြင္ ကရင္ ျပည္ေပးရန္ ေစာဘဦးႀကီးဥကၠ႒အျဖစ္ ေဆာင္ရြက္သည့္ KNU ကရင္အမ်ိဳးသားအစည္းအ႐ံုးက ဖဆပလ အစိုးရထံ တရားဝင္တင္ျပေတာင္းဆိုခဲ့သည္။ ထိုေတာင္း ဆိုခ်က္ကို တစ္လျပည့္ေျမာက္သည့္ ၁၉၄၈ ခု မတ္လ ၃ ရက္တြင္ အေၾကာင္းျပန္ၾကားရန္ ခ်ိန္းဆိုခဲ့သည္။ ထို႔ျပင္ ေတာင္းဆိုခ်က္မ်ား ပိုမိုေလးနက္ေစရန္အတြက္ KNU သည္ တစ္ျပည္လံုးရွိ ကရင္လူထုကို စည္း႐ံုး ေဆာ္ဩၿပီး ၁၉၄၈ ခု၊ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔တြင္ ႀကီးမားက်ယ္ျပန္႔ေသာ ကရင္လူထုဆႏၵျပပြဲတစ္ရပ္ က်င္းပလ်က္ ေအာက္ပါေျြကးေၾကာ္သံ ၄ ရပ္ကို ပိုစတာျဖင့္ ကိုင္ေဆာင္ၿပီး အသံတိတ္စည္းကမ္းရွိစြာ စီတန္းလွည့္လည္ ဆႏၵျပခဲ့ၾကပါသည္။
၁။ ကရင္ျပည္ခ်က္ခ်င္းေပး၊
၂။ ကရင္တစ္က်ပ္၊ ဗမာတစ္က်ပ္ ခ်က္ခ်င္းျပ၊
၃။ လူမ်ိဳးေရးအဓိက႐ုဏ္း အလိုမရွိ၊
၄။ ျပည္တြင္းစစ္ အလိုမရွိ၊
ဤေျြကးေၾကာ္သံမ်ားသည္ ႏိုင္ငံေရး အရ လြတ္ လပ္ျခင္း၊ တန္းတူျခင္း၊ ညီမွ် ျခင္း၊ ၿငိမ္းခ်မ္းျခင္း၊ ဒီမို ကေရစီ ေပၚထြန္း ေရးကို ေဖာ္ေဆာင္ျခင္း စသည့္ အဓိပၸာယ္ မ်ားသက္ ေရာက္ေစပါသည္။ ကရင္လူထု ၄၅၄၁၀ဝ ဦး တက္ေရာက္ဆႏၵျပခဲ့ေသာ ဤပြဲသည္ ႏိုင္ငံ့သမိုင္းတြင္ အသံတိတ္ စနစ္ျဖင့္ စည္း ကမ္းေသဝပ္ မႈအရွိဆံုး ဆႏၵျပပြဲ တစ္ရပ္ ျဖစ္ခဲ့ၿပီး ထိုေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔ ကိုလည္း “ကရင္အမ်ိဳးသားေန႔”အျဖစ္ ယေန႔တိုင္ သတ္မွတ္ေမာ္ကြန္း တင္ခဲ့ပါ သည္။
ကရင္တိုင္းရင္းသားမ်ား ထိုသို႔ ေတာင္းဆိုဆႏၵ ျပခဲ့ၾကေသာ္လည္း ဘာမွ် အရာမေရာက္သည့္အျပင္ ကရင္မ်ားသည္ လူဆိုး၊ သူခိုး၊ ဓားျပမ်ားျဖစ္ေၾကာင္း၊ တိုင္းျပည္ဆူပူေအာင္ လုပ္ေဆာင္သည့္ နယ္ခ်ဲ႕ လက္ပါးေစ ေသာင္းက်န္းသူမ်ား သာျဖစ္ေၾကာင္း ဗမာသတင္းစာမ်ားက အမ်ိဳးမ်ိဳးပုတ္ခတ္ေရးသားလာ ၾကပါသည္။ ခ်ဳပ္ၿပီးတင္ျပရလွ်င္ (၂၇.၁.၁၉၄၉)ရက္ ေန႔တြင္ စမ္းေခ်ာင္းရွိ KNU ဗဟို႐ံုးကို လည္းေကာင္း၊ (၃၁.၁.၁၉၄၉) ရက္ေန႔ နံနက္ေစာေစာ ပိုင္းတြင္ အင္းစိန္ရွိ KNDO ဗဟိုစခန္းႏွင့္ သမိုင္းရွိ KNDO စခန္းမ်ားကိုလည္းေကာင္း၊ လူေနရပ္ ကြက္မ်ားကို လည္းေကာင္း၊ ဖဆပလတပ္မ်ားက တစ္ၿပိဳင္တည္း ဝိုင္းဝန္းတိုက္ခိုက္သည့္အျပင္ KNU ကရင္အမ်ိဳးသား အစည္းအ႐ံုးႏွင့္ KNDO ကရင္ အမ်ိဳးသားကာကြယ္ ေရး တပ္မေတာ္တို႔ မတရား အသင္းမ်ားအျဖစ္ ဦးႏု အစိုးရက ေၾကညာလိုက္ ေသာအခါ KNU ေခါင္း ေဆာင္မ်ားသည္ တစ္ျပည္ လံုးရွိ ကရင္မ်ားထံသို႔ မိမိ ကိုယ္ကိုကာကြယ္ရန္ အတြက္ ရရာလက္နက္၊ ရွိသည့္ အင္အားတို႔ျဖင့္ ဖဆပလအစိုးရကို ခုခံတိုက္ခိုက္ရန္ (၃၁.၁.၁၉၄၉) ရက္ေန႔တြင္ မလႊဲမေရွာင္သာ ၫႊန္ၾကား ခ်က္ထုတ္ျပန္ခဲ့ပါသည္။ ထိုေန႔သည္ “ကရင္အမ်ိဳးသား ေတာ္လွန္ ေရးေန႔”ဟူ၍ သမိုင္းတြင္က်န္ရစ္ခဲ့သည္။ ကရင္မ်ား မိမိလိုခ်င္တာမရလို႔ ေတာ္လွန္ေရးဆင္ႏႊဲခဲ့ရ သည္ ဆိုျခင္းထက္ အထက္ေဖာ္ျပခဲ့ေသာ လြတ္လပ္ ျခင္း၊ ညီမွ်ျခင္း၊ တန္းတူျခင္း၊ ၿငိမ္းခ်မ္းျခင္း၊ ဒီမိုကေရစီ အခြင့္အေရးမ်ား မရရွိျခင္း စသည့္ ေလးနက္ေသာ အေၾကာင္းအရာမ်ားအေပၚ အေျခခံ၍ ခုခံစစ္ဆင္ႏႊဲ ခဲ့ရျခင္းျဖစ္ၿပီး မိမိလိုခ်င္သည့္ အခြင့္အေရးအတြက္ ခုခံေတာ္လွန္ျခင္းသာျဖစ္ေၾကာင္း ဆိုပါက ပို၍ မွန္ကန္ ပါလိမ့္မည္။

(၅)
လြတ္လပ္ျခင္း၊ ညီမွ်ျခင္း၊ တန္းတူျခင္းဟူသည့္ ေလာကပါလတရားမ်ားကို အေျခခံ၍ ကရင္လူမ်ိဳးမ်ား သည္ ဒီမိုကေရစီ၏ အသီးအပြင့္မ်ားကို ခံစား စံစား လိုခဲ့ၾကပါသည္။ ေအဒီ ၆ ရာစုေလာက္တြင္ ျမန္မာ့ သမိုင္း၌ ျမန္မာဘုရင္မင္းအဘိရာဇာ စတင္နန္းစံခဲ့ သည္ဟု သင္ၾကားေလ့လာခဲ့ရဖူးပါသည္။ ေအဒီ ၁၈၂၄ ခုတြင္ အဂၤလိပ္-ျမန္မာ ပထမစစ္၊ ေအဒီ ၁၈၅၂ ခု တြင္ အဂၤလိပ္-ျမန္မာ ဒုတိယစစ္ ျဖစ္ပြားခဲ့ပါသည္။ ကရင့္သမိုင္းအစ ပမာဏကိုမူကား ေအဒီ ၁၈၈၁ ခု ေလာက္တြင္မွ စတင္သိရွိလာရသည္ဟု ဆိုရပါမည္။ ျမန္မာႏိုင္ငံတြင္းသို႔ ကရင္မ်ား ဒုတိယအႀကိမ္ေရာက္ရွိ လာသည့္ ဘီစီ ၇၃၉ ခုႏွင့္ တေကာင္းဘုရင္ အဘိရာဇာ စတင္အုပ္စိုးသည့္ ေအဒီ ၆ ရာစုကို ေပါင္းလွ်င္ ႏွစ္ေပါင္း ၁၇၃၉ ခုႏွစ္ ၾကာရွည္ေသာကာလအတြက္ ကရင့္သမိုင္း မည္သို႔ရွိသနည္း…။ မိမိတို႔ မသိရပါ။ ထို႔ျပင္ ဘီစီ ၇၃၉ မွ အဂၤလိပ္-ျမန္မာ ဒုတိယစစ္ျဖစ္သည့္ ေအဒီ ၁၈၅၂ ထိ ႏွစ္ေပါင္း ၂၅၉၁ ခုႏွစ္ ရွည္ၾကာကာလတြင္လည္း မိမိတို႔ကရင္လူမ်ိဳးမ်ား၏ အေျခအေနကို သမိုင္းမတင္ ႏိုင္ခဲ့ေသးပါ။ ျမန္မာဘုရင္၏ လက္ေအာက္ခံ ကရင္ ေစာ္ကဲမ်ား၊ စေကာ္မ်ားေလာက္သာ ရွိသည္ဟု ေျပာ ဆိုသံၾကားရပါသည္။ ဒုတိယ အဂၤလိပ္-ျမန္မာ စစ္ၿပီး ၍ ေအာက္ျမန္မာႏိုင္ငံတစ္ခုလံုး အဂၤလိပ္လက္ ေအာက္ ေရာက္ခါမွ ကရင္မ်ား၏အေၾကာင္း တေစ့ တေစာင္း သိရွိလာရပါသည္။ ေအဒီ ၁၈၆၀ ျပည့္ႏွစ္ ေဒါက္တာတီသံျပာတို႔အုပ္စု အေမရိကန္ျပည္ေထာင္စု သို႔ ပညာေတာ္သင္ သြားေရာက္ခဲ့သည္မွအစ ကရင္ တို႔၏ လူမႈေရး၊ ႏိုင္ငံေရး ႐ုန္းကန္လႈပ္ရွားမႈမ်ားကို သိရွိလာခဲ့ရပါသည္။
၁၈၈၅ ခု၊ ဒီဇင္ဘာလ ၃၁ ရက္တြင္ အဂၤလိပ္တို႔ က ျမန္မာတစ္ႏိုင္ငံလံုးကို သိမ္းပိုက္ၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံတြင္ အမ်ိဳးသားေရး ႐ုန္းကန္လႈပ္ရွားမႈ အမ်ားအျပား ေပၚေပါက္ခဲ့သလို ကရင္တို႔သည္လည္း အမ်ိဳးသားေရးႏွင့္ တန္းတူညီမွ် အခြင့္အေရးရရွိဖို႔ အထူးႀကိဳးပမ္းအားထုတ္ခဲ့သည္။ အထူးသျဖင့္ ျမန္မာ့ လြတ္လပ္ေရးရခါနီးတြင္ သီးျခားကရင္ျပည္နယ္ရရွိ ေရးႏွင့္ ကိုယ္ပိုင္ျပ႒ာန္းခြင့္ရရွိေရးကို ေစာဘဦးႀကီး ဦးေဆာင္သည့္ KNU အဖြဲ႕အစည္းႀကီးက အပတ္ တကုတ္ ႀကိဳးပမ္းအားထုတ္ခဲ့သည္။ တိုင္းရင္းသားမ်ိဳး ႏြယ္စုႀကီးမ်ားျဖစ္ေသာ ရခိုင္၊ မြန္၊ ကရင္တို႔သည္ ျမန္မာျပည္မ (Burma Proper) တြင္ ပါရွိသျဖင့္ ပင္လံု စာခ်ဳပ္ခ်ဳပ္ဆိုပြဲသို႔ ပါဝင္တက္ေရာက္ေဆြးေႏြး လက္ မွတ္ထိုးခြင့္မရဘဲ ဗမာျပည္မ ကိုယ္စားလွယ္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ ကခ်င္၊ ခ်င္း၊ ရွမ္း ကိုယ္စားလွယ္မ်ား သာ လက္မွတ္ထိုးခဲ့ျခင္းသည္လည္းေကာင္း၊ ကရင္ ကိုယ္စားလွယ္မ်ားျဖစ္သည့္ ေစာစိုင္းခ၊ ေစာခ်စ္တီး၊ ဦးလွေဖ၊ ေစာဝီရီေက်ာ္တို႔လည္း ပင္လံုသို႔ အေရာက္ ေနာက္က်သျဖင့္ ေဆြးေႏြးခြင့္မရခဲ့ျခင္းသည္လည္း ေကာင္း စသည္တို႔ေၾကာင့္ KNU သည္ ေအာင္ဆန္း- အက္တလီ စာခ်ဳပ္ႏွင့္ ေနာက္ပိုင္း လြတ္လပ္ေရး အမွန္ရရွိေရးအတြက္ ခ်ဳပ္ဆိုခဲ့ေသာ ႏု-အက္တလီ စာခ်ဳပ္မ်ားကို လက္မခံခဲ့ေပ။ ဆိုလိုသည္မွာ ျပည္ ေထာင္စုကို ေဖာ္ေဆာင္ခဲ့ေသာ ပင္လံုစာခ်ဳပ္ႏွင့္ပတ္ သက္၍ ကရင္မ်ား ႏွစ္သက္လက္ခံျခင္းမရွိေၾကာင္း ေပၚလြင္ေနပါသည္။ ကရင္တို႔၏ အဓိကရည္မွန္းခ်က္ မွာ သီးျခားလြတ္လပ္ေသာ ကရင္ျပည္ထူေထာင္ႏိုင္ ေရးမွသည္ ေရွ႕ပိုင္း၌ တင္ျပခဲ့သည့္ လြတ္လပ္ညီမွ် တန္းတူအခြင့္အေရးမ်ား၊ ကိုယ့္ၾကမၼာ ကိုယ္သာ ဖန္တီးႏိုင္ခြင့္ရရွိေရးမ်ားသာျဖစ္ေၾကာင္း ေစာဘဦးႀကီး ကိုယ္တိုင္ ၁၉၅၀ ျပည့္ႏွစ္တြင္ ကမၻာသိ ထုတ္ျပန္ ေၾကညာခဲ့ေသာ ေအာက္ပါမူေလးခ်က္ကို ၾကည့္ျခင္း အားျဖင့္ နားလည္သေဘာေပါက္ၾကမည္ ျဖစ္ပါသည္။
၁။ လက္နက္ခ် အညံ့ခံအ႐ံႈးေပးျခင္းကို ကြ်ႏု္ပ္တို႔ အလ်ဥ္းမလုပ္ပါ။
(For us Surrender is out of question)
၂။ ကရင္ျပည္ အသိအမွတ္ျပဳေရး ၿပီးျပည့္စံုေစရမည္။
(The recognition of Karen State must be complete)
၃။ ကြ်ႏု္ပ္တို႔ လက္နက္ ကြ်ႏု္ပ္တို႔ လက္ထဲတြင္ ရွိရမည္။
(We shall retain our arms)
၄။ ကြ်ႏု္ပ္တို႔၏ ႏိုင္ငံေရးၾကမၼာ ကြ်ႏု္ပ္တို႔ဘာသာ ဖန္တီးမည္။
(We shall decide our own political destiny)
အထက္ပါ အခ်က္မ်ားသည္ ေစာဘဦးႀကီးႏွင့္ တကြ ကရင္တိုင္းရင္းသားအားလံုး ခံယူထားၾကသည့္ အဓိကခံယူခ်က္မ်ားျဖစ္ေၾကာင္း သံသယရွိစရာ မလို ေပ။
ကရင္မ်ား လိုလားေတာင့္တ ေမွ်ာ္မွန္းခဲ့သည့္ အေရးအရာမ်ားရရွိႏိုင္ေရးအတြက္ အာဇာနည္ ေစာဘဦးႀကီးက ကရင္တို႔အား ေရွ႕ေဆာင္လမ္းျပ နည္းေပးလမ္းၫႊန္ခဲ့ၿပီးျဖစ္ပါသည္။ စင္စစ္ ဩဂုတ္လ ၁၂ ရက္ေန႔ကို ကရင္အမ်ိဳးသားအာဇာနည္ေန႔ဟု သတ္မွတ္ခ်က္ ေစာဘဦးႀကီးကို ရည္ၫႊန္းသည္ သက္သက္မဟုတ္ဘဲ ကရင့္လက္နက္ကိုင္ေတာ္လွန္ ေရးတြင္ ဂုဏ္ေျပာင္စြာ အသက္ေပးလွဴခဲ့ၾကသူ အားလံုးကို ရည္ၫႊန္းဂုဏ္ျပဳသည့္ေန႔ဟူ၍ ကရင္ လူႀကီးတစ္ဦးက ေကာက္ခ်က္ခ်ခဲ့ပါသည္။

(၆)
ကရင့္ေတာ္လွန္ေရးႏွင့္ ဆက္ႏြယ္ေသာ ေစာဘဦးႀကီး၏ မွတ္သားဖြယ္ စကားအခ်ိဳ႕ကို ျပန္ ေျပာင္းေဖာ္ျပလိုပါသည္။
(၁) ခြဲမထြက္ေရး၊ ကရင္ျပည္ သတ္မွတ္ေပးေရး ႏွင့္ ပတ္သက္၍ ၁၉၄၇ ခုႏွစ္တြင္ ေစာဘဦးႀကီးက ဗိုလ္ခ်ဳပ္ေအာင္ဆန္းအား ေျပာၾကားသည့္စကားမွာ ]ကရင္လူမ်ိဳးမ်ား ျပည္ေထာင္စု ခြဲမထြက္ခ်င္ေအာင္ ေဆာင္ရြက္ရမည့္ တာဝန္မွာ ဗမာလူမ်ိဳးမ်ားထဲတြင္သာ ရွိသည္။ ထိုနည္းတူ ဗမာမ်ားက ကရင္ျပည္ေပးခ်င္ ေအာင္ ေဆာင္ရြက္ရမည့္ တာဝန္မွာ ကရင္လူမ်ိဳးမ်ား ထဲတြင္သာ ရွိသည္”
(၂) ၁၉၄၈ မတ္လ ၁၀ ရက္ေန႔တြင္ ကရင္ျပည္ ေပးအပ္ေရးႏွင့္ ပတ္သက္၍ ဝန္ႀကီးခ်ဳပ္ ဦးႏုႏွင့္ ေစာဘဦးႀကီးတို႔ အျပန္အလွန္ ေျပာၾကားသည့္ စကား မ်ားမွာ –
ဦးႏု… “က်ဳပ္တို႔ ဖဆပလအစိုးရဟာ လႊတ္ ေတာ္ဥပေဒအတိုင္း စီမံေဆာင္ရြက္ရတာ ျဖစ္တယ္။ ဒါေၾကာင့္ ကရင္ျပည္ေပးလို႔ မရဘူး၊ ခင္ဗ်ားတို႔ေတာင္း တဲ့ ကရင္ျပည္မေပးတဲ့အတြက္ ေနာက္ဆံုးမွာေတာ့ က်ဳပ္တို႔ တိုက္ခိုက္ၾကဖို႔ပဲ ရွိေတာ့တယ္။ တိုက္ပြဲျဖစ္ လို႔ ကရင္က ဗမာရဲ႕လည္ပင္းကိုခုတ္ရင္ ဗမာက သိုး ကေလးလို လည္စင္းေပးမွာေတာ့ မဟုတ္ဘူး။ ႏွစ္ ခ်က္ျပန္မခုတ္အားရင္ေတာင္မွ တစ္ခ်က္ေတာ့ က်ိန္း ေသ ျပန္ခုတ္မွာပဲ။ ဒါေၾကာင့္မို႔ ဥသွ်စ္သီး ႏွစ္လံုးကို အခ်င္းခ်င္းထုရင္ ထုတဲ့အသီးေရာ အထုခံတဲ့အသီး ေရာ ႏွစ္လံုးစလံုး ကြဲၿပီး ႏွစ္ ၅၀ အတြင္း ကရင္နဲ႔ဗမာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ခ်င္ၾကေတာ့ မွာ မဟုတ္ဘူး”
ေစာဘဦးႀကီး… “အဲဒီလိုမ်ိဳး မျဖစ္ႏိုင္ပါဘူး။ က်ဳပ္တို႔ရဲ႕ ေတာင္းဆိုခ်က္ ၄ ခ်က္ကို ပြင့္လင္းျမင္သာ စြာ ေဖာ္ျပထားပါတယ္။ က်ဳပ္တို႔ဟာ ကရင္တစ္မ်ိဳး သားလံုးရဲ႕ ကိုယ္စားလွယ္ျဖစ္တဲ့အတြက္ ကရင္လူမ်ိဳး ေတြရဲ႕ လိုလားခ်က္ကို ေဖာ္ျပရတာပဲ ျဖစ္တယ္။ က်ဳပ္တို႔မွာ ေတာင္းဆိုရမယ့္ တာဝန္ရွိတယ္။ ေပးတာ မေပးတာကေတာ့ ခင္ဗ်ားတို႔ရဲ႕ လက္ထဲမွာပဲရွိတယ္”
(၃) မအူပင္ဘဏ္ကို ကရင္လူငယ္ ၁၉ ဦးက ေဖာက္ထြင္းခဲ့မႈႏွင့္ ပတ္သက္၍ (၁၄.၃.၁၉၄၈)တြင္ ေစာဘဦးႀကီးေျပာခဲ့သည့္စကား… “မအူပင္ဘဏ္ တိုက္ကိုသြားၿပီး ေဖာက္ထြင္းလုယူခဲ့တဲ့ လူ ၁၉ ေယာက္ဟာ ကရင္လူမ်ိဳးေတြျဖစ္တယ္။ KNU အဖြဲ႕ ဝင္ေတြေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ ကရင္ေခါင္းေဆာင္ တစ္ေယာက္ျဖစ္တဲ့အတြက္ ဒီေငြေတြကို တာဝန္ယူၿပီး ျပန္ဆပ္ေပးပါ့မယ္။ က်ဳပ္မွာ ေငြေတာ့မရွိပါဘူး၊ လယ္ဧက ၁၀ဝ၀ ရွိပါတယ္။ အဲဒါကို ဗမာႏိုင္ငံအစိုးရ လက္ထဲ အပ္ပါ့မယ္:
(၄) KNU ၏ (၅)ႀကိမ္ေျမာက္ ကြန္ဂရက္ (၁၇.၇.၁၉၅၀)တြင္ ေစာဘဦးႀကီး ေျပာခဲ့သည့္ စကား…
(က) ကြ်ႏု္ပ္တို႔၏ ေတာ္လွန္ေရးသည္ ပထမဆံုး အႀကိမ္ျဖစ္သလို ေနာက္ဆံုးအႀကိမ္လည္း ျဖစ္ ရမည္။
(ခ) မိမိတို႔အားလံုး ရန္ကုန္ဆင္းၿပီး လည္စင္းမေပး သေရြ႕ ကရင့္ေတာ္လွန္ေရးသည္ ႐ံႈးနိမ့္စရာ အေၾကာင္း လံုးဝ မရွိ။
(ဂ) ကရင္ျပည္ရရွိႏိုင္ေရး နည္းလမ္း ၃ သြယ္မွာ ေအာက္ပါတို႔ျဖစ္ပါသည္။
– ရန္သူက ေပးခ်င္သည့္ဆႏၵေၾကာင့္ ရရွိျခင္း၊
– ရန္သူကို အႏိုင္တိုက္၍ ရရွိျခင္း၊
– ႏိုင္ငံေရးအေျခအေနအရပ္ရပ္၏ ဖိအားတြန္း
အားေပးမႈေၾကာင့္ ရရွိျခင္း၊
(ဃ) ကြ်ႏု္ပ္တို႔၏ ေတာ္လွန္ေရးတြင္ လူထုသည္ အဓိက ရင္းျမစ္ျဖစ္ၿပီး လူထု၏ ခ်စ္ခင္ေလးစား တန္ဖိုးထား ကူညီပံ့ပိုးမႈရယူရန္ လိုအပ္သည္။
(င) ကြ်ႏု္ပ္တို႔၏ အားနည္းခ်က္မ်ားကို ရွာေဖြေဖာ္ ထုတ္ၿပီး ေကာင္းမြန္ေအာင္ ျပဳျပင္ရမည္။
ေစာဘဦးႀကီး၏ အထက္ပါ အဖိုးအနဂၣထိုက္လွ သည့္ စကားမ်ားကို အေလးထားလ်က္ ကရင္အမ်ိဳး သားမ်ား၏ ဘဝႏွင့္ ခ်ိတ္ဆက္ ဒြန္တြဲထားေပးသင့္ ပါသည္။ ယေန႔ KNU က NCA သေဘာတူညီခ်က္ လက္မွတ္ေရးထိုးၿပီးေသာ္လည္း ကရင္မ်ားရယူလို သည့္ ပန္းတိုင္ မေရာက္ရွိေသးသျဖင့္ ကရင့္ေတာ္လွန္ ေရး မၿပီးဆံုးေသးေၾကာင္း အားလံုးသတိမူအပ္ေပ သည္။
ကရင္အာဇာနည္ေန႔ အခမ္းအနားကို ေစာဘ ဦးႀကီး က်ဆံုးၿပီးေနာက္တစ္ႏွစ္ ၁၉၅၁ မွစ၍ ယေန႔ အထိ ကရင္လက္နက္ကိုင္အဖြဲ႕အစည္းမ်ား ထိန္းခ်ဳပ္ ရာေဒသမ်ားတြင္ က်င္းျပၿမဲျဖစ္သည္။ ျပည္တြင္းတြင္ ရန္ကုန္၊ ဧရာဝတီႏွင့္ ကရင္ျပည္နယ္တို႔၌ KNU ကရင္အမ်ိဳးသားအစည္းအ႐ံုးက NCA လက္မွတ္ေရး ထိုးၿပီးေသာ ၂၀၁၅ တြင္မွ က်င္းပလာႏိုင္ခဲ့ၾကပါသည္။ သို႔ရာတြင္ အခ်ိဳ႕ေနရာမ်ား၌ ပြင့္လင္းျမင္သာစြာ မက်င္းပႏိုင္ေၾကာင္းႏွင့္ ဟန္႔တားေႏွာင့္ယွက္မႈအခ်ိဳ႕ လည္း ရွိေနေၾကာင္း ၾကားသိရပါသည္။ ကရင္အာဇာ နည္မ်ားကို ေအာက္ေမ့သတိရေသာအားျဖင့္ ကရင္ အာဇာနည္ေက်ာက္တိုင္ကို ေစာဘဦးႀကီး ေမြးဖြားရာ ပုသိမ္ၿမိဳ႕၊ ဘဲဂယက္ရြာ၌ KNU မွ တာဝန္ရွိသူတစ္ဦး က ဦးေဆာင္စိုက္ထူေပးခဲ့ေၾကာင္း သိရပါသည္။ ထို႔ျပင္ ယခုအခ်ိန္၌ ေစာဘဦးႀကီး၏ ေအာက္ေမ့ဖြယ္ ခန္းမေဆာင္ တစ္ခုကို အထိမ္းအမွတ္ေက်ာက္တိုင္ အနီးတြင္ ကရင္အဖြဲ႕အစည္းမ်ား စုေပါင္း၍ စတင္ ေဆာက္လုပ္ေနေၾကာင္းလည္း သိရွိရပါသည္။ ကရင္ ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္ ေထာ့္ေကာ္ကိုးရြာတြင္ ေစာဘဦးႀကီးႏွင့္ ေစာစိုင္းေခ အပါအဝင္တို႔၏ သခ်ႋဳင္း အုတ္ဂူ ကိုးခုကို KNU/KNLA-PC မွ တည္ေဆာက္ခဲ့ ေၾကာင္း သိရွိရပါသည္။ သူတို႔တစ္ေတြ က်ဆံုး အသက္ ေပးလွဴသြားခဲ့သည့္ အာဇာနည္ကုန္းေနရာ၌ တည္ ေဆာက္ထားျခင္း ျဖစ္ေသာ္လည္း ၎တို႔၏ ႐ုပ္ အေလာင္း၊ အ႐ိုးအိုးတို႔ ထိုေနရာ၌ မရွိပါ။ ေစာဘဦးႀကီး ၏ ႐ုပ္အေလာင္းကို မသၿဂႋဳလ္မီ ေမာ္လၿမိဳင္ၿမိဳ႕ရွိ အဂၤလီကန္ခရစ္ယာန္ဘုရားေက်ာင္း စိန္႔မက္သ႐ူး ေက်ာင္းေတာ္၏ ေက်ာင္းထိုင္ဘုန္းေတာ္ႀကီး (Reverend A-Movin) က ဝတ္ျပဳဆုေတာင္းၿပီးမွ က်ိဳကၡမီေရျပင္က်ယ္သို႔ ေရခ်သၿဂႋဳဟ္ခဲ့ေၾကာင္း သိရွိ ရပါသည္။ လြန္ခဲ့ေသာ သံုးႏွစ္ခန္႔ကလည္း KNU ဒူးပလာယာခ႐ိုင္ (ၾကာအင္းဆိပ္ၿမိဳ႕နယ္၊ ဘုရားသံုးဆူ ေဒသ)၌ ေစာဘဦးႀကီး၏ ကိုယ္အထက္ပိုင္း ႐ုပ္တုပံု စိုက္ထူရန္ ထုလုပ္စီစဥ္ခဲ့ၿပီးျဖစ္ေသာ္လည္း တားျမစ္ ျခင္းခံရသျဖင့္ ယေန႔အထိ မစိုက္ထူျဖစ္ခဲ့ပါ။ ကရင္ ျပည္နယ္ရွိ ေဒသအမ်ားစုႏွင့္ ျမစ္ဝကြ်န္းေပၚရွိ ေဒသ မ်ားတြင္ အာဇာနည္ ေစာဘဦးႀကီး အထိမ္းအမွတ္ တစ္ခု စိုက္ထူေဆာက္လုပ္လိုၾကေသာ္လည္း သက္ ဆိုင္ရာမ်ားက ဟန္႔တားေႏွာင့္ယွက္ျခင္း ခံရမည္ စိုးသျဖင့္ မေဆာင္ရြက္ျဖစ္ခဲ့ၾကပါ။ ယုတ္စြအဆံုး ကရင္အာဇာနည္ေန႔ အခမ္းအနား က်င္းပရန္ပင္ တြန္႔ ဆုတ္ေနၾကပါသည္။ ႏိႈင္းယွဥ္တင္ျပရမည္ဆိုလွ်င္ တစ္ျပည္လံုး၌ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အထိမ္းအမွတ္ မ်ိဳးစံု ရွိေနၾကပါသည္။ ဗိုလ္ခ်ဳပ္ျမင္းစီး႐ုပ္တု၊ ဗိုလ္ခ်ဳပ္ ႐ုပ္တု၊ ဗိုလ္ခ်ဳပ္လမ္း၊ ဗိုလ္ခ်ဳပ္ေဈး၊ ဗိုလ္ခ်ဳပ္အား ကစားကြင္း၊ ဗိုလ္ခ်ဳပ္ေဘာလံုးကြင္း၊ ဗိုလ္ခ်ဳပ္ေက်ာက္ တိုင္၊ ဗိုလ္ခ်ဳပ္ပန္းၿခံ၊ ဗိုလ္ခ်ဳပ္ျပတိုက္၊ ဗိုလ္ခ်ဳပ္ စာၾကည့္တိုက္၊ ဗိုလ္ခ်ဳပ္တံတား၊ ဗိုလ္ခ်ဳပ္ေငြစကၠဴ စသည္ျဖင့္ ေျပာမကုန္ေအာင္ ရွိေနပါသည္။ သို႔ျဖစ္ရာ တိုင္းရင္းသားတို႔အား မိမိဂုဏ္ယူေလးစားရသည့္ ေခါင္းေဆာင္အတြက္ အထိမ္းအမွတ္ေလး တစ္စံုတစ္ရာ ကို ေဖာ္ထုတ္ ေဆာက္လုပ္ ဖန္တီးစီမံခြင့္ျပဳရန္ မသင့္ ေပဘူးလား… ဟူ၍ ႐ိုးသားစြာေစာဒကတက္လိုပါ သည္။ ေမာ္လၿမိဳင္-ေခ်ာင္းဆံုတံတားႀကီးကို ဗိုလ္ခ်ဳပ္ တံတားအစား မြန္တိုင္းရင္းသားမ်ား လိုလားသည့္ အမည္တစ္ခုခုေပးလိုက္လွ်င္ မည္သို႔မ်ား ထိခိုက္နစ္နာ ပါမည္နည္း… လြတ္လပ္ေရးရယူရာ၌ မိမိတို႔ကယန္း မ်ားႏွင့္ ဘာမွ်မဆိုင္ေသာေၾကာင့္ ကယားျပည္နယ္ တြင္ ဗိုလ္ခ်ဳပ္႐ုပ္တုတည္ထားျခင္းကို ကန္႔ကြက္သူ မ်ားအား အျပစ္ေပးျခင္းသည္ မွန္ကန္ပါ၏ေလာ…
၁၉၄၇ ခု ကရင္တို႔၏ ခုခံစစ္ (သို႔မဟုတ္) ကရင့္ ေတာ္လွန္ေရး အလံုးစံု ေအာင္ျမင္ခဲ့ပါလွ်င္ ကရင့္သမိုင္း သည္ ယခုအေျခအေနႏွင့္ မတူဘဲ တစ္မ်ိဳးတစ္ဖံု ျဖစ္ ေနမည္မွာ ေသခ်ာေနပါသည္။ ကရင္တို႔၏ ခုခံစစ္၊ ကရင္ေတာ္လွန္ေရး မေအာင္ျမင္ခဲ့ေသာ္လည္း ကရင္ ေတာ္လွန္ေရးသည္ ႏွစ္ေပါင္း ၇၀ သို႔ပင္ တိုင္ခဲ့ေပၿပီ။ ႏိုင္ငံေတာ္အစိုးရ၊ တပ္မေတာ္တို႔ႏွင့္ အပစ္အခတ္ရပ္စဲ ၿပီးျဖစ္ေသာ္လည္း ကရင္တို႔လိုလားသည့္ ႏိုင္ငံေရး အခင္းအက်င္း၊ ဆႏၵအမွန္ မရရွိေသးေပ။
ကရင့္ေတာ္လွန္ေရးေၾကာင့္ ကရင္ျပည္နယ္ ေပၚေပါက္လာရသည္။ ကရင့္ေတာ္လွန္ေရးေၾကာင့္ တိုင္းရင္းသားမ်ိဳးႏြယ္စုႀကီးအျဖစ္ ကရင္မ်ားအသိ အမွတ္ျပဳခံရသည္။ အကယ္၍ ကရင့္ေတာ္လွန္ေရးသာ မရွိခဲ့လွ်င္ ကရင္တို႔၏ဘဝ နင္းျပားသာသာရွိေနႏိုင္ သည္ဟု သမိုင္း၏ျဖစ္ရပ္မ်ားအရ ခ်င့္ခ်ိန္သံုးသပ္ေျပာ ၾကားႏိုင္ေပသည္။

(၇)
၂၀၂၀ ျပည့္ႏွစ္ ဩဂုတ္လ ၁၂ ရက္ေန႔ဆိုလွ်င္ ကရင္အာဇာနည္ေန႔ အထိမ္းအမွတ္ အႀကိမ္ (၇၀) ျပည့္ေျမာက္ခဲ့ၿပီး ေစာဘဦးႀကီး က်ဆံုးခဲ့သည္မွာ ၇၁ ႏွစ္ တင္းတင္းရွိခဲ့ေပၿပီ။ သို႔ေသာ္ ကရင့္ေတာ္လွန္ေရး ခရီးၾကမ္းကား မၿပီးဆံုးေသးပါ။ ရယူလိုသည္မ်ား အစစ္အမွန္ရရွိႏိုင္ေရးအတြက္ ဆက္လက္႐ုန္းကန္ လႈပ္ရွားရပါဦးမည္။
ထိုသို႔ ႐ုန္းကန္လႈပ္ရွားရာ၌ ေစာဘဦးႀကီးအပါ အဝင္ ကရင္အမ်ိဳးသားေရးအတြက္ အသက္ေပးသြား ခဲ့ၾကေသာ ကရင္ေခါင္းေဆာင္မ်ားအား ဝမ္းနည္း ပူေဆြး၊ ေၾကကြဲ ငိုေျြကးေနမည့္အစား ゞင္းတို႔ခ်မွတ္ခဲ့ ေသာ လမ္းစဥ္၊ မိန္႔မွာ ၫႊန္ျပခဲ့ေသာ အမွာစကားမ်ား၊ က်င့္ႀကံအားထုတ္ခဲ့သည့္ စ႐ိုက္ဓေလ့မ်ားကို လိုက္နာ ေစာင့္ထိန္း နမူနာရယူ ေဖာ္ထုတ္ အေကာင္အထည္ ေဖာ္ၾကရင္း (၇၀) ႀကိမ္ေျမာက္ ကရင္အမ်ိဳးသား အာဇာနည္ေန႔ကို ေလးစားဂုဏ္ျပဳၾကပါစို႔လား…ဟူ၍။

 

Unicode

မန်းအောင်ပြည်စိုး
၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့သို့ ရောက်ရှိ လာတော့မည် ဖြစ်ပါသည်။ ဩဂုတ်လ ၁၂ ရက်နေ့သည် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့် အပေါင်းအပါများ ပစ်ခတ် တိုက်ခိုက်မှုခံရပြီး ကျဆုံး သွားခဲ့သည့်နေ့ ဖြစ်ပါသည်။ ထိုနေ့ထိုရက်ကို ကရင် အမျိုးသားများက “ကရင်အာဇာနည်နေ့”ဟူ၍ အသိ အမှတ်ပြု မော်ကွန်းတင်ခဲ့ကြသည်။ ၁၉၅၁ ခု ဧပြီလ တွင် ကျင်းပခဲ့သော စောဘဦးကြီး ဖွဲ့စည်းခဲ့သည့် ကော်သူလေးအစိုးရ၏ အစည်းအဝေး၌ လူ့အခွင့် အရေး၊ ဒီမိုကရေစီအရေး၊ ကရင်အမျိုးသား အရေး တို့အတွက်အပတ်တကုတ် ကြိုးစား အားထုတ်ခဲ့ သည့် စောဘဦးကြီး ကျ ဆုံးနေ့ရက်ကို “ကရင် အာဇာနည်နေ့” အဖြစ် သတ်မှတ်ကမ္ပည်းတင်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြ ခြင်းဖြစ် သည်။ ၁၉၅၁ ခုနှစ်မှ ယခု ၂၀၂၀ ပြည့်နှစ်အထိ ဆို လျှင် နှစ်ပေါင်း ၇၀ တိတိ အကြိမ် ၇၀ ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။
ကရင့်သမိုင်းကို တစေ့တစောင်း ပြန်လှန် ကြည့်လျှင် KNU ခေါ် ကရင်အမျိုးသားအစည်း အရုံးကို ၁၉၄၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၈၈၁ ခုနှစ်တွင် ကရင်အမျိုး သားရေးအတွက် စတင်ဖွဲ့စည်းဖြစ်ခဲ့သော “ဒေါကလု” ခေါ် ကရင်အမျိုးသားအဖွဲ့အစည်း (Karen National Association – KNA) သည် မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များ စတင်ဝင်ရောက်သည့် ၁၉၄၂-၄၃ ခုနှစ်တွင် ဩဇာတိက္ကမ မှေးမှိန်လာပါသည်။ ယင်းနောက် KCAB (Karen Central Advisory Board) ခေါ် ကရင်ဗဟို အကြံပေးအဖွဲ့၊ KCCO (Karen Central Organization) ခေါ် ကရင်ဗဟိုအဖွဲ့၊ BKNA (Budhist Karen National Organization) ခေါ် ဗုဒ္ဓဘာသာ ကရင် အမျိုးသားအသင်း၊ KYO (Karen Youth Orga-nization) ခေါ် ကရင် လူငယ်အဖွဲ့ချုပ် စသည် ဖြင့် ကရင့်အမျိုးသား အရေးကို ဆောင်ကြဉ်း သည့် ကရင်အဖွဲ့အစည်း များ အလျှိုလျှို ပေါ် ပေါက်လာခဲ့ကြပါသည်။ မြန်မာ့ လွတ်လပ်ရေးရ ခါနီး ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၅ ရက်နေ့တွင် ယနေ့ ကရင့်သမိုင်း၌ ထင်ရှား ကျော်ကြား တည်မြဲနေသည့် KNU (Karen National Union) ခေါ် ကရင် အမျိုးသား အစည်းအရုံး သည် အထက်ဖော် ပြပါ ကရင်အဖွဲ့အစည်းအားလုံး ပူးပေါင်းပြီး တစ်ခု တည်းသော ကရင်ဦးဆောင် (ရှေ့ဆောင်)အဖွဲ့အစည်း အဖြစ် ဖွဲ့စည်းပေါ်ပေါက်ခဲ့ သည်ဟု ဆိုနိုင်ပါသည်။ KNU ကို ဒေါက်တာ ဘမော်အစိုးရနှင့် ဂျပန်တို့က ကနဦး အသိအမှတ်ပြုခဲ့ ကြသည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ကရင် တော်လှန်ရေးစတင်ပြီး နောက်မှ ဦးနုအစိုးရ၏ မတရားအသင်းအဖြစ် ကြေညာ ခံခဲ့ရပြီး NCA (Nation-wide Ceasefire Agreement) လက်မှတ် ထိုးခဲ့သည့် ၂၀၁၅ ခုနှစ်မှသာ တရားဝင်အဖွဲ့ အစည်း အဖြစ် ပြန်လည်အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ KNU ၏ ဥက္ကဋ္ဌအဖြစ် အောက်ပါပုဂ္ဂိုလ်များက အဆင့်ဆင့် တာဝန်ယူခဲ့ကြပါသည်။
စဉ် အမည် တာဝန်ယူသည့်ကာလ
၁။ စောစံဖိုးသင် ၁၉၄၇ ဖေဖော်ဝါရီမှမေလ
၂။ စောဘဦးကြီး ၁၉၄၇ မှ ၁၉၅၀
၃။ စကောလယ်တော ၁၉၅၀ မှ ၁၉၅၇
၄။ စောဟန်တာသာမွှေး ၁၉၅၃ မှ ၁၉၆၃
၅။ မန်းဘဇံ ၁၉၆၃ မှ ၁၉၇၅
၆။ စောဘိုမြ ၁၉၇၆ မှ ၂၀ဝဝ
၇။ စောဘသင်စိန် ၂၀ဝ၀ မှ ၂၀ဝ၈
၈။ စောတာမလာဘော ၂၀ဝ၈ မှ ၂၀၁၂
၉။ စောမူတူးစေးဖိုး ၂၀၁၂ မှ ယနေ့ထိ

ထိုပုဂ္ဂိုလ်များအနက် စောဘဦးကြီးမှာ အထင် ရှားဆုံး ပုဂ္ဂိုလ်ဖြစ်ပါသည်။
စောဘဦးကြီးသည် ၁၉၀၅ ခုနှစ်တွင် အဖ စောသာမြတ်ကြီး အမိ နော်အေးနုတို့မှ ပုသိမ်မြို့နယ်၊ ရန်ကုန်-ပုသိမ် မီးရထားလမ်းမကြီးဘေးရှိ ဘဲဂယက် ရွာတွင် မွေးဖွားခဲ့ပြီး ၁၉၅၀ ပြည့်နှစ်တွင် ပစ်ခတ် သတ်ဖြတ်ခြင်းခံရသဖြင့် အသက် ၄၅ နှစ်အရွယ်၌ ကွယ်လွန်သွားခြင်း ဖြစ်ပါသည်။

(၂)
ကရင်အာဇာနည်နေ့ ပေါ်ပေါက်လာပုံအကျဉ်း ကို ဖော်ပြပြီးနောက် ကရင်အာဇာနည်ဆိုသည်မှာ ဘာလဲဟူသည့် မေးခွန်းကို အဖြေရှာကြရန် လိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းပါများကို တိုင်းပြည် ၏ အာဇာနည်ခေါင်းဆောင်ကြီးများဟု အသိအမှတ်ပြု ကြရာ၌ အဓိကအားဖြင့် နိုင်ငံ့လွတ်လပ်ရေးရရှိအောင် ဦးဆောင်ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် ဖြစ် သည်။ စောဘဦးကြီးသည် ကရင်ပြည်ရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သော်လည်း သူကွယ်လွန်ပြီးသည့် နောက်ဖြစ်စေ၊ ယခုအချိန်ထိဖြစ်စေ၊ ကရင်များလိုလား ရယူချင်သည့် ကရင်ပြည်နယ်အမျိုးအစားကို မရရှိခဲ့ ပေ။ စောဘဦးကြီးကိုယ်တိုင်၌ကမူ ခေါင်းဆောင် ကောင်းပီသ တည်ကြည်စွာဖြင့် ကရင့်တော်လှန်ရေး ကို ဦးဆောင်ဦးရွက်ပြုခဲ့သည်။
စင်စစ် စောဘဦးကြီးသည် လူမိုက်၊ လူရမ်းကား တစ်ဦး မဟုတ်ခဲ့ပါ။ လန်ဒန်မှ ဟိုစဉ်က ဥပဒေဘွဲ့ရရှိ ခဲ့သော ပညာတတ်တစ်ဦးဖြစ်နေသော်လည်း မာန်မာန ထောင်လွှားခြင်း မရှိ၊ မိမိ၏ ကရင်အမျိုးသားများ အတွက် ရိုကျိုးသိမ်မွေ့စွာ အမှုထမ်းခဲ့သူတစ်ဦး ဖြစ် ပါသည်။ စစ်ကိုမလိုလားဘဲ ငြိမ်းချမ်းရေးကို အထူးပင် ရရှိလိုသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံ လုံးနီးပါးကို ကရင်တပ်များ သိမ်းပိုက်နိုင်ချိန်၌ ဦးနု၏ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ယုံယုံကြည်ကြည် လက်ခံအကောင်အထည်ဖော်ချိန် တွင် ဦးနုနှင့် ဗိုလ်ချုပ်နေဝင်းတို့က ၎င်းတို့၏ ကတိ ကဝတ်ကို ဖောက်ဖျက်ကာ အိန္ဒိယအစိုးရထံမှ လက် နက်ခဲယမ်းမီးကျောက်များ၊ သံချပ်ကာကားကြီးများ အကူအညီရယူ စုဆောင်းခဲ့ပါသည်။ ၎င်းနောက် ကရင် တပ်များကို ပြန်လည်တိုက်ခိုက်ရာ KNU တို့သည် ၎င်းတို့၏ ဌာနချုပ် အင်းစိန်မှ တောင်ငူသို့လည်း ကောင်း၊ ထိုမှတစ်ဆင့် ဖာပွန်သို့လည်းကောင်း အဆင့် ဆင့် ပြောင်း၍ ခုခံခဲ့ရသည့်အဖြေသည် စောဘဦးကြီး ၏ ရိုးသားဖြူစင် ကတိတည်မှုကြောင့်ပင် ဖြစ်သည်။ ကောကရိတ်မြို့နယ် နဘူး-ထော့ကော်ကိုးရွာသို့ စည်းရုံးရေး သွားရောက်ရာ၌လည်း မိမိ၏လုံခြုံရေးကို ဂရုမပြုဘဲ မိမိ၏ ကရင်သွေးချင်းများ “မိမိကို ကာကွယ် မှာပဲလေ”ဟူသည့် ရိုးသားသော ခံယူချက်ဖြင့် ခရီးထွက် ခဲ့ပြီး လုံလောက်သော လုံခြုံရေးအစောင့်အရှောက် မယူခဲ့ပါ။ သို့ရာတွင် KNDO တပ်မှ စောမောင်အဲ၏ သစ္စာဖောက်သတင်းပေးမှုကြောင့် ချုံခိုတိုက်ခိုက်ခံရ ကာ အသက်ပေးခဲ့ရသည့် သမိုင်းဖြစ်ရပ်မှာလည်း လွန်စွာကြေကွဲစရာ ကောင်းလှပါသည်။ ရိုးသားဖြူစင် မှုကြောင့် ပြန်လည်ပေးဆပ်ရသည့် အသီးအပွင့်မှာ တန်ဖိုးကြီးလှပါချေတကား…။ မိမိ၏ဖခင် လယ်ပိုင် ရှင်ကြီး စောသာမြတ်ကြီးက လယ်သူရင်းငှားများထံမှ ခေါင်းပုံဖြတ် အမြတ်ကြီးစားမှုများကို မနှစ်မြို့သဖြင့် ဖခင်နှင့် အကြီးအကျယ် စကားများခဲ့ခြင်းသည်လည်း သနားညှာတာတ်သည့် ပင်ကိုစိတ်ကြောင့်ပင် ဖြစ် သည်။ ကရင်လူငယ်များ မအူပင်ဘဏ်မှ ငွေများကို တိုက်ခိုက်လုယူသောအခါ မိမိပိုင်လယ်ဧက ၁၀ဝ၀ ကို ရောင်းချပြီး ပြန်လည်ပေးလျှော်မည်ဟူသည့် မိမိ၏ သွေးချင်းများအပေါ် စစ်မှန်သော စေတနာထားမှုကို လည်း မလေးစား၍ မရပါ။ မြန်မာ့လွတ်လပ်ရေး ကြိုး ပမ်းမှုသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ ပါဝင်ဆင်နွှဲခဲ့ခြင်း၊ ကရင်-ဗမာ ချစ်ကြည်ရေးအတွက် ကြိုးစားအားထုတ်ခဲ့ခြင်း၊ ကရင်ပြည်ရရှိရေး၊ ကရင် တိုင်းရင်းသား ၄၅၄၁၀ဝ ကို စည်းရုံးလျက် စည်းကမ်း သေဝပ်စွာ အသံတိတ် ဆန္ဒပြနိုင်ရေး စီမံနိုင်ခဲ့ခြင်း၊ ကရင်အမျိုးသားများ၏ အခွင့်အရေးအတွက် အသက် သေသည်အထိ တိုက်ပွဲဝင်ခဲ့ခြင်း၊ နားလည်ခွင့်လွှတ် သည်းခံစိတ်ရှိခြင်း စသည်တို့သည် အာဇာနည်တို့၏ ဂုဏ်ပုဒ်၊ ဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံကုံလုံပေမယ့် လည်း မြန်မာအုပ်စိုးသူအဆင့်ဆင့်က သူ့အား အာဇာ နည်အဖြစ် အသိအမှတ်မပြုခဲ့ပေ။ သို့ရာတွင် ကရင် တိုင်းရင်းသားများကမူ စောဘဦးကြီးကို ကရင် အာဇာနည်အဖြစ် အသိအမှတ်ပြု ကမ္ပည်းမော်ကွန်း တင်ခဲ့ကြပါသည်။

(၃)
ကရင်အာဇာနည်နေ့ကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ စဉ်းစားဆင်ခြင်ရန် လိုအပ်ပါသည်။ မိမိတို့ကရင်များ သည် မည်သူ့ကို ကရင်အာဇာနည်အဖြစ် အသိအမှတ် ပြုကြမည်နည်း…။ ကရင်အဖွဲ့အစည်းပေါင်းစုံက ညှိနှိုင်းသတ်မှတ်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ ကရင် ခေါင်းဆောင်အချို့က ကရင့်ကြမ္မာ ကရင်သာဖန်တီး ပြီး ကျဆုံးသွားကြသော စောဘဦးကြီး၊ မန်းဘဇံ၊ စောဘိုမြ၊ စောဘသင်စိန်မန်းရှာလား၊ ဖန်းတို့ကို ကရင် အာဇာနည်များအဖြစ် အသိအမှတ်ပြုလျက် အင်္ဂလိပ် ဘာသာဖြင့် အောက်ပါအတိုင်း မော်ကွန်းတင်ခဲ့ကြ သည်။
“Honouring to the martyrs who decided Karen’s own political destiny”
ကရင့်နိုင်ငံရေးကြမ္မာ ကရင်သာဖန်တီးသည့် အာဇာနည်များကို ဂုဏ်ပြု (အလေးပြု) ကြပါစို့… ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုရမည် ထင်ပါသည်။
အချို့သောသူများကလည်း ၁၉၅၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် စောဘဦးကြီးနှင့်အတူ လက်နက်မချတန်းသေသည်အထိ ခုခံတိုက်ခိုက်ခဲ့ကြ သည့် ဗိုလ်ချုပ်စောစိုင်းခေ အပါအဝင် ၉ ဦးကို ကရင် အာဇာနည်များအဖြစ် အသိအမှတ်ပြုရန် ဆွေးနွေး တင်ပြကြသည်။ အချို့ ကရင်ခေါင်းဆောင်များကမူ ရန်သူ့လက်ချက်ကြောင့် ကျဆုံးသွားကြသည်ဖြစ်စေ၊ ရောဂါဘယနှင့် အခြားအကြောင်းတစ်ခုခုကြောင့် ကွယ်လွန်သွားကြသည်ဖြစ်စေ ကရင်အမျိုးသားရေး ကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပါက ကရင်အာဇာနည် များအဖြစ် အသိအမှတ်ပြုစေလိုကြပါသည်။
စောဘဦးကြီး ကျဆုံးခဲ့သည့်နေ့ကို အစွဲပြု၍ ကရင်အာဇာနည်နေ့ သတ်မှတ်ခြင်းကို ကရင်အားလုံး လက်ခံကြပြီးဖြစ်သော်လည်း မည်သူ့ကို အာဇာနည် များဟူ၍ မည်သည့်အကြောင်းပြချက်ဖြင့် မှတ်ကျောက် တင်ရမည်ကို ယနေ့ရှိနေသော ကရင်ခေါင်းဆောင်များ အပေါ် တာဝန်ရှိလာပါသည်။ ယင်းကိစ္စသည် ကရင်တို့ အတွက် သမိုင်းပေးတာဝန်ပင် ဖြစ်ပါသည်။

(၄)
ကရင့်သမိုင်းကို ထပ်ဆင့်ဋီကာချဲ့မည်ဆိုပါက ကရင်များ အဘယ့်ကြောင့် တော်လှန်ရေး ဆင်နွှဲခဲ့ကြ သနည်း…။ ရိုးရိုးဖြေရရလျှင် “လိုချင်တာ မရလို့”ဟု ပြောနိုင်ပါသည်။ သီးခြား ကရင်ပြည်ရရှိရေးအတွက် ၂၈.၂.၁၉၄၇ ရက်နေ့တွင် KNU က ဒေါက်တာဘမော် အစိုးရထံ တောင်းဆိုချက် ၆ ချက်ကို တင်ပြရာ သန်း ခေါင်စာရင်း ကောက်ယူရေးနှင့် သီးခြားကရင်တပ်များ ထားရှိရေးဟူသည့် အချက် ၂ ချက်သာ လိုက်လျောခဲ့ ခြင်း၊ စောဘဦးကြီးသည် သီးခြားကရင်ပြည်ရရှိရေး အတွက် ကရင်ခေါင်းဆောင်အချို့နှင့်အတူ လန်ဒန်သို့ သွားရောက် အရေးဆိုခဲ့သေးသော်လည်း ထူးခြားမှု မရှိခြင်း၊ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ကရင်လွှတ် တော်အမတ်များ နည်းပါးနေခြင်း၊ လွတ်လပ်ရေး အတွက် လန်ဒန်သို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက် အရေးဆိုရာ၌ ကရင်ကိုယ်စားလှယ်တစ်ဦးမှ မပါရှိ ခြင်း၊ လန်ဒန်တွင် သီးခြားကရင်ပြည်နယ် ပေးအပ်ရေး ကို ဗိုလ်ချုပ်အောင်ဆန်းတို့က တစ်ခွန်းတစ်ပါဒမျှ ဖွင့်မပြောခဲ့ခြင်း စသည်တို့သည် ကရင်လူမျိုးများ အတွက် KNU ၏ အထွေထွေမကျေနပ်များ ဖြစ်သည်။ ဤသည်တို့မှာ ကရင်တော်လှန်ရေး ပေါ်ပေါက်ရန် အစပျိုး သန္ဓေတည်လာစေခြင်းပင် ဖြစ်ပါသည်။
၁၉၄၈ ခု ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကရင် ပြည်ပေးရန် စောဘဦးကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ တရားဝင်တင်ပြတောင်းဆိုခဲ့သည်။ ထိုတောင်း ဆိုချက်ကို တစ်လပြည့်မြောက်သည့် ၁၉၄၈ ခု မတ်လ ၃ ရက်တွင် အကြောင်းပြန်ကြားရန် ချိန်းဆိုခဲ့သည်။ ထို့ပြင် တောင်းဆိုချက်များ ပိုမိုလေးနက်စေရန်အတွက် KNU သည် တစ်ပြည်လုံးရှိ ကရင်လူထုကို စည်းရုံး ဆော်ဩပြီး ၁၉၄၈ ခု၊ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ကြီးမားကျယ်ပြန့်သော ကရင်လူထုဆန္ဒပြပွဲတစ်ရပ် ကျင်းပလျက် အောက်ပါေြွကးကြော်သံ ၄ ရပ်ကို ပိုစတာဖြင့် ကိုင်ဆောင်ပြီး အသံတိတ်စည်းကမ်းရှိစွာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါသည်။
၁။ ကရင်ပြည်ချက်ချင်းပေး၊
၂။ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် ချက်ချင်းပြ၊
၃။ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊
၄။ ပြည်တွင်းစစ် အလိုမရှိ၊
ဤေြွကးကြော်သံများသည် နိုင်ငံရေး အရ လွတ် လပ်ခြင်း၊ တန်းတူခြင်း၊ ညီမျှ ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဒီမို ကရေစီ ပေါ်ထွန်း ရေးကို ဖော်ဆောင်ခြင်း စသည့် အဓိပ္ပာယ် များသက် ရောက်စေပါသည်။ ကရင်လူထု ၄၅၄၁၀ဝ ဦး တက်ရောက်ဆန္ဒပြခဲ့သော ဤပွဲသည် နိုင်ငံ့သမိုင်းတွင် အသံတိတ် စနစ်ဖြင့် စည်း ကမ်းသေဝပ် မှုအရှိဆုံး ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ခဲ့ပြီး ထိုဖေဖော်ဝါရီလ ၁၁ ရက်နေ့ ကိုလည်း “ကရင်အမျိုးသားနေ့”အဖြစ် ယနေ့တိုင် သတ်မှတ်မော်ကွန်း တင်ခဲ့ပါ သည်။
ကရင်တိုင်းရင်းသားများ ထိုသို့ တောင်းဆိုဆန္ဒ ပြခဲ့ကြသော်လည်း ဘာမျှ အရာမရောက်သည့်အပြင် ကရင်များသည် လူဆိုး၊ သူခိုး၊ ဓားပြများဖြစ်ကြောင်း၊ တိုင်းပြည်ဆူပူအောင် လုပ်ဆောင်သည့် နယ်ချဲ့ လက်ပါးစေ သောင်းကျန်းသူများ သာဖြစ်ကြောင်း ဗမာသတင်းစာများက အမျိုးမျိုးပုတ်ခတ်ရေးသားလာ ကြပါသည်။ ချုပ်ပြီးတင်ပြရလျှင် (၂၇.၁.၁၉၄၉)ရက် နေ့တွင် စမ်းချောင်းရှိ KNU ဗဟိုရုံးကို လည်းကောင်း၊ (၃၁.၁.၁၉၄၉) ရက်နေ့ နံနက်စောစော ပိုင်းတွင် အင်းစိန်ရှိ KNDO ဗဟိုစခန်းနှင့် သမိုင်းရှိ KNDO စခန်းများကိုလည်းကောင်း၊ လူနေရပ် ကွက်များကို လည်းကောင်း၊ ဖဆပလတပ်များက တစ်ပြိုင်တည်း ဝိုင်းဝန်းတိုက်ခိုက်သည့်အပြင် KNU ကရင်အမျိုးသား အစည်းအရုံးနှင့် KNDO ကရင် အမျိုးသားကာကွယ် ရေး တပ်မတော်တို့ မတရား အသင်းများအဖြစ် ဦးနု အစိုးရက ကြေညာလိုက် သောအခါ KNU ခေါင်း ဆောင်များသည် တစ်ပြည် လုံးရှိ ကရင်များထံသို့ မိမိ ကိုယ်ကိုကာကွယ်ရန် အတွက် ရရာလက်နက်၊ ရှိသည့် အင်အားတို့ဖြင့် ဖဆပလအစိုးရကို ခုခံတိုက်ခိုက်ရန် (၃၁.၁.၁၉၄၉) ရက်နေ့တွင် မလွှဲမရှောင်သာ ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ပါသည်။ ထိုနေ့သည် “ကရင်အမျိုးသား တော်လှန် ရေးနေ့”ဟူ၍ သမိုင်းတွင်ကျန်ရစ်ခဲ့သည်။ ကရင်များ မိမိလိုချင်တာမရလို့ တော်လှန်ရေးဆင်နွှဲခဲ့ရ သည် ဆိုခြင်းထက် အထက်ဖော်ပြခဲ့သော လွတ်လပ် ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်း၊ ငြိမ်းချမ်းခြင်း၊ ဒီမိုကရေစီ အခွင့်အရေးများ မရရှိခြင်း စသည့် လေးနက်သော အကြောင်းအရာများအပေါ် အခြေခံ၍ ခုခံစစ်ဆင်နွှဲ ခဲ့ရခြင်းဖြစ်ပြီး မိမိလိုချင်သည့် အခွင့်အရေးအတွက် ခုခံတော်လှန်ခြင်းသာဖြစ်ကြောင်း ဆိုပါက ပို၍ မှန်ကန် ပါလိမ့်မည်။

(၅)
လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တန်းတူခြင်းဟူသည့် လောကပါလတရားများကို အခြေခံ၍ ကရင်လူမျိုးများ သည် ဒီမိုကရေစီ၏ အသီးအပွင့်များကို ခံစား စံစား လိုခဲ့ကြပါသည်။ အေဒီ ၆ ရာစုလောက်တွင် မြန်မာ့ သမိုင်း၌ မြန်မာဘုရင်မင်းအဘိရာဇာ စတင်နန်းစံခဲ့ သည်ဟု သင်ကြားလေ့လာခဲ့ရဖူးပါသည်။ အေဒီ ၁၈၂၄ ခုတွင် အင်္ဂလိပ်-မြန်မာ ပထမစစ်၊ အေဒီ ၁၈၅၂ ခု တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ် ဖြစ်ပွားခဲ့ပါသည်။ ကရင့်သမိုင်းအစ ပမာဏကိုမူကား အေဒီ ၁၈၈၁ ခု လောက်တွင်မှ စတင်သိရှိလာရသည်ဟု ဆိုရပါမည်။ မြန်မာနိုင်ငံတွင်းသို့ ကရင်များ ဒုတိယအကြိမ်ရောက်ရှိ လာသည့် ဘီစီ ၇၃၉ ခုနှင့် တကောင်းဘုရင် အဘိရာဇာ စတင်အုပ်စိုးသည့် အေဒီ ၆ ရာစုကို ပေါင်းလျှင် နှစ်ပေါင်း ၁၇၃၉ ခုနှစ် ကြာရှည်သောကာလအတွက် ကရင့်သမိုင်း မည်သို့ရှိသနည်း…။ မိမိတို့ မသိရပါ။ ထို့ပြင် ဘီစီ ၇၃၉ မှ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ဖြစ်သည့် အေဒီ ၁၈၅၂ ထိ နှစ်ပေါင်း ၂၅၉၁ ခုနှစ် ရှည်ကြာကာလတွင်လည်း မိမိတို့ကရင်လူမျိုးများ၏ အခြေအနေကို သမိုင်းမတင် နိုင်ခဲ့သေးပါ။ မြန်မာဘုရင်၏ လက်အောက်ခံ ကရင် စော်ကဲများ၊ စကော်များလောက်သာ ရှိသည်ဟု ပြော ဆိုသံကြားရပါသည်။ ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပြီး ၍ အောက်မြန်မာနိုင်ငံတစ်ခုလုံး အင်္ဂလိပ်လက် အောက် ရောက်ခါမှ ကရင်များ၏အကြောင်း တစေ့ တစောင်း သိရှိလာရပါသည်။ အေဒီ ၁၈၆၀ ပြည့်နှစ် ဒေါက်တာတီသံပြာတို့အုပ်စု အမေရိကန်ပြည်ထောင်စု သို့ ပညာတော်သင် သွားရောက်ခဲ့သည်မှအစ ကရင် တို့၏ လူမှုရေး၊ နိုင်ငံရေး ရုန်းကန်လှုပ်ရှားမှုများကို သိရှိလာခဲ့ရပါသည်။
၁၈၈၅ ခု၊ ဒီဇင်ဘာလ ၃၁ ရက်တွင် အင်္ဂလိပ်တို့ က မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အမျိုးသားရေး ရုန်းကန်လှုပ်ရှားမှု အများအပြား ပေါ်ပေါက်ခဲ့သလို ကရင်တို့သည်လည်း အမျိုးသားရေးနှင့် တန်းတူညီမျှ အခွင့်အရေးရရှိဖို့ အထူးကြိုးပမ်းအားထုတ်ခဲ့သည်။ အထူးသဖြင့် မြန်မာ့ လွတ်လပ်ရေးရခါနီးတွင် သီးခြားကရင်ပြည်နယ်ရရှိ ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို စောဘဦးကြီး ဦးဆောင်သည့် KNU အဖွဲ့အစည်းကြီးက အပတ် တကုတ် ကြိုးပမ်းအားထုတ်ခဲ့သည်။ တိုင်းရင်းသားမျိုး နွယ်စုကြီးများဖြစ်သော ရခိုင်၊ မွန်၊ ကရင်တို့သည် မြန်မာပြည်မ (Burma Proper) တွင် ပါရှိသဖြင့် ပင်လုံ စာချုပ်ချုပ်ဆိုပွဲသို့ ပါဝင်တက်ရောက်ဆွေးနွေး လက် မှတ်ထိုးခွင့်မရဘဲ ဗမာပြည်မ ကိုယ်စားလှယ် ဗိုလ်ချုပ် အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ကိုယ်စားလှယ်များ သာ လက်မှတ်ထိုးခဲ့ခြင်းသည်လည်းကောင်း၊ ကရင် ကိုယ်စားလှယ်များဖြစ်သည့် စောစိုင်းခ၊ စောချစ်တီး၊ ဦးလှဖေ၊ စောဝီရီကျော်တို့လည်း ပင်လုံသို့ အရောက် နောက်ကျသဖြင့် ဆွေးနွေးခွင့်မရခဲ့ခြင်းသည်လည်း ကောင်း စသည်တို့ကြောင့် KNU သည် အောင်ဆန်း- အက်တလီ စာချုပ်နှင့် နောက်ပိုင်း လွတ်လပ်ရေး အမှန်ရရှိရေးအတွက် ချုပ်ဆိုခဲ့သော နု-အက်တလီ စာချုပ်များကို လက်မခံခဲ့ပေ။ ဆိုလိုသည်မှာ ပြည် ထောင်စုကို ဖော်ဆောင်ခဲ့သော ပင်လုံစာချုပ်နှင့်ပတ် သက်၍ ကရင်များ နှစ်သက်လက်ခံခြင်းမရှိကြောင်း ပေါ်လွင်နေပါသည်။ ကရင်တို့၏ အဓိကရည်မှန်းချက် မှာ သီးခြားလွတ်လပ်သော ကရင်ပြည်ထူထောင်နိုင် ရေးမှသည် ရှေ့ပိုင်း၌ တင်ပြခဲ့သည့် လွတ်လပ်ညီမျှ တန်းတူအခွင့်အရေးများ၊ ကိုယ့်ကြမ္မာ ကိုယ်သာ ဖန်တီးနိုင်ခွင့်ရရှိရေးများသာဖြစ်ကြောင်း စောဘဦးကြီး ကိုယ်တိုင် ၁၉၅၀ ပြည့်နှစ်တွင် ကမ္ဘာသိ ထုတ်ပြန် ကြေညာခဲ့သော အောက်ပါမူလေးချက်ကို ကြည့်ခြင်း အားဖြင့် နားလည်သဘောပေါက်ကြမည် ဖြစ်ပါသည်။
၁။ လက်နက်ချ အညံ့ခံအရှုံးပေးခြင်းကို ကျွနု်ပ်တို့ အလျဉ်းမလုပ်ပါ။
(For us Surrender is out of question)
၂။ ကရင်ပြည် အသိအမှတ်ပြုရေး ပြီးပြည့်စုံစေရမည်။
(The recognition of Karen State must be complete)
၃။ ကျွနု်ပ်တို့ လက်နက် ကျွနု်ပ်တို့ လက်ထဲတွင် ရှိရမည်။
(We shall retain our arms)
၄။ ကျွနု်ပ်တို့၏ နိုင်ငံရေးကြမ္မာ ကျွနု်ပ်တို့ဘာသာ ဖန်တီးမည်။
(We shall decide our own political destiny)
အထက်ပါ အချက်များသည် စောဘဦးကြီးနှင့် တကွ ကရင်တိုင်းရင်းသားအားလုံး ခံယူထားကြသည့် အဓိကခံယူချက်များဖြစ်ကြောင်း သံသယရှိစရာ မလို ပေ။
ကရင်များ လိုလားတောင့်တ မျှော်မှန်းခဲ့သည့် အရေးအရာများရရှိနိုင်ရေးအတွက် အာဇာနည် စောဘဦးကြီးက ကရင်တို့အား ရှေ့ဆောင်လမ်းပြ နည်းပေးလမ်းညွှန်ခဲ့ပြီးဖြစ်ပါသည်။ စင်စစ် ဩဂုတ်လ ၁၂ ရက်နေ့ကို ကရင်အမျိုးသားအာဇာနည်နေ့ဟု သတ်မှတ်ချက် စောဘဦးကြီးကို ရည်ညွှန်းသည် သက်သက်မဟုတ်ဘဲ ကရင့်လက်နက်ကိုင်တော်လှန် ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူခဲ့ကြသူ အားလုံးကို ရည်ညွှန်းဂုဏ်ပြုသည့်နေ့ဟူ၍ ကရင် လူကြီးတစ်ဦးက ကောက်ချက်ချခဲ့ပါသည်။

(၆)
ကရင့်တော်လှန်ရေးနှင့် ဆက်နွယ်သော စောဘဦးကြီး၏ မှတ်သားဖွယ် စကားအချို့ကို ပြန် ပြောင်းဖော်ပြလိုပါသည်။
(၁) ခွဲမထွက်ရေး၊ ကရင်ပြည် သတ်မှတ်ပေးရေး နှင့် ပတ်သက်၍ ၁၉၄၇ ခုနှစ်တွင် စောဘဦးကြီးက ဗိုလ်ချုပ်အောင်ဆန်းအား ပြောကြားသည့်စကားမှာ ]ကရင်လူမျိုးများ ပြည်ထောင်စု ခွဲမထွက်ချင်အောင် ဆောင်ရွက်ရမည့် တာဝန်မှာ ဗမာလူမျိုးများထဲတွင်သာ ရှိသည်။ ထိုနည်းတူ ဗမာများက ကရင်ပြည်ပေးချင် အောင် ဆောင်ရွက်ရမည့် တာဝန်မှာ ကရင်လူမျိုးများ ထဲတွင်သာ ရှိသည်”
(၂) ၁၉၄၈ မတ်လ ၁၀ ရက်နေ့တွင် ကရင်ပြည် ပေးအပ်ရေးနှင့် ပတ်သက်၍ ဝန်ကြီးချုပ် ဦးနုနှင့် စောဘဦးကြီးတို့ အပြန်အလှန် ပြောကြားသည့် စကား များမှာ –
ဦးနု… “ကျုပ်တို့ ဖဆပလအစိုးရဟာ လွှတ် တော်ဥပဒေအတိုင်း စီမံဆောင်ရွက်ရတာ ဖြစ်တယ်။ ဒါကြောင့် ကရင်ပြည်ပေးလို့ မရဘူး၊ ခင်ဗျားတို့တောင်း တဲ့ ကရင်ပြည်မပေးတဲ့အတွက် နောက်ဆုံးမှာတော့ ကျုပ်တို့ တိုက်ခိုက်ကြဖို့ပဲ ရှိတော့တယ်။ တိုက်ပွဲဖြစ် လို့ ကရင်က ဗမာရဲ့လည်ပင်းကိုခုတ်ရင် ဗမာက သိုး ကလေးလို လည်စင်းပေးမှာတော့ မဟုတ်ဘူး။ နှစ် ချက်ပြန်မခုတ်အားရင်တောင်မှ တစ်ချက်တော့ ကျိန်း သေ ပြန်ခုတ်မှာပဲ။ ဒါကြောင့်မို့ ဥသျှစ်သီး နှစ်လုံးကို အချင်းချင်းထုရင် ထုတဲ့အသီးရော အထုခံတဲ့အသီး ရော နှစ်လုံးစလုံး ကွဲပြီး နှစ် ၅၀ အတွင်း ကရင်နဲ့ဗမာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ချင်ကြတော့ မှာ မဟုတ်ဘူး”
စောဘဦးကြီး… “အဲဒီလိုမျိုး မဖြစ်နိုင်ပါဘူး။ ကျုပ်တို့ရဲ့ တောင်းဆိုချက် ၄ ချက်ကို ပွင့်လင်းမြင်သာ စွာ ဖော်ပြထားပါတယ်။ ကျုပ်တို့ဟာ ကရင်တစ်မျိုး သားလုံးရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ကရင်လူမျိုး တွေရဲ့ လိုလားချက်ကို ဖော်ပြရတာပဲ ဖြစ်တယ်။ ကျုပ်တို့မှာ တောင်းဆိုရမယ့် တာဝန်ရှိတယ်။ ပေးတာ မပေးတာကတော့ ခင်ဗျားတို့ရဲ့ လက်ထဲမှာပဲရှိတယ်”
(၃) မအူပင်ဘဏ်ကို ကရင်လူငယ် ၁၉ ဦးက ဖောက်ထွင်းခဲ့မှုနှင့် ပတ်သက်၍ (၁၄.၃.၁၉၄၈)တွင် စောဘဦးကြီးပြောခဲ့သည့်စကား… “မအူပင်ဘဏ် တိုက်ကိုသွားပြီး ဖောက်ထွင်းလုယူခဲ့တဲ့ လူ ၁၉ ယောက်ဟာ ကရင်လူမျိုးတွေဖြစ်တယ်။ KNU အဖွဲ့ ဝင်တွေတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကရင်ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့အတွက် ဒီငွေတွေကို တာဝန်ယူပြီး ပြန်ဆပ်ပေးပါ့မယ်။ ကျုပ်မှာ ငွေတော့မရှိပါဘူး၊ လယ်ဧက ၁၀ဝ၀ ရှိပါတယ်။ အဲဒါကို ဗမာနိုင်ငံအစိုးရ လက်ထဲ အပ်ပါ့မယ်:
(၄) KNU ၏ (၅)ကြိမ်မြောက် ကွန်ဂရက် (၁၇.၇.၁၉၅၀)တွင် စောဘဦးကြီး ပြောခဲ့သည့် စကား…
(က) ကျွနု်ပ်တို့၏ တော်လှန်ရေးသည် ပထမဆုံး အကြိမ်ဖြစ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ် ရမည်။
(ခ) မိမိတို့အားလုံး ရန်ကုန်ဆင်းပြီး လည်စင်းမပေး သရွေ့ ကရင့်တော်လှန်ရေးသည် ရှုံးနိမ့်စရာ အကြောင်း လုံးဝ မရှိ။
(ဂ) ကရင်ပြည်ရရှိနိုင်ရေး နည်းလမ်း ၃ သွယ်မှာ အောက်ပါတို့ဖြစ်ပါသည်။
– ရန်သူက ပေးချင်သည့်ဆန္ဒကြောင့် ရရှိခြင်း၊
– ရန်သူကို အနိုင်တိုက်၍ ရရှိခြင်း၊
– နိုင်ငံရေးအခြေအနေအရပ်ရပ်၏ ဖိအားတွန်း
အားပေးမှုကြောင့် ရရှိခြင်း၊
(ဃ) ကျွနု်ပ်တို့၏ တော်လှန်ရေးတွင် လူထုသည် အဓိက ရင်းမြစ်ဖြစ်ပြီး လူထု၏ ချစ်ခင်လေးစား တန်ဖိုးထား ကူညီပံ့ပိုးမှုရယူရန် လိုအပ်သည်။
(င) ကျွနု်ပ်တို့၏ အားနည်းချက်များကို ရှာဖွေဖော် ထုတ်ပြီး ကောင်းမွန်အောင် ပြုပြင်ရမည်။
စောဘဦးကြီး၏ အထက်ပါ အဖိုးအနဂ္ဃထိုက်လှ သည့် စကားများကို အလေးထားလျက် ကရင်အမျိုး သားများ၏ ဘဝနှင့် ချိတ်ဆက် ဒွန်တွဲထားပေးသင့် ပါသည်။ ယနေ့ KNU က NCA သဘောတူညီချက် လက်မှတ်ရေးထိုးပြီးသော်လည်း ကရင်များရယူလို သည့် ပန်းတိုင် မရောက်ရှိသေးသဖြင့် ကရင့်တော်လှန် ရေး မပြီးဆုံးသေးကြောင်း အားလုံးသတိမူအပ်ပေ သည်။
ကရင်အာဇာနည်နေ့ အခမ်းအနားကို စောဘ ဦးကြီး ကျဆုံးပြီးနောက်တစ်နှစ် ၁၉၅၁ မှစ၍ ယနေ့ အထိ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ် ရာဒေသများတွင် ကျင်းပြမြဲဖြစ်သည်။ ပြည်တွင်းတွင် ရန်ကုန်၊ ဧရာဝတီနှင့် ကရင်ပြည်နယ်တို့၌ KNU ကရင်အမျိုးသားအစည်းအရုံးက NCA လက်မှတ်ရေး ထိုးပြီးသော ၂၀၁၅ တွင်မှ ကျင်းပလာနိုင်ခဲ့ကြပါသည်။ သို့ရာတွင် အချို့နေရာများ၌ ပွင့်လင်းမြင်သာစွာ မကျင်းပနိုင်ကြောင်းနှင့် ဟန့်တားနှောင့်ယှက်မှုအချို့ လည်း ရှိနေကြောင်း ကြားသိရပါသည်။ ကရင်အာဇာ နည်များကို အောက်မေ့သတိရသောအားဖြင့် ကရင် အာဇာနည်ကျောက်တိုင်ကို စောဘဦးကြီး မွေးဖွားရာ ပုသိမ်မြို့၊ ဘဲဂယက်ရွာ၌ KNU မှ တာဝန်ရှိသူတစ်ဦး က ဦးဆောင်စိုက်ထူပေးခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ယခုအချိန်၌ စောဘဦးကြီး၏ အောက်မေ့ဖွယ် ခန်းမဆောင် တစ်ခုကို အထိမ်းအမှတ်ကျောက်တိုင် အနီးတွင် ကရင်အဖွဲ့အစည်းများ စုပေါင်း၍ စတင် ဆောက်လုပ်နေကြောင်းလည်း သိရှိရပါသည်။ ကရင် ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထော့်ကော်ကိုးရွာတွင် စောဘဦးကြီးနှင့် စောစိုင်းခေ အပါအဝင်တို့၏ သင်္ချိုင်း အုတ်ဂူ ကိုးခုကို KNU/KNLA-PC မှ တည်ဆောက်ခဲ့ ကြောင်း သိရှိရပါသည်။ သူတို့တစ်တွေ ကျဆုံး အသက် ပေးလှူသွားခဲ့သည့် အာဇာနည်ကုန်းနေရာ၌ တည် ဆောက်ထားခြင်း ဖြစ်သော်လည်း ၎င်းတို့၏ ရုပ် အလောင်း၊ အရိုးအိုးတို့ ထိုနေရာ၌ မရှိပါ။ စောဘဦးကြီး ၏ ရုပ်အလောင်းကို မသင်္ဂြိုလ်မီ မော်လမြိုင်မြို့ရှိ အင်္ဂလီကန်ခရစ်ယာန်ဘုရားကျောင်း စိန့်မက်သရူး ကျောင်းတော်၏ ကျောင်းထိုင်ဘုန်းတော်ကြီး (Reverend A-Movin) က ဝတ်ပြုဆုတောင်းပြီးမှ ကျိုက္ခမီရေပြင်ကျယ်သို့ ရေချသင်္ဂြိုဟ်ခဲ့ကြောင်း သိရှိ ရပါသည်။ လွန်ခဲ့သော သုံးနှစ်ခန့်ကလည်း KNU ဒူးပလာယာခရိုင် (ကြာအင်းဆိပ်မြို့နယ်၊ ဘုရားသုံးဆူ ဒေသ)၌ စောဘဦးကြီး၏ ကိုယ်အထက်ပိုင်း ရုပ်တုပုံ စိုက်ထူရန် ထုလုပ်စီစဉ်ခဲ့ပြီးဖြစ်သော်လည်း တားမြစ် ခြင်းခံရသဖြင့် ယနေ့အထိ မစိုက်ထူဖြစ်ခဲ့ပါ။ ကရင် ပြည်နယ်ရှိ ဒေသအများစုနှင့် မြစ်ဝကျွန်းပေါ်ရှိ ဒေသ များတွင် အာဇာနည် စောဘဦးကြီး အထိမ်းအမှတ် တစ်ခု စိုက်ထူဆောက်လုပ်လိုကြသော်လည်း သက် ဆိုင်ရာများက ဟန့်တားနှောင့်ယှက်ခြင်း ခံရမည် စိုးသဖြင့် မဆောင်ရွက်ဖြစ်ခဲ့ကြပါ။ ယုတ်စွအဆုံး ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပရန်ပင် တွန့် ဆုတ်နေကြပါသည်။ နှိုင်းယှဉ်တင်ပြရမည်ဆိုလျှင် တစ်ပြည်လုံး၌ ဗိုလ်ချုပ်အောင်ဆန်း အထိမ်းအမှတ် မျိုးစုံ ရှိနေကြပါသည်။ ဗိုလ်ချုပ်မြင်းစီးရုပ်တု၊ ဗိုလ်ချုပ် ရုပ်တု၊ ဗိုလ်ချုပ်လမ်း၊ ဗိုလ်ချုပ်ဈေး၊ ဗိုလ်ချုပ်အား ကစားကွင်း၊ ဗိုလ်ချုပ်ဘောလုံးကွင်း၊ ဗိုလ်ချုပ်ကျောက် တိုင်၊ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ် စာကြည့်တိုက်၊ ဗိုလ်ချုပ်တံတား၊ ဗိုလ်ချုပ်ငွေစက္ကူ စသည်ဖြင့် ပြောမကုန်အောင် ရှိနေပါသည်။ သို့ဖြစ်ရာ တိုင်းရင်းသားတို့အား မိမိဂုဏ်ယူလေးစားရသည့် ခေါင်းဆောင်အတွက် အထိမ်းအမှတ်လေး တစ်စုံတစ်ရာ ကို ဖော်ထုတ် ဆောက်လုပ် ဖန်တီးစီမံခွင့်ပြုရန် မသင့် ပေဘူးလား… ဟူ၍ ရိုးသားစွာစောဒကတက်လိုပါ သည်။ မော်လမြိုင်-ချောင်းဆုံတံတားကြီးကို ဗိုလ်ချုပ် တံတားအစား မွန်တိုင်းရင်းသားများ လိုလားသည့် အမည်တစ်ခုခုပေးလိုက်လျှင် မည်သို့များ ထိခိုက်နစ်နာ ပါမည်နည်း… လွတ်လပ်ရေးရယူရာ၌ မိမိတို့ကယန်း များနှင့် ဘာမျှမဆိုင်သောကြောင့် ကယားပြည်နယ် တွင် ဗိုလ်ချုပ်ရုပ်တုတည်ထားခြင်းကို ကန့်ကွက်သူ များအား အပြစ်ပေးခြင်းသည် မှန်ကန်ပါ၏လော…
၁၉၄၇ ခု ကရင်တို့၏ ခုခံစစ် (သို့မဟုတ်) ကရင့် တော်လှန်ရေး အလုံးစုံ အောင်မြင်ခဲ့ပါလျှင် ကရင့်သမိုင်း သည် ယခုအခြေအနေနှင့် မတူဘဲ တစ်မျိုးတစ်ဖုံ ဖြစ် နေမည်မှာ သေချာနေပါသည်။ ကရင်တို့၏ ခုခံစစ်၊ ကရင်တော်လှန်ရေး မအောင်မြင်ခဲ့သော်လည်း ကရင် တော်လှန်ရေးသည် နှစ်ပေါင်း ၇၀ သို့ပင် တိုင်ခဲ့ပေပြီ။ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲ ပြီးဖြစ်သော်လည်း ကရင်တို့လိုလားသည့် နိုင်ငံရေး အခင်းအကျင်း၊ ဆန္ဒအမှန် မရရှိသေးပေ။
ကရင့်တော်လှန်ရေးကြောင့် ကရင်ပြည်နယ် ပေါ်ပေါက်လာရသည်။ ကရင့်တော်လှန်ရေးကြောင့် တိုင်းရင်းသားမျိုးနွယ်စုကြီးအဖြစ် ကရင်များအသိ အမှတ်ပြုခံရသည်။ အကယ်၍ ကရင့်တော်လှန်ရေးသာ မရှိခဲ့လျှင် ကရင်တို့၏ဘဝ နင်းပြားသာသာရှိနေနိုင် သည်ဟု သမိုင်း၏ဖြစ်ရပ်များအရ ချင့်ချိန်သုံးသပ်ပြော ကြားနိုင်ပေသည်။

(၇)
၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၂ ရက်နေ့ဆိုလျှင် ကရင်အာဇာနည်နေ့ အထိမ်းအမှတ် အကြိမ် (၇၀) ပြည့်မြောက်ခဲ့ပြီး စောဘဦးကြီး ကျဆုံးခဲ့သည်မှာ ၇၁ နှစ် တင်းတင်းရှိခဲ့ပေပြီ။ သို့သော် ကရင့်တော်လှန်ရေး ခရီးကြမ်းကား မပြီးဆုံးသေးပါ။ ရယူလိုသည်များ အစစ်အမှန်ရရှိနိုင်ရေးအတွက် ဆက်လက်ရုန်းကန် လှုပ်ရှားရပါဦးမည်။
ထိုသို့ ရုန်းကန်လှုပ်ရှားရာ၌ စောဘဦးကြီးအပါ အဝင် ကရင်အမျိုးသားရေးအတွက် အသက်ပေးသွား ခဲ့ကြသော ကရင်ခေါင်းဆောင်များအား ဝမ်းနည်း ပူဆွေး၊ ကြေကွဲ ငိုေြွကးနေမည့်အစား ゞင်းတို့ချမှတ်ခဲ့ သော လမ်းစဉ်၊ မိန့်မှာ ညွှန်ပြခဲ့သော အမှာစကားများ၊ ကျင့်ကြံအားထုတ်ခဲ့သည့် စရိုက်ဓလေ့များကို လိုက်နာ စောင့်ထိန်း နမူနာရယူ ဖော်ထုတ် အကောင်အထည် ဖော်ကြရင်း (၇၀) ကြိမ်မြောက် ကရင်အမျိုးသား အာဇာနည်နေ့ကို လေးစားဂုဏ်ပြုကြပါစို့လား…ဟူ၍။