• Today is: Wednesday, September 30, 2020

ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ႏိုင္မႈ အလားအလာကို မွန္းဆၾကည့္ျခင္း

Federal Journal
September03/ 2020

Zawgyi

ေသြး(စစ္ကိုင္း)

ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္မႈမွာ အေျခခံ အက်ဆံုးအခ်က္က ၿငိမ္းခ်မ္းေရးပဲျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးရမွသာ တိုင္းရင္းသားေတြ ရသင့္ရ ထိုက္တဲ့ အခြင့္အေရးေတြ ရရွိမွာျဖစ္သလို ပညာ ေရး၊ က်န္းမာေရး၊ အလုပ္အကိုင္အခြင့္ အလမ္း ေတြပါ ျမင့္မားလာမွာျဖစ္ပါတယ္။ အရပ္သား အစိုးရလက္ထက္မွာ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ႏိုင္ေရးအတြက္ ႀကိဳး စားေနေပမယ့္ ထင္သေလာက္ ခရီးမေပါက္ခဲ့ပါဘူး။
ၿငိမ္းခ်မ္းေရး ေဆြး ေႏြးပြဲေတြ က်င္းပရာမွာ လည္း အားလံုးပါဝင္ ႏိုင္တဲ့ ေဆြးေႏြး ပြဲျဖစ္ဖို႔လိုပါတယ္။ NCA စာခ်ဳပ္မွာ လက္မွတ္ေရးထိုး ထားတဲ့အဖြဲ႕ေတြ နဲ႔ သာမက လက္ မွတ္ မေရးထိုးရ ေသးတဲ့ အဖြဲ႕ေတြနဲ႔ ပါ ေဆြးေႏြးတာ ပိုေကာင္းပါတယ္။ ေျမျပင္ အေနအထားမွာ NCA လက္မွတ္ေရးထိုးထားတဲ့ တခ်ိဳ႕အဖြဲ႕ေတြနဲ႔ တပ္မ ေတာ္ၾကား စစ္ေရးတင္း မာမႈေတြပါရွိေနလို႔ ေတြ႕ဆံုေဆြးေႏြး အေျဖရွာ တာက တင္းမာမႈေတြကို ေျပေလ်ာ့ေစမွာပါ။
လက္ရွိအေျခအေနမွာ ရခိုင္ျပည္နယ္မွာ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ ခြာထြက္ေျပးရသူ တစ္သိန္း ေျခာက္ေသာင္းေက်ာ္ ထိ ရွိေနပါၿပီ။ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ မွာလည္း တိုက္ပြဲေတြေၾကာင့္ ေနရပ္ စြန္႔ခြာထြက္ေျပးရသူ ႏွစ္ေသာင္း ေက်ာ္ထိရွိပါတယ္။ ဒါ့အျပင္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္ တို႔ မွာလည္း IDP စခန္း ေတြမွာ ေနထိုင္ေနရသူ တစ္ သိန္းေက်ာ္ထိရွိေနၿပီး ေျမျမဳပ္မိုင္း ေတြကို လည္း ရွင္းလင္းႏိုင္ ေသးျခင္း မရွိေသး ပါဘူး။ အေရးႀကီး တာက ၿငိမ္းခ်မ္း ေရး ေဖာ္ေဆာင္ဖို႔ အတြက္ “ႏိုင္ငံေရး ျပႆနာကို ႏိုင္ငံေရး နည္းနဲ႔ ေျဖရွင္းဖို႔ပါပဲ”။
အရပ္သားအစိုးရလက္ထက္မွာ ေဒၚေအာင္ ဆန္းစုၾကည္ ကိုယ္တိုင္ ဦးေဆာင္ၿပီး “၂၁ ရာစု ပင္လံုညီလာခံ”က်င္းပခဲ့လို႔ တိုင္းရင္းသားေတြ ဘက္က ေမွ်ာ္လင့္ခ်က္ႀကီးခဲ့တာအမွန္ပါ။ သူမ ကိုယ္တိုင္လည္း ၿငိမ္းခ်မ္းေရးမရျခင္းရဲ႕ ဒုကၡကို အခ်ိန္နဲ႔အမွ် ျပည္သူေတြက ခံစားေနရတယ္လို႔ အသိအမွတ္ျပဳေျပာဆိုခဲ့ပါတယ္။ ပင္လံုညီလာခံ အတြက္ အေရးပါတဲ့ အမ်ိဳး သားအဆင့္ ႏိုင္ငံေရး ေဆြးေႏြးပြဲေတြကို တခ်ိဳ႕ျပည္ နယ္ေတြမွာ က်င္းပ ႏိုင္ခဲ့ျခင္း မရွိပါဘူး။
အေစာပိုင္းက အစိုးရဘက္က ၆ လ တစ္ႀကိမ္ ၿငိမ္းခ်မ္းေရးညီလာခံက်င္းပသြားဖို႔ စီစဥ္ထားေပမဲ့ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ခြဲမထြက္ ေရးစတဲ့ကိစၥေတြမွာ သေဘာတူညီမႈ မရခဲ့ဘဲ ၾကန္႔ၾကာခဲ့ရတာေတြရွိပါတယ္။ (၂၁)ရာစု ပင္လံုညီလာခံ ပထမအစည္းအေဝးကို (၂၀၁၆) ခုႏွစ္ စက္တင္ဘာလက က်င္းပခဲ့တာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ ႏွစ္ႀကိမ္ထပ္မံက်င္းပႏိုင္ ခဲ့ၿပီး စတုတၳအႀကိမ္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံကိုေတာ့လာမယ့္ ဩဂုတ္လ ဒုတိယ အပတ္မွာ က်င္းပမယ္လို႔ သိရပါတယ္။
NCA စာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႕ ေတြသာမက လက္မွတ္မေရးထိုးရေသး သူေတြကိုပါ ဖိတ္ေခၚသင့္တယ္လို႔ ယူဆ သူေတြလည္းရွိပါတယ္။ အေရးႀကီး တာက အစိုးရ၊ တပ္မေတာ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေတြၾကား ‘ယံုၾကည္မႈ’ တည္ ေဆာက္ႏိုင္ဖို႔ပါပဲ။ ေနာက္ထပ္အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ကေတာ့ NCA သေဘာတူ စာခ်ဳပ္မွာ ပါဝင္ တဲ့အတိုင္း အရပ္သားေတြကို အကာအကြယ္ေပးဖို႔ပဲ ျဖစ္ပါတယ္။
“ျပည္သူလူထုရဲ႕ စားနပ္ရိကၡာစုေဆာင္းမႈ၊ ကူးသန္းေရာင္းဝယ္မႈေတြကို မေႏွာင့္ယွက္ဖို႔၊ အပစ္ရပ္နယ္ေျမထဲက ျပည္သူေတြရဲ႕ လူမႈဘဝ လံုၿခံဳမႈနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေဆာင္ရြက္ ေပးဖို႔”… စတဲ့ အခ်က္ေတြပါဝင္ပါတယ္။ ဒါေၾကာင့္ စစ္ေရးတင္းမာမႈေတြကို တတ္ႏိုင္သမွ် ေလွ်ာ့ခ် ရမွာျဖစ္သလို တိုင္းရင္းသားေတြ လံုၿခံဳစြာ လုပ္ ကိုင္စားေသာက္ႏိုင္ဖို႔ အခြင့္အလမ္းေတြ ဖန္တီး ေပးရမွာျဖစပါတယ္။ စာခ်ဳပ္မွာ လက္မွတ္ေရး ထိုးထား႐ံုသာမကႏွလံုးသားထဲကပါ တိုင္းရင္း သားေတြအေပၚ ညီရင္းအစ္ကို၊ ေမာင္ရင္းနဲ႔ႏွမလို ခ်စ္ခင္စိတ္နဲ႔ ကိုယ္ခ်င္းစာနာမွသာ ၿငိမ္းခ်မ္း ေရးရဲ႕ အႏွစ္သာရေပၚလြင္မွာပါ။
တိုက္ပြဲေတြနဲ႔ မသက္ဆိုင္တဲ့ တိုင္းရင္းသား ေတြ ထိခိုက္ရတာဟာ ဖြံ႕ၿဖိဳးတိုးတက္မႈကိုပါ ေႏွာင့္ေႏွးေစပါတယ္။ တပ္မေတာ္သား တစ္ ေယာက္ အသက္ဆံုး ႐ံႈးတာပဲျဖစ္ျဖစ္၊ တိုင္းရင္းသားလက္နက္ကိုင္ တစ္ ေယာက္ အသက္ ဆံုး႐ံႈးတာပဲျဖစ္ျဖစ္၊ ႏိုင္ငံသားတစ္ ေယာက္ဆံုး႐ံႈးတာျဖစ္လို႔ ၿငိမ္းခ်မ္းေရးကို တပ္မေတာ္သားေတြက ေရာ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြ ကပါ လိုလားမွာပါပဲ။
စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးဆီ ဦးတည္ခ်င္ရင္ အက်ိဳးစီးပြားေပၚ မူတည္စဥ္းစားတာကို ျပန္ သံုးသပ္ ဖို႔ လိုပါတယ္။ ကိုယ့္အဖြဲ႕အစည္း ရဲ႕ အက်ိဳးစီးပြားထက္ တိုင္းရင္းသား အားလံုးရဲ႕ အက်ိဳးစီးပြားကို လိုလား ရပါမယ္။ ကိုယ့္အဖြဲ႕အစည္းတစ္ခုတည္း အတြက္ အက်ိဳးစီးပြားကို မစြန္႔လႊတ္ႏိုင္ ဘူးဆိုရင္ ပဋိပကၡေတြလည္း ဆက္ၿပီးျဖစ္ ေပၚေနဦးမွာပါပဲ။ ျပည္သူေတြ အတြက္၊ တိုင္းရင္းသားေတြအတြက္လို႔ အားလံုးက ေျပာေနၾက ေပမယ့္ လက္ေတြ႕မွာ ျပည္သူေတြ၊ တိုင္း ရင္းသားေတြ ကပဲ ဆင္းရဲဒုကၡေတြ ခံစားေနရတာပါ။
တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြ အပါအဝင္ သက္ဆိုင္ရာ အဖြဲ႔အစည္းေတြအေနနဲ႔ ျပည္သူေတြရဲ႕ ရွင္သန္ခြင့္ကို ကာကြယ္ေပးဖို႔လိုၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အထူးေရွာင္ရွား ဖို႔ လိုအပ္ပါတယ္။ ခ်င္းလူမ်ိဳးေတြဟာ AA နဲ႔ တပ္မေတာ္ၾကားက တိုက္ပြဲေတြၾကားမွာ ၾကားညပ္ ေနရတဲ့ အေနအထားျဖစ္ေနပါတယ္။ တိုက္ပြဲျဖစ္ပြား တဲ့ေဒသေတြမွာ အသိဘက္ကပဲျဖစ္ျဖစ္ လူ႔အခြင့္အေရး စံခ်ိန္စံညႊန္းေတြကို လိုက္နာတာ အေကာင္းဆံုးပါပဲ။ ၿငိမ္းခ်မ္းေရးရရွိမွသာ တိုင္းရင္းသားေဒသေတြမွာ ဖြံ႕ၿဖိဳးတိုးတက္မႈလည္း ‘ကြ်ဲကူးေရပါ’ ျဖစ္ေပၚလာမွာ ျဖစ္ပါတယ္။
ၿငိမ္းခ်မ္းေရအတြက္ အဟန္႔အတားျဖစ္ေနတာ ေတြက တိုက္ပြဲေတြပဲ မဟုတ္ပါဘူး …. တိုင္းရင္းသား ေတြႏွစ္သက္လက္ခံႏိုင္ျခင္းမရွိတဲ့ အျပဳအမူနဲ႔ လုပ္ရပ္ ေတြကို အစိုးရဘက္က လုပ္ေဆာင္ေနတာေတြလည္း ပါဝင္ပါတယ္။ (၂၀၁၇) ခုႏွစ္ မတ္လထဲမွာ မြန္၊ ကရင္ နဲ႔ ပအို႔ဝ္တိုင္းရင္းသားေသာင္းခ်ီၿပီး မြန္ျပည္နယ္ ေခ်ာင္းဆံုနဲ႔ ေမာ္လၿမိဳင္ကို ဆက္သြယ္ထားတဲ့ တံတား ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားလို႔ အမည္ေပးမယ့္ ကိစၥကို ကန္႔ကြက္ခဲ့ၾကပါတယ္။ ကန္႔ကြက္သူေတြက ဒီလိုအမည္ေပးမွာက ဖက္ဒရယ္နဲ႔ဆန္႔က်င္ဘက္ ျဖစ္ေနတယ္လို႔ ေဝဖန္ခဲ့ၾကပါတယ္။ ဒါေပမယ့္ အစိုးရ ဘက္က ေဒသခံတိုင္းရင္းသားေတြရဲ႕ စကားကို နား မေထာင္ဘဲ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတားလို႔” အမည္ ေပးခဲ့ပါတယ္။
ေနာက္ထပ္ ကန္႔ကြက္မႈတစ္ခုကေတာ့ ကယား ျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျမင္းစီး႐ုပ္တု စိုက္ထူမွာကို ကရင္နီလူငယ္ေတြဘက္ က ကန္႔ကြက္ခဲ့ျခင္းပါပဲ။ (၂၀၁၉) ခုႏွစ္ ေဖေဖာ္ဝါရီ (၁၉)ရက္ေန႔က ဆႏၵျပသူေတြကို ရဲတပ္ဖြဲ႕က ရာဘာ က်ည္ဆံေတြ အသံုးျပဳႏွိမ္နင္းခဲ့တဲ့ ျဖစ္စဥ္ေပၚေပါက္ ခဲ့ပါတယ္။ ကရင္နီလူငယ္ေတြဘက္က ဗိုလ္ခ်ဳပ္ေအာင္ ဆန္း႐ုပ္ထုထက္ ပင္လံုကတိကဝတ္ေဖာ္ေဆာင္ေပး မႈနဲ႔ တန္းတူရည္တူရွိမႈကိုပဲ လိုလားတာပါ။ ျပည္ေထာင္စုေန႔မွာမွ ၿဖိဳခြင္းခဲ့တဲ့အတြက္ ပိုၿပီးေမးခြန္း ထုတ္စရာျဖစ္လာရပါတယ္။
ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကး႐ုပ္ထားရွိမွာကို ကန္႔ ကြက္မႈေတြမွာ သူ႔ကိုမေလးစားလို႔မဟုတ္ဘဲ ‘ဗမာ ႀကီးစိုးမႈ’ ျဖစ္မႈကို မႀကိဳက္တာေၾကာင့္လို႔ ေထာက္ျပ သူေတြလည္း ရွိပါတယ္။ ဒါ့ေၾကာင့္ တိုင္းရင္းသား ေတြနဲ႔ ယံုၾကည္မႈ ခိုင္ၿမဲေစဖို႔ အစိုးရဘက္က အထူး သတိထားခ်ဥ္းကပ္သင့္ေၾကာင္း ေတြ႕ရပါတယ္။ ျပည္ နယ္ေတြထဲမွာ ဖြံ႕ၿဖိဳးမႈနည္းပါးတဲ့ ျပည္နယ္ေတြ အတြက္ အေျခခံအေဆာက္အဦေတြ ေကာင္းမြန္လာ ေရး၊ စိုက္ပ်ိဳးေမြးျမဴေရးက႑ေတြမွာ တိုးတက္လာ ေရးတို႔ကို ဦးစားေပးလုပ္ေဆာင္သင့္ပါတယ္။ အဲဒီလို မဟုတ္ဘဲ ေဒသခံေတြ လက္မခံတဲ့ ဗိုလ္ခ်ဳပ္႐ုပ္တု ေတြကို စိုက္ထူတာက နားလည္မႈ ပိုေဝးကြာေစႏိုင္ လို႔ မလုပ္ေဆာင္သင့္ပါဘူး။
ဘာျဖစ္လို႔လဲဆိုေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ (Peace Process)ကို ေဖာ္ေဆာင္ရာမွာ ျမန္မာ ႏိုင္ငံအတြင္း မွီတင္းေနထိုင္ၾကတဲ့ တိုင္းရင္းသားလူမ်ိဳး အားလံုးရဲ႕ ဆႏၵကို အေလးဂ႐ုျပဳ စဥ္းစားဖို႔ အထူး လိုအပ္လို႔ပါပဲ။ ျပည္မကသူေတြ ေအးခ်မ္းစြာ ေနထိုင္ ႏိုင္ခ်ိန္မွာ ေတာင္တန္းေဒသက လူေတြ ေနရပ္စြန္႔ ခြာထြက္ေျပးရတာ၊ လွ်ပ္စစ္မီးမရေသးတာဟာ တန္းတူရည္တူ အခြင့္အေရးမဟုတ္တာ ေသခ်ာပါ တယ္။ ၿငိမ္းခ်မ္းေရးကို တကယ္လိုလာရင္း တိုင္းရင္း သားေတြရဲ႕ အက်ိဳးကို တကယ္လိုလားၿပီး တန္းတူရည္ တူ အခြင့္အေရးကို ေဖာ္ေဆာင္ေပးရမွာပါ။
စိတ္ရင္းေစတနာလည္း ရွိမယ္၊ တိုင္းရင္းသား ေတြခံစားေနရတဲ့ ဒုကၡေတြကိုလည္း ကိုယ္ခ်င္းစာနာ မယ္ဆိုရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြလည္း ေအာင္ ျမင္မႈရလာၿပီး တစ္ဖက္နဲ႔တစ္ဖက္ၾကား ‘ယံုၾကည္မႈ’ ရလာမွာပါ။ ယံုၾကည္မႈတည္ေဆာက္လာတာနဲ႔အမွ် ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ႏိုင္မႈ အလားအလာကို ပိုမို ေကာင္းမြန္လာၿပီး ဖြံ႕ၿဖိဳးတိုးတက္မႈဆီ ဦးတည္ႏိုင္ မွာပါ။ ဒါ့ေၾကာင့္ ပဋိပကၡေတြခ်ဳပ္ၿငိမ္းၿပီး တန္းတူရည္ တူရွိမႈကို လိုလားရင္ စိတ္ရင္းေစတနာအမွန္နဲ႔ ၿငိမ္းခ်မ္းေရးရရွိဖို႔ ႀကိဳးစားသြားသင့္ၿပီျဖစ္ပါတယ္။

 

Unicode

သွေး(စစ်ကိုင်း)
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အခြေခံ အကျဆုံးအချက်က ငြိမ်းချမ်းရေးပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးရမှသာ တိုင်းရင်းသားတွေ ရသင့်ရ ထိုက်တဲ့ အခွင့်အရေးတွေ ရရှိမှာဖြစ်သလို ပညာ ရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့် အလမ်း တွေပါ မြင့်မားလာမှာဖြစ်ပါတယ်။ အရပ်သား အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် ကြိုး စားနေပေမယ့် ထင်သလောက် ခရီးမပေါက်ခဲ့ပါဘူး။
ငြိမ်းချမ်းရေး ဆွေး နွေးပွဲတွေ ကျင်းပရာမှာ လည်း အားလုံးပါဝင် နိုင်တဲ့ ဆွေးနွေး ပွဲဖြစ်ဖို့လိုပါတယ်။ NCA စာချုပ်မှာ လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့တွေ နဲ့ သာမက လက် မှတ် မရေးထိုးရ သေးတဲ့ အဖွဲ့တွေနဲ့ ပါ ဆွေးနွေးတာ ပိုကောင်းပါတယ်။ မြေပြင် အနေအထားမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တချို့အဖွဲ့တွေနဲ့ တပ်မ တော်ကြား စစ်ရေးတင်း မာမှုတွေပါရှိနေလို့ တွေ့ဆုံဆွေးနွေး အဖြေရှာ တာက တင်းမာမှုတွေကို ပြေလျော့စေမှာပါ။
လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့် ခွာထွက်ပြေးရသူ တစ်သိန်း ခြောက်သောင်းကျော် ထိ ရှိနေပါပြီ။ ချင်းပြည်နယ် ပလက်ဝမြို့နယ် မှာလည်း တိုက်ပွဲတွေကြောင့် နေရပ် စွန့်ခွာထွက်ပြေးရသူ နှစ်သောင်း ကျော်ထိရှိပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့ မှာလည်း IDP စခန်း တွေမှာ နေထိုင်နေရသူ တစ် သိန်းကျော်ထိရှိနေပြီး မြေမြုပ်မိုင်း တွေကို လည်း ရှင်းလင်းနိုင် သေးခြင်း မရှိသေး ပါဘူး။ အရေးကြီး တာက ငြိမ်းချမ်း ရေး ဖော်ဆောင်ဖို့ အတွက် “နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းဖို့ပါပဲ”။
အရပ်သားအစိုးရလက်ထက်မှာ ဒေါ်အောင် ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး “၂၁ ရာစု ပင်လုံညီလာခံ”ကျင်းပခဲ့လို့ တိုင်းရင်းသားတွေ ဘက်က မျှော်လင့်ချက်ကြီးခဲ့တာအမှန်ပါ။ သူမ ကိုယ်တိုင်လည်း ငြိမ်းချမ်းရေးမရခြင်းရဲ့ ဒုက္ခကို အချိန်နဲ့အမျှ ပြည်သူတွေက ခံစားနေရတယ်လို့ အသိအမှတ်ပြုပြောဆိုခဲ့ပါတယ်။ ပင်လုံညီလာခံ အတွက် အရေးပါတဲ့ အမျိုး သားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို တချို့ပြည် နယ်တွေမှာ ကျင်းပ နိုင်ခဲ့ခြင်း မရှိပါဘူး။
အစောပိုင်းက အစိုးရဘက်က ၆ လ တစ်ကြိမ် ငြိမ်းချမ်းရေးညီလာခံကျင်းပသွားဖို့ စီစဉ်ထားပေမဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲမထွက် ရေးစတဲ့ကိစ္စတွေမှာ သဘောတူညီမှု မရခဲ့ဘဲ ကြန့်ကြာခဲ့ရတာတွေရှိပါတယ်။ (၂၁)ရာစု ပင်လုံညီလာခံ ပထမအစည်းအဝေးကို (၂၀၁၆) ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ နှစ်ကြိမ်ထပ်မံကျင်းပနိုင် ခဲ့ပြီး စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုတော့လာမယ့် ဩဂုတ်လ ဒုတိယ အပတ်မှာ ကျင်းပမယ်လို့ သိရပါတယ်။
NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ တွေသာမက လက်မှတ်မရေးထိုးရသေး သူတွေကိုပါ ဖိတ်ခေါ်သင့်တယ်လို့ ယူဆ သူတွေလည်းရှိပါတယ်။ အရေးကြီး တာက အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ‘ယုံကြည်မှု’ တည် ဆောက်နိုင်ဖို့ပါပဲ။ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ NCA သဘောတူ စာချုပ်မှာ ပါဝင် တဲ့အတိုင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။
“ပြည်သူလူထုရဲ့ စားနပ်ရိက္ခာစုဆောင်းမှု၊ ကူးသန်းရောင်းဝယ်မှုတွေကို မနှောင့်ယှက်ဖို့၊ အပစ်ရပ်နယ်မြေထဲက ပြည်သူတွေရဲ့ လူမှုဘဝ လုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးဖို့”… စတဲ့ အချက်တွေပါဝင်ပါတယ်။ ဒါကြောင့် စစ်ရေးတင်းမာမှုတွေကို တတ်နိုင်သမျှ လျှော့ချ ရမှာဖြစ်သလို တိုင်းရင်းသားတွေ လုံခြုံစွာ လုပ် ကိုင်စားသောက်နိုင်ဖို့ အခွင့်အလမ်းတွေ ဖန်တီး ပေးရမှာဖြစပါတယ်။ စာချုပ်မှာ လက်မှတ်ရေး ထိုးထားရုံသာမကနှလုံးသားထဲကပါ တိုင်းရင်း သားတွေအပေါ် ညီရင်းအစ်ကို၊ မောင်ရင်းနဲ့နှမလို ချစ်ခင်စိတ်နဲ့ ကိုယ်ချင်းစာနာမှသာ ငြိမ်းချမ်း ရေးရဲ့ အနှစ်သာရပေါ်လွင်မှာပါ။
တိုက်ပွဲတွေနဲ့ မသက်ဆိုင်တဲ့ တိုင်းရင်းသား တွေ ထိခိုက်ရတာဟာ ဖွံ့ဖြိုးတိုးတက်မှုကိုပါ နှောင့်နှေးစေပါတယ်။ တပ်မတော်သား တစ် ယောက် အသက်ဆုံး ရှုံးတာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင် တစ် ယောက် အသက် ဆုံးရှုံးတာပဲဖြစ်ဖြစ်၊ နိုင်ငံသားတစ် ယောက်ဆုံးရှုံးတာဖြစ်လို့ ငြိမ်းချမ်းရေးကို တပ်မတော်သားတွေက ရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကပါ လိုလားမှာပါပဲ။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီ ဦးတည်ချင်ရင် အကျိုးစီးပွားပေါ် မူတည်စဉ်းစားတာကို ပြန် သုံးသပ် ဖို့ လိုပါတယ်။ ကိုယ့်အဖွဲ့အစည်း ရဲ့ အကျိုးစီးပွားထက် တိုင်းရင်းသား အားလုံးရဲ့ အကျိုးစီးပွားကို လိုလား ရပါမယ်။ ကိုယ့်အဖွဲ့အစည်းတစ်ခုတည်း အတွက် အကျိုးစီးပွားကို မစွန့်လွှတ်နိုင် ဘူးဆိုရင် ပဋိပက္ခတွေလည်း ဆက်ပြီးဖြစ် ပေါ်နေဦးမှာပါပဲ။ ပြည်သူတွေ အတွက်၊ တိုင်းရင်းသားတွေအတွက်လို့ အားလုံးက ပြောနေကြ ပေမယ့် လက်တွေ့မှာ ပြည်သူတွေ၊ တိုင်း ရင်းသားတွေ ကပဲ ဆင်းရဲဒုက္ခတွေ ခံစားနေရတာပါ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေရဲ့ ရှင်သန်ခွင့်ကို ကာကွယ်ပေးဖို့လိုပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထူးရှောင်ရှား ဖို့ လိုအပ်ပါတယ်။ ချင်းလူမျိုးတွေဟာ AA နဲ့ တပ်မတော်ကြားက တိုက်ပွဲတွေကြားမှာ ကြားညပ် နေရတဲ့ အနေအထားဖြစ်နေပါတယ်။ တိုက်ပွဲဖြစ်ပွား တဲ့ဒေသတွေမှာ အသိဘက်ကပဲဖြစ်ဖြစ် လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို လိုက်နာတာ အကောင်းဆုံးပါပဲ။ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှုလည်း ‘ကျွဲကူးရေပါ’ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေအတွက် အဟန့်အတားဖြစ်နေတာ တွေက တိုက်ပွဲတွေပဲ မဟုတ်ပါဘူး …. တိုင်းရင်းသား တွေနှစ်သက်လက်ခံနိုင်ခြင်းမရှိတဲ့ အပြုအမူနဲ့ လုပ်ရပ် တွေကို အစိုးရဘက်က လုပ်ဆောင်နေတာတွေလည်း ပါဝင်ပါတယ်။ (၂၀၁၇) ခုနှစ် မတ်လထဲမှာ မွန်၊ ကရင် နဲ့ ပအို့ဝ်တိုင်းရင်းသားသောင်းချီပြီး မွန်ပြည်နယ် ချောင်းဆုံနဲ့ မော်လမြိုင်ကို ဆက်သွယ်ထားတဲ့ တံတား ကို ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အမည်ပေးမယ့် ကိစ္စကို ကန့်ကွက်ခဲ့ကြပါတယ်။ ကန့်ကွက်သူတွေက ဒီလိုအမည်ပေးမှာက ဖက်ဒရယ်နဲ့ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရ ဘက်က ဒေသခံတိုင်းရင်းသားတွေရဲ့ စကားကို နား မထောင်ဘဲ ဗိုလ်ချုပ်အောင်ဆန်းတံတားလို့” အမည် ပေးခဲ့ပါတယ်။
နောက်ထပ် ကန့်ကွက်မှုတစ်ခုကတော့ ကယား ပြည်နယ် လွိုင်ကော်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တု စိုက်ထူမှာကို ကရင်နီလူငယ်တွေဘက် က ကန့်ကွက်ခဲ့ခြင်းပါပဲ။ (၂၀၁၉) ခုနှစ် ဖေဖော်ဝါရီ (၁၉)ရက်နေ့က ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာ ကျည်ဆံတွေ အသုံးပြုနှိမ်နင်းခဲ့တဲ့ ဖြစ်စဉ်ပေါ်ပေါက် ခဲ့ပါတယ်။ ကရင်နီလူငယ်တွေဘက်က ဗိုလ်ချုပ်အောင် ဆန်းရုပ်ထုထက် ပင်လုံကတိကဝတ်ဖော်ဆောင်ပေး မှုနဲ့ တန်းတူရည်တူရှိမှုကိုပဲ လိုလားတာပါ။ ပြည်ထောင်စုနေ့မှာမှ ဖြိုခွင်းခဲ့တဲ့အတွက် ပိုပြီးမေးခွန်း ထုတ်စရာဖြစ်လာရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထားရှိမှာကို ကန့် ကွက်မှုတွေမှာ သူ့ကိုမလေးစားလို့မဟုတ်ဘဲ ‘ဗမာ ကြီးစိုးမှု’ ဖြစ်မှုကို မကြိုက်တာကြောင့်လို့ ထောက်ပြ သူတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသား တွေနဲ့ ယုံကြည်မှု ခိုင်မြဲစေဖို့ အစိုးရဘက်က အထူး သတိထားချဉ်းကပ်သင့်ကြောင်း တွေ့ရပါတယ်။ ပြည် နယ်တွေထဲမှာ ဖွံ့ဖြိုးမှုနည်းပါးတဲ့ ပြည်နယ်တွေ အတွက် အခြေခံအဆောက်အဦတွေ ကောင်းမွန်လာ ရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွေမှာ တိုးတက်လာ ရေးတို့ကို ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ဒေသခံတွေ လက်မခံတဲ့ ဗိုလ်ချုပ်ရုပ်တု တွေကို စိုက်ထူတာက နားလည်မှု ပိုဝေးကွာစေနိုင် လို့ မလုပ်ဆောင်သင့်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)ကို ဖော်ဆောင်ရာမှာ မြန်မာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုး အားလုံးရဲ့ ဆန္ဒကို အလေးဂရုပြု စဉ်းစားဖို့ အထူး လိုအပ်လို့ပါပဲ။ ပြည်မကသူတွေ အေးချမ်းစွာ နေထိုင် နိုင်ချိန်မှာ တောင်တန်းဒေသက လူတွေ နေရပ်စွန့် ခွာထွက်ပြေးရတာ၊ လျှပ်စစ်မီးမရသေးတာဟာ တန်းတူရည်တူ အခွင့်အရေးမဟုတ်တာ သေချာပါ တယ်။ ငြိမ်းချမ်းရေးကို တကယ်လိုလာရင်း တိုင်းရင်း သားတွေရဲ့ အကျိုးကို တကယ်လိုလားပြီး တန်းတူရည် တူ အခွင့်အရေးကို ဖော်ဆောင်ပေးရမှာပါ။
စိတ်ရင်းစေတနာလည်း ရှိမယ်၊ တိုင်းရင်းသား တွေခံစားနေရတဲ့ ဒုက္ခတွေကိုလည်း ကိုယ်ချင်းစာနာ မယ်ဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း အောင် မြင်မှုရလာပြီး တစ်ဖက်နဲ့တစ်ဖက်ကြား ‘ယုံကြည်မှု’ ရလာမှာပါ။ ယုံကြည်မှုတည်ဆောက်လာတာနဲ့အမျှ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မှု အလားအလာကို ပိုမို ကောင်းမွန်လာပြီး ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်နိုင် မှာပါ။ ဒါ့ကြောင့် ပဋိပက္ခတွေချုပ်ငြိမ်းပြီး တန်းတူရည် တူရှိမှုကို လိုလားရင် စိတ်ရင်းစေတနာအမှန်နဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားသွားသင့်ပြီဖြစ်ပါတယ်။