• Today is: Friday, March 29, 2024

ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဉက္ကဌ ဒေါက်တာ M ကောန်လ ကို လာမည့် မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ် စီရင်ချက်ချမည်

#Photo_KNC_Facebook

ဖက်ဒရယ်ဂျာနယ် ( မတ်လ – ၁၈ )

စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဉက္ကဌ ဒေါက်တာ M ကောန်လ ကို လာမည့် မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ် စီရင်ချက်ချမည်ဖြစ်ကြောင်းသိရသည်။

မတ်လ ၁၇/၁၈ ရက်နေ့ ဒေါက်တာ အမ်ကောန်လ ကို ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် ၎င်းဖက်မှ သက်သေ လေးဦးကို အပြီးသတ်စစ်ဆေးခဲ့ကြောင်း Kachin National Congress (KNC) ၏ Facebook စာမျက်နှာ တွင် ဖော်ပြထားပါသည်။ ထို့အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဒေါက်တာ M ကောန်လ အမြန်ဆုံးပြန်လည် လွတ်မြောက် ရန်အတွက် ဝိုင်းဝန်းဆုတောင်းခြင်းဖြင့် ပါဝင်ကူညီကြရန် KNC ပါတီက တောင်းဆိုခဲ့ပါသည်။

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လကို စစ်ကောင်စီက ပြီးခဲ့သည့် နှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ၎င်း၏ ဆေးခန်းတွင်ရှိနေစဉ် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။