• Today is: Tuesday, April 16, 2024

စစ်ကောင်စီ၏လေးလတာ

Zawgyi

တိုင္းျပည္အားအန္အယ္ဒီအစိုးရအုပ္ခ်ဳပ္စဥ္ကာလအတြင္း သတင္းေထာက္တစ္ဦးအားမလုပ္ရဲတာဘာမွမရွိဘူးဟု ေျပာ ၾကားခဲ့ေသာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔တြင္ ျပည္သူလူထုတစ္ခဲနက္မဲေပးခဲ့ေသာ ၂၀၂၀ခုႏွစ္ေ႐ြးေကာက္ပြဲရလာဒ္ကို မ်က္ကြယ္ျပဳကာ ႏိုင္ငံ့အာဏာကို မတရားသိမ္းပိုက္ခဲ့သည္မွာ ၄ လတာၾကာျမင့္ခဲ့ၿပီျဖစ္သည္။
၂၀၂၀ ခုႏွစ္ႏိုဝင္ဘာလအတြင္းက်င္းပခဲ့ေသာေ႐ြးေကာက္ပြဲတြင္မဲမသမာမႈအမ်ားအျပားရွိခဲ့သည္ဟူေသာအေၾကာင္းျပခ်က္ ျဖင့္ အာဏာသိမ္းခဲ့ၿပီး ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္၊ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို ဖမ္းဆီးထိန္းသိမ္းခဲ့ သည္။ ထို႔အျပင္လူထုၾကည္ညိဳေလးစားေသာ စာေရးဆရာမ်ား၊ ပရဟိတသမားမ်ားအျပင္ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူမ်ား၊ အန္အယ္ဒီအမတ္မ်ားတို႔ကိုလည္း ခ်က္ျခင္းထိန္းသိမ္းခဲ့ျပန္သည္။
ျပည္သူလူထုတစ္ရပ္လုံးအာဏာသိမ္းစစ္ေကာင္စီအားဆန႔္က်င္ကာ ၿငိမ္းခ်မ္းစြာစုေဝး၊ စီတန္းလွည့္လည္ကာ ဆႏၵျပခဲ့ သည္။ ၁၉၈၈ ခုႏွစ္ ဩဂုတ္လအတြင္းျဖစ္ပြားခဲ့ေသာ ရွစ္ေလးလုံးအေလးေတာ္ပုံ ဆႏၷျပပြဲမ်ားထက္ ပိုမိုစနစ္က်ေသာ စည္းကမ္းရွိ ေသာလူထု၏ဆႏၵျပပြဲမ်ားကို ကမာၻကမွင္သက္စြာ ေငးေမာၾကည့္ခဲ့ရသည္။
အင္ဂ်င္နီယာ၊ ဆရာဝန္၊ ေက်ာင္းဆရာ၊ ကဗ်ာဆရာ၊ စာေရးဆရာစသည့္အတတ္ပညာ၊ အသိပညာရွင္မ်ားမွအစ အေျခခံလူ တန္းစားစုံလင္စြာ စစ္အာဏာသိမ္းမႈကိုဆန႔္က်င္ခဲ့ၾကသည္။ ထိုအထဲတြင္အတက္ႂကြဆုံးေသာသူမ်ားမွ ဂ်န္ဇီဟုေခၚၾကသည့္ မ်ိဳး ဆက္သစ္လူငယ္မ်ားပင္ျဖစ္ၾကသည္။ သူတို႔သည္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာေ႐ြးေကာက္ပြဲတြင္မဲေပးခဲ့ၾကသည့္ first time voter မ်ားျဖစ္ ၾကၿပီး အေရအတြက္အားျဖင့္ ၅ သိန္းခန႔္ရွိသည္။ သူတို႔သည္သူတို႔မဲေပးခဲ့ေသာရလာဒ္ကို ပယ္ဖ်က္ကာ ေ႐ြးေကာက္ပြဲအသစ္အား ထပ္မံက်င္းပရန္ႀကိဳးစားမႈကို ဘယ္ေတာ့မွလက္ခံလိမ့္မည္မဟုတ္ေပ။
လူထုဆႏၵကိုမ်က္ကြယ္ျပဳကာအာဏာသိမ္းခဲ့ေသာစစ္ေကာင္စီသည္ ဆႏၵျပေသာျပည္သူမ်ား၏ေတာင္းဆိုမႈကို ထပ္မံမ်က္ ကြယ္ျပဳၿပီးပစ္ခတ္ၿဖိဳခြဲမႈမ်ားေၾကာင့္ ႏိုင္ငံအဝွမ္းျပည္သူ ၈၀၀ ေက်ာ္ေသဆုံးခဲ့ရသည္။ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္ထားေသာ ျပည္သူ အေရအတြက္မွာလည္း သုံးေသာင္းေက်ာ္ ရွိခဲ့သည္။
အာဏာသိမ္းၿပီး ၄ လေက်ာ္ကာလအတြင္းႏိုင္ငံ၏ အေျခအေနမွာ တရိပ္ရိပ္အက်ဘက္ေရာက္ရွိခဲ့သည္။ ႏိုင္ငံေရးဘက္က စ၍ၾကည့္မည္ဆိုလွ်င္လည္း စစ္ေကာင္စီမွာ အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္သို႔ေရာက္ရွိခဲ့ၿပီး ကမာၻႏိုင္ငံအမ်ားအျပားက တရားဝင္ အစိုးရအျဖစ္ လက္ခံျခင္းမရွိသည္ကို ေတြ႕ရမည္ျဖစ္သည္။
စီးပြားေရးဘက္ကၾကည့္မည္ဆိုလွ်င္ျဖင့္ စစ္ေကာင္စီ၏ ၄ လတာအတြင္အေျခအေနသည္လြန္ခဲ့ေသာ ႏွစ္သုံးဆယ္ေလာက္ သို႔ေနာက္ျပန္ဆုတ္သြားသည္ကို အံ့ဩစိုးရိမ္ဖြယ္ရာေတြ႕ျမင္ရမည္ျဖစ္သည္။ ႏိုင္ငံရပ္ျခားကုန္သြယ္မႈမ်ားရပ္တန႔္သြားၿပီးေနာက္ ႏိုင္ငံျခားေငြေဈးမ်ား ျမင့္တက္လာခဲ့ၿပီး က်ပ္ေငြတန္ဘိုးမွာ နိမ့္က်သြားခဲ့သည္။ ျပည္သူလူထု၏ေခြၽးနည္းစာျဖင့္စုေဆာင္းထားရွိ ေသာဘဏ္မ်ားရွိစုေဆာင္းေငြမ်ားကို အကန႔္အသတ္ျဖင့္ ထုတ္ယူေနရျခင္းကလည္း က်ပ္ေငြတန္ဘိုးက်ဆင္းမႈအေပၚ ဂယက္႐ိုက္ ခတ္ခဲ့သည္။
ဆန္၊ဆီ စသည့္အေျခခံစားကုန္ေဈးႏႈန္းမ်ားအျပင္ေဆးဝါးႏွင့္လူသုံးကုန္ပစၥည္းေဈးႏႈန္းမ်ားျမင့္တက္သြားခဲ့ရသည္။ ဘိလပ္ ေျမ၊ သြပ္၊ သံစသည့္ ေဆာက္လုပ္ေရးပစၥည္းမ်ား အဆမတန္ေဈးတက္သြားျခင္းေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းအမ်ားအျပား ရပ္ဆိုင္းသြားခဲ့ရၿပီး ေနာက္ဆက္တြဲဂယက္အျဖစ္ အလုပ္အကိုင္မဲ့မႈမ်ားႏွင့္လည္း ရင္ဆိုင္ေနၾကရသည္။ အထူးသျဖင့္ အထည္ခ်ဳပ္ လုပ္ငန္းအမ်ားအျပားပိတ္သိမ္းခဲ့ရၿပီး လုပ္ငန္းရွင္မ်ားက အျခားေသာတတိယႏိုင္ငံမ်ားသို႔ ေ႐ႊ႕ေျပာင္းသြားျခင္းေၾကာင့္ ေထာင္ေပါင္း မ်ားစြာေသာ အလုပ္အကိုင္မဲ့မႈမ်ားကို ရင္ဆိုင္ေနရၿပီျဖစ္သည္။
စစ္ေကာင္စီမွ ႏိုင္ငံျခားေငြကို အႀကိမ္ႀကိမ္ထုတ္ေရာင္းျခင္းျဖင့္ စီးပြားေရးကို ဆယ္တင္ေနရၿပီး ႏိုင္ငံျခားေငြျပည္ပသို႔စီး ဆင္းမႈကို ထိန္းခ်ဳပ္ရန္အတြက္ အေျခခံလူသုံးကုန္ပစၥည္းမ်ားျဖစ္သည့္ ဆပ္ျပာ၊ သြားတိုက္ေဆးစသည္တို႔ကို တင္သြင္းခြင့္ပိတ္ပင္ လိုက္သည္။ ႏိုင္ငံျခားမွတင္သြင္းေနရသည့္ စက္သုံးဆီကို ကန႔္သတ္ရန္အတြက္ စီမံခ်က္မ်ားခ်မွတ္လာၿပီး ေရွ႕တြင္စက္သုံးဆီ ဝယ္ ယူရာတြင္ မဆလေခတ္ကဲ့သို႔ ခြဲတမ္းျဖင့္ထုတ္ယူရမည့္အေျခအေနတြင္ရွိေနသည္။ စက္သုံးဆီထိန္းခ်ဳပ္မႈကိုထိန္းခ်ဳပ္ရန္အတြက္ ရန္ကုန္ၿမိဳ႕အတြင္း ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္မႈကို ပိတ္ပင္လိုက္ၿပီး ဆိုင္ကယ္မ်ားကို စစ္ေကာင္စီက ေနရာအႏွံ႔ ပိုက္စိတ္တိုက္ ဖမ္းေနသည္။ ထိုအေျခအေနေၾကာင့္ဆိုင္ကယ္ကယ္ရီေမာင္းႏွင္ၿပီး ဝမ္းေရးေျဖရွင္းေနရေသာအေျခခံလူတန္းစားမ်ားအတြက္ အခက္အခဲမ်ားစြာရွိေနသည္။ ေအာက္ေျခစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ဆိုင္ကယ္ဖမ္းျခင္းကို ျပန္ေပးဆြဲျခင္းသဖြယ္လုပ္ေဆာင္ ေနၿပီး ေငြေၾကးျဖင့္ ျပန္လည္ေ႐ြးယူေစျခင္းမ်ားျပဳလုပ္ေနၾကသည္။
စစ္ေကာင္စီျဖင့္တိုက္ပြဲမ်ားျဖစ္ပြားေနေသာ တိုင္းရင္းသားမ်ားေနထိုင္ရာေဒသအသီးသီးတြင္လည္း စားနပ္ရိကၡာႏွင့္ ေဆး ဝါးအခက္အခဲမ်ားစြာျဖစ္ေပၚေနသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားမွာေနရပ္ကို စြန႔္ခြာထြက္ေျပးေနရသျဖင့္ ခိုလႈံရာမဲ့ေနၾကသည္။ စားနပ္ရိကၡာကူညီေထာက္ပံ့ရန္အတြက္လည္း ခြင့္ျပဳခ်က္ရရွိရန္ အခက္အခဲမ်ားစြာရွိေနသည္။
ပညာေရးႏွင့္က်န္းမာေရးဘက္တြင္လည္း CDM ျပဳလုပ္သည့္ ဆရာ/ဆရာမႏွင့္ ဝန္ထမ္းမ်ားကို ရာထူးမွထုတ္ပယ္ထားသ ျဖင့္ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းတြင္ ျပည့္ဝစြာဝန္ေဆာင္မႈေပးႏိုင္ျခင္းမရွိေပ။ အေျခခံပညာအထက္တန္းေက်ာင္းမ်ားကို ဇြန္လတြင္ ျပည္လည္ဖြင့္လွစ္ခဲ့ေသာ္လည္း ကိုဗစ္ေရာဂါျပည္လည္ကူးစက္လာမႈႏွင့္ လုံၿခဳံေရးစိုးရိမ္မႈမ်ားေၾကာင့္ တစ္ႏိုင္ငံလုံးရွိအ ေျခခံပညာသင္ၾကားႏိုင္သူ ၂၀% သာျပန္လည္ေက်ာင္းတက္ႏိုင္ေသးသည္။ ကိုဗစ္ေရာဂါကူးစက္မႈႏႈန္းမွာလည္း ေန႔စဥ္လူဦးေရ ၁၀၀ ေက်ာ္ျဖင့္ ျပန္လည္ေခါင္းေထာင္လာၿပီး အကယ္၍တတိယလႈိင္းသာ ကူးစက္လာပါက က်န္းမာေရးေစာင့္ေရွာက္မႈေလ်ာ့က်သြား ျခင္းေၾကာင့္ စိုးရိမ္စရာျဖစ္လာေနသည္။
စစ္ေကာင္စီ၏ေလးလတာကာလအတြင္းအာဏာသိမ္းမႈအေျခအေနမွာ ႏိုင္ငံေရး၊ က်န္းမာေရး၊ စီးပြားေရး၊ ပညာေရးဘက္ ေပါင္းစုံတြင္ တရိပ္ရိပ္ထိုး၍က်င္ဆင္းသြားသျဖင့္ မၾကာမီအတြင္းက်ဆုံးႏိုင္ငံအျဖစ္သို႔ေရာက္ရွိသြားရန္သာရွိေတာ့သည္။ ထိုအေျခ အေနအတြင္းတိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ အပစ္အခတ္ရပ္စဲေရး၊ ဖက္ဒရယ္ျပည္ေထာင္စုေဖာ္ေဆာင္ေရးတို႔မွာ အိမ္မက္ပင္မက္ရန္မျဖစ္ႏိုင္ေသာ အေျခအေနျဖစ္၏။ ယင္းသို႔ေသာအေျခအေနမ်ိဳးႏွင့္ ျပည္သူမ်ားအေနျဖင့္ ႏိုင္ငံ၏ဒီမိုကေရစီစနစ္ ကို ျပည္လည္အသက္သြင္းရန္ ရွိရင္းစြဲ ယုံၾကည္ခ်က္ကို မမွိတ္မသုန္စြဲကိုင္ထားရန္ လိုအပ္ေၾကာင္း တိုက္တြန္းပါသည္။

ေမာက္ဂၢလ

Unicode

တိုင်းပြည်အားအန်အယ်ဒီအစိုးရအုပ်ချုပ်စဉ်ကာလအတွင်း သတင်းထောက်တစ်ဦးအားမလုပ်ရဲတာဘာမှမရှိဘူးဟု ပြော ကြားခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြည်သူလူထုတစ်ခဲနက်မဲပေးခဲ့သော ၂၀၂၀ခုနှစ်ရွေးကောက်ပွဲရလာဒ်ကို မျက်ကွယ်ပြုကာ နိုင်ငံ့အာဏာကို မတရားသိမ်းပိုက်ခဲ့သည်မှာ ၄ လတာကြာမြင့်ခဲ့ပြီဖြစ်သည်။
၂၀၂၀ ခုနှစ်နိုဝင်ဘာလအတွင်းကျင်းပခဲ့သောရွေးကောက်ပွဲတွင်မဲမသမာမှုအများအပြားရှိခဲ့သည်ဟူသောအကြောင်းပြချက် ဖြင့် အာဏာသိမ်းခဲ့ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ သည်။ ထို့အပြင်လူထုကြည်ညိုလေးစားသော စာရေးဆရာများ၊ ပရဟိတသမားများအပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အန်အယ်ဒီအမတ်များတို့ကိုလည်း ချက်ခြင်းထိန်းသိမ်းခဲ့ပြန်သည်။
ပြည်သူလူထုတစ်ရပ်လုံးအာဏာသိမ်းစစ်ကောင်စီအားဆန့်ကျင်ကာ ငြိမ်းချမ်းစွာစုဝေး၊ စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ သည်။ ၁၉၈၈ ခုနှစ် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သော ရှစ်လေးလုံးအလေးတော်ပုံ ဆန္နပြပွဲများထက် ပိုမိုစနစ်ကျသော စည်းကမ်းရှိ သောလူထု၏ဆန္ဒပြပွဲများကို ကမ္ဘာကမှင်သက်စွာ ငေးမောကြည့်ခဲ့ရသည်။
အင်ဂျင်နီယာ၊ ဆရာဝန်၊ ကျောင်းဆရာ၊ ကဗျာဆရာ၊ စာရေးဆရာစသည့်အတတ်ပညာ၊ အသိပညာရှင်များမှအစ အခြေခံလူ တန်းစားစုံလင်စွာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ကြသည်။ ထိုအထဲတွင်အတက်ကြွဆုံးသောသူများမှ ဂျန်ဇီဟုခေါ်ကြသည့် မျိုး ဆက်သစ်လူငယ်များပင်ဖြစ်ကြသည်။ သူတို့သည် ၂၀၂၀ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲတွင်မဲပေးခဲ့ကြသည့် first time voter များဖြစ် ကြပြီး အရေအတွက်အားဖြင့် ၅ သိန်းခန့်ရှိသည်။ သူတို့သည်သူတို့မဲပေးခဲ့သောရလာဒ်ကို ပယ်ဖျက်ကာ ရွေးကောက်ပွဲအသစ်အား ထပ်မံကျင်းပရန်ကြိုးစားမှုကို ဘယ်တော့မှလက်ခံလိမ့်မည်မဟုတ်ပေ။
လူထုဆန္ဒကိုမျက်ကွယ်ပြုကာအာဏာသိမ်းခဲ့သောစစ်ကောင်စီသည် ဆန္ဒပြသောပြည်သူများ၏တောင်းဆိုမှုကို ထပ်မံမျက် ကွယ်ပြုပြီးပစ်ခတ်ဖြိုခွဲမှုများကြောင့် နိုင်ငံအဝှမ်းပြည်သူ ၈၀၀ ကျော်သေဆုံးခဲ့ရသည်။ မတရားဖမ်းဆီးချုပ်နှောင်ထားသော ပြည်သူ အရေအတွက်မှာလည်း သုံးသောင်းကျော် ရှိခဲ့သည်။
အာဏာသိမ်းပြီး ၄ လကျော်ကာလအတွင်းနိုင်ငံ၏ အခြေအနေမှာ တရိပ်ရိပ်အကျဘက်ရောက်ရှိခဲ့သည်။ နိုင်ငံရေးဘက်က စ၍ကြည့်မည်ဆိုလျှင်လည်း စစ်ကောင်စီမှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သို့ရောက်ရှိခဲ့ပြီး ကမ္ဘာနိုင်ငံအများအပြားက တရားဝင် အစိုးရအဖြစ် လက်ခံခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။
စီးပွားရေးဘက်ကကြည့်မည်ဆိုလျှင်ဖြင့် စစ်ကောင်စီ၏ ၄ လတာအတွင်အခြေအနေသည်လွန်ခဲ့သော နှစ်သုံးဆယ်လောက် သို့နောက်ပြန်ဆုတ်သွားသည်ကို အံ့ဩစိုးရိမ်ဖွယ်ရာတွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံရပ်ခြားကုန်သွယ်မှုများရပ်တန့်သွားပြီးနောက် နိုင်ငံခြားငွေဈေးများ မြင့်တက်လာခဲ့ပြီး ကျပ်ငွေတန်ဘိုးမှာ နိမ့်ကျသွားခဲ့သည်။ ပြည်သူလူထု၏ချွေးနည်းစာဖြင့်စုဆောင်းထားရှိ သောဘဏ်များရှိစုဆောင်းငွေများကို အကန့်အသတ်ဖြင့် ထုတ်ယူနေရခြင်းကလည်း ကျပ်ငွေတန်ဘိုးကျဆင်းမှုအပေါ် ဂယက်ရိုက် ခတ်ခဲ့သည်။
ဆန်၊ဆီ စသည့်အခြေခံစားကုန်ဈေးနှုန်းများအပြင်ဆေးဝါးနှင့်လူသုံးကုန်ပစ္စည်းဈေးနှုန်းများမြင့်တက်သွားခဲ့ရသည်။ ဘိလပ် မြေ၊ သွပ်၊ သံစသည့် ဆောက်လုပ်ရေးပစ္စည်းများ အဆမတန်ဈေးတက်သွားခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းအများအပြား ရပ်ဆိုင်းသွားခဲ့ရပြီး နောက်ဆက်တွဲဂယက်အဖြစ် အလုပ်အကိုင်မဲ့မှုများနှင့်လည်း ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် အထည်ချုပ် လုပ်ငန်းအများအပြားပိတ်သိမ်းခဲ့ရပြီး လုပ်ငန်းရှင်များက အခြားသောတတိယနိုင်ငံများသို့ ရွှေ့ပြောင်းသွားခြင်းကြောင့် ထောင်ပေါင်း များစွာသော အလုပ်အကိုင်မဲ့မှုများကို ရင်ဆိုင်နေရပြီဖြစ်သည်။
စစ်ကောင်စီမှ နိုင်ငံခြားငွေကို အကြိမ်ကြိမ်ထုတ်ရောင်းခြင်းဖြင့် စီးပွားရေးကို ဆယ်တင်နေရပြီး နိုင်ငံခြားငွေပြည်ပသို့စီး ဆင်းမှုကို ထိန်းချုပ်ရန်အတွက် အခြေခံလူသုံးကုန်ပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ သွားတိုက်ဆေးစသည်တို့ကို တင်သွင်းခွင့်ပိတ်ပင် လိုက်သည်။ နိုင်ငံခြားမှတင်သွင်းနေရသည့် စက်သုံးဆီကို ကန့်သတ်ရန်အတွက် စီမံချက်များချမှတ်လာပြီး ရှေ့တွင်စက်သုံးဆီ ဝယ် ယူရာတွင် မဆလခေတ်ကဲ့သို့ ခွဲတမ်းဖြင့်ထုတ်ယူရမည့်အခြေအနေတွင်ရှိနေသည်။ စက်သုံးဆီထိန်းချုပ်မှုကိုထိန်းချုပ်ရန်အတွက် ရန်ကုန်မြို့အတွင်း မော်တော်ဆိုင်ကယ်မောင်းနှင်မှုကို ပိတ်ပင်လိုက်ပြီး ဆိုင်ကယ်များကို စစ်ကောင်စီက နေရာအနှံ့ ပိုက်စိတ်တိုက် ဖမ်းနေသည်။ ထိုအခြေအနေကြောင့်ဆိုင်ကယ်ကယ်ရီမောင်းနှင်ပြီး ဝမ်းရေးဖြေရှင်းနေရသောအခြေခံလူတန်းစားများအတွက် အခက်အခဲများစွာရှိနေသည်။ အောက်ခြေစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်ဖမ်းခြင်းကို ပြန်ပေးဆွဲခြင်းသဖွယ်လုပ်ဆောင် နေပြီး ငွေကြေးဖြင့် ပြန်လည်ရွေးယူစေခြင်းများပြုလုပ်နေကြသည်။
စစ်ကောင်စီဖြင့်တိုက်ပွဲများဖြစ်ပွားနေသော တိုင်းရင်းသားများနေထိုင်ရာဒေသအသီးသီးတွင်လည်း စားနပ်ရိက္ခာနှင့် ဆေး ဝါးအခက်အခဲများစွာဖြစ်ပေါ်နေသည့် စစ်ဘေးရှောင်ပြည်သူများမှာနေရပ်ကို စွန့်ခွာထွက်ပြေးနေရသဖြင့် ခိုလှုံရာမဲ့နေကြသည်။ စားနပ်ရိက္ခာကူညီထောက်ပံ့ရန်အတွက်လည်း ခွင့်ပြုချက်ရရှိရန် အခက်အခဲများစွာရှိနေသည်။
ပညာရေးနှင့်ကျန်းမာရေးဘက်တွင်လည်း CDM ပြုလုပ်သည့် ဆရာ/ဆရာမနှင့် ဝန်ထမ်းများကို ရာထူးမှထုတ်ပယ်ထားသ ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် ပြည့်ဝစွာဝန်ဆောင်မှုပေးနိုင်ခြင်းမရှိပေ။ အခြေခံပညာအထက်တန်းကျောင်းများကို ဇွန်လတွင် ပြည်လည်ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်ရောဂါပြည်လည်ကူးစက်လာမှုနှင့် လုံခြုံရေးစိုးရိမ်မှုများကြောင့် တစ်နိုင်ငံလုံးရှိအ ခြေခံပညာသင်ကြားနိုင်သူ ၂၀% သာပြန်လည်ကျောင်းတက်နိုင်သေးသည်။ ကိုဗစ်ရောဂါကူးစက်မှုနှုန်းမှာလည်း နေ့စဉ်လူဦးရေ ၁၀၀ ကျော်ဖြင့် ပြန်လည်ခေါင်းထောင်လာပြီး အကယ်၍တတိယလှိုင်းသာ ကူးစက်လာပါက ကျန်းမာရေးစောင့်ရှောက်မှုလျော့ကျသွား ခြင်းကြောင့် စိုးရိမ်စရာဖြစ်လာနေသည်။
စစ်ကောင်စီ၏လေးလတာကာလအတွင်းအာဏာသိမ်းမှုအခြေအနေမှာ နိုင်ငံရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးဘက် ပေါင်းစုံတွင် တရိပ်ရိပ်ထိုး၍ကျင်ဆင်းသွားသဖြင့် မကြာမီအတွင်းကျဆုံးနိုင်ငံအဖြစ်သို့ရောက်ရှိသွားရန်သာရှိတော့သည်။ ထိုအခြေ အနေအတွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး၊ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေးတို့မှာ အိမ်မက်ပင်မက်ရန်မဖြစ်နိုင်သော အခြေအနေဖြစ်၏။ ယင်းသို့သောအခြေအနေမျိုးနှင့် ပြည်သူများအနေဖြင့် နိုင်ငံ၏ဒီမိုကရေစီစနစ် ကို ပြည်လည်အသက်သွင်းရန် ရှိရင်းစွဲ ယုံကြည်ချက်ကို မမှိတ်မသုန်စွဲကိုင်ထားရန် လိုအပ်ကြောင်း တိုက်တွန်းပါသည်။

မောက်ဂ္ဂလ