• Today is: Friday, March 29, 2024

ဆက်ကြေး

Zawgyi

ပါးကွက်သားရဲ့သားလှီးဓား
သွေးနဲ့အသေးစိတ် မှတ်ထားတာက
ကောင်းကင်ကကြယ်တစ်ပွင့်ပြုတ်ကျလာတိုင်း
တစ်ယောက်ယောက်သေရမယ်
မဖြစ်မနေသေပေးရမယ်
အသက်တွေကို စတေးချင်နေသူအဖို့
သေခြင်းကဟက်ဟက်ပက်ပက် ပြက်လံုး
မေ့မေ့လျော့လျော့
ကိုယ်ခံအားနည်းသူများ
ပေးလို့ပေးမှန်း မသိလိုက်ရတဲ့မျက်ရည်
ခန်းလို့ခန်းမှန်း မသိလိုက်တဲ့ပျေ်ာရွှင်မှု
ရလို့ရမှန်းမသိလိုက်ရတဲ့နာကျင်ကြေကွဲမှု
တစ်ဖက်စီးနင်း အဆံုးအရှံုးများ
ဒင်းက အဆစ်ပါလိုချင်တယ်
တစ်ဦးချင်းစီက ဝိညာဉ်တွေ။

နေစိမ့်

 

 

Unicode

ပါးကွက်သားရဲ့သားလှီးဓား

သွေးနဲ့အသေးစိတ် မှတ်ထားတာက

ကောင်းကင်ကကြယ်တစ်ပွင့်ပြုတ်ကျလာတိုင်း

တစ်ယောက်ယောက်သေရမယ်

မဖြစ်မနေသေပေးရမယ်

အသက်တွေကို စတေးချင်နေသူအဖို့

သေခြင်းကဟက်ဟက်ပက်ပက် ပြက်လုံး

မေ့မေ့လျော့လျော့

ကိုယ်ခံအားနည်းသူများ

ပေးလို့ပေးမှန်း မသိလိုက်ရတဲ့မျက်ရည်

ခန်းလို့ခန်းမှန်း မသိလိုက်တဲ့ပျော်ရွှင်မှု

ရလို့ရမှန်းမသိလိုက်ရတဲ့နာကျင်ကြေကွဲမှု

တစ်ဖက်စီးနင်း အဆုံးအရှုံးများ

ဒင်းက အဆစ်ပါလိုချင်တယ်

တစ်ဦီးချင်းစီက ဝိညာဉ်တွေ။

 

နေစိမ့်