• Today is: Friday, April 26, 2024

တိုင်းရင်းသားဒေသ လူထုလှုပ်ရှားမှု သတင်းအကျဉ်း

တိုင်းရင်းသားဒေသ လူထုလှုပ်ရှားမှု သတင်းအကျဉ်း
 
၃၀ (မတ်) ၂၀၂၁
 
မြန်မာနိုင်ငံမှာ စစ်တပ်မှ အာသိမ်းယူပြီးနောက် စစ်အာဏာရှင်အလိုမရှိတဲ့ ကျောင်းသား လူငယ် ပြည်သူတရပ်လုံး စစ်အာရှင် ဆန့်ကျင်ဆန္ဒပြ လူထုလှုပ်ရှားမှု များ နိုင်ငံအနံ့အပြား ပေါ်ပေါက်လာပါတယ်။ ထို ဆန္ဒပြ ပြည်သူများကို စစ်ကောင်စီ၏ စစ်တပ် နှင့် ရဲများက အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အသက် သေဆုံး ပြည်သူ ခြောက်ရာ ခန့်ရှိပြီး၊ ဖမ်းစီး ထိန်းသိမ်းခံရ သူများလည်း အများအပြားရှိ နေပါတယ်။ ဒါပေမဲ့ စစ်အာရှင်ဆန့်ကျင် ဆန္ဒပြကြတဲ့ ပြည်သူများမှာ ယနေ့အချိန်ထိ နည်းလမ်းမျိုးဖြင့် ဆန့်ကျင် တော်လှန်လျက်ရှိနေပါ တယ်။
 
ကချင်ပြည်နယ်၊ ဖုန်ကန်ရာဇီရေခဲတောင်ပေါ်က နွေဦးတော်လှန်ရေး (ပုံ)
 
 
ကချင်ပြည်နယ် သတင်း
 
ယနေ့ မတ်လ ၃၀ နေ့ပိုင်းတွင် မြစ်ကြီးနား ရမ်ပူရပ်ွှက် မှာ ရဲနှင့် စစ်​ကောင်စီ စစ်သားများ အကြမ်းဖက် သပိတ်ဖြိုခွင်း ပစ်ခတ်မှု​ကြောင့် ပြည်သူ တစ်ဦးသေဆုံးပြီး ဒါဏ်ရာရရှိသူများလည်းရှိကြောင်းသိရသည်။ ကျဆုံးသွားသူမှာ အသက် ၂၃အရွယ်ရှိ ကိုမျိုးမင်းသူဖြစ်ကြောင်းသိရသည်။
 
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် သပိတ်ဖြိုခွင်းပြီးနောက် နေအိမ်တစ်လုံးအား ရဲနှင့်စစ်သားများ မီးရှို့သွားခဲ့ကြောင်းသိသည်။ မီးရှို့ခဲ့သည့် နေအိမ်တစ်လုံးက မီးလောင်ပျက်ဆီးသွားပြီး အဆိုပါအိမ်ဘေးရှိနေအိမ်တစ်လုံး မီးကူးလောင်ကျွမ်းခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ မီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
 
ကချင်ပြည်နယ် မိုးကောင်းမြို့ ပြည်သူများ ယ​နေ့ ဆက်လက်ဆန္ဒပြ စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခြင်း၊ CDM တွင် မပါဝင်​သော ​ကျောင်းဆရာဆရာမများကို ချုံ့ချ​ကြောင်း ဆန္ဒထုတ်​ဖော်ခဲ့ပါတယ်။
 
မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ ပြည်သူများ မတ်လ ၃၀ ရက်နေ့ အာဏာရှင်စနစ်ဆန့်ကျသည့် သပိတ်စစ်ကြောင်းကို မနက်ပိုင်း ၈ နာရီမှ ၁၀ နာရီအထိ မြို့တွင်းလှည့်လည် ဆန္ဒပြထုတ်ဖော်ခဲ့ကြောင်းသိရသည်။ ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ မတ်လ ၃၀ ရက်၊ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ယ​နေ့ မိုးညှင်းမြို့ သာယာကုန်းအလွန်က တံတားတွင် ​နွေးဦး​တော်လှန်​ရေးတိုက်ပွဲ ကာလအတွင်း အသတ်ခံလိုက်ရသည့် ကလေးငယ်များအတွက် ဆုတောင်း​​ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်။
 
ကယားပြည်နယ် သတင်း
 
မတ်လ ၃၀ ရက်နေ့ ကယား(ကရင်နီ)ပြည်၊ လွိုင်ကော်မြို့၊ နာနတ်တော ပြည်သူများမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ် ဆက်လက်ပြုလုပ်သည်။
 
မတ်လ ၃၀ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာတော့ ပြောက်ကျားစနစ်နဲ့စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန် ဆန္ဒဖော်ထုတ်နေပါတယ်။
 
ကရင်ပြည်နယ် သတင်း
 
မတ်လ ၂၉ ရက်နေ့ ညပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်းရော်ဒေသ ဖားပြရွာ G-Zလူငယ်တွေရဲ့စစ်အာဏာ ရှင်တော်လှန်းရေး ညဆိုင်ကယ်သပိတ်ကို ကျေးရွာလမ်းမကြီးတလျှောက် ကြွေး ကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။
ကရင်ပြည်နယ် လှိုင်ဘွဲမြို့က လူငယ်များက စစ်အာရှင်စနန်ဆန့်ကျင် ဆန္ဒပြမှု ယနေ့ မတ် ၃၀ ရက်န့မှာပြုလုပ်သည်။
 
ချင်းပြည်နယ် သတင်း
 
ချင်းပြည်နယ် ဖလမ်းမြို့ရှိ သုသာန်ကို ယနေ့နံနက်တွင် ပြည်သူအချို့ သွားရောက်ရာ အုတ်ဂူများ ဖျက်ဆီးခံထားရမှုများ တွေ့ရသည်။
 
ဖလမ်းပြည်သူလူထုမှ စစ်အာဏာရှင် စနစ်ဆိုးအောက်တွင် အသက်ရှင်နေသူများတင်မကပဲ ကွယ်လွန်ပြီးသူများလည်း လုံခြုံမှု မရှိတော့ပေဟု ပြောဆိုကြပါတယ်။
ချင်းပြည်နယ်ဟားခါးမြို့မှာ ရေရွာဘက်သွားမည့် ကားအားရဲနှင်စစ်တပ်က ရှာဖွေစစ်ဆေးပြီး ကားထဲပါလာသူနှစ်ဦးအား ဖမ်းဆီးခေါ်ဆောငိကြတယ်ဟု သိရပါတယ်။ ဘယ်အကြောင်းကြောင့် ခေါ်သွားခြင်းနှင့် ဘယ်မှာခေါ်ဆောင်သည်ကိုတော့ မသိကြပေ။
 
မတ်လ (၃၀) အတွက်ချင်းပြည်နယ် မင်းတပ်လူငယ်များ ကဗျာသပိတ်ပြုလုပ်ကြပါတယ်။
ထန်တလန်မြို့မှာတော့ ညနေ ၁:၀၀ မှ ၁၅ မိနစ်အထိ စစ်အာဏာရှင်ဆန့်ကျင်သည့်အနေဖြင့် တစ်မြို့လုံးသံပုံးတီးခြင်းဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်ကြပါတယ်။
 
မွန်ပြည်နယ် သတင်း
 
မတ် ၃ဝ ရက် မော်လမြိုင်မြို့က လူငယ်တွေဖနှိပ်မှုတွေရှိနေသော်လည်း စစ်အာဏာ ရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် မော်လမြိုင်လူငယ်အချို့က ဒီကနေ့မှာ ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ပေါင်မြို့နယ်က လူငယ်များစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလူမဲ့လှုပ်ရှားမှုကို ဒီကနေ့မှာ ပြုလုပ်ခဲ့သည်။
 
ရခိုင်ပြည်နယ် သတင်း
 
ရခိုင်ပြည်နယ် ဂွမြို့မှ မြို့နယ်ပညာရေးမှူးရုံးနှင့်အထက် တန်း ကျောင်းတွင် ရုံးတက်နေသော ဝန်ထမ်းများအား ဂွမြို့သူမြို့သားများက စာတန်းရေးထိုးရှုံ့ချမှုပြုလုပ်ခဲ့။
 
ရှမ်းပြည်နယ် သတင်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် စစ်အာဏာ ရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းအား နေ့စဉ်လုပ်ဆောင်နေရာ ယနေ့ မတ်လ(၃၀)ရက်နေ့တွင်လည်း မြို့ပတ်ပြီး ဆက်လက်ချီတက် လုပ်ဆောင်ခဲ့ကြပါတယ်။
 
ဒီနေ့မနက် ၁၁ နာရီ ဝန်းကျင်က မူဆယ် ၄၅ ကုန်း သပိတ်စစ်​ကြောင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို စစ်ကောင်စီစစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်တာကြောင့် အမျိုးသား ၁ ဦး ကျဆုံးသွားတယ်လို့ ပါဝင်သူတွေက ပြောပါတယ်။
ဒီနေ့မနက် မတ် ၃၀ ရက် လားရှိုးက လူငယ်များမှ စတိတ်ကာ ကမ်းပိန်းပြုလုပ်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကန့်ကွက်နေကြပါတယ်။
 
စစ်ကောင်စီတပ်တွေဟာ အောင်ပန်းမြို့သုဿန်ကို မနေ့ မတ်လ ၂၉ ရက်ညမှာ ကားတွေနဲ့ရောက်လာပြီး အလောင်း ၃ လောင်းထက်မနည်းကို လာရောက်သင်္ဂြိုဟ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက် ၉ နာရီခန့်မှာ မြို့ခံတွေ သုဿန်ကိုသွားကြည့်ချိန် သင်္ဂြိုဟ်စက်မှာ အပူရှိန်ကျန်နေသေးတာကြောင့် အလောင်း ၃ လောင်းထက် မနည်းကို မီးရှို့သွားတယ်လို့ ချိန်ဆမိတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။
အင်းလေးကန် အတွင်း၌ စစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ယနေ့ မတ်လ ၃၀ ရက်တွင် ဒေသခံ ပြည်သူများက ရေပေါ်သပိတ် ပြုလုပ်၍ ဆန္ဒ ထုတ်ဖော်ခဲ့‌ကြောင်း သိရ။
ကျောက်မဲမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်သည်။
 
အခြားမြို့ကြီးများ သတင်း
 
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့တွင် ယနေ့မတ်လ ၃၀ ရက်နေ့၌ စစ်အာဏာရှင်ပြုတ်ကျရေး သောင်းချီသော လူထုက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
 
ဆန္ဒပြပြည်သူများအား ရဲတပ်ဖွဲ့နှင့်စစ်တပ်က ဖြိုခွင်းရန် ကြိုးစားသော်လည်း သပိတ်စစ်ကြောင်းကို အောင်မြင်စွာ လှည့်လည်နိုင်ခဲ့ကြသည်။
 
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ကို ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်း တွင် ယနေ့(မတ်လ ၃၀) နံနက် ၅ နာရီ၌ ပြုလုပ်ခဲ့ပါတယ်။
 
နိုင်ငံတဝန်း၌ စစ်အာဏာရှင်တော်လှန်ရင်း ကျဆုံးသွားသူများကို ဝမ်းနည်းအောက်မေ့သောအားဖြင့် တနင်္သာရီတိုင်း ထားဝယ်မြို့ ကျောင်းသားလူငယ်များက အသံတိတ်ဆန္ဒထုတ်ဖော်လျက်ရှိသည်။
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့ တာဟန်းရပ်ကွက်တွင် ပြည်သူများပြုလုပ်သည့် ခံတပ်ကို အာဏာသိမ်းစစ်ကောင်စီ အဖွဲ့က ပစ်ခတ်ဖြိုခွဲမှုများ ရှိခဲ့သော်လည်း ယနေ့ မတ်လ (၃၀) ရက်နေ့တွင် ပြည်သူများက စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ပြုလုပ်ခဲ့ပါတယ်။
 
ထားဝယ်တောင်ပိုင်း သပိတ်စစ်ကြောင်းသည် မတ်လ ၃၀ ရက်နံနက်ပိုင်းတွင် ရှင်မုတ္ထီးဘုရားမှ ကင်းရှေ့ကျေးရွာအထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလမ်းလျှောက်ဆန္ဒပြခဲ့သည်။
Photo:Credit