• Today is: Friday, March 29, 2024

ဒိုင္းနက္ လူမ်ိဳးစုအေၾကာင္း သိေကာင္းစရာ ဒိုင်းနက် လူမျိုးစုအကြောင်း သိကောင်းစရာ

zawgyi

ျမန္မာႏိုင္ငံအတြင္းရိွ တိုင္းရင္းသားလူမ်ိဳးစု(၁၃၅)မ်ိဳးဆိုသည့္ စာရင္းထဲမွ လူသိနည္းေသာ လူမ်ိဳးစုမ်ား၏ ယဥ္ေက်းမႈ၊ စာေပ၊ သမုိင္းေၾကာင္းႏွင့္ လက္ရိွလူေနမႈ အေျခအေန စသည့္တို႔ကို အက်ဥ္းခ်ံဳးေလးျဖင့္ စိတ္၀င္စားဖြယ္ရာမ်ားကို ဤဂ်ာနယ္တြင္ အပတ္စဥ္ အခန္းဆက္ျဖင့္ တစ္မ်ိဳးၿပီးတစ္မ်ိဳး မိတ္ဆက္ေပးသြားမွာ ျဖစ္ပါသည္။ အရင္ဦးဆံုးအေနျဖင့္ ရခိုင္ျပည္နယ္မွာ ေနထိုင္ၾကေသာ “ဒိုင္းနက္”မ်ိဳးႏြယ္စုမ်ားအေၾကာင္း သိေကာင္းစရာမ်ားကို ေအာက္ပါအတိုင္း အက်ဥ္းခ်ံဳး မိတ္ဆက္သြားပါမည္။

လက္ရိွလူဦးေရႏွင့္ ျပန္႔ႏွံ႔ေနထိုင္မႈ
ျမန္မာႏိုင္ငံတြင္ ဒိုင္းနက္လူမ်ိဳးဟုေခၚၿပီး ဘဂၤလားေဒ့စ္ႏို္္င္ငံတြင္ သကၠမ(Chakma)၊ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္တြင္ သြီးကုပ္(Tuikuk)ဟု အသီးသီးေခၚၾကေသာ ၎မ်ိဳးႏြယ္စုမ်ားသည္ ‘သက်’ေခၚ သက္ (အေရွ႕သက္) လူမ်ိဳးမွဆင္းသက္သည္ဟု ခံယူၾကပါသည္။ လက္ရိွတြင္ ရခိုင္ျပည္နယ္မွာ လူဦးေရအားျဖင့္ ေလးေသာင္း(၄၀၀၀၀)ေက်ာ္ေလာက္ ေနထိုင္လ်က္ရိွသည္ဟု သကၠမစာေပယဥ္ေက်းမႈေကာ္မတီ (ေက်ာက္ေတာ္ဥကၠ႒) ဦးေအာင္ေက်ာ္ျဖိဳးက ေျပာၾကားေျပာပါသည္။ ဘူးသီးေတာင္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္မ်ား မွာ (၁)ေသာင္းစီရိွမည္ဟု ၎က ခန္႔မွန္းထားၿပီး အလားတူ ပု႑ားကၽြန္းၿမိဳ႕နယ္မွာ ၅၀၀)ခန္႔၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ (၃၀၀) ခန္႔ႏွင့္ မင္းျပားၿမိဳ႕နယ္တြင္ (၇၀၀၀)ေက်ာ္ ရိွသည္ဟု ၎ကဆိုသည္။
သို႔ေသာ္ Encyclopedia.com website ေဖာ္ျပခ်က္အရ ဒိုင္းနက္(သကၠမ)လူမ်ိဳးမ်ားသည္ ျမန္မာႏိုင္ငံတြင္ လူဦးေရ(၃၀၀၀၀-သံုးေသာင္း)ခန္႔ရိွသည္ဟု ေဖာ္ျပထားသည္။ ဘဂၤလားေဒစ္ႏိုင္ငံ Chittagong ေဒသတြင္ (၄၅၀၀၀၀-ေလးသိန္းခြဲ)ခန္႔ေနထိုင္လ်က္ရိွၿပီး၊ အိႏိၵယႏိုင္ငံတြင္လည္း ေျပာင္းေရႊ႕ေနထိုင္သူမ်ားအျဖစ္ မီဇိုရမ္းျပည္နယ္တြင္ (၁)သိန္းခန္႔ႏွင့္ ထရီပိုရျပည္နယ္တြင္ (၅)ေသာင္းခန္႔ ေနထိုင္ၾကသည္ဟု ေဖာ္ျပထားပါသည္။ စုစုေပါင္း လူဦးေရ(၇)သိန္းခန္႔ ကမာၻေပၚမွာ ဒိုင္းနက္-သကၠမလူမ်ိဳး ေနထိုင္ၾကသည္ဟု ခန္႔မွန္းထားပါသည္။
ဆင္းသက္လာပံုသမိုင္း၊ ဒိုင္းနက္-သကၠမာ-သက္
သမို္င္းေၾကာင္းအရ ဒိုင္းနက္သည္ အရွ႕သက္လူမ်ိဳးျဖစ္ၿပီး ဘာသာေဘဒအရ အင္ဒိုအာရိယန္ ဘာသာအႏြယ္ျဖစ္သည္ဟု အရွင္ေတဇ(သကၠမာ)ေရးေသာ ‘သမိုင္းထဲကသက္၊ သက္ထဲကသမိုင္း’ စာအုပ္မွာ ေရးသားထားပါသည္။ သက္ဟုဆိုရာတြင္ လက္ရိွရခိုင္ျပည္မွာေနထိုင္ေသာ သက္လူမ်ိဳးတို႔ႏွင့္မတူေၾကာင္း၊ လက္ရိွရခိုင္ျပည္နယ္ရိွ သက္လူမ်ိဳးတို႔သည္ တိဘက္တိုဘာမင္(Tibeto-Burman) အုပ္စု၀င္ ကတူး(သက္) လူမ်ိဳး၊ အေနာက္သက္လူမ်ိဳးမ်ားျဖစ္ေၾကာင္း ၎စာအုပ္တြင္ ေဖာ္ျပထားသည္။ အိႏိၵယႏိုင္ငံ မဇၥ်ိမေဒသမွ ၀င္ေရာက္၍ သကၤႆရ႒(တေကာင္း)ျပည္ကို အစတည္ေထာင္ခဲ့သူမ်ားမွာ အေရွ႕သက္၊ ဒိုင္းနက္-သကၠမာလူမ်ိဳးစု တိုင္းရင္းသားမ်ားပင္ျဖစ္ဟု အဆိုပါ စာအုပ္တြင္ တင္ျပထားပါသည္။
ကိုးကြယ္သည့္ဘာသာသာသနာ
ႏိုင္ငံေပါင္း (၃)ႏိုင္ငံစလံုးမွာ ျပန္႔ႏွံ႔ေနထိုင္ၾကေသာ ဒိုင္းနက္-သကၠမာ တစ္မ်ိဳးသားလံုးသည္ အစဥ္အလာအရ ေထရ၀ါဒ ဗုဒၶဘာသာ ကိုးကြယ္ယံုၾကည္သူမ်ားျဖစ္သည္။
သာသာစကားႏွင့္ယဥ္းေက်းမႈ
ဤလူမ်ိဳးစုသည္ သီးျခားဘာသာစကားေျပာဆိုသည့္ လူမ်ိဳးမ်ားျဖစ္ၿပီး ဘာသာေဘဓအရ အင္ဒိုအာရီယန္ဘာသာအႏြယ္ ျဖစ္သည္ဟု သိရသည္။ ဒိုင္းနက္တို႔သည္ ဘဂၤါလီဘာသာ၊ စစ္တေကာင္း ေဒသိယစကား ေျပာဆိုေနၾကသည္ဟု မွားယြန္းစြာ ေျပာဆိုေရးသားေနၾကသည္မွာ လံုး၀မဟုတ္မွန္ဘူးဟု အရွင္ေတဇသကၠမာက ဒိုင္းနက္သမိုင္းစာအုပ္တြင္ ရွင္းျပခဲ့ပါသည္။ သို႔ေသာ္ ယေန႔ဒိုင္းနက္လူငယ္မ်ား မဆိုထားဘိ၊ သက္ႀကီးပိုင္းေတာ္ေတာ္မ်ားမ်ားသည္ျပင္လွ်င္ ဒိုင္းနက္ဘာသာစကားကို သိပ္မေျပာတတ္ေတာ့ ဘဲ ၉၀ရာခိုင္ႏႈန္းေက်ာ္က အိမ္မွာ ဗမာ သို႔မဟုတ္ရခိုင္ဘာသာစကားကိုသာ သံုးစြဲေနၾကေတာ့သည္ဟု သိရိွရသည္။
ဗုဒၶဘာသာကိုးကြယ္သူမ်ား ျဖစ္သည့္အားေလ်ာ္စြာ ရခိုင္ျပည္နယ္ရိွ ဒိုင္းနက္လူမ်ိဳးမ်ားသည္ ၀တ္စားဆင္မႈ၊ ရိုးရာဓေလ့ထံုးတမ္းႏွင့္ ပြဲလမ္းသဘင္မ်ားတြင္ သိသာထင္ရွားစြာ ကြဲျပားျခားနားမႈ မေတြ႔ရေပ။
ႏိုးၾကားမႈႏွင့္ စိုးရိမ္မႈမ်ား
ယဥ္းေက်းမႈ(civilization)ျမင့္မား၊ထြန္းကား၍ လူဦးေရးသန္းႏွင့္ခ်ီေသာ လူမ်ိဳးႀကီးမ်ားၾကားမွာ ၾကားညွပ္ေနထိုင္လ်က္ရိွသည့္ ေသာင္းဂဏန္းသာရိွေသာ ဤဒိုင္းနက္လူမ်ိဳးစုငယ္အဖို႔ လူမ်ိဳး၀ါးျမိဳမႈဒဏ္ ေၾကာင့္ ေရရွည္မွာ ေပ်ာက္ကြယ္မသြားရေရး မနည္းရုန္းကန္ေနရပါသည္။ မ်ိဳးဆက္သစ္လူငယ္တစ္ခ်ိဳ႕မွာ ဒိုင္းနက္စကားလည္း မေျပာတတ္၊ မိမိကိုယ္ကိုမိမိလည္း ဒိုင္းနက္ဟု မခံယူ(ဂုဏ္ယူျခင္းမရိွ)ျဖစ္ေနၾကသည္ကို ေတြ႔ရသည္။
ထို႔ေၾကာင့္ မ်ားမၾကာမီွကာလတြင္ ဒိုင္းနက္လူမ်ိဳး ျမန္မာျပည္မွာ ေပ်ာက္ကြယ္သြားမွာကို စိုးရိမ္မႈရိွေၾကာင္း ေတြ႔ဆံုခဲ့ရေသာ ဒိုင္းနက္စာေပယဥ္ေက်းမႈေကာ္မတီ ေခါင္းေဆာင္တစ္ခ်ိဳ႕က ရင္ဖြင့္လာၾက သည္။ လူမႈေရးအသင္းလမ္းေၾကာင္းတစ္ခုတည္းျဖင့္ ကိုယ့္အမ်ိဳးကိုကာကြယ္ျခင္းသည္ ယေန႔ေခတ္ကာလမွာ မလံုေလာက္ဘူးဟု ခံယူလ်က္ ဒိုင္းနက္လူမ်ိဳးမ်ားပါတီကို တည္ေထာင္ၾကသည္။
ဒိုင္းနက္ေခါင္းေဆာင္မ်ား၏ လိုလားခ်က္
ဒိုင္းနက္ဆိုတာ သူတို႔ကိုသူတို႔ေခၚသည့္အမည္နာမ မဟုတ္ဘဲ လူမ်ိဳးျခားက ေခၚသည့္အမည္ျဖစ္ေသာေၾကာင့္ မူရင္း သကၠမာ(Chakma)အမည္ျဖင့္ ႏိုင္ငံေတာ္ကအသိမွတ္ျပဳေပးရန္ ၂၀၁၅ခုႏွစ္မွာ သူတို႔က အစိုးရထံတင္ျပခဲ့ဖူးသည္။ ထို႔ျပင္ သူတို႔လူမ်ိဳးေပ်ာက္ကြယ္မသြားေရးအတြက္ သူတို႔၏ စာေပႏွင့္ ယဥ္ေက်းမႈ ထိန္းသိမ္း(ျမွင့္တင္)ေရးအစီအစဥ္တြင္ အစိုးရက ေထာက္ပံုကူညီေပးေစလိုသည္။ ယဥ္ေက်းမႈစင္တာ တစ္ခုပံ့ပိုးေပးေစလိုသည္။ ထို႔ျပင္ လႊတ္ေတာ္မွာ သူတို႔လူမ်ိဳးကိုယ္စားျပဳ ခြဲတမ္း(Quota) တစ္ေနရာ သတ္မွတ္ ထားရိွေစလိုေၾကာင္း ဒုိင္းနက္ေခါင္းေဆာင္တစ္ခ်ိဳ႕က ရင္ဖြင့္လာၾကပါသည္။ ။ ။
အယ္ဒီတာအဖြဲ႕

 

Unicode

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစု(၁၃၅)မျိုးဆိုသည့် စာရင်းထဲမှ လူသိနည်းသော လူမျိုးစုများ၏ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းကြောင်းနှင့် လက်ရှိလူနေမှု အခြေအနေ စသည့်တို့ကို အကျဉ်းချုံးလေးဖြင့် စိတ်ဝင်စားဖွယ်ရာများကို ဤဂျာနယ်တွင် အပတ်စဉ် အခန်းဆက်ဖြင့် တစ်မျိုးပြီးတစ်မျိုး မိတ်ဆက်ပေးသွားမှာ ဖြစ်ပါသည်။ အရင်ဦးဆုံးအနေဖြင့် ရခိုင်ပြည်နယ်မှာ နေထိုင်ကြသော “ဒိုင်းနက်”မျိုးနွယ်စုများအကြောင်း သိကောင်းစရာများကို အောက်ပါအတိုင်း အကျဉ်းချုံး မိတ်ဆက်သွားပါမည်။
လက်ရှိလူဦးရေနှင့် ပြန့်နှံ့နေထိုင်မှု
မြန်မာနိုင်ငံတွင် ဒိုင်းနက်လူမျိုးဟုခေါ်ပြီး ဘင်္ဂလားဒေးစ်နို်င်ငံတွင် သက္ကမ(Chakma)၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် သွီးကုပ်(Tuikuk)ဟု အသီးသီးခေါ်ကြသော ၎င်းမျိုးနွယ်စုများသည် ‘သကျ’ခေါ် သက် (အရှေ့သက်) လူမျိုးမှဆင်းသက်သည်ဟု ခံယူကြပါသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်မှာ လူဦးရေအားဖြင့် လေးသောင်း(၄၀၀၀၀)ကျော်လောက် နေထိုင်လျက်ရှိသည်ဟု သက္ကမစာပေယဉ်ကျေးမှုကော်မတီ (ကျောက်တော်ဥက္ကဋ္ဌ) ဦးအောင်ကျော်ဖြိုးက ပြောကြားပြောပါသည်။ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ မှာ (၁)သောင်းစီရှိမည်ဟု ၎င်းက ခန့်မှန်းထားပြီး အလားတူ ပုဏ္ဍားကျွန်းမြို့နယ်မှာ ၅၀၀)ခန့်၊ ကျောက်တော်မြို့နယ်မှာ (၃၀၀) ခန့်နှင့် မင်းပြားမြို့နယ်တွင် (၇၀၀၀)ကျော် ရှိသည်ဟု ၎င်းကဆိုသည်။
သို့သော် Encyclopedia.com website ဖော်ပြချက်အရ ဒိုင်းနက်(သက္ကမ)လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေ(၃၀၀၀၀-သုံးသောင်း)ခန့်ရှိသည်ဟု ဖော်ပြထားသည်။ ဘင်္ဂလားဒေစ်နိုင်ငံ Chittagong ဒေသတွင် (၄၅၀၀၀၀-လေးသိန်းခွဲ)ခန့်နေထိုင်လျက်ရှိပြီး၊ အိန္ဒိယနိုင်ငံတွင်လည်း ပြောင်းရွှေ့နေထိုင်သူများအဖြစ် မီဇိုရမ်းပြည်နယ်တွင် (၁)သိန်းခန့်နှင့် ထရီပိုရပြည်နယ်တွင် (၅)သောင်းခန့် နေထိုင်ကြသည်ဟု ဖော်ပြထားပါသည်။ စုစုပေါင်း လူဦးရေ(၇)သိန်းခန့် ကမ္ဘာပေါ်မှာ ဒိုင်းနက်-သက္ကမလူမျိုး နေထိုင်ကြသည်ဟု ခန့်မှန်းထားပါသည်။
ဆင်းသက်လာပုံသမိုင်း၊ ဒိုင်းနက်-သက္ကမာ-သက်
သမိုင်းကြောင်းအရ ဒိုင်းနက်သည် အရှ့သက်လူမျိုးဖြစ်ပြီး ဘာသာဘေဒအရ အင်ဒိုအာရိယန် ဘာသာအနွယ်ဖြစ်သည်ဟု အရှင်တေဇ(သက္ကမာ)ရေးသော ‘သမိုင်းထဲကသက်၊ သက်ထဲကသမိုင်း’ စာအုပ်မှာ ရေးသားထားပါသည်။ သက်ဟုဆိုရာတွင် လက်ရှိရခိုင်ပြည်မှာနေထိုင်သော သက်လူမျိုးတို့နှင့်မတူကြောင်း၊ လက်ရှိရခိုင်ပြည်နယ်ရှိ သက်လူမျိုးတို့သည် တိဘက်တိုဘာမင်(Tibeto-Burman) အုပ်စုဝင် ကတူး(သက်) လူမျိုး၊ အနောက်သက်လူမျိုးများဖြစ်ကြောင်း ၎င်းစာအုပ်တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှ ဝင်ရောက်၍ သင်္ကဿရဋ္ဌ(တကောင်း)ပြည်ကို အစတည်ထောင်ခဲ့သူများမှာ အရှေ့သက်၊ ဒိုင်းနက်-သက္ကမာလူမျိုးစု တိုင်းရင်းသားများပင်ဖြစ်ဟု အဆိုပါ စာအုပ်တွင် တင်ပြထားပါသည်။
ကိုးကွယ်သည့်ဘာသာသာသနာ
နိုင်ငံပေါင်း (၃)နိုင်ငံစလုံးမှာ ပြန့်နှံ့နေထိုင်ကြသော ဒိုင်းနက်-သက္ကမာ တစ်မျိုးသားလုံးသည် အစဉ်အလာအရ ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူများဖြစ်သည်။
သာသာစကားနှင့်ယဉ်းကျေးမှု
ဤလူမျိုးစုသည် သီးခြားဘာသာစကားပြောဆိုသည့် လူမျိုးများဖြစ်ပြီး ဘာသာဘေဓအရ အင်ဒိုအာရီယန်ဘာသာအနွယ် ဖြစ်သည်ဟု သိရသည်။ ဒိုင်းနက်တို့သည် ဘင်္ဂါလီဘာသာ၊ စစ်တကောင်း ဒေသိယစကား ပြောဆိုနေကြသည်ဟု မှားယွန်းစွာ ပြောဆိုရေးသားနေကြသည်မှာ လုံးဝမဟုတ်မှန်ဘူးဟု အရှင်တေဇသက္ကမာက ဒိုင်းနက်သမိုင်းစာအုပ်တွင် ရှင်းပြခဲ့ပါသည်။ သို့သော် ယနေ့ဒိုင်းနက်လူငယ်များ မဆိုထားဘိ၊ သက်ကြီးပိုင်းတော်တော်များများသည်ပြင်လျှင် ဒိုင်းနက်ဘာသာစကားကို သိပ်မပြောတတ်တော့ ဘဲ ၉၀ရာခိုင်နှုန်းကျော်က အိမ်မှာ ဗမာ သို့မဟုတ်ရခိုင်ဘာသာစကားကိုသာ သုံးစွဲနေကြတော့သည်ဟု သိရှိရသည်။
ဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်သည့်အားလျော်စွာ ရခိုင်ပြည်နယ်ရှိ ဒိုင်းနက်လူမျိုးများသည် ဝတ်စားဆင်မှု၊ ရိုးရာဓလေ့ထုံးတမ်းနှင့် ပွဲလမ်းသဘင်များတွင် သိသာထင်ရှားစွာ ကွဲပြားခြားနားမှု မတွေ့ရပေ။
နိုးကြားမှုနှင့် စိုးရိမ်မှုများ
ယဉ်းကျေးမှု(civilization)မြင့်မား၊ထွန်းကား၍ လူဦးရေးသန်းနှင့်ချီသော လူမျိုးကြီးများကြားမှာ ကြားညှပ်နေထိုင်လျက်ရှိသည့် သောင်းဂဏန်းသာရှိသော ဤဒိုင်းနက်လူမျိုးစုငယ်အဖို့ လူမျိုးဝါးမြိုမှုဒဏ် ကြောင့် ရေရှည်မှာ ပျောက်ကွယ်မသွားရရေး မနည်းရုန်းကန်နေရပါသည်။ မျိုးဆက်သစ်လူငယ်တစ်ချို့မှာ ဒိုင်းနက်စကားလည်း မပြောတတ်၊ မိမိကိုယ်ကိုမိမိလည်း ဒိုင်းနက်ဟု မခံယူ(ဂုဏ်ယူခြင်းမရှိ)ဖြစ်နေကြသည်ကို တွေ့ရသည်။
ထို့ကြောင့် များမကြာမှီကာလတွင် ဒိုင်းနက်လူမျိုး မြန်မာပြည်မှာ ပျောက်ကွယ်သွားမှာကို စိုးရိမ်မှုရှိကြောင်း တွေ့ဆုံခဲ့ရသော ဒိုင်းနက်စာပေယဉ်ကျေးမှုကော်မတီ ခေါင်းဆောင်တစ်ချို့က ရင်ဖွင့်လာကြ သည်။ လူမှုရေးအသင်းလမ်းကြောင်းတစ်ခုတည်းဖြင့် ကိုယ့်အမျိုးကိုကာကွယ်ခြင်းသည် ယနေ့ခေတ်ကာလမှာ မလုံလောက်ဘူးဟု ခံယူလျက် ဒိုင်းနက်လူမျိုးများပါတီကို တည်ထောင်ကြသည်။
ဒိုင်းနက်ခေါင်းဆောင်များ၏ လိုလားချက်
ဒိုင်းနက်ဆိုတာ သူတို့ကိုသူတို့ခေါ်သည့်အမည်နာမ မဟုတ်ဘဲ လူမျိုးခြားက ခေါ်သည့်အမည်ဖြစ်သောကြောင့် မူရင်း သက္ကမာ(Chakma)အမည်ဖြင့် နိုင်ငံတော်ကအသိမှတ်ပြုပေးရန် ၂၀၁၅ခုနှစ်မှာ သူတို့က အစိုးရထံတင်ပြခဲ့ဖူးသည်။ ထို့ပြင် သူတို့လူမျိုးပျောက်ကွယ်မသွားရေးအတွက် သူတို့၏ စာပေနှင့် ယဉ်ကျေးမှု ထိန်းသိမ်း(မြှင့်တင်)ရေးအစီအစဉ်တွင် အစိုးရက ထောက်ပုံကူညီပေးစေလိုသည်။ ယဉ်ကျေးမှုစင်တာ တစ်ခုပံ့ပိုးပေးစေလိုသည်။ ထို့ပြင် လွှတ်တော်မှာ သူတို့လူမျိုးကိုယ်စားပြု ခွဲတမ်း(Quota) တစ်နေရာ သတ်မှတ် ထားရှိစေလိုကြောင်း ဒိုင်းနက်ခေါင်းဆောင်တစ်ချို့က ရင်ဖွင့်လာကြပါသည်။ ။ ။
အယ်ဒီတာအဖွဲ့