• Today is: Saturday, April 20, 2024

နေ့စဉ်သတင်းအကျဉ်း

#Photo-Cridit

#FederalJournal

၁၆ – ​အောက်တိုဘာ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​အောက်တိုဘာလ ၁၆ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၁၇၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၉၀၂၈)၊ ချုပ်နှောင်ခံထားရဆဲ (၇၃၅၅) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၉) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် တိုင်းရင်း သား လူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့က အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းပြည်နယ်၊ မတူပီမြို့အနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ဒီမနက်ပိုင်းက သေနတ်ရမ်းသမ်းပစ်ခတ်လို့ ခြံစောင့်နေထိုင်တဲ့ အသက် ၆ နှစ် ရနှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။ ဒါ့ပြင် မတူပီ-မင်းတပ် ကားလမ်းဘေးက ချန်းပြန်းရွာက သက်ကြီးပိုင်း အမျိုးသားတစ်ယောက်လည်း ခြံထဲသွားနေစဉ် စစ်ကောင်စီတပ်ရဲ့ သေနတ်ကျည်ထိမှန်လို့သေဆုံးသွားပါတယ်။

 

  • အောက်တိုဘာ ၁၃ရက်မှ ၁၄ ရက်နေ့အထိ ဖလမ်းမြို့နယ်တွင် လူနေအိမ် ၂၄ လုံး မီးရှို့ခံရပြီး ကျေးရွာ ၇ ရွာမှ စစ်ဘေးရှောင်လူဦးရေ ၃၉၂၁ ရှိလာပါတယ်။ မီးရှို့ခံရသည့် အိမ် ၂၄ လုံးထဲတွင် Rialti ကျေးရွာခရစ်ယာန်ဘုရားကျောင်းနဲ့ Thlanrawn ကျေးရွာ ပါစတာမိသားစုနေထိုင်သည့် အသင်းတော်ပိုင် အိမ်တစ်လုံးလည်း ပါ၀င်ကြောင်း ဖလမ်းမြို့နယ်စစ်ဘေးရှောင် ကူညီရေးအဖွဲ့ထံမှ သိရသည်။

 

  • ထားဝယ်မြို့ပေါ်ရှိ လူငယ်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် “တော်လှန်စစ်ကို ထောက်ခံကြ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” ခေါင်းစဉ်ဖြင့် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် အောက်ဖက်ကျေးလက်ဒေသတွင် အကြမ်းဖက် စစ်အာဏာ ရှင်ဆန့်ကျင်သည့်အနေနှင့် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး အိမ်တွင်းသပိတ်ကို အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသား ပြည်သူများသည် အောက်တိုဘာလ ၁၆ ရက် နံနက်တွင် ၂၅၁ ရက်မြောက်သပိတ်စစ်ကြောင်းဖြင့် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

 

  • ရန်ကုန်တိုင်း ၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့တွင် ထောက်ကြံ့မြို့လူငယ်များက “တော်လှန်ရေးနှိုးဆော် အိမ်တွင်းသပိတ်” ခေါင်းစဉ်ဖြင့် အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

 

  • ရန်ကုန်မြို့တွင် ပြေးဆွဲနေသော YBS ယာဉ်တချို့ပေါ်တွင် တပ်ပျက်နေပြီဆိုသော စာရွက်များများကို ဖြန့်ဝေကပ်ထားသည့် ကမ်ပိန်းကို တက်ကြွသော လူငယ်တချို့က ယနေ့ ဦးဆောင်ပြုလုပ်ကြသည်။

 

  • မန္တ​လေး ဗကသများ အဖွဲ့ချုပ်နှင့် BEGSC တို့ပူးပေါင်း၍ အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့်ပျောက်ကြားသပိတ်အဖြစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။

 

  • မန္တလေးတွင် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့က အကြမ်းဖက် အာဏာ ရှင်စနစ် အမြစ်ဖျက်ချေမှုန်းရေး မန္တလေး သပိတ်အင်အားစု စစ် ကြောင်း ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး ဖက်ဆစ် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

 

  • မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ အခုရက်ပိုင်း စစ်အုပ်စုက လျှပ်စစ်မီးဖြတ်ပြီး ရပ်ကွက်တွေထဲကို ဝင်ရောက်ကာ လူငယ်တွေကို လိုက်လံဖမ်းဆီးရာမှာ လူငယ် ၁၀ ယောက်လောက် အဖမ်းခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ မတူပီဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်ကား ၆၄ စီးဟာ ဒီနေ့ညနေ ၄း၂ဝ အချိန်တွင် ပြန်တက်သွားပါတယ်။ စစ်ကား အစီး ၂ဝပေါ်တွင် စစ်သားအပြည့်တင်ထားပြီး ကျန်ကားများကို အစောင့် ၂ ယောက်စီသာလိုက်ပါလာကြပါတယ်။

 

  • စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်အာဏာရှင် ကျဆုံးရေးနှင့် ချေမှုန်းရေးအတွက် ပြည်သူများက အောက်တိုဘာလ ၁၆ ရက်နေ့တွင် ချီတက်ကြသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ် ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တို ဘာလ ၁၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့က အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ပြည်သူများ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်မြောက်ခြမ်းနှင့် ဆားလင်းကြီး အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ် ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင် စီ ဖက်ဆစ် စစ်တပ် တော်လှန် ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန် ရေး ပြည်သူများ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ အောက်တိုဘာလ (၁၆)ရက်နေ့တွင် အကြမ်း ဖက် စစ်အာဏာရှင် စနစ်ဆိုးကို ရရာနည်းဖြင့် အမြစ်ပြတ်တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း မုံရွာမြို့ ကံကုန်းကျေးရွာတွင် အကြမ်း ဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် မုံရွာသပိတ်ကော်မတီဝင်များ ဦး​​ဆောင်မှုနှင့်အတူ ကျေးရွာနေပြည်သူအများ အောက်တို ဘာ လ ၁၆ ရက် နေ့တွင် ချီတက်ဆန္ဒပြကြသည်။

 

  • လက်ပံတောင်းတောင်ဒေသ ဖောင်းကားကျေး ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • လက်ပံတောင်း‌တောင် ဒေသပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တို ဘာလ ၁၆ ရက်နေ့က “စစ်ခွေး သင်္ချိုင်း စစ်ကိုင်းတိုင်း” ကြွေးကြော်သံများဖြင့် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • နေပြည်တော် ပျဉ်းမနားမြို့ ရွှေချီ(၆)လမ်းပေါ်ရှိ အာဏာသိမ်းစစ်တပ်ပိုင် မြဝတီဘဏ်ကို ဗုံးဖြင့် တိုက်ခိုက်ခဲ့ပြီး အစောင့် စစ်သား(၂)ဦး သေဆုံးသည်ဟု နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်မတော်က အောက်တိုဘာလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ ရွှေချီ(၆)လမ်းပေါ်ရှိ အာဏာသိမ်းစစ်တပ်ပိုင် မြဝတီဘဏ်အား ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ ည(၇)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က ဗုံးခွဲတိုက်ခိုက်ခြင်း ဖြစ်သည်။