• Today is: Thursday, March 28, 2024

နေ့စဉ်သတင်းအကျဉ်း

#Photo_Credit

#Federal_Journal

၄ – ​နိုဝင်ဘာလ – ၂၀၂၁

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ နိုဝင်ဘာလ ၄ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၂၄၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၉၇၁၉)ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

  • ကချင်ပြည်နယ်၊ ဖားကန့်တွင် ဖက်ဆစ် စစ်တပ် အမြတ်ပြတ်ချေမှုန်းရေး နှင့် KIA ၊ PDF ၊ NUG အောင်နိုင်ရေးအတွက် ဖားကန့်ပြည်သူများက ချီတက် ကြွေးကြော် ဆန္ဒပြကြသည်။ ဆန္ဒပြ ပြည်သူများက “KIA နဲ့ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ “ပြည်သူတွေကို ကာကွယ်နေ KIA KIA”၊ “အမျိုး သား ညီညွတ်ရေး အစိုးရ ဒို့အစိုး ရ” ၊ “ဖက်ဆစ်စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ဒို့အရေး” ၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကိုအောင်ရမည်”ဟု ကြွေးကြော်ကြောင်း သိရှိရသည်။
  • ရှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးစွန်နဲ့ ပုံးလုံရွာခံ (၂၀၀)ကျော်ဟာ မန်ခါမန်ကျောင်းရှိ ဘုန်းတော်ကြီးကျောင်းသို့ ဒီနေ့မှာ တိမ်းရှောင်လာကြပါတယ်။ အိမ်ခြေ (၃၀၀)ကျော်၊ လူဦးရေ ၁ ထောင်ခန့် တိမ်းရှောင်လာဖို့ ရှိနေပြီး လူမှုကူညီရေးအသင်းတွေဟာ ဒုတိယသုတ်အနေနဲ့ သွားရောက် ခေါ်ဆောင်နေကြောင်း ကနဦး သိရပါတယ်။ ကျောက်မဲမြို့နယ်ထဲမှာ RCSS နဲ့ တပ်ပေါင်းစု SSPP, TNLA တို့အကြား ဇွန်လဆန်းကစပြီး ဒီနေ့အထိ တိုက်ပွဲ ဖြစ်ပွားနေကြတာပဲ ဖြစ်ပါတယ်။
  • ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​​မော့ဆို(DMO-PDF) တပ်ရင်း(C)ရဲ့ မွန်းမံသင်တန်း​ နိုဝင်ဘာ ၄ ရက်နေ့မှာ အောင်မြင်စွာကျင်းပပြီးစီးသွားပါတယ်။ မတရားအာဏာသိမ်းပြီး ပြည်သူကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်​ကောင်စီတပ်တွေကို အစွမ်းကုန်ကြိုးစားတိုက်ထုတ်သွားမှာဖြစ်ပြီး ဖယ်ဒရယ်ဒီမိုက​ရေစီ ပန်းတိုင်​ရောက်​အောင် ကြိုးစားသွားမယ်လို့ သင်တန်းသား ရဲဘော်တွေက ကတိပြုခဲ့ကြပါတယ်။
  • ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် (တပ်မဟာ ၅) ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်မည့် လမ်းကြောင်း ၃ ခုတွင် ပြီးခဲ့သည့် အောက်တိုဘာလ ကုန်ပိုင်းမှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စစ်ရေးလှုပ်ရှား မှုများ နေ့စဉ်လုပ်ဆောင်လာသည့်အတွက် ထိတွေ့ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်းသိရသည်။
  • ထားဝယ်မြို့တွင် လူငယ်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့က ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ‘ကျောင်းမတက်နဲ့ ကျောင်းပျက်၊ ပြောင်းလဲချင်ရင် ကျောင်းထဲမဝင်နဲ့’ စာရွက်များကို မြိတ်မြို့ရှိ တော်လှန်ကျောင်းသားလူငယ်များက နိုဝင်ဘာလ ၄ ရက် နံနက်တွင် စာသင်ကျောင်းရှေ့များနှင့် လူစည်ကားရာနေရာများတွင် ကြဲကာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ဆန္ဒပြကြသည်။
  • ရက်ပေါင်း ၂၇၀ ပြည့်သည်အထိ ပျက်ရက်မရှိ ချီတက်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကလေးမြို့သပိတ်ကို ဒီနေ့ နိုဝင်ဘာလ ၄ ရက်နေ့က ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းအဖွဲ့မှ လုံခြုံရေး တင်းကျပ်ကာ ပိတ်ဆို့တားဆီးမှုတွေ ကြားက ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီဆန့်ကျင့်ကန့်ကွက်ခြင်းကို အကြမ်းမဖက်ငြိမ်းချမ်းစွာ အင်အားအများအပြားဖြင့် ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
  • ”ကျွန်ပညာရေးအမြစ်ဖြတ်။ ငါတို့ကျောင်းမတက်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဒေါပုံ၊ သာကေတ၊ တာမွေနဲ့ တောင်ဒဂုံမြို့နယ် ကျောင်းသားတွေ စုပေါင်းပြီး ရန်ကုန်မြို့တနေရာမှာ နိုဝင်ဘာ ၄ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
  • ရန်ကုန်တွင် LGBT များဦးဆောင်၍ ”ရှေ့တက်မလာနဲ့ တက်အုပ်ပစ်မယ် ”ကြွေးကြော်သံအပါ အဝင် အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး LGBT သပိတ်စစ်ကြောင်း နိုဝင်ဘာလ ၄ ရက်နေ့တွင် ချီတက်ခဲ့သည်။
  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ကြပါသည်။
  • “စစ်ခွေးတွေ အကုန်သေ PDFတွေ ဘေးကင်းစေ”စာတန်း ကိုင်စွဲကာ နိုဝင်ဘာလ ၄ ရက် ညပိုင်းတွင် မန္တလေးသပိတ်အင်အားစုက ညသပိတ်ပြုလုပ်ပြီး ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး ဆန္ဒပြကြသည်။
  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်းရှိ ပြည်သူများက အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး၂၃၉ ရက်မြောက် ရွာပေါင်းစုံ သပိတ်ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ချီတက်ခဲ့သည်။
  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် “သွေးမအေးတဲ့ ရွှေနွယ်သွေး” သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာ အမျိုးသမီးသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၄ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • “တောင်တန်းပြည်မ ညီညွတ်ကြ။ သွေးကွဲရင် ခွေးဆွဲမယ်။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။ ” စတဲ့ ကြွေးကြော်သံတွေနဲ့ ရွှေဘိုမြို့နယ်မှာ နိုဝင်ဘာ ၄ ရက်က ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အား ထောက်ခံကြိုဆိုကြောင်းနှင့် အကြမ်းဖက် ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျေးရွာ ၁ ရွာရှိ တော်လှန်ပြည်သူများ နိုဝင်ဘာလ ၄ ရက် နံနက်တွင် ချီတက်ဆန္ဒပြကြသည်။
  • မုံရွာတွင် လက်ပံတောင်းတောင်ဒေသ အမျိုးသမီး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် “ဝတ်ချင်တာ ဝတ်မယ် မုဒိမ်းလာ မကျင့်နဲ့” ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့နိုဝင်ဘာလ ၄ ရက်နေ့တွင် “ငြိမ်းချမ်းရေး အတွက် တိုက်ပွဲရှိရမယ်” ဖက်ဆစ် စစ်ကောင်စီ ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ဝက်လက်မြို့ ကျေးရွာတစ်ရွာတွင် ဝက်လက်မြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂနှင့် ဝက်လက်မြိုနယ်ကျောင်းသားများသမဂ္ဂတို့ပူးပေါင်း၍ “မကြေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ” ဆိုသည့် စာသားကိုင်ဆောင်၍ အကြမ်းဖက် ဖက်ဆစ်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ကို နိုဝင်ဘာ ၄ တွင် ပြုလုပ်ခဲ့ကြသည်။
  • တောင်ငူတွင် တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂက ယနေ့နိုဝင်ဘာ ၄ ရက်နေ့တွင် အကြမ်း ဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ဆန္ဒပြချီတက်ခဲ့ကြသည်။
  • ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာတွင် ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ပြည်သူများ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။