• Today is: Saturday, April 20, 2024

နေ့စဉ်သတင်းအကျဉ်း

#Photo-Credit

#Federal-Journal

၂၀ – ​အောက်တိုဘာ – ၂၀၂၁

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​အောက်တိုဘာလ ၂၀ ရက်နေ့ အထိ နွေဦးတော်လှန်ရေးတွင် အသက် သေဆုံးသူ (၁၁၈၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၉၀၇၃)၊ ချုပ်နှောင်ခံထားရဆဲ (၇၀၈၆) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

• အင်တာနက်ဖြတ်တောက်ခံထားရသော ဖားကန့်တွင် ဖားကန့်ပြည်သူများက KIA နဲ့ PDF တိုက်ပွဲတိုင်း တွင် အနိုင်ရစေရန်ဆုတောင်းပေးခဲ့ကြပြီး NUG အစိုးရကို လဲထောက်ခံကြိုဆိုခဲ့ကြ​ကြောင်း နှင့် စစ်အာဏာရှင် အမြန်ဆုံးကျဆုံး​ပါ​​စေဆိုပြီး သပိတ်ပြုလုပ်ခဲ့ကြသည်။

• ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သီတင်း ကျွတ်လပြည့်ည စစ်အာဏာ ရှင်စနစ် ဆန့်ကျင်ကြောင်း မီးထွန်းသပိတ်ပြုလုပ်ကြပါသည်။

• ယနေ့ ရက်ပေါင်း ၂၅၅ ရက်​မြောက်နေ့ ကလေးမြို့ပြည်သူများ အာဏာသိမ်းစစ်ကောင်စီ ဆန့် ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်မှု သပိတ်စစ် ကြောင်းအောင်မြင်စွာပြီးဆုံးကြောင်းသိရသည်။

• ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အာဏာ သိမ်းအဖွဲ့က ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်ထား၍ တိမ်း ရှောင်နေရာမှ နေအိမ်ပြန်လာသည့် LGBT (၁) ဦးကို ၂၀၂၁ ခုနှစ်၊ အောက်တို ဘာလ (၁၉) ရက်နေ့ ညပိုင်းတွင် နေအိမ်၌ဝင်ရောက်ဖမ်းဆီးပြီး အဆိုပါနေအိမ်ရှိ အမျိုးသမီး (၁) ဦးကိုပါ ဖမ်းသွားကြောင်း သိရသည်။ ကျောက်မဲနေအိမ်သို့ ပြန်လာရာ ညပိုင်း၌ အာဏာ သိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲတို့က ကား (၃)စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

• ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းပေါ်ရှိ ထလန်ရောန်ရွာ(သစ်) က ဘုရားကျောင်းအပါအဝင်အိမ် ၁၃ လုံး ကာလတန်ဖိုး သိန်း ၁၂၀ ကျော် အကြမ်း ဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပါတယ်။ ပြန်လည် ထူထောင်ဖို့အတွက် အလှူငွေတွေထည့်ဝင်နိင်ပါတယ်။

• နွေဦးတော်လှန်ရေးတွင်အသက်ပေးသွားသော ကဗျာဆရာ (ကေဇဝင်း)၏ ကဗျာစာသားဖြစ်သည့်ဗုဒ္ဓကိုမသိမြင်လေလေ ဘုရားတလေလေ “သင်တို့ဘုရား ငါမဖူး” ဟူသောစာပုဒ်အား ဒီကနေ့ အောက်တိုဘာ (၂၀) ရက်နေ့တွင် အထွေ ထွေသပိတ်ကော်မတီမှ ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေ ဘုရားတွင် ချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

• ရန်ကုန်ရှိ တော်လှန်လူငယ်များသည် ‘အာဏာရှင်ဟာ အရှင်မထွက်ဘူး၊ အာဏာရှင်ရဲ့ ဒေါက်တိုင်တွေဟာလည်း အသေမလှဘူး’ ဟု ရေးသားထားသည့် စာတန်းအား အင်းစိန်ပန်းခြံကုန်းတံတားပေါ်တွင် အောက်တိုဘာလ ၂၀ ရက်နေ့က ချိတ်ဆွဲဆန္ဒပြကြသည်။

• “ဓမ္မက အဓမ္မကို မနိုင်ဘူးဆိုရင် ဘယ်ဘုရားမှ ငါ မကိုးကွယ်ဘူး” ဟူသည့် ဆိုင်းဘုတ်ကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့မှပြည်သူများ ညသပိတ်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

• ယနေ့ အောက်တိုဘာလ (၂၀)ရက်နေ့ မန္တလေးမြို့တနေရာတွင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဝင် ကျောင်းသားသမဂ္ဂများနှင့် BEGSCတို့ပူးပေါင်းကာ စစ်သုံးစစ်တိုက်ဖျက်ရေး၊ဖက်ဒရယ်ပြည်ထောင်စုပေါ် ပေါက်ရေး၊ နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက် ရေးနှင့် စစ်အာဏာ ရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် သမဂ္ဂခွပ်ဒေါင်းအောင်လံတော်ကို တလူလူလွှင့်ထူကာ ကြွေး ကြော်သံများသံပြိုင်သီကျူးပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

• ရိန်းဂျား ကလေး ကာကွယ် ရေးတပ် (Ranger Kalay Defend Force) တော်လှန် ရေးတပ်သားများက တောတွင်းတနေရာမှာ သီတင်း ကျွတ် သပိတ်ပြုလုပ်ကြပါတယ်။

• တပ်ရင်း ၂၈ အတွင်းကနေ သေနတ်တွေနဲ့ ပစ်ဖောက်နေတဲ့ကြားက စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၂၄ ရက်မြောက် စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ “တော်လှန် သီတင်းကျွတ် မီးတောက်များနဲ့ အာဏာရှင်ကို လောင်ကျွမ်းစေမယ်” ခေါင်းစဉ်နဲ့ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

• အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ပြတ်ကျဆုံးရေးနှင့် အမျိုးသားညီညွတ် ရေးအစိုးရ NUG အားထောက်ခံကြိုဆိုကြောင်း ကြွေးကြော်ပြီး စစ်ကိုင်း တိုင်း၊ ရွှေဘိုမြို့နယ်၊ ကျေးရွာ ၁ ရွာတွင် အောက် တိုဘာလ ၂၀ ရက် နံနက်က ချီတက်ဆန္ဒပြကြသည်။

• ခြေလျင်ချီတက်လာသော စစ်ကောင်စီတပ်အား ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) မှ ခြုံခို တိုက်ခိုက် မိုင်းခွဲခဲ့ရာ စစ်ကောင်စီဘက်မှ (၁၃)ဦးသေပြီးခဲ့ပြီး (PRA) မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းတို့၏ Facebook စာမျက်နှာတွင် ရုပ်သံနှင့်တကွဖော်ပြထားပါသည် ။

• ပခုက္ကူမြို့နယ်အခြေခံကျောင်းသားများသမဂ္ဂမှကျောင်းသားရဲဘော်များဟာ ` အဆုံးသတ်တိုက်ပွဲအတွက်ပြင်ဆင်ကြ ´ ` နှောင်ကြိုးတပါးမှဆုံးရှုံးစရာ မရှိ´ `တော်လှန်မီးတောက်ဖြင့် အာဏာရှင်လောင်ကျွမ်းစေရမယ် ´ စ သောလှုံ့ဆော်စာရွက်များကို ပခုက္ကူမြို့ လူသွားလူလာများသောနေရာများတွင် အစစ်ဆေးကြပ်တည်းနေတဲ့ကြားက ဖြန့်ဝေခဲ့ပြီး `နှောင်ကြိုးတပါးမှဆုံးရှုံးစရာမရှိ´ `အဆုံး သတ်တိုက်ပွဲအတွက်ပြင်ဆင်ကြ´ `တော်လှန်ရေးမီးစာအရှိန်မြင့်ကြ´ စသော ကြွေးကြော်သံများကို ကြွေးကျော်ခဲ့ကြပါသည် ။

• “မတရားမှုသည် ဥပဒေဖြစ်လာသည့်အခါ ခုခံခြင်းသည် တာဝန်ဖြစ်လာသည်”စာသားကိုင်ဆောင်ကာ ချောင်းဦးမြို့နယ်ကျောင်း သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ လူထုအား တော်လှန်ရေးဒုတိယလှိုင်းအတွက် ပြင်ဆင်ကြရန် နှိုးဆော်ဆန္ဒပြ။