• Today is: Friday, March 29, 2024

နိုင်ငံရေးလေ့လာသုံးသပ်သူ နော်ခွန်နှင့် တွေ့ဆုံခြင်

Zawgyi
ပထမဆုံးေမးခြန္းအေနနဲ႔ ျမန္မာစစ္တပ္က ၿပီးခဲ့တဲ့ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ တိုင္းျပည္အာဏာကို သိမ္းယူခဲ့ပါတယ္။ ဒီျဖစ္စဥ္အေပၚမွာ တိုင္းရင္းသား တစ္ေယာက္အေနနဲ႔ ဘယ္လို သုံးသပ္မိပါသလဲ။
ျပည္နယ္ဆိုတဲ့ အယူအဆ ဒီဟာကို ေ႐ြးေကာက္ပြဲၿပီးေတာ့ သိပ္မၾကာခင္မွာ ျမင္လာတယ္။ အာဏာသိမ္းလာႏိုင္တယ္ေပါ့။ ဒါက ဘာလို႔လည္းဆိုေတာ့ တစ္နည္း အားျဖင့္ ေ႐ြးေကာက္ပြဲ ကာလမွာ တဖက္က အႏိုင္ရပါတီျဖစ္တဲ့ NLD က တပ္ကို ေတာ္ေတာ္ေလးကို ႏွိမ္ခ်လိုက္တဲ့ ပုံစံမ်ိဳးေတြ၊ ဂုဏ္သိကၡာမရွိေအာင္ လုပ္လိုက္တဲ့ ပုံစံမ်ိဳးေတြ သြားေတြ႕ရတယ္။ ကြၽန္ေတာ္တို႔ ခန႔္မွန္းတဲ့ အယူအဆက ဘာလဲဆိုေတာ့ တပ္ကသူရဲ႕ဂုဏ္သိကၡာကို ျပန္ဆယ္တဲ့အေနနဲ႔ တစ္ခု ခု လုပ္ႏိုင္မယ့္ အေနအထား ရွိတယ္။ ေ႐ြးေကာက္ပြဲမွာလည္း သူ႔ရဲ႕ ေက်ာေထာက္ေနာက္ခံပါတီ လို႔ ေျပာလို႔ရတဲ့ USDP က ရႈံးတဲ့အခါက်ေတာ့ သူတစ္ခုခု လုပ္လာမယ္ဆိုတဲ့ အယူအဆကို ကြၽန္ေတာ္တို႔ ေတြ႕ရတယ္။ မဲစာရင္းအမွားကို အေၾကာင္းျပဳၿပီးေတာ့ သူတို႔ ထုတ္ျပန္လာတဲ့ အခ်ိန္မွာေတာ့ ဒီဟာကေသခ်ာၿပီေပါ့၊
တပ္က အာဏာသိမ္းေတာ့မယ္ဆိုတာကို ကြၽန္ေတာ္တို႔ သိလာရတယ္၊ ဒီအေပၚမွာ အာဏာသိမ္း တဲ့ျဖစ္စဥ္ကို ျပန္ၿပီးေတာ့ သုံးသပ္မယ္ဆိုရင္ေတာ့ ပထမမွာကေတာ့ တပ္က အန္အယ္လ္ဒီဆီကေန အာဏာကို သိမ္းယူလိုက္တာ ျဖစ္တယ္။ ေနာက္ပိုင္း မွာက်ေတာ့ တပ္ရဲ႕ အေနအထားက ျပည္သူဆီကေန ၿပီး အာဏာသိမ္းတဲ့ အေနအထားကို ျပန္ေရာက္သြား တယ္လို႔ ကြၽန္ေတာ္ကေတာ့ ျမင္ပါတယ္။

အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ႏိုင္ငံအႏွံ႔အျပား ဆႏၵျပပြဲ ေတြက ေတာက္ေလွ်ာက္ ျဖစ္ေပၚလာတယ္။ ေႏြဦး ေတာ္လွန္ေရးဆိုၿပီးေတာ့ အားေကာင္းလာတယ္။ CDM လႈပ္ရွားမႈေတြကလည္း အားေကာင္း လာတယ္။ အဲဒီ ျဖစ္စဥ္အေပၚမွာ ဆရာ့အေနနဲ႔ ဘယ္လိုသုံးသပ္ မိပါသလဲ။
အာဏာသိမ္းၿပီးတဲ့ အခ်ိန္မွာ ကြၽန္ေတာ္ခန႔္မွန္း တာကလည္း ဆႏၵျပပြဲေတြက ဘယ္အခ်ိန္ေလ်ာ့သြား မလဲဆိုရင္ သၾကၤန္အၿပီးက်ရင္ ေလ်ာ့သြားမယ္လို႔ ခန႔္ မွန္းပါတယ္။ ပထမမွာတုန္းကေတာ့ အာဏာစသိမ္း တဲ့အခ်ိန္မွာ လူေတြက အေပ်ာ္ဘက္ပုံစံမ်ိဳးျဖစ္ေန တာကို ေတြ႕ရတယ္။ ဘယ္လိုေျပာရမလဲဆိုေတာ့ မဂၤလာစုံဝတ္စုံေတြနဲ႔ ထြက္လိုက္၊ ကာယဗလ ပုံစံေတြ နဲ႔ ထြက္လိုက္ေပါ့ေနာ္။ ဒီဟာက ေပၚပင္ပုံစံမ်ိဳးေတြကို သြားေတြ႕ရတယ္။ ဒါေပမဲ့ ေသနတ္နဲ႔ ပစ္ခတ္ၿဖိဳခြင္းတဲ့ ျဖစ္စဥ္ေတြ ဆက္တိုက္ျဖစ္လာၿပီးတဲ့ေနာက္မွာေတာ့ လူထုက ေတာ္ေတာ္ေလး ေဒါသထြက္လာၾကတယ္။ အဲဒီမွာ စစ္တပ္ရဲ႕ ကိုင္တြယ္မႈေတြကလည္း ညင္ညင္ သာသာမရွိဘူး၊ အရမ္းကိုမွ ဗရမ္းဗတာျဖစ္လြန္းတဲ့ အေျခအေနမွာ လူထုကို သူတို႔က ေဒါသပိုဆြေပး လိုက္တဲ့ပုံစံမ်ိဳး သက္ေရာက္သြားတဲ့အခ်ိန္မွာ Generation Z ေတြ ထြက္လာတယ္၊ ေႏြဦးေတာ္လွန္ ေရးဆိုတဲ့ ေခါင္းစဥ္က ႀကီးႀကီးမားမား ျဖစ္လာၿပီး ေတာ့မွ အဓိကအားျဖင့္ ၿမိဳ႕ျပရဲ႕ ယဥ္ေက်းမႈေတြမွာပဲ အသားက်ေနတဲ့ လူငယ္ေတြရဲ႕ အေတြးအေခၚေတြကို နာက်င္စရာေတြက ေျပာင္းလဲေပးလိုက္တဲ့ အေန အထားမွာ ရွိသြားတယ္။ ကြၽန္ေတာ္တို႔ မတ္လ ၂၇ ရက္မွာ ေတာ္ေတာ္ေလးကို ၾကမ္းမယ္ဆိုၿပီးေတာ့ ခန႔္မွန္းထားသလိုပဲ ေတာ္ေတာ္ေလးကို ၾကမ္းခဲ့တယ္။ သၾကၤန္ၿပီးရင္ေတာ့ ဒီေခါင္းစဥ္ေတြ ေလ်ာ့သြားမယ္။ ဆႏၵျပမႈေတြက ေလ်ာ့သြားမယ္လို႔ ခန႔္မွန္းထားတဲ့ အတိုင္း တကယ္ပဲ ေလ်ာ့သြားတယ္။ တစ္ဖက္မွာ ကြၽန္ေတာ္တို႔ႏိုင္ငံက တိုင္းရင္းသား လက္နက္ကိုင္ အင္အားက ရွိေနတယ္။ လက္နက္ကိုင္ အင္အားေတြရွိ ေနတဲ့အတြက္ေၾကာင့္ ၿမိဳ႕ျပမွာ ဆႏၵျပသပိတ္ေတြ အစား လက္နက္ကိုင္ ေတာ္လွန္ေရးဘက္ကို ပိုၿပီး ေတာ့မွ အားေကာင္းလာမယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြ ရွိပါတယ္။ အခုလည္း ျဖစ္စဥ္ေတြက အဲဒီဘက္ကို ပိုၿပီးေတာ့ ေရာက္ေနတယ္လို႔ ျမင္ပါတယ္။

ေနာက္ထပ္ေမးခ်င္တာက စစ္ေကာင္စီအေနနဲ႔ အာဏာ သိမ္းယူၿပီးတဲ့ေနာက္မွာ တိုင္းရင္းသားပါတီေတြနဲ႔ ေဆြးေႏြးတာေတြလုပ္ခဲ့တယ္။ တိုင္းရင္းသား ပါတီေတြနဲ႔ တိုင္းရင္းသား လူမ်ိဳးေတြ ၾကားထဲမွာလည္း သေဘာထား ကြဲလြဲမႈေတြ ျဖစ္ခဲ့တယ္။ လာမယ့္ ဖက္ဒရယ္အေရး ကိစၥေတြမွာ ဘယ္လိုမ်ိဳး အက်ိဳး သက္ေရာက္မႈေတြ ျဖစ္ေပၚလာႏိုင္မယ္လို႔ ျမင္မိပါ သလဲ။
အဓိကအားျဖင့္ ၿခဳံငုံ ခန႔္မွန္းသုံးသပ္ရမယ္ ဆိုရင္ေတာ့ တိုင္းရင္းသားေတြရဲ႕ဆႏၵက ဖက္ဒရယ္ ျပည္ေထာင္စုကို တည္ေဆာက္ဖို႔ဆိုတဲ့ ဘုံဆႏၵက တူညီေနေသးတာကို ေတြ႕ရတယ္။ အဓိကအားျဖင့္ ဖက္ဒရယ္ ျပည္ေထာင္စုကို တည္ေဆာက္မယ္ဆိုတာ ကို အကုန္လုံးက ဘုံရည္မွန္းခ်က္အျဖစ္ ထားထားတာ ေတြ႕ရတဲ့အတြက္ လက္ရွိမွာ စစ္ေကာင္စီနဲ႔ အရမ္းကိုမွ ပတ္သက္တဲ့ ႏိုင္ငံေရးပါတီေတြ သို႔မဟုတ္ တျခား တိုင္းရင္းသားပါတီေတြလည္းရွိမယ္။ တစ္ဖက္မွာ လည္း CRPH နဲ႔ ပတ္သက္တဲ့ အဖြဲ႕ေတြလည္း ရွိမယ္။ သို႔ေသာ္လည္း ဒီအဖြဲ႕ေတြ အားလုံးမွာ တူညီတဲ့ သေဘာထားကေတာ့ ဖက္ဒရယ္ ျပည္ေထာင္စုတည္ ေဆာက္ေရးဆိုတာျဖစ္တဲ့အတြက္ေၾကာင့္ ေနာင္မွာ ေတာ့ ႀကီးႀကီးမားမား ျပႆနာေတာ့ သိပ္မရွိႏိုင္ဘူး၊ သို႔ေပမယ့္ ဒီေနရာမွာတစ္ဖက္နဲ႔တစ္ဖက္ အရင္က ဆက္ဆံေရးတစ္ခုကို ျပန္တည္ေဆာက္ဖို႔ေတာ့ လိုအပ္ တာေပါ့။

CRPH ကလည္း ေတာက္ေလွ်ာက္ ႀကိဳးစားလာရင္း နဲ႔ NUG လို႔ ေခၚတဲ့ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ တစ္ရပ္ကိုလည္း သူတို႔စဖြဲ႕စည္းလိုက္ၿပီ။ တိုင္းရင္း သားျပည္သူေတြဘက္က ယုံၾကည္အားကိုးရတဲ့ လူပုဂၢိဳလ္ေတြနဲ႔ တကယ့္ႏိုင္ငံတကာမွာလည္း တရား ဝင္ အသိအမွတ္ျပဳခံရေအာင္ အစိုးရတစ္ရပ္ အေနနဲ႔ သူတို႔ ႀကိဳးစားေနတာေတြ႕ရတယ္။ ဝန္ႀကီးေတြကို ေတာက္ေလွ်ာက္ ခန႔္အပ္ေနၿပီးေတာ့ သူတို႔ကလည္း ႏိုင္ငံတကာမွာ ေတာ္ေတာ္အလုပ္လုပ္ေနတာကို ျမင္ ရတယ္။ ကြၽန္ေတာ္ေမးခ်င္တာက NUG အေနနဲ႔ ျမန္မာျပည္ရဲ႕ ဒီမိုကေရစီအေရး၊ ဖက္ဒရယ္အေရး ကိစၥ ေတြမွာ လက္ရွိမွာ ဘယ္ေလာက္ထိ လုပ္ႏိုင္ၿပီးေတာ့ ေနာက္ထပ္ ဘာေတြ ဆက္လုပ္ႏိုင္မယ္လို႔ ျမင္မိလဲ။
လက္ရွိမွာေတာ့ CRPH ကေနၿပီးေတာ့ NUG အစိုးရကို ဖြဲ႕စည္းလိုက္တယ္။ တစ္ေလာက CRPH ရဲ႕ Chapter ႏွစ္ခု ထြက္လာတာ ေတြ႕ရတယ္။ Chapter-1 မွာကေတာ့ သိပ္ၿပီးေတာ့ ေျပာစရာမရွိ ေပမယ့္ Chapter-2 မွာကေတာ့ အကုန္လုံး ေတာ္ ေတာ္မ်ားမ်ားက ၂၀ဝ၈ ဖြဲ႕စည္းပုံကိုပဲ ကူးယူထားတဲ့ ပုံစံမ်ိဳးေတြ ျမင္ရတယ္။ လက္ရွိမွာ သူတို႔က အရမ္းကို ႀကိဳးစားေနတယ္ဆိုတဲ့ အေနအထားကိုလည္း ျမင္ပါ တယ္။ ဒါေပမဲ့ ဒီအေပၚမွာ ဘာေတြရလဲဆိုရင္ ကြၽန္ ေတာ္တို႔ တိုင္းရင္းသားေတြ အၿမဲတမ္းႀကဳံေတြ႕ ရတဲ့ ျပႆနာတစ္ခုကေတာ့ လူအမ်ားစုျဖစ္ေနတဲ့ ဗမာ ေတြနဲ႔ စကားေျပာၿပီဆိုရင္ အခုဆို NUG ကလည္း အေဝးေရာက္အစိုးရပဲ ျပည္နယ္အစိုးရေပါ့၊ သူတို႔မွာ အာဏာလက္ရွိ ရွိတာမဟုတ္ပါဘူး ။ တကယ့္ တကယ္ တိုင္းရင္းသား လက္နက္ကိုင္ေတြကို အားကိုး ၿပီးေန ေနတဲ့ အေနအထားတစ္ခုေပါ့၊ ဒီအေနအထား မွာ ေတာင္မွ သူတို႔က အႏိုင္ရအမတ္ေတြနဲ႔ဆိုတဲ့ ဖြင့္ခ်က္ ေတြနဲ႔ ျပန္လာေနတာကို ေတြ႕ရတယ္။ သူတို႔က အရင္က အမ်ားစုနဲ႔ ႏိုင္ထားတဲ့ ပုံစံမ်ိဳး၊ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ဖက္ဒရယ္ပုံစံေဘာင္အတြင္းကေန မဟုတ္ ဘဲနဲ႔ သူတို႔ေျပာတဲ့ ဒီမိုကေရစီနဲ႔ တည္ေဆာက္ထားတာ ကို လက္ရွိမွာ နည္းနည္းျပန္ဆြဲကိုင္ခ်င္တဲ့ အေန အထားကို ေတြ႕ရတယ္။ဗမာတိုင္းရင္းသားေတြ အတြက္ကေတာ့ အရမ္းၿပီး ျပည့္စုံတဲ့ အဖြဲ႕အစည္း တစ္ခုလိုမ်ိဳး ေမွ်ာ္လင့္ေကာင္းေမွ်ာ္လင့္ေပမယ့္ ကြၽန္ ေတာ္တို႔ တိုင္းရင္းသားေတြအတြက္ က်ေတာ့ ေတာ္ ေတာ္ေလး ေစာင့္ၾကည့္ရဦးမွာပါ၊ လက္ရွိအေန အထားေတာင္မွသူတို႔က ကြၽန္ေတာ္တို႔ ဖက္ဒရယ္ ဆိုတဲ့အရာကို ေရာက္ေအာင္ မနည္းဆြဲေခၚခဲ့ရတဲ့ အေနအထားပါ။ သူတို႔ပါးစပ္က ထြက္လာေအာင္ မနည္း ဆြဲေခၚ ခဲ့ရတာပါ၊ လက္ရွိအေနအထားမွာေတာ့ တပ္ဘက္ကေရာ၊ သူတို႔ဘက္ကေရာ ဖက္ဒရယ္ဆိုတဲ့ စကားေတြကို သုံးလာၾကတယ္။ ကြၽန္ေတာ္တို႔အတြက္ ကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ဒါကေကာင္းတဲ့ အခ်က္လို႔ ျမင္ပါတယ္။ သူတို႔လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြရဲ႕ ေထာက္ခံမႈကို သူတို႔ေတာ္ေတာ္မ်ားမ်ား ရတယ္လို႔ ေျပာလို႔ရတယ္။ သို႔ေသာ္လည္း ႏိုင္ငံတကာ ရဲ႕ ေထာက္ခံမႈ အပိုင္းမွာ၊ အသိအမွတ္ျပဳမႈအပိုင္းမွာ ေတာ့ အမ်ားႀကီး လိုအပ္ေနတယ္လို႔ ကြၽန္ေတာ္က ေတာ့ ျမင္ပါတယ္။ ၿပီးခဲ့တဲ့ အာဆီယံ အစည္းအေဝးက အစ အကုန္လုံးကို ၾကည့္လိုက္ရင္ ႏိုင္ငံတကာရဲ႕ အသိအမွတ္ျပဳ ေထာက္ခံမႈ မရဘဲနဲ႔ သူတို႔ ႀကိဳးစားမႈ အလဟသ ျဖစ္တာပဲ ျမင္ရေတာ့ ဒီအပိုင္းမွာေတာ့ သူတို႔ေတာ္ေတာ္ေလး ႀကိဳးစားရဦးမွာေပါ့။

အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းမွာ တိုင္းရင္းသား လက္နက္ကိုင္ေတြ အထူးသျဖင့္ ကခ်င္နဲ႔ ကရင္ဘက္ ေတြမွာ စစ္ေကာင္စီက ထိုးစစ္ဆင္မႈေတြ ေတာက္ ေလွ်ာက္လုပ္လာတယ္။ ဒီအေပၚမွာေကာ ဆရာ့ အေနနဲ႔ ဘယ္လိုသုံးသပ္မႈေပးခ်င္ပါသလဲ။
လက္ရွိအခ်ိန္ထိကေတာ့ ကြၽန္ေတာ္က ကန႔္ သတ္စစ္ပြဲေတြ လုပ္ေနၾကတယ္လို႔ပဲ ျမင္ပါတယ္။ ဒါေၾကာင့္မလို႔လည္း စစ္ပြဲျဖစ္တဲ့အတြက္လည္း KIA စခန္း ဆယ္ခုရွိရင္ ဆယ္ခုလုံးက အသံမထြက္ဘူး။ ဒီဘက္က ကရင္ေတြကလည္း သူ႔တပ္စခန္းအားလုံးက တၿပိဳင္နက္ ေသနတ္သံထြက္တာေတာ့ မဟုတ္ေသး ဘူး။ ကန႔္သတ္စစ္ပြဲဆိုတဲ့ သေဘာသဘာဝက အရာ တစ္ခုခုကို ညႇိယူဖို႔အတြက္ ေဖာ္ေဆာင္တဲ့ တိုက္ပြဲပုံစံ မ်ိဳးလို႔ပဲ ကြၽန္ေတာ္ကေတာ့ ျမင္ပါတယ္။ လက္ရွိ တပ္ ကေနၿပီးေတာ့မွ ထိုးစစ္ဆင္ေနတဲ့ အပိုင္းေတြက လည္း တစ္ဖက္ကေနၿပီးေတာ့ ကန႔္သတ္စစ္ပြဲကို ေဖာ္ေဆာင္တဲ့ပုံစံမ်ိဳးျဖစ္လာေတာ့ သူတို႔လည္း ခံသာ ေအာင္ ျပန္ၿပီးေတာ့ လုပ္လာတဲ့ အေနအထားေလာက္ ေတာ့ရွိတာေပါ့။ ကြၽန္ေတာ့္အေနနဲ႔ အယူအဆကေတာ့ ကန႔္သတ္စစ္ပြဲက အခုထပ္ပိုၿပီးေတာ့မွ ျပင္းထန္လာ ႏိုင္ေသးတယ္။ အခုမွပဲ အစလို႔ ေျပာလို႔ရတဲ့ ပုံစံပါ။ ကန႔္သတ္စစ္ပြဲကေနၿပီးေတာ့မွ သမား႐ိုးက် စစ္ပြဲ ဘက္ကို ေျပာင္းသြားႏိုင္ပါတယ္။ ကန႔္သတ္စစ္ပြဲ တိုက္ေနက်တဲ့အခ်ိန္မွာ အခင္းအက်င္းေတြ၊ ညႇိႏႈိင္းမႈ ေတြ မလုပ္ႏိုင္ဘူးဆိုရင္ေတာ့ လူအေသအေပ်ာက္မ်ား မယ့္ ၿမိဳ႕ျပစစ္ပြဲပုံစံမ်ိဳး ဘက္ကို ေရာက္လာႏိုင္တယ္။ ဒါကေတာ့ ကြၽန္ေတာ္ရဲ႕ ခန႔္မွန္းခ်က္ေတြပါ။

ဆက္စပ္ၿပီးေတာ့ ေမးခ်င္တာတစ္ခုက NCA လက္ မွတ္ထိုးတဲ့ အဖြဲ႕ေတြကလည္း ေဆြးေႏြးေနၾကတာ ေတြ႕ရတယ္။ NUG ဘက္ကလည္း တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ စကားေျပာတဲ့ လမ္းေၾကာင္း ေတြ ေတြ႕ေနရေတာ့ NUG နဲ႔ တိုင္းရင္းသား လက္နက္ ကိုင္ေတြရဲ႕ ၾကားက ဆက္ဆံေရး အေျခအေနက တိုး တက္ရဲ႕လား၊ သူတို႔ႏွစ္ခုရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈက ကြၽန္ေတာ္တို႔ ျမန္မာျပည္ရဲ႕ အေျပာင္းအလဲ၊ ဖက္ဒရယ္ အိပ္မက္အတြက္ အေထာက္အပံျဖစ္ရဲ႕ လား၊ ဆရာ့ အေနနဲ႔ ေရာ ဘယ္လိုျမင္မိပါသလဲ။
သူတို႔ႏွစ္ခုရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈ၊ ဆက္သြယ္ ေဆာင္႐ြက္မႈကေတာ့ အဓိကအားျဖင့္ကေတာ့ The Enemy of My Enemy ,is Friend ဆိုတဲ့ အယူ အဆကေန လာတာပါပဲ။ အဲဒီပုံစံနဲ႔ပဲ သြားတာ ျဖစ္တဲ့ အတြက္ ဖက္ဒရယ္အေရးေတြကေတာ့ အာဏာသိမ္း လိုက္တဲ့ အခ်ိန္ကတည္းက တိုင္းရင္းသားေတြအတြက္ ေတာ့ ေကာင္းသြားပါတယ္။ ဘယ္သူပဲႏိုင္ႏိုင္ ဖက္ ဒရယ္က အေ႐ြ႕တစ္ခုေတာ့ ေရာက္ေတာ့မယ့္ သေဘာ ရွိတယ္။ အခု ဒီ ပူးေပါင္းေဆာင္႐ြက္မႈကလည္း ကြၽန္ေတာ့္အျမင္ ဖက္ဒရယ္အေ႐ြ႕ကို သြားဖို႔အတြက္ ပိုေကာင္းတဲ့ အေနအထားကို ေရာက္သြားတယ္လို႔ ျမင္ပါတယ္။

ေနာက္ဆုံးအေနနဲ႔ ျမန္မာႏိုင္ငံသားအားလုံးအတြက္ ဆုေတာင္းစကားေလး ေျပာေပးပါဦး။
ျမန္မာႏိုင္ငံသားအားလုံးက အခုအခ်ိန္မွာက ေတာ့ ဘယ္သူမွ ေပ်ာ္႐ႊင္တဲ့သူရွိမွာမဟုတ္ပါဘူး၊ အခု အခ်ိန္မွာ အကုန္လုံး သတ္ျဖတ္တာေတြျမင္ေနရတယ္၊ အၾကမ္းဖက္တာေတြကို ျမင္ေနရတဲ့ အေနအထားကို ေရာက္ေနတယ္။ ဒီလိုအခ်ိန္မွာ ဘာပဲျဖစ္ျဖစ္ အားလုံး က ဂ႐ုတစိုက္နဲ႔ ကိုယ့္အသက္အႏၲရာယ္ လုံၿခဳံေရး အတြက္ ဦးစားေပးၿပီး ေနထိုင္သင့္ပါတယ္။ ႏိုင္ငံက ေတာ့ ဘာပဲျဖစ္ျဖစ္ ေကာင္းတဲ့ဘက္ကိုေတာ့ ေရာက္ လာမွာပါ။ ေကာင္းတဲ့ဘက္ကို မေရာက္ခင္မွာေတာ့ ကြၽန္ေတာ္တို႔က ခက္ခဲတဲ့ အေနအထား၊ ကာလတစ္ခု ကို ေသခ်ာေပါက္ ျဖတ္သန္းရေတာ့မယ္ဆိုတာေတာ့ ရွိပါတယ္။ ဒီလိုမ်ိဳး ကာလကို ျဖတ္သန္းရတဲ့အခ်ိန္မွာ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ကအစ အားလုံး ေနရာေဒသအစုံ တစ္ႏိုင္ငံလုံးက အရင္ကလိုမ်ိဳး ေတာင္တန္း၊ ျပည္မ မျခားဘဲ ဒုကၡဆင္းရဲေတြကို အတူတူ ခံစားရမယ့္ အေနအထားေတြ ေရာက္လာ တယ္။ ဒီတစ္ႏွစ္ေက်ာ္ၿပီးသြားရင္ေတာ့ ဘယ္လိုအေန အထားမွာပဲျဖစ္ျဖစ္ ႏိုင္ငံက ေကာင္းတဲ့ဘက္ကို ေရာက္လာမွာပါ။ ျပည္သူအားလုံးကလည္း အေကာင္းဆုံးဘက္ကို ေရာက္လာေအာင္ ဝိုင္း ဝန္းႀကိဳးစားၾကပါလို႔ ကြၽန္ေတာ္က တိုက္တြန္းခ်င္ ပါတယ္။

ေက်းဇူးတင္ပါတယ္။
အယ္ဒီတာအဖြဲ႕

Unicode
ပထမဆုံးမေးခွန်းအနေနဲ့ မြန်မာစစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာ တိုင်းရင်းသား တစ်ယောက်အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။
ပြည်နယ်ဆိုတဲ့ အယူအဆ ဒီဟာကို ရွေးကောက်ပွဲပြီးတော့ သိပ်မကြာခင်မှာ မြင်လာတယ်။ အာဏာသိမ်းလာနိုင်တယ်ပေါ့။ ဒါက ဘာလို့လည်းဆိုတော့ တစ်နည်း အားဖြင့် ရွေးကောက်ပွဲ ကာလမှာ တဖက်က အနိုင်ရပါတီဖြစ်တဲ့ NLD က တပ်ကို တော်တော်လေးကို နှိမ်ချလိုက်တဲ့ ပုံစံမျိုးတွေ၊ ဂုဏ်သိက္ခာမရှိအောင် လုပ်လိုက်တဲ့ ပုံစံမျိုးတွေ သွားတွေ့ရတယ်။ ကျွန်တော်တို့ ခန့်မှန်းတဲ့ အယူအဆက ဘာလဲဆိုတော့ တပ်ကသူရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တဲ့အနေနဲ့ တစ်ခု ခု လုပ်နိုင်မယ့် အနေအထား ရှိတယ်။ ရွေးကောက်ပွဲမှာလည်း သူ့ရဲ့ ကျောထောက်နောက်ခံပါတီ လို့ ပြောလို့ရတဲ့ USDP က ရှုံးတဲ့အခါကျတော့ သူတစ်ခုခု လုပ်လာမယ်ဆိုတဲ့ အယူအဆကို ကျွန်တော်တို့ တွေ့ရတယ်။ မဲစာရင်းအမှားကို အကြောင်းပြုပြီးတော့ သူတို့ ထုတ်ပြန်လာတဲ့ အချိန်မှာတော့ ဒီဟာကသေချာပြီပေါ့၊
တပ်က အာဏာသိမ်းတော့မယ်ဆိုတာကို ကျွန်တော်တို့ သိလာရတယ်၊ ဒီအပေါ်မှာ အာဏာသိမ်း တဲ့ဖြစ်စဉ်ကို ပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင်တော့ ပထမမှာကတော့ တပ်က အန်အယ်လ်ဒီဆီကနေ အာဏာကို သိမ်းယူလိုက်တာ ဖြစ်တယ်။ နောက်ပိုင်း မှာကျတော့ တပ်ရဲ့ အနေအထားက ပြည်သူဆီကနေ ပြီး အာဏာသိမ်းတဲ့ အနေအထားကို ပြန်ရောက်သွား တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံအနှံ့အပြား ဆန္ဒပြပွဲ တွေက တောက်လျှောက် ဖြစ်ပေါ်လာတယ်။ နွေဦး တော်လှန်ရေးဆိုပြီးတော့ အားကောင်းလာတယ်။ CDM လှုပ်ရှားမှုတွေကလည်း အားကောင်း လာတယ်။ အဲဒီ ဖြစ်စဉ်အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ် မိပါသလဲ။
အာဏာသိမ်းပြီးတဲ့ အချိန်မှာ ကျွန်တော်ခန့်မှန်း တာကလည်း ဆန္ဒပြပွဲတွေက ဘယ်အချိန်လျော့သွား မလဲဆိုရင် သင်္ကြန်အပြီးကျရင် လျော့သွားမယ်လို့ ခန့် မှန်းပါတယ်။ ပထမမှာတုန်းကတော့ အာဏာစသိမ်း တဲ့အချိန်မှာ လူတွေက အပျော်ဘက်ပုံစံမျိုးဖြစ်နေ တာကို တွေ့ရတယ်။ ဘယ်လိုပြောရမလဲဆိုတော့ မင်္ဂလာစုံဝတ်စုံတွေနဲ့ ထွက်လိုက်၊ ကာယဗလ ပုံစံတွေ နဲ့ ထွက်လိုက်ပေါ့နော်။ ဒီဟာက ပေါ်ပင်ပုံစံမျိုးတွေကို သွားတွေ့ရတယ်။ ဒါပေမဲ့ သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာပြီးတဲ့နောက်မှာတော့ လူထုက တော်တော်လေး ဒေါသထွက်လာကြတယ်။ အဲဒီမှာ စစ်တပ်ရဲ့ ကိုင်တွယ်မှုတွေကလည်း ညင်ညင် သာသာမရှိဘူး၊ အရမ်းကိုမှ ဗရမ်းဗတာဖြစ်လွန်းတဲ့ အခြေအနေမှာ လူထုကို သူတို့က ဒေါသပိုဆွပေး လိုက်တဲ့ပုံစံမျိုး သက်ရောက်သွားတဲ့အချိန်မှာ Generation Z တွေ ထွက်လာတယ်၊ နွေဦးတော်လှန် ရေးဆိုတဲ့ ခေါင်းစဉ်က ကြီးကြီးမားမား ဖြစ်လာပြီး တော့မှ အဓိကအားဖြင့် မြို့ပြရဲ့ ယဉ်ကျေးမှုတွေမှာပဲ အသားကျနေတဲ့ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို နာကျင်စရာတွေက ပြောင်းလဲပေးလိုက်တဲ့ အနေ အထားမှာ ရှိသွားတယ်။ ကျွန်တော်တို့ မတ်လ ၂၇ ရက်မှာ တော်တော်လေးကို ကြမ်းမယ်ဆိုပြီးတော့ ခန့်မှန်းထားသလိုပဲ တော်တော်လေးကို ကြမ်းခဲ့တယ်။ သင်္ကြန်ပြီးရင်တော့ ဒီခေါင်းစဉ်တွေ လျော့သွားမယ်။ ဆန္ဒပြမှုတွေက လျော့သွားမယ်လို့ ခန့်မှန်းထားတဲ့ အတိုင်း တကယ်ပဲ လျော့သွားတယ်။ တစ်ဖက်မှာ ကျွန်တော်တို့နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အင်အားက ရှိနေတယ်။ လက်နက်ကိုင် အင်အားတွေရှိ နေတဲ့အတွက်ကြောင့် မြို့ပြမှာ ဆန္ဒပြသပိတ်တွေ အစား လက်နက်ကိုင် တော်လှန်ရေးဘက်ကို ပိုပြီး တော့မှ အားကောင်းလာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိပါတယ်။ အခုလည်း ဖြစ်စဉ်တွေက အဲဒီဘက်ကို ပိုပြီးတော့ ရောက်နေတယ်လို့ မြင်ပါတယ်။

နောက်ထပ်မေးချင်တာက စစ်ကောင်စီအနေနဲ့ အာဏာ သိမ်းယူပြီးတဲ့နောက်မှာ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးတာတွေလုပ်ခဲ့တယ်။ တိုင်းရင်းသား ပါတီတွေနဲ့ တိုင်းရင်းသား လူမျိုးတွေ ကြားထဲမှာလည်း သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့တယ်။ လာမယ့် ဖက်ဒရယ်အရေး ကိစ္စတွေမှာ ဘယ်လိုမျိုး အကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ မြင်မိပါ သလဲ။
အဓိကအားဖြင့် ခြုံငုံ ခန့်မှန်းသုံးသပ်ရမယ် ဆိုရင်တော့ တိုင်းရင်းသားတွေရဲ့ဆန္ဒက ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတဲ့ ဘုံဆန္ဒက တူညီနေသေးတာကို တွေ့ရတယ်။ အဓိကအားဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတာ ကို အကုန်လုံးက ဘုံရည်မှန်းချက်အဖြစ် ထားထားတာ တွေ့ရတဲ့အတွက် လက်ရှိမှာ စစ်ကောင်စီနဲ့ အရမ်းကိုမှ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေ သို့မဟုတ် တခြား တိုင်းရင်းသားပါတီတွေလည်းရှိမယ်။ တစ်ဖက်မှာ လည်း CRPH နဲ့ ပတ်သက်တဲ့ အဖွဲ့တွေလည်း ရှိမယ်။ သို့သော်လည်း ဒီအဖွဲ့တွေ အားလုံးမှာ တူညီတဲ့ သဘောထားကတော့ ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးဆိုတာဖြစ်တဲ့အတွက်ကြောင့် နောင်မှာ တော့ ကြီးကြီးမားမား ပြဿနာတော့ သိပ်မရှိနိုင်ဘူး၊ သို့ပေမယ့် ဒီနေရာမှာတစ်ဖက်နဲ့တစ်ဖက် အရင်က ဆက်ဆံရေးတစ်ခုကို ပြန်တည်ဆောက်ဖို့တော့ လိုအပ် တာပေါ့။

CRPH ကလည်း တောက်လျှောက် ကြိုးစားလာရင်း နဲ့ NUG လို့ ခေါ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ တစ်ရပ်ကိုလည်း သူတို့စဖွဲ့စည်းလိုက်ပြီ။ တိုင်းရင်း သားပြည်သူတွေဘက်က ယုံကြည်အားကိုးရတဲ့ လူပုဂ္ဂိုလ်တွေနဲ့ တကယ့်နိုင်ငံတကာမှာလည်း တရား ဝင် အသိအမှတ်ပြုခံရအောင် အစိုးရတစ်ရပ် အနေနဲ့ သူတို့ ကြိုးစားနေတာတွေ့ရတယ်။ ဝန်ကြီးတွေကို တောက်လျှောက် ခန့်အပ်နေပြီးတော့ သူတို့ကလည်း နိုင်ငံတကာမှာ တော်တော်အလုပ်လုပ်နေတာကို မြင် ရတယ်။ ကျွန်တော်မေးချင်တာက NUG အနေနဲ့ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး ကိစ္စ တွေမှာ လက်ရှိမှာ ဘယ်လောက်ထိ လုပ်နိုင်ပြီးတော့ နောက်ထပ် ဘာတွေ ဆက်လုပ်နိုင်မယ်လို့ မြင်မိလဲ။
လက်ရှိမှာတော့ CRPH ကနေပြီးတော့ NUG အစိုးရကို ဖွဲ့စည်းလိုက်တယ်။ တစ်လောက CRPH ရဲ့ Chapter နှစ်ခု ထွက်လာတာ တွေ့ရတယ်။ Chapter-1 မှာကတော့ သိပ်ပြီးတော့ ပြောစရာမရှိ ပေမယ့် Chapter-2 မှာကတော့ အကုန်လုံး တော် တော်များများက ၂၀ဝ၈ ဖွဲ့စည်းပုံကိုပဲ ကူးယူထားတဲ့ ပုံစံမျိုးတွေ မြင်ရတယ်။ လက်ရှိမှာ သူတို့က အရမ်းကို ကြိုးစားနေတယ်ဆိုတဲ့ အနေအထားကိုလည်း မြင်ပါ တယ်။ ဒါပေမဲ့ ဒီအပေါ်မှာ ဘာတွေရလဲဆိုရင် ကျွန် တော်တို့ တိုင်းရင်းသားတွေ အမြဲတမ်းကြုံတွေ့ ရတဲ့ ပြဿနာတစ်ခုကတော့ လူအများစုဖြစ်နေတဲ့ ဗမာ တွေနဲ့ စကားပြောပြီဆိုရင် အခုဆို NUG ကလည်း အဝေးရောက်အစိုးရပဲ ပြည်နယ်အစိုးရပေါ့၊ သူတို့မှာ အာဏာလက်ရှိ ရှိတာမဟုတ်ပါဘူး ။ တကယ့် တကယ် တိုင်းရင်းသား လက်နက်ကိုင်တွေကို အားကိုး ပြီးနေ နေတဲ့ အနေအထားတစ်ခုပေါ့၊ ဒီအနေအထား မှာ တောင်မှ သူတို့က အနိုင်ရအမတ်တွေနဲ့ဆိုတဲ့ ဖွင့်ချက် တွေနဲ့ ပြန်လာနေတာကို တွေ့ရတယ်။ သူတို့က အရင်က အများစုနဲ့ နိုင်ထားတဲ့ ပုံစံမျိုး၊ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပုံစံဘောင်အတွင်းကနေ မဟုတ် ဘဲနဲ့ သူတို့ပြောတဲ့ ဒီမိုကရေစီနဲ့ တည်ဆောက်ထားတာ ကို လက်ရှိမှာ နည်းနည်းပြန်ဆွဲကိုင်ချင်တဲ့ အနေ အထားကို တွေ့ရတယ်။ဗမာတိုင်းရင်းသားတွေ အတွက်ကတော့ အရမ်းပြီး ပြည့်စုံတဲ့ အဖွဲ့အစည်း တစ်ခုလိုမျိုး မျှော်လင့်ကောင်းမျှော်လင့်ပေမယ့် ကျွန် တော်တို့ တိုင်းရင်းသားတွေအတွက် ကျတော့ တော် တော်လေး စောင့်ကြည့်ရဦးမှာပါ၊ လက်ရှိအနေ အထားတောင်မှသူတို့က ကျွန်တော်တို့ ဖက်ဒရယ် ဆိုတဲ့အရာကို ရောက်အောင် မနည်းဆွဲခေါ်ခဲ့ရတဲ့ အနေအထားပါ။ သူတို့ပါးစပ်က ထွက်လာအောင် မနည်း ဆွဲခေါ် ခဲ့ရတာပါ၊ လက်ရှိအနေအထားမှာတော့ တပ်ဘက်ကရော၊ သူတို့ဘက်ကရော ဖက်ဒရယ်ဆိုတဲ့ စကားတွေကို သုံးလာကြတယ်။ ကျွန်တော်တို့အတွက် ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကကောင်းတဲ့ အချက်လို့ မြင်ပါတယ်။ သူတို့လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကို သူတို့တော်တော်များများ ရတယ်လို့ ပြောလို့ရတယ်။ သို့သော်လည်း နိုင်ငံတကာ ရဲ့ ထောက်ခံမှု အပိုင်းမှာ၊ အသိအမှတ်ပြုမှုအပိုင်းမှာ တော့ အများကြီး လိုအပ်နေတယ်လို့ ကျွန်တော်က တော့ မြင်ပါတယ်။ ပြီးခဲ့တဲ့ အာဆီယံ အစည်းအဝေးက အစ အကုန်လုံးကို ကြည့်လိုက်ရင် နိုင်ငံတကာရဲ့ အသိအမှတ်ပြု ထောက်ခံမှု မရဘဲနဲ့ သူတို့ ကြိုးစားမှု အလဟသ ဖြစ်တာပဲ မြင်ရတော့ ဒီအပိုင်းမှာတော့ သူတို့တော်တော်လေး ကြိုးစားရဦးမှာပေါ့။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ အထူးသဖြင့် ကချင်နဲ့ ကရင်ဘက် တွေမှာ စစ်ကောင်စီက ထိုးစစ်ဆင်မှုတွေ တောက် လျှောက်လုပ်လာတယ်။ ဒီအပေါ်မှာကော ဆရာ့ အနေနဲ့ ဘယ်လိုသုံးသပ်မှုပေးချင်ပါသလဲ။
လက်ရှိအချိန်ထိကတော့ ကျွန်တော်က ကန့် သတ်စစ်ပွဲတွေ လုပ်နေကြတယ်လို့ပဲ မြင်ပါတယ်။ ဒါကြောင့်မလို့လည်း စစ်ပွဲဖြစ်တဲ့အတွက်လည်း KIA စခန်း ဆယ်ခုရှိရင် ဆယ်ခုလုံးက အသံမထွက်ဘူး။ ဒီဘက်က ကရင်တွေကလည်း သူ့တပ်စခန်းအားလုံးက တပြိုင်နက် သေနတ်သံထွက်တာတော့ မဟုတ်သေး ဘူး။ ကန့်သတ်စစ်ပွဲဆိုတဲ့ သဘောသဘာဝက အရာ တစ်ခုခုကို ညှိယူဖို့အတွက် ဖော်ဆောင်တဲ့ တိုက်ပွဲပုံစံ မျိုးလို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်။ လက်ရှိ တပ် ကနေပြီးတော့မှ ထိုးစစ်ဆင်နေတဲ့ အပိုင်းတွေက လည်း တစ်ဖက်ကနေပြီးတော့ ကန့်သတ်စစ်ပွဲကို ဖော်ဆောင်တဲ့ပုံစံမျိုးဖြစ်လာတော့ သူတို့လည်း ခံသာ အောင် ပြန်ပြီးတော့ လုပ်လာတဲ့ အနေအထားလောက် တော့ရှိတာပေါ့။ ကျွန်တော့်အနေနဲ့ အယူအဆကတော့ ကန့်သတ်စစ်ပွဲက အခုထပ်ပိုပြီးတော့မှ ပြင်းထန်လာ နိုင်သေးတယ်။ အခုမှပဲ အစလို့ ပြောလို့ရတဲ့ ပုံစံပါ။ ကန့်သတ်စစ်ပွဲကနေပြီးတော့မှ သမားရိုးကျ စစ်ပွဲ ဘက်ကို ပြောင်းသွားနိုင်ပါတယ်။ ကန့်သတ်စစ်ပွဲ တိုက်နေကျတဲ့အချိန်မှာ အခင်းအကျင်းတွေ၊ ညှိနှိုင်းမှု တွေ မလုပ်နိုင်ဘူးဆိုရင်တော့ လူအသေအပျောက်များ မယ့် မြို့ပြစစ်ပွဲပုံစံမျိုး ဘက်ကို ရောက်လာနိုင်တယ်။ ဒါကတော့ ကျွန်တော်ရဲ့ ခန့်မှန်းချက်တွေပါ။

ဆက်စပ်ပြီးတော့ မေးချင်တာတစ်ခုက NCA လက် မှတ်ထိုးတဲ့ အဖွဲ့တွေကလည်း ဆွေးနွေးနေကြတာ တွေ့ရတယ်။ NUG ဘက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စကားပြောတဲ့ လမ်းကြောင်း တွေ တွေ့နေရတော့ NUG နဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေရဲ့ ကြားက ဆက်ဆံရေး အခြေအနေက တိုး တက်ရဲ့လား၊ သူတို့နှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျွန်တော်တို့ မြန်မာပြည်ရဲ့ အပြောင်းအလဲ၊ ဖက်ဒရယ် အိပ်မက်အတွက် အထောက်အပံဖြစ်ရဲ့ လား၊ ဆရာ့ အနေနဲ့ ရော ဘယ်လိုမြင်မိပါသလဲ။
သူတို့နှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ် ဆောင်ရွက်မှုကတော့ အဓိကအားဖြင့်ကတော့ The Enemy of My Enemy ,is Friend ဆိုတဲ့ အယူ အဆကနေ လာတာပါပဲ။ အဲဒီပုံစံနဲ့ပဲ သွားတာ ဖြစ်တဲ့ အတွက် ဖက်ဒရယ်အရေးတွေကတော့ အာဏာသိမ်း လိုက်တဲ့ အချိန်ကတည်းက တိုင်းရင်းသားတွေအတွက် တော့ ကောင်းသွားပါတယ်။ ဘယ်သူပဲနိုင်နိုင် ဖက် ဒရယ်က အရွေ့တစ်ခုတော့ ရောက်တော့မယ့် သဘော ရှိတယ်။ အခု ဒီ ပူးပေါင်းဆောင်ရွက်မှုကလည်း ကျွန်တော့်အမြင် ဖက်ဒရယ်အရွေ့ကို သွားဖို့အတွက် ပိုကောင်းတဲ့ အနေအထားကို ရောက်သွားတယ်လို့ မြင်ပါတယ်။

နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံသားအားလုံးအတွက် ဆုတောင်းစကားလေး ပြောပေးပါဦး။
မြန်မာနိုင်ငံသားအားလုံးက အခုအချိန်မှာက တော့ ဘယ်သူမှ ပျော်ရွှင်တဲ့သူရှိမှာမဟုတ်ပါဘူး၊ အခု အချိန်မှာ အကုန်လုံး သတ်ဖြတ်တာတွေမြင်နေရတယ်၊ အကြမ်းဖက်တာတွေကို မြင်နေရတဲ့ အနေအထားကို ရောက်နေတယ်။ ဒီလိုအချိန်မှာ ဘာပဲဖြစ်ဖြစ် အားလုံး က ဂရုတစိုက်နဲ့ ကိုယ့်အသက်အန္တရာယ် လုံခြုံရေး အတွက် ဦးစားပေးပြီး နေထိုင်သင့်ပါတယ်။ နိုင်ငံက တော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ဘက်ကိုတော့ ရောက် လာမှာပါ။ ကောင်းတဲ့ဘက်ကို မရောက်ခင်မှာတော့ ကျွန်တော်တို့က ခက်ခဲတဲ့ အနေအထား၊ ကာလတစ်ခု ကို သေချာပေါက် ဖြတ်သန်းရတော့မယ်ဆိုတာတော့ ရှိပါတယ်။ ဒီလိုမျိုး ကာလကို ဖြတ်သန်းရတဲ့အချိန်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကအစ အားလုံး နေရာဒေသအစုံ တစ်နိုင်ငံလုံးက အရင်ကလိုမျိုး တောင်တန်း၊ ပြည်မ မခြားဘဲ ဒုက္ခဆင်းရဲတွေကို အတူတူ ခံစားရမယ့် အနေအထားတွေ ရောက်လာ တယ်။ ဒီတစ်နှစ်ကျော်ပြီးသွားရင်တော့ ဘယ်လိုအနေ အထားမှာပဲဖြစ်ဖြစ် နိုင်ငံက ကောင်းတဲ့ဘက်ကို ရောက်လာမှာပါ။ ပြည်သူအားလုံးကလည်း အကောင်းဆုံးဘက်ကို ရောက်လာအောင် ဝိုင်း ဝန်းကြိုးစားကြပါလို့ ကျွန်တော်က တိုက်တွန်းချင် ပါတယ်။

ကျေးဇူးတင်ပါတယ်။
အယ်ဒီတာအဖွဲ့