• Today is: Thursday, April 25, 2024

နေရာတိုင်းမှာ သူ့မျက်နှာ

နေရာတိုင်းမှာ သူ့မျက်နှာ

ကမ္ဘောဒီးယားနိုင်ငံကို ၂၀၁၉ ခုနှစ် ဩဂုတ်လ (၇၊ ၈၊ ၉) ရက်နေ့များတွင် တိုင်းရင်းသား များအရေးကိစ္စနှင့်ပတ်သက်၍ တစ်ကြိမ်တက်ရောက်ခဲ့ဖူးပါသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ မြို့ ကလေးတစ်မြို့ဖြစ်သော ဆီအမ်ရိဖ် (Siem Reap) မြို့တွင် တည်းခိုခဲ့ရပါတယ်။ ကရင်ပြည်နယ် ရှိ ကော့ကရိတ်မြို့ သို့မဟုတ် အလွန်ဆုံး ဘားအံမြို့သာသာလောက်သာရှိသည့် မြို့တစ်မြို့ အဖြစ် ခန့်မှန်းမိသည်။ မြန်မာပြည်မှာကဲ့သို့ပင် လမ်းများ သိပ်မကောင်းလှ၊ ရောက်ရှိချိန် ဩဂုတ်လဆိုပေမယ့် မိုးရွာသည်ကို မတွေ့၊ ဖုန်များပင် ထလိုက်သေးပါသည်။ ဈေးဆိုင်ကန္နား ကြီးများလည်း မတွေ့ရပါ။ တည်းခိုရသော Regency Angkor ဟိုတယ်ပင် အတော်အသင့်သာ ဖြစ်သည်။ သို့ရာတွင် တစ်ခုတော့ ပြောစရာရှိသည်။ မြန်မာပြည်ရှိ မြို့ကလေးတိုင်း၏ လမ်းကြို လမ်းကြား၊ လမ်းမကြီးအားလုံးလိုလို၌ တွေ့ရတတ်သော ခွေးလေခွေးလွင့်များ ထိုမြို့ရှိ လမ်းများ၌ မတွေ့ရ၊ တည်းခိုရာဟိုတယ်ရှိ လမ်းများ၌လည်းကောင်း၊ အခြားသွားလေရာ လမ်းများ၌လည်းကောင်း ခွေးတစ်ကောင် မျှ မတွေ့ရသည်မှာ မိမိအဖို့ အံ့ဩဖွယ် ဖြစ်ရ ပါသည်။ ခွေးလေခွေးလွင့်များကို ခမာ ပြည်သူများ မည်သို့ ရှင်းလင်း သုတ်သင်ပစ် လိုက်သည်ကို မမေးဖြစ်သည်ပင် ကိုယ့်ကိုယ်ကို အပြစ် တင်မိသည်။ ゞင်းတို့ ခွေးသားမစားကြောင်းကိုကား သိလိုက်ရပါသည်။

ထိုမြို့တွင် တည်းခိုခွင့်ပေးခြင်း၊ တည်းခိုစေခြင်း ၏ အဓိကအချက်ကို နောက်ပိုင်းမှ သိရသည်။ ထိုမြို့နှင့်ရှစ်မိုင်ခန့်မျှဝေးသော အန်ကောဝပ် ဘုရား ကျောင်း တည်ရှိရာဒေသ ဖြစ်ခြင်းကြောင့်ဖြစ် သည်။ သိရှိပြီးသားဖြစ်ကြပါလိမ့်မည်။ ကမ္ဘောဒီးယား နိုင်ငံ၏ အန်ကောဝပ် (Angkor Wat) ဘုရားကျောင်း ကြီးသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် အဆောက် အဦတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ရာချီကတည်း က ကမ္ဘောဒီးယားဘုရင်များ တည်ဆောက်ခဲ့သော ခိုင်ခန့်မာကျောသည့် အဆောက် အဦးတစ်ခုဖြစ်သည်။

စာရေးသူတို့ သွားရောက်လေ့လာခွင့်ရသော နေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ပြည်တွင်းမှလာရောက် လေ့လာသူပေါင်း (ခန့်မှန်း) ၅၀ဝ၀ ဦးရှိမည်ထင်ပါ သည်။ လေ့လာသူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ပေး ဆောင်ရပါသည်။ ကမ္ဘောဒီး ယားငွေ     (ကမ္ဘောဒီးယား ဒေါ်လာ) နှင့်ဆိုလျှင် ၆၀ဝဝဝ ကျသင့်ပါသည်။ ကမ္ဘောဒီးယား ၏တန်ဖိုး    မိမိတို့နိုင်ငံထက် များစွာနိမ့်နေကြောင်း တွေ့ရပါ သည်။ ထိုရရှိသောဝင်ငွေကို ကမ္ဘောဒီးယားအစိုးရက အသုံး မပြုဘဲ ၂ ရာနှုန်းကိုသာ ဘုရား ကျောင်းကြီး အထွေထွေ ပြင် ဆင်မွမ်းမံစရိတ်အဖြစ် အသုံး ပြုပြီး၊ ကျန် ၈ ရာနှုန်းကို နိုင်ငံ ဖွံ့ဖြိုးရေးအတွက်နှင့် ဆင် ရဲ နွမ်းပါးသူများသို့    ပေးဝေ လှူဒါန်းလိုက်သည်ဟု သိရှိရပါ သည်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေ အနှစ်စာရင်းဝင် မြန်မာနိုင်ငံ ပုဂံဒေသ၏ လေ့လာရေးမှ ရရှိ သော ဝင်ငွေများကို မည်သို့ အသုံးပြုကြောင်း မသိရှိရသော် လည်း ကမ္ဘောဒီးယား ၏အစီအမံများမှာ ဝမ်းသာ ကြည်နူးနှစ်လိုဖွယ်ကောင်း သည်ဟု ခံစားမိပါသည်။

(၂)

စာရေးသူမထင်မှတ်ပါ။ မျှော်လည်းမမျှော်လင့် ထားပါ။ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်လေ့လာ မည့်  အဖွဲ့တစ်ဖွဲ့တွင် ကရင်နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် ထပ်မံရွေးချယ်ခံရခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂၅၊၂၆၊၂၇) ရက်နေ့ များတွင် သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။ လေးလခန့်  သာကွာခြားပြီးနောက် ဒုတိယအကြိမ် ကမ္ဘောဒီးယား သို့ သွားရောက်ခွင့် ကြုံသဖြင့်လည်း ဝမ်းသာမိသည် မျာ အမှန်ပင်ဖြစ်သည်။

ယခုအဖွဲ့တွင် အဖွဲ့ဝင် ၁၄ ဦးပါရှိပြီး အားလုံး ကရင်တိုင်းရင်းသားများသာဖြစ်ပါသည်။ KNU ကရင် အမျိုးသားအစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌနှင့် တွဲဘက် အထွေထွေအတွင်းရေးမှူး -၂ အပါအဝင် KNU ၏ နယ်ဘက် စစ်ဘက်မှ ကိုယ်စားလှယ် ၈ ဦး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေး၊ ကရင်လူမှုအဖွဲ့ အစည်း၊ ကရင်ဘာသာရေး အဖွဲ့အစည်း၊ ကရင်အမျိုးသမီး အဖွဲ့အစည်း၊ အမျိုးသားလွှတ် တော်ကိုယ် စားလှယ် တစ်ဦးစီ ပေါင်းငါးဦးနှင့် မိမိပါတီကိုယ် စားလှယ်တစ်ဦး အားလုံး စုစု ပေါင်း ၁၄ ဦးဖြစ်ပါသည်။

သည်တစ်ခါရောက်ရှိ သည့် မြို့မှာ သီဟာနူဗီးလ် (Sihanouk Ville) မြို့ဖြစ်ပြိး သီဟာနူပြည်နယ်၏ မြို့တော် ဖြစ်ပါသည်။ သည်မြို့ကို ကမ္ဘောဒီးယားနိုင်ငံ၏ ကွယ် လွန်သူမင်းသားကြီး (နောင် ဘုရင်ဖြစ်လာသူ) နိုရိုဒွန်သီဟာ နူ၏  အထိမ်းအမှတ်အဖြစ် မှည့်ခေါ်ထားသောမြို့ဖြစ် သည်ဟု နားလည်ရပါသည်။ ကမ္ဘော ဒီးယားနိုင်ငံ၏ မင်းသားကြီး သီဟာနူကို မြန်မာပြည် သူများ မစိမ်း၊ သိဘူး ကြားဖူးကြပြီးသားဖြစ်မည် ထင်ပါသည်။ သူ့ခေတ်သူ့အခါတွင် လွန်စွာဩဇာကြီး မားခဲ့ပါသည်။ သို့ရာတွင် ကမ္ဘောဒီးယား ခမာနီတို့၏ နှိပ်ကွပ်တော် လှန်မှုဖြင့်  မင်းသားကြီးသီဟာနူ ဒုက္ခ ပင်လယ်ဝေခဲ့ ရပြီး ရာထူးအာဏာစွန့်ရသည့်အနေ အထားရောက် ခဲ့ရကြောင်း သူတို့၏ သမိုင်းက ဖော်ပြပါသည်။ သို့ရာ တွင် ကမ္ဘောဒီးယား၏ ဘုရင်စနစ်မှာ ဆက်လက် တည်တံ့လျက်ရှိပြီး ကမ္ဘာပေါ်ရှိ ဘုရင်စနစ် ရှိနေသေး သော နိုင်ငံနည်းတူ စည်းမျဉ်းခံဘုရင်စနစ်သာ ဖြစ် ကြောင်းတွေ့ရှိရပါသည်။ ယခုလက်ရှိတွင် သီဟာနူ၏ သားက ဘုရင်အဖြစ် ဆက်လက်အုပ်စိုးလျက်ရှိသော် လည်း တကယ့်အာဏာ ကိုင်စွဲထားသူမှာ ဝန်ကြီးချုပ် ဟွန်ဆန်သာလျှင်ဖြစ်ပါသည်။

မိမိတို့၏ ကိုယ်စားလှယ်အဖွဲ့ကို လွန်စွာကြီး ကျယ်ခမ်းနားသည့် ကမ်းခြေဟိုတယ်တစ်ခုဖြစ်သော (Sokha Beach Resort Hotel) တွင် နေရာချထားပါသည်။ တည်းခိုသူအဝင်အထွက် ပျားပန်းခတ်မျှ ရှုပ်ယှက်ခေတ်နေသည့် ဟိုတယ်ကြီးတစ်ခုဖြစ်ကာ ယခင်တစ်ခေါက်ရောက်ခဲ့ဖူးသည့်ဟိုတယ်နှင့် ဆီနှင့် ရေလို အဆမတန် ကွာခြားလျက်ရှိကြောင်း တွေ့ရှိရပါ သည်။ အိပ်ခန်းပေါင်း ၅၀ဝ ကျော်ရှိပြီး၊ ရေကူးကန်၊ ကျန်းမာရေးလေ့ကျင့်ဌာန၊ မီနီဘား (စားသောက်ခန်း)၊ Spa ခေါ် အနှိပ်ခန်း၊ ကာစီနိုလောင်းကစားရုံ၊ ဂိမ်း ကစားသည့်အခန်း၊ ကွန်ပျူတာခန်း၊ စင်တင်တေးဂီတ၊ KTV ခေါ် သီချင်းဆိုခန်း၊ လဟာပြင်စားသောက်ဆိုင် (ပင်လယ်ဘက်သို့ ရှုစားငေးမျှော်ရင်း) စသည် စသည် ဖြင့် ရင်နှင့်အမျှ ခံစားရွှင်မြူးဖွယ်ရာ စုံလင်လှသော ကမ္ဘောဒီးယားအမျိုးသားပိုင် ဟိုတယ်ကြီးတစ်ခု ဖြစ် ပါသည်။

မိမိတို့အုပ်စုလေ့လာရေးဆောင်ရွက်နိုင်ရန် စပွန်ဆာပေးသည့်အဖွဲ့မှာ ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ ဖြစ်စဉ်များကို လေ့လာဆန်းစစ်သည့်အဖွဲ့ (Center for Peace and Conflict Studies) ပင်ဖြစ်သည်။ မိမိ အား KNU ၏ ကိုယ်စားလှယ်တစ်ဦးက ချိတ်ဆက် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး ကနဦး၌ ခရီးစဉ်၏ အသေးစိတ် အစီအစဉ်ကို မသိရှိခဲ့ရပေ။ ခရီးစဉ်၏ ပထမနေ့ (၂၅.၁၁.၂၀၁၉) ရက်နေ့တွင် တည်းခိုရာဟိုတယ်၌   CPCS (Center for Peace and Conflict Studies) ၏ ကမ္ဘောဒီးယားဌာနေ ကိုယ်စားလှယ်တစ်ဦးက ကမ္ဘော ဒီးယားနိုင်ငံ၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှုအကြောင်း အရာအချို့ကို နံနက်ပိုင်းတွင် ရှင်းလင်းပြောကြားပြီး မွန်းလွဲပိုင်းရောက်သောအခါ သီဟာနူဗီးလ်ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူးဆိုသူက ၎င်းတို့၏မြို့၊ ၎င်းတို့၏ ပြည်နယ်၌ ဆောင်ရွက်နေသော စီးပွားဖွံ့ဖြိုး ရေး လုပ်ငန်းများအကြောင်း၊ အုပ်ချုပ်စီမံရေး အနေ အထားနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအကြောင်း ကို အတော်များများ ရှင်းလင်းပြောကြားသွားပါ သည်။ ၎င်းတို့နိုင်ငံသည် ပြင်သစ်၏ ကိုလိုနီနိုင်ငံတစ်ခုဖြစ်ခဲ့ ဘူးသော်လည်း ယခုအခါ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံ ကို အများဆုံးရရှိထားလျက် ရှိကြောင်း၊ မိမိတို့အစိုးရ ၏ ပေါ်လစီမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လျှင်ပြီးရော မည်သူ့ဆီကဖြစ်စေ ရင်းနှီးမြှုပ်နှံမှုကိုလက်ခံမည်ဖြစ် ကြောင်း၊ ပြဿနာများပေါ်ပေါက်လာနိုင်မည်ဖြစ် သော်လည်း ဝိုင်းဝန်းဖြေရှင်းမည်ဖြစ်ကြောင်း အကျယ် တဝင့် ရှင်းလင်းသွားပါသည်။ မိမိတို့ ကိုယ်စားလှယ် များ၊ အထူးသဖြင့် မိမိ၏ သူတို့နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုအား ဦးစားပေးသည့်အနေအထားကို စောဒကမတက်လိုသော်လည်း နိုင်ငံသူ၊ နိုင်ငံသား များကို စိတ်ပိုင်းဆိုင်ရာ ပျက်စီးယိုယွင်းနိုင်မှု၊ လူမှု ရေးချို့ယွင်းနိမ့်ကျသွားနိုင်မှု၊ လိင်အကြမ်းဖက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုများ၊ လောင်းကစားကိစ္စများ၊ စသည့်ဆိုးကျိုးများကို မည်သို့ထည့်သွင်းစဉ်းစားထား ပါသနည်းဟူသည့် မေးခွန်းကို အကြောင်း ကြောင်း  ကြောင့် မမေးဖြစ်လိုက်ပေ။

နောက်တစ်ရက် (၂၆-၁၁-၂၀၁၉)နေ့၊ နံနက် ပိုင်းတစ်ပိုင်းလုံး ကမ္ဘောဒီးယားနိုင်ငံမှ တက်ကြွလှုပ် ရှားသူ အသက် ၅၀ နှစ်ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ် ဦးက မိမိတို့အဖွဲ့အား ယမန်နေ့က ရှင်းလင်းတင်ပြ ခဲ့သည့် ပြည်နယ်အုပ်ချုပ်ရေးမှူးဆိုသူနှင့် ဆန့်ကျင် သော အမြင်များကို ပွင့်ပွင့်လင်းလင်း လာရောက် ရှင်းလင်းသွားပါသည်။ ထိုအမျိုးသမီး၏ ရှင်းပြချက် အရ သီဟာနူဗီးလ်မြို့တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှု သည် ၂၀၁၇ ခုနှစ်မှသာ စတင်ခဲ့သော်လည်း ယခု ၂၀၁၉ ခုနှစ်၌ တစ်မြို့လုံးတရုတ်လက်ရာ အဆောက် အဦးများ အလျင်အမြန်ပေါ်ပေါက်လာကြောင်း၊ အဆောက်အဦးများမှာ အနိမ့်ဆုံး ၈ ထပ်မှ အမြင့်ဆုံး အထပ် ၄၀  အထိရှိကြောင်း၊ အင်ဂျင်နီယာများအပါ အဝင် အလုပ်သမားအများစုသည် တရုတ်လူမျိုးများ ဖြစ်ပြီး ခမာလူမျိုးများမှာ လစာအနည်းငယ်သာရ သော အောက်ခြေလုပ်ငန်းများ၌သာ လုပ်ကိုင်ကြရ ကြောင်း၊ မြို့ပြတိုက်တာအဆောက်အဦး၊ ရုပ်ဒြပ်လျင် မြန်စွာ ဖွံ့ဖြိုးပေါ်ပေါက်ရေးကိုသာ ဦးတည်သဖြင့် ယခု ၂ နှစ်ကျော် ၃ သုံးနှစ်အတွင်း တစ်မြို့လုံး အထပ် မြင့်တိုက်တာ အဆောက်အဦးများ ပြည့်လျှံနေပြီဖြစ် ကြောင်း၊ တရုတ်နိုင်ငံသားပိုင်နှင့်  ခမာနိုင်ငံသား ပိုင်ဆိုင်မှုအချိုးအစားမှာ ကာစီနိုရုံတွင် တရုတ် ရာနှုန်း ပြည့်၊ ဟိုတယ်တွင် တရုတ် ၈၀ ရာနှုန်း၊ ခမာ ၂၀ ရာ နှုန်း၊ Spa ခေါ် အနှိပ်ခန်းနှင့် KTV ခေါ်တေးဂီတခန်း များလုပ်ငန်းတွင် တရုတ်တို့ကသာ ရာနှုန်းပြည့်နီးပါး ပိုင်ဆိုင်ပြီး ခမာများ၏ပိုင်ဆိုင်မှု မရှိသလောက် ဖြစ်ပါ ကြောင်း၊ မြို့လယ်ခေါင်အချက်အချာဒေသများတွင် တရုတ်လူမျိုးအများစုနေထိုင်ပြီး ခမာတို့မှာ မြို့နီးချုပ် စပ်အစွန်အဖျားသို့ ရောက်ရှိနေထိုင်ကြရကြောင်း၊ ဤ မြို့နေ လူဦးရေ လေးသိန်း အနက် တရုတ် -နှစ်သိန်း နှင့် ခမာလူမျိုး နှစ်သိန်းရှိကြောင်း၊ ဤသို့ တရုတ်မြို့ (China Town) အဖြစ် သီဟာနူ ဗီးလ်မြို့အား ဖန်တီးလာသည်ကို မိမိတို့စောင့် ကြည့်ရေးအဖွဲ့မှ စောင့်ကြည့် နေကြောင်း၊ လိင်အကြမ်းဖက် မှု၊ ခိုးဆိုးတိုက်ခိုက်မှု၊ မူးယစ် ဆေးဝါးသုံးစွဲမှု၊ ယဉ်ကျေးမှုနှင့် လူမှုရေးချို့ယွင်းနိမ့်ပါးသွားမှု စသည်တို့ကို ယမန်နေ့ ပြည် နယ် အုပ်ချုပ်ရေးမှူးနှင့်ဆန့် ကျင်ဘက် တင်ပြသွားသည်ကို တွေ့ရှိရပါသည်။

ထိုနေ့မွန်းလွဲပိုင်းတွင် CPCS အဖွဲ့မှ တာဝန်ရှိသူများက မိမိတို့ကိုယ်စားလှယ် အဖွဲ့အား အစုသုံးစု ခွဲ၍ မြန်မာနိုင်ငံတွင် ပေါ်ပေါက် လာဖွယ်ရှိသည့် တရုတ်တို့၏ လွှမ်းမိုးချယ်လှယ်မှု၊ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု၊ တရုတ်တို့၏ နေရာ တကာတိုင်း၌ ပါဝင်ပတ်သက်မှု၊ တရုတ်မြို့ (China Town)တည်ဆောက်လိုမှု စသည်တို့ကို ဝေဖန် သုံးသပ်စေခဲ့ပါသည်။

(၄)

(၂၇.၁၁.၂၀၁၉) ရက်နေ့တွင် ဟိုတယ်မှ နံနက်စာ (Breakfast) သုံးဆောင်အပြီး CPCS မှ စီစဉ် ပေးသော Mini Bus တစ်စီးဖြင့် နံနက်ပိုင်းတစ်ပိုင်း လုံး တစ်မြို့လုံးလေ့လာရန် ထွက်ခွာလာကြသည်။ ဆောက်လက်စ အဆောက်အဦးများအတွက် တပ်ဆင် ထားသော ကရိန်းကြီးများနေရာ (၂၀) ခန့်တွေ့ရ သည်။ အဆောက်အဦများကို နီးကပ်စွာ ဆောက် လုပ်ထားခြင်းဖြစ်ပြီး ကာစီနို၊ KTV/Spa ဆိုင်းဘုတ် များ အစီရီတန်းစီလျှက်ရှိနေသည်ကို တွေ့ရပါသည်။ အဆောက်အဦများ ဆောက်လုပ်နေဆဲဖြစ်၍လား မသိ.. လမ်းများမှာ ကစဉ့်ကလျားဖြစ်နေပြီး ပြန့်ပြူး ညီညာမှုမရှိပါ။ တစ်မြို့လုံးတွင် ဆေးရုံနှင့် ဆေးပေး ခန်း ၇ နေရာခန့်သာရှိပြီး အားလုံး တရုတ်နိုင်ငံသား များပိုင်သည်ဟု သိရှိရသည်။ စာသင်ကျောင်းနှင့် အားကစားကွင်းများကိုလည်းမတွေ့ရပါ။ အစိုးရ အဆောက်အဦးများ မတွေ့ ရသလောက်ဖြစ်နေသည်။ တစ်နေရာတွင် ဝင်းကျယ် ကြီးတစ်ခုအတွင်း သပ်ရပ် ခန့်ညားထည်ဝါ ကြီးကျယ် လှစွာသော အိမ်တစ်လုံးကို တွေ့ရသည်။ ဝန်ကြီးချုပ်ဟွန် ဆန်၏ အိမ်ဟု လိုက်လံ ပို့ ဆောင်သူက ရှင်းပြသည်။ သက်တော်ရှည်သည် ဝန်ကြီး ချုပ်အတွက်  တရုတ်တို့က မြို့ကြီးတစ်မြို့တွင် အိမ်တစ်လုံးစီ ဆောက်ပေးသည်ဟု ဆက်လက်ပြောပြ သည်။ ဪသာ်…. တရုတ်၏ဩဇာ၊ တရုတ်၏ ပါဝါ အာဏာလွှမ်းမိုးမှုဒဏ်မခံနိုင်ရခြင်းမှာ ဒါ့ကြောင့်လား ဟု တွေးထင်မိသည်။ စာရှုသူများအနေဖြင့်လည်း ကမ္ဘောဒီးယားနိုင်ငံရှိ မြို့နှစ်မြို့၏ အနေအထားကို ရိပ်စားမိလောက်ပြီ ထင်ပါသည်။

(၅)

အားလုံးသိကြပြီးဖြစ်သည့်အတိုင်း မြန်မာနိုင်ငံ တွင် တရုတ်တို့၏ ချိတ်ဆက်မှုများဖြင့် ဆောင်ရွက်ခဲ့ သောကြေးနီတောင်စီမံကိန်း၊ မြစ်ဆုံစီမံကိန်း  ယာယီ ရပ်ဆိုင်းထားသော်လည်း ရခိုင်မှ တရုတ်အထိ သွယ် တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှာ အကောင်အထည်ပေါ်ခဲ့ပြီး နိုင်ငံတော်အတွက် မည် ရွေ့မည်မျှ အကျိုးသက်ရောက်မှုရှိသည်ကို သာမန် ပြည်သူများမသိနိုင်ပါ။ ငြိမ်းချမ်းရေးကိစ္စတွင်လည်း  တရုတ်တို့ ထဲထဲဝင်ဝင် ပါဝင်နေကြောင်း တစ်စွန်းတစ်စ သာ သိရှိရပါသည်။

မိမိတို့ အစုဖွဲ့သုံးဖွဲ့ဖြစ်သည့် ကရင်လက်နက် ကိုင်များအဖွဲ့၊ ကရင်နိုင်ငံရေးပါတီနှင့်လွှတ်တော်ကိုယ် စားလှယ်အဖွဲ့၊ ကရင်လူမူရေးနှင့်ဘာသာရေးအဖွဲ့တို့ သည်  မိမိတို့ ကမ္ဘောဒီးယားခရီးစဉ်၏ တကယ့် ရည်ရွယ်ချက်ကို ယခုမှသာ ကွက်ကွက်ကွင်းကွင်း သိရှိလာရပါသည်။  လေ့လာရေးအဖွဲ့တွင် ကရင် များသာ (အထူးသဖြင့် ကရင်ပြည်နယ်အတွင်းမှ ကရင် များသာ)  ပါဝင်သည်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့ နယ်၊ ရွှေကုက္ကိုလ်မြိုင် ကျေးရွာတွင် အကောင်အထည် ဖော်မည့် မြို့တော်စီမံကိန်းအတွက် နှိုင်းယှဉ်သုံးသပ် သင့်လျှော်လျှောက်ပတ်သည့် အကြံဉာဏ်များပေး နိုင်ရန် ဖြစ်ကြောင်းသိရှိလာရပါသည်။ ရွှေကုက္ကိုလ်မြိုင် ကျေးရွာကို အဆင့်မြင့်နည်းပညာမြို့ (High Technology Smart City)အဖြစ် ဖော်ထုတ် တည်ဆောက်ရန် ချစ်လင်းမြိုင်ကုမ္ပဏီနှင့်  Julian Yatai International Company တို့က မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ MIC တွင် လက်မှတ်ရေးထိုးမှတ်ပုံတင်ခဲ့ပြီး MIC (Myanmar Investment Committe) ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ကြပါသည်။ MIC ၏ ခွင့်ပြု ချက်တွင် မြေ (၆၂) ဧက၌သာ ကနဦးအမေရိကန် ဒေါ်လာ သန်း (၅၀ဝ) ဖြင့်  လုပ်ငန်း စတင်ရန်ဖြစ် ကြောင်း၊ ကရင်ပြည်နယ်အစိုးရလည်း သိရှိကြောင်း သက်သေခံလက်မှတ်ရေးထိုးထားသည့်ဟု ကြားသိ ရပါသည်။ နောက်ပိုင်းတွင် ဧကပေါင်း ၂၉၆၅၂.၆ ဧက အထိ တိုးချဲ့ဆောင်ရွက်ရန်လည်း အစီအစဉ်ရှိကြောင်း  ပြောဆိုနေကြပါသည်။ သာမန်ပြည်သူတစ်ယောက် အနေဖြင့် ဤကိစ္စမှန်မမှန် တပ်အပ်သေချာစွာ မသိ  နိုင်ပါ။ သိသာထင်ရှားသည့်တစ်နေ့မှာ BGF တပ်ဖွဲ့ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနှင့် ဤလုပ်ငန်းကို ချိတ်ဆက် ရသည့်အကြောင်းရင်းကို ပြည်သူတွေ မသိရှိရခြင်း ဖြစ်ပါသည်။ မြို့တည်ထောင်မည်ကို ဒေသခံများ  မကြိုက်ပါက မကန့်ကွက်နိုင်အောင် သို့မဟုတ်  မကန့် ကွက်ရဲအောင် နယ်ခြားစောင့်တပ်ကို လုပ်ပိုင်ခွင့်ပေး လိုက်ခြင်းလော … KNU ၏ ထိပ်ပိုင်းခေါင်းဆောင် များပင်ဤကိစ္စကို ဂဃနဏ မသိရှိလိုက်ရပါ။ အစိုးရ နှင့်သာ သက်ဆိုင်ပြီး KNU ၏ကိစ္စမဟုတ်၍ သိရန် မလိုဟုလည်း သဘောထားကောင်းထားပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေ၊ စာချုပ်ချုပ်ဆိုလုပ်ငန်း အကောင်အထည်ဖော်ပြီးဖြစ်၍ မိမိတို့ဝေဖန်ထောက် ပြနိုင်စရာအကြောင်း မမြင်တော့ပါ။ မိမိတို့၏ဆန္ဒကို တင်ပြမေတ္တာရပ်ခံရုံသာ ရှိပါတော့သည်။ သို့ရာတွင် NCA စာချုပ်၌ စီမံကိန်းကြီးများကို အကောင်အထည် ဖော်မည်ဆိုပါက နှစ်ဖက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ရန် ဟူသော သဘောတူညီချက်ရှိပါသည်။ ပြီးခဲ့သော အချိန်ကာလအနည်းငယ်ခန့်က မြဝတီမြို့တွင် တရုတ် များရမ်းကား၍ အရေးယူဆောင်ရွက်ခဲ့ရသည့်သတင်း၊ ဆိုင်များတွင် တရုတ်စာသားပါသောဆိုင်းဘုတ်များ ကို ဖြုတ်သိမ်းလိုက်ခြင်း စသည့်အခြေအနေများပေါ်  ပေါက်ခဲ့ပါသည်။ မန္တလေးမြို့သည်  တရုတ်မြို့ဖြစ်နေ ပြီ …  ရန်ကုန်တွင် အသစ်ဖော်ထုတ်မည့် မြို့သစ် စီမံကိန်းဒေသများ၌လည်း တရုတ်တွေ မြေအများ အပြား ဝယ်ယူထားပြီးပြီဟု ပြောဆိုနေကြပါသည်။ မြဝတီမြို့နှင့် ရွှေကုက္ကိုလ်မြိုင်ကျေးရွာတို့တွင်လည်း တရုတ်တွေ မည်ရွေ့မည်မျှ ရောက်ရှိနေထိုင်ပြီးဖြစ် သည် ..စသည် စသည်ဖြင့်  သတင်းမျိုးစုံထွက်နေသည်။ထို့အပြင် စီးပွားရေးနယ်ပယ်များ၌လည်း တရုတ်တိုပ နေရာယူမှုများစွာရှိသည်သာမက ICJ တရားရုံးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံမထွက်ခွာမီကလေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး လာရောက်တွေ့ဆုံခဲ့ပုံ၊  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်အာဏာ ပိုင်များ မကြာခဏထိတွေ့ဆက်ဆံပြီး လက်ပွန်းတတီး ရှိနေကြပုံ၊ တိုင်းရင်းသားလက်နက်ကိုင်မြောက်ပိုင်း အဖွဲ့များကလည်း တရုတ်နှင့်ပလဲနံပသင့်နေကြပုံများ ကိုမိမိတို့ကြားသိနေရသည်။ နေရာတကာတွင် တရုတ် တွေကြီးစိုးလွှမ်းမိုးနေပြီလား…

ဟော …အခု မြဝတီမြို့ သောင်ရင်းကမ်းပါး တစ်လျှောက်တွင် ကာစီနိုလောင်းကစားရုံများ တည် ဆောက်ထားကြသည်။ ရွှေကုက္ကိုလ်တွင်လည်း တည် ဆောက်နေသည်ဟု  သိရသည်။  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဩဇာအရှိန်အဝါကို ရယူ တည်ဆောက်ကြသည်ဟုဆိုကြသည်။ မြဝတီမှနေ၍ ရွှေကုက္ကိုလ်သို့ အလွယ်တကူသွားနိုင်အောင် လမ်း ဖောက်ဦးမည်ဟုလည်း ကြားသိရသည်။ ပြည်ထောင်စု လွှတ်တော်မှ ပြင်ဆင်အတည်ပြုလိုက်သော လောင်း ကစားဥပဒေတွင် ကာစီနိုမပါသဖြင့် ကာစီနိုရုံများကို  ပြောင်ပြောင်တင်းတင်း ဖွင့်လှစ်ကစားနေကြသလော … မည်သူ၏ သဘောတူညီချက်၊ မည်သူ့အမိန့်ဖြင့် ဖွင့်လှစ်သည်ဖြစ်စေ … ဥပဒေနှင့်အညီ ဖြစ်သင့်သည် မဟုတ်ပါလော ….။

(၇.၁.၂၀၂၀) ရက်နေ့ နံနက်တွင် ဖေ့စ်ဘွတ် ဖွင့်ကြည့်ရာ၌ အောက်ပါကြော်ငြာတစ်ခုကို တွေ့ရပါ သည်။

ဖွဲဝေဝန်ထမ်းအလိုရှိသည်

မ(၅၀ဝ)ယောက်

လစာ-ဘတ် (၉၀ဝဝ)မှ ဘတ် (၁၂၀ဝဝ)

ရက်မှန်ကြေး -ဘတ် (၁၀ဝဝ)

မြဝတီမြို့ရှိ ကာစီနိုရုံတစ်ရုံမှ ကြော်ငြာဟု သိရ သည်။ မက်မောလောက်သည့် လုပ်ခလစာပင်ဖြစ်ပါ သည်။ လုပ်အကိုင်အခွင့်အလမ်းပေးနိုင်၍လည်း ဝမ်းသာကြိုဆိုသင့်ပါသည်။ သို့ရာတွင် ဤဆွဲဆောင် မှုနောက်ကွယ်၌ ကြုံတွေ့လာရဖွယ်ရှိသော ဘဝ၏ အနိဋ္ဌာရုံများကို သတိပြုသင့်သည်။ ဤလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလာပါက ကြီးပွားတိုးတက် စီးပွား ဖြစ်မည့်သူမည်သူဖြစ်မည်နည်း …. နိုင်ငံတော်လား.. အဖွဲ့အစည်းတစ်ရပ်လား … တစ်ဦးတစ်ယောက်တည်း လား …သို့မဟုတ် မရှိဆင်းရဲသား၊ နိုင်ငံသူနိုင်ငံသား များအတွက်လား …ရှည်ရှည်ဝေးဝေး ချင့်ချိန်ဝေဖန် သုံးသပ်ကြရပါမည်။

(၆)

ကမ္ဘောဒီးယားနိုင်ငံ၊ သီဟာနူဗီးလ်မြို့ကဲ့သို့ နေ့ချင်းညချင်း တိုက်တာအဆောက်အဦပေါ်လာ၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်ဖြစ်ထွန်းမှု ထင်သာမြင်သာ ရှိသော်လည်း မမြင်နိုင်စွမ်းသည့် လူမှုရေး၊ ယဉ်ကျေးမှု၊ အကျင့်စာရိတ္တ ဆုတ်ယုတ်ပျက်စီးမှုများကို ကြီးစွာ သောသတိသံဝေဂတရားထားရှိရန် လိုအပ်မည်ဖြစ်ပါ သည်။ နေရာတိုင်းမှာ သူ့လက်သူ့ခြေ၊ နေရာတိုင်းမှာ သူ၏ လွှမ်းမိုးချယ်လှယ်ပါဝင်ပတ်သက်မှု၊ နေရာတိုင်း မှာ တရုတ်တို့၏ မျက်နှာကိုမော်ကြည့်နေရမှုမှ ကင်း ဝေးရန်လိုအပ်ပါကြောင်း မီးမောင်းထိုးပြလိုက်ရပါ သည်။

မန်းအောင်ပြည်စိုး

Zawgyi

ေနရာတိုင္းမွာ သူ႔မ်က္ႏွာ
ကေမၻာဒီးယားႏိုင္ငံကို ၂၀၁၉ ခုႏွစ္ ဩဂုတ္လ (၇၊ ၈၊ ၉) ရက္ေန႔မ်ားတြင္ တိုင္းရင္းသား မ်ားအေရးကိစၥႏွင့္ပတ္သက္၍ တစ္ႀကိမ္တက္ေရာက္ခဲ့ဖူးပါသည္။ ကေမၻာဒီးယားႏိုင္ငံ၏ ၿမိဳ႕ ကေလးတစ္ၿမိဳ႕ျဖစ္ေသာ ဆီအမ္ရိဖ္ (Siem Reap) ၿမိဳ႕တြင္ တည္းခိုခဲ့ရပါတယ္။ ကရင္ျပည္နယ္ ရွိ ေကာ့ကရိတ္ၿမိဳ႕ သို႔မဟုတ္ အလြန္ဆံုး ဘားအံၿမိဳ႕သာသာေလာက္သာရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ အျဖစ္ ခန္႔မွန္းမိသည္။ ျမန္မာျပည္မွာကဲ့သို႔ပင္ လမ္းမ်ား သိပ္မေကာင္းလွ၊ ေရာက္ရွိခ်ိန္ ဩဂုတ္လဆိုေပမယ့္ မိုးရြာသည္ကို မေတြ႕၊ ဖုန္မ်ားပင္ ထလိုက္ေသးပါသည္။ ေဈးဆိုင္ကႏၷား ႀကီးမ်ားလည္း မေတြ႕ရပါ။ တည္းခိုရေသာ Regency Angkor ဟိုတယ္ပင္ အေတာ္အသင့္သာ ျဖစ္သည္။ သို႔ရာတြင္ တစ္ခုေတာ့ ေျပာစရာရွိသည္။ ျမန္မာျပည္ရွိ ၿမိဳ႕ကေလးတိုင္း၏ လမ္းႀကိဳ လမ္းၾကား၊ လမ္းမႀကီးအားလံုးလိုလို၌ ေတြ႕ရတတ္ေသာ ေခြးေလေခြးလြင့္မ်ား ထိုၿမိဳ႕ရွိ လမ္းမ်ား၌ မေတြ႕ရ၊ တည္းခိုရာဟိုတယ္ရွိ လမ္းမ်ား၌လည္းေကာင္း၊ အျခားသြားေလရာ လမ္းမ်ား၌လည္းေကာင္း ေခြးတစ္ေကာင္ မွ် မေတြ႕ရသည္မွာ မိမိအဖို႔ အံ့ဩဖြယ္ ျဖစ္ရ ပါသည္။ ေခြးေလေခြးလြင့္မ်ားကို ခမာ ျပည္သူမ်ား မည္သို႔ ရွင္းလင္း သုတ္သင္ပစ္ လိုက္သည္ကို မေမးျဖစ္သည္ပင္ ကိုယ့္ကိုယ္ကို အျပစ္ တင္မိသည္။ ゞင္းတို႔ ေခြးသားမစားေၾကာင္းကိုကား သိလိုက္ရပါသည္။
ထိုၿမိဳ႕တြင္ တည္းခိုခြင့္ေပးျခင္း၊ တည္းခိုေစျခင္း ၏ အဓိကအခ်က္ကို ေနာက္ပိုင္းမွ သိရသည္။ ထိုၿမိဳ႕ႏွင့္ရွစ္မိုင္ခန္႔မွ်ေဝးေသာ အန္ေကာဝပ္ ဘုရား ေက်ာင္း တည္ရွိရာေဒသ ျဖစ္ျခင္းေၾကာင့္ျဖစ္ သည္။ သိရွိၿပီးသားျဖစ္ၾကပါလိမ့္မည္။ ကေမၻာဒီးယား ႏိုင္ငံ၏ အန္ေကာဝပ္ (Angkor Wat) ဘုရားေက်ာင္း ႀကီးသည္ ကမၻာ့ယဥ္ေက်းမႈအေမြအႏွစ္ စာရင္းဝင္ အေဆာက္ အဦတစ္ခုျဖစ္ၿပီး လြန္ခဲ့ေသာ ႏွစ္ေပါင္း ရာခ်ီကတည္း က ကေမၻာဒီးယားဘုရင္မ်ား တည္ေဆာက္ခဲ့ေသာ ခိုင္ခန္႔မာေက်ာသည့္ အေဆာက္ အဦးတစ္ခုျဖစ္သည္။
စာေရးသူတို႔ သြားေရာက္ေလ့လာခြင့္ရေသာ ေန႔တြင္ ကမၻာ့ႏိုင္ငံအသီးသီးႏွင့္ျပည္တြင္းမွလာေရာက္ ေလ့လာသူေပါင္း (ခန္႔မွန္း) ၅၀ဝ၀ ဦးရွိမည္ထင္ပါ သည္။ ေလ့လာသူတစ္ဦးလွ်င္ အေမရိကန္ေဒၚလာ ၁၀ ေပး ေဆာင္ရပါသည္။ ကေမၻာဒီး ယားေငြ (ကေမၻာဒီးယား ေဒၚလာ) ႏွင့္ဆိုလွ်င္ ၆၀ဝ၀ဝ က်သင့္ပါသည္။ ကေမၻာဒီးယား ၏တန္ဖိုး မိမိတို႔ႏိုင္ငံထက္ မ်ားစြာနိမ့္ေနေၾကာင္း ေတြ႕ရပါ သည္။ ထိုရရွိေသာဝင္ေငြကို ကေမၻာဒီးယားအစိုးရက အသံုး မျပဳဘဲ ၂ ရာႏႈန္းကိုသာ ဘုရား ေက်ာင္းႀကီး အေထြေထြ ျပင္ ဆင္မြမ္းမံစရိတ္အျဖစ္ အသံုး ျပဳၿပီး၊ က်န္ ၈ ရာႏႈန္းကို ႏိုင္ငံ ဖြံ႕ၿဖိဳးေရးအတြက္ႏွင့္ ဆင္ ရဲ ႏြမ္းပါးသူမ်ားသို႔ ေပးေဝ လွဴဒါန္းလိုက္သည္ဟု သိရွိရပါ သည္။ ကမၻာ့ယဥ္ေက်းမႈ အေမြ အႏွစ္စာရင္းဝင္ ျမန္မာႏိုင္ငံ ပုဂံေဒသ၏ ေလ့လာေရးမွ ရရွိ ေသာ ဝင္ေငြမ်ားကို မည္သို႔ အသံုးျပဳေၾကာင္း မသိရွိရေသာ္ လည္း ကေမၻာဒီးယား ၏အစီအမံမ်ားမွာ ဝမ္းသာ ၾကည္ႏူးႏွစ္လိုဖြယ္ေကာင္း သည္ဟု ခံစားမိပါသည္။

(၂)
စာေရးသူမထင္မွတ္ပါ။ ေမွ်ာ္လည္းမေမွ်ာ္လင့္ ထားပါ။ ကေမၻာဒီးယားႏိုင္ငံကို သြားေရာက္ေလ့လာ မည့္ အဖြဲ႕တစ္ဖြဲ႕တြင္ ကရင္ႏိုင္ငံေရးပါတီမ်ား၏ ကိုယ္စားလွယ္တစ္ဦးအျဖစ္ ထပ္မံေရြးခ်ယ္ခံရျခင္း ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလ (၂၅၊၂၆၊၂၇) ရက္ေန႔ မ်ားတြင္ သြားေရာက္ခဲ့ျခင္းျဖစ္ပါသည္။ ေလးလခန္႔ သာကြာျခားၿပီးေနာက္ ဒုတိယအႀကိမ္ ကေမၻာဒီးယား သို႔ သြားေရာက္ခြင့္ ႀကံဳသျဖင့္လည္း ဝမ္းသာမိသည္ မ်ာ အမွန္ပင္ျဖစ္သည္။
ယခုအဖြဲ႕တြင္ အဖြဲ႕ဝင္ ၁၄ ဦးပါရွိၿပီး အားလံုး ကရင္တိုင္းရင္းသားမ်ားသာျဖစ္ပါသည္။ KNU ကရင္ အမ်ိဳးသားအစည္းအ႐ံုး၏ ဒုတိယဥကၠ႒ႏွင့္ တြဲဘက္ အေထြေထြအတြင္းေရးမွဴး -၂ အပါအဝင္ KNU ၏ နယ္ဘက္ စစ္ဘက္မွ ကိုယ္စားလွယ္ ၈ ဦး၊ သဘာဝပတ္ဝန္းက်င္ထိန္း သိမ္းေရး၊ ကရင္လူမႈအဖြဲ႕ အစည္း၊ ကရင္ဘာသာေရး အဖြဲ႕အစည္း၊ ကရင္အမ်ိဳးသမီး အဖြဲ႕အစည္း၊ အမ်ိဳးသားလႊတ္ ေတာ္ကိုယ္ စားလွယ္ တစ္ဦးစီ ေပါင္းငါးဦးႏွင့္ မိမိပါတီကိုယ္ စားလွယ္တစ္ဦး အားလံုး စုစု ေပါင္း ၁၄ ဦးျဖစ္ပါသည္။

သည္တစ္ခါေရာက္ရွိ သည့္ ၿမိဳ႕မွာ သီဟာႏူဗီးလ္ (Sihanouk Ville) ၿမိဳ႕ျဖစ္ၿပိး သီဟာႏူျပည္နယ္၏ ၿမိဳ႕ေတာ္ ျဖစ္ပါသည္။ သည္ၿမိဳ႕ကို ကေမၻာဒီးယားႏိုင္ငံ၏ ကြယ္ လြန္သူမင္းသားႀကီး (ေနာင္ ဘုရင္ျဖစ္လာသူ) ႏို႐ိုဒြန္သီဟာ ႏူ၏ အထိမ္းအမွတ္အျဖစ္ မွည့္ေခၚထားေသာၿမိဳ႕ျဖစ္ သည္ဟု နားလည္ရပါသည္။ ကေမၻာ ဒီးယားႏိုင္ငံ၏ မင္းသားႀကီး သီဟာႏူကို ျမန္မာျပည္ သူမ်ား မစိမ္း၊ သိဘူး ၾကားဖူးၾကၿပီးသားျဖစ္မည္ ထင္ပါသည္။ သူ႔ေခတ္သူ႔အခါတြင္ လြန္စြာဩဇာႀကီး မားခဲ့ပါသည္။ သို႔ရာတြင္ ကေမၻာဒီးယား ခမာနီတို႔၏ ႏွိပ္ကြပ္ေတာ္ လွန္မႈျဖင့္ မင္းသားႀကီးသီဟာႏူ ဒုကၡ ပင္လယ္ေဝခဲ့ ရၿပီး ရာထူးအာဏာစြန္႔ရသည့္အေန အထားေရာက္ ခဲ့ရေၾကာင္း သူတို႔၏ သမိုင္းက ေဖာ္ျပပါသည္။ သို႔ရာ တြင္ ကေမၻာဒီးယား၏ ဘုရင္စနစ္မွာ ဆက္လက္ တည္တံ့လ်က္ရွိၿပီး ကမၻာေပၚရွိ ဘုရင္စနစ္ ရွိေနေသး ေသာ ႏိုင္ငံနည္းတူ စည္းမ်ဥ္းခံဘုရင္စနစ္သာ ျဖစ္ ေၾကာင္းေတြ႕ရွိရပါသည္။ ယခုလက္ရွိတြင္ သီဟာႏူ၏ သားက ဘုရင္အျဖစ္ ဆက္လက္အုပ္စိုးလ်က္ရွိေသာ္ လည္း တကယ့္အာဏာ ကိုင္စြဲထားသူမွာ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္သာလွ်င္ျဖစ္ပါသည္။
မိမိတို႔၏ ကိုယ္စားလွယ္အဖြဲ႕ကို လြန္စြာႀကီး က်ယ္ခမ္းနားသည့္ ကမ္းေျခဟိုတယ္တစ္ခုျဖစ္ေသာ (Sokha Beach Resort Hotel) တြင္ ေနရာခ်ထားပါသည္။ တည္းခိုသူအဝင္အထြက္ ပ်ားပန္းခတ္မွ် ႐ႈပ္ယွက္ေခတ္ေနသည့္ ဟိုတယ္ႀကီးတစ္ခုျဖစ္ကာ ယခင္တစ္ေခါက္ေရာက္ခဲ့ဖူးသည့္ဟိုတယ္ႏွင့္ ဆီႏွင့္ ေရလို အဆမတန္ ကြာျခားလ်က္ရွိေၾကာင္း ေတြ႕ရွိရပါ သည္။ အိပ္ခန္းေပါင္း ၅၀ဝ ေက်ာ္ရွိၿပီး၊ ေရကူးကန္၊ က်န္းမာေရးေလ့က်င့္ဌာန၊ မီနီဘား (စားေသာက္ခန္း)၊ Spa ေခၚ အႏွိပ္ခန္း၊ ကာစီႏိုေလာင္းကစား႐ံု၊ ဂိမ္း ကစားသည့္အခန္း၊ ကြန္ပ်ဴတာခန္း၊ စင္တင္ေတးဂီတ၊ KTV ေခၚ သီခ်င္းဆိုခန္း၊ လဟာျပင္စားေသာက္ဆိုင္ (ပင္လယ္ဘက္သို႔ ႐ႈစားေငးေမွ်ာ္ရင္း) စသည္ စသည္ ျဖင့္ ရင္ႏွင့္အမွ် ခံစားရႊင္ျမဴးဖြယ္ရာ စံုလင္လွေသာ ကေမၻာဒီးယားအမ်ိဳးသားပိုင္ ဟိုတယ္ႀကီးတစ္ခု ျဖစ္ ပါသည္။

မိမိတို႔အုပ္စုေလ့လာေရးေဆာင္ရြက္ႏိုင္ရန္ စပြန္ဆာေပးသည့္အဖြဲ႕မွာ ၿငိမ္းခ်မ္းေရးႏွင့္ပဋိပကၡ ျဖစ္စဥ္မ်ားကို ေလ့လာဆန္းစစ္သည့္အဖြဲ႕ (Center for Peace and Conflict Studies) ပင္ျဖစ္သည္။ မိမိ အား KNU ၏ ကိုယ္စားလွယ္တစ္ဦးက ခ်ိတ္ဆက္ ဖိတ္ေခၚခဲ့ျခင္းျဖစ္ၿပီး ကနဦး၌ ခရီးစဥ္၏ အေသးစိတ္ အစီအစဥ္ကို မသိရွိခဲ့ရေပ။ ခရီးစဥ္၏ ပထမေန႔ (၂၅.၁၁.၂၀၁၉) ရက္ေန႔တြင္ တည္းခိုရာဟိုတယ္၌ CPCS (Center for Peace and Conflict Studies) ၏ ကေမၻာဒီးယားဌာေန ကိုယ္စားလွယ္တစ္ဦးက ကေမၻာ ဒီးယားႏိုင္ငံ၏ ႏိုင္ငံေရးႏွင့္ ယဥ္ေက်းမႈအေၾကာင္း အရာအခ်ိဳ႕ကို နံနက္ပိုင္းတြင္ ရွင္းလင္းေျပာၾကားၿပီး မြန္းလြဲပိုင္းေရာက္ေသာအခါ သီဟာႏူဗီးလ္ျပည္နယ္၏ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးဆိုသူက ၎တို႔၏ၿမိဳ႕၊ ၎တို႔၏ ျပည္နယ္၌ ေဆာင္ရြက္ေနေသာ စီးပြားဖြံ႕ၿဖိဳး ေရး လုပ္ငန္းမ်ားအေၾကာင္း၊ အုပ္ခ်ဳပ္စီမံေရး အေန အထားႏွင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားအေၾကာင္း ကို အေတာ္မ်ားမ်ား ရွင္းလင္းေျပာၾကားသြားပါ သည္။ ၎တို႔ႏိုင္ငံသည္ ျပင္သစ္၏ ကိုလိုနီႏိုင္ငံတစ္ခုျဖစ္ခဲ့ ဘူးေသာ္လည္း ယခုအခါ တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံ ကို အမ်ားဆံုးရရွိထားလ်က္ ရွိေၾကာင္း၊ မိမိတို႔အစိုးရ ၏ ေပၚလစီမွာ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္လွ်င္ၿပီးေရာ မည္သူ႔ဆီကျဖစ္ေစ ရင္းႏွီးျမႇဳပ္ႏွံမႈကိုလက္ခံမည္ျဖစ္ ေၾကာင္း၊ ျပႆနာမ်ားေပၚေပါက္လာႏိုင္မည္ျဖစ္ ေသာ္လည္း ဝိုင္းဝန္းေျဖရွင္းမည္ျဖစ္ေၾကာင္း အက်ယ္ တဝင့္ ရွင္းလင္းသြားပါသည္။ မိမိတို႔ ကိုယ္စားလွယ္ မ်ား၊ အထူးသျဖင့္ မိမိ၏ သူတို႔ႏိုင္ငံ၏ ႐ုပ္ပိုင္းဆိုင္ရာ တိုးတက္ဖြံ႕ၿဖိဳးမႈအား ဦးစားေပးသည့္အေနအထားကို ေစာဒကမတက္လိုေသာ္လည္း ႏိုင္ငံသူ၊ ႏိုင္ငံသား မ်ားကို စိတ္ပိုင္းဆိုင္ရာ ပ်က္စီးယိုယြင္းႏိုင္မႈ၊ လူမႈ ေရးခ်ိဳ႕ယြင္းနိမ့္က်သြားႏိုင္မႈ၊ လိင္အၾကမ္းဖက္မႈမ်ား၊ မူးယစ္ေဆးဝါးသံုးစြဲမႈမ်ား၊ ေလာင္းကစားကိစၥမ်ား၊ စသည့္ဆိုးက်ိဳးမ်ားကို မည္သို႔ထည့္သြင္းစဥ္းစားထား ပါသနည္းဟူသည့္ ေမးခြန္းကို အေၾကာင္း ေၾကာင္း ေၾကာင့္ မေမးျဖစ္လိုက္ေပ။

ေနာက္တစ္ရက္ (၂၆-၁၁-၂၀၁၉)ေန႔၊ နံနက္ ပိုင္းတစ္ပိုင္းလံုး ကေမၻာဒီးယားႏိုင္ငံမွ တက္ၾကြလႈပ္ ရွားသူ အသက္ ၅၀ ႏွစ္ဝန္းက်င္ခန္႔ရွိ အမ်ိဳးသမီးတစ္ ဦးက မိမိတို႔အဖြဲ႕အား ယမန္ေန႔က ရွင္းလင္းတင္ျပ ခဲ့သည့္ ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးဆိုသူႏွင့္ ဆန္႔က်င္ ေသာ အျမင္မ်ားကို ပြင့္ပြင့္လင္းလင္း လာေရာက္ ရွင္းလင္းသြားပါသည္။ ထိုအမ်ိဳးသမီး၏ ရွင္းျပခ်က္ အရ သီဟာႏူဗီးလ္ၿမိဳ႕တြင္ တ႐ုတ္၏ ရင္းႏွီးျမႇဳပ္ႏွံမႈ သည္ ၂၀၁၇ ခုႏွစ္မွသာ စတင္ခဲ့ေသာ္လည္း ယခု ၂၀၁၉ ခုႏွစ္၌ တစ္ၿမိဳ႕လံုးတ႐ုတ္လက္ရာ အေဆာက္ အဦးမ်ား အလ်င္အျမန္ေပၚေပါက္လာေၾကာင္း၊ အေဆာက္အဦးမ်ားမွာ အနိမ့္ဆံုး ၈ ထပ္မွ အျမင့္ဆံုး အထပ္ ၄၀ အထိရွိေၾကာင္း၊ အင္ဂ်င္နီယာမ်ားအပါ အဝင္ အလုပ္သမားအမ်ားစုသည္ တ႐ုတ္လူမ်ိဳးမ်ား ျဖစ္ၿပီး ခမာလူမ်ိဳးမ်ားမွာ လစာအနည္းငယ္သာရ ေသာ ေအာက္ေျခလုပ္ငန္းမ်ား၌သာ လုပ္ကိုင္ၾကရ ေၾကာင္း၊ ၿမိဳ႕ျပတိုက္တာအေဆာက္အဦး၊ ႐ုပ္ျဒပ္လ်င္ ျမန္စြာ ဖြံ႕ၿဖိဳးေပၚေပါက္ေရးကိုသာ ဦးတည္သျဖင့္ ယခု ၂ ႏွစ္ေက်ာ္ ၃ သံုးႏွစ္အတြင္း တစ္ၿမိဳ႕လံုး အထပ္ ျမင့္တိုက္တာ အေဆာက္အဦးမ်ား ျပည့္လွ်ံေနၿပီျဖစ္ ေၾကာင္း၊ တ႐ုတ္ႏိုင္ငံသားပိုင္ႏွင့္ ခမာႏိုင္ငံသား ပိုင္ဆိုင္မႈအခ်ိဳးအစားမွာ ကာစီႏို႐ံုတြင္ တ႐ုတ္ ရာႏႈန္း ျပည့္၊ ဟိုတယ္တြင္ တ႐ုတ္ ၈၀ ရာႏႈန္း၊ ခမာ ၂၀ ရာ ႏႈန္း၊ Spa ေခၚ အႏွိပ္ခန္းႏွင့္ KTV ေခၚေတးဂီတခန္း မ်ားလုပ္ငန္းတြင္ တ႐ုတ္တို႔ကသာ ရာႏႈန္းျပည့္နီးပါး ပိုင္ဆိုင္ၿပီး ခမာမ်ား၏ပိုင္ဆိုင္မႈ မရွိသေလာက္ ျဖစ္ပါ ေၾကာင္း၊ ၿမိဳ႕လယ္ေခါင္အခ်က္အခ်ာေဒသမ်ားတြင္ တ႐ုတ္လူမ်ိဳးအမ်ားစုေနထိုင္ၿပီး ခမာတို႔မွာ ၿမိဳ႕နီးခ်ဳပ္ စပ္အစြန္အဖ်ားသို႔ ေရာက္ရွိေနထိုင္ၾကရေၾကာင္း၊ ဤ ၿမိဳ႕ေန လူဦးေရ ေလးသိန္း အနက္ တ႐ုတ္ -ႏွစ္သိန္း ႏွင့္ ခမာလူမ်ိဳး ႏွစ္သိန္းရွိေၾကာင္း၊ ဤသို႔ တ႐ုတ္ၿမိဳ႕ (China Town) အျဖစ္ သီဟာႏူ ဗီးလ္ၿမိဳ႕အား ဖန္တီးလာသည္ကို မိမိတို႔ေစာင့္ ၾကည့္ေရးအဖြဲ႕မွ ေစာင့္ၾကည့္ ေနေၾကာင္း၊ လိင္အၾကမ္းဖက္ မႈ၊ ခိုးဆိုးတိုက္ခိုက္မႈ၊ မူးယစ္ ေဆးဝါးသံုးစြဲမႈ၊ ယဥ္ေက်းမႈႏွင့္ လူမႈေရးခ်ိဳ႕ယြင္းနိမ့္ပါးသြားမႈ စသည္တို႔ကို ယမန္ေန႔ ျပည္ နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ဆန္႔ က်င္ဘက္ တင္ျပသြားသည္ကို ေတြ႕ရွိရပါသည္။
ထိုေန႔မြန္းလြဲပိုင္းတြင္ CPCS အဖြဲ႕မွ တာဝန္ရွိသူမ်ားက မိမိတို႔ကိုယ္စားလွယ္ အဖြဲ႕အား အစုသံုးစု ခြဲ၍ ျမန္မာႏိုင္ငံတြင္ ေပၚေပါက္ လာဖြယ္ရွိသည့္ တ႐ုတ္တို႔၏ လႊမ္းမိုးခ်ယ္လွယ္မႈ၊ တ႐ုတ္တို႔၏ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ တ႐ုတ္တို႔၏ ေနရာ တကာတိုင္း၌ ပါဝင္ပတ္သက္မႈ၊ တ႐ုတ္ၿမိဳ႕ (China Town)တည္ေဆာက္လိုမႈ စသည္တို႔ကို ေဝဖန္ သံုးသပ္ေစခဲ့ပါသည္။

(၄)
(၂၇.၁၁.၂၀၁၉) ရက္ေန႔တြင္ ဟိုတယ္မွ နံနက္စာ (Breakfast) သံုးေဆာင္အၿပီး CPCS မွ စီစဥ္ ေပးေသာ Mini Bus တစ္စီးျဖင့္ နံနက္ပိုင္းတစ္ပိုင္း လံုး တစ္ၿမိဳ႕လံုးေလ့လာရန္ ထြက္ခြာလာၾကသည္။ ေဆာက္လက္စ အေဆာက္အဦးမ်ားအတြက္ တပ္ဆင္ ထားေသာ ကရိန္းႀကီးမ်ားေနရာ (၂၀) ခန္႔ေတြ႕ရ သည္။ အေဆာက္အဦမ်ားကို နီးကပ္စြာ ေဆာက္ လုပ္ထားျခင္းျဖစ္ၿပီး ကာစီႏို၊ KTV/Spa ဆိုင္းဘုတ္ မ်ား အစီရီတန္းစီလွ်က္ရွိေနသည္ကို ေတြ႕ရပါသည္။ အေဆာက္အဦမ်ား ေဆာက္လုပ္ေနဆဲျဖစ္၍လား မသိ.. လမ္းမ်ားမွာ ကစဥ့္ကလ်ားျဖစ္ေနၿပီး ျပန္႔ျပဴး ညီညာမႈမရွိပါ။ တစ္ၿမိဳ႕လံုးတြင္ ေဆး႐ံုႏွင့္ ေဆးေပး ခန္း ၇ ေနရာခန္႔သာရွိၿပီး အားလံုး တ႐ုတ္ႏိုင္ငံသား မ်ားပိုင္သည္ဟု သိရွိရသည္။ စာသင္ေက်ာင္းႏွင့္ အားကစားကြင္းမ်ားကိုလည္းမေတြ႕ရပါ။ အစိုးရ အေဆာက္အဦးမ်ား မေတြ႕ ရသေလာက္ျဖစ္ေနသည္။ တစ္ေနရာတြင္ ဝင္းက်ယ္ ႀကီးတစ္ခုအတြင္း သပ္ရပ္ ခန္႔ညားထည္ဝါ ႀကီးက်ယ္ လွစြာေသာ အိမ္တစ္လံုးကို ေတြ႕ရသည္။ ဝန္ႀကီးခ်ဳပ္ဟြန္ ဆန္၏ အိမ္ဟု လိုက္လံ ပို႔ ေဆာင္သူက ရွင္းျပသည္။ သက္ေတာ္ရွည္သည္ ဝန္ႀကီး ခ်ဳပ္အတြက္ တ႐ုတ္တို႔က ၿမိဳ႕ႀကီးတစ္ၿမိဳ႕တြင္ အိမ္တစ္လံုးစီ ေဆာက္ေပးသည္ဟု ဆက္လက္ေျပာျပ သည္။ ဪသာ္…. တ႐ုတ္၏ဩဇာ၊ တ႐ုတ္၏ ပါဝါ အာဏာလႊမ္းမိုးမႈဒဏ္မခံႏိုင္ရျခင္းမွာ ဒါ့ေၾကာင့္လား ဟု ေတြးထင္မိသည္။ စာ႐ႈသူမ်ားအေနျဖင့္လည္း ကေမၻာဒီးယားႏိုင္ငံရွိ ၿမိဳ႕ႏွစ္ၿမိဳ႕၏ အေနအထားကို ရိပ္စားမိေလာက္ၿပီ ထင္ပါသည္။

(၅)
အားလံုးသိၾကၿပီးျဖစ္သည့္အတိုင္း ျမန္မာႏိုင္ငံ တြင္ တ႐ုတ္တို႔၏ ခ်ိတ္ဆက္မႈမ်ားျဖင့္ ေဆာင္ရြက္ခဲ့ ေသာေၾကးနီေတာင္စီမံကိန္း၊ ျမစ္ဆံုစီမံကိန္း ယာယီ ရပ္ဆိုင္းထားေသာ္လည္း ရခိုင္မွ တ႐ုတ္အထိ သြယ္ တန္းထားေသာ ဓာတ္ေငြ႕ပိုက္လိုင္းစီမံကိန္းမွာ အေကာင္အထည္ေပၚခဲ့ၿပီး ႏိုင္ငံေတာ္အတြက္ မည္ ေရြ႕မည္မွ် အက်ိဳးသက္ေရာက္မႈရွိသည္ကို သာမန္ ျပည္သူမ်ားမသိႏိုင္ပါ။ ၿငိမ္းခ်မ္းေရးကိစၥတြင္လည္း တ႐ုတ္တို႔ ထဲထဲဝင္ဝင္ ပါဝင္ေနေၾကာင္း တစ္စြန္းတစ္စ သာ သိရွိရပါသည္။
မိမိတို႔ အစုဖြဲ႕သံုးဖြဲ႕ျဖစ္သည့္ ကရင္လက္နက္ ကိုင္မ်ားအဖြဲ႕၊ ကရင္ႏိုင္ငံေရးပါတီႏွင့္လႊတ္ေတာ္ကိုယ္ စားလွယ္အဖြဲ႕၊ ကရင္လူမူေရးႏွင့္ဘာသာေရးအဖြဲ႕တို႔ သည္ မိမိတို႔ ကေမၻာဒီးယားခရီးစဥ္၏ တကယ့္ ရည္ရြယ္ခ်က္ကို ယခုမွသာ ကြက္ကြက္ကြင္းကြင္း သိရွိလာရပါသည္။ ေလ့လာေရးအဖြဲ႕တြင္ ကရင္ မ်ားသာ (အထူးသျဖင့္ ကရင္ျပည္နယ္အတြင္းမွ ကရင္ မ်ားသာ) ပါဝင္သည္မွာ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ နယ္၊ ေရႊကုကိၠဳလ္ၿမိဳင္ ေက်းရြာတြင္ အေကာင္အထည္ ေဖာ္မည့္ ၿမိဳ႕ေတာ္စီမံကိန္းအတြက္ ႏိႈင္းယွဥ္သံုးသပ္ သင့္ေလွ်ာ္ေလွ်ာက္ပတ္သည့္ အႀကံဥာဏ္မ်ားေပး ႏိုင္ရန္ ျဖစ္ေၾကာင္းသိရွိလာရပါသည္။ ေရႊကုကၠိဳလ္ၿမိဳင္ ေက်းရြာကို အဆင့္ျမင့္နည္းပညာၿမိဳ႕ (High Technology Smart City)အျဖစ္ ေဖာ္ထုတ္ တည္ေဆာက္ရန္ ခ်စ္လင္းၿမိဳင္ကုမၸဏီႏွင့္ Julian Yatai International Company တို႔က ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ MIC တြင္ လက္မွတ္ေရးထိုးမွတ္ပံုတင္ခဲ့ၿပီး MIC (Myanmar Investment Committe) ၏ ခြင့္ျပဳခ်က္ျဖင့္ လုပ္ငန္းစတင္ေဆာင္ရြက္ခဲ့ၾကပါသည္။ MIC ၏ ခြင့္ျပဳ ခ်က္တြင္ ေျမ (၆၂) ဧက၌သာ ကနဦးအေမရိကန္ ေဒၚလာ သန္း (၅၀ဝ) ျဖင့္ လုပ္ငန္း စတင္ရန္ျဖစ္ ေၾကာင္း၊ ကရင္ျပည္နယ္အစိုးရလည္း သိရွိေၾကာင္း သက္ေသခံလက္မွတ္ေရးထိုးထားသည့္ဟု ၾကားသိ ရပါသည္။ ေနာက္ပိုင္းတြင္ ဧကေပါင္း ၂၉၆၅၂.၆ ဧက အထိ တိုးခ်ဲ႕ေဆာင္ရြက္ရန္လည္း အစီအစဥ္ရွိေၾကာင္း ေျပာဆိုေနၾကပါသည္။ သာမန္ျပည္သူတစ္ေယာက္ အေနျဖင့္ ဤကိစၥမွန္မမွန္ တပ္အပ္ေသခ်ာစြာ မသိ ႏိုင္ပါ။ သိသာထင္ရွားသည့္တစ္ေန႔မွာ BGF တပ္ဖြဲ႕ပိုင္ ခ်စ္လင္းၿမိဳင္ကုမၸဏီႏွင့္ ဤလုပ္ငန္းကို ခ်ိတ္ဆက္ ရသည့္အေၾကာင္းရင္းကို ျပည္သူေတြ မသိရွိရျခင္း ျဖစ္ပါသည္။ ၿမိဳ႕တည္ေထာင္မည္ကို ေဒသခံမ်ား မႀကိဳက္ပါက မကန္႔ကြက္ႏိုင္ေအာင္ သို႔မဟုတ္ မကန္႔ ကြက္ရဲေအာင္ နယ္ျခားေစာင့္တပ္ကို လုပ္ပိုင္ခြင့္ေပး လိုက္ျခင္းေလာ … KNU ၏ ထိပ္ပိုင္းေခါင္းေဆာင္ မ်ားပင္ဤကိစၥကို ဂဃနဏ မသိရွိလိုက္ရပါ။ အစိုးရ ႏွင့္သာ သက္ဆိုင္ၿပီး KNU ၏ကိစၥမဟုတ္၍ သိရန္ မလိုဟုလည္း သေဘာထားေကာင္းထားပါလိမ့္မည္။
မည္သို႔ပင္ျဖစ္ေစ၊ စာခ်ဳပ္ခ်ဳပ္ဆိုလုပ္ငန္း အေကာင္အထည္ေဖာ္ၿပီးျဖစ္၍ မိမိတို႔ေဝဖန္ေထာက္ ျပႏိုင္စရာအေၾကာင္း မျမင္ေတာ့ပါ။ မိမိတို႔၏ဆႏၵကို တင္ျပေမတၲာရပ္ခံ႐ံုသာ ရွိပါေတာ့သည္။ သို႔ရာတြင္ NCA စာခ်ဳပ္၌ စီမံကိန္းႀကီးမ်ားကို အေကာင္အထည္ ေဖာ္မည္ဆိုပါက ႏွစ္ဖက္ညႇိႏိႈင္းၿပီးမွ ေဆာင္ရြက္ရန္ ဟူေသာ သေဘာတူညီခ်က္ရွိပါသည္။ ၿပီးခဲ့ေသာ အခ်ိန္ကာလအနည္းငယ္ခန္႔က ျမဝတီၿမိဳ႕တြင္ တ႐ုတ္ မ်ားရမ္းကား၍ အေရးယူေဆာင္ရြက္ခဲ့ရသည့္သတင္း၊ ဆိုင္မ်ားတြင္ တ႐ုတ္စာသားပါေသာဆိုင္းဘုတ္မ်ား ကို ျဖဳတ္သိမ္းလိုက္ျခင္း စသည့္အေျခအေနမ်ားေပၚ ေပါက္ခဲ့ပါသည္။ မႏၱေလးၿမိဳ႕သည္ တ႐ုတ္ၿမိဳ႕ျဖစ္ေန ၿပီ … ရန္ကုန္တြင္ အသစ္ေဖာ္ထုတ္မည့္ ၿမိဳ႕သစ္ စီမံကိန္းေဒသမ်ား၌လည္း တ႐ုတ္ေတြ ေျမအမ်ား အျပား ဝယ္ယူထားၿပီးၿပီဟု ေျပာဆိုေနၾကပါသည္။ ျမဝတီၿမိဳ႕ႏွင့္ ေရႊကုကိၠဳလ္ၿမိဳင္ေက်းရြာတို႔တြင္လည္း တ႐ုတ္ေတြ မည္ေရြ႕မည္မွ် ေရာက္ရွိေနထိုင္ၿပီးျဖစ္ သည္ ..စသည္ စသည္ျဖင့္ သတင္းမ်ိဳးစံုထြက္ေနသည္။ထို႔အျပင္ စီးပြားေရးနယ္ပယ္မ်ား၌လည္း တ႐ုတ္တိုပ ေနရာယူမႈမ်ားစြာရွိသည္သာမက ICJ တရား႐ံုးသို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံမထြက္ခြာမီကေလးတြင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး လာေရာက္ေတြ႕ဆံုခဲ့ပံု၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တ႐ုတ္အာဏာ ပိုင္မ်ား မၾကာခဏထိေတြ႕ဆက္ဆံၿပီး လက္ပြန္းတတီး ရွိေနၾကပံု၊ တိုင္းရင္းသားလက္နက္ကိုင္ေျမာက္ပိုင္း အဖြဲ႕မ်ားကလည္း တ႐ုတ္ႏွင့္ပလဲနံပသင့္ေနၾကပံုမ်ား ကိုမိမိတို႔ၾကားသိေနရသည္။ ေနရာတကာတြင္ တ႐ုတ္ ေတြႀကီးစိုးလႊမ္းမိုးေနၿပီလား…
ေဟာ …အခု ျမဝတီၿမိဳ႕ ေသာင္ရင္းကမ္းပါး တစ္ေလွ်ာက္တြင္ ကာစီႏိုေလာင္းကစား႐ံုမ်ား တည္ ေဆာက္ထားၾကသည္။ ေရႊကုကိၠဳလ္တြင္လည္း တည္ ေဆာက္ေနသည္ဟု သိရသည္။ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား၏ ဩဇာအရွိန္အဝါကို ရယူ တည္ေဆာက္ၾကသည္ဟုဆိုၾကသည္။ ျမဝတီမွေန၍ ေရႊကုကိၠဳလ္သို႔ အလြယ္တကူသြားႏိုင္ေအာင္ လမ္း ေဖာက္ဦးမည္ဟုလည္း ၾကားသိရသည္။ ျပည္ေထာင္စု လႊတ္ေတာ္မွ ျပင္ဆင္အတည္ျပဳလိုက္ေသာ ေလာင္း ကစားဥပေဒတြင္ ကာစီႏိုမပါသျဖင့္ ကာစီႏို႐ံုမ်ားကို ေျပာင္ေျပာင္တင္းတင္း ဖြင့္လွစ္ကစားေနၾကသေလာ … မည္သူ၏ သေဘာတူညီခ်က္၊ မည္သူ႔အမိန္႔ျဖင့္ ဖြင့္လွစ္သည္ျဖစ္ေစ … ဥပေဒႏွင့္အညီ ျဖစ္သင့္သည္ မဟုတ္ပါေလာ ….။
(၇.၁.၂၀၂၀) ရက္ေန႔ နံနက္တြင္ ေဖ့စ္ဘြတ္ ဖြင့္ၾကည့္ရာ၌ ေအာက္ပါေၾကာ္ျငာတစ္ခုကို ေတြ႕ရပါ သည္။
ဖြဲေဝ၀န္ထမ္းအလိုရွိသည္
မ(၅၀ဝ)ေယာက္
လစာ-ဘတ္ (၉၀ဝ၀)မွ ဘတ္ (၁၂၀ဝ၀)
ရက္မွန္ေၾကး -ဘတ္ (၁၀ဝ၀)
ျမဝတီၿမိဳ႕ရွိ ကာစီႏို႐ံုတစ္႐ံုမွ ေၾကာ္ျငာဟု သိရ သည္။ မက္ေမာေလာက္သည့္ လုပ္ခလစာပင္ျဖစ္ပါ သည္။ လုပ္အကိုင္အခြင့္အလမ္းေပးႏိုင္၍လည္း ဝမ္းသာႀကိဳဆိုသင့္ပါသည္။ သို႔ရာတြင္ ဤဆြဲေဆာင္ မႈေနာက္ကြယ္၌ ႀကံဳေတြ႕လာရဖြယ္ရွိေသာ ဘဝ၏ အနိ႒ာ႐ံုမ်ားကို သတိျပဳသင့္သည္။ ဤလုပ္ငန္း ေအာင္ျမင္ျဖစ္ထြန္းလာပါက ႀကီးပြားတိုးတက္ စီးပြား ျဖစ္မည့္သူမည္သူျဖစ္မည္နည္း …. ႏိုင္ငံေတာ္လား.. အဖြဲ႕အစည္းတစ္ရပ္လား … တစ္ဦးတစ္ေယာက္တည္း လား …သို႔မဟုတ္ မရွိဆင္းရဲသား၊ ႏိုင္ငံသူႏိုင္ငံသား မ်ားအတြက္လား …ရွည္ရွည္ေဝးေဝး ခ်င့္ခ်ိန္ေဝဖန္ သံုးသပ္ၾကရပါမည္။

(၆)
ကေမၻာဒီးယားႏိုင္ငံ၊ သီဟာႏူဗီးလ္ၿမိဳ႕ကဲ့သို႔ ေန႔ခ်င္းညခ်င္း တိုက္တာအေဆာက္အဦေပၚလာ၊ ႐ုပ္ပိုင္းဆိုင္ရာတိုးတက္ျဖစ္ထြန္းမႈ ထင္သာျမင္သာ ရွိေသာ္လည္း မျမင္ႏိုင္စြမ္းသည့္ လူမႈေရး၊ ယဥ္ေက်းမႈ၊ အက်င့္စာရိတၲ ဆုတ္ယုတ္ပ်က္စီးမႈမ်ားကို ႀကီးစြာ ေသာသတိသံေဝဂတရားထားရွိရန္ လိုအပ္မည္ျဖစ္ပါ သည္။ ေနရာတိုင္းမွာ သူ႔လက္သူ႔ေျခ၊ ေနရာတိုင္းမွာ သူ၏ လႊမ္းမိုးခ်ယ္လွယ္ပါဝင္ပတ္သက္မႈ၊ ေနရာတိုင္း မွာ တ႐ုတ္တို႔၏ မ်က္ႏွာကိုေမာ္ၾကည့္ေနရမႈမွ ကင္း ေဝးရန္လိုအပ္ပါေၾကာင္း မီးေမာင္းထိုးျပလိုက္ရပါ သည္။

မန္းေအာင္ျပည္စိုး