• Today is: Tuesday, April 23, 2024

နေ့စဉ်သတင်းအကျဉ်း

မတ်လ – ၃၁ – ၂၀၂၂

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ မတ်လ (၃၁)ရက်နေ့ထိ အသက်သေဆုံးသူ ပြည်သူ ( ၁၇၂၃ )ဦးအထိ ရှိပြီဖြစ်ပါသည်။ ထို့အပြင် မတရား ဖမ်းဆီးခံထားရသူ ( ၁၃၀၄၀ ) ဦးအထိရှိခဲ့ပြီဖြစ်ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရပါသည်။

  • ယနေ့ မတ်လ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သော လက်နက် ကြီးထိမှန်ပြီး ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါခူလီကျေးရွာရှိ နေအိမ် ၁ လုံး ထိခိုက်ပျက်စီး သွားကြောင်းသိရှိရသည်။ အဆိုပါ ဒေါခူလီကျေးရွာ အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိ ကြောင်း၊ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ထိခိုက်ဒဏ်ရာရမှုမရှိ ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ က သတင်းထုတ်ပြန်သည်။

 

  • ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ခမရ ၄၂၈ တပ်ရင်းများကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ မတ်လ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန်မှ ၃ နာရီ ၃၀ မိနစ်အချိန် အထိ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၈ ဦး သေဆုံးကြောင်းသိရှိရသည်။ ဖရူဆိုရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄)၊ PDF – ဖရူဆို၊ PDF – ဒီးမော့ဆို၊ အလယ်ပိုင်းတိုင်း ၁၁၀၁၊ နည်းပညာလက်ရုံးတပ် CTU တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF တပ်ရင်း (၄) က သတင်းထုတ် ပြန်ထားသည်။

 

  • ချင်းပြည်နယ်၊ မင်းတပ်မှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို လာရောက်ကြိုဆိုသည့် မတူပီမြို့မှ စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီက ယနေ့ မတ်လ ၃၁ ရက် နံနက်တွင် နှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သိရှိရသည်။ “အင်အား ၈၀ လောက်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထွက်လာတာ၊ CDF မတူပီနဲ့ ထိတွေ့မှုဖြစ်တယ်။ ကျနော်တို့ ထောင်ထားတဲ့မိုင်းတွေ နင်းမိပြီး ၁၁ ဦးလောက် သေတယ်၊ အများအပြားဒဏ်ရာ ရတယ်။ ၇ နာရီ ၄၀ မိနစ်လောက်မှ သူတို့ ပြန်ဆုတ်သွားတယ်၊ ၉ နာရီ ၁၀ မိနစ်လောက်မှာ နောက်တခေါက် အင်အားဖြည့်ပြီး ထိုးစစ်ဆင်လာတယ်၊ အဲဒီမှာ ကျနော်တို့ ပစ်ခတ်ခုခံတော့ သူတို့ဘက်က ၃ယောက်လောက်သေတယ်။ ၉ နာရီ ၅၀ လောက်မှာ ချန်ပြန်းရွာသစ်ဘက်ကို ပြန်ဆုတ်သွားတယ်။ မြို့ပေါ်က ပြည်သူပိုင် ကျောက်သယ်ကားတွေကို သုံးပြီး အင်အားဖြည့်တင်း နေတယ်” ဟု CDF မတူပီ တာဝန်ရှိသူတစ်ဦးက ပြောတဲ့အကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာန တွင် ဖော်ပြထားသည်။

 

  • ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာအမ်ကောန်လကို မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းတွင်လည်း ထပ်မံအမူဖွင့်တရားစွဲထားကြောင်း သိရသည်။ မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းတွင် KNC ဥက္ကဌ ဒေါက်တာ အမ်ကောန်လကို ပုဒ်မ ၅၀၅ (က)ဖြင့် ပြန်လည် အမူဖွင့်ထားခြင်းဖြစ်ပြီး အမှုကို မည်သည့်အချိန်တွင် စတင်စစ်ဆေးမည်ကို မသိရှိရသေးပါ။ ၎င်းအမှုသည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ဖွင့်ဆိုထားသည့်အမှု ဖြစ်ကြောင်း သိရသည်။ ဒေါက်တာ အမ်ကောန်လသည် ပုဒ်မ ၅၀၅ (က)ဖြင့် မတ်လ ၂၃ ရက်နေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူ ဖြစ်သည်။

 

  • ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် စစ်ကောင်စီကပြုလုပ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ စုစုပေါင်း ၂၅၄ယောက်ရှိသည်ဟု ဒေသခံဆရာမ တစ်ဦးထံမှ သိရသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ ၃၁ရက်နေ့က ကျင်းပခဲ့ရာ တီးတိန်မြို့စာစစ်ဌာနတွင် စာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းသူစုစုပေါင်း ၂၈၃ ယောက်အနက် ကျောင်းသား ၁၃၀ ယောက်က လာရောက်ဖြေဆိုကြောင်း သိရသည်။ အလားတူ တွန်းဇံမြို့ စာစစ် ဌာနတွင်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူ စုစုပေါင်း ၁၂၉ အနက် ၁၂၄ ယောက်က စာမေးပွဲဖြေဆိုကြောင်း

 

  • မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းကို KNLA၊ PDF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ယနေ့ မတ်လ ၃၁ နံနက် အစောပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ စစ်သားနှင့် ရဲများ ၁၀ ဦးခန့်သေဆုံးကြောင်း အလောင်းများကို FAW ကားဖြင့် သယ်ယူသွားကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုပ္ပလင်ကျေးရွာအတွင်း ဝင်ရောက်၍ တအိမ်ဝင် တအိမ်ထွက် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

 

  • မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တည်ထောင်သူ ဥက္ကဌဟောင်း ဦးဖုန်ကြားရှင် ၏ ဈာပနအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဘီထူး၊ ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်းတို့ ဦးဆောင်တက်ရောက်ခဲ့ကြသည်ဟု NUG က ထုတ်ပြန်သည်။ မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်တွင် ပြုလုပ်ခဲ့သည့် ဈာပနအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကိုယ်စားလှယ်အဖွဲ့စေ လွှတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 

  • ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်တွင် “ပိတောက်ပန်းတွေလည်း ဝေနေပြီ စစ်ခွေးတွေလည်း သေကုန်ပြီ”ဆိုသည့် စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တော်လှန် ပြည်သူများသည် မတ်လ ၃၁ ရက်တွင် ၄၁၇ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည် ချီတက်ဆန္ဒပြကြသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ မတ် ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ” စကစကို ဆန့်ကျင်စရာ တာဝန်ကျလာရင် နည်းမျိုးစုံသုံးပြီး ဆန့်ကျင်တဲ့ ပြည်သူတိုင်းဟာတော်လှန်ရေးသမားတွေပါပဲ ရဲရင့်စွာ ပါဝင်ပေးကြပါ။ သံဃသမဂ္ဂ” ခေါင်းစဉ်ဖြင့် ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ပြည်သူများ စုပေါင်း၍ နိုင်ငံတော်အတိုင်ပင်ခံ /သမ္မတနှင့် ဖမ်းခံရသူ များအားလုံး အမြန်ဆုံးလွတ်မြောက်ပြီး PDF နှင့် တိုင်းရင်းသားတပ်များ တိုက်ပွဲတိုင်းမှာအောင်မြင် ၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်တပ်များ မနှေးအမြန်ကျဆုံးပြီး နွေဦးတော်လှန်ရေးကြီး အောင်ပါစေသတည်း ရည်သန်ကာ ဆုတောင်းသပိတ်ကို ယနေ့ မတ် ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး “တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး “ငါတို့ အားလုံး သွေးမအေး ဖက်ဆစ် တော်လှန်ရေး” စာတန်းကိုင်ဆောင်ကာ ၅/အရာတော် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • ဆားလင်းကြီးတွင် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ထို့အပြင် ယင်းမာပင်မြို့နယ်ရှိ အခြား ကျေးရွာ ၃ ရွာတွင်းက သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ် တောင်ဘက်၊ မြို့ဟောင်းကျေးရွာအနီး မိဂသိမ်ဘုရားကုန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူး ပေါင်းတပ်ဖွဲ့ကြား ယနေ့ မတ်လ ၃၁ ရက် နံနက်အစောပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၅ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။ မိဂသိမ်ဘုရားကုန်း၌ စစ်ကောင်စီတပ်နှင့် KNLA တပ်ရင်း (၁၈)၊ ကျားဖြူတပ်ခွဲ (၁) ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကြား ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း ကျားဖြူတပ်ခွဲ (၁) က သတင်းထုတ်ပြန် ထားသည်။

 

  • ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီး KBC စစ်ရှောင်စခန်းထဲမှာ မိသားစုတိုင်းလိုလို Covid လက္ခဏာ နဲ့ ဖျားနာနေကြပြီး ရိုးရာဆေးဝါးတွေကိုသာ သောက်သုံးနေကြရတဲ့အတွက် ဆေးဝါး အကူအညီ လိုအပ်နေကြောင်းသိရပါတယ်။ မုံးစီးဒေသမှာ လွန်ခဲ့တဲ့နှစ်က စစ်တပ်နဲ့ ကချင်တပ်မတော် (KIA) တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ စစ်ရှောင်ကြရတဲ့ မုံးစီး KBC စခန်း၊ မုံးစီး RC စခန်းတို့ဟာ မြို့နဲ့ ဝေးသလို အကူအညီ ပေးရေးအဖွဲ့တွေ အရောက်နည်းတဲ့ဒေသတစ်ခုလည်း ဖြစ်နေပြီး လက်ရှိမှာ အခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် အကူအညီ လိုအပ်နေတယ်လို့ စခန်းတာဝန်ခံ တွေက ပြောတဲ့အကြောင်း ရွှေဖီမြေသတင်းဌာနတွင်ဖော်ပြထားပါတယ်။

 

  • ဒီနေ့ မတ်လ ၃၁ ရက်ကစပြီး နိုင်ငံတဝန်းမှာ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံတဝန်း စာမေးပွဲဖြေဆိုသူ ၃ သိန်းကျော်ရှိပြီး ရခိုင် ပြည်နယ်မှာ ဖြေဆိုသူအများဆုံးနဲ့ ရန်ကုန်တိုင်းမှာ ဒုတိယအများဆုံးဖြစ်ပြီးတော့ ဧရာဝတီတိုင်းမှာ ဖြေဆိုသူ တတိယအများဆုံးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်​ထားပါ တယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဒီနေ့ကနေ ဧပြီလ ၉ ရက်အထိ ဖြေဆိုကြရမှာပဲ ဖြစ်ပါတယ်။

 

  • PDF ကိုငွေကြေးထောက်ပံ့သည်ဟု ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနှင့် တရားစွဲ ခံထားရသည့် သံတွဲမြို့မှ အမျိုးသမီး ၃ဦးအား ယနေ့ မတ်လ ၃၁ ရက်နေ့တွင် သံတွဲခရိုင် တရားရုံး က ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သည်ဟု အမှုလိုက်ပါဆောင်ရွက်ပေး နေသည့် ရှေ့နေက ပြောဆိုထားတဲ့အကြောင်း Western News သတင်းဌာနတွင်ဖော်ပြထား သည်။ “ဒီနေ့မှာတော့ ဒေါ်စန်းချိုသိုက်၊ ဒေါ်ငြိမ်းအိဖြိုးကျော်၊ ဒေါ်တင်စန္ဒာဝင်း တို့ကို သံတွဲခရိုင် တရားရုံးက အလုပ်မပါ ဘဲ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ ချုပ်ရက်ကိုတော့ တပူးတည်းခံစားခွင့်ရှိတယ်။ အယူခံ ဝင်မဝင်ကတော့ မိသားစုတွေနဲ့ တိုင်ပင်ရအုံးမယ်”ဟုပြောသည်။

 

  • တော်လှန်ရေးအင်အားစုတွေဟာ ခံယူချက်၊ လုပ်ဆောင်ချက်တွေ မတူညီနိုင်ပေမယ့် ရည်မှန်းချက် ပန်းတိုင် အတူတူပဲဖြစ်တာကြောင့် ညှိနှိုင်းဆောင်ရွက်ကြဖို့ ထားဝယ်ထောင်တွင်းက နိုင်ငံရေး အကျဥ်းသားများက စာရေးတောင်းဆို လိုက်ပါတယ်။ ပြည်သူများနဲ့ ရဲဘော်များထံသို့ ပေးစာ(၂) လို့ ခေါင်းစဉ်တပ်ထားတဲ့ စာထဲမှာ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ် ဖြစ်တာမို့ ကိုယ့်အချင်းချင်း သဘောထားကွဲလွဲတာနဲ့ပဲ ပြဿနာဖြစ်ပြီး အချိန်မကုန်ကြဖို့ အကြံပြုထားပါတယ်။

 

  • ယနေ့မတ်လ ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲ ဝန်းကျင်မှစ၍ သိန်အေရှာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့်တနင်္သာရီ PDF တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဖက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။ တိုက်ပွဲ မှာ ညနေ ၃ နာရီ ဝန်းကျင်အထိ ဖြစ်ပွား နေကာ ”တိုက်ပွဲက အခုထိပစ်နေတုန်းပဲ့ နှစ်ဖက်အထိအခိုက်တော့ မသိရသေးဘူး” ဟု ရွာသားတဦးမှ ပြောကြားသည်။ သိန္ဒောရွာသည် အိမ်ခြေငါးရာခန့်ရှိသော ရွာဖြစ်ကာ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်။

 

  • တောင်ကြီးမြို့နယ် အတွင်းမှ ပြည်သူများ အနေဖြင့် နေအိမ်မှ ပြင်ပသို့ သွားလာပါက နိုင်ငံသား ကတ် (မှတ်ပုံတင်) မူရင်းအား ယူဆောင် သွားလာရမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေး ဝန်ထမ်း များက နှိုးဆော်လျက် ရှိ‌ကြောင်း သိရသည်။ ပြည်သူများ အနေဖြင့် မနက်ဖြန် ဧပြီလ ၁ ရက်မှ စတင်၍ နေအိမ် ပြင်ပသို့ လည်းကောင်း၊ မြို့နယ်ကျော်လွန် ခရီးသွား/လာရာတွင် လည်းကောင်း မှတ်ပုံတင် မူရင်းကို ယူဆောင်ပြီးမှသာ သွား/လာကြရန် ကြေညာထားခြင်းဖြစ်သည်။

 

  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အကြီးဆုံးစစ်ဘေးရှောင်စခန်းတစ်ခုဖြစ်သည့် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၅၀ ကျော်ဖြိုဖျက်ခံရမည့် အရေးနှင့် ကြုံတွေ့ နေရသည်။ အဆိုပါ အိမ်ထောင်စု ၅၀ကျော် လက်ရှိနေထိုင်သည့် မြေနေရာမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့ စစ်ဘေးရှောင်စခန်းစတင်တည်ဆောက်ကတည်းက ပုဂ္ဂလိကပိုင် လယ်မြေကို စပါးတောင်း ၈၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

 

  • ကလေးမြို့တွင် စည်ပင်အမှိုက်သယ်ကား ၃ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Kalay Civil Armed Force က ခဏငှားရမ်းထားပြီး တရားဝင်ပြည်သူ့အစိုးရပေါ်ပေါက်လာတဲ့ချိန်မှာ ပြန်လည် အပ်နှံမယ်လို့ ဒီကနေ့ မတ် ၃၁ ရက်ကထုတ်ပြန်ထားပါတယ်။ ယင်းအမှိုက်သိမ်းယာဉ်ကို မတ် ၂၉ ရက် ဆည်ကြီးတံတားအနီးမှာ ဒေသကာကွယ်ရေးလက်နက်ကိုင်တွေက လုယူသွားတာဖြစ်ပါ တယ်။ Kalay Civil Armed Force ရဲ့ ထုတ်ပြန်ချက်ထဲတွင် ပြည်သူ့အစိုးရ ပေါ်ပေါက်ရေး တော်လှန်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သဖြင့် မတရားအာဏာသိမ်းထားသော အာဏာရှင်လက်အောက်တွင် ထမ်းဆောင်နေသည့် Non-CDM လက်ထဲမှ စည်ပင်ကားသုံးစီးကို မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များက ခေတ္တထိန်းသိမ်း ထားကြောင်း အကြောင်းကြားလာပါသည်။ ဖယ်ဒရယ် ဒီမိုကရေစီစနစ်အရ ပြည်သူများက ရွေးကောက်တင်မြောက်သော တရားဝင်ပြည်သူ့ အစိုးရ ပေါ်ပေါက်လာသောအခါ ပြန်လည်အပ်နှံသွားမည် လို့ဖော်ပြထားပါတယ်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection