• Today is: Friday, March 29, 2024

နေ့စဉ်သတင်းအကျဉ်း

၁၈ – စက်တင်ဘာ – ၂၀၂၁
 
• ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားအာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်ဆန့် ကျင်တော်လှန်ရေး လူထုလှုပ်ရှားမှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ စက်တင် ဘာလ ၁၈ ရက်နေ့ အထိ သေဆုံးသူ (၁၀၀၉) ဦး ရှိခဲ့ပြီဖြစ်ပါသည်။ ဖမ်းဆီးခံခဲ့ရသူ (၈၂၆၅)၊ ချုပ်နှောင်ခံထားရဆဲ (၆၆၁၃) ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၈၄) ဦးအထိ ရှိခဲ့ပြီဖြစ်ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
photo:crd
• အကြမ်းဖက် သူသတ် စစ်ခေါင်ဆောင် မင်းအောင်လှိုင် ရောက်ရှိနေသည့် မြစ်ကြီးနားတွင် လုံခြုံ​ရေး တင်းကြပ်​နေသည့်ကြားက မြစ်ကြီးနားအခြေခံပညာကျောင်းသားသမဂ္ဂ ရဲဘော်များမှ အာဏာ ရှင်ဆန့်ကျင်ရေး သပ််ိတ်မှောက်ခဲ့ကြပါတယ်။
 
• ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပင်မသပိတ်စစ်ကြောင်းသည် လမ်းပေါ် ထွက်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများနှင့်အတူ အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ စစ်ကောင်စီက ဖားကန့်မြို့နယ်ကို အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ ဩဂုတ် ၂၀ ရက်၊ ည ၈ နာရီဝန်းကျင်မှစ၍ ယနေ့အချိန်ထိ ဖြစ်သည်။
 
• ချင်းပြည်နယ် ထန်တလန်မြို့ပေါ်တွင် ယနေ့ စက်တင် ဘာ ၁၈ ရက်နေ့ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်မှု‌ကြောင့် သင်းအုပ်ဆရာ တစ်ဦးသေဆုံးပြီး လက် နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်ရပ်ကွပ်ရှိ နေအိမ် ၁၀ လုံးကျော်ခန့် မီးလောင်းပျက်စီးသွားကြောင်းသိရှိရပါတယ်။
 
• မြစ်ကြီးနားသို့ ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီခန့် မှာ အာ ဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာကြောင်းသိရပာတယ်။
 
• စက်တင်ဘာလ (၁၆)ရက်နေ့ ဒီမော့ဆိုမြို့နယ် ဒေါပိုးစီနဲ့ ၆ မိုင်ကျေးရွာအနီးတစ် ဝိုက်မှာ ကရင်နီ တပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ လက်နက်ကြီးထိမှန်မှုကြောင့် စက်တင်ဘာလ (၁၇)ရက်နေ့မှာ ကျဆုံးသွားခဲ့တဲ့ ကရင်နီတပ်မတော်မှ တပ် ကြပ်ကြီး ဦးနားရယ် ဈာပနာအခမ်းအနားကို ဒီကနေ့ စက် တင်ဘာလ (၁၈)ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
• ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အတွင်း အမျိုးသမီးများ၊ လူငယ်များနှင့် ကျောင်း သူ/သားများ ပူးပေါင်းပြီး ယနေ့ စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းအချိန်က “ခြောက်တိုင်းကြောက်မယ့်အထဲမှာ လောင်းလုံသား/သူတွေမပါဘူး” ဟူသောကြွေး ကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒထုတ်ဖော်ကြသည်။ ဒါ့အပြင် ဒီနေ့မနက်ပိုင်းကလည်း ထားဝယ်မြို့ ကမ်းနားသဲကွင်းမှာ “ပြည်သူစစ်သား/ရဲများ ပြည်သူ့ရင်ခွင် ခိုလှုံကြ” ဆိုတဲ့ ဗွီနိုင်းတွေကို လူငယ်တွေက ချိတ်ဆွဲခဲ့ကြပါတယ်။
 
• ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် ယနေ့ စက်တင် ဘာလ ၁၈ ရက်နေ့က လူငယ်များ ဦးဆောင်ကာ အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ် စစ်ခွေးတပ် တော်လှန်ရေး လူငယ်များ လှုပ်ရှားမှုပြု လုပ်ခဲ့ကြောင်း သိရသည်။
 
• အောင်ပန်းမြို့၊ အောင်ပန်း – ပင်းတယသွားလမ်း အ နောက်တောင်ဘက်ရှိ နောင်ရဲကျေးရွာ အနီး၌ ယနေ့ စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင် PDF နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
• ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့၊ ကလေးမြို့ပြည်သူများမှ အာဏာသိမ်းစစ်ကောင်စီဆန့် ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်မှု သပိတ်စစ် ကြောင်း အောင်မြင်စွာပြု လုပ်နိုင်ခဲ့ကြောင်းသိရသည်။
photo:crd
• မန္တလေး၊ သိပ္ပံလမ်းမကြီးထက်တွင် တည်ရှိသော မော်တော်ပီကယ်ရုံးတွင် စာတန်းကို ချိတ်ဆွဲခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုံဆော်စာများကို မန္တလေးသပိတ်အင်အားစုရဲ့ လူထု လှုပ်ရှားမှုအဖြစ် ယနေ့ နံနက်ပိုင်း ပြုလုပ်ကြသည်။ ” သွေးအေးသွားရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်ကြေး ” ကြွေးကြော်သံကို မန္တလေး ယာဉ်ထိန်းရဲကင်းတွင် ချိတ်ဆွဲပြီး စစ်အာဏာရှင် တော်လှန်ရေး စာရွက်များ ဖြန့်ဝေခဲ့ကြပါတယ်။
 
• မန္တလေးတွင် သံဃသမဂ္ဂ ဆရာတော်များ ဦး ဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့က အကြမ်းဖက် လူသတ် စစ်ကောင်စီ တော်လှန် ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
 
• စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း မနက်၊ နေ့လယ်၊ ည သပိတ်များစွာဖြင့် ချီတက်ဆန္ဒပြနေသော မန္တလေးတွင် ယနေ့ နံနက်ပိုင်းက အထွေထွေတပ်ပေါင်းစုသပိတ်သည် လမ်းမထက် ချီတက်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကြွေးကြော်ဆန္ဒပြခဲ့သည်။
 
• ”ရရင်ရ မရရင်ချ၊ ဖိရင်ကြွမယ် ထိရင်ချမယ်၊ ဘာလို ချင်လဲ ဒီမိုကရေစီ” စတဲ့ ကြွေးကြော်သံတွေနဲ့ ရွေဘိုမြို့နယ်မှာ ယနေ့မနက်ဆန္ဒပြခဲ့ကြပါတယ်။
 
• “NUG အစိုးရ ဒို့အစိုးရ ၊ အမျိုးသားညီညွတ်ရေးအစိုးရ ဒို့အစိုးရ” စတဲ့ကြွေး ကြော်သံတွေနဲ့ ဝက်လက်မြို့နယ်မှာ ယနေ့ စက်တင် ဘာလ ၁၈ ရက်နေ့မှာ တောင်သျမျက လယ်တောသပိတ် ပြုလုပ်ကြပါတယ်။
 
• စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းသည် စက်တင် ဘာလ ၁၈ ရက် နံနက်တွင် အကြမ်းဖက်လူသတ်စစ်ကောင်စီ ဖြုတ်ချရေး ကျေး ရွာများအတွင်း လှည့်လည်ကာ ချီတက်ဆန္ဒပြကြသည်။
photo:crd
• ၁၉၂ ရက်မြောက် စစ်ကိုင်း တိုင်း ယင်းမာပင်အရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြောက်ခြမ်း ရွာပေါင်းစုံ လူထုသပိတ် စစ် ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီနေ့ ဆက် လက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
 
• အဖိနှိပ်ခံလူတန်းစား အား လုံး ပြိုင်တူထကြွကာ စစ်အာဏာရှင်စနစ်ဆိုးအား အ​မြစ်ပြတ်ချေမှုန်းရေး မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနဲ့ မြောက်ပိုင်းဇုန်ရှိ ပြည်သူ လူထုပူးပေါင်းပြီး စက်တင် ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ဆည်းဆာသပိတ်စစ် ကြောင်း ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
 
• ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် Covid-19 ရောဂါ ကူးစက်ဖြစ်ပွားမှု ထက်ဝက်ကျော် ကျဆင်းသွားပြီး ဟု လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များက ပြောသည်။
 
#FederalJournal
 
#Photo: Credit