• Today is: Friday, April 19, 2024

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

နိုဝင်ဘာလ – ၁၉ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ နိုဝင်ဘာလ ၁၉ ရက်နေ့ အထိ နွေဦးတော်လှန် ရေးတွင် အသက် သေဆုံးသူ (၁၂၇၈) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၀၃၁၄)ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

 

  • နိုဝင်ဘာလ ၁၉ ရက်​နေ့ညတွင် အင်တာနက်ဖြတ်တောက်ခံထားရသော ဖားကန့်မြို့တွင် ပြည်သူများက စစ်အာဏာရှင် ဖြုတ်ချ​ရေးနှင့် KIA၊ PDF ၊ NUG ထောက်ခံပွဲ ပြုလုပ်ကြပြီး KIA နှင့် PDF တိုက်ပွဲတိုင်း နိုင်ပါစေဟု ဆုတောင်းပေးကြသည်။

 

  • “စစ်အာဏာရှင် အလိုမရှိ၊ စစ်ကျွန်ပညာရေးစနစ် အလိုမရှိ” ကြွေးကြော်သံနဲ့ ကရင်ပြည် နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသမှာ နိုဝင်ဘာ၁၈ ရက် ညပိုင်းက သံမဏီနှင်းဆီအမျိုးသမီး မဟာမိတ်အင်အားစုကဦးဆောင်ပြီး စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။

 

  • “မုဒိန်းစစ်တပ် အသေတိုက်ကြ” ဟုကြွေးကြော်ကာ ဖလမ်းမြို့ CDM ထေက်ပံ့ရေးအဖွဲ့ အမျိုး သမီးများမှ လိင်အကြမ်းဖက် စစ်ကောင်စီတပ်ကို ဆန့် ကျင်ရေး ယနေ့နိုဝင်ဘာ ၁၉ ရက်က ဆန္ဒပြကြသည်။

 

  • လောင်းလုံးမြို့နယ်တွင် ကျောင်းသားလူငယ်များ “ကလေး pdf ဆေးတပ်သားများနှင့် အချုပ် အနှောင်ခံ ပြည်သူများ ချက်ချင်းလွှတ်ရန်” ကြွေး ကြော်သံများဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် အစောပိုင်းတွင် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

  • အကြမ်းဖက် စစ်အာ ဏာရှင် အမြစ်ပြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် နိုဝင်ဘာလ ၁၉ ရက် နံနက်တွင် ၂၈၅ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြကြသည်။

 

  • ရန်ကုန် အလုံမြို့နယ်တွင် ကြည့်မြင်တိုင် သပိတ်စစ်ကြောင်းနှင့် Women Alliance Yangon အဖွဲ့က အမျိုးသမီးများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် “မုဒိန်းစစ်တပ်ကို လက်နက်သိမ်း လိင်မူဝါဒကို ဆန့်ကျင်ကြ” ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • NLD လွှတ်တော်ကိုယ်စားလှယ် ဖြိုး​ဇေယျာသော် ကို ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာနှင်းဆီအိမ်ရာမှာဖမ်းမိသည်ဟု စစ်ကောင်စီက ယနေ့ထုတ်ပြန်ခဲ့ပါသည်။

 

  • မန္တလေးတွင် သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာ တော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာ ပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ဒါ့အပြင် မန္တလေး ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်/ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် သပိတ်အင်အားစု စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ညပိုင်းတွင် သံပုံးတီးကာ “အလိုမရှိ” သီချင်းသီဆိုပြီး အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် တော် လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတိုင်း ပြင်ဦးလွင်တွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အကြမ်း ဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်အရှေ့ ခြမ်းနှင့် ဆားလင်းကြီးမြောက် ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဟာ ၂၅၄ ရက်မြောက်​နေ့ အ ဖြစ် “စစ်ကျွန်မခံ ဘူး ငြင်းဆန် အမျိုးသားနေ့ အဓိဋ္ဌာန် “စာသားကို ကိုင်ဆောင်ကာချီတက်ခဲ့ ကြပါသည်။

 

  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင် ဘာလ ၁၉ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရွှေဘိုမြို့ ကျေးရွာတစ်ရွာတွင် ကျေးရွာလူထု စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို နိုဝင်ဘာလ ၁၉ ရက် နံနက်ခင်းပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

  • တန့်ဆည်မြို့နယ်တွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်ကောင်စီတပ်တွေ အင်အားသုံးစစ်ဆင်လာလို့ မိုးဗြဲနဲ့ ဖယ်ခုံဒေသက ဒေသခံပြည်သူတွေ ဒီနေ့ ဘေးလွတ်ရာတိမ်းရှောင် ရွှေ့ပြောင်းနေကြရပါတယ်။

 

  • အရာတော်မြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့က”စစ်ကျွန်မခံဘူး ဘူး ငြင်းဆန် အမျိုးသားနေ့ အဓိဋ္ဌာန်” စာတန်းကိုင်စွဲကာ အရာတော်လူငယ်များ အကြမ်းဖက် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြသည်။

 

  • မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း မအူရဲကင်းစခန်းကို နိုဝင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် တစ်နာရီကြာတိုက် ခိုက်ပြီးနောက် စခန်းကို သိမ်းပိုက်မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ ရဲ ၂ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ဒေသ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန် သည်။ People Defense Force Yesagyo နှင့် Phoenix အထူးပြောက် ကျားတပ်ဖွဲ့ (ရေစကြို) ညီနောင်မဟာမိတ်နှစ်ဖွဲ့ပူးပေါင်း၍ စခန်းကို တစ်နာရီကြာတိုက်ခိုက်ပြီးနောက် အာဏာသိမ်းအဖွဲ့ ၏ ရဲအားလုံး ထွက်ပြေးသွားသဖြင့် မဟာမိတ်နှစ်ဖွဲ့က စခန်းအတွင်းရှိ လက်တော့ ( ၁)လုံး၊ ဆိုင်ကယ် ( ၄ ) စီး ၊ ဗုံးသီး ( ၁) လုံး ၊ ကျည်များအပါအဝင် စာရွက်စာတမ်းများအား သိမ်းဆည်းပြီး စခန်းအားမီးရှို့ထားခဲ့ကြောင်း၊ အဆို ပါတိုက်ခိုက်မှုအတွင်း အာဏာသိမ်းအဖွဲ့၏ ရဲတပ် ဖွဲ့ဝင် (၂) ဦးသေဆုံးကြောင်း သိရှိရသည်။

 

  • ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ CDM ဝန်ထမ်းများ၏ အချက် အလက်များစုံစမ်းခြင်း၊ CNDF အဖွဲ့အကြောင်း စုံစမ်းခြင်းများ ပြုလုပ်နေသော ဖလမ်းမြို့နယ် ရဲတပ် ဖွဲ့မှူးရုံး၊ အကူတပ်ခွဲမှ ရဲတပ်သား မောင်ရာလ်လှေထန်းအား နိုဝင်ဘာလ ၁၈ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။လက်ရှိတွင် အဆိုပါ ရဲတပ်သား ရာလ်လှေထန်းအား နိုင်ငံတကာ စစ်ခုံရုံး စစ် ဥပဒေနဲ့အညီ ရေးဆွဲထားသော CNO/CNDF စစ်ဥပဒေဖြင့် လုံခြုံသည့် တစ်နေရာတွင် လို အပ်‌ သည့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ကာ ထိန်းသိမ်းထားကြောင်း သိရှိရသည်။

 

  • စစ်ကိုင်းတိုင်း ကလေးမြို့ PDF တပ်ရင်း ၃ တပ် ခွဲ ၃ မှ ရဲမေ ၉ ဦးကို ဖမ်း ဆီးခေါ်ထုတ်ရန်လာသည့် စစ်ကောင်စီ ကားတန်းကို ကလေး PDF ပူးပေါင်းတပ်ဖွဲ့များက ချင်းဆိုင်ရွာနှင့် ဇင်းကလင်းရွာအကြား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များက ချင်းဆိုင်ကျေးရွာရှိ အိမ် ၁၀ လုံးကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။

 

  • ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲအတွင်း ဖမ်းဆီးရမိသောစစ်သုံ့ပန်းများကို ညှင်းပန်းနှိပ်စက်မှုများမပြုလုပ်ပဲ လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစွာထိန်းသိမ်းထားရှိကြောင်းနှင့် အဆိုပါစစ်သုံ့ပန်းများနှင့်ပတ်သတ်၍ အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီအဖွဲ့ (ICRC)သို့ ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ကြောင်း NUGက ယနေ့ နိုဝင်ဘာလ ၁၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

 

  • မြန်မာ့နိုင်ငံရေးအကျပ် အတည်းကို ဖြေရှင်းဖို့အ တွက် အာဆီယံခေါင်း ဆောင်တွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို နှောင့်နှေးကြန့်ကြာမှုမရှိပဲ အပြည့်အဝ အကောင်အထည် ဖော်ဖို့ ကမ္ဘောဒီးယားနဲ့ ဂျပန် နိုင်ငံခြားရေး၀န်ကြီးတွေက တိုက်တွန်းလိုက်ပါတယ်။