• Today is: Friday, March 29, 2024

ျပည္သူမ်ားအတြက္ အားေဆးတစ္ခြက္

ျပည္သူမ်ားအတြက္ အားေဆးတစ္ခြက္

 

၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာလက (မႏွစ္က) သည္အခ်ိန္ ျမန္မာႏိုင္ငံမွာ COVID-19 ကပ္ေရာဂါ ဒုတိယလိႈင္းကို အျပင္းအထန္ ခံစားေနရခ်ိန္ ျဖစ္ပါတယ္။ ႏိုင္ငံေရးမ်က္ႏွာစာမွာလည္း ဒုတိယအႀကိမ္ မဲစာရင္းကပ္ခ်ိန္ျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲက်င္းပဖို႔ ရက္ပိုင္းသာလိုပါေတာ့တယ္။ ျပည္သူေတြဟာ COVID-19 ကပ္ေရာဂါကို ရင္ဆိုင္ရင္း ဒီမိုကေရစီစနစ္ ဆက္လက္အျမစ္တြယ္ဖို႔ ေမွ်ာ္လင့္ခ်က္ႀကီးေနၾကပါတယ္။

သည္ေမွ်ာ္လင့္ခ်က္ကို ရိုက္ခ်ဳိးလိုက္သူက ၂၀၂၁ ခုႏွစ္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ အျဖစ္ဆိုးႀကီးျဖစ္ပါတယ္။ မဲဆႏၵရွင္ ၃၇ သန္းရဲ႕ေမွ်ာ္လင့္ခ်က္ဟာ သဲထဲေရသြန္သလို ျဖစ္ခဲ့ရပါတယ္။ ျပည္သူေတြဟာ ေန႔စဥ္နဲ႔အမွ် စား၀တ္ေနေရး က်ပ္တည္းလာၿပီး အာဏာရွင္စနစ္ကို မုန္းတီးစက္ဆုပ္တဲ့စိတ္နဲ႔သာ ေန႔စဥ္ျဖတ္သန္းေနရပါတယ္။ တစ္ဖက္မွာေတာ့ ျပည္သူကို မ်က္ႏွာမျပဳတဲ့ စစ္အာဏာရွင္ကေတာ့ ၎တို႔အား ဆန္႔က်င္သူမ်ားကို အၾကမ္းဖက္ ႏွိပ္စက္ သတ္ျဖတ္ဆဲရွိပါတယ္။

ေန႔စဥ္ႏွင့္အမွ် ဗံုးေပါက္ကြဲမႈေတြ၊ ဒလန္မ်ား သတ္ျဖတ္ခံရမႈေတြ အေျခခံအုပ္ခ်ဳပ္ေရးေဒါက္တိုင္မ်ားျဖစ္တဲ့ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးေတြ ႏုတ္ထြက္မႈေတြ၊ ေဒသခံ ကာကြယ္ေရးတပ္ေတြက စစ္ေကာင္စီယာဥ္တန္းေတြကို မိုင္းဆြဲတိုက္ခိုက္မႈေတြ ရွိေနေပမယ့္ စစ္ေကာင္စီ ထိပ္သီးပိုင္းမွာ သူတို႔ခင္းတဲ့လမ္းကို ပန္းခင္းလမ္းလို႔ ထင္ေနဆဲပါ။

ကုလသမဂၢနဲ႔ အာဆီယံတို႔ကို ဂရုမထားဘဲ စစ္ရာဇ၀တ္မႈေတြကို ေျဗာင္က်က်က်ဴးလြန္ေနတဲ့ စစ္ေကာင္စီဟာ ယခုရက္ပိုင္းမွာပဲ ႏိုင္ငံတကာစာမ်က္ႏွာမွာ ဂုဏ္သိကၡာက်စရာေတြနဲ႔ ႀကံဳေတြ႕လာရပါတယ္။

ပထမဆံုး ဂုဏ္သိကၡာက်ခဲ့ရတာကေတာ့ ေအာက္တိုဘာ ၅ ရက္ေန႔မွာက်င္းပတဲ့ ျပင္သစ္ႏိုင္ငံ အထက္လႊတ္ေတာ္က ျမန္မာအမ်ဳိးသားညီညြတ္ေရးအစိုးရ NUG ကို အသိအမွတ္ျပဳဖို႔ ကန္႔ကြက္သူမရွိ အတည္ျပဳလုိက္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ ျပင္သစ္ေအာက္လႊတ္ေတာ္မွာ NUG အသိအမွတ္ျပဳေရး ဆက္လက္ေဆြးေႏြးၿပီး အတည္ျပဳႏိုင္ခဲ့မယ္ဆိုရင္ ျပင္သစ္အစိုးရနဲ႔ NUG အစုိးရ ဆက္ဆံေရး လမ္းပြင့္သြားမွာ ျဖစ္ပါတယ္။

ဒုတိယဂုဏ္သိကၡာက်ရတာကေတာ့ အာဆီယံ၀န္ႀကီးေတြက မၾကာမီက်င္းပေတာ့မယ့္ အာဆီယံထိပ္သီးအစည္းအေ၀းမွာ ျမန္မာအာဏာသိမ္း စစ္ေခါင္းေဆာင္ကို မဖိတ္ၾကားဖို႔ ေဆြးေႏြးၾကျခင္းေၾကာင့္ ျဖစ္ပါတယ္။ စစ္ေကာင္စီဟာ ဧၿပီလက ေတြ႕ဆံုခဲ့တဲ့ အာဆီယံထိပ္သီးအစည္းအေ၀းမွာ ဘံုသေဘာတူညီခ်က္ ၅ ရပ္ကို လက္ခံသေဘာတူခဲ့ေပမယ့္ ေလးစားလိုက္နာျခင္း မရွိခဲ့ပါဘူး။ အာဆီယံအထူးကိုယ္စားလွယ္ကို ခန္႔အပ္ႏိုင္ေပမယ့္ ေတြ႕ဆံုထိုက္သင့္သူေတြနဲ႔ ေတြ႕ဆံုခြင့္ မရေသးပါဘူး။ ကုလသမဂၢနဲ႔ ႏိုင္ငံတကာက အာဆီယံသေဘာတူညီခ်က္ေတြကို ေထာက္ခံအားေပးေနေပမယ့္ စစ္ေကာင္စီအဖို႔ကေတာ့ ေနေသးသပ ဂ်ဳိေသြးတျမျမ လုပ္ေနဆဲပါ။ သည္အခ်ိန္မွာ အာဆီယံအေနနဲ႔ ျမန္မာစစ္ေခါင္းေဆာင္ကို ထိပ္သီးေဆြးေႏြးပြဲမွာ တည္ခင္းဧည့္ခံမယ္ဆိုရင္ေတာ့ အာဆီယံအဖြဲ႕ရဲ႕ ဂုဏ္သိကၡာပါ ထပ္မံက်ဆင္းဖို႔ပဲ ရွိပါေတာ့တယ္။

စစ္ေကာင္စီအတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္တစ္ခုကေတာ့ အေမရိကန္ေအာက္လႊတ္ေတာ္မွာ ေအာက္လႊတ္ေတာ္ ႏိုင္ငံျခားေရးရာေကာ္မတီဥကၠ႒၊ ႏိုင္ငံျခားေရးရာနဲ႔ အာရွ-ပစိဖိတ္ေဒသဆိုင္ရာ ဆပ္ေကာ္မတီ၀င္နဲ႔ အထက္လႊတ္ေတာ္အမတ္တစ္ဦးတို႔က ၂၀၂၁ ခုႏွစ္ ဗမာျပည္ဆိုင္ရာ အက္ဥပေဒအေနျဖင့္ ျမန္မာျပည္သူေတြ ရုန္းကန္ေနရတဲ့ ဒီမိုကေရစီေရးကို ပိုမိုေထာက္ခံေၾကာင္း ျပသႏိုင္မယ့္ ေတာင္းဆိုခ်က္ေတြပါ၀င္တဲ့ ဥပေဒၾကမ္းတစ္ခုကို ေအာက္တိုဘာ ၅ ရက္ေန႔က တင္သြင္းလိုက္တဲ့ကိစၥ ျဖစ္ပါတယ္။ အဲဒီဥပေဒသာ အတည္ျပဳၿပီးခဲ့ရင္ စစ္ေကာင္စီ ဆက္လက္ရွင္သန္ႏိုင္ျခင္းမျပဳေအာင္ တုတ္ေႏွာင္မယ့္ႀကိဳးေတြ ထပ္တိုးလာမွာ ျဖစ္ပါတယ္။

သည္ရက္ပိုင္းအတြင္း စစ္ေကာင္စီအဖို႔ ႏိုင္ငံတကာမ်က္ႏွာစာမွာ မ႐ႈမလွ ထိုးႏွက္ခံေနရခ်ိန္မွာပဲ ႏိုင္ငံေပါင္း ၂၇ ႏိုင္ငံပါ၀င္တဲ့ ဥေရာပသမဂၢ ပါလီမန္က စစ္ေကာင္စီရဲ႕ေမး႐ိုးကို ေျဖာင့္လက္သီးတစ္ခ်က္ ထပ္ထိုးလိုက္ပါတယ္။

ေအာက္တိုဘာ ၇ ရက္ေန႔မွာ က်င္းပေသာ ဥေရာပသမဂၢ ပါလီမန္အစည္းအေ၀းက ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး စစ္အာဏာသိမ္းမႈကို ႐ႈတ္ခ်ၿပီး NUG နဲ႔ CRPH ကို တရား၀င္လက္ခံေၾကာင္း အဆိုျပဳခ်က္ကို ေထာက္ခံမဲ ၆၄၇ မဲ၊ ကန္႔ကြက္မဲ ၂ မဲ၊ ၾကားေန ၃၁ မဲ ေထာက္ခံမႈအျပတ္အသတ္ျဖင့္ ဆံုးျဖတ္ခ်က္ ခ်လိုက္ျခင္း ျဖစ္ပါတယ္။

ယင္းဆံုးျဖတ္ခ်က္မွာ အခ်က္ ၅ ခ်က္ ပါ၀င္ၿပီး ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈကို အျပင္းအထန္႐ႈပ္ခ်ျခင္း၊ ၂၀၂၀ ေရြးေကာက္ပြဲရလဒ္ကို ေလးစားရန္ႏွင့္ အရပ္သားအစိုးရကို အာဏာျပန္လႊဲေျပာင္းေပးရန္တို႔ ပါ၀င္ပါတယ္။

ကိုဗစ္တတိယလိႈင္းဒဏ္ကို အျပင္းအထန္ခံစားခဲ့ရၿပီး ကုန္ေစ်းႏႈန္းႀကီးျမင့္မႈေတြနဲ႔ ႀကံဳေတြ႕ေနရတဲ့ ျပည္သူေတြအတြက္ ႏိုင္ငံတကာသတင္းေတြဟာ အားေဆးတစ္ခြက္ပါပဲ။ ႏုိင္ငံတကာေထာက္ခံမႈရလာတဲ့ NUG အစိုိးရနဲ႔ ျပည္တြင္းအင္အားစုေတြ စိတ္ရွည္လက္ရွည္ တက္ညီလက္ညီ ခ်ီတက္ႏိုင္ရင္ သည္ခရီးက အနီးေလးျဖစ္ပါတယ္။

ဒီရက္ထဲ ပိုၿပီး ၀မ္းသာစရာေကာင္းတာကေတာ့ NUG ရဲ႕ ကုသလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အေမရိကန္ႏိုင္ငံ IRI အဖြဲ႕အစည္းကခ်ီးျမႇင့္တဲ့ ဒီမိုကေရစီသူရဲေကာင္း Freedom Award ဆုခ်ီးျမႇင့္မယ္ဆိုတဲ့ သတင္းေကာင္းပါ။ ဒီဆုကို ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း ရရွိခဲ့ဖူးပါတယ္။

အႏွစ္ခ်ဳပ္ရရင္ ျမန္မာႏိုင္ငံသားေတြေလွ်ာက္ေနတာ ေပ်ာက္ေသာလမ္းမွာ စမ္းတ၀ါး၀ါးမဟုတ္ပါ။ အာဏာရွင္စနစ္ အၿပီးတိုင္ခ်ဳပ္ၿငိမ္းၿပီး ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စုႀကီးကို မၾကာခင္ ရရွိေတာ့မွာျဖစ္ပါေၾကာင္း ဆႏၵျပဳလိုက္ပါရေစ။

ေမာဂၢလိ

 

 

ပြည်သူများအတွက် အားဆေးတစ်ခွက်

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက (မနှစ်က) သည်အချိန် မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်းကို အပြင်းအထန် ခံစားနေရချိန် ဖြစ်ပါတယ်။ နိုင်ငံရေးမျက်နှာစာမှာလည်း ဒုတိယအကြိမ် မဲစာရင်းကပ်ချိန်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းသာလိုပါတော့တယ်။ ပြည်သူတွေဟာ COVID-19 ကပ်ရောဂါကို ရင်ဆိုင်ရင်း ဒီမိုကရေစီစနစ် ဆက်လက်အမြစ်တွယ်ဖို့ မျှော်လင့်ချက်ကြီးနေကြပါတယ်။

သည်မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သူက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အဖြစ်ဆိုးကြီးဖြစ်ပါတယ်။ မဲဆန္ဒရှင် ၃၇ သန်းရဲ့မျှော်လင့်ချက်ဟာ သဲထဲရေသွန်သလို ဖြစ်ခဲ့ရပါတယ်။ ပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ စားဝတ်နေရေး ကျပ်တည်းလာပြီး အာဏာရှင်စနစ်ကို မုန်းတီးစက်ဆုပ်တဲ့စိတ်နဲ့သာ နေ့စဉ်ဖြတ်သန်းနေရပါတယ်။ တစ်ဖက်မှာတော့ ပြည်သူကို မျက်နှာမပြုတဲ့ စစ်အာဏာရှင်ကတော့ ၎င်းတို့အား ဆန့်ကျင်သူများကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ဆဲရှိပါတယ်။

နေ့စဉ်နှင့်အမျှ ဗုံးပေါက်ကွဲမှုတွေ၊ ဒလန်များ သတ်ဖြတ်ခံရမှုတွေ အခြေခံအုပ်ချုပ်ရေးဒေါက်တိုင်များဖြစ်တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်မှုတွေ၊ ဒေသခံ ကာကွယ်ရေးတပ်တွေက စစ်ကောင်စီယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်မှုတွေ ရှိနေပေမယ့် စစ်ကောင်စီ ထိပ်သီးပိုင်းမှာ သူတို့ခင်းတဲ့လမ်းကို ပန်းခင်းလမ်းလို့ ထင်နေဆဲပါ။

ကုလသမဂ္ဂနဲ့ အာဆီယံတို့ကို ဂရုမထားဘဲ စစ်ရာဇဝတ်မှုတွေကို ဗြောင်ကျကျကျူးလွန်နေတဲ့ စစ်ကောင်စီဟာ ယခုရက်ပိုင်းမှာပဲ နိုင်ငံတကာစာမျက်နှာမှာ ဂုဏ်သိက္ခာကျစရာတွေနဲ့ ကြုံတွေ့လာရပါတယ်။

ပထမဆုံး ဂုဏ်သိက္ခာကျခဲ့ရတာကတော့ အောက်တိုဘာ ၅ ရက်နေ့မှာကျင်းပတဲ့ ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က မြန်မာအမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုဖို့ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ပြင်သစ်အောက်လွှတ်တော်မှာ NUG အသိအမှတ်ပြုရေး ဆက်လက်ဆွေးနွေးပြီး အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ပြင်သစ်အစိုးရနဲ့ NUG အစိုးရ ဆက်ဆံရေး လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။

ဒုတိယဂုဏ်သိက္ခာကျရတာကတော့ အာဆီယံဝန်ကြီးတွေက မကြာမီကျင်းပတော့မယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို မဖိတ်ကြားဖို့ ဆွေးနွေးကြခြင်းကြောင့် ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဧပြီလက တွေ့ဆုံခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ရပ်ကို လက်ခံသဘောတူခဲ့ပေမယ့် လေးစားလိုက်နာခြင်း မရှိခဲ့ပါဘူး။ အာဆီယံအထူးကိုယ်စားလှယ်ကို ခန့်အပ်နိုင်ပေမယ့် တွေ့ဆုံထိုက်သင့်သူတွေနဲ့ တွေ့ဆုံခွင့် မရသေးပါဘူး။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အာဆီယံသဘောတူညီချက်တွေကို ထောက်ခံအားပေးနေပေမယ့် စစ်ကောင်စီအဖို့ကတော့ နေသေးသပ ဂျိုသွေးတမြမြ လုပ်နေဆဲပါ။ သည်အချိန်မှာ အာဆီယံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲမှာ တည်ခင်းဧည့်ခံမယ်ဆိုရင်တော့ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာပါ ထပ်မံကျဆင်းဖို့ပဲ ရှိပါတော့တယ်။

စစ်ကောင်စီအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုကတော့ အမေရိကန်အောက်လွှတ်တော်မှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးရာနဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ဆပ်ကော်မတီဝင်နဲ့ အထက်လွှတ်တော်အမတ်တစ်ဦးတို့က ၂၀၂၁ ခုနှစ် ဗမာပြည်ဆိုင်ရာ အက်ဥပဒေအနေဖြင့် မြန်မာပြည်သူတွေ ရုန်းကန်နေရတဲ့ ဒီမိုကရေစီရေးကို ပိုမိုထောက်ခံကြောင်း ပြသနိုင်မယ့် တောင်းဆိုချက်တွေပါဝင်တဲ့ ဥပဒေကြမ်းတစ်ခုကို အောက်တိုဘာ ၅ ရက်နေ့က တင်သွင်းလိုက်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒီဥပဒေသာ အတည်ပြုပြီးခဲ့ရင် စစ်ကောင်စီ ဆက်လက်ရှင်သန်နိုင်ခြင်းမပြုအောင် တုတ်နှောင်မယ့်ကြိုးတွေ ထပ်တိုးလာမှာ ဖြစ်ပါတယ်။

သည်ရက်ပိုင်းအတွင်း စစ်ကောင်စီအဖို့ နိုင်ငံတကာမျက်နှာစာမှာ မရှုမလှ ထိုးနှက်ခံနေရချိန်မှာပဲ နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂ ပါလီမန်က စစ်ကောင်စီရဲ့မေးရိုးကို ဖြောင့်လက်သီးတစ်ချက် ထပ်ထိုးလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက်နေ့မှာ ကျင်းပသော ဥရောပသမဂ္ဂ ပါလီမန်အစည်းအဝေးက မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး NUG နဲ့ CRPH ကို တရားဝင်လက်ခံကြောင်း အဆိုပြုချက်ကို ထောက်ခံမဲ ၆၄၇ မဲ၊ ကန့်ကွက်မဲ ၂ မဲ၊ ကြားနေ ၃၁ မဲ ထောက်ခံမှုအပြတ်အသတ်ဖြင့် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်ပါတယ်။

ယင်းဆုံးဖြတ်ချက်မှာ အချက် ၅ ချက် ပါဝင်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို အပြင်းအထန်ရှုပ်ချခြင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန်နှင့် အရပ်သားအစိုးရကို အာဏာပြန်လွှဲပြောင်းပေးရန်တို့ ပါဝင်ပါတယ်။

ကိုဗစ်တတိယလှိုင်းဒဏ်ကို အပြင်းအထန်ခံစားခဲ့ရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် နိုင်ငံတကာသတင်းတွေဟာ အားဆေးတစ်ခွက်ပါပဲ။ နိုင်ငံတကာထောက်ခံမှုရလာတဲ့ NUG အစိုးရနဲ့ ပြည်တွင်းအင်အားစုတွေ စိတ်ရှည်လက်ရှည် တက်ညီလက်ညီ ချီတက်နိုင်ရင် သည်ခရီးက အနီးလေးဖြစ်ပါတယ်။

ဒီရက်ထဲ ပိုပြီး ဝမ်းသာစရာကောင်းတာကတော့ NUG ရဲ့ ကုသလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမေရိကန်နိုင်ငံ IRI အဖွဲ့အစည်းကချီးမြှင့်တဲ့ ဒီမိုကရေစီသူရဲကောင်း Freedom Award ဆုချီးမြှင့်မယ်ဆိုတဲ့ သတင်းကောင်းပါ။ ဒီဆုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ရရှိခဲ့ဖူးပါတယ်။

အနှစ်ချုပ်ရရင် မြန်မာနိုင်ငံသားတွေလျှောက်နေတာ ပျောက်သောလမ်းမှာ စမ်းတဝါးဝါးမဟုတ်ပါ။ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို မကြာခင် ရရှိတော့မှာဖြစ်ပါကြောင်း ဆန္ဒပြုလိုက်ပါရစေ။

မောဂ္ဂလိ